← Chapters

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

အခန်း (၁၂၄-၁၂၆)

Vol. 9 Ch. 124-126

124 01

အပိုင်း 124

အဲဒါကို ဂရုမပြုမိလျှင် လေဖြတ်သည်ဆိုတာက ပြင်းထန်တဲ့ ဆေးပညာအခြေအနေ ဖြစ်သည်။

တော်ဝင်သမားတော်ပြောတာကို ကြားပြီးနောက် ယွီဝိန်းလန်ဟာ ထိုလူအိုကြီးကို နန်းဆောင်လေးဆီ အရင်ဆုံး သယ်သွားရန် ချက်ချင်းပဲ တစ်ယောက်ယောက်ကို အမိန့်ပေးလိုက်သည်။ ပြီးနောက် တော်ဝင်သမားတော်ကို ကုသမှုအရှိန်အား မြှင့်တင်ပေးရန် ပြောလိုက်သည်။

နောက်ပိုင်း သူ့ရဲ့အခြေအနေတွေ တဖြည်းဖြည်းနဲ့ တည်ငြိမ်လာတဲ့အခါမှာတော့ ထိုသူ့အား အိမ်သို့ ပြန်ပို့လိုက်တော့သည်။

အမှန်တရားကို မသိကြသည့် နန်းတော်ထဲကသူတွေက အမှုထမ်းဟောင်းအပေါ် ဘုရင်မင်းမြတ်ရဲ့ဂရုစိုက်မှု အတွက် ချီးမွမ်းနေကြပြီး သက်ပြင်း ချလိုက်ကြသည်။

ဒီလူအိုကြီးကျွမ့်က အရမ်းကို တွေးတောလွန်းတယ်။ ပုံပြင်တစ်ပုဒ်ကို ကြားပြီးတဲ့နောက် ဘာလို့အဲဒီလောက်တောင် ဒေါသထွက်နိုင်ရတာလဲ။

သေချာပေါက်ပင် ဘာပဲဖြစ်ဖြစ် ဒီနေ့မှာ အံ့ဩဖွယ်ကောင်းတဲ့ ရေထဲက ဖျော်ဖြေပွဲကို ကြည့်လိုက်ရပြီး သခင်လေးရှောင်ယောင်ရဲ့ နောက်ဆုံးသော ဇာတ်ညွှန်းကိုလည်း နားထောင်လိုက်ရသည်။တကယ်ကို ထိုက်တန်သည်ပင်။

ညစာစားပွဲက အဆုံးသတ်တော့မှာကို တွေ့လိုက်ကြပြီး ဘုရင်မင်းမြတ်သည်လည်း ထရပ်လိုက်ကာ နန်းတော်ဆီသို့ ပြန်တော့မှာပင်။

လူတိုင်းက အရိုအသေပေးနေကြပြီး နှုတ်ဆက်နေချိန်တွင် သခင်မကျူးက သူမရဲ့သမီးဖြစ်သူကို လျင်မြန်စွာနဲ့ အနိမ့်သံနဲ့ မေးလိုက်သည်။

“အမေတို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ရဖို့က မလွယ်ဘူး။ သမီးရဲ့အဖွားနဲ့ အမေတို့ စိုးရိမ်နေတဲ့ကိစ္စ တစ်ခုရှိတယ်။ ပြီးတော့ အမေလည်း မေးချင်နေတဲ့ ကိစ္စတစ်ခုရှိတယ်”

ယန်ရှုက နားမလည်သည့်အတွက် အလျင်အမြန် ပြောလိုက်သည်။

“အမေ ပြောစရာရှိရင် ဒီတိုင်းပဲပြောလိုက်ပါ”

သို့သော် သူမရဲ့အမေ ပြောလာသည်ကို ကြားလိုက်ရသည်။

“သမီးတို့ အိပ်ဆောင်ဝင်ခဲ့တာက နှစ်ဝက်လောက်ရှိနေပြီလေ။ ဘာလို့ ဘာသတင်းကောင်းမှ မကြားရသေးတာလဲ။ သမားတော်ကိုရော ပြပြီးပြီလားဆိုတာကို အမေ မသိဘူး”

ယန်ရှု “….”

ကျစ် ဆိုတော့ အမေက ဒါကိုစိုးရိမ်နေတာပဲ။

သူမက သူမရဲ့အမေကို တကယ်ပဲ ပြောပြလိုက်ချင်သည်။ လွန်ခဲ့တဲ့လကမှသာ သူမက ဧကရာဇ်နဲ့အတူ အဓိကခြေလှမ်းကို လှမ်းခဲ့တာဖြစ်သည်။ လွန်ခဲ့တဲ့ ငါးလလုံးလုံး ဧကရာဇ်က ထိုအရာကို မလုပ်နိုင်ခဲ့ပေ။

သို့သော် သူမက ဝိုးတဝါး ပြောရုံသာ တတ်နိုင်ပေသည်။

“အမေ မစိုးရိမ်ပါနဲ့ သမီး အဆင်ပြေပါတယ်…”

သို့သော် သခင်မကျူးက စိုးရိမ်နေကာ လျင်မြန်စွာ ပြောလိုက်သည်။

“ဧကရီ ရှက်မနေပါနဲ့။ ဧကရီ့ကို အမှုထမ်းတဲ့သူတွေ အားလုံးက ငယ်ရွယ်ကြတယ်လို့ ထင်တယ်။ ရန်တုန်းကလည်း အဲဒါတွေကို နားမလည်ဘူး။ ဒီနေ့လို တစ်ယောက်နဲ့တစ်ယောက် တွေ့ရတာမျိုးက ရှားပါးတယ်လေ။ ဆိုတော့ ဒီအမေက သတိပေးရုံပါ သာမန်စုံတွဲတွေဆို လက်ထပ်ပြီး နှစ်ဝက်လောက်ထိ လှုပ်ရှားမှုမရှိဘူးဆိုရင် သမားတော်နဲ့ ပြဖို့အချိန်ပဲ။ အဲဒါမှ ဘာမှားနေသလဲဆိုတာကို အချိန်မီရှာတွေ့နိုင်မှာ။ ပြီးတော့ ရှာဖွေမှုလုပ်ပြီး ကုသမှုတစ်ခုကို တတ်နိုင်သလောက် မြန်မြန်ရနိုင်မှာ ဆိုတော့ အချိန်တွေကို မဖြုန်းနဲ့”

ယန်ရှုက ကြောင်အနေပြီးမှ အလျှင်အမြန် ပြောရုံသာ တတ်နိုင်ပေသည်။

“အမေ မစိုးရိမ်ပါနဲ့ နန်းတော်ထဲမှာ သမားတော်ကောင်း တစ်ယောက်ရှိပါတယ်။ သူ့ရဲ့ဆေးပညာစွမ်းရည်က ထိပ်တန်းပဲ သမီးကို စစ်ဆေးပေးဖို့ သူ့ကို ပြောတော့ သူ ပြောတာက သမီးက ဘာမှမှားနေတာမျိုး မရှိဘူးတဲ့”

သို့သော် သခင်မကျူးက ထပ်မံ ခေါင်းညိတ်လိုက်ကာ ပြောလာသည်။

“ဒါဆိုရင် ရူရော့ရဲ့ခန္ဓာကိုယ်က ကောင်းတယ်ဆိုတော့ အနေအထားက မမှန်ကန်နေလို့ ဖြစ်လောက်မယ်”

ယန်ရှု “??”

ဘာ။

အနေအထားက မှားနေတာလား။

124 02

ကျစ် အမေနဲ့သမီးက ဒီလိုမျိုးပူနွေးတဲ့ ခေါင်းစဉ်အကြောင်းကို ပြောလို့ရသလား။

သို့သော် သူမ ပြောမည့် ဘယ်အကြောင်းအရာကိုမှ စောင့်မနေတော့ဘဲ သူမအမေက အင်္ကျီလက်ထဲကနေ တစ်ခုခု ထုတ်ယူလိုက်တာကို တွေ့လိုက်ရပြီး လျင်မြန်စွာနဲ့ တိတ်ဆိတ်စွာပဲ သူမလက်ထဲကို ထိုးထည့်လိုက်သည်။

“ဧကရီပြန်သွားရင် အချိန်ယူပြီး ကောင်းကောင်းကြည့်ပါ။ ဒါတွေအားလုံးက ဘိုးဘေတွေဆီကနေ လက်ဆင့်ကမ်းလာတာတွေပဲ ဟောင်းနေတဲ့တစ်ခုဆို အရမ်းကို ကောင်းကောင်း အလုပ်ဖြစ်တယ်။ သူတို့တွေ အဲဒါကိုကြိုးစားကြည့်တဲ့အခါ လူအတော်များများက ကိုယ်ဝန် ရသွားကြတယ်”

ယန်ရှု “??”

ဘာ။

ကလေး မွေးတဲ့အပေါ်ကို ထိန်းချုပ်ပေးနိုင်တဲ့ ပစ္စည်းဟောင်းမျိုးက သူတို့မိသားစုရဲ့ ဘိုးဘေးတွေထဲမှာ ရှိနေတုန်းပဲတဲ့လား။ ပြီးတော့ အရမ်းလည်း အစွမ်းထက်သေးတယ်။

သူမက တစ်ခဏလောက် သိချင်သွားပြီး လျင်မြန်စွာပဲ သူမရဲ့ခေါင်းကို ငုံ့လိုက်ကာ တစ်ချက် ကြည့်ကြည့်လိုက်သည်။ ထို့နောက် အဲဒါက စာအုပ်တစ်အုပ် ဖြစ်နေတာကို တွေ့လိုက်ရတော့သည်။

စာရွက်တစ်ရွက်လောက်ပဲ လှန်ကြည့်လိုက်ပြီးနောက် ချက်ချင်းပဲ အကျိုးသက်ရောက်မှုပြင်းတဲ့ ပုံတစ်ပုံက သူမရဲ့အမြင်အာရုံထဲကို စီးဝင်လာတော့သည်။

သူမရဲ့မျက်လုံးတွေက တစ်ခဏချင်းပဲ ပြူးကျယ်သွားပြီး သူမ အနီးကပ် မကြည့်နိုင်ခင်မှာပဲ ရန်တုန်းရဲ့ ဘေးဘက်ကနေပြောလာသံကို ကြားလိုက်ရသည်။

“သခင်မလေး အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးက ထရပ်နေပါပြီ”

ထို့နောက် သူမက ထိုစာအုပ်ကို တွန့်ဆုတ်စွာနဲ့ ထပ်မံပိတ်လိုက်ကာ လျင်မြန်စွာပဲ သူမရဲ့အင်္ကျီလက်ထဲကို ထိုးထည့်လိုက်ပြီး ထရပ်လိုက်သည်။

တစ်ချိန်တည်းမှာပဲ ပရိတ်သတ်က ချက်ချင်းပဲ ဒူးထောက်ချလိုက်ကာ အော်ဟစ်လာကြသည်။

“အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်။ ဧကရီမယ်တော်ကြီးကို ဂုဏ်ပြုပါတယ်။ ကိုယ်လုပ်တော်ယိကိုလည်း ဂုဏ်ပြုပါတယ်”

ဧကရီမယ်တော်ကြီးနဲ့ ဧကရာဇ်တို့က လမ်းလျှောက် ထွက်သွားပြီဖြစ်ကာ ယန်ရှုသည်လည်း သူတို့ရဲ့ခြေလှမ်းနောက်ကို လိုက်ကာ နန်းဆောင်ကနေ ထွက်ခွာလိုက်တော့သည်။

လမ်းတစ်လျှောက်လုံး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေကာ အကြည့်သည်လည်း အရမ်းကို သဘာဝဆန်နေပေသည်။

သို့သော်လည်း ယွီဝိန်းလန်ဟာ ယခုလေးတင်က ထိုအမေနဲ့သမီးရဲ့ ပစ္စည်းတွေကို လက်ဆင့် ကမ်းနေသည့်မြင်ကွင်းကို တွေ့လိုက်ပြီးဖြစ်သည်။

ယခုလေးတင် သူ့ရဲ့နားဟာ အရမ်းကို ဆူညံနေတဲ့အတွက် သူတို့တွေက ဘာတွေကို ပေးနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။ သူတို့နှစ်ယောက် ဘာတွေပြောနေသလဲ ဆိုတာကိုလည်း မကြားလိုက်ရပေ။

အဓိကခန်းမကနေ ထွက်ခွာပြီးနောက် ရထားလုံးက ရှေ့မှာ ရောက်နေပြီ ဖြစ်သည်။

သူဟာ အစကတော့ မေးမြန်းချင်ပေမဲ့ ဧကရီမယ်တော်ကြီးက ထိုနေရာမှာ ရှိနေတာကို လူတိုင်းက ကြည့်နေတာကို တွေ့လိုက်ရပြီး ရွေးချယ်စရာမရှိတော့ဘဲ သူမနဲ့အတူ ရထားလုံး အတူတူမစီးနိုင်တော့ပေ။ ထို့ကြောင့် အချိန်တစ်ခုထိ သူ့ရဲ့သိချင်စိတ်ကို ဖိနှိပ်ထားလိုက်ပြီး နန်းတော်ဆီသို့ ပြန်သွားလိုက်တော့သည်။

ကန်လုနန်းဆောင်ကိုရောက်သည့်အခါ အဝတ်အစားလဲလှယ်ပြီး ဆေးကြောပြီးနောက် အပျိုတော်တွေလည်း ထွက်ခွာသွားပြီ ဖြစ်သည်။

ယွီဝိန်းလန်ဟာ ထိုဖြစ်ရပ်ကို ထပ်မံတွေးတောလိုက်ကာ အိပ်ရာပေါ်ကိုတက်ပြီးနောက် ချက်ချင်းပဲ ယန်ရှုကို မေးမြန်းလိုက်သည်။

“အခုလေးတင် ကိုယ်ထွက်ခွာလာတုန်းက သခင်မကျုံးက မင်းကို ဘာပေးလိုက်တာလဲ”

ယန်ရှုက တစ်ခဏလောက် တိတ်ဆိတ်သွားကာ ထိုအခါမှသာ သူမ မြင်ခဲ့တာကို သိရှိသွားတော့သည်။

ဒါပေမဲ့ အဲဒီအရာက….

