← Chapters

အခန်း (၁၁၅-၁၁၇)

Vol. 8 Ch. 115-117

အခန်း (၁၁၅-၁၁၇)

Vol. 8 Ch. 115-117

115 01

အပိုင်း(၅၅.၂)

နောက်တစ်နေ့မနက် စစ်စတန်ဆီက စာတစ်စောင်ကို လက်ခံရရှိချိန်မှာ ယန်ရှုကနိုးလာတာပဲ ဖြစ်သည်။

[ဧကရီမယ်တော်ကြီးက ဒုစစ်သူကြီးကျုံးကိုရှာဖို့ မင်ကျိုးကို တစ်ယောက်ယောက်ကို လွှတ်လိုက်ပြီ]

ယန်ရှုရဲ့မျက်လုံးတွေက ချက်ချင်းပဲ တောက်ပသွားတော့သည်။

[ဘာတွေ ဖြစ်နေတာလဲ။သခင်မမုက ဧကရီမယ်တော်ကြီးကို ဒီအကြောင်းကို ပြောပြလိုက်ပြီလား။]

စစ်စတန် [ဟုတ်တယ် ဘာလို့လဲဆိုတော့ သူမရဲ့ကိုယ်ပိုင်သွေးက သူ့သမီးကိုကယ်ဖို့ မလောက်လို့လေ။ သူမမှာ ရွေးချယ်စရာ မရှိတော့ဘဲ ကလေးမလေးရဲ့အဖေကို ရှာဖို့ ဧကရီမယ်တော်ကြီးကို အကူအညီ တောင်းလိုက်ရတာလေ]

ထိုအခါမှသာ ယန်ရှုက နားလည်သွားပေမဲ့ တစ်ချိန်တည်းမှာပဲ အနည်းငယ် စိုးရိမ်သွားတော့သည်။

[ဒုစစ်သူကြီးကျိုးက လာဖို့ငြ င်းဆန်ရင်ရော။ ပြီးတော့လည်း မင်ကျိုးနဲ့မြို့တော်က အရမ်းဝေးလွန်းတယ်။ သူလာချင်ရင်တောင် အချိန်မီ ရောက်လာနိုင်ပါ့မလား။]

စစ်စတန် [ပြဿနာမရှိဘူး ကျုံးရှင်းဟိုင်က မင်ကျိုးကနေ ထွက်လာတာ တစ်ခဏလောက်တောင် ရှိနေပြီ]

အာ။

ယန်ရှုက တွေးကြည့်လိုက်သည်။

[ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဧကရီမယ်တော်ကြီးက ဒီမနက်ကမှ ရှာဖွေဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တာမလား။ အဲဒီလူက ကျုံးရှင်းဟိုင်ဆီကိုရောက်ဖို့ မြို့တော်ကနေ မင်ကျိုးထိကိုဆို နှစ်ရက်လောက်ကြာမှာ မဟုတ်လား။]

စစ်စတန် [ဒီနေ့က အခုထိ အရုဏ်မတက်သေးဘူး မိုင်ရှစ်ရာအတွက် အရေးပေါ်လွှဲပြောင်းမိန့်က မင်ကျိုးက ကမ်းရိုးတန်းကာကွယ်ရေးတပ်ကို ရောက်သွားပြီးပြီ။ဒုစစ်သူကြီးကျုံးက ချက်ချင်းပဲ ထွက်လာခဲ့တာ။ အခုဆို မိုင်ဒါဇင်အချို့ သွားပြီးသွားပြီ]

လွှဲပြောင်းမိန့် ဟုတ်လား။

ယန်ရှုက ထပ်မံတွေးဆလိုက်သည်။ ဘာလို့မြို့တော်ကနေ လွှဲပြောင်းမိန့်ကို မနေ့ညက ထုတ်ပြန်လိုက်တာလဲ။

မဟုတ်သေးဘူး သူက အနာဂတ်ကို ခန့်မှန်းနိုင်ရင်တောင်မှ နိရှန်းဝမ်ရဲ့အဖေရင်းက ဒုစစ်သူကြီးကျုံးဆိုတာကို သူက မသိဘူးလေ။

ဘယ်လိုလုပ်ပြီး အဲလောက်ထိ တိကျနိုင်ရတာလဲ။

…..

ယန်ရှုက တစ်နေ့လုံး ငေးမှိုင်နေပြီး ညရောက်သည့်အခိုက် ယွီဝိန်းလန်က ခန်းမထဲကို ခြေလှမ်း ဝင်လာသည်အထိပင်။

ယန်ရှုက သူ့ကို သံသယအပြည့်နှင့် ဦးညွှတ်လိုက်သည်။ နန်းတော်အစေခံတွေက အစားအသောက်ကို ပြင်ဆင်ပြီးတာနှင့် သူနှင့်အတူ စားပွဲမှာ ထပ်ပြီး သံသယအပြည့်နှင့် ထိုင်လိုက်သည်။

ယွီဝိန်းလန်က ပထမကတော့ သတိမထားမိပေ။ စားပွဲကို တစ်ချက် ကြည့်လိုက်သည့်အခါ ချယ်ရီအသား ဂန္ဓမာငါး ဂဏန်းဥတို့ဖူး ခြင်္သေ့ခေါင်းနှပ် လတ်ဆတ်တဲ့အသားနှပ် စသဖြင့် အားလုံးက သူမရဲ့အကြိုက်တွေချည်းပင်။

ထို့ကြောင့် သူ့တူကို ကောက်ယူလိုက်ပြီး သူ့ဘေးက မိန်းကလေးရဲ့ အရသာရှိတဲ့ အစားအသောက်မျိုးစုံအပေါ်ကို သက်ပြင်းချ ညည်းတွားသံအား စောင့်ဆိုင်းနေရင်း စတင်ပြီး စားတော့မလို့ပင်။ သို့သော် သူမနှလုံးသားထဲ ကတွေးတောနေသံကို ကြားလိုက်ရသည်။

[ငါ သူ့ကို ဘယ်လိုမေးသင့်လဲ။]

[ပထမဆုံးက နိမိသားစုက ကလေးမလေးရဲ့အဖေက ဒုစစ်သူကြီးကျုံး ဖြစ်တယ်ဆိုတာကို သိနေကြောင်း ဖော်ပြလို့မရဘူး။ ဒုတိယအနေနဲ့ ဒုစစ်သူကြီးထောင်ကျုံးကို မြို့တော်ဆီလာဖို့ အမိန့်ပေးလိုက်ပြီးသားဆိုတာကို သိနေကြောင်း ဖော်ပြလို့မရဘူး။ ဒီမနက်မှာပဲ ဧကရီမယ်တော်ကြီးက ဒုစစ်သူကြီးကျုံးကို ရှာပြီး မြို့တော်ကိုခေါ်ဖို့ စိုးရိမ်ပူပန်နေတယ်ဆိုတာကတော့ ပြောစရာကို မလိုတော့ဘူး]

115 02

ဘာလို့လဲဆိုတော့ ယေဘုယျကျကျ ပြောရလျှင် မောင်းမဆောင်ထဲက ကိုယ်လုပ်တော်တစ်ယောက်အနေနဲ့ ဒီအရာတွေကို မသိသင့်ပေ။

ကျစ် ငါက စိတ်ပူပန်လွန်းလို့ သေတော့မယ်!

အလျင်စလိုနဲ့ သူမ အကြိုက်ဆုံး အစားအစာဖြစ်တဲ့ ခြင်္သေ့ခေါင်းကိုတောင်မှ မမြည်းနိုင်တော့။

မမျှော်လင့်ထားစွာနဲ့ ထိုပချိန်မှာပဲ ယွီဝိန်းလန်က ရုတ်တရက် ပြောလာသည်။

“စကားမစပ် ဒီမနက်ပဲ တစ်ယောက်ယောက်ကိုရှာဖို့ ဧကရီမယ်တော်ကြီးက မင်ကျိုးကို လူလွှတ်လိုက်တယ်”

ယန်ရှုက တွေးဆလိုက်တော့သည်။

သူမနဲ့ သတင်းတွေ မျှဝေမလို့လား။

သူမက မျက်လုံးလှိမ့်လိုက်ပြီး သိချင်နေတဲ့အကြည့်ကို လျင်မြန်စွာ တပ်ဆင်လိုက်ကာ ပြောလိုက်သည်။

“အဲဒါက ဘယ်သူလဲ”

သို့သော် ယွီဝိန်းလန်ကပြောလာသည်။

“တုရှင်းဟိုင်လို့ခေါ်တဲ့ လူတစ်ယောက်”

ယန်ရှုက နောက်ထပ် “အာ”ဟု အလျင်အမြန် ပြောလိုက်ကာ မေးလိုက်သည်။

“ဧကရီမယ်တော်ကြီးက ဒီလူကို ဘာအတွက်လိုချင်တာလဲ”

ယွီဝိန်းလန်က သူ့အသံကို သိသိသာသာနှိမ့်ချလိုက်သည်။

“ခန့်မှန်းကြည့်လေ”

ယန်ရှုက အလျင်အမြန်ပဲ စဉ်းစားနေဟန် ဆောင်လိုက်ကာ

“မင်ကျိုး….အဲဒါက ကျန်းဟိုင်ဟုန်စံအိမ်ရှိတဲ့ နေရာမဟုတ်လား။ အဲဒီလူက သခင်မမုနဲ့များ တစ်ခုခု ပတ်သက်နေတာလား”

ယွီဝိန်းလန်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

“ကိုယ်လည်း အဲ့လို ထင်တာပဲ။

သူက စကားပြောပြီး သူမဆီကို ထပ်ကပ်လိုက်ကာ အနိမ့်သံနဲ့ ပြောလိုက်သည်။

“အရမ်းကို ဖြစ်နိုင်ချေရှိတယ်….ဒီလူက နိမိသားစုက ကလေးမလေးရဲ့ အဖေရင်းပဲ”

ယန်ရှုကလျင်မြန်စွာ အံ့ဩသွားဟန် ဆောင်ကာ ပြောလာသည်။

“အရှင်မင်းကြီးက ဘာလို့ အဲ့လိုပြောတာလဲ”

ကျစ် ကျစ် ငါ့စိတ်ထဲမှာတော့ ဧကရာဇ်က အပေါ်ယံမှာ အရမ်းကိုလေးနက်ပေမဲ့ တကယ်တော့ အရမ်းကို အတင်းပြောတတ်တာပဲ။

ထို့နောက် ယွီဝိန်းလန် ပြောလာတာကို ကြားလိုက်ရသည်။

“နိမိသားစုက ကလေးမလေးရဲ့ ဖျားနာမှုကိုကုသဖို့ ဆွေမျိုးတွေရဲ့သွေးကို အသုံးပြုရမှာမဟုတ်လား။ ဒီမနက် ကိုယ်ကြားတာတော့ သွေးကိုနှစ်ကြိမ်ဆက်တိုက် ထုတ်လိုက်လို့ သခင်မမုရဲ့ခန္ဓာကိုယ်က မခံနိုင်တော့ဘူးလို့ ကြားတယ်။ အဲဒါကြောင့် ဧကရီမယ်တော်ကြီးက တစ်ယောက်ယောက်ကိုရှာဖို့ အလျင်လိုနေတာဆိုတော့ အကြောင်းပြချက်က ဘာဖြစ်နိုင်ဦးမှာလဲ”

ယန်ရှုက ရုတ်တရက် သဘောပေါက်သွားကာ ပြောလိုက်သည်။

“အရှင်မင်းကြီးပြောတာက မှန်တယ်။ မင်ကျိုးက မြို့တော်နဲ့မနီးတော့ သူ့အတွက် မြို့တော်ဆီလာဖို့က ရက်ပေါင်းများစွာ ကြာမှာ မဟုတ်လား။ သခင်မလေးနိက သူ လာတဲ့အထိ မတောင့်ခံနိုင်မှာစိုးတယ် သူမ အသက်ရှင်ပါ့မလား”

ယွီဝိန်းလန်က အခြေအနေကို အခွင့်ကောင်းယူကာ ပြောလိုက်သည်။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့က စက်မှုလက်မှုရုံးတော်က ပင်လယ်ကိုကာဖို့ မြို့ရိုးတစ်ခု တည်ဆောက်ချင်လို့ မင်ကျိုးဟိုင်ဖုန်းက လူတစ်ယောက်ကို မြို့တော်ကို လာပြီး ဆွေးနွေးဖို့ လွှဲပြောင်းချင်တယ်လေ။ တစ်ယောက်ယောက်က ကိုယ့်ကို ဒီလူ့ကို အကြံပြုလို့ မနေ့ညကပဲ ကိုယ်က သူ့ကို မြို့တော်ကို ပြောင်းရွှေ့စာ ထုတ်ပြန်လိုက်တယ်”

ယန်ရှုက ရပ်တန့်သွားတော့သည်။

ကျုံးရှင်းဟိုင်ကို မြို့တော်ကိုရွှေ့တာက မြို့ရိုးတည်ဆောက်ဖို့အတွက်ကြောင့် ဖြစ်နေတာကိုး။

တွေးကြည့်လိုက်ချိန်မှာတော့ ထိုလူက ပင်လယ်ကမ်းရိုးတန်း ခုခံကာကွယ်ရေးမှာ တစ်နှစ်တာလုံး အခြေချနေတာဖြစ်ပြီး ဒီရေ တိုက်လေနဲ့ ရေလှိုင်းတွေနဲ့ အရမ်းကို ရင်းနှီးပေလိမ့်မည်။ အခြေအနေအတွက် သူ့ကို မေးတာက မမှားပေ။

ကျစ် ဒီအချက်ကနေကြည့်မယ်ဆိုရင် တကယ်ကို တိုက်ဆိုင်တာပဲ။

ထိုအချိန်မှာပဲ တစ်နေ့လုံး သူမကို ဖိစီးနေခဲ့တဲ့ သံသယတွေက နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားကာ သူမက ရုတ်တရက်ပဲ စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရပြီး ရုတ်တရက်ပဲ စားချင်စိတ်တွေ ပြန်ရလာတော့သည်။ ထို့နောက် အလျင်အမြန်ပဲ ဟင်းသီးဟင်းရွက်တွေကို ကောက်လိုက်ကာ စားတော့သည်။

ဝိုး ဒီနေ့ရဲ့ချယ်ရီအသားက ချိုမြန်ပြီး အငန်ဓာတ်လေးနဲ့ ကြွပ်ရွပြီး ပြည့်ဖြိုးနေတာပဲ အရမ်းကိုအရသာရှိတယ်။

ဟမ်းးး ဒီဂဏန်းဥတို့ဖူးကလည်း အရမ်းကို အရသာရှိတယ် နူးညံ့ပြီး ချောမွေ့နေတာပဲ။

ဝိုး ဒီဂန္ဓမာငါးအသားက သူမ လိုချင်တဲ့အတိုင်းပဲ အပြင်ဘက်က ကြွပ်ရွနေပြီး အတွင်းဘက်က ချိုငန်ဓာတ်လေးနဲ့

….

