← Chapters

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

112 01

အပိုင်း (၅၄.၁)

“ယောက်ျားတစ်ယောက်ကို ရက်ပေါင်းတစ်ထောင် ပျိုးထောင်ပြီး တစ်ခဏတာအတွက် အသုံးချတယ်” ဆိုတာက ဘာကြီးလဲ။

“ကံကောင်းလို့ သူ အရင်ရောက်နေလို့” ဆိုတာကရော ဘာလဲ။

ထိုအချိန် ယန်ရှုရဲ့စကားလုံးတွေကို သူ့စိတ်ထဲမှာ ကြားပြီးနောက်မှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ သူ့ရဲ့တူမငယ်လေးနဲ့ နိမိသားစုက ကလေးမလေးကို တွေ့လိုက်ပြီး ယွီဝိန်းလန်က တစ်ခုခုကို သိသွားတော့သည်။

သူ့ရဲ့ကိုယ်လုပ်တော်က ဒီကို ရှုခင်းတွေကို ရှုစားဖို့ သူ့ကို ခေါ်လိုက်တာ မဟုတ်ဘူးဘဲ။

တူမလေးရဲ့ သန့်စင်ပြီး ကြည်လင်တဲ့ မျက်လုံးတွေကို ကြည့်လိုက်ရင်း ယွီဝိန်းလန်က ရွေးချယ်စရာ မရှိတော့ဘဲ ယန်ရှုကို တည့်မတ်အောင် ကူညီပေးလိုက်ကာ သူမရဲ့လက်ကို လွှတ်ပေးလိုက်သည်။ ထို့နောက် ချောင်းဟန့်လိုက်ရင်း မေးလာသည်။

“လန်ယွင်က ဘာလို့ဒီကို ရောက်နေရတာလဲ”

သို့သော် ထိုကလေးမလေးက ကြွပ်ဆတ်ဆတ်နဲ့ ပြန်ဖြေလာသည်။

“ဘာလို့လဲဆိုတော့ ယိဖင်းနျန်နျန်က သမီးတို့ကို ကစားဖို့ ဒီကိုခေါ်လာလို့လေ”

သူမက စကားပြောလိုက်ပြီး နိမိသားစုက ကလေးမလေးကိုလည်း သူတို့နှစ်ဦးဆီ ဆွဲထုတ်လာပေးကာ ပြောလာသည်။

“မမရှန်းဝမ်လည်းရှိတယ်”

သို့သော် နိရှန်းဝမ်က ရှက်ရွံ့နေတဲ့မျက်နှာနဲ့ သူတို့နှစ်ဦးကို အရိုအသေ ပေးကာ ပြောလာသည်။

“အရှင်မင်းကြီးနဲ့ ကိုယ်လုပ်တော်ယိကို နှုတ်ခွန်းဆက်ပါတယ်။ အဲဒါက မင်းသမီးလေးက ကိုယ်လုပ်တော်ယိဖင်းနဲ့ ကစားချင်လို့ဆိုတာနဲ့ ဧကရီမယ်တော်ကြီးနဲ့အမေက မင်းသမီးလေးနဲ့ လိုက်သွားပေးဖို့ မေးမြန်းလာလို့ပါ”

“ကိုယ်တော် သိပြီ”

ယွီဝိန်းလန်က ခေါင်းညိတ်ကာ မျက်ခုံးပင့်လိုက်ပြီး သူ့ရဲ့ချစ်လှစွာသော ကိုယ်လုပ်တော်လေးကို ကြည့်လိုက်ပြီး အဓိပ္ပာယ်အပြည့်နှင့် ပြောလာသည်။

“ဒါဆိုရင် ဘာလို့ ဒီကို အတူတူ မလာကြတာလဲ”

အခုချိန်မှာ သူမရဲ့ခြံဝန်းထဲ၌ ဘယ်လိုဆေးမျိုး ရောင်းနေသလဲဆိုတာကို သိချင်ရုံသာ ဖြစ်သည်။

လူအနည်းငယ်ကို အတူခေါ်လာပြီး ဘာလုပ်ချင်လို့လဲ။

သို့သော် ယန်ရှုက ချောင်းဟန့်ကာ အပြုံးတစ်ပွင့်နဲ့ ပြန်ဖြေလာသည်။

“ဟုတ်ပါတယ်….ကြာပန်းတွေက ဒီနှစ်ရက်အတွင်းမှာ ကောင်းကောင်းကြီး ဖူးပွင့်နေပြီလို့ ကြားမိလို့ အရှင်မင်းကြီးကို လာပြီး အတူတူရှုစားဖို့ ဖိတ်ခေါ်ချင်နေတာ ကြာနေပါပြီ။ ကျွန်တော်မျိုးမ ထွက်မလာသေးခင်မှာပဲ မင်းသမီးလေးက ကျွန်မကို ထပ်ပြီး လာတွေ့ပါတယ်။ အဲဒါနဲ့ ဒီကိုယ်လုပ်တော်လည်း သူမကို ဒီကိုအတူတူလာဖို့ ဖိတ်ခေါ်လိုက်တာပါ။ ဘာပဲဖြစ်ဖြစ် ရှုခင်းကို ရှုစားမှာဆိုတော့ လူပိုများလေ ပိုပြီး ပျော်စရာ ကောင်းမှာပဲလေ”

သေချာပေါက်ပင် နိရှန်းဝမ်ပါ လိုက်လာမယ်ဆိုတာကို သူမ မသိပေ။ အဆုံးမှာတော့ မေးခွန်းလာမေးသူ ပြောတာက လန်ယွင်က သူမကို ရှာနေသည်လို့ပင်။

သို့သော်လည်း အကြီးဆုံးမင်းသမီးကြီးက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ပြန်မကောင်းသေးသည့်အတွက် မိခင်နှင့်သမီးဖြစ်သူက နန်းတော်ထဲမှာရှိနေဆဲပင်။

သခင်မမုက မင်ကျိုးကို ပြန်တော့မည်ဆိုဆာကို ကြားလိုက်ရချိန်မှာ ဧကရီမယ်တော်ကြီးကလည်း ထိုသားအမိကို ရက်အနည်းငယ်လောက် ထပ်နေရန် ထိနိးသိမ်းထားသည်။

နိမျသားစုက ကလေးမလေးကလည်း လန်ယွင်နဲ့နေ့တိုင်း နေ့တိုင်းဆော့နေတာ ဖြစ်သည့်အတွက် သူတို့နှစ်ဦး တစ်ချိန်းတည်းအတူတူ ထွက်ပေါ်လာသည်မှာ အံ့ဩစရာ မဟုတ်ပေ။

ဒါပေမဲ့ ပြဿနာက……

ကိုယ်လုပ်တော်ကျိုးက သူမကို ထောင်ချောက်ဆင်ဖို့ သူတို့ထဲက ဘယ်သူ့ကို အသုံးချဖို့ ကြိုးစားနေတာလဲ။

112 02

ကျစ် ကျစ် ကျစ် သူမရဲ့နန်းတော်ထဲမှာ မနေတာက ကောင်းတဲ့အရာပဲ။ မဟုတ်လို့ ကိုယ်လုပ်တော်ကျိုးသာ နည်းလမ်းတစ်ခုခု ရသွားပြီး ဒီကလေးမလေးနှစ်ယောက်မှာသာ တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် ဧကရီမယ်တော်ကြီး အကြီးဆုံးမင်းသမီးကြီးနဲ့ သခင်မမုတို့အားလုံးက သူမကို မုန်းနေကြပေမည်။

ဧကရာဇ်က သူမကို ကာကွယ်ပေးချင်လျှင်တောင် သူမလုပ်နိုင်လောက်ပေ!

….

ဒါကို တိတ်တဆိတ် ကြားလိုက်ရပြီးနောက် ယွီဝိန်းလန်က နားလည်လုနီးပါး ဖြစ်သွားသည်။

ကြည့်ရတာ လန်ယွင်က သူမနဲ့ ကစားချင်တာကို ကျိုးမိသားစုက သမီးဖြစ်သူက အခွင့်အရေးကို အသုံးချပြီး ပြဿနာရှာဖို့ ကြိုးစားနေတာပဲ။ သူမက ကောလဟလကို ကြိုမြင်နိုင်လို့ သူ့ကို ကာကွယ်တားဆီးဖို့ တောင်းဆိုချင်တာလား။

အိုး ငါကတော့ သူမက ငါ့ကို တကယ်လွမ်းနေလို့လို့ ထင်နေတာ….။

သေချာပေါက်ကိုပဲ ကျိုးမိသားစုရဲ့သမီးက ဒါကိုလုပ်ဖို့ ရည်ရွယ်နေတယ်ဆိုရင်တော့ သူမရဲ့ရွေးချယ်မှုက တကယ်ကောင်းတယ်။

ထို့နောက် ယွီဝိန်းလန်ရဲ့နှလုံးသားထဲမှာ တစ်ခဏလောက် စိတ်ပျက်သွားပြီးနောက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အဆင်ပြေပါတယ်။ လူတိုင်းလည်း ရောက်ပြီဆိုတော့ အတူတူသွားကြတာပေါ့”

ထို့နောက် ရေကန်နားက အပန်းဖြေအိမ်လေးမှာ ထိုင်ချလိုက်တော့သည်။

သို့သော်လည်း ကလေးမလေး လန်ယွင်က ရှုခင်းကြည့်ချင်တာ မဟုတ်ပေ။ သူမက ဘေးကို ပတ်ကြည့်လိုက်ကာ ယန်ရှုကို ချက်ချင်းပဲ မေးလိုက်သည်။

“ကိုယ်လုပ်တော်ယိဖင်း စကားပြောတဲ့ငှက်လေးက ဘယ်မှာလဲ”

ယန်ရှုက တွန့်သွားကာ စကားပြောတဲ့ငှက်ဟုတ်လား။

သူမက ရှုပ်ထွေးသွားကာ

“မင်းသမီးလေးပြောတာက အနက်ရောင်သာလိကာလား။ ဒါပေမဲ့ ကျွန်မက သာလိကာ မမွေးထားပါဘူး”

သို့သော် ထိုကလေးမလေးက သူမရဲ့ခေါင်းကို အပြင်းအထန် ရမ်းလိုက်ပြီး

“တစ်ခုလုံးအနက်ရောင် ဖြစ်နေတာ မဟုတ်ဘူး။ ရောင်စုံလေး ကိုယ်လုပ်တော်ကျိုးက ကိုယ်လုပ်တော်မှာ ရောင်စုံငှက်လေးရှိပြီး လူစကားကို ပြောနိုင်တယ်တဲ့ ။အရမ်းလည်း လှတယ်လို့လည်းပြောတယ်”

ကိုယ်လုပ်တော်ကျိုး။

ယန်ရှုကရပ်တန့်သွားကာ ချက်ချင်းပဲ နားလည်သွားတော့သည်။

အိုး သူမက အဲဒီကလေးမလေးယန်ရှုက ဘာလို့သူမဆီ လာပြီး ကစားချင်တာလဲလို့ သိချင်နေခဲ့တာ ။

သေချာပေါက် ကိုယ်လုပ်တော်ကျိုးက သူမကို ဆွဲဆောင်လိုက်လို့ပေါ့လေ ။

သူမမှာ ရွေးချယ်စရာမရှိပဲ ထိုကလေးမလေးကို ပြောလိုက်ရသည်။

“ကိုယ်လုပ်တော်ကျိုးက မင်းသမီးလေးကို စနောက်နေတာဖြစ်ရမယ်။ ကျွန်မမှာ အဲ့လိုငှက်မျိုး မရှိပါဘူး။ တကယ်လို့ရှိခဲ့ရင်လည်း ဖြစ်နိုင်သလောက် မြန်မြန်လေး မင်းသမီးလေးကို ပြမှာပေါ့”

ထိုစကားတွေ ထွက်လာသည့်အခါ နိမိသားစုက ကလေးမလေးကလည်း လိုက်ပြောပေးလာသည်။

“ကိုယ်လုပ်တော်ယိပြောတာ မှန်တယ်။ ကိုယ်လုပ်တော်ကျိုးက မင်းသမီးလေးကို စနောက်နေတာပဲ ဖြစ်ရမယ်။ မမတော့ အဲဒီလိုငှက်မျိုးကို တစ်ခါမှ မတွေ့ဖူးပါဘူး”

သို့သော် လန်ယွင်က အနည်းငယ် မပျော်မရွှင်ဖြစ်သွားပြီး မူလကရှိနေတဲ့ သူမရဲ့ပြင်းပြတဲ့ သိချင်စိတ်က ဗလာကျင်းသွားတော့သည်။

သို့သော် မကြာခင်မှာပဲ သူမက သူမရဲ့မျက်လုံးတွေကို ပင့်လိုက်ပြီး ပတ်ပတ်လည်ကို ရှာဖွေတော့သည်။ ထို့နောက် ထိုက်ယဲ့ရေကန်မှာ လှေတစ်စင်းကို တွေ့လိုက်ရပြီး သူမရဲ့မျက်ဝန်းတွေက ထပ်မံတောက်ပသွားကာ ယွီဝိန်းလန်ကို ပြောလိုက်သည်။

“ဦးရီးတော် ဟွမ် သမီးတို့ အတူတူ လှေလှော်ကြမလားဟင်”

ယန်ရှုက တွေးလိုက်ကာ ယွီဝိန်းလန်ပင် ပြန်မဖြေနိုင်သေးခင်မှာပဲ သူမက ချက်ချင်းပဲ ဟန့်တားလိုက်သည်။

“မဖြစ်ဘူး ရေကန်ထဲမှာ ခြင်တွေ အများကြီးရှိတယ်။ လှေကလည်း မငြိမ်ဘူး။ ရေထဲကို ပြုတ်ကျသွားမယ်ဆိုရင်ရော။ ကမ်းစပ်မှာပဲ ဆော့ကြမယ်လေ”

112 03

သေစမ်း သူမအခုအရမ်းကို စိတ်ရှုပ်နေပြီ။ ဒီကလေးမလေးနှစ်ယောက်က အမှားလုပ်မိတာနဲ့ ကိုယ်လုပ်တော်ကျိုးက အပြစ်ကို သူမခေါင်းပေါ်ပဲ တင်မှာ။