ကျစ် အဲဒါအားလုံးက သူမဘာသာ ကြည့်ဖို့အတွက်လေ။ တခြားသူတွေ မြင်သွားရင် သူမအမေရဲ့ပုံရိပ်ကို သက်ရောက်စေမှာ မဟုတ်လား။

124 03

သူမက လိမ်လိုက်ကာ ပြောလိုက်သည်။

“ဘာမှ မဟုတ်ပါဘူး။ အဲဒါက ဒီကိုယ်လုပ်ရဲ့အမေက ဒီကိုယ်လုပ်တော်အတွက် ပိုက်ဆံအိတ်တစ်လုံး ချုပ်ပေးလာတာပါ”

မမျှော်လင့်ထားစွာနဲ့ သူဟာ သူ့မျက်ခုံးတွေကို ပင့်လိုက်ကာ ပြောလိုက်သည်။

“မင်းကိုယ့်ကိုလိမ်ရင် နောက်ဆက်တွဲကိစ္စတွေက ပိုပြီးတော့ ပြင်းထန်လိမ့်မယ်နော်”

ကျစ် ဒီလူက မျောက်တွေလို ထက်မြက်တာပဲ။

သူမမှာ ရွေးချယ်စရာမရှိတော့ဘဲ ရှက်ရွံ့စွာနဲ့ ထပ်ကြည့်လိုက်ကာ

“အဲဒါက ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို မပြချင်လို့ မဟုတ်ရပါဘူး တကယ်ကို မသင့်တော်လို့ပါ…..”

ယွီဝိန်းလန်က သူ့မျက်ခုံးတွေကို ပင့်လိုက်ကာ

“ဘာက မသင့်တော်တာလဲ။ အာဏာဖီဆန်တဲ့ တစ်ခုခုလား”

ယန်ရှုက ရယ်ရမလား ငိုရမလား မသိတော့ပေ ။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

မေ့လိုက်တော့ ကြည့်ရတာ ဒီနေ့ သူမ မလွတ်မြောက်နိုင်တော့တဲ့ပုံပဲ။ ထို့ကြောင့် သူမမှာ ရွေးချယ်စရာမရှိတော့ပဲ အသက်ရှုအောင့်လိုက်ကာ ပြောလိုက်သည်။

“အရှင်မင်းကြီးကို ပြောချင်တာက ကျေးဇူးပြုပြီး ကျွန်မကို ဒေါသမထွက်ပါနဲ့။ အပြစ်လည်း မတင်ပါနဲ့”

ယွီဝိန်းလန်က သဘာဝကျကျပဲ ခေါင်းညိတ်လိုက်ကာ

“နားထောင်ကြည့်တာပေါ့”

ယန်ရှုကပြောလိုက်သည်

“ဧကရာဇ်ရဲ့ဆက်ဆံသူအတွက် ဒီကိုယ်လုပ်တော်ရဲ့အမေက ဒီကိုယ်လုပ်တော်ကို တစ်ခုခု ပေးလာပါတယ်။ ပြောတာကတော့ အဲဒါက ဧကရာဇ်ရဲ့ဆက်ခံသူကို မြန်နိုင်သမျှမြန်မြန် သန္ဓေ တည်စေနိုင်ဖို့အတွက် ဒီကိုယ်လုပ်တော်ကို ကူညီပေးနိုင်တယ်လို့ ပြောပါတယ်….”

ကျစ် အမေသာ အခုအချိန် အကြောင်းကိုသိရင် သေတဲ့အထိ အရှက်ရတယ်ဆိုတာကိုပင် မသိနိုင်ပေ….။

သို့သော် ယွီဝိန်းလန်က ထိုအကြောင်းကို ကြားသည့်အခါ သူက ပိုပိုပြီးတော့ သိချင်စိတ် ဖြစ်လာပြီး

“ဒီလိုကောင်းတဲ့အရာမျိုးလည်း ရှိသေးတာလား။ မြန်မြန်လေး ကိုယ့်ကိုပြပါဦး”

သူဟာ ဒီအသက်အရွယ်ကိုပင် ရောက်နေပြီဖြစ်ပြီး ကလေးရှိလာဖို့ ဘယ်လောက်တောင် လိုချင်နေသလဲ ဆိုတာကို ဘုရားသာ သိနိုင်ပေလိမ့်မည်။

ယန်ရှုက ရွေးချယိစရာမရှိတော့ပဲ စာအုပ်ကို ထုတ်လိုက်ကာ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ဖတ်ပါ အရှင်မင်းကြီး”

ယွီဝိန်းလန်က ယူလိုက်ကာ ပထမစာမျက်နှာကို ဖွင့်လိုက်သည် ပြီးနောက် အရမ်းကို သက်ရောက်မှုပြင်းတဲ့ ပုံကြောင့် အံ့ဩထိတ်လန့်သွားတော့သည်။

ယန်ရှုဟာ ခုဏတုန်းက ထိုပုံကို ရှင်းလင်းစွာ မမြင်လိုက်ရဘူး ဖြစ်သည်။ ထို့ကြောင့် သူမလည်း အတူတူ ကြည့်ဖို့လာပြီး မနေနိုင်ဘဲ စိတ်ထဲမှာ ကျစ် ကျစ်ဟု လုပ်လိုက်တော့သည်။

[အမေ့ရဲ့လီအိမ်ဟောင်းက ဒီလိုကောင်းတဲ့အရာမျိုး ရှိသေးတာပဲ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းတယ်]

[အရောင်ပါတဲ့စာလုံးတွေနဲ့ ရေးထားတဲ့စာအုပ်တွေထက် ဒီမြင်ကွင်းရဲ့သက်ရောက်မှုက သေချာပေါက် ပိုပြီးတော့ ပြင်းထန်လွန်းတယ်]

[ကောင်းပြီလေ ငါ ဒီအနေအထားကို လိုချင်တယ်….ကျစ် ကျစ် ဒါက စိတ်လှုပ်ရှားစရာပဲ။ ငါလည်း ဧကရာဇ်နဲ့အတူ စမ်းကြည့်ရမယ်…]

ယွီဝိန်းလန် “….”

အခုလေးတင် အရမ်းကို ရှက်ကိုးရှက်ကန်း ဖြစ်နေတာက ဘယ်သူလဲ။

သို့သော်လည်း အဲ့လိုပြောမှပင် ဘယ်နေရာကနေ သခင်မကျုံးကို ဒီလိုအရာမျိုးကို ရလာခဲ့တာလဲ။ ဒါက တကယ်ကိုပိုပြီး….သူ မြင်ဖူးသမျှ ရုပ်ပုံစာအုပ်တွေထက် ပိုပြီးတော့ လှုံ့ဆော်နိုင်စွမ်း ရှိသည်။

ပထမစာမျက်နှာကို တိတ်တဆိတ် ကြည့်ပြီးနောက် ဒုတိယစာမျက်နှာကို ဖွင့်လိုက်သည်။ ပြီးတော့ ရှာတွေ့လိုက်သည်က…. အဲဒါက ပိုပြီးတော့တောင် စိတ်လှုပ်ရှားစရာ ကောင်းသေးသည်။

နောက်ထပ် တတိယစာမျက်နှာ စတုတ္တစာမျက်နှာ ပဥ္စမမြောက်စာမျက်နှာ….

ကျစ် အရာရာတိုင်းက အဲဒီထက်ကို ပိုတယ်

ယန်ရှုသည်လည်း တွေးလိုက်မိသည်

ကျစ် သူတို့လီမိသားစုရဲ့ဘိုးဘေးတွေကို တကယ်ကိုထိပ်တန်းကပဲ နေမယ်?

သိပ်မကြာခင် ရုပ်ပုံအယ်လ်ဘမ်တစ်ခုလုံးကို လှန်လှောကြည့်ပြီးနောက် သူမဘေးက လူရဲ့အမူအရာက ပိုပိုပြီး လေးနက်လာတာကို တွေ့လိုက်ရသည်။

“…”

124 04

သူမက တစ်ခဏလောက် မသေချာမရေရာ ဖြစ်သွားပြီး သူမဘာသာ တွေးကြည့်လိုက်သည်။ ဖြစ်နိုင်တာက သူများ ဒေါသထွက်နေတာလား။

သူမရဲ့မိသားစုကိုတော့ အပြစ်မပေးချင်ပါဘူးနော် ဟုတ်တယ်မလား။

မမျှော်လင့်စွာနဲ့ ထိုသူက နက်ရှိုင်းတဲ့အသံနဲ့ ပြောလာပေသည်။

“သခင်မကျုံးရိမှာ သူမရဲ့ကိုယ်ပိုင်ဆန္ဒရှိနေမှတော့ ကိုယ်က ဘယ်လိုလုပ်ပြီး ဒီတိုင်း နေလို့ရမှာလဲ။ မင်းရော ဘာလို့မစမ်းကြည့်တာလဲ”

သူက စကားပြောပြီးနောက် ရုတ်တရက်ပဲ သူမကို ဖိချလိုက်သည်

ယန်ရှု “….”

