အခန်း (၁၂၇-၁၂၉)
Vol. 9 Ch. 127-129
127 01
အပိုင်း 127
ကျစ် သိရဲ့လား။ ဒီနှစ်တွေမှာ သူမ စားခဲ့တဲ့ ဖရဲသီးတွေက ရိုးရှင်းတဲ့ သတင်းအချက်အလက်ပဲ ပါတယ်။ သူမရဲ့စေ့စပ်တိကျမှုကြောင့်သာ ဖရဲသီးဆစ်ခုလုံးကို စားလိုက်နိုင်တာ။ အဲဒါကလည်း အချိန်အကြာကြီးလေ့ကျင့်မှသာ ရနိုင်တယ်လေ။
သေချာပေါက်ပဲ တစ်ခါတလေ လုပ်မိတဲ့အမှားမျိုးလည်း ရှိတာပေါ့။ ဥပမာဆို သူမက ဧကရာဇ်ရဲ့မျက်ခုံးထဲမှာ ထွင်းဖောက်မြင်နေရပြီးသားဖြစ်နေပြီဆိုတာမျိုးပေါ့…။
သို့သော်လည်း ထိုအသံ ထွက်လာသည့်အခါ သူမက ထပ်မံမျက်မှောင် ကြုတ်လိုက်ကာ ပြောလိုက်သည်။
“ဒီကိုယ်လုပ်တော်က ဇာတ်လမ်းရေးပြီး ဒီလူရဲ့သူတော်ကောင်း ဟန်ဆောင်နေတာကို လူထုအရှေ့မှာ ထုတ်ဖော်ပြချင်နေတုန်းပဲ။ ပြီးတော့ အခုကျွန်မစိုးရိမ်တာက သမားတော်ကျန်းရဲ့အထောက်အထားကို ဖုံးကွယ်ထားဖို့ပဲ မဟုတ်ရင် သူ့အတွက် ဒုက္ခတွေ ဖြစ်စေမှာကို စိုးရိမ်မိတယ်”
သို့သော် ယွီဝိန်းလန်က ပြောလိုက်သည်။
“ဇာတ်လမ်းအကြောင်းကို မစိုးရိမ်နဲ့။ ကျင်းကျောက်ဖူက ဒီကိစ္စကို ဘယ်လိုစုံစမ်း စစ်ဆေးမလဲဆိုတာကို ကြည့်ကြတာပေါ့”
ယန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပါပြီ”
ယနေ့မှာ လူတိုင်းရဲ့စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်၌ မျက်မြင်သက်သေ အချို့လည်းရှိပြီး ကိုယ်လက်သက်သေအချို့လည်း ရှိသည်။ စစ်ဆေးမဲ့သူကလည်း ကျင်းကျောက်စံအိမ်ရဲ့ရာမန်တစ်ဦးဖြစ်ပြီး ယောင်ရှန်းမာကလည်း ကျန်းရိရှိကို ကိုယ်တိုင်ကိုယ်ကျ အဖော်ပြုပြီး လိုက်ပေးသေးသည်။ ထို့ကြောင့် သူခိုးက လွတ်မြောက်ဖို့ မဖြစ်နိုင်လောက်ပေ။
အခုက ဘယ်တော့မှ ကျန်းရှန်ခန်းက ဝန်ခံမလဲဆိုတဲ့အပေါ်မှာ မူတည်သွားပြီ ဖြစ်သည်။
ဒီလိုနည်းနဲ့ သူမ နန်းတော်ကို ပြန်ရောက်ချိန်မှာ ယန်ရှုက စစ်စတန်ဆီက နောက်ဆုံးသတင်းတွေကို စောင့်ဆိုင်းတဲ့အပေါ်မှာပဲ အာရုံစိုက်ထားလိုက်သည်။
ထိုအချိန်မှာ ညအချိန်ဖြစ်နေပြီး နောက်တစ်နေ့မနက် မတိုင်ခင်အထိ စစ်စတန်ဆီကနေ မည်သည့်လှုပ်ရှားမှုမှ ရှိမလာသေးပေ။
[နောက်ဆုံးသတင်းကတော့ ကျန်းရှန်ခန်းရဲ့အလုပ်သင်က သူ့အတွက် လာပြီးတော့ အပြစ်တွေကို ခံယူသွားတယ်]
ဘာ။
ယန်ရှုက တွန့်ဆုတ်သွားကာ
[အလုပ်သင်လား။ ကျန်းရှန်ခန်းမှာ အလုပ်သင်တွေ ရှိတာလား]
စစ်စတန် [ရှိတာပေါ့ သူက တော်ဝင်သမားတော်ဆောင်ရဲ့ အကြီးအကဲပဲလေ။ ဒီနှစ်တွေ တစ်လျှောက်မှာ လူတွေ ဘယ်လောက်များများက သူ့အတွက် မျက်နှာ ပေးချင်နေသလဲဆိုတာကို မသိဘူး။ အဲဒါကြောင့် သူက အခွင့်အရေးကို အခွင့်ကောင်း ယူလိုက်ပြီး အလုပ်သင်တွေ အများကြီးကို လက်ခံလိုက်တယ်။ ဒါပေမဲ့ သင်ကြားရေးမှာပဲ နှစ်မြှုပ်ထားတဲ့ တစ်ခြားဆရာသခင်တွေလို မဟုတ်ဘူး သူ့အတွက် အလုပ်သင်တွေကို လက်ခံတာက အကျိုးအမြတ်တွေကို တိုးချဲ့ဖို့ဆိုတဲ့ ရည်ရွယ်ချက် သက်သက်နဲ့ပဲ။ မဟုတ်ရင် မြို့တော်ထဲမှာ ဒီလူတွေကို ဆေးဆိုင် ဖွင့်ခိုင်းပြီး ပိုက်ဆံရှာခိုင်းတယ်။ ဒါမှမဟုတ်ရင် သူ့ရဲ့ခွေးခြေထောက်လိုပဲ ပြုမူတယ်လေ]
ယန်ရှုက နားလည်သွားပြီး ထပ်မေးလိုက်သည်။
[ဒါဆိုရင် သူ့ရဲ့အလုပ်သင်က ဘယ်လိုလုပ်ပြီး သူ့အစား အပြစ်တွေကို ယူလိုက်တာလဲ]
စစ်စတန် [အရမ်းရိုးရှင်းပါတယ်။ အရင်ဆုံး အဲဒီသူခိုးကို ဒီအလုပ်သင်လေးက သွေးထိုးလှုံ့ဆော်ပေးလိုက်တယ်။ မနေ့က ကျင်းကျောက်စံအိမ်ကနေ သူ့ကိုအရမ်းကို ပြင်းပြင်းထန်ထန် နှိပ်စက်တော့ ဒီသူခိုးက နောက်ဆုံးတော့ သူ့ကိုငှါးတဲ့သူကို အကူအညီ တောင်းတယ်လေ။ ဖြစ်ချင်တော့ အဲ့ဒီသူက အနီးအနားမှာ ဆေးဆိုင်ဖွင့်ထားတဲ့သူပဲ။ သမားတော်ကျန်းက အိမ်နီးနားချင်းတွေကို ကုသပေးတဲ့အတွက် ကုသမှုကလည်း ကောင်းမွန်ပြီး စျေးလည်း သက်သာတယ်။ သူက တစ်ခါတလေဆို ဆင်းရဲတဲ့မိသားစုတွေနဲ့တွေ့ရင် ပိုက်ဆံမယူဘူး။ ရလဒ်အနေနဲ့ ပိုပိုပြီးများတဲ့လူတွေက သူ့ဆီကို လာကြတော့တယ်။ အဲဒါက ဆေးဆိုင်ရဲ့စီးပွါးရေးကို မထိခိုက်စေဘူးလား။ ဒီအလုပ်သင်မှာက လုံလောက်တဲ့ အကြောင်းအရင်းနဲ့ ရည်ရွယ်ချက်တွေလည်း ရှိတယ်။ ပြီးတော့ သူကလည်း သူ့ဘာသာ လုပ်ခဲ့တဲ့အတွက် ကျင်းကျောက်စံအိမ်တော်ကလည်း အမှုကို ပိတ်လိုက်တော့တယ်]
ယန်ရှု [….ဒီလိုကိုး]
127 02
ကျစ် စီးပွါးရေးကို ထိခိုက်တယ်ဆိုတာက တကယ်ကို ယုံကြည်စေနိုင်လောက်တယ်။ အဆုံးမှာတော့ သူမနဲ့ဧကရာဇ်ကလွဲလျှင် ကျန်းရိရှိနဲ့ ကျန်းရှန်ခန်းရဲ့ကြားက ရန်းငြှိုးတွေကို သိသည့်သူ မရှိပေ။
ထို့အပြင် ကျန်းရှန်ခန်းသည်လည်း ဖုံးကွယ်သည့်နေရာမှာ တော်ပြီး မြင့်မြင့်မားမား လေးစားခံရသည့်သူနှင့် တူပေသည်။ ဘယ်သူက သူ့ကို တွေးမိမှာတဲ့လဲ။
စစ်စတန် [အခုရဲ့ဥပဒေအရဆိုရင်လည်း ဒီကိစ္စကသေတဲ့အထိ အပြစ်ပေးမခံရဘူးလေ အများဆုံးမှ အလုပ်သင်က နှစ်အနည်းငယ် အကျဉ်းကျပြီးသွားတာနဲ့ ဘုတ်ပြားပေါ်မှာ နည်းနည်းလောက် အရိုက်ခံရတာပဲရှိမှာ။ သူ့မှာ မိန်းမနဲ့ကလေးလည်း ရှိနေသေးပြီး အဲဒါကြောင့် ဒီဟာကြောင့်နဲ့တော့ သူ့ရဲ့ကံကြမ္မာကို ဖျက်ဆီးမှာ မဟုတ်ဘူး။ ကျန်းရှန်ခန်းက သူ့ကို ပင်စင်အနေနဲ့ ငွေတွေအများကြီးကို သေချာပေါက် ပေးမှာကို ထည့်မပြောနဲ့တော့]
ယန်ရှုက သက်ပြင်းချလိုက်ကာ ဒီလူအိုကြီးက တကယ်ပဲ အကြံသမားလို့ တွေးလိုက်သည်။
ထိုအချိန် ချန်းမင်နန်းတော်တွင် ယွီဝိန်းလန်မှာ ကျင်းကျောက်စံအိမ်တော်က သတင်းပို့ချက်ကို နားဖောက်အပြီးမှာ ယန်ရှုကဲ့သို့ အတွေး အတူတူရှိနေပေသည်။
ကျန်းရှန်ခန်းက တော်ဝင်ထိုက်သမားတော်ဆောင်မှာ အမှုထမ်းလာတာ နှစ်နှစ်ဆယ်ကျော်ရှိပြီ ဖြစ်သည်။ ပြီးတော့ သူ့ရဲ့အတွေးတွေကလည်း နက်ရှိုင်းကာ ကြည့်ရတာ ကိစ္စတစ်ခုလေးက သူ့ကိုလှုပ်ကိုင်နိုင်သည့်ပုံ မပေါ်ပေ။
ထို့အပြင် အဲဒီတုန်းက ဘာဖြစ်ခဲ့သလဲဆိုတာကို ယန်ရှုက လူထုကို ထုတ်ပြောလျှင်တောင်မှ သူဟာ မထိမရှနဲ့ လွတ်မြောက်နိုင်ဦးမည် ဖြစ်သည်။
ဘာကိုမှ ထည့်မပြောလျှင်တောင် လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်က ဖြစ်ခဲ့တဲ့ကိစ္စဟောင်းတွေအကြောင်းကို သိသည့်သူ အနည်းငယ်သာရှိသည်။ အဲတော့ ဘယ်က သက်သေအစစ်ကို ရမှာလဲ။
ထိုကဲ့သို့သော အခြေအနေမျိုးမှာ သူက တွန့်ဆုတ်စွာနဲ့ပဲ လူထုရဲ့အမြင်ကို ဖွင့်ချလိုက်ပြီး သူ့ကို လုံးဝပင် စွပ်စွဲနိုင်ပေလိမ့်မည်။
ပြီးတော့ ဧကရီမယ်တော်ကြီးက သူ့ကို ကာကွယ်ပေးမှာကို စိုးရိမ်ပေသည်။
မမျှော်လင့်ထားစွာနဲ့ ထိုအချိန်မှာပဲ ဖုဟိုင်က သတင်းပို့လာသည်။
“အရှင်မင်းကြီး ဧကရီမယ်တော်ကြီးက ချီအန်းနန်းဆောင်ကို ကြွလာဖို့ မေးလိုက်ပါတယ်။ ပြောတာတော့ အရှင်မင်းကြီးနဲ့ ဆွေးနွေးစရာရှိလို့ပါတဲ့”
ယွီဝိန်းလန်က ရပ်တန့်သွားတော့သည်။
ဒီလောက်တောင် တိုက်ဆိုင်တာလား။
သူက ညည်းညူလိုက်ကာ ထရပ်လိုက်ပြီး နန်းတော်ဂိတ်တံခါးကနေ ထွက်သွားက ချီအန်းနန်းဆောင်ဆီသို့ သွားတော့သည်။
သူတို့ ထိုနေရာကို ရောက်သည့်အခါ ယွီဝိန်းဟာ ဧကရီမယ်တော်ကြီးကလွဲလျှင် ကျန်းရှန်ခန်းသည်လည်း နန်းတော်ထဲမှာ ရှိနေတာကို တွေ့လိုက်ရသည်။
ထိုအချိန်မှာပဲ ထိုလူက လေးနက်နေတဲ့မျက်နှာနဲ့ သူ့ခေါင်းကို ညွှတ်လိုက်ကာ ကြည့်ရသည်မှာ ကိစ္စကြီးတစ်ခုခု ဖြစ်သွားသကဲ့သို့ပင်။
သူက တစ်ချက်ကြည့်လိုက်ပြီး အရင်ဆုံး ဧကရီမယ်တော်ကြီးကို နှုတ်ဆက်လိုက်ကာ နွေးထွေးသည့် ညောင်စောင်းပေါ်မှာ ထိုင်ချလိုက်သည်။
သို့သော် ဧကရီမယ်တော်ကြီးက ပြောလာသည်။
“သမားတော်ကျန်းက အခုလေးတင်ပဲ အိုက်ကျားဆီလာပြီး ပြောတယ်။ အိုက်ကျားနဲ့အရှင်မင်းကြီးကို သူ့ရဲ့အပြစ်ရှိစိတ်အတွက် တောင်းပန်ချင်လို့ပါတဲ့။ အဲဒါနဲ့ အိုက်ကျားလည်း အရှင်မင်းကြီးကို လာပြီးနားထောင်ခိုင်းလိုက်တာ”
ယွီဝိန်းလန်က အွမ်းဟု အသံထွက်လိုက်ကာ ကျန်းရှန်ခန်းကို ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ သမားတော်ကျန်း”
သို့သော် ကျန်းရှန်ခန်းက ချက်ချင်းပဲ ဒူးထောက်ချပြီး ပြောလာသည်။