မျက်စိတစ်မှတ်အတွင်းမှာတင် ထမင်းတစ်ပန်းကန် ကုန်အောင် စားလိုက်တာကို တွေ့လိုက်ရပြီး နောက်ဆုံးမှာတော့ ယွီဝိန်းလန်က စိတ်သက်သာရာ ရသွားကာ စားဖို့တူတွေကို ကောက်ကိုင်လိုက်တော့သည်။

—အဆာပြေမုန့်ကိုတောင် ဘယ်လိုဖြစ်ပြီး မစားနိုင်အောင် လုပ်ရတာလဲ။

တကယ်ကိုပဲ အပြစ်ရှိနေတာပဲ။

~~~

115 03

ညစာ စားပြီးနောက် နောက်ကျနေပြီကို မြင်လိုက်ရသည့်အခါ နှစ်ယောက်သားဟာ ဆေးကြောပြီး အိပ်ရာ ဝင်သွားတော့သည်။

—အဟွတ် မနေ့က တကယ်ပဲ ယန်ရှုပြောခဲ့သလိုပင် တော်ဝင်သာကြည့်ဆောင်မှာ ကောက်နုတ်ချက် တစ်ထပ်ကြီး ရှိပေသည်။ အဲဒါတွေကို ယွီဝိန်းလန်ဖတ်ပြီး ပြန်လာချိန်မှာ ယန်ရှုက အိပ်မောကျနေပြီး ဖြစ်သည်။ နိမိသားစုက ကလေးမလေးရဲ့ကိစ္စကိုပါ ထပ်ပေါင်းလိုက်ချိန်မှာတော့ ယွီဝိန်းလန်ကလည်း စိတ်အခြေအနေ မရှိတော့သည့်အတွက် သူမက နှစ်ခြိုက်စွာ အိပ်မော ကျသွားတော့သည်။

ဒီနေ့မှာ အရာရာတိုင်းက အကောင်းဘက်ကို သွားနေတာကို တွေ့လိုက်ချိန်မှာ သူက သဘာဝကျကျပဲ အဲဒါကို လက်လွှတ်မပေးနိုင်ပေ…..။

ကြာရှည်တဲ့ မုန်တိုင်းအပြီးမှာ ယန်ရှုက သက်တောင့်သက်တာနဲ့ အိမ်မက်တစ်ခုထဲကို ကျဆင်းသွားတာ့သည်။

အချိန် မသိလောက်သည်အထိ အိပ်မောကျပြီးနောက်မှာ နန်းဆောင်တံခါးအပြင်ဘက်က ဖုဟိုင်ရဲ့အသံကို ဝိုးတဝါးကြားလိုက်ရသည်။

“အရှင်မင်းကြီး မင်ကျိုးက ကျိုးတုစစ်က အခုလေးတင် ရောက်ရှိလာပါပြီ”

ဘာ။

မင်ကျိုး ကျိုးတုစစ်။

အဲဒါက သူမစိုးရိမ်နေတဲ့ စကားလုံးပဲ မဟုတ်လား။

ယန်ရှုက ချက်ချင်းပဲ သူမရဲ့မျက်လုံးကို ဖွင့်လိုက်ပြီး အိပ်ချင်စိတ်တွေအားလုံးက တစ်ခဏအတွင်းမှာပဲ ပျောက်ကွယ်သွားတော့သည်။

သို့သော် ဘေးဘက်ကို ကြည့်လိုက်ချိန်မှာတော့ ဧကရာဇ်က မျက်လုံးတွေကို ပိတ်ထားလျက် အိပ်မောကျနေဆဲဆိုတာကို တွေ့လိုက်ရပြီး သူက နိုးမလာသေးသည့်ပုံပင်။

သူမက စိုးရိမ်ပူပန်သွားပြီး သူမရဲ့လက်ကိုဆန့်ထုတ်ကာ နှစ်ကြိမ်တိုင်တိုင် တွန်းကြည့်လိုက်ပြီး ငြင်သာစွာခေါ်လိုက်သည်။

“အရှင်မင်းကြီး…..”

မမျှော်လင့်ထားစွာနဲ့ သူက တုံ့ပြန်မလာပေ။

သူမက မျက်လုံးလှိမ့်လိုက်ပြီး ရိုးရှင်းစွာသာ ပြောလိုက်သည်။

“အရှင်မင်းကြီး သခင်မလေးနိရဲ့အဖေက ဒီကိုရောက်နေပါပြီ…”

သို့သော် ထိုစကားတွေ ထွက်လာလာချင်းမှာပဲ နောက်ဆုံးတော့ သူ့မျက်လုံးတွေကို ဖွင့်လာတော့သည်။

ယန်ရှု “….”

သေချာတယ်။ လူသားတွေရဲ့အဆီအနှစ်က ဖရဲသီးစားဖို့ပဲ။ ဧကရာဇ်တောင်မှ ခြွင်းချက် မဟုတ်ဘူး ။

သူမက လျင်မြန်စွာပဲ ထပ်ပြောလိုက်သည်။

“အရှင်မင်းကြီး တံခါးအပြင်ဘက်က အထိန်းတော်ကြီးဖုဟိုင် ပြောတာက ကျိုးတုစစ်က အခုလေးတင် ရောက်လာပါပြီတဲ့”

ထိုအခါမှသာ ယွီဝိန်းလန်က နိုးလာကာ အပြင်ဘက်ကို ပြောလိုက်သည်။

“သူ့ကို ချီအန်းနန်းဆောင်မှာ စောင့်နေဖို့ပြောလိုက်။ ကိုယ်တော် အဲဒီကိုပဲ ချက်ချင်းလာခဲ့မယ်”

ဖုဟိုင်က နာခံလိုက်ကာ စီစဉ်စရာတွေပြုလုပ်ရန် အလုပ်များသွားတော့သည်။

ယွီဝိန်းလန်ကလည်း ထထိုင်လိုက်ကာ အိပ်ရာကနေထရန် ဂွမ်းစောင်ကိုမဖို့ ပြင်ဆင်လိုက်သည်။

ယန်ရှုက လျင်မြန်စွာ ပြောလာသည်။

“ဒီကိုယ်လုပ်တော်လည်း အရှင်မင်းကြီးနဲ့အတူ သွားလို့ရမလား”

—ဘာပဲဖြစ်ဖြစ် မနေ့ညက သူတို့နှစ်ယောက်ဟာ ထိုအကြောင်းကို ပြောခဲ့ကြသည်ပင်။ ဒီအချိန်မှာ မသိချင်ယောင် ဆောင်နေစရာ မလိုတော့ပေ။ သူမက ငယ်ရွယ်တဲ့ သစ္စာရှိခွေးကလေးဖြစ်တဲ့ ဒုစစ်သူကြီးကျိုးက ဘယ်လိုပုံသဏ္ဍာန် ရှိလဲဆိုတာကို သိချင်ရုံသာဖြစ်သည်။

ယွီဝိန်းလန်က သူမကို မျက်ခုံးပင့်ကြည့်လိုက်ရင်း

“ဒီလူက ဒီမှာ သူ့သမီးအတွက် သွေးထုတ်ပေးမလို့လေ ဆိုတော့ နောက်ကျရင် မူးဝေမှာကို မကြောက်ဘူးလား”

ယန်ရှုက အလျင်အမြန် ရယ်မောလိုက်သည်။

“သူ သွေးထုတ်တော့မယ်အချိန်ကျရင် ဒီကိုယ်လုပ်တော်က တစ်နေရာရာကို ကြည့်နေလိုက်ပါ့မယ်”

ယွီဝိန်းလန်က ထပ်ပြောလိုက်သည်။

“ဒီလူက ဘာပဲဖြစ်ဖြစ် မျိုးနွယ်ခြားမှူးမတ်တစ်ဦးပဲ”

ယန်ရှုက ထပ်ပြောလိုက်သည်။

“ဒီကိုယ်လုပ်တော်က ဘေးဘက်မှာ ပုန်းနေလိုက်ပါ့မယ်။ သူ့ကို ဒီကိုယ်လုပ်တော်ကို မမြင်စေရပါဘူး”

သူမရဲ့စိတ်ထဲမှာတော့ စိုးရိမ်ပူပန်စွာနဲ့ အော်ဟစ်နေပြီး ဖြစ်သည်။

[ဘာလို့မေးခွန်းတွေ အရမ်းများနေရတာလဲ။ ဒါကအဖေနဲ့သမီး ပြီးတော့ မူလက ချစ်သူနှစ်ဦးရဲ့ ပထမဆုံးအကြိမ်အဖြစ် ပြန်တွေ့ကြမဲ့ ဂန္ဓဝင်မြင်ကွင်းလေလို့။ ငါသာ လွဲချော်သွားရင် မစားနိုင် မအိပ်နိုင်မှာကိုတောင် စိုးမိတယ်]

ယွီဝိန်းလန် “…..”

ဒီလိုစိတ်လှုပ်ရှားမှုမျိုးကို ကြည့်ရတာလည်း ကြိုက်တာပဲလား။ သူမက တိုက်ခိုက်တာတွေကိုပဲ ကြည့်ရတာ ကြိုက်တယ် ထင်နေတာ….

သူပင် ဘာမှမပြောနိုင်သေးခင်မှာပဲ သူမက သူ့လက်မောင်းကိုဖက်ပြီး ထပ်မံလှုပ်ယမ်းလိုက်ကာ

“အရှင်မင်းကြီး….ကျေးဇူးပြုပြီးလို့….ကျွန်မက ရှင်နဲ့တကယ်ပဲ မခွဲချင်ပါဘူးဆို….”

ယွီဝိန်းလန် “….”

115 04

ကျစ် သူမပြောတဲ့ စကားလုံးတိုင်းက အမှားတွေချည်းဆိုတာကို သိနေပေမဲ့ အရမ်းကို အသုံးဝင်တာပဲ။

ပြီးတော့ ဒီလိုမျိုးသာ ထပ်ပြီး လှုပ်နေမယ်ဆိုရင် လမ်းလျှောက် ထွက်မသွားနိုင်မှာကိုတောင် ကြောက်မိတယ်။

ထို့ကြောင့် သူက ပြောလိုက်သည်

“ဒါဆိုလည်း အတူတူ သွားကြတာပေါ့”

သူက စကားပြောပြီးနောက် အခြေအနေကို အခွင့်ကောင်းယူကာ သူမရဲ့လက်မောင်းကို နှစ်ကြိမ်တိုင်တိုင် ဖမ်းကိုင်လိုက်သည်။ နောက်ဆုံးမှသာ အိပ်ရာကနေ ထသွားတော့သည်။

ယန်ရှုက ချက်ချင်းပဲ တုံ့ပြန်လိုက်ကာ လျင်မြန်စွာ ဝတ်ဆင်လိုက်ပြီးနောက် ချီအန်းနန်းဆောင်ကို အတူတူ ထွက်ခွာသွားကြသည်။

နေရာကို ရောက်ရှိပြီးနောက် ဧကရီမယ်တော်ကြီးကို အရိုအသေ ပေးလိုက်သည်။ ဒါပေမဲ့ နန်းတော်အစေခံတွေက ကျုံးတုစစ်ကလည်း ရောက်လာပြီဆိုတာကို သတင်းပို့လာသည်။

သူ့သမီးရဲ့ကုသမှုကို ထိန်းသိမ်းရန်အတွက် သခင်မမုက သူမရဲ့သွေးကို လေးကြိမ်တိုင်တိုင် ထုတ်ဖို့ တွန်းအားပေးခံထားရပြီး သူမရဲ့ခန္ဓာကိုယ်ကလည်း လဲပြိုလုနီးနီးပင်။ ဧကရီမယ်တော်ကြီးက ဒီအချိန်မှာ အလျင်လိုနေပြီး ချက်ချင်းပဲ တစ်ဖက်လူကို ဝင်လာဖို့ အလျင်အမြန် ခွင့်ပြုလိုက်သည်။

ယန်ရှုသည်လည်း အမေနဲ့သမီးရှိနေတဲ့ အတွင်းနန်းဆောင်ဆီကို အလျင်အမြန် သွားလိုက်သည်။

သို့သော်လည်း တံခါးရဲ့အဟလေးကနေ နန်းတော်ထဲကို တိတ်တဆိတ် ကြည့်လိုက်သေးသည်။

ထိုတစ်ခဏမှာပဲ ခန်းမထဲကို ကြွက်သားအပြည့်နဲ့ လူတစ်ယောက် ဝင်လာတာကို တွေ့လိုက်ရပြီး ထိုလူက ဒူးထောက်ချကာ ဧကရီမယ်တော်ကြီးကို ဦးညွှတ်လာသည်။

“ချန် ကျုံးရှင်းဟိုင်က အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးကို နှုတ်ခွန်းဆက်ပါတယ်”

ဒါကငယ်ရွယ်တဲ့သစ္စာရှိခွေးကလေးပဲ။

ယန်ရှုက စိတ်လှုပ်ရှားလာပြီး အလျင်အမြန်ပဲ ဂရုတစိုက်နဲ့ ချောင်းကြည့်လိုက်သည်။ သို့သော် တွေ့လိုက်ရသည်က တစ်ဖက်လူဟာ မုတ်ဆိတ်မွှေးတွေရှိပြီး သူ့မျက်နှာက နေရောင်ကြောင့် ကြေးနီရောင်သန်းနေကာ နီရဲနေပေသည်။

“….”

ဒါက စိတ်ကူးထားတာနဲ့ အတော်လေး ကွာခြားတာပဲ။

သို့သော် တွေးကြည့်လိုက်ချိန်မှာတော့ အရေးပေါ်ဆင့်ခေါ်မှုကို ရလိုက်ချိန်မှာ သူက မြို့တော်ဆီကို အမြန်ရောက်ရန် မြင်းပေါ်မှာပဲ မအိပ်စက်ဘဲ လာခဲ့တာဖြစ်လောက်မည်။ ထို့ကြောင့် မုတ်ဆိတ်ရိတ်ရန် အချိန်မရှိခဲ့ပေ။

ထို့အပြင် တစ်နှစ်ပတ်လုံး ပင်လယ်ကမ်းရိုးတန်းမှာ တာဝန်ကျတဲ့သူတွေက သဘာဝကျကျပဲ အသားဖြူမှာ မဟုတ်ပေ။

အထူးသဖြင့် ယခုဆိုလျှင် ဆယ်နှစ်ကျော်ရှိပြီဖြစ်ပြီး အသက်နှစ်ဆယ်စွန်းစ ဝံပုလွေပေါက်လေးက အခုဆို သက်လတ်ပိုင်း ယောက်ျားတစ်ယောက် ဖြစ်လာပြီဖြစ်သည်။

ထို့ကြောင့် ယခုလိုသွင်ပြင်က နားလည်ပေး၍ ရသည်။

ယန်ရှုက သူ့ကို ထပ်ကြည့်လိုက်ပြီးနောက် သူက အတော်လေးတော့ ကြွက်သား တောင့်တင်းသည်။

ဒါကို တွေးကြည့်ပြီးနောက် မနေနိုင်ဘဲ သခင်မမုကို တိတ်တဆိတ် ထပ်ကြည့်လိုက်မိသည်။ တစ်ဖက်လူက အရမ်းကိုရှုပ်ထွေးနေတဲ့ အမူအရာနဲ့ မျက်မှောင် ကြုတ်ထားတာကို တွေ့လိုက်ရသည်။

ထိုအချိန်မှာပဲ ဧကရီမယ်တော်ကြီးက ပြောလိုက်သည်။

“စကားပြောနေတာကိုရပ်လိုက်တော့ အိုက်ကျားက လူ့အသက်ကိုကယ်ဖို့ မင်းရဲ့သွေးကို လိုချင်တာ မြန်မြန်လေး လက်ကောက်ဝတ်ကိုပြပြီး တော်ဝင်သမားတော်ကို သွေးယူခိုင်းလိုက်ချေ”

ယန်ရှု “….”

ဧကရီမယ်တော်ကြီးကတော့ ဧကရီမယ်တော်ကြီး ဖြစ်ထိုက်ပါပေတယ်။ အရမ်းကို တည့်တိုးဆန်တာပဲ၊

ဧကရာဇ်ကတောင်မှ ဖြည်းဖြည်းလေး ပြောနေတာလေ ။

“မစိုးရိမ်ပါနဲ့ နည်းနည်းလေးတင်ပါ”

115 05

သေချာပေါက်ကိုပင် သွေးနည်းနည်းလေးကို မပြောနဲ့။ သူ့အသက်ကို လိုချင်လျှင်တောင်မှ ဒီအချိန်မှာ ကျုံးဟိုင်ရှင်းက ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သူ ဖြေပြီးနောက် ချက်ချင်းပဲ သူ့ရဲ့လက်အနားကို ခေါက်လိုက်ကာ အသင့်စောင့်နေတဲ့ သမားတော်ကျန်းကို ရှေ့တိုးပြီး သွေးတစ်ပန်းကန် ထုတ်ဖို့ ပြောလိုက်သည်။

ယန်ရှုက ဒီအချိန်မှာတော့ အကောင်းဆုံး မကြိုးစားတော့ပဲ မသိစိတ်အရ သူမရဲ့အကြည့်ကို ရွှေ့လိုက်တော့သည်။

အဆုံးမှာ အချိန်အကြာကြီး ခွဲခွာပြီးနောက် ပြန်လည်ပေါင်းစည်းကြမဲ့ အံ့အားသင့်ဖွယ် မြင်ကွင်းလေးကို ကြည့်ချင်နေသေးသည်ပင်။

သမားတော်ကျန်းက ခြေမြန်လက်မြန်ရှိကာ လျင်မြန်စွာပဲ ဆေးကိုပြင်ဆင်လိုက်ပြီး နိမိသားစုက ကလေးမလေးကို တိုက်ကျွေးလိုက်တော့သည်။

လက်ဖက်ရည်တစ်ခွက်စာ အပြီးမှာတော့ နှစ်ရက်နဲ့နှစ်ညတိတိ ကိုမာ ဝင်နေခဲ့တဲ့ နိရှန်းဝမ်ဟာ လက်ချောင်းလေးတွေ လှုပ်လာပြီး သူမရဲ့မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လာတော့သည်။

ယန်ရှုက ငြင်သာစွာ သက်ပြင်းချလိုက်ပြီး သခင်မမုက စိတ်လှုပ်ရှားစွာနဲ့ ငိုကြွေးနေပြီဖြစ်သည်။

“ဝမ်အာ….နောက်ဆုံးတော့ နိုးလာပြီပေါ့”

ထိုမြင်ကွင်းကို တွေ့လိုက်ရပြီးနောက် ဧကရီမယ်တော်ကြီးကလည်းပဲ သက်ပြင်း ချလိုက်တော့သည်။

ထို့နောက်သူက အရှေ့ကို ထပ်ပြောလိုက်သည်။

