အခန်း (၁၂၁-၁၂၃)
Vol. 9 Ch. 121-123
121 01
အပိုင်း 121
ယခုအပိုင်းအသေးလေးအပြီးမှာ ရေကန်ထဲက ရေဂီတပွဲနဲ့အကအလှတို့ဟာ ဖျော်ဖြေပြီး ဖြစ်သည်။ ပြီးနောက် ယနေ့ရဲ့အရေးအကြီးဆုံး ကျေနပ်စေမဲ့ ရေထဲက ဖျော်ဖြေပွဲက စတင်တော့မည်ပင်။
ပထမပွဲကတော့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး အဲဒါက နောက်ပိုင်းမျိုးဆက်တွေရဲ့ ရေကူးပြိုင်ပွဲတစ်ခုပင် ဖြစ်သည်။
ယခုအချိန်မှာ ဒါဇင်ပေါင်းများစွာသော စစ်သည်တို့က ရေကန်ထဲက သင်္ဘောကြီးပေါ်တွင် သွားရန်အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။ ပြိုင်ပွဲတစ်ခုလျှင် လူနှစ်ဆယ် ပါဝင်ပေသည်။
မောင်းသံတွေ ဒရမ်သံတွေနှင့်အတူ ပရိတ်သတ်တွေကလည်း အသက်ရှုအောင့်ကာ စိုက်ကြည့်နေကြပေသည်။ ထို့နောက် အရာရှိတစ်ယောက်က အမိန့်ပေးလိုက်သည်နှင့် ထိုစစ်သည်နှစ်ဆယ်ဟာ ရေထဲကို ခုန်ချလိုက်ပြီး ကမ်းခြေဆီသို့ ကူးခတ်သွားကြတော့သည်။
တစ်ခဏကြာပြီးနောက် မောင်းသံနဲ့ ဒရမ်အသံတွေ ထပ်မံထွက်ပေါ်လာပြီး ရေကန်မျက်နှာပြင်ပေါ်က ရေတွေဟာလည်း လှုပ်ရှားရိုက်ခတ်နေကာ စစ်သည်တော်တွေဟာလည်း ငါးတွေကဲ့သို့ ရေထဲမှာ ကူးခတ်နေကြပေသည်။ အပေါ်ကနေ ကြည့်ရသည်မှာ အရမ်းကို သက်ပြင်းမော ချစေနိုင်လောက်သည်။
သခင်မကျူးက မနေနိုင်ဘဲ သူမရဲ့သမီးဖြစ်သူကို သူမရဲ့လေးစားနေမှုအား ခပ်တိုးတိုး ပြောလာသည်။
“ဒီရေကူးတာက ငါးတစ်ကောင်ထက်တောင် ပိုမြန်သလိုပဲ။ ဒီကစားပွဲကလည်းလှတယ်”
ယန်ရှုက ပြုံးလိုက်ကာ ဟုတ်သည်ဟု ပြောလာသည်။
“နောက်ပြီးကျရင် ပိုကောင်းတာတွေအများကြီး ရှိလိမ့်မယ်”
သို့သော် သူမနှလုံးသားထဲမှာ နှမြောစရာတစ်ခု ရှိနေပေသည်—။ဒီစစ်သည်တွေက ဘာလို့ အဝတ်အစားတွေ ဝတ်ထားနေသေးတာလဲ ရေကူးအဝတ်တွေပဲ ဝတ်ထားမယ်ဆိုရင် သူတို့ရဲ့ တြိဂံ ပြောင်းပြန်ပုံစံကို နောက်ပိုင်းမျိုးဆက်တွေကို ပြလို့ရမှာမလား။ အဲ့လိုဆို ပိုကောင်းလိမ့်မယ်။
ယွီဝိန်းလန်က သတိလက်လွတ် ဖြစ်သွားကာ ကြားလိုက်ရသည် “။။။”
သူမက တစ်ခြားသူတွေရဲ့ပုံပန်းကို ကြည့်ချင်နေတုန်းပဲလား။။။
သူ့ကိုကြည့်တာနဲ့တင် မလုံလောက်ဘူးလား။
ဒါပေမဲ့ သူမပြောတဲ့ “နောက်ပိုင်းမျိုးဆက်”ဆိုတာက ဘာကြီးလဲ။
အဲဒါက သူမစွမ်းရည်တွေရဲ့ အရင်းအမြစ် ဖြစ်နိုင်မလား။
သူ တွေးနေစဉ်မှာပဲ ရေကန်ဘက်က အားပေးသံတွေကို ကြားလိုက်ရသည်။ ကြည့်ရတာ ရေကူးပြိုင်ပွဲ ပထမအလှည့်က ပြီးဆုံးသွားတဲ့ပုံပဲ။
ထို့နောက်ချက်ချင်းပဲ ဒုတိယစစ်သည်တော်အသုတ်ဟာ ရေထဲကို ဝင်ရောက်လာကြသည်။
ဒီလိုမျိုးနဲ့ အလှည့်ရှစ်ခုဟာ ဆက်တိုက်ပြိုင်ပြီး နောက်မှာတော့ တစ်လှည့်စီက အမြန်ဆုံးကစားသမားသုံးယောက်ကို နောက်ဆုံးပြိုင်ပွဲအတွက် ရွေးချယ်ကာ ထိုအချိန်က အနိုင်ရသူတွေဟာ အရမ်းကိုရက်ရောတဲ့ အထူးဆုလာဘ်ကို ချီးမြှင့်ခံရမည်ဖြစ်သည်။
သေချာပေါက်ပင် ပဏာမပြိုင်ပွဲဟာ အခုမှပြီးဆုံးတာ ဖြစ်သည့်အတွက် စစ်သည်တွေရဲ့ ကိုယ်ခန္ဓာခွန်အားဟာ သက်ရောက်ခံရမည် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးပြိုင်ပွဲကို နေ့လည်မှ ကျင်းပမည်ဖြစ်သည်။ သို့သော်လည်း စောင့်ကြိုနေတဲ့ ရွှေရောင်ဆုကို ရရှိနိုင်မဲ့ စိတ်လှုပ်ရှားစရာ ဂိမ်းပွဲတစ်ခု ရှိနေဆဲပင်။
ပထမကတော့ ရေထဲမှာစောင့်ဆိုင်းနေတဲ့ အနီနဲ့အဝါဝတ်ဆင်ထားတဲ့ စစ်သည်တော်တွေ ရှိနေမှာဖြစ်ကာ မောင်းသံနဲ့ ဒရမ်သံတွေအတူ အရာရှိက ရွှေရောင်အိုးကို ရေထဲ ကိုပစ်လိုက်မည် ဖြစ်သည်။ အမိန့်ရပြီးတဲ့နောက်မှာတော့ နှစ်ဖက်အသင်းက စစ်သည်တော်တွေက စတင်ပြီး လုကြမည်ဖြစ်သည်။
ထိုအချိန်အတွင်းမှာ သူတို့ထဲက တစ်ယောက်စီတိုင်းက တစ်ခြားတစ်ယောက်စီနဲ့ ပူးပေါင်းဆောင်ရွက်ကာ ပုံစံတိုက်ကွက်တွေလည်း ရှိပေသည်။ တိုက်ခိုက်သည့်ပုံစံ ဒါမှမဟုတ် ခုခံသည့်ပုံစံတွေနှင့် ကြည့်ရတာ အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းပေသည်။
ယန်ရှုက တွေးလိုက်ပြီး ဒါက နောက်ပိုင်းမျိုးဆက်တွေရဲ့ ရေထဲမှာ ဘောလုံးကစားတာမျိုး မဟုတ်လား။
ကျစ် ကျစ် လက်ရှိမြင်ကွင်းက အရမ်းကို ကြည့်ကောင်းပေမဲ့ ဒီတုတ်ခိုင်သန်မာတဲ့ ယောက်ျားတွေက ပြိုင်ပွဲပြိုင်နေတဲ့အချိန်အတွင်း သူတို့ရဲ့သန်မာတဲ့ ကြွက်သားတွေကိုပြဖို့ နောက်ပိုင်းမျိုးဆက်တွေလို ရေကူးဘောင်းဘီအတိုလေးတွေ လဲဝတ်လိုက်ရင် သေချာပေါက်ကို ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းသွားမှာ။
သူမကို တိတ်တဆိတ် အာရုံစိုက်နေသော ယွီဝိန်းလန် “။။”
ဖြစ်နိုင်တာက အဲဒီကလူတွေက ဆန္ဒအတိုင်း သူတို့ရဲ့ ခန္ဓာကိုယ်ကိုတွေကို အပြင်လူကို ပြခွင့်ပြုတဲ့အထိ အရမ်းကို အရှက်မဲ့တာပဲလား။
ကြောက်စရာ ကောင်းတယ်။
ရွှေရောင်အိုးကိုအနိုင်ရဖို့ အတွက် လေးပွဲဆက်တိုက် ကစားရတဲ့ ပြိုင်ပွဲက အဆုံးသတ်သွားပြီး အကောင်းဆုံး အသင်းနှစ်ခုကို နေ့လည်ခင်း နောက်ဆုံးပြိုင်ပွဲအတွက် ရွေးချယ်ပြီးဖြစ်သည်။
လူတိုင်းက မကျေမနပ်ဖြစ်နေဆဲမှာပဲ လှပတဲ့ ရေထဲမှာ လက်လှည့်ကစားပြခြင်းက ထပ်မံစတင်လာပြီ ဖြစ်သည်။
121 02
ဒရမ်သံနဲ့ပုလွေသံတို့နှင့်အတူ ဆေးခြယ်ထားတဲ့ သင်္ဘောဟာ လူတိုင်းရဲ့မြင်ကွင်းထဲကို ဝင်လာတော့သည်။ ဆေးခြယ်ထားတဲ့သင်္ဘောပေါ်က တစ်စုံတစ်ယောက်ဟာ ဓားတွေ တုတ်တွေနဲ့ ကစားနေပြီး လှပပြီး ရင်ဖိုစရာကောင်းတဲ့ကိုယ်ခံပညာအကွက်တွေကို ပြုလုပ်နေကာ ဒရမ်သံနဲ့မောင်းသံတို့နဲ့အတူ တွဲစပ်လိုက်ချိန်မှာတော့ အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းပေသည်။
သခင်မကျူးနဲ့ သူမသမီး ဖြစ်သူတို့က ထပ်မံပြီး အသံတိုးတိုးနဲ့ ချီူကျူးလိုက်ကြပြန်သည်။
“ဘာလို့ သူတို့တွေက မမူးတာလဲ။ အမေတို့ဆို လှေစီးရင် မျက်လုံးကို မဖွင့်ရဲဘူး”
ယန်ရှုက ပြုံးလိုက်ကာ ပြောလိုက်သည်။
“သူက ကျွမ်းကျင်သင်္ဘောသားလေ။ အကြိမ်ရေ ဘယ်လောက်တောင် လေ့ကျင့်ထားသလဲဆိုတာ မသိနိုင်ဘူး။ သမီးဆိုရင်တော့ သေချာပေါက် မူးလာမှာ။ အဲဒါအပြင် ပင်လယ်ပြင်မှာ လှိုင်းမူးနေရင် ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်ဦးမှာလဲ”
သခင်မကျူးက အပြုံးတစ်ပွင့်နှင့် ဟုတ်သည်ဟုပြောကာ ထိုကလေးမ ထပ်ပြောလာတာကို ကြားလိုက်ရသည်။
“အမေ စားပွဲပေါ်က ဒင်ဆမ်းကိုလည်း မြည်းကြည့်ပါ။ တော်ဝင်စားဖိုဆောင်ထဲက လက်မှုပညာက အတော်လေးကောင်းတယ်”
သခင်မကျူးက တုံ့ပြန်လိုက်ကာ ထို့နောက် စားပွဲကို တစ်ချက်ကြည့်လိုက်သည်။ ပြီးနောက် မအံ့ဩဘဲ မနေနိုင်ပေ။
အဲ့ဒီစာအုပ်နဲ့တူတဲ့ ဒင်ဆမ်းဟင်းလျာက တကယ်ပဲ ပန်ကိတ်တွေနဲ့ လုပ်ထားတာလား။
နန်ူတော်ထဲမှာလည်း ဒီလိုအရာမျိုးကို စားရတာကြိုက်တဲ့သူ ရှိနေသေးတာလား။
သူမက ခန်းမထဲကို တိတ်တဆိတ်လှည့်ပတ် ကြည့်ရှုလိုက်ကာ ယခုအချိန်မှာတော့ လူအများစုက ရေထဲက လက်လှည့်ကစားပွဲကိုပဲ အာရုံစိုက်နေကြတာကို တွေ့လိုက်သည်။ ဘယ်သူကမှ စားမနေပေ။ သို့သော်လည်း သူမခင်ပွန်းရဲ့ အမျိုးသား ဧည့်သည့်တော်တွေဘက်မှာ ခံ့ညားတဲ့ ဝတ်ရုံနဲ့ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ရှိကာ မြိန်ရေယှက်ရေနဲ့ကို စားနေတာပင်။
ပြီးနောက် တစ်ရွက်ပြီးတစ်ရွက် စားနေပေသည်….။
သခင်မကျူးကတွေးလိုက်သည် အသက်ရှုကျပ်ပြီး နင်တယ်လို့ မခံစားရဘူးလား။
သို့သော်လည်း တစ်ခုခုကို လိပ်လိုက်လျှင် အဲဒါကို ကိုက်ရသည်မှာ ကောင်းသွားပြီဖြစ်သည်….။
လှေပေါ်က လက်လှည့်ကစားပွဲက ပြီးတော့မှာကို တွေ့သည့်အခါ နောက်ထပ် သင်္ဘောအသေးလေးက ရေထဲကို ရွက်လွှင့်လာကာ ဆွဲဆောင်မှာအရှိဆုံး ရေရုပ်သေးပြပွဲက စတင်တော့သည်။
လှေလေးပေါ်မှာ ရောင်စုံအဆောက်အဦးလေးတစ်ခု ရှိနေပြီး ထိုအောက်မှာ တံခါးပေါက်လေးတွေ ရှိပေသည်။ မောင်းနဲ့ဒရမ်အသံတွေနဲ့အတူ တံခါးအလေးတွေက ပွင့်လာပြီး ထိုအထဲကနေ ရုပ်သေးရုပ်လေးတစ်ရုပ် ထိုင်နေတဲ့ လှေသေးသေးလေးက ထွက်လာပေသည်။ ထိုအရုပ်က လက်ထဲမှာ ငါးမျှားတံ ကိုင်ထားတဲ့အရုပ်ဖြစ်ပြီး ငါးမျှားကြိုးကို လက်ထဲကတုတ်ချောင်းနဲ့ ချည်ထားပေသည်။ ငါးမျှားကြိုးက ရေထဲမှာ တွဲလောင်းကျနေပြီး ကြည့်ရသည်မှာ ငါးဖမ်းနေသကဲ့သို့ပင်။
ထိုရုပ်သေးရုပ်လေးဟာ မျက်တောင်ခတ်ရင်း ပါးစပ်ကလည်း ဗလုံးဗထွေးပြောကာ တစ်ခဏလောက် သီချင်းဆိုနေပေသည်။ ထို့နောက် ရုတ်တရက် ကြိုးကို ဆွဲလိုက်တယ်ဆိုရင်ပဲ ရေထဲကနေ ငါးလေးတစ်ကောင်ကို တကယ်ပဲ ဖမ်းမိလိုက်သည်။ ထိုအရာက တကယ်ကို အံ့အားသင့်ဖွယ် ကောင်းပေသည်။
တစ်ခဏလောက် လူတိုင်းရဲ့အကြည့်ဟာ မလွှဲနိုင်ဖြစ်သွားပြီး လန်ယွင်တို့ ကလေးတွေတောင်မှ ပြဿနာရှာဖို့ မေ့နေကာ ကြည့်တဲ့နေရာမှာပဲ အာရုံစိုက်ထားတော့သည်။