“ကျွန်တော်မျိုးမှာ တပည့်တွေကို သင်ကြား မပြသပေးနိုင်ခဲ့ဘူး။ ကျွန်တော်မျိုးရဲ့အလုပ်သင်တစ်ယောက်က သူ့ရဲ့ကျဆင်းတဲ့ စီးပွားရေးကြောင့် တခြားသမားတော်ကို ဂုဏ်သတင်း ပျက်ပြားစေဖို့ရည်ရွယ်ပြီး ထောင်ချောက်ဆင်ကာ လူနာကို သေဆုံးအောင် လုပ်မိပါတယ်။ ဒီမနက် ကျင်းကျောက်စံအိမ်က သတင်းကို ကြားလိုက်တော့ ကိုယ့်ကိုကိုယ် အရမ်းကိုရှက်ရွံ့မိလို့ အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးကို လာပြီးတော့ တောင်းပန်တာပါ။ ကျွန်တော်မျိုးလည်း ဒီကိစ္စကို သေချာတော့ မသိပေမဲ့ တရားခံက ကျွန်တော်မျိုးရဲ့အလုပ်သင်ဖြစ်နေတဲ့အတွက် အရှင်မင်းကြီးနဲ့ဧကရီမယ်တော်ကြီးရဲ့ ကျွန်တော်မျိုးအပေါ်ထားတဲ့ ယုံကြည်မှုကို ရှက်ရွံ့မိပါတယ်။ ပြီးတော့ အရှင်မင်းကြီးတို့နှစ်ယောက်ကို ခွင့်လွှတ်ပေးဖို့ အနူးအညွတ် တောင်းပန်ချင်တာပါ”
127 03
ထိုစကားလုံးတွေက အရမ်းကို စိတ်ရင်းပါပြီး သူဟာ တကယ်ပဲ ရိုးစားပြီး အတ္တကင်းတဲ့သမားတော်တစ်ယောက်ကဲ့သို့ပင်။
ဒါကိုကြားပြီးနောက် ယွီဝိန်းလန်ပင် စကားမပြောနိုင်သေးခင်မှာပဲ ဧကရီမယ်တော်ကြီးက ပြောလာသည်။
“ကြားရတာ ဒီအလုပ်သင်က တကယ်ပဲမုန်းစရာ ကောင်းတာပဲ။ ဆရာသမားတစ်ယောက်အနေနဲ့ ရှင်က သူ့ကို ကောင်းကောင်း မသင်ပေးခဲ့ဘူး ။ရှင့်မှာ ပြင်းထန်တဲ့တာဝန်ခံမှုရှိရမယ်”
ကျန်းရှန်ခန်းက သူ့ခေါင်းကိုညွှတ်လိုက်ကာ ကောင်းပါပြီဟု ပြောလာသည်။
ထို့နောက်ချက်ချင်းပဲ ဧကရီမယ်တော်ကြီးက သူမရဲ့အသံကို ပြောင်းလိုက်ကာ ပြောလာသည်။
“ဒါပေမဲ့လည်း ရှင်က အိုက်ကျားကို နန်းတော်ထဲမှာ အမှုထမ်း ပေးလာတာ နေ့တိုင်းနီးပါးပဲ။ ပြီးတော့လည်း တော်ဝင်သမားတော်ဆောင်က အရာရာတိုင်းအတွက်လည်း တာဝန်ရှိသေးတယ်။ အိုက်ကျား ရှင့်ကို တစ်ခဏတော့ ခွင့်လွှတ်ပေးမယ်”
ထို့နောက်သူမက ယွီဝိန်းလန်ကို ကြည့်လိုက်ကာ ပြောလိုက်သည်။
“ဘယ်လိုထင်သလဲ အရှင်မင်းကြီး”
ထိုကဲ့သို့သော် အခြေအနေတွင် ယွီဝိန်းလန်က ဘာကိုထပ်ပြီး ပြောနိုင်ဦးမှာတဲ့လဲ။
ဧကရီမယ်တော်ကြီးက ထိုသူ့ကို ကာကွယ်ချင်နေပြီးတော့ ဒီလူသည်လည်း ကောင်းကောင်း အလုပ်လုပ်ခဲ့သည်ပင်။
သူက ပြောလိုက်သည်။
“မယ်တော်က သဘောထားကြီးပြီး ခွင့်လွှတ်ပေမဲ့ ဒီကိစ္သက မြို့တော်ထဲမှာ ပြဿနာတွေ အများကြီးကို ဖြစ်သွားစေခဲ့တာ။ လူတွေအများကြီးက သူတို့ဆရာနဲ့ အလုပ်သင်ကြားက ဆက်ဆံရေးကို သိထားကြတယ်။ သူတို့သာ ဒီကိစ္စအတွက် တာဝန်မယူဘူးဆိုရင် အပြင်ဘက်လောကကို ရှင်းပြဖို့မလွယ်မှာပဲ စိုးမိတယ် ဘယ်လိုလဲ”
သူက ကျန်းရှန်းခန်းကို ထပ်ကြည့်လိုက်သည်
“အဆုံးမှာတော့ ဒါကလူနာတွေရဲ့ လုံခြုံရေးနဲ့ ဆက်စပ်နေတယ်။ ပြီးတော့လည်း သက်ရောက်မှုက ဆိုးရွားတယ်။ အဲဒီလူရဲ့ဆေးခန်းကို ချက်ချင်းပိတ်ချပြီး သူ့ကို ပြင်းထန်စွာ အပြစ်ပေးရမယ်။ မောင်မင်းကိုတော့ နှစ်ဝက်စာလစာကို ဒဏ်ကြေးအဖြစ် သတ်မှတ်ပြီး အရာရှိရာထူးကို အဆင့်တစ်ဝက်ထိ လျှော့ချမယ်။ အခုကစပြီး ကိုယ့်ဘာသာ တင်းကြပ်ရမယ်။ လက်အောက်ငယ်သားတွေကို စည်းကမ်းတင်းကြပ်တဲ့ နေရာမှာလည်း ပိုပြီးတော့ တင်းကြပ်ရမယ်”
ကျန်းရှန်ခန်းက လျင်မြန်စွာ ဒူးတုပ်အရိုအသေ ပေးလိုက်သည်။
သူ့ဘေးက ဧကရီမယ်တော်ကြီးကလည်း ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။
“အရှင်မင်းကြီးက ဥာဏ်ပညာကြွယ်ဝပါပေတယ်”
~~~
ဧကရာဇ်က ချီအန်းနန်းဆောင်ကနေ ထွက်သွားပြီးနောက် ယန်ရှုသည်လည်း စစ်စတန်နောက်ကို လိုက်ကာ သူမရဲ့ကိုယ်ပိုင်နန်းဆောင်ထဲမှာ ဖရဲသီး စားနေတော့သည်။
ပြောစရာ မလိုအောင်ပင်။ ဒီအချိန်မှာ ကျန်းရှန်းခန်းက လှုပ်ရှားလို့မရသည့်အတွက် သဘာဝကျကျပဲ မသာယာတော့ပေ။
သူမက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
[ငါအရင်ကဆို ဧကရီမယ်တော်ကြီးကို မနာလိုခဲ့တာ။ ဒီတစ်ခေါက်ကျ ကျန်းရှန်ခန်းကို ဘာလို့အဲ့လောက်ထိ ကာကွယ်ပေးနေရတာလဲ]
စစ်စတန် [အဆုံးမှာတော့ ကျန်းရှန်ခန်းက ဧကရီမယ်တော်ကြီးရဲ့ အတွင်းမှုးမတ်လေ ဧကရီမယ်တော်ကြီး သူ့ရဲ့သားကို ဆုံးရှုံးလိုက်ရတုန်းက သူမက အရမ်းကို အပြင်းအထန် စိတ်ဓာတ်ကျပြီး နေမကောင်း ဖြစ်သွားလုနီးပါးပဲ။ သူ့ကို အလုံးစုံကူညီပြီး ကုသပေးတာက ကျန်းရှန်ခန်းပဲ။ ကျန်းရှန်ခန်းရဲ့ဒီနေ့အဆုံးအဖြတ်က လုံးဝကို ဧကရီမယ်တော်ကြီးကြောင့်ပဲ။ လက်တစ်ဖက်တည်းနဲ့ ကာလိုက်နိုင်တယ်။ ဧကရာဇ်က အာဏာရှိလာတော့ ဧကရီမယ်တော်ကြီးက လူအင်အားတွေ အများကြီးကို ဆုံးရှုံးလိုက်ရပြီး အထူးသဖြင့် အခုဆို ချိန်အန်းမြို့စားရဲ့ စံအိမ်တော်က လုံးဝကို အသုံးမဝင်တော့ဘူး။ ဧကရီမယ်တော်ကြီးက သူတို့ထဲက တစ်ခုကိုပဲ သေချာပေါက် ဖမ်းဆုပ်ထားနိုင်တော့မှာ]
[ပိုရှိတာက ကျန်းရှန်ခန်းက ဒီနှစ်တွေ တစ်လျှောက်မှာ သူမရဲ့ခန္ဓာကိုယ်အခြေအနေအတွက် တာဝန်ရှိတဲ့သူပဲ။ ကျန်းရှန်ခန်းကပဲ သူမရဲ့ခေါင်းကိုက်ရောဂါကို ကုသပေးနိုင်တယ်]
127 04
ယန်ရှုက စိတ်ရှုပ်စွာ ပြောလိုက်သည်
[အဲဒါက အတိတ်တုန်းက ပိုကောင်းတဲ့ လူအင်အား မရှိသေးလို့လေ။ အခုဆိုသမားတော်ကျန်းက ဆေးပညာမှာ အရမ်းတော်တယ်။ နိမိသားစုက ကလေးမလေးတောင်မှ ကယ်ဆယ်ခံလိုက်ရတယ်။ ဧကရီမယ်တော်ကြီးလည်း သူမရဲ့ ကိုယ်ပိုင်မျက်လုံးတွေနဲ့ မြင်တာပဲ။ သမားတော်ကျန်းက ဘာလို့ သူမကို အနီးကပ် ကုသပေးလို့မရရမှာလဲ]
စစ်စတန် [ဧကရီမယ်တော်ကြီးက ဘယ်သူ့ကိုမဆို ယုံမှာတဲ့လား။ ပိုရှိသေးတာက ဧကရီမယ်တော်ကြီးရဲ့ အမြင်ကနေကြည့်ရင် ဒီတစ်ခေါက်က ကျန်းရှန်ခန်းနဲ့ ဘာမှမဆိုင်ဘူးလေ။ ကျန်းရှန်ခန်းက သမားတော်ကောင်းတစ်ယောက်ပဲ။ သူသာ သူမကို သစ္စာရှိနေသရွေ့ သူက သူမအပေါ် အသုံးဝင်နေမှာပဲ။ သူမက သူ့ကို သေချာပေါက် ကာကွယ်ပေးမှာပဲ]
ယန်ရှု “….”
အမှန်တရားကို နားလည်နိုင်ပေမဲ့ အဲဒါက စိတ်ရှုပ်နေစေတုန်းပင်။
ဒါကိုတွေးကြည့်ပြီးနောက် သူမက စုတ်တံကို ကောက်လိုက်ကာ ဇာတ်ညွှန်းအသစ်ရေးဖို့ ဆုံးဖြတ်လိုက်သည်။
သူမက အဲဒါကို ထပ်မယုံကြည်တော့ပေ။ ဒီကမ္ဘာပေါ်မှာ ဖြတ်တောက်လို့မရတဲ့ ဟာကွက်ဆိုတာ မရှိဘူး။
ဧကရီမယ်တော်ကြီးက သူ့ကို ဘယ်လောက်တောင် ယုံကြည်နေပေမဲ့လည်း သူမဘေးက လူတွေက ဝံပုလွေနှလုံးသားရှိသည့် လူတွေဆိုတာကို သိသွားလျှင် သူမက နောင်တရသလိုခံစားရကာ တစ်ဖြည်းဖြည်းနဲ့ နှစ်သက်တော့မှာ မဟုတ်ပေ။
~~~~
ရက်ပေါင်းများစွာတိုင်အောင် ဧကရီမယ်တော်ကြီးရဲ့နှလုံးသားက လေးလံနေပေသည်။
နန်းတော်ထဲတွင် ဘယ်သူမှမရှိတုန်းမှာ အထိန်းတော်ကျွမ်းက ဖြောင်းဖျဖို့ ရှေ့တိုးလိုက်သည်။
“သခင်မမုက မင်ကျိုးကို ပြန်သွားကတည်းက သခင်မက သိပ်ပြီး စကားမပြောတော့ဘူး”
ဧကရီမယ်တော်ကြီးက သူမရဲ့မျက်လုံးတွေကိုမှိတ်လိုက်ကာ သက်ပြင်းချလိုက်သည်။
“အရာအားလုံးက စိတ်ရှုပ်စရာပဲ။ အဲဒါကြောင့် လူတွေက သူတို့ရဲ့ပါးစပ်တွေကို မဖွင့်ချင်တော့ဘူး”
အထိန်းတော်ကျွမ်းက ဧကရီမယ်တော်ကြီးရဲ့ အကြောတွေကို နှိပ်နယ်ပေးဖို့ ရှေ့တိုးကာ ပြောလိုက်သည်
“နန်းတော်ကပိုပိုပြီးတော့ ခြောက်သွေ့လာတယ်။ ကြည့်ရတာ အိပ်ဆောင်ဝင်တာကြာပြီ ဖြစ်နေတဲ့ ကိုယ်လုပ်တော်ယိဖင်းဆီမှာ ဘာသတင်းကောင်းမှ မရှိသေးဘူးထင်တယ်။ ကိုင်းတွေနဲ့သစ်ရွက်တွေကလည်း ကြွေလွင့်နေပြီ။ အဲဒါကြောင့် ကျွန်တော်မျိုးမပဲ စကားပြောပေးနိုင်တယ်။ လူပိုများလေ အမြဲတမ်း ပိုပြီးတက်ကြွလေပဲ”
ဧကရီမယ်တော်ကြီးက ထပ်မံသက်ပြင်းချလိုက်သည်
လူတွေ အများကြီးရှိနေတော့ရော ဘာအသုံးကျလို့လဲ။
ဧကရာဇ်ရဲ့အရင်းအမြစ်က အခုထိ မဖြေရှင်းရသေးဘူး ဆိုတော့ အလှလေး ထောင်သောင်းချီရှိနေတော့ရော ဘာအသုံးကျမှာလဲ။
ဒါပေမဲ့ သူကိုယ်တိုင်ကလည်း အလျင်မလိုသေးဘူး။
အချိန် အကြာကြီးနေအောင် တွေးပြီးနောက် ဧကရီမယ်တော်ကြီးက ရုတ်တရက် သူမရဲ့ မျက်လုံးကို ဖွင့်လိုက်ကာ အထိန်းတော်ကျွမ်းကို ပြောလိုက်သည်။
“သွားပြီးတော့ အိုက်ကျားအတွက် တစ်ခုခုလုပ်ပေး”
…
~~~
ညနေခင်း ရောက်လာသည့်အခါ ယန်ရှုက စားပွဲကနေ လေ့ကျင့်ခန်းလုပ်ဖို့ ထလိုက်သည်။
စုတ်တံကို ချလိုက်ချိန်မှာပဲ စစ်စတန်ဆီက ပြောလာတာကို ကြားလိုက်ရသည်။
[သတင်းအသစ် ဧကရီမယ်တော်ကြီးက မစောင့်နိုင်တော့ဘူး။ ကျန်းရှန်ခန်းကို ဧကရာဇ်ရဲ့မစွမ်းဆောင်နိုင်တဲ့အပေါ် ကုသဖို့အတွက် မေးမြန်းဖို့ လုပ်နေပြီ]
ယန်ရှု [….]