အဲဒါကြောင့် ဒီနေ့ အဆာပြေမုန့် ပန်းကန် ဒါမှမဟုတ် လက်ဖက်ရည်တစ်အိုးတောင် ယူမလာရဲဘူး ။

အခုတော့ သူမက တစ်နာရီရဲ့ လေးပုံတစ်ပုံကို ဒီတိုင်း ထိုင်နေနိုင်ဖို့ပဲ မျှော်လင့်တယ်။ပြီးတာနဲ့ လန်ယွင်နဲ့ နိမိသားစုကကလေးမလေးကို ချီအန်းနန်းဆောင်ကို ပြန်ပို့ပေးနိုင်ရင် ပျော်ရွှင်မိလိမ့်မယ်။

ကံကောင်းစွာနဲ့ နိမိသားစုက ကလေးမလေးက အတော်လေး စဉ်းစားချင့်ချိန် တတ်သည်။ သူမပြောတာကို ကြားချိန်မှာ သူမက ရှောင်လန်ယွင်ကို အလျင်အမြန်တား မြစ်လိုက်သည်။

“ကိုယ်လုပ်တော်ယိ ပြောတာမှန်တယ်။ မင်းသမီးလေး ကမ်းစပ်မှာ အတူတူ သွားဆော့ရအောင်”

ဆန္ဒနှစ်ခုကို ဖြည့်ဆည်းဖို့ ကျရှုံးပြီးနောက် ထိုကလေးမလေးက ပိုပိုပြီးတောင် မပျော်မရွှင် ဖြစ်လာကာ စေ့စပ်ညှိနှိုင်းဖို့ ဆန္ဒမရှိပဲ နောက်ဆုံးမျှော်လင့်ချက် တစ်စွန်းတစ်စနဲ့ ယွီဝိန်းလန်ကို ထပ်ကြည့်လိုက်သည်။

မမျှော်လင့်ထားစွာနဲ့ သူမရဲ့ဦးရီးတော်ဟွမ်က ပြောလာသည်။

“ဟုတ်တယ် ရေကန်က အန္တရာယ်များတယ်။ အဲတော့ ဒီအပန်းဖြေအိမ်ထဲမှာပဲ ခဏကစားပါ”

ထိုကလေးမလေးက နှုတ်ခမ်းစူသွားကာ ဒီအပန်းဖြေစံအိမ်ထဲမှာ ထိုင်ရတာက ဘာများ စိတ်ဝင်စားစရာကောင်းလို့လဲဆိုတာကို တွေးနေပေသည်။

သူမ ရေကန်ကို ထပ်ကြည့်လိုက်ချိန်မှာတော့ ကြာပန်းတွေ ပွင့်နေတာကို မြင်လိုက်ရသည်။ အစိမ်းရောင်ကြာရွက်တွေက သေးငယ်တဲ့ ထီးလေးတွေလို ရေမျက်နှာပြင်ပေါ်ကို သိပ်သည်းစွာနဲ့ အုပ်မိုးထားသည်အား တွေ့လိုက်ရသည်။ ငှက်လေးတွေနဲ့ ပုစဉ်းလေးတွေက ကန်လယ်ထဲမှာ ပျဲသန်းနေကာ အတော်လေး သက်ဝင်လှုပ်ရှားပေသည်။

သို့သော် စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ကြာပန်းရဲ့အလယ်ထဲက အစိမ်းရောင် ကြာခွက်ပင်။

သူမ အဲဒါကို အရမ်းကို လိုချင်တယ် ။

သို့သော် သူမကအဲဒါကို မပြောရဲပေ

ဦးရီးတော်ဟွမ်က ပြုံးမနေသည့်အပြင် ကြည့်ရတာ အရမ်းကို ကြောက်စရာကောင်းသည်…..။

သို့သော် သိပ်မကြာခင်မှာပဲ

ထိုကလေးမလေးက သည်းမခံနိုင်တော့ပဲ ယွီဝိန်းလန်ကို သတိတထားနဲ့ မေးလိုက်သည်။

“ဒါပေမဲ့ လန်ယွင်က ကြာပန်းလေးတွေနဲ့…..”

ကလေးမလေးက မျက်တောင်ခတ်လိုက်ကာ ကြောက်ရွံ့မှု တစ်စွန်းတစ်စ ပါဝင်နေပြီး ကြည့်ရသည်မှာ အရမ်းကို သနားစရာကောင်းသည်။

ယွီဝိန်းလန်က တစ်ခဏခန့်စဉ်းစားလိုက်ကာ ပြောလာသည်။

“ဒါဆိုလည်း ဒီနေရာမှာ နာနာခံခံနဲ့နေနေ။ ကိုယ်တော်က မင်းအတွက် တစ်ယောက်ယောက်ကို လွှတ်ပြီး ယူခိုင်းပေးမယ်”

အဲဒါကအလုပ်ဖြစ်သည်ပင် ထိုကလေးမလေးက ချက်ချင်းပဲ ခေါင်းညိတ်ကာ သဘောတူလာသည်။ ထို့နောက် ယွီဝိန်းလန်ကလည်း ဖုဟိုင်ကို ကြာခွက်ချိုးရန် တစ်ယောက်ယောက်ကိုရှာဖို့ ဖုဟိုင်အား အမိန့်ပေးလိုက်တော့သည်။

ဒါကိုမြင်တဲ့အခါမှာ ယန်ရှုက သက်ပြင်းချကာ ရေကန်ထဲက ကြာခွက်ကတော့ အဆင်ပြေလောက်သည်ဟု တွေးနေပေသည်။

သို့သော် တစ်ခုခု ဖြစ်ခဲ့လျှင်တောင် ဧကရာဇ်က တစ်ယောက်ယောက်ကိုလွှတ်ကာ သူ့ရဲ့တူမအတွက် ခူးခိုင်းတာ ဖြစ်သည်။ သူမနှင့်ဘာမှ သက်ဆိုင်မည် မဟုတ်ပေ။

ယွီဝိန်းလန် “….”

ကောင်းပြီလေ တကယ်ကို သူမနဲ့ ဘာမှမဆိုင်ဘူး ။

ပြီးနောက် သူကလည်း ထပ်မယုံကြည်တော့ပေ။ ကျိုးမိသားစုက သမီးက ကန်ထဲက ကြာပန်းတွေကိုတောင် ပြဿနာ ရှာနိုင်လောက်လား။

သိပ်မကြာခင်မှာပဲ လတ်ဆတ်တဲ့ကြာစေ့တစ်စည်းကို ချိုးယူလာပြီး ကလေးမလေးလန်ယွင်က ချက်ချင်းပဲ ပြုံးလိုက်ကာ အကြီးဆုံးကြာခွက်ကို ကောက်ယူလိုက်ပြီး သူမရဲ့အဝတ်အိတ် အသေးလေးထဲက တရုတ်ဆီးသီး တစ်လုံးကိုလည်း ထုတ်ယူလိုက်ကာ လူတိုင်းမြင်နိုင်ရန် အတူတူထားလိုက်သည်။

“ဒါတွေက မယ်တော့်အတွက် လန်ယွင်က ဒါတွေအားလုံးကို မယ်တော့်ကိုပေးမှာ”

112 04

ပြောမှပင် ယခုတလော၌ အကြီးဆုံးမင်းသမီးကြီးက နေမကောင်းမှုကို ကုသရန် တော်ဝင်သမားတော်နှင့် တက်တက်ကြွကြွ ပူးပေါင်းနေပေသည်။ သူမစိတ်ကိုလည်း ပြောင်းလိုက်ကာ သူမရဲ့သမီးဖြစ်သူကိုလည်း အရင်ကထက် ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလာသည်။

ထို့ကြောင့် ရှောင်လန်ယွင်ကလည်း သူမရဲ့မယ်တော်ကို အရာရာတိုင်းမှာ ဂရုစိုက်ပေးပြီး သူမမှာ ကောင်းသည့် အရာမှန်သမျှကို သူမရဲ့မယ်တော်ချီးမွမ်းအောင် ပေးလိမ့်မည်ဖြ စ်သည်။

ကလေးမလေးက နူးညံ့ကာ ချစ်စရာကောင်းပြီး တရုတ်ဆီးသီးကပင် ချစ်စရာကောင်းနေပေသည်။ ယန်ရှုက မရယ်ဘဲ မနေနိုင်ဘဲ

“ဒီတရုတ်ဆီးသီးက ဘယ်အပင်က သီးတာလဲ။ ဘာလို့မင်းသမီးလေးလိုမျိုး လှနေရတာပါလိမ့်”

ရှောင်လန်ယွင်က တခစ်ခစ် ရယ်မောလာကာ ပြောလိုက်သည်။

“တော်ဝင်ဥယျာဉ်ထဲကနေ သမီးအတွက် မမရှန်းဝမ်က ခူးလာပေးတာ။ မမရှန်းဝမ်တောင် သူတို့ကို စားလိုက်သေးတယ်။ မမပြောတာတော့ သူတို့က တကယ်ကို ချိုတယ်တဲ့”

ဒါကိုကြားပြီးနောက်မှာ နိရှန်းဝမ်က ရှက်ရွံ့နေတဲ့ အကြည့်လေးနဲ့ ရှင်းပြလာသည်။

“ဒီကိုလာတဲ့လမ်းမှာ မင်းသမီးလေးက တော်ဝင်ဥယျာဉ်ထဲက တရုတ်ဆီးသီးတွေက ကောင်းကောင်း ကြီးထွားနေတာကို တွေ့လို့ နန်းတော်အစေခံတွေကို ခူးလို့ရမလားလို့ မေးပြီး နှစ်လုံးခူးလာတာပါ။ ကျွန်တော်မျိုးမက မတောင့်ခံနိုင်ဘဲ တစ်လုံးစားလိုက်မိပါတယ်”

သေချာပေါက်ပင် နိရှန်းဝမ်ဟာ ဆယ့်သုံးနှစ်သာရှိသေးသည့် မိန်းကလေးငယ်လေး တစ်ယောက်ပင်။ သူမ ငယ်စဉ်လေးကတည်းက သူမအမေရဲ့မွေးစားတာကို ခံလိုက်ရပြီး အပြစ်ကင်းစင်ပြီး တက်ကြွတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုး ရှိပေသည်။ ဆီးသီးတစ်လုံးခူးတာက သတ်မှတ်ချက်ကို ကျော်လွန်တဲ့ တစ်စုံတစ်ရာ မဟုတ်ဘဲ နန်းတော်အစေခံတွေကိုလည်း မေးမြန်းသေးသည်။

သို့သော် ထိုစကားလုံးတွေကို ကြားတဲ့အခါမှာတော့ ယန်ရှုက ကြက်သေ သေသွားတော့သည်။

ဒီနေ့ ထိုနှစ်ယောက်ရဲ့အစားအသောက်မှာ လက်ဆော့မှာ စိုးတဲ့အတွက် ဘာကိုမှ မပြင်ဆင်ရဲပေ။ သို့သော်လည်း သူမက စောင့်ကြပ်နေရမည်ပင်။ ဒါပေမဲ့ ဒီကိုလာတဲ့လမ်းမှာ ဆီးသီးတွေကိုခူးပြီး စားလာလိမ့်မယ်လို့တော့ ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးပေ။

ကျစ် ဆီးသီးမှာ တစ်ခုခု မှားနေလားဆိုတာကိုတော့ မသိပေမဲ့ အခုချိန်မှာ သူမက အရမ်းကိုစိတ်ရှုပ်နေပေသည်။

သို့သော် တခြားသူတွေကို မြင်ခွင့်ပြု၍ မရပေ။ ထို့ကြောင့် သူမက နိရှန်းဝမ်ကိုသာ မေးမြန်းဖို့ ကြိုးစားလိုက်သည်။

“ဆီးသီးတွေက ချိုလားဟင်”

နိရှန်းဝမ်ကရှက်ရွံ့ကာ အပြုံးလေးနဲ့ ခေါင်းညိတ်လာသည်။

“အရမ်းကိုချိုတယ်။ ပျားရည်လိုပဲ နန်းတော်အပြင်ဘက်မှာ ဒီလောက်အရသာရှိတဲ့ ဆီးသီးမျိုး မစားဖူး”

ယန်ရှုက တစ်ခုခုမှားနေတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။

သူမ သိသလောက်ဆို နန်းတော်ထဲက ဆီးသီးအနည်းငယ်ဟာ သာမန်အမျိုးအစားတွေဖြစ်ပြီး အဓိကအားဖြင့် နွေဦးရာသီမှာ ပန်းတွေကို ပြသဖို့ပင်။ သူမလည်း အရင်က ခူးကာစားဖူးသည်။ သို့သော် အဲဒါတွေက အဲဒီလောက် မချိုပေ။

ထို့ကြောင့် သူမကစစ်စတန်ကို တိတ်တဆိတ် မေးကြည့်လိုက်သည်။

“ဆီးသီးနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေလား”

စစ်စတန်ကပြောလိုက်သည်။

“ဟုတ်တယ်။ ကိုယ်လုပ်တော်ကျိုးက အဲဒီအပေါ်မှာ ဆေးခတ်ဖို့ တစ်ယောက်ယောက်ကို ခိုင်းထားတာ”

ဘာ။

ယန်ရှုက ထိတ်လန့်သွားတော့သည်။

သို့သော်လည်း သူမပင် စကားမပြောနိုင်ခင်မှာပဲ နိရှန်းဝမ်က ရုတ်တရက် ရပ်သွားကာ ထို့နောက်မှာတော့ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီး နောက်ပြန် လဲကျသွားတော့သည်။

ယန်ရှုရဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး ချက်ချင်းပဲ အော်ဟစ်လိုက်တော့သညိ။