ရှင့်ရဲ့မကောင်းမှုကိုပဲ ယုံကြည်နေမယ်။

~~~

ရက်ပေါင်းများစွာကြာအောင် တစ်ဆက်တည်းမှာပဲ ယန်ရှုရဲ့ခါးနဲ့ခြေတွေက ရောင်ရမ်းနေပြီး တစ်စုံတစ်ယောက်ရဲ့ ပထမဆုံးအသားစားသည့် အချိန်ကိုပင် ပြန်ရောက်သွားခဲ့သလိုပင်။

(အသားစား=အဟမ်း အဟမ်းလုပ်)

ကျစ် ဧကရာဇ်ကို ကြည့်ရတာ အဲဒီမှတ်စုစာအုပ်ကို ရတာနဲ့ လျှို့ဝှက်စာအုပ်လိုမျိုး သဘောထားနေပြီး အရမ်းကို လေးနက်တဲ့သဘောထားနဲ့ သူမကိုခေါ်ကာ ညစဉ်ညတိုင်း လေ့ကျင့်တော့သည်။

သို့သော်လည်း သူမက ပင်ပန်းနေပြီး နေ့စဉ်နေ့တိုင်း နေထွက်သည့်အချိန်အထိ အိပ်နေရပေသည်။ သူမရဲ့ကြွက်သားတွေက အရမ်းကို နာကျင်နေသည့်အတွက် သူမရဲ့ပုံပြင်ကိုပင် မရေးနိုင်ပေ။

ကံကောင်းစွာနဲ့ ထိုနေ့ရဲ့ “ဝမ်းနည်းပက်လက် ဖြစ်နေတဲ့လူက ကပ်ဆိုးကျသွားတယ်” ဆိုတဲ့ စာအုပ်က ထွက်လာခါစ ဖြစ်သည့်အတွက် စာဖတ်သူတွေက အဲဒီအထဲမှာပဲ နစ်မြှုပ်နေကာ စာအုပ်ရောင်းသမားတွေဟာလည်း ပိုက်ဆံကို ရေတွက်ရင်း အလုပ်များနေပေသည်။ ထို့ကြောင့် အချိန်တစ်ခုထိ သူမကိုလောဆော်ဖို့ အချိန်မရှိသေးပေ။

သူမက လွတ်လပ်စွာနဲ့ ရက်အနည်းငယ်ကြာအောင် ငါးဆားနယ်လေး ဖြစ်နေခဲ့သည်

ဒီမနက်မှာတော့ သူမရဲ့မနက်စာကို စားပြီး သိပ်မကြာခင်မှာပဲ စစ်စတန်ဆီကနေ ဒင်ဟူသော အသံကို ကြားလိုက်ရသည်။

[သခင်ကြီးကျွမ့်ကိစ္စမှာ နောက်ဆက်တွဲတွေ ရှိသေးတယ်]

ယန်ရှုလည်း တွန့်ဆုတ်သွားပြီး ချက်ချင်းပဲ မေးလိုက်သည်။

[ဘာတွေ ဖြစ်နေတာလဲ]

သို့သော်လည်း စစ်စတန်ကပြောလာသည်

[အဲ့ဒီလူအိုကြီးကျွမ့်က နန်းတော် ညစာစားပွဲမှာ လေဖြတ်တာကို ခံစားလိုက်ရတယ်မလား။ အဲဒီသတင်းက သူ့ရဲ့ဇာတိမြို့ကို ရောက်သွားတော့ သူ့ရဲ့သားကို မြို့တော်ကိုလာပြီး သူ့ကို ရှာဖွေတယ်လေ။ အဲဒါအပြင် နင့်ရဲ့စကားလုံးတွေက ဒီနှစ်ရက်အတွင်း နေရာအနှံ့မှာ ပျံ့နေတာဖြစ်လို့ ကိုယ်လုပ်တော်ရဲ့မိသားစုက အရမ်းကို စိတ်ရှုပ်ထွေးနေကြတယ်လေ။ မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို စိုးရိမ်ပြီး သူတို့တွေက သူ့ကို တွေ့ဖို့ ရှောင်ရှားလိုက်ကြတယ်။ ပြီးတော့ သားကြီးဖြစ်တဲ့သူကို ဝင်ခွင့် မပေးဘူးလေ]

[သေချာပေါက် သားကြီးဖြစ်တဲ့သူက ဒေါသထွက်သွားပြီး တံခါးဝမှာ ပြဿနာရှာတော့တယ်။ ဖြစ်ချင်တော့ ဧကရာဇ်ကလည်း ယဉ်ကျေးမှုဓလေ့ထုံးတမ်းဆိုင်ရာ ဝန်ကြီးနဲ့ သုယွီရှစ်တို့ကို ဒီမနက်ပဲ အဲဒီလူအိုကြီးဆီ သွားရောက်လည်ပတ်ဖို့ ဆက်သွယ်ထားတယ်လေ။ အဲဒါနဲ့ သူတို့တွေက သားကြီးဖြစ်သူနဲ့ ဆုံသွားပြီး သူတို့နှစ်ယောက်က အရာရှိဝတ်စုံတွေကို ဝတ်ထားတာကို မြင်လိုက်ရတယ်လေ။ သူတို့တွေကလည်း စိတ်ရှုပ်သွားပြီး ဒီကိစ္စက နေရာမှာပဲ ကိုင်လှုပ်ခံလိုက်ရပြီး ယဉ်ကျေးမှုဓလေ့ထုံးတမ်းဆိုင်ရာ ဝန်ကြီးနဲ့ သုယွီရှစ်တို့က အဲဒီအကြောင်းကို ကြားတဲ့အခါမှာ ချက်ချင်းပဲ နန်းတော်ကိုပြန်သွားပြီး ဧကရာဇ်ဆီကို သတင်းပို့လိုက်တော့တယ်။ ဧကရာဇ်ကလည်း အဲ့ဒီလူအိုကြီးရဲ့ကိုယ်လုပ်တော်ကို နန်းတော်ဆီ အတူတူ ခေါ်လိုက်ပြီး ဒီကိစ္စက အခုဆို အရမ်းကို ကြိုးစားပြီး ရက်လုပ်ထားတဲ့အဝတ်စလိုပဲ]

ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားကာ

[ဒါက နောက်ထပ်ဆွဲဖြဲတဲ့ မြင်ကွင်း မဟုတ်ဘူးလား!]

ကြည့်ချင်လိုက်တာ။

ဒါပေမဲ့လည်း….

အဲဒီနေရာမှာ ယောက်ျားတွေအများကြီး ရှိနေမှာဖြစ်ပြီး သူမ ဝင်ချင်လျှင်တောင် ဝင်ခွင့်မရလောက်ပေ။

ကျစ် ကြည့်ရတာ ဒီဖရဲသီးကို ဧကရာဇ်က သူ့ဘာသာပဲ စားလို့ရမဲ့ပုံပဲ။

124 05

သူမက နောင်တအပြည့်နှင့် သက်ပြင်း ချလိုက်သည်။ မိမိကိုယ်ကို မြှုပ်နှံထားတဲ့ခွေးတစ်ကောင်အနေနဲ့ ယခုလို နေရာမှာတင် လတ်ဆတ်တဲ့ဖရဲသီးကို လွဲချော်သွားတာက တကယ်ကို သက်တောင့်သက်သာ မရှိပေ။

မမျှော်လင့်ထားစွာနဲ့ အဲဒါကသိပ်မကြာလိုက်ပဲ တံခါးအပြင်ဘက်က ချီအန်းနန်းဆောင်ရဲ့အရာရှိတစ်ဦးအသံကို ကြားလိုက်ရပြီး

“ကိုယ်လုပ်တော်ယီဖင်း ဧကရီမယ်တော်ကြီးက သူ့နန်းဆောင်ဆီ လာဖို့ ဖိတ်ကြားလိုက်ပါတယ်”

ယန်ရှု “….”

ဖြစ်နိုင်တာက ဧကရီမယ်တော်ကြီးကများ သူမကို သတင်းတွေအတွက် မေးမြန်းချင်နေတာများလား။

ဒါပေမဲ့ သူမက ချန်းမင်နန်းဆောင်မှာ မဟုတ်ဘူးလေ။ ဧကရီမယ်တော်ကြီးလည်း ဒီတိုင်းသွားလိုက်ပြီး မျက်မြင်ကိုယ်တွေ့ဖရဲသီး ဧကရာဇ်နဲ့အတူ စားတာမဟုတ်ဘူး….

စကားမစပ် သူမကိုလည်း ခေါ်သွားပါ့လား….။

သေချာပေါက်ကိုပင် ဒါတွေအားလုံးက ယုတ္တိမဆန်ဘဲ ဧကရီမယ်တော်ကြီးသာ သွားနိုင်လျှင် သူမကို ဘာလို့မေးနေတော့မှာလဲ။

သူမက သဘောတူရုံပဲတတ်နိုင်ကာ သူမရဲ့အဝတ်အစားတွေကို လျင်မြန်စွာ လဲလိုက်ပြီး ချီအန်းနန်းဆောင်ဆီသို့ သွားတော့သည်။

သူတို့တွေ ချီအန်းနန်းဆောင်ကို ရောက်တဲ့အခါမှာ သခင်မမုကလည်း အဲဒီမှာရှိနေတာကို တွေ့လိုက်ရပြီး လက်ဖက်ရည်စားပွဲပေါ်မှာလည်း အဆာပြေမုန့်များစွာ ရှိနေတာကို တွေ့လိုက်ရသည်။

ဧကရီမယ်တော်ကြီးက သူမထိုင်ရန်ညွှန်ပြလိုက်ပြီး ရှင်းပြလာသည်။

“သခင်မမုက မနက်ဖြန်ဆို မင်ကျိုးကို ပြန်တော့မှာလေ။ အဲဒါနဲ့ အဆာပြေမုန့်အနည်းငယ်ကို မင်းကို ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့အနေနဲ့ အထူးပြုလုပ်ထားတယ်။ ခဏနေရင် မြည်းကြည့်ပါ”

သခင်မမု လုပ်ထားတာ ဖြစ်နေတာပဲ။ ယန်ရှုက လျင်မြန်စွာနဲ့ သဘောတူလိူက်သည်

“ကျေးဇူးတင်ပါတယ်။ သခင်မမု သခင်မက အရမ်းကို ယဉ်ကျေးလွန်းနေပါပြီ”

စားပွဲကို တစ်ချက်ကြည့်လိုက်ပြီး သခင်မမုရဲ့လက်မှုစွမ်းရည်က အတော်လေး ကောင်းတာကိုတော့ ပြောရမည်ပင်။ ပြီးတော့ ပြုလုပ်ထားတဲ့ ဒင်ဆမ်းတွေက အတော်လေးလှပပြီး လက်ရာမြောက်ပေသည်။

သူမဟာ ပဲကိတ်တစ်ပိုင်းကို ကြိုးစား မြည်းစမ်းလိုက်ပြီး အဲဒါက နူးညံ့ကာ ချိုမြိန်ပေမဲ့ ချွဲပြစ်မနေဘူးလို့ ခံစားလိုက်ရသည်။ ပြီးတော့လည်း အဲ့ဒီမှာ နို့အနံ့လေး ခပ်ဖျော့ဖျော့ရှိနေပြီး အရမ်းကို မှတ်မိချင်စရာ ကောင်းသည်။

စားနေစဉ်မှာ ဧကရီမယ်တော်ကြီးက ထပ်ပြောလာသည်။

“စကားမစပ် အိုက်ကျား ကြားမိတာတော့ ကျွမ်းမိသားစုက တစ်ယောက်ယောက်က နန်းတော်ထဲကို ဝင်လာတယ်လို့ ကြားတယ်။ ဖြစ်နိုင်တာက တစ်ခုခုများ ဖြစ်လို့လား”

ယန်ရှု “….”

ကောင်းပြီလေ ဧကရီမယ်တော်ကြီးက နောက်ဆုံးတော့ လိုရင်းကို ရောက်ပြီပဲ ။

******

125 01

အပိုင်း 125

သို့သော် သူမက အံ့ဩဟန် ဆောင်ကာ ပြောလိုက်သည်။

“ကိုယ်လုပ်တော်က အဲ့အကြောင်းကို မကြားသေးပါဘူး။ အဲဒါကြောင့် ဖြစ်နိုင်တာက သခင်ကြီးကျွမ့်ရဲ့အခြေအနေကများ ယိုယွင်းလာလို့လား”

ဧကရီမယ်တော်ကြီး “….”

လာစမ်းပါ ဒီကလေးမကလည်း ပျင်းစရာကောင်းလိုက်တာ။ သူမနဲ့အရူးလုပ်တမ်း ကစားဖို့ စီစဉ်နေတာလား။

ဧကရီမယ်တော်ကြီးက ရိုးရိုးရှင်းရှင်းပဲ ထပ်ပြောလိုက်သည်။

“အိုက်ကျား ကြားမိတာက ကျွမ့်ရှောင်ဖူမှာ တကယ်တော့ သားတစ်ယောက်နဲ့ဇနီးနဲ့ ရှိတယ်တဲ့။ ဒီနှစ်တွေ တစ်လျှောက်လုံး သူနဲ့ရှိနေခဲ့တဲ့သူတွေက တကယ်တမ်းတော့ ကိုယ်လုပ်တော်နဲ့ ကိုယ်လုပ်တော်ရဲ့သားပဲတဲ့လေ။ ဒီလိုကိုက်ညီနေမှုအရဆို မနေ့ညက ပုံပြင်ပြောသမား ပြောခဲ့တဲ့ ရင်ကွဲနာကျတဲ့သူဆိုတာက သူဖြစ်နေတာပဲ”

ထို့နောက် သူမကို ကြည့်လိုက်ကာ ပြောလိုက်သည်။

“အိုက်ကျား မေးချင်တာက မင်းက အရှင်မင်းကြီးရဲ့ဘေးမှာ တစ်ချိန်လုံး နေနေတော့ ဒီလူနဲ့ပတ်သက်ပြီး တစ်ခုခု မှားနေတာကို အရှင်မင်းကြီးက ဘယ်တုန်းက သိသွားတာလဲဆိုတာကို သိလား”

—အဆုံးမှာတော့ ဧကရီမယ်တော်ကြီးရဲ့စိတ်ထဲတွင် သခင်လေးရှောင်ယောင်က ဧကရာဇ်ကနေ စီစဉ်ထားတဲ့ ထူးချွန်တဲ့ ထောက်လှမ်းရေးတစ်ယောက်လို့ ထင်နေတာပင်။ သို့သော် စာအုပ်ကို တကယ့်အစစ်အမှန်နဲ့ ကိုက်ညီလိုက်တဲ့အခါမှာဆိုလျှင် ဧကရာဇ်ကနေ ရေးခိုင်းထားတာပဲ ဖြစ်နိုင်ပေသည်။

ယန်ရှုက ထိုသို့ပြောရုံသာ တတ်နိုင်ပေသည်။

“ဒါက ဒီကိစ္စအကြောင်းကို ဒီကိုယ်လုပ်တော်သိတဲ့ ပထမဆုံးအကြိမ်ပါ။ ဒီကိုယ်လုပ်တော်ရဲ့ညံ့ဖျင်းမှုအတွက် ခွင့်လွှတ်ပေးပါ။ အရှင်မင်းကြီးက ဒီကိုယ်လုပ်တော်ကို ဘယ်တုန်းကမှ ဖွင့်ဟ မပြောဖူးပါဘူး”

သူမစကားပြောပြီးနောက် သူမက ဧကရာဇ်ကို ကူညီဖို့ အကောင်းဆုံး ကြိုးစားလိုက်သည်။

“အရှင်မင်းကြီးက ဥာဏ်ပညာရှိပြီး အင်အားကြီးမားပါတယ် အဲဒါကြောင့် သတင်းတွေက အရင်ဦးစွာသိနေတာက အံ့ဩစရာမဟုတ်ပါဘူး”

မမျှော်လင့်ထားစွာနဲ့ ဧကရီမယ်တော်ကြီးက ပြောလိုက်သည်။

“လူအိုကြီးကျွမ့်က အခုချိန်မှာ နန်းတွင်းအရာရှိ မဟုတ်တော့ဘူး။ သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ အရာရှိဖြစ်လာခဲ့တာ။ အရှင်မင်းကြီးက သူ့ကိုစုံစမ်းစစ်ဆေးဖို့ ဘယ်လိုလုပ်ပြီး တွေးမိနိုင်မှာလဲ။ သေချာအောင် စစ်ဆေးကြည့်မယ်ဆိုရင်လည်း နှစ်တွေ အများကြီးထိအောင် သူ့ရဲ့ဘယ်ကောလဟလကိုမှ မကြားဖူးဘူး”

ယန်ရှုက တွေးလိုက်ကာ ဒါကသဘာဝပင် ဧကရာဇ်ကလည်း ဒီနေ့မှသာ ရှာတွေ့တာ ဖြစ်ကောင်းဖြစ်နိုင်သည်….။

သို့သော် ဒီနေရာရောက်သည့်အခါ သူမကရုတ်တရက် ရပ်တန့်သွားတော့သည်

—ဧကရာဇ်ကရော အခုမေးခွန်း ရှိနေလောက်ပြီလား။

အဆုံးမှာတော့ သူမက ထိုစာအုပ်တွေကို ရေးတယ်ဆိုတာကို သူက သိပေသည်။ ယခုဆို ဇာတ်လမ်းက လက်သည်တရားခံနဲ့ ကိုက်ညီနေတော့ သူမက အဲအကြောင်းကို ဘယ်လိုလုပ်ပြီး သိသလဲဆိုတာကို သူကရော သိချင်နေမလား။

သို့သော် စစ်စတန်က ရုတ်တရက် နှောက်ယှက်လာသည်။

[အမ်းးးးး နောက်ဆုံးတော့ ဒီပြဿနာကို သတိပြုမိပြီလား။ တကယ့်ဖြစ်ရပ်မှန်နဲ့ တိုက်ဆိုင်တဲ့ ဇာတ်ညွှန်းတွေ အများကြီးကို ရေးထားတာကို အခုမှအမှတ်ရတယ်လား]

ယန်ရှု “….”

ကျစ် ဟုတ်သားပဲ။ သူမက အဲဒီအကြောင်းကို အရင်က ဘာလို့မတွေးမိရတာလဲ။

…ပြီးတော့ ဧကရာဇ်ကလည်း သူမကို ဧကရီမယ်တော်ကြီးကဲ့သို့ ဘယ်တုန်းကမှ မမေးခဲ့ပေ။

သူမက ရုတ်တရက် ထိတ်လန့်သွားပြီး စစ်စတန်ကို လျင်မြန်စွာမေး လိုက်သည်

[ငါ့မှာ နင်ရှိတယ်ဆိုတာကိုတော့ သူ မသိလောက်ဘူးမလား]

စစ်စတန်က အရမ်းကို သေချာနေကာ

[အဲဒါကတော့ မဖြစ်နိုင်ဘူး။ ဘယ်သူကမှ ဒီစစ်စတန်အကြောင်းကို ရှာမတွေ့ဘူး။ဒါပေမဲ့ ဧကရာဇ်ကတော့ နင်နဲ့ပ တ်သက်ပြီး တစ်ခု ခုမှားနေတယ်ဆိုတာကိုတော့ ရှာတွေ့ပြီး ဖြစ်လောက်မယ်]

ယန်ရှု [!]

စစ်စတန် [ဒါပေမဲ့ အဆင်ပြေပါတယ်။ သူက ဒီလောက်အကြာကြီး မျက်စိမှိတ် သဘောတူထားတယ် ဆိုကတည်းက မင်း ကြောက်နေစရာ မလိုဘူး]

ယန်ရှု “….”

အဲဒါက ငါ ပြောချင်တာပဲလေ။ ဧကရာဇ်က ဘာလို့ သူမကို မမေးရတာလဲ။

သူက အဲ့လောက်ထိ သဘောထားကြီးနိုင်လို့လား။

စစ်စတန် [အဆုံးမှာတော့ သူကဧကရာဇ်လေ ပြီးတော့ သူ့ရဲ့ဗဟုသုတကလည်း တစ်ခြားသူတွေနဲ့ ကွဲပြားတယ်။ အဲဒါအပြင် သူက နင့်ကို သဘောကျနေတာ မဟုတ်လား]

ယန်ရှု [….]

သူက သူမကို သဘောကျရုံနဲ့ သူမမှာ သာမန်လူတွေနဲ့ ကွဲပြားတဲ့ စွမ်းရည်တွေ ရှိတယ်ဆိုတာကို တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံပေးနိုင်တယ်ပေါ့။

…..

125 02

တွေးကြည့်ပြီးနောက်မှာ ညအချိန်သူမက သူနဲ့တွေ့တဲ့အချိန်မှာ သူ့ကို ရှင်းရှင်းလင်းလင်းမေးဖို့ ဆုံးဖြတ်လိုက်သည်။