“အထဲက လူနာက မင်းနဲ့သက်ဆိုင်တယ်။ အဲဒါက ဘာကြောင့် အသက်ကယ်ဖို့ မင်းရဲ့သွေးကို ယူတာလဲဆိုတာပဲ အနာဂတ်မှာ နည်းနည်းလောက်ယူရဦးမှာတော့ စိုးမိတယ်။ အိုက်ကျားက မင်းကို အရင်မေးမယ် ဆန္ဒရှိရဲ့လား”

ထိုစကားတွေထွက်လာသည့်အခါ ကျုံးရှင်းဟိုင်က ချက်ချင်းပဲ ပြောလိုက်သည်။

“ကျွန်တော်မျိုး ဆန္ဒရှိပါတယ်”

တစ်ခဏခန့် ရပ်သွားပြီးနောက် သူက ထပ်မေးဖို့ ကြိုးစားလိုက်သည်။

“ဧကရီမယ်တော်ကြီးကို မေးလို့ရနိုင်မလား။ သူမက….အဆင်ပြေရဲ့လား”

ထိုစကားတွေ ထွက်လာသည်နှင့် ဧကရီမယ်တော်ကြီးက ရပ်တန့်သွားကာ ယွီဝိန်းလန်က သူ့ရဲ့မျက်ခုံးကို ပင့်လိုက်သည်။ ယန်ရှုကလည်း စိတ်ထဲကနေ ပြောလိုက်သည်။ ဘယ်လိုတောင်လဲ သူကခန့်မှန်းလိုက်တာလား။

သို့သော် စစ်စတန်က ပေါ့ပါးစွာ ပြောလိုက်သည်။

[ခန့်မှန်းဖို့က မခက်ပါဘူး။ ဒီလူက မျက်မမြင် မစုတ်ဘူးလေ။ သူက နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းဖြစ်လာတာ။ ဧကရီမယ်တော်ကြီးက ရုတ်တရက်ကြီး အထဲကလူနာက မင်းနဲ့တစ်နည်းနည်းနဲ့ သက်ဆိုင်နေတယ်ဆိုမှတော့ သူက မတွေးမိဘဲ နေပါ့မလား။ ဒီကမ္ဘာပေါ်မှာ သူနဲ့ဆက်ဆံရေးရှိခဲ့တဲ့ တစ်ယောက်တည်းသောသူက သခင်မမုပဲ သူ့မှာကလေး ရှိတယ်ဆိုတာကို မသိလို့ အဲဒါက သခင်မမုလို့ ထင်နေခဲ့တာ]

ယန်ရှုကလည်း မှန်ကန်တဲ့ အချက်ကို သိသွားပြီး

[သခင်မမုကသာ ယောက်ျားတစ်ယောက်ရဲ့ အသက်သုံးဆယ်အတွင်းမှာရှိခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးလား။ ပြီးတော့ တစ်ကြိမ်တည်းပဲလေ။ ကျစ် ကျစ် ကျစ် တကယ်ကို ရှားပါးတဲ့ သစ္စာရှိခွေးကလေးပဲ ဧကရာဇ်နဲ့တောင် ယှဉ်ပြိုင်တိုက်ခိုက်လို့ရတယ်]

သို့သော်….အရင်က ဧကရာဇ်ဟာ သူ့ရဲ့စွမ်းရည်တွေကို ကန့်သတ်ခံထားရတာ ဖြစ်သည်။ ယခုသူက ဒီလိုမျိုး ဖြစ်လာပြီဆိုမှတော့ အနာဂတ်က ဘာဖြစ်မလဲမသိပေ။

တကယ်လို့ အနာဂတ်မှာသာ သခွါးသီးပုပ်တစ်ချောင်းလို ပြုမူမယ်ဆိုရင်တော့ သူမက သူ့ကိုကန်ထုတ်ပြီး သူမရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့ နေထိုင်မည် ဖြစ်သည်။

အပြင်ဘက်မှာ သတိလွတ်နေမိတဲ့ ယွီဝိန်းလန်

“…”

ပုပ်နေတဲ့သခွါးသီးက ဘာကြီးလဲ။

ဘာလို့သူ့ကို ကန်ထုတ်မှာလဲ။

တခြားသူရဲ့ကိစ္စကိုကြည့်နေရင်းနဲ့ ဘယ်လိုလုပ်ပြီး သူက ပါလာရပြန်တာလဲ။

ပြီးတော့လည်း လေသံက အရမ်းကို…..ကြောက်စရာ ကောင်းနေတုန်းပဲ။

ထိုအချိန်မှာပဲ သခင်မမုက အတွင်းနန်းဆောင်ထဲကနေ ရုတ်တရက်ထွက်လာပြီး ထိုမွဲညစ်နေတဲ့လူကို ပြောလိုက်သည်။

“ကျွန်မက အဆင်ပြေပါတယ်”

115 06

ထိုစကားတွေ ထွက်လာသည်နှင့် လူတိုင်းရဲ့အာရုံက ထိုသူတို့နှစ်ယောက်အပေါ်မှာပဲ ကျရောက်သွားတော့သည်။

ယန်ရှုက သူမရဲ့မျက်ခုံးကို ပင့်လိုက်ကာ သခင်မမုက သူမရဲ့ တမ်းတမှုကို မထိန်းနိုင်တော့လို့ အဲဒါကြောင့် သူ့ကို ထွက်တွေ့လိုက်တာလား။ အားးးစိတ်လှုပ်ရှားစရာမြင်ကွင်းက မမျှော်လင့်ထားဘဲ တကယ်ကိုရောက်လာတာပဲ!!

သေချာပေါက်ပင် ကျုံးရှင်းဟိုင်က တစ်ခဏခန့် ရပ်တန့်သွားပြီး ထို့နောက် ဒူးထောက်ချကာ ပြောလာသည်။

“သခင်မ….ကိုယ် တောင်းပန်ပါတယ်….” စကားတွေနဲ့အတူ မျက်ရည်တွေ စီးကျလာတော့သည်။

မမျှော်လင့်ထားစွာနဲ့ ထိုအချိန်မှာပဲ သခင်မမုက ပြောလိုက်သည်။

“မပြောပါနဲ့ အဲဒီအချိန်တုန်းက….ကျွန်မရဲ့ ဆန္ဒအလျောက်ပါ။ အခု ကျွန်မမှာ ရှင့်ကို ပြောစရာရှိတယ်”

ယန်ရှုက နောက်ထပ်နင်သွားတော့သည်။

—သေစမ်း သခင်မမုက သူ့ကို ကလေးအကြောင်းကို ပြောတော့မလို့လား။

တစ်ခဏလောက် အသက်ရှုဖို့ မေ့လုနီးပါးပင်

ထို့နောက် ချက်ချင်းပဲ သခင်မမုပြောလာတာကို ကြားလိုက်ရသည်။

“ရှင်နဲ့ကျွန်မမှာ ကလေးတစ်ယောက်ရှိတယ်”

ထိုစကားတွေထွက်လာသည့်အခါ ဧကရာဇ်နဲ့ ဧကရီမယ်တော်ကြီးတို့အားလုံးက ဒုစစ်သူကြီးကျုံးကို ကြည့်လိုက်ကြသည်။

အတွင်းနန်းဆောင်မှာ လူနာကိုစောင့်ကြပ်နေတဲ့ သမားတော်ကျန်းတောင်မှ နားစွင့်လာပေသည်။

******

116 01

အပိုင်း (၅၆.၁)

အံ့ဩစရာမရှိဘဲ သခင်မမုရဲ့စကားတွေ ထွက်လာသည်နှင့် လမ်းတစ်လျှောက်လုံး လာခဲ့တဲ့ ကျုံးရှင်းဟိုင်ကို လူတိုင်းက ကြည့်လိုက်ကြသည်။

ကျစ် ကျစ် ကျစ် စိတ်လှုပ်ရှားစရာအချိန်လေးက ရောက်လာပြီ။

သူ့မှာ ကလေးတစ်ယောက် ရှိတယ်ဆိုတာသိရင် ဒီလူ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကြည့်ရအောင်။

သို့သော် ကျုံးရှင်းဟိုင်က ကြက်သေ သေသွားသည်။

-ဘာ။

သူမနဲ့သူ့မှာ ကလေးတစ်ယောက်ရှိတယ်လား။

တစ်ခဏလောက် ငေးငိုင်သွားပြီးနောက် ကျုံးရှင်းဟိုင်က သူ မှန်မှန်ကန်ကန် ကြားလိုက်ရတယ်ဆိုတာကို အတည်ပြုပြီးနောက် မျက်မှောင် ကြုတ်သွားကာ မယုံကြည်မှုနဲ့ ပြောလာသည်။

“သခင်မ…..ပြောတာက အမှန်ပဲလား”

သခင်မမုက ခေါင်းညိတ်ပြလိုက်ကာ ရှုပ်ထွေးနေတဲ့ အမူအရာနဲ့ ပြောလာသည်။

“မမှန်ဘူးဆိုရင် ဒီကိုလာဖို့အတွက်နဲ့ ရှင့်ကိုဘယ်လိုလုပ်ပြီး အလုပ်ရှုပ်ခံပြီး မေးနေပါ့မလဲ”

ထိုစကားတွေ ထွက်လာသည့်အခါ ကျုံးရှင်းဟိုင်က နောက်ဆုံးတော့ စိတ်လှုပ်ရှားသွားပြီး သူ့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ဘေးပတ်ပတ်လည်ကို တုန်ယင်စွာနဲ့ ကြည့်ကာ မေးလာသည်။

“ဒါဆို ကလေးကရော။ သားလေးလား သမီးလေးလား။ အဆင်ပြေရဲ့လား”

“အဲဒါက သမီးလေးပါ”

သခင်မမုက မျက်ရည်တွေနှင့် ပြောလာသည်။

“ကောင်းသလား ဆိုးသလားဆိုတော့ ကျွန်မက အခုလေးတင်ပဲ ငရဲတံခါးဝကို ဖြတ်လာခဲ့တာ။ ကျွန်မ သူ့ကို ဆုံးရှုံးရလုနီးပါးပဲ…..”

စကားတွေက ထိုအချက်ကို ရောက်လာသည့်အခါ နှာခေါင်းက မတတ်နိုင်ဘဲ ထပ်မံနာကျင်လာကာ မျက်ရည်တွေက တစ်ဖန်စီးကျလာတော့သည်။

—သူမ လွန်ခဲ့တဲ့ရက်တွေတုန်းက ဘယ်လိုအသက်ရှင်ခဲ့သလဲဆိုတာကို ဘုရားပဲ သိလိမ့်မည်။ ကလေးရဲ့အသက်က သေမလား ရှင်မလားဆိုတာကို မသိနိုင်ဘဲ ဒီတိုင်း ကြည့်နေရတာက သူမရဲ့နှလုံးသားကို အဆုံးစွန်ထိ ဆွဲဆန့်ထားသလို ဖြစ်နေပြီး ကြောက်ရွံ့မှုနဲ့ အပြစ်ရှိစိတ်အပြည့် ဖြစ်နေပေသည်။ သို့သော်လည်း သူမမှာ စိတ်ချယုံကြည်စရာက မည်သည့်နေရာမှ ရှိမနေပေ….။

ဒီတစ်ကြိမ်ဒီလူကို ထပ်တွေ့လိုက်ရချိန်မှာတော့ သူမရဲ့ခံစားချက်တွေကို ထပ်မံ မထိန်းချုပ်နိုင်တော့ပေ။

အခြေအနေကို မြင်လိုက်ရပြီးနောက် ကျုံးရှင်းဟိုင်က စိတ်ရှုပ်ထွေးစွာနဲ့ ချက်ချင်းပဲ မေးလိုက်သည်။

“လာတွေဖြစ်နေတာလဲ။ ကလေးကရော အခုဘယ်လိုနေသေးလဲ”

အဆုံးမှာတော့ သူမက နန်းတော်မှာ ရှိနေဆဲဖြစ်ပြီး ဧကရီမယ်တော်ကြီးလည်း ရှိနေသေးသည်။ သခင်မမုကလည်း ရွေးချယ်စရာ မရှိတော့ဘဲ သူမရဲ့စိတ်ခံစားချက်တွေကို ပြန်ထိန်းလိုက်ကာ ပြောလာသည်။

“အခုလေးတင် ပိုကောင်းလာပါပြီ။ ရှင့်ရဲ့သွေးက သူမကိုကယ်တင်ဖို့အတွက်ပဲ”

ဒါကိုကြားပြီးနောက် ကျုံးရှင်းဟိုင်က နောက်ဆုံးတော့ အသိ ပြန်ဝင်လာသည်။

အခုလေးတင် ဧကရီမယ်တော်ကြီးက အဲ့လိုပြောတာ မဆန်းတော့ပါဘူး။ လမ်းတစ်လျှောက်လုံး တော်ဝင်ညီလာခံက သူ့ကို ဆင့်ခေါ်လာတာလည်း အံဩစရာမရှိတော့ပါဘူး….။

တကယ်တမ်းတော့ သူ့သွေးက သူ့သမီးကို ကယ်ဖို့ ဖြစ်နေတာပဲ။

ဒါပေမဲ့ သူ့သမီးက ဘာဖြစ်တာလဲ။ ဘာလို့ သေမင်းတံခါးဝကို ဖြတ်လျှောက် လိုက်ရတာလဲ။

အလျင်စလိုဖြစ်နေပေမဲ့ သခင်မမုက ထပ်ပြောလိုက်သည်။

“ဒီနေ့မှာ ရှင့်ကို ဒီလိုပြောပြရတာက တစ်ခြားအဓိပ္ပာယ် မရှိပါဘူး။ ကလေးက အခုပဲ နိုးလာပြီ။ ကျွန်မက ရှင့်ရဲ့သွေးကို ဖျားနာမှုကိုကုသဖို့အတွက် ဆက်ပြီးအသုံးပြုရမယ်။ ကျွန်မက ရှင့်ကို ရှင်းရှင်းလင်းလင်း သိစေချင်တာက…….ရှင့်မှာ သူမကို ကယ်တင်ဖို့အတွက် ဆန္ဒရှိသလား ဆိုတာပါပဲ”

“ရှိတာပေါ့။ ဘယ်လိုလုပ် ဒီငယ်သားက ဆန္ဒမရှိဘဲ နေပါ့မလဲ”

116 02

ကျုံးရှင်းဟိုင်က ချက်ချင်းပဲ သွေးမထုတ်ယူရသေးတဲ့ တစ်ခြားလက်ကောက်ဝတ်ကို ထုတ်လိုက်ကာ စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

“ဘယ်လောက်လောက် ထပ်လိုတာလဲ ယူသာယူလိုက်ပါ”

—သူ့မှာတကယ်ပဲ ကလေးတစ်ယောက်ရှိတယ်ပေါ့လေ။

နှစ်တွေအကြာကြီး တစ်ယောက်တည်း ဖြစ်လာခဲ့အပြီးမှာ သူ့မှာ တကယ်ပဲ သမီးတစ်ယောက် ရှိတယ်တဲ့လေ။

သူ အခုလေးတင်ပဲ ရှာတွေ့လိုက်ရပြီ။

အတိတ်နေ့ရက်တွေတုန်းက ဒီအမေနဲ့သမီးက ဘယ်လိုလုပ်ပြီး သည်းခံခဲ့တာလဲ။

ဒါကိုတွေးမိချိန်မှာ သူက သူ့ဘာသာ အပြစ်တင်လိုက်ပြီး အပြစ်ရှိစိတ်တို့ ခံစားလာရသည်။ပြီးနောက် သူတို့နှစ်ယောက်အား သူ့ရဲ့တစ်ဘဝလုံးကို ပေးနိုင်ရန် ဆုတောင်းမိသည်။

ထိုမြင်ကွင်းကို တွေ့သည့်အခါ သခင်မမုက စိတ်သက်သာရာ ရသွားပြီး လျင်မြန်စွာ ပြောလိုက်သည်။

“အရမ်းစိတ်မလှုပ်ရှားပါနဲ့။ နှစ်ရက် သုံးရက် ကြာပြီး တစ်ရက်ကို သွေးနှစ်ကြိမ် ထုတ်မယ်။ တော်ဝင်သမားတော်ပြောတာကိုပဲ နားထောင်ပါ”

ကျုံးရှင်းဟိုင်က ထိုစကားတွေကို ကြားသည့်အခါ ချက်ချင်းပဲ သူ့ခေါင်းကို ညိတ်လိုက်သည်။

တစ်ခဏရပ်တန့်နေပြီးနောက် သူက ထပ်မေးဖို့ ကြိုးစားလာသည်။

“ဒီငယ်သားကများ…ကလေးကို တွေ့ခွင့်ရနိုင်မလားလို့ သိချင်မိပါတယ်….”

သို့သော်လည်း ထိုစကားတွေ ထွက်လာသည်နှင့် လူတစ်ယောက်က အတွင်းနန်းဆောင်ကနေ ချက်ချင်းပဲ ထွက်လာပြီး သူ့ကို ပြောလာသည်။

“အချိန်တစ်ခုထိကြာအောင် တစ်ယောက်နဲ့တစ်ယောက် မတွေ့ဘဒ နေကြရအောင်။ ရှန်းဝမ်က အခုမှနိုးလာခါစ သူမရဲ့ခန္ဓာကိုယ်ကလည်း အားနည်းနေသေးတယ်။ အဲဒီတော့ စိတ်ခံစားချက်အတက်အကျမဖြစ်စေနဲ့ နောက်မှတွေ့ကြတာပေါ့”

ကျုံးရှင်းဟိုင်က တစ်ခဏခန့် ကြက်သေ သေသွားပေမဲ့ တစ်ဖက်လူဝတ်ဆင်ထားတဲ့ အရာရှိဝတ်စုံကို တွေ့သည့်အခါ ထိုသူက သူ့ရဲ့သမီးကို ကုသပေးတဲ့ တော်ဝင်သမားတော်ပဲ ဖြစ်ရမည်ဟု လျင်မြန်စွာ သဘောပေါက်သွားတော့သည်။ ထို့ကြောင့် သူက ချက်ချင်းပဲ သူ့ရဲ့လက်သီးကိုဆုပ်ကာ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

“ဒီနျန်ဖြစ်သူက ဖခင်တစ်ယောက်ရဲ့ ဝတ္တရားကို မကျေပွန်ခဲ့ပေမဲ့ တော်ဝင်သမားတော်ကို ကလေးမလေးရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် တော်ဝင်သမားတော်ကို ကျေးဇူးတင်ပါတယ်”

သမားတော်ကျန်းက ခေါင်းညိတ်ကာ အလျင်အမြန်ပြောလိုက်သည်။

