အခန်း (၁၃၃-၁၃၅)
Vol. 9 Ch. 133-135
133 01
အပိုင်း 133
ဖုဟိုင်က နာခံလိုက်ကာ လျင်မြန်စွာပဲ ရှေ့ကိုထပ်တိုးလိုက်ပြီး သူ့ရဲ့တုတ်ခိုင်တဲ့ လက်မောင်းကို လွှဲရမ်းလိုက်ကာ ထိုလူ့ရဲ့မျက်နှာကို ပြင်းပြင်းထန်ထန် လွှဲရိုက်လိုက်တော့သည်။
ကျစ် လက်ပဲနာတယ်။
သို့သော် သူ့နှလုံးသားကတော့ ပျော်ရွှင်နေပေသည်။
ထို့နောက် ဟုန်ချန်ကျီကို ကြည့်လိုက်ချိန်မှာတော့ သူ့ပါးစပ်ထောင့်ကနေ သွေးတွေ စီးကျနေပြီဖြစ်သည်
သို့သော်လည်း ထိုကဲ့သို့ ဖြစ်နေတဲ့သူ့ကို ဘယ်သူကမှ မစာနာသလို ဧကရီမယ်တော်ကြီးကလည်း ဒေါသအပြည့်နဲ့ ဖြစ်နေဆဲပင် ဖြစ်သည်။
ဒီခွေးဆန်တဲ့လူက ဘာလိုလုပ်ပြီး ဒီလိုဆိုးယုတ်တဲ့အလုပ်တွေကို လုပ်နိုင်ရတာလဲ။အပျော်ဇနီးလို သူစိမ်းတစ်ယောက်ရဲ့ကလေး ဖြစ်နေရင်တောင်မှ သူ့ရဲ့ပထမဇနီးကို ပျိုးထောင်ခိုင်းရဲတယ်။ ဒါက သူ့ရဲ့ဇနီးဖြစ်သူက ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာလား။
မမျှော်လင့်ထားစွာနဲ့ ထိုစကားတွေ ထွက်လာသည့်အခါ ဘုရင်မင်းမြတ်က ရုတ်တရက် ပြောလိုက်သည်။
“စကားမစပ် ကျင်းယီဝေ့က အခုလေးတင် ကိစ္စတစ်ခုကို သတင်းပို့လာတယ်။ ကိုယ်တော်တောင် မေ့တော့မလို့”
ထိုစကားတွေ ထွက်လာသည့်အခါ ခန်းမထဲကလူတိုင်းက ယွီဝိန်းလန်ကို ချက်ချင်းပဲ ကြည့်လိုက်ကြသည်။ ဧကရီမယ်တော်ကြီးကလည်း လျင်မြန်စွာ မေးလိုက်သည်။
“ဘာဖြစ်တာလဲ”
ယွီဝိန်းလန်က ချောင်းဟန့်လိုက်ကာ ဟုန်ချန်ကျီကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“အပြင်က သူ့ရဲ့ကိုယ်လုပ်တော် ပြောပုံအရဆို အဲဒီကလေးက သူ့ကလေး မဟုတ်လောက်ဘူး”
ဘာ။
ထိုစကားတွေ ထွက်လာသည့်အခါ ခန်းမတစ်ခုလုံး ကြက်သေ သေသွားတော့သည်။
အရင်ဆုံး အသိဝင်လာသူက ဟုန်ချန်ကျီဖြစ်ပြီး လျင်မြန်စွာ မေးလိုက်သည်။
“အရှင်မင်းကြီးက ဘာကိုပြောတာပါလဲ”
ယွီဝိန်းလန်က သူ့ကိုအေးစက်စက်အသံနဲ့ ပြောလိုက်သည်။
“အခုလေးတင် အပြင်က မောင်မင်းရဲ့ကိုယ်လုပ်တော်ရဲ့အစေခံတွေက ရှင်းပြလာတယ်။ ဒီနှစ်တွေထဲ မောင်မင်းရဲ့နောက်ကွယ်မှာ သူမက ယောက်ျားတွေ အများကြီးနဲ့ အတူရှိခဲ့တယ်။ အဲဒီတုန်းက သူမနဲ့နီးစပ်ခဲ့တဲ့ ကုန်သည်တစ်ယောက် ရှိတယ်။ အဲဒီအချိန်တုန်းက သူမက မောင်မင်းနဲ့ထက် သူနဲ့အတူ ကုန်ဆုံးတဲ့အချိန်က ပိုများတယ်။ အဲတော့ ဒီကလေးက အဲဒီကုန်သည်နဲ့ သက်ဆိုင်ဖို့က ပိုများတယ်”
ထိုစကားတွေ ထွက်လာသည့်အခါ ဟုန်ချန်ကျီရဲ့ မျက်လုံးတွေက မိုးကြိုး ထိမှန်သွားသကဲ့သို့ ပြူးကျယ်သွားတော့သည်။
ယန်ရှုသည်လည်း တိတ်တဆိတ် ညည်းညူလိုက်ပြီး စစ်စတန်ကို လျင်မြန်စွာ ခေါ်လိုက်သည်။
[ဒီလိုကိစ္စမျိုးက ဘယ်လိုလုပ်ပြီး ဖြစ်လာရတာလဲ။နင့်ရဲ့အချက်အလက်တွေ အကုန်လုံးက မှားများ နေတာလား]
သို့သော် စစ်စတန်က ဖြည်းညှင်းစွာ ပြောလာသည်။
[ပန်တုန်းက ဒီကလေးကို အဲဒီဆန်ကုန်မြေလေးကောင်ရဲ့ ကလေးလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး။ ပြောခဲ့တာက သခင်မကြီးဟုန်က သမီးတစ်ယောက်မွေးပြီး ကိုယ်လုပ်တော်ကလည်း သမီးတစ်ယောက်မွေးတယ် ဆိုတာပဲ]
ယန်ရှု “….”