သနားစရာကောင်းတဲ့ ဧကရီမယ်တော်ကြီး ဧကရာဇ်က ကောင်းတယ်ဆိုတာကို အခုထိ မသိသေးရှာဘူး။
ပြီးတော့ အဲဒါက အဆင်ပြေပေသည်။ မနေ့ညက သူမက ဆွေမျိုးတွေ ပြန်သွားသည့်အချိန်ကျမှ ရက်အနည်းငယ် ကြာအောင် ရှိနေခဲ့သည့် ရုပ်ပုံစာအုပ်ကို ညတစ်ဝက်လောက်အထိကြာအောင် ဖတ်ရှုလှန်လှောခဲ့သည်။
သေချာပေါက် ထိုအချိန်မှာပဲ ရှင်းကွားက အချိန်ကျပြီဖြစ်ပြီး မနေ့ညက အကြောင်းကို သူမ စားမြုံ့ပြန်နေရမည့် အချိန်မဟုတ်ပေ။ သူမက စစ်စတန်ကို အလျင်အမြန် ပြောလိုက်သည်။
[ဧကရီမယ်တော်ကြီးက ဘာလုပ်မှာလဲ။ အခုဧကရာဇ်က ကျန်းရှန်ခန်းကို လုံးလုံးကို မယုံကြည်ဘူး။ ကျန်းရှန်ခန်းကို အနီးကပ်သွေးခုန်နှုန်း စမ်းခိုင်းဖို့က မဖြစ်နိုင်ဘူး]
စစ်စတန် [ကြည့်ရတာ ဒီတစ်ကြိမ်တော့ သူ ကပ်နိုင်လောက်တယ်]
ယန်ရှု [ဘာလို့လဲ]
စစ်သတန် [ဧကရာဇ်က ကလေးဘဝတုန်းက ဆိတ်နို့ကို သောက်လိုက်တော့ ဝမ်းလျှောဖူးတယ်။ အခုလေးတင် ဧကရီမယ်တော်ကြီးက အချိုပွဲထဲကို ဆိတ်နို့ထည့်ပြီး သူ့ဆီကို ပို့ခိုင်းလိုက်ပြီ]
ယန်ရှု [???]
127 05
ဧကရီမယ်တော်ကြီးက တကယ်ကိုပဲ…ဧကရာဇ်ရဲ့သွေးခုန်နှုန်းကို ကျန်းရှန်ခန်းကို စစ်ဆေးခိုင်းဖို့အတွက်နဲ့ အဲဒီလောက်ထိ ရက်စက်တော့မှာပဲ။
သို့သော် သူမက ဘေးမှာရပ်ပြီး ကြည့်နေနိုင်ပါ့မလဲ။
ထို့ကြောင့် သူမက လျင်မြန်စွာထလိုက်ကာ ချန်းမင်နန်းဆောင်ဆီသို့ အပြေးသွားတော့သည်။
~~~
ယန်ရှုဟာ ချန်းမင်နန်းဆောင်ကို ရောက်ချိန်မှာတော့ တော်ဝင်စာကြည့်ဆောင်ရဲ့စားပွဲပေါ်မှာ ပိန်းဥကိတ်တစ်ပန်းကန်ကို တွေ့လိုက်ရသည်။ ပြီးတော့ တစ်စုံတစ်ယောက်ဟာ အဲဒါကိုမသိဘဲ စားနေတော့သည်
ပြီးတော့ သူမကို မေးလာသည်။
“မင်းက ဘာလို့ ဒီမှာရှိနေရတာလဲ”
ခနိးမထဲမှာ ဖုဟိုင်က ရှိနေဆဲဖြစ်ပြီး ထို့ကြောင့် ယန်ရှုဟာ ထိုသို့ပြောရုံသာ တတ်နိုင်ပေသည်။
“ဒီကိုယ်လုပ်တော်က အစတုန်းက အရှင်မင်းကြီးက ဒီညကန်လုနန်းဆောင်မှာ ညစာသုံးဆောင်မှာလားလို့ မေးချင်ရုံပါ….ဒီအဆာပြေမုန့်တွေက ဘယ်ကလာတာလဲ”
ယွီဝိန်းလန်က စားနေရင်းပြန်ဖြေလိုက်သည်။
“ဧကရီမယ်တော်ကြီးက တစ်ယောက်ယောက်ကို ယူလာခိုင်းလိုက်တာ။ ဖြစ်ချင်တော့ ကိုယ်လည်း ဗိုက်ဆာနေတာနဲ့ အရင်ဆုံး နည်းနည်းလောက် စားထားလိုက်တာ”
ထို့နောက် သူကသူမကို မေးလာသည်။
“မြည်းကြည့်ချင်လား”
သေစမ်း။ သူက ဘယ်လောက်တောင် စားလိုက်တာလဲ။
ယန်ရှုက သူ့အတွက် တိတ်တဆိတ် ချွေးပြန်သွားပြီး မေးလိုက်သည်။
“အရှင်မင်းကြီး…..အဆင်ပြေရဲ့လား”
“အဆင်ပြေပါတယ်….”
ယွီဝိန်းလန်က သူမကို ပြန်ဖြေတော့မလို့ပင်။ သို့သော် သူကစာလုံးနှစ်လုံးသာ ပြောလိုက်နိုင်ပြီး ရုတ်တရက် ရပ်တန့်သွားတော့သည်။
ယန်ရှုက သူ့အမူအရာက အပြောင်းအလဲကို အတိအကျ ဖမ်းမိလိုက်ကာ လျင်မြန်စွာ မေးလိုက်သည်
“ဘာဖြစ်လို့လဲ အရှင်မင်းကြီး”
ထိုစကားတွေ ထွက်လာသည်နှင့် ယွီဝိန်းလန်က အဆာပြေမုန့်တွေကို ချလိုက်ပြီး ဆေးကြောတဲ့အခန်းဆီကို အလျင်အမြန်သွားကာ လျင်မြန်စွာ ပြောလိုက်သည်။
“ခဏလောက်စောင့်ဦး”
ထိုသို့ပြောပြီးနောက် ဆေးကြောတဲ့အခန်းရဲ့တံခါးကိုလည်း ပိတ်ဖို့ မမေ့ပေ။
ဒါကိုမြင်လိုက်ရပြီး ဖုဟိုင်က သူ့ကိုခစားရန် လျင်မြန်စွာ လိုက်သွားပေမဲ့ ယန်ရှုက သူ့ကိုတားလိုက်ကာ ပြောလိုက်သည်။
“အထိန်းတော်ဖု ကျေးဇူးပြုပြီး ကျွန်မကို ခဏလောက် ရှောင်ပေးပါ။ အရှင်မင်းကြီးကို ပြောစရာတစ်ခု ရှိတယ်”
ဖုဟိုင်က ရပ်တန့်သွားပြီး သူ့မှာ ရွေးချယ်စရာမရှိတော့ဘဲ အရင်ဆုံးတုံ့ ပြန်လိုက်ကာ ပြန်ဆုတ်သွားတော့သည်။
ယန်ရှုလည်း ဆေးကြောတဲ့အခန်းရဲ့တံခါးဆီကို လာလိုက်ပြီး ပြောလိုက်သည်။
“ဒီကိုယ်လုပ်တော်မှာ သတင်းပို့စရာ တစ်ခုရှိပါတယ်”
ယွီဝိန်းလန်ရဲ့ အနည်းငယ် အဆင်မပြေဖြစ်နေတဲ့အသံက တံခါးအတွင်းဘက်ကနေ ထွက်လာသည်။
“ခဏလောက် စောင့်ဦး…”
ယန်ရှုက ပြောလိုက်သည်
“အရေးကြီးတယ် မဟုတ်ရင် အရမ်းနောက်ကျ သွားလိမ့်မယ်”
127 06
တံခါးအတွင်းထဲကလူက ရွေးချယ်စရာ မရှိတော့ဘဲ ပြောလိုက်ရသည်။
“ကောင်းပြီလေ ဒီလိုဆိုလည်း ပြောပါ”
ဘုရင်တစ်ပါးအနေနဲ့ သူ့ဘဝမှာ ဆေးကြောတဲ့အခန်းထဲကနေ တခြားသူရဲ့ သတင်းပို့တာကို နားထောင်ရတဲ့ ပထမဆုံးအကြိမ်ပင် ဖြစ်သည်
ထို့နောက် ယန်ရှုက ပြောလိုက်သည်
“ဧကရီမယ်တော်ကြီးက အခုလေးတင် အရှင်မင်းကြီး စားလိုက်တဲ့အချိုမုန့်ထဲမှာ ဆိတ်နို့ထည့်ဖို့ တစ်ယောက်ယောက်ကို ခိုင်းထားတယ်….”
“ဘာ”
ယွီဝိန်းလန်က ကြက်သေ သေသွားတော့သည်။
ယန်ရှုက စိတ်ရှုပ်ထွေးစွာနဲ့ ပြောလိုက်သည်။
“ငယ်ငယ်တုန်းက ဆိတ်နို့သောက်ရင် ဝမ်းလျှောတယ် မဟုတ်လား။ ဧကရီမယ်တော်ကြီးက ဒါကိုအခွင့်ကောင်းယူပြီး ကျန်းရှန်ခန်းကို ခေါ်လိုက်ပြီးရင် ရှင့်ရဲ့ဖျားနာမှုကို ကုသခိုင်းမလို့”
ယွီဝိန်းလန် “….”
ကောင်းပြီလေ။ သူ သိသွားပြီ။
အချိန်တစ်ခုထိ ဆွံ့အနေတဲ့ပုံစံမျိုးစုံကို အသာထားလိုက်ကာ ချက်ချင်းပဲ ပြောလိုက်သည်။
“သမားတော်ကျန်းကို ခေါ်လိုက်”
ယန်ရှုက နာခံလိုက်ကာ ဖုဟိုင်ကိုပြောရန် အလောတကြီး ထွက်သွားတော့သည်။
ထို့နောက် သူက ခြေကိုကြွလိုက်ပေမဲ့ ချက်ချင်းပဲ နောက်ထပ် ရပ်တန့်သွားတော့သည်။
သမားတော်ကျန်းက သူ့ရဲ့သွေးခုန်နှုန်းကို စမ်းသပ်ဖို့ ရောက်လာပြီး ကြည့်လိုက်တာနဲ့ သူက အရင်က သူ့အိမ်မှာ ကုသလို့မရနိုင်တဲ့လူဆိုတာကို မှတ်မိသွားလောက်လား။
******
128 01
အပိုင်း 128
သေချာပေါက်ပဲ ယွီဝိန်းလန်ဟာ ယန်ရှုရဲ့ဒီတစ်ခေါက် ပူပန်မှုတွေကို မသုံးသပ်ရသေးပေ။
သို့သော် ဒီအချိန် ရောက်သည့်အခါမှာတော့ သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူးလေ။
—အတိတ်တုန်းက သူဟာ ဧကရီမယ်တော်ကြီးကို စိုးရိမ်သည့်အတွက် ကျန်းရှန်ခန်းကို သူ့ဆီ နီးကပ်ခွင့် မပေးပေ။ အခုသူကပြန်ပြီး ကောင်းလာပြီဆိုပေမဲ့ ကျန်းရှန်ခန်းမှာ မကောင်းတဲ့စိတ်နှလုံး ရှိလေသည်။
ထို့ကြောင့် သူဟာ ကျန်းနျန်ချီကိုသာ ပိုပြီးရွေးချယ်မည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူဟာ ဟောဟောဒိုင်းဒိုင်း ပြောတတ်ရုံသာဖြစ်ပြီး သူ့ကို မှတ်မိသွားလျှင်လည်း မည်သည့်မကောင်းတာကိုမှ လုပ်မည်မဟုတ်ပေ။
အရေးအကြီးဆုံးကိစ္စကတော့ သူက ကုသပြီးသွားပြီ ဖြစ်လေသည် ဆိုတော့ ဘာကိုကြောက်နေရမှာလဲ။
အနာဂတ်မှာရော သူကမ ဖျားနာနိုင်တော့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ တော်ဝင်သမားတော်ကို ဘယ်တော့မှ မခေါ်ရဘဲနဲ့လေ။
ထို့ကြောင့် သူဟာ ထိုသူ့ကို ရှာဖွေကတည်းက သေချာပေါက် ကျန်းနျန်ချီကိုသာ ရွေးချယ်မည်ပင်။
ထိုအချိန် တံခါးကနေ ယန်ရှု မေးလာသည့်အခါမှာတော့
“အရှင်မင်းကြီး သမားတော်ကျန်းနဲ့ တွေ့ချင်တာ သေချာလို့လား”
ယွီဝိန်းလန်က သက်ပြင်းချလိုက်သည်
“အဆင်ပြေပါတယ်။ သူ့ကိုပဲ ရှာလိုက်ပါ”
ပြီးတော့ ပိုလို့တောင် မြန်သေးသည်….။
တံခါးနားက မိန်းကလေးက မှန်လှပါဟု ထပ်ဖြေလာပြီး နောက်ဆုံးမှာတော့ တစ်ယောက်ယောက်ကိုခေါ်ဖို့ သွားတော့သည်။
တစ်ခဏလောက် ကြာပြီးနောက် ကျန်းရိရှီက ချန်းမင်နန်းဆောင်ဆီကို အလျင်အမြန် ရောက်လာတော့သည်။
ယန်ရှုဟာ တစ်ယောက်သောသူက ခံစားနေရတာကို သိသည့်အတွက် လျင်မြန်စွာ ပြောလိုက်သည်။
“အရှင်မင်းကြီးက နေလို့မကောင်းဘူး အဲဒါကြောင့် သမားတော်ကျန်းက မြန်မြန်လေး အရှင်မင်းကြီးကို ကုသပေးပါဦး”
သမားတော်ကျန်းကလည်း ထိုကဲ့သို့သာ လုပ်မည်ဖြစ်ပြီး လျင်မြန်စွာပဲ ဘုရင့်ဆီ သွားလိုက်ကာ သွေးခုန်နှုန်းကို ဂရုတစိုက်နဲ့စစ်ဆေးရန် သူ့ရဲ့လက်ကို ဆန့်ထုတ်လိုက်တော့သည်။
တစ်ခဏကြာပြီးနောက် ယွီဝိန်းလန်က မှတ်ချက် တစ်သီတစ်တန်းကြီးကို ကြားလိုက်ရတော့သည်။
[ဒါ ဒါ ဒါက…အဲဒါမထောင်နိုင်တဲ့အရာရှိ မဟုတ်လား။ပင်ကိုယ်စရိုက်က ဘာလို့ ထူးခြားဆန်းကြယ် နေသလဲမသိဘူးလို့ ပြောနေသေးတယ်။ လတ်စသတ်တော့ အရှင်မင်းကြီးကိုး။အဲဒါက အရှင်မင်းကြီးပဲ]
ယွီဝိန်းလန် “….”