“သခင်မလေးနိကို ကယ်ပါဦး? သခင်မလေးနိကို မြန်မြန်လေး ကယ်ကြပါဦး”

~~~

112 05

ဧကရီမယ်တော်ကြီးနဲ့ သခင်မမုတို့သတင်းကို ကြားတဲ့အခါမှာတော့ နိရှနိးဝမ်က သတိလစ်နေပြီး ဖြစ်သည်။

သို့သော် ဖုဟိုင်နဲ့ တခြားသူတွေက ချီအန်းနန်းဆောင်ကို ပြန်သယ်လာချိန်မှာ အခုလေးတင် သက်ဝင်တက်ကြွနေပြီး ကန်ကျောက်နေတဲ့ကလေးက သူမရဲ့မျက်လုံးတွေကိုပိတ်ထားပြီး မျက်နှာကလည်း ခရမ်းရောင်သန်းနေကာ သူမရဲ့နှုတ်ခမ်းဘေးမှာ သွေးတွေစီးနေ ဆဲဖြစ်သည်။

ဒါကိုမြင်တဲ့အခါမှာ သခင်မမုက ရှန်းဝမ်ကိုကြည့်ပြီး အော်ဟစ်လာပြီး မူးမေ့လုနီးပါးပင်။

ဧကရီမယ်တော်ကြီးကလည်း အလျင်အမြန် မေးလာသည်။

“ရှန်းဝမ်ကဘာဖြစ်တာလဲ”

ဖုဟိုင်က

“ဧကရီမယ်တော်ကြီးကို လျှောက်တင်ပါတယ်။ အခုလေးတင် ကိုယ်လုပ်တော်ယိ၊ မင်းသမီးလေးနဲ့ သခင်မလေးနိတို့က ထိုက်ယွဲ့ရေကန်ဘေးမှာ ပန်းတွေကို ရှုစားနေကြတာပါ။ အဆင်ပြေနေပေမဲ့ သခင်မလေးနိက ရုတ်တရက်ကြီး သွေးတွေ အန်လာပါတယ်။ အဲဒါနဲ့အရှင်မင်းကြီးက ချက်ချင်းပဲ တော်ဝင်သမားတော်ကို အခေါ်လွှတ်လိုက်ပြီး အစေခံတွေကို ပန်းတွေ ဖယ်ထုတ်သွားဖို့ အမိန့်ပေးလိုက်ပြီးတာနဲ့ သခင်မလေးနိကို ပြန်ပို့လိုက်တာပါ”

စကားပြောနေစဉ်မှာပဲ ယွီဝိန်းလန်။ ယန်ရှုနဲ့ ရှောင်လန်ယွင်တို့က ရောက်ရှိလာပြီး ဧကရီမယ်တော်ကြီးက အလျင်အမြန် မေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ”

ယွီဝိန်းလန်က နက်ရှိုင်းတဲ့အသံနဲ့ပြော လာသည်။

“သားတော်လည်း မသိပါဘူး။ သားတော်တို့ စကားပြောနေတုန်းမှာပဲ သခင်မလေးနိက သွေးအန်ပြီး သတိလစ်သွားတာ”

စကားပြောပြီးနောက် တော်ဝင်သမားတော်က ခန်းမထဲကို ဝင်လာတာကို တွေ့လိုက်ရသည်။ ထို့ကြောင့်သူက ထပ်ပြောလိုက်သည်။

“တော်ဝင်သမားတော်ကို အရင်ဆုံး ပင့်လိုက်ရအောင်”

ဧကရီမယ်တော်ကြီးကလည်း နှုတ်ခွန်းဆက်လိုက်ကာ လျင်မြန်စွာပဲ တစ်ယောက်ယောက်ကို အိပ်ရာရှေ့ခုံကို နေရာပေးစေလိုက်ပြီး နိရှန်းဝမ်ရဲ့စစ်ဆေးမှုနဲ့ကုသမှုကို တော်ဝင်သမားတော်အား မေးမြန်းလာသည်။

သို့သော်လည်း တော်ဝင်သမားတော်က ထိုကလေးမလေးရဲ့မျက်ခွံနဲ့ သွေးခုန်နှုန်းကို စမ်းပြီးနောက် သူမနှုတ်ခမ်းပေါ်က ကျန်နေတဲ့သွေးစတွေကိုထိဖို့ ငွေအပ်တစ်ချောင်းကို အသုံးပြုလိုက်သည်။ ထို့နောက် အလျင်အမြန် အနှစ်ချုပ်လိုက်သည်။

“အရှင်မင်းကြီးနဲ့ဧကရီမယ်တော်ကြီး သခင်မလေးနိက အဆိပ်မိထားတာပါ”

ဒါကိုကြားချိန်မှာ ယွီဝိန်းလန်ရဲ့နှလုံးက စည်းချက်တစ်ခု ခုန်သွားသည်။

တရုတ်ဆီးသီးတွေကို အဆိပ်ခတ်ထားတာ ဖြစ်နေတာပဲ။

ဧကရီမယ်တော်ကြီးက တွန့်သွားကာ

“ဘာ။ ကျန်းမာရေး ကောင်းနေတဲ့သူက ဘယ်လိုလုပ်ပြီး အဆိပ်မိမှာလဲ”

ယန်ရှုက အလျင်အမြန် ပြောလိုက်သည်။

“ခုဏတုန်းက လန်ယွင်နဲ့ သခင်လေးနိနဲ့ စကားပြောနေတုန်း သူတို့ပြောတာက တော်ဝင်ဥယျာဉ်ထဲက တရုတ်ဆီးသီးတွေကို ခူးလာတယ်တဲ့။ သခင်မလေးနိက တစ်လုံးစားလိုက်ပြီး သူတို့က အရမ်းချိုတယ်လို့လဲ ပြောသေးတယ်။ သူမစကားပြောပြီးတာနဲ့ သွေးအန်ပြီး သတိလစ်သွားတော့တာပဲ”

ဒီတစ်ခေါက်မှာ သူမက သံသယဝင်ခံရတာကနေ လွတ်ကင်းနိုင်ပေမဲ့ ရွေးချယ်စရာမရှိဘဲ သိလိုက်ရတာက နောက်ကျလွန်းသွားပြီဖြစ်ပြီး နိမိသားစုကကလေးကို ရပ်တန့်ဖို့လည်း နောက်ကျသွားပြီ ဖြစ်သည်။

အဆုံးမှာတော့ စစ်စတန်က သူမရဲ့အန္တရာယ်ကိုသာ သတိပေးမည် ဖြစ်သည်။ အရင်တစ်ခေါက်တုန်းက ရွှီကျဲ့ယွီရဲ့ ဧကရာဇ်အပေါ် လုပ်ကြံတုန်းကလိုပင် တခြားသူတွေအတွက်ဆို သတိပေးမည် မဟုတ်ပေ။

ပြီးနောက် နိရှန်းဝမ် ဆီးသီးခူးနေချိန်မှာ သူမသည်လည်း ထိုက်ယွဲ့ရေကန်ဆီကို အပြေးအလွှား သွားနေရတာ ဖြစ်သည်။

ဒီကိုယ်လုပ်တော်ကျိုးက သူမကိုထိခိုက်စေဖို့နဲ့ ဒီလိုရက်စက်တဲ့ နည်းလမ်းတွေကိုတောင် အသုံးပြုလာတာပဲ။

စဉ်းစားကြည့်လျှင် သူမအမေအတွက် ဆီးသီးလေးကို သိမ်းထားချင်တဲ့ ရှောင်လန်ယွင်ကြောင့်သာ မဟုတ်ဘဲ နိရှန်းဝမ်လို နေရာမှာတင် ချက်ချင်းစားလိုက်လျှင် အခုလောက်ဆို အပြစ်မဲ့တဲ့လူနှစ်ယောက်က သတိလစ်နေပြီး ဖြစ်လောက်သည်။

112 06

ထိုစကားတွေ ထွက်လာသည်နှင့် ဧကရီမယ်တော်ကြီးက မျက်မှောင်ကြုတ်ကာ ယန်ရှုကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ရှန်းဝမ်နဲ့လန်ယွင်က ဒီနေ့ နင့်ကို သွားရှာတာမလား။ ဘာလို့လမ်းမှာ တရုတ်ဆီးသီးတွေကို စားဖို့ ခူးရတာလဲ”

ယန်ရှုက ရပ်တန့်သွားပြီး ချက်ချင်းပဲ သူမခေါင်းကို နှိမ့်ကာ ပြောလိုက်သည်။

“ဒီကိုယ်လုပ်တော်လည်း အဲဒါကို မသိပါဘူး”

ထိုစကားတွေထွက်လာသည့်အခါ ယွီဝိန်းလန်က အလျင်အမြန် ပြောလိုက်သည်။

“မယ်တော်က အလောတကြီး ဖြစ်နေတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီနေ့ ထိုက်ယွဲ့ရေကန်ဆီကို သားတော် ရောက်တော့ ယိပိက အရင်ရောက်နှင့်နေပြီး သခင်မလေးနိနဲ့ လန်ယွင်တို့က နောက်ဆုံးမှ ရောက်လာတာပါ။ အဲဒီမတိုင်ခင်တုန်းက သူတို့တွေ မတွေ့ရသေးဘူး။ အဲဒါကြောင့် သခင်မလေးနိက လမ်းမှာဆီးသီးကို စားလိုက်တော့ ယီပိက အဲ့အကြောင်းကို မသိလိုက်ဘူး။ သခင်မလေးနိနဲ့ လန်ယွင်ကို ခစားတဲ့ နန်းတော်အစေခံတွေကိုပဲ မေးကြည့်သင့်တယ်”

ထိုဂရုစိုက်မှုဆိုသည်က ပရမ်းပတာဖြစ်ရပ်ကို ဖြစ်ပွားသွားစေသည်။ ဧကရီမယ်တော်ကြီးက ပုံမှန်ဆို ဘယ်လောက်ပဲ တည်ငြိမ်နေပါစေ သူမ စိတ်လှုပ်ရှားနေစဉ်မှာဆိုလျှင် အမှန်နဲ့အမှားကို ခွဲခြားနိုင်မည်မဟုတ်ပေ။

အပေါ်ယံမှာတော့ ဧကရာဇ်နဲ့လန်ယွင်က သူမနဲ့ ဒီရက်ပိုင်းအတွင်း အတူရှိနေတာ ဖြစ်သည့်အတွက် နိရှန်းဝမ်ကို ထိခိုက်စေမည်မဟုတ်ပေ။ ထို့ကြောင့် ယန်ရှုကသာ သံသယရှိသူဖြစ်သည်။

နည်းနည်းလောက်သာ တုံးအသွားမည်ဆိုလျှင် နိရှန်းဝမ်က နန်းဆောင်ထဲမှာ သတိလစ်သွားမည် ဖြစ်သည်။

ထိုအရာကသာ ကိစ္စဖြစ်မယ်ဆိုလျှင် ဧကရီမယ်တော်ကြီးက သူမအရမ်းကို ဒေါသထွက်နေတုန်း သူမရဲ့ရှင်းပြချက်ကို နားထောင်ပေးမည်တဲ့လဲ။

သို့သော် တစ်ချိန်တည်းမှာပဲ ယွီဝိန်းလန်စကားကို ကြားပြီးနောက်မှာ ဧကရီမယ်တော်ကြီးက ကြည်လင်ပြတ်သားမှုတချို့ ပြန်ရလာပြီး ချက်ချင်းပဲ လန်ယွင်နဲ့အတူလာတဲ့ အပျိုတော်တွေကို ကြည့်ကာ မေးလိုက်သည်။

“ဘာတွေ ဖြစ်ကုန်တာလဲ”

******

113 01

အပိုင်း (၅၄.၂)

အားလုံးသိကြသည့်အတိုင်း လန်ယွင်နဲ့နိရှန်းဝမ်တို့က ဒီရက်ပိုင်းအတွင်း ချီအန်းနန်းဆောင်မှာ နေနေကြတာ ဖြစ်သည်။ ထို့ကြောင့် သူတို့ကို စောင့်ရှောက်ပေးသည်မှာ ဒီရက်ပိုင်းအတွင်းမှာ ချီအန်းနန်းတော်အစေခံတွေပဲ ဖြစ်ကြသည်။

ထိုစကားတွေ ထွက်လာသည်နှင့် အပျိုတော်တွေက ဒူးထောက်လိုက်ကာ ပြောလာသည်။

“ကျေးဇူးပြုပြီး ဧကရီမယ်တော်ကြီး မင်းသမီးလေးက ဒီရက်ပိုင်းအတွင်းမှာ မကြာခဏ တော်ဝင်ဥယျာဉ်ထဲမှာ ကစားပါတယ်။ ပြီးတော့လည်း အဲဒီကဆီးသီးတွေကို ခူးချင်နေခဲ့တာလဲ အမြဲတမ်းပါပဲ။ အစကတော့ အစေခံတွေက ဆီးသီးတွေက မမှည့်သေးဘူးလို့ ထင်ခဲ့ပါတယ်။ အဲဒါကြောင့် အသီးခူးပေးတဲ့ ရှောင်ကျွင်းကို မခေါ်ခဲ့ပါဘူး။ ဒီနေ့ဖြတ်သွားချိန်မှာတော့ ဆီးသီးတွေက အရမ်းမွှေးနေပြီး ချိုမဲ့ပုံပေါ်လို့ မင်းသမီးလေးက ထပ်ခူးချင်ပြန်ပါတယ်။ အဲဒါနဲ့ သခင်မလေးနိက နှစ်လုံး ခူးလိုက်တာပါ”

ဒီလိုနည်းနဲ့ ယန်ရှုနဲ့ဆက်ဆံရေးက နောက်ဆုံးတော့ ရှင်းလင်းသွားပြီ ဖြစ်သည်။

ထို့နောက် ဧကရီမယ်တော်ကြီးက ချက်ချင်းပဲ ယန်ရှုဦးဆောင်ခေါ်လာတဲ့ လန်ယွင်ကို ကြည့်လိုက်ကာ စိတ်ရှုပ်ထွေးစွာနဲ့ မေးလာသည်။

“ဆီးသီးတွေကို စားလိုက်သေးလား”

ထိုကလေးမလေးက သူမရဲ့ခေါင်းကို နာခံစွာနဲ့ခါလိုက်ပြီး မစားရသေးတဲ့ အသီးကို ထုတ်ယူလိုက်သည်။

“လန်ယွင်က မေမေ့ကို ပေးချင်လို့ ကိုယ့်ဘာသာ မစားလိုက်တာ”

ဧကရီမယ်တော်ကြီးက စိတ်သက်သာရာ ရသွားပေမဲ့ ယွီဝိန်းလန်က တော်ဝင်သမားတော်ကို ထပ်မံအမိန့်ပေးလိုက်သည်။

“ဒီအသီးမှာ တစ်ခုခုများ မှားနေတာလားဆိုတာကို မောင်မင်းများ သိနိုင်မလား”

တော်ဝင်သမားတော်ယင်းရှီက အလျင်အမြန်ကဲ အသီးကိုစစ်ဆေးကြည့်လိုက်ပြီး ပြောလာသည်။

“အရှင်မင်းကြီး ဒီအသီးမှာ အပ်ပေါက်ရာလေးတစ်ခု ရှိပါတယ်။ ကြည့်ရတာ တစ်ခုခုကို လောင်းထည့်ထားတဲ့ပုံပါပဲ”

ထိုစကားတွေ ထွက်လာသည့်အခါ လူတိုင်းက ချက်ချင်းပဲရှေ့ကိုတိုးကာ ကြည့်လိုက်ကြသည်။ သေချာပေါက်ပင် အသီးရဲ့အစေ့ချိုင်နေရာလေးမှာ သေးငယ်တဲ့ အပ်ပေါက်ရာလေးတစ်ခုကို တွေ့လိုက်ရသည်။

သေချာဂရုတစိုက်နဲ့ အနံ့ခံကြည့်မည်ဆိုလျှင် အပ်ပေါက်ရာကနေ ထွက်လာတဲ့ ပြင်းထန်တဲ့ အမွှေးနံ့တစ်ခုကို အနံ့ရနေဆဲ ဖြစ်သည်။

တော်ဝင်သမားတော်က တစ်ခဏခန့်စဉ်းစားလိုက်ပြီး ရုတ်တရက်ပဲ အထိတ်တလန့်နဲ့ ပြောလာသည်။

“ဖြစ်နိုင်တာက တိဝုတ်ပင်ရဲ့ ဝတ်ရည်အနံ့လား။ ဒီဟာက အရမ်းကိုအဆိပ်ပြင်းတယ်”

ဘာ။ အဆိပ်လား။

ထိုစကားတွေ ထွက်လာသည့်အခါ သူမသမီးကို စောင့်ကြပ်နေတဲ့ သခင်မမုက အိပ်ရာပေါ်မှာ လဲနေတဲ့ သူမရဲ့သမီးကို ကြည့်ကာ ချက်ချင်းပဲ ငိုကြွေးတော့သည်။

“ထပါတော့ ဝမ်အာ….”

ဧကရီမယ်တော်ကြီးက စိတ်ရှုပ်ထွေးကာ ဒေါသထွက်နေပြီး ချက်ချင်းပဲ ပြောလျုက်သည်။

“ကမ္ဘာပေါ်က ဘယ်သူကများ ဒီလိုရက်စက်တဲ့ နှလုံးသားမျိုး ရှိနေရတာလဲ”

ယွီဝိန်းလန်က ပြောလိုက်သည်။

“အတွင်းညီလာခံအကြံပေးကို စုံစမ်းဖို့ သားတော် အမိန့်ပေးလိုက်ပါမယ်။ ဘယ်သူပဲဖြစ်နေပါစေ အလွယ်လေးနဲ့ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုချိန်မှာ အရေးအကြီးဆုံးက သခင်မလေးနိကို အရင်ဆုံး ကုသပေးဖို့ပဲ”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ သူမဘေးက ကျစ်ရှုကို အလျင်အမြန် ပြောလိုက်သည်။

“မြန်မြန်လေး သမားတော်ကျန်းကို ဒီကိုလာဖို့ ဖိတ်ခေါ်လိုက်”

ကျစ်ရှုက နာခံလိုက်ကာ တစ်ယောက်ယောက်ကို ရှာဖို့ ချက်ချင်းပဲ ထွက်သွားတော့သည်။

အရမ်းကို အဆိပ်ရှိတာကို တွေးလိုက်ပြီးနောက်မှာ တော်ဝင်သမားတော်ဆောင်ရဲ့ အင်အားအကြီးဆုံးသမားတော်ကသာ ကုသနိုင်မည် ဖြစ်သည်။