~~~

ညဘက်၌ ယွီဝိန်းလန်က ကန်လုနန်းဆောင်ဆီသို့ ပြန်လာလေသည်။

ထိုအလှလေးက ရေချိုးပြီးဖြစ်ကာ သူ့ကိုညောင်စောင်းပေါ်တွက် စောင့်နေပြီးဖြစ်သည်။

သူက ပျော်ရွှင်နေတဲ့ ခံစားချက်ရှိနေပြီး အဝတ်အစားတွေကို ချွတ်လိုက်ကာ ညောင်စောင်းဆီသို့ သွားတော့သည်။

—အဟွတ် အဟွတ် စာအုပ်ကိုရရှိပြီးနောက် ကမ္ဘာအသစ်ရဲ့တံခါးကို ဖွင့်လိုက်သကဲ့သို့ပင် နေ့တိုင်းနေ့တိုင်း သူမနဲ့အတူ ပျော်ရွှင်မှုကို ရှာဖွေရတာက သူ စောင့်မျှော်အနေရဆုံး ကိစ္စဖြစ်လာခဲ့သည်။

မမျှော်လင့်ထားစွာနဲ့ သူဟာ သူမကိုဖက်လိုက်ပြီး မနမ်းရသေးခင်မှာပဲ သူမ ပြောလာတာကို ကြားလိုက်ရသည်။

“ဒီကိုယ်လုပ်တော်က ဒီနေ့ချီအန်းနန်းဆောင်ထဲမှာ ဧကရီမယ်တော်ကြီး ပြောတာကို ကြားခဲ့ပါတယ်။သခင်ကြီးကျွမ့်ရဲ့ဇနီးနဲ့သားဖြစ်သူက သူတို့ရဲ့ဇာတိမြို့မှာပဲ ရှိနေပြီး ရွှေရှီးကလည်း အဲ့မှာပဲ နန်းတော်စားသောက်ပွဲဆီကို ခေါ်လာတာက တကယ်တော့ သူ့ရဲ့ကိုယ်လုပ်တော် ဖြစ်နေခဲ့တာပဲ”

ယွီဝန်းလန်က ခေါင်းညိတ်လိုက်သည်။

“အဲဒါက ဘာဖြစ်ခဲ့သလဲဆိုတာပဲ။ ဒီနေ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းဆိုင်ရာဝန်ကြီးနဲ့ တုယွီရှစ်တို့က ကျွမ့်မိသားစုဆီကို သွားလည်ကြတယ်။ သူတို့တွေက ကျွမ့်မိသားစုရဲ့သားကို အဝင်မခံကြဘူးလေ။ အဲဒါနဲ့ သူတို့တွေက ကိုယ့်ဆီကိုလာပြီး သတင်းပို့ကြတာနဲ့ သူ့ရဲ့ကိုယ်လုပ်တော်ကို နန်းတော်ဆီလာဖို့ ခေါ်လိုက်ပြီး ရှင်းရှင်းလင်းလင်း မေးမြန်းခိုင်းလိုက်တယ်”

ဒီအချက်မှာ သူက သူမကို တမင်သက်သက် ထပ်မေးလိုက်သည်။

“မင်းရဲ့စာအုပ်ထဲမှာ အားလုံးကို ရေးထားတာပဲမလား”

ယန်ရှုက ရပ်တန့်သွားကာ သူက လုံးဝကို မအံ့ဩနေဘူးလို့ တွေးနေပေသည်!

ဒီအချက်ကနေ ကြည့်မယ်ဆိုလျှင် သူက သူမဆီမှာ သဘာဝလွန်စွမ်းအားတွေ ရှိနေတယ်လို့ ယုံကြည်နေလောက်သည် မဟုတ်လား။

စစ်စတန် [သူသာ အဲဒီလိုမတွေးဘူးဆိုရင် သူက နင့်လိုပဲ ရူးနေမှာ မဟုတ်လား]

ယန်ရှု “….”

မေ့လိုက်တော့ သူမကတိုက်ရိုက်ပဲ ရိုးရှင်းစွာပြောလိုက်သည်။

“အရှင်မင်းကြီး ဒီကိုယ်လုပ်တော်က ကျွမ်းမိသားစုရဲ့ပုံပြင်အကြောင်းကို ဘာလို့ရေးနိုင်နေတာလဲဆိုတာကို မသိချင်ဘူးလား”

သို့သော် သူကပြုံးကာ ခေါင်းညိတ်လိုက်ပြီး သူမကိုကြည့်လိုက်သည်။

“ထူးဆန်းတယ်။ ဘာလို့လဲ”

ယန်ရှု “…ဒီကိုယ်လုပ်တော်က တိုက်ဆိုင်သွားတာလို့ ပြောရင်ရော အရှင်မင်းကြီးက ယုံမှာလား”

ယွီဝိန်းလန်က သူ့ကိုမျက်ခုံးပင့်ရင်း ဆက်ကြည့်လိုက်ကာ

“ပြောကြည့်လေ ကိုယ် ယုံသင့်လား”

ယန်ရှု “…”

ကောင်းပြီလေ။ ကြည့်ရတာ သူက ထုံထိုင်းချင်ယောင် ဆောင်နေတာ သေချာသလောက်ပဲ။

ပြီးတော့ သူမကတော့ အရမ်းကိုရူးအလွန်းသည်

ကိစ္စက ဒီလိုဆိုမှတော့ သူမကလည်း ရိုးရှင်းစွာ ပြောလိုက်သည်။

“ဒီကိုယ်လုပ်တော်က အမှန်အတိုင်း ပြောပါမယ်။ တကယ်တော့ ဒီကိုယ်လုပ်တော်မှာ အထူးစွမ်းရည်တစ်ခုရှိတယ်။ ပြီးတော့ အချိန်တိုင်း လူတိုင်းဆီကနေ လျှို့ဝှက်ချက်တွေ တစ်ခုပြီးတစ်ခု ရနေလိမ့်မယ်”

ယွီဝိန်းလန်က ခေါင်းညိတ်လိုက်ကာ

“အမှန်ပဲ။ တကယ်တော့ ကိုယ်လည်း အဲဒီအကြောင်းကို တွေးနေတာ အချိန်အကြာကြီးရှိနေပြီ။ တကယ်သာ အဲ့လိုမဟုတ်ဘူးဆိုရင် အဓိပ္ပာယ် မရှိနိုင်တော့ဘူး”

လေသံက အရမ်းကို တည်ငြိမ်နေပေသည်။

ယန်ရှုက မျက်မှောင်ကြုတ်သွားကာ

“အရှင်မင်းကြီးက ကိုယ်လုပ်တော်ကို မကြောက်ဘူးလား။ ပြီးတော့ ဒီကိုယ်လုပ်တော်ကိုလည်း မိစ္ဆာအဖြစ် မသတ်မှတ်ဘူးလား”

ယွီဝိန်းလန်က သူ့မျက်ခုံးတို့ကို ပင့်လိုက်ကာ

“ကိုယ်က ဘာလို့ကြောက်ရမှာလဲ။ ဒါက သဘာဝလွန်စွမ်းအားလေးပဲမလား။ မင်းက ကိုယ့်ကိုတော့ မလုပ်ကြံဘူးမလား”

သူက စကားပြောပြီးနောက် မနေနိုင်ဘဲ သူမရဲ့လက်သေးသေးလေးကို ကိုင်လိုက်ကာ သူ့ရဲ့နှုတ်ခမ်းဆီသို့ ဖိကပ်လိုကိပြီး နမ်းလိုက်တော့သည်။

ယန်ရှုက သက်ပြင်းချလိုက်သည်။

“အရှင်မင်းကြီးမှာက တကယ်ကို ထူးခြားတဲ့အမြင်ရှိတာပဲ”

ကျစ် ကျစ် ကျစ် သူမမှာ သဘာဝလွန်စွမ်းအား ရှိတယ်ဆိုတာကို သိနေတာတောင် နေ့တိုင်းနေ့တိုင်း အဲဒီလောက်ထိ စိတ်အားထက်ထက်သန်သန်နဲ့ ကစားနေတာ တကယ်ကို အသည်းကွဲနေတာပဲ ဖြစ်ရမယ်။

ယွီဝိန်းလန် “….”

125 03

ဒါကို ဘာလို့ခေါ်ရမလဲ။သူက ရှင်းရှင်းလင်းလင်းကို ချစ်မိနေတာပဲ….။

ကောင်းပြီလေ။ သူမကို သူ့ရဲ့လက်မောင်းတွေထဲမှာ ထည့်ပြီးနောကိ စကားတွေ အများကြီးပြောပြီးတဲ့အခါမှာ သူ့နှလုံးသားက လှုပ်ရှားဖို့ အသင့်ဖြစ်နေပြီပင်။ သူဟာ မစောင့်နိုင်တော့တဲ့အတွက် လျင်မြန်စွာပဲ သူ့ခေါင်းကို ငုံ့ချလိုက်ကာ သူမကို နမ်းလိုက်တော့သည်။

သူမကလည်း အရမ်းကို လိုက်လျောနိုင်စွမ်း ရှိသည်။

ယွီဝိန်းလန်ရဲ့နှလုံးသားဟာ တဖျပ်ဖျပ် လှုပ်ခါသွားပြီး နောက်ထပ်လှုပ်ရှားမှုကို ပြုလုပ်တော့မဲ့အချိန်မှာပဲ သူမနှလုံးသားထဲက ပြောလာသံကို ကြားလိုက်ရသည်။

“အဆင်ပြေသွားပြီ။ အနာဂတ်မှာ သူ့ကို တစ်ခုခုပြောချင်ရင် ဦးနှောက်ကို ညှစ်ထုတ်နေစရာ မလိုတော့ဘူး။ သူ့ကိုထပ်ပြီး အပြစ်တင်ခံရအောင် လုပ်လိုက်တာက ပိုပြီးလွယ်ကူလိမ့်မယ်”

ယွီဝိန်းလန် “??”

ဒီလိုအချိန်မျိုးမှာတောင် ဘာလို့သူ့ကို အပြစ်တင်ခံရစေချင်သေးတာလဲ။

….

ထိုညတွင် ယန်ရှုဟာ တစ်ယောက်ယောက်က သိသိသာသာကိုပဲ အတော်လေး ပေါက်ကွဲထွက်သွားတယ်ဆိုတာကို ရှာတွေ့လိုက်ရသည်။

ရေထဲကပြပွဲအပြီးကတည်းက ထိုနှစ်ယောက်ဟာ ပုံစာအုပ်ကို လေ့ကျင့်ရန် ရက်ပေါင်းများစွာ အလုပ်ကြိုးစားလိုက်ကြသည်။

ယန်ရှုက ဖြစ်နိုင်တယ်လို့ တွေးလိုက်ပြီး ဒါပေမဲ့ တစ်နေ့ သူမနိုးလာချိန်မှာ ဆွေမျိုးတစ်ယောက်က သူမဆီကို အချိန်ကိုက် လာလည်တယ်ဆိုတာကို တွေ့လိုက်ရသည်။

“….”