သေချာပေါက် သူ့ကိုတော့ မှတ်မိသွားပြီပဲ။
တစ်ဖက်လူက လာရင်းကိစ္စကို မေ့နေမှာစိုးသည့်အတွက် သူ့က ပါးစပ်ဖွင့်ကာသာ မေးလိုက်တော့သည်။
“ကိုယ်တော် ကလေးဘဝကတည်းက ဆိတ်နို့သောက်လို့ မရဘူး။ အခုလေးတင် ကိုယ်တော် စားလိုက်တဲ့ အဆာပြေမုန့်မှာ ဆိတ်နို့ပါနေတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အဲဒါကြောင့် အဲဒါကြောင့်….”
ကံကောင်းစွာနဲ့ သမားတော်ကျန်းက ထက်မြက်သည့်သူဖြစ်ပြီး သူ စကားပြောတာပင် မဆုံးသေးခင်မှာပဲ သူက တုံ့ပြန်လိုက်ပြီးဖြစ်ကာ ပြောလိုက်သည်။
“မပူပါနဲ့။ အရှင်မင်းကြီး နှလုံးထဲမှာ ဆိတ်နို့တွေ အများကြီးမရှိပါဘူး။ နဂါးခန္ဓာကိုယ်က အဆင်ပြေနေပါတယ်။ အရှင်မင်းကြီးအတွက် ကျွန်တော်မျိုး ဆေးစပ်ပေးပါ့မယ်”
ယွီဝိန်းလန်က ခေါင်းညိတ်လိုက်ပြီး ထိုလူက စုတ်တံတစ်ချောင်းနဲ့ တွန့်ဆုတ်စွာ ဆေးစပ်နေတာကို တွေ့လိုက်ရပြီးနောက် ဖုဟိုင်အား တော်ဝင်ဆေးစပ်ဆောင်ဆီသွားပြီး ဆေးယူခိုင်းလိုက်တော့သည်။
~~~
128 02
ချီအန်းနန်းဆောင်တွင် အပြင်ဘက်မှာ မှောင်နေပြီဖြစ်တာကို တွေ့လိုက်ရပြီး ဧကရီမယ်တော်ကြီးကလည်း သတင်းစောင့်နေဆဲပင်။
သိပ်မကြာခင်မှာပဲ ကျန်းရှန်ခန်းက နန်းဆောင်ထဲကို တွန့်ဆုတ်စွာနဲ့ ဝင်လာသည်အား တွေ့လိုက်ရပြီး ဧကရီမယ်တော်ကြီးက လျင်မြန်စွာ မေးလိုက်သည်
“ဘယ်လိုလဲ”
ကျန်းရှန်ခန်းက သူ့ခေါင်းကို ဦးညွှတ်လိုက်ကာ ပြောလိုက်သည်။
“ကျွန်တော်မျိုး တော်ဝင်သမားဆောင်မှာ စောင့်ဆိုင်းနေခဲ့ပေမဲ့ အရှင်မင်းကြီးက ကျွန်တော်မျိုးကို ဆင့်ခေါ်မလာသေးပါဘူး”
“အရှင်မင်းကြီးက ရှင့်ကို မပြောဘူးလား”
—ဖြစ်နိုင်တာက ဧကရာဇ်က အခုထိသူမကို သတိထားနေသေးတာလား။
ဒီကလေးကတော့….
ထို့ကြောင့် သူမက နန်းတော်အစေခံတွေကို ရိုးရှင်းစွာပဲ အမိန့်ပေးလိုက်သည်။
“ထမ်းစင် ပြင်လိုက်”
ထို့နောက် သူမက ကျန်းရှန်ခန်းဆီသို့ ပြောလိုက်သည်။
“အိုက်ကျား ကိုယ်တိုင် ရှင့်ကို ခေါ်သွားမယ်”
~~~
သမားတော်ကျန်းရဲ့အလုပ်တွေ အများကြီးပြီးနောက် အရှင်မင်းကြီးက ဆေးသောက်လိုက်ပြီး ရောဂါလက္ခဏာတွေက နောက်ဆုံးတော့ ပျောက်ကွယ် သွားတော့သည်။
ထိုမြင်ကွင်းကို တွေ့သည့်အခါ လူတိုင်းက သက်ပြင်းမောတစ်ခုကို မှုတ်ထုတ်လိုက်ကြသည်။
ယန်ရှုသည်လည်း မနေနိုင်ဘဲ သူမရဲ့စိတ်ထဲမှာ သက်ပြင်း ချလိုက်တော့သည်။ ဧကရာဇ်ရဲ့ရောဂါကို ကုသဖို့ ကူညီရန်အတွက်နဲ့ ဧကရီမယ်တော်ကြီးမှာ တကယ့်ကို ပြတ်သားတဲ့ အကြံတစ်ခုရှိတာပဲ။
ထိုညမှာ အနိမ့်အမြင့်တွေနဲ့ဖြစ်နေပြီး တကယ့်ကို ပြဇာတ်သဖွယ်ပင်။
——
အမေဖြစ်သူက သူ့သားမှာ ဘာဆက်ခံသူမှ မရှိမှာကို စိုးသည့်အတွက် သူ့သားကို ကုသမှုခံယူရန် တွန်းအားပေးဖို့အတွက်နဲ့ သူမရဲ့ဦးနှောက်ကို အကြံကုန် ထုတ်လိုက်ရသည်။
သို့သော်လည်း ဒီသားဖြစ်သူက တကယ်ကြီးကို အချိန်အကြာကြီး တိတ်ဆိတ်နေပြီး သူမကိုတော့ ပြောပြမလာပေ။
ကျစ် ကျစ် ကျစ် ဒါကို ပုံပြင်စာအုပ်ထဲ ထည့်ပေါင်းရေးပြီး လူတွေကို ဆွဲဆောင်ရမယ်။
ယွီဝိန်းလန် “….”
ဒီလိုအချိန်မှာတောင် ဇာတ်လမ်းထဲကို ထည့်ရေးချင်နေသေးလား။
သေချာပေါက်ပဲ သူမကဒီတိုင်းပဲ ပြောနေတယ်ဆိုတာကို သိပေသည်။
သို့သော် ဒီအချိန်မှာ သူကိုယ်တိုင်လည်း မတွေးတတ်အောင် ဖြစ်နေသည်
—သူဟာ ဧကရီမယ်တော်ကြီးကို ဖုံးကွယ်ထားချင်တာ မဟုတ်ဘဲ သူက အဆင်ပြေတယ်ဆိုတာကို ဧကရီမယ်တော်ကြီးအား လက်ဦးမှုယူကာ မပြောနိုင်ရုံပင် ဖြစ်သည်။
မူလက ယန်ရှုက ကိုယ်ဝန် ဆောင်နိုင်သရွေ့ ဧကရီမယ်တော်ကြီးက သဘာဝကျကျပဲ နားလည်သွားမည် ဖြစ်သည်။ သို့သော်လည်း ဘယ်တော့မှ မျှော်လင့်မထားမိတာက ဧကရီမယ်တော်ကြီးက အရမ်းကို စိတ်မရှည် ဖြစ်နေမယ်လို့လေ….။
မေ့လိုက်တော့။ အခုကစပြီး ချီအန်းနန်းဆောင်ကနေ လာတဲ့ အရာတွေမှန်သမျှ ထပ်ပြီးစားလို့မရတော့ဘူး ။
…
သူက ထိုအကြောင်းကို တွေးနေစဉ်မှာပဲ သမားတော်ကျန်းက ရုတ်တရက် လေးနက်တဲ့မျက်နှာထားမျိုး ဖြစ်သွားပြီး ဒူးထောက်ချကာ ပြောလိုက်သည်။
“အရှင်မင်းကြီးကို သတင်းပို့စရာတစ်ခု ရှိပါတယ်”
စကားပြောပြီးနောက် သူဟာ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး စိုးရိမ်စွာနဲ့ ပြောလိုက်သည်။
[ဒီကိစ္စက အရမ်းကိုအရေးကြီးတဲ့ကိစ္စပဲ အရှင်မင်းကြီးက ငါ ဆိုလိုချင်တာကို နားလည်ဖို့ပဲ မျှော်လင့်တယ်]
ယွီဝိန်းလန်က နားလည်သွားပြီး သူ့လက်ကိုမြှောက်ကာ ရှေ့နောက် ရမ်းပြလိုက်တော့သည်။
မမျှော်လင့်ထားစွာနဲ့ ကျန်းနျန်ချီက စကားမပြောသေးဘဲ သူ့ကို စိုးရိမ်မှုတချို့နဲ့ ကြည့်နေဆဲဖြစ်သည်။
ယနိရှုက ထိုနေရာမှာ ရပ်နေပြီး ပတ်လည်ကိုကြည့်ကာ နားမလည်သလို သူမရဲ့လက်တွေအား ဟိုဟိုသည်သည် လွှဲယမ်းနေပေသည်။
ယွီဝိန်းလန် “…”
128 03
သို့သော် သူမနှလုံးသားထဲက စိုးရိမ်ပူပန်စွာနဲ့ ပြောနေသံကို ကြားလိုက်သည်။
[ဟေး ငါ့ကို မောင်းမထုတ်နဲ့နော်။ ဒီည ဒီကိုတောင်လာပြီး သတင်းပို့ပေးထားတာ။ နားမထောင်လို့ရတဲ့ လျှို့ဝှက်ချက်ဆိုတာ ရှိသေးလို့လား။ ဘာပဲဖြစ်ဖြစ် ရှင်ကတောင် သေဖို့ ရွေးချယ်ပြီးပြီလေ၊ ကျွန်မကို တစ်ယောက်တည်းဖြစ်မှာဆိုပြီး ဂရုစိုက်နေ သေးတာလား]
ယွီဝိန်းလန် “….”
သူက ကျန်းနျန်ချီကို ထိုသို့ပြောရုံသာ တတ်နိုင်ပေသည်။
“ကိုယ်လုပ်တော်ယိက အပြင်လူ မဟုတ်ဘူး။ ဘာကအရေးကြီးတာလဲဆိုတာ ဒီတိုင်းပဲ ပြောလိုက်ပါ”
သမားတော်ကျန်းက ချက်ချင်းပဲ နာခံလိုက်ကာ ပြောလိုက်သည်။
“ဒီအိပ်ခန်းရဲ့အနံ့နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ သတိပြုမိပါကြောင်း ရဲဝံ့စွာနဲ့ပဲ လျှောက်တင်ပါရစေ။ အရှင်မင်းကြီးက ဘယ်တုန်းကမှ အဆင်မပြေ မဖြစ်ခဲ့ဖူးဘူး။ ကျွန်တော်မျိုးစိုးမိတာက ကပ်ဘေးရဲ့အစက အခုထိဒီနေရာမှာ ရှိနေဦးမှာကိုပဲ”
ထိုစကားတွေ ထွက်လာသည့်အခါ ယန်ရှုရဲ့နှလုံးသားက စည်းချက်တစ်ခု ကျော်သွားတော့သည်။
သမားတော်ကျန်း ပြောတဲ့ အရင်းခံဆိုတာက….ပထမတုန်းက ဧကရာဇ်ရဲ့ မထောင်နိုင်တဲ့ကိစ္စကို ပြောနေတာပဲ ဖြစ်နိုင်မလား။
ကျစ် တကယ်ကို ကိစ္စရှိသွားပြီပဲ။
သို့သော် ထိုသို့ပြောပြီးနောက် သမားတော်ကျန်းက တကယ်ကြီး မရူးသွပ်သေးပေ။ ယခုလို သိမ်မွေ့တဲ့ သတိပေးမှုကိုသိပြီး သူဟာ ဧကရာဇ်ကို မှတ်မိကြောင်း တိုက်ရိုက်ကြီး မပြောလိုက်ပေ
ပြီးနောက် ယွီဝိန်းလန် ကမျက်မှောင်ကြုတ်သွားကာ လျင်မြန်စွာ မေးလိုက်သည်။
“ဘာမှားနေလို့လဲ”
—သိရမည်မှာ သမားတော်နဲ့ ပြခဲ့ပြီး သူဟာ အဆိပ်ခတ် ခံထားရတယ်ဆိုတာကို ပြောပြီးကတည်းက ခန်းဆီး ပန်းတွေနဲ့ သစ်ပင်တန်ဆာဆင်ထားတာတွေ မစရှိသဖြင့် အိပ်ဆောင်ထဲက တစ်ခုချင်းစီ အရာအားလုံးနီးပါးကို ပြောင်းလဲလိုက်သည်။
ဖြစ်နိုင်တာက အမွှေးနံ့သာကို တစ်ယောက်ယောက် မသုံးဖူးတဲ့နေရာမှာများ ထိထားတာလား
အခု သမားတော်ကျန်းက မှားနေတာများလား။
ဖြစ်နိုင်လား…..