~~~

113 02

ကိစ္စက အလျင်စလို ဖြစ်နေသည့်အတွက် တစ်ခဏအတွင်းမှာပဲ ထိုက်ယွမ်သမားတော်ဆောင်က ကျန်းရှန်ခန်းက ချီအန်းနန်းဆောင်ကို အလျင်အမြန် ပြေးလာသည်။

ဧကရီမယ်တော်ကြီးက သူ့ကို ထုံးတမ်းအစဉ်အလာတွေပင် လုပ်ခိုင်းမနေပဲ သူ့ကိုမြင်လိုက်ချိန််မှာ တိုက်ရိုက်ပဲ ပြောလိုက်သည်။

“မြန်မြန်လေး သခင်မလေးနိကို ငါတို့တွေ နှိုးထစေမှရမယ်”

—ဒါကသူမအချစ်ဆုံးသူငယ်ချင်းရဲ့ အသည်းနှလုံးလေးပင် အပြစ်မရှိတဲ့ အသက်တစ်ချောင်းလည်း ဖြစ်သေးသည်။ ဘာပဲဖြစ်ပါစေ ဘာမှဖြစ်လာ၍မရပေ။

ကျန်းရှန်ခန်းကလည်း ချက်ချင်းပဲ တုံ့ပြန်လိုက်ကာ အတွင်းနန်းဆောင်ရဲ့အိပ်ရာဘေးကို နိရှန်းဝမ်အား ဆန်းစစ်ကုသရန် အမြန်သွားလိုက်သည်။

တစ်ချိန်တည်းမှာပဲ အဆိပ်ရဲ့အရင်းအမြစ်ကိုခြေရာခံဖို့ အားစိုက်ထုတ်မှုတွေ လုပ်လိုက်ကြသည်။

နန်းဆောင်အစေခံတွေရဲ့ ဦးဆောင်မှုအောက်မှာ အတွင်းညီလာခံစစ်ဆေးရေးမှုးက တော်ဝင်ဥယျာဉ်ထဲက ဆီးသီးပင်ကို လျင်မြန်စွာပဲ ရှာတွေ့သွားတော့သည်။

ထို့နောက်ချက်ချင်းပဲ ဆီးသီးတွေကို ခူးလိုက်ကာ တစ်ခုပြီးတစ်ခု စစ်ဆေးတော့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဆီးသီးအများစုမှာ ပင်စည်တွင် ဆင်တူတဲ့ အပ်ပေါက်ရာတွေ ရှိကြပေသည်။

အပ်ပေါက်က အရမ်းသေးသည့်အတွက် သေချာဂရုတစိုက် မကြည့်လျှင် မြင်ရမည် မဟုတ်ပေ။

ပြီးနောက် ထိုအပ်ပေါက်ရာပါသည့် အသီးတွေက ချိုမွှေးတဲ့အနံ့လေးရှိကာ ထိုအပေါက်ကနေ ထွက်နေတာပင်။

ထိုအသီးတွေဆီကနေ အရည် ညှစ်ထုတ်လိုက်သည့်အခါမှာ ထိုအရည်ကိုထိသည့် ပုရွက်ဆိတ်နဲ့ အင်းဆက်တွေက သေသွားပေသည်။

သို့မဟုတ် ရေထဲကို အရည်တချို့ ညှစ်ချလိုက်လျှင်လည်း တစ်နာရီရဲ့လေးပုံတစ်ပုံ အတွင်းမှာပင် ငါးကန်ထဲက ငါးတွေက သူတို့ရဲ့ဗိုက်သားတွေကို ပြလာမည် ဖြစ်သည်။

(ငါးတွေသေလို့ရေပေါ်တက်လာတာကို တင်စားတာပါ)

ထိုက်ယွမ်တော်ဝင်သမားတော်ဆောင်ရဲ့ သုံးလေးခါခန့် ဆုံးဖြတ်အပြီးမှာတော့ ဒီအဆိပ်က တိဝုတ်ပင်ရဲ့အဆိပ်ဆိုတာကို အတည်ပြုလိုက်ကြသည်။

အရမ်းကိုအဆိပ်ပြင်းတဲ့ တိဝုတ်ပင်ရဲ့ဝတ်ရည်လေ။

ထိုသတင်းပို့ချက်ကို ကြားပြီးနောက်မှာ ယွီဝိန်းလန်က နှာမှုတ်ကာ ပြောလာသည်။

“သိပ်ကောင်းတယ်။ တော်ဝင်သမားတော်ဆောင်က အသီးပင်ကိုတောင် ဒီလိုလျှို့ဝှက်နည်းလမ်းနဲ့ အဆိပ်ခတ်လို့ ရနေပြီပေါ့။ မောင်မင်းတို့တွေက စားသောက်ပြီး ဘာလုပ်နေကြတာလဲ”

အတွင်းညီလာခံရဲ့ စစ်ဆေးရေးမှုးချုပ် ယောင်ရွှင်းက သူ့ရဲ့ဒူးတွေဟာ ခွေယိုင်သွားသလို ခံစားလိုက်ရကာ ချက်ချင်းပဲဒူးထောက်လိုက်ပြီး ပြောလာသည်။

“အရှင်မင်းကြီး ကျွန်နော်မျိုးရဲ့တာဝန် ပျက်ကွက်မှုအတွက် ကျေးဇူးပြုပြီး ဒေါသကို ဖြေဖျောက်ပါ”

ဧကရီမယ်တော်ကြီးကလည်း ဒေါသတကြီးနဲ့ မေးလာသည်။

“စစ်ယွမ်က လူတွေက ဘယ်ရောက်နေတာလဲ။ အသီးပင်ကောင်းတစ်ပင်က အဆိပ်ခတ်ခံလိုက်ရပြီ။ သူတို့တွေအဲဒါကိုသိလား”

ယောင်ရွှင်းက အလျင်အမြန် ထပ်ပြောလိုက်သည်။

“ဧကရီမယ်တော်ကြီးကို လျှောက်တင်ပါတယ်။ ငယ်သားတွေက စစ်ယွမ်းရုံးတော်မှာ တော်ဝင်ဥယျာဉ်တော်မှာ တာဝန်ထမ်းဆောင်တဲ့ ဥယျာဉ်မှုးတွေအများကြီးကို စစ်မေးပြီးပါပြီ။ ဒါပေမဲ့ သူတို့အားလုံး ပြောတာက အဲဒီအကြောင်းကို မသိပါဘူးတဲ့”

113 03

ထိုမြင်ကွင်းကို တွေ့သည့်အခါ ဘေးဘက်ကယန်ရှုက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

—သေချာတာပေါ့ စစ်ယွမ်ရုံးတော်ကလူတွေက အဲ့အကြောင်းကို မသိဘူးလေ။ အဆုံးမှာတော့ ဒီကိစ္စကိုလုပ်တဲ့သူက တိရစ္ဆာန်မွေးမြူးရေးဌာနက ချုံးနျောင်ဖန်က ကိုယ်လုပ်တော်ကျိုးရဲ့ကိုယ်စား လုပ်ပေးတာလေ။

ကျစ် ကိုယ်လုပ်တော်ကျိုးကို ဒီလောက်အခြေအနေထိ ရောက်နေမယ်လို့ ထင်မထားဘူး။ သူမသာ ပေးဖို့ ဆန္ဒရှိနေသရွေ့ သူမအတွက် အလုပ်လုပ်ပေးမဲ့သူတွေ ရှိနေဆဲပင် ဖြစ်သည်။

လက်ရှိခန်းမထဲက လူတွေကြားမှာ သူမကသာ အမှန်တရားကိုသိတဲ့ တစ်ယောက်တည်းသောသူပင်။ ပြီးတော့ သူမက ငြိမ်ငြိမ်ရပ်ကြည့်မနေနိုင်ပေ။ တစ်ခဏခန့် စဉ်းစားပြီးနောက်မှာ သူမကပြောဖို့ ကြိုးစားလိုက်သည်။

“စစ်ယွမ်အပြင် တော်ဝင်ဥယျာဉ်ထဲမှာ ဘယ်သူတွေရော မကြာခဏ လျှောက်သွားလို့ ရသေးလဲ။ တွေးကြည့်လေ အသီးအားလုံးကို အဆိပ်ခတ်ဖို့ဆိုရင် တစ်ခါတည်းနဲ့တော့ ပြီးမှာမဟုတ်ဘူးလေ ဟုတ်တယ်မလား”

ထိုစကားတွေ ထွက်လာသည်နှင့် အတွင်းညီလာခံရဲ့ စစ်ဆေးရေးမှုးချုပ် ယောင်ရွှင်းမောင်က ချက်ချင်းပဲ ပြောလိုက်သည်။

“ချုံးနျောင်ဖန်က လူတွေလည်းရှိတ။ယ် သူတို့တွေက မကြာခဏ ညဘက်တွေဆို တော်ဝင်ဥယျာဉ်ထဲမှာ ငှက်တွေ လွှတ်ပေးလေ့ရှိတ။ယ် တချို့ငှက်တွေဆို ညဘက်မှ လွှတ်ပေးကြပါတယ်”

ယွီဝိန်းလန်က ပြောလိုက်သည်။

“ဘာလို့မြန်မြန် သွားမစစ်ဆေးသေးတာလဲ”

ယောင်ရွှင်းက သဘောတူလိုက်ကာ မြေပြင်ပေါ်ကနေ ချက်ချင်းပဲထလိုက်ပြီး လူတွေကို ဦးဆောင်ကာ ထပ်မံထွက်ခွာသွားတော့သည်။

တစ်နာရီကြာပြီးနောက် ထိုသူ ပြန်လာတာကို မြင်လိုက်ရပြီး လျှောက်တင်လာသည်။

“အရှင်မင်းကြီး အခုလေးတင် ချုံးနျောင်ဖန်က ရှောင်လင်းကျစ်က သူ လုပ်ခဲ့တယ်လို့ ဝန်ခံလာပါတယ်”

ဧကရီမယ်တော်ကြီးက ချက်ချင်းပဲ မေးလိုက်သည်။

“ဘယ်သူက သူ့ကို အဲ့လို လုပ်ခိုင်းတာလဲ”

ယောင်ရွှင်းက ရပ်တန့်သွားကာ ချောင်းဟန့်ရင်း ထို့နောက် ပြောလိုက်သည်။

“ရှောင်လင်းကျစ် ဝန်ခံတာက အဲဒါက ကျုံးချွေ့နန်းဆောင်က ကျောက်လိုင်ရွှမ်းပါ။ သူ့ကို ငွေတုံးတစ်ရာပေးပြီး အဲ့လို လုပ်ဖို့ စေခိုင်းတဲ့သူပါ”

