အခန်း (၁၃၀-၁၃၂)
Vol. 9 Ch. 130-132
130 01
အပိုင်း 130
ဘာ။
ဖင်းကျင်းသခင်မကြီးရဲ့မျက်ရှုလေးလို ခံစားနေရတဲ့ ဒီမိန်းကလေးက သူမရဲ့ကလေး မဟုတ်ဘူးတဲ့လား။ ဒါပေမဲ့ ဖင်းကျင်းဟုန်ရဲ့ ကိုယ်လုပ်တော်ရဲ့ကလေးပေါ့လေ။
ဖရဲသီးစားချင်နေတဲ့ အရှိန်အဝါတစ်ခုက သူမရဲ့မျက်နှာဆီကို ပျံ့လွင့်လာပြီး ယန်ရှုကချက်ချင်းပဲ မေးလိုက်သည်။
[ဒီမှာ ဘာတွေဖြစ်နေတာလဲ။ သခင်မကြီးဟုန်ရဲ့သမီးအရင်းကရော ဘယ်ကိုရောက်သွားတာလဲ။ သူမရဲ့ကလေးကို ပျိုးထောင်နေတာ မဟုတ်ဘူးဆိုတာရော သူသိရဲ့လား]
သို့သော်လည်း စစ်စတန်က ပြောလာသည်ကို ကြားလိုက်ရသည်။
[ရာထူးကိုတော့ အခုထိ မသိသေးဘူး။ တကယ်လို့ သိရင်လည်း ဖင်းကျင်းဟုန်က အခုထိ အသက်ရှင်နိုင်ပါ့မလား]
[ဒီသခင်မကြီးဟုန်ရဲ့မိသားစုက စစ်တပ်က စစ်သူကြီးတွေလေ။ သူမမှာ အရမ်းကို တည့်တိုးဆန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိပြီး အရမ်းလည်း တတ်နိုင်စွမ်းရှိသေးတယ်။ သူမ ဖင်းကျင်းမြို့စားကို လက်ထပ်လိုက်ကတည်းက သူမကို မိသားစုရဲ့အတွင်းရော အပြင်မှာပါ အားကိုးအားထားပြုနေကြရတယ်။ မြို့စားဖင်းကျင်းကတော့ မတူဘူး—မောက်မာထောင်လွှားပြီး ကဗျာရွတ်ဆိုရတာကိုလည်း သဘောကျကာ တစ်ခြားသူတွေကို ဆန့်ကျင်တိုက်ခိုက်ရတာကိုလည်း နှစ်သက်သေးတယ်]
[ကျဆင်းနေတဲ့သူ့ရဲ့မိသားစုကို ကယ်တင်ဖို့အတွက်ကြောင့်သာ မဟုတ်ဘူးဆိုရင် မြို့စားဖင်းကျင်းက စစ်သူကြီးမိသားစုက အမျိုးသမီးတစ်ယောက်ကို လက်မထပ်ချင်ဘူး နောက်ပိုင်းကျ လက်ထပ်လိုက်ပေမဲ့လည်း သခင်မကြီးဟုန်ကို သူ့နှလုံးသားထဲမှာ မနှစ်သက်နေတုန်းပဲ။ အဲဒါကြောင့် အပြင်ဘက်မှာ အိမ်တစ်လုံးကို တိတ်တဆိတ် ဝယ်ယူလိုက်တယ်။ အပြင်ကလူကတော့ သူနှစ်သက်တဲ့သူပဲ။ ဒါပေမဲ့လည်း သခင်မကြီးဟုန်က သူမလက်ထပ်ထားတဲ့ သူမရဲ့ခင်ပွန်းဆီမှာ အစဉ်သစ္စာရှိပြီး တစ်ဆက်တည်း ကလေးငါးယောက်ကို မွေးဖွားပေးခဲ့တယ်။ ဒါပေမဲ့လည်း သခင်မကြီးဟုန်က သူမရဲ့ခင်ပွန်းကအကြီးဆုံးသားကိုပဲ ကြင်နာပြီး တခြားသားတွေကို ဂရုမစိုက်ဘူးဆိုတာကို ရှာတွေ့သွားတယ်။ တွေးကြည့်ပြီးတော့ ခင်ပွန်းက မိန်းကလေးတွေကို နှစ်သက်တယ်ထင်ပြီး သူ့မှာ သမီးတစ်ယောက် ရှိလာချင်တယ်]
[ကိစ္စတွေက အချိန်ကောင်း ဖြစ်လာမယ်လို့ ဘယ်သူကထင်မှာလဲ သခင်မကြီးဟုန် ကလေးမမွေးခင် ရက်အနည်းငယ်မှာပဲ အပြင်ကမိန်းမကလည်း သမီးတစ်ယောက် မွေးပေးလာတယ်။ အပြင်က မိန်းမဖြစ်သူက သေချာပေါက်ကိုပဲ သူတို့ရဲ့သမီးဖြစ်သူကို လူမမြင်ကွယ်ရာမှာ ရှိမနေစေချင်ဘူးလေ။ အဲဒါနဲ့ သူတို့မှာ ရဲဝံ့တဲ့အကြံတစ် ခုရသွားပြီး ဖင်းကျင်းဟုန်ကို တောင်းပန်ပြီးတော့ သခင်မကြီးဟုန်ရဲ့ဘေးကို သူ့ကလေးနဲ့လဲပေးဖို့ ပြောလိုက်ပြီး သခင်မကြီးဟုန်ရဲ့ကလေးကိုတော့ အပြင်ကို ပို့လိုက်တယ်]
ဒါကိုကြားချိန်မှာ ယန်ရှုမှာမေးခွန်း သင်္ကေတ အပြည့်ဖြစ်သွားပြီး
[။။။မြို့စားဖင်းကျင်းက တကယ်ပဲ သဘောတူလိုက်တာလား။သူ စိတ်လွတ်သွားတာလား။ အစားထိုးခံရတာကရော သူ့ရဲ့ကိုယ်ပိုင်သွေးသား မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရပ်မျိုး လုပ်နိုင်ရတာလဲ]
စစ်စတန် [အတော်လေးကောင်းတဲ့ စကားပုံတစ်ခုရှိတယ်လေ။ ဆန်ကုန်မြေလေးကောင်က သူ့ရဲ့ကိုယ်ပိုင်သွေးသားကို မနှစ်သက်ပေမဲ့ သူ မြတ်နိုးရတဲ့အမျိုးသမီးက မွေးဖွားလာတဲ့ ကလေးတွေကိုတော့ ကြိုက်နှစ်သက်တယ်တဲ့လေ။ ဖြစ်ချင်တော့ ဖင်းကျင်းဟုန်က ဒီလိုလူမျိုးပဲ ။သူ့ရဲ့အဓိကဇနီးကို မနှစ်သက်ပေမဲ့ အပြင်ဘက်ကဇနီးကိုတော့ နှစ်သက်တယ်လေ။ ပြီးတော့ ဒီကလေးကလည်း သူ့ရဲ့တစ်စိတ်တစ်ပိုင်းပါဝင်တော့ ဒီလိုအရာမျိုးကို လုပ်လိုက်တော့တာပဲ]
ယန်ရှုက ပြောစရာစကား မဲ့သွားပြီး တစ်ခဏလောက် ဒေါသထွက်အပြီးမှာ သူမက ထပ်မေးလိုက်သည်။
[ဒါပေမဲ့ ကလေးလဲတာက အဲ့လောက် မရိုးရှင်းဘူးလေ ဟုတ်တယ်မလား။ သခင်မကြီးဟုန်က အဲဒါကသူမရဲ့ကလေး မဟုတ်ဘူးဆိုတာကို မသိဘူးလား။]
စစ်စတန်က နှာမှုတ်သံတစ်ခု ထုတ်လိုက်ကာ
[သခင်မကြီးဟုန်က အဲ့အချိန်တုန်းက အသက်အရွယ်ကြီးနေပြီလေ။ သူမရဲ့အခြေအနေကလည်း သေရေးရှင်ရေး အခြေအနေမှာ သူ့ကလေးကို မွေးပြီးတာနဲ့ ချက်ချင်းပဲ သတိလစ်သွားတော့တယ်။ သမားတော်တွေက သူမ မနိုးလာခင်အထိ သုံးရက်ဆက်တိုက် ကယ်ဆယ်ခဲ့ရတယ်။ အဲ့ဒီအချိန်အတွင်းမှာ အခန်းထဲက အစေခံတွေကလည်း သူမကို ဂရုစိုက်နေတဲ့အတွက် ဖင်းကျင်းဟုန်က ခုမှလောလောလတ်လတ် မွေးဖွားလာတဲ့ ကလေးကို သူ့ရဲ့အမေအိုကြီးဆီ ဂရုစိုက်ဖို့ ပေးလိုက်တော့တယ်]
130 02
[သူ့ရဲ့မိခင်အိုကြီးကလည်း အိုမင်းနေပြီး အဲ့အချိန်မှာ အမြင်အာရုံကလည်း မှုန်ဝါးနေတယ်။ ပြီးတော့လည်း သူမရဲ့သားက ဒီလိုလူမဆန်တဲ့ကိစ္စမျိုး လုပ်နိုင်လိမ့်မယ်လို့လဲ ဘယ်တော့မှ မထင်ထားခဲ့ဘူးလေ။ အဲဒါကြောင့် သူမရဲ့မြေးဖြစ်သူက လဲလှယ်ခံလိုက်ရပြီဆိုတာကို မသိခဲ့ဘူး။ အဲဒါအပြင် သခင်မကြီးဟုန်ရဲ့သမီးအရင်းက သူမနဲ့တူပြီး ပိုပြီးကြီးမားတဲ့ခန္ဓာကိုယ်နဲ့ မွေးဖွားလာတာ။ အပြင်ဘက်ကမိန်းမရဲ့သမီးကတော့ နှစ်ရက်ကျော်လောက် ပိုပြီးပြုစုခဲ့ပြီးပြီ။ ကလေးနှစ်ရက်ယောက်ကလည်း အသွင်အပြင်တွေ ဆင်တူတော့ စံအိမ်ကအစေခံတွေလည်း သတိမထားမိကြဘူး။ ဒီလိုနည်းနဲ့ သခင်မကြီးဟုန်ပြန်ပြီးလည်း သက်သာလာရော မြို့စားဖင်းကျင်း ပြန်ခေါ်လာတဲ့ ကလေးက သူမရဲ့ကိုယ်ပိုင်သမီး မဟုတ်တာကို မတွေးမိဘူး]
…..ကောင်းပြီလေ
ယန်ရှုက ဖင်းကျင်းဟုန်ရဲ့ဝံပုလွေလို နှလုံးသားကြောင့် တစ်ခါထပ်ပြီး ဝမ်းနည်းသွားရကာ ထို့နောက် မေးလိုက်သည်။
[အခု သခင်မကြီးဟုန်ရဲ့ကိုယ်ပိုင်သွေးသားကရော အဆင်ပြေရဲ့လား။]
စစ်စတန်က ရေရွတ်လာသည်။
[အစတုန်းက အဲ့ဒီကလေးမလေးကို အပြင်ကဇနီးဆီ ပြောင်းရွှေ့ပေးလိုက်တာ အပြင်ကဇနီးက သေချာပေါက်ပဲ သူမကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူးပေါ့။ တစ်ခါက သူမကိုဆာလောင်ပြီး နေမကောင်းဖြစ်အောင် လုပ်လိုက်တယ်။ ဖြစ်ချင်တော့ ဖင်းကျင်းဟုန်က ရှာတွေ့သွားပြီး အဲဒီတဒင်္ဂက သူမရဲ့အဖေ သည်းမခံနိုင်တော့တဲ့ အချိန်ပဲ။ သူက သူမကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်နေတဲ့ လယ်သမားမိသားစုဆီ ပျိုးထောင်ဖို့ ပေးလိုက်တယ်လေ။ လယ်သမားမိသားစုက ကြင်နာတတ်ပြီး သူမကိုလည်း အရမ်းချစ်တယ်။ သူမကလေးဘဝကတည်းက ခံစားရအောင်မလုပ်ခဲ့ဘူး။ အဲဒါကြောင့် အခုအဆင်ပြေနေတယ်]
ယန်ရှုက သက်ပြင်း ချလိုက်ပြီး [ယောက်ျားတွေကို မြှူဆွယ်တတ်တဲ့ အဲ့လိုမိန်းမမျိုးနဲ့ နေမှာထက်စာရင်တော့ ဒီကလေးမလေးက အခုကောင်းကောင်းမွန်မွန် လုပ်နေတာပဲ အဲဒီအပြင်ဘက်ကမိန်းမကရော။ အပြစ်ပေးခံရပြီးပြီလား။]
သို့သော်စစ်စတန်က ပြောလာသည်။
[အပြစ်ပေး မခံရရုံတင်မကဘူး။ အခုဆိုသူမက အသက်သုံးဆယ်အရွယ်ထဲမှာ အခုထိနှစ်ဆယ်ကျော်လေးလို ဂရုစိုက်ခံနေရတုန်းပဲ။ ဖင်းကျင်းမြို့စားက သူမရဲ့နေရာကို တစ်လမှာ နှစ်ခါသုံးခါလောက် သွားနေသေးတယ်]
ယန်ရှု [မဟုတ်ဘူး သူသမီးကို နှိပ်စက်ခဲ့တဲ့ ဘယ်သူ့ကိုမဆို သူက ခွင့်လွှတ်ပေးနိုင်တာလား။ ဘယ်လိုလုပ်ပြီး တစ်လကို နှစ်ခါသုံးခါလဲ။]
စစ်စတန် [စာကြောင်းကအတူတူပဲ။ သူက သူ့ရဲ့ကိုယ်ပိုင်သွေးသားထက်ကို အဲဒီမိန်းမကို ပိုချစ်တာ]
ယန်ရှု [….]
ကောင်းပြီလေ ဒီဆန်ကုန်မြေလေးကောင်ရဲ့ ဆွဲဆန့်နိုင်စွမ်းကတော့ တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာပဲ။
ဒီဖင်းကျင်းဟုန်က ဒီနှစ်ရဲ့ဆန်ကုန်မြေလေးစာရင်းမှာ ထိပ်ဆုံးသုံးနေရာကို ဝင်နိုင်လောက်တယ်။
…..
