← Chapters

အခန်း (၁၄၂-၁၄၄)

Vol. 10 Ch. 142-144

အခန်း (၁၄၂-၁၄၄)

Vol. 10 Ch. 142-144

142 01

Chapter 142

လီဆယ် တိုင်ကြားသူများ သူမဆီသို့ ဆက်သွယ်ရဲလိမ့်မည်ဟု ယန်ရှု ထင်မထားမိလိုက်ချေ။

ဩ… ဩ… နင်က ငါ့ကို လက်နက် သဖွယ် အသုံးချချင်တယ်ပေါ့လေ။

ဟာသပဲ။

သူမ ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန် ချလိုက်ပြီး ဝတ္ထုစရေးလေတော့သည်။ ပထမဦးစွာ သခင်ကြီး ချီ၏ လူအများကို ကယ်တင်တတ်သည့် အကျင့်နှင့် လုပ်ဆောင်ချက်များကို အပြည့်အစုံ ရေးသားကာ ရှင်းပြထားရမည်။

—--- သို့မဟုတ်လျှင် သူမထံ လုပ်ကြံ လီဆယ် တိုင်ကြားရဲသူအန်း ဆိုသည့် ပုဂ္ဂိုလ်သည် တနေ့နေ့ ထပ်မံ၍ ကောလဟာလ ဖြန့်ကာ အပုပ်ချနိုင်သည်။

ထို့အပြင် သခင်ကြီး ချီကိုယ်တိုင် ရှင်းပြစရာ လိုလာပါက အထူးတလည် ထပ်မံ ကြိုးစား၍ ရှင်းပြနေစရာ မလိုတော့ပေ။

စစ်စတန်က ထိုအကြံကို သဘောတူသည်။

[အင်း ဟုတ်တယ်… နင်သိထားရမှာက ဒီ အန်းဟုန်ရှန်းဆိုတဲ့ လူက ကောလဟာလဖြန့်ပြီး သူတပါးကို သိက္ခာချတဲ့နေရာမှာ ဆရာကြီး သိလား…။ တခါတုန်းကလည်း Feng Xuehai လို့ ခေါ်တဲ့ ပိုင်မာ ကျောင်းတော်က ကျောင်းအုပ် ဆရာကြီးတစ်ယောက်ရှိဖူးတယ်…။ အဲဒီ ဆရာကြီးက အမြင်ကျယ်ပြီး တက်ကြွတဲ့သူမျိုး… သူ့ကျောင်းတော်မှာ အရမ်းဆင်းရဲတဲ့ စာသင်သားတစ်ယောက်ရှိတယ်။ အဲဒီစာသင်သားရဲ့ ဖခင်က ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတာ… သူ့အမေ မုဆိုးမကြီးက အိမ်မှာ အပ်ချုပ်ပြီး ပိုက်ဆံရှာရတယ်… ပြောရရင် အင်မတန် ကျပ်တည်းတာပေါ့…။ ဆရာကြီး Feng Xuehai က ဒီစာသင်သားအတွက် မကြာမကြာ သူပိုက်ဆံကူညီပေးတယ်…။ မုဆိုးမကြီးက အဲဒါကို သိသွားတော့ အရမ်း ကြည်နူးပြီး ကျေးဇူးတင်တာပေါ့…။ ဒါပေမဲ့ သူ့ မိသားစုက အရမ်း ဆင်းရဲတော့ ဘာမှ ပြန်မပေးနိုင်ဘူးလေ…။ အဲဒီတော့ မုဆိုးမကြီးက ချည်ထည်စလေးတွေ ခြစ်ခြုတ်စု ဝယ်လိုက်ပြီး ဖိနပ်တစ်ရံ ချုပ်တယ်…။ ပြီးတော့ ဆရာကြီးရဲ့ ကျေးဇူးကို ပြန်ဆပ်တဲ့ အနေနဲ့ လက်ဆောင်အဖြစ်ပေးရှာတယ်… ]

[အဲဒီမှာ အန်းဟုန်ရှန်းက ဒါကို မတော်တဆ တွေ့သွားပြီး ကျောင်းတော်မှာ ကောလဟာလတွေ ဖြန့်တော့တယ်…။ ဆရာကြီး Feng ဟာ စာသင်သားတစ်ယောက်ရဲ့ မိခင်နဲ့ ကျိတ်ပုန်းခုတ်နေပါတယ်ပေါ့…။ အဲဒါကြောင့် အဲဒီ စာသင်သားကို သူက အရေးပေးနေတာပါ ဆိုပြီး ကောလဟလ ဖြန့်သတဲ့…။ ဒီကောလဟာလကို ကျောင်းတော်ထဲမှာတင် ဖြန့်ရတာ အားမရလို့ အပြင်မှာပါ တမင် ဖြန့်သေးတာ…။ အဲဒီမှာ အဲဒီ နယ်တ‌ကျောက လူတွေကလည်း တကယ် ထင်ကုန်ကြတယ်…။ ဆရာကြီး Feng က စိတ်ဆိုးတာပေါ့…။ ဒါပေမဲ့ ဒီကိစ္စကို ဘယ်လို ဖြေရှင်းရမလဲ မသိတာနဲ့ ပိုင်မာ ကျောင်းတော်ကနေ နှုတ်ထွက်သွားတယ်…။ ဒီလိုနဲ့ ကျောင်းတော်အုပ်နေရာ လွတ်လပ်သွားတဲ့အခါ အန်ဟုန်ရှန်းက နေရာ ဝင်ယူလိုက်တယ်]

[ချီးပါကွာ…]

ယန်ရှုမှာ စိတ်ဆိုးလွန်း၍ ထဆဲမိလိုက်သည်။

[ဟား… စိတ်ပျက်ဖို့ကောင်းလိုက်တာ… ဘာလို့ ကောလဟလ သမားကြီးက နောက်ဆုံးမှာ နိုင်သွားရတာလဲ။ ပိုင်မာ ကျောင်းတော်က အရင်ကျောင်းအုပ်ကြီးကလည်း အ,လိုက်တာကွာ]

ထိုသို့ပြောပြီးနောက် ဆက်မေးလိုက်သည်။

“ဒါနဲ့ အဲဒီ ကျောင်းအုပ်ကြီး Feng က အခု အဆင်ပြေနေရဲ့လား။ ဟို စာသင်သားရဲ့ မိခင် မုဆိုးမကြီးကရော ဘယ်လိုနေသေးလဲ။ သူတို့ ကောလဟလ ဖြန့်တဲ့သူကို အသေ သတ်ချင်စိတ် မပေါက်ကြဘူးလား။]

ထိုအခါ စစ်စတန်က ပြောသည်။

[အဲဒီလို အဖြစ်တွေ ဖြစ်ပြီးသွားတော့ စာသင်သားလေးက နာကျည်းစိတ်တွေဖြစ်ပြီး ပိုင်မာ ကျောင်းတော်ကနေ ထွက်သွားတယ်…။ ပြီးတော့ တခြားနေရာမှာ ဈေးသက်သာတဲ့ စာကြည့်ခန်းလေးတစ်ခုငှားပြီး စာကြိုးစားခဲ့တယ်…။ နောက်တော့ ကြိုးစားတဲ့သူ ဖြစ်တဲ့အလျောက် ကံကောင်းထောက်မစွာနဲ့ နန်းတွင်း စာစစ်ပွဲကို စောစော ဝင်ဖြေခွင့်ရခဲ့တယ်…။ အောင်မြင်သွားတဲ့အခါ သူ့အမေကို ခေါ်ပြီး မင်းမှုထမ်း မူးမတ်တစ်ယောက်အဖြစ်နဲ့ တခြားဒေသတစ်ခုမှာ တာဝန်ထမ်းဆောင်နေတယ်…။ Feng Xuehai ကတော့ နောက်မှာ သခင်ကြီး ချီနဲ့ ဆုံပြီး အခု လန်ယာမှာ စာပေသင်ကြားပေးနေတယ်…။ အခု သခင်ကြီး ချီက နန်းမြို့တော်ကို ရောက်နေတဲ့အချိန် သူက ဟိုမှာ ကျောင်းကို ဦးစီး ကြည့်ကြပ်ပေးနေတယ်… သူက အဲဒီလို သနားကြင်နာတတ်တဲ့… စိတ်ချရတဲ့ သူမျိုးပဲ]

ထိုသို့ ကြားလိုက်ရသည့်အခါ ယန်ရှုမှာ စိတ်သက်သာရာ ရသွားတော့သည်။

“ဒီလိုဆို‌တော့လည်း အဆင်ပြေသွားတာပေါ့”

ဒီ အန်းဆိုတဲ့ ပုဂ္ဂိုလ်က စဉ်းစားတတ်တဲ့သူရော ဟုတ်ရဲ့လား…။ အခု သခင်ကြီး ချီ ကျောင်းအုပ်ရာထူး မရခဲ့ဘူးဆိုရင်တောင် သူ့ရှေ့မှာ နောက်ထပ် သုံးယောက် လျာထားပြီးသား ရှိနေသေးတယ်… ပြီးရင် နောက်ထပ် တခြား မရွေးထားသေးတဲ့ ကျောင်းအုပ်တွေ ကျန်သေးတယ်… အားလုံး သူ့ထက် မသာရင်တောင် အတူတူတွေချည်းပဲ…။ အဲဒါတောင်မှ ချီ သခင်ကြီးကို နာမည်ဖျက်လိုက်လို့ အရွေးမခံရရင် သူ့ကို ရွေးမယ်လို့များ ထင်နေရော့သလား။

ထိုစဉ် စစ်စတန်က ပြောသည်။

142 02

[နင်က အဲဒီလို ကောလဟလသမားမျိုးက တစ်ယောက်တည်းကိုပဲ ဦးတည်ပြီး ဖြန့်မယ်လို့ ထင်လား။ တခြားသူတွေအတွက်လည်း သူက ကြိုပြင်ထားပြီးသား…။ အခု သူက လန်းလင်က သခင်ကု Hongbai အတွက် ပစ်စာကို ရေးနေတာ…။ အဲဒီစာထဲမှာ သခင် ကု က ငယ်စဉ်တုန်းက အရည်အချင်းမဲ့တဲ့အပြင် အရာရာကို အလေးအနက် မထားတတ်တဲ့သူလို့ ရေးထားတယ်…။ ကျောင်းတော်မှာ တက်ရောက်စဉ်တုန်းက တနေကုန် အတန်းလစ်ပြီး ဗေဒင်ထွက်ဟောစားတာတွေ… ဈေးထဲမှာ ရန်ဖြစ်တာတွေ ထည့်ရေးထားတယ်]

ယန်ရှု - “...”

ဆွံ့အ…။

သခင် ကု အကြောင်း ကြားလိုက်မှ သူ့အကြောင်း‌တောင် နည်းနည်းတောင် စပ်စုချင်လာပြီ အဟင်း…။

ထို့ကြောင့် စစ်စတန်အား မေးလိုက်သည်။

[သခင် ကု လို အရည်အချင်းရှိတဲ့ ကျောင်းတော်သားက ဈေးထဲမှာ ဘာလို့ ဗေဒင်ဟော ရတာလဲ။]

စစ်စတန် - [နေပါဦး… လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဖရဲသီးစားရတာ များနေပြီ အသားဟင်းက ပိုကောင်းတယ်လို့ တွေးနေတာ ဘယ်သူလဲ မသိဘူးနော်။]

ယန်ရှု က မသိချင်ယောင်ဆောင်ကာ ပြောသည်။

[ဟယ် ဟုတ်လား။ ဘယ်သူပါလိမ့်။ ငါမဟုတ်ဘူး ထင်တယ်နော်။ ကိုယ်တွေလို အောင်မြင်တဲ့ စာရေးဆရာမက ကုန်ကြမ်းများများ ရတာကို မကြိုက်ဘဲနေပါ့မလား။ ဟာဟ ကဲပါ… အပိုတွေ လုပ်မနေစမ်းပါနဲ့ ပြောစရာရှိတာ ပြောပြစမ်းပါ]

ထိုအခါ စစ်စတန်က သခင် ကု၏ ဇာတ်လမ်းကို ပြောပြသည်။

[ပြောပြရရင် သခင် ကု ငယ်စဉ် စာသင်သားဘဝတုန်းက ကျောင်းတော်ရှိတဲ့ တောင်ပေါ်ကနေ ဆင်းလာပြီး ဈေးဖက်ကို သွားတဲ့အခါ လမ်းမှာ မိန်းမငယ်‌လေးတစ်ယောက်နဲ့ အမှတ်မထင် ဆုံ‌တွေ့ခဲ့တယ်… အဲဒီ မိန်းခလေးကတော့ အခုလက်ရှိ သူ့ရဲ့ ဇနီး အမျိုးသမီးကု ပေါ့… အမျိုးသမီးကုက အဲဒီအချိန်မှာ ဝတ်စုံ အနီရောင်လေး ဝတ်ထားပြီးတော့ မြင်းကို ဒုန်းစိုင်း စီးလာတာပေါ့… သခင်ကု လည်း မြင်မြင်ချင်း ချစ်မိသွားပြီး အချစ်ရူး ရူးသွားတယ်။ နောက်ထပ် မိန်းကလေးကို မြင်ချင်ဇောနဲ့ နေ့တိုင်း ဈေးဖက်ကို သွားပြီး ဗေဒင်ဟောခန်း‌လေး ဖွင့်ရင်း သူ့အသုံးစရိတ်ရှာရင်း တွေ့လို့တွေ့ငြား မျှော်နေခဲ့မိတယ်]

[ဒီလိုနဲ့ တနေ့မှာတော့ အဲဒီ မိန်းကလေးကို ထပ်ဆုံရပါလေရော။ အဲဒီမှာ သခင်ကုက မိန်းခလေးနဲ့ ရင်းနီးချင်တော့ အကြံအဖန် လုပ်တယ်။ သူက လူရမ်းကား တစ်ယောက်ကို တမင် ဝင်တိုက်ပစ်လိုက်တာ… လူရမ်းကားက သူ့ကို ထိုးတာ ကျိတ်တာတွေ လုပ်တော့ အမျိုးသမီးကုက မြင်သွားပြီး ဝင်တားရင်း သခင်ကုကို ကယ်တင်လိုက်တယ်။ အဲဒီမှာ တစ်ယောက်နဲ့ တစ်ယောက် ထုံးစံအတိုင်း မိတ်ဆက်ကြရင်း ရင်းနီးသွားကြတာပေါ့။ ဒါပေမဲ့ တစ်ခုရှိတာက သခင်ကုရဲ့ ယောက္ခမကြီးက ဆွေစဉ်မျိုးဆက် သိုင်းသင်တန်းကျောင်း ဖွင့်လာတဲ့သူ… သူ့ရဲ့ ယောက်ဖတွေကလည်း သိုင်းပညာမှာ တဖက်ကန်းခတ် ကျွမ်းကျင်သူတွေ… သူတို့နဲ့ယှဉ်ရင် သခင် ကု က လူဖလန်လေး ဒါပေမဲ့ ဦးနှောက်တော့ ရှိတယ်… သူက သူ့ ယောက္ခမကြီးရော ယောက္ခထီးကြီးရောကို တွေ့တိုင်း တရိုတသေ ဆက်ဆံတယ် ဖားတယ်… ဒီလိုနဲ့ နောက်ဆုံးမှာတော့ မိန်းမလှလေးဟာ သူ့လက်မောင်းထဲကို ရောက်သွားတာပေါ့ကွယ်]

ယန်ရှု - [အဟွတ်… ဒီဖက်ခေတ် နာမည်ကြီးတွေက မလွယ်ဘူးပဲ… အရည်အချင်းရော ဂုဏ်သရေရော ရှိကြတဲ့အပြင် အကြံအဖန် လုပ်တဲ့နေရာမှာလည်း ဆရာ့ ဆရာကြီးတွေပဲဟ…! ဒါပေမဲ့ အထိုးအကျိတ်ခံပြီး ဇနီးဖြစ်လာမဲ့သူကို အပိုင်ဖမ်းတာကတော့ သိပ်မမိုက်ပါဘူးဟယ်]

ဇာတ်လမ်းကတော့ သကြားဖြူးထားတဲ့ ချိုမြိန်တဲ့ ကွတ်ကီးလေးလို အရသာကို ရှိလို့… အဟက်။

ဒီလောက် ချိုတဲ့ ဇာတ်လမ်းလေးကိုတောင် ပျက်အောင် လုပ်ချင်တဲ့ ဟို အန်ဟုန်ရှန်းဆိုတဲ့ လူကတော့ ဘယ်လောက်တောင်ဆိုးလိုက်တဲ့ လူလဲ!