ဘာ။

ချီအန်းနန်းဆောင်က လူတိုင်းဟာ နင်သွားတော့သည်။

ကျုံးကျွေ့နန်းဆောင်ကလား။

အဲဒါက ကိုယ်လုပ်တော်ကျိုးရဲ့ လူမဟုတ်ဘူးလား။

ဧကရီမယ်တော်ကြီးက တိတ်ဆိတ်သွားပေမဲ့ ဒေါသတကြီးနဲ့ ပြောလာသည်။

“ကျောက်လိုင်ရွှမ်းနဲ့ သူ့ရဲ့သခင်ကို အိုက်ကျားဆီ အတူတူခေါ်လာခဲ့”

နန်းတော်အစေခံတွေက နာခံလိုက်သည်။

သိပ်မကြာခင်မှာပဲ ကျောက်လိုင်ရွှမ်းနဲ့ ကိုယ်လုပ်တော်ကျိုးကို ခေါ်လာတော့သည်။

အစမှာတော့ ကိုယ်လုပ်တော်ကျိုးက သူမရဲ့မျက်နှာပေါ်မှာ ဘာထိတ်လန့်မှုမှမပြပဲ ပြောရုံသာ ပြောလာသည်။

“ဧကရီမယ်တော်ကြီးက ဒီကိုယ်လုပ်တော်ကို ဒီနေရာဆီ ဘာလို့ခေါ်တာလဲဆိုတာကို မသိပါဘူး”

ဧကရီမယ်နော်ကြီးကို ကြည့်ရသည်မှာ တင်းမာခက်ထန်နေဟန်ရှိကာ အသံနက်နဲ့ မေးလာသည်။

“တော်ဝင်ဥယျာဉ်ထဲက ဆီးသီးပင်က အဆိပ်ခတ်ခံထားရတယ်။ အခုဆို ရှန်းဝမ်က သတိလစ်နေပြီ။ ချုံးနျောင်ဖန်ကအစေခံတွေက ဝန်ခံလာတယ်။ အဲဒါကိုလုပ်တာက နင့်ရဲ့နန်းတော်က အစေခံတွေတဲ့ အဲဒါကိုသိရဲ့လား”

သို့သော် ကိုယ်လုပ်တော်ကျိုးက အံ့ဩတကြီးနဲ့ ပြောလာသည်။

“ဒီလ်ုအရာမျိုးလည်းရှိ သေးတာလား။ ကျွန်မအခုမှပဲ ကြားတာပါ….ဧကရီမယ်တော်ကြီးကို အသိပေးပါရစေ။ ဒီကိုယ်လုပ်တော်မှာက သခင်မလေးနိနဲ့ ဘာရန်ငြှိုးရန်စမှ မရှိပါဘူး။ သူမကိုဘယ်လိုလုပ်ပြီး အန္တရာယ် ဖြစ်စေနိုင်မှာလဲ”

ဧကရီမယ်တော်ကြီးက နှာမှုတ်လာသည်။

“အိုက်ကျားကလည်း တွေးနေတာ နင့်မှာရှန်းဝမ်နဲ့ ဘာရန်ငြှိုးရန်စမှမရှိတာကို သူမကို ဘာလို့ထိခိုက်စေရတာလဲ။ ဒါဆိုရင် ဒီနေ့မှာ လန်ယွင့်ကို ယီပိရဲ့နန်းဆောင်မှာ စကားပြောနေတဲ့ ငှက်တစ်ကောင် ရှိတယ်ဆိုတာကို ပြောတာက ဘယ်သူလဲ။ သူမက လန်ယွင်ကို လွှမ်းမိုးပြီး ယိဖင်းနဲ့ ကစားစေချင်နေတာလေ”

ပထမတော့ သူမဟာ ဒီတူမဖြစ်သူက ကလေးမလေးကို မောက်နေတာပဲ ဖြစ်မယ်လို့ ထင်နေခဲ့တာ ဖြစ်သည်။ သို့သော် သူမရဲ့တူမဖြစ်သူက တကယ့်တရားခံ ဖြစ်နေမယ်လို့တော့ မျှော်လင့်မထားပေ။

113 04

သို့သော်လည်း ထိုစကားတွေ ထွက်လာသည့်အခါ ကိုယ်လုပ်တော်ကျိုးက ထပ်မံငြင်းဆန်လာသည်။

“ဒီကိုယ်လုပ်တော်က တစ်ခဏလောက် နောက်နေတာပါ။ လန်ယွင်က အတည် ထင်သွားမယ်လို့ ဘယ်သူသိမှာလဲ။ ဒါပေမဲ့ ဒီဟာနဲ့ဒီကိုယ်လုပ်တော်ကို စွပ်စွဲလို့ မရဘူးလေ ဟုတ်တယ်မလား။ ဒီကိုယ်လုပ်တော်လည်း သလင်မလေးနိနဲ့ လန်ယွင်က အတည်ထင်သွားမယ်လို့ ဘယ်လိုလုပ်သိပါ့မလဲ။ ယီပိကို အတူတူသွားရှာကြတာက တကယ်ကိုပဲ တိုက်ဆိုင်တာပါ ဒီကိုယ်လုပ်တော်ကို တိုက်ဆိုင်မှုကြောင့်နဲ့ စွပ်စွဲဆုံးဖြတ်လို့ မရဘူးလေ ဟုတ်တယ်မလား”

——သူမက ကစားပွဲတစ်ခုကို သေချာဂရုတစိုက်နဲ့ စီစဉ်ထားတာပဲ တစ်ယောက်ယောက်ကိုရှာဖို့ ပိုက်ဆံ ဖြုန်းတယ်။ ကလေးမလေးနှစ်ယောက်ရဲ့နောက်ကနေလိုက်ဖို့ တစ်ယောက်ယောက်ကို မေးတယ်။ နေ့တိုင်းနေ့တိုင်း သူတို့ ကစားတတ်တဲ့နေရာတွေကို ကျွမ်းကျင်အောင် လုပ်တယ်။ အဲ့ကလေးနှစ်ယောက်သာ ကန်လုနန်းဆောင်မှာ အဆိပ်မိသွားသရွေ့ ကျန်နေတဲ့ အဆိပ်ကိုတောင် ကန်လုနန်းဆောင်ရဲ့အနီးအနားမှာ ဖွက်ထားဖို့ တစ်ယောက်ယောက်ကို ပြောထားသေးတယ်။ ဒီ****လိယန်ရှုက ဘာပြောစရာမှရှိမှာ မဟုတ်တော့ဘူး ။

ဒါက သေချာစီစဉ်ထားတဲ့အရာပင်။ ဒါပေမဲ့ အဲ့ကလေးမလေးနှစ်ယောက်က ဘာလို့ကန်လုနန်းဆောင်ကို မသွားကြတာလဲ။ ဒါပေမဲ့ ထိုက်ယဲ့ရေကန်ကို သွားပြီး ဧကရာဇ်လည်း ရှိနေသေးသည်။

သို့သော် ဘာပဲဖြစ်ဖြစ် အခုသူမအပေါ်ကို ကျရောက်တော့မည် မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် ဧကရီမယ်တော်ကြီးက သူမရဲ့အဒေါ်ပင် ဖြစ်သည်။ သူမရဲ့အဒေါ်က နိမိသားစုက မွေးစားသမီးအတွက်နဲ့ သူမကို အပြစ်တင်မယ်လို့တော့ မယုံကြည်ပေ။

တိတ်တဆိတ် နားထောင်နေသော ယွီဝိန်းလန် သူ မနားမလည်သေးတဲ့ တစ်ခုခုများ ရှိနေသေးလား။

သို့သော် သူ့ဘာသာသူ နားလည်နေ၍ မရပေ။ ဧကရီမယ်တော်ကြီးကိုပါ နားလည်အောင် လုပ်ရပေမည်။

ကံကောင်းစွာနဲ့ ထိုအချိန်မှာပဲ ရှောင်ရွှင်းကျစ်က အပြင်ဘက်ကနေအပြေးအလွှား ပြေးလာပြီး သူ့ကို သတင်းပို့လာသည်။

“အရှင်မင်းကြီး ကန်လုနန်းဆောင်ရဲ့အပြင်ဘက်မှာ ပစ္စည်းတွေကို ဖွက်ထားတဲ့ ကျောက်လိုင်ဖုက ဝန်ခံလာတယ်။ သူ့ကို အဲဒီလိုလုပ်ဖို့ စေခိုင်းတဲ့သူက ကိုယ်လုပ်တော်ကျိုးပါတဲ့”

ဘာ။

လူတိုင်းက နင်သွားတော့သည်။

ကန်လုနန်းဆောင်ရဲ့အပြင်ဘက်မှာ ဟုတ်လား။

ပြီးတော့ အဲဒီကျောက်လိုင်ဖူက ကျောက်လိုင်ရွှင်းရဲ့မောင်ငယ်လေး မဟုတ်လား။ သူတို့တွေနှစ်ယောက်က ကျုံးချွေ့နန်းဆောင်မှာ အတူတူအလုပ်လုပ်ကြတာလေ။

ကိုယ်လုပ်တော်ကျိုးက ထိတ်လန့်သွားတော့သည်။

ကျောက်လိုင်ဖူ ရုတ်တရက်ကြီး ပျောက်သွားတာက ဧကရာဇ်ရဲ့လူတွေ ဖမ်းတာကို ခံလိုက်ရလို့ များလား။

သို့သော် သူမပင် အဖြေမရှာနိုင်သေးခင်မှာပဲ ဧကရီမယ်တော်ကြီးက အေးစက်နေတဲ့အသံနဲ့ ဒေါသတကြီး ပြောလာတာကို ကြားလိုက်ရသည်။

“ဒီလူတွေကို ခေါ်သွားပြီး ပြင်းပြင်းထန်ထန် နှိပ်စက်လိုက်။ ဘယ်သူ့မှာ ဒီလောက် ရက်စက်တဲ့နှလုံးသားရှိပြီး သူတို့ကို ဒီလောက်တောင် ထိခိုက်အောင် လုပ်ရတာလဲဆိုတာကို အိုက်ကျား သိမှရမယ်”