သူမက သခင်မကြီးဟုန်နဲ့ သူမရဲ့သမီးတို့ ဧကရီမယ်တော်ကြီးကို စကားပြောနေစဉ်မှာပဲ တိတ်တဆိတ်နဲ့ ဖရဲသီးစားပြီးသွားပြီ ဖြစ်သည်။
ဧကရီမယ်တော်ကြီးက မေးလိုက်သည်။
“ဘာလို့ရုတ်တရက်ကြီး ရောက်လာကြတာလဲ။ မြို့တော်ကိုရော ဘယ်အချိန်က ရောက်ကြတာတုန်း”
သခင်မကြီးဟုန်က ပြန်ဖြေလိုက်သည်။
“ကျွန်မက ဒီနေ့မနက် အရုဏ်မတက်ခင်ကပဲ ထွက်လာတာပါ။ မြို့တော်ကို အခုလေးတင်ပဲ ရောက်တယ်။ စစ်သူကြီးစံအိမ်မှာ အဝတ်အစား သွားလဲပြီးတာနဲ့ ဒီလိုအလျင်အမြန် လာခဲ့တာပါ။ မယ်တော်ကြီးရော အဆင်ပြေရဲ့လား”
ဧကရီမယ်တော်ကြီးက သက်ပြင်း ချလိုက်ကာ
“ထပ်ပြီးအမှားဟောင်းလေးပါပဲ။ မင်းရဲ့ခရီးနဲ့တောင် မတန်ပါဘူး”
သခင်မကြီးဟုန်က ထပ်မေးလိုက်သည်။
“မယ်တော်ကြီးက ဆောင်းရာသီရဲ့အအေးဒဏ်ကြောင့် ဖျားနာမှုဒဏ်အဟောင်းကနေ ခံစားနေရတာ မဟုတ်လား။ အခုက ရာသီဥတုလည်း အတော်လေးပူနွေးနေပြီကို ဘာလို့ရုတ်တရက်ကြီး ထပ်ဖြစ်ရတာလဲ။ မြို့စားသခင်ကြီးကသာ တော်ဝင်သမားတော်ကျန်းနဲ့ ဆက်သွယ်ပြီးရခဲ့တဲ့ သတင်းကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်မတော့ မယ်တော်ကြီး ခံစားနေရတာကို သိမှာ မဟုတ်ဘူး”
ထိုစကားလုံးတွေ ထွက်ကျလာသည့်အခါ ဧကရီမယ်တော်ကြီးပင် ဘာမှမပြောနိုင်ခင်မှာပဲ ယန်ရှုက တွန့်သွားတော့သည်။
—ဖင်းကျင်းမြို့စားက ကျန်းရှန်ခန်းနဲ့ ဆက်သွယ်နေတာလား။
130 03
ဘယ်အချိန်ကတည်းက ဒီနှစ်ယောက်က ပါဝင်ပတ်သက်နေတာလဲ။
စစ်စတန်က သူမရဲ့မေးခွန်းတွေကို ချက်ချင်းပဲ ပြန်ဖြေလာသည်။
[မြို့စားဖင်းကျင်းက ကျန်းမာရေးထိန်းသိမ်းမှုကို အကြီးအကျယ်ကို အာရုံစိုက်ထားတယ်။ ပြီးတော့ ကျန်းရှန်ခန်းကလည်း ရာထူးကြီးတဲ့သူနဲ့ မိတ်ဆွေဖွဲ့ချင်တဲ့အတွက် အဲ့ဒီနှစ်ယောက်က နှစ်တွေ အများကြီးကြာအောင် အဆက်အသွယ် ရှိနေခဲ့ကြတာ။ ပြီးတော့ အချိန်တိုင်းလည်း နှုတ်ခွန်းဆက်ဖို့ စာတွေရေးနေကြတာ။ အဲဒါကြောင့် သူတို့လို တစ်ယောက်ချင်းစီ လိုအပ်တာကို ရနေကြတယ်လို့ ပြောလို့ရတယ်]
ယန်ရှုက တိတ်တဆိတ်ပဲ ဖြတ်လိုက်မိသည်။ တကယ်ကိုပဲ ငှက်အုပ်ဆိုတာ အတူတူ ရှိနေတာပဲ။
ထို့အပြင် အဲဒီဆန်ကုန်မြေလေးကောင် မြို့စားဖင်းကျင်းက ဘာကိုမှစိုးရိမ်စရာ မရှိပေ။ သူ့ဇနီးဖြစ်သူက အိမ်ကမည်သည့်အရာကိုမဆို ဂရုစိုက်လိမ့်မည်ပင်။ အဲဒါကြောင့် သူ့မှာ အပြင်ဘက်မှာ ဇနီးတစ်ယောက်ရှိပြီး သူ့ဇနီးကိုမနှစ်သက်ပဲ သူ့ဇနီးရဲ့ကလေးကိုတောင်မှ ဆုံးရှုံးစေလိုက်သေးသည်….။
ဒီလိုအရာမျိုးက အသက်ရှင်ဖို့ အစားအစာ ဖြုန်းတီးနေသည်နှင့် အတူတူပင်။ ပြီးတော့လည်း ခေါင်းထဲထိ ရိုက်သွင်းထားသေးတယ်။
သူမက ထိုဆန်ကုန်မြေလေးကောင်ကို တိတ်တဆိတ် ဆူပူနေပေမဲ့ ဧကရီမယ်တော်ကြီးကနေ သခင်မကြီးဟုန်ကို ပြောလိုက်သံအား ကြားလိုက်ရသည်
“အရမ်းပူနေလို့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အိုက်ကျား သူတို့ကို လေပေးဖို့ ယပ်ခတ် ခိုင်းလိုက်တာနဲ့ အအေးမိသွားတယ်၊ ဒါပေမဲ့ ရက်အနည်းငယ်လောက် နေရင် အဆင်ပြေသွားပါလိမ့်မယ်။ ပြီးတော့ အိမ်မှာပစ္စည်းတွေချဖို့ ကူခိုင်းဦးမယ်။ ပစ္စည်းတွေက ရောက်တော့မှာလေ”
သခင်မကြီးဟုန်က လျင်မြန်စွာ ပြောလိုက်သည်။
“ကျွန်မကလည်း သိပ်မှမဝေးတာကို မယ်တော်ကြီးဆီ လာမလည်သင့်ဘူးလား။ အဲဒါအပြင် သခင်ကြီးဟုန်ကလည်း ဒီနေ့ ဒီနေရာကို အထူးလာလည်ဖို့ အထူးတလည် တောင်းဆိုထားတာ”
ဒါကိုကြားချိန်မှာ ယန်ရှုက သူမရဲ့မျက်ခုံးကို တိတ်တဆိတ် ပင့်လိုက်တော့သည်။
—လွန်ခဲ့တဲ့ဆောင်းရာသီတုန်းက ဧကရီမယ်တော်ကြီး ဖျားနာတဲ့အချိန်မှာ ဘယ်သူကမှ နန်းတော်ကို လာမလည်ခဲ့ပေ။ အခု ဧကရီမယ်တော်ကြီးရဲ့မွေးနေ့စားသောက်ပွဲကလည်း ပြီးဆုံးသွားပြီဖြစ်ပြီး ဖင်းကျင်းမြို့စားက သူ့ဇနီးနဲ့သမီးဖြစ်သူကို သတင်း ကြားပြီးတဲ့နောက် အထူးတလည်လာလည်ဖို့ တောင်းဆိုတယ်ဆိုတော့ ဖြစ်နိုင်တာက ဒီလူ့မှာ အကြံတချို့ ရှိနေလို့များလား။
အဆုံးမှာတော့ မြို့တော်က ကျင်းမန်ကနေမဝေးကွာပေမဲ့ သွားလာရသည်မှာ အချိန်အကြာကြီး ယူနေဆဲပင်
သို့သော် စစ်စတန်က ပြောလာသည်
[အမှန်ပဲ မြို့စားဖင်းကျင်းက ကျန်းရှန်ခန်းဆီကနေ အကြံဥာဏ်ရလာတာ။ ပြီးတော့ သူ့ရဲ့သမီးကို မောင်းမဆောင်ထဲပို့ဖို့ စီစဉ်နေတယ်လေ]
ယန်ရှုက သူမရဲ့မျက်ခုံးတွေကို ပင့်လိုက်ပြီး လှည့်ကွက်တွေ လုပ်နေတဲ့သူက တကယ်ကို ကျန်းရှန်ခန်းပဲကိုး ။
ထိုနေ့က ဧကရာဇ်ဟာ ကျန်းယွီရိကို အတွင်းသမားတော်ဆောင်ရဲ့စတုတ္ထနေရာက ကုသရေးသမားတော်အဖြစ် ရာထူး တိုးမြှင့်ပေးလိုက်တယ် ဆိုတာကို သူမ သိသည်။ ကျန်းရှန်ခန်းရဲ့ရာထူးကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်ဆိုတာကို မြင်လိုက်ရတော့ ကျန်းရှန်ခန်းက သေချာပေါက်ပဲ စိတ်ရှုပ်မှာဖြစ်သည်။
ထို့အပြင် ဧကရာဇ်ရဲ့သဘောထားက ထိုနေ့က အရမ်းကို သိသာထင်ရှားနေပေသည်၊ သူ့ကိုအနာဂတ်မှာ ဘယ်တော့မှ အသုံးချမည် မဟုတ်ပေ။ ထို့ကြောင့် သူက မြန်မြန်လုပ်မှရပြီး မှီခိုနိုင်ဖို့ သူ့ရဲ့ကိုယ်ပိုင်အင်အားကို ကျင့်ကြံမှရမည်မလား။
ဟင် တော်ဝင်သမားတော်တစ်ယောက်က အတော်လေးကို လုပ်နိုင်စွမ်းရှိနေတာပဲ။
သေချာပေါက်ပဲ ဖင်းကျင်းမြို့စားက တကယ်ကို ရဲရင့်ပေသည်။ ပြီးတော့လည်း အစေခံတွေကို နန်းတော်ထဲ တကယ်ကြီး ထိုးသိပ်ထည့်ရဲသည်ပေါ့လေ။
စစ်စတန်က နှာမှုတ်လိုက်သည် ။
[သူ့ရဲ့ဇနီးက ရှာမတွေ့ဘူးလေ။ သူသာ မပြောရင် ဘယ်သူကအဲဒါကို တွေးမိမှာတဲ့လဲ။]
ယန်ရှု “….”
ဒါလည်းဟုတ်တာပဲ ဘယ်သူက တွေးမိမှာတဲ့လဲ။
ဒီလောက် အကြာကြီး ဖရဲသီးစားလာပြီးနောက်မှာ ထိုလူတွေထဲက တစ်ယောက်စီတိုင်းက တခြားသူတွေထက်ပိုပြီးတော့ ဦးနှောက်ကြီးကြတယ်ဆိုတာကို ရှာတွေလာခဲ့ရသည်။ သူတို့တွေက တွေးလည်းတွေးရဲကာ လုပ်လည်းလုပ်ရဲကြသည်။ တကယ်ကို ချီးမွမ်းစရာပင်။
သခင်မကြီးဟုန်က ဒီနေ့ ဒီနေရာကို သူမရဲ့သမီးကိုခေါ်လာတယ်ဆိုတော့ ဖြစ်နိုင်တာက သူမလည်း သူမရဲ့သမီးကို နန်းတော်ထဲကို ပို့ချင်နေတာများလား။
သို့သော် စစ်စတန်က ပြောလာသည်။
[ဒီတစ်ကြိမ် သခင်မကြီးဟုန်ရဲ့လာရောက်လည်ပတ်မှုက သူမရဲ့ခင်ပွန်းကြောင့်ပဲ။ သူမက တကယ်တော့ ရူးချင်ယောင်ဆောင်ဖို့ ရည်ရွယ်ထားတာ]
130 04
ထိုအသံ ထွက်လာသည့်အခါ ဧကရီမယ်တော်ကြီးက သူမရဲ့ဝမ်းကွဲကို ပြောလိုကိသည်။
“မစောတော့ဘူး။ မင်းတို့နှစ်ယောက်လည်း ဒီကိုလာရတာ မလွယ်ကူဘူး။ ဒါပေမဲ့လည်း အိုက်ကျားက နေမကောင်း ဖြစ်နေသေးတာ နှမြောစရာပဲ။ အိုက်ကျားအစား မင်းတို့ကို ဖျော်ဖြေပေးဖို့ ယီပိကို ပြောလိုက်မယ်”
ရုတ်တရက် နာမည်အခေါ်ခံလိုက်ရတဲ့အတွက် ယန်ရှုက အလျင်စလိုနဲ့သာ တုံ့ပြန်လိုက်နိုင်သည်။
သခင်မကြီးဟုန်က ယဉ်ကျေးစွာ ပြောလာသည်။
“နန်းတွင်းသူတွေက ဘယ်လိုလုပ်ပြီး တော်ဝင်မျိုးနွယ်ကို နှောက်ယှက်ရဲပါ့မလဲ။ ဒီတစ်ကြိမ် ဧကရီမယ်တော်ကြီးကို မြင်ရတာနဲ့တင် ကျေနပ်ပါပြီ။ အချိန်စောနေတုန်းလေး သိပ်မကြာခင်မှာပဲ ကျွန်မတို့ ထွက်ခွာမှာပါ”
ဧကရီမယ်တော်ကြီးက ပြောလိုက်သည်။
“အနည်းဆုံးတော့ ဒီနေရာကို လာတယ်လေ။ မသွားခင် တစ်ခုခုစားဖို့ ဘာလို့မပြောရမှာတုန်း”
ထိနိးသိမ်းထားဖို့ ရည်ရွယ်ချက် မရှိပေ ။
သို့သော် ဧကရီမယ်တော်ကြီးရဲ့မျက်နှာပေါ်က ပင်ပန်းနေတဲ့ အမူအရာကို တွေ့လိုက်ရပြီး ယန်ရှုလည်း ရွေးချယ်စရာမရှိတော့ဘဲ သခင်မကြီးဟုန်ကို ဖြောင်းဖျလိုက်ရသည်။
“ဒါက သခင်မကြီးအပေါ် ဧကရီမယ်တော်ကြီးရဲ့ အရေးထားမှုပါ။ သခင်မကြီးက အရမ်းကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး”
သခင်မကြီးဟုန်က အခုတော့နာခံလိုက်ကာ သူမရဲ့သမီးကို ဦးဆောင်ပြီး ဧကရီမယ်တော်ကြီးကို အရိုအသေ ပေးခိုင်းလိုက်သည်။ ထို့နောက် ယန်ရှုနောက်ကိုလိုက်ကာ နန်းဆောင်ထဲကနေ ထွက်သွားတော့သည်။