အဲဒါက တော်ဝင်ညောင်စောင်းလား။
—ဒါဟာ အရင်တုန်းက ဧကရာဇ်ကောင်းဇူကနေ လက်ဆင့်ကမ်းလာသည့် အရာဖြစ်သည်။ ထို့ကြောင့် အဲဒါကို လက်ဆော့ထားတာတော့ မဖြစ်နိုင်ပေ။
သူကထိုအကြောင်းကို တွေးနေစဉ်မှာပဲ သမားတော်ကျန်းက အိပ်ရာဘေးနားမှာ ချိတ်ဆွဲထားတဲ့ ပိရှောင်းဓားဆီကို လျှောက်သွားနေတာကိုတွေ့လိုက်ရပြီး ထိုအရာကို ထပ်ခါထပ်ခါ အနံ့ခံရန် နီးကပ်သွားလိုက်သည်။ ထို့နောက် သူ့ကိုပြောလာသည်။
“အရှင်မင်းကြီး မူမမှန်တာက ဒီဓားထဲမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”
ယွီဝိန်းလန်က ရပ်တန့်သွားတော့သည်။
—ထိုဓားဟာ နှောင်းဧကရာဇ်ရဲ့ အမွေအနှစ်တစ်ခုဖြစ်ပြီး နှောင်ဧကရာဇ် နတ်ရွာစံစဉ်ကတည်းက သူဟာ အတွေးတစ်စအနေနဲ့ ထိုဓားကို သူ့ဘေးမှာ သိမ်းထားခဲ့တာပင်။
သူက ပဟေဠိ ဖြစ်သွားပြီး
“ဒီဓားကို သဲနဲ့ကြေးနီနဲ့ သွန်းထားတာ ကွာခြားချက်က ဘာလဲ”
သမားတော်ကျန်းက ဓားအိမ်ထဲက ဓားကို ညွှန်ပြလိုက်ကာ ပြောလိုက်သည်။
“ကျွန်တော်မျိုး အရဲစွန့်ပြီး ခန့်မှန်းရရင် မူမမှန်တာက ဒီအထဲမှာပါ”
ဒါကိုကြားချိန်မှာ ယနိရှုကတစ်ခဏလောက် မထိန်းနိုင်တော့ဘဲ လျင်မြန်စွာ တစ်ချက် ကြည့်လိုက်သည်။ ထိုဓားက ခွက်နေပြီး အတိတ်နမိတ်ကောင်းတဲ့ တိမ်လွှာသဏ္ဌာန်တွေကို ထွင်းထုထားကာ သဘာဝကြေးနီရောင်ကို ပြသနေပေသည်။
128 04
သူမရဲ့လက်ကို လှုပ်လိုက်ပေမဲ့ ဘာသံမှမကြားရပေ။ သူမရဲ့မျက်လုံးရှေ့ရောက်အောင်ထိ ရှေ့သို့ကိုင်းပြီး ကြည့်လိုက်ပေမဲ့ အထဲထဲက ဘာကိုမှမမြင်ရပေ။
စူးစမ်းနေစဉ်မှာပဲ ယွီဝိန်းလန်က ဓားကို ကောက်ဖို့ လက်လှမ်းလိုက်ကာ စစ်ဆေးပြီးနောက်မှာတော့ မာကျောတဲ့ဓားမြှောင်ကို ရုတ်တရက် ထုတ်လိုက်ကာ ဓားအိမ်ပေါ်မှာ ခွဲချလိုက်ပြီး ထိုဓားအိမ်ကို တိုက်ရိုက်ပဲ တစ်ဝက်ဖြစ်သွားအောင် ထိုးကလော် ဖြစ်သွားစေသည်။
ဒီလိုနည်းနဲ့ အထဲထဲကအရာရဲ့ စစ်မှန်တဲ့အကြောင်းအရာကို ပြသလာတော့သည်။
လက်ရာမြောက်စွာ ထွင်းထုထားတဲ့ဓားအိမ်ရဲ့ အတွင်းနံရံထဲမှာ ရွှေရောင်အလွှာတစ်လွှာရှိပြီး ကြည့်ရသည်မှာ ကော်တစ်မျိုး ဖြစ်မည်ထင်သည်။ သို့သော် အခုချိန်မှာတော့ အလွန်အမင်းကို မာကျောနေပြီ ဖြစ်သည်။
သမားနော်ကျန်းက သူ့နှာခေါင်းအောက်ကို ယူလိုက်ပြီး ဂရုတစိုက်နဲ့ အနံ့ခံလိုကိပြီး သူ့မျက်ခုံးတွေကြားက မျက်မှောင်က တင်းကြပ်သဖက် တင်းကြပ်လာတော့သည်
ထိုမြင်ကွင်းကိုတွေ့သည့်အခါ တစ်ခြားသူတွေက ပိုပိုပြီး စိတ်ရှုပ်ထွေးလာကြပြီး ယွီဝိန်းလန်က လျင်မြန်စွာ မေးလိုက်သည်။
“ဘယ်လိုနေလဲ”
သမားတော်ကျန်းက ကြားလိုက်ချိန်မှာ ပြန်ဖြေလိုက်သည်။
“အရှင်မင်းကြီး လိပ်ခွံ၊ အဝါရောင်ကြက်၊ ဟွမ်ချင်း ရွှေရောင်ချယ်ရီစေ့လို ဆေးပေါင်းမြောက်မြားစွာ ရှိနေမှာကို စိုးမိပါတယ်။ ပြီးတော့လည်း နိုက်ထရိတ်အမှုန့်နဲ့ကန့်မှုန့်တွေလည်း ရောပါနေပါသေးတယ်။ ဒါတွေအားလုံးက စိတ်ဆန္ဒကို ဖိနှိပ်တဲ့ဆေးတွေပါ။ သူတို့ကို ညတိုင်း ထိတွေ့မယ်ဆိုရင် အချိန်ကြာလာတာနဲ့ ယောက်ျားတွေရဲ့ အဓိကနေရာကို ထုံထိုင်းသွားစေပြီး မျိုးပွါးနိုင်စွမ်းကို ဆုံးရှုံးလိုက်ရပါမယ်”
ယန်ရှု “!”
ကောင်းတယ်။ ဒါက ဆေးဝါးထဲ နစ်မြှုပ်နေတာမလား။ ကြည့်ရတာ ဒါကလက်သည်တရားခံ ဖြစ်နေပုံပဲ။
ပြီးနောက် ယွီဝိန်းလန်ကို ထပ်ကြည့်လိုက်ပြီး သူရဲ့မျက်ခုံးတွေကလည်း တွန့်ချိုးနေတာကို တွေ့လိုက်ရသည်။
အမှန်ပဲ။ အတိတ်တုန်းက သူ့အတွက် အရာရာဟာ ပုံမှန်ဖြစ်နေခဲ့ပေမဲ့ ထီးနန်းကို ဆက်ခံပြီး သူ့ရဲ့ချန်းမင်နန်းဆောင်မှာ နေကတည်းက သူဟာ တစ်ဖြည်းဖြည်းနဲ့ ဆုံးရှုံးလာခဲ့တာပင်။
တကယ်ပဲ ထိုနေရာမှာ ပိုပိုပြီး ထုံထိုင်းလာပြီး သူ့နှလုံးသားထဲမှာလည်း စိတ်ဆန္ဒတို့ တစ်ဖြည်းဖြည်းနဲ့ လျော့ကျသွားကာ နောက်ပိုင်း ယန်ရှုကို မတွေ့ခင်အထိပင်။
ဒီအချက်ကနေ ကြည့်မည်ဆိုလျှင် ရောဂါရဲ့အမြစ်က တကယ်ပဲ ဒီအရာလား။
ယန်ရှုက သူ့ကို လျင်မြန်စွာ မေးလိုက်သည်
“ဒါပေမဲ့ အရှင်မင်းကြီးရဲ့နန်းတော်ထဲမှာ ဒီလိုအရာမျိုး ရှိနေရတာလဲ။ ဒီဓားအပေါက်ထဲမှာ ဘယ်သူက ထည့်ထားခဲ့တာလဲ”
သို့သော် နှလုံးသားထဲမှာတော့ ပြောနေပေသည်။
[နှောင်းဧကရာဇ်ရဲ့ ဓားဆိုမှတော့ နှောင်းဧကရာဇ်ကို ရည်ရွယ်တာပဲ ဖြစ်ရမယ်။ နှောင်းဧကရာဇ်ကို လိုချင်လျှင် အဲဒါက ကောင်းမှာ မဟုတ်ပေ။ ဆိုတော့…ဧကရီမယ်တော်ကြီးများလား။]
[ဧကရီမယ်တော်ကြီးက မူလဧကရာဇ်ရဲ့ အရှေ့ဘက်မှာ ကိုယ်လုပ်တော်တစ်ယောက် အနောက်ဘက်မှာ ကိုယ်လုပ်တော်တစ်ယောက် ရှိနေတာကို မုန်းတယ်လေ။ အဲဒါကြောင့် သူ့ခင်ပွန်းရဲ့ ဟိုဟာကို ဖြတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တာလား။]
ယွီဝိန်းလန် “..”
သူက “ယန်ဓာတ် ဖြတ်တောက်တယ်” ဆိုတဲ့စကားလုံးကို သိပေသည်။ ဒါပေမဲ့ အဲဒီအရှေ့က ထည့်လိုက်တဲ့ စကားလုံးနှစ်လုံးက ဘာတွေလဲ။
သူပင် ပုံမဖော်နိုင်သေးခင် သူမရဲ့အကြံဥာဏ်ကို ငြင်းပယ်လိုက်သည်အား ကြားလိုက်ရသည်။
[မဖြစ်နိုင်ဘူး။ ဧကရီမယ်တော်ကြီးသာ အဲဒါကို လွှတ်ပေးမယ်ဆိုရင်တောင် သူမဘာသာ သိရမယ်လေ။ အဲတော့ ဧကရာဇ်ကို သမားတော်နဲ့ပြသဖို့အတွက် လောဆော်ဖို့ ဒီလိုလှည့်ကွက်တွေကိုတောင် သူမက လိုအပ်နေတုန်းလား။]
…ယွီဝိန်းလန်လည်း ထိုကဲ့သို့ တွေးလိုက်သည်။
ထို့ကြောင့် သူ ပထမဆုံး မဲပေးလိုက်သည့်သူက ဧကရီမယ်တော်ကြီးပင် ။
128 05
သူမ ထပ်မံတွေးဆနေတာကို ကြားလိုက်ရပြန်သည်
[နှောင်းဧကရာဇ်ရဲ့ တစ်ခြားကိုယ်လုပ်တော်တွေများ ဖြစ်နိုင်လောက်လား။]
[အဲ့လိုလည်း မဟုတ်ပြန်ဘူး။ ပထမဆုံးအနေနဲ့ ဒီကိုယ်လုပ်တော်က ချန်းမင်နန်းတောင်ကို ဝင်နိုင်ရင်တောင် နှောင်းဧကရာဇ်ရဲ့မျက်လုံးအောက်မှာ သူမက ဒါတွေကို ဘယ်လို လုပ်နိုင်မှာလဲ။]
[အဲဒီအပြင် ကိုယ်လုပ်တော်တွေက မျက်နှာသာရဖို့ ယှဉ်ပြိုင်နေရမှာလေ။ ပထမဧကရာဇ်ရဲ့ဆက်နွယ်မှုကို ရေနှစ်ပစ်လိုက်ရင် သူတို့တွေက ဘယ်လိုယှဉ်ပြိုင်တော့မှာလဲ။]
ယွီဝိန်းလန် “….”
အဆုံးမှာတော့ အဲဒါက သူ့ရဲ့ခမည်းတော်လေ။ “ရေနှစ်တယ်” ဆိုတဲ့ အသုံးအနှုန်းကို သုံးနေတာကို ရပ်ပေးလို့ရမလား။
သို့သော် သေချာပေါက် သူမရဲ့သုံးသပ်ချက်တွေက အကျိုးအကြောင်း သင့်သည်။ တစ်ခြားကိုယ်လုပ်တော်တွေရဲ့ နှောင်းဧကရာဇ်အပေါ် အဆိပ်ခတ်တဲ့ ဖြစ်နိုင်ချေက လုံးဝကို သုညပင်။
ဆိုတော့ ဘယ်သူ ဖြစ်နိုင်မလဲ။
ထိုအချိန်မှာပဲ တံခါးအပြင်ဘက်ကနေ အသံထွက်လာသည်
“ဧကရီမယ်တော်ကြီး ရောက်လာပါတယ်….”
ခန်းမထဲက လူတိုင်းဟာ ထိတ်လန့်သွားကြသည်။
ယန်ရှု [ဧကရီမယ်တော်ကြီးက ဘာလို့ ဒီကိုရောက်နေရတာလဲ။ ဖြစ်နိုင်တာက အရှင်မင်းကြီး ဝမ်းလျှောနေလားဆိုတာကို စစ်ဆေးကြည့်ဖို့လား]
ယွီဝိန်းလန် “….”
ဖြစ်နိုင်ချေ ရှိတယ်။
******
129 01
အပိုင်း 129
သူဟာ အရင်ဆုံး ဓားကို ဘေးဘက်မှာ ထားလိုက်ပြီး ထို့နောက် တွေ့လိုက်ရသည်က ဧကရီမယ်တော်ကြီးနောက်မှာ ကျန်းရှန်ခန်းပါ လိုက်ပါလာသည်ကို ဖြစ်သည်။
ထိုလူကို တွေ့သည့်အခါ အခုလေးတင် စိတ်ရှုပ်ထွေးနေသေးသည့် ကျန်းရိရှီက တည်ငြိမ်သွားကာ ယန်ရှုနောက်လိုက်ပြီး ဧကရီမယ်တော်ကြီးကို ဂါရဝပြုလာသည်။
ယွီဝိန်းလန်ကလည်း မည်သည့်ထူးဆန်းမှုမှ မပြဘဲ မေးရုံသာမေးလာသည်။
“ဧကရီမယ်တော်ကြီးက ဘာလို့ဒီကိုရောက်နေရတာလဲ”
သို့သော် ဧကရီမယ်တော်ကြီးက စိတ်ရှုပ်ထွေးစွာ ပြောလာသည်။
“အိုက်ကျားလည်း ရှုပ်ထွေးနေတာ။ အရှင်မင်းကြီးဆီကို အခုလေးတင် ကျွန်မ ပို့လိုက်တဲ့ ပိန်းဥကိတ်က သိပ်မသင့်တော်ဘူးဆိုတာကို ရှာတွေ့သွားလို့ အရှင်မင်းကြီးက ကလေးဘဝကတည်းက ဆိတ်နို့သောက်လို့ မရဘူးလေ။ အိုက်ကျားလည်း သူတို့ကို ဆိတ်နို့ မထည့်ဖို့ ပြောလိုက်ဖို့ မေ့သွားတယ်။ လုပ်ပြီးတာနဲ့လည်း အရှင်မင်းကြီးဆီ တိုက်ရိုက်ပို့ပေးလိုက်မိတာ။ အခု အရှင်မင်းကြီး အဆင်ရောပြေရဲ့လား”
“….”