လူတိုင်းက နာခံလိုက်ကြသည်။

~~~~

ဧကရီမယ်တော်ကြီးထိုကဲ့သို့ ပြောချိန်မှာ သူမရဲ့သဘောထားက ဒီထက်ပိုပြီး မသိသာနိုင်တော့ပေ။

ကြည့်ရသည်မှာ ဒီတစ်ခေါက် သူမကလုံးဝကို စိတ်ဆိုးနေပုံရပြီး သူမရဲ့မိသားစုနဲ့ သွေးရင်းမိသားစုကိုပင် လုံးဝဂရုမစိုက်ဖို့ ဆုံးဖြတ်ထားပုံရသည်။ ပြီးနောက် သခင်မမုကို ဖြေရှင်းချက်တစ်ခု ပေးချင်နေပေသည်။

113 05

သေချာပေါက် သိပ်မကြာခင်မှာပဲ ကျောက်လိုင်ဖူနဲ့ ကျောက်လိုင်ရွှမ်းတို့က ဝန်ခံလာကြသည်။ အဲ့လိုလုပ်ဖို့စေခိုင်းသူက ကိုယ်လုပ်တော်ယိကို အကွက်ဆင်ဖို့ဆိုတဲ့ တိကျတဲ့ရည်ရွယ်ချက်နဲ့ ကိုယ်လုပ်တော်ကျိုး ဖြစ်သည်ဟုပင်။

သို့သော် အမှန်တရားက အလင်း ထိုးပြခံလိုက်ရသလို ပေါ်လာပေမဲ့ ထောင်ချောက် အဆင်ခံလိုက်ရတဲ့ နိမိသားစုကကလေးမလေးက ပြန်ပြီး နိုးမလာသေးပေ။

ချီအန်းနန်းဆောင်ကို ကျန်းရှန်ခန်း ရောက်လာပြီးနောက် သူက ချက်ချင်းပဲ နိရှန်းဝမ်ကို ကုသပေးသည်။ အပ်စိုက်ကုထုံးကို အသုံးပြုပြီး အပ်စိုက်မှတ်တွေကို ပိတ်ဆို့ထားလိုက်ကာ သူမကို သွေးမဲတချို့အား အလျင်အမြန် အန်ထွက်လာစေသည်။ သို့သော်လည်း နောက်ထပ်နှစ်နာရီ ကုန်ဆုံးပြီးနောက်မှာ နိမိသားစုက ကလေးမလေးက သတိလစ်နေဆဲ ဖြစ်သည်။

ဧကရီမယ်တော်ကြီးက စိတ်ပူပန်လာပြီး မေးလာသည်။

“ဘာလို့ရှန်းဝမ်က နိုးမလာသေးတာလဲ”

သို့သော် ကျန်းရှန်ခန်းက မျက်မှောင်ကြုတ်ကာ ပြောလာသည်။

“ကျွန်တော်မျိုးလည်း မသိတော့ပါဘူး။ ဒီတိဝုတ်ပင်ရဲ့အဆိပ်က အရမ်းကိုမှ အဆိပ်ပြင်းပါတယ်။ သခင်မလေးနိ အဆိပ်မိတဲ့အချိန်က အတော်လေး ကြာသွားတာဖြစ်လို့ အဆိပ်က အဆုတ်ဆီကို ပျံ့သွားလောက်ပါပြီ”

ဆေးပညာစွမ်းရည်အကြောင်းကို မသိဘူး ဆိုလျှင်တောင် ဒီစကားလုံးတွေကို ကြားရသည်မှာ အရမ်းကိုပြင်းထန်ပုံ ရသည်။ ထို့ကြောင့် ဧကရီမယ်တော်ကြီးက စိတ်ပူပန်စွာနဲ့ ပြောလာသည်။

“ဒါဆိုရင် ဘယ်လောက်သေချာလဲ”

သို့သော် ကျန်းရှန်ခန်း ပြောလာသည်ကို ကြားလိုက်ရသည်။

“ကျွန်တော်မျိုး ဖုံးကွယ်မထားရဲပါဘူး။ ကျွန်တော်မျိုး ၅၀%ပဲ သေချာမှာကို စိုးမိပါတယ်။ သခင်မလေးနိကို ကယ်ဆယ်နိုင်ရင်တောင် သူမရဲ့ဦးနှောက်က…. ထိခိုက်သွားမှာပဲ စိုးမိပါတယ်”

ထိုစကားတွေ ထွက်လာသည်နှင့် သခင်မမုက မူးလဲလုနီးပါးပင်။

ဧကရီမယ်တော်ကြီးကလည်း စိတ်ပူပန်စွာနဲ့ ပြောလာသည်။

“ဘယ်လောက်တောင် ကောင်းလိုက်သလဲ”

ဒီကောင်မစုတ်ကတော့ ငါ သူမကို အပိုင်းပိုင်းဖြတ်ပစ်ဖို့ မစောင့်နိုင်တော့ဘူး။

ထိုမြင်ကွင်းကို ကြည့်ရင်း ယန်ရှုကလည်း သူမရဲ့နှလုံးသားထဲမှာ သက်ပြင်းချလိုက်ပြီး စစ်စတန်ကို မေးခွန်းမထုတ်ဘဲ မနေနိုင်တော့ပေ။

[အပြစ်မရှိတဲ့လူတစ်ယောက်အနေနဲ့ ဘယ်လိုတောင် အရမ်းကို ဂရုမဲ့ရတာလဲ။ နာရီဝက်လောက် စောပြောခဲ့ရင်တောင် ဒီကလေးမလေးက ဒီလောက် ခံစားနေရမှာ မဟုတ်ဘူး]

စစ်စတန် [ငါကနင့်ရဲ့အုပ်ထိန်းသူ သူ့ရဲ့အုပ်ထိန်းသူ မဟုတ်ဘူး။ ငါနင့်ကို လူသတ်သမားတွေ အပြစ်သားတွေ ဓားပြတွေနဲ့ သူခိုးတွေအကြောင်း နေ့တိုင်းပြောနေတာ။ နင်က အလုပ်ရှုပ်နေသလား။ ပြီးတော့ အချိန်အကြာကြီးကတည်းက နင်က သိနေရင်တောင် ကိုယ်လုပ်တော်ကျိုးက ဆီးသီးပင်ကို အဆိပ်ခတ်ပြီးသားလေ။ စကားပုံတောင်ရှိသေးတယ် တောင်ဘက်နံရံကို ဝင်တိုက်မိရင် ပြန်လှည့်မကြည့်နဲ့။ မင်းသာ ဖော်ထုတ်လိုက်မယ်ဆိုရင် တခြားသူတွေက နင့်ကို ယုံကြည်ကြမှာတဲ့လား။ ဧကရီမယ်တော်ကြီးက အကြင်နာတရား ကင်းမဲ့ပြီး သူမရဲ့ကိုယ်ပိုင်တူမကို အပြစ်ပေးမှာတဲ့လား။]

[နန်းတော်က အစကတည်းကမှ ရက်စက်တဲ့နေရာတစ်ခုပဲ။ မင်း သေရင်သေ ဒါမှအဟုတ် ငါသေရင်သေ တကယ်လို့ ဗုဒ္ဓဘုရားကိုယ်တိုင် ဆင်းသက်လာရင်တောင် ဒီလောက် ဝံပုလွေတွေ ကျားတွေနဲ့ ကျားသစ်တွေအများကြီးကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့လည်း ဒါက ရုပ်ဖျက်ထားတဲ့ ကောင်းချီးတစ်ခုပဲ။ ဒီငလေးမလေးက ဒီအတွေ့အကြုံကို ဖြတ်သန်းပြီးရင် မမျှော်လင့်ထားတဲ့ တစ်စုံတစ်ခုကို လက်ခံရရှိလိမ့်မယ်]

ယန်ရှုက သွေးအန်မလိုပင် ။

[လူတွေက နိုးမလာနိုင်ရင် ဘာမမျှော်လင့်ထားတဲ့ အခွင့်အရေး ရှိနိုင်လို့လဲ။]

သို့သော် တွေးကြည့်ပြီးနောက် သူမက တစ်စုံတစ်ခုကို သိသွားတော့သည်။

ကျန်းရှန်ခန်း မကုနိုင်ဘူးဆိုရင် တခြားသူတွေက ကုသနိုင်လောက်တယ်လို့ ဆိုလိုတာမလား။

ထို့ကြောင့် သူမက ဧကရာဇ်ကို အလျင်အမြန်ပြောလိုက်သည်

“သမားတော်ကျန်း ကုသနိုင်မလားဆိုတာကို ကျွန်တော်မျိုးမ မသိတော့ပါဘူး….”

ယွီဝိန်းလန်ကလည်း ဒီလူကို တွေးနေတာဖြစ်ပြီး ချက်ချင်းပဲ ခေါင်းညိတ်လိုက်တော့ကာ ဖုဟိုင်ကို ပြောလိုက်သည်။

“ကျန်းနျန်ချီကို ပြောလိုက်ပါ”

113 06

ဖုဟိုင်ကချက်ချင်းပဲ နာခံလိုက်ကာ တစ်ယောက်ယောက်ကို တော်ဝင်သမားတော်ဆောင်ဆီ စေလွှတ်လိုက်တော့သည်။ သိပ်မကြာခင်မှာပဲ တော်ဝင်သမားတော်ကျန်းက အလျင်စလိုနဲ့ ရောက်လာတာကို တွေ့လိုက်ရတော့သည်။

ဧကရီမယ်တော်ကြီးက သူ့ရဲ့ဆေးပညာဟာ ကျန်းရှန်ခန်းထက် ပိုပြီးကောင်းမယ်လို့တော့ မယုံကြည်ပေ။ သို့သော် ယခုအချိန်မှာ နိမိသားစုက ကလေးမလေးကို ကုသပေးဖို့ တောင်းဆိုရုံကလွဲလို့ တခြားနည်းလမ်း မရှိပေ။

သို့သော် ကျန်းရှန်ခန်းက အချိန်နှင့်အမျှ ဘေးဘက်မှာရပ်ကာ ဘေးနားကနေသာ ကြည့်နိုင်ပေသည်။

အခုတလော သူကြားထားသည်မှာ တော်ဝင်သမားတော်ဆောင်မှာ ဒီလိုလူမျိုး ရှိသည်ဟုပင်။ အကြီးဆုံးမင်းသမီးကြီးရဲ့ ရွမ်ချင်းစန်းအဆိပ်ကို ကုသတဲ့နေရာမှာ ကူညီပေးခဲ့သူပင်။

သို့သော်လည်း ရွမ်ချင်းစန်းအမှုန့်က ကုသလို့ ရနိုင်ပေသည်။ ဒါပေမဲ့ ဒီတိဝုတ်ပင်အဆိပ်ကတော့ ကွာခြားပေသည်။

သူ နေလာခဲ့သည်မှာ နှစ်ငါးဆယ်ကျော်ရှိခဲ့ပြီပင် ဘယ်သူကမှ ဒီလိုအဆိပ်ပြင်းတဲ့အရာမျိုးကို အဆိပ်ဖြေပေးနိုင်တယ်လို့ မကြားဖူးပေ။

ထို့ကြောင့် ဒီမျိုးရိုးနာမည်ကျန်းနဲ့လူက အဲဒီအဆိပ်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ကြည့်ချင်မိသည်။

သေချာပေါက် ကျန်းရှန်ခန်းအပြင် နန်းတော်ထဲက လူတိုင်းက ကျန်းယွီရိရဲ့လှုပ်ရှားမှုတိုင်းကို နီးနီးကပ်ကပ် စောင့်ကြည့်နေကြသည်။

အဆုံးမှာတော့ ဒါကသာ သခင်မလေးနိရဲ့ မျှော်လင့်ချက်ဖြစ်မည့်ပုံပင်။

လူတိုင်းရဲ့စောင့်ကြည့်နေတဲ့ မျက်လုံးအောက်မှာပဲ ကျန်းနျန်ချီက နိမိသားစုက ကလေးမလေးကို တည်ငြိမ်စွာစစ်ဆေးလိုက်ကာ အလျင်အမြန် သုံးသပ်လိုက်သည်။

“ဒီကလေးမလေးက တိဝုတ်ပင်ရဲ့အဆိပ်နဲ့ အဆိပ်ခတ်တာ ခံထားရတာပဲ ဆိုတော့ နည်းနည်းတော့ ဒုက္ခများမယ်”

ပိုပြီးတော့ ဒုက္ခများမယ်။

ဒီအတွက် အခွင့်အရေး ရှိသေးတာလား။

ဧကရီမယ်တော်ကြီးက ချက်ချင်းပဲ မေးလိုက်သည်။

“ကုသဖို့နည်းလမ်း ရှိတာလား”

သို့သော် သမားတော်က ခေါင်းညိတ်ကာ ပြောလာသည်။

“ဟုတ်ပါတယ် ဒါပေမဲ့ ဒီကလေးမလေးရဲ့ နီးကပ်တဲ့ဆွေမျိုးများ ဒီနေရာမှာ ရှိလားမသိဘူး။ သူမနဲ့နီးကပ်တဲ့ဆွေမျိုးရဲ့သွေးကို ဆေးအဖြစ် အသုံးပြုဖို့လိုတယ်”

နီးကပ်တဲ့ဆွေမျိုး။

ထိုစကားတွေ ထွက်လာသည်နှင့် ယန်ရှုနဲ့ ယွီဝိန်းလန်ဟာ သခင်မမုကို တစ်ချိန်တည်းမှာပဲ ကြည့်လိုက်ကြတော့သည်။

******

114 01

အပိုင်း (၅၅.၁)

ဘာ မင်းချစ်ရတဲ့သူတွေရဲ့သွေးကို ဆေးအဖြစ်သုံးမယ် ဟုတ်လား။

ဒါကိုပထမဆုံးကြားချိန်မှာ ယန်ရှုရဲ့ပထမဆုံး တုံ့ပြန်မှုက—နိရှန်းဝမ်ရဲ့အချက်အလက်အစစ်က ဖော်ထုတ်ခံလိုက်ရမှာမလား။

ထို့ကြောင့် သူမရဲ့မသိစိတ်ကနေ သခင်မမုရဲ့ တုံ့ပြန်ပုံကို သိချင်သည့်အတွက် သခင်မမုကို ချက်ချင်းပဲ ကြည့်လိုက်မိသည်။

သို့သော် သခင်မမုရဲ့တုံ့ပြန်ပုံကို ရှာမတွေ့နိုင်ခင်မှာပဲ ဧကရာဇ်ကလည်း သခင်မမုကို သူမကဲ့သို့ပင် ကြည့်နေတာကို တွေ့လိုက်ရသည်။

သူမက မတတ်နိုင်ဘဲ တွေးလိုက်မိတော့သည်။

ဧကရာဇ်က သခင်မမုကို ဘာလို့ကြည့်နေရတာလဲ။

နိရှန်းဝမ်က သခင်မမုရဲ့သမီးဆိုတာကို မသိဘူး မဟုတ်လား။

ယွီဝိန်းလန် “….”

ကျစ် ငါ့ရဲ့သိချင်စိတ်ကို တစ်ခဏလောက် မထိန်းနိုင်ဘူး ဖြစ်သွားတယ်။ အဲဒီအကြောင်းကို မေ့တော့မလို့ပဲ

ထို့ကြောင့် သူက သဘာဝကျသလို အလျင်အမြန် ဟန်ဆောင်လိုက်ကာ ဘာမှမဖြစ်ခဲ့သလို အကြည့် လွှဲသွားလိုက်သည်။ ပြီးနောက် လျှောက်ကြည့် နေလိုက်တော့သည်။

သို့သော်ထိုအချိန်မှာပဲ ခန်းမထဲကလူတိုင်းက ကြက်သေ သေသွားတော့သည်။

ဧကရီမယ်တော်ကြီးက အလျင်စလို ပြောလိုက်သည်။

“ဒီကလေးမလေးက မွေးစားခံထားရတာ။ အခုဆို ဆယ်နှစ်လောက်ရှိနေပြီ။ သူမနဲ့နီးကပ်တဲ့ ဆွေမျိုးကို ဘယ်လိုလုပ်ရှာလို့ရမှာလဲ။ တခြားနည်းလမ်း မရှိတော့ဘူးလား”

သို့သော် ကျန်းနျန်ချီ ပြောလာတာကို ကြားလိုက်ရသည်။

“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ဧကရီမယ်တော်ကြီး အခု ဒီနည်းလမ်းပဲ ရှိတော့တာပါ? တိဝုတ်ပင်ဆိုတာက တကယ်ကို ပြင်းထန်တဲ့အဆိပ်ပါ။ ဒီလောက် အချိန်အတွင်းမှာပဲ ဒီကလေးမလေးရဲ့ ခန္ဓာကိုယ်ထဲက သွေးနဲ့ကလီစာတွေက အဆိပ်ကို စုပ်ယူပြီးနေလောက်ပြီ။ သွေးနီးတဲ့ဆွေမျိုး မရှိဘူးဆိုရင် အမျိုးသမီးရဲ့သွေးကို သူမခန္ဓာကိုယ်ထဲက အဆိပ်ကို ထုတ်ဖို့ ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီကလေးမလေးရဲ့နေရာအများစုက အခုထိ ရှင်သန်နေဆဲဖြစ်ပြီး အသက်ရှုနှုန်းကို ထိန်းထားနိုင်ရုံလောက်ပါပဲ။ သူမ နိုးလာခဲ့ရင်တောင် သူမရဲ့စိတ်နဲ့လှုပ်ရှားမှုက ထိခိုက်သွားပါလိမ့်မယ်”

ဧကရီမယ်တော်ကြီးက ပင့်သက်ရှိုက်လိုက်မိသည်။

ဒါပ်ေယ့် ရလဒ်က ကျန်းရှန်ခန်း ယခုလေးတင်ပြောခဲ့သည်နှင့် ဆင်တူပေသည်။

ထို့ကြောင့် ထိုနိမိသားစုက ကလေးမလေးသာ ပုံမှန်လိုပြန်ဖြစ်ချင်သည်ဆိုလျှင် တစ်ခုတည်းသောနည်းလမ်းက သွေးပင်။

ထိုစကားတွေကို ကြားသည့်အခါ လူတိုင်းရဲ့ နှလုံးသားထဲမှာ သက်ပြင်း ချလိုက်ကြသည်။ ကြည့်ရသည်မှာ သခင်မလေးနိအတွက် မျှော်လင့်ချက် မရှိတော့သည့်ပုံပင်။

ဟူး ဘုရားသခင်က တကယ်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထားတာပဲ။ ဒီလိုလိမ္မာတဲ့ကလေးမလေးကို ဘာလို့ဒီလောက်ထိ ရက်ရက်စက်စက် ဆက်ဆံရတာလဲ။

ပထမဆုံးအနေနဲ့ သူ မမွေးလာတော့ သူမရဲ့မိဘအရင်းတွေဆီကနေ စွန့်ပစ်ခြင်း ခံလိုက်ရတယ်။ နောက်ဆုံးတော့ သူမမှာ ဒီလောက်ကောင်းတဲ့ မွေးစားအမေကို ရလိုက်တော့လဲ ရုတ်တရက်ကြီး ဒီလိုလှည့်စားတတ်တဲ့ အဆိပ်ရဲ့ နှိပ်စက်ခြင်းကို ခံစားနေရတယ်

ငါ ဘာလုပ်ပေးနိုင်ပါ့မလဲ။

ဧကရီမယ်တော်ကြီးက သူမရဲ့နှလုံးသားထဲမှာ အပြင်းအထန် အပြစ်ရှိစိတ် ခံစားနေရပြီး သူမရဲ့သူငယ်ချင်းကို ဘယ်လိုရှင်းပြရပါတော့မလဲ မသိကာ စိတ်ပျက်လက်ပျက် ဖြစ်လုနီးနီးပင်။

သို့သော်လည်း ထိုအချိန်မှာပဲ သခင်မမုက ကျန်းနျန်ချီကို ပြောလိုက်သည်။

“ကျွန်မရဲ့သွေးကိုပဲ သုံးလိုက်ပါ”

ဘာ။ လူတိုင်းက ထိတ်လန့်သွားကြတော့သည်။

ယန်ရှုက သူမရဲ့နှလုံးသားထဲမှာ သေချာသွားပြီး တိတ်တတ်လေး သက်ပြင်းချလိုက်သည်။ သွေးသားအပေါ် ချစ်မြတ်နိုးမှုက မည်သည့်အရာထက်မဆို ပိုပြီးအရေးကြီးပေသည်။ ထိုကဲ့သို့ အကျပ်အတည်းဖြစ်နေချိန်တွင် သခင်မမုက ဒီကလေးမလေးအပေါ် ခွဲခွာဖို့ဝန်လေးနေဆဲ ဖြစ်သည်။

114 02

ယွီဝိန်းလန်လည်း ထိုကဲ့သို့ပင် တွေးလိုက်သည်။

ထိုကဲ့သို့ခက်ခဲနေချိန်တွင် သခင်မမုက နောက်ဆုံးမှာတော့ မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်လိုက်ပေသည်။

သို့သော်လည်း သူတို့နှစ်ယောက်ကလွဲလျှင် ကျမ်သူတွေအားလုံးက အမှန်တရားကိုမသိဘဲ လမ်းပျောက်နေကြပေသည်။

ဧကရီမယ်တော်ကြီးကသာ သူမရဲ့သူငယ်ချင်းဖြစ်သူက အလျင်လိုနေပြီး ရှုပ်ထွေးသွားတာ ဖြစ်ရမည်ဟု တွေးနေကာ အလျင်အမြန် သတိပေးလာသည်။

“အားယွီ သူပြောတာက သူမနဲ့အနီးစပ်ဆုံးဆွေမျိုးရဲ့ သွေးကို လိုတယ်လို့ ပြောတာ။ သူလိုတာက သွေးရင်းမိဘရဲ့သွေးကို လိုနေတာ”

မမျှော်လင့်ထားစွာနဲ့ သခင်မမုက အလွန်အမင်း တည်ငြိမ်နေကာ သူမကို ပြောလိုက်သည်။

“ကျွန်မ ကြားပါတယ်။ မပူပါနဲ့ဧကရီ ကျွန်မရဲ့သွေးကို ကုသဖို့အတွက် သုံးပါ့မယ်”

ဧကရီမယ်တော်ကြီးက ထပ်မံထိတ်လန့် သွားရပြန်သည်။

သို့သော် သူမသူငယ်ချင်းရဲ့ တည်ငြိမ်ပြီး စိတ်ပိုင်းဖြတ်ထားပုံကို မြင်လိုက်ချိန်မှာတော့ သူမက နောက်ဆုံးမှာ ဘာတွေဖြစ်နေသလဲဆိုတာကို သဘောပေါက်သွားပြီး အလျက်အမြန်ပဲ သူမဘေးက အလကား ဖြစ်နေတဲ့သူတွေကို ပြန်ပို့စေလိုက်တော့သည်။

ထိုက်ယွမ်တော်ဝင်သမားတော်ဆောင်က ကျန်းရှန်ခန်းအပါအဝင် ဖြစ်သည်။

သိပ်မနောက်ကျသင့်သေးပေ၊ သခင်မမု ပြောတာကို ကြားလိုက်ချိန်မှာ သမားတော်ကျန်းက နောက်ဆုံးအနေနဲ့ သူမကို ထပ်မံအတည်ပြုလာသည်။

“နီးစပ်တဲ့ဆွေမျိုးရဲ့သွေးကိုအသုံးပြုမှာဆိုတာ သခင်မကြီး သေချာပါရဲ့လား”

သခင်မမုက ထပ်မံပြီး အလေးအနက်နဲ့ ခေါင်းညိတ်ပြလာကာ ပြောလာသည်။

“ဟုတ်ပါတယ် ဒီကလေးက ကျွန်မရဲ့ကလေးပါ ။တော်ဝင်သမားတော် စိတ်ချထားလို့းပါတယ်”

ထိုစကားတွေ ထွက်လာသည့်အခါ ဧကရီမယ်တော်ကြီးက နောက်ဆုံးမှာတော့ နားလည်သွားတော့သည်။

သူမရဲ့မျက်လုံးတွေက အံ့အားသင့်မှုတွေနဲ့ ပြည့်နှက်နေဆဲပင်။

ယန်ရှုကလည်း အလျင်အမြန်ပဲ အရမ်းကို အံဩသွားဟန် ဆောင်ကာ ဖိနှိပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

“..”

ထူးဆန်းတယ်။ သူ့ကိုကြည့်ရတာ ဘာလို့အံ့ဩတဲ့ပုံ မပြရတာလဲ။

ဒီလောက်တောင်ကြီးတဲ့ဖရဲသီးကိုလေ။

တွေးကြည့်နေချိန်မှာပဲ သူ ပြောလာတာကို ကြားလိုက်ရသည်။

“အရေးအကြီးဆုံးကိစ္စက လူကိုကယ်တာပဲ။ သမားတော်ကျန်း မြန်မြန်လုပ်ဆောင်ပါ”

သမားတော်ကျန်းက ကောင်းပါပြီဟု အလျင်အမြန် ပြောလာတာကို တွေ့လိုက်ပြီးနောက် ချက်ချင်းပဲ ဆေးသေတ္တာကိုဖွင့်ကာ ဓားမြှောင်တစ်ချောင်း၊ အသင့်ပြင်ထားတဲ့ ပိတ်ကျဲစ၊ ငွေပန်းကန်လုံးတစ်လုံးနဲ့ တခြားအရာတွေကို ထုတ်ယူလိုက်တော့သည်။ ထို့နောက် သူ့ရဲ့ဝတ်ရုံလက်ကို လိပ်တင်ကာ သခင်မမုရဲ့လက်က သွေးကို ထုတ်ယူတော့မလို့ပင်။

ယွီဝိန်းလန်က တစ်ချက်ကြည့်လိုက်ပေမဲ့ ယန်ရှုဟာ သူမရဲ့လည်ပင်းကို သေသေချာချာ ကြည့်ရန် ဆန့်ထုတ်ထားတာကို တွေ့လိုက်ရသည်။ ပြီးနောက် မနေနိုင်ဘဲ မေးလိုက်တော့သည်။

“မင်း မမူးဘူးလား”

ယန်ရှု “….”

ကျစ် ဒီအကြောင်းကို မေ့တော့မလို့ပဲ။

သို့သော် သူမက ထွက်မသွားချင်ပဲ ရှက်ရွံ့နေတဲ့မျက်နှာနဲ့ ပြောလာသည်။

“ဒါပေမဲ့…..”

ဒါပေမဲ့ သူမက ဘယ်လိုလုပ်ပြီး လွဲချော်လို့ဖြစ်မှာလဲ။

လူ့အသက်ကိုကယ်ဖို့ သွေးကိုဆေးအဖြစ် အသုံးပြုတယ်။

114 03

ဒီလိုဆန်းကြယ်တဲ့ ဆေးပညာစွမ်းရည်ကို မင်းရဲ့မျက်လုံးနဲ့ မင်းရဲ့ကိုယ်ပိုင်မျက်လုံးနဲ့ မတွေ့မြင်နိုင်ဘူးဆို ဒါကကြီးမားတဲ့ဆုံးရှုံးမှုပဲဆိုတာ သိရဲ့လား အိုကေ။

သို့သော်လည်း နောက်ကျလွန်းသွားပြီပင်။ ဒါကိုကြားလိုက်ချိန်မှာ ဧကရီမယ်တော်ကြီးက ချက်ချင်းပဲ ပြောလိုက်သည်။

“ကိုယ်လုပ်တော်ယိ ကျေးဇူးပြုပြီး အခုပဲ ရှောင်ရှားပါ။ မင်းသာ ထပ်ပြီးမူးဝေသွားမယ်ဆိုရင် ပရမ်းပတာ ထပ်ဖြစ်သွားလိမ့်မယ်”

ယန်ရှု “….”

ကျစ် ကျစ် ကျစ် စိတ်လှုပ်ရှားမှုကို ကြည့်ချင်ရုံလေးပါ။

သူမမှာ ရွေးချယ်စရာမရှိတော့ပဲ မှန်လှပါဟု ဖြေလိုက်ကာ တိတ်တဆိတ်ပဲ ဧကရာဇ်ကို ကြည့်လိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်သည်။

သို့သော် ဧကရီမယ်တော်ကြီးက ဧကရာဇ်ကို ထပ်ပြောလိုက်သည်။

“အရှင်မင်းကြီးလည်း တစ်နေ့လုံး ပင်ပန်းနေလောက်ပြီ ။မှောင်လည်း မှောင်တော့မယ်ဆိုတော့ စောစောပြန်ပြီး အနားယူပါ။ မနက်ဖြန်မနက်မှာလည်း အရေးကြီးကိစ္စရပ်တွေ ကိုင်တွယ်ဖို့ ရှိသေးတယ်မလား။ အရမ်းမပင်ပန်းပါစေနဲ့”

ယွီဝိန်းလန်ကလည်း ကောင်းပြီဟုပြောကာ ဖုဟိုင်ကို ပြောလိုက်သည်။

“မောင်မင်းက ဒီနေရာမှာ ကူညီဖို့နေခဲ့ချေ။ တစ်ခုခု ဖြစ်လာရင် ကိုယ်တော့်ဆီ အချိန်မရွေးလာပြီး သတင်းပို့လှည့်”

ဖုဟိုင်က အလုပ်များသွားတော့သည်။

သို့သော် ယန်ရှုက သူမရဲ့စိတ်ထဲမှာ ကျစ် ကျစ်ဟု လုပ်နေကာ

[သူလည်း မမြင်နိုင်ဘူးလား။ ကောင်းပြီလေ။ နောက်ဆုံးတော့ ငါ့နှလုံးသားထဲမှာ နည်းနည်းလေး မျှတသွားသလိုပဲ]

ယွီဝိန်းလန် “….”