ချီအန်းနန်းဆောင်က ယာယီသန့်ရှင်းသွားပြီး အထိန်းတော်ကျွမ်းက ဧကရီမယ်တော်ကြီးကို ပြောလာသည်။
“သခင်မကြီးဟုန်က မယ်တော်ကြီးကို ဂရုစိုက်သားပဲ ဆိုတော့ ဒီကိုလာဖို့က မလွယ်ကူလောက်ဘူး”
ဧကရီမယ်တော်ကီုးကလည်း သက်ပြင်းချလိုက်ကာ
“မဟုတ်လို့လား။ ကျန်းရှန်ခန်းက ဘာလို့ အဲ့လောက်ထိ စကားများရတာလဲ”
အထိန်းတော်ကျွမ်းက မဖြေရဲပေ။
တစ်ခဏခန့်တန့်နေပြီးနောက် သူမက ထပ်ပြောဖို့ ကြိုးစားလိုက်သည်။
“ကြည့်ပါဦး နာခံတတ်တဲ့ အဲ့ဒီကလေးမလေး သခင်မလေးဟုန်က ပိုပိုပြီးတော့ လှလာတာပဲ အရမ်းလည်းနာခံတတ်ပြီး ကောင်းကောင်းလည်း ပြုမူတတ်တယ်။ သူမသာ နန်းတော်ထဲကို လာနိုင်မယ်ဆိုရင်……”
သူမပင် စကားပြောတာ မဆုံးသေးခင်မှာပဲ ဧကရီမယ်တော်ကြီးရဲ့ ကြားဖြတ်ပြောခြင်းကို ခံလိုက်ရသည်။
“အခုချိန်မှာ အိုက်ကျားက စိုးရိမ်ပေးဖို့ ပျင်းလွန်းတယ်။ အဲဒါကြောင့် စကားအရမ်းများနေဖို့ မလိုဘူး”
ထိုသို့ပြောပြီးနောက် သူမကသူမရဲ့မျက်လုံးကို စိတ်မရှည်စွာနဲ့ ပိတ်သွားတော့သည်။
ဟမ့် အခုကစပြီး ယွီဝိန်မိသားစုဝင်တွေနဲ့ပတ်သက်ပြီး ဘာကိုမှ စိုးရိမ်မနေတော့ဘူး။
ဘာကိုချစ်ခြင်းမေတ္တာလဲ။
အထိန်းတော်ကျွမ်းက တွန့်ဆုတ်သွားပြီး နောက်ဆုံးတော့ ဘာကိုမှ မပြောရဲတော့ပေ
~~~
130 05
ဧကရီမယ်တော်ကြီးက နေမကောင်းနေဆဲ ဖြစ်သည့်အတွက် သခင်မကြီးဟုန်ရဲ့ညစာစားပွဲကို ချီအန်းနန်းဆောင်မှာ ကျင်းပ၍ မရပေ။ ကန်လုနန်းဆောင်တွင်လည်း ကျင်းပရန် မသင့်တော်သည့်အတွက် ထို့ကြောင့် ယန်ရှုက တော်ဝင်ဥယျာဉ်ထဲက ချင်းလျန်စံအိမ်မှာပဲ ရိုးရိုးရှင်းရှင်း စီစဉ်လိုက်သည်
ချင်းလျန်အဆောင်က ရေရဲ့ဘေးမှာ တည်ဆောက်ထားပြီး ပနိးပင်တွေနဲ့ သစ်ပင်တွေက အပြည့်အဝဖူးပွင့်နေချိန်ဆိုလျှင် မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ရာပင်။
ထိာထူးခြားဆန်းကြယ်ပြီး အရောင်အသွေးစုံလင်တဲ့ အမျိုးစုံသော ပန်းတွေသစ်ပင်တွေအပြင် လူတွေကြားမှာ သိပ်မမြင်ရတဲ့ ငန်းဖြူအနည်းငယ်က ကျက်သရေရှိတဲ့ သွင်ပြင်နဲ့ ကျေနပ်အားရဖွယ်အသွင်နှင့်အတူ ရေထဲမှာ ပေါလော ရေကူးနေကြသည်။
ဒီတစ်ကြိမ်ဟာ ဧကရီမယ်တော်ကြီးရဲ့ဧည့်သည်တွေကို ဧည့်ခံပေးရတဲ့ ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် ယန်ရှုက သူမရဲ့စားသောက်ချင်စိတ်ကို ထိန်းချုပ်ကာ သခင်မကြီးဟုန်နဲ့ သူမရဲ့သမီးကို အပြုံးလေးတစ်ပွင့်နဲ့ ဖျော်ဖြေပေးဖို့ အကောင်းဆုံး ကြိုးစားနေပေသည်။
“သခင်မကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။ အရမ်းလည်း တခမ်းတနား ဖြစ်နေစရာလည်း မလိုပါဘူး။ အလိုရှိတဲ့အရာမှန်သမျှ စားနိုင်ပါတယ်”
သခင်မကြီးဟုန်က ယဉ်ကျေးစွာ ပြောလိုက်သည်။
“ဒီနေ့ မိဖုရားရဲ့အလုပ်ငို နှောင့်နှေးစေမိတာက တကယ့်ပြစ်မှုကြီးပါပဲ”
ယန်ရှုက ပြုံးကာပြောလိုက်သည်။
“ဘယ်မှာ နှောင့်နှေးစေလို့လဲ”
ထိုစကားတွေ ထွက်သွားပြီးနောက် ရေငန်ထဲက ငန်းဖြူတွေက ရုတ်တရက်ကြီး ကျယ်လောင်စွာ သီဆိုကြတော့သည်။
သို့သော် မိန်းကလေးဟုန်ရဲ့မျက်လုံးတွေက ချက်ချင်းပဲ ထွန်းတောက်သွားပြီး သခင်မကြီးဟုန်ကို ပြောလိုက်သည်။
“အမေ အမေ မြန်မြန်လေးကြည့်ပါဦး ငန်းဖြူလို့ခေါ်ကြတာက ဒါမျိုးကိုး သမီးရဲ့ဝမ်းကွဲပြောသလိုမျိုး ဘဲငန်းဖြူအကြီးကြီးတွေပဲ”
ဘာ ဘဲငန်းဖြူကြီးတွေ ဟုတ်လား။
စားသောက်ပွဲမှာ ခစားနေကြတဲ့ နန်းတော်အစေခံတွေအားလုံးက တွန့်ဆုတ် သွားကြသည်။
သို့သော်လည်း ယန်ရှုက သူမရဲ့ရယ်ချင်စိတ်ကို ထိန်းလိုက်သည်။
——ငန်းဖြူဆိုတာက ငန်းဖြူပဲ ပြီးတော့လည်း ဘဲငန်းကြီးတွေနဲ့ တကယ်ကိုတူတယ်။
ဒီမိန်းကလေးက တကယ်ကို ပြောရဲဆိုရဲရှိတာပဲ။
သခင်မကြီးဟုန်က ရှက်ရွံ့နေတဲ့မျက်နှာနဲ့ ပြောလိုက်သည်။
“မင်းကတော့ မင်းရဲ့အမေကို ရယ်ရအောင် လုပ်နေပြီ”
သူမက စကားပြောပြီးနောက် သူ့ခေါင်းကို နောက်ကိုလှည့်လိုက်ကာ သူမရဲ့သမီးကို ဆူပူလိုက်သည်။
“မိဖုရားရဲ့အရှေ့မှာ ဘာလို့ မထိန်းနိုင်မသိမ်းနိုင် ဖြစ်နေရတာတုန်း”
ယန်ရှုက လျင်မြန်စွာနဲ့ ယဉ်ကျေးစွာ ပြောလိုက်သည်။
“အဆင်ပြေပါတယ်။ သခင်မလေးဟုန်က ရိုးသားပြီး စိတိကူးယဉ်ဆန်တာပဲ။ တကယ်တော့ ကျွန်မလည်း အဲ့လိုပဲ တွေးနေခဲ့တာ”
ဟုန်ယင်းရှက နှုတ်ခမ်း ဆူနေပြီး ထက်သန်စွာနဲ့ ပြောလာသည်။
“အဲဒါပဲ….အဲဒါကဘဲ ငန်းအကြီးကြီးနဲ့တူတယ်….”
သခင်မလေးဟုန်က သူမအကြောင်း ထပ်ပြောနေတာကို တွေ့လိုက်ရပြီး ယန်ရှုက ထပ်မံရယ်မောလိုက်သည်
“ကျွန်မလည်း အဲလိုပဲထင်ပါတယ်။ ငန်းဖြူမှာက ရှည်လျားတဲ့ လည်ပင်းရှိတယ်။ တစ်ချက်ကြည့်တာနဲ့ ဘဲငန်းနဲ့ တကယ်ပဲတူတယ်”
ဟုန်ယင်းရှက စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်လိုက်ကာ ယနိရှုကို အလျင်စလိုနဲ့ ပြောလိုက်သည်။
“ဝမိးကွဲကလည်း အတူတူပဲပြောတယ်။ ဒါပေမဲ့ ကျွန်မက အစတုန်းက မယုံခဲ့ဘူး။အဆုံးမှာ ငန်းဖြူတွေက ရှားပါးတဲ့ငှက်လေ ဘယ်လိုလုပ်ပြီး ဘဲငန်းနဲ့ တူနိုင်မှာလဲ။ ဒီနေ့မြင်လိုက်ရတော့မှ အမှန်ဆိုတာကို သိလိုက်ရတော့တယ်”
စကားပြောနေစဉ်မှာပဲ သူမရဲ့မျက်လုံးတွေက တောက်ပစွာ ထွန်းလင်းနေကာ သူမရဲ့လေသံကို ကြည့်ရသည်မှာ ယန်ရှုကို လူယုံတစ်ယောက်လို့ သတ်မှတ်ထားသည့်ပုံပင်။
ယန်ရှုကလည်း ပူးပေါင်းစွာနဲ့ လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်ပြီး သူမကိုလည်း မိတ်ဆက်ဖို့ မမေ့ပေ ။
“စားနေတာကို မနှောင့်နှေးစေနဲ့”
ဟုန်ယင်းရှက လျင်မြန်စွာ ခေါင်းညိတ်လိုက်ကာ ထပ်မံပြီး စတင်ကာ စားသောက်တော့သည်။
ယန်ရှုက စစ်စတန်ကို တိတ်တဆိတ်နဲ့ မေးလိုက်သည်။
[ဒီမိန်းကလေးကိုကြည့်ရတာ သူမရဲ့ဝမ်းကွဲကို ဂရုစိုက်တဲ့ပုံပဲ။ ဘာတွေ ဖြစ်နေတာလဲ။]
စစ်စတန် [သူမပြောနေတာက စစ်သူကြီး တင်းယွမ်ရဲ့သား သခင်မကြီးဟုန်ရဲ့ ယွီဟုန်ယွမ်လို့ခေါ်တဲ့ သွေးရင်းတူပဲ။ သမီးအတုထက် နှစ်နှစ်ကြီးပြီး သူတို့နှစ်ယောက်က အတူတူ ကြီးပြင်းလာကြတာ ငယ်ဘဝက သမီးရည်းစားတွေက အရမ်းကိုနီး စပ်တယ်လေ]
ယန်ရှုက သူမရဲ့မျက်ခုံးတွေကို ပင့်လိုက်ကာ ဆိုတော့ ဒီမိန်းကလေးက ရည်းစား ရှိနေတာပေါ့။
သို့သော်လည်း သူမရဲ့အသည်းအညှာလေးကို ဒီလိုရူးမိုက်ပြီး ချိုမြိန်တဲ့နည်းလမ်းနဲ့ ထုတ်ပြောနိုင်ကတည်းက သခင်မကြီးဟုန်က သူမသမီးရဲ့မျက်ရှုလေးကို တကယ်ပဲ နာကျင်စေတယ်လို့ မြင်နိုငိသည်။
သူမရဲ့အဖေရင်းက သူမရဲ့အကျင့်စရိုက်ကို လုံးလုံးဥပေက္ခာပြုကာ နန်းတော်ထဲကိုပို့ဖို့ စီစဉ်နေတာက နှမြောစရာပင်၊ ထို့ကြောင့် သူဟာ သူမကို တကယ်မချစ်ဘူးဆိုတာကို မြင်နိုင်ပေသည်။
******
131 01
အပိုင်း 131
စစ်စတန် [ဖင်းကျင်းမြို့စားက တော်ဝင်မိသားစုနဲ့ တဖြည်းဖြည်း ဝေးသထက် ဝေးလာတာကိုတွေ့တော့ ဒီဆန်ကုန်မြေလေးကောင်ဟုန်ကလည်း အရမ်းကို စိုးရိမ်ပူပန်လာပြီး ကျန်းရှန်ခန်းရဲ့ သွေးထိုးမှုအချို့ လုပ်လိုက်တာနဲ့ သူ့ရဲ့စိတ်ကို ပြောင်းလိုက်တယ်လေ။ သူ့သမီးအရင်းကို အဝေးကို ပို့လိုက်တဲ့လူက ဖခင်မေတ္တာရှိနေဦးမယ်လို့ ထင်လား။ ဒါပေမဲ့လည်း အဲဒါက သူတို့ရဲ့ကိုယ်ပိုင် တောက်ပမှုနဲ့ ကြွယ်ဝမှုကြောင့်ပဲလေ]
ယန်ရှုသည်လည်း နက်ရှိုင်းစွာ တွေးလိုက်သည်။
စားသောက်ပြီးဖို့က သိပ်မကြာလိုက်ပေ။
သခင်မကြီးဟုန်က ထရပ်လိုက်ကာ ပြောလိုက်သည်
“ကိုယ်လုပ်တော်ယိရဲ့ လက်ခံကြိုဆိုပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါဆိုရင် ကျွန်မ ဧကရီမယ်တော်ကြီးကို နှုတ်ဆက်ပြီး ကျင်းမန်ကိုပြန်ပါတော့မယ်”
ယန်ရှုက ခေါင်းညိတ်လိုက်ကာ
“သခင်မကြီးက အရမ်းယဉ်ကျေးလွန်းနေပါပြီ”