ငါ ဒီလူ့ကို လုံးဝ အလွတ်ပေးလို့ မရတော့ဘူး။

သို့သော် သူမ ထပ်တွေးမိသည်မှာ ချီသခင်ကြီးအား နာမည်ဖျက်သည့်ကိစ္စကို ကိုင်တွယ်ရာတွင် လူကိုယ်တိုင် သက်သေလိုက်ပေးနိုင်မည့်သူ ရှိ‌နေလျှင် ပို၍ထိရောက်လိမ့်မည်ဟု ထင်သည်။

ထိုသို့တွေးလိုက်သည့်အခါ စစ်စတန်က ပြောလေသည်။

[အဲ့အတွက်က ပူမနေနဲ့… ခုဏက ကွတ်ကီး လင်မယားနဲ့ ချီရှုကွမ်းနဲ့က မိတ်ဆွေတွေ… လွန်ခဲ့တဲ့ နှစ်နှစ် ချီသခင်ကြီးက ဆုံးသွားတဲ့ သူငယ်ချင်းရဲ့ သမီးကို ကယ်ဖို့ ငွေစုနေတဲ့အချိန် သခင်ကုတို့လင်မယားက ငွေစ တစ်ရာ ကူညီခဲ့သေးတယ်… ပြီးတော့ အဲဒီနောက်မှာ ဟို လူယုတ်မာ သူဋ္ဌေးက ကတိမတည်ဘဲ လုပ်ဖို့ ကြိုးစားသေးတယ်… အဲဒီအချိန်မှာ သခင် ကု က သူ့တပည့်တွေနဲ့ အနောက်ကနေ ဝိုင်းညှပ်ပြီးပိတ်ထားလို့ ဟိုသူဋ္ဌေး ကြောက်ပြီး လက်လျှော့သွားတာ]

142 03

ထိုသို့ ကြားလိုက်သည့်အခါ ယန်ရှု မျက်လုံးများ အရောင်တောက်လာလေသည်။

သိပ်အဆင်ပြေတာပဲ… ဟိုတနေ့က သခင်ကုကို မြင်လိုက်ကတည်းက ပျော်ရွှင်တက်ကြွ‌နေတဲ့သူမျိုးလို့ ထင်သားပဲ!

ဟင်း… အကယ်၍များ သူမ၏ ခင်ပွန်း အရှင်မင်းကြီးကို တစ်ယောက်ယောက်ကများ အပုပ်ချ စော်ကားလျှင် ထိုသူကို မသေမချင်း ထုရိုက်မိမလား မသိချေ။

~~

မျက်မြင် သက်သေ ရှိနေပြီ ဖြစ်သည့်အပြင် ချီသခင်ကြီးမှာလည်း မိမိတို့နှင့် ရင်းနီးသဖြင့် ဤကိစ္စကို အလွယ်တကူ ကိုင်တွယ်နိုင်လိမ့်မည်ဟု ယူဆသည်။

ထို့နောက် ယန်ရှုက စားပွဲသို့သွားကာ ဝတ္ထုရေးရန် စာရေး စုတ်တံကို ကောက်ကိုင်လိုက်တော့သည်။

ဝတ္ထုရေးပြီးချိန်ရောက်သည့်အခါ ညပင် မှောင်နေလေပြီ။

ထိုအချိန်၌ပင် ယွီဝိန်းလန်က နန်းဆောင်အတွင်းသို့ စိတ်အား တက်ကြွစွာဖြင့် ဝင်လာသည်။

သူ၏ ချစ်လှစွာသော ကိုယ်လုပ်တော်ယီမှာ စာမူကြမ်း တစ်ထပ်အား ကိုင်လျက် သူ့အား ပြုံးရွှင်စွာဖြင့် စောင့်ပြီး ပြောသည်။

“အရှင်မင်းကြီး ရောက်လာတာ ကွက်တိပါပဲ… ကိုယ်လုပ်တော် ဒီနေ့အဖို့ စာမူကို အခုလေးတင် ရေးပြီးသွားတာပါ… မင်းကြီးကို ဖတ်ပြရမလား”

အင်း… ဒီလို စကားများတဲ့ မိန်းမလှလေးကို ရထားတာ ငါ့ဘဝ တယ်ကျေနပ်စရာပဲ…။ ထိုသို့ တွေးရင်း ယွီဝိန်းလန်က ပြုံးရွှင်စွာဖြင့် ခေါင်ညိတ်ပြလိုက်သည်။

“ကောင်းတာပေါ့”

ထို့နောက် သူက ကုတင်ဘေးကို မှီလိုက်သည်။

ယန်ရှုက သူ့အနား တိုးကပ်ကာ ချောင်းဟန့်၍ ပြောသည်။

“ဒီဇာတ်လမ်းရဲ့ ခေါင်းစဉ်က ‘မိန်းမကောင်းလေး တစ်ဦး ခင်ပွန်းကောင်းနှင့် တွေ့ဆုံခြင်း’ တဲ့”

ယွီဝိန်းလန်က သူ့ မျက်ခုံးများကို မြှင့်ကာ ကြည့်လိုက်သည်။

“ဒီနာမည်က အရင်တစ်ခုနဲ့ တခြားစီပါလား”

ယန်ရှုက ပြုံးကာ ပြောသည်။

“ဇာတ်လမ်း ပုံစံက တူမှ မတူတာကိုး အရှင်မင်းကြီးရဲ့…။ ဒီဇာတ်လမ်းက စေတနာ မေတ္တာကို အခြေခံထားလို့ ရင်ထဲကို နွေးသွားစေလိမ့်မယ်။ ဇာတ်လမ်းရဲ့ အစမှာ ငယ်စဉ်က အတူ ကြိုးစားခဲ့ကြတယ် စာသင်သားနှစ်ဦးရှိတယ်တဲ့…။ နှစ်ယောက်စလုံးက စိတ်ဓါတ်ကောင်းကြတယ်…။ နောက်တော့ တစ်ယောက်က မူးမတ်တစ်ယောက် ဖြစ်လာပြီး နောက်တစ်ယောက်ကတော့ ဆရာတစ်ယောက် ဖြစ်လာတယ်…။ နှစ်ယောက်စလုံး အများအကျိုးကို သယ်ပိုးကြတာပေါ့… ဒါပေမဲ့ မမျှော်လင့်ထားတာတွေ ဖြစ်ပျက်ခဲ့တယ်…။ မူးမတ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ တစ်ယောက်ဟာ အဖျား ရောဂါတစ်ခုကြောင့် အချိန်မတိုင်ခင် ကွယ်လွန်သွားခဲ့တယ်…။ အဲဒါတင် မကဘူး။ သူ့ရဲ့ ကျန်ခဲ့တဲ့ သမီးငယ်လေးဟာလည်း ဝံပုလွေလို ကောက်ကျစ်တဲ့ အစ်ကိုက အသက်ကြီးကြီး သူဋ္ဌေးတစ်ယောက်ဆီကို ကိုယ်လုပ်တော်အဖြစ် ရောင်းစားခြင်းကို ခံခဲ့ရတယ်… ”

“သိပ်မကြာပါဘူး… ဆရာဖြစ်သွားတဲ့ တစ်ယောက်က သတင်းကြားသွားရော…။ အဲဒီမှာ သူက သူ့ သူငယ်ချင်းရဲ့ သမီးကို ကယ်တင်ဖို့ ကြိုးစားတော့တယ်…။ ဒါပေမဲ့ အစွယ်တမြားမြားနဲ့ ဘာမဆို ဝါးမြိုတော့မဲ့ ခြင်္သေ့လို လောဘသားတွေက တန်ကြေးထက်ပိုတဲ့ ငွေကိုတောင်းတယ်…။ အဲဒီအခါ ဆရာက ပိုက်ဆံ မလောက်ပေမဲ့ လက်မလျှော့ဘဲ တစ်နေရာပြီး တစ်နေရာ သွားပြီး ငွေစုဆောင်းတယ်…။ သူ့ရဲ့ မိတ်ဆွေဟောင်းတချို့က မတွန့်တိုဘဲ ငွေစ ရာနဲ့ချီပြီး လှူကြတယ်…။ တချို့တွေကတော့ မသိချင်ယောင် မကြားချင်ယောင် ဆောင်ပြီး သူ့ကို ထွက်မတွေ့ကြဘူး…။ ဒါပေမဲ့ နောက်ဆုံးမှာတော့ လောဘသားတွေ တောင်းတဲ့ ငွေပမာဏကို စုဆောင်းမိသွားပြီး သမီးလေးကို ကျားပါးစပ်ဝကနေ ကယ်တင်လိုက်နိုင်တယ်…။ နောက်မှာတော့ သမီးလေးဟာ အိမ်ထောင်ကောင်းတစ်ခုကို ပိုင်ဆိုင်သွားပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားတယ်”

သူမက ပြောပြီးသည့်အခါ ယွီဝိန်းလန်ကို ကြည့်လိုက်သည်။

142 04

“ဇာတ်လမ်းကို မင်းကြီး ဘယ်လိုသဘောရလဲ”

ယွီဝိန်းလန်က

“လူတွေကို ကြင်နာတတ်တဲ့နှလုံးသား ပိုင်ရှင်တွေ ဖြစ်အောင် လှုံ့ဆော်ပေးပြီး အဲဒီထဲမှာ ပါတဲ့ သခင်ကြီးကလည်း နှစ်သက်ဖွယ်ရာအပြည့်နဲ့ အမှန်တရား ဘက်တော်သားကြီးပဲ…။ သူ့ရဲ့ ဇာတ်ရုပ်က မြင့်မြတ်ပြီး လေးစားဖွယ် ကောင်းတယ်”

ထိုသို့ ပြောပြီး သိချင်လာသဖြင့် မေးလေတော့သည်။

“ဒီလို လူမျိုး အပြင်မှာ ရှိသလား။ ဘယ်သူ့ကို ရည်ရွယ်ပြီး ရေးထားတာလဲ”

ယန်ရှုက ပြုံးကာ ပြောသည်။

“လန်ယာက ချီ သခင်ကြီးကို မှီငြမ်းပြီး ရေးထားတာပါ”

ဪ ချီရှုကွမ်းလား။

ယွီဝိန်းလန် မျက်ခုံးပင့်ကာ မေးသည်။

“တကယ် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ… အဖြစ်အပျက်က ဘယ်တုန်းက ဖြစ်သွားတာလဲ”

ယန်ရှုက အခိုင်အမာ ပြန်ပြောသည်။

“အဖြစ်အပျက်က အမှန်ပါပဲ… ဖုန်းချွေ့မှာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဖြစ်သွားတာပါ။ ဇာတ်လမ်းထဲက မိန်းခလေးက အခုတော့ အိမ်ထောင်ကျနေပြီး ကလေးတောင် ရသွားပြီ။ သူ့ရဲ့ ဘဝက သာသာယာယာပါပဲ…။ ပြီးတော့ အရှင်မင်းကြီး ဖိတ်ခေါ်ထားတဲ့ လန်းလင်က သခင်ကုက ဇာတ်လမ်းထဲမှာ ငွေစ တစ်ရာ ထောက်ပံ့ပေးတဲ့သူ… သူကလည်း ဒီကိစ္စကို အမှန်ဖြစ်ကြောင်း အာမ ခံပေးလို့ရတယ်။

အင်း… အဲဒီလို ဆိုရင်တော့ တကယ် အမှန်ပဲပေါ့။

ချီရှုကွမ်း လို လူက ဒါမျိုးလုပ်တတ်တဲ့သူမျိုးမှန်း သိသာပါတယ်။

ယွီဝိန်းလန်က ထပ်မေးသည်။

“ဘာစိတ်ကူးပေါက်လို့ ဒီလို ဇာတ်လမ်းမျိုး ရေးရတာလဲ”

ဒီကောင်မလေး… ချီရှုကွမ်းကို မြို့တော်မှာ တော်တော် နေစေချင်နေတာလားမသိ။

ယန်ရှုက ပြန်ဖြေသည်။

“ရေးရတဲ့ အကြောင်းရင်းက ဒီနေ့ ရခဲ့တဲ့ ပစ်စာ တစ်စောင် ကြောင့်ပါ အရှင်မင်းကြီး…။ သခင်ကြီး ချီကို ကိုယ်လုပ်တော် ဝယ်တယ်လို့ အပုပ်ချ စွပ်စွဲထားလို့ပါ…။ ကိုယ်လုပ်တော် ကိုယ့်ဘာသာကို ဖြစ်ရပ်မှန်ကို စုံစမ်း လေ့လာပြီး သိလိုက်ရတာပါ။ ဒီ ပစ်စာကို ရေးတဲ့သူမှာ ကောင်းတဲ့ ရည်ရွယ်ချက်ရှိပုံ မရပါဘူး…။ အဲဒါကြောင့် ချီ သခင်ကြီးကို အနာဂတ်မှာ အပုပ်မချနိုင်အောင် ကာကွယ်ပေးချင်လာလို့ ဒီဇာတ်လမ်းကို ရေးလိုက်ရပါတယ် အရှင်မင်းကြီး”

ယန်ရှုက မင်းကြီး မယုံမည် စိုးသဖြင့် ပစ်စာကိုပါ အလျင်အမြန် ထယူကာ ပြလိုက်သည်။

ယွီဝိန်းလန်က ယူ၍ ခဏ ဖတ်ကြည့်လိုက်သည်။

စာရွက်ထဲတွင် ရေးထားသည်မှာ ‘ချီရှုကွမ်း ကိုယ်လုပ်တော် ဝယ်ဖူးတယ်’ ဟူသည့် စာတစ်ကြောင်းသာ ပါလေသည်။

ဤသည်ကို ကြည့်၍ ပစ်စာ ရေးသူ၏ ရည်ရွယ်ချက်ကို အထင်အရှား မြင်နိုင်လေသည်။ ယွီဝိန်းလန်က မနေနိုင်ဘဲ ပြောလိုက်သည်။

“တော်တော် စက်ဆုပ်ဖို့ကောင်းတဲ့ နည်းလမ်းပေကိုး”

ပြီးနောက် သူက ဆက်မေးသည်။

“ရေးပို့တဲ့သူက ဘယ်သူလဲ သိလား”

ယန်ရှုက ချက်ခြင်း ပြန်ဖြေသည်။

“သိပါတယ် အရှင်မင်းကြီး… အန်ဟုန်ရှန်းဆိုတဲ့ ပုဂ္ဂိုလ်ပါ…။ ပိုင်မာ ကျောင်းတော်က ကျောင်းအုပ်ပါ”

142 05

အန်ဟုန်ရှန်း။

ယွီဝိန်းလန် တခနမျှ စဉ်းစားလိုက်သည်။ ထိုသူမှာ အသက် လေးဆယ်ခန့်ရှိမည့် လူတစ်ယောက်ဟု သူ ခပ်ရေးရေး ပြန် သတိရလာသည်။ အစည်းအဝေးပွဲများတွင် ထိုသူ၏ အရည်အသွေးမှာ ဘာမျှ ထူးခြားမှု မရှိသည်ကို တွေ့ခဲ့ရသည်။

ကြည့်ရတာ ဒီပုဂ္ဂိုလ်ရဲ့ ခေါင်းထဲမှာ စစ်မှန်တဲ့ အရာဆိုလို့ ဘာမှမရှိတဲ့အတွက် သူ့အတွေးမှန်သမျှကလည်း အမှန်တရား မဟုတ်တဲ့ အတွေးတွေပဲ ထွက်လာတာ ထင်တယ်။

ထိုစဉ် ယန်ရှုက ဆက်ပြောသည်။

“ဒီလူက ချီသခင်ကြီးကိုတင် နာမည်ပျက်စေချင်တာ မဟုတ်ပါဘူး…။ လန်းလင်က သခင် ကုကိုပါ နာမည်ဖျက်ဖို့ ကြံနေတာပါ…။ သူ့ ရည်ရွယ်ချက်က အစည်းအဝေးပွဲ ရလာဒ်ကို ဖျက်စီးချင်နေတာပါ…။ အဲဒါမှ သူ့အတွက် စုန့်ဟယ် ကျောင်းအုပ်နေရာကို ရဖို့ အခွင့်အရေး ရှိလာမယ်လေ…။ လူ ဘယ်နှယောက်လောက်အထိ သူ နာမည်ဖျက်တာ ခံရမလဲ မပြောတတ်ပါဘူး…”

ယွီဝိန်းလန်က နှာခေါင်းကို ရှုံ့ကာ ပြောလေသည်။

“ဟား… ရယ်စရာပဲ”

သို့သော် ယန်ရှု ပြောသလို ဖြစ်လာနိုင်သည်။ ထိုပုဂ္ဂိုလ်ကဲ့သို့ ယုတ်ညံ့သည့် အတွေးမျိုး တွေးတတ်သူသည် ထိုသို့ လုပ်တတ်သည်။

ထို့နောက် သူက မေးလိုက်သည်။

“ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကိုယ်လုပ်တော်ယီက ဘာတွေ ကြံထားလဲ”

ယန်ရှုက ပြုံးလိုက်ပြီး ပြောပြသည်။

“ကိုယ်လုပ်တော်ယီကတော့ အဲဒီလူယုတ်ရဲ့ မျက်နှာ အစစ်အမှန်ကို လူတွေရှေ့မှာ ဖော်ထုတ်‌ပေးဖို့ မယ်တော်ကြီးကို ထပ်လှုပ်ရှားဖို့ အကူအညီတောင်းချင်တယ်…။ အဲဒါမှ သူ့ ဂုဏ်သိက္ခာ ထိခိုက်ပြီး… လူ ထောင်ပေါင်းများစွာ ဒီလူ့ကို မုန်းကြမှာ”

ယွီဝိန်းလန်က မျက်ခုံးကို ပင့်လိုက်သည်။

“မယ်တော်ကြီးက ဘာလို့ ကိုယ်တိုင် ရှေ့ထွက် လှုပ်ရှားရမှာလဲ။ ငါကိုယ်တော် ဒီစာမှာပါတဲ့ လက်ရေးကို ကျွမ်းကျင်သူတွေနဲ့ စစ်ခိုင်း…”

ရုတ်တရက် ယန်ရှုက ထ၍ ကန့်ကွက်လေသည်။

“ဟာ… အရှင်မင်းကြီး… အန်းဟုန်ရှန်းက ဒီစာကို ကိုယ်တိုင်ရေးမယ် ထင်လို့လား။ သူ့ကိုယ်စား တခြားသူကို မရေးခိုင်းရလောက်အောင် ပိန်းမယ် ထင်လို့လား မင်းကြီးရဲ့”

ယွီဝိန်းလန် - “...”