~~~~

ချီအန်းနန်းဆောင်ကနေ ထွက်ပြီးနောက် ယန်ရှုရဲ့စိန်က ထိုကိစ္စနဲ့ပြည့်နှက်နေဆဲပင်။

ဧကရီမယ်တော်ကြီးက ရုတ်တရက်ပဲ နိရှန်းဝမ်နဲ့သခင်မမုရဲ့ဆက်ဆံရေးအကြောင်း သိလိုက်ရပေမဲ့ အများကြီး မေးမလာခဲ့သလို သူမကိုလည်း အပြစ်မတင်ပေ။ ထိုအမျိုးသမီးနှစ်ယောက်ကြားက ခင်မင်မှုက အတော်လေး ခိုင်မာပုံ ရသည်။

သို့သော်လည်း သခင်မမုရဲ့သွေးက လုပ်နိုင်ပါ့မလားဆိုတာတော့ သူမလည်း မသိပေ။

…မဟုတ်လို့ နိရှန်းဝမ်ရဲ့အဖေရင်းကို ရှာရရင်ရော။

ကျစ် ဒီလိုသာဆို ကိစ္စကပိုပြီးတော့တောင် ကြီးလာမှာ မဟုတ်လား။

ယွီဝိန်းလန်က သူမဆီကနေ နားထောင်ကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။တကယ်ပဲ အရမ်းကိုဖြစ်နိုင်ချေရှိတယ်

သို့သော်လည်း သူမက ထပ်ပြီးစိုးရိမ်နေတာကို ကြားလိုက်ရသည်။

[ဒါပေမဲ့ ဒုစစ်သူကြီးကျုံးက သခင်မမုကို တစ်ချိန်လုံး တိတ်တဆိတ် ကာကွယ်နေခဲ့တာ။ သခင်မမုက အခု သူဘယ်နေရာမှာ ရှိနေလဲဆိုတာကို မသိဘူး ။အဲဒီတော့ သူ့ကို ရုတ်တရက်ကြီး ရှာနိုင်ပါ့မလား ။သူ့ကို ရှာနိုင်ရင်တောင် အဲ့လူက မင်ကျိုးကနေ မြို့တော်ထိ လာရမှာလေ အရမ်းနောက်ကျသွားမလားဆိုတာတော့ ငါလည်းမ သိတော့ဘူး။]

ယွီဝိန်းလန် “….”