ကောင်းပြီလေ။ မင်းသာသေချာဂရုတစိုက်နဲ့ စဉ်းစားကြည့်မယ်ဆိုရင် စစ်စတန်က ဒါဟာ ဟုန်ချန်ကျီရဲ့သွေးသား ဖြစ်တယ်လို့ မပြောခဲ့ဖူးသလိုပင်….။
သူမက အံ့အားသင့်မှုအပြည့်ဖြစ်နေတဲ့ မျက်နှာနဲ့ မေးလိုက်ပြန်သည်။
[အဲလိုပြောမှ သမီးအတုက ဟုန်မိသားစုနဲ့ ဘာသွေးသားတော်စပ်မှုမှ မရှိဘူးပေါ့]
စစ်စတန် [အဲလို ပြောလို့ရတယ်]
ယန်ရှုက ထပ်မံပြီး မလှဲချဘဲ မနေနိုင်ပေ။
[ဒါဆို ဒီကိုယ်လုပ်တော်က အရမ်းကို သတ္တိရှိလွန်းတယ် သူမက ဒါကိုတောင် ဘယ်လိုလုပ်ရဲရတာလဲ]
စစ်စတန် [ဒီကိုယ်လုပ်တော်က အတော်လေးတော့ ထက်မြက်တယ်။ ငြိမ်းချမ်းနေတဲ့အချိန်မှာ အန္တရာယ်အတွက် ဘယ်လိုပြင်ဆင်ရမလဲ သိတယ်။ သူမက လူတွေကို အကြာကြီး မခစားနိုင်ဘူးဆိုတာကို သိတယ်လေ။ အနာဂတ်မှာ သူ့ရဲ့နောက်မီးလင်းတဲ့ကိစ္စသာ ပေါ်သွားမယ်ဆိုရင်—ဘာပဲဖြစ်ဖြစ် ဘာတွေ ဘယ်လိုပဲဖြစ်နေပါစေ။ သမီးဖြစ်သူကလည်း တရားဝင်ဇနီးဖြစ်သူက ပျိုးထောင်ပေးနေပြီ။ ဒီဆန်ကုန်မြေးလေးကောင်သာ သူ့ကလေး မဟုတ်ဘူးဆိုတာကို ရှာတွေ့သွားရင်တောင် သူက ဘာမှပြောရဲမှာ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူမရဲ့သမီးအရင်းက ကောင်းကောင်းမွန်မွန် အဆုံးသတ်ရမှာပဲ]
ယန်ရှု “….”
ဘယ်လိုနွားမျိုးလဲဟ။
ဒီလှိုင်းလေတွေထဲမှာ အကြီးဆုံး အောင်နိုင်သူကတော့ အဲဒီအမည်မသိတဲ့ ကုန်သည်ပဲ။ မသိလိုက် မသိဘာသာနဲ့ သူ့ရဲ့ကိုယ်ပိုင်သွေးသားက ဟုန်မိသားစုရဲ့ ပျိုးထောင်ခြင်းကို ဆယ်နှစ်ကျော်လောက် ခံလာရတယ်လေ။
133 02
အဲဒါကြောင့် ဒီကိုယ်လုပ်တော်ရဲ့အချစ်စစ်က ဒီကုန်သည်ပဲ ဖြစ်ရမယ်။
သူမက သူမရဲ့ရှေ့က ထိုဆန်ကုန်မြေလေးကောင်ကို ကြည့်ပြီး မနေနိုင်ဘဲ လျှာတောက်လိုက်မိသည်။
——သေချာပေါက်ပဲ စိမ်းနေတဲ့သူတွေက အမြဲတမ်းစိမ်းနေမှာပဲ။ ဒီလူက နှစ်ပေါင်းများစွာကြာအောင် အလုပ်ရှုပ်နေခဲ့တာ။ အခုကျ ဒီလိုပြစ်မှုမျိုးနဲ့ ရင်ဆိုင်နေရဆဲပဲ ဆိုတော့ သူနဲ့ ဘာမှမဆိုင်ဘူးပေါ့လေ။
သူက ယိုင်လဲကျတော့မှာလား။
တခြားသူတွေသည်လည်း ထိုကဲ့သို့ တွေးနေကြပြီး မိုးကြိုး ပစ်ချခံလိုက်ရသလို ဖြစ်နေတဲ့ ဟုန်ချန်ကျီကို ထေ့ငေါ့ပြီး ကြည့်လိုက်ကြသည်။
ဘုရင်ကသာ တိတ်တဆိတ်နဲ့ ပြောနေပေသည်။
“စိမ်းနေတဲ့သူတွေ လူတွေက အမြဲစိမ်းနေမှာပဲ”
(တရုတ်မှာ ဖောက်ပြန်ခံရရင် ဦးထုပ်စိမ်းဆောင်းခံရတယ်လို့ပြောပါတယ်)
မန်စီးယပ်ရဲ့ကျော်ကြားတဲ့အဆိုက ဒီလိုပြောင်းလဲခံလိုက်ရပြီလား။