သို့သော် သူ့ရဲ့စိတ်ထဲမှာ တွေးလိုက်သည်။ ဒီအမေနဲ့ သမီးက ဧကရာဇ်နဲ့တောင် မတွေ့ရသေးဘူးကို ဒီလိုပဲအိမ်ပြန်ဖို့ စီစဉ်ထားတာလား။
သခင်မဟုန်က တကယ်ပဲ သူမခင်ပွန်းနဲ့ ရူးချင်ယောင်ဆောင်တမ်း ကစားနေတာထင်တယ်။ ဒီခရီးတိုက ပြပွဲသက်သက်ပဲ။
ထိုအချိန်မှာပဲ ဟုန်မိသားစုက ကလေးမလေးက နှုတ်ခမ်းဆူလိုက်ကာ ပြောလိုက်သည်။
“သမီးတို့က ဒီမနက်ပဲရောက်တာလေ။ နေ့လည်ကျ ပြန်သွားရတော့မှာလား။ အမေသမီးကို ဦးလေးရဲ့အိမ်မှာ တစ်ညလောက် နေခိုင်းသင့်တယ်။ သွားလိုက်ပြန်လိုက် လုပ်နေရတာနဲ့တင် သမီးက ပင်ပန်းနေပြီ…”
သူမ စကားပြောပြီးနောက် တောင်းဆိုနေတဲ့မျက်နှာနဲ့ သူမအမေရဲ့ဝတ်ရုံလက်ကို လိပ်လိုက်သည်။
ယန်ရှုက သူမဘာသာ တွေးကြည့်လိုက်သည်။ ဒီမိန်းကလေးကို ကြည့်ရတာ ပင်ပန်းနေပုံလည်း မရပါဘူး။ ဒါပေမဲ့ သူ့ရဲ့ဝမ်းကွဲဟုန်းရန်ကို ထပ်မြင်ချင်နေတာပဲ ဖြစ်ရမယ်။
ထို့နောက် သူမသမီးရဲ့ကလေးလို ပြုမူနေတာကို မမြင်ချင်လို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သခင်မကြီးဟုန်က ထပ်မံခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။
“ဟုတ်ပါပြီ ဒါဆိုရင်လည်း သမီးရဲ့ဦးလေးနဲ့ အဒေါ်ကို တစ်ညလောက်ထပ်ပြီး နှောက်ယှက်ကြတာပေါ့”
သူမကပြောပြီးနောက် အကူအညီမဲ့စွာနဲ့ ပြောလိုက်သည်။
“မိခင်တစ်ယောက်အနေနဲ့ သူမကို တကယ်ပဲ အလိုလိုက်မိနေပြီး ကိုယ်လုပ်တော်ယီဖင်းကို ရယ်ရစေမိပါပြီ”
စကားပြောပြီးနောက် သူမရဲ့နှလုံးသားထဲမှာ သက်ပြင်းချလိုက်သည်
—တစ်နေ့ သခင်မဟုန်သာ အမှန်တရားကို သိလိုက်ရရင် ကလေးကို မှားယွင်းပြီး ချစ်မိတဲ့ ဒီကောင်မလေးကိုရော ဘယ်လိုလုပ်မှာလဲ။
အဲဒါဆို သူမကရော ဒီကိစ္စကို ဂရုစိုက်သလား ဒါမှမဟုတ် ဂရုမစိုက်ဘူးလား။
~~~
သခင်မဟုန်တို့ သားအမိကို နှုတ်ဆက်အပြီးမှာ ဧကရီမယ်တော်ကြီးကလည်း နေ့လည်စာစားဖို့ အနားယူချိန်ဖြစ်သည့်အတွက် ယန်ရှုဟာ ကန်လုနန်းဆောင်ကို ပြန်ရမည့်အချိန်ပင်
သို့သော်လည်း သူမကအနားယူဖို့ကို ဂရုမစိုက်ပဲ စားပွဲဆီသို့ အလျင်အမြန်သွားကာ ဇာတ်ညွှန်းစရေးဖို့ ကြံစည်တော့သည်။
—ဘယ်လိုပဲဖြစ်ပါစေ ဟုန်မိသားစုရဲ့ယခုလိုမျိုး ဇာတ်လမ်းက ရှားပါးသည့်အတွက် ယခုအချိန် သူမရဲ့နှလုံးသားထဲမှာ ဆန္ဒရှိနေတုန်း အရင်ဆုံးချရေးရမယ်။
ပို့မပို့ဆိုတဲ့ကိစ္စကတော့ အချိန်မရွေး အခြေအနေပေါ်မှာ မူတည်တယ်။
နေ့လည်ခင်းတစ်လျှောက်လုံးမှာ ယန်ရှုကရေးနေတာကို မရပ်နိုင်ဘဲ ညရောက်သည်အထိ ဆက်ရေးနေသည်။
ချီအန်းနန်းဆောင်ကနေ စာတစ်စောင်ကို ပို့လိုက်သည်။ ပြောထားသည်က ဧကရီမယ်တော်ကြီးဟာ ညစာစားပြီးရင် အနားယူမှာဖြစ်သည့်အတွက် သူမကို ထပ်မလာဖို့ပြောထားတာပင်။
ယန်ရှုက သက်ပြင်းမောတစ်ခုကို မှုတ်ထုတ်လိုက်ပြီး ထရပ်လိုက်ကာ သူမရဲ့ကြွက်သားတွေကို ဆန့်လိုက်ပြီး ညစာကို စတင်စားတော့သည်
—စန်းချင်းဆေးလုံးကို ရှာတွေ့သွားကတည်းက ချန်းမင်းနန်းဆောင်ဟာ ထပ်ပြီးအန္တရာယ်မရှိတော့ဘဲ တစ်စုံတစ်ယောက်သော အလုပ်သရဲဧကရာဇ်က အချိန်ပိုအလုပ်ဆင်းရသည်မှာ ပိုပြီးလွယ်ကူသွားတော့သည်။
ထို့အပြင် အခုတလော အစိုးရက အလွန်ကို အလုပ်များနေသည့်အတွက် ဒီညအနည်းငယ်မှာ ယန်ရှု အိပ်ပျော်ပြီးနောက်မှာမှ သူဟာ ဒီကိုလာတာပင်။
တစ်ခါတစ်ရံ အလွန်နောက်ကျနေသည့်အခါမျိုးတွင် ထိုသူဟာ သူ့ဘာသာပဲ ချန်းမင်နန်းဆောင်မှာ အိပ်လိုက်တော့သည်။
ထို့ကြောင့် ယန်ရှုက ညစာစားပြီး ဧကရာဇ်ကို မတွေ့ရသည့်အတွက် ဒီညလည်း မလာလောက်ဘူးဟု သူမဘာသာ ယူဆလိုက်ကာ ထပ်ပြီးရေချိုးဖို့ သွားလိုက်သည်။
ရာသီဥတုက ပူနွေးနေသည့်အတွက် အပျိုတော်လေးက အေးမြစေတဲ့ အာနိသင်ရှိတဲ့ ဆေးစက်အနည်းငယ်ကို အထူးတလည် ရေချိုးကန်ထဲမှာ ထည့်လိုက်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို လန်းဆန်းသွားစေသည်။
ယန်ရှုသည်လည်း မျက်လုံးပိတ်ထားရင်း ရေထဲမှာ ပျော်ရွှင်နေကာ နားထဲမှာဒင်ဟူသောအသံကို ကြားလိုက်ရသည့်အချိန်အထိပင်။
131 02
[ရှင်းကွား စစ်သူကြီးတင်းယွမ်က အခုလေးတင်ပဲ မတော်တဆဖြစ်တယ်]
ယန်ရှုက တွန့်ဆုတ်သွားသည်။
[စစ်သူကြီးတင်းယွမ် သူက ဖင်းကျင်းသခင်မကြီးရဲ့မောင်ငယ်လေးမဟုတ်လား။ သူက ဘာဖြစ်လို့လဲ]
စစ်စတန် [စစ်သူကြီးတင်းယွမ်က ညဘက် အချိန်ပိုဆင်းပြီး စစ်တန်းလျားကနေ ပြန်လာတာ ။အရမ်းမြန်မြန်စီးနေတုန်းမှာပဲ လမ်းရဲ့ဘေးဘက်ကနေ လူတစ်ယောက်က ပြေးထွက်လာတယ်လေ။ လူကိုရှောင်ဖို့အတွက်နဲ့ စစ်သူကြီးတင်းယွမ်က မြင်းပေါ်ကနေ မတော်တဆ ပြုတ်ကျသွားပြီး သူ့ခြေထောက် ကျိုးသွားတယ်]
“…..”
ယန်ရှုက ရှုပ်ထွေးသွားတော့သည်။
[စစ်သူကြီး တင်းယွမ်က ဒီမင်းဆက်ရဲ့ကျော်ကြားတဲ့ စစ်တပ်ကစစ်သူကြီးမဟုတ်လား။ မြင်းစီးနေတုန်း ဘာလို့ဒီလောက်တောင် နမော်နမဲ့နိုင်ရတာလဲ?]
စစ်စတန်က သူ့အတွက် လျင်မြန်စွာ ရှင်းပြလာသည်။
[ဒါကသူ့ အမှားမဟုတ်ဘူး။ သွားနေကျလမ်းမှာ စီးတာလေ။ ပြီးတော့ညဘက်ဆိုတော့ လူလည်း မရှိဘူး။ အရှိန်က သေချာပေါက် မြန်နေမယ်ဆိုတာ ပြောစရာတောင်မလိုဘူး။ ဒီတစ်ခေါက် လမ်းဘေးကနေ ရုတ်တရက်ကြီး ထွက်လာတာက သေစေချင်တယ် မဟုတ်ဘူးလား။ အဲဒါအပြင် ဒါကလည်း သူ့နဲ့ယောက်ဖတော်တဲ့ ဖင်းကျင်းမြို့စားက တမင်သက်သက်စီစဉ်ထားတာပဲ]
ဘာ။
ယန်ရှုက ထပ်ပြီး တွန့်ဆုတ်သွားတော့သည်။
[ဖင်းကျင်းဟုန်က သူ့ရဲ့ယောက်ဖဖြစ်တဲ့သူ မြင်းပေါ်ကနေပြုတ်ကျစေဖို့ တစ်ယောက်ယောက်ကို တမင်သက်သက် စီစဉ်ထားတယ်ဟုတ်လား။သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူ့ယောက်ဖ ခြေထောက်ကျိုးသွားရင် သူ့အတွက် ကောင်းတာတစ်ခုခု ရှိနေလို့လား?]
စစ်စတန် [ခန့်မှန်းကြည့်လေ!]
ယန်ရှု […]
ပါးလုံးက သောက်ကျိုးနည်းတွေပဲ။ သူကအမြဲတမ်း သေရေးရှင်ရေးအချိန်ဆို ခန့်မှန်းခိုင်းပြီ။
သို့သော် သူမရဲ့အကျိုးအကြောင်းသင့်တဲ့ ဥာဏ်ကြီးရှင်လေးကို တွေးကြည့်လိုက်သည့်အခါ ခန့်မှန်းတာက မခက်ခဲတော့ပေ။
သူမက ထို့နောက် တွေးဆနေတော့သည်။
စစ်သူကြီးတင်းယွမ်က ရုတ်တရက်ကြီး ခြေထောက်ကျိုးသွားတယ်။ စစ်သူကြီးရဲ့စံအိမ်ကတော့ ပရမ်းပတာဖြစ်နေမှာပဲ။ အဲဒါဆို မနက်ဖြန်မနက် အိမ်ပြန်ဖို့ ပြင်ထားတဲ့ သခင်မကြီးဟုန်က မထွက်ခွာနိုင်တော့ဘူးမလား။
ပြီးတော့ အိမ်ကို တစ်ခဏလောက်ထိ မပြန်နိုင်မှာစိုးရတယ်။
—အဆုံးမှာတော့ သူမရဲ့မောင်ငယ်လေးက ထိခိုက်ထားပြီး သူမရဲ့ယောင်းမက ခင်ပွန်းဖြစ်သူ ကလေးတွေနဲ့ အိမ်ကို ပြုစုစောင့်ရှောက်ရမယ်လေ။ အဲဒါတွေအားလုံးကို သူမဘာသာ မလုပ်နိုင်ဘူး ဆိုတော့ အစ်မတစ်ယောက်အနေနဲ့ သူမက အဲဒါတွေကို စိုးရိမ်ရမယ်
သောက်ကျိုးနည်းကလေးတစ်ယောက်ရဲ့ ဆူပူတာကို ခံလိုက်ရတဲ့ တစ်စုံတစ်ယောက်သောကလေးက ထပ်ပြောလိုက်သည်။
[အမှန်ပဲ ဖင်းကျင်းဟုန်က သူ့သမီးကို နန်းတော်ထဲမှာ ပို့ထားချင်နေတာ။ ဒါပေမဲ့ ဧကရီမယ်တော်ကြီးရဲ့ အဆင်မပြေတဲ့ အခွင့်အရေးကို အခွင့်ကောင်းယူပြီး သူ့ဇနီးနဲ့သမီးကို မြို့တော်ကိုသွားဖို့ သွေးဆောင်ဖြားယောင်းလိုက်တယ်လေ။ ဒါပေမဲ့ သခင်ကြီးဟုန်က တစ်ယောက်နဲ့တစ်ယောက် မတွေ့ရပဲ အိမ်ကိုပြန်လာမှာကို ပူပန်နေတယ်။ အဲတော့ သူကအလွယ်တကူလက်လျော့မယ်လို့ ထင်သလား]
ယန်ရှုကခေါင်းညိတ်လိုက်သည်
[မဟုတ်ဘူး စစ်သူကြီးတင်းယွမ်ကလည်း ဧကရီမယ်တော်ကြီးရဲ့တူပဲ။ သူက ရုတ်တရက်ကြီး ထိခိုက်သွားတယ်ဆိုတော့ ဧကရီမယ်တော်ကြီးကလည်း စိုးရိမ်နေလောက်တယ်။ ဒီလိုသာဆို အခြေအနေကို မေးမြန်းဖို့ လူတွေကို နန်းတော်ထဲကို မခေါ်ရလောက်ဘူးလား။ စစ်သူကြီးတင်းယွမ်ရဲ့စံအိမ်မှာ လူပျင်းတွေ မရှိဘူး။ သခင်မကြီးဟုန်ကပဲ သတင်းပါးဖို့ နန်းတော်ထဲကို ဝင်နိုင်လောက်မှာ ဒီလိုသာဆို ဧကရာဇ်ကို ထပ်တွေ့ရဖို့ မဖြစ်နိုင်တာမဟုတ်တော့ဘူး?]