တကယ်ကို စိုးရိမ်စရာပဲ

သခင်မမုက အဲဒီလူ ဘယ်မှာရှိနေလဲဆိုတာကို မသိရင်တောင် သူကတော့ သိတယ်လေ ဟုတ်တယ်မလား။

ထို့ကြောင့် သူက ပြောလိုက်သည်

“မှောင်တော့မယ်။ ပြန်ပြီးတော့ အနားယူရအောင်”

သူက သူမကို တော်ဝင်ရထားလုံးပေါ်သို့ ဆွဲခေါ်သွားလိုက်ချင်ခဲ့သည်။

မမျှော်လင့်ထားစွာနဲ့ သူမပြောလာတာကို ကြားလိုက်ရသည်။

“အဲဒါက ရွှီကျန်းချိန်ပဲ ရှိပါသေးတယ်။ အိပ်ရာမဝင်ခင် အချိန်တချို့ရှိသေးတယ်။ ကျွန်မက တော်ဝင်စာကြည့်ဆောင်ထဲမှာ စာအုပ်တွေအများကြီး သိမ်းထားခဲ့ပြီးပါပြီ။ အရှင်မင်းကြီး ပြန်သွားပြီးတော့ တစ်ချက်ကြည့်သင့်ပါတယ်။ အရေးကြီးကိစ္စတွေကို မလွတ်သွားပါစေနဲ့”

ယွီဝိန်းလန် “…”

သူက မျက်မှောင်ကြုတ်သွားသည်။

114 04

“အခုလေးတင် ထွက်လာဖို့ ကိုယ့်ကိုဘယ်သူက ပြောတာလဲ။ အခု ကိုယ်က စာအုပ်တွေဖတ်ဖို့ ပြန်သွားရမယ်ပေါ့လေ။ ကိုယ့်ကို အသုံးပြုပြီးတာနဲ့ လွှင့်ပစ်လိုက်တာပေါ့”

သို့သော် သူမက ရုတ်တရက်ရှက်ရွံ့သွားပြီး အလျင်အမြန်ပဲ ပြောလာသည်။

“အရှင်မင်းကြီး ဘာပြောလိုက်တာပါလဲ။ အသုံးပြုပြီးလို့ ကုန်သွားတာနဲ့ ဒီကိုယ်လုပ်တော်က ဘယ်လိုလုပ်ပြီး လွှင့်ပစ်နိုင်မှာတဲ့လဲ”

အဟွတ် အဟွတ် ဒီညတော့ အသုံးမဝင်ဘူးလေ …..

ယွီဝိန်းလန် “…..”

အဟမ်း သူ့ကို ဒီညမှာ အသုံးပြုချင်သေးရင်လည်း ဘာလို့ချန်းမင်နန်းဆောင်ဆီကို မောင်းထုတ်နေရတာလဲ။

နွေဦးညလေးက ရွှေတုံးတစ်ထောင် တန်တယ် မဟုတ်လား။

သူက မျက်ခုံး ပင့်လိုက်ကာ ပြုံးလိုက်ပြီး အနိမ့်သံနဲ့ပြောလိုက်သည်။

“ကိုယ်က ချန်းမင်နန်းဆောင်ကို သွားရမယ်။ မင်းကရော။ ပြန်သွားရင် တစ်ယောက်တည်း အထီးကျန်နေမှာ မဟုတ်လား”

သို့သော် သူမရဲ့မှန်ကန်နေတဲ့စကားတွေကို ကြားလိုက်ရသည်။

“မိသားစုနဲ့တိုင်းပြည်ရဲ့အကျိုးအတွက် ဒီကိုယ်လုပ်တော်က စိတ်ရှည်ရှည် ထားနိုင်ပါတယ်။ ဒါ့အပြင် စာလိပ်တွေ ဖတ်ပြီးသွားရင်လည်း အရှင်မင်းကြီးက သိပ်မကြာခင်မှာပဲ ပြန်လာမှာပဲလေ”

ကျစ် သမားတော်ကျန်းက နိရှန်းဝမ်ကို ဘယ်လိုကုသပေးမလဲတိုတာ အရမ်းကို သိချင်နေပြီ

ပြီးတော့ သူမမှာ ဒီအခြေအနေနဲ့ပတ်သက်ပြီး စိတ်ထဲ ထင့်နေပေသည်။ မုဆိုးမလေးနဲ့ သစ္စာရှိခွေးလေးဆိုတဲ့စာအုပ်ကို သိပ်မကြာခင်မှာပဲ ထုတ်ဝေရမယ်။

သူမ အဲဒါကို မြန်မြန်လေး အချောသတ်ရမယ်။

အဆုံးမှာတော့ ပညာရှိကျိုးဟာ တော်ဝင်အကယ်ဒမီမှာ ပုန်းနေပြီး အိမ်ကို မပြန်နိုင်သည်မှာ သနားစရာပင်။

ဒါကိုတွေးမိပြီးနောက် သူမက ယွီဝိန်းလန်ကို ဦးညှတ်လိုက်ကာ ပြောလိုက်သည်။

“ဒီကိုယ်လုပ်တော် အရင်ပြန်နှင့်ပါ့မယ်”

ထို့နောက် သူမက ကန်လုနန်းဆောင်ရှိရာဘက်သို့ အလျင်အမြန် လျှောက်သွားတော့သည်။

ယွီဝိန်းလန် “….”

ကျိုးမိုကျုံး အိမ်ပြန်ရမဲ့အကြောင်းကျ တွေးနိုင်တယ်။ သူ့ကိုကျ ဘယ်တော့မှ တွေးမပေးဘူးလား။

~~~

သို့သော်လည်း ချီအန်းနန်းဆောင်မှာတော့ ဧကရီမယ်တော်ကြီးမှာ သံသယရှိနေဆဲ ဖြစ်သော်လည်း အရင်ဦးဆုံး အားလုံးကို သည်းခံလိုက်ကာ သမားတော်ကျန်းရဲ့နိရှန်းဝမ်ကို စစ်ဆေးကုသပေးပုံအား သခင်မမုနဲ့အတူ စောင့်ကြည့်ပေးနေလိုက်သည်။

သမားတော်ကျန်းက သခင်မုရဲ့လက်ကောက်ဝတ်ကနေ သွေး ထုတ်ယူလိုက်သည်အား အရင်ဦးဆုံးတွေ့လိုက်ရပြီး ဆယ်မျိုးထက်မနည်းတဲ့ ဆေးဖက်ပင်အပင်တွေနဲ့ လုပ်ထားတဲ့ ပြုတ်ရည်နဲ့ရောလိုက်ကာ နိရှန်းဝမ်ကို ဂရုတစိုက်နဲ့ ကျွေးလိုက်သည်။ ထို့နောက် ထိုကလေးမလေးရဲ့ အဓိက အပ်စိုက်မှတ်တွေဆီကို ထိုးသွင်းပေးလိုက်သည်။

သိပ်မကြာခင်မှာပဲ နိမိသားစုက ထိုကလေးမလေးရဲ့ ပါးစပ်နဲ့နှာခေါင်းဆီကနေ သွေးမည်းတချို့ ကျဆင်းလာတော့သည်။

ဒါကိုမြင်လိုက်ရတဲ့လူတိုင်းက ကြောက်လန့်သွားကြပြီး ဧကရီမယ်တော်ကြီးက အလျင်အမြန် မေးလာသည်။

“ဘာဖြစ်တာလဲ”

ကျန်းယွီက ပြောလာသည်။

“မယ်တော်ကြီး မစိုးရိမ်ပါနဲ့ ဒါကလူနာကို အဆိပ်ဖြေတာရဲ့လက္ခဏာတစ်ခုပါ။ ဒါကပဲ ဒီဆေးက အလုပ်ဖြစ်တယ်ဆိုတာကို ပြနေပါတယ်”

သိပြီ။

ဧကရီမယ်တော်ကြီးနဲ့ သခင်မမုက အနည်းငယ်သက်သာရာ ရသွားတော့သည်။

သို့သော်လည်း ထို့နောက်ချက်ချင်းမှာပဲ သမားတော်ကျန်းက ထပ်ပြောလာသည်။

“ဒါပေမဲ့ ဒီမိန်းကလေးက အတော်လေး အဆိပ်မိထားပါတယ်။ စိုးမိတာက နောက်ထပ် သွေးအနည်းငယ် ထုတ်ယူရမှာကိုပဲ သခင်မက ခံနိုင်ရည် ရှိပါ့မလားလို့ သိချင်ပါတယ်”

ထိုစကားတွေ ထွက်လာသည့်အခါ ဧကရီမယ်တော်ကြီးက အလျင်အမြန် ထပ်မေးလာသည်။

“ဘယ်နှစ်ကြိမ်လောက် ထုတ်ရမှာလဲ”

—သခင်မမုက ပိန်ပါးပြီး အားနည်းသည်ဆိုတာကို သိရပေမည် အခုလေးတင် သွေးထုတ်သည့်မြင်ကွင်းကို ကြည့်ရသည်မှာ သူမအတွက် လူတွေကို ချွေးထွက်စေသည်။

ကျန်းနျန်ချီက နိမိသားစုကကလေးမလေးရဲ့ သွေးခုန်နှုန်းကို စမ်းလိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“တစ်နေ့ကိုနှစ်ကြိမ် သုံးရက်အတွင်း ပြီးမလားဆိုတာကို ကြည့်ရအောင်”

ဘာ တစ်နေ့ကို နှစ်ကြိမ်။ နောက်ထပ် သုံးရက်။

ဧကရီမယ်တော်ကြီးက စိတ်ရှုပ်ထွေးစွာ ပြောလာသည်။

“ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်တာလဲ”

ဒီမိခင်ဖြစ်သူက သေမျိုးအသွေးအသားနဲ့ ပြုလုပ်ထားတဲ့ ခန္ဓာကိုယ်ပင် ဒီသုံးရက်အတွင်း ဒီလောက် သွေးတွေအများကြီးကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ။

114 05

သို့သော် ကျန်းနျန်ချီ ပြောလာသည်။

“အဲဒါကြောင့် ကျွန်တော်မျိုး မေးချင်နေတာပါ။ ဒီကလေးမလေးမှာ တခြားနီးကပ်တဲ့ ဆွေးမျိုးတွေရှိမရှိ ဆိုတာကို တကယ်လို့ရှိခဲ့ရင် သခင်မကြီးရဲ့ဝန်ထုပ်ဝန်ပိုးကို မျှဝေပေးနိုင်မှာပါ”

ထိုစကားတွေ ထွက်လာသည့်အခါ သခင်မမုက နောက်ဆုံးမှာတော့ ပြောလာသည်။

“သူမမှာ အစ်ကိုတစ်ယောက်တော့ ရှိပေမဲ့ …. သွေးတစ်ဝက်နှောတဲ့အစ်ကိုပါ”

သမားတော်ကျန်းက သူ့ခေါင်းကို ခါးရမ်းလိုက်ကာ

“အဖေနဲ့အမေတူရင် အဆင်ပြေပါတယ်။ ဒါပေမဲ့ အမေတူပြီး အဖေမတူရင်တော့ မရဘူး”

ထိုစကားတွေ ထွက်လာသည့်အခါ ဧကရီမယ်တော်ကြီးက သခင်မမုကို အလျင်အမြန် ကြည့်လိုက်သည်။

သူမပင် စကားမပြောနိုင်ခင်မှာသူမက ပြောလိုက်သည်။

“အဆင်ပြေပါတယ် ကျွန်မဘာသာ ထိန်းထားနိုင်တယ်။ သွေးလေးနည်းနည်းပဲမလား ကျွန်မက သူမအပေါ်မှာ အကြွေးတွေ အများကြီး တင်နေတာပါ။ ကျွန်မရဲ့ ခန္ဓာကိုယ်က သွေးတွေအားလုံး ထုတ်ရမယ်ဆိုရင်တောင် ဘာမှမဖြစ်ပါဘူး”

သူမကို ဒီလိုမျိုး မြင်ရချိန်တွင် ဧကရီမယ်တော်ကြီးက သူမရဲ့စကားတွေကို ပြန်မြိုချရုံသာ တတ်နိုင်ပေသည်။

— —ဒါကသူမရဲ့ကိစ္စပင် သူမ မလုပ်ချင်လျှင် တခြားသူတွေက သူမကို တွန်းအားပေး၍ မရပေ။

ဒီလိုနည်းနဲ့ တစ်ညတာ ကုန်လွန်သွားပြီး အရုဏ်မတက်ခင်မှာပင် သမားတော်ကျန်းက နောက်ထပ်တစ်ခေါက် ထပ်ပြီး သွေးထုတ်တော့မလို့ပင်။

သခင်မမုက သည်းခံနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပေမဲ့ မနာကျင်သော်လည်း သွေးတစ်ပန်းကန် ထုတ်ယူအပြီးမှာတော့ သူမရဲ့မျက်နှာက ဖျော့တော့သွားပြီး မူးလဲတော့မလိုပင်။

ထိုမြင်ကွင်းကိုတွေ့သည်အခါ သမားတော်ကျန်းက ခေါင်းယမ်းလိုက်ကာ ပြောလာသည်။

“ဖြစ်နိုင်တာက ဒီကလေးမလေးရဲ့အဖေရင်းက အသက်မရှင်တော့လို့လား။ သခင်မတစ်ယောက်တည်းရဲ့ သွေးနဲ့ဆိုရင် သူ မပြန်မရှင်လာခင်မှာပဲ သခင်မပါ အသက်မရှင်နိုင်တော့မှာ စိုးတယ်”

ထိုအရာကို ကြားလိုက်ရပြီးနောက်မှာ ဧကရီမယ်တော်ကြီးက နောက်ဆုံးတော့ မနေနိုင်ဘဲ ပြောလာသည်။

“အားလုံးပြီးနေပြီပဲကို ဘာလို့အရမ်းဂရုစိုက် နေရသေးတာလဲ။ အိုက်ကျားကို အဲ့လူကဘယ်မှာလဲဆိုတာ ပြောစမ်းပါ။ အိုက်ကျားက တစ်ယောက်ယောက်ကို သွားရှာခိုင်းလိုက်မယ်။ နင်ပြောတဲ့ ရှန်းဝမ်အပေါ် အကြွေးတင်နေတယ်ဆို နင်တို့နှစ်ယောက်လုံး အတူတူသေသွားမှာက ဖြစ်နိုင်ရဲ့လား”

ထိုစကားတွေ ထွက်လာသည့်အခါ သခင်မမုက သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ပြီး နောက်ဆုံးတော့ ပြောလာသည်။

“မှန်ပါတယ်။ ဒါဆိုရင် မယ်တော်ကြီးက မှုးမတ်ဖြစ်သူရဲ့ဒီဇနီးသည်အတွက် နောက်ထပ်လူတစ်ယောက်ကို ရှာပေးဖို့ ကျေးဇူးပြုပြီး ကူညီပေးနိုင်မလား….”

…..

~~~~

******

All Chapters