ယန်ရှုက သူမရဲ့စိတ်ထဲမှာ တိတ်တဆိတ်
သက်ပြင်းချလိုက်ပြီး ဧကရီမယ်တော်ကြီးက အံ့ဩစရာ ကောင်းတာကို မပြောနဲ့ဦး။ ဒီသရုပ်ဆောင်မှုထဲမှာ ဘာသိသာနေတာမျိုးမှ မရှိဘူး။
သို့သော် ဧကရာဇ်ကလည်း မဆိုးပေ။ သူက ပြောလိုက်သည်
“အခုလေးတင် သိပ်အဆင်မပြေသလို ခံစားလိုက်ရတယ်။ အဲဒါကြောင့် သမားတော်ကျန်းယွီကို ဆင့်ခေါ်လိုက်ပြီး ဆေးလည်း သောက်လိုက်ပါပြီ။ သားတော် အဆင်ပြေပါတယ်”
ဧကရီမယ်တော်ကြီးက အတော်လေး အံ့အားသင့်သွားတော့တယ်။
“ကောင်းပြီ”
သူက ပြောပြီးနောက် သူ့တစ်ကိုယ်လုံးကို တစ်ဖန်ခြုံကြည့်လိုက်သည်။ သို့သော် သူ့ရဲ့မျက်နှာက တစ်ကယ်ပဲ မဆိုးလှတာကို တွေ့လိုက်ရပြီး မတတ်နိုင်ဘဲ ရေရွတ်လိုက်မိသည်။တကယ် အဆင်ပြေနေတာပဲ။
ဒီလိုနည်းနဲ့ ဧကရီမယ်တော်ကြီးက သက်ပြင်းချကာ သူမဘာသာ အပြစ်တင်နိုင်တော့သည်။
“အိုက်ကျားရဲ့အပြစ်တွေပါ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဂရုမဲ့နိုင်ရတာလဲ။ အခုအချိန်ထိ မသိလိုက်ဘူး။ အရှင်မင်းကြီးမှာ တစ်ခုခု ရှိနေမှာစိုးလို့ ကျန်းရှန်ခန်းကိုပါ မယ်တော်နဲ့အတူ အထူးအနေနဲ့ ခေါ်လာခဲ့တာ”
ယန်ရှုက တိတ်တဆိတ်နဲ့ ဘေးဘက်ကနေ ကြည့်လိုက်ပြီး ဧကရီမယ်တော်ကြီးက ဒီလိုမျိုးစကား ပြောသည်မှာ ရှားပါးသည်ဟု တွေးနေပေသည်။
—ဧကရာဇ် ဒေါသထွက်မှာ တကယ်စိုးရိမ်စရာပဲ။
သို့သော် ဧကရီမယ်တော်ကြီးက ဥာဏ်ကြီးသည်ဟု ပြောရပေမည်။ ဘယ်လိုလူမျိုးက ဒီလိုနည်းလမ်း ရှိနိုင်လို့လဲ။ ဧကရာဇ်အပေါ်ကိုတောင် သုံးရဲသေးတယ်။
ဧကရာဇ်သာ ရက်စက်တယ်ဆိုလျှင် သူမကိုပြဿနာရှာဖို့ ဒါကို အသုံးပြုနိုင်ပေသည်။
သို့သော် ယွီဝိန်းလန်က ပြောလာသည်။
“အဲဒါက တကယ့်ကို အသေးအဖွဲ့ ပြဿနာလေးပါ။ ဧကရီမယ်တော်ကြီးက ကိုယ့်ကိုကိုယ် အပြစ်တင်နေဖို့ မလိုပါဘူး”
ယန်ရှုဟာ ဧကရာဇ်က ဧကရီမယ်တော်ကြီးအတွက် မျက်နှာကို ထိန်းသိမ်းပေးချင်နေတာလို့ နားလည်သွားရသည်။
အဆုံးမှာတော့ သူဟာ သားသမီးဝတ္တရားကျေပွန်တဲ့ သားတစ်ယောက်ဖြစ်ပြီး အရမ်းလည်း ကြင်နာနေဆဲပင်။
သို့သော် ဧကရီမယ်တော်ကြီးက သူမခေါင်းကို ညိတ်လိုက်ကာ
“အဲဒါဆို ကောင်းပါတယ် ဒါပေမဲ့ သမားတော်ကို အရှင်မင်းကြီး ပြသလိုက်တာ ပိုကောင်းမယ်။ အဲဒါမှ ဘာမှမမှားမှာ”
ယန်ရှု “…..”
အမှန်ပဲ ဧကရာဇ်ကို ကျန်းရှန်ခန်းဆီ ပြသဖို့ မပြောဘဲ ဒီလိုပြပွဲတစ်ခုပြင်ဆင်ရသည်က အချိန်ကုန်သည့်အရာပင်။
သို့သော်လည်း ဧကရာဇ်ကလည်း ထိုသို့သာ ပြောလာသည်
“မလိုပါဘူး။ သားတော် တကယ်အဆင်ပြေပါတယ်။ သမားတော်ကျန်းရဲ့ဆေးပညာစွမ်းရည်ကိုလည်း မယ်တော်ကြီးရဲ့ ကိုယ်ပိုင်မျက်လုံးနဲ့ မြင်ဖူးတာပဲ။ ဒီရက်ပိုင်းအတွင်း သူက သားတော်ရဲ့စိုးရိမ်ပူပန်မှုတွေ အများကြီးကို ဖြေရှင်းပေးခဲ့တာ”
ယန်ရှုက ထပ်မံ ရပ်တန့်သွားတော့သည်။ ဧကရာဇ်ကလည်း ဧကရီမယ်တော်ကြီးကို အချက်ပြမှုတစ်ခု ပို့လွှတ်နေပေသည်။
129 02
သူ ပြောတာကို ကြားပြီးနောက် ဧကရီမယ်တော်ကြီးက တကယ်ကို တွန့်ဆုတ်သွားပြီး ကျန်းရိရှီကို ထပ်မံ မေးလာသည်။
“အရှင်မင်းကြီးရဲ့ နဂါးခန္ဓာကိုယ်က ဘယ်လိုနေလဲ”
သမားတော်ကျန်းက လျင်မြန်စွာ ပြောလာသည်။
“ဧကရီမယ်တော်ကြီးကို လျှောက်တင်ပါတယ်။ အရှင်မင်းကြီးရဲ့ကျန်းမာရေးက အခု ကောင်းမွန်နေပါတယ်။ အခုလေးတင်က ဆိတ်နို့တချို့ကြောင့်ဖြစ်တဲ့ ဝမ်းလျှောရောဂါကြောင့်ကလွဲရင် ဘာပြဿနာမှ လုံးဝရှိမနေပါဘူး”
ဒါကိုကြားချိန်မှာ ဧကရီမယ်တော်ကြီးက တွေးကြည့်လိုက်သည်—
[ဖြစ်နိုင်တာက ဧကရာဇ်က ဒီသမားတော်ကျန်းနဲ့ တွေ့ပြီးသွားတာလား။ ဆိုလိုတာက ဒီရောဂါကို ကုသပြီးပြီလို့ ဆိုလိုတာမလား။ ဒါကကောင်းတဲ့အရာပဲ!]
သို့သော် အနာဂတ်က ပျော်ရွှင်နေဆဲမှာပင် ဧကရာဇ်က သူမကို ရုတ်တရက် ထပ်မေးလိုက်သည်
“မယ်တော့်ကို မေးချင်တဲ့ အကြောင်းအရာတချို့ ရှိပါတယ်”
ဧကရီမယ်တော်ကြီးက အသိပြန်ဝင်သွားပြီး လျင်မြန်စွာ မေးလိုက်သည်။
“ဘာကိစ္စများလဲ”
ယွီဝိန်းလန်က အခုလေးတင်ချလိုက်တဲ့ ရတနာတစ်ပါးလို တန်ဖိုးထားရတဲ့ ဓားကို ထုတ်လိုက်ကာ ဧကရီမယ်တော်ကြီးကို ဓားနဲ့အတူ အတွင်းမှာပါတဲ့အရာကိုပါ အတူတကွ ပြသလိုက်သည်။
“အခုလေးတင် သားတော် ဒီဓားအိမ်ထဲမှာ ပြင်ပအရာတစ်ခုကို တွေ့တယ်”
“ပြင်ပအရာ”
ဧကရီမယ်တော်ကြီးရော ကျန်းရှန်ခန်းပါ တွေးဆသွားတာကို တွေ့လိုက်ရပြီး သူတို့ရဲ့အကြည့်တွေကို ကျန်းပေါ်ကျုံးဆီ အလျင်အမြန် ရွှေ့လိုက်ကြတော့သည်
ယွီဝိန်းလန်က ဆက်ပြောလိုက်သည်
“ဧကရီမယ်တော်ကြီးလည်း ဒီဓားကို မူလက နှောင်းဧကရာဇ် ပိုင်တယ်ဆိုတာ သိလောက်ပါတယ်။ သားတော်ထီးနန်းကို ဆက်ခံလိုက်ကတည်းက ဒီနန်းတော်ထဲမှာပဲ သိမ်းထားခဲ့တာ။ ကြည့်ရတာ ဘယ်သူမှတော့ အဲဒါထဲမှာ မလုပ်နိုငိဘူး။ အဲတော့ ပထမဧကရာဇ်အသက်ရှိစဉ်ကတည်းက ထည့်သွင်းခံထားရတာလားဆိုတာကို သားတော် သံသယရှိတယ်”
သူပြောလိုက်ပြီး သူတို့နှစ်ဦးရဲ့ အမူအရာတွေကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောကိ တစ်လုံးချင်း တစ်လုံးချင်း ပြောလာတော့သည်
“အခုလေးတင် သမားတော်ကျန်း စစ်ဆေးကြည့်လိုက်တော့ အဲဒါက အဆိပ်ဖြစ်မဲ့ပုံပဲ”
အဆိပ်လား။
ဧကရီမယ်တော်ကြီးက သိသိသာသာပဲ ထိတ်လန့်သွားကာ ကျန်းရှန်ခန်းကို အလျင်အမြန် အမိန့်ပေးလိုက်တော့သည်။
[ဓားအိမ်ထဲမှာ အဲလိုအရာမျိုး ရှိနေတယ်လား ဘယ်လိုအဆိပ်ပိုးကောင်မျိုးလဲ]
ယွီဝိန်းလန်လည်း သူ့ဘာသာ တွေးလိုက်ပြီး ကြည့်ရတာ ဧကရီမယ်တော်ကြီးလည်း ဒီအကြောင်းကို သိပုံမရဘူး။
ကျန်းရှန်ခန်း နာခံလိုက်ကာ ဓားကို လျင်မြန်စွာ ယူလိုက်ပြီး ဂရုတစိုက် စစ်ဆေးကြည့်နေတာကို တွေ့လိုက်ရတော့သည်။
သူက အဲဒါကို ထပ်ကြည့်လိုက်ပြီး သူ့နှာခေါင်းနားမှာ ထားလိုက်ကာ အနံ့ခံလိုက်သည် တစ်ချိန်တည်းမှာလဲ သူ့ဘာသာ တွေးကြည့်လိုက်သည်
သူဟာ အဲ့ဒီဓားကို တစ်ဖန်ထပ်ပြီး ထိကြည့်လိုက်ပြီး သူ့နှာခေါင်းနားထားကာ အနံ့ခံလိုက်ပြီး တစ်ချိန်တည်းမှာလဲ သူ့ဘာသာ တွေးလိုက်သည်။
[အမှန်ပဲ ဒါကစန်းချင်းဆေးလုံးပဲ။ အရမ်းကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဖုံးကွယ်ထားတာပဲ]
စန်းချင်းဆေးလုံး။
ယွီဝိန်းလန်က တိတ်တဆိတ် ရပ်တန့်သွားသည်။ ကြည့်ရတာ ကျန်းရှန်ခန်းက ဒီအကြောင်းကို သိပြီးနေတဲ့ပုံပဲ။
သူဟာ ဧကရီမယ်တော်ကြီးနဲ့ ထပ်မံစကားပြောနိုင်ဖို့ ကြိုးစားလိုက်သည်။
“သားတော် စဉ်းစားနေတာ။ ဒီပစ္စည်းက နှောင်းဧကရာဇ်ကို ရည်ရွယ်ထားတာများလား။ ဒါပေမဲ့ ဘယ်သူက နှောင်းဧကရာဇ်ကို ထိခိုက်စေချင်နေတာလဲ”
ထိုစကားတွေ ထွက်လာသည့်အခါ ကျန်းရှန်ခန်းက ပြောလိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးထင်တာ မမှားဘူးဆိုရင် ဒီအရာကို စန်းချင်းဆေးလို့ခေါ်ပြီး တဏှာရာဂ ပြင်းထန်တာကနေ ရှောင်ရှားဖို့ သမားတော်တွေ အသုံးပြုကြတဲ့ ဆေးပါ”
“အပျော်အပါးကို ရှောင်ရှားဖို့လား”
ဧကရီမယ်တော်ကြီးက တွေးဆနေတော့သည်။
ချက်ချင်းပဲ သူမကတုံ့ပြန်လိုက်ကာ သူ့နှလုံးသားထဲမှာ နှာမှုတ်လိုက်သည်။
[ဒီလူက ထာဝရနေနိုင်ဖို့အတွက်နဲ့ တကယ်ကြီး အရှုံးပေးဖို့ ဆန္ဒရှိနေတာပဲ!]
129 03
ယွီဝိန်းလန် “….”