သို့သော် ထို့နောက်မှာပဲ ဟုန်ချန်ကျီကို ကြည့်လိုက်သည့်အချိန်မှာတော့ မြေကြီးပေါ်ကို သူ့ခေါင်းအား စတင်ပြီး ဘန်းခနဲမြည်အောင် တိုက်လိုက်ပြီး ဆွဲဆွဲငင်ငင်နဲ့ မြည်တမ်းလာသည်။
“ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်ရတာလဲ။ ဘယ်လိုလုပိပြီး ဒီလိုဖြစ်ရတာလဲ။သူမက ငါ့ကို ဘယ်လိုလုပ်ပြီး ဒီလိုဆက်ဆံရတာလဲ။ ဘုရားရေ”
ဒါဟာ လူတိုင်းကို ထိတ်လန့်သွားစေပြီး ယွီဝိန်းလန်က ခန်းမအပြင်ဘက်ကို အမိန့်ပေးလိုက်သည်။
“ဒီကိုလာခဲ့ သူ့ကိုဆွဲထုတ်ပြီး ကောင်းကင်အကျဉ်းထောင်ကို ပို့လိုက်။ ဒီလူက ဘုရင်ကို လိမ်လည်လှည့်ဖြားပြီး စစ်သူကြီးကို လုပ်ကြံတယ်။ တာ့လီပြစ်မှုရေးရာ နန်းဆောင်ကို အချက်အလက်တွေ ရှာဖွေဖို့ ကြားဝင်ခိုင်းလိုက် ပြီးတာနဲ့ ဒီအမှုကို ကိုင်တွယ်စေ”
အစောင့်တစ်ယောက်က ချက်ချင်းပဲ တုန့်ပြန်လိုက်ပြီး ခန်းမထဲကို ဝင်လိုက်ကာ ဟုန်ချန်ကျီကို အဝေးသို့ ဆွဲထုတ်သွားတော့သည်။
ဧကရီမယ်တော်ကြီးက ထပ်မံသတိပေးလိုက်သည်။
“အဲဒီအမျိုးသမီးကိုလည်း အလွတ်ပေးလို့ မရဘူး။ဖင်းကျင်းမြို့စားနဲ့ လူတွေ အများကြီးကို ဝမ်းပန်းတသာနဲ့ လက်တစ်ဖက်တည်း ဘယ်လိုတောင် လှည့်စားရဲရတာလဲ။ ဘယ်လိုတောင် ဟာသဆန်တာတုန်း”
ယွီဝိန်းလန်လည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“သူတို့ကို ထောင်ထဲခေါ်သွားလိုက်။ ပြီးတာနဲ့ တင်းကြပ်စွာစစ်ဆေးမယ်”
ထိုစကားတွေထွက်လာသည့်အခါ ခန်းမထဲကလူတိုင်းက တစ်ယောက်ပြီး တစ်ယောက် တုံပြန်လိုက်ပြီး သူတို့တွေရဲ့ အလိုလိုသိစိတ်တွေကတော့ အရမ်းကို ကျေနပ်နေပေသည်။
သခင်မကြီးဟုန်က ထပ်မံငိုကြွေးလာပြီး ထိုအမေနဲ့သားကို ထပ်မံဂါရဝပြုလိုက်သည်။
“ကျွန်တော်မျိုးမအတွက် တရားမျှတမှု ရှာပေးလို့ ကျေးဇူးကြီးလှပါတယ်။ အရှင်မင်းကြီး ကျေးဇူးကြီးလှပါတယ်။ ဧကရီမယ်တော်ကြီး”
ဧကရီမယ်တော်ကြီးရော ယွီဝိန်းလန်ကပါ ခေါင်းညိတ်ပြလိုက်ပြီး သူမက သူမရဲ့သမီးဟွေ့ယင်းကို ဖက်ကာ ငိုကြွေးနေတာကို တွေ့လိုက်ရသည်
“အမေက မင်းအတွက် စိတ်မကောင်းအဖြစ်ဆုံးပဲ”
ဟွေ့ယင်းသည်လည်း မျက်ရည်ကျနေကာ သူမအမေရဲ့မျက်ရည်တွေကို သုတ်ပေးနေရင်း ပြောလိုက်သည်။
“အမေ မငိုပါနဲ့ တရားခံက အမေမဟုတ်ပါဘူး။ အမေလည်း အများကြီးခံစားခဲ့ရပြီ အနာဂတ်ကျရင်တော့ သမီးတို့ ပိုပြီးကောင်းမွန်လာမှာပါ”
လူတိုင်းရဲ့မျက်လုံးနဲ့ တွေ့လိုက်ကြပြီး တိတ်တဆိတ်ပဲ သူတို့ရဲ့နှလုံးသားထဲမှာ ခေါင်းညိတ်လိုက်ကြသည်။ဒီကလေးဟာ လယ်တောထဲမှာပဲ နှစ်ပေါင်းများစွာကြာအောင် ပျိုးထောင်ခံခဲ့ရပေမဲ့ သူမက ကျိုးကြောင်းဆီလျော်နေဆဲပင်။