ကျွတ်စ်… ဒါလည်း ဟုတ်ပေးသားပဲ…။

သူမက ဆက်ပြောသည်။

“မယ်တော်ကြီးရဲ့ သိက္ခာ သမာဓိက မြင့်တော့ တခြားသူတွေနဲ့ ယှဉ်ရင် ဘာလုပ်လုပ် ပိုထိရောက်တယ်…။ တကယ်လို့ မင်းကြီးက ပြောရင်တောင် မူးမတ်တွေက ငြင်းဆန် ကန့်ကွက်တာတွေ လုပ်လို့ ရသေးတယ်…။ ဒါပေမဲ့ မယ်တော်ကြီးသာ ဝင်ပါလိုက်ရင် ဘယ်သူမှ သိပ်မငြင်းရဲဘူး…. အရင် နှစ်ခေါက်တုန်းက မယ်တော်ကြီး လုပ်သွားတာတွေကို အရှင်မင်းကြီး မှတ်မိတယ် မဟုတ်လား…။ ဘယ်လောက်တောင် သပ်ရပ်လဲ မြင်တဲ့အတိုင်းပဲ”

ယွီဝိန်းလန် - “...”

သူ ဝန်မခံချင်သော်လည်း ယန်ရှု ပြောသည်မှာ အမှန်ပင်ဖြစ်သည်။

အကယ်၍ မယ်တော်ကြီး ကိုယ်တိုင် ရှေ့ထွက် လှုပ်ရှားပါက ချီရှုကွမ်းနှင့် ထပ်ဆုံရပေဦးမည်။

ထိုစဉ် ယန်ရှုက သူ့အား မယုံသင်္ကာဖြင့် ကြည့်ကာ မေးလေသည်။

“အရှင်မင်းကြီးကလေ… ချီသခင်ကြီးနဲ့ပတ်သက်ပြီး မကြည်တာတွေ ရှိနေလို့လား”

142 06

ဟင်း… ဒီလူ… ချီသခင်ကြီးနဲ့ မယ်တော်ကြီးတို့ရဲ့ အရင် ဇာတ်လမ်းဟောင်းကို သိများ နေလို့လား။

မဖြစ်နိုင်တာ… အဲဒီတုန်းက သူကဖြင့် ကလေးပေါက်စ အရွယ်ပဲ ရှိဦးမှာကို…။

ယွီဝိန်းလန်မှာ ထိုအတွေးများကို ကြားလိုက်ရသဖြင့် အလျင်အမြန် ပြောလိုက်သည်။

“ဘယ်လို။ ငါကိုယ်တော်က ဘာလို့ သူနဲ့ မကြည်ရမှာလဲ”

ထိုသို့ ပြောလိုက်ပြီး ကြည့်လိုက်သည့်အခါ မသင်္ကာမျက်လုံးများဖြင့် စိုက်ကြည့်နေသည့် ယန်ရှုအား မြင်လိုက်ရသည်။ သူက မလုံတော့သဖြင့် ချောင်းနှစ်ချက်ခန့် ဟန့်လိုက်ကာ ပြောလိုက်သည်။

“ အကြံ ကောင်းတယ်… အဲဒီလိုပဲ လုပ်လိုက်ရအောင်”

ထိုသို့ ပြောလိုက်သည့်အခါ ယန်ရှုက နာခံလိုက်ပြီး စာမူကြမ်းကို ဖုဟိုင်အား ပေးလိုက်ကာ နန်းပြင်သို့ ညတွင်းချင်း ပို့ရန် ခိုင်းစေလိုက်တော့သည်။

~~

နောက်တစ်နေ့တွင် သခင်လေး ရှောင်ယောင်း၏ စာအုပ်အသစ်မှာ ထွက်လာလေတော့သည်။

ယန်ရှုမှာ အသစ်တစ်အုပ် ဝယ်ပြီး မယ်တော်ကြီးအား ဖတ်ပြရန် စီအန်းနန်းဆောင်သို့ ခြေဦးလှည့်လာလိုက်သည်။

မယ်တော်ကြီးကလည်း ဤသည်ကို အလွန်ကျေနပ်လျက်ရှိပြီး… ဒီလေးမ ကြာလေ ချစ်စရာကောင်းလေဟု ထင်နေတော့၏။

ဤသို့ဖြင့် ဇာတ်လမ်းအား နားထောင်ပြီးသည့်အခါ မယ်တော်ကြီးမှာလည်း အခြားသော စာဖတ်သူများနည်းတူ ဇာတ်လိုက်အား အထင်ကြီး လေးစားမိချေတော့သည်။

“ဒီ မူးမတ် အဖေက သူငယ်ချင်းကောင်းကို ရလိုက်တာပဲ…။ ဒီလူကြီးမင်းကြောင့်သာ မဟုတ်ရင် မိန်းမကောင်းလေးတစ်ယောက် တသက်လုံး ခေါင်းငုံ့နေရတော့မယ်…။ ဒီလို မေတ္တာနဲ့ သမာဓိမျိုး ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ရှာတွေ့ဖို့ဆိုတာ အင်မတန်မှ ခက်တာပဲ”

ယန်ရှုက ခေါင်းကို တွင်တွင်ညိတ်နေသည်။

မယ်တော်ကြီးက မေးသည်။

“ဒီဇာတ်ကောင်ကရော အပြင်မှာ ဘယ်သူ့ကို ရည်ညွှန်းတာလဲ”

ယန်ရှုမှာ ချောင်းကို ဟန့်လိုက်ပြီး တတ်နိုင်သလောက် တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ကြိုးစားပြောလိုက်သည်။

“အရှင်မင်းကြီးဆီက ကြားမိတာတော့ ဒီပုဂ္ဂိုလ်က ချီသခင်ကြီးကို ပြောတာ ဖြစ်လိမ့်မယ်…။ သူက အခု ပေကျင်းမှာရောက်နေတဲ့ လန်ယာမြို့က ကျောင်းတော်သားကြီးပေါ့”

“ဪ… သူလား”

မယ်တော်ကြီး တွေဝေသွားသည်မှာ သိသာလှသည်။

သို့သော် သူမက ချက်ခြင်းပင် ဟန်ကို ဖို့လိုက်ကာ ပြောလိုက်သည်။

“ဩ… လက်စသတ်တော့ ချီသခင်ကြီးကိုး”

ယန်ရှုက စောစောနက ရေရွတ်သံကို မကြားချင်ယောင် ဆောင်ကာ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ် မယ်တော်ကြီး… ချီသခင်ကြီးက အင်မတန် မြင့်မြတ်တဲ့ နှလုံးသားရှိတဲ့သူလို့ အရင်က ကြားဖူးတယ်… အခုတော့ လက်တွေ့ တကယ်ပဲပေါ့”

မယ်တော်ကြီးမှာ ဘာမျှ ပြန်မပြောနိုင်တော့ချေ…။ စိတ်ထဲတွင်တော့ သက်ပြင်းမော ချမိသည်။ သူသာလျှင် ထိုသို့ လုပ်နိုင်သည်…။ သူ ငွေကို ဘယ်လို စုလိုက်သည်တော့ သူမ မသိ…။ သို့သော် သူ့အပေါ် အမြတ် ထုတ်သည့်သူနှင့် ကြုံတွေ့ခဲ့သည်ကတော့ အမှန်ဖြစ်သည်။

မယ်တော်ကြီးက သက်ပြင်း တစ်ချက် ချလိုက်ပြီး မေးလေသည်။

142 07

“အရှင်မင်းကြီးက ဒီကိစ္စကို ဘယ်လို သိသွားတာတုန်း”

— ချီရှုကွမ်း၏ အကျင့်အရဆိုလျှင် သူက စပြောပြ၍ မင်းကြီးသိသွားသည်မှာ မဖြစ်နိုင်။

ထိုအခါ ယန်ရှုက ပြောသည်။

“သခင်လေး ရှောင်ယောင်းဆီ ပစ်စာတစ်စောင် ရောက်လာတာလို့ ကြားတယ် မယ်တော်ကြီး…။ အဲဒီ စာထဲမှာ ရေးထားတာက ‘ချီသခင်ကြီး ကိုယ်လုပ်တော် ဝယ်ဖူးတယ်’ ဆိုပြီး ခပ်တိုတို ရေးထားတယ်တဲ့… သခင်လေး ရှောင်ယောင်းက ဒီကိစ္စ ပေါ့သေးသေး မဟုတ်ဘူးလို့ ယူဆပြီး အရှင်မင်းကြီးဆီကို လျှောက်တင်တယ်တဲ့… မင်းကြီးက ချီသခင်ကြီးရဲ့ ဗီဇကို သိနေတော့ ဒါ မသင်္ကာစရာပဲ လို့ ယူဆတယ်…။ အဲဒါနဲ့ လူလွှတ်ပြီး စုံစမ်း ခိုင်းလိုက်တာ ဖြစ်ရပ်အမှန်ကို သိသွားတော့တယ်…။ အဲဒါကြောင့် ချီသခင်ကြီးကို ချီးမြှောက်ချင်တာနဲ့ သခင်လေး ရှောင်ယောင်းကို ရေးခိုင်းလိုက်တာလို့ ပြောပါတယ်”

ထိုစကားများကို ကြားပြီးသည့်အခါ မယ်တော်ကြီးက စိတ်ဆိုးသလို ဖြစ်သွားပြီး ပြောလေသည်။

“အဲဒီစာကို ရေးတဲ့သူမှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိကို ရှိရမယ်… ရေးသူ ဘယ်သူလဲဆိုတာရော သိပြီလား”

ယန်ရှုက အသံကို တီးတိုး လုပ်ကာ ပြောလေသည်။

“ကျွန်တော်မျိုးမ ကြားမိတာ အန်ဟုန်ရှန်းလို့ခေါ်တဲ့ ပိုင်မာ ကျောင်းတော်က ကျောင်းအုပ်ကြီးလို့ ပြောတယ်…။ အရှင်မင်းကြီးက လူလွှတ်စုံစမ်းတော့ အဲဒီလူက ဒီလို နာမည်ဖျက်တတ်တဲ့ အကျင့် ရှိတဲ့သူလို့ သိရတယ်…။ လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာတုန်းက ဆိုရင် အဲဒီလူကြောင့် နှလုံးလှတဲ့ ကျောင်းအုပ်တစ်ယောက် ဆုံးရှုံးသွားဖူးတယ်လို့ ပြောတယ်…။ အဲဒီကျောင်းအုပ်က ဆင်းရဲတဲ့ စာသင်သားတစ်ယောက်ကို ကူညီနေတာကို အန်ဟုန်ရှန်းက ဒီကျောင်းအုပ်ဟာ စာသင်သားရဲ့ မိခင်နဲ့ ဖောက်ပြန်နေပါတယ်ဆိုပြီး ဖွလို့ ကျောင်းတော်ကနေ နှုတ်ထွက်သွားရတယ်တဲ့…။ သူက အဲဒီလွတ်သွားတဲ့ နေရာမှာ ဝင်ယူတာပေါ့…။ ကြည့်ရတာ အခုလည်း ချီသခင်ကြီးကို လွင့်သွားအောင် လုပ်ပြီး သူက နေရာဝင်ယူဖို့ ကြံနေတာထင်တယ်”

မယ်တော်ကြီးက ဉာဏ်ကောင်းသဖြင့် အရိပ်ပြလျှင် အကောင်မြင်သူ ဖြစ်လေသည်။

ထို့အပြင် ယခုကိစ္စမှာ ချီသခင်ကြီးနှင့်လည်း ပတ်သက်သဖြင့် သူမမှာ လှုပ်ရှားရန် အသင့်ဖြစ်နေလေပြီ။

အဟင်းအဟင်း… အန်း ဘိုးတော်အတွက် ကြိုပြီး သရဏဂုဏ်တင်ပေးထားရတော့မည်။

မယ်တော်ကြီးက မဲ့လိုက်ပြီး ပြောသည်။

“ကိုယ့်ကျိုးနဲ့ ကြုံလာတဲ့အခါ လူတွေရဲ့ ဗီဇအမှန် ပေါ်လာကြတာပဲ… ဓလေ့ထုံးတမ်းရေးရာ ဌာနက အခုကိစ္စကို ဘယ်လို ဖြေရှင်းမှာလဲ။ သူတို့ ဖိတ်ခေါ်သမျှ လူတွေက အကျင့်ပျက် ခြစားနေကြတဲ့ သူတွေ ချည်းပဲ”

ထို့နောက် မယ်တော်ကြီးက တခဏမျှ တွေးလိုက်ပြီးနောက် ခေါင်းကို ညိတ်ကာ

“ဘာပဲဖြစ်ဖြစ်… အခုလို နာမည် ကျော်ကြားတဲ့သူတွေ… ကျောင်းတော်သားတွေ မင်းနေပြည်တော်မှာ လာစုဖို့ဆိုတာ ကြုံတောင့် ကြုံခဲ ကိစ္စပဲ…။ အခု ကိစ္စတွေလည်း ပြီးပြတ်လို့ အားလုံး ပြန်ဖို့အချိန်မကျခင် အရှင်မင်းကြီးအနေနဲ့ ညစာ တည်ခင်း ဧည့်ခံပြီး အားလုံးကို ဇနီးများပါ ခေါ်လာဖို့ ဖိတ်သင့်တယ်လို့ ထင်တယ် မဟုတ်လား… တော်ဝင် မိသားစုရဲ့ ဧည့်ဝတ်ကျေမှုကို ပြသင့်တယ်”

ယန်ရှုမှာ မျက်လုံးများ အရောင်တောက်လာသည်။

မယ်တော်ကြီးကတော့ တကယ့် မယ်တော်ကြီးပဲ။

အခုတစ်ကြိမ်လည်း ဖရဲသီးကို အခင်းထဲမှာ စားရတော့မယ် ထင်တယ်…။

******

143 01

Chapter 143

နောက် နှစ်ရက်ခန့် အကြာတွင် ဧကရာဇ်မင်းကြီးသည် နာမည်ကျော်ကြားသည့် ဆရာကြီးများ၊ ကျောင်းတော်သားများနှင့် ပေကျင်းသို့ ရောက်ရှိနေသည့် ၎င်းတို့၏ မိသားစုဝင်များအား ချန်းချွမ် ဥယျာဉ်၌ ညစာစားပွဲ တည်ခင်း ဧည့်ခံလေသည်။

ချန်းချွမ် ဥယျာဉ်ဆိုသည်မှာ နန်းတွင်း စာစစ်ပွဲ ရလာဒ်အား ကြေညာပြီးသည့်နောက် စာစစ်ပွဲ ဖြေကြားသူတို့အား ဧကရာဇ် မင်းကြီးက ဂုဏ်ပြုပွဲကျင်းပပေးသည့်နေရာလည်း ဖြစ်သည်။ ထို့ကြောင့် ဤဥယျာဉ်သည် ယခုကဲ့သို့ ကျော်ကြားသည့် ကျောင်းတော်သားများနှင့် နာမည်ကြီး ပုဂ္ဂိုလ်တို့အတွက် ဧည့်ခံပွဲ ကျင်းပရန် အလွန်သင့်တော်လှသည်။

ယနေ့ကဲ့သို့ ထူးခြားသည့်နေ့တွင် နာမည်ကျော်ကြားသည့် ဆရာကြီးများသာမက အခြားသော တက္ကသိုလ်များမှ ကျောင်းတော်သားများလည်း နန်းတွင်းသို့ ရောက်ရှိနေကြသည်။ ထိုကျောင်းတော်သား အားလုံးမှာ ပြီးခဲ့သည့် နွေဦးရာသီ နန်းတွင်း စာစစ်ပွဲ၌ လက်စွမ်း ပြခဲ့ကြသူများဖြစ်သဖြင့် ဤညစာ စားပွဲသည် ပညာရှိတို့၏ အငွေ့အသက်တို့ဖြင့် လွှမ်းခြုံနေတော့သည်။