ထိုရုပ်သေးရုပ်လေးက ငါးတွေ ငါးကောင် ခြောက်ကောင်လောက် တစ်ဆက်တည်း ဖမ်းလိုက်ပြီး သူ့ရဲ့လှေကိုအပြည့်ဖြည့်လိုက်ကာ လာခဲ့တဲ့လမ်းအတိုင်း ရောင်စုံဂိတ်တံခါးလေးဆီသို့ ပြန်မောင်းသွားတော့သည်။ ထို့နောက် ချက်ချင်းပဲ ရုပ်သေးရုပ်တစ်ချို့က ဆေးခြယ်ထားတဲ့ ဂိတ်တံခါးဆီကနေ တစ်ခုပြီးတစ်ခု ထွက်လာပြီး စီစဉ်ထားတဲ့အတိုင်း ပြဇာတ်ကို ဖျော်ဖြေကြတော့သည်။
ဝေ့ဝမ်တိရှင်းရှစ် မြွေဖြူမယ်ရဲ့ဒဏ္ဍာရီ မသေမျိုးရှစ်ပါးပင်လယ်ပြင်ကို ကျော်ဖြတ်ခြင်း စွင်းရှင်းကျစ်ရဲ့ နဂါးနန်းတော်ကဒုက္ခ အစရှိသည်တို့ကို တစ်ခုပြီးတစ်ခု ဖျော်ဖြေကြပေသည်။ ပရိတ်သတ်ကလည်း အံ့အားသင့်ကာ အဲဒါက ဘယ်လောက်တောင် အံ့ဩစရာကောင်းသလဲဆိုတာကိုတော့ ပြောစရာပင် မလိုချေ။
ဧကရီမယ်တော်ကြီးကပင် ရှားပါးတဲ့အပြုံးတစ်ပွင့်ကို ပြသလာကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဒီနေ့ရဲ့ပြဇာတ်တွေကို ကောင်းကောင်းစီစဉ်ထားတာပဲ။ အရင်ကထပ်အများကြီး ပိုကောင်းတယ်”
ထိုစကားတွေ ပြောပြီးသည်နှင့် အဖော်ပြုပေးနေတဲ့ ထိုက်ချန်နန်းဆောင်က အရာရှိဟာ လျင်မြန်စွာ ပြောလိုက်သည်။
“ဒီကိစ္စကို မွမ်းမံပေးတဲ့ ကိုယ်လုပ်တော်ယိဖင်းကို ကျေးဇူးတင်ရမှာပါ။ အဲဒါကြောင့်သာ ကျွန်တော်မျိုးက ပြဇာတ်တွေကို အချိန်မီ ချိန်ညှိလိုက်နိုင်တာပါ”
ဧကရီမယ်တော်ကြီးက ခေါင်းဆတ်ကာ ယန်ရှုကို အသိအမှတ်ပြုတဲ့ အကြည့်တစ်ချက် ပေးလာသည်။
ဒီကလေးမလေးက စားတာသောက်တာနဲ့ အပျော်ရှာတာလိုမျိုး ကိစ္စအသေးလေးတွေမှာ တကယ်ကို ပါရမီရှိတာပဲ။
121 03
ရုပ်သေးပြပွဲဟာ သုံးလေးခုလောက် ဖျော်ဖြေပြီးတဲ့အခါ ညစာစားဖို့အချိန် ရောက်လာပြီ ဖြစ်သည်။
စားသောက်ပွဲကို ခန်းမထဲတွင် ကျင်းပမည်ဖြစ်ပြီး သူတို့ထဲက အများစုဟာ ကျင်းမင်ရေကန်က လတ်ဆတ်တဲ့စားစရာတွေပင်။
ကကတစ်ငါးပေါင်း ၊ ဆော့နဲ့နှပ်ထားတဲ့ငါးခေါင်း ၊ ဆားနဲ့ငရုတ်ကောင်းနဲ့နှပ်ထားတဲ့ ပုစွန် ၊ ဆားနဲ့ဖုတ်ထားတဲ့ ခရင်မ်ဂဏန်း ၊ ဂေါ်ဖီနဲ့နို့စွပ်ပြုတ် ၊ ဖုတ်ထားတဲ့ငါးဥ အစရှိသဖြင့်ဖြစ်သည်။ ဝက်ဝံလက်သည်းနဲ့ သမင်အရွတ်တို့လို ဇိမ်ခံအစားအစာ မဟုတ်ပေမဲ့ သူတို့တွေက အရမ်းကို အရသာရှိပေသည်။
လူတိုင်းက မြည်းစမ်းရင်း အချိန်ကောင်းလေး ရှိနေစဉ်မှာပဲ နောက်ထပ် ပုံပြောသူတစ်ယောက်က စင်ပေါ်ကိုတက်လာပြီး သိပ်မဝေးတဲ့နေရာက ဆေးခြယ်ထားတဲ့ လှေပေါ်ကနေ စာအုပ်အကြောင်းကို ပြောလာပေသည်။
တိုက်ဆိုင်စွာနဲ့ အဲဒါဟာ သခင်လေးရှောင်ယောင်ရဲ့ စာအုပ်ဖြစ်နေပြီး ပထမပြဇာတ်ကတော့ “အပျော်ရှာတဲ့ယောက်ျားနဲ့ မိန်းမလှလေး” ပင် ဖြစ်သည်။
ဒီနှစ်မှာ ပထမဆုံးအဖြစ် ဒါကို တွေ့မြင်ရတာဖြစ်ပြီး လူတိုင်းဟာလည်း ချက်ချင်းပဲ နားဆင်လိုက်ကြသည်။
သေချာပေါက်ပင် စာအုပ်တွေကို နားထောင်ရတာက စားသောက်တာကို မနှောက်ယှက်ပေ။ စားနေရင်းနားထောင်ရသည်က ပိုလို့ပင် ပျော်စရာကောင်းသေးသည်။
သို့သော်လည်း စက်မှုလက်မှုဝန်ကြီးဖြစ်သူ သခင်ကြီးလုက စားဖို့ငြင်းဆန်နေကာ သူ့နှလုံးသားရဲ့နောက်ကွယ်က စိတ်လှုပ်ရှားမှုကတော့ စကားနဲ့ပင် မဖော်ပြနိုင်ပေ။
ဘုရားရေ ဒီလိုအချိန်အခါမျိုးမှာ သခင်လေးရှောင်ယောင်ရဲ့စကားလုံးတွေကို နားထောင်ရမယ်ပေါ့လေ။
ထိုက်ချန်နန်းဆောင်က စီစဉ်တဲ့နေရာမှာ သိပ်ကိုကောင်းတာပဲ။
သူ့ကိုနားလည်ပေးနိုင်ပါတယ်လေ။
အသေခံဖန်တစ်ယောက်အနေနဲ့ “အပျော်ရှာတဲ့ယောက်ျားနဲ့ မိန်းမလှလေး” က သခင်လေးရှောင်ယောင်ရဲ့ ပထမဆုံးလက်ရာဆိုတာကို သိပေသည်။ သူတောင်မှ အဲ့ဒီစာအုပ်ကို မရေမတွက်နိုင်အောင်ဖတ်ခဲ့သေးသည်။
သို့သော် ဒီလိုအချိန်အခါမျိုးမှာ ပုံပြင်ပြောတဲ့သူရဲ့ အဓိပ္ပာယ် ကောက်ယူချက်ပါထပ်ပေါင်းပြီး လူတိုင်းနဲ့ပြန်ပြီး နားထောင်ရတာက တကယ့်ကို ထူးခြားတဲ့အရသာပင်!
သေချာပေါက်ပင် ယခုအချိန်မှာ သူတစ်ယောက်တည်းကသာ စိတ်လှုပ်ရှားနေသူ မဟုတ်ပေ။လက်ရှိမှာရှိနေတဲ့ လူအများစုက အားပါးတရနဲ့ နားထောင်နေကာ ဇာတ်လမ်းဇာတ်ကွက်ရဲ့ အတက်အကျနဲ့အတူ ထောက်ခံအားပေးနေကြသည်—။
ထိုအပျော်မယ်လေးက ကျောင်းသားတွေ စာမေးပွဲဖြေဖို့အတွက် ပိုက်ဆံတွေကို ရက်ရောစွာနဲ့ လှူဒါန်းတာကို ကြားလိုက်ချိန်မှာ လူတိုင်းက သူမရဲ့ဖြောင့်မတ်မှုနဲ့ မှန်ကန်မှုကို လေးစားသွားကြသည်။
ထိုစာသင်သားက အထက်တန်း ရောက်သွားတာကို ကြားလိုက်ရပေမဲ့ သူ့ရဲ့မူလချစ်သူကို ရက်စက်စွာနဲ့ စွန့်ခွာသွားတာကို တွေ့လိုက်ချိန်မှာတော့ သူတို့အားလုံးက ခေါင်းယမ်းလိုက်ကြပြီး အထင်သေးတဲ့အမူအရာတွေ ပြသလာကြသည်
နောက်ပိုင်းတွင် ထိုအပျော်မယ်လေးက မိသားစုစီးပွားရေး တည်ထောင်ဖို့ အလုပ်ကြိုးစားတာကို တွေ့သည့်အခါ သူတို့အားလုံးက ခေါင်းညိတ်ပြီး သူမကို ချီးမြှောက်ကြသည်
ထို့နောက် သူမရဲ့သားက အရာရှိတစ်ယောက်ဖြစ်လာပြီး ထိုပညာရှိရဲ့ သတ်ဖြတ်အနိုင်ကျင့်တာကို ခံလိုက်ရချိန်မှာ သူတို့အားလုံးက ဒေါသထွက်လာကြသည်။
ကံကောင်းစွာနဲ့ နောက်ဆုံးမှာတော့ မကောင်းမှုက မကောင်းမှုနဲ့ပဲ လာတယ်ဆိုတာကို ကြားလိုက်ချိန်မှာ လူတိုင်းကချီးမြှောက်ပြီး ပျော်ရွှင်စွာ ချီးကျူးလာကြသည်။ ထိုအရာက မြင်ကွင်ရကို အရမ်းကို သက်ဝင်လှုပ်ရှားနေစေသည်။
ထိုမြင်ကွင်းကို တွေ့သည့်အခါ ယန်ရှုသည်လည်း အရမ်းကို စိတ်လှုပ်ရှားသွားပြီး စိတ်သက်သာရာ ရသွားသည်။ သူမရဲ့ရှက်ရွံ့မှာကတောင် အတော်လေး တိုးတက်လာပေသည်။
ပထမပုံပြင်ကို ကြားလိုက်ရပြီးနောက် ပုံပြင်ပြောသူက ဒုတိယတစ်ပုဒ်ကို စတင်ပြောလာတော့သည်။
“ကောက်ကျစ်တဲ့ မိန်းမက အပျော်ရှာတဲ့ယောက်ျားကို ထိန်းချုပ်တယ်” ဆိုသည့် လူတိုင်းစိတ်ဝင်စားသည့် စာအုပ်ပင်ဖြစ်သည်။
မမျှော်လင့်ထားစွာနဲ့ အစမှာ ထိုအမျိုးသမီးရဲ့ခင်ပွန်းက ဆောင်ကြာမြိုင်တွေဆီကို လှည့်ပတ်သွားလာတဲ့အခါ ထိုသူက ရုတ်တရက် အနှောက်ယှက် ခံလိုက်ရသည်။
“ရဲတင်းစွာပြောမိတဲ့အတွက် ခွင့်လွှတ်တော်မူပါ။ ဒီလို အရှက်ကင်းမဲ့ပြီး ရိုင်းပြတဲ့ ဇာတ်ညွှန်းမျိုးက ဒီလိုအခြေအနေမျိုးမှာ တင်ဆက်ဖို့ မသင့်တော်ပါဘူး”
လူတိုင်းက တစ်ခဏခန့် တန့်သွားကြပြီး ပတ်ပတ်လည်ကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် စကားပြောတဲ့သူက အသက်ခြောက်ဆယ်လောက်ရှိပြီဖြစ်တဲ့ မီးခိုးရောင်ဆံပင်နဲ့ လူအိုကြီးတစ်ယောက် ဖြစ်နေတာကို တွေ့လိုက်ရသည်။
ယန်ရှုကလည်း အဲ့အကြောင်းကို တွေးလိုက်ပြီး ဒီလူဟာ ယခုလေးတင်သူမနဲ့တွေ့တုန်းက မိတ်ဆက် လာခဲ့ပေသည်။ ကြည့်ရတာ ပထမဧကရာဇ်ရဲ့ ရှောက်ဖူဖြစ်ပြီး သူ့နာမည်က ကျွမ့်ခိုင်ချိန် ဖြစ်သည်။
ဒီလူဟာ မူလဧကရာဇ်ရဲ့ လက်ထောက်ဝန်ကြီးဖြစ်ခဲ့ပြီး ယွီဝိန်းလန် ထီးနန်းကို ဆက်ခံအပြီးမှာတော့ ညီလာခံထဲမှာ ဆက်ပြီးတော့ မရှိတော့ပေ။
121 04
မူလဧကရာဇ်ရဲ့ ချစ်ခင်ရသူတွေဖြစ်လို့ နှစ်စဉ်နှစ်တိုင်း ရေပြပွဲကျင်းပသည့်အခါ ထိုက်ချန်နန်းဆောင်က မူလဧကရာဇ်ရဲ့ အရာရှိအိုကြီးတစ်စုကို ဧကရာဇ်အသစ်ရဲ့ ဂရုစိုက်မှုကိုပြသရန် ဖိတ်ခေါ်လိမ့်မည်ဖြစ်သည်။
သေချာပေါက်ပင် သူတို့ထဲကအများစုက စားသောက်ရုံ ပျော်ပါးရုံပဲဖြစ်ပြီး ဒီတိုင်း ပျော်ရွှင်ကြပေသည်။
မမျှော်လင့်ထားစွာနဲ့ ထိုအချိန်မှာ ဒီလူက တကယ်ကြီး ထရပ်ပြီး ဒီစာအုပ်က မသင့်တော်ဘူးလို့ ပြောလာပေသည်။
ထိုမြင်ကွင်းကို တွေ့သည့်အခါ ယွီဝိန်းလန်က မေးလိုက်သည်
“သခင်ကြီးကျွမ့်က ဒီဇာတ်ညွှန်းကို ရိုင်းစိုင်းတယ်လို့ထင်တာလား”
သို့သော် တစ်ဖက်လူပြောလာာတကို ကြားလိုက်ရသည်။
“အရှင်မင်းကြီးလည်း ကြားတော်မူတဲ့အတိုင်း အခုလေးတင်က ပုံပြင်စာအုပ်ထဲက အမျိုးသမီးက အပျော်မယ်ဂေဟာကပါ။ ဒီလူအိုကြီးလည်း အဲဒါကို မသင့်တော်ဘူးလို့ တွေးမိပါတယ်။ သည်းခံလိုက်ချင်ပေမဲ့ ဆောင်ကြာမြိုင်ကိုပါ ဒီစာအုပ်ထဲမှာ ဖော်ပြထားတာကို မသိပါဘူး။ ဒီလိုညစ်ပတ်ပြီး ညစ်ညမ်းတဲ့နေရာမျိုးကို ပုံပြင်ပြောသူကနေ ထပ်တလဲလဲ ဖော်ပြနေတာက အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးရဲ့ နားတွေကို ဆဲရေးနေသလိုပါပဲ။ တကယ်ကို မလျောက်ပတ်ဘဲ အလွန်အမင်း မသင့်တော်ပါဘူး”
ထိုစကားတွေ ထွက်လာသည်နှင့် လူတိုင်းက ကြက်သေ သေသွားတော့သည်
——ဆောင်ကြာမြိုင်ဆိုတဲ့စကားကို ထပ်ပြီးမကြားရတော့ဘူးလား။
ဒါကအတော်လေးကို ဇီဇာကြောင်တာပဲ။
ဒါပေမဲ့ လူအိုကြီးကျွမ်းက ထပ်ပေါင်းပြောလာသည်။
“ကျွန်တော်မျိုးထင်တာက ဒီစာအုပ်ရေးတဲ့သူက အရမ်းကို မိမိကိုယ်ကို အရမ်းကိုချီးမြှောက်လွန်းတယ်၊ ရှေးယခင်ကတည်းက သူရဲကောင်းတွေအများကြီး ဖြောင့်မှန်တဲ့ဧကရာဇ်တွေနဲ့ ဝန်ကြီးတွေက သားသမီးဝတ္တရားအကြောင်းကို မရေးခဲ့ဖူးပါဘူး၊ ဒါပေမဲ့ ဆောင်ကြာမြိုင်တွေအကြောင်းကိုတော့ ရေးနေတယ်၊ တစ်ခြားနေရာကပုံပြင်တွေက တကယ်ကိုရှက်စရာပဲ”
ထိုစကားတွေပြောပြီးသည့်အခါ ယန်ရှုက သူမရဲ့မျက်လုံးကို မပင့်ဘဲ မနေနိုင်တော့ပေ။