“ပြောဖို့က လွယ်ပါတယ်။ လူတွေကို ကယ်တင်ရမှာက သမားတော်တစ်ယောက်ရဲ့သဘာဝပဲ။ အဲဒါကြောင့် အရမ်းယဉ်ကျေးနေစရာ မလိုပါဘူး”

သူက တစ်ခဏခန့် ရပ်တန့်သွားပြီးနောက် ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သခင်မမက သူ့သမီးအတွက် သွေးထုတ်ပေးဖို့ အရမ်းကို အလုပ်ကြိုးစားခဲ့ရတယ်။ သူမက အားနည်းနေပြီး ထပ်မထိန်းထားနိုင်လုနီးပါးပဲ။ ဒီအချိန်မှာ အရာရှိ ရောက်လာတာက တကယ်ကိုအချိန်ကိုက်ပဲ။ ဒါပေမဲ့ လမ်းတစ်လျှောက်လုံး ခရီးနှင်လာရတော့ ကိုယ့်ဘာသာလဲ ဂရုစိုက်ပြီး အနားယူဖို့ လိုနေသေးတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ”

ကျုံးရှင်းဟိုင်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပါပြီ။ ကျုပ်ကို သတိပေးတဲ့အတွက် သမားတော်ကို ကျေးဇူးတင်ပါတယ်”

သမားတော်ကျန်းက ခေါင်းညိတ်လိုက်ကာ လူနာကိုဂရုစိုက်ရန် အတွင်းနန်းဆောင်ဆီသို့ ပြန်သွားတော့သည်။

သို့သော် လှည့်မသွားခင်မှာ သူ့ကို တစ်ချက် ထပ်ကြည့်လိုက်သည်။

စိတ်ထဲမှာတော့ ကျစ် ကျစ်ဟု လုပ်ကာ

[သူ့အရိုးက တကယ်ပဲ သူ့သမီးနဲ့အတူတူပဲ တကယ်ကိုကွက်တိပဲ။]

တိတ်တဆိတ် ကြားလိုက်ရတဲ့ ယွီဝိန်းလန် “….”

လူတွေကို ကြည့်ဖို့အတွက်နဲ့ အထူးတလည်ကို ထွက်လာရဲတယ်ပေါ့လေ။

ထိုအချိန်မှာပဲ သခင်မမုကရုတ်တရက်ကြီး ဒူးထောက်လိုက်ကာ သူ့ကို ဦးညွှတ်လာသည်။

“ဒီဇနီးသည်ဖြစ်သူက အရှင်မင်းကြီးကို အပြစ်အတွက် အသနားခံပါတယ်”

ယွီဝိန်းလန်က အသိပြန်ဝင်လာပြီး မေးလိုက်သည်။

“ဘာမှားနေလို့လဲ သခင်မ”

သို့သော် သခင်မမုက ပြောလာသည်။

“ယခင်ခင်ပွန်း ကွယ်လွန်သွားပြီးနောက် ဒီဇနီးဖြစ်သူက ဗြဟ္မစရိယကျင့်ကြံဖို့ ကျရှုံးပြီး အမှားလုပ်မိပါတယ်။ ကလေးတစ်ယောက် ရှိခဲ့တာတောင် မွေးစားသမီးလို့လည်း လိမ်လည်ခဲ့ပါသေးတယ်။ ဒီနှစ်တွေမှာ အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးကို တစ်လျှောက်လုံး လိမ်လည်ထားခဲ့မိပါတယ်။ ကျွန်မကတကယ်ကိုပဲ သေသင့်ပါတယ်။ ဧကရီမယ်တော်ကြီးရဲ့ ကျွန်မအပေါ်ထားတဲ့ ယုံကြည်မှုကို အရှက်ရမိသလို ကျွန်မရဲ့ တော်ဝင်အဆင့်အတန်းအတွက်လည်း အရှက်ရမိပါတယ်။ အခု ရဲတင်းစွာနဲ့ပဲ တောင်းဆိုပါရစေ။ အရှင်မင်းကြီး ဒီဇနီးသည်ဖြစ်သူကို ကလေးမကို ရက်အနည်းငယ်လောက် စောင့်ရှောက်ခွင့် ပေးပါ။ သူမ ပြန်ကောင်းလာတာနဲ့ ပြစ်မှုကို လက်ခံဖို့အတွက် ဆန္ဒရှိပါတယ်”

116 03

ထိုစကားတွေ ထွက်လာသည့်အခါ ယွီဝိန်းလန်ပင် ဘာမှမပြောရသေးခင်မှာပဲ ကျုံးရှင်းဟိုင်က စိုးရိမ်ပူပန် လာတော့သည်။

သူကလည်း သူ့ရှေ့မှာ ချက်လျင်းပဲ ဒူးထောက်ချကာ လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီး ကျွန်တော်မျိုး ပြောတာကို နားထောင်ပေးဖို့ တောင်းဆိုပါတယ် ။အဲ့ဒီအချိန်တုန်းက ဒီနိမ့်ကျတဲ့မှူးမတ်ကသာ အမှားလုပ်ခဲ့မိသူပါ။ သခင်မအပေါ်မှာ လိုချင်တပ်မက်စိတ် မရှိခဲ့သင့်ပါဘူး။ အမှားလုပ်ပြီးတဲ့အခါမှာလည်း သခင်မကို တစ်ယောက်တည်း လျှောက်လှမ်းစေခဲ့မိပါတယ်….။သခင်မ လုံးဝမှားသွားခဲ့တဲ့အရာက ဒီနိမ့်ကျတဲ့မှူးမတ်နဲ့ ပါဝင်ပက်သက်မိလို့ပါ။ ကျေးဇူးပြုပြီး ဒီနိမ့်ကျတဲ့မှုးမတ်ကိုသာ အပြစ်ပေးပါ။ သခင်မကို အပြစ်မတင်ပါနဲ့။ သူမက အပြစ်ကင်းပါတယ်”

ထိုစကားတွေ ထွက်လာသည့်အခါ လူတိုင်းရဲ့နှလုံးသားက ရှုပ်ထွေးသွားတော့သည်။

ယွီဝိန်းလန်က ယန်ရှုရဲ့ တိတ်တဆိတ် ရေရွတ်သံကို ကြားလိုက်ရသည်။

[အရမ်းကို ရင်ထဲ ထိစရာကောင်းတာပဲ၊ သေချာပေါက်ပဲ ဒီကမ္ဘာပေါ်မှာ ယောက်ျားကောင်းတွေ ရှိနေသေးတယ်]

“…”

“ဒီကမ္ဘာပေါ်မှာ ယောက်ျားကောင်းတွေ ရှိနေသေးတယ်” ဆိုတာက ဘာလဲ။

ဖြစ်နိုင်တာက သူမရဲ့မျက်လုံးထဲမှာ သူက ယောက်ျားကောင်း မဟုတ်ဘူးလား။

သူဟာ ဧကရီမယ်တော်ကြီးရဲ့ နှလုံးသားထဲက တိတ်တဆိတ် ပြောလိုက်သံကိုလည်း ကြားလိုက်ရသည်။

[ဒီမျိုးရိုးနာမည်ကျုံးနဲ့ကလေးက အရမ်းကို သတ္တိရှိတာပဲ။ အားယွီက သူ့ကို အချည်းနှီး လွမ်းဆွတ်နေခဲ့ရတာတော့ မဟုတ်ဘူးဘဲ။ ဒါပေမဲ့ ဧကရာဇ်က ဘယ်လိုတွေးနေသလဲဆိုတာတော့ ငါလည်း မသိဘူး။ အဲဒီခေါင်းမာတဲ့ လူအိုကြီးတွေနဲ့ တကယ်ကို စကားမပြောချင်ဘူး။ တကယ်ပဲ အားယွီကို အပြစ်တင်မှာလား။]

[ဟမ့် အဲ့လိုသာဆိုရင် ဒီအမေက သူ့ကို အလကား ပျိုးထောင်ခဲ့မိတာပဲ]

ယွီဝိန်းလန် “….”

သူက အဲဒီတစ်ယူသန်လူအိုကြီးတွေအတွက် ရပ်တည်ပေးမယ်လို့ ဘယ်တုန်းကများ ဖော်ပြခဲ့ဖူးလို့လဲ။

ကျစ် ဒီအချိန်မှာ ဖိအားနှစ်ဆက တစ်ချိန်တည်းမှာ လာနေတာပဲ ယောက်ျားကောင်းတစ်ယောက်ရဲ့ စိတ်ထားကို ပြသရန်နှင့် သူဟာ အလကား ပျိုးထောင်ပေးခံခဲ့ရတာ မဟုတ်ဘူးလို့ သက်သေပြရန် ယွီဝိန်းလန်က သခင်မမုကို ပြောလိုက်သည်။

“သခင်မက အလေးအနက် ဖြစ်လွန်းနေပါပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ခင်ပွန်ကွယ်လွန်သွားတော့ မိသားစုကို တစ်ယောက်တည်း ပျိုးထောင်ခဲ့ရတယ်။ ကောင်းကင်ဘုံက လေးစားထိုက်တဲ့ခင်ပွန်းရဲ့ စိတ်ဝိဥာဉ်က ထိုက်တန်ပါတယ်။ မောင်မင်းတို့နှစ်ယောက်ရဲ့ ကိစ္စက ခင်ပွန်းကွယ်လွန်ပြီး နောက်မှ ဖြစ်ပွားခဲ့တာဆိုတော့ ကျင့်ဝတ်တွေကို မဆန့်ကျင်ပါဘူး။ ကလေး ရှိပြီးတဲ့နောက်မှာလည်း သူမကိုရက်စက်စွာနဲ့ မစွန့်ပစ်ခဲ့ဘူး။ ဒါပေမဲ့ သူမကို ဂရုတစိုက်နဲ့ ပျိုးထောင်ပေးခဲ့တယ်။ အကြွေးရှိတယ်ဆိုရင် အဲဒါက လင်းအိုက်ကို ဘဝအတွေ့အကြုံ ကိစ္စဆီကနေ ဖုံးကွယ်ထားတာပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ သူမကို အကြွေးတင်နေတယ်။ ကျန်တာကတော့ ပြစ်မှုက ဘာလဲ”

စကားဆုံးပြီးနောက် နောက်ဆုံးမှာ ဧကရီမယ်တော်ကြီးရဲ့ စိတ်ထဲက ပြောလိုက်သံကို ကြားလိုက်ရသည်။

[တော်တယ် နောက်ဆုံးတော့ ငါ သူ့ကို ကွေ့ကောက်အောင် မပျိုးထောင်ခဲ့မိဘူးပဲ]

သို့သော်လည်း သခင်မမုက သူမရဲ့မျက်နှာကိုအုပ်ကာ စတင်ငိုကြွေးတော့သည်။

“ဒီဇနီးသည်ဖြစ်သူ အရှင်မင်းကြီးရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီးပြောတာ မှန်ကန်ပါတယ်။ ဒီဇနီးဖြစ်သူက အားဝမ်အတွက် စိတ်မကောင်း အဖြစ်ရဆုံးပါ…..”

—ဟုတ်သည်။ သူမက ဒီကလေးကို ချစ်ပေးဖို့ အကောင်းဆုံးကြိုးစားပေမဲ့ သူမကို အမှန်တရားအား သိခွင့်မပေးနိုင်ပေ။ ဆယ်နှစ်ထက်မနည်း ဒီကလေးမလေးဟာ သူမကိုယ်သူမ မွေးစားကလေးဟု ထင်နေခဲ့တာပင်။ သူမက ပိုပြီးဂရုစိုက်ကာ နာခံဖို့ကြိုးစားရင်း သူမရဲ့နှလုံးသားထဲမှာ အမြဲတမ်းသိမ်ငယ်သလို ခံစားနေခဲ့ရပေသည်

ထိုကလေးမလေး လေးနှစ်အရွယ်တုန်းကအချိန်ကို အမှတ်ရမိသည် မတော်တဆနဲ့ အစေခံတစ်ယောက် အတင်းပြောနေတာကို ကြားလိုက်ရပြီး သူမက မွေးစားသမီးဆိုတာကို ရှာတွေ့သွားကာ ကလေးမလေးက တကယ်ပဲ အိပ်ရာထဲမှာပုန်းပြီး မျက်ရည်ကျရင်း ငိုကြွေးနေပေသည်။ ထိုအရာက သူမရဲ့အသည်းနှလုံးကို ခွဲနေသလိုပင်။

ထို့ကြောင့် ဒီနေ့ ထုတ်ပြောလိုက်ချိန်မှာတော့ ကျုံးရှင်းဟိုင်ကိုသာ အမှန်တရားကို ပြောပြချင်ရုံမကပေ။ သူမရဲ့ကိုယ်ပိုင်သွေးသားကိုပါ ဝန်ခံချင်ခဲ့သည်။ ထိုသို့မှသာ သူမမှာ အဖေနဲ့အမေ ရှိတယ်ဆိုတာကို သိမှာဖြစ်ပြီး တစ်ခြားသူတွေထက် ဘယ်နေရာမှ လျော့ကျပြီး လစ်လပ်မနေဘူးဆိုတာကို သိလိမ့်မည်ဖြစ်သည်။

လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက သူမရဲ့သမီးကို ဆုံးရှုံးရလုနီးပါး ဖြစ်သွားပြီး သူမရဲ့သမီးဖြစ်သူကို တစ်ဘဝလုံးစာအတွက် နောင်တအား ဘာမဟုတ်တဲ့ အရာလေးတွေအတွက်နှင့် နောင်တ မရစေချင်ပေ။

ပြီးနောက် ဒီလိုမြင်ကွင်းမျိုးက လူတိုင်းရဲ့ ခံစားချက်ကို စိတ်လှုပ်ရှားအောင် ပြုလုပ်လိုက်ပေသည်။

ယန်ရှုက သူမရဲ့မျက်လုံးထဲမှာ ပူနေပြီး အတွင်းနန်းဆောင်ထဲမှာ ပုန်းနေပေသည်။

—ဒီမိသားစုက တကယ်ကို မလွယ်ကူဘူးပဲ ဝူး ဝူး ဝူး…

116 04

အလိုလေး ဒီခေတ်မှာ အမျိုးသမီးတစ်ယောက် ဖြစ်ရတာက ဘယ်လောက်တောင် ရက်စက်လိုက်သလဲ။ သူမရဲ့ခင်ပွန်း ကွယ်လွန်ပြီးတော့ မှန်ကန်တဲ့လူကို ထပ်တွေ့ခဲ့ပေမဲ့လည်း ကောင်းကင်ကို မထိခိုက်ခဲ့ဘူး။ အဲဒါကို သူမက ဆယ်နှစ်ထက်မနည်း ဖိနှိပ်ဖို့ ကြိုးစားခဲ့ရတာက သနားစရာပဲ။ အခုတော့ ဂရုတစိုက်နဲ့ နေရာတိုင်းမှာ အပြစ်ကို အသနားခံနိုင်ပြီ။

ကံကောင်းစွာနှင့် ထိုအချိန်မှာ မိသားစုက တစ်ယောက်နဲ့တစ်ယောက် အသိအမှတ် ပြုလိုက်ကြပြီး သနားစရာ ကလေးလေးမှာလည်း အဖေရှိသွားပြီဖြစ်ကာ သူတို့တွေရဲ့ဘဝမှာ ဆယ်နှစ်ထက်မနည်း ဝေးကွာခဲ့ရပေမဲ့ အခုတော့ တစ်ယောက်ချင်းစီရဲ့ အကောင်းဆုံးနှစ်တွေပဲ ဖြစ်သည်။

ဒါကိုတွေးလိုက်ပြီးနောက် တံခါးရဲ့အဟလေးကနေ ဧကရာဇ်ကို ထပ်ကြည့်လိုက်သည်။

ရှင်းသောင်က ပြောတယ်။ ဧကရာဇ်က သူမကို သူ့ရဲ့ရွှေရောင်လွှမ်းတဲ့နှစ်မှာ တွေ့ဆုံခဲ့တယ်တဲ့။

ကျစ် အခုချိန်က သူ့ကို ကြည့်ပါဦး။ နတ်သားလေးတစ်ပါးလိုပဲ။ ချောမောနေလိုက်တာ။ ဆယ်နှစ် ကြာပြီးရင်တော့ ဒီစစ်သူကြီးကျုံးလိုပဲ မုတ်ဆိတ်မရိတ်ဘဲ မုတ်ဆိတ်တွေ ထားထားမလားဆိုတာ ငါလည်း မသိဘူး။

အဲလိုသာဆိုရင်တော့ ဘယ်လို သည်းခံနိုင်မှာလဲ။

ယွီဝိန်းလန် “….”

သူမက ဘာလို့အမြဲတမ်း တစ်ခြားသူတွေနဲ့ အရမ်းကို ကွဲပြားအောင် တွေးရတာလဲ။

စိတ်လှုပ်ရှားရင်လည်း လှုပ်ရှားတယ်ပေါ့ ဘာလို့သူ့ကို ရုတ်တရက်ကြီး ထပ်ပြီးပါဝင်ခိုင်းရတာလဲ။

ဆယ်နှစ်ထက်မနညိး မှုတ်ဆိတ် မရိတ်ဘူးဆိုရင် သူမက သည်းမခံနိုင်လောက်ဘူးတဲ့လား။

ကျစ် မိန်းမတွေက တကယ်ကို ပြောင်းလဲ လွယ်တာပဲ။

ဒါပေမဲ့….သူ့ကိုယ်သူ အာရုံစိုက်ဖို့ ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်သည်။ ထိုသို့မှသာ ဆယ်နှစ် ကြာပြီးနောက် မဖြီးမသင်နဲ့ ညှင်းသိုးသိုးပုံ ပေါက်မနေစေရန် ဖြစ်သည်။

ထိုအကြောင်းကို တစ်ခဏခန့်တွေးပြီးနောက် သူက ပြောလိုက်သည်။

“သခင်မ ကိုယ့်ကိုကိုယ် အရမ်းကြီး အပြစ်မတင်ပါနဲ့။ အခုကိစ္စလည်း ပြီးပြီဆိုတော့ လင်းအိုက်ကို ကုသဖို့က အရင်ဆုံးပိုပြီး အရေးကြီးတယ်။ ပြန်ကောင်းလာပြီးရင် သူမကို အမှန်တရားအကြောင်း ဖြည်းဖြည်းချင်း ပြောပြကြတာပေါ့”

သခင်မမုက စိုးရိမ်မိသွားသည်။