ဒါက အရမ်းကိုပဲ….။
ဖင်းကျင်းဟုန်က ဒီလိုဆန်ကုန်မြေလေးကောင်ပဲ။
ဒီလိုနည်းလမ်းမျိုးကိုတောင် စဉ်းစားရဲတယ်။
သူ့ရဲ့ယောက်ဖဖြစ်သူက ပြင်းပြင်းထန်ထန်ထိခိုက်သွားမှာကို မစိုးဘူးလား။
အဆုံးမှာ အဲဒါက မြင်းပေါ်က ပြုတ်ကျတာလေ။ တစ်ယောက်ယောက်ကို သေစေနိုင်တယ်။
စစ်စတန် [သူ့အတွက် ပိုမကောင်းဘူးလား။ ဒီလိုသာဆို သူ့သမီး သုံးနှစ်လောက် ဝမ်းနည်းပူဆွေးပြီး လွမ်းဆွတ်နေရတဲ့ ဝမ်းကွဲဖြစ်သူနဲ့လည်း သူတို့နှစ်ဦးအတွက် ပိုပြီးမျှော်လင့်ချက် မဲ့မသွားနိုင်ဘူးလား။ သူ့ဇနီးကလည်း မြို့တော်မှာ ကြာကြာနေနိုင်မယ်။ အဆုံးမှာတော့ သူ့ရဲ့ကိုယ်ပိုင်သွေးသားကိုတောင် ဂရုမစိုက်တဲ့ ဆန်ကုန်မြေလေးကောင်က သူ့ယောက်ဖဖြစ်သူရဲ့ သေရေးရှင်ရေးကို ဘယ်လိုလုပ်ပြီး ဂရုစိုက်မှာတဲ့လဲ]
ဒါ ဒါ ဒါက အရမ်းကို ဆိုးရွားလွန်းတယ်။
ယန်ရှုက ဒေါသထွကိလွန်းသည့်အတွက် ရေချိုးကန်ထဲကနေ ထလိုက်ကာ ကပျာကယာနဲ့ သူမဘာသာ အခြောက်ခံလိုက်ပြီး ညအိပ်အဝတ်အစားကို လဲလိုက်ကာ ခန်းမထဲကို လျှောက်သွားတော့သည်။
131 03
မဖြစ်ဘူး။ ဆန်ကုန်မြေလေးဖင်းကျင်းဟုန်ကို သူမ သည်းမခံနိုင်တော့ဘူး။
—ဖော်ထုတ်ဖို့အတွက် ပုံပြင်စာအုပ်ကို ငါတို့တွေ မြန်မြန်ထုတ်မှရမယ်။ မဟုတ်ရင် ဒီဆန်ကုန်မြေလေးကောင်ကြောင့် အပြစ်ကင်းတဲ့လူ ဘယ်လောက်များများ ထိခိုက်နေမလဲမသိဘူး။
သူမက တစ်လျှောက်လုံး ဖြောင့်မတ်တဲ့ မခံမရပ်နိုင်ဖြစ်မှုနဲ့ ဒေါသတွေနဲ့ ပြည့်နှက်နေပြီး သူမစားပွဲခုံကို မရောက်နိုင်သေးခင်မှာပဲ အပြင်ဘက်ကနေ ဆက်သွယ်လိုက်သံကို ကြားလိုက်ရသည်။
“အရှင်မင်းကြီးက ဒီကိုရောက်နေပါပြီ…”
ထို့နောက်ချက်ချင်းပဲ ဧကရာဇ်ကနန်းဆောင်ထဲသို့ ခြေချဝင်လာတော့သည်။
ယန်ရှုသည်လည်း တွန့်ဆုတ်သွားပြီး သူမမှာ ရွေးချယ်စရာမရှိတော့ကာ ရှေ့တက်ပြီး ဂါရဝပြုလိုက်ရသည်။
“အရှင်မင်းကြီးကို ကြိုဆိုပါတယ်”
ယွီဝိန်းလန်က ဒီညမှာ အပြာရောင်ပိတ်ကျဲဝတ်ရုံကို ဝတ်ဆင်ထားပြီး အနည်းငယ် ပျင်းရိနေဟန်ရှိသည်။ ထိုအချိန်မှာပဲ သူမကို လက်ထဲပွေ့လိုက်ကာ ထရပ်ဖို့ ကူညီပေးလိုက်ပြီး အန္တရာယ်ရှိတဲ့ မျက်ဝန်းတွေနဲ့ သူမကို အပေါ်အောက် ကြည့်ရှုလာသည်။ ထို့နောက် အပြုံးတစ်ပွင့်နှင့်အတူ အနိမ့်သံနဲ့ ပြောလာသည်။
“အခု ကိုယ်ဒီကိုလာမယ်ဆိုတာသိနေတာလား။ ရေကိုတောင် ချိုးထားသေးတယ်ပေါ့လေ။ အကယ်၍များဆိုပြီး ရေချိုးထားတာလား”
စကားပြောပြီးနောက် သူမ ပြန်ဖြေတာကိုပင် မစောင့်ဘဲ သူမခါးလေးကို ဖက်လိုက်ကာ ညောင်စောင်းဆီသို့ သွားတော့သည်
ဘေးပတ်လည်က လူတိုင်းက ရှက်သွေးဖြာသွားကာ စိတ်လှုပ်ရှားလာကြတော့သည်။
ယန်ရှုက အလျင်စလိုနဲ့ လျင်မြန်စွာ ပြောလိုက်သည်။
“မဖြစ်ဘူး မဖြစ်ဘူး ဒီအချိန်က အချိန်မကျသေးဘူး။ ဒီကိုယ်လုပ်တော်မှာ တစ်ခုခုလုပ်စရာရှိနေသေးတယ်…”
သို့သော် သူမ စကားပြောတာမဆုံးခင်မှာပဲ သူက ညောင်စောင်းဆီသို့ ရောက်သွားပြီဖြစ်သည်။
သူကဖြည်းညှင်းစွာပြုံးလိုက်ကာ
“ဒီဟာထက်က ဘာကပိုပြီး အရေးကြီးမှာလဲ”
ထို့နောက် သူက မှီချလာတော့သည်။
—အဟွတ် ဒီရက်အနည်းငယ်အတွင်း သူလာသည့်အချိန်တိုင်း သူမက အိပ်နေပြီးဖြစ်ကာ မနေ့ညကလည်း အထူးသဖြင့် အာရုံမစိုက်ပေ။
သူ့အလုပ်တွေပြီးသည့်အချိန်မှသာ ညလယ်ရောက်နေပြီဆိုတာကို သိလိုက်ရသည်။ သူ ဒီကိုလာသည့်အခါ သူမအနားယူမှာကို နှောက်ယှက်မိမှာစိုးမိသည့်အတွက် ထို့ကြောင့် သူဟာ ရွေးချယ်စရာမရှိဘဲ ချန်းမင်နန်းဆောင်မှာသာ အိပ်ရတော့သည်။
ဒီတော့….ယခုအချိန်မှာ သူဘယ်လောက်တောင် စိတ်အား ထက်သန်နေသလဲဆိုတာကို ဘုရားသာသိလိမ့်မည်ပင်။
အထူးသဖြင့် သူမက တမင်သက်သက် ရေချိုးထားချိန်တွင်ဖြစ်သည်….။
စိတ်အားထက်သန်တဲ့ စကားလုံးတွေ ထွက်ကျလာသည်နှင့် ယန်ရှုရဲ့စိတ်စွမ်းအားတွေ အကုန်လုံး မဆုံးရှုံးခင် ယန်ရှုကရပ်တန့်ဖို့ ရုန်းကန်လိုက်ကာ
“အရှင်မင်းကြီး ဒီကိုယ်လုပ်တော်ပြောတာကို အရင်နားထောင်ပါဦး….”
ထိုလူက ဝိုးတဝါးနဲ့ ပြောလာသည်။
“နောက်ကျမှ ပြောကြတာပေါ့….”
ယန်ရှုက အကူအညီမဲ့သွားပြီး သူမက ဆွံ့အသွားတော့မဲ့အချိန်မှာပဲ အကောင်းဆုံးကြိုးစားကာ အော်ဟစ်လိုက်သည်၊
“အမှန်ပဲ။ တမင်သက်သက် သမီးချင်းလဲပစ်လိုက်တဲ့ ပုံပြင်မျိုးရှိတယ်။ ပြီးတော့လည်း အဲဒါက အရှင်မင်းကြီးနဲ့ သက်ဆိုင်နေတယ်”
အမ်။
သို့သော် ထိုလူနောက်ဆုံးမှာ ရပ်တန့်သွားတာကို မြင်လိုက်ရပြီး သူမကိုကြည့်ဖို့ တစ်ခဏလောက် ရပ်တန့်သွားသည်
“မိန်းကလေးတွေကို လဲတာကဘာကြီးလဲ။ ကိုယ်နဲ့လည်း တစ်ခုခုသက်ဆိုင်နေတယ် ဟုတ်လား”
ယန်ရှုက အသက်ပြင်းပြင်းရှုကာ ပြောလိုက်သည်။
“ဖင်းကျင်းမြို့စားရဲ့သမီးက တကယ်ကို ဖင်းကျင်းမြို့စားရဲ့အိမ်ကပဲ။ သခင်မကြီးဟုန်ရဲ့ သမီးအရင်းက ဖင်းကျင်းမြို့စားကနေ တစ်ခြားသူတွေကို ပျိုးထောင်ဖို့ ပေးလိုက်တာ။ မြို့စားဖင်းကျင်းကြောင့် သခင်မကြီးဟုန်က အမှောင်ထဲမှာ ဆယ်နှစ်ကျော် အထိန်းသိမ်းခံထားရတယ်။ အခုလည်း အပြင်မှာမွေးတဲ့ ဒီသမီးကို နန်းတော်ထဲကိုပို့ဖို့ စီစဉ်နေပြန်ပြီ။ ပိုဆိုးတာက ဒီနေ့ညစစ်သူကြီးတင်းယွမ်ရဲ့ ထိခိုက်မှုက သူတစ်ယောက်တည်းရဲ့ စီစဉ်ထားမှုကြောင့်ပဲ”
သေစမ်း အသက်တစ်ရှိုက်စာတည်းနဲ့ အများကြီး ပြောလိုက်တာက သူမကို အသက်ရှုကျပ်ပြီး သေစေတော့မလို့ပဲ။
သို့သော် ထိုစကားသံ ထွက်လာသည့်အခါ ယွီဝိန်းလန်က နောက်ဆုံးမှာတော့ ကြက်သေ သေသွားတော့သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဘာ…”
ဒီခေါ်ဆိုမှုအတွင်းမှာ သူဟာ မြို့စားဖင်းကျင်းဆိုတာကိုပဲ ကြားလိုက်ရသည်။
ဒီလူက အလုပ်ရှုပ်တဲ့ပုံပဲ။ ကြည့်ရတာ အလုပ်တွေအများကြီး လုပ်ထားတာပဲ။
131 04
ကဲကောင်းစွာနဲ့ ယန်ရှုက သူနဲ့ထပ်ပြီး အသေးစိတ်ကျကျ ပြောလာသည်။
“ပြောရမှာက သခင်မကြီးဖင်းကျင်းနဲ့ ဖင်းကျင်းဟုန်ရဲ့ ကိုယ်လုပ်တော်က တစ်ချိန်တည်းမှာပဲ သမီးတွေ မွေးကြတယ်။ ဖင်းကျင်းဟုန်က သူ့ရဲ့အပျော်မယ်က မွေးတဲ့သမီးနဲ့ သူ့ရဲ့တရားဝင်သမီးကို လဲနိုင်တဲ့အထိ နှလုံးသားမဲ့တယ်။ဒါပေမဲ့ သခင်မကြီးဟုန်က အခုထိ အဲ့အကြောင်းကို မသိသေးဘူး”
“အခုတလော ဧကရီမယ်တော်ကြီးက နေလို့မကောင်းနေတော့ မြို့စားဖင်းကျင်းက ကျန်းရှန်ခန်းဆီကနေ တိုက်တွန်းခံလိုက်ရပြီး ဒီအခွင့်အရေးကို ယူပြီးတာနဲ့ သူ့ရဲ့သမီးအတုကို နန်းတော်ထဲကိုပို့ဖို့ ပြောတယ်။ ဒါပေမဲ့လည်း သခင်မကြီးနဲ့ သခင်မလေးဟုန်မှာ ဒီလိုရည်ရွယ်ချက်မျိုး မရှိဘူး။ ဒီနေ့ဧကရီမယ်တော်ကြီးကို တွေ့ပြီးတာနဲ့ ပြန်ကြမှာ။ အဲဒါနဲ့ သူ့ဇနီးနဲ့သမီးကို မြို့တော်မှာ ပိုပြီးကြာကြာနေနိုင်ဖို့ မြို့စားဖင်းကျင်းက ဒီနေ့ည သူ့အိမ်ကိုပြန်တဲ့လမိးမှာ စစ်သူကြီးတင်းယွမ်ကို ခြုံခိုတိုက်ဖို့ လူတစ်ယောက်ကို စီစဉ်ထားတယ်။ စစ်သူကြီးတင်းယွမ်ကို အပြင်းအထန် တိုက်မိပြီး ခြေထောက်ကျိုးသွားအောင်လို့လေ”
“ဖင်းကျင်းမြို့စားရဲ့ရည်ရွယ်ချက်ကို နားလည်နိုင်လား”
သေချာပေါက်ကိုပဲ ယွီဝိန်းလန်က နားလည်ပေသည်။
ဘယ်လို ဖင်းကျင်းမြို့စားက ဒီလောက် မကောင်းတဲ့အရာတွေ အများကြီးကို လုပ်နိုင်ရတာလဲ။
သူ့ရဲ့မောင်းမဆောင်ထဲကိုတောင် သူ့အကြံဥာဏ်ကို သယ်လာရဲတာလဲ။
ပြီးတော့လည်း တော်ဝင်ညီလာခံရဲ့ ကြီးကျယ်တဲ့စစ်သူကြီးကို ဒီလိုမျိုးလုပ်ကြံရဲရတာလဲ။
တစ်ခဏလောက် သူ့ရှေ့ကကိစ္စကို ဂရုမစိုက်နိုင်တော့ပဲ ချက်ချင်းပဲ ထရပ်လိုက်ကာ တံခါးကိုသွားလိုက်ပြီး တစ်ယောက်ယောက်ကို ခေါ်လိုက်သည်။
…..