ဘာ… ဒီလူက သူမကို အထင်သေးတယ်လို့ တကယ်ကြီးပြောလိုက်တာလား၊
သေချာပေါက်ကိုပင် လူတိုင်းကလည်း အံ့အားသင့်သွားကြတော့သည်
ဒီလူအိုကြီးက ကမ္ဘာကြီးရဲ့အရေးကိစ္စတွေကို ဂရုမစိုက်ဘူးလား။ ဒီသခင်လေးရှောင်ယောင်ရဲ့ စကားလုံးတွေက အခုတလောမှာ အကျော်ကြားဆုံးဆိုတာကို မသိဘူးလား။
သခင်လေးရှောင်ယောင်ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ စက်မှုလက်မှုရုံးတော်ဝန်ကြီး လုခိုင်ဟယ်က မနေနိုင်ဘဲ ပြောလိုက်သည်။
“သခင်ကျွမ့်ရဲ့စကားတွေက မှားနေပြီ။ စာရေးသူက အဲဒါတွေကို မရေးတော့တာနဲ့ ဒီလိုပုံပြင်တွေက ဘယ်တော့မှ ဖြစ်မလာတော့ဘူးတဲ့လား။ ဒီလိုအခြေအနေတွေမှာ မပြောဘူးဆိုရင် ဆောင်ကြာမြိုင်တွေက ဖျက်ဆီးခံရမှာ စိုးလို့များလား။ ဒီကမ္ဘာကြီးပေါ်မှာ မရှိတော့ဘူးတဲ့လား။ ပညာရှိတွေ လယ်သမားတွေ စီးပွားရေးသမားတွေနဲ့ ဒီကမ္ဘာပေါ်က လူတိုငိးက အရှင်မင်းကြီးရဲ့ ပိုင်ဆိုင်မှုတွေပဲ။ အရှင်မင်းကြီးက လူတွေကို စာနာထောက်ထားပြီး ပြည်သူတွေကို သွေးသားလိုပဲ ချစ်မြတ်နိုးတယ်။ ဒီတိုင်းပုံပြင်ကိုပဲ နားထောင်လို့ မရဘူးလား”
ဒီလိုမေးခွန်းတွေ တရစပ်က တစ်ဖက်လူကို သီးသွားစေပြီး လူတိုင်းကလည်း တစ်ယောက်ပြီးတစ်ယောက် ကောင်းပြီဟု ပြောလာကြသည်။
—ကျစ် ပုံမှန်ဆို လေးနက်ပြီး နှုတ်နည်းတဲ့ ဒီစက်မှုလက်မှုဝန်ကြီးက ဒီလောက်ထိ နှုတိစလျှာစရှိမယ်လို့ ထင်မထားဘူး။
ယန်ရှုသည်လည်း ရင်ထဲမှာ အရမ်းကို ထိသွားကာ သူမရဲ့အသေခံပရိတ်သတ်လေးကို လက်မှတ်ထိုးပေးဖို့ အခွင့်အလမ်း တစ်ခုရှာမှရမယ်။
သို့သော် ထိုအချိန်မှာပဲ သူမက သိချင်သွားရသည်။
ဒီမျိုးရိုးနာမည်ကျွမ်းနဲ့လူက ဘယ်လို ကိုယ်ကျင့်တရားကို လက်ကိုင်ထားတဲ့သူမျိုးမလို့လဲ။ ဆောင်ကြာမြိုင်အကြောင်း ရေးတာကတောင် သူ့မျက်လုံးထဲမှာ အထင်သေးစရာ ဖြစ်နေတယ်လား။
သို့သော် စစ်စတန်က ထိုအရာကို ဖြတ်ပြောလိုက်သည်။
[ဒီလူက အော်ဂလီဆန်စရာကောင်းတယ်။ သူက ဆင်းရဲတဲ့မိသားစုကနေ မွေးဖွားလာပြီး သူ့ရဲ့ဇနီးက သူ့ရဲ့သုသေသနအတွက် လယ်စိုက်ပြီး ဝက်မွေးတယ်။ မမျှော်လင့်ထားပဲ အထက်တန်းပြီးနော့ လယ်သမားမိသားစုကလာတဲ့ သူ့ဇနီးကို အထင်အမြင်သေးပြီး အဲဒီအစား မြို့တော်ကကျောင်းတစ်ခုမှာ ဝင်နိုင်သွားတယ်။ အဲဒီတုန်းကဆို သူက နေရာတိုင်းကိုသွားပြီး ဒီလှပတဲ့ကိုယ်လုပ်တော်ကိုပဲ ယူလိုက်ပြီး သူမကသာ တရားဝင်ဇနီးဖြစ်တယ်လို့ ကြေငြာလိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့ပထမဇနီးကိုတော့ စကားတစ်ခွန်းမှမပြောပဲ ဇာတိမြို့မှာပဲ ထားထားတယ်]
ယန်ရှု [ဟီးဟီး]
ဒီနေ့ဖြစ်ခဲ့တာက ဒီအထင်သေးစရာ ကောင်းတဲ့သူတွေက လက်ဦးမှုယူပြီး သူတို့မျက်နှာကို ပြလာတာပဲ။
******
122 01
အပိုင်း 122
စစ်စတန်ရဲ့ကြားဖြတ်သတင်းကို ကြားလိုက်ရတဲ့အခါမှာ ယန်ရှုက ရေရွတ်သံတစ်ခု ပြုလိုက်ပြီး အခြေအနေကို အခွင့်ကောင်းယူကာ ဧည့်သည်တွေကြားထဲကို တိတ်တဆိတ် ရှာလိုက်သည်။
အဲဒီမျိုးရိုးနာမည်ကျွမ်းနဲ့ လူအိုကြီးက အခုလေးတင်ပဲ သူ့မိသားစုနဲ့ လာတယ်ဆိုတာကို သူမ မှတ်မိနေဆဲပင် ဖြစ်နိုင်တာက သူ့ဇနီးအဖြစ် ဟန်ဆောင်ထားတဲ့ အဲဒီကိုယ်လုပ်တော်များလား။
သိပ်မကြာခင်မှာပဲ ဧကရီမယ်တော်ကြီးနဲ့ မဝေးတဲ့နေရာက အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုသူဟာ အသက်လေးဆယ်အရွယ် ရှိနေပြီး သူ့ရဲ့မိတ်ကပ်နဲ့အဝတ်အစားတွေက အရမ်းကို နူးညံ့ပေသည်။ ဖြစ်နိုင်တာက သူမဟာ ဘယ်လိုမျိုး ဝတ်ဆင်ရမလဲဆိုတာကို သိတဲ့လူတစ်ယောက် ဖြစ်နိုင်သည်။ သူမရဲ့လှပတဲ့နှစ်တွေကို သူမရဲ့မျက်ခုံးနဲ့ မျက်လုံးတွေမှာ ရှာတွေ့နိုင်ပြီး အရေးအကြီးဆုံးကတော့ သူမမှာ ကောင်းမွန်တဲ့ ပင်ကိုစရိုက်ရှိတာပင်။ မဟုတ်လျှင် မည်သူကမှ သူမဟာ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်သည်ဆိုတာကို သိနိုင်မှာ မဟုတ်ပေ။
ယခုလေးတင် တွေ့ဆုံခဲ့သည့် မြင်ကွင်းကို ပြန်တွေးလိုက်ပြီး ဧကရီမယ်တော်ကြီးဟာလည်း သူမကို အိမ်မှာရှိနေတဲ့ ကလေးတွေရဲ့ အခြေအနေအကြောင်းကို မေးမြန်းလာသည်။ ကြည့်ရတာ သူမက အတော်လေး ရင်းနှီးသည့်ပုံပင်။
သူမထင်တာတော့ ဒီကိုယ်လုပ်တော်က ဒီနှစ်တွေထဲမှာ တော်ဝင်စားပွဲတွေအများကြီးကို တက်ရောက်ခဲ့ပုံရသည်။
ယခုမင်းဆက်ရဲ့ဥပဒေနဲ့ ကျင့်ဝတ်ထုံးတမ်းအရ နန်းတွင်းသူ နန်းတွင်းသားတွေရဲ့ ကိုယ်လုပ်တော်တွေဟာ တက်ရောက်ဖို့ အခွင့်မရှိပေ။
ထို့ကြောင့် ဒီလူအိုကြီးကျွမ်းဟာ ဒီကိုယ်လုပ်တော်က သူ့ဇနီးဖြစ်ကြောင်းကို လူတိုင်းအား မပြောပြထားပေ။
ကျစ် ဒီကိစ္စကသာ သေးငယ်ရင်တောင် အဲဒါက အကျင့်စရိုက်ဆိုးဝါးတာပဲ။ ကိစ္စသာ ကြီးမားရင်တော့ ဧကရာဇ်ကိုလိမ်လည်တဲ့ပြစ်မှုလို့ ခေါ်နိုင်တယ်။
ယန်ရှုက ရှာတွေ့ပြီးနောက် စစ်စတန်ကို မေးလိုက်သည်။
[မူလဇနီးကရော။ အဲဒီလူသာ ဒီလူရဲ့ ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံတာခံရရင် ဒေါသထွက်မှာမဟုတ်ဘူးလား?]
စစ်စတန်က နှာမှုတ်လိုက်သည်။
[ဒေါသထွက်တော့ရော ဘာအသုံးဝင်လဲ။ ဒီလူအိုကြီးက သူ့ဇနီးက သူ့အတွက် ရှက်စရာကောင်းတယ်လို့ ခံစားမိလို့ သူ့ဘေးကိုလာဖို့ သူ့ကိုဘယ်တုန်းကမှ မမေးခဲ့ဘူး။ သူမက ငိုကြွေးပြီး မုန်းတီးပေမဲ့လည်း လယ်သူမတစ်ယောက်က ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာတဲ့လဲ။ အဆုံးမှာတော့ ကလေးတွေနဲ့ အိမ်မှာပဲနေပြီး ဆက်ပြီးစိုက်ပျိုးနေရုံပဲ တတ်နိုင်တယ်လေ]
ယန်ရှုက တွေးကြည့်လိုက်သည် [ဒီလူအိုကြီးက သူ့ကလေးကို သူ့ရဲ့ဇာတိမြို့မှာပဲ ထားခဲ့တာလား?]
စစ်စတန် [အဲ့လိုပဲ မဟုတ်ဘူးလား။ သူ့အကြီးဆုံးသားက သူ့ရဲ့ပထမဇနီးနဲ့ အိမ်မှာ လယ်စိုက်နေတယ်။ ဒီကိုယ်လုပ်တော်က သူ့ကို သားနှစ်ယောက်နဲ့ သမီးတစ်ယောက် မွေးပေးတယ်။ ဒါပေမဲ့ သူက သူ့ရဲ့ဘေးမှာ တစ်ချိန်လုံး ပျိုးထောင်ခံရတာဖြစ်လို့ စာမေးပွဲဖြေဆိုပြီး အရာရှိတစ်ယောက် ဖြစ်လာပြီးနောက် ပထမသားကြီးရတဲ့ တူညီတဲ့ဆက်ဆံမှုကို ပျော်ရွှင်နေတယ်]
ငါသိပြီ….
ယန်ရှုက ပြောစရာစကားမဲ့သွားတော့သည်
——သေချာပေါက်ပင် သူဟာ ပိုပိုပြီး ကြွားလုံးထုတ်လေလေ သူဟာ ပိုပိုပြီးလစ်လပ်လေလေဖြစ်သည်။
ဒီလူအိုကြီးမှာ ဘာအသိတရားမှမရှိဘဲ ကိုယ်ကျင့်တရားလည်း မရှိပေ။ သူ့ကိုထောက်ပံ့ပေးတဲ့ ဇနီးနဲ့သူ့ရဲ့သားတောင်ကိုတောင်မှ စွန့်ခွာခဲ့သည်။ သူကတော့ သူ့ရဲ့ကိုယ်လုပ်တော်ကိုပဲ ဖက်ထားကာ မြို့တော်မှာ အထက်တန်းစားဘဝကို ပျော်ရွှင်နေပေသည်။
ကျစ် နှောင်းဧကရာဇ် ရှာတွေ့ခဲ့တာက သခင်လေးဖြစ်နေတာပဲ။
ထိုအသံက သူ့နားထဲကို ရောက်လာပြီး ယွီဝိန်းလန်ဟာ သူ့မျက်ခုံးကို တိတ်တဆိတ် ပင့်လိုက်သည်။
—တကယ်တော့ ထိုလူအိုကြီးကျွမ်းဟာ သိပ်ပြီးစိတ်ရင်းကောင်းသူမျိုး မဟုတ်ဘူးဆိုတာကို ရှာတွေ့ပြီးဖြစ်သည့်အတွက် သူကထီးနန်းကို ဆက်ခံပြီးနောက်မှာ အသက်ကြီးရင့်နေသည်ဟူသော အကြောင်းပြချက်နဲ့ ထိုသူ့ရဲ့အရာရှိရာထူးကနေ ဖယ်ရှားပြီး အငြိမ်းစားရာထူးကို ပေးလိုက်သည်။
ဒီလူမှာ ယခုကဲ့သို့ ရက်စက်ကောက်ကျစ်တဲ့ ဘက်ခြမ်းရှိနေမယ်လို့ မျှော်လင့်မထားပေ။
သို့သော်လည်း ထိုအကြောင်းကို တွေးကြည့်လိုက်ချိန်မှာတော့ ဒီနေ့ထိုသူဟာ ရုတ်တရက်ကြီး ထရပ်လာပြီး ဇာတ်ညွှန်းကို အရှက်ကင်းမဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စွပ်စွဲလာကာ ကြည့်ရတာ သူ့မျက်နှာကို ပြသရုံပင် မဟုတ်လောက်ပေ။
ဒါကို တွေးလိုက်ပြီးနောက် သူဟာ ထိုလူအိုကြီးကျွမ်းရှိနေတဲ့ဘက်ကို အထူး အာရုံစိုက်ထားလိုက်သည်။
သေချာပေါက်ပင် သူဟာ သူ့နှလုံးသားနဲ့ အတွေးတွေကို နားထောင်ကြည့်လိုက်သည်။
[ဟုပုရဲ့ရှန်းရှုက ပြန်လည်နေရာချထားလိုက်ပြီ ဒါပေမဲ့ ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာ ရုံးတော်ရဲ့ ရှန်းရှုက လစ်လပ်နေတုန်းပဲ။ ဖြစ်နိုင်တာက တော်ဝင်ညီလာခံကနေ လူရှာမတွေ့သေးဘူးနေမှာ ဒီရာထူးကို ကိုင်တွယ်နိုင်မှာက ငါ့အပြင် တခြားသူ ရှိပါ့မလား။ ဒီနေ့ဧကရီမယ်တော်ကြီးနဲ့ ဧကရာဇ်ကို သတိပေးဖို့ စကားလုံးတချို့ ထပ်ပြောရမယ်။ ဘယ်သူက အိမ်တွင်းရေးရာရုံးတော်ရဲ့ ဝန်ကြီးလဲဆိုတာကို]
ယွီဝိန်းလန် “….”
ဟက် သူက အိမ်တွင်းရေးရာရုံးတော်ရဲ့မှုးမတ်နေရာကို မျက်စိကျနေတာပဲ။
122 02
ငါကိုယ်တော်တောင်မှ တွေးကြည့်နေတုန်းပဲရှိသေးတယ်။
ထိုအချိန်မှာပဲ ဧကရီမယ်တော်ကြီးရဲ့အသံဟာ သူ့နားထဲကို ထပ်မံလွင့်ပျံလာပေသည်။
[ဒီလူအိုကြီးကျွမ်းက စကားမပြောရရင် အသက်ရှုကျပ်ပြီး သေသွားမှာမို့လို့လား။အော်ဂလီဆန်စရာကောင်းတဲ့ ပုပ်စော်နံနေတဲ့အရာပဲ နောက်တစ်ခါ ထိုက်ချန်းနန်းဆောင်ကို သူ့အတွက် ရွှေ့ဆိုင်းပစ်ဖို့ အထူးသတိပေးထားရမယ်]
ယွီဝိန်းလန် “….”