လယ်သမားစုံတွဲက အရမ်းကိုကောင်းမွန်တဲ့ လူတွေဆိုတာကို ပြောနိုင်ပေသည်။
ထိုအချိန်မှာပဲ ဧကရီမယ်တော်ကြီးက ထပ်မေးလိုက်သည်
“ဒါဆိုရင် အဲဒီကလေးကို ဘယ်လိုလုပ်ကြမလဲ”
133 03
လူတိုင်းက တစ်ခဏခန့် တွန့်ဆုတ်သွားပြီး -အမှန်ပဲ အဲဒီသခင်မလေးဟုန်အတုကို ဘယ်လိုလုပ်ကြမလဲ။
သူမကို ဟုန်မိသားစုနဲ့ သွေးသားတော်စပ်နေတုန်းလို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ အခုကြည့်မှ ဟုန်မိသားစုနဲ့ လုံးဝကို ဘာသွေးသားတော်စပ်မှုမှ မရှိတဲ့ပုံပဲ။
သခင်မကြီးဟုန်က ရပ်တန့်သွားပြီး ထပ်မံငိုကြွေးလာတော့သည်။
“ဒီနေ့အမှန်တရားကို သိလိုက်ကတည်းက ကျွန်မက ဟွေ့ယင်းကိုပဲ ဖက်ပြီးငိုနေမိတာ။ ဒါပေမဲ့ ယင်းရှကို တစ်ခဏလောက် မတွေးမိဘူး ဖြစ်သွားတယ်။ ဒါကလည်းကျွန်မကိုယ်တိုင် ပျိုးထောင်ခဲ့ရတဲ့ကလေးပဲ”
လူတိုင်းကလည်း မှားယွင်းတယ်လို့ တွေးလိုက်မိပြီး သူမကတော့ ထိုကလေးမလေးက မှန်သည်ဟုထင်သည်။ အဆုံးမှာတော့ သူမက အပြင်က ကိုယ်လုပ်တော်နဲ့ သွေးထွက်သံယို ဆက်ဆံရေးရှိနေပြီး အနာဂတ်မှာသာ သူမနဲ့နေမယ်ဆိုရင် သူမကိုတွေ့တိုင်း အဲဒီအပြင်ဘက်က နောက်မိန်းမကို တွေးနေမိမှာ မဟုတ်ဘူးလား။
ဒါပေမဲ့ သူမကို မှားတယ်လို့ပြောရင်ရော ဒါပေမဲ့လည်း သူမက သူမမွေးလာပြီး ရက်အနည်းငယ်အတွင်းမှာပဲ သခင်မကြီးဟုန်ရဲ့ဘေးကို ခေါ်ဆောင်ခြင်း ခံလာရတာလေ ။ဘယ်လို နို့စို့ရမလဲဆိုတာကိုပဲ သိတဲ့ ကလေးသေးသေးလေးက သူမဘာသာ ဘယ်လိုလုပ်ပြီး ရွေးချယ်နိုင်မှာတဲ့လဲ။
ပိုပြီးသနားစရာကောင်းသည်က အခုသူမရဲ့အမေက ထောင်ထဲမှာရှိနေပြီး သူမအဖေကလည်း သူမဘယ်နေရာမှာ ရှိနေလဲဆိုတာကို မသိပေ…..။
သူ့ကို ပို့ချင်လျှင်တောင်မှ ဘယ်ကိုပို့ရမလဲ မသိပေ။
ပြီးတော့ က သခင်မကြီးဟုန်ဖြစ်ပြီး လက်တစ်ဖက်တည်းနဲ့ပျိုးထောင်ခဲ့ရတာ ဖြစ်သည်။ ပြီးတော့ မနေ့ကအထိမတိုင်ခင်ကပင်သူမကို သူမရဲ့သမီးအရင်းလို ဆက်ဆံနေခဲ့တာဖြစ်ပြီး သူမကိုလမ်းပေါ်ကို တိုက်ရိုက်ကြီး နှင်ထုတ်လိုက်ဖို့ နှလုံးသားရှိမယ်တဲ့လား။
ကောင်းပြီလေ။ အဆုံးမှာတော့ အဲဒါက ဆန်ကုန်မြေလေးကောင်နဲ့ မိန်းမပျက်မပဲလေ။ လူတွေဘယ်လောက်တောင် ထိခိုက်ခဲ့ပြီးပြီလဲ။
လူတိုင်းက စိတ်ခံစားချက် အပြည့်နဲ့ သက်ပြင်းချလိုက်ပြီး လူတိုင်းက သခင်မကြီးဟုန်ဟာ သူမခေါင်းကိုခါရမ်းရင်း ခါးသီးစွာ ငိုကြွေးနေတာကို တွေ့လိုက်ရတော့သည်။ သူမ ဘယ်လောက်တောင် ခံစားနေရလဲဆိုတာကို မသိလောက်အောင်ထိ ဖြစ်နေတယ်ဆိုတာကို ပြသနေပေသည်