~~~~~
နောက်တစ်နေ့မှာတော့ သခင်လေးရှောင်ယောင်ရဲ့ “ဘယ်သူ့ရဲ့အမှားက မှန်သလဲ မှားသလဲ?” ဆိုသည့် ပုံပြင်စာအုပ်က ရုတ်တရက်ကြီး ထွက်လာတော့သည်။
ဧကရီမယ်တော်ကြီးက ထိုသတင်းကို ကြားလိုက်ရသည့်အခါ တစ်ယောက်ယောက်ကို လျင်မြန်စွာနဲ့ နန်းတော်ထဲကို ကူးထားတဲ့တစ်အုပ် ဝယ်လာဖို့ အလျင်အမြန် ခိုင်းစေလိုက်သည်။
သဘာဝကျကျပဲ ဇာတ်လမ်းဖတ်ရသည့်တာဝန်က ယန်ရှုလက်ထဲမှာ ကျသွားတော့သည်။
သေချာပေါက်ပဲ သူမက သူမရဲ့စာအုပ်အသစ်ကို အလွန်ပဲစိတ်တိုင်းကျသည့်အတွက် စာဖတ်သည်က ရဲရင့်ကာ ခံစားချက်အပြည့်ဖြစ်နေပေသည်။
ပြီးတော့ ဧကရီမယ်တော်ကြီးကလည်း ဇာတ်လမ်း အလှည့်အပြောင်းနဲ့ လှည့်ကွက်တွေကြောင့် နက်ရှိုင်းသွာ ဆွဲဆောင်ခံလိုက်ရပြီး မျက်မှောင်ကြုတ်ကာ အံအားသင့်မှုအပြည့်နဲ့ အလွန်ကို ခံစားချက်အပြည့် ဖြစ်နေပေသည်။
သိပ်မကြာခင်မှာပဲ ခွေးသွေးပုံပြင်ကို နားထောင်ပြီး နောက်မှာတော့ ဧကရီမယ်တော်ကြီးက ဒေါသထွက်စွာ ပြောလာသည်။
“ကမ္ဘာပေါ်မှာ ဒီလိုမျိုး ဝံပုလွေနှလုံးသားနဲ့သူမျိုး ရှိသေးတယ်ပေါ့။ သူ့ရဲ့ကိုယ်ပိုင်သွေးသားကိုတောင် ဘယ်လိုလုပ်ပြီး ဥပေက္ခာ ပြုရက်တာလဲ”
ယန်ရှုက သဘောတူမှုအပြည့်နဲ့ ချက်ချင်းပဲ လျင်မြနိစွာ ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ ဒီဖင်ဖြစ်သူက တကယ်ကို စိတ်ရှုပ်ဖို့ ကောင်းတယ်”
သို့သော် ဧကရီမယ်တော်ကြီးက သူမကိုမေးလာသည်။
“ပြောမှပဲ ဒီရေးထားတဲ့သူက ဘယ်သူလဲ”
ယန်ရှု “….အာ…”
သူမ မသိဘူးလို့ ပြောချင်ပေမဲ့ ထိုအချိန်မှာပဲ ဖုဟိုင်က နန်းတော်တံခါးဝကနေ အပြေးအလွှား ပြေးဝင်လာတာကို တွေ့လိုက်ရပြီး ဧကရီမယ်တော်ကြီးကို သတင်းပို့လာသည်။
“မကောင်းတော့ဘူး။ မယ်တော်ကြီး အခုလေးတင် မိန်းကလေးတစ်ယောက်က နန်းတော်အပြင်ဘက်က စစ်သူကြီးတင်းယွမ်ရဲ့စံအိမ်ကိုလာပြီး သူမက ဖင်းကျင်းဟုန်ဖူရဲ့ သခင်မလေးတဲ့။ သူ့ရဲ့ကိုယ်ပိုင်သွေးသားတဲ့”
“ဘာ”
ဧကရီမယ်တော်ကြီးက ရပ်တန့်သွားတော့သည်။
ရုတ်တရက်ပဲ ခေါင်းကိုက်ရောဂါတောင် လွင့်သွားသည့်ပုံပင်။
******
132 01
အပိုငိး 132
ဖုဟိုင်ရဲ့စကားတွေကို ပမထဆုံး ကြားလိုက်ရချိန်မှာ ချီအန်းနန်းဆောင်က လူတိုင်းက ထိတ်လန့်အံ့အားသင့်သွားကြသည်။
ဧကရီမယ်တော်ကြီးလည်း ထိတ်လန့်သွားပြီး သူမ မှားယွင်းပြီး ကြားလိုက်ရတယ်လို့တွေးကာ ဖုဟိုင်ကို လျင်မြန်စွာမေးလိုက်သည်။
“ဘာပြောလိုက်တာလဲ။ ဘယ်မိန်းကလေးလဲ”
ဖုဟိုင်လည်း ရွေးချယ်စရာမရှိတော့ဘဲ သူ့ရဲ့အသံကို လျှော့ချလိုက်ကာ ထပ်ပြောလိုက်သည်။
“ဧကရီမယ်တော်ကြီးကို လျှောက်တင်ပါတယ်။ ပြဿနာက ဒီလိုပါ။ မနေ့ညက စစ်သူကြီးတင်းယွမ် မြင်းပေါ်ကနေပြုတ်ကျပြီး ထိခိုက်သွားခဲ့ပါတယ်။ အရှင်မင်းကြီးက အရမ်းစိုးရိမ်ပြီး အဲဒါကြောင့်ပဲ ဒီဖြစ်ရပ်ကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါတယ်။ ဖြစ်ချင်တော့ ဒီကိစ္စက ဖင်းကျင်းမြို့စားနဲ့ ဆက်စပ်နေတာပါ”
ဘာ ဖင်းကျင်းမြို့စားဟုတ်လား။
ဧကရီမယ်တော်ကြီးက နောက်တစ်ခဏလောက် ထပ်ပြီးတွန့်သွားကာ ထို့နောက် အလျင်အမြန် ပြောလိုက်သည်။
“ဒီကိစ္စက သူနဲ့ ဘယ်လိုသက်ဆိုင်တာလဲ”
ဖုဟိုင်လည်း ရွေးချယ်စရာမရှိတော့ဘဲ ရှင်းပြလိုက်ရသည်။
“မနေ့ညက စစ်သူကြီးကို တိုက်ခိုက်ခဲ့တဲ့သူကို ခြေရာခံဖို့ အရှင်မင်းကြီးက ကျင်းယီဝေ့ကို စေလွှတ်လိုက်ပါတယ်။ ဒီလူရဲ့အဆိုအရ မြို့စားဖင်းကျင်းက စစ်သူကြီးကို တိုက်ခိုက်ဖို့အတွက် လူလွှတ်ခဲ့တာလို့ ပြောပါတယ်”
ဧကရီမယ်တော်ကြီးက ထပ်မံတွန့်ဆုတ်သွားပြီး မျက်မှောင် ကြုတ်သွားသည်။
“ဖင်းကျင်းမြို့စားက စစ်သူကြီးကို ဘာလို့တိုက်ခိုက်တာလဲ။ သူက အန်းပန်းရဲ့ယောက်ဖ မဟုတ်ဘူးလား”
ယန်ရှုက ဧကရီမယ်တော်ကြီးကို တိတ်တဆိတ်ပဲ စာနာမိသွားသည်။ အဆုံးမှာတော့ သူမက စာအုပ်ထဲတွင် သမီးအတုနဲ့အစစ်အကြောင်းကိုပဲ ရေးထားကာ ဆန်ကုန်မြေလေးကောင် ဖင်းကျင်းမြို့စားဟုန်ချန်ကျီနဲ့ တစ်ခြားအရာတွေကို ရှင်းပြမထားပေ။ ထို့ကြောင့် ဧကရီမယ်တော်ကြီးက ယခုအချိန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
သို့သော် ဖုဟိုင်က ထပ်ပြောလိုက်သည်။
“အရှင်မင်းကြီးက စစ်သူကြီးယွီကို တိုက်ခိုက်ဖို့ ဖင်းကျင်းမြို့စား စေလွှတ်လိုက်တဲ့သူတွေကို စုံစမ်းဖို့ လူလွှတ်နေတုန်းပဲ ရှိသေးတယ်။ ဒါပေမဲ့ အခုချိန်မှာ အရေးအကြီးဆုံးကိစ္စက မြို့စားဖင်းကျင်းက သူ့အိမ်မှာ မဟုတ်ဘဲ အပြင်ဘက်က ကိုယ်လုပ်တော်ရဲ့အိမ်မှာဆိုတာကို ကျင်းယီဝေ့က ရှာတွေ့လာပါတယ်”
ဘာ။
ဧကရီမယ်တော်ကြီးက ထပ်မံလန့်သွားပြန်ပြီး
“ဟုန်ချန်ကျီက တကယ်ပဲ အပြင်မှာ ကိုယ်လုပ်တော်ရှိနေတာလား”
ယန်ရှု “…”
သနားစရာကောင်းလိုက်တဲ့ ဧကရီမယ်တော်ကြီး ကျစ်…
ပြီးနောက် ဖုဟိုင်မှာ ရွေးချယ်စရာမရှိတော့ဘဲ ထပ်မံခေါင်းညိတ်ပြလိုက်ရသည်။
“ဒါကဖင်းကျင်းဟုန်ရဲ့ အပေါင်းအသင်းတွေ ပြောပြတာတွေပါ။ အဲဒီအမျိုးသမီးက တကယ်ပဲ ဖင်းကျင်းဟုန်ရဲ့ ကိုယ်လုပ်တော်ပါတဲ့။ ပြီးတော့ သူမကို ပျိုးထောင်လာတာကလည်း ဆယ်နှစ်ကျော် ရှိနေပါပြီ”
ယနေ့မှာ အံ့အားသင့်စရာတွေ အများကြီးကြုံတွေ့လိုက်ရလို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒါကိုပြောလာချိန်မှာ ဧကရီမယ်တော်ကြီးက နောက်ဆုံးမှာတော့ သူမရဲ့ ခံစားချက်ကို မထိန်းနိုင်တော့ဘဲ ပြောလာသည်
“ဒီမကောင်းတဲ့အကောင်ကတော့”
ယန်ရှုက လျင်မြန်စွာပဲ လူအုပ်နောက်လိုက်ကာ သူမရဲ့ခေါင်းကို နှိမ့်ချလိုက်ပြီး မကြားဟန် ဆောင်လိုက်သည်။
ဧကရီမယ်တော်ကြီးက တည်ငြိမ်သွားတာကို သူမ မြင်လိုက်ရပြီး ဖုဟိုင်ကို မေးလာသည်။
“နောက်တော့ရော အခုမောင်မင်းပြောတဲ့ မိန်းကလေးနဲ့ ဘယ်လိုသက်ဆိုင်နေတာလဲ”
ဖုဟိုင်က လျင်မြန်စွာ ထပ်ပြောလိုက်သည်။
“စစ်သူကြီးရဲ့ဒဏ်ရာအရဆို အတော်လေးကို ပြင်းထန်ပါတယ်။ ကျင်းယီဝေ့က ဖင်းကျင်းမြို့စား နောက်မိန်းမနဲ့ ကျန်တဲ့အစေခံတွေအားလုံးကို စစ်ကြော မေးမြန်းပြီးပါပြီ။ နောက်မိန်းမရဲ့အစေခံက တကယ်ကြီး ဝန်ခံလာမယ်လို့ ဘယ်သူသိမှာလဲ။ အခုဟုန်မိသားစုက မိန်းကလေးက သခင်မကြီးဟုန်ရဲ့ ကိုယ်ပိုင်သွေးသား မဟုတ်ပါဘူး။ ဖြစ်တာကတော့ ဖင်းကျင်းမြို့စားက နောက်မိန်းမရဲ့သမီးနဲ့ သူ့ရဲ့သမီးအရင်းကို လဲလှယ်လိုက်ပြီး သူ့သမီးအရင်းကိုတော့ မျိုးရိုးနာမည်ဖုန်လို့ခေါ်တဲ့ လယ်သမားတစ်ယောက်ဆီကို ပေးလိုက်တာပါ”
“….”
ဧကရီမယ်တော်ကြီးက စကားပြောဖို့တောင် အရမ်းကို အံ့အားသင့်သွားရသည်။
ဖုဟိုင်က ထပ်ပြောလာသည်။
“ကိစ္စက အရမ်းကို အရေးကြီးတဲ့အတွက် အရှင်မင်းကြီးက ချက်ချင်းပဲ မျိုးရိုးနာမည်ဖုန်နဲ့ လယ်သမားရဲ့အိမ်ကို သဲလွန်စရှာဖို့ လူတွေကို ချက်ချင်းပဲ လွှတ်လိုက်ပါတယ်။ ပြီးတော့ ရှာတွေ့ခဲ့တာက တစ်ဖက်လူက တကယ်ပဲ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က သမီးတစ်ယောက်ကို မွေးစားခဲ့တယ်ဆိုတာပါပဲ ဖြစ်နိုင်တာက သခင်မကြီးဟုန်ရဲ့သွေးသားအရင်း ဖြစ်လောက်ပါတယ်”
“…”
132 02
ဧကရီမယ်တော်ကြီးက ထိတ်လန့်အံ့အားသင့်သွားကာ ပဟေဠိဖြစ်သွားသည်။
—ဒါဆို အခုလေးတင် နားထောင်ခဲ့တဲ့ ပုံပြင်စာအုပ်က ငါ့ရဲ့ဝမ်းကွဲအကြောင်းလား။
ဒါ ဒါ ဒါက ငါနဲ့အရင်းနှီးဆုံးသူလေ….။
ဧကရီမယ်တော်ကြီးက တစ်ခဏလောက် ငေးငိုင်သွားပြီး ထို့နောက် လျင်မြန်စွာ မေးလိုက်သည်။
“ဒါဆိုရင် အခုရော အခြေအနေက ဘယ်လိုလဲ”
ဖုဟိုင်က လျင်မြန်စွာ ပြန်ဖြေလိုက်သည်။
“အခု ကျင်းယီဝေ့က ဒီမိန်းကလေးကို သခင်မကြီးဟုန်နဲ့ တွေ့ဆုံဖို့ စစ်သူကြီးတင်းယွမ်ရဲ့အိမ်ကို ခေါ်သွားပါတယ်။ ဒါပေမဲ့ စစ်သူကြီးက ထိခိုက်ထားတော့ အခုချိန်မှာ စံအိမ်က ပရမ်းပတာဖြစ်နေပါတယ်။ အရှင်မင်းကြီးက စစ်သူကြီးယွီရဲ့ ပြန်လည်ထူထောင်နိုင်စွမ်းကို ထိခိုက်မှာ စိုးတဲ့အတွက် ဒီအစေခံက မယ်တော်ကြီးရဲ့ဆန္ဒကို လာရောက် မေးမြန်းတာပါ။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရပါမလဲ”
ဧကရီမယ်တော်ကြီးက နားလည်ပြီးသား ဖြစ်သည့်အတွက် လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ယွီမိသားစုမှာ နေမကောင်းတဲ့သူ ရှိနေသေးတာလေ။ အဲဒါဆိုရင် ကိစ္စတွေကို ပိုပြီးပရမ်းပတာ ဖြစ်မသွားစေဘူးလား။ သခင်မကြီးဟုန်ကို ပြောလိုက် အိုက်ကျားရဲ့အဆောင်ကို လာခဲ့ပြီး အိုက်ကျားက ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ကြည့်မယ်လို့”
ယန်ရှု “…”
ဧကရီမယ်တော်ကြီးက အိပ်ချင်နေတဲ့မျက်နှာနဲ့ ညောင်စောင်းပေါ်မှာ မှီနေတုန်း မဟုတ်ဘူးလား။
အခုအလုပ်များသွားပြီလား။
ဖုဟိုင်သည်လည်း စိုးရိမ်ပူပန်နေဟန်ပြကာ
“ဒါပေမဲ့ မယ်တော်ကြီးရဲ့ဖီးနစ်ခန္ဓာကိုယ်က…..”