ဧကရီမယ်တော်ကြီးက တစ်ယောက်ယောက်ကို ယခုလောက်ထိ မုန်းသည်ကို မြင်ရသည်မှာ တကယ်ကို ရှားပါးလှသည်။ ဒီလူအိုကြီးကျွမ်းရဲ့ဆန္ဒတွေကတော့ ဘာမှဖြစ်မလာနိုင်တော့ဘူးဘဲ။
သို့သော်လည်း ဒီအချိန်မှာ ဒီလူဟာ စက်မှုလက်မှုဝန်ကြီးလုနဲ့ ထပ်ပြီးတော့ စကားပြောဆိုနေပြန်သည်။
“သေချာပေါက်ကိုပဲ အရှင်မင်းကြီးက ပြည်သူတွေကို သားသမီးတွေလိုပဲ ချစ်တာပေါ့။ ဒါပေမဲ့ အခုလေးတင် ပြောခဲ့သလိုပဲ ကမ္ဘာပေါ်မှာ စာသင်သားတွေ လယ်သမားတွေနဲ့ ကုန်သည်တွေလို လူတန်းစားတွေ အများကြီးရှိတယ်။ ပြီးတော့ အပျော်မယ်ဂေဟာကလို လူတွေက စက်ဆုပ်စရာ အကောင်းဆုံးလူတန်းစားတွေပဲ။ ဘာလို့ဒီလူက ဒီလိုလူမျိုးတွေရဲ့အကြောင်းကို ရေးချင်ရတာလဲ။ ဒီလူက အဲ့လူတွေနဲ့ တစ်နေ့လုံး ပျော်ပါးနေတယ်လို့ ထင်လား”
ထိုစကားတွေ ထွက်လာသည်နှင့် စားသောက်ပွဲက လူတိုင်းဟာ အံ့ဩထိတ်လန့်သွားကြသည်။
ကျစ် ကျစ် ကျစ် ဒီလူအိုကြီးက အဲဒါကို တကယ်ကို ပြောရဲတာပဲ။
ဒီသခင်လေးရှောင်ယောင်ဆိုတာက အရှင်မင်းကြီးကနေ ညီလာခံမှာ အာဏာဖီဆန်တဲ့သူပုန်တွေနဲ့ လောဘကြီးသူအတွက် လူထုရဲ့အမြင်ကို အဟုန်တစ်ခုအဖြစ်ဖန်တီးဖို့ အမိန့်ပေးခံထားရနိုင်ချေ များတယ်ဆိုတာကို သူကမကြားမိဘူးလား?
ဖြစ်နိုင်တာက ဒီလူအိုကြီးက နေလာတာ အရမ်းကြာနေပြီလို့များ တွေးနေလို့လား။
ယန်ရှုသည်လည်း သူမရဲ့နှလုံးသားထဲမှာ ကျစ် ကျစ် လုပ်လိုက်ပြီး ဒီလူဟာ အရင်ဆုံးယုတ္တိမတန်တဲ့ အမှားတွေကို တည်ဆောက်လိုက်ပြီး ထို့နောက် အကြောင်းမဲ့သက်သက် ခန့်မှန်းချက်တွေအပေါ် အခြေခံကာ လူတွေအား နိဂုံးချုပ်ဆီ ဆွဲခေါ်နေပေသည်။
သို့သော် ထိုအရာက ကိစ္စမရှိပေ။ ဧကရာဇ်က သူမကို ထောက်ပံ့နေတာ ဖြစ်သည့်အတွက် သဘာဝကျကျပဲ သူမက စိုးရိမ်စရာ မလိုပေ။
သေချာပေါက်ပင် ဟန်လင်းအကယ်ဒမီရဲ့ပညာရှိ ကျိုးမိုကျုံးက ပြောလာသည်။
“သခင်ကျွမ်းရဲ့ပြောဆိုချက်က အရမ်းကို တစ်ယူသန်လွန်းတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်မျက်လုံးတွေနဲ့ မြင်တာလည်း မဟုတ်ဘဲနဲ့ ဘယ်လိုလုပ်ပြီး သခင်ငယ်လေးရှောင်ယောင်က ဆောင်ကြာမြိုင်က လူတွေနဲ့ ရှုပ်ထွေးနေတယ်လို့ အလွယ်လေး ပြောနိုင်ရတာလဲ။ ဒီကိစ္စသာ ပြန့်သွားရင် လူတွေက အစိုးရဆီလာပြီး ခင်ဗျားကို တရားစွဲဆိုကြမှာပဲ စိုးမိတယ်။ အဲဒါက တရားစွဲလို့ရတယ်”
ထို့နောက်ချက်ချင်းပဲ စက်မှုလက်မှုဝန်ကြီး လုခိုင်ဟယ်ကလည်း ပြောလာသည်။
“ဘယ်အပျော်မယ်ဂေဟာက အမျိုးသမီးတွေက ဆောင်ကြာမြိုင်ထဲကို ဆန္ဒအလျောက် ဝင်တာရှိလို့လဲ။ အိမ်က သူတို့ရဲ့ဆွေမျိုးတွေ ရောင်းချသွားလို့ပဲ မဟုတ်လား။ တချို့တွေဆိုရင် သူတို့ရဲ့ခင်ပွန်းတွေ ကိုယ်တိုင် ရောင်းသွားတာကိုတောင် ခံရသေးတယ် ကျုပ်ရဲ့အမြင်အတိုင်းဆို ပိုက်ဆံအတွက် သူတို့ကို အပျော်မယ်ဂေဟာဆီ ရောင်းလိုက်တဲ့သူတွေကမှ ပိုပြီးတော့ အထင်သေး စက်ဆုပ်ဖွယ်ရာပဲ”
ထိုစကားတွေ ထွက်လာသည့်အခါ ဧကရီမယ်တော်ကြီး သခင်မမုနဲ့ အန်းခန်းကောင်တီအရှင်တို့အပါအဝင် စားသောက်ပွဲထဲက အမျိုးသမီးတွေအားလုံးက စက်မှုလက်မှုဝန်ကြီးဌာနရဲ့ ရှန်းရှုကို မတူကွဲပြားစွာ ကြည့်လိုက်မိကြသည်။
—ဒါက တည်ကြည်ပြီး သင့်တင့်လျောက်ပတ်တဲ့ သခင်ကြီးလုရော ဟုတ်ရဲ့လား။
ယန်ရှုက ပိုလို့တောင် ဂုဏ်ယူသေးသည်။ ကြည့်စမ်း သူမရဲ့ စာအုပ်ပရိတ်သတ်တွေက ဖြောင့်မတ်ပြီး အရမ်းကို ဖြောင့်မတ်ပြီး သဘောထားကြီးကြတာပဲ။ သေချာပေါက်ပဲ ကြင်နာတဲ့လူတစ်စု အတူတကွရှိနေရင် အဲဒါက အုပ်စုဖြစ်ပေါ်ဖို့ ဖန်တီးပေးတယ်တဲ့။
သို့သော်လည်း လုခိုင်ဟယ် ပြောတာကို ကြားပြီးနောက် လူအိုကြီးကျွမ့်ဟာ ပိုလို့တောင် အားအင်ပြည့်ဝလာကာ ပြောလာသည်။
“သူတို့တွေ မလုပ်ချင်ဘူးဆိုရင် သေတဲ့အထိ တိုက်ခိုက်လို့ ရတယ်လေ။ သူတို့တွေသာ အကျင့်စာရိတ္တ မပျက်ပြားချင်ဘူးဆိုရင် အမျိုးသားတွေရဲ့ကစားစရာအဖြစ် ဘယ်လိုလုပ်ပြီး အလွယ်တကူ ဖြစ်လာရတာလဲ။ ခေတ်အဆက်ဆက်မှာ သူတို့ရဲ့ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူအတွက် စောင့်ထိန်းနေတဲ့ မွန်မြတ်တဲ့အမျိုးသမီးတွေ ရှိနေတုန်းပဲ။ သူတို့ရဲ့ခက်ပွန်းအတွက် မြှုပ်နှံခံလိုက်တဲ့ မိန်းမတွေတောင် ရှိသေးတယ်။ ဒီလောက်ထူးချွန်တဲ့ အမျိုးသမီးတွေ အများကြီးကို မပြောနဲ့ဦး။ ရှန်းရှုက အဲဒီဆောင်ကြာမြိုင်က မိန်းမတွေအတွက် ကိုယ်စားပြောပေးနေတာ တကယ်ကို မယုံကြည်နိုင်စရာပဲ”
ထိုစကားတွေ ထွက်လာသည့်အခါ လုခိုင်ဟယ်ပင် ဘာမှမပြောရသေးခင်မှာပဲ အမျိုးသမီးမိသားစုဝင်တွေက ချက်ချင်းပဲ မပျော်မရွှင် ဖြစ်သွားကြတော့သည်။
122 03
အန်းခန်းကောင်တီရဲ့အရှင်က နှာမမှုတ်ဘဲ မနေနိုင်တော့ပေ။
“ပုရွက်ဆိတ်တွေက သူတို့ရဲ့အသက်ကို ခိုးယူနေတာတောင် အမျိုးသမီးတွေရဲ့အသက်က တန်ဖိုးမရှိသလို ဘယ်လိုပြောရမလဲဆိုတာကို ဒီလူအိုကြီးက တကယ်သိတာပဲ။ သေခြင်းတရားနဲ့ယှဉ်ပြီး တိုက်ခိုက်ရမှာက လုံးတကို ဖြစ်နိုင်တယ်လို့ ထင်နေတာလား။ သေခြင်းကသာ အဲ့လောက် လွယ်ကူနေမယ်ဆိုရင် ဒီကမ္ဘာကြီးပေါ်မှာ တိုင်းပြည်ကို စွန့်ခွာပြီး ထွက်ပြေးတဲ့ယောက်ျားဆိုတာ ရှိနေမှာတောင် မဟုတ်ဘူး!”
ထိုစကားတွေ ထွက်လာသည့်အခါ အမျိုးသားဧည့်သည့်တော်တွေအားလုံးဟာ ရပ်တန့်သွားကြတော့သည်၊ သူတို့ဟာ ပြန်ပြီးငြင်းဆန်ချင်ပေမဲ့ တစ်ခဏလောက် ဘာပြောရမလဲဆိုတာကို မသိပေ
ကောင်တီအရှင် ပြောတာက မှန်နေသည့်အတွက် တိုက်ပွဲကို ရည်ရွယ်ချက်ရှိရှိ စတင်လိုက်သည့် လူအိုကြီးကျွမ့်ကသာ မှားယွင်းနေသူပင်!
ထို့နောက် ယန်ရှုဟာ ဧကရီမယ်တော်ကြီးနဲ့ သခင်မမုကို တိတ်တဆိတ် ကြည့်လိုက်သည်။
သေချာပေါက်ပင် သူတို့နှစ်ဦးစလုံးဟာ ကြည့်ရဆိုးနေပေသည်။
—အဆုံးမှာတော့ လူအိုကြီးရဲ့အဆိုအရ ကွယ်လွန်သွားတဲ့ခင်ပွန်းအတွက် မမြှုပ်နှံဘဲ ကွယ်လွန်သွားတဲ့ခင်ပွန်းအတွက် မုဆိုးမအဖြစ် မနေတာက ပြစ်မှုတစ်ခုပင်။
ကျစ် ကျစ် ကံကောင်းလို့ သူမက “နှစ်ခါပွင့်တဲ့မက်မွန်ပန်းဟာ သန်မာတယ်” ဆိုတဲ့ ဇာတ်ညွှန်းကို အချိန်မီ ဖယ်ရှားလိုက်လို့ တော်သေးသည်။ မဟုတ်လျှင် သူမဟာ ဒီလူအိုကြီးရဲ့အကဲဖြတ်တာကို ခံနေရမည်ဖြစ်သည်။
သို့သော်လည်း ဒီလူအိုကြီးမှာ ကိုယ်ပိုင်အသိဗဟုသုတ မရှိဘဲ အတွေးမှားတွေကို လုံးလုံးလျားလျား ဆက်ပြောနေပေသည်။
“ကမ္ဘာကြီးထဲမှာ ရှေးယခင်ကတည်းက အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တွယ်ဆက်ထားတာဖြစ်သည်၊ ဒါပေမဲ့ ဒီစာရေးသူဟာ ပုံပြင်နှစ်ပုဒ်မှာ အောင်မြင်စွာနဲ့ ယောက်ျားတွေကို နိမ့်ကျတဲ့သူတွေအဖြစ် အသရေဖျက်ကာ ပြောဆိုထားတယ်။ ဖြစ်နိုင်တာက ယောက်ျားတွေကို တမင်သက်သက် မုန်းတီးနေတာများလား။ အမျိုးသမီးတွေရဲ့အကြိုက်ကို ရဖို့အတွက်လေ။ ဒီလူမှာ ကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိမယ်ထင်တယ်”
ဘာသောက်ကိစ္စကြီးလဲ။
အမျိုးသားတွေကို တမင်သက်သက် မုန်းတီးနေတယ်.။
အစတုန်းက ဒေါသမထွက်ခဲ့သည့် ယန်ရှုတောင် တစ်ယောက်ယောက်က ဒီလူအိုကြီးကို ဆွဲထုတ်သွားစေဖို့ ဆုတောင်းရင်း တစ်ခဏလောက် မျက်မှောင် မကြုတ်ဘဲ မနေနိုင်တော့ပေ။
သေချာပေါက်ပင် တစ်ခြားသူတွကတော့ ဒီစကားလုံးတွေကို နားထောင်ရသည်ကို သည်းမခံနိုင်ဘဲ ပညာရှိကျိုးက ထပ်ပြောလိုက်သည်။
“သခင်ကျွမ့်ရဲ့စကားတွေက အတော်လေးကို လွန်လွန်းနေပြီ။ ဒီကမ္ဘာကြီးပေါ်မှာ ဆိုးသွမ်းတဲ့ ယောက်ျားရော မိန်းမရောရှိတယ်။ သူတို့တွေက သာမန်ပုံပြင်တစ်ပုဒ် ရေးရုံပဲလေ။ ဒါပေမဲ့ ခင်ဗျားလို ဒီလိုမျိုးအဓိပ္ပာယ် ကောက်လွဲလို့ရပါ့မလား?”
မမျှော်လင့်ထားစွာနဲ့ လူအိုကြီးကျွမ့်က ထပ်ပြောလာသည်။
“ကြည့်ပါဦး၊ အရှင်မင်းကြီး ဒါကရိုင်းပျတဲ့ဇာတ်ညွှန်းရဲ့ အန္တရာယ်ပါပဲ၊ ဒီလူအိုကြီးက တစ်ခုခုက မသင့်တော်ဘူးလို့ ပြောလိုက်ရုံပဲရှိသေးတယ်။ ညီလာခံမှာအရေးပါတဲ့ အရာရှိနှစ်ယောက်က အဲဒါကို ငြင်းဆိုဖို့ထွက်လာတယ်။ ပြီးတော့လည်း လူတစ်ယောက်တည်းရဲ့ဇာတ်ညွှန်းအတွက် ပြောဆိုပေးနေကြတယ်။ သူ့စကားလုံးတွေအရ ဒီလူရဲ့မလျော်ကန်တဲ့ အတွေးတွေက ညီလာခံထဲထိ ထိုးဖောက်နေပြီဆိုတာကို ပြသနေတယ်။ အရှင်မင်းကြီးက အဲဒါကို ဟန့်တားမှရမယ်”
ထိုစကားတွေ ထွက်လာသည့်အခါ လူတိုင်းက ရယ်လည်းမရယ်နိုင် ငိုလည်း မငိုနိုင်တော့ပေ။
—သိပ်တော်တဲ့လူပဲ စာလေးတစ်ပုဒ်ထဲနဲ့ကို ရဲ့ကျီကို ခြိမ်းခြောက်နေပြီတဲ့လား။
ထိုမြင်ကွင်းကို တွေ့သည့်အခါ ယွီဝိန်းလန်က နောက်ဆုံးတော့ ပြောလာသည်။
“သခင်ကျွမ့်က သူ့ကိုယ်သူ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်တဲ့နေရာမှာပဲ မြှုပ်နှံထားတယ်ဆိုတာက ကိုယ့်တော်ကို အရမ်းပဲ စိတ်လှုပ်ရှားစေတယ်။ ဒါပေမဲ့ ဒီစာကြောင်းက တကယ်ကိုပဲ နည်းနည်းတော့ အခြေအမြစ်မရှိဘူး။ ဒီပုံပြင်ကို နားထောင်ပြီးတော့ အဲဒါနဲ့ပက်သက်ပြီး ဘာမှမှားယွင်းနေတာတာမျိုးကို ငါကိုယ်တော် မတွေ့ပါဘူး။ လူတိုင်းကို ပုံပြင်အကြောင်း ပြီးဆုံးအောင် နားထောင်ခိုင်းလိုက်ပါ”
သူ စကားပြောပြီးနောက် ပုံပြင်ပြောသူကို ဆက်ပြောလိုက်သည်။
“ဆက်ပြောချေ”
ပုံပြင်ပြောသူက နာခံလိုက်ကာ ထိုအခါမှသာ ဆက်ပြောရဲတော့သည်။
သို့သော်လည်း လူအိုကြီးကျွမ့်က ရပ်တန့်သွားပြီး တစ်ခုခုပြောစရာရှိနေသည့်ပုံပင်
ဧကရာဇ်က ပုံပြင်ပြောသူဆီမှာပဲ အာရုံစိုက်ထားကာ သူ့ကို လျစ်လျူရှုထားသည်ကို တွေ့လိုက်ပြီးနောက် သူ့ရဲ့ပါးစပ်ကို မကျေမချမ်းနဲ့ပိတ်လိုက်ကာ ဆက်ပြီးစားတော့သည်။
သို့သော် သိပ်မကြာခင်မှာပဲ ယန်ရှုက ရုတ်တရက် မတ်တပ်ထရပ်လိုက်ကာ ဧကရီမယ်တော်ကြီးကို ပြောလိုက်သည်။
“ဒီကိုယ်လုပ်တော်က ရေမျက်နှာပြင်ကို အကြာကြီးကြည့်နေမိလို့ ဖြစ်လောက်မယ်။ ရုတ်တရက်ကြီး မူးလာတယ်လို့ ခံစားလိုက်ရတယ်။ အဲဒါကြောင့် တစ်ခဏလောက်သွားပြီး အနားယူချင်ပါတယ်”
လှိုင်းမှုးတာမျိုးက ရှားပါးသည့်အရာပင်။ ထို့ကြောင့် ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒါဆိုလည်း အတွင်းဆောင်ထဲသွားပြီး တစ်ခဏလောက် အနားယူလိုက်ပါ”
122 04
ယန်ရှုက တုံ့ပြန်လိုက်ကာ သူမရဲ့မိခင်ကျူးရှီကို ပြောလိုက်သည်။
“အမေ မစိုးရိမ်ပါနဲ့ သမီး အနားယူပြီးရင် ပြန်လာခဲ့မယ်”
စကားပြောပြီးနောက် သူမရဲ့ထိုင်ခုံကနေထကာ အတွင်းဆောင်ဆီသို့ သွားတော့သည်။ သို့သော်လည်း ယွီဝိန်းလန်ဟာ ဒီမြင်ကွင်းကို တစ်စွန်းတစ်စ ဖမ်းမိလိုက်ပြီး အနည်းငယ် စိုးရိမ်နေဆဲပင်။ သူမက ဒီလူအိုကြီးကျွမ့်ကြောင့်များ ဒေါသထွက်သွားတာလား။
မမျှော်လင့်ထားစွာနဲ့ သူမနှလုံးသားထဲက ပြောနေသံကို ကြားလိုက်ရသည်။
“လုအိုကြီးရှစ်ကျွမ့် ဒီနေ့ရှင့်ပုံစံအမှန်ကိုပြဖို့ မတောင်းဆိုဘူးဆိုရင် ဒီအမေရဲ့မျိုးရိုးနာမည်က လီ မဟုတ်တော့ဘူး!]