~~~~

အဖေရင်းရဲ့သွေးနဲ့အတူ နိရှန်းဝမ်ရဲ့ပြန်လည်ကောင်းမွန်လာမှုက တကယ်ကိုပဲ ပိုပြီးမြန်ဆန်လာခဲ့သည်။

သမားတော်ကျန်းအတွက် ဆေးရဖို့လွယ်ကူစေရန် ဧကရီမယ်တော်ကြီးက ကျုံးရှင်းဟိုင်ကို အစောင့်ရုံးတော်မှာ ယာယီနေဖို့ အထူးခွင့်ပြုပေးထားသည်။သူဟာ တစ်နေ့ နှစ်ကြိမ်သွေးပေးရန်အတွက် နန်းတော်ကို ဝင်သည့်နေရာမှာ အရမ်းကိုတက်ကြွပေသည်။ ဒီလိုနည်းနဲ့ တတ်ယမြောက်နေ့မှာ နိရှန်းဝမ်က အိပ်ရာထဲကနေ ထရုံသာ တတ်နိုင်ကာ ပတ်ပတ်လည်ကို ဖြည်းညှင်းစွာ လျှောက်နိုင်လာသည်။

ထိုမြင်ကွင်းကို တွေ့သည့်အခါ သခင်မမုနဲ့ ကျုံးရှင်းဟိုင်တို့က စိတ်သက်သာရာ ရသွားတော့သည်။

ဧကရီမယ်တော်ကြီးကလည်း နောက်ဆုံးမှာတော့ သက်ပြင်းတစ်ခု မှုတ်ထုတ်လိုက်နိုင်တော့သည်။

ဒီလိုနည်းနဲ့ ဒီတစ်ကြိမ်ရဲ့လက်သည်တရားခံကို ကိုင်တွယ်ဖို့ နောက်ဆုံးမှာတော့ အင်အားရှိလာပြီ ဖြစ်သည်။

—လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက သူမဟာ သူမသူငယ်ချင်းဖြစ်သူရဲ့ကလေးကို ကယ်တင်နိုင်ရန်အတွက် ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံကို ကြိုးစားနေရသည်။ အခု ကလေးက အန္တရာယ်ကနေ ကင်းလွတ်သွားပေမဲ့ သူမရဲ့သူငယ်ချင်းဖြစ်သူကို ရှင်းပြချက်တစ်ခု ပေးရဦးမည်ပင်။

******

117 01

အပိုင်း(၅၆.၂)

ကိုယ်လုပ်တော်ကျိုးကို ကျုံးချွေ့နန်းဆောင်မှာ လေးရက်နဲ့လေးညတိတိ ပိတ်လှောင်ထားသည်။

ထိုအချိန်အတွင်းမှာ သူမက ဘာသတင်းမှမရဘဲ အစားအသောက်တွေ ပို့ဆောင်တဲ့ နန်းတော်အစေခံသာလျှင် နေ့တိုင်းအချိန်မီ လာပို့တာဖြစ်သည်။ ဒါပေမဲ့ သူတို့တွေက အေးစက်နေတဲ့မျက်နှာထားနဲ့ အစားအသောက်ကို ပို့ကာ သူမကို ဘာမှမပြောပြပေ။

ကျောက်လိုင်ဖူ၊ ကျောက်လိုင်ရွှင်း ညီအစ်ကိုနှစ်ယောက်နဲ့ ချုံးနျောင်နေရာက ရှောင်လင်းကျစ်တို့က ထိုဖြစ်ရပ် ပေါ်ပေါက်သွားသည့်နေ့မှာပဲ ခေါင်းဖြတ် ကွပ်မျက်ခံလိုက်ရပြီ ဖြစ်သည်။

လူတိုင်းက သေသွားပေမဲ့ ဧကရာဇ်က သူမကို ဒီလောက် အချိန်အကြာကြီးအထိ ကိုင်တွယ်ဖြေရှင်းခြင်း မပြုသည့်အတွက် ဖြစ်နိုင်တာက ဧကရီမယ်တော်ကြီးရဲ့အကျိုးအတွက် တွေးကာ သူမကို ချမ်းသာပေးလိုက်တာ ဖြစ်ရမယ်ဟု စိတ်ကူးထားပေသည်။

အဆုံးမှာတော့ ယခုအချိန်မှာ သူမက ကျိုးမိသားစုရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။

ထို့အပြင် ဧကရီမယ်တော်ကြီးမှာ သူမရဲ့ကိုယ်ပိုင်သွေးသား မရှိသည့်အတွက်ကြောင့် ဘာပဲဖြစ်လာပါစေ သူမရဲ့သွေးရင်းမိသားစုနဲ့ ချည်နှောင်မှုကို မဖြတ်သင့်ပေ။

…

သူမက ထိုကဲ့သို့တွေးနေသည်မှာ ငါးရက်မြောက်နေ့တွင် တစ်ယောက်ယောက်က သူမအတွက် တံခါးကို ဖွင့်ပေးလာကာ ချီအန်းနန်းဆောင်သို့ ခေါ်မသွားခင် အချိန်ထိပဲ ဖြစ်သည်။

နန်းတော်ထဲကိုဝင်ပြီးနောက် ကိုယ်လုပ်တော်ကျိုးက တစ်ချက် ကြည့်လိုက်သည့်အခါမှာတော့ ဧကရီမယ်တော်ကြီးရဲ့နောက်ကျောက ရေခဲလိုပဲ အေးစက်နေပြီး ဧကရာဇ်ကလည်း ဘေးဘက်မှာ တင်းမာခက်ထန်တဲ့မျက်နှာနဲ့ ထိုင်နေတာကို တွေ့လိုက်ရသည်။

ဒီလိုအမူအရာမျိုးက လူတွေကို မသေချာစေတဲ့ ခံစားချက်မျိုး ပြုလုပ်ပြီး ကိုယ်လုပ်တော်ကျိုးက တစ်ခဏခန့် တွေးလိုက်ကာ ဧကရီမယ်တော်ကြီးရဲ့အရှေ့မှာ ဒူးထောက်ချရင်း ပြောလိုက်သည်။