သူမမှာ အတွေ့အကြုံမရှိပေမဲ့ သူမမှာ အခြေခံအသိတော့ ရှိသေးသည်။

သူမက မနေနိုင်ဘဲ သိချင်သွားရသည်။ အမေက အဲဒီပုံစာအုပ်က အရမ်းကို အလုပ်ဖြစ်တယ်လို့ ပြောခဲ့တယ်မလား။ ဘာလို့အခုထိ အလုပ်မလုပ်သေးတာလဲ။

….ဖြစ်နိုင်တာက သူမရဲ့ခန္ဓာကိုယ်မှာ တစ်ခုခုများမှားနေတာလား။

မူလတုန်းက သူမဟာ ဒီကိစ္စကို အရမ်းကြီး မစိုးရိမ်ခဲ့ပေမဲ့ သူမအမေဆီက စိတ်ပိုင်းဆိုင်ရာ အရိပ်အမြွက်ကို သည်းမခံနိုင်ပေ။

ယန်ရှုက နှစ်ရက်လောက် တွန့်ဆုတ်နေခဲ့ပြီး နောက်ဆုံးတော့ သမားတော်ကျန်းကို ပြသရန် အခေါ်လွှတ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

သမားတော်ကျန်း ရောက်လာပြီးနောက် သူဟာ သူမကို အချိန်အကြာကြီးအထိ သွေးခုန်နှုန်း တိုင်းနေခဲ့ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“မိဖုရားရဲ့သွေးခုန်နှုန်းက တည်ငြိမ်ပါတယ်။ ဘာပုံမှန်မဟုတ်တာမျိုးမှ မရှိပါဘူး။ ဘယ်နေရာက မသက်မသာ ဖြစ်နေသလဲဆိုတာကို ကျွန်တော်မျိုး မသိပါဘူး”

ယန်ရှုက ချောင်းဟန့်လိုက်ကာ

“တကယ်တော့ မသက်မသာခံစားနေရတာမဟုတ်ပါဘူး ဘာသတင်းကောင်းမှမရှိသေးလို့ ရှင့်ကို တစ်ချက်လောက်ကြည့်ကြည့်ပေးဖို့ တောင်းဆိုချင်တာပါ ကျွန်မရဲ့ခန္ဓာကိုယ်က တစ်ခုခုများမှားနေတာလား”

သမားတော်ကျန်းက နားလည်သွားပြီး မရယ်မောဘဲ မနေနိုင်တော့ပေ။

“မိဖုရားရဲ့ကိုယ်မှာ ဘာမှားနေတာမျိုးမှ မရှိပါဘူး။ ကိုယ်ဝန်ဆိုတာက ကံကြမ္မာအရပါပဲ။ ဆိုတော့ ဘာမှ အလျင်လိုစရာမရှိပါဘူး။ ဧကရာဇ်ရဲ့ဆက်ခံသူက ဒီလမှာ ရောက်မလာသေးဘူးဆိုတော့ နောက်လမှာ ရောက်လာနိုင်တာပဲ ဘယ်လောက် ကြာပါပြီလဲ”

ယန်ရှုက အဲဒါဟာ တစ်လပဲ ရှိသေးတယ်လို့ မပြောရဲပေ။ သို့သော် ရန်တုန်းက သူမအစား ဖြေပေးလာတာကို ကြားလိုက်ရသည်။

“မိဖုရားက မနှစ်က ဆယ့်နှစ်လမြောက်မှာ ဒီရာထူးဆီကို တိုးမြှင့်ခံလိုက်ရတာပါ အခုဆိုရင် နှစ်ဝက် ရှိနေပါပြီ”

အဆုံးမှာ ရန်တုန်းကလည်း လူသစ်တစ်ယောက်ဖြစ်ပြီး ဘုရင့်ရဲ့အတိတ်ကို မသိပေ။ ထို့ကြောင့် သဘာဝကျကျပဲ ထိုကဲ့သို့သာ ဖြေရုံရှိသည်။

သို့သော်လည်း ယန်ရှုကလည်း အမှန်ပြင်ဖို့ မလွယ်ကူပေ။

125 04

သမားတော်ကျန်း မျက်မှောင် ကြုတ်သွားတာကို တွေ့လိုက်ရပြီး သူကပြောလာသည်။

“နှစ်ဝက်ဟုတ်လား။ ဒီအချိန်က တကယ်ကို မတိုတောင်းဘူးဘဲ”

ယန်ရှုရဲ့နှလုံးသားက တင်းကြပ်သွားပြီး သူမက လျင်မြန်စွာ ပြောလိုက်သည်။

“ဆိုတော့ ဘာက မှားနေတာလဲ”

သို့သော် တစ်ဖက်လူ ပြောလာတာကို ကြားလိုက်ရသည်

“ဧကရီ့ဆီကနေ ကျွန်တော်မျိုး ဘာကိုမှ မမြင်နိုင်ပါဘူး။ အရှင်မင်းကြီးကိုရော တစ်ချက်လောက် စစ်ကြည့်ဖို့ ဘာလို့မပြောတာလဲ”

ယန်ရှု “….”

ဘာ ဧကရာဇ်ကို တစ်ချက်လောက်ကြည့်ဖို့ ပြောရမယ်ဟုတ်လား။

သေချာပေါက်ပဲ ဟောဟောဒိုင်းဒိုင်း ပြောတတ်ပြီး မြန်မြန်ပြောတတ်တဲ့ ကျန်းနျန်ချီကသာ ဒီလိုမျိုးကို တစ်ယောက်ယောက်အား ပြောနိုင်မှာဖြစ်သည်။

သို့သော် ထိုသို့ပြောပြီးမှ ယန်ရှုဟာ တိတ်တဆိတ် စဉ်းစားလိုက်သည်။ အဆုံးမှာ ဧကရာဇ်က သူ့ရဲ့ဖျားနာမှုကို ကုသပြီးဖြစ်တဲ့အတွက် ဘာပြဿနာမှ မရှိသင့်ပေ ဟုတ်တယ်မလား။

သူမက အရင်ဆုံး ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။

“နားလည်ပြီ ရှင့်အတွက် ပင်ပန်းသွားရပြီ ဒီနေ့ရဲ့ကိစ္စတွေကို ဘာမှပြန်မပြောရင်တော့ ပိုကောင်းတယ်”

ကံကောင်းစွာနဲ့ သမားတော်ကျန်းကို သူမက ယုံကြည်ပြီး သူသည်လည်း မရူးမိုက်ပေ။ ထို့ကြောင့် မှန်လှပါဟု ခေါင်းညိတ်ကာ ဆေးသေတ္တာနဲ့အတူ ထွက်သွားတော့သည်။

ရလဒ်အနေနဲ့ ယန်ရှုဟာ သူမရဲ့နှလုံးသားထဲမှာ ဧကရာဇ်အား တစ်ချက်လောက် စစ်ကြည့်ဖို့ ပြောရန် မပြောရန် တွေးဆနေတော့သည်။

သူမ အလျင်မလိုပေမဲ့ သူ့ကိုတော့ အလျင်လိုမှရမည်။ သူ့ရဲ့ဖျားနာမှုသာ လုံးဝပြန်မကောင်းလာသေးလျှင် ပြဿနာတွေကို ထိန်းသိမ်းထားရတာက ဆိုးရွားမည် မဟုတ်ပါလား။

…

ဒီလိုနည်းနဲ့ ညဘက်မှာ ထိုလူကို ထပ်တွေ့ချိန်မှာတော့ သူမက ပြောလိုက်သည်။

“ဒီကိုယ်လုပ်တော်က ဒီနေ့မှာ ကျန်းယွီရိနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျွန်မက ဧကရာဇ်ရဲ့ဆက်ခံသူအကြောင်းကို မေးချင်ခဲ့ပေမဲ့ ကျန်းယွီရိ ပြောတာက ကျွန်မရဲ့ခန္ဓာကိုယ်မှာ ဘာပြဿနာမှ မရှိဘူးတဲ့။ ကံကြမ္မာက ရောက်မလာသေးတာလို့ ပြောတယ်”

ယွီဝိန်းလန်ဟာလည်း သူမရဲ့ဆွေမျိုးတွေက လာရောက် လည်ပတ်နေတာကို သိသည့်အပြင် လွန်ခဲ့တဲ့လက သူမရဲ့ကြိုးစားအားထုတ်မှုကလည်း အချည်းနှီးမဟုတ်ပေ။ ထို့ကြောင့် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဖြစ်နိုင်တယ်။ အရမ်းကြီးလည်း စိတ်မပူပန်ပါနဲ့ အချိန်ကျလာရင် သူ့ဘာသာ ရောက်လာပါလိမ့်မယ်”

သူက စကားပြောပြီးနောက် သူမရဲ့နှုတ်ခမ်းပေါ်ကို နမ်းလိုက်ကာ မျက်လုံးကို မှိတ်ထားရင်း အိပ်မောကျသွားတော့သည်။

အဟွတ် အဟွတ် ညတာက ရှည်လျားပြီး ဒီလိုမျိုးအလှလေးက သူ့ဘေးမှာ ရှိနေတယ်။ ဒါပေမဲ့ သူကတော့ လှုပ်ရှားလို့မရဘူး သူက ဘယ်လောက်တောင် ညှင်းပန်းခံနေရသလဲဆိုတာကို ဘုရားသိပေလိမ့်မည်။

ထို့ကြောင့် သူက လျင်မြန်စွာ အိပ်မောကျပြီး မနက်အရုဏ်တက်တာနဲ့ နိုးလာနိုင်မည် ဖြစ်သည်။

မမျှော်လင့်ထားစွာနဲ့ သူမ ထပ်ပြောလာတာကို ကြားလိုက်ရသည်။

“ဒါပေမဲ့ သမားတော်ကျန်းက အမျိုးသမီးက ကျန်းမာနေရင်တောင် အမျိုးသားဖြစ်သူမှာ ရောဂါရှိနေရင် မွေးလာဖို့ နှောင့်နှေးစေမယ်တဲ့….။အရင်က အရှင်မင်းကြီးပဲ ဆေးတွေ သောက်နေခဲ့တာမဟုတ်လား။ ပြီးတော့လည်း မဆက်ဆံခဲ့ဘူးလေ။ ကျွန်မ သိချင်တာက အဲဒါရဲ့အကျိုးသက်ရောက်မှုများ ဖြစ်နေမလားလို့ပါ”

ယွီဝိန်းလန်ဟာ ရပ်တန့်သွားတော့သည်။

မဖြစ်နိုင်ဘူး။ သူက ဆေးပညာနည်းစနစ်တွေကို လိုက်နာပြီး ၂၁ရက်ကြာအောင် သည်းခံခဲ့တယ် မဟုတ်လား။

သမားတော်ကျန်း ပြောတာက ၂၁ရက်ကြာပြီးရင် အဲဒီအဆိပ်က အလုပ် မဖြစ်တော့ဘူးလို့လေ။

ဒါပေမဲ့ ပြောမှပဲ အဲ့ကတည်းက သူဟာ တစ်ဖက်လူကို ထပ်မတွေ့ရသေးပေ။

ဆိုတော့ ဘာတွေ ဖြစ်နေတာလဲဆိုတာကို မသိတော့ဘူး..။

သူကလည်း ထိုသို့တွေးနေချိန်မှာပဲ သူမ ပြောလာတာကို ကြားလိုက်ရသည်။

“အရှင်မင်းကြီးလည်း အားလပ်ချိန်ရှိရင် နန်းတော်အပြင်ဘက်က သမားတော်နဲ့ ပြန်သွားပြီး ပြသင့်တယ်။ ဘာမှမမှားနေရင်တော့ အကောင်းဆုံးပဲပေါ့။ ကုသဖို့ လိုတယ်ဆိုရင်လည်း တတ်နိုင်သလောက် မြန်မြန်ကုသသင့်တယ်။ ဒါမှ ဧကရာဇ်ရဲ့ဆက်ခံသူကို မြန်မြန်လေး ကြိုဆိုနိုင်မှာ”

ယွီဝိန်းလန်က တစ်ခဏလောက်တွေးလိုက်ပြီး ထို့နောက် ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ။ မနက်ဖြန် ကိုယ်အပြင်ထွက်ပြီး တစ်ချက် သွားကြည့်လိုက်မယ်”

ထိုအသံ ထွက်လာသည်နှင့် သူမက ချက်ချင်းလာနေတာကို တွေ့လိုက်ရပြီး အပြုံးတစ်ပွင့်နဲ့ ပြောလာသည်။

“ဒါဆိုရင် အရှင်မင်းကြီးက ဒီကိုယ်လုပ်တော်ကိုလည်း အတူတူ ခေါ်သွားပေးလို့ရမလား”

ယွီဝိန်းလန်က သူ့မျက်ခုံးတို့ကို ပင့်လိုက်ကာ

“မင်းက သမားတော်နဲ့ ပြပြီးသား မဟုတ်လား”

125 05

ယန်ရှုက နှုတ်ခမ်း စူလိုက်ကာ

“နန်းတော်ကနေ အပြင်ဘက်ကို ထွက်ရဖို့ ခက်တယ်မလား။ ဒီကိုယ်လုပ်တော်က လေတစ်ချို့ရဖို့ အပြင်ထွက်ချင်တာပါ”

ယွီဝိန်းလန်က နှာမှုတ်လိုက်ကာ

“လွန်ခဲ့တဲ့နှစ်ပတ်ကပဲ ရေထဲကပြပွဲကိုကြည့်ဖို့ အပြင်ထွက်ထားတယ်မလား။ အခုထပ်ပြီး အပြင်ထွက်ချင်ပြန်ပြီလား ဆိုတော့ ကိုယ်တော့်ရဲ့နှလုံးသားတော့ အရိုင်းဆန်နေပြီ”

ယန်ရှုက သူမဘာသာ တွေးလိုက်သည်။ အပြင်ဘက်မှာ စားသောက်ပြီးပျော်ပါးနေတဲ့ လူတွေအများကြီးကို နန်းတော်ထဲမှာထက် ပိုပြီးပျော်စရာ မကောင်းဘူးလား။ ဘယ်သူက ထိန်းကွပ်ပြီး နေနိုင်မှာလဲ။

သို့သော် သူမက ပြောလာသည်

“အဲဒါက ဒီကိုယ်လုပ်တော်က ကစားချင်နေလို့ မဟုတ်ရပါဘူး။ ဒါပေမဲ့ ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို စိုးရိမ်တာပါ။ အတူတူနားထောင်ပြီး အဲဒါမှ ကျွန်မက စိတ်ချထားနိုင်မှာပါ”

ယွီဝိန်းလန်က ထပ်မံပြီး နှာမှုတ်လိုက်ကာ သူမရဲ့မေးစေ့ကို ညှစ်လိုက်ပြီး ပြောလိုက်သည်။

“မင်းကို ယုံနေမှာ အံ့ဩစရာ မရှိတော့ပါဘူး”

သို့သော် သူမနှုတ်ခမ်း စူနေတာကို မြင်လိုက်ရပြီး ပြောလိုက်သည်။

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးအတွက် အကျင့်ဖောက်ပြားတဲ့ အရာရှိတွေနဲ့ ကောက်ကျစ်တဲ့လူတွေကို အကြိမ်များစွာ သတင်းပို့ပေးထားတာကို မြင်တာတောင် ဘာပဲဖြစ်ဖြစ် ဆုချီးမြှင့်ရမှာ မဟုတ်ဘူးလား”

ကျစ် သူမရဲ့စကားလုံးတွေက မြို့တော်ဝန်းကျင်ဆိုင်ရာ အရာရှိစုံစမ်းစစ်ဆေးရေးက ကျင်းယီဝေ့ထက်တောင် အမြဲတမ်းပိုပြီးတော့ သက်ရောက်မှု ရှိသေးတယ်။

သူမကို သတင်းအချက်အလက်အပိုအတွက် ငွေမပေးလျှင် အဆင်ပြေသေးသည်။

ယွီဝိန်းလန် “??”