ယွီဝိန်းလန် “???”
လူအိုကြီးကျွမ့်ကို သူ့ရဲ့မူလပုံစံထုတ်ပြောလာအောင် လုပ်မယ်။
သူဟာ မနေနိုင်ဘဲ ရပ်တန့်သွားတော့သည်။ အခုအချိန်ကြီး ဇာတ်ညွှန်းရေးမလို့လား။
….
~~~
အဲဒါကိုမြင်ပြီးနောက် ပုံပြင်ပြောသူက ဒုတိယတစ်ပုဒ်ကို ပြောလို့အပြီးမှာ စားသောက်ပွဲက ပြီးဆုံးတော့မည်ပင်။
ဂီတသံနဲ့အကအလှသင်္ဘောတို့ဟာ တစ်ဖန်ပြန်ပြီး ရွက်လွှင့်လာပြီး ပိုးထည်နဲ့ ဝါးသံတို့နှင့်အတူ ကပြတဲ့ကလေးတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်တွေကို ယိမ်းထိုးပြီး လှပတဲ့ရေထဲကဂီတသံတွေနဲ့ အကအလှတို့က ထပ်မံဖျော်ဖြေလာပြန်သည်။
ဂီတသံနဲ့အကတို့ ပြီးဆုံးသွားချိန်မှာ ရုပ်သေးသင်္ဘောက လူတိုင်းရဲ့မျက်လုံးထဲကို ထပ်မံပြီး ရွက်လွှင့်လာပြန်သည်။
ယခုတစ်ခေါက်ရဲ့ဖျော်ဖြေမှုက ရေထဲမှာကစားနေတဲ့ ရွှေရောင်နဂါးဖြစ်သည်။
ရေထဲမှာပေါလောပေါ်နေတဲ့ ရွှေရောင်နဂါးလေးကောင်ရှိပြီး ရွှေရောင်နဂါးတစ်ကောင်ချင်းစီတိုင်းဟာ သူတို့ရဲ့ပါးစပ်ကနေ အမျိုးမျိုးသော မီးခိုးတို့ကို မှုတ်ထုတ်နိုင်ပေသည်။ ပြင်းထန်တဲ့ ဒရမ်သံရဲ့ပေါက်ကွဲသံနဲ့အတူ ရွှေရောင်နဂါးတွေက ရေလှိုင်းလုံးတွေကြားမှာ လူးလွန့်နေပြီး အမျိုးမျိုးသော ပုံပန်းတွေကို ဖော်ပြနေပေသည်။ ထို့နောက်သူဟာ ရေထဲကို ငုပ်လျှိုးသွားကာ ဘုံပိုင်ခေါင်းကဲ့သို့ရေကို ဖြန်းထုတ်လိုက်သည်မှာ အတော်လေး အံ့အားသင့်ဖွယ် ကောင်းပေသည်။
တစ်ခဏလောက်လူတိုင်းဟာ ရွှေရောင်နဂါးရဲ့ရေထဲမှာ ဆော့ကစားနေခြင်းကဲ့သို့ ခံ့ညားထည်ဝါမှုကြောင့် လူတိုင်းက နစ်မြှုပ်နေကြသည်။
သခင်ကြီးကျုံးရိရဲ့ဇနီး သခင်မကျူးကသာလျှင် ကြည့်ဖို့ ဂရုမစိုက်သည့်သူ တစ်ဦးဖြစ်သည်။ သူမဟာ သူမရဲ့သမီးယန်ရှုကို အစဉ်အမြဲ စိတ်ပူနေခဲ့တာပင်။ ပြီးတော့ သူမရဲ့မျက်လုံးတွေက အချိန်တိုင်း နန်းဆောင်ဆီကို နေရွှေ့နေရသည်။
အဲဒါကိုမြင်ပြီးနောက် ယွီဝိန်းလန်က သူ့ဘေးက ဖုဟိုင်ကို အမိန့်ပေးလိုက်သည်။
ဖုဟိုင်ဟာ နန်းဆောင်ဆီကို အလျင်အမြန် သွားစစ်ဆေးလိုက်သည်။
သိပ်မကြာခင်မှာပဲ သူဟာထွက်လာပြီး သခင်မကျူးကို ပြောလိုက်သည်။
“သခင်မကြီး။ စိတ်မပူပါနဲ့ ကိုယ်လုပ်တော်ယိဖင်းက အဆင်ပြေပါတယ်။ သူမက အထဲမှာ အနားယူနေရုံပါပဲ။ ကျွတ်တော်မျိုးထင်တာတော့ တစ်ခဏအတွင်း ပြန်ထွက်လာလောက်ပါတယ်”
ထိုစကားတွေကို ကြားပြီးနောက် သခင်မကျူးက အလျင်အမြန်ပဲ ကောင်းပြီဟု ပြောလိုက်ကာ
“ကျေးဇူးတင်ပါတယ် အထိန်းတော်ဖု”
ထိုအခါမှသာ သူမဟာ စိတ်သက်သာရသွားရုံမက ရေထဲကရုပ်သေးပွဲကို ဆက်လက် ကြည့်တော့သည်။
ဘယ်လောက် ကြာသွားသလဲမသိပေ၊ နောက်ဆုံးမှာ ယန်ရှုက နန်းဆောင်ထဲကနေ ထွက်လာချိန်မှာတော့ ရုပ်သေးပွဲငါးပွဲခြောက်ပွဲဟာ ဖျော်ဖြေပြီးဖြစ်သည်။
ဧကရီမယ်တော်ကြီးကို ဦးညွှတ်ပြီးနောက်သူမရဲ့နေရာမှာ ပြန်ထိုင်လိုက်သည်။
သခင်မကျူးက သူမရဲ့အကြည့်တွေကို သူမရဲ့သမီးဆီ အလျင်အမြန် ရွှေ့လိုက်သည်။ သို့သော် သူမရဲ့အသားအရေက နှသ်းဆီရောင်သန်းနေပြီး ကြည့်ရသည်မှာ ဖျားနာနေပုံ မပေါ်ပေ။ သူမကသိတ်သက်သာရာရသွားပြီး မေးလာသည်။
“အခုလေးတင် ဘာဖြစ်လို့လဲ”
122 05
ယန်ရှုသည်လည်း ပြုံးကာ ပြောလိုက်သည်။
“နည်းနည်းလေး မူးနေရုံပါ။ တစ်ခဏလောက် မှေးပြီးတော့ ကောင်းသွားပါပြီ မပူပါနဲ့”
သူမ စကားပြောပြီးနောက် အချိုပွဲမုန့်ကို ကောက်လိုက်ကာ စားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သစ်အယ်သီးကိတ်နှစ်ခုနဲ့ ကြာစေ့အနှစ်ကိတ်သုံးခုက သူမဲ့အစာအိမ်ထဲကို ကျရောက်သွားပြီ ဖြစ်သည်။
ကျစ် ကျစ် အဲဒီသေခါနီးလူအိုကြီးက သူမရဲ့နေ့လည်စာကိုတောင် ကုန်လုနီးနီးဖြစ်အောင် လုပ်လိုက်တာပဲ။
အများကြီး ဆုံးရှုံးသွားပြီ။
ထိုသို့ပြောပြီးနောက် သူမဟာ ဇာတ်ညွှန်း ရေးထားတာကို အလျင်စလိုနဲ့ အပြေးအလွှား မပေးလိုက်ပေ။
—အဆုံးမှာတော့ အချိန်က အကန့်အသတ် ရှိသည့်အပြင် ထိုမှသာ သူမက အဓိကဇာတ်လမ်းကို အာရုံစိုက်နိုင်မည် ဖြစ်သည်။ ဇာတ်လမ်းကို ရိုးရှင်းတဲ့ပုံစံနဲ့ ရေးထားတာဖြစ်ပြီး တန်ဆာ ဆင်ထားတာတွေ အများကြီးမပါပေ။
နောက်တစ်ခုကတော့ ပုံပြင်ပြောသူကို ကြည့်ဖို့ဖြစ်ပြီး အဲဒါကို အံ့အားသင့်ဖွယ်ကောင်းစွာ ဖျော်ဖြေနိုင်ဖို့ မျှော်လင့်ပေသည်။
ထိုကဲ့သို့ တွေးလိုက်ပြီးနောက် ရုပ်သေးပြပွဲကို ဖျော်ဖြေတဲ့သူက တကယ်ပဲ ဖျော်ဖြေနေတာကို ရပ်တန့်လိုက်ပြီးသွားတာကို တွေ့လိုက်ရသည်။
မောင်းသံနဲ့ ဒရမ်သံအသစ်တွေနဲ့အတူ ကြီးမားတဲ့ဆေးခြယ်ထားတဲ့ သင်္ဘောကြီးနှစ်စင်းဟာ လူတိုင်းရဲ့အာရုံထဲကို ရွက်လွှင့်လာတော့သည်။ ပြီးတော့ သင်္ဘောရဲ့ကုန်းပတ်ပေါ်မှာ ကြီးမားတဲ့ဒန်းနှစ်ခု ရှိပေသည်။
ဟေး ဒါက ရေထဲမှာ ဒန်းပြပွဲလာတော့မှာမလား။
ယန်ရှုဟာ ရေထဲကို ချက်ချင်းပဲ ကြည့်လိုက်တော့သည်။
သိရမည်မှာ ဒါက ဒီနေ့ရဲ့အထူးစိတ်ဝင်စားဖွယ် အကောင်းဆုံးဖြစ်ပြီး ကံကောင်းစွာနဲ့ သူမဟာ အဲဒါကို မလွဲချော်ခဲ့ပေ။
ထိုဆေးခြယ်ထားတဲ့ သင်္ဘောကြီးနှစ်စင်းဟာ အရမ်းကိုကြီးမားပြီး ကုန်းပတ်ပေါ်က ကြီးမားတဲ့ ဒန်းတွေကလွဲလျှင် မောင်းသံဒရမ်သံတွေနဲ့အတူ ခုန်တာလိုမျိုး အိုးတွေနဲ့ပန်းကန်တွေကို ပစ်မြှောက်ဆော့တာလိုမျိုး ကိုယ်လက်လေ့ကျင့်ခန်းတွေကို ကပြဖျော်ဖြေနေတဲ့ တခြားသူတွေလည်း ရှိကြပေသည်။
ကိုယ်လက်လေ့ကျင့်ခန်းဖျော်ဖြေအပြီးမှာ စစ်သည်တော်တစ်ဦးဟာ ဒန်းပေါ်ကို တက်သွားပြီး စတင်ပြီး လွှဲတော့သည်။
အစမှာတော့ ဒန်းလွှဲတဲ့ကွာဟချက်ဟာ သိပ်ပြီးမကြီးပေ။ သို့သော် တစ်ဖြည်းဖြည်းနဲ့ မြင့်သထက် မြင့်လာတော့သည်။
ဒန်းလွှဲသည်က အမြင့်ဆုံးအမှတ်ကို ရောက်လာသည့်အခါမှာတော့ သူဟာ ရုတ်တရက်ပဲ ကြိုးကို လွှတ်လိုက်ပြီး လေထဲမှာ အကြိမ်ပေါင်းများစွာ ကျွမ်းပစ်လိုက်ပြီး ထို့နောက် ရေထဲသို့ ခုန်ချသွားတော့သည်။
ယခုလေးတင် ကြည့်နေတဲ့သူတွေရဲ့ နှလုံးသားတွေဟာ ကြိုးတစ်ချောင်းနဲ့ ချိတ်ဆွဲထားခံရပေမဲ့ သူတို့တွေက မချီးမြှောက်ဘဲ မနေနိုင်ပေ။
ထို့နောက် ချက်ချင်းပဲ တစ်ခြားစစ်သည်တော်တွေဟာလည်းပဲ စင်ပေါ်ကို တစ်ယောက်ပြီးတစ်ယောက် တက်လာကာ အရင်တစ်ခုလိုပဲ ဒန်းစီးခြင်းနဲ့ ရေကူးခြင်းကဲ့သို့ ပြုလုပ်လာကြပြီး လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းကလည်း ကွာခြားပေသည်။ သို့သော် သူတို့အားလုံးက အံ့အားသင့်ဖွယ် ကောင်းသည်။
တစ်ခဏလောက် ခန်းမထဲကလူတွေသာမက ကျင်းမင်ရေကန်ရဲ့ကမ်းနားကနေ ကြည့်ရှုနေတဲ့လူတွေဟာလည်း စိတ်အားထက်သန်စွာနဲ့ ချီးမြှောက်လာကြသည်။ လေထုဟာလည်းပဲ အရမ်းကိုပူနွေးနေပေသည်။
ယန်ရှုသည်လည်း မှင်တက်သွားရတော့သည်။
******
123 01
အပိုင်း 123
ပထမတော့ သူမဟာ ဒါက နောက်ပိုင်းမျိုးဆက်တွေရဲ့ တစ်ပြိုင်နက် ဒိုင်ဗင်ထိုးတာလို့ ထင်ခဲ့တာပင်။ သို့သော်လည်း ဒါက ဒိုင်ဗင်ထိုးခြင်းထက် ပိုပြီးတော့ လှပလိမ့်မယ်လို့ မမျှော်လင့်ထားမိပေ။
လွဲချော်သွားဖို့က အရမ်းကို ခက်ခဲသည့်အတွက် အဆာပြေမုန့်စားဖို့ပင် မေ့သွားခဲ့သည်။
နာရီဝက်ခန့်အပြီးမှာ စစ်သားအယောက်၂၀၀ နီးပါးဟာ တစ်ယောက်ပြီးတစ်ယောက် ဖျော်ဖြေပြီးဖြစ်ပြီး မည်သူကမှ အမှားမလုပ်ပေ။ သူတို့အားလုံးဟာ ထူးချွန်ကြပြီး ဒါဟာ ယခုမင်းဆက်ရဲ့လှေထိုးသားတွေက အရမ်းကို တော်ကြသည်ဆိုတာကို ပြသနေပေသည်။
ရေထဲမှာ ဒန်းစီးခြင်းကို တင်ဆက်အပြီးမှာ မနက်ခင်းပြိုင်ပွဲတွေနဲ့ ရွှေဖလားကို အနိုင်ရဖို့ ပြိုင်ရတဲ့ နောက်ဆုံးပွဲစဉ်နှစ်ခုကိုလည်း တင်ဆက်လိုက်ပြီး ဖြစ်သည်။
နောက်ဆုံးပွဲစဉ် ဖြစ်သည့်အတွက် လက်ရွေးစင်ထဲက လက်ရွေးစင်တွေဖြစ်ကြကာ ထို့ကြောင့် ပြိုင်ပွဲက မနက်ကထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းပြီး ကြည့်ရှုရသည်မှာ အရမ်းကို စိတ်လှုပ်ရှားရပေသည်။
ထို့နောက် ပြိုင်ပွဲနှစ်ခုအပြီးမှာ ယနေ့ရဲ့နောက်ဆုံးရေပြပွဲဖြစ်သည့် နဂါးလှေပွဲတော်ပြိုင်ပွဲပင်။