ထိုမြင်ကွင်းကို တွေ့လိုက်ရသည့်အခါ ဧကရီမယ်တော်ကြီးက မတတ်နိုင်ဘဲ နောင်တအပြည့်ဖြစ်သွားရသည်။ ဘာလို့သူမကို အခုဒီမေးခွန်းမေးပြီး နှောက်ယှက်လိုက်ရတာတုန်း။. သူမကလည်း နစ်နာသူပဲလေ။ အဲဒါကလည်း ခံစားချက်အပြည့်နဲ့ သူပျိုးထောင်ခဲ့တဲ့ ကလေးပဲ ဒီလိုအချိန်မှာ မေးတာက အရမ်းရက်စက်ရာ မကျဘူးလား။
ချေဖျက်ဖို့ သူမပါးစပ်ကို ဖွင့်တော့မယ်အချိန်မှာပဲ ဟွေ့ယင်းက ရုတ်တရက် သူမအမေကို ပြောလိုက်သည်။
“သမီးက ငယ်ရွယ်ပြီး စည်းမျဉ်းတွေ အများကြီးကိုလည်း မသိသေးပါဘူး။ ဒါပေမဲ့လည်း ဖုန်မိဘတွေနှစ်ပါးက ဒီနှစ်တေံထဲမှာ သမီးကို အများကြီးချစ်ပေးခဲ့တယ်ဆိုတာကိုတော့ သိပါတယ်။ သူတို့သာ သမီးကို ကမှုးရှုးထိုးနဲ့ ရှာမတွေ့ဘူးဆိုရင် အမေ့နှလုံးသားထဲကလိုပဲ သူတို့တွေက သေတဲ့ထိ စိုးရိမ်ပူပန်နေလိမ့်မယ်။ အမေလည်း အတူတူပဲမဟုတ်လား။ အဆုံးမှာတော့ သူမက အမေဒီနှစ်တွေထဲမှာ ပျိုးထောင်ခဲ့တဲ့ ကလေးပဲလေ။ သူမသာ ပျောက်ဆုံးသွားမယ်ဆိုရင် အမေက အရမ်းဝမ်းနည်းနေမှာ မဟုတ်လား”
သူမ စကားပြောပြီးနောက် သူမက သူမအမေကို ကူညီပြီး မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်ကာ သူမသည်လည်း မျက်ရည်တွေနဲ့ ပြောလာသည်။
“အမေပြောတာကိုပဲ နားထောင်ပါ့မယ်”
ထိုစကားတွေ ထွက်လာသည်နှင့် သခင်မကြီးဟုန်က ပြောစရာစကား မဲ့သွားပြီး သူမကို ကိုင်ထားကာ ငိုကြွေးရုံပဲ တတ်နိုင်ပေသည်
ဒီကလေးက အများကြီး ခံစားခဲ့ရပေမဲ့ သူမပိုပိုပြီး စဉ်းစားချင့်ချိန်တတ်လေ သူမကပိုပိုပြီး စိတ်ဆင်းရဲရလေပဲ။
စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရပြီးနောက် သူမဘေးက ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ ပြောလိုက်သည်
“လိမ္မာတဲ့ကလေး မင်းကချီးမြှင့်ခံရသင့်တယ်။ မွေးစားမိဘတွေက ပိုလို့တောင် ချီးမြှင့်ခံရသင့်တယ်”
ဧကရာဇ်ကို ကြည့်လိုက်ပြီး သူမက ပြောလိုက်သည်။
“ဒီလိုဖြူစင်ပြီး ကြင်နာတဲ့လူမျိုးက ချီးမြှောက်ခံရပြီး ကမ္ဘာပေါ်ကို ကြေငြာသင့်တယ်။ အိုက်ကျားက ဒီကလေးကို ဒီနှစ်တွေ တစ်လျှောက်ခံစားခဲ့ရတဲ့ နစ်နာချက်တွေအတွက် မြို့နယ်အရှင်အဖြစ် ရာထူးပေးဖို့ စီစဉ်ထားတယ်”
133 04
ယွီဝိန်းလန်က ခေါင်းညိတ်လိုက်သည်။
“ဧကရီမယ်တော်ကြီးက ကြင်နာတတ်လွန်းပါတယ်”
လူတိုင်းက ဒီစကားကို ကြားလိုက်ရသည့်အခါ ထိုအမေနဲ့သမီးကို ဂုဏ်ပြုလာကြသည်။
“ဂုဏ်ပြုပါတယ်။ သခင်မကြီးဟုန်နဲ့ သခင်မလေးဟွေ့ရင်းရှန်း”
သခင်မကြီးဟုန်က သူမသမီးကို ဦးဆောင်ပြီး ထိုအမေနှင့်သားကို လျင်မြန်စွာနဲ့ ဂါရဝပြုလိုက်တော့သည်။