ချန်းချွမ် ဥယျာဉ်သည် နားနေဆောင်များ၊ ရဲတိုက်များ၊ နာမည်ကျော် သစ်ပင် ပန်းမန်များနှင့် ပြည့်စုံနေသည့်အပြင် အခြား ထူးခြားလှသည့် အချက်တစ်ချက်မှာ ဥယျာဉ်ထဲရှိ စီးဆင်းနေသည့် စမ်းချောင်းလေးကို လန်ထင်း ချင်းရှီ မြစ်နှင့် တစ်ပုံစံတည်းဖြစ်အောင် ဖန်တီးဖောက်လုပ်ထားခြင်း ဖြစ်လေသည်။ ညစာ စားပွဲ ကျင်းပသည့်အခါတိုင်း တက်ရောက်သူတို့မှာ ကွေ့ဝိုက် စီးဆင်းနေသည့် ထိုစမ်းချောင်းလေး တလျှောက်တွင် ထိုင်ကြ၍ ဝိုင်အရက်ကို သောက်ကြရာ မြင်ရသည်မှာ တက်ကြွလန်းဆန်းနေပြီး ကျက်သရေ ရှိလှတော့သည်။

ညစာ စားပွဲ ပြင်ဆင်ပြီး၍ အချိန်အနည်းငယ် ကြာသည့်အခါ ဖိတ်ခေါ်ထားသည့် ဧည့်သည်တော်များ တစ်ဦးပြီး တစ်ဦး ဥယျာဉ်အတွင်းသို့ ဝင်ရောက်လာကြသည်။ သို့သော် ပြည့်ရှင် မင်းကြီးနှင့် မယ်တော်ကြီးတို့ နန်းတော်အတွင်းမှ ထွက်မလာကြသေးသဖြင့် သူတို့ အချင်းချင်း စကားပြောဆိုကြလျက် ရှိနေတော့သည်။

ဥယျာဉ်တော်၏ အလှအပများကို ခံစားကြရင်း ဧည့်သည်တော် အားလုံးမှာ သခင်လေး ရှောင်ယောင်း၏ အသစ်ထွက် စာအုပ် အကြောင်းကို ဆွေးနွေးနေကြပုံမှာ ပြီးခဲ့သည့် နှစ်ရက်အတွင်း မြို့တော်နေ ပြည်သူများ ပြောဆို ခန့်မှန်းနေသကဲ့သို့ပင် တူညီနေတော့သည်။

“ဒီစာရေးဆရာက အပြင်မှာ တကယ်ရှိတဲ့သူတွေကို မှီငြမ်းပြီးတော့ ရေးတယ်လို့ ကျုပ် ကြားဖူးတယ်… ဒါပေမဲ့ ဒီတစ်ခေါက် စာအုပ်ထဲမှာ ပါလာတဲ့ လူကြီးလူကောင်းကိုကျတော့ ဘယ်သူမှန်း မခန့်မှန်းတတ်ဘူး… တော်တော် မြင့်မြတ်ပြီး လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ပဲ”

“သိပ်မှန်တာပေါ့ဗျာ…။ သူနဲ့ မဆုံဖြစ်တာ ကြာနေတဲ့ အတန်းဖော်ဟောင်းရဲ့ သမီးကိုတောင် ကယ်တာနော်… တော်တော် ကြင်နာတတ်တဲ့သူပဲဗျာ… ရှာမှရှားပဲ”

“ဟုတ်ပ… ဟုတ်ပ”

ထိုသို့ ချီးကျူးပြောဆိုနေသည်ကို ကြားလိုက်ရသည့်အခါ လူအုပ်ဘေးတွင် ရှိနေသည့် လန်းလင်မှ နာမည်ကျော် ကျောင်းတော်သားကြီး ကုဟုန်ပိုင် က သူ့မိတ်ဆွေဟောင်းကြီး ချီရှုကွမ်းအား တီးတိုးပြောလေသည်။

“ဝတ္ထုထဲက ပုဂ္ဂိုလ်က ခင်ဗျားမဟုတ်လား။ လေးစားတယ်ဗျာ… ခင်ဗျား သခင်လေး ရှောင်ယောင်းနဲ့ ဘယ်တုန်းကများ ဘယ်လို သိလိုက်တာတုန်း”

ချီရှုကွမ်း ကိုယ်တိုင်မှာလည်း အခုရက်ပိုင်းအတွင်း မျက်စိလည်နေသည်ကတော့ အမှန်ပင်။ သူ့မိတ်ဆွေကြီးက ထိုသို့ မေးလိုက်သည့်အခါ ခေါင်းသာ ခါရမ်း၍ ရယ်မိလိုက်တော့သည်။

“သခင်လေး ရှောင်ယောင်း ဘယ်လို ပုံစံရှိမှန်းတောင် ကျုပ်မသိပါဘူးဗျာ… အဲဒီတော့ ကျုပ်နဲ့ သူနဲ့ ဘယ်လို သိလိုက်တာလဲ ဆိုတာကို ပြန်မဖြေတတ်ဘူး… အမှန်အတိုင်း ပြောရရင် အဲဒီ အကြောင်းတွေကို သူ ဘယ်ကနေ ဘယ်လိုသိပြီး အခုလို စာအုပ် ရေးလိုက်တာလဲမှန်းတောင် မခန့်မှန်းတတ်ဘူး”

သခင်ကုက ခေါင်းကို ညိတ်လိုက်ကာ ပြောသည်။

“ကျုပ်လည်း အံ့ဩ နေတာ… ခင်ဗျားက ကိုယ့်ဂုဏ်ကိုဖော် မပြောတတ်တော့… ခင်ဗျား ပြောပြလိုက်တာတော့ မဖြစ်နိုင်ဘူးလို့ ထင်သားပဲ…”

ချီရှုကွမ်းက ခေါင်းကို နောက်တစ်ကြိမ် ထပ်ရမ်းလိုက်မိသည်။ သူက နောက်ထပ် ဘာမျှ မပြောရသေးခင် ဥယျာဉ်တော် အဝင်ဝမှ ကြေညာလိုက်သံကို ကြားလိုက်ရတော့သည်။

143 02

“ဧကရာဇ် မင်းကြီး ကြွချီလာပါပြီ… မယ်တော်ကြီး ကြွချီလာပါပြီ… ကိုယ်လုပ်တော်ယီ ကြွချီလာပါပြီ”

ထိုသို့ ကြားလိုက်သည့်အခါ ဧည့်သည်တော်များ အားလုံး မတ်တတ်ရပ်လိုက်ကြသည်။ ထိုနောက်တွင် မင်းကြီး၊ မယ်တော်ကြီးနှင့် ကိုယ်လုပ်တော်ယီတို့ သုံးဦး ဥယျာဉ်တော် အတွင်းသို့ ဝင်လာကြသည်ကို မြင်လိုက်ကြရသည်။

ထိုအခါ အားလုံးက တညီတညွတ်တည်း နှုတ်ဆက်လိုက်ကြသည်။ မင်းကြီးက ခေါင်းကို ညိတ်လိုက်ပြီး ပြောသည်။

“အားလုံး သက်တောင့်သက်သာ ထိုင်ကြပါ…”

ဧည့်သည်တော်များက နာခံလိုက်ကြပြီး ပြန်ထိုင်လိုက်ကြသည်။

ထို့နောက်တွင် အားလုံးကို လက်ဖက်ရည်ကြမ်း၊ မုန့်အမျိုးမျိုးနှင့် စားစရာများ တည်ခင်း ဧည့်ခံသည်။ မယ်တော်ကြီးက ပြုံးလျက် မိန့်သည်။

“ဧည့်သည်တော် လူကြီးမင်းတို့နဲ့ မိသားစုဝင်များ အားမနာကြပါနဲ့… ဒီနေ့ အရှင်မင်းကြီးက လူကြီးမင်းတို့ အားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ ညစာကို အကောင်းဆုံး ပြင်ဆင်ပေးထားတာပါ… အဲဒါကြောင့် အဝ စားကြပါ”

အားလုံးကလည်း နာခံလိုက်ကြပြီး တော်ဝင်မိသားစုကို ကျေးဇူးတင်ကြောင်း ပြောကြလေသည်။

ဝိုင်အရက် တစ်ခွက်စီ သောက်ပြီးသည့်အခါ မယ်တော်ကြီးက ပြောသည်။

“စကားမစပ် ခုဏက မယ်တော်ကြီးတို့ ဝင်လာတုန်းက လူကြီးမင်းတို့ ဆွေးနွေးနေတာ ကြားမိလိုက်သလိုပဲ…။ လူကြီးမင်းတို့ အားလုံး သခင်လေး ရှောင်ယောင်းရဲ့ စာအုပ်ကို ဖတ်ပြီးသွားကြပြီလား”

— ကောယွမ်ဟွား ပြဿနာအပြီးတွင် သခင်လေး ရှောင်ယောင်း၏ အစွမ်းအပေါ် မယ်တော်ကြီး ကိုယ်တိုင်ကပင် ယုံကြည်နေကြောင်းကို အားလုံး ကောင်းကောင်း သိပြီးကြပြီဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ မေးလိုက်သည့်အခါ အားလုံးက ဖတ်ပြီးကြောင်း ပြောကြပြီး သခင်လေး ရှောင်ယောင်းကို ချီးမွမ်းကြလေသည်။

ဤသို့ လူအများက ချီးမွမ်းသည်ကို ကြားရသည့်အခါ ယွီဝိန်းလန်က ယန်ရှုဖက်သို့ တချက် လှမ်းကြည့်လိုက်သည်။

ထိုသို့ ကြည့်ရသည်မှာ ယခုကဲ့သို့ နာမည်ကျော်ကြား ကျောင်းတော်သားကြီးများက ချီးကျူးလိုက်သဖြင့် သူမ ပျော်နေမည်ဟု သူ ထင်လိုက်၍ ဖြစ်သည်။

သို့ရာတွင် ယန်ရှုမှာ ကြာပန်း ကိတ်ကို အားရပါးရ စားနေသည်ကို မြင်လိုက်ရသည်။ သူမ၏ ခေါင်းထဲတွင်လည်း တွေးနေသည်။

[သခင်လေး ရှောင်ယောင်းက ကျောင်းတော်သားမို့ သူတို့က ချီးကျူးနေကြတာ… စာရင်းထိပ်မှာ ရှိနေလို့ မြှောက်ပင့်နေကြတာ…။ ငါ့ကို ချီးကျူးနေတာမဟုတ်ဘူး… မာန် မတက်မိစေနဲ့]

ယွီဝိန်းလန် - “...”

အင်း… ကြည့်ရတာ ဒီကောင်မလေးရဲ့ စိတ်ဓါတ်ကတော့ ကောင်းသားပဲ…။

ဒါပေမဲ့ ‘စာရင်းထိပ်မှာ ရှိနေတာ’ ဆိုတာက ဘာကို ပြောတာပါလိမ့်။

ထိုစဉ် မယ်တော်ကြီးက မေးလိုက်သည်။

“ဒီလိုဆိုရင် ဇာတ်လမ်းထဲက လူက ဘယ်သူလဲဆိုတာ လူကြီးမင်းတို့ သိကြပြီလား”

ယွီဝိန်းလန် - “…”

မယ်တော်ကြီးက ကာယကံရှင်ကို ကိုယ်တိုင် ကြေညာမလို့လား။

အဲဒီလိုကျတော့ နည်းနည်း တိုက်ရိုက် ဆန်မနေဘူးလား။

ထိုသို့ တွေးရင်း ချီရှုကွမ်းအား မသိမသာ လှမ်းကြည့်မိလိုက်သည်။ ချီသခင်ကြီးမှာ မျက်လွှာကို ချလျက် ထိုင်နေသည်ကိုမြင်လိုက်ရသည်။ စိတ်ထဲတွင်မူ [ငါမှန်း သူ သိနေပြီလား။ သူက ဘယ်လို ခန့်မှန်းလိုက်တာလဲ။] ဟု တွေးနေသည်ကို ကြားလိုက်ရသည်။

143 03

အစားအသောက်ကို မဲနေသည့် ယန်ရှုမှာ ဤသည်ကို ကြားလိုက်ရသည့်အခါ စိတ်ထဲမှနေ၍ အော်လိုက်မိလေသည်။

“ဒါမှ မယ်တော်ကြီးကွ… ဘာမှ အပိုတွေ လုပ်မနေဘူး…။ ချီသခင်ကြီးတော့ အခု ဘယ်လို နေမလဲမသိဘူး။ သူ ရင်တွေ ဘာတွေများ ခုန်နေမလား”

ယွီဝိန်းလန် - “...”

မယ်တော်ကြီး၏ စကားကို ကြားလိုက်ရသည့်အခါ အားလုံးမှာ အံ့အားသင့်သွားကြပြီး တပြိုင်နက်တည်းလိုလို မေးလိုက်ကြသည်။

“ဒီလောက် ကြင်နာတတ်ပြီး လေးစားဖွယ်ရာကောင်းတဲ့ ပုဂ္ဂိုလ်က ဘယ်သူများပါလဲ”

ထိုစဉ် အမျိုးသမီးကုက ပြုံးကာ ထပြောလိုက်သည်။

“ကျွန်မ သိပါတယ်… အဲဒါက ချီသခင်ကြီးပါပဲ…. ဖုန်းချွေ့မှာ သူ မိန်းကလေးတစ်ယောက်ကို ကယ်တင်ခဲ့ဖူးတယ်…။ ကျွန်မနဲ့ ကျွန်မရဲ့ ခင်ပွန်းက ဒီကိစ္စမှာ သက်သေခံပေးလို့ရပါတယ်”

ထိုသို့ ကြားလိုက်ရသည့်အခါ ဥယျာဉ်ထဲ ရှိနေသူ အားလုံးက ချီသခင်ကြီးကို တခဲနက် ချီးကျူးလိုက်ကြသည်။

နာမည်ကျော် ကျောင်းတော်သားများသာမက တက္ကသိုလ် ကျောင်းတော်သားများပင် ချီရှုကွမ်းအား တလေးတစား ချီးကျူးကြသည်။

သခင်ကျိုးက ပြောသည်။

“ချီသခင်ကြီး တော်တာကို ကျွန်တော်ကြားဖူးပြီးသား။ ဒါပေမဲ့ စောစောစီးစီး အနားယူသွားတာကတော့ နှမျောစရာပါပဲ…။ ဘာပဲဖြစ်ဖြစ် ဒီနေ့ အခုလို ချီသခင်ကြီးနဲ့အတူ ထိုင်ပြီး သောက်ခွင့်ရတာ တကယ် ဂုဏ်ယူမိပါတယ်”

အားလုံးကလည်း တသံတည်း ချီးကျူးလိုက်ကြသည်။

ချီရှုကွမ်းမှာ မတတ်သာတော့ဘဲ ထရပ်လိုက်ကာ ပြောလိုက်သည်။

“မိတ်ဆွေတို့ အားလုံး တကယ်ကို ကြင်နာ နားလည်ပေးတတ်သူတွေပါပဲ…။ ချီးကျူးသံတွေကို ကျွန်တော် မခံယူဝံ့ပါဘူး”

ထိုသို့ ပြောလိုက်သည်ကို ကြားလိုက်ရသည့်အခါ မယ်တော်ကြီးက ပြုံးကာ ပြောလေသည်။

“ချီသခင်ကြီး… ကိုယ့်ကိုယ်ကို အရမ်း မနှိမ်ပါနဲ့…။ အခုလို သူတပါး အကျိုးသယ်ပိုးနိုင်တာက အင်မတန်မှ ရှားပါးတဲ့ အရည်အချင်းမျိုးပါ… ဟိုးအရင်တုန်းကလည်း သခင်ကြီး ဒီလိုပဲ မယ်တော်ကြီးအတွက် အကျိုးဆောင်ခဲ့ဖူးတာပဲလေ”

ယွီဝိန်းလန်မှာ ဆွံ့အ သွားမိသည်။

ထိုစဉ် သူဘာမျှ မပြောနိုင်မီ အော်ဟစ် အားပေးလိုက်သည့် အသံကို ကြားလိုက်ရတော့သည်။

[ဝိုး… ဒါမှ မယ်တော်ကြီးကွ… ဇပြင်းတဲ့ ငါတို့ မယ်တော်ကြီး… အိုး အိုး… အချစ်တွေ အချစ်တွေ… အိုး အိုး]

ထိုသို့ အားပေးနေသူမှာ ယန်ရှုဖြစ်ကြောင်း ပြောနေစရာပင် မလိုတော့…။

ယန်ရှု၏ အော်ဟစ် အားပေးသံမှာ ကျယ်လွန်းသဖြင့် ယွီဝိန်းလန်မှာ ယောင်ပြီး နားပင် ပိတ်မိတော့မလို ဖြစ်သွားသည်။

အေးပါကွာ… နားပိတ်လိုက်တော့ကော မကြားရတော့မှာ ကျနေတာပဲ။

ထို့ကြောင့် မျက်နှာ အမူအရာ မပျက်အောင်သာ သတိနှင့် ထိန်းလိုက်ရသည်။

ထိုအချိန်တွင် ချီရှုကွမ်းက မယ်တော်ကြီးအား တလေးတစား ပြောသည်။

“မယ်တော်ကြီး ချီးမြှောက်လွန်းနေပါပြီ…။ ကျွန်တော်မျိုးရဲ့ လုပ်ရပ်က သေးသေးလေးပါ…။ ကျွန်တော့်နေရာမှာ တခြားလူဆိုလည်း လုပ်မိမှာပါ”

ထိုသို့ ပြောပြီးသည့်အခါ ယွီဝိန်းလန်၏ နားထဲသို့ နောက်ထပ် အော်ဟစ် အားပေးသံများ ဝင်လာပြန်သည်။

143 04

[ယို့ ယို့… သူတို့ နှစ်ယောက် အပြန်အလှန် ချီးမွမ်းခန်း ဖွင့်နေကြတယ်တဲ့… အား… လူပျိုကြီးက အရမ်းကို သိက္ခာပုဒ် ထိန်းတာပဲကွာ… CP ပရိတ်သတ်တွေ အရည်ပျော်ကုန်တော့မယ်…]

ယွီဝိန်းလန် - “...”