ရေကန်ထဲမှာ စုစည်းနေကြတဲ့ နဂါးလှေ အစင်းနှစ်ဆယ်ကျော်ရှိပြီး အမိန့်ကို လိုက်နာပြီးနောက် လေးညှို့ကနေ ပစ်လွှတ်လိုက်သည့် မြှားတွေကဲ့သို့ အရှေ့ကို ရွေ့လျားသွားကြသည်။
ကမ်းခြေက လူတွေဟာလည်းပဲ သူတို့ရဲ့ကိုယ်ပိုင်ကိစ္စကို လုပ်နေကြပြီး တစ်ယောက်ပြီးတစ်ယောက် အော်ဟစ် ချီးကျူးနေကြသည်။
တစ်ခဏလောက်ထိ နဓါးလှေပေါ်က ဒရမ်အသံတွေနဲ့ ရေကန်ဘေးက လူတွေရဲ့အော်ဟစ်သံတွေဟာ အတူတကွ ရောနှောသွားကြပြီး တကယ်ကို သက်ဝင်လှုပ်ရှားနေပေသည်။
ထို့နောက် နဂါးလှေပြိုင်ပွဲက ပြီးသောအခါ ရေမျက်နှာပြင်ဟာလည်း ဝင်အံ့ဆဲဆဲ နေရဲ့အရောင်နဲ့ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး ဖြစ်သည်။
ဆုပေးပွဲ အခမ်းအနားကို ထပ်မံကျင်းပလိုက်ပြီးနောက်မှာတော့ ညအချိန်ဟာလည်း ကျရောက်လာပြီ ဖြစ်သည်။
ရေကန်ဘေးနားက အိမ်တွေနဲ့ စျေးဆိုင်တွေဟာလည်း မီးထွန်းညှိလိုက်ပြီး မြို့တော်ရဲ့ ဆူညံပြီး ပျားပန်းခတ် လှုပ်ရှားနေတဲ့ညတာနှင့်အတူ နန်းတော်က ညစာစားပွဲဟာလည်း စတင်လိုက်ပြီ ဖြစ်သည်။
နေ့လည်အချိန်က စားသောက်ပွဲနှင့်ယှဉ်လျှင် ညစာစားပွဲက ပို၍ ကြွယ်ဝပေသည်။
သို့သော် လူထုကို အဆွဲဆောင်နိုင်ဆုံးကတော့ ပုံပြင်ပြောသူဟာ စင်ပေါ်ကို တစ်ဖန်ထပ်ပြီး တက်လာပြန်ပေသည်။
ယခုချိန်မှာတော့ သူဟာ လှေပေါ်မှာ မဟုတ်တော့ဘဲ နန်းတော်ထဲကို တိုက်ရိုက်ပဲ ဝင်လာခဲ့သည်။
ဧကရီမယ်တော်ကြီးကို အရိုအသေ ပေးပြီးနောက် သူဟာ လူတိုင်းကို ပြောလိုက်သည်။
“ဒီနေ့ လူတိုင်းက တကယ်ကို ဒီနေရာမှာ ရှိနေကြတာပဲ။ အရှင်မင်းကြီး ဧကရီမယ်တော်ကြီးနဲ့ ကိုယ်လုပ်တော်ယိတို့ကို ဂုဏ်ပြုသောအားဖြင့် သခင်လေးရှောင်ယောင်က ပုံပြင်အသစ်တစ်ပုဒ်ကို အထူးတလည်ရေးပြီး တစ်ယောက်ယောက်ကို စေလွှတ်ကာ အားလုံးအတွက် ပေးခိုင်းလိုက်ပါတယ်။ ပထမတန်းစားအနေနဲ့ သင်တို့ဟာ ဒီပုံပြင်ကို နားထောင်ရတဲ့ ကမ္ဘာပေါ်က ပထမဦးဆုံးသောသူတွေပါပဲ”
တကယ်ပဲ သခင်လေးရှောင်ယောင်ရဲ့ ဇာတ်ညွှန်းအသစ်လား။
လူတိုင်းက အဲဒါကို ကြားလိုက်ရသည့်အခါ သူတို့တွေက အံ့ဩဟန်ပြလာကြပြီး သူတို့ရဲ့နားတွေကို စွင့်လိုက်ကြသည်။
ပြီးနောက် စက်မှုလက်မှုရုံးတော်ရဲ့ဝန်ကြီးဖြစ်သူ သခင်ကြီးလုဟာလည်း ပိုလို့တောင် စိတ်လှုပ်ရှားနေပေသည်။ သူဟာ တူကိုတောင် မကောက်ဘဲ ပုံပြင်ပြောသူကိုသာ စိုက်ကြည့်နေပေသည်။
မျှော်လင့်စောင့်စားနေတဲ့ အကြည့်တွေအောက်မှာ ပုံပြင်ပြောသူဟာ သစ်သားကို ရိုက်လိုက်ပြီး စတင်ပြီး စကားပြောလိုက်တော့သည်။
“ဒီနေ့ရဲ့ပုံပြင်က ‘ဆန္ဒမရှိတဲ့လူက နောက်ဆုံးတော့ နတ်ဘုရားရဲ့အမျက်ဒေါသကို ရန်စမိခြင်း’ လို့ ခေါ်ပါတယ်။ ဒါကတော့ လယ်ကွက် အနည်းငယ်ပဲရှိတဲ့ ဆင်းရဲတဲ့မိသားစုက ပညာရှိတစ်ဦးအကြောင်းပါ….”
ဒါကို ကြားလိုက်ချိန်မှာ လူတိုင်းက လူအိုကြီးကျွမ့်ဆီကို ထပ်မံပြီးကြည့်လိုက်ကြသည်
—အခုလေးတင် ဆောင်ကြာမြိုင်ဆိုတဲ့စကားလုံးကို သူက မကြိုက်ဘူးမဟုတ်လား ဒါပေမဲ့ အခုကျတော့ ဆောင်ကြာမြိုင် မဟုတ်တော့ဘူးလေ ဟုတ်တယ်မလား။
ခဏနေကျ ထွက်လာပြီး ဖျော်ဖြေဦးမလားဆိုတာ ကြည့်ရအောင်….။
—သေချာပေါက်ပင် လူအိုကြီးကျွမ်းက အပြစ်ရှာဝေဖန်ဖို့ ထွက်မလာချင်တာ မဟုတ်ပေ။ သူဟာ ဒီပုံပြင်ရဲ့အစမှာ ဘာအမှားမှ ရှာမတွေ့လို့ဖြစ်သည်
ပုံပြင်ပြောသမားပြောတာကိုပဲ နားထောင်ရအောင်။
123 02
“မိဘတွေက အသက်ကြီးလာပေမဲ့ ထိုစာသင်သားဟာ ကြက်တွေကို ထိန်းသိမ်းဖို့ အင်အားလည်း မရှိ။ လယ်ကွင်းတွေကိုလည်း ဘယ်တုန်းကမှ ထယ်မထိုးဖူးဘူး။ ဒါ့ကြောင့် မိဘတွေက သူတို့သာ သေသွားရင် သားဖြစ်သူက သေတဲ့အထိ ဆာလောင်နေမှာ စိုးတဲ့အတွက် သူတို့ မသေခင်မှာ သန်မာတဲ့ချွေးမတစ်ယောက်ကို ရှာပြီး လက်ထပ်ပေးလိုက်တယ်”
“အဲဒီချွေးမအသစ်က တကယ်ကို လုံ့လဝီရိယရှိတဲ့လူဖြစ်ပြီး နေ့တိုင်းနေ့တိုင်း ယောက္ခမတွေကိုလည်း လေးစားပြီး ခင်ပွန်းကိုလည်း အလေးထားတယ်။ ချက်ပြုတ် သန့်ရှင်းတဲ့အပြင် ရက်ကန်းရက်ပြီး အဝတ်အထည်တွေကိုလည်း ချုပ်လုပ်သေးတယ်။ ယောက္ခမနှစ်ဦးကို ပြုစုပြီးနောက်လည်း လေနဲ့နေရောင်ကို မကြောက်ဘဲ ယောက်ျားတစ်ယောက်လိုမျိုး လယ်စိုက်ပျိုးဖို့ လယ်ကွင်းတွေဆီကို သွားသေးတယ်။ ကြက်နဲ့ ဝက်တွေကို မွေးမြူတဲ့အပြင် အိမ်ရဲ့အတွင်းအပြင်မှာပါ မနားမနေ အလုပ်လုပ်သေးတယ်။ ကလေးတစ်ယောက် မွေးပြီးတဲ့နောက်မှာလည်း ကလေးကို ခေါ်သွားပြီးလည်း အလုပ်လုပ်သေးတယ်။ အဲဒီလို နေထိုင်ပြီး အလုပ်လုပ်နေပေမဲ့ သူမရဲ့ခင်ပွန်းဖြစ်သူကိုတော့ ဘယ်တော့မှ အလုပ်မလုပ်ခိုင်းခဲ့ဘူး”
ဒါကို ကြားလိုက်ရချိန်မှာ အကြီးဆုံးမင်းသမီးကြီးက မနေနိုင်ဘဲ ဧကရီမယ်တော်ကြီးဆီကို ညည်းတွားလိုက်မိသည်။
“ဒီပညာရှိက တကယ်ကို ဇနီးကောင်းတစ်ယောက်နဲ့ လက်ထပ်ခဲ့တာပဲ။ သူ့မှာသာ ဒီလိုဇနီးကောင်း မရှိဘူးဆိုရင် ဒီလူက သေတဲ့အထိ ဆာလောင်နေလောက်တယ်”
ဧကရီမယ်တော်ကြီးကလည်း ခေါင်းညိတ်လိုက်သည်
ယွီဝိန်းလန်က ထိုလူအိုကြီးကို တိတ်တဆိတ်ပဲ ငေးကြည့်လိုက်သည်။
သို့သော် ထိုသူ့ရဲ့မျက်လုံးတွေက ဆတ်ခနဲ လှုပ်ရှားသွားပြီး ကြည့်ရသည်မှာ အနည်းငယ် သံသယ ဝင်သွားပုံရသည်။
ပုံပြင်ပြောသမားက အကြီးဆုံးမင်းသမီးကြီးကို ကြည့်လိုက်ကာ အပြုံးလေးနဲ့ ပြောလိုက်သည်။
“မင်းသမီးကြီး ပြောသလိုပါပဲ။ ဒီလုပ်နိုင်စွမ်းရှိတဲ့ဇနီးရဲ့ အကူအညီနဲ့ ထိုပညာရှိက သက်တောင့်သက်သာနဲ့ နေထိုင်နိုင်ပြီး အဲဒါကြောင့် သူ့ကိုယ်သူ စာလေ့လာတာနဲ့ သုသေသနထဲမှာ နှစ်မြှုပ်ထားနိုင်ခဲ့တယ်။ အထက်တန်းလွှာ စာမေးပွဲပြီးတဲ့အခါမှာ အရာရှိရာထူးကို ရရှိလိုက်တော့တယ်”
ဒါကိုကြားချိန်မှာ ဧကရီမယ်တော်ကြီးက မနေနိုင်ပဲ သူမရဲ့ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။
“နောက်ဆုံးတော့ ဒီဇနီးဖြစ်သူက အဆုံးသတ်ကို ရောက်ပြီပဲ”
လူတိုင်းက ခေါင်းညိတ်လိုက်ကြကာ ထိုကဲ့သို့ တွေးလိုက်ကြသည်။
သူတို့တွေးနေစဉ်မှာပဲ ပုံပြင်ပြောသမား ပြောလာသည်ကို ကြားလိုက်ရသည်။
“ဒါပေမဲ့ အထက်တန်းလွှာစာမေးပွဲ ပြီးတဲ့နောက် ဒီလူ ပထမဆုံး လုပ်တဲ့အရာက မြို့တော်မှာ လှပတဲ့ကိုယ်လုပ်တော်တစ်ယောက်ကို ယူလိုက်တာပဲ”
ဘာ။
လူတိုင်းက တွန့်ဆုတ်သွားကြသည်။
အထူးသဖြင့် အမျိုးသမီးဧည့်သည်တော်တွေဖြစ်သည်။ အားလုံးဟာ ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်ကြသည်။
ကျော်ကြားပြီးတဲ့နောက် ဒီလူ ပထမဆုံးလုပ်တာက ကိုယ်လုပ်တော်တစ်ယောက်ကို ယူတာဟုတ်လား။
သေချာပေါက်ပဲ ဒါက နောက်စရာကိစ္စ မဟုတ်ပေ။
သို့သော်လည်း ကမ္ဘာပေါ်တွင် ထိုကဲ့သို့သော လူအနည်းစု ရှိကြပေသည်။ ထို့ကြောင့် သူတို့အားလုံးက သူတို့ရဲ့နှလုံးသားထဲမှာ မကျေမနပ် ခံစားလိုက်ရပြီး ဘယ်သူကမှ ထုတ်တော့ မပြောကြပေ။
သို့သော် ပုံပြင်ပြောသူက ထပ်ပြောလိုက်သည်။
“နောက်တော့ ဒီပညာရှင်က သူ့ရဲ့လှပတဲ့ ကိုယ်လုပ်တော်ကိုတော့ ရုံးတော်ကို ခေါ်သွားပြီး အလုပ်ကြိုးစားတဲ့ဇနီးကိုတော့ ကလေးတွေကို ပျိုးထောင်ပြီး လယ်ထဲမှာပဲ အိမ်အလုပ်တွေကို ဂရုစိုက်ဖို့ တောင်းဆိုပြီး ဇာတိမြို့မှာ ချန်ထားခဲ့တယ်။ ဒါပေမဲ့ လတိုင်းတော့ သူတို့သားအမိအတွက် ငွေတုံးအနည်းငယ်ကို ပို့ပေးပေတယ်”
123 03
ဒါကိုကြားချိန်မှာ အကြီးဆုံးမင်းသမီးကြီးက မနေနိုင်ဘဲ ထပ်ပြောလိုက်သည်။
“ဒီလူက ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ။ သူ့ရဲ့ဇနီးဖြစ်သူက အချိန်အကြာကြီး အလုပ်ကြိုးစားခဲ့ရတာ။ ထင်ခဲ့တာက သူ့ဇနီးရဲ့ခက်ခဲမှုတွေ အားလုံးက ချီးမြှောက်ထိုက်တယ်ပေါ့။ ဒါပေမဲ့ သူကတော့ သူ့ဇနီးကို ကောင်းချီးတွေကိုပျော်ရွှင်ဖို့ ခွင့်မပြုဘူးပေါ့။ ကိုယ်လုပ်တော်တစ်ယောက်ကို ယူပြီးရင်လည်း သူမက သခင်မကြီးတစ်ယောက်အဖြစ် ခစားခံရသင့်တာလေ”
ပုံပြင်ပြောသူက သူ့ခေါင်းကို ရမ်းလိုက်ကာ ပြောလာသည်။