“ကြင်နာမှုအတွက် ကျေးဇူးကြီးလှပါတယ်။ အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီး”
ဧကရီမယ်တော်ကြီးက ဆက်ပြောလိုက်သည်။
“ဖုန်မိသားစုအတွက်ကတော့ မွေးစားကလေးကို သူတို့ရဲ့သမီးအရင်းလို ဆက်ဆံပေးတယ် သူမကို အလွန်ဥာဏ်ပညာရှိအောင် သင်ကြားပေးတဲ့အတွက် အိုက်ကျားက သူမကို ရွှေချောင်းတစ်ရာ ချီးမြှင့်မယ်။ ပြီးရင် လောကကြီးကိုလည်း ဆုအကြောင်း သိရှိသွားပါစေ”
ဟွေ့ယင်းက မျက်လုံးထဲမှာ အပြုံးတစ်ပွင့်နဲ့ သူမရဲ့မွေးစားမိဘတွေအစား လျင်မြန်စွာပဲ ကျေးဇူးတင်လိုက်သည်။
လူတိုင်းက စိတ်သက်သာရာ ရသွားပြီး ထို့နောက်မှာတော့ ဧကရီမယ်တော်ကြီးရဲ့အမူအရာက အေးစက်သွားတာကို တွေ့လိုက်ရပြီး သူမက ပြောလာသည်။
“ဟုန်ချန်ကျီက မထိုက်တန်ဘူး။ သူ့ရဲ့ဂုဏ်ပုဒ်ကို ရုပ်သိမ်းပြီး သူ့ရဲ့အကြီးဆုံးသားက ဆက်ခံသင့်တယ်။ သူလုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက်တော့ ဘာသနားညှာတာမှုမှ မရှိဘူး။ ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး ကမ္ဘာကြီးကို သတိပေးချက်အဖြစ် ပြုလုပ်ရမယ်”
ယွီဝိန်းလန်က ကောင်းပြီဟု ထပ်ပြောလိုက်ကာ သတိပေးဖို့လည်း မမေ့ပေ။
“တော်ဝင်သမားတော်တစ်ယောက်အနေနဲ့ ကျန်းရှန်ခန်းက မယ်တော့်ရဲ့ယုံကြည်မှုအပေါ် မှီခိုပြီး တစ်ခြားသူတွေကို မောင်းမဆောင်ထဲ ဝင်ရောက်စွက်ဖက်ဖို့ သွေးဆောင်တိုက်တွန်းတယ်။ အဲတော့ သူ့ကိုလည်း အပြစ်ပေးရမယ်”
ဧကရီမယ်တော်ကြီးက သက်ပြင်းချကာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“အမှန်ပဲ သူ့ကို ရာထူးအဆင့် လျှော့ချပြီး တစ်နှစ်တိတိလစာကို ဒဏ်တပ်တာ ပိုကောင်းတယ်။ ပြီးတော့ သူ့အမှားကို ပြန်တွေးဖို့ပြောလိုက်ပါ”
သို့သော် ယွီဝိန်းလန်က ပြောလိုက်သည်။
“ဆိုတော့ သားတော်ကတော့ နည်းနည်းလေး လျော့ပေါ့နေမှာကို စိုးမိတယ်၊ ကျန်းရှန်ခန်းကို ရာထူးနှစ်ဆင့်ထိ လျှော့ချပြီး နှစ်နှစ်တိတိ လစာဖြတ်မယ်။ အနာဂတ်မှာ တစ်ခြားပြစ်မှုတွေကို ကျူးလွန်မယ်ဆိုရင် ပေါ့ပေါ့လေး ခွင့်လွှတ်ပေးမှာ မဟုတ်တော့ဘူး”
ဧကရီမယ်တော်ကြီးကလည်း ခေါင်းညိတ်လိုက်ကာ ဘာမှထပ်ပြီး ပြောမလာတော့ပေ။
ယန်ရှုက သူမရဲ့မျက်ခုံးကို တိတ်တဆိတ်ပင့်လိုက်သည်။
—ကြည့်ရတာ ဧကရီမယ်တော်ကြီးက ကျန်းရှန်ခန်းကို သူ့ရဲ့ဖျားနာမှုအတွက် မေးမြန်းဖို့ ရည်ရွယ်နေတုန်းပဲ။ ဒါပေမဲ့လည်း သံသယရှိနေတုန်းပဲလေ။ ပြောရရင် သူ့ကိုရာထူးနှစ်ဆင့်ထိ လျှော့ချပစ်လိုက်တာက တကယ်ကို ရက်စက်တာပဲ ။