ဒါကနှောင်းဧကရာဇ်အကြောင်းကို ပြောနေတာများလား။
ဖြစ်နိုင်တာက ဧကရာဇ်က သူ့ဘာသာ စွန့်လွှတ်လိုက်တာများလား။
ထိုအချိန်မှာပဲ ဧကရီမယ်တော်ကြီးက သူမရဲ့မျက်နှာကို လှည့်လိုက်ကာ ပြောလိုက်သည်။
“ချန်းမင်နန်းဆောင်က ဧကရာဇ်ရဲ့နေထိုင်ရာလေ။ ဘာဆင့်ခေါ်မှုမှမရှိရင် အိုက်ကျားလည်း ဝင်မလာနိုင်ဘူး။ အစတုန်းကတော့ ပထမဧကရာဇ်က တာအိုဘာသာမှာပဲ နှစ်မြှုပ်ထားတာ နိုင်ငံရေးကိစ္စတွေကိုလည်း ဂရုမစိုက်ဘူး။ အဲဒါကြောင့် သူက တာအိုဆရာပိုင်ဟယ်ကိုပဲ ဝင်ထွက်ခွင့် ပြုတယ်။ လူတိုင်းရဲ့အမြင်ကနေ ကြည့်ရရင် ဒီကိစ္စကို နှောင်းဧကရာဇ်က ကိုယ့်ဘာသာလုပ်တာမျိုး မဟုတ်ဘူးဆိုရင် မသေမျိုးပိုင်ဟယ်ကသာ သံသယအရှိဆုံးနိုင်ဆုံးပဲ”
ထိုစကားတွေ ထွက်လာသည်နှင့် ယွီဝိန်းလန်လည်း အမှတ်ရသွားတော့သည်
—-သူ ခုနစ်နှစ် ရှစ်နှစ်ကတည်းက ပထမဧကရာဇ်က ပိုင်ဟယ်ကျန်းရန်လို့ခေါ်တဲ့ တာအိုဘုန်းကြီးတစ်ပါးနဲ့ တွေ့ဆုံခဲ့ပြီး တာအိုဘာသာကို စွဲလမ်းလာခဲ့တယ်။ ပထမကတော့ သူကသက်ဆိုင်ရာစာအုပ်တွေကိုပဲ ဖတ်ပြီး အချိန်ရှိသရွေ့ ပိုင်ဟယ်ကျန်းရန်နဲ့ပဲ စကားပြောနေခဲ့တယ်။ အလယ်မှာ နံ့သားမွှေးအိုးရှိနေပြီး တရားထိုင်ရင်း နေ့တိုင်းလည်း အဂ္ဂရိတ်ထိုးတတ်တယ်။ ပြီးတော့ တခြားအရာတွေကို ဂရုမစိုက်တော့ဘူး။
တိုင်းပြည်ရေးရာကိစ္စကို ဝန်ကြီးတွေနဲ့ ဧကရီမယ်တော်ကြီးက ကိုင်တွယ်ပြီး ပိုင်ဟယ်ဆရာသခင်ကလွဲလျှင် ဘယ်သူ့ကိုမှ အနားကပ်လာဖို့ ခွင့်မပြုခဲ့ပေ။
ထိုအချိန် ရှုံးရုန်ကို တိုက်ခိုက်ဖို့ တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ထွက်လာပြီးနောက် နှစ်ဝက်ခန့် ကြာပြီးနောက်မှာ သူ ပြန်လာတဲ့အခါ ယွီဝိန်းလန်ဟာ သူ့ရဲ့ခမည်းတော်ကို တွေ့ချင်တဲ့အတွက် ချန်းမင်နန်းဆောင်ရဲ့ အပြင်ဘက်မှာ နေ့တစ်ဝက်လောက် စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ဆရာသခင်ပိုင်ဟယ်ကသာ သူ့ကို စကားပြောဖို့ ထွက်လာပြီး နှောင်းဧကရာဇ်က ထိုအချိန်မှာ လူသူကင်းဝေးရာကို ရောက်နေပြီး ဘယ်သူမှ သူ့ကို မတွေ့နိုင်တဲ့အတွက် အရင်ဆုံးပြန်သွားလိုက်ဖို့ သူ့ကို ပြောလာတယ်။
ထိုအချက်ကနေ ကြည့်မည်ဆိုလျှင် နှောင်းဧကရာဇ်ကိုယ်တိုင်နဲ့ ပိုင်ဟယ်အစစ်ကသာ ပါဝင်ပတ်သက်သူတွေဖြစ်ဖို့ အဖြစ်နိုင်ဆုံး ဖြစ်လောက်သည်။
ပြီးတော့ ထိုကတည်းက နန်းတော်ထဲမှာ မည်သည့်ဧကရာဇ်သွေးသားမှ မွေးဖွားလာခြင်း မရှိတော့ပေ။ အခုကြည့်ရသည်မှာ အဲဒါကလည်း ဒီအရာနဲ့ပတ်သက်နေတာပဲ ဖြစ်ရမည်။
ကြည့်ရသည်မှာ ဧကရာဇ်သည်လည်း သူကဲ့သို့ပင် စန်းချင်းဆေးရဲ့အဆိပ်ခတ်ခြင်းကို ခံလိုက်ရတာ ဖြစ်မည်။
ယွီဝိန်ူလန်က နားလည်ချင်ပေမဲ့ ဧကရီမယ်တော်ကြီးရဲ့နှလုံးသားထဲက နှာမှုတ်နေသံကို ကြားလိုက်ရသည်။
[ဘယ်လိုလူလဲ။ သူ့ကိုယ်သူနဲ့ သူ့ရဲ့သားသမီး မြေးမြစ်တွေကိုပါ ဆုံးရှုံးတော့မလို့။ ငါ့တစ်ဘဝလုံး သူ့အတွက် အရှုပ်တွေကို ရှင်းဖို့ အရမ်းကို အလုပ်ကြိုးစားခဲ့တာက နှမြောစရာပဲ။ ပြီးတော့လည်း သူ့ရဲ့သားကို စိတ်ပါလက်ပါနဲ့ တွေးပေးနေခဲ့တာကို အခုတော့ ငါ့ရဲ့မျက်နှာသာကို လက်ခံမဲ့အစား သံသယ ဝင်နေသေးတယ်ပေါ့လေ။ ကြောက်စရာ ကောင်းလိုက်တာ]
ယွီဝိန်းလန် “…”
ကြည့်ရတာ ဧကရီမယ်တော်ကြီးက တကယ်ကို မသိဘူးထင်တယ်။
သူက တစ်ခဏလောက် တိတ်နေပြီးနောက် ပြောလိုက်သည်။
“ဧကရီမယ်တော်ကြီးက ဒီနှစ်တွေတစ်လျှောက်လုံး မှားယွင်းခံနေရမိပြီ”
ဧကရီမယ်တော်ကြီးကလည်း ထိုသို့သာ ပြောလာသည်။
“အိုက်ကျားက အရှင်မင်းကြီးရဲ့ကောင်းကျိုးအတွက်ပဲ ဆုတောင်းပေးချင်တာပါ”
ထိုအသံက အေးစက်နေပေသည်။
ယွီဝိန်းလန်က ထပ်ပြောရုံသာ တတ်နိုင်ပေသည်။
“အဲဒါက ဘာလို့လဲဆိုတော့ မယ်တော့်ကို ခံစားစေအောင် သားတော်က ကောင်းကောင်း မလုပ်ခဲ့ဘူးလို့ ဆိုလိုတာပဲ”
ဧကရီမယ်တော်ကြီးက အေးစက်စွာ ပြောနေဆဲဖြစ်သည်။
“အဆင်ပြေပါတယ်။ အခု အရှင်မင်းကြီးကအဆင်ပြေတယ်ဆိုတော့ အိုက်ကျားလည်း စိတ်သက်သာရာ ရသွားပါပြီ”
သူမစကားပြောပြီးနောက် ထပ်မံ သက်ပြင်းချလိုက်သည်။
“ထွက်လာတဲ့အချိန်ကလည်း မတိုတောင်းတော့ဘူး။ အရှင်မင်းကြီးက ကျန်းမာရေး ကောင်းတယ်ဆိုမှတော့ အိုက်ကျားလည်း အရင်သွားလိုက်ပါဦးမယ်”
ထို့နောက် လှည့်လိုက်ကာ ခန်းမထဲကနေ လမ်းလျှောက်ထွက်သွားတော့သည်။
ထိုမြင်ကွင်းကို တွေ့သည့်အခါ ကျန်းရှန်ခန်းလည်း ယွီဝိန်းလန်ကို အလျင်အမြန်ပြောရုံသာ တတ်နိုင်သည်။
“အရှင်မင်းကြီးက အဆင်ပြေတယ်ဆိုတော့ ကျွန်တော်မျိုး ထွက်ခွာနှင့်ပါမယ်”
129 04
သူက စကားပြောပြီးနောက် ဧကရီမယ်တော်ကြီးရဲ့ ခြေလှမ်းအနောက်ကို လိုက်သွားတော့သည်။
ယွီဝိန်းလန်က သူ့ရဲ့မျက်နှာမှာ မည်သည့်ပျော်ရွှင်မှု ဒေါသဖြစ်နေမှုကိုမှ မပြသဘဲ သူ့နှလုံးသားထဲမှာ နှာမှုတ်လိုက်သည်။
ပထမဧကရာဇ် အလွန်နေမကောင်း ဖြစ်နေတုန်းက ကျန်းရှန်ခန်းက နေ့တိုင်းနေ့တိုင်း ချန်းမင်နန်ဆောင်ကို စောင့်ရှောက်နေရတာဖြစ်သည်။ ထို့ကြောင့် ပုံမှန်မဟုတ်နေတာကို အချိန်အကြာကြီးကတည်းက ရှာတွေ့ပြီးသားဖြစ်နေလောက်မည်။
ပိုပြီးတော့တောင် စောကောင်းစောနိုင်လိမ့်မည်။
သို့သော် သူက ထိုအကြောင်းကို ဘယ်သူ့ကိုမှ ထုတ်မပြောဘူးပေ။
ဧကရီမယ်တော်ကြီးတောင်မှ မသိပေ
သူက ဘာလုပ်ချင်နေတာလဲ။
မင်းက သူ့ကို လာရှာတဲ့အထိ စောင့်နေစေချင်တာလား။ ပြီးတော့ သူ ဒီအရာကို ရှာတွေ့သွားတဲ့အခါကျရင် ချီးမွမ်းထိုက်တဲ့အရာ လုပ်ခဲ့နိုင်တာလား။
သေချာပေါက်ပဲ တစ်ဖက်လူက နန်းတော်ဂိတ်တံခါးဝကို ဖြတ်ကျော်တော့မည်အချိန်မှာပဲ ယွီဝိန်းလန်က သူ့နှလုံးသားထဲက ပြောနေသံကို ကြားလိုက်ရသည်။
[အဲအကြောင်းကို အရင်တွေးကြည့်လိုက်ရင် ဒီကျန်းဆိုတဲ့လူက တကယ်ကြီး အဲ့နေရာကို အရင်ရောက်သွားတယ်။ဘုရားသခင်က မမျှတဘူး]
~~~
ဧကရီမယ်တော်ကြီးနဲ့ ကျန်းရှန်ခန်း ထွက်ခွာသွားပြီးနောက် နန်းတော်ထဲမှာ လူသုံးယောက်သာ ကျန်နေတော့သည်။ ယန်ရှု ယွီဝိန်းလန်နှင့် ကျန်းရိရှီတို့ပင်။
—သူ့ကို အချိန်အကြာကြီးအထိ ဒုက္ခပေးနေခဲ့တဲ့ ဆန်းကြယ်မှုက ဒီညမှာ ဖြေရှင်းပြီးသွားပြီ ဆိုပေမဲ့ ယွီဝိန်းလန်လည်း လွယ်ကူမနေပေ။
ဘယ်လိုပဲဖြစ်စေ ဒီအရာက သူ့ရဲ့ဖခမည်းတော်နဲ့ ဆက်စပ်နေမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
တစ်ခါက ဥာဏ်ပညာကြီးပြီး အင်အားကြီးတဲ့ သူ့ရဲ့ခမည်းတော်က ဘာလို့ ဒီလိုမျိုး ဖြစ်လာရတာလဲ။
သူ့ရဲ့နှလုံးသားက လေးလံနေပေမဲ့ ယန်ရှုရဲ့ ဖရဲသီးစားနေသံက သူ့နားထဲကို ဝင်ရောက်လာသည်။
[ဧကရာဇ်ဟောင်းကရော နစ်နာသူတစ်ယောက် ဖြစ်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။အဆုံးမှာတော့ သူ့ဘာသာ တာအိုပညာကို ကျင့်ကြံနိုင်ပြီး ဘာပဲဖြစ်ဖြစ် သူ့သားကိုတော့ ပါဝင်ငြိစွန်းစေမှာ မဟုတ်ဘူးလေ။ သူ့ရဲ့သားသမီး မြေးမြစ်တွေကို ဖြတ်တောက်ပစ်မှာကို မပြောနဲ့ဦး]
[သူသာ အဲ့အကြောင်းကိုသိရင်လည်း သူမသေခင် သူ့သားကို ဘာပဲဖြစ်ဖြစ် ပြောထားခဲ့သင့်တယ်။ သူက အဲ့အကြောင်းကို ဘာမှမပြောခဲ့ဘူးဆိုကတည်းက အဲဒီအကြောင်းကို မသိနေတာဘဲ ဖြစ်ရမယ်။ ဒီလိုလျှို့ဝှက်တဲ့နေရာမှာ ထားထားတာကို မပြောနဲ့ဦး]
[မင်းမေကြီးတော် အဲ့တုန်းက ကြိုးကြာဖြူတာအိုပညာရှင်က အရမ်းကို ရည်မှန်းချက်ကြီးတာပဲ ဖြစ်ရမယ် အခု အဲ့လူက ဘယ်မှာလဲ။]
သို့သော် စစ်စတန် ပြောလာတာကို ကြားလိုက်ရသည်
[ထွက်ပြေးသွားပြီ။ နှောင်းဧကရာဇ်က အတော်လေး ရုတ်တရက်ဆန်ဆန် နတ်ရွာစံသွားတယ်လေ။ သူ ကျင့်ကြံနေတုန်း ရုတ်တရက်ကြီး သွေးအန်သွားတာ။ နန်းတော်ရဲ့အတွင်းအပြင်မှာ ပရမ်းပတာတွေ ဖြစ်နေပြီး လူတိုင်းရဲ့အာရုံကလည်း နှောင်းဧကရာဇ်ကို ကယ်တင်တာနဲ့ပဲ ပြည့်နှက်နေတာ။ ပြီးတော့ ဧကရီမယ်တော်ကြီးကလည်း နှောင်းဧကရာဇ်ကို လုံခြုံအောင်လုပ်ဖို့ ကြိုးစားနေတာ။ အဲဒီအချိန်တုန်းက ကလန်ထဲက မိသားစုအမျိုးမျိုးကလည်း ပုန်ကန်ထကြွနေပြီး အစိုးရကလည်း ပရမ်းပတာဖြစ်နေတော့ အဲ့လူက ထွက်ပြေးသွားတာ]
ယန်ရှု [….]
ကျစ် ဧကရာဇ်အိုကြီးကတော့ တကယ်ပဲ….သူ့သားအတွက် ဘာကောင်းတာကိုမှ ချန်မထားခဲ့ဘူး။
ဒါဆို ဒီကို ဘာလာလုပ်တာလဲ။
သေချာပေါက်ပဲ အခုက နှောင်းဧကရာဇ်အကြောင်းကို စောဒကတက်ရမည့်အချိန် မဟုတ်ပေ။ ဧကရာဇ်ကိုပြောဖို့ သူမရဲ့ပါးစပ်ကို ဟတော့မဲ့အချိန်မှာပဲ ထိုသူက တံခါးအပြင်ဘက်လူကို ခေါ်လိုက်ပြီး ဖြစ်သည်။
“ကျင်းယီဝေ့ကို ခေါ်လိုက်။ ချက်ချင်းပဲ အဲ့တုန်းက ပိုင်ဟယ်အစစ်ကို ရှာရမယ်”
အပြင်ဘက်ကလူက နာခံသဘောတူလိုက်သည့်အချိန်မှာ ယန်ရှုက စိတိသက်သာရာ ရသွားသလို ခံစားလိုက်ရသည်။
သို့သော်လည်း ထိုအချိန်မှာပဲ ကျန်းရိရှီက ရုတ်တရက် ဒူးထောက်ချကာ လျှောက်တင်လာသည်။
“အရင်က အရှင်မင်းကြီးမှန်း မသိခဲ့လို့ပါ။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးတော်မူပါ”
—ထိုအရာရှိကသာ ဘုရင်မင်းမြတ် ဖြစ်နေမှန်း သိလျှင် သူက ဘယ်လိုလုပ်ပြီး အဲဒီလိုမျိုး ဘွင်းဘွင်းရှင်းရှင်း ပြောမှာတဲ့လဲ။
129 05
“ဇိမ်ယူတယ်” ဆိုတာရော…..