သို့သော် ဧကရီမယ်တောိကြီးက သူမရဲ့လက်ကို ခါလိုက်ကာ ပြောလိုက်သည်
“အဆင်ပြေပါတယ်။ အရေးကြီးနေတုန်းပဲ သခင်မကြီးဟုန်ကို လာခိုင်းလိုက်”
ထိုအခါမှသာ ဖုဟိုင်က ကောင်းပါပြီဟုပြောကာ တစ်ယောက်ယောက်ကိုခေါ်ဖို့ ထွက်သွားတော့သည်။
သို့သော် ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားတော့သည်။
ကျစ် ကျစ် ဒီရက်တွေမှာ ဧကရီမယ်တော်ကြီးကို ခစားရတာက အချည်းနှီးတော့ ဖြစ်မသွားဘူးဘဲ။ လိုက်ဖ်စားရတဲ့ဖရဲသီးတွေကို ဘော့စ်နဲ့တောင် စားနိုင်သေးတယ်။
သိပ်မကြာခင်မှာပဲ သခင်မကြီးဟုန်က နန်းတော်ထဲကို ရောက်လာတော့သည်။
သို့သော် ဒီအချိန် သူမဘေးကလူက မျက်နှာလိုမျက်နှာလုပ်တတ်တဲ့ သမီးအတုမဟုတ်တော့ဘဲ သက်တူရွယ်တူ တခြားမိန်းကလေးတစ်ယောက်ဖြစ်သည်။
သခင်မကြီးဟုန်က သိသိသာသာကိုပဲ ပြင်းပြင်းထန်ထန် ငိုကြွေးထားကာ သူမရဲ့မျက်လုံးတွေက နီရဲပြီး ယောင်ကိုင်းနေပေသည်။ သူမရဲ့ ပုံမှန်ဆိုရှိတတ်တဲ့ သူရဲကောင်းစိတ်ဝိဥာဉ်ဟာလည်း လုံးဝကိုပျောက်ဆုံးနေပေသည်။ ဧကရီမယ်တော်ကြီးကို တွေ့သည့်အခါ သူမကချက်ချင်းပဲ ဒူးထောက်ချလိုက်ပြီး စိတ်ထိခိုက်နစ်နာတဲ့မျက်နှာနဲ့ ငိုကြွေးတော့သည်။
“မယ်တော်ကြီး… ကျေးဇူးပြုပြီး မယ်တော်ကြီးက ကျွန်တော်မျိုးမအတွက် အဆုံးအဖြတ် ပြုပေးတော်မူပါ…သူ သူ သူက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ နှလုံးသားမဲ့ရတာလဲ”
သူမစကား ပြောပြီးနောက် လိုက်ပါလာတဲ့ကောင်မလေးကို ဆွဲလိုက်ကာ ထပ်မံငိုကြွေးတော့သည်။
“အမေ့ရဲ့သနားစရာကောင်းတဲ့ကလေးလေး….”
ဧကရီမယ်တော်ကြီးကလည်း ဒေါသထွက်စွာ ပြောလာသည်။
“မြန်မြန်ထစမ်း မငိုနဲ့ဦး ဒီတစ်ကြိမ် အိုက်ကျား ကြားထားတာက ဟုန်ချန်ကျီကတကယ်ပဲ လူတွေအများကြီးကို လိမ်လည်လှည့်ဖြားရဲတယ်ပေါ့လေ”
စကားပြောပြီးသည့်အခါ သခင်မကြီးဟုန်ခေါ်လာတဲ့ သမီးဖြစ်သူကို လျင်မြန်စွာ ကြည့်လိုက်သည်။
မြင်လိုက်ရတာက သူမမှာလည်း ဝိုင်းစက်တဲ့မျက်နှာ ထူထဲတဲ့မျက်ခုံးနဲ့ မျင်လုံးခပ်ကြီးကြီးလေးရှိတယ် ဆိုတာပင်။ သခင်မကြီးဟုန်နဲ့ ၈၀ ၉၀ ရာခိုင်နှုန်းလောက် ဆင်တူပေသည်။
ဒါ ဒါ ဒါက ဘယ်နေရာမှ သံသယဝင်ရမှာလဲ။
ဧကရီမယ်တော်ကြီးက ထပ်ပြီးသက်ပြင်းချရုံပဲ တတ်နိုင်ကာ
“နငိတို့တွေအားလုံး မှားယွင်းခံခဲ့ကြရပြီ”
ဒါကိုကြားချိန်မှာ သခင်မကြီးဟုန်က ထပ်မံငိုကြွေးပြီး သူမရဲ့မျက်နှာက အားမန်အပြည့်နဲ့ ငိုကြွေးတာကနေ နှလုံးကွဲတော့မလိုပင်။
ပြီးတော့ သူမနဲ့အတူလာတဲ့ ကလေးမလေးက လျင်မြန်စွာပဲ သူမလက်မောင်းထဲထည့်ဖို့ လက်ကိုဆန့်လိုက်ကာ လက်ကိုင်ပုဝါတစ်ထည်နဲ့ မျက်ရည်တွေကို သုတ်ပေးလာပြီး သူမကို နှစ်သိမ့်ပေးလာသည်။
“….အမေ မငိုပါနဲ့တော့ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ”
ထိုစကားတွေ ပြောပြီးသည့်အခါ သခင်မဟုန်က လာရင်းကိစ္စကို ပြန်အမှတ်ရသွားပြီး လျင်မြန်စွာနဲ့ သူမရဲ့သမီးကို ပြောလိုက်သည်။
“ဟွေ့ယင်း မြန်မြန်လေးလာပြီးတော့ ဧကရီမယ်တော်ကြီးနဲ့ ကိုယ်လုပ်တော်ယီဖင်းကို ဂါရဝပြုလိုက်”
သူမစကားပြောပြီးနောက် ဧကရီမယ်တော်ကြီးနဲ့ယန်ရှုကို မိတ်ဆက်ပေးလာသည်
132 03
“ဒါက ကျွန်မရဲ့ကိုယ်ပိုင်သွေးသားပါ။ အခု သူမကို ဟွေ့ယင်းလို့ခေါ်ပါတယ်….”
သူမစကားပြောပြီးနောက် မထိန်းနိုင်ဘဲ မျက်ရည်တွေ ကျလာတော့သည်။
ဟွေ့ယင်းအမည်ရတဲ့ မိန်းကလေးက ယန်ရှုနဲ့ဧကရီမယ်တော်ကြီးကို လျင်မြန်စွာ ဂါရဝပြုလိုက်ကာ
“ဧကရီမယ်တော်ကြီးနဲ့ကိုယ်လုပ်တော်ယီဖင်းကို ဂါရဝပြုပါတယ်”
အနည်းငယ် သတိထားနေပေမဲ့ ကောင်းကောင်း ပြုမူနေတယ်ဆိုတာကို မြင်နိုင်ပေသည်။
ဧကရီမယ်တော်ကြီးက သူမ ထလာနိုင်ဖို့ တစ်စုံတစ်ယောက်ကို ကူညီခိုင်းလိုက်ကာ ပြောလိုက်သည်။
“ထတော့လေ လိမ္မာတယ်။ နှစ်တွေအများကြီး ခံစားခဲ့ရစေမိပြီ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။ မွေးစားမိဘတွေကရော ကောင်းကောင်းဆက်ဆံရဲ့လား”
သမီးအရင်းဖြသ်သူ ဟွေ့ယင်းက လျင်မြန်စွာ ပြောလိုက်သည်။
“ကျွန်မရဲ့မိဘတွေက….မွေးစားမိဘတွေက ကျွန်မကိုအရမ်းကို ချစ်ပါတယ်။ အများကြီး မခံစားခဲ့ရပါဘူး”
ထိုအချိန်မှာ လူတိုင်းရဲ့မျက်လုံးက ထိုမိန်းကလေးအပေါ်မှာပဲ ရှိနေပြီး သူမရဲ့ပင်ကိုယ်စရိုက်က ထိုအရာရှိမိသားစုတွေက မျိုးရိုးမြင့်အမျိုးသမီးတွေထက် အနည်းငယ်သာ နိမ့်ကျပေမဲ့ သူမရဲ့အသားအရေက ဖြူဖွေးကာ လက်တွေကလည်း မကြမ်းတမ်းဘူးဆိုတာကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမ သိပ်မခံစားခဲ့ရဖူးလို့ ပြောနိုင်ပေသည်။
သူမမှာ ဝတ်စားဆင်ယင်ဖို့ အချိန်မရခဲ့တာဖြစ်လောက်သည်။ သူမရဲ့ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေက သိပ်ပြီးမထင်ပေါ်ပေ။
သို့သော်လည်း မျက်လုံးထဲ ဒါကိုတွေ့လိုက်ရချိန်မှာ သခင်မကြီးဟုန်က ပိုပိုပြီး အဆင်မပြေဖြစ်လာကာ သူမရဲ့သမီးကို လက်မောင်းထဲထည့်ကာ ငိုကြွေးချင်တော့သည်။
သို့သော် သူမရဲ့သမီးအရင်းက စိုးရိမ်စွာနဲ့ ထပ်ပြီးပြောလာသည်။
“အမှန်ပဲ….ဒီမနက် တစ်ယောက်ယောက်က ရုတ်တရက်ကြီး သမီးအိမ်ကို ရောက်လာတယ်။ သမီးလည်း အဲ့အကြောင်းကို မသိဘူး။အခုလေးတင်ပဲ အဲဒီအရာရှိနဲ့လူကြီးလူကောင်းတွေက ဖုန်မိဘနှစ်ပါးကို အဝေးကို ခေါ်သွားကြတယ်။ သမီးလည်း ဘာလုပ်ရမယ်မှန်းမသိတော့ဘူး”
ယန်ရှုက လျင်မြန်စွာ နှစ်သိမ့်ပေးလိုက်သည်။
“အဲဒီအချိန်တုန်းက အခြေအနေကို နားလည်ဖို့ရင် ကျင်းယီဝေ့က မင်းရဲ့မိဘတွေကို ခေါ်သွားတာပါ။ သူတို့သာ ဘာမှမှားယွင်းတာမျိုး မလုပ်ဘူးဆိုရင် သူတို့တွေ မှားယွင်းမခံရပါဘူး။ ခဏလောက်ကြာပြီးရင် ပြန်ပို့မှာပါ မစိုးရိမ်ပါနဲ့”
ဟွေ့ယင်းက ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်
“အဲလိုဆို ကောင်းပါတယ် ကျေးဇူးတင်ပါတယ်။ အရှင်မ”
သူမက အနည်းငယ်ရှက်နေပေမဲ့လည်း သူမကသား သမီးဝတ္တရားကျေပွန်တဲ့ ကလေးတစ်ယောက် ဆိုတာကို ပြောနိုင်ပေသည်။ ပြီးတော့လည်း သူမရဲ့နာကြည်းချက်တွေကိုလည်း ဘယ်တော့မှ ငိုကြွေးခြင်း စောဒကတက်ခြင်း မပြုပေ။ အဲဒါကပဲ စိတ်အေးစေသလို တစ်ချိန်တည်းမှာပဲ စိတ်သောက ရောက်စေသည်။
သိရမည်မှာ ဒီကလေးကသာ သခင်မကြီးဟုန်ရဲ့ ချစ်ခြင်းမေတ္တာကို ခံသင့်တဲ့သူပဲ။
ဧကရီမယ်တော်ကြီးကလည်း သက်ပြင်းချပြီးရင်း ချနေကာ တစ်ချိန်တည်းမှာပဲ ဖင်းကျင်းမြို့စားဟုန်ချန်ကျီကို မကောင်းတဲ့အကောင်ဖြစ်သည့်အတွက် တိတ်တဆိတ် ဆဲဆိုနေပေသည်။ ပြီးတော့ သူမရဲ့ဝမ်းကွဲသခင်မကြီးဟုန်ကို မေးလိုက်သည်။
“စကားမစပ် အန်းပန်းရဲ့ခြေထောက်ကရော အခုဘယ်လိုနေလဲ။ အိုက်ကျားကြားတာတော့ သူက ဆိုးဆိုးရွားရွား ထိခိုက်သွားတယ်ဆို။ ဟုန်ချန်ကျီနဲ့ ပက်သက်နေသေးလား”
သခင်မကြီးဟုန်က သူမရဲ့မျက်ရည်တွေကို သုတ်လိုက်ကာ ရောင်ကိုင်းနေတဲ့ မျက်လုံးတွေနဲ့ ပြန်ဖြေလာသည်
“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ကျွန်မ မသိပါဘူး….”
ဆန့်ကျင်ဘက်အနေနဲ့ သူမအမှန်တရားကို သိပြီး သူမရဲ့ကိုယ်ပိုင်သွေးသားကို တွေ့သွားကတည်းက သူမက သူမရဲ့ကလေးကိုသာ ဂရုစိုက်ပြီး သတင်းတွေအားလုံးကို သူမကလေးရဲ့အနောက်မှာသာ ပို့ထားလိုက်တော့သည်။
ဧကရီမယ်တော်ကြီးကလည်း သူမရဲ့ခေါင်းကိုသာ ညိတ်လိုက်နိုင်တော့သည်။
မမျှော်လင့်ထားစွာနဲ့ ထိုအချိန်မှာပဲ ခန်းဆောင်အပြင်ဘက်ကနေ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“အရှင်မင်းကြီးက ကြွမြန်းလာပါပြီ….”