အဲ့လိုနဲ့သာဆို တော်ဝင်သမားတော်ကျန်း(ကျန်းယွီရိ)က သူ့ရဲ့အထက်ကို ရောက်သွားမှာမလား။
ဒါကိုတွေးလိုက်ပြီးနောက် ဧကရီမယ်တော်ကြီးက သခင်မကြီးဟုန်ကို ပြောလာသည်။
“အဲ့ကလေးအတွက် အိုက်ကျား ထင်တာကတော့ သူမရဲ့ဖခင်အရင်းကို ပြန်ရှာပြီး ပြန်ပို့သင့်တယ်။ လက်ထပ်ပြီး မျက်စိရှေ့မှာ ထားမယ်ဆိုရင်လည်း နင့်နှလုံးသားထဲမှာ ဆူးတွေရှိနေမှာပဲ”
[ကျစ် ရိုးရိုးသားသား ပြောရရင် ဒီမိန်းကလေးမှာ ဟုန်မိသားစုနဲ့ သွေးသားတော်စပ်မှာထက် သွေးသားမတော်စပ်တာက ပိုကောင်းတယ်။ ဟမ့် မျှော်လင့်ထားသလိုပဲ။ ဆန်ကုန်မြေလေးကောင်က လင်ငယ်ထားခံရတာနဲ့ပဲ ထိုက်တန်တယ်!]
ယွီဝိန်းလန် “…..”
ကောင်းပြီလေ ဒီအမျိုးသမီးနှစ်ယောက်ကတော့ အမြဲတမ်း အကြံတူနေတော့တာပဲ။
ဒါကိုကြားချိန်မှာ သခင်မကြီးဟုန်က လျင်မြန်စွာတုံ့ပြန်လိုက်သည်။
လူတိုင်းကလည်း သူတို့ရဲ့နားနဲ့ ဆက်ဆက်ကြားလိုက်ရပြီး သူတို့ရဲ့နှလုံးသားတွေကတော့ ရှုပ်ထွေးသွားကြသည်။
—အခုအမှန်တရားက ရှင်းနေပြီဖြစ်ပြီး ထိုမိန်းကလေးက ဟုန်မိသားနဲ့ဘာမှသက်ဆိုင်မှုမရှိပေ။ သူမက သူမရဲ့အဖေကို မရှာဖွေနိုင်တဲ့ “မျိုးရိုင်း” တစ်ခုဖြစ်လာတော့သည်။ သူမ လက်ထပ်သွားရင်တောင် ဘယ်လိုမျိုးကောင်းမွန်တဲ့ မိသားစုကို လက်ထပ်နိုင်မှာမို့လို့လဲ”
133 05
ကုန်ကုန်ပြောရလျှင် အဆုံးမှာတော့ ထိုလူက အမုန်းခံနေရဆဲပင်။
ဒီလိုနည်းနဲ့ ဒီကိစ္စဟာ အချိန်တစ်ခုအထိ ဖြေရှင်းပြီးသွားပြီး သခင်မကြီးဟုန်က သူမရဲ့သမီးကို ဦးဆောင်ကာ နန်းတော်ကနေ ထွက်သွားတော့သည်။
သို့သော် ထိုဖြစ်ရပ်အပြီးမှာ ဧကရီမယ်တော်ကြီးရဲ့ ယခင်ကဖျားနာမှုကို လုံးဝကို လှည်းထုတ်လိုက်ပြီး ထိုအစား ဧကရာဇ်ကို မေးမြန်းလိုက်သည် ။
“အရှင်မင်းကြီးက ဒီလျှို့ဝှက်ချက်တွေကို ဘယ်လိုလုပ်ပြီးသိတာလဲ”
—ဒီကိစ္စဟာ စစ်သူကြီးတင်းယွမ်ရဲ့ထိခိုက်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ စုံစမ်းစစ်ဆေးခံရပေမဲ့ ထိုပုံပြင်စာအုပ်က ဒီမနက်စောစောမှာ ထွက်လာခဲ့တာပင် အခုရေးမယ်ဆိုရင်တောင် မမြန်လွန်းဘူးလား။
ထို့ကြောင့် ဧကရီမယ်တော်ကြီးက ဧကရာဇ်ဟာ စာအုပ်ကို ကြိုတင်ပြင်ဆင်ထားပြီး တစ်ယောက်ယောက်ကို ရေးခိုင်းထားတာဖြစ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့မှသာ သူက ဖင်းကျင်းမြို့စား ဟုန်ချန်ကျီနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။
ဒီကလေးက ဘာလို့ဒီလောက်အထိ အင်အားကြီးနေတာလဲ။
ယွီဝိန်းလန်က တိတ်တဆိတ်နားထောင်လိုက်ပြီး တစ်ခဏခန့် သီးသွားတော့သည်။