“ဒီကိုယ်လုပ်တော်က မှားသွားပါတယ်။ ဒီရက်တွေအတွင်းမှာ ကိုယ့်ဘာသာပြန်ပြီး သုံးသပ်ပြီးပါပြီ။ ကျွန်မတကယ်ကို မှားသွားတယ်ဆိုတာ ကိုယ့်ဘာသာသိပါတယ်။ ဧကရီမယ်တော်ကြီးနဲ့ အရှင်မင်းကြီးကို ကျွန်မကိုခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်ပါတယ်။ ဒီတစ်ခေါက် ချန်ကျဲ့က လွတ်မြောက်ပြီးရင် ချန်ကျဲ့က အနာဂတ်မှာ သေချာပေါက် ပြုပြင်ပြောင်းလဲပါ့မယ် ဘယ်တော့မှ အဲဒီလို ထပ်မလုပ်တော့ပါဘူး”

မမျှော်လင့်ထားစွာနဲ့ ဧကရီမယ်တော်ကြီးက ပြောလိုက်သည်။

“မင်းကိုနန်းတော်ထဲ ဝင်ခိုင်းမိတာက အိုက်ကျားရဲ့အမှားပါ။ အိုက်ကျားက မင်းဟာ အဲဒီလောက်ထိ မထက်မြက်သလို စိတ်ကြီးဝင် ဘဝင်မြင့်တယ်ဆိုတာကိုလည်း သိတယ် ။ အိုက်ကျား မင်းကိုမျှော်လင့်မိတာက ဒီနေရာမှာ ရိုးရိုးသားသားနေပြီး ကျိုးမိသားစုအတွက် ဂုဏ်အသရေနည်းနည်းလောက် တိုက်ခိုက်ပေးနိုင်ဖို့ပဲ။ ဒါပေမဲ့ အိုက်ကျားက အရမ်းကိုစိတ်ကူးယဉ် မိသွားတယ်။ မင်းက ဒီတိုင်းရူးသွပ်နေတာပဲ။ ဒါပေမဲ့ အရမ်းလည်း ရက်စက်သေးတယ်။မင်းရဲ့မနာလိုမှုကြောင့် အပြစ်မရှိတဲ့လန်ယွင်နဲ့ ….ရှန်းဝမ်တို့က အန္တရာယ် ကျသွားရတယ်”

ထိုစကားတွေ ထွက်လာသည့်အခါ ကိုယ်လုပ်တော်ကျိုးက တစ်ခုခုတော့ မှားနေပြီဆိုတာကို ခံစားလိုက်ရပြီး ချက်ချင်းပဲ မျက်ရည်တွေ ကျလာကာ ငိုကြွေးတော့သည်။

“ဒီကိုယ်လုပ်တော်က အမှားလုပ်မိပါတယ်။ ကျေးဇူးပြုပြီး ဒီကိုယ်လုပ်တော်ကို နောက်ထပ် အခွင့်အရေးတစ်ခုပေးပါ။ ဒီကိုယ်လုပ်တော် တကယ်ပဲ မလုပ်ရဲတော့ပါဘူး….”

ဧကရီမယ်တော်ကြီးက သူမခေါင်းကိုယမ်းကာ ပြောလာသည်။

“အိုက်ကျားက မင်းကို နောက်ထပ်အခွင့်အရေးတစ်ခု မပေးရဲတော့ဘူး ။မင်းကိုသာ ချန်ထားခဲ့ရင် နောက်ထပ် အပြစ်မရှိတဲ့လူတွေ ဘယ်လောက်များများကို သတ်ဦးမှာလဲ”

ယခုတောင် ဧကရီမယ်တော်ကြီးက ဒေါသအပြည့်နဲ့ဖြစ်နေပေသည်။မျက်နှာသာ ရနိုင်ရန်အတွက်နဲ့ သူမက တကယ်ပဲ အသီးပင်ကို အဆိပ်ခတ်လိုက်တယ်။ ပစ်မှတ်က ငါးနှစ်ပဲရှိသေးတဲ့ လန်ယွင်တဲ့လေ။ ပြီးတော့ ရှန်းဝမ်ကရော ဘာမှားလို့လဲ။

117 02

ဧကရီမယ်တော်ကြီးက သူမရဲ့ခေါင်းကိုခါယမ်းကာ သက်ပြင်းချလိုက်သည်။

“ဒီလိုရက်စက်တဲ့ နှလုံးသားမျိုးက နန်းတော်ထဲမှာ ရှိမနေသင့်ဘူး”

သူမကစကားပြောပြီးနောက် ဧကရာဇ်ကိုကြည့်ကာ ပြောလိုက်သည်။

“သူမရဲ့ပြစ်မှုတွေအတွက် ပေးဆပ်ဖို့ သူမကို ယွီကျန်းနန်းဆောင်ဆီပို့ဖို့ အမိန့်ချမှတ်ပေးတော်မူပါ။ နတ်ဘုရားတွေကသာ သူမကို ခွင့်လွှတ်နိုင်မယ်ဆိုရင် နောက်ဘဝမှာ လူဖြစ်ဖို့ လုံလောက်ပါလိမ့်မယ်။ နတ်ဘုရားတွေကသာ ခွင့်မလွှတ်ဘူးဆိုရင် သူမကို တိရစ္ဆာန်ပုံစံအဖြစ်ပြောင်းပြီး နွားတွေ မြင်းတွေလို သူမရဲ့အပြစ်တွေအတွက် ပေးဆပ်စေပါလိမ့်မယ်!”

ထိုစကားတွေထွက်လာသည့်အခါ ကိုယ်လုပ်တော်ကျိုးက မြေကြီးပေါ်သို့ လဲကျသွားတော့သည်။

——ယွီကျန်းနန်းဆောင် အဲ့နေရာက ရူးနေတဲ့မိန်းမတွေကို ထိန်းသိမ်းတဲ့နေရာ မဟုတ်လား။ မင်းသာ အဲဒီနေရာကို ရောက်သွားမည်ဆိုလျှင် ထွက်လို့မရတော့ပေ။

သူမက ချက်ချင်းပဲ ငိုကြွေးတော့သည်။

“ဒေါ်လေး ဘယ်လိုလုပ်ပြီး အဲ့လောက်ထိ ရက်စက်နိုင်ရတာလဲ…..”

သို့သော်လည်း ဧကရာဇ်က ပြောလာသည်။

“အမိန့်ချမှတ်မယ်။ ကိုယ်လုပ်တော်ကျိုးမှာ ရက်စက်တဲ့အတွေးတွေရှိပြီး မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားကာ လူ့အသက်ကို ဘာမှမဟုတ်သလို သတ်မှတ်ထားတယ်။ တော်ဝင်မိသားစုရဲ့ ဂုဏ်အသရေနဲ့ ချန်အန်းမြို့စားရဲ့ ဂုဏ်သိက္ခာကိုလည်း စော်ကားသေးတယ်။ ကိုယ်လုပ်တော်ကို ချက်ချင်းပဲ နန်းချပြီး သူမကို သူမရဲ့အပြစ်တွေကို ပေးဆပ်ဖို့အတွက် ယွီကျန်းနန်းဆောင်ကို ပို့ဆောင်စေ”

ထိုအသံဆုံးသွားပြီးနောက် တစ်ယောက်ယောက်က ဟောခန်းမထဲဝင်လာကာ ချက်ချင်းပဲ သူမကို ဆွဲထုတ်သွားတော့သည်။

…

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး ယွီဝိန်းလန်က ဧကရီမယ်တော်ကြီးကိုကြည့်ကာ တစ်ခုခုပြောချင်နေခဲ့သည်။

—သူဟာ ဧကရီမယ်တော်ကြီးက ကိုယ်လုပ်တော်ကျိုးကို ယွီကျန်းနန်းဆောင်ကိုတန်းပြီး ပို့လိမ့်မည်ဟု တကယ်ကို မျှော်လင့်မထားပေ။ ဧကရီမယ်တော်ကြီးက အလွန်ဆုံးမှ ကိုယ်လုပ်တော်ကျိုးကို ရာထူးချဖို့ ရည်ရွယ်ထားမည်ဟု ထင်ခဲ့တာပင်။ သူက ဧကရီမယ်တော်ကြီးနောက်ကို လိုက်ကာ သူမကိုပြင်းထန်စွာ အပြစ်ပေးဖို့ အသင့်ပြင်ထားခဲ့ပေသည်။

သူဟာ ဧကရီမယ်တော်ကြီးက သူမရဲ့အဆင့်အတန်းကို ဒီလိုမျိုးဖော်ပြလိုက်လိမ့်မယ်လို့ တကယ်ကို မျှော်လင့်မထားပေ။ ကြည့်ရသည်မှာ သူမက ကိုယ်လုပ်တော်ကျိုးအတွက် တကယ်ကို မျှော်လင့်ချက် ကင်းမဲ့သွားပြီထင်သည်။

သို့သော်လည်း ယခုလိုမျိုးဆုံးဖြတ်ချက်က ကျိုးမိသားစုကို သေချာပေါက် လှုပ်ခါလိုက်မည်

ဖြစ်သည်။ ပြီးတော့ ဧကရီမယ်တော်ကြီးကလည်း ဖိအားတွေအများကြီးကို သေချာပေါက် ခံစားနေရမည်ပင်။

ထို့ကြောင့် သူဟာ ဧကရီမယ်တော်ကြီးကိုနှစ်သိမ့်ရန် တစ်ခုခုကိုပြောဖို့ စီစဉ်ထားခဲ့သည်။

ဘယ်အရာက သင့်တော်တဲ့စာကြောင်းတစ်ကြောင်း မတွေးနိုင်လို့လဲ။ ဒါပေမဲ့ ဧကရီမယ်တော်ကြီးရဲ့ သက်ပြင်းချသံကို ကြားလိုက်ရသည်။

[ငါ့ဘဝရဲ့တစ်ဝက်တာကို ဘာအတွက်နေခဲ့တာလဲ?]

….

~~~

117 03

ထိုအချိန်မှာပဲ ကန်လုနန်းဆောင်တွင် ယန်ရှုက စစ်စတန်နောက်ကိုလိုက်ကာ ဖြစ်စဉ်တစ်ခုလုံးကို နားလည်အောင် ကြိုးစားနေကာ မနေနိုင်ပဲ ကျစ် ကျစ်ဟု ထပ်လုပ်လိုက်သည်။

— —မသေဖို့ဆိုတာက ဘာကိုဆိုလိုတာလဲ ကိုယ်လုပ်တော်ကျိုးက အကောင်းဆုံးဥပမာပဲ

သို့သော်လည်း ဧကရီမယ်တော်ကြီးက တကယ်ပဲ သူမရဲ့တူမကို ယွီကျန်းနန်းတောင်ကိုပို့ဖို့ ကမ်းလှမ်းတယ်ပေါ့လေ ကြည့်ရတာ သူမရဲ့သွေးရင်းမိသားစုအတွက် မျှော်လင့်ချက် မရှိတော့တဲ့ပုံပဲ။

သူမနဲ့သခင်မမုရဲ့ဆက်ဆံရေးက တကယ်ပဲစစ်မှန်တယ်ဆိုတာကို တွေ့နိုင်တာပဲ။

သို့သော် စစ်စတန်က ပြောလာသည်။

[အဆုံးမှာ ဧကရီမယ်တော်ကြီးက သူမရဲ့ကိုယ်ပိုင်သွေးသားကို ဆုံးရှုံးလိုက်ရတော့ သူမရဲ့အနာကျင်ရဆုံးအချိန်မှာ သခင်မမုကသာ သူမဘေးမှာရှိနေခဲ့ပြီး သူမကိုစိတ်ရင်းနဲ့ တွေးပေးခဲ့တယ်။ သူမရဲ့သွေးရင်းမိသားစုက အစ်ကိုတွေနဲ့ အသ်မတွေက ရင်းနှီးတဲ့ဆွေမျိုးတွေပဲ ဒါပေမဲ့ သူတို့တွေက သူတို့ရဲ့ကိုယ်ပိုင် ကြွယ်ဝမှုနဲ့ ဂုဏ်အသရေကိုပဲ အာရုံစိုက်တယ်]

ယန်ရှုက သက်ပြင်း ချလိုက်သည်။

လွန်လွန်းတယ်။ တွေးကြည့်လိုက်ချိန်မှာ ချန်အန်းကုန်းရဲ့အိမ်ကသာ ဧကရီမယ်တော်ကြီးကို ဆွေမျိုးတစ်ယောက်အဖြစ် တကယ်ပဲ အသိအမှတ် ပြုတယ်ဆိုရင် သမီးတစ်ယောက်ကို ကောင်းကောင်းမွန်မွန် ပျိုးထောင်ပေးပြီး နန်းတော်ထဲကိုပို့ကာ ဧကရီမယ်တော်ကြီးရဲ့ညာလက်ရုံးဖြစ်အောင် လေ့ကျင့်ပေးသင့်သည်။

ကိုယ်လုပ်တော်ကျိုးကို ပျိုးထောင်ပေးတဲ့ သူတို့ရဲ့ အလေ့အကျင့်ကောင်းကိုပင်မပြောနှင့် နန်းတော်အပြင်ဘက်မှာ သူတို့တွေက လက်ဖွာပြီးရင်း လက်ဖွာကာ အသုံးအဖြုန်းလည်း ကြီးကြပေသည်။ သုံးယောက်မြောက် လေး ငါး ခြောက်ယောက်မြောက် စသဖြင့်ယူကြကာ ဘောလုံးအသင်းတစ်သင်းစာတောင် ရှိပေတော့မည်။

နန်းတော်ထဲမှာ ခံစားနေရတဲ့ အမျိုးသမီးတစ်ယောက်ကို ပတ်ပတ်လည်ကနေ ကစားနေကြတာ တကယ်ကို ဂုတ်သွေးစုတ်တတ်တဲ့ သွေးစုတ်ကောင်တွေပင်!

ကျစ် ဒီလိုတွေးလိုက်တော့လည်း ဧကရီမယ်တော်ကြီးက အတော်လေး သနားစရာကောင်းတာပဲ။ သခင်မမုက ဘာပဲဖြစ်ဖြစ် သူမရဲ့ကလေးကိုလည်း ကယ်လိုက်နိုင်ပြီး သူ့ရဲ့ယောက်ျားကလည်း အခုပြန်လာပြီ သူတို့ရဲ့သမီးဖြစ်သူ မြန်မြန်ပြန်ကောင်းလာဖို့ စောင့်ချင်နေပြီ။ ဒါမှ မိသားစုက တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုပြီး ပျော်ရွှင်ဖွယ် အဆုံးသတ်လေးရှိမှာ။

ကောင်းပြီလေ သူတို့ကို ကူညီပေးလိုက်ဖို့ဆိုရင် သူမအတွက် တစ်ခုခုကို အလေးအနက်ထားပြီး လုပ်ရမဲ့အချိန်ပဲ ။

ထို့ကြောင့် သူမအခုလေးတင် ပြန်ရေးထားတဲ့ ဇာတ်ညွှန်းကို အလျင်အမြန် အခြောက်ခံလိုက်ကာ ရန်တုန်းကို ပြောခိုင်းရန် အမိန့်ပေးလိုက်သည်။

“ဒါကို အရှင်မင်းကြီးဆီ ပို့လိုက်။ ပညာရှိကျိုးဆီပို့ပေးဖို့ သူ့ကို ငါက တောင်းဆိုလိုက်တယ်လို့သာ လျှောက်တင်လိုက်ပါ။ ပြီးတော့ ဇာတ်ညွှန်းကို မြန်မြန်လေး ထုတ်ဝေခိုင်းလိုက်ပါလို့”

ရန်တုန်းက အလုပ်များသွားကာ။ ဇာတ်ညွှန်းကို ချန်းမင်နန်းတောင်ဆီ ယူသွားတော့သည်။

ထို့နောက် တစ်နာရီရဲ့လေးပုံနှစ်ပုံကြာချိန်မှာ သနားစရာပညာရှိကျိုးက နောက်ဆုံးမှာတော့ ကြာရှည်စွာ စောင့်ဆိုင်းနေခဲ့ရသည့် အသက်ကယ်မဲ့ ဇာတ်ညွှန်းကို ရရှိသွားတော့သည်။ အဲဒါကိုဖတ်ပြီးနောက် သူကမျက်ရည်တွေကျကာ စာအုပ်ရောင်းသူတွေဆီကို ပေးလိုက်တော့သည်။ နောက်ဆုံးမှာတော့ သူ့ရဲ့ကြာရှည်စွာစောင့်ဆိုင်းနေခဲ့ရသည့် အိမ်သို့ ပြန်သွားတော့သည်။