သတင်းအချက်အလက်ခ။

…

သို့သော် ထိုသို့ပြောမှ သူမရဲ့စွမ်းရည်က မြို့တော်ဝန်းကျင်ဆိုင်ရာ အရာရှိစုံစမ်းစစ်ဆေးရေးနဲ့ ကျင်းယီဝေ့ထက်တောင် အများကြီး ပိုပြီးတော့ သက်ရောက်မှု ရှိသေးသည်။

မဟုတ်လျှင် လူအိုကြီးကျွမ့် ထိုကဲ့သို့သော ကောက်ကျစ်တဲ့အရာတွေ လုပ်ထားသလဲဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။

သူသာ သူ့ရဲ့သားကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို မစေလွှတ်လိုက်ဘူးဆိုရင် လူအိုကြီးကျွမ့်က သေသွားလျှင်တောင် သူဟာ လူထုအရှေ့ချပြဖို့ မဖြစ်နိုင်ပေ။

ကောင်းပြီလေ။ သူမ အဲ့လောက် တောင်သွားချင်နေတယ်ဆိုမှတော့ သူက ပြောလိုက်သည်။

“ဒါဆိုရင် ကိုယ်နဲ့အတူ မင်းကိုမနက်ဖြန်ကျ ခေါ်သွားမယ်”

ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားကာ ထို့နောက် ပြုံးလိုက်ပြီး လျင်မြန်စွာပဲ ကောင်းပြီဟု ပြောလိုက်သည်။

ထို့ကြောင့် ဒုတိယမြောက်နေ့ရဲ့ ညနေခင်းမှာ သမားတော်ကျန်း တာဝန်ကျမနေချိန်ကို အခွင့်ကောင်းယူကာ နှစ်ဦးသားဟာ ထွက်ခွာလိုက်ကြသည်။

ကျန်းစံအိမ်ဆီသို့ သွားရာလမ်းတစ်လျှောက်လုံးမှာ နှစ်ယောက်သားက မျက်နှာလွှားပုဝါတွေကို ဝတ်ဆင်ထားဆဲဖြစ်ကာ ရထားလုံးထဲကနေ ထွက်လိုက်ပြီး သမားတော်ကျန်းရဲ့ စာကြည့်ဆောင်ထဲသို့ ဝင်သွားတော့သည်။

မမျှော်လင့်ထားစွာနဲ့ သူ့ပါးစပ်ကိုပင် မဖွင့်နိုင်မှာပဲ နောက်ထပ်ယောက်ျားနဲ့ မိန်းမတစ်ယောက် တံခါးကနေ ထွက်လာတာကို တွေ့လိုက်ရသည်။

ထိုသူတို့ဟာ အန်းခန်းကောင်တီအရှင်နဲ့ အောက်ရုံးတရားသူကြီး ယောင်ကျွင်းလျန်ကလွဲလို့ တခြားသူ မဟုတ်ပေ။

—အန်းခန်းကောင်တီအရှင်ကလည်း မျက်နှာလွှားပုဝါကို ဝတ်ဆင်ထားပေမဲ့ ယောက်ရှန်းမာကတော့ တစ်ခြားသူတွေကို တွန့်ဆုတ်မနေဘဲ သူ့ရဲ့ပုံမှန်အရောင်ကို ပြသထားပေသည်။ ထို့ကြောင့် သူဟာ ထိုစုံတွဲကို ချက်ချင်းပဲ မှတ်မိသွားတော့သည်။

ဒါပေမဲ့….သူတို့တွေက ဘာလို့ ဒီကိုလာပြနေတာလဲ။

125 06

ကောင်တီအရှင်မာက ပကတိအတိုင်း ဖြစ်သွားပြီ မဟုတ်လား။

မဖြစ်သင့်ဘူးလေ။

ယန်ရှုက သိချင်သွားရပေမဲ့ ယွီဝိန်းလန်ဟာ ထိုနှစ်ဦးကို ပြောလိုကိသည်။

“သမားတော်ကို သူတို့နှစ်ယောက်ကို အရင်ပြခိုင်းလိုက်ပါ”

ယောက်ရှန်းမာက သူ့ကို အပြုံးတစ်ပွင့်နဲ့ ကျေးဇူးတင်လိုက်ပြီး သူ့ဇနီးကို ထိုင်ခုံပေါ်မှာ ထိုင်ဖို့ ကူညီပေးလိုက်ကာ ကျန်းယွီရိကို ပြောလိုက်သည်။

“သမားတော်ရဲ့အံ့ဖွယ်ကောင်းတဲ့ လက်တစ်စုံအတွက် ကျေးဇူးတင်ပါတယ် ။ကျိုးကျင်းက သူမက ကိုယ်ဝန်ရှိ နေပြီဆိုတာကို အခုပဲသိလိုက်ရပါပြီ။ ဒါပေမဲ့ ကံမကောင်းသွာနဲ့ သူမက အရင်က အဆိပ်မိဖူးတော့ သူမရဲ့ဝမ်းဗိုက်မှာ ဘာဖြစ်နေသလဲဆိုတာကို မသိပါဘူး။ သန္ဓေသားကို ထိခိုက်စေနိုင်လောက်လား”

ထိုစကားတွေ ထွက်လာသည့်အခါ ယန်ရှုရော ယွီဝိန်းလန်တို့ပါ တွ့န်ဆုတ်သွားရသည်။

ကြည့်ရတာ အန်းခန်းအရှင်က ထပ်ပြီး ကိုယ်ဝန် လွယ်ထားရတာပဲ။

ကျစ် ကျစ် ကျစ် ယန်ရှုက မတတ်နိုင်ဘဲ သူမနှလုံးသားထဲမှာ သက်ပြင်းချလိုက်သည်။ ဒီကောင်တီအရှင်မာကတော့ တကယ်ကို စွမ်းဆောင်နိုင်တာပဲ။ အဲဒါက ခဏလေးပဲ ရှိသေးတာလေ ဟုတ်တယ်မလား။

ကိုယ်ခံပညာကျွမ်းကျင်သူလို့ မျှော်လင့်ထားတဲ့အတိုင်းပဲ တိကျမှုကတော့ တကယ်ကို ကောင်းတယ်။

တိတ်တဆိတ်နားထောင်နေသော ယွီဝိန်းလန် “??”

အဲဒါက သူ့ကို မတိကျဘူးဆိုပြီး သွယ်ဝိုက် ရည်ညွှန်းနေတာမလား။

******

126 01

အပိုင်း 126

ယောင်ရှန်းမာ ပြောတာကို ကြားပြီးနောက် ကျန်းနျန်ချီဟာ အန်းခန်းကောင်တီအရှင်ရဲ့သွေးခုန်နှုန်းကို စစ်ဆေးကြည့်လိုက်သည်။

တစ်ခဏ ကြာပြီးနောက် သူဟာ ထိုစုံတွဲကို ထပ်ပြောလိုက်သည်။

“ဘာမှစိုးရိမ်စရာ မလိုပါဘူး။ သခင်မက အဆင်ပြေပါတယ်။ အရင်က အဆိပ်ကိုလည်း ဖယ်ရှားပြီးပြီဖြစ်လို့ အခုက ကလေးကို ဂရုစိုက်ရမဲ့အချိန်ပဲ။ ကိုယ်ဝန်ဆောင်စဉ်ပထမအဆင့်က ပင်ပန်းမှုကို အမှတ်ရပါ။ အအေးစာနဲ့အပူစာကိုလည်း သေချာဂရုတစိုက်နဲ့ စားပါ။ ပြီးတော့ ကောင်းကောင်း အနားယူရင် ရပါပြီ”

ယောင်ရှန်းမာက သဘောတူသည့်အနေနဲ့ အလျင်အမြန် ခေါင်းညိတ်ပြလိုက်ကာ နောက်ထပ် ငွေချောင်းတစ်ချောင်းကို ထုတ်ပေးလိုက်ပြီး ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် သမားတော်ကျန်း ဒါက ကျွန်တော့်ရဲ့စိတ်ရင်းအနည်းငယ်ပါ”

မမျှော်လင့်ထားစွာနဲ့ သမားတော်ကျန်းက သူ့လက်ကို ထပ်ခါထပ်ခါ ရမ်းလိုက်ကာ ခိုင်မာတဲ့လေသံနဲ့ ပြောလာသည်။

“အရာရှိတို့ ကျေးဇူးပြုပြီး ပြန်ယူသွားပါ ။အရင်တစ်ခါက ဆွေးနွေးခကို ပေးချေပြီးပါပြီ။ ဒီနေ့ အရာရှိတို့နှစ်ယောက်ကို ဘာဆေးမှ မစပ်ပေးရသေးပါဘူး စကားအနည်းငယ်ပဲ ပြောရုံပါ။ အရမ်းကြီး မယဉ်ကျေးနေပါနဲ့”

သို့သော်လည်း ယောင်ရှန်းမာက သူ့ကို ပေးဖို့ အပြင်းအထန် ခုခံနေဆဲဖြစ်ကာ

“သမားတော်သာ မရှိဘူးဆိုရင် ကျုပ်တို့ဆီမှာလည်း ဘာကလေးမှ ရှိလာမှာ မဟုတ်ပါဘူး။ ကလေးကို ပေးတယ်လို့ သဘောထားပြီး သမားတော်က လက်ခံပေးပါ”

ထိုစကားတွေ ထွက်လာလာချင်း သမားတော်ကျန်းက သူ့ကိုထူးဆန်းစွာကြည့်ကာ

“အရာရှိက ဒီစကားတွေကို သာမန်ကာလျှံကာ ပြောလို့မရပါဘူး။ ဒီကလေးက အရာရှိတို့ ပိုင်ဆိုင်တာလေ တစ်ခြားသူတွေနဲ့ ဘာမှမဆိုင်ပါဘူး”

“ဖူး….”

ထိုစကားတွေ ထွက်လာသည့်အခါ ယန်ရှုက အကျယ်ကြီး အော်ရယ်မိတော့မလိုပင်။

အန်းခန်းကောင်တီအရှင်ကလည်း မျက်နှာလွှားပုဝါကို ဖြတ်ပြီး ရယ်မောသံ ထွက်လာကာ

“ကျွန်မခင်ပွန်းက တစ်ခဏလောက် လျှာချော်သွားတာပါ။ သမားတော်ကို ရယ်စေမိပါပြီ။ ဒါပေမဲ့ ဒီပိုက်ဆံက တကယ်ကိုပဲ ကျွန်မတို့ရဲ့ စိတ်ရင်းလေးပါ။ သမားတော်သာ လက်မခံဘူးဆိုရင် ကျွန်မတို့ကို တကယ်ပဲ စိတ်မကောင်း ဖြစ်နေစေမှာ”

သမားတော်ကျန်းကလည်း ထပ်ပြောလိုက်သည်

“အရာရှိတို့နှစ်ယောက်က တကယ်ပဲ စိတ်မကောင်းဖြစ်တယ်ဆိုရင် ဆင်းရဲတဲ့လူတွေကိုလည်း ငွေတွေ လှူသင့်တယ်”

သူ့ရဲ့ရပ်တည်မှုကို မြင်တဲ့အခါ အန်းခန်းကောင်တီအရှင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ။ ဒါဆိုရင် ကျွန်မတို့တွေ သမားတော်ရဲ့နာမည်နဲ့ ဆန်ပြုတ်ဝေငှတဲ့နေရာကို လှုလိုက်ပါ့မယ်”

သမားတော်ကျန်းက ခေါင်းညိတ်ပြလိုက်သည်။

ထိုစုံတွဲက နှုတ်ဆက်ရင်း ထရပ်လိုက်ကာ ထွက်သွားတော့သည်။

အခန်းက ရှင်းလင်းသွားတဲ့အခါ ယွီဝိန်းလန်က သမားတော်ကျန်းဆီကိုလာပြီး သူပင် စကားမပြောနိုင်သေးခင်မှာပဲ တစ်ဖက်လူက သူ့ကို တိုက်ရိုက်မေးလာသည်လား ကြားလိုက်ရသည်။

“အရာရှိရဲ့****ကရော ပုံမှန်ဖြစ်သွားပြီလား”

ယွီဝိန်းလန် “…”