မင်း အော်လို့ရော ပြီးဦးမှာလား … ဟမ်။

ပြီးတော့… ဘာလဲ ‘သိက္ခာပုဒ် ထိန်းတယ်’ ဆိုတာ။

ထိုစဉ် မယ်တော်ကြီးက ပြောသည်။

“ဘယ့်နှယ် သေးသေးလေးရမှာတုန်း…။ လူတစ်ထောင်မှာ တစ်ယောက်တောင် သခင်ကြီးလို မလုပ်နိုင်ပါဘူး”

လူတိုင်း ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြသည်။ ဟုတ်လည်း ဟုတ်သည်… ချီသခင်ကြီး သူစိမ်း မိန်းကလေးတစ်ယောက်အတွက် တခဏအတွင်း စုဆောင်းပေးခဲ့သည်ငွေမှာ ငွေသား ရှစ်စလည်းမဟုတ် ငွေသား ရှစ်ဆယ်လည်း မဟုတ်… ငွေသား ရှစ်ရာတောင် ဖြစ်သည်…။

တခဏမျှ ငြိမ်သွားပြီးသည့်အခါ မယ်တော်ကြီးက ထပ်မေးလေသည်။

“ချီသခင်ကြီးက ငွေကြေး ချမ်းသာသူ မဟုတ်ပါဘူး။ ဘယ်လိုလုပ်များ ဒီလောက် ငွေအများကြီးကို စုဆောင်းခဲ့သလဲ”

ချီရှုကွမ်းက အလျင်အမြန်ပင် ပြန်ဖြေသည်။

“မယ်တော်ကြီးခင်ဗျာ… ဒီငွေတွေက ကျွန်တော်မျိုး တစ်ယောက်တည်းရဲ့ ငွေမဟုတ်ပါဘူး…။ တခြား မိတ်ဆွေ အပေါင်းအသင်းတွေရယ်… ရွာသူ ရွာသားတွေရယ် ပေါင်းပြီး စုထားတာပါ…။ အထူးသဖြင့် ဒီက သခင်ကုနဲ့ ဇနီးတို့က ရက်ရက်ရောရော ငွေစ တစ်ရာတောင် လှူပေးတာကြောင့်လည်း ပါပါတယ်…။ အဲဒါကြောင့် ကျွန်တော်မျိုး တစ်ယောက်တည်းနဲ့ လုပ်ခဲ့တဲ့ အလုပ် မဟုတ်ပါဘူး။ အဲဒါကြောင့် ချီးကျူးတာကို ကျွန်တော် တစ်ယောက်တည်း မခံယူထိုက်ပါဘူး”

မယ်တော်ကြီးမှာ မျက်လုံးများ အရောင်တောက်သွားပြီး ကုလင်မယားကို ချီးကျူးလိုက်သည်။

“လေးစားထိုက်တဲ့ ဒီလင်မယားဟာလည်း ချီးကျူးဖွယ်ရာပါပဲ…”

ဧည့်သည်တော်များ အားလုံးကလည်း တသံတည်း ချီးကျူးကြသည်။

ထိုအခါ ကုဟုန်ပိုင်က အလျင်အမြန်ပင် ပြောသည်။

“အခုလို ချီးကျူးကြတာ ကျေးဇူးပါ… ကျွန်တော်တို့က ချီသခင်ကြီး နှစ်ရှည်လများ စုဆောင်းထားတဲ့ လက်ရေးလှ စာပေတွေ ပန်းချီတွေ တခြားကို ရောင်းပစ်လိုက်မှာ စိုးလို့ ဝင်ကူရတာပါ… ကျွန်တော်တို့ ကူညီတယ်ဆိုတာက တကယ်က သေးသေးလေးပါ… ထည့်ပြောစရာတောင် မလိုလှပါဘူး။ ချီသခင်ကြီးကမှ တကယ် ချီးကျူးထိုက်တဲ့သူပါ… တခု ကျွန်တော် တွေးမိတာက နှစ်ပေါင်းများစွာ ရင်းနီးလာတဲ့ ချီသခင်ကြီးက ကိုယ့်ဂုဏ်ကို မဖော်တတ်တဲ့သူမျိုးပါ… အခု ကိစ္စကို ဘယ်လိုများ သိသွားကြတာလဲ မသိဘူး”

ထိုအခါ ယန်ရှုက အလျင်အမြန် ဝင်ဖြေသည်။

“အမှန်တကယ်ကတော့ လွန်ခဲ့တဲ့ နှစ်ရက်လောက်က သခင်လေး ရှောင်ယောင်းဆီ စာတစ်စောင် ရောက်လာတယ်…။ အဲဒီစာထဲမှာ ဖြစ်ရပ် အပြည့်အစုံ မပါဘဲ ‘ချီသခင်ကြီး ကိုယ်လုပ်တော် တစ်ယောက် ဝယ်ဖူးတယ်’ လို့ပဲ ရေးထားပါတယ်…။ အဲဒါကို မသင်္ကာလို့ သခင်လေးရှောင်ယောင်းက အရှင်မင်းကြီးထံ အဲဒီစာကို ပြလိုက်ပါတယ်…။ မင်းကြီးက ချီသခင်ကြီးရဲ့ အကျင့်ကို နားလည်တော့ တစ်ကိုယ်တည်း လူပျိုကြီး လုပ်နေမှန်း သိထားပါတယ်…။ အဲဒါကြောင့် တအံ့တဩဖြစ်မိပြီး ရဲမတ်တွေကို စုံစမ်းခိုင်းပါတယ်…။ အဲဒီမှာ ဖြစ်ရပ်မှန် ပေါ်ထွက်လာတာပါ”

ထိုသို့ ကြားလိုက်သည့်အခါ အားလုံးမှာ မျက်ခုံးပင့်လိုက်ကြပြီး စဉ်းစားခန်း ဖွင့်ကြတော့သည်။ ကုဟုန်ပိုင် က ပြောသည်။

“အဲဒီ စာကို ရေးပို့သူက အဖြစ်မှန်ကို သိပြီးသားလား ဒါမှမဟုတ် မသိဘဲ သူများ ပြောစကားကို ကြားပြီး ရေးတာလား။ သခင်လေး ရှောင်ယောင်းဆီ ပို့တဲ့စာဖြစ်နေလို့ ရေးတဲ့သူရဲ့ ရည်ရွယ်ချက်ကို သိအောင် စုံစမ်းသင့်တယ်လို့ ထင်ပါတယ်”

ထိုအခါ အမျိုးသမီးကုက ဒဲ့တိုး ပြောလေသည်။

“စာကြောင်းတောင် ပြည့်စုံအောင် မရေးဘဲ ကောလဟာလ ဖြန့်ချင်သေးတယ်တဲ့လား…။ အကယ်၍ အရှင်မင်းကြီးရဲ့ အမြော်အမြင်ရှိမှုကြောင့်သာ မဟုတ်ခဲ့ရင် ချီသခင်ကြီးတော့ ဒုက္ခရောက်ပြီ…။ ဘယ်လိုမှ ရှင်းမရ ဖြစ်မှာ… ဘယ်သူက လက်သရမ်းပြီး ရေးလိုက်တာလဲ မသိဘူး”

143 05

သူတို့ ပြောချင်နေသည့် စကားကို အမျိုးသမီးကုက ပြောလိုက်သည့်အခါ ကြားရသူအားလုံး ခေါင်းညိတ် ထောက်ခံမိလိုက်ကြသည်။

အန်းဟုန်ရှန်း တစ်ယောက်သာလျှင် နေရကျပ်နေတော့သည်။

အရှင်မင်းကြီးက ဒီကိစ္စကို အပင်ပန်းခံ၍ စုံစမ်းခိုင်းလိမ့်မည်ဟု သူမတွက်ထားချေ။

ထိုထက် ပိုထူးဆန်းသည်မှာ နေပြည်တော်မှ ဖုန်းချွေ့သို့ သွားလျှင် အနည်းဆုံး သုံးရက်ခန့် ကြာသောကြောင့် ဤကိစ္စကို ဤမျှ မြန်မြန် မည်သို့ စုံစမ်းလေသနည်း။

ထိုစဉ် ယန်ရှုက ထပ်၍ ပြောလေသည်။

“တကယ်က… ဒီပုဂ္ဂိုလ်က ချီသခင်ကြီးတင် မဟုတ်ဘူး သခင်ကု အကြောင်းကိုလည်း ရေးထားသေးတယ်”

ထိုသို့ ကြားလိုက်ရသည့်အခါ ကုလင်မယားမှာ နှုတ်ဆွံ့သွားကြလေသည်။

အမျိုးသမီးကုက အမြန်ပင် မေးတော့သည်။

“ကိုယ်လုပ်တော်ယီ… ကျွန်မရဲ့ သခင်ကု အကြောင်းကို အဲဒီလူက ဘယ်လိုများ ရေးထားပါသလဲ”

ယန်ရှုက ချောင်းတချက် ဟန့်လိုက်ပြီး ပြောသည်။

“အဲဒီ စာထဲမှာ ငယ်စဉ်တုန်းက သခင်ကုဟာ စာပေ ဖတ်ရှုရတာ မနှစ်သက်ဘဲ ဈေးထဲမှာ ဗေဒင် ဟောစားတယ်… လူတွေကို လိမ်စားတယ်လို့ ရေးထားတယ်။”

ထိုစကားကို ကြားလိုက်ရသည့်အခါ အန်းဟုန်ရှန်းမှာ တောင့်တောင့်ကြီး ဖြစ်သွားမိတော့သည်။

ဒါ… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

အဲဒီစာကို ပို့တောင် မပို့ရသေးဘူးလေ။

သူ စီစဉ်ထားသည်မှာ ချီရှုကွမ်း ပြုတ်ကျသွားပြီးမှ ပို့ရန် ဖြစ်သည်။

ထိုစဉ် အမျိုးသမီးကုက ဒေါသထွက်သွားပြီး —

“ကိုယ်လုပ်တော်ယီ… ဒီကိစ္စဟာ တမင် သိက္ခာချတာပါ…။ အဲဒီတုန်းက သခင်ကုက ကျွန်တော်မျိုးမကို မြင်ချင်လွန်းလို့ ဈေးထဲမှာ ရက်နည်းနည်းလောက် ဗေဒင်ဆရာ ဟန်ဆောင်ပြီး စောင့်နေတာပါ…။ တကယ်က ဗေဒင် ဟောခန်းရယ်လို့တောင် ပြောပလောက်အောင် မရှိပါဘူး… အဲဒါကို ဘယ်လိုလုပ် သူက လူတွေကို လိမ်စားလို့ရမှာလဲ။ ဒီစာ ရေးတဲ့သူက တမင် ကောလဟလတွေ ဖြန့်ပြီး အပုပ်ချရုံ သက်သက်ပါ… ဒီလူ ဘာတွေ ကြံစည်နေတာလဲ မသိဘူး”

ဒါပေါ့… အကြံမရှိဘဲ ဒီကိစ္စကို အားအားယားယား ဘယ်သူမှ မလုပ်ပါဘူး။

ဧည့်သည်တော်များမှာ အဖြစ်အပျက် အကြောင်းစုံကို ယခု သိသွားကြပြီ ဖြစ်သည်။ ထို့ကြောင့် အားလုံးက ရေးသူကို ရှုံ့ချလိုက်ကြသည်။

“အဓိပ္ပာယ် မရှိလိုက်တာ… ဒီလို ကောလဟလတွေကို ဒီလူ ဘာရည်ရွယ်ချက်နဲ့ ဖြန့်နေတာလဲ”

“ဒါ ဘယ်သူ့ လက်ချက်ဆိုတာ သိလို့ကတော့ လုံးဝ ခွင့်မလွှတ်သင့်ဘူး”

အမျိုးသမီးကုမှာ စိတ်အလွန်ဆိုးနေသဖြင့် ဥယျာဉ်ထဲ ရှိနေသည့် လူများကို ကြည့်၍ အော်ပြောလေသည်။

“ရေးတဲ့သူရေ… ကျွန်မတို့နဲ့ ပတ်သက်လို့ ပြောချင်တာ ရှိရင် တည့်တည့် လာပြောပါ… အခုလို ဟောလဟလတွေ ဖြန့်လို့ ငရဲ ကျရင် လျှာ ဆွဲဖြတ်ခံရမှာ မကြောက်ဘူးလား”

ထိုအခါ ကုဟုန်ပိုင်က မယ်တော်ကြီး၊ ယန်ရှုနှင့် ယွီဝိန်းလန်တို့ကို ပြာပြာသလဲ တောင်းပန်လိုက်သည်။

“ခွင့်လွှတ်ပေးတော်မူပါ ခင်ဗျာ… ကျွန်တော်မျိုးရဲ့ ဇနီးကတော့ ဒီလိုပဲ ပြောတတ် ဆိုတတ်လို့ပါ”

မယ်တော်ကြီးက ပြုံးလိုက်ကာ ပြောသည်။

143 06

“အမျိုးသမီးကုက တကယ့ သတ္တိရှိပြီး ရဲတာပဲ… သူ ထင်တာ မမှားပါဘူး… ဒီစာကို ရေးတဲ့သူက ဒီဥယျာဉ်ထဲမှာ ရှိနေပါတယ်”

ထိုအခါ ဧည့်သည်တော်များ အားလုံး အံ့အားသင့်ကုန်ကြသည်။ ပြီးနောက် တစ်ဦးကို တစ်ဦးကြည့်မိလိုက်ကာ မည်သူ ဖြစ်နိုင်သည်ကို ခန့်မှန်းကြကုန်သည်။

ယွီဝိန်းလန်က အန်းဟုန်ရှန်း ဆိုသည့် ပုဂ္ဂိုလ်ကို လှမ်းကြည့်လိုက်ရာ ထိုသူသည် မျက်တောင် တဖြတ်ဖြတ် ခတ်နေသည်ကို မြင်လိုက်ရသည်။ ပြီးနောက် သူက ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး တွေးလိုက်သည်ကို ကြားလိုက်ရသည်။

[ဒီမှာ ကြာကြာ နေလို့တော့ မဖြစ်ချေဘူး… ညစာ စားပွဲ ပြီးတာနဲ့ ငါ ယန်ဝူ ကို တန်းပြန်မှ ဖြစ်မယ်]

ဪ… ဒင်းက ထွက်ပြေးချင်တယ်ပေါ့လေ။

ထိုအခါ ယွီဝိန်းလန်က ဝင်ပြောလိုက်သည်။

“အားလုံး မပူကြပါနဲ့… ငါကိုယ်တော် ဒီကိစ္စကို စုံစမ်းခိုင်းထားတယ်…။ အမှန်တရားက ပေါ်လာတော့မှာပါ…။ ဒီလူ သူ့အပြစ်သူ အသိရှိရှိ ထွက်ပြီး ဝန်မခံရင်တောင် ရှာတွေ့ပါလိမ့်မယ်”

ထိုစကားများ ကြားလိုက်သည့်အခါ အန်းဟုန်ရှန်း မှာ ပို၍ပင် အနေခက်လာတော့သည်။ သို့ရာတွင် သူက အားတင်းလိုက်သည်။ [ဘာမှမဖြစ်ဘူး… မိသွားရင်တောင်… အဖြစ်မှန်ကို မသိဘဲ ရေးမိတာပါလို့ ပြောလိုက်မယ်… ပစ်စာလေး ရေးမိတာ ဒုစရိုက်မှုကြီး မဟုတ်ပါဘူး…။]