ယွီဝိန်းလန် “…..”
သူက မကြားချင်ယောင်ဘဲ ဆောင်ကာ ပြောလိုက်သည်
“မောင်မင်းက ကိုယ်တော့်ရဲ့ပြဿနာတွေကို ဖြေရှင်းပေးခဲ့တာပဲ ကိုယ်တော်က ဆုချီးမြှင့်သင့်တာပေါ့”
ထို့နောက် သူက ဖုဟိုင်ကို အမိန့်ပေးလိုက်တော့သည်။
“အမိန့်တော် ထုတ်ပြန်မယ်။ သမားတော်ကျန်းမှာ ထူးကဲသာလွန်တဲ့ ဆေးပညာစွမ်းရည် ရှိတဲ့အတွက် အရာရှိရာထူးကို တိုးမြှင့်ခံရပြီး ကုသရေးသမားတော်အဖြစ်လည်း တိုးမြှင့်ခြင်းခံရမယ်”
တံခါးအပြင်ဘက်က လူတိုင်းက နာခံလိုက်ကြကာ ကျန်းရိရှီကလည်း အလျင်အမြန် ဦးညွှတ်လာသည်။
“ကျေးဇူးတင်ပါတယ် လုံအန်းအရှင်မင်းကြီး”
ဒီနေ့ညကတော့ တကယ်ကို….ကြောက်စရာပဲ။
သူက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ချိန်မှာပဲ ဘုရင်မင်းမြတ်က ထပ်ပြောလာသည်
“အရင်က ဘာဖြစ်ခဲ့သလဲဆိုတာကို မေ့လိုက်။ ဘယ်သူ့ကိုမှ ထပ်မပြောနဲ့တော့”
သမားတော်ကျန်းက ပျာသွားပြီး တည်ကြည်စွာ ပြောလာသည်
“ကျွန်တော်မျိုး နာခံပါ့မယ်”
~~
ဆိတ်နို့ ပြဿနာအပြီးမှာ ဧကရီမယ်တော်ကြီးနဲ့ ဧကရာဇ်ရဲ့ဆက်ဆံရေးဟာ အနည်းငယ် နူးညံ့လာသည်။
ယန်ရှုက ဧကရာဇ်ဟာ ဆိတ်နို့အကြောင်းကို ဂရုစိုက်ကောင်း စိုက်လိမ့်မည်ပင်။ တစ်ချိန်တည်းမှာပဲ ဧကရီမယ်တော်ကြီးမှာ ဧကရာဇ်ရဲ့သံသယဝင်တာကို ခံရသည့်အတွက် ခါးသီးတဲ့နှလုံးသား ရှိပေသည်။
—ကျစ် ဒီကိစ္စက တကယ်ကိုခက်ခဲတာပဲ။ နှစ်ယောက်စလုံးမှာ သူတို့ရဲ့ကိုယ်ပိုင်နေရာတွေ ရှိတယ်။ ပြီးတော့လည်း တစ်ယောက်ချင်းစီမှာက သူတို့ရဲ့ကိုယ်ပိုင်နာကြည်းချက်တို့ ရှိပေသည်။
အပြစ်တင်ချင်သည်ဆိုလျှင် မည်သည့်အမှုထမ်းရေးရာကိုမှ မလုပ်ခဲ့သည့် ဧကရာဇ်အိုကြီးကိုပဲ အပြစ်တင်ရပေမည်။ ကပ်ဘေး ပြီးတဲ့အခါမှာလဲ နိုင်ငံရေးပြဿနာတွေအများကြီးကို ချန်ရစ်ထားခဲ့ပြီး ဒီအမျိုးသမီးကိုသာ ဖြေရှင်းစေခဲ့သည်။
ထို့အပြင် မိခင်အရင်းနဲ့ကလေးကသာ ပိုကောင်းပေသည်။
သို့သော် ဒီနှစ်ဦးက သွေးနည်းနည်းသာ တော်စပ်သည့်အတွက် ဆက်ဆံရေးက ဝေးကွာပေနိုင်သည်။
ရက်အနည်းငယ် ကြာပြီးနောက် ဧကရီမယ်တော်ကြီးက ခေါင်းကိုက်ဝေဒနာကို ထပ်ပြီးခံစားရပြန်သည်။
ဧကရာဇ်က သတင်းရသည့်အခါ လူကိုယ်တိုင် သွားရောက်လည်ပတ်ပေမဲ့ ဧကရီမယ်တော်ကြီးရဲ့ငြင်းပယ်ခြင်းကို ခံလိုက်ရသည်။
ကြံရမရဖြစ်စွာနဲ့ သူ့မှာ ဘာရွေးချယ်စရာမှ မရှိတော့ဘဲ ယန်ရှုကို ခစားစေဖို့ အမိန့်ပေးလိုက်တော့သည်။
ယန်ရှု “…”
ဒါက နန်းတော်တံခါးဝက မီးက ရေကန်ထဲကငါးကိုပါ သေစေနိုင်တယ် ဆိုတာမလား။
(မီးလောင်လို့ရေကန်ထဲကနေ ရေခပ်ငြိမ်းတော့ ငါးတွေသေတာပါ။ ပြောချင်တာက မဆိုင်တဲ့လူတွေက ဒုက္ခရောက်တယ်ဆိုပြီးပါ)
…သူမ တစ်ယောက်ယောက်ကိုများ ရန်စမိတာလား။
သို့သော်လည်း ကိုယ်လုပ်တော် တစ်ယောက်အနေနဲ့ ဧကရီမယ်တော်ကြီးက ဖျားနာနေသည်။ ထို့ကြောင့် သူမက အဲဒီနေရာမှာ ခစားသင့်ပေသည်။ အဲဒါကြောင့်ပဲ သူမက နေမကောင်းနေတဲ့လူရဲ့ အိပ်ရာဘေးမှာ ရက်ပေါင်းများစွာကြာအောင် နေခဲ့ပြီး စောဒကလည်း မတက်ရဲပေ။
ကံကောင်းစွာနဲ့ ဧကရီမယ်တော်ကြီးက ကိစ္စတွေကို သူမအတွက် ခက်ခဲအောင် မလုပ်ပေ။ သူမ မသက်မသာဖြစ်တယ်လို့ ခံစားရတဲ့အခါ အထိန်းတော်ကျွမ်းနဲ့ကျူးရှုကို သူမကို ဂရုစိုက်ပေးဖို့ ပြောမည်ဖြစ်ပြီး မသက်မသာ ထပ်မဖြစ်တော့တဲ့အခါ အချိန်ဖြုန်းဖို့ စာအုပ်တစ်အုပ် ဖတ်ပေလိမ့်မည်။
ပြီးတော့ သူမကိုယ်တိုင်ရေးထားတဲ့ ဇာတ်လမ်းတွေထဲက ဖတ်တာ ဖြစ်သည်။
ယန်ရှု “…..”
မေ့လိုက်တော့။ သူမက ရှက်ရွံ့မှုကိုပဲ သည်းညည်းခံပြီး ဧကရီမယ်တော်ကြီးကို သတ္တိရှိရှိဖတ်ပြဖို့ အကောင်းဆုံး ကြိုးစားလိုက်သည်။
ထို့နောက် ဧကရီမယ်တော်ကြီးက သူမကို စောဒက တက်လာသည်။
129 06
“သခင်လေးရှောင်ယောင်ရဲ့ စကားလုံးတွေက ကောင်းမွန်လွန်းတယ်။ ဒါပေမဲ့ လူတွေက အခုတလော ပျင်းရိလွန်းတယ်။ ပုံပြင်အသစ် ထွက်လာတာ အတော်လေး နောက်ကျနေပြီ။ လူတွေကို စောင့်ဆိုင်းရင်း စိတ်ရှုပ်အောင် လုပ်နေတာပဲ”
ယန်ရှုက သူမရဲ့မျက်နှာမှာ အပြုံးတစ်ပွင့်နဲ့ သဘောတူလိုက်ပြီး နှလုံးသားထဲမှာ သက်ပြင်း ချလိုက်သည်
သူမက တကယ်ကိုရေးချင်ပေမဲ့ သူမရဲ့အလုပ်ဟောင်းတွေကိုပဲ နေ့တိုင်းနေ့တိုင်း ပြန်ဖတ်နေရတယ်လေ။ အချိန်က ဘယ်မှာလဲ။
သူမက ထိုသို့စဉ်းစားနေစဉ်မှာပဲ နန်းတော်အရာရှိတစ်ယောက်က သတင်းပို့လာတာကို တွေ့လိုက်ရသည်။
“မယ်တော်ကြီး ဖင်းကျင်းဟုန်သခင်မကြီးက မယ်တော်ကြီးဆီ လာပြီးလည်ပတ်ပါတယ်”
ဒီဖင်းကျင်းဟုန်သခင်မကြီးဆိုတာက ဧကရီမယ်တော်ကြီးရဲ့ အဒေါ်တော်စပ်ပြီး ဝမ်းကွဲတွေဖြစ်ကြသည်။ သူမက ပုံမှန်ဆို မြို့တော်မှာ မရှိဘဲ နှစ်သစ်ကူးနဲ့ ပွဲတော်အချိန်မှသာ နန်းတော်ထဲကို ဝင်ရောက်ပြီး ဧကရီမယ်တော်ကြီးဆီ လာရောက် လည်ပတ်လိမ့်မည်ပင်။ ဒီတစ်ခေါက်က ဧကရီမယ်တော်ကြီးရဲ့ နေမကောင်းဘူးဆိုသည့် သတင်းကို ကြားလိုက်ရလို့ ဖြစ်ကောင်းဖြစ်နိုင်သည်
ချိန်အန်းကုန်းစံအိမ်တော်မှာ ကိစ္စတစ်ခုခု ဖြစ်ပျက်ပြီးကတည်းက ဧကရီမယ်တော်ကြီးနဲ့ သူမရဲ့သွေးရင်းမိသားစုက တစ်ဖြည်းဖြည်းနဲ့ မထူးခြားနားဖြစ်လာသည်။ သို့သော်လည်း သူမရဲ့ဝမ်းကွဲတွေနဲ့တော့ ဆက်ဆံမှုအချို့ ရှိနေဆဲဖြစ်သည်။
အထူးသဖြင့် ဒီဝမ်းကွဲဖြစ်သူက ဖင်းကျင်းကနေ တစ်လျှောက်လုံး လာခဲ့တာဖြစ်ပြီး ဧကရီမယ်တော်ကြီးကလည်း မငြင်းဆန်နိုင်ပေ။ ထို့ကြောင့် သူမက ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ဝင်လာခိုင်းလိုက်ပါ”
နန်းတော်အစေခံတွေက နာခံလိုက်ကြသည်
သိပ်မကြာခင်မှာပဲ အသက်ကြီးသူနဲ့ အသက်ငယ်တဲ့ အမျိုးသမီးနှစ်ယောက်က ခန်းမထဲကို ဦးဆောင်ကာခေါ်လာခြင်းကို ခံလိုက်ရသည်။
အဲဒါကတော့ သခင်မကြီးဖင်ကျင်းနဲ့ သူမရဲ့အငယ်ဆုံးသမီးလေး ဟုန်ရှင်းရှတို့ပဲ ဖြစ်သည်။
—ဒီမိသားစုအကြောင်းကတော့ ဒဏ္ဍာရီအဖြစ် ဖော်ပြလို့ရသည်။
သခင်မကြီးဟုန်ရဲ့ဘဝက သူမရဲ့ယောက္ခမဘဝနဲ့ ဦးတည်နေတယ်လို့ ပြောလို့ရသည်။ သူမက သားငါးယောက်ကို တစ်ဆက်တည်း မွေးဖွားပေးခဲ့ပြီး သူမရဲ့အသက် လေးဆယ်အချိန်မှာသာ သမီးတစ်ယောက်ကို ရရှိခဲ့သည်။ သူမကို မျက်ရှုသဖွယ် အမြဲတမ်း တန်ဖိုးထားခဲ့ပြီး ဘယ်နေရာကိုပဲသွားသွား သူတို့နဲ့ ခေါ်ဆောင်သွားလေသည်
ထိုမိခင်နဲ့သမီးဖြစ်သူမှာ ဆက်ဆံရေးကောင်းရှိပေမဲ့ သူတို့က သိပ်ပြီးတော့ မတူကြပေ။
သခင်မကြီးဟုန်မှာက ဝိုင်းတဲ့မျက်နှာပေါက်ရှိပြီး စူးရှတဲ့မျက်ဝန်းတွေနဲ့ အနည်းငယ် သူရဲကောင်းဆန်ပုံ ပေါက်သည်။
သူမရဲ့သမီးကတော့ ဘဲဥပုံမျက်နှာပေါက်နဲ့ အနည်းငယ် ကော့တက်နေတဲ့ မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းတစ်စုံရှိကာ အတော်လေး ဆွဲဆောင်နိုင်စွမ်းရှိလေသည်။
ယန်ရှုက ဒီအမေနဲ့သမီးကို အရင်က နှစ်သစ်ကူးညစာစားပွဲနဲ့ ဧကရီမယ်တော်ကြီးရဲ့ မွေးနေ့ညစာစားပွဲတွင် မြင်ခဲ့ဖူးတာဖြစ်သည်။ ဒီတစ်ကြိမ် သူတို့ကို ပြန်တွေ့ရသည့်အခါ သူမလည်း မနေနိုင်ဘဲ သက်ပြင်းချလိုက်မိတော့သည်။
ပြောကြတာက သမီးတွေက အဖေနဲ့တူတယ်တဲ့။ ဖြစ်နိုင်တာက ဖင်းကျင်းမြို့စားက အရမ်းကို ဆွဲဆောင်မှုရှိတာလား။
သို့သော်လည်း စစ်စတန်ဆီကနေ ဒင်ဟူသောအသံကို ကြားလိုက်ရသည်။
[ဖင်းကျင်းဟုန်က အထင်ကြီးစရာ မဟုတ်ဘူး။ အပြင်ဘက်က သူကမှ အထင်ကြီးစရာ ကောင်းတာ။ ဒီမိန်းကလေးက တကယ်တော့ အပြင်ကနေ မွေးလာတာ]
ယန်ရှု “…”
ဒီတစ်ခါရော ဘယ်လိုပုံပြင်မျိုးလဲ။
******