126 02

ဒီသမားတော်မှာ မှတ်ဥာဏ်ကောင်း ရှိတာပဲ။

မေ့လိုက်တော့။ ဘာပဲဖြစ်ဖြစ်လေ သူမနှလုံးသားထဲမှာ သိနေပြီးသားဖြစ်ပြီး ဒီအချိန်မှာ ရူးချင်ယောင် ဆောင်နေစရာ မလိုပေ။ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်ကာ ပြောလိုကိသည်။

“သမားတော်ရဲ့တစ်ဖက်ကမ်းခတ်တဲ့ စစ်ဆေးမှုနဲ့ ကုသမှုအပြီးမှာ အရာရာက အခုဆို ပုံမှန်ပြန်ဖြစ်သွားပါပြီ ဒါပေမဲ့ ဇနီးသည်က ကိုယ်ဝန်မရသေးဘူး။ ကျုပ်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေသလားဆိုတာကို မသိတော့ဘူး”

သမားတော်ကျန်းက ခေါင်းညိတ်လိုက်ကာ သူ့ကိုစစ်ဆေးရန် လက်ဆန့်လိုက်ပြီး သွေးခုန်နှုန်းကို စမ်းလိုက်သည်။

သိပ်မကြာခင်မှာပဲ သူက ပြောလိုက်သည်။

“သွေးခုန်နှုန်းကို အခြေခံရရင် အရာရှိက ပုံမှန်ကိုပြန်ရောက်သင့်နေပါပြီ။ ကိုယ်ဝန်ရဖို့ကို အရမ်းကြီး စိတ်မရှည်ဖြစ်မနေပါနဲ့။ အချိန်ကျလာရင် သဘာဝအတိုင်း ဖြစ်လာပါလိမ့်မယ်။ အဲဒါက ဒီတိုင်း…”

သူ့ရဲ့အသံမှာ တန့်သွားသည့်အတွက် လူတွေက စိတ်မရှုပ်ဘဲ မတတ်နိုင်တော့ပေ။ ယွီဝိန်းလန်က လျင်မြန်စွာမေးလိုက်သည်

“ဒါပေမဲ့ ဘာဖြစ်တာလဲ”

သမားတော်ကျန်းက ချောင်းဟန့်လိုက်ကာ

“ဒါပေမဲ့ ညဘက်မှာ နည်းနည်း ထိန်းချုပ်ဖို့ လိုနေတုန်းပဲ။ အရမ်းကိုဆန္ဒကို အလိုလိုက်တာက ယင်ယန်ကို ထိခိုက်စေလိမ့်မယ်”

ယွီဝိန်းလန် “….”

ယန်ရှု “….”

—“ဇိမ်ခံတယ်”ဆိုတဲ့ အသုံးအနှုန်းကို တစ်နေ့ကျရင် ဧကရာဇ်အပေါ်မှာ သုံးရမယ်လို့ ဘယ်သူက တွေးထားမိမှာလဲ အဟွတ်။

ယွီဝိန်းလန် “??”

ဒါက ဘာကိုဆိုလိုတာလဲ။

ဘာလို့ သူ့အပေါ်မှာ သုံးလို့မရတာလဲ။

သူမနဲ့အတူ ထိုခေါင်းစဉ်ကို ဆွေးနွေးချင်ပေမဲ့ ဘေးမှာအပြင်လူတွေ ရှိနေပေသည်။

ယွီဝိန်းလန်မှာ ရွေးချယ်စရာမရှိတော့ဘဲ သမားတော်ကျန်းကို အရင်ဆုံးကောင်းပြီဟု ပြောလိုက်ကာ ထရပ်လိုက်သည်။

—အခုလေးတင်က အခြေအနေကို ကြည့်ပြီးနောက် ဒီတစ်ယောက်က ဆွေးနွေးခကို ယူမှာမဟုတ်ပေ။ ထို့ကြောင့် သွားပြီး မနှောက်ယှက်တာက ပိုကောင်းမည်ပင် နောက်မှသူ့ရဲ့လစာကို တိုးမြှင့်ခိုင်းလိုက်မည်။

မမျှော်လင့်ထားစွာနဲ့ ထိုအချိန်မှာပဲ တံခါးအပြင်ဘက်ကနေ အသံကျယ်ကြီးတစ်ခု ထွက်လာသည်။

“ဒီခွေးတွေက ဘယ်ကိုပြေးမလို့လဲ”

အမ်။

သူခိုးတွေ ရှိနေတာလား။

အခန်းထဲက လူသုံးယောက်ဟာ ချက်ချင်းပဲ ရပ်တန့်သွားကြပြီး တစ်ခဏခန့် ထိတ်လန့်အပြီးမှာပဲ တစ်ချိန်းတည်းတွင် အခန်းထဲကနေ အလျင်အမြန် ထွက်လိုက်ကြသည်။

သူတို့သုံးယောက်သား သမားတော်ကျန်းရဲ့အိမ်အပြင်ဘက်က လမ်းပေါ်ကို ထွက်လာတယ်ဆိုရင်ပဲ အခုလေးတင် ထွက်သွားတဲ့ ကောင်တီအောက်ရုံးတရားသူကြီး ယောင်ကျွင်းလျန်က ခပ်ပိန်ပိန်လူတစ်ယောက်ရဲ့ ဝတ်ရုံစကို ကိုင်ထားကာ သူ့မျက်နှာပေါ်၌ ဒေါသထွက်နေသည့်အကြည့်တစ်ခု ရှိပေသည်။

မေးစရာပင် မလိုချေ။ အခုလေးတင်က အော်သံအကျယ်ကြီးဟာ ယောင်ကောင်တီအရှင်ဆီကနေ ထွက်လာတာပင်။

ပြီးတော့ ထိုအော်သံနောက်ကို လိုက်ပြီး ကျန်းအိမ်တော်အနီးတစ်ဝိုက်က အိမ်နီးနားချင်းတွေက စစ်ဆေးဖို့လာကြကာ ပတ်ပတ်လည် နေရာတစ်ဝိုက်က တစ်ခဏအတွင်းမှာပဲ လူတွေနဲ့ ပြည့်သွားတော့သည်။

ထိုမြင်ကွင်းကို တွေ့သည့်အခါ သမားတော်ကျန်းက လျင်မြန်စွာ ရှေ့တိုးလိုက်ပြီး မေးလိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ”

ယောင်ရှန်းမာက ပြောလိုက်သည်။

“ဒီသူခိုးက နေ့ခင်းကြောင်တောင်ကြီးမှာ နံရံပေါ်ကို ကျော်တက်ပြီး အိမ်ထဲကို ဝင်တယ်လေ။ အခုလေးတင် ကျုပ်သာ သတိမထားမိဘူးဆိုရင် သူ့ကို ထွက်ပြေးသွားစေမိလောက်တယ်”

သူက စကားပြောပြီးနောက် ကျန်းအိမ်တော်ရဲ့အနောက်ဘက်က အိမ်တစ်လုံးကို ညွှန်ပြလိုက်ကာ မေးလိုကိသည်။

126 03

“အဲဒါက ဘယ်သူ့အိမ်လဲ။အခုလေးတင် ဒီသူခိုးက အဲဒီအိမ်ရဲ့နံရံကနေ ဆင်းလာတာ။ အဲဒီမှာ ပိုင်ရှင်ရှိလား။ ပြန်သွားပြီးတစ်ချက်စစ်ကြည့် ပျောက်နေတာများ ရှိမလားလို့”

ဒါကိုကြားချိန်မှာ လူအုပ်ထဲက ကလေးတစ်ယောက်ကို ချီထားတဲ့ အမျိုးသမီးတစ်ယောက်က ချက်ချင်းပဲ ထိတ်လန့်သွားကာ ပြောလိုက်သည်။

“အဲဒါကျွန်မရဲ့အိမ်မလား။ ကျေးဇူးပြုပြီး သခင်မကျန်း အားရှန်းကို ခဏလောက် ဖက်ထားပေးပါ။ တစ်ချက် ကြည့်ပြီးတာနဲ့ ပြန်လာခဲ့မယ်”

စကားပြောပြီးနောက် သူ့လက်ထဲက ကလေးကို သမားတော်ကျန်းရဲ့ဇနီး ဟယ့်ရှစ်ဆီ ထိုးထည့်လိုက်ကာ လျင်မြန်စွာပဲ အိမ်ကိုသွားပြီး စစ်ဆေးတော့သည်။

သို့သော် သိပ်မကြာခင်မှာပဲ သူမက ပြန်လာကာ ပြောလိုက်သည်။

“ကြည့်ရတာ ကျွန်မအိမ်မှာ ဘာမှမပျောက်သွားဘူး။ ပိုက်ဆံတွေရော ရတနာတွေရောက အဲဒီနေရာမှာပဲ”

လူတိုင်းက နင်သွားကြတော့သည်။

သို့သော် ကောင်တီအရှင်မာရဲ့ ဆွဲထားခြင်းကို ခံရသည့်လူက ပြောလာသည်။

“ကျုပ်က မှားယွင်းခံရတာပါ။ ကျုပ်က လမ်းမှားကို သွားလိုက်မိရုံလေးပဲ သူခိုးမဟုတ်ဘူး”

ယောင်ရှန်းမာက နှာမှုတ်ကာ

“လမ်းအမှားကို သွားတယ်။ မတော်တဆနဲ့ သူများရဲ့အိမ်ထဲကို လမ်းလျှောက် ဝင်မိသွားတာပေါ့လေ ပြီးတော့လည်း နံရံကနေ ခုန်ချလာတယ်။ ဘာလို့ မြန်မြန်မပြောသေးတာလဲ။ ဒီမှာဘာလုပ်နေတာလဲ”

ထိုမြင်ကွင်းကိုတွေ့သည့်အခါ ယန်ရှုသည်လည်း ထူးဆန်းသည်ဟု ခံစားလိုက်ရပြီး စစ်စတန်ကို လျင်မြန်စွာပဲ မေးလိုက်သည်။

[ဒီလူက သူခိုးလား]

စစ်စတန် [သူက တကယ်ပဲ သူခိုးတစ်ယောက်မဟုတ်ဘူး။ ဒါပေမဲ့လည်း သူခိုးထက်မုန်းစရာ ပိုကောင်းတယ်။ သူ့ကို တခြားသူကနေ သမားတော်ကျန်းကို အကွက်ချဖို့ စေလွှတ်လိုက်တာ]

သမားတော်ကျန်းကို အကွက်ချဖို့။

ယန်ရှုက တစ်ခဏလောက် တွန့်ဆုတ်သွားပြီး ဘေးဘက်မှာရှိနေတဲ့ ယွီဝိန်းလန်က ယောင်ရှန်းမာကို ပြောလိုက်သည်။

“ခိုးထားတဲ့ ပစ္စည်းတွေရှိမရှိ ဘာလို့မစစ်ဆေးတာလဲ”

သေချာပေါက်ပင် အသံကို ပြောင်းထားသည့်အတွက် ယောင်ရှန်းမာက မသိနိုင်ပေ။

တစ်ချိန်တည်းမှာပဲ ယောင်ရှန်းမာရဲ့အာရုံက သူခိုးအပေါ်မှာပဲ ရှိနေပြီး ဒါကိုကြားချိန်မှာ သူက ကောင်းပြီဟု ပြောလိုက်ကာ ချက်ချင်းပဲ သူ့ရဲ့နောက်ပါးတွေကို ခေါ်လိုက်ပြီး ထိုသူခိုးကို ရှာဖွေကြတော့သည်။

သေချာဂရုတစိုက်နဲ့ရှာဖွေအပြီးမှာ ဒီလူ့ရဲ့ကိုယ်ပေါ်မှာ ဘာပိုင်ဆိုင်မှုကိုမှ မတွေ့ပေ။

သို့သော်လည်း စာအိတ်ကလေးတစ်အိတ် ရှိနေပေသည်။

အမှန်ပင် အဲဒါက ဆေးဆိုင်မှာ ဆေးတွေကို ထုပ်ပိုးတဲ့ ဂုန်လျှော်သား စာရွက်အထပ်လိုပင် လေးထောင့်ပုံရှိကာ ကောင်ရိုးစနဲ့ ချည်နှောင်ထားပေသည်။ ပြီးတော့ ဆေးနံ့လည်း ရနေသေးသည်

ကြည့်ရတာ တကယ်ပဲ ဆေးအိတ်ဖြစ်မည့်ပုံပင်။

ထိုမြင်ကွင်းကို တွေ့သည့်အခါ သမားတော်ကျန်းက တွန့်ဆုတ်သွားပြီး အလျင်အမြန်ပဲ ရှေ့တိုးလိုက်ကာ ထိုစက္ကူအိတ်ကိုယူပြီး ဖွင့်လိုက်သည်။ အတွင်းထဲက အရာတွေကို ကောက်ယူ ကြည့်ပြီးမှာတော့ သူမရဲ့ပိုင်ဆိုင်မှုတွေကို သွားစစ်ဆေးတဲ့ ထိုအမျိုးသမီးကို ပြောလိုက်သည်။

“အစ်မဟွမ် ဒါကအခုလေးတင် ကျုပ် ပေးလိုက်တာတွေမလား။ အားရှန်းအတွက် ဆေးတွေလေ”

သို့သော် ထိုအစ်မဟွမ်ဆိုသူက ထူးဆန်းတဲ့အမူအရာနဲ့ ပြောလာသည်။

“မဟုတ်ပါဘူး ဆေးက ကျွန်မအိမ်က မီးဖိုပေါ်မှာပဲ ရှိသေးတယ်။ အခုက ထင်းနည်းနည်းလောက်ယူဖို့ ထွက်လာတာ။ ပြီးလို့ပြန်ရောက်ရင် အားရှန်းအတွက် ဆေးကျိုပေးမလို့လေ”

“မဟုတ်ဘူး မဟုတ်ဘူး”

သမားတော်ကျန်းက သူ့ရဲ့ခေါင်းကို လျင်မြန်စွာ ခါလိုက်ကာ ပြောလိုက်သည်။

“သွားပြီးတော့ အစ်မရဲ့မီးဖိုပေါ်က ဆေးထုပ်ကိုယူလာခဲ့”