အေ… အေ… တင်းထားလိုက်ဦး…။

ယွီဝိန်းလန်က မဲ့လိုက်ပြီး ဟန်လင်း ကျောင်းတော်သား ကျိုးမိုကျုံးဖက်ကို လှည့်ကြည့်လိုက်သည်။

ထိုအခါ ကျိုးမိုကျုံးက

“အားလုံးကို ပြောပြချင်တာ ရှိပါတယ်… ကျွန်တော် ဖြစ်ရပ်တစ်ခုကို ကြားဖူးတယ်… လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဟန်လင်းကျောင်းတော်မှာ အလုပ်ဝင်လာတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့တယ်…။ အဲဒီမှာ သူက အဖြစ်အပျက်တစ်ခုကို ပြောပြတယ်…။ သူ့အဖေက သူငယ်ငယ်လေးကတည်းက ဆုံးသွားတဲ့အတွက်… အမေအို မုဆိုးမကြီးက ရှာဖွေကျွေးရတာပေါ့…။ အဲဒီတုန်းက သူက ပိုင်မာ ကျောင်းတော်မှာ စာသင်သားအဖြစ်နဲ့ ပညာရှာနေတုန်းပေါ့…။ အဲဒီကျောင်းတော်က ကျောင်းအုပ်ကလည်း သူ့ကို ကူညီပေးတယ်…။ ကျွန်တော့် အပေါင်းအသင်းက အဲဒီ ဆရာကြီးကို အရမ်း ကျေးဇူးတင်ခဲ့တာ…။ ဒါပေမဲ့ တနေ့ကျတော့ ဆရာကြီးနဲ့ သူ့အမေတို့ ကျိတ်ပုန်းခုတ်နေပါတယ်ဆိုပြီး မကောင်းသတင်း ကောလဟလတွေ ထွက်လာပါလေရော…။ အဲဒီမှာ နှလုံးလှတဲ့ ဆရာကြီးက ဒေါသတွေ ထွက်ပြီးတော့ ကျောင်းတော်ကနေ နှုတ်ထွက်သွားတယ်…။ ကျွန်တော့်အပေါင်းအသင်းကလည်း သူ့အမေအတွက် အရမ်း အားနာ ရှက်ရွံ့မိပြီး ကျောင်းတော်ကနေ နှုတ်ထွက်လာတယ်… ကျောင်းအုပ်ကြီး နှုတ်ထွက်သွားတဲ့အခါ လွတ်လပ်သွားတဲ့ နေရာကို ကောလဟလ ဖြန့်တဲ့ ပုဂ္ဂိုလ်က ဝင်ယူတော့တယ်…။ သင်တန်း ဆရာအဖြစ်ကနေ ကျောင်းအုပ်ကြီးရာထူးကို ခုန်တက်သွားတာပေါ့… သေချာတွေးလိုက်ရင် ဒီ ကောလဟာလ ဖြန့်တဲ့သူရဲ့ နည်းစနစ်က အခုနဲ့ အတူတူပဲ”

ပိုင်မာကျောင်းတော်။

ကျောင်းအုပ်။

ထိုစကားများ ကြားလိုက်ရသည့်အခါ အားလုံးက လူသေတစ်ယောက်လို မတုန်မလှုပ် ဖြစ်နေသည့် အန်းဟုန်ရှန်းကို ဝိုင်းကြည့်လိုက်ကြသည်။

သူ မဟုတ်လား။

လက်စသတ်တော့ သူကိုး။

သို့ရာတွင် အန်းဟုန်ရှန်းမှာ မသိချင်ယောင်ဆောင်ရန် ဆုံးဖြတ်ထားဆဲ ဖြစ်သည်။ သူ၏ မျက်လုံးများကို အောက်သို့ စိုက်ထားပြီး လူအများ၏ အကြည့်ကို မမြင်ရအောင် ရှောင်နေလိုက်သည်။

အမျိုးသမီးကုက မဲ့လိုက်သည်။

“ကျွန်မ မှတ်မိပြီ… ချီသခင်ကြီး ဟိုကောင်မလေးအတွက် ငွေစုနေတုန်းက ပိုင်မာ ကျောင်းတော်က အနီးအနားမှာ ရှိတယ်…။ ကျောင်းတော်ရဲ့ ကျောင်းအုပ်ဖြစ်တဲ့သူက ဒီကိစ္စကို ကြားမိမှာ အသေအချာပဲ”

143 07

ထိုသို့ ပြောလိုက်သည့်အခါ အားလုံးမှာ သဘောပေါက်သွားပြီး ခေါင်းကို ခါရမ်းမိလိုက်ကြကာ အန်းဟုန်ရှန်းကို ကြည့်လိုက်ကြသည်။

လူအများထဲမှ တစ်ယောက်က သက်ပြင်းကို ချ၍

“မကူညီချင်တာက ထားပါ… သူများ ကွယ်ရာမှာ အခုလို ကောလဟလတွေ ဖြန့်တာက ဘာသဘောလဲ။ သူများကို သိက္ခာချပြီး ပယ်ထုတ်လိုက်ရင် ခင်ဗျားအတွက် အခွင့်အရေး ပိုရလာမယ် တွေးတာလား”

ထိုသို့ ကြားလိုက်သောအခါမှ အန်းဟုန်ရှန်းက ထပြောတော့သည်။

“တိုက်ဆိုင်လိုက်တာ… ကျွန်တော်လည်း ပိုင်မာ ကျောင်းတော်ကပဲ… ကျောင်းတော်က ဘယ်တစ်ယောက်ကများ အခုလိုတွေ ထလုပ်တာလဲ မပြောတတ်ဘူး”

ထိုသို့ ပြောလိုက်သည့်အခါ အမျိုးသမီးကုက သူ့နာမည်ကို ဒေါသတကြီးခေါ်၍ ပြောလေသည်။

“အန်းဟုန်ရှန်း နင်ဟာ ငါမြင်ဖူးသမျှထဲမှာ အရှက်ကင်းမဲ့ဆုံး လူပဲ…။ ဆရာကြီး ဖုန်းရွှယ်ဟိုင် ပိုင်မာကနေ နှုတ်ထွက်သွားတုန်းက သူ့နေရာကို နင်ဝင်ယူတာ မဟုတ်ဘူးလား။ ပြီးတော့ ဟိုးအရင်တုန်းက နင်က ငါ့ယောက်ျားရဲ့ အောက်က အတန်းငယ် စာသင်သားပဲရှိသေးတယ်… အဲဒါကြောင့် သူဈေးထဲမှာ ဗေဒင် ဟောဆိုင် ဖွင့်တာ နင်ကလွဲရင် ဘယ်သူ သိတာရှိလို့လဲ။ လွန်ခဲ့တဲ့ နှစ်နှစ် ချီသခင်ကြီး ငွေစုတုန်းက သူ အကူအညီတောင်းဖို့လာတော့ ထွက်မတွေ့တာဆိုလို့ နင်တစ်ယောက်ပဲ ရှိတာ… နင်ဟာလေ တော်တော် အရှက်ကင်းမဲ့ပြီး အရေထူတဲ့ လူ”

ထိုအခါ မည်သူက စ လိုက်သည်မသိ အားလုံးက အမျိုးသမီးကုကို လက်ခုပ်တီးကာ ချီးမွမ်း ဂုဏ်ပြု လိုက်ကြသည်။ ကုဟုန်ပိုင်က ရယ်လိုက်ပြီး

“ငါ့ဇနီးက ပြောချလိုက်ပြန်ပြီ…။ ဆရာအန်းအနေနဲ့ သိက္ခာဆယ်လို့ရအောင် သူကိုယ်တိုင် ဝန်ခံခွင့်လေး ပေးလိုက်ပါဦး”

အမျိုးသမီးကုက နှာခေါင်းကို ရှုံ့လိုက်သည်။

“ဒီလောက် အရှက်မဲ့တဲ့သူက ဘာသိက္ခာများ ရှိချင်သေးလို့လဲ။ သူ့ကို အသေ ရိုက်သတ်ရင်တောင် ဝန်ခံမဲ့ရုပ် မဟုတ်ဘူး…။”

အားလုံး လက်ခုပ်တီးကာ အားပေးကြပြန်သည်။

“အမျိုးသမီးကုကတော့ တကယ့် အာဂ မိန်းမပဲ”

အန်းဟုန်ရှန်းမှာ တောင့်မထားနိုင်တော့ချေ…။ ထို့ကြောင့် ထိုင်ရာမှ ထလိုက်ပြီးနောက် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး အရှင်မင်းကြီးအား အနူးအညွန့် တောင်းပန်တော့သည်။

“ကျွန်တော်မျိုး အသိစိတ် လွတ်သွားမိပါတယ်… ကျေးဇူးပြု၍ သက်ညှာ ခွင့်လွှတ်ပေးတော်မူပါ အရှင်မင်းကြီး!”

ထိုအခါ မယ်တော်ကြီးက အေးစက်စက် ပြန်ပြောလေသည်။

“အမျိုးသမီးကုသာ မကျိန်းမောင်းခဲ့ဘူးဆိုရင် နင် ဘယ်အချိန်ထိတောင် ပေငြင်းနေဦးမလဲ မသိဘူး… အဲဒါနဲ့များ အရှင်မင်းကြီးကို ခွင့်လွှတ်ဖို့ တောင်းပန်နေသေးတယ်ပေါ့လေ”

ထို့နောက် သူမက အားလုံးကို ကြည့်၍ ပြောလိုက်သည်။

“မယ်တော်ကြီးရဲ့ အမြင်ကတော့ ဒီပုဂ္ဂိုလ်ဟာ လူတိုင်းရဲ့ ပြစ်တင် ကျိန်းမောင်းမှုကို ခံထိုက်တဲ့သူ ဖြစ်တယ်…။ အဲဒါကြောင့် ဒီနေ့ ဖြစ်ရပ်နဲ့ ဒီလူရဲ့ မကောင်းမှု လုပ်ရပ်တွေကို စာတင်စေ…။ ပြီးရင် နန်းမြို့တော်နဲ့ ပိုင်မာ ကျောင်းတော်မှာ သုံးလ တိတိ အဲဒီ စာကို ကပ်ထားစေ… အဲဒါမှ လူတွေအားလုံး ဒီစာကို မြင်ပြီး ဒီလူကို အိပ်မရလောက်တဲ့အထိ ပြစ်တင် ကျိန်းမောင်းကြမှာ”

ထိုအခါ အားလုံးက ချီးကျူး ထောပနာ ပြုလိုက်ကြတော့သည်

“မယ်တော်ကြီးရဲ့ ဉာဏ်ပညာ ကြီးမားလှပါပေတယ်”

******

144 01

Chapter 144

အမှန်အတိုင်းပြောရလျှင် တက်ရောက်လာကြသည့် ဧည့်သည်တော်အားလုံးမှာ အန်းဟုန်ရှန်း၏ လုပ်ရပ်ကြောင့် စိတ်ပျက်နေကြပြီဖြစ်သည်။

ထို့ကြောင့် မယ်တော်ကြီးမှ ထိုသို့ မိန့်ကြားပြီးသည်နှင့် အားလုံးမှာ လက်ခုပ်လက်ဝါးတီးက ထောပနာ ပြုလိုက်ကြတော့သည်။

ယွီဝိန်းလန်မှာလည်း စိတ်ထဲတွင် အော်ဟစ်အားပေးနေသည့် ယန်ရှုအသံကို ဆက်တိုက်ကြားနေရသည်။

[အိုး… အားလုံးကို တော်တော် စီးမိုးနိုင်တဲ့ မယ်တော်ကြီး… ချီသခင်ကြီးရေ မြင်အောင် ကြည့်ထား… မယ်တော်ကြီး အခုလို လုပ်နေတာတွေ အားလုံး သခင်ကြီးအတွက်ပဲ]

ယွီဝိန်းလန် - “...”

ထိုသို့ အော်ဟစ်အားပေးနေသံများမှာ နှုတ်က ထွက်လာခြင်း မဟုတ်သည့်အတွက် တော်ပါသေးသည်။

ထိုစဉ် ချီရှုကွမ်းက မတ်တတ်ရပ်လိုက်ပြီး ပြောလေသည်။

“မယ်တော်ကြီး ခင်ဗျာ… စိတ်ကို လျှော့ပါ… အမျက်တော် မထွက်ပါနဲ…”

ထိုစကားကို ကြားလိုက်ရသည့် ယွီဝိန်းလန်မှာ ကျောချမ်းသွားပြီး တခုခုဖြစ်တော့မည်ကို စိုးရိမ်သွားသည်။ သူ စိုးရိမ်သည့်အတိုင်းပင် ဘေးနားမှ အားပေးသံကြီး ထွက်လာတော့သည်။

[ဟိုးးးးငါတို့ သခင်ကြီး လုပ်ထားကွ… တစ်ယောက်နဲ့ တစ်ယောက် စိတ်ပူပေးနေလိုက်ကြတာ… မင်းသားနဲ့ မင်းသမီး မျက်နှာချင်းဆိုင် ပြေးလာတဲ့ ဇာတ်ဝင်ခန်း ကျနေတာပဲ… ကြည့်စမ်းပါဦး]

“...”

“ဟမ်… “မျက်နှာချင်းဆိုင် ပြေးလာတဲ့ ဇာတ်ဝင်ခန်း” ဆိုတာ ဘာကြီးတုန်း”

အမှန်တကယ်တွင် ထိုကိစ္စများက အရေးမကြီး…။ လောလောဆယ် ယွီဝိန်းလန်အတွက် အရေးကြီးသည်မှာ သူ့ရှေ့တွင် ရှိနေသည့် အန်းဟုန်ရှန်းဖြစ်သည်။ ထိုပုဂ္ဂိုလ်အား လူတိုင်းက မုန်းတီးနေပေပြီ။

သက်သေများစွာ ရှိနေသည့်အတွက် လူတိုင်းက သူ့ လက်ချက်မှန်း တပ်အပ်သိနေပြီ…။ သို့သော် သူက ဇွတ်ငြင်းရန် ကြံထားသော်လည်း မငြင်းနိုင်ဘဲ အမျိုးသမီးကုက ကျိန်းမောင်းခြင်းကိုသာ ခံလိုက်ရပြီ…။

သူ့မှာ အရှက်လည်း ကုန်ပြီ… အများအမြင်မှာ အကျင့်ယုတ်သည့် သူလည်း ဖြစ်နေပြီ။

ထို့ကြောင့် ယွီဝိန်းလန်က ပြောလိုက်သည်။

“မောင်မင်းက ဖြစ်ရပ် အမှန်တွေကို သိရဲ့သားနဲ့ တစ်ပါးသူကို အမည်ပျက်အောင် လုပ်တယ်…။ အဲဒီလို လုပ်တဲ့အတွက်ကြောင့် နှလုံးလှတဲ့သူတွေအတွက် ကောင်းတာလုပ်ဖို့ စိတ်ပျက်သွားနိုင်တယ်…။ ဒီလို ဆက်ဖြစ်နေရင် တလောကလုံးမှာ ကောင်းတာ လုပ်တဲ့သူ ကျန်ပါဦးမလား။ မောင်မင်းလို လူတွေ ရှိနေရင် ဒီလောကကြီးဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာလိမ့်မယ်!”