“ဒီပညာရှင်က သူ့ဇနီးရဲ့ကြမ်းတမ်းတဲ့ရုပ်သွင်ကို အမြဲတမ်း မနှစ်သက်နေခဲ့တာဖြစ်ပြီးတော့ အပြင်ကို ခေါ်သွားရင် သူ့အတွက် ရှက်စရာ ကောင်းနေမယ်လို့ ခံစားရတယ်။ အဲဒါအပြင် သူဟာ ညီလာခံက အရာရှိတစ်ယောက်ဖြစ်ပေမဲ့ သူ့ဇနီးကတော့ စာပေမတတ်သူ။ သူမက လှပတဲ့ကိုယ်လုပ်တော်လောက် မကောင်းမွန်ပေ။ ကိုယ်လုပ်တော်ကတော့ လှပရုံသာမက ကဗျာတွေနဲ့ သီချင်းတွေကိုလည်း နားလည်ပေတယ်။ ပန်းပွင့်လေးတွေက လမင်းမတိုင်ခင် ဖူးပွင့်ကြတယ်။ ဒါ့ကြောင့် သူက အနာဂတ်မှာ သူ့ရဲ့ပထမဇနီးနဲ့နေဖို့ အစီအစဉ်မရှိဘဲ ထိုကိုယ်လုပ်တော်ကိုသာ ပထမဇနီးအဖြစ် လူတွေရှေ့မှာနေဖို့ ပြောဆိုလိုက်တယ်”
ထိုစကားတွေ ထွက်လာသည့်အခါ အကြီးဆုံးမင်းသမီးကြီးက တကယ်ကိုဒေါသပုန် ထသွားပြီး နှာမှုတ်လိုက်ကာ
“ဘယ်လိုတောင် နှလုံးသားမရှိတဲ့ ပညာရှင်လဲ။ သူ့ဇနီးက ကြည့်ရတာ ကြမ်းတမ်းပုံ ပေါက်ရင်တောင် အဲဒါက လယ်စိုက်တဲ့နေရာမှာ ကြိုးစားအားထုတ်တဲ့ သူမရဲ့ကြိုးပမ်းမှုကြောင့် မဟုတ်ဘူးလား။ မဟုတ်ရင် ကမ္ဘာပေါ်က ဘယ်အမျိုးသမီးက လေနဲ့နေရောင်ထဲကို သွားဖို့ဆန္ဒရှိပြီး အိမ်မှာပဲ ကောင်းချီးမခံစားဘဲ နေချင်မှာလဲ။ အဲဒါအပြင် သူ့ရဲ့မူလမိသားစုနောက်ခံ အခြေအနေနဲ့ဆိုရင် သူ့ရဲ့လှပတဲ့ကိုယ်လုပ်တော်က ဘယ်လိုလုပ်ပြီး လက်ထပ်မှာတဲ့လဲ”
လူတိုင်းက သဘောတူစွာနဲ့ ခေါင်းညိတ်လိုက်ကြသည်။
ဧကရီမယ်တော်ကြီးက မေးလိုက်သည်။
“နောက်တော့ရော ဒီလူက သူ့ဇနီးမဟုတ်ဘဲ သူ့ရဲ့ကိုယ်လုပ်တော်ကို ပွဲအခမ်းအနားတွေဆီ ခေါ်သွားတာကို အပြင်လူတွေ သိကြလား”
ပုံပြင်ပြောသူက ပြန်လည်ဖြေလိုက်သည်။
“အပြင်လူတွေက တကယ်ပဲ အဲ့အကြောင်းကို မသိပါဘူး။ သူက သူ့ဇနီးအကြောင်း အပြင်လူတွေကို ဘယ်တုန်းကမှ မပြောဘူးလို့ပါ။ အဲဒါအပြင် သူက သူ့ရဲ့ကိုယ်လုပ်တော်ကို အရမ်းကို ချစ်တဲ့အတွက် လူတွေက ဒီကိုယ်လုပ်တော်ကို သူ့ရဲ့ဇနီးလို့ ထင်သွားကြတာ။ အစတုန်းကတော့ ဒီဟာက နားလည်မှု လွဲရုံပဲဖြစ်ပေမဲ့ အချိန်ကြာလာတဲ့အခါမှာတော့ ဒီလူက ဘယ်တော့မှ ထုတ်မပြောတော့ဘဲ အချိန်အကြာကြီး ကြာပြီးတဲ့နောက်မှာတော့ သူဟာ အဲဒီကိုယ်လုပ်တော်ကို သူ့ဇနီးလို့ တိုက်ရိုက်ပဲ ကြေငြာလိုက်တယ်”
“ကိုယ်လုပ်တော်က တောင်တန်းတွေနဲ့ ပင်လယ်တွေဆီက စားကောင်းသောက်ဖွယ်တွေကို တည်ငြိမ်စွာနဲ့ ပျော်ရွှင်စွာ စံစားနေပြီး ဇိမ်ခံအဝတ်အစားတွေကို ဝတ်ဆင်နေပေမဲ့ ပထမဇနီးကတော့ သူမရဲ့ဇာတိမြို့က လယ်ယာတွေကို စောင့်ရှောက်နေရင်း သူမရဲ့နေ့ရက်တွေကို ကုန်ဆုံးစေတယ်။ ဒီလူက သူ့ရဲ့သားဖြစ်သူကိုတောင်မှ မချစ်ဘူး။ သူ့ကို သူ့ရဲ့ဇာတိမြို့မှာပဲ ထားခဲ့ပြီး သူ့အမေနောက်ကိုပဲ လိုက်ခိုင်းတယ်။ ပြီးတော့ နှစ်အနည်းငယ် ကြာတဲ့အထိ သတိမရခဲ့ဘူး။ ကဲ ကြည့်ကြည့်ရအောင်။ တွေးကြည့်လိုက်ကြပါ။ သူ့ဇနီးက စာမတတ်ဘူးလေ။ ဒီလူငယ်လေးမှာလည်း သူ့ကို သင်ကြားပြသပေးမဲ့ အဖေဆိုတာလည်း မရှိဘူး။ အဲ့တော့ သူ ကြီးပြင်းလာတဲ့အခါမှာ ဘာကိုမှ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။ သူ့ရဲ့အမေနဲ့အတူ လယ်ယာစိုက်ပြီး အစားအသောက်တွေကိုပဲ စိုက်ပျိုးနိုင်တယ်။ ဒါပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ ကိုယ်လုပ်တော်ရဲ့သားကတော့ ဒီလူရဲ့တန်ဖိုးထားတာကို ခံရတဲ့အတွက် စာသင်ကြားပြီး တော်ဝင်စာမေးပွဲကို ဖြေဆိုကာ သူ့သားအဖြစ်နဲ့ အရာရှိတစ်ယောက်တောင် ဖြစ်လာခဲ့သေးတယ်။ ဒါပေမဲ့ ဆယ်စုနှစ်တွေ ကြာတဲ့အထိ ဘယ်သူကမှ ရှာမတွေ့ခဲ့ဘူး”
ထိုစကားသံ ထွက်လာသည့်အခါ လူတိုင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်ကြသည်။
“ဆိုတော့ အဲဒါက ဧကရာဇ်ကို လှည့်စားတယ်လို့ သံသယရှိနိုင်တယ်မလား”
“အမှန်ပဲ! ဒီလူက အတော်လေးကို သတ္တိရှိလွန်းတယ်”
…..
123 04
ဆွေးနွေးမှုတွေအကြားမှာ ယန်ရှုကသာ အစားအသောက်တွေကို တည်ငြိမ်စွာ စားနေကာ နန်းတော်ထဲက ထိုလူနှစ်ယောက်ကို တစ်ချက် ကြည့်လိုက်သည်။
သူ မမြင်လိုက်တာကတော့ ထိုလူအိုကြီးကျွမ့်ရဲ့မျက်နှာက ပြာတစ်လှည့် ဖြူတစ်လှည့်ဖြစ်နေပြီး သူ့မျက်လုံးတွေက ချိတုံချတုံဖြစ်နေကာ အရမ်းကို ပျာယာ ခတ်နေပေသည်။
ပြီးတော့ သခင်မကျွမ့်ဆိုတဲ့နာမည်ကို ဖက်တွယ်ထားတဲ့ သူ့ရဲ့ကိုယ်လုပ်တော် ဖြစ်သူဟာလည်း သူမရဲ့ မျက်နှာပေါ်က စိတ်ပူပန်နေတဲ့ အကြည့်နှင့်အတူ ဘယ်ညာကို ကြည့်နေပေသည်။
ဟက် မကောင်းတဲ့အသိစိတ်ကို နှစ်ပေါင်းများစွာ ပြုလုပ်ပြီးနောက်မှာ တစ်ယောက်ယောက်က ထွက်လာရဲပြီး တိုက်ခိုက်ဖို့ရှာဖွေတာက တကယ်ကို ရှားပါးတာပဲ။
ယန်ရှုက သက်တောင့်သက်သာနဲ့ပဲ ကြွပ်ရွနေတဲ့အရေခွံနဲ့ ဝက်သားကင်တစ်ပိုင်းကို ကောင်လိုက်ကာ ဆီးချဉ်ဆော့စ်အနှစ်ထဲ နှစ်လိုက်ပြီး သူမရဲ့ပါးစပ်ထဲကို ထည့်လိုက်သည်။ တကယ်ကို အရသာရှိသည်ပင်။
ခန်းမတစ်ခုလုံးက ဒေါသတွေနဲ့ ပြည့်နှက်နေပြီး လူတိုင်းက ပုံပြင်ပြောသူကို မေးလိုက်ကြသည်။
“နောက်တော့ရော ဘာဖြစ်သွားလ?”
“ဒီလူက သူ့ရဲ့အသိတရားကို အကြိမ်ပေါင်းများစွာ ချိုးဖောက်နေတာ သူက ဘယ်လိုမျိုး ဒဏ်ခတ်ခံရမှာလဲ”
ပုံပြင်ပြောသူက တည်ငြိမ်စွာ ပြောလိုက်သည်။
“သေချာပေါက် ဒဏ်ခတ်ခံရမှာပေါ့။ မဟုတ်ရင် နာမည်က ‘နှလုံးသား မရှိတဲ့သူကို မိုးကောင်းကင်က အပြစ်ပေးခြင်း’ လို့ ဘယ်ခေါ်ပါ့မလဲ။ လူတိုငိးပဲ စိတ်ရှည်ရှည်ထားပြီး ကျွန်တော့်ကို ဖြည်းညှင်းစွာ ပြောခွင့်ပြုပါ”
“ဒီလူက ကောင်းကင်ကို လိမ်ညာနေတယ်လို့ ထင်မိပြီး ဆယ်စုနှစ်တွေ ကြာတဲ့အထိ သူ့ကိုယ်သူ ယုံကြည်မိမလိုပဲ။ ဒါပေမဲ့လည်း နတ်ဘုရားတွေမှာ အမြင်ရှိပြီး တစ်နေ့မှာတော့ လှေကားကနေ ဆင်းတဲ့အခါ သူ့ခြေထောက်က ချော်သွားပြီး လှေကားထစ်တွေဆီကို အင့်ခနဲမြည်သံနဲ့အတူ တိုက်ရိုက်ပဲ ပြုတ်ကျသွားတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့ခြေတွေလက်တွေ ကျိုးသွားပြီး အိပ်ရာထဲ လဲသွားတော့တယ်”
“သူဟာ ရမ်းကုသမားတော်ဆီ ထပ်သွားလိုက်မိပြီး ဆေးညွှန်း စပ်ပေးတဲ့အခါမှာ မတော်တဆနဲ့ ပြင်းထန်တဲ့ဆေးညွှန်းကို ထပ်ထည့်ပေးလိုက်မိပြီး ထိုလူက အဲဒီဆေးကို သောက်အပြီးမှာ ညဘက်တွေဆို အိပ်မပျော်တော့ဘဲ ပြင်းပြင်းထန်ထန် ခံစားလိုက်ရတယ်။ သူက အဲ့ကတည်းကနေ အိပ်ရာထဲက ထွက်မလာနိုင်တော့ဘူး”
“စကားပုံအရ ‘နာတာရှည် ဖျားနာမှုမရှိမချင်း သားသမီးဝတ္တရား ကျေပွန်တဲ့သားဆိုတာ မရှိဘူး’ တဲ့။ ဒီလူက မြို့တော်က အိမ်မှာ ဖျားနာသွားပြီး သဘာဝကျကျပဲ သူ့ရဲ့ကိုယ်လုပ်တော်က သူ့ကို ပြုစုပေးတယ်။ ဒါပေမဲ့ သူ့ရဲ့သားဖြစ်သူက စိတ်ဆုံးဖြတ်လိုက်ပြီး ဒီလူကို သူ့ရဲ့ဇာတိမြို့ဆီ ပြန်ပို့ပြီး သူ့ဇနီးနဲ့သားဖြစ်သူကို စောင့်ရှောက်ခိုင်းဖို့ မေးမြန်းခိုင်းလိုက်တယ်”
ဒါကို ကြားလိုက်ရချိန်မှာ ခန်းမထဲက လူတိုင်းက ဒေါသထွက်သွားကြသည်။
အကြီးဆုံးမင်သမီးကြီးနဲ့ တစ်ခြားအမျိုးသမီးဆွေမျိုးတွေက အာမေဍိတ်သံမပြုဘဲ မနေနိုင်ပေ။
“ဒီကိုယ်လုပ်တော်က သူ့ရဲ့ဇနီးဖြစ်သူကို ငွေပေးလိမ့်မယ်။ သူသာ ကောင်းမွန်နေရင် သူ့ရဲ့ဘေးမှာနေပြီး အဖော်ပြုပေးမှာ ဖြစ်ပေမဲ့ သူသာ မကောင်းမွန်တော့ရင် သူ့ရဲ့မူလဇနီးဖြစ်သူဆီကို ပစ်ပေးလိုက်မှာ ဖြစ်တယ်”
“အမှန်ပဲ။ အဆုံးမှာတော့ ဒီလူအိုကြီးက သူနဲ့ထိုက်တန်တာကို ရသွားတာပဲ။ သူ့ရဲ့ကိုယ်လုပ်တော်ကို ဖူးဖူးမှုတ်ပြီး ဇနီးကိုကျ ဖျက်ဆီးလိုက်တာကို ကြည့်ပါဦး။ အဆုံးကျတော့ အသုံးမကျတဲ့တစ်သိုက်ကိုပဲ ပျိုးထောင်မိသွားတာပဲ”
တချို့အမျိုးသားဧည့်သည်တော်တွေက သူတို့ရဲ့ခေါင်းတွေကို ခါရမ်းလိုက်ကြကာ သက်ပြင်း ချလိုက်ကြသည်။
123 05
“စကားပုံရှိသလိုပဲ။ ထိပ်ဆုံးကရောင်ခြည်တန်းက မဖြောင့်တန်းဘူးဆိုရင် အောက်ဆုံးက ရောင်ခြည်တန်းဟာလည်း ကောက်ကွေ့လိမ့်မယ်တဲ့။ ဖခင်ဖြစ်သူရဲ့အသိတရားက ပျက်စီးနေမှတော့ သူကိုယ်တိုင် ပျိုးထောင်ထားတဲ့ သားသမီးတွေနဲ့ မြေးဖြစ်သူကလည်း သဘာဝကျကျပဲ ပိုကောင်းလာမှာ မဟုတ်ဘူးလေ”
….