အစ်မဟွမ်လည်း ရွေးချယ်စရာမရှိတော့ဘဲ ဖြေလိုက်ကာ အိမ်ကို အလျင်စလိုနဲ့ ပြန်သွားတော့သည်။

သိပ်မကြာခင်မှာပဲ ဆေးအိတ်နှင့်အတူ ပြန်ထွက်လာပြီး သမားတော်ကျန်းကို ပြောလိုက်သည်။

“ဒီမှာ လာကြည့်ပါ သမားတော်ကျန်း အခုလေးတင် စပ်ပေးလိုက်တဲ့ ဆေး မဟုတ်ဘူးလား”

126 04

သမားတော်ကျန်းကဆေးအိတ်ကို သူ့လက်ထဲ အလျင်အမြန်ထည့်ကာ ဖွင့်လိုက်ပြီး ကြည့်လိုက်သည်။ သို့သော် တစ်ခဏမှာပဲ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“မဟုတ်ဘူး ဆေးတွေက လဲခံထားရတယ်”

ဘာ။

ရှိနေတဲ့လူတိုင်းက ကြက်သေ သေသွားတော့သည်။ဆေးတွေက ဘာလို့ အလဲခံထားရတာလဲ။

သမားတော်ကျန်းက ဒုတိယဆေးထုပ်က ပါဝင်တဲ့ဆေးတွေကို လျင်မြန်စွာနဲ့ ကောက်လိုက်ကာ အစ်မဟွမ်ကို ပြောလိုက်သည်။

“ကြည့်ကြည့် ဒါက ငှက်ပျောစေ့။ ဒါကကျ အဖြူရောင်ပီအိုနီပန်းရဲ့အမြစ်။ ဒါကတော့ ထုံထိုင်းစေ့တွေ ကျုပ်က အအေးဓာတ်ကို လွင့်ပြယ်စေဖို့ ဆေးစပ်ပေးလိုက်ပေမဲ့ ဒါတွေက ပြင်းထန်တဲ့ အအေးဓာတ်ရှိတယ်။ အားရှန်းသာ ဒါကိုသောက်လိုက်ရင် သူ့ရဲ့အခြေအနေက ပိုဆိုးသွားပြီး ဝမ်းလျှောရောဂါကို ခံစားရပြီး လဲသွားလိမ့်မယ်။ နောက်ဆက်တွဲဖြစ်ရပ်တွေက ပိုပြီးတော့တောင် ပြင်းထန်လိမ့်မယ်”

“ဘာ”

ထိုစကားတွေ ထွက်လာသည့်အခါ လူတိုင်းက ကြောက်ရွံ့သွားကြသည်

အစ်မဟွမ်က ထိုသူခိုးဆီ အပြေးသွားကာ မေးမြန်းတော့သည်။

“ကျွန်မမှာ ရှင်နဲ့ဘာရန်ငြှိုးမှလည်း မရှိပဲနဲ့ ဘာလို့ ကျွန်မတို့အားရှန်းကို အဲလိုလုပ်ရတာလဲ”

ယန်ရှုသည်လည်း ဒါဟာ သမားတော်ကျန်းကို ထောင်ချောက်ဆင်ဖို့ လုပ်ထားတဲ့ လှည့်ကွက်မှန်း နားလည်ပြီးသားဖြစ်သည်

—သူ စပ်ထားတဲ့ဆေးကို လဲလှယ်လိုက်တယ်။ လူနာက သောက်လိုက်ပြီးရင် နာကျင်မှုကို မသက်သာစေရုံတင် မကဘူး။ ပိုပြီးပြင်းထန်တဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေပါ ရှိနေဦးမယ်။ သမားတော်ကျန်းရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးဖို့ အကွက်ချဖို့အတွက်နဲ့လေ။

ဟက် ဒီနည်းလမ်းက အဲဒီတုန်းက အံ့ဖွယ်သမားတော်ရွှမ်းကို အဲဒီလူ အကွက်ချခဲ့တဲ့နည်းလမ်းနဲ့ တစ်ပုံစံတည်းပဲ။

ဒီအချိန်မှာ သူမက ထိုဖြစ်ရပ်ရဲ့နောက်ကွယ်ကလူက ဘယ်သူလဲဆိုတာကို ခနိ့မှန်းဖို့ သူမအား စစ်စတန်ဆီကနေ မဆိုင်းမတွ သတိပေးနေဖို့မလိုပေ။

သူမနှလုံးသားထဲက ဒေါသတွေနဲ့အတူ ဧကရာဇ်ကို စကားပြောတော့မဲ့အချိန်မှာပဲ သူမပင် ပါးစပ်မဟနိုင်သေးခင် ဧကရာဇ်က သမားတော်ကျန်းကို ပြောလိုက်သည်။

“ဒီလူရဲ့ပစ်မှတ်က ခင်ဗျားဖြစ်လောက်တယ်။ ဒီကိစ္စက ကိစ္စအသေးလေးပဲ မဟုတ်တော့ဘူး။ သမားတော်ကို အရာရှိတွေဆီ ချက်ချင်းသတင်းပို့ဖို့ အကြံပေးချင်တယ်”

ထိုစကားတွေ ထွက်လာသည်နှင့် ကောင်တီအရှင်မာက ချက်ချင်းပဲ ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။

“အမှန်ပဲ။ ဒီသူခိုးက သမားတော်ကို အကွက်ဆင်ဖို့ပဲ ဖြစ်လောက်မယ်။ ကျုပ်လည်း ဒီနေ့အားလပ်နေတော့ သမားတော်ကို ကျင်းကျောက်စံအိမ်ဆီ ကျုပ်အဖော်ပြုပြီး လိုက်ပေးမယ်”

ထိုသို့ပြောပြီးနောက် သူ့ရဲ့နောက်လိုက်တွေကို ထိုသူခိုးအား ထိန်းချုပ်ထားဖို့ ပြောလိုက်ပြီး ရထားလုံးဆီကို ထပ်သွားလိုက်ကာ သူ့ဇနီးဖြစ်သူ အန်းခန်းကောင်တီအရှင်ဆီကို အကျိုးကြောင်း ပြောလိုက်သည်။

အန်းခန်းကောင်တီအရှင်က နားလည်ကြောင်းပြကာ ရထားလုံးမောင်းသမားအား ညွှန်ကြားချက် ပေးလိုက်ပြီး အရင်ထွက်ခွာသွားတော့သည်။

ထို့နောက် ချက်ချင်းပဲ ယောင်ရှန်းမာက သမားတော်ကျန်းကို အဖော်ပြုကာ ကျင်းကျောက်စံအိမ်ဆီသွားလိုကိပြီး လမ်းတစ်လျှောက် ထိုသူခိုးရဲ့ဝတ်ရုံစကို ဆွဲလာဖို့ တစ်ယောက်ယောက်ကို အမိန့်ပေးရန်လည်း မမေ့ပေ။

ကြည့်နေသူတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ဒေါသတွေကို ပြသလာကြပြီး သူတို့အားလုံး အိမ်ကိုပြန်သွားကြတော့သည်။

126 05

ယန်ရှုနဲ့ ယွီဝိန်းလန်ဟာလည်း ရထားလုံးပေါ်ကို တက်ကာ နန်းတော်ဆီသို့ ပြန်သွားကြတော့သည်။

—ယနေ့မှာ သူမက စျေးထဲမှာ စျေးဝယ်ထွက်ပြီး အရသာရှိတာတွေစားဖို့ စီစဉ်ထားခဲ့တာပင်။

သို့သော်လည်း ယခုလိုအခြေအနေမှာ ယန်ရှုက ဘာကိုမှမစားနိုင်ပေ။

အခုသူမက ဒေါသအပြည့်ဖြစ်နေပြီး ထိုက်ထိုက်သမားတော်ဆောင်ရဲ့ အကြီးအကဲဖြစ်သူ ကျန်းရှန်ခန်းရဲ့မျက်နှာကို ဧကရာဇ်ဆီသို့သာ ဖော်ထုတ်ချင်နေတော့သည်

ဘီးလှိမ့်နေတာကို အခွင့်ကောင်းယူလိုက်ပြီး သူမက ပြောလိုက်သည်။

“အရှင်မင်းကြီး အရင်တုန်းက ဒီကိုယ်လုပ်တော် ပြောခဲ့ဖူးတာကို အမှတ်ရပါသေးလား။ တော်ဝင်သမားတော်ရဲ့ ကျေးဇူးမသိတတ်ဘဲ ဆရာသမားနဲ့ဘိုးဘေးတွေကို အနိုင်ကျင့်တဲ့ ဇာတ်လမ်းအကြောင်းလေ”

ယွီဝိန်းလန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ကိုယ် မှတ်မိတယ်”

ထို့နောက် သူက တမင်သက်သက်မေးလိုက်သည်။

“အဲဒီသူမှာလည်း စံပုံစံရှိတာလား”

ယန်ရှုက လျင်မြန်စွာခေါင်းညိတ်ကာ ပြောလိုကိသည်။

“အမှန်ပဲ အဲဒီတော်ဝင်သမားတော်ရဲ့ စံပုံစံက ကျန်းရှန်ခန်းပဲ။ တော်ဝင်သမားတော်ဆောင်ရဲ့ အကြီးအကဲလေ”

ယွီဝိန်းလန်ကလည်း အချိန်ကိုက်ပဲ လျင်မြန်စွာနဲ့ အံ့ဩမှုတချို့ကို ပြလိုက်ကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“အဲဒါသူလား”

သို့သော် သူမခေါင်း ညိတ်ပြလာတာကို တွေ့လိုက်ရပြီး သူမက ထပ်ပြောလာပေသည်။

“အမှန်ပဲ အဲဒါသူပဲ။ သမားတော်ကျန်းက သူ့ကို သေတဲ့အထိ စိတ်တိုသွားခဲ့တဲ့ အံ့ဖွယ်သမားတော်ရဲ့သားပဲ”

ယွီဝိန်းလန်က ထပ်မံအံ့ဩဟန်ပြလိုက်ကာ မျက်မှောင်ကြုတ်ပြီး ပြောလိုကိသည်။

“ဆိုတော့ ကိစ္စကဒီလိုကိုး။ သမားတော်ကျန်းရဲ့ဆေးပညာစွမ်းရည်က အရမ်းကောင်းမွန်နေတာ မထူးဆန်းတော့ပါဘူး”

ယန်ရှုက ထပ်မံခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျန်းရှန်ခန်းက အရမ်းကို မနာလိုစိတ်ကြီးတယ်။ သူကဒီနေ့မှာ သမားတော်ကျန်းကို အကွက်ဆင်ခဲ့တဲ့သူပဲ”

ယွီဝိန်းလန်ကလည်း ဒီအချက်ကို ခန့်မှန်းမိသည်။

—သူ့ရဲ့နည်းလမ်းက အရင်က ကျန်းရှန်းခန်းရဲ့ဆရာကို အကွက်ဆင်ခဲ့တဲ့ နည်းလမ်းနဲ့ တစ်ထပ်တည်း အတိအကျတူနေတာကို မပြောနဲ့။ ကျန်းနျန်ချီလို ဘောထားကြီးပြီး ရက်ရောတဲ့ လူတစ်ယောက်ကို ကြည့်လျှင် ကျန်းရှန်ခန်းကလွဲလို့ တစ်ခြားရန်သူ မရှိနိုင်ပေ။

သို့သော် ယန်ရှုက ထပ်ပြောလာပြန်သည်။

“ဒါပေမဲ့ ဒီကိုယ်လုပ်တော်ထင်တာတော့ ကျန်းရှန်ခန်းရဲ့ ကျန်းနျန်ချီအပေါ် အကွက်ဆင်တာက ကျန်းရိရှီရဲ့အချက်အလက်အစစ်ကို သိနေလို့ မဟုတ်လောက်ဘူး ။မာနလိုမှုကြောင့်ပဲ ဖြစ်ရမယ်။ ပြီးတော့ သူ့ကို တော်ဝင်သမားတော်ဆောင်ကနေ မောင်းထုတ်လို့ပဲနေမှာ”

ယွီဝိန်းလန်က မျက်မှောင် ကြုတ်ကာ

“ဘာလို့ အဲ့လိုပြောတာလဲ”

ယန်ရှုက သူမရဲ့မျက်လုံးတွေကို မှေးကျဉ်းလိုက်ကာ အတွေ့အကြုံများနေတဲ့ လေသံနဲ့ ပြောလာသည်။

“အရမ်းရိုးရှင်းပါတယ်။ အခုဆို သမားတော်ကျန်းရဲ့ အချက်အလက်က ပြောင်းလဲသွားပြီလေ။ ကျန်းရှန်ခန်းလို အကြံသမားနဲ့ဆို သူသာ ဒါကိုသိရင် ညီလာခံကို သမားတော်ကျန်းက သူ့ရဲ့ကိုယ်ရေးအချက်အလက်တွေကို လိမ်လည်ထားပါတယ်ဆိုပြီး သတင်းပို့လိုက်မှာပေါ့။ လူတွေကို ထိခိုက်စေဖို့ လက်ကိုညစ်ပတ်အောင် လုပ်ရတာက မလွယ်ဘူးလား”

“တကယ်ကို အဲ့လိုပဲ”

ယွီဝိန်းလန်က ခေါင်းညိတ်လိုက်ကာ သူမကိုကြည့်ဖို့ မျက်ခုံး ပင့်လိုက်ပြီးနောက်

“အိုက်ဖေးရဲ့အတွေးတွေက အရမ်းကို စေ့စပ်သေချာတာပဲ”

ယန်ရှုက နှိမ့်ချစွာ ပြုံးလိုက်ကာ

“မခံယူဝံ့ပါဘူး။ ဖရဲသီးစားတဲ့သူတစ်ယောက်ရဲ့ အခြေခံစွမ်းရည်လေးပါ”

******

All Chapters