ယွီဝိန်းလန်က နန်းဆောင်ထဲကိုခြေချကာ လှမ်းဝင်လာတော့သည်။
လူတိုင်းက လျင်မြန်စွာပဲ အလေးပြုလိုက်ကြပြီး သခင်မကြီးဟုန်က သူ့ကိုမြင်သည့်အခါ မနေနိုင်ပဲ ထပ်မံငိုကြွေးတော့သည်။
ထိုမြင်ကွင်းကိုတွေ့သည့်အခါ ယွီဝိန်းလန်က ပြောလိုက်သည်။
“သခင်မကြီး မပူပါနဲ့။ ကိုယ်တော် ဒီကိစ္စကိုသေချာပေါက် စုံစမ်းပြီး တရားမျှတမှု ရှာပေးပါ့မယ်”
သခင်မကြီးဟုန်က ငိုကြွေးရင်း သူ့ကို ထပ်မံဒူးထောက် ဂါရဝပြုကာ ပြောလိုက်သည်။
“ကျေးဇူးကြီးလှပါတယ် အရှင်မင်းကြီး”
ဧကရီမယ်တော်ကြီးက လျင်မြန်စွာ မေးလိုက်သည်။
“အိုက်ကျားက အခုပဲ ဖုဟိုင်ဆီကနေ ကြားတယ်။ ဟုန်ချနိကျီက စစ်သူကြီးတင်းယွမ်ကို လုပ်ကြံတယ်ဆို။ ဘာတွေဖြစ်နေတာလဲ”
သို့သော် ယွီဝိန်းလန်က ပြောလာသည်။
132 04
“ဖင်းကျင်းမြို့စားကို ဒီကိုခေါ်လာဖို့ သားတော် တစ်ယောက်ယောက်ကို စေလွှတ်ပြီးပါပြီ။ သူ့ကို လူကိုယ်တိုင် မေးမြန်းတာက ပိုပြီးကောင်းပါလိမ့်မယ်”
သူက စကားပြောပြီးနောက် ခန်းမရဲ့အပြင်ဘက်ကို လက်ရမ်းပြလိုက်သည်။
တစ်ခဏအတွင်းမှာပဲ အစောင့်တစ်ယောက်ဟာ လူတစ်ယောက်ကို ခန်းဆောင်ထဲ တွန်းလာတာကို တွေ့လိုက်ရပြီး ထိုသူဟာ ဖင်းကျင်းမြို့စား ဟုန်ချန်ကျီမှလွဲ၍ တစ်ခြားသူမဟုတ်ပေ၊
သခင်မကြီးဟုန်ရဲ့မျက်လုံးတွေက ချက်ချင်းပဲ အမုန်းတရားတို့နှင့်ပြ ည့်နှက်သွားကာ စည်းမျဉ်းတွေကိုလည်း နောက်ထပ်ဂရုမစိုက်တော့ပေ။ သူမက သူ့ဆီ ပြေးလိုက်ပြီး သူ့ရဲ့ဝတ်ရုံစကိုဆွဲကာ သူ့ကို အော်ဟစ်တော့သည်၊
“မကောင်းတဲ့လူ ကျွန်မကို ဘာလို့ ဒီလိုလုပ်ရတာလဲ”
စကားပြောနေစဉ်မှာ သုန်းတရဲ့မျက်ရည်တွေက ဆက်တိုက်ကျဆင်းနေပြီး ထိုအရာက သူမနှလုံးသားထဲက မကျေနပ်ချက်တွေကို ဖော်ပြနေပေသည်။
သူမရဲ့သမီးဖြစ်သူ ဟွေ့ယင်းက လျင်မြန်စွာ ရှေ့တိုးကာ သူမကို ထောက်ပံ့ပေးလာပြီး သခင်မဟုန်က သူမသမီးကို ဆွဲလိုက်ကာ ဟုန်ချန်ကျီကို မေးလိုက်သည်
“ဒါကရှင့်ရဲ့ကိုယ်ပိုင်သွေးသား မဟုတ်ဘူးလား။ သူမကို ဘယ်လိုလုပ်ပြီး ဒီလိုဆက်ဆံနိုင်ရတာလဲ။ ရှင်… ရက်စက် ကောက်ကျစ်တဲ့လူ”
ခန်းမထဲကလူတိုင်းက တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြသည်။
သို့သော် ဟုန်ချန်ကျီက ပလွတ်ခနဲ့ ဒူးထောက်လိုက်ကာ သခင်မကြီးဟုန်ကို စတင်ပြီး စိတ်ကျေနပ်အောင် ဖြောင်းဖျတော့သည်၊ ဖြောင်းဖျနေရင်းလည်း ငိုကြွေးနေကာ
“ရှင်မ ကိုယ် တောင်းပန်ပါတယ်ကွာ၊ အဲ့အချိန်တုန်းက ကိုယ်က ရှုပ်ထွေးသွားခဲ့တာ….”
ထိုမှတ်ချက် ထွက်လာသည်နှင့် သခင်မကြီးဟုန်ပင် ဘာမှမပြောနိုင်ခင်မှာပဲ ဧကရီမယ်တော်ကြီးက အေးစက်စွာ နှာမှုတ်လိုက်ကာ
“တစ်ခဏလောက် ရှုပ်ထွေးသွားတယ် ဟုတ်လား။ တစ်ခဏလောက် ရှုပ်ထွေးသွားတယ်ဆိုရင်တောင် ဒီလောက်နှစ်တွေ အများကြီးကြာတဲ့အထိ ဘာလို့လက်ဦးမှုယူပြီး အမှန်တရားကို ဖွင့်မပြောရတာလဲ”
ဟုန်ချန်ကျီက လျင်မြန်စွာနဲ့ ပြောလိုက်သည်။
“ပြစ်မှုအတွက် ခွင့်လွှတ်ပေးပါ။ ဧကရီမယ်တော်ကြီး ဒီမှုးမတ်ဖြစ်သူက မပြောချင်လို့ မဟုတ်ရပါဘူး။ အမှားကြီးတစ်ခုက လုပ်ပြီးသွားပြီဆိုတော့ အမှန်တရားကို ပြောလိုက်တာနဲ့ သခင်မစိတ်တိုမှာစိုးလို့ပါ။ အဲဒါအပြင်ကို ဒီကိစ္စကလည်း အရမ်းကို အရေးကြီးတော့ ထပ်ခါ ထပ်ခါ နှောင့်နှေးကြန့်ကြာသွားရတာပါ…..”
“အဓိပ္ပာယ်မရှိတာတွေ”
အဟွတ် အဟွတ်… ဧကရီမယ်တော်ကြီးက မူလမှာ အရူးချီးပန်း လျှောက်ပြောသည့်အတွက် ဆူပူချင်ခဲ့တာပင်။
သို့သော်လည်း ဧကရာဇ်ရဲ့အရှေ့မှာ ပုံရိပ်ကို ထိန်းသိမ်းရဦးမည်ဖြစ်သည့်အတွက် သူမက သည်းခံပြီးရင်း သည်းခံလိုက်ကာ ထို့နောက် စကားလုံးပြောင်းလိုက်ပြီး ဒေါသထွက်စွာနဲ့ ထပ်ပြောလိုက်သည်။
“ကိုယ်ပိုင်သွေးသားက အပြင်ဘက်မှာ ထားရစ်ခံရတာထက် ဘယ်အရာကပိုပြီး အရေးကြီးနေရတာလဲ။ ဘယ်လောက်တောင် အန္တရာယ်များလိုက်မလဲဆိုတာ တွေးတောင် တွေးမကြည့်ရဲဘူး။အသိစိတ်တွေကို ခွေးစားသွားလို့လား”
သူမပြောလေလေ သူမဒေါသထွက်လေလေဖြစ်ပြီး ဧကရီမယ်တော်ကြီးက ခပ်ပြတ်ပြတ် ပြောလိုက်သည်၊
“ဖုဟိုင် သူ့ပါးစပ်ကို ရိုက်လိုက်စမ်း”
မမျှော်လင့်ထားစွာနဲ့ နာမည်တပ်ခံလိုက်ရတဲ့ အထိန်းတော်ဖုက အရင်ဆုံး တစ်ခဏလောက် တွန့်ဆုတ်သွားပြီး ဘုရင်မင်းမြတ်ကို လျင်မြန်စွာ ကြည့်လိုက်သည်။ သို့သော် ဘုရင်မင်းမြတ်မှာ ငြင်းဆန်ဖို့ ရည်ရွယ်ချက် မရှိတာကို တွေ့လိုက်ရသည့်အတွက် သူက လျင်မြန်စွာတုံ့ပြန်လိုက်ကာ ဟုန်ချန်ကျီဆီကို ဝတ်ရုံလက်ကို မြှောက်ရင်း လျှောက်သွားလိုက်ပြီး လက်မောင်းကိုမြှောက်ကာ သူ့ကိုနှစ်ကြိမ်တိတိ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ကျစ် သူက ဒီလူကို ရိုက်ချင်နေခဲ့တာ ကြာပြီဖြစ်ပြီး ဒီလိုစက်ဆုပ်ဖွယ်ကောင်းတဲ့လူမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။
ခန်းမထဲတွင် ကြွပ်ဆတ်တဲ့ ပါးရိုက်သံနှစ်ချက် ထွက်လာပြီး ယန်ရှုသည်လည်း ဖုဟိုင်အစား ရိုက်ဖို့မစောင့်နိုင်တော့ပေ။ သူမသည်လည်း နှလုံးသားထဲမှာ ပျော်ရွှင်တယ်လို့ ခံစားရပြီး ဒီခွေးလိုကောင်ကို နောက်ထပ် ဆယ်ချက်လောက် ထပ်ရိုက်မည်ဆိုလျှင်တောင် မများလွန်းပေ။
132 05
ထို့နောက် ချက်ချင်းပဲ ဟုန်ချန်ကျီရဲ့မျက်နှာက နီရဲရောင်ကိုင်းလာပေမဲ့ သူက လုံးဝကိုအတွန့်မတက်ရဲပေ။ သူ့မျက်နှာကိုကာကာ ဒူးထောက်ထားရင်းပြောရုံသာ တတ်နိုင်ပေသည်။
“ကျွန်တော်မျိုးမှာ အပြစ်ရှိပါတယ်။ ကျွန်တော်မျိုးမှာ အပြစ်ရှိပါတယ်….”
ဧကရီမယ်တော်ကြီးက ဒေါသထွက်နေဆဲဖြစ်ပြီး ပြောလိုက်သည်။
“ဘာပြစ်မှု လုပ်ထားသလဲဆိုတာကို သိလား။ ဒီအမေနဲ့ သမီးဖြစ်သူကို ဘယ်လောက်တောင် နှောင့်နှေးစေခဲ့သလဲဆိုတာကို သိရဲ့လား။ စစ်သူကြီးတင်းယွမ်ကိုရော မြင်းပေါ်က ပြုတ်ကျအောင် ဘယ်လိုလုပ်ရဲရတာလဲ။ ဘာတွေကို စိုးရိမ်နေတာလဲ”
သူမက ထိုစကားတွေကို ရေရွတ်လိုက်သည်နှင့် ဘေးဘက်မှာရပ်နေသည့် ဘုရင်မင်းမြတ်က
“စစ်သူကြီးတင်းယွမ်ရဲ့ မြင်းစီးကျွမ်းကျင်မှုအတတ်ကြောင့်သာ မဟုတ်ဘူးဆိုရင် သူ မြင်းပေါ်ကနေ ပြုတ်ကျသွားမှာကိုပဲ စိုးမိတယ်။ မောင်မင်းက တိုင်းပြည်ရဲ့စစ်သူကြီးကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံတာပဲ။ ဖြစ်နိုင်တာက တိုင်းပြည်ကို ကြီးမားတဲ့ကပ်ဘေး သယ်ဆောင်လာဖို့ တစ်ယောက်ယောက်နဲ့ ပူးပေါင်းပြီး လိမ်လည်လှည့်ဖြားနေတာများလား”
ဟုန်ချန်ကျီက တွန့်ဆုတ်သွားပြီး လျင်မြန်စွာ ဒူးထောက်ချကာ ငိုကြွေးလာတော့သည်။
“ကျေးဇူးပြုပြီးချမ်းသာပေးပါ။ အရှင်မင်းကြီး ကျွန်တော်မျိုး တစ်ခဏလောက် ရှုပ်ထွေးသွားတာပါ။ မောင်းမဆောင်ထဲက ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုကို ကြားလိုက်ရတော့ ဧကရီနေရာအတွက် ဘယ်လောက်မှ မကျန်တော့ဘူးဆိုတာနဲ့ နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးကိုခစားဖို့ အဲဒီကလေးမလေးကို တောင်းဆိုချင်တာပါ။ အဲ့ဒီနောက် သခင်မက မနေ့က နန်းတော်ထဲဝင်တုန်း ဧကရီမယ်တော်ကြီးဆီ လည်ပတ်ခဲ့ပြီး ပြန်ဖို့အလျင်လိုနေခဲ့တယ်။ အဲဒါနဲ့ ရွေးချယ်စရာမရှိတော့ပဲ ဒီနည်းလမ်းကို သုံးလိုက်ရတယ်။ သူတို့ကို မြို့တော်မှာ ရက်အနည်းငယ်လောက် ထပ်နေစေချင်ရုံပါပဲ။ အရှင်မင်းကြီး ကျွန်တော်မျိုးမှာ တကယ်ပဲ လောကကြီးကို အန္တရာယ်ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်မျိုး မရှိပါဘူး….”
ထိုစကားတွေ ထွက်လာသည့်အခါ ဧကရီမယ်တော်ကြီးက နောက်ဆုံးမှာတော့ နားလည်သွားပြီး ဒေါသထွက်စွာ ထပ်ပြောလိုက်သည်။
“အပြင်က ဇနီးရဲ့သမီးမှန်း သိနေတာကို မောင်းမဆောင်ထဲ ဘယ်လိုတောင် ထည့်သွင်းရဲတာလဲ။ လူတွေရဲ့နှလုံးသားထဲက အမုန်းတရားကို စွန့်လွှတ်ဖို့က ခက်ခဲတာပဲ!”
သူမ စကားပြောပြီးနောက် ဖုဟိုင်ကို အမိန့်ပေးလိုက်သည်။
“သူ့ကို နှစ်ကြိမ်ထပ်ပြီး ပါးရိုက်လိုက်”
******