ထိုစကားလုံးတွေကို ကြားတဲ့အခါမှာ ပုံပြင်ပြောသူက ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ မဟုတ်လား။ ပြောမှပဲ အဲဒါတွေအားလုံးက သူ့အမှားလေ။ ဒါပေမဲ့ မြို့တော်က သူ့ရဲ့မိသားစုဝင်တွေက ဆွေးနွေးပြီးတဲ့အခါမှာ သူ့ကို သူ့ရဲ့ဇာတိမြို့ဆီပို့ဖို့ တစ်ယောက်ယောက်နဲ့ လွှတ်လိုက်ကြတော့တယ်။ မမျှော်လင့်ထားစွာနဲ့ သူက နှစ်ပေါင်းများစွာ ကြာအောင် ပြန်မလာခဲ့ဘူး။ အဲဒါအပြင် လွန်ခဲ့တဲ့ နှစ်များစွာကတည်းက အမေနဲ့သားဖြစ်သူက ဇာတိမြို့မှာ အိမ်အသစ်တစ်လုံး ဆောက်ခဲ့ပြီး ဖြစ်တာကြောင့် သူတို့တွေက သူတို့ရဲ့အိမ်ကို တစ်ခဏလောက် ရှာမတွေ့ကြတော့ဘူး”
“အဲဒီအချိန်တုန်းက ရာသီဥတုက အရမ်းကို ပူပြင်းနေပြီး ကျေးလက်ဘက်က အဆုံးမရှိတဲ့ တောင်တန်းတွေနဲ့ အပြည့်ဖြစ်နေတယ်။ အစေခံတွေက သူတို့က ဘယ်ကိုသွားနေမှန်း မသိရတဲ့အပြင် ဒီလူကိုလည်း အချိန်အကြာကြီး သယ်လာရတာ ဖြစ်တဲ့အတွက် သူတို့ကလည်း သည်းမခံနိုင်တော့ဘဲ အဆုံးမှာ အဲဒီလူကို လမ်းဘေးမှာပဲ ပစ်ချထားခဲ့ပြီး သူတို့ဘာသာပဲ ပြန်သွားကြတော့တယ်”
“ဘာပဲဖြစ်ဖြစ် ဒီလူရဲ့ဇနီးတွေ ကိုယ်လုပ်တော်တွေနဲ့ ကိုယ်လုပ်တော်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် မဆက်သွယ်ကြဘူး။ အဲဒီအချိန်မှာ သူတို့က သူ့ကို ပို့ဆောင်ပြီးပြီဟု သာမန်ကာလျှံကာ လိမ်လည်လိုက်မည်ဖြစ်ကာ ဘယ်သူကမှလည်း တာဝန်ခံစရာ မလိုပေ”
“ဒါပေမဲ့ ဒီလူအိုကြီးက အပြင်းအထန် နေမကောင်း ဖြစ်နေပြီးသားဖြစ်ပြီး ဒီလိုခက်ခဲမှုတွေကို ဘယ်လိုလုပ်ပြီး သည်းညည်းခံနိုင်မှာတဲ့လဲ။ လမ်းပေါ်မှာ အကြိမ်ပေါင်းများစွာ လှုးလှိမ့်အပြီးမှာတော့ သူ ကသေအံ့ဆဲဆဲဖြစ်နေပြီးသားဖြစ်ပြီး အဲဒါအပြင် တောနက်ထဲမှာလည်း သူ့ကို ဂရုစိုက်မည့်သူ ဘယ်သူမှမရှိတဲ့အတွက် သူက လေနဲ့နေရောင်တို့ရဲ့ ဒဏ်ခံနေရပြီး နေ့ဝက်ကြာပြီးသော်လည်း ဒေါသတွေကို မြိုချရုံသာ တတ်နိုင်ပေတယ်”
“ဒါ့အပြင် ဒီတောင်တန်းက ကျတ်တီးမြေကြီးဖြစ်ပြီး အနီးအနားမှာ မရေမတွက်နိုင်တဲ့ တောရိုင်းတိရစ္ဆာန်တွေ ရှိကြတယ်။ နှစ်ရက်ကြာပြီးနောက် လူတွေက သူ့ရဲ့ခန္ဓာကိုယ်ကို တွေ့တဲ့အခါမှာတော့ သူ့ခန္ဓာကိုယ်ရဲ့အများစုက တောရိုင်းဝံပုလွေတွေရဲ့ စားသောက်ခြင်းကို ခံလိုက်ရပြီး ဖြစ်တယ်”
ထိုအချက် ရောက်တဲ့အခါ ယွီဝိန်းလန်က ထိုလူအိုကြီးကျွမ့်ရှိရာဘက်ကို လျင်မြန်စွာပဲ ကြည့်လိုက်သည်။
သို့သော် ထိုသူ့ရဲ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေကာ သူ့ရဲ့နှလုံးသားထဲမှာတော့ ဟိန်းဟောက်နေပေသည်။
“ဘယ်လိုတောင် ဆီလျော်မှု ရှိမနေတာလဲ။ ဒီဇာတ်ညွှန်းကိုရေးတဲ့သူက ဒီလူအိုကြီးက ဒီလိုမျိုး ကျိန်ဆဲရဲတယ်ပေါ့လေ။ဒီလူအိုကြီးသာ အဲဒီလူကို ရှာတွေ့ရင် သူ့ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ပစ်မယ်”
သို့သော်လည်း တခြားသူတွေအားလုံးက လက်ခုပ်တီးလိုက်ကြကာ အော်ဟစ်လာကြသည်။
“ဒါက သူနဲ့ထိုက်တန်တာပဲ။ လက်ထပ်ရတာကို မနှစ်သက်ပဲ ဘုရားပြီးတော့ ငြမ်းဖျက်တယ်။ ပြီးတော့ ဝံပုလွေရိုင်းတွေရဲ့အစားခံရတာနဲ့ အဆုံးသတ်သွားတာက တကယ်ကို ကောင်းကင်ဘုံရဲ့ကျိန်စာပဲ!”
“အမှနိပဲ။ မကောင်းတဲ့သူက ဒီလိုမျိုးပဲ ထိုက်တန်တယ်။ ဒီသားရဲတိရစ္ဆာန်တွေကို သူ့ကို စားခိုင်းလိုက်။ ဒါပေမဲ့ ဒီသားရဲတိရစ္ဆာန်တွေက သူ့တို့ရဲ့ပါးစပ်တွေ ညစ်ပတ်တယ်လို့ မထင်ဘူးလား မသိဘူး”
လုရှန်းရှုက စိတ်လှုပ်ရှားစွာနဲ့ မတ်တပ်ပင်ရပ်ကာ ပြောလိုက်သည်။
“အရမ်းကို ကျေနပ်စရာ ကောင်းတယ်။ တကယ်ကို နှလုံးသားကြီးတာပဲ။ သခင်လေးရှောင်ယောင်ရဲ့ စကားလုံးတွေက အကောင်းနဲ့အဆိုးနှစ်ခုကြားကို တကယ်ပဲ ခွဲခြားပေးလိုက်တာပဲ။ ပြီးတော့ အဲဒါက လူတွေကို ကြားရတာ ပျော်ရွှင်စေတယ်”
ထိုမြင်ကွင်းကို တွေ့လိုက်ရပြီး လူအိုကြီးကျွမ့်ဟာ သူ့ရဲ့ပါးစပ်အပြည့်ဒေါသတွေကို မြိုချရုံသာ တတ်နိုင်ပေသည်။
123 06
ဒေါသတကြီးနဲ့ စားပွဲပေါ်က ကရားကို ကောက်ယူလိုက်ကာ အားမန်ပါပါနဲ့ လောင်းချလိုက်သည်။
သို့သော်လည်း ကျန်တဲ့သူတွေအားလုံးက နောက်ဆက်တွဲကိစ္စတွေကို ပူပန်နေဆဲပင် ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် မေးလာကြသည်။
“အဲ့ဒီလူရဲ့ကိုယ်လုပ်တော်တွေကရော။ တစ်ခြားသူ ပိုင်ဆိုင်သင့်တဲ့အရာအပေါ်မှာ ဆက်လက်ပြီး ပျော်ရွှင်ဖို့ ခွင့်ပြုထားတာလား”
သို့သော် ပုံပြင်ပြောသူ ပြောတာကို ကြားလိုက်ရသည်။
“သေချာပေါက် မဟုတ်ဘူးပေါ့။ ဒီလူရဲ့ခန္ဓာကိုယ်က ခြေလက်အင်္ဂါတွေ ပျက်စီးနေပေမဲ့ သူ့အပေါ်မှာ တိုကင်တချို့ ကျန်ရစ်ခဲ့တယ်။ သူ့ကို ရှာတွေ့တဲ့လူက ကြောက်လန့်တကြားနဲ့ ချက်ချင်းပဲ အစိုးရကို တိုင်တန်းလိုက်တယ်”
“အရာရှိတွေရဲ့ရှာဖွေမှုအပြီးမှာ သူတို့တွေက သူ့ရဲ့ဇနီးနဲ့သားကို ရှာတွေ့သွားကြပြီး အဆုံးမှာတော့ သူတို့တွေက မိသားစုတစ်ခုတည်းကဖြစ်တဲ့အတွက် ဇနီးနဲ့သားဖြစ်သူက မိသားစုခေါင်းဆောင်ရဲ့ အဆုံးသတ်ကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်ရတာလဲ။ သူတို့တွေက မြို့တော်က သားဖြစ်သူနဲ့ကိုယ်လုပ်တော်ကို အစိုးရဆီ တင်ပို့ပြီး တရားစွဲလိုက်ကြတယ်။ အစိုးရဆီက စုံစမ်းစစ်ဆေးမှုတချို့အပြီးမှာ ဒီကိစ္စရဲ့အမှန်တရားက ပေါ်ပေါက်လာခဲ့တယ်”
“အရာရှိတွေက ဒေါသပုန်ထသွားပြီး ချက်ချင်းပဲ သူ့ရဲ့ကိုယ်လုပ်တော်နဲ့ ကိုယ်လုပ်တော်ရဲ့မိသားစုကို ဖမ်းဆီးလိုက်ပြီး အပြစ်ပေးဖို့ အမိန့်ချမှတ်လိုက်တယ်။ သဘာဝကျကျပဲ ထိုသူ ချန်ထားခဲ့တဲ့ မိသားစုပိုင်ဆိုင်မှုအားလုံးကို သူ့ရဲ့မူလဇနီးနဲ့သားဖြစ်သူကို ပေးအပ်လိုက်တော့တယ်။ သူတို့ကို တရားမျှတမှုပေးဖို့အတွက်ပေါ့”
ဒါကိူ ကြားလိုက်ရချိန်မှာ ခန်းမထဲကလူတိုင်းက ခေါင်းညိတ်လိုက်ကြပြီး
“အရမ်းလည်း မဆိုးပါဘူး”
“ဒါက မင်းနဲ့ မထိုက်တန်တဲ့အရာကို ဘယ်တော့မှ ဘာအတွက်ကြောင့်နဲ့မှ အငမ်းမရမဖြစ်သင့်ဘူးဆိုတာပဲ။ ဘုရားက စောင့်ကြည့်နေတယ်”
ဧကရီမယ်တော်ကြီးကလည်း သက်ပြင်း ချလိုက်သည်။
“ဒီလူက သူ့ဇနီးရဲ့ဘဝရဲ့သက်တမ်းအများစုကို နှောင့်နှေးစေခဲ့တာပဲ။ ပြီးတော့လည်း သူ့ဘဝရဲ့အချိန်အများစုမှာ ခံစားရအောင်လုပ်ထားတယ်။ သူ သေတဲ့အချိန်ကျ မိသားစုပိုင်ဆိုင်မှုနည်းနည်းပဲ ထားခဲ့တယ်။ အဆုံးမှာတော့ ဒီဇနီးဖြစ်သူရဲ့ အကျင့်စရိုက်အရဆို တစ်ခြားလူတစ်ယောက်ကို လက်ထပ်ခဲ့မယ်ဆိုရင် သူ့ရဲ့ဘဝက အခုထက် အများကြီး ပိုတောင်ကောင်းနေမှာ”
“ဧကရီမယ်တော်ကြီးရဲ့စကားတွေက အရမ်းကိုမှန်တယ်”
“အဲဒါပဲ ကောင်းမွန်တဲ့ကိုယ်ကျင့်စရိုက်ရှိတဲ့ ကြိုးစားတဲ့လူတွေက ဘယ်လိုလုပ်ပြီး ကောင်းမွန်တဲ့ဘဝမှာ မနေနိုင်တာရှိလို့လဲ”
….
ပုံပြင်က အဆုံးသတ်ကို ရောက်လာပေမဲ့ လူတိုင်းက ပြောစရာရှိနေသေးကာ ထိုအကြောင်းကို ပြောဆိုနေကြဆဲပင်။
ယန်ရှုက အရသာရှိတဲ့အစားအသောက်တွေကို လွတ်လွတ်လပ်လပ် စားသောက်နေရင်း သူမရဲ့ကောင်းကျိုးတွေကို ဖုံးကွယ်ထားကာ ပင်အပ်နဲ့အပ်ချောင်းတွေပေါ်မှာ ထိုင်နေသလိုဖြစ်နေတဲ့ ထိုအမှုသည်ကို စောင့်ကြည့်ရင်း နက်ရှိုင်းစွာ ဂုဏ်သတင်းကျော် စောနေပေသည်။
ကျွမ့်မိသားစုရဲ့ကိုယ်လုပ်တော်က ဒီလောက်ထိ အရှက်မရဘူးပေ။ ပြီးနောက် သူမနဲ့ဆန့်ကျင်ဘက်မှာ ရှိနေတဲ့ လူအိုကြီးကျွမ့်ကို ကြည့်ရန် မနေနိုင်ဘဲ သူမရဲ့မျက်လုံးတွေကို တိတ်တဆိတ် ပင့်မြှောက်လိုက်သည်။
သူမရဲ့မကျေနပ်ချက်ကို ဖော်ပြချင်ခဲ့ပေမဲ့ ထိုလူအိုကြီးကျွမ့်ဟာ တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ့ရဲ့မျက်နှာက သွေးရောင် ဖြန်းနေကာ ထို့နောက် တစ်ခဏမှာပဲ မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားတော့သည်။
လူတိုင်းက ထိတ်လန့်သွားကြပြီး ထိုကိုယ်လုပ်တော်ကလည်း အော်ဟစ်ကာ အလျင်အမြန် လျှောက်တင်လိုက်သည်။
123 07
“သခင်ကြီးကို ကယ်တင်ပေးဖို့ အရှင်မင်းကြီးကို ကျွန်တော်မျိုးမ အသနားခံပါတယ်”
ယွီဝိန်းလန်ဟာ အသင့်ရှိနေတဲ့တော်ဝင်သမားတော်ကို ညွှန်လိုက်ကာ ပြောလိုက်သည်။
“သွားပြီးတော့ သခင်ကြီးကျွမ့်ကို စစ်ကြည့်လိုက် ဝိုင်တွေများ အများကြီး သောက်လိုက်လို့လားဆိုတာ”
လူတိုင်းကလည်း ထိုကဲ့သို့ တူညီစွာ တွေးလိုက်ကြပြီး သူတို့က ထိုလူအိုကြီးဟာ အရက်မူးနေတာပဲ ဖြစ်ရမည်ဟု တွေးလိုက်ကြသည်။
သို့သော်လည်း အနီးကပ်ကနေ သေချာကြည့်မယ်ဆိုလျှင် သူ့ပါးစပ်က ရွဲ့နေကာ မျက်လုံးတွေကလည်း စွေနေတာကို တွေ့နိုင်ပေသည်။ ကြည့်ရတာ အရက်မူးနေသည်နှင့် မတူပေ။
တော်ဝင်သမားတော်က သူ့ကိုစစ်ဆေးပြီးနောက်မှာ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ချီနဲ့သွေးတွေက အစီအစဉ်မကျ ဖြစ်နေတယ်။ ဦးနှောက်သွေးလွှတ်ကြောတွေကလည်း ပိတ်ဆို့နေပြီး သွေးကို ဦးနှောက်ဆီ အလွန်အကျွံ စီးဆင်းစေလိုက်တယ်….မဖြစ်ဘူး သခင်ကြီးကျွမ်းက လေဖြတ်သွားပြီ!”
ဒါကိုကြားချိန်မှာ လူတိုင်းက အလွန်အမင်း အံ့အားသင့်သွားကာ ခံစားချက်အပြည့်နှင့် ပြောလိုက်သည်။
“သခင်ကြီးကျွမ့်မှာ မြင့်မားတဲ့ ကိုယ်ကျင့်စရိုက်ရှိတယ်။ ဒီနှလုံးသားမဲ့တဲ့လူရဲ့ပုံပြင်ကို ကြားပြီးတော့ အရမ်းကို စိတ်အနှောက်အယှက် ဖြစ်သွားတာနေမယ်”
“အမှန်ပဲ အမှန်ပဲ။ ဇာတ်လမ်းထဲမှာ အရမ်းကို နစ်မြှုပ်သွားတာဖြစ်ရမယ်။ ကျုပ်လည်းပဲ အရမ်းကို ဒေါသထွက်တာ”
ကိုယ်လုပ်တော်က စကားမပြောနိုင်ပေ။ ထို့ကြောင့် သူမက ထိုလူအိုကြီးရဲ့ကိုယ်ပေါ်မှာ ငိုကြွေးရုံသာ တတ်နိုင်ပေသည်။
ယန်ရှုက သူမရဲ့လျှာကိုတိတ်တဆိတ် တောက်လိုက်သည်။
—ဒါက ဇာတ်ညွှန်းထဲက အဆုံးသတ်နဲ့ အရမ်းကိုကိုက်ညီလွန်းတဲ့ သမိုင်းထဲက ပထမဆုံးသူပဲ။
တကယ်ကို ရင်ထဲ ထိဖို့ကောင်းတယ်။
သို့သော်လည်း ဒါက သူ့မှာ အပြစ်မကင်းတဲ့အသိစိတ် ရှိနေလို့ဖြစ်သည်။ အဲဒါကြောင့် သခင်လေးရှောင်ယောင်ကို အပြစ်မတင်သင့်ပေ ။
ယွီဝိန်းလန်ကလည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်
ဟုတ်တယ်။ ဒါက မိမိဘာသာ မကောင်းမှုကြောင့် ဒဏ်ရာ ရတာလို့ခေါ်တယ်။
လုံးဝကို သူ့ရဲ့ကိုယ်လုပ်တော်ကို အပြစ်တင်လို့ မရဘူး။
******