ထိုသို့ ပြောလိုက်သည့်အခါ မယ်တော်ကြီးကလည်း ဝင်ပြောလေသည်။

“အရှင်မင်းကြီး ပြောတာ သိပ်မှန်တယ်… ဒီလို ဖြစ်ရပ်မျိုးကို နောက်ထပ် ဆက်ဖြစ်ခွင့် မပြုသင့်ဘူး…။ ဒီနေ့ ဒီလူဟာ သခင်ကုနဲ့ အမျိုးသမီးကုတို့ကို နာမည်ဖျက်ဖို့ ကြိုးစားတယ်…။ နောက်နေ့ကျရင် ဘယ်သူတွေကို နာမည်ဖျက်မယ် ကြိုမသိနိုင်ဘူး…။ လူကောင်းတွေက ဒီလိုလူကို တားဆီးဖို့ မလုပ်ဘဲ လွှတ်ထားလိုက်ရင်၊ စုန့်ဟယ်ကျောင်းတော်ကို အုပ်ချုပ်ခွင့်ပေးလိုက်ရင်… အရှင်မင်းကြီးနဲ့ နန်းတွင်းက မူးကြီးမတ်ရာတွေရဲ့ ကြိုးစားအားထုတ်မှုတွေအားလုံးဟာ အလဟဿ ဖြစ်သွားလိမ့်မယ်…။ ဒီက တခြား ကျောင်းတော်သား လူကြီးမင်းတွေရဲ့ ကောင်းမွန်တဲ့ ရည်မှန်းချက်တွေ အားလုံး အလဟဿ ဖြစ်သွားလိမ့်မယ်…။ ဒါ့ကြောင့် ဒီလူဟာ တော်တော် ရွံမုန်းဖို့ ကောင်းတဲ့သူပဲ”

ယွီဝိန်းလန်က ခေါင်းကို ညိတ်လိုက်သည်။

“မယ်တော်ကြီး ပြောတာ အမှန်ပဲ…။ ဒါကြောင့် ဒီလူနဲ့ ပတ်သက်တဲ့ ကြေညာစာကို နန်းမြို့တော်နဲ့ ပိုင်မာ ကျောင်းတော်မှာတင်မဟုတ်ဘဲ တစ်ပြည်လုံးမှာ ကပ်စေ… ကျောင်းတော်တွေ အားလုံး… အစိုးရ ပြည်နယ်တွေ အားလုံးမှာ ဒီလို ကောလဟာလ ဖြန့်တတ်တဲ့ သူရဲ့ ရွံစရာ စရိုက်ကို ပြည်သူတိုင်း သိသွားအောင် ကြေညာစာ ကပ်စေ… ဒါတင်မက ဒီပုဂ္ဂိုလ်ရဲ့ အမည်ကို ဒုစရိုက်သားအဖြစ် သတ်မှတ်ဖော်ပြပြီး တရား ဥပဒေ ရေးရာ မှတ်တမ်းစာအုပ်မှာ မှတ်တမ်းတင်စေ… နောင်တစ်ချိန် ဒီလို ဒုစရိုက်မှုမျိုး ကျူးလွန်သူတိုင်းကို အပြင်းအထန် အပြစ်ပေး အရေးယူစေ”

ထိုသို့ မိန့်ပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် အန်းဟုန်ရှန်းကို ကြည့်လိုက်သည်။

144 02

“ဒီ ကောလဟာလ ဖြန့်သူ အပြစ်သားကို တောင်းပန်ရုံနဲ့ မကျေအေးဘဲ ထိုက်တန်သည့် အပြစ်ဒဏ် ကျခံစေ”

ထိုသို့ ပြောလိုက်သည့်အခါ အန်းဟုန်ရှန်းမှာ တုန်လှုပ်ခြောက်ခြားသွားပြီး စကားသံပင် မထွက်နိုင်ဘဲ ရှိနေတော့သည်။

ဥယျာဉ်တော်အတွင်းရှိ လူအားလုံးကလည်း မင်းကြီးအား တခဲနက် ချီးကျူးကြသည်။

ထိုစဉ် ချီရှုကွမ်း တွေးလိုက်သည်ကို ချီးကျူးသံများအကြားမှ ယွီဝိန်းလန် ကြားလိုက်ရသည်။

[အရှင်မင်းကြီးက တဖြည်းဖြည်းနဲ့ နှလုံးရည်နဲ့ ပြည့်စုံတဲ့ ဧကရာဇ်မင်းကြီးအဖြစ်ကို တကယ် ရောက်လာပြီပဲ…။ အားလုံး မျှော်လင့်ထားသလို အရည်အချင်းနဲ့လည်း ပြည့်စုံပါပေတယ်…။ဒီလိုဆို ငါတို့ အားလုံး စိတ်လက် ချမ်းသာစွာနဲ့ နေလို့ရပြီပေါ့]

ယွီဝိန်းလန်မှာ ဂုဏ်ယူစွာဖြင့် မျက်ခုံးကို မသိမသာ ပင့်လိုက်မိသည်။

ထို့နောက် သူက ယန်ရှုဖက်ကို အာရုံစိုက်လိုက်ရာ ဤသို့ တွေးလိုက်သည်ကို ကြားလိုက်ရသည်။

[ဝိုး… ငါ့ရဲ့ ဧကရာဇ်လေးကလည်း တယ်ဟုတ်ပါလား… ခန့်ချောကြီး… ချစ်စရာကြီး…]

ယွီဝိန်းလန် - “...ဟမ်”

ချစ်တယ်ဆို ရပြီလေ… ဘာလို့ ဧကရာဇ်လေး လို့ ခေါ်ရတာတုန်း။

ငါက… ဘယ်နားမှာ သေးနေလို့လဲ။

~~

မယ်တော်ကြီးနှင့် ဧကရာဇ် မင်းကြီးတို့ နှစ်ဦးလုံး တလှည့်စီ မိန့်ကြားပြီးနောက် နန်းတော်စောင့် ရဲမတ်များက အန်းဟုန်ရှန်းကို လာရောက် ဖမ်းဆီးသွားကြသည်။ ထို့နောက်တွင် Qushui Liu ညစာ စားပွဲကို ပုံမှန်အတိုင်း ဆက်လက် ကျင်းပလေသည်။

မကောင်းကြံသူ လူယုတ်မာကို ထိုက်သင့်သည့် အပြစ်ဒဏ် ခတ်လိုက်ပြီ ဖြစ်သဖြင့် အားလုံး စိတ်ချမ်းသာနေကြပြီး ပိုမို သောက်ကြ စားကြကာ ပျော်ရွှင်နေကြသည်။

ထိုစဉ် နန်ယန်မှ စာဂျပိုး ယွိက သူမ၏ ဝိုင်ခွက်ကို မြှောက်ကာ အမျိုးသမီးကုအား ပြောလိုက်သည်။

“အမျိုးသမီး ကုရဲ့ သတ္တိကို တကယ် လေးစားမိပါတယ်… ဂုဏ်ပြုတဲ့ အနေနဲ့ ဒီတစ်ခွက်ကို အမျိုးသမီးကုအတွက် သောက်ပါရစေ… ကျွန်မတို့အားလုံး ပြောချင်နေတဲ့စကားတွေကို ရဲရဲဝံ့ဝံ့ပြောပေးလို့ ကျေးဇူးအထူး တင်ပါတယ် ”

ထိုစကားကို ကြားလိုက်ရသည့်အခါ အခြားသော အမျိုးသမီးများ အားလုံးကလည်း တစ်ခွက်စီ သောက်ကာ ဂုဏ်ပြုလိုက်ကြသည်။ အမျိုးသမီးကုကလည်း ချီးမြှောက်မှုကို လက်ခံယူလိုက်ပြီး ဝိုင်တစ်ခွက်ကို တကျိုက်တည်းနှင့် မော့သောက်လိုက်ရာ အမျိုးသမီးများမှာ ပို၍ လေးစားသွားကြသည်။

ပြီးနောက် အမျိုးသမီးကုက အားလုံးကို ပြောသည်။

“တကယ်တမ်းကျတော့ အဲဒီ ပုဂ္ဂိုလ်က ကျွန်မ အကြောင်းကို သိရင် နာမည်ဖျက်ဖို့ ပင်ပင်ပန်းပန်း ကြိုးစားနေစရာ မလိုပါဘူး… ဘာလို့လဲဆိုတော့ ကျွန်မက အကြမ်းပတန်းသမား… စာပေလည်း မဖတ်ရှုဘူး… ဒီကို ရောက်လာကြတဲ့ ပညာတတ် မိသားစုဝင် အမျိုးသမီးတွေနဲ့လည်း မယှဉ်နိုင်ပါဘူး… အဲဒါကြောင့် အစကတည်းက ကျောင်းတော်အုပ်တစ်ယောက်ရဲ့ ဇနီးဖြစ်ဖို့လည်း စိတ်မဝင်စားပါဘူး”

သူမမှာ ဟာသဆန်ဆန် ပြောချလိုက်သော်လည်း နောက်ကွယ်က အဓိပ္ပာယ်ကို အများသိအောင် ချပြလိုခြင်းလည်း ပါသည်။ သူမတို့၏ ကုမိသားစုသည် ကျောင်းတော်အုပ်ရာထူးအတွက် အခြားသော မိသားစုများနှင့် ယှဉ်ပြိုင်လိုခြင်းမရှိချေ။

ထိုသို့ ပြောလိုက်သည့်အခါ ကျင်းလင်မှ အမျိုးသမီး ကျီကလည်း ဝင်၍ ပြောသည်။

“ကျွန်မတို့လည်း အတူတူပါပဲ… ခင်ပွန်းသည်က အသက်ကြီးနေပြီဆိုတော့ နန်းတွင်းရေးရာတွေ ဝင်မကူနိုင်လောက်တော့ဘူးလို့ ကျွန်မလည်း ထင်တယ်လေ”

ထိုအခါ သူမ၏ ခင်ပွန်းက “ဟုတ်တယ် ဟုတ်တယ်” ဟု ဝင်၍ ထောက်ခံလေသည်။

— ဤပွဲက ကျောင်းအုပ်ရွေးပွဲသာဖြစ်သော်လည်း လူအများ အာရုံစိုက်လာမှုများ၊ ကျိတ်ကြံစည်မှုများကို သူတို့ သတိထားနေရသည်။ လျူကျိန်းရှင်းနှင့် ပတ်သက်၍ ပစ်စာ ပို့ထားသည်ကိုလည်း လူသိသွားမှာ ကြောက်နေကြသည်။

144 03

ထို့ကြောင့် အခြေအနေ ငြိမ်သက်နေစဉ် နောက်ဆုတ်ထားသည်က ဂုဏ်သိက္ခာ ထိခိုက်ခြင်းမှ ရှောင်လွှဲနိုင်ပေမည်။

ထိုသို့ မိသားစု နှစ်ခုမှ ၎င်းတို့၏ စိတ်သဘောထားများကို ထုတ်ပြလာပြီး‌နောက် နန်ယန်မှ သခင်ယွိက ဧကရာဇ်မင်းကြီးအား တိုက်ရိုက် လျှောက်တင်လိုက်သည်။

“ဒီနေ့လို အဖြစ်အပျက်တွေ ကြည့်ပြီး အသေအချာ သ‌ဘောပေါက်လိုက်မိတာက ချီသခင်ကြီးရဲ့အကျင့် စာရိတ္တကို လူတိုင်း အထင်ကြီး လေးစားသွားကြတယ် ဆိုတာပါပဲ။ အဲဒါကြောင့် ကျွန်တော်မျိုး ကတော့ သခင်ကြီး ချီကို ကျောင်းတော်အုပ်နေရာ ရာထူးအတွက် ထောက်ခံမှု ပေးချင်ပါတယ်”

ထိုသို့ သူက ပြောလိုက်သည့်အခါ အားလုံးကလည်း သဘောတူသဖြင့် တသံတည်း ပြောလိုက်ကြသည်။

“သိပ်ဟုတ်တာပေါ့… ချီ သခင်ကြီးဟာ မြင့်မြတ်တဲ့ စိတ်ထားနဲ့ နက်ရှိုင်းတဲ့ ပညာဉာဏ် ရှိသူဖြစ်တဲ့အတွက် ကျောင်းတော်အုပ်ရာထူးနဲ့ ထိုက်တန်ပါတယ်”

“ချီ သခင်ကြီးကို ရွေးလိုက်ရင် ကျေနပ်တယ်”

“ကျောင်းတော်အုပ် ရာထူးဟာ ချီသခင်ကြီးနဲ့ သင့်လျော်တယ်”

...

ထိုစဉ် ချီရှုကွမ်းက ထရပ်လိုက်ပြီး ပြောလိုက်သည်။

“လူကြီးမင်းတို့ အားလုံး တော်တော် ‌စေတနာ ထားတတ်ကြပါပေတယ်… ကျွန်တော် ရင်ထဲမှာလည်း အရမ်းကို လှုပ်ရှား ခံစားမိရပါတယ်… ကျွန်တော့်အဆင့်က ကျေးတောသားလေး တစ်ယောက် သာသာ ရှိတာပါ… ဒီလောက်ကြီးမားတဲ့ တာဝန်ကြီးကို မထမ်းဆောင်ရဲပါဘူး…”

ထိုအခါ ဘေးမှ ကျေနပ်စွာ ကြည့်နေသည့် မိတ်ဆွေကောင်းကြီး ဖြစ်သူ ကုဟုန်ပိုင်က ဝင်ပြောလိုက်သည်။

“ချီ သခင်ကြီးရယ်… ကိုယ့်ကိုယ်ကို အရမ်းလည်း နှိမ်ချမနေပါနဲ့… ခင်ဗျားရဲ့ အရည်အချင်းနဲ့ စာရိတ္တက ဒီအလုပ်နဲ့ ထိုက်တန်ပါတယ်… ခင်ဗျားပြောသလို ခင်ဗျားက ကျေးတောသား အဆင့်သာဆိုရင် ကျုပ်တို့က လူရိုင်းအဆင့်ပဲ ကျန်တော့မယ် ထင်တယ်…”

ချီရှုကွမ်းက သူ့အား အားကိုး မရသူကဲ့သို့ ကြည့်လိုက်သည်။

“ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူးလေ… ရောင်ရင်း ကုရယ် မနောက်ပါနဲ့”

ထိုအချင်းအရာအား မြင်နေရသည့် မယ်တော်ကြီးက ဘာမျှမပြောသော်လည်း ယွီဝိန်းလန်ဖက် တချက်ကြည့်ကာ တွေးလိုက်မိသည်။

[အရှင်မင်းကြီးက ချီရှုကွမ်းကို ရွေးဖို့ ဘာလို့ မဆုံးဖြတ်သေးတာပါလိမ့်။ ချီသခင်ကြီးနဲ့ မကြည် မကြည် ဖြစ်ထားလို့လား။]

[ငါ သူ့ကို Taifu ထက် ပိုပြီး စိတ်ရော ကိုယ်ပါ နှစ်ပြီး ဒီလောက် သင်ကြား ပျိုးထောင်ပေးခဲ့ရတာတောင်မှ လူကဲမခတ်တတ်သေးတာလား။ ချီရှုကွမ်းကို သူ လုံးဝ အထင်မကြီးတာလား။]

ယွီဝိန်းလန် - “။။”

အဲ… ချီရှုကွမ်းကို သူက ဘာလို့ အထင်သေးရမှာလဲ။

ထိုစဉ်၌ပင် ယန်ရှုထံမှ စိတ်လှုပ်ရှားနေသည့် အသံကို ကြားလိုက်ရသည်။

[အခု အချိန်က ချီသခင်ကြီးကို ရွေးချယ်ဖို့ တကယ့်ကို အသင့်တော်ဆုံး အချိန်ပဲ… အဲဒါတောင် အရှင်မင်းကြီးက ဘာလို့ မရွေးသေးတာလဲ။။။ သခင်ကြီး ချီရှုကွမ်းကို အရှင်မင်းကြီးက နှိမ်ချင်နေတာများလား။ အဲဒီလို မလုပ်ပါနဲ့ မင်းကြီးရာ!!! ချီသခင်ကြီးက တကယ်ကို ဖြူစင်ရိုးသားတဲ့ ပုဂ္ဂိုလ်ကြီးပါ…!!! ဒါမှမဟုတ် မင်းကြီးရဲ့ မျက်စိက တခုခုများ ဖြစ်နေတာလားဟမ်!!!]

ယွီဝိန်းလန် - “။။”

သူကဖြင့် ဘာမှမပြောရသေး ပြစ်မှုပေါင်းများစွာဖြင့် စွဲချက်တင်ခံနေရချေပြီ။

… ချီသခင်ကြီးအား ကြည့်လိုက်လျှင် ယနေ့ည ညစာ စားပွဲသို့ လာရောက်ရသည့် အကြောင်းရင်းမှာ ကောလဟာလ ဖြန့်သူ လူယုတ်မာအား ဖမ်းဆီးလိုသည့် ရည်ရွယ်ချက်တစ်ခုသာ ရှိနေမှန်း သိသာသည်။

144 04

ထိုမျှသာမက ယွီဝိန်းလန်တွင် ချီရှုကွမ်းအပေါ် ခွဲခြားဆက်ဆံလိုစိတ် နည်းနည်းရှိနေပြီး ထိုသို့ ဖြစ်ရသည်မှာ ချီသခင်ကြီးအား နှိမ်လို၍ မဟုတ်ဘဲ မိမိကိုယ်၌က နေရခက်သလိုလို ရှက်သလိုလို ဖြစ်နေသောကြောင့် ဖြစ်သည်။

အမှန်အတိုင်းဆိုရလျှင် အစည်းအဝေးများတွင် မြင်တွေ့ရသလောက် ချီရှုကွမ်း၏ ပညာရေး အမြော်အမြင်ရှိမှုနှင့် အကျင့်စာရိတ္တအပိုင်းမှာ အပြစ်ပြောစရာ လုံးဝ မရှိချေ။ စုန့်ဟယ် ကျောင်းတော်ကို ဦးစီးထိုက်သည့်သူ ဖြစ်သည်မှာလည်း အမှန်ပင်ဖြစ်သည်။

ထို့ကြောင့် ယခုကဲ့သို့ အခြေအနေထိ ရောက်နေပြီးမှတော့ သူ့တွင် တခြားပြောစရာ ဘာမျှ မရှိတော့ချေ…။

“မောင်းမင်းတို့ အားလုံးကလည်း သခင်ကြီး ချီကို ဒီလောက်ထိ ရွေးချယ်ချင်နေမှတော့ လိုက်လျောရမှာပေါ့…

ကဲ ချီ သခင်ကြီး… စုန့်ဟယ်ကျောင်းတော်ကြီးအတွက် အကောင်းဆုံးတွေကို ဆောင်ယူပေးဖို့ ငါကိုယ်တော် မိန့်ချင်တယ်”

ထိုသို့ ပြောလိုက်မှ မယ်တော်ကြီးမှာ စိတ်သက်သာရာရသွားတော့သည်။

ယန်ရှုကလည်း ပျော်မြူးသွားပြီး ချီရှုကွမ်းအား ကြည့်လိုက်မိတော့သည်။

ဧကရာဇ်မင်းကြီး ကိုယ်တော်တိုင် မိန့်လိုက်ပြီ ဖြစ်သဖြင့် ချီရှုကွမ်းမှာ နာခံရုံသာ ရှိတော့သည်။

“ကျွန်တော်မျိုးဟာ အရမ်းကြီး မြင့်မြတ်ပြီး ထူးချွန်လှသူ မဟုတ်ပါဘူး… ဒါပေမဲ့ အရှင်မင်းကြီး ကိုယ်တော်တိုင်က ယုံကြည်ပေးတဲ့အတွက် ကျွန်တော်မျိုး မီးတစ်တန် ရေတစ်တန် ရှေ့က တားဆီးနေလျှင်တောင် အစွမ်းကုန် ကျော်ဖြတ်ပြီး မဆုတ်မနစ် ကြိုးစားပါ့မယ်”

ယွီဝိန်းလန်က ခေါင်းညိတ်လိုက်သည်။

ထိုစဉ် အသံပလံ‌များ ခေါင်းထဲသို့ ဝင်လာတော့သည်။

မယ်တော်ကြီး - [တော်လိုက်တဲ့ လူလိမ္မာလေး… မယ်တော် မင်းကို ဦးစားပေးခဲ့ရတာ အလကား မဖြစ်ဘူး]

ယွီဝိန်းလန် - “...”