~~~~

အံ့ဩစရာမရှိစွာပဲ သခင်လေးရှောင်ယောင်ရဲ့ စာအုပ်အသစ်က ထုတ်ဝေလိုက်သည်နှင့် ကြီးကျယ်တဲ့ ဂယက်ရိုက်မှုကို ထပ်မံ မြင့်တက်လာစေတော့သည်။

အဆုံးမှာ စာအုပ်အသစ်ထုတ်ဝေဖို့ ဒီလောက်ထိအကြာကြီး စောင့်ဆိုင်းပြီးချိန်မှာတော့ အကြာကြီးစောင့်ဆိုင်းနေခဲ့ရသည့် စာဖတ်သူတွေက သူတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ ပိုက်ဆံတွေကို ပုံအောပြီး ဖွင့်ထုတ်လိုက်တော့သည်။ နေ့ဝက်အတွင်းမှာပဲ စာအုပ်ရောင်းသမားရဲ့နေရာမှာတင် ရောင်းကုန်သွားပြီး စာအုပ်ဆိုင်ပေါင်းများစွာက တစ်ညလုံးပြန်ပြီး ပုံနှိပ်ကာ လိုအပ်ချက်ကိုကျော်လွန်နိုင်ရန် ဖြည့်ဆည်းနေကြပေသည်။

ပုံပြင်ကိုဖတ်ဖို့ ယှဉ်ပြိုင်ပြီးနောက် လူတိုင်းက သူ့ရဲ့ထူးခြားဆန်းကြယ်တဲ့ ဇာတ်အိမ်ကြောင့် စိတ်လှုပ်ရှားသွားကာ အဓိကဇာတ်ကောင်နဲ့အတူ နက်ရှိုင်းစွာ ကိုယ်ချင်းစာမိကြသည်။

နောက်ဆုံးပိုင်းက မိသားစုရဲ့ ပြန်လည်စုံစည်းမှုကို ဖတ်ပြီးသည့်အခါ လူအများစုက မျက်ရည်ကျမျကြသည်။

ဒါပေမဲ့ လမ်းကြိုလမ်းကြားထိအောင် ထိုပုံပြင်အား စိတ်အားထက်သန်စွာနဲ့ ဆွေးနွေးနေကြပေမဲ့ အဓိကဇာတ်ကောင်အား အခုထိသတိမပြုမိကြသေးပေ

——

နှသ်ရက် သုံးရက်ကြာအောင် အားဖြည့်ပြီး နောက်မှာတော့ နိရှန်းဝမ်ရဲ့ခန္ဓာကိုယ်ဟာ အလုံးစုံသက်သာသွားတော့သည်။

သမားတော်ကျန်းရဲ့အမြင်နဲ့ တိုင်ပင်ဆွေးနွေးပြီး နောက်မှာတော့ သခင်မမုက နောက်ဆုံးမှာ သူမရဲ့ဘဝအတွေ့အကြုံကို ဂရုတစိုက်နဲ့ ဖော်ထုတ်လာသည်။

ပထမတော့ မိခင်ဖြစ်သူက သူမရဲ့ကိုယ်ပိုင်သွေးသားက သူမကိုမုန်းတီးသွားပြီး အဲ့ဒီအစား မကျေမချမ်း ဖြစ်နေမှာကို အရမ်းကိုစိုးရိမ်နေခဲ့ပေသည်။

117 04

မမျှော်လင့်ထားစွာနဲ့ ကလေးမလေးက ဘာဆင်ခြေမှ အတွန့်မတက်ပဲ အဲ့ဒီအစား သူမရဲ့လက်မောင်းတွေထဲမှာ ပြုံးကာ

“သမီးက နောက်ဆုံးတော့ အမေ့ကို အမေလို့ ခေါ်နိုင်ပြီ ဒါက သမီးငယ်ငယ်လေးကတည်းက မက်ခဲ့ရတဲ့အိမ်မက်တစ်ခုပါ။ အခုတောင် ပျော်ရွှင်ဖို့ နောက်ကျလွန်းနေပြီကို ဘယ်လိုလုပ်ပြီး မုန်းပါ့မလဲ?”

သခင်မမုက မျက်ရည်တွေနှင့် ပြုံးလိုက်ကာ နောက်ဆုံးမှာတော့ အဖေဖြစ်သူနဲ့သမီးကိုတွေ့ပေးဖို့ မေးမြန်းရဲသွားပြီ ဖြစ်သည်။

ထိုအချိန်မှာပဲ ပင်လယ်ပြင်မှာ မုန်တိုင်းတွေကို အသားကျနေပြီးသားဖြစ်တဲ့ ကျုံးတုစစ်က လမ်းပျောက်နေပေသည်။ ဒါပေမဲ့ ဆယ့်သုံးနှစ်အရွယ် သမီးဖြစ်သူက လက်ဦးမှုယူကာ သူ့ကို ဂရုတစိုက်နှင့် ကြည့်လာပြီးနောက် “အဖေ” ဟု ခေါ်လိုက်သည်။

“အဖေက အရမ်းကိုအရပ်ရှည်ပြီး ရဲစွမ်းသတ္တိရှိတာပဲ တစ်ချက်ကြည့်လိုက်တာနဲ့ သူရဲကောင်းတစ်ဦးဆိုတာကို ပြောနိုင်တယ်”

ကျုံးရှင်းဟိုင်ရဲ့မျက်လုံးတွေက ပူနွေးလာပြီး စိတ်ခံစားချက်တွေနဲ့ ပြည့်နှက်သွားကာ သူက ပြောရုံသာ တတ်နိုင်ပေသည်။

“အဖေက သမီးနဲ့ ဆယ်နှစ်ထက်မနည်း လွဲချော်ခဲ့တာကို ဘယ်လိုလုပ်ပြီး သူရဲကောင်းလို့ ခေါ်နိုင်မှာလဲ”

ကလေးမလေးက ရယ်မောလိုက်ကာ

“ဒါဆိုရင် အနာဂတ်မှာ သမီးအတွက် ပြင်ဆင်ခွင့်ပေးဖို့ အဖေ့ကိုအပြစ်ပေးမယ်လေ”

သူမက စကားပြောပြီးနောက် သူမအဖေရဲ့မျက်ရည်တွေကိုသုတ်ဖို့ ကူညီပေးလိုက်ကာ လက်ဦးမှုယူကာ သူ့ကို ဖက်လိုက်သည်။

….

နောက်ရက်အနည်းငယ်မှာတော့ ကလေးမလေးဟာ သူမရဲ့အဖေဖြစ်သူကို မေးခွန်းတွေမေးရန် အပူကပ်ကာ အဖေနှင့်သမီးက အရမ်းကိုမှ အဆင်ပြေနေကြသည်။

သခင်မမုရဲ့နှလုံးသားက မြေမြင်အထိ ပျော်ကျသွားပြီး အချိန်ယူပြီး ဧကရီမယ်တော်ကြီးဆီကို လာကာ သူမရဲ့စိတ်ကို ဖော်ပြလာသည်။

“ဒီဇနီးဖြစ်သူအတွက် ဧကရီမယ်တော်ကြီးက ဘာတွေလုပ်ပေးထားသလဲဆိုတာကို သိပါတယ် သူမလှုပ်ရှားနိုင်ပေမဲ့ သူမကိုပြန်ပြီး မပေးဆပ်နိုင်သေးပါဘူး။ အခု ဝမ်အာလည်း နေပြန်ကောင်းလာပြီဆိုတော့ ဒီဇနီးဖြစ်သူမှာ ဘာစိုးရိမ်ပူပန်မှုမှ မရှိတော့ပါဘူး ။ကျေးဇူးပြုပြီး ဒီဇနီးဖြစ်သူကို တောထွက်ပြီး တရားအားထုတ်ခွင့်ပြုပါ ဧကရီမယ်တော်ကြီး”

ဒီလိုနည်းနဲ့မှသာ သူမသူငယ်ချင်းဖြစ်သူရဲ့မျက်နှာကို ကာကွယ်နိုင်ပြီး သူမရဲ့သားဖြစ်သူကို အာဏာကနေ လွတ်ကင်းအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။

သို့သော် ဧကရီမယ်တော်ကြီးက သူမရဲ့ရူးမိုက်မှုအတွက် ဆူပူလာသည်။

“လူကိုအခုပဲ ရှာတွေ့တယ်။ ကလေးကလည်း သက်သာသွားပြီ။ ဒီတစ်ကြိမ် အိမ်ပြန်ပြီး ဘာလုပ်မလို့လဲ။ နင့်နှလုံးသားထဲမှာ သူ ရှိနေသေးတယ်ဆိုတာကို ငါမြင်နေရတယ်။ သူ့နှလုံးသားထဲမှာလည်းပဲ နင်ရှိနေတယ်။ အဲဒါကြောင့် ငါကငါ့အလုပ်ငါ လုပ်ခဲ့ရုံပဲ။ ရှန်းဝမ်ကို ပြည့်စုံတဲ့ မိသားစုလေးတစ်ခု ပေးလိုက်ပါ။ ပြီးတော့ မုဆိုးမတစ်ယောက်အတွက်ကလည်း ပြန်ပြီးလက်ထပ်ဖို့ မခဲယဉ်းပါဘူး”

သခင်မမုက သက်ပြင်းချလိုက်သည်။

“လူတွေရဲ့စကားလုံးတွေက ကြောင်စရာကောင်းပါတယ်။ ကမ္ဘာပေါ်က လူတွေက ဒီမှုးမတ်ဖြစ်သူရဲ့ဇနီးကို အရှက်မရှိဘူးလို့ စွပ်စွဲကြမှာကို စိုးမိပါတယ်”

မမျှော်လင့်ထားစွာနဲ့ ဧကရီမယ်တော်ကြီးက သူမကို ဇာတ်ညွှန်းတစ်ခု ထုတ်ပေးလာကာ အပြုံးတစ်ပွင့်နဲ့ ပြောလာသည်။

“ဘယ်လိုလုပ်ပြီး ကမ္ဘာပေါ်ကလူတွေက နင့်ကို ဝေဖန်အကဲဖြတ်ကြမှာလဲ။ ဒါက လွန်ခဲ့တဲ့ရက်အနည်းငယ်က ထုတ်ဝေခဲ့တဲ့ ပုံပြင်အသစ်ပဲ။ လာပြီးတော့ တစ်ချက်ကြည့်ကြည့်”

စာအုပ်အကြောင်းပြောနေတာလား။

သခင်မမုက ဘာလို့လဲဆိုတာကို မသိတဲ့အတွက် ယူပြီး ဖတ်ကြည့်လိုက်သည်။

သို့သော်လည်း သူမကြည့်လေလေ သူမရဲ့မျက်နှာက နီရဲလာလေလေပင်။ နောက်ဆုံးမှာတော့ သူမရဲ့မျက်နှာကို ကာလိုက်ကာ ပြောလာသည်။

“ဒါ ဒါ ဒါက…..ဒါကဒီမှုးမတ်ရဲ့ဇနီးသည်အကြောင်း မဟုတ်လား။တကယ်ကိုပဲ ရှက်ဖို့ကောင်းလွန်းတယ်”

117 05

ဧကရီမယ်တော်ကြီးက ရယ်မောကာ ပြောလာသည်။

“ဘာရှက်စရာရှိလို့လဲ။ အမှန်အတိုင်းပြောရရင် ဧကရာဇ်က တစ်ယောက်ယောက်ကို ဒီစာအုပ်ကို ရေးခိုင်းခဲ့တာ ပုံပြင်ကဘယ်လိုဇာတ်သိမ်းသွားသလဲဆိုတာကို ကြည့်ပြီးတော့ ဧကရာဇ်ရဲ့သဘောထားကို တွေ့နိုင်တာပဲ။ အပြင်ဘက်က လူတွေအားလုံးက ဒီပုံပြင်ကို လေးစားအားကျနေကြတာ။ လူတွေအများကြီးက နင့်အတွက် ငိုကြွေးကြတယ်။ ဒါက နင်ဆိုတာကို မသိဘူးဆိုတာကို မပြောနဲ့ဦး။ သူတို့တွေ သိခဲ့ရင်တောင် နင့်ရဲ့အခက်အခဲတွေကို ပိုပြီးတော့ စာနာပေးနိုင်ကြဦးမှာ”

သခင်မမုက တစ်ခဏခန့် တွေးတောလိုက်ကာ ဆိုတော့ ကမ္ဘာကြီးကရော အဲဒီလိုထင်တယ်တဲ့လား။

ဧကရီမယ်တော်ကြီးက ရယ်မောလိုက်ကာ ပြောလိုက်သည်။

“အဲဒါကြောင့် ဘာကိုမှစိုးရိမ်နေစရာမရှိဘူး။ ကလေးကတောင် နင့်ထက်ပိုပြီး ထောက်ထားညှာတာ တတ်သေးတယ်။ မနေ့က သူကနန်းတော်ကို လာပြီး အိုက်ကျားကိုပြောတယ်။ သူက နင်နဲ့ကျုံးရှင်းဟိုင်ကို ဆန္ဒတွေဖြည့်ဆည်းပေးချင်တယ်တဲ့ အဲ့တာမှ အားဝမ်ကလည်း ဂုဏ်သိက္ခာရှိတဲ့ ကိုယ်ရေး အချက်အလက်ကိုရမှာတဲ့လေ”

—အမှန်ပင်ဖြစ်သည် သူ့ရဲ့ညီမဖြစ်သူက ဒီရက်ပိုင်းမှာ ရုတ်တရက်ကြီး အပြင်းအထန်နေမကောင်းဖြစ်သွားပြီး ကျန်းဟိုင်ဟုန်စံအိမ်ရဲ့သခင်အသစ် နိရှန်းရိကလည်း ထိုအကြောင်းကို မသိစရာမရှိပေ။ အထူးသဖြင့် သူမကူညီနိုင်တာကို တွေ့တဲ့အခါ ပိုပြီးတော့တောင် စိုးရိမ်ပူပန်လာသေးသည်။

ပြီးတော့ သူ့ရဲ့ညီမလေး အန္တရာယ်ကနေ လွတ်ကင်းသွားချိန်မှာလည်း သူသည်လည်း အမှန်တရားကို သိသွားတော့သည်။

အစက သူ့နှလုံးသားဟာ အလွန်တရာကို ရှုပ်ထွေးနေပေမဲ့ မနေ့က သခင်လေးရှောင်ယောင်ရဲ့ ဇာတ်လမ်းကို ဖတ်ပြီးချိန်မှာတော့ ထိုလူငယ်လေးက ရုတ်ချည်းပဲ အလင်းပွင့်သွားကာ သူ့အမေကို ကူညီပေးရန် ဧကရီမယ်တော်ကြီးအား လာရောက်တောင်းဆိုတော့သည်။

ထိုအချိန်မှာ သခင်မမုက အံ့အားသင့်သွားပြီး အဲဒါကို ကြားလိုက်ရချိန်မှာတော့ သူမက အရမ်းကို စိတ်လှုပ်ရှားသွားကာ မတတ်နိုင်ပဲ မျက်ရည်တို့ ကျဆင်းလာတော့သည်။

သူမက ဧကရီမယ်တော်ကြီးနှင့်အတူ သက်ပြင်းချလိုက်ကာ

“ဒီဇနီးဖြစ်သူက ဒီလိုကလေးကောင်းလေးနှစ်ယောက်ကို ပျိုးထောင်ထားရတာက ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ”

ဧကရီမယ်တော်ကြီးကလည်း ရယ်မောလိုက်ပြီး

“ဘာလို့လဲဆိုတော့ နင့်ရဲ့ကောင်းမွန်တဲ့ ပညာပေးသင်ကြားမှုကြောင့်ပဲ မဟုတ်လားဆိုတော့ အရမ်းကြီးမစိုးရိမ်နဲ့ အိုက်ကျားက နင့်အတွက် လက်ထပ်မိန့် သီးသန့်ချမှတ်ပေးမယ်၊ ဘယ်သူက ဘာပြောရဲသလဲဆိုတာကို ကြည့်ကြည့်ရအောင်?”