ဪ… သူ လိမ္မာတယ် မလိမ္မာဘူးဆိုတာ ချီရှုကွမ်းကို ဘယ်လို ဆက်ဆံသလဲအပေါ် မူတည်နေတာပေါ့။

ယန်ရှု - [အား… အရှင်မင်းကြီး လက်ခံလိုက်ပြီ။ ငါ့ အိုင်ဒေါ ဘယ်မှ ထွက်သွားလို့ မရတော့ဘူး! ဒီတစ်ခါတော့ မယ်တော်ကြီးနဲ့ နီးစပ်တော့မယ် ထင်တယ်… ဟား… နန်းဆောင်ကို ပြန်တဲ့အခါကျရင် မင်းကြီးကို ဖက်ကို နမ်းပစ်ဦးမယ်]

ယွီဝိန်းလန် - “...”

အေး အေး… ငါ့ကို ပြီးရင် ဖက်နမ်းမှာ ချီရှုကွမ်းပဲ ဖြစ်လိမ့်မယ်…။

အခြားသူများကလည်း တွေးနေကြသည်။

[တော်ပါသေးရဲ့… နောက်ဆုံးတော့လည်း သူပဲ တာဝန်ယူရတော့မယ်… နန်းမြို့တော်က တကယ် လန့်စရာ ကောင်းတာမို့လို့ သခင်ကြီးချီ အဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးပါတယ်]

ယွီဝိန်းလန် - “…”

သူပဲ တာဝန်ယူရတော့မယ် ဟုတ်လား။။ ချီသခင်ကြီးက ဒီလူတွေကို ကျောင်းအုပ်နေရာ ယူဖို့ လိုက်တိုက်တွန်းနေတာလား။

ဟူး… နည်းနည်းတောင် မောလာပြီ။

~~

ဧကရာဇ်မင်းကြီး၏ အမိန့်တော်ဖြင့် စုန့်ဟယ်ကျောင်းတော်အတွက် ကျောင်းအုပ် ရွေးရေး ကိစ္စမှာ ပြီးဆုံးသွားလေပြီ။

144 05

ဤသို့ ပြဿနာရပ်ကြီး ပြီးဆုံးသွားသည့်အခါ အတိုက်အခိုက်များ၊ လျှို့ဝှက်ကြံစည်မှုများနှင့် ပတ်သက်၍ နောက်ထပ် စိတ်ပူစရာ မရှိတော့သဖြင့် ဧည့်သည်တော်များမှာ ပို၍ ပျော်ပျော်ရွှင်ရွှင် သောက်စား ကြလေတော့သည်။

ညနက်လာသည့်အခါတွင် ညစာ စားပွဲ အပြီးသတ်လေသည်။

အားလုံး ဦးညွတ်နှုတ်ဆက်ကြပြီးနောက် တစ်ယောက်ပြီး တစ်ယောက် ဥယျာဉ်အတွင်းမှ ထွက်ခွာသွားကြသည်။

ယန်ရှုမှာ မယ်တော်ကြီး၏ မြင်းရထားနှင့် လိုက်ပါလာသည်။

ချီသခင်ကြီး၏ ပြဿနာမှာ ပြေလည်သွားပြီ ဖြစ်၍ မယ်တော်ကြီးမှာ စိတ်ချမ်းသာနေလေသည်။ သူမမှာ ညစာ စားပွဲ၌ ဝိုင်အရက်ကို စိတ်ပါလက်ပါ သောက်ခဲ့သည့်အပြင် အပြန်တွင်လည်း လေသလပ်သဖြင့် လှစ်ဟသွားသည့် ရထားလုံး ခန်းစီးမှ နေ၍ အပြင်ကို ငေးကြည့်ရင်း လိုက်ပါလာသည်။ သူမ၏ မျက်ဝန်းထဲတွင် အပြုံးတို့ကို မြင်နေရသည်။

ယန်ရှုမှာ ထိုသို့ မြင်လိုက်ရသဖြင့် ပို၍ပင် ရင်ခုန် စိတ်လှုပ်ရှားမိသည်။

ဟီဟီ… ဒီနေ့က စပြီး ချီသခင်ကြီးက နန်းမြို့တော်မှာ အခြေချရတော့မယ်… မယ်တော်ကြီးတို့ နှစ်ယောက် အရင်ကထက် ပိုနီးစပ်ရတော့မယ်… သူတို့နှစ်ယောက် တစ်ယောက်ရဲ့ သတင်းကို နောက်တစ်ယောက်က မေးနေကြမှာလား… ဒါမှမဟုတ် အပြင်မှာ ဆုံတောင် ဆုံကြမှာလား…။

အရင်က သူတို့ ဝေးကွာနေကြသဖြင့် အဆက်အသွယ် ပြတ်နေသည့် အချိန်မျိုးထက်စာလျှင်တော့ ယခုအခြေအနေသည် အလွန် တိုးတက်လာသည့် အခြေအနေမျိုး ဖြစ်သည်။

ယန်ရှုမှာ အတွေးထဲတွင် နစ်မျောနေသဖြင့် မိမိ၏ မျက်နှာပိုးကို မသတ်မိဘဲ ဖြစ်သွားသည်။ ထိုအခါ မယ်တော်ကြီးက မြင်သွားပြီး မေးလေသည်။

“ကိုယ်လုပ်တော်ယီက ဘာတွေ ပြုံးပျော်နေတာတုန်း။ သတင်းကောင်းတွေ ဘာတွေများ ကြားထားလို့လား”

ယန်ရှုမှာ လန့်သွားပြီး အလျင်အမြန်ပင် အကြောင်းပြချက် ပေးတော့သည်။

“အဲ… အမှန်က… ညစာစားပွဲမှာတုန်းက သခင်ကု အကြောင်း အမျိုးသမီးကု ပြန်ပြောပြတာကို ပြန်တွေးမိပြီး ရယ်ချင်မိသွားလို့ပါ… သခင်ကုလို ပညာ ဂုဏ်သတင်းမွှေးတဲ့သူမျိုးက အမျိုးသမီးကုကို တွေ့ရဖို့ လမ်းဘေးမှာ ဆိုင်ထောင်ပြီး ဗေဒင်ဟောတယ်ဆိုတာကို ဘယ်လိုမှ တွေးကြည့်လို့တောင်မရဘူး… မြင်ကွင်းကို ပုံဖော်ကြည့်ရုံနဲ့တင် တော်တော် သဘောကျချင်စရာ ကောင်းနေလို့ပါ”

မယ်တော်ကြီးကလည်း ထိုစကားကို ကြားသောအခါ စိတ်ထဲ ရွှင်မြူးသွားသလို ခံစားလိုက်ရပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။

“ဟုတ်တာပေါ့… ဘယ်သူမဆို ငယ်ရွယ်စဉ်တုန်းကတော့ ဒီလို အရူးထခဲ့ကြတာပါပဲ… သူတို့ တကယ် ကံကောင်းတာက လူမှန် နေရာမှန်နဲ့ တွေ့သွားကြတာပဲ… နှစ်ယောက်စလုံး အတူတူ အိုမင်းခွင့်ရတာပေါ့… ဒီလိုမျိုး ကြုံဖို့ဆိုတာ ရှားတယ်”

ထိုသို့ ပြောလိုက်ပြီးသည့်အခါ သူမက ရင်ထဲတွင် သက်ပြင်းမော ချမိလိုက်သည်။ ထိုနောက် ဆက်တွေးမိသည်။ သူမသာ အိမ်ထောင်မကျခင် သူနဲ့ တွေ့ခွင့်ရခဲ့လိုက်လျှင် ယခုအချိန်တွင် မည်သို့သော ဘဝတွင် နေရလောက်မည်နည်း။

ယန်ရှုမှာ မယ်တော်ကြီး၏ မျက်နှာ အနေအထားကို သေချာ အကဲခတ်နေသဖြင့် မယ်တော်ကြီး ရုပ်ချည်း ပြုံးနေရာမှ ရပ်သွားကာ တွေးတွေးဆဆ ဖြစ်သွားပုံကို မြင်လိုက်ရသည်။ ထိုအခါ မယ်တော်ကြီး သူ့အကြောင်းသူ ပြန်တွေးမိပြီး ဝမ်းနည်းနေသည်ဟု သဘောပေါက်လိုက်သဖြင့် စကားလွှဲလိုက်တော့သည်။

“တကယ်တန်းကျတော့လေ… သခင်ကုနဲ့ အမျိုးသမီးတို့ အကြားက ဇာတ်လမ်းလို ဇာတ်လမ်း လှလှလေးတွေကိုလည်း လူတွေ စိတ်ဝင်စားကြလောက်မယ်ထင်တယ်နော်… သခင်လေး ရှောင်ယောင်းသာ အဲဒီလို ဇာတ်လမ်းတွေ ရေးလိုက်ရင် လူတွေ တော်တော်ကြိုက်ကြမယ်ထင်တယ်”

မယ်တော်ကြီးက ခေါင်းညိတ်လေသည်။

“ဟုတ်တယ်… သူ စာတွေ များများ ရေးသင့်တယ်… မယ်တော်ကြီးက သူ့စာတွေပဲ ဖတ်ပြီး အချိန်ဖြုန်းနေရတာ”

ယန်ရှုကလည်း ခေါင်းညိတ်လိုက်သည်။ သူမလည်း စိတ်ပျော်နေမိသည်။ သူမဟာ မယ်တော်ကြီး၏ စာရင်းတွင် ထိပ်ဆုံးရောက်နေသည်ကိုး… သူမ ဒီထက် ပိုကြိုးစားရတော့မည်။

144 06

ချန်းချွမ်ဥယျာဉ်မှာ နန်းဆောင်နှင့် သိပ်မဝေးလှပေ။ ထို့ကြောင့် မကြာမီ ယန်ရှုမှာ ကန်းလု နန်းဆောင်သို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်လေသည်။

ယနေ့ သူမ ပျော်လွန်း၍ ဝိုင်တော်တော်များများ သောက်မိလိုက်သဖြင့် တစိကိုယ်လုံး ဝိုင်နံ့ နံနေတော့သည်။ ထို့ကြောင့် ရေအရင် ချိုးလိုက်ပြီး ပြန်ထွက်လာသည်။

သူမ ရေချိုးပြီး၍ မကြာမီ ယွီဝိန်းလန်လည်း ရောက်လာသည်ကို လှမ်းမြင်လိုက်ရသည်။

သူကလည်း ချန်မင် နန်းဆောင်၌ ရေချိုးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် သူ၏ နဂါး ဝတ်ရုံတော်ကို ပုံမှန် ဝတ်နေကျ သာမန် ဝတ်ရုံနှင့် လဲလှယ်၍ ဝတ်ထားသဖြင့် နူးညံ့နေသယောင် ခံစားရစေသည်။

ယွီဝိန်းလန်မှာ အနည်းငယ် စိတ်လှုပ်ရှားနေပြီး ယန်ရှု အရိုအသေ မပေးရသေးမီ သူမအား ပွေ့ချီကာ ထိုင်ခုံပေါ်သို့ တင်လိုက်သည်။

ရန်တုန်းနှင့် အခြားသော အ‌စေခံများက ၎င်းတို့၏ ဦးခေါင်းများကို ငုံ့လိုက်ကြပြီး အပြင်သို့ထွက်ကာ တံခါးများကို ပိတ်လိုက်ကြသည်။

ထိုတခဏ၌ပင် အနမ်းမိုးတို့ ရွာသွန်းလေတော့သည်။

ယန်ရှုမှာ စိတ်ချမ်းသာနေသဖြင့် ပြန်လည်၍ နမ်းရန် ပြင်လိုက်ချိန်တွင် အရေးကြီး ကိစ္စတစ်ခုကို သတိ ရသွားလေသည်။ ထို့ကြောင့် မင်းကြီးအား တွန်းထုတ်လိုက်ပြီး မျက်နှာထား တင်းတင်းနှင့် ပြောသည်။

“အရှင်မင်းကြီးလည်း ဒီည သောက်ထားတယ် မဟုတ်လား”

ယွီဝိန်းလန်က ခပ်မြူးမြူးဖြင့် ပြန်ပြောလိုက်သည်။

“အင်း… သောက်တာပေါ့… မင်းရော မသောက်လို့လား”

သူက ဆက်ပြောမည် ပြင်လိုက်သည်။

သို့သော် ယန်ရှုက တုန်လှုပ်သွားပြီး အလျင်အမြန်ပင် ပြောလိုက်သည်။

“ဟုတ်တယ်… ငါ ဘာလို့ သောက်မိလိုက်တာလဲမသိဘူး။ ဒီလတော့ သွားပြီ ထင်တယ်”

ဒီလက ဘာဖြစ်လို့။

ယွီဝိန်းလန်က မျက်မှောင် ကြုတ်လိုက်ပြီး ပြောလိုက်သည်။

“အရမ်း စိတ်ရှုပ်မနေပါနဲ့… အရင် မင်းကြီးတုန်းကလည်း သောက်တတ်တာပဲ… ငါ အခုသောက်တာ ဘာမှ မဖြစ်ပါဘူး”

ပြီးနောက် သူမအား လက်မောင်းကြားတွင် ဖက်၍ နမ်းရန် ကြိုးစားလိုက်ပြန်သည်။

သို့သော် သူက သူမ၏ ယားတတ်သည့်နေရာအား မတော်တဆ ထိမိသွားသဖြင့် တခစ်ခစ် ထရယ်တော့သည်။

ယွီဝိန်းလန်မှာ စိတ်မရှည်တော့ဘဲ ဇာတ်လမ်းဆက်ရန် ကြိုးစားလိုက်သည်။ သို့သော် ယန်ရှုမှာ ရယ်နေရက်က သူမ၏ ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်ပြီး ပျို့အန်တော့မလို ဖြစ်လာလေသည်။

သူက ထိတ်လန့်သွားပြီး အလျင်အမြန်ပင် မေးလိုက်သည်။

“ဘာဖြစ်တာလဲ”

ယန်ရှုက ပါးစပ်ကို လက်ဖြင့် ကာ၍ ထိန်းလိုက်ပြီး ပြောလေသည်။

“ကိုယ်လုပ်တော် အစားတွေ အရမ်းစားပြီး ရယ်ရုံနဲ့တင် အန်ထွက်တော့ မလိုဖြစ်သွားလို့”

ယွီဝိန်းလန် - “...”

ဒီကောင်မလေးကတော့လေ… ဘာတွေများ နင်းကန် စားပစ်ပြန်တာလဲ။

ရယ်လို့ အန်ချင်စိတ်ပေါက်သည့်လူကို ယခုမှ ပထမဆုံး မြင်ဖူးတော့သည်။

ယွီဝိန်းလန်မှာ စိတ်ပူသဖြင့် ရှေ့သို့ မဆက်နိုင်ဘဲ ရှိနေသည်။ ထို့နောက် သူက မေးလိုက်သည်။

“သက်သာသွားအောင် ရေသောက်မလား…”

ယန်ရှုက ခေါင်းညိတ်လိုက်ပြီး ဟုတ် ဟုပြောရန် ပြင်လိုက်သည်။ သို့သော် သူမ ပါးစပ် မဟ ရသေးမှီ ထပ်၍ အန်ချင်စိတ် ပေါက်လာပြန်တော့သည်။

အင်း… တစ်ခုခုတော့ လွဲနေချေပြီ…။

******

All Chapters