ထိုစကားတွေ ထွက်လာသည့်အခါ သခင်မမုက သွေးတွေ စိမ့်ထွက်လာသလို ရှက်သွေးဖြာသွားပြီး ရှက်ရွံ့စွာပြုံးလိုက်သည်။

“အသက်ကဖြင့်ကြီးနေတော့မှ လက်ထပ်မိန့်ကို ဘာလိုလိုချင်နေတော့မှာလဲ။ ဧကရီမယ်တော်ကြီးက မစိုးရိမ်ပါနဲ့။ ဒီဇနီးဖြစ်သူ မင်ကျိုးကိုရောက်မှ အဲ့အကြောင်းကို ပြောကြတာပေါ့”

ဆွေးမျိုးတွေနဲ့ မိတ်ဆွေတွေကို ရိုးရိုးရှင်းရှင်းအသိပေးတာက ပိုကောင်းလိမ့်မည်ပင်။

သူမစကားပြောပြီးနောက် ဆက်ပြောလိုက်သည်။

“ဧကရီမယ်တော်ကြီးကို အနှောက်အယှက်ပေးနေတာ အတော်လေး ကြာနေပါပြီ။ အခုက ဒီဇနီးသည် မင်ကျိုးကိုပြန်ဖို့ အချိန်ကျရောက်လာပါပြီ”

အဆုံးမှာ ကိုင်တွယ်စရာမိသားစုကိစ္စတွေ အများကြီးရှိသေးသည်ပင် သားဖြစ်သူက ပြန်သွားပြီး ကျန်းဟိုင်စံအိမ်ရဲ့မြို့စားအဖြစ် ဆက်လက်ထမ်းရွက်ရမည်ပင်။

သူမပြောတာကို ကြားလိုက်သည့်အခါ ဧကရီမယ်တော်ကြီးကလည်း ခေါင်းညိတ်ပြလိုက်သည်။

“အဲဒါ ကောင်းပါတယ်။ နင့်အပေါ်မှာပဲ မူတည်တယ်။ ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးကလည်း လာမဲ့ရက်အနည်းငယ်အတွင်း ကျင်းမင်ရေကန်မှာ ရေနဲ့သရုပ်ဖော်ပြပွဲကျင်းပမှာဆိုတော့ နင်တို့တွေ အမှီကြည့်ဖို့က ရှားပါးတယ်။ ဆိုတော့ရှန်းဝမ်ကိုပါ ကြည့်ဖို့ မေးလိုက်ရအောင် သွားကြစို့”

ပြောမှပင် နှစ်စဉ်နှစ်တိုင်းမှာ တော်ဝင်ညီလာခံက နဂါးလှေပွဲတော် ဝန်းကျင်မှာ ရေသရုပ်ဖော်ပြပွဲကို ကျင်းပပေသည်။

ဒါစာ လပြက္ခဒိန်ရဲ့ ဆယ့်နှစ်လပိုင်း ဆယ့်ငါးရက်မြောက်နေ့မှာကျင်းပတဲ့ ရေခဲပြပွဲလိုပင် ဒါကို သရုပ်ဖော်ပွဲဟုခေါ်ပြီး တကယ်တမ်းတော့ သင်္ဘောသားတွေရဲ့ စစ်ရေးသရုပ်ပြပွဲ ဖြစ်သည်။

သေချာပေါက်ပင် ဒီနှစ်မှာ ဧကရာဇ်က လူအင်အားကို ရည်ရွယ်ချက်ရှိရှိ တိုးမြှင့်လိုက်ပြီး ဧကရီမယ်တော်ကြီးအား ပျော်ရွှင်စေရန် စစ်မက်ရေးရာ ရုံးတော်ကို စီမံချက်အသစ်ပေါင်းများစွာ ထပ်ထည့်ခိုင်းထားသည်။

117 06

အဆုံးမှာ ဒီတစ်ခေါက် ဧကရီမယ်တော်ကြီးရဲ့ မွေးနေ့ပွဲဟာ မငြိမ်းချမ်းခဲ့ပေ။

ထို့အပြင် ယခင်က ရေခဲပြပွဲမှာလည်း သူမက မြင်ကွင်းကို မကြည့်နိုင်ခဲ့ပေ။

ထို့ကြောင့် ဒီတစ်ကြိမ်မှာ ပြင်ပြီးပြင်ဆင်ပေးဖို့ပင်။

သေချာပေါက် ရေသရုပ်ပြပွဲတော်ဟာ လူတိုင်းဆင်နွှဲကြတဲ့ ပျော်ပွဲရွှင်ပွဲတစ်ခုပင်။ အထူးသဖြင့် ကလေးငယ်တွေဖြစ်သည်။

နိမိသားစုကကလေးမလေးရဲ့ မြို့တော်ဆီသို့ခရီးဟာ အနိမ့်အမြင့်တွေနှင့်ဟု ဖော်ပြနိုင်ပေသည်။ အကယ်၍ သူမရဲ့မျက်လုံးတွေကိုသာ အစာကျွေးနိုင်ပြီး မင်ကျိုးကို ပြန်သွားမည်ဆိုလျှင် ဧကရီမယ်တော်ကြီးက ပိုပြီးတော့ ခံစားရတာ ကောင်းမွန်ပေလိမ့်မည်။

ဒါကိုကြားလိုက်ရချိန်မှာ သခင်မမုရဲ့မျင်လုံးတွေက လင်းလက်သွားပြီး ချက်ချင်းပဲ ကောင်းပြီဟု ပြောလိုက်သည်။

~~~~

ပုံပြင်စာအုပ်က ကျော်ကြားသွားပြီး ဇာတ်ကောင်မှာလည်း ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်သိမ်းတစ်ခု ရရှိသွားကာ ယန်ရှုသည်လည်း အရမ်းကိုပျော်ရွှင်သည်ဟု ခံစားရပေသည်။

အထူးသဖြင့် နှစ်ရက်အတွင်းမှာ ရေသရုပ်ဖော်ပြပွဲကို ကြည့်ရမည်ဖြစ်ပြီး မျှော်လင့်စောင့်စားချက်အပြည့် ဖြစ်နေပေသည်။

အချုပ်ပြောရလျှင် ယွီဝိန်းလန်ရဲ့စိန်ထဲမှာ တစ်ခုခုရှိနေပုံရသည်။

ထိုနေ့က အိပ်ရာမဝင်ခင်မှာ ယန်ရှုကမနေနိုင်ဘဲ သိချင်သွားရသည်။

“အရှင်မင်းကြီး ဘာကိစ္စလဲဟင်။ အရှင်မင်းကြီးကို စိတ်အနှောက်အယှက်ပေးနေတဲ့ တစ်ခုခုများ ရှိနေလို့လား?”

ကျစ် မင်းသိရမည်က သူဟာ စိတ်ခံစားချက်နဲ့ ဒေါသကို မပြသနိုင်တဲ့လူဆိုတာပင်။ သူ့မျက်နှာပေါ်မှာ စိတ်ခံစားချက်ကို တွေ့ရမည်က တကယ့်ကို ကိစ္စကြီးတစ်ခုပင်။

ယွီဝိန်းလန်ရဲ့စိတ်ထဲမှာ သေချာပေါက် ကိစ္စတစ်ခုရှိနေပေသည်။

အဆုံးမှာ ယန်ရှုကလည်း အပြင်လူမဟုတ်သည့်အပြင် သူမ မေးလာတာကို ကြားလိုက်ရချိန်မှာတော့ သူကပြောလိုက်သည်။

“ကိုယ်လုပ်တော်ကျိုးဆီမှာ ဖြစ်သွားတဲ့ကိစ္စပြီးတဲ့နောက် ချိန်အန်းမှုးမတ်ဆီကနေ ဧကရီမယ်တော်ကြီးအပေါ်ကို တိုင်ကြားချက်တွေအများကြီး ရှိလာတယ်။ ဧကရီမယ်တော်ကြီးကအပေါ်ယံမှာ ဘာမှမပြောရင်တောင် သူမ စိတ်ဓာတ် ကျနေလောက်တယ်။ ဧကရီမယ်တော်ကြီးကို ပိုပြီးတော့ပျော်ရွှင်လာအောင် ဘယ်လိုမျိုးချော့ရမလဲလို့ တွေးနေတာ”

အဆုံးမှာ ဒီအမေနှင့်သားဖြစ်သူတို့က တစ်ယောက်နှင့်တစ်ယောက် သတိထားလာကြသည်မှာ နှစ်နှစ်ဆယ်ထက်မနည်း ရှိနေပြီဖြစ်ပြီး သူတို့တစ်ဦးချင်းစီမှာ ကိုယ်ပိုင်အတွေးတွေ ရှိကြသည်။ သို့သော် သူက ဧကရီမယ်တော်ကြီးအတွက် ခင်တွယ်မှု ရှိနေဆဲဖြစ်သည်။

အထူးသဖြင့် ဧကရီမယ်တော်ကြီးက သူ့ကို ပျိုးထောင်ပေးပြီး နတ်ဘုရားတို့ရဲ့ထီးနန်းကို ရရှိနိုင်အောင် ကူညီပေးခဲ့သည်။ သူမရဲ့ကိုယ်ပိုင်အရာတွေအတွက် ကာကွယ်ချင်ခဲ့ပေမဲ့ ထိုအရာတွေက သိပ်မများပေ။

သူသာ အမေနှင့်သားဆက်ဆံရေးကို သင့်တင့်လျေက်ပတ်စွာ ထိန်းသိမ်းနိုင်မည်ဆိုလျှင် သူကထိုသို့လုပ်ဖို့ ဆန္ဒရှိနေဆဲပင်။

စကားတွေဆုံးသွားသည့်အခါ ယန်ရှုက သူမရဲ့စိတ်ထဲမှာ ကျစ် ကျစ်ဟု လုပ်လိုက်သည်။

[ဧကရီမယ်တော်ကြီးကို ပျော်ရွှင်အောင် လုပ်ပေးချင်တယ်လား၊ အဲ့လောက် မလွယ်ဘူး။ ကျုံးကျိနန်းဆောင်ရဲ့စာသင်သားကို ပြန်ခေါ်လိုက်ပြီး ဧကရီမယ်တော်ကြီးရဲ့ ဒုတိယနွေဦးကို ပြန်ပြီးဖြည့်ဆည်းပေးလိုက်လေ]

ယွီဝိန်းလန် “???”

သေချာပေါက်ပင် ယန်ရှုက ထိုအကြောင်းကို သူမရဲ့စိတ်ထဲမှာသာ တွေးတောရဲသည်။ ပြီးတော့ သူမက ထိုသို့ ပြောရုံသာ တတ်နိုင်ပေသည်။

117 07

“ဧကရီမယ်နော်ကြီး အမြင်ချင်ဆုံးကတော့ အရှင်မင်းကြီးရဲ့ သားသမီးဝတ္တရားကျေပွန်မှုပါပဲ၊ တိုင်းပြည်ကအေးချမ်းနေပြီး ပြည်သူတွေကလည်း လုံခြုံတယ် အဲတော့ အရာရာအတွက် စိုးရိမ်မှု လျော့နည်းမှာပါ။ ဘာလို့ အရှင်မင်းကြီးက အနာဂတ်မှာ လှုပ်ရှားမှုတွေကို ပိုပြီးမစီစဉ်တာလဲ။ အဲဒါမှ သူမက ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို မကြာခဏတွေ့နိုင်ပြီး လူတွေနဲ့ စကားစမြည် ပြောလို့ရမှာလေ”

ထိုစကားတွေထွက်လာသည့်အခါ ယွီဝိန်းလန်က တစ်ခဏခန့်စဉ်းစားလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အဓိပ္ပာယ်ရှိသားပဲ”

သူကစကားပြောပြီးနောက် ရုတ်တရက်ပဲ ထပ်မံပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။

“ဧကရီမယ်တော်ကြီးက ထပ်ပြီးတော့ မြေးတော်တချို့ လိုချင်နေတုန်းပဲ ဖြစ်ရမယ်၊ ပြီးတော့ ကိုယ်လည်း ဒီကိစ္စကို မင်းအပေါ်မှာပဲ ယုံကြည်ထားနိုင်တော့တယ်”

သူက စကားပြောပြီးနောက် သူက လှည့်လိုက်ကာ သူမကို လဲချလိုက်တော့သည်။

….

သေချာပေါက်ကိုပင် တစ်ညလုံး အနိမ့်အမြင့်နဲ့စီး မြောလိုက်ကြသည်။

နောက်တစ်နေ့ သူမနိုးလာချိန်မှာတော့ ယွီဝိန်းလန်က ညီလာခံကိုသွားပြီ ဖြစ်သည်။

ယန်ရှုက ပျင်းရိစွာနဲ့ တစ်ဖက်ကို လှည့်လိုက်ပြီး မနက်စာအတွက် အိပ်ရာကနေ ထတော့မည့်အချိန်မှာပဲ စစ်စတန်ပြောလာသည်ကို ကြားလိုက်ရသည်။

[ဖရဲသီးအသစ်တွေရှိတယ်၊ ဧကရာဇ်ကအခုပဲ တိုင်းပြည်တစ်ဝှမ်းက ကျော်ကြားတဲ့ ကွန်ဖြူးရှပ် ပညာရှိတွေကို နောက်လမှာ မြို့တော်ကိုလာရောက်ဖို့ အတွက် ဖိတ်ကြားဖို့ အမိန့်တော်တစ်ခု ထုတ်ပြန်လိုက်တယ်၊ စုန့်ဟယ်အကယ်ဒမီကနေ ပြန်ပြီးစတင်မယ်တဲ့]

ယန်ရှုက အစကတော့နားမလည်ပေ

[စုန့်ဟယ်အကယ်ဒမီရဲ့ပြန်လည်စတင်ခြင်း၊ ဘယ်လိုဖရဲသီးမျိုးရှိလို့လဲ]

စစ်စတန် [အဲ့ဒီအချိန်တုန်းက ကျုံးကျိဘုရားကျောင်းရဲ့ကြီးကျယ်တဲ့ဆရာသခင်က ဒီတစ်ခေါက် ဖိတ်ကြားတဲ့အထဲမှာ]

ယန်ရှု “……”

******

All Chapters