သို့သော် ယန်ရှုက သူ့အား လျင်မြန်စွာ ပြောလိုက်သည်။
“အရှင်မင်းကြီးက သခင်မလေးဟုန်က သခင်မကြီးဟုန်နဲ့လည်းမတူ သူမအဖေနဲ့လည်း သိပ်ပြီးမတူတာကို တွေ့လိုက်ရလို့ဖြစ်မယ်။ အဲဒါကြောင့် သံသယ ဝင်သွားတာလား”
ယွီဝိန်းလန်က မူလတုန်းက သူမရဲ့အဖြေကို ခေါင်းညိတ်လိုက်ချင်ပေမဲ့ လျင်မြန်စွာပဲ သူ့ခေါင်းကိုခါကာ မျက်မှော င်ကြုတ်လိုက်သည်
“ကိုယ်တော်က ဘယ်တုန်းကအဲဒီမိန်းကလေးရဲ့ အသွင်အပြင်ကို အာရုံစိုက်ဖူးလို့လဲ။ ကျင်းမန်အကြောင်း တစ်ခုခုကို ဝိုးတဝါးကြားလိုက်လို့ပါ။ အဲဒါနဲ့ တစ်ယောက်ယောက်ကို သွားစစ်ဆေးခိုင်းလိုက်တာ”
သူက စကားပြောရင်း ယန်ရှုကို ထပ်မံကြည့်လိုက်ပြီး သူ့ဘာသာ တွေးကြည့်လိုက်သည်။သူက သူမရဲ့ထောင်ချောက်ထဲမှာ မိတော့မလို့။
******
134 01
အပိုင်း 134
ဧကရာဇ် ပြောတာကို ကြားပြီးနောက် ဧကရီမယ်တော်ကြီးက သူမရဲ့ခေါင်းကို ညိတ်လိုက်ကာ ပြောလိုက်သည်။
“သိပြီ အရှင်မင်းကြီးက ဥာဏ်ပညာကြီးတာပဲ။ တော်ဝင်အစောင့်တွေကလည်း ပိုပိုပြီး လုပ်နိုင်စွမ်း ရှိလာပြီ”
သူမဘေးဘက်က ယန်ရှုသည်လည်း လျင်မြန်စွာခေါင်းညိတ်ကာ
“မယ်တော်ကြီးပြောတာ မှန်ပါပေတယ်”
စကားပြောပြီးနောက် သူမကသူမရဲ့ခေါင်းကို လျင်မြန်စွာ နှိမ့်လိုက်ကာ ကောင်းမှုနဲ့ကျော်ကြားမှုကို နက်ရှိုင်းစွာ ဖုံးကွယ်လိုက်ပေသည်
အပေါ်ယံမှာတော့ ဧကရီမယ်တော်ကြီးကို ထိုသို့သာ ပြောနိုင်ပေသည်။
“မယ်တော်က သားတော်ကို ချီးကျူးလွန်းနေပါပြီ”
သူက ထပ်ခါထပ်ခါ ချောင်းဟန့်လိုက်ကာ ထို့နောက် မေးလိုက်သည်။
“မယ်တော်ကြီးရဲ့ကျန်းမာရေးကရော ဘယ်လိုနေသေးလဲ”
—ကျစ် ဆိန်နို့ ပြဿနာဖြစ်ပြီးကတည်းက သူ ခံစားရတာ ကောင်းမွန်မနေဘူး။ ပြီးတော့ မယ်တော်ကြီးကလည်း ဒေါသထွက်နေသေးတယ်။
ထို့ကြောင့် အမေနဲ့ သားတော်ကြားက ဆက်ဆံရေးက တစ်နည်းနည်းနဲ့….ကွဲကွာနေပေသည်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဧကရီမယ်တော်ကြီးဟာ ရောဂါဟောင်းရဲ့ဒဏ်ကနေ ခံစားခဲ့ရပြီး သူက နန်းဆောင်ကို တစ်ခါလာရောက်ခဲ့ပေမဲ့ ဧကရီမယ်တော်ကြီးက ခံစားရတာ မကောင်းဘဲ သက်သောင့်သက်သာ မရှိသည့်အတွက် သူ့ကို အလျင်အမြန် ပြန်သွားဖို့ ပြောလိုက်သည်။
နောက်အနည်းငယ်မှာပဲ သူတို့သာ ဒီနေရာကို လာရောက်လျှင် နှစ်ဖက်လုံးက ပြဿနာတက်မှာကို စိုးရိမ်သည့်အတွက် ထို့ကြောင့် သူက နောက်ထပ်ထပ်မလာရဲပေ။
အခုတော့ အမေနဲ့သားဖြစ်သူတို့ မတွေ့ရတာ ငါးရက်ခြောက်ရက် ရှိပြီဖြစ်သည်။
သူ ပြောတာကို ကြားလိုက်ရပြီးနောက် ဧကရီမယ်တော်ကြီးကလည်း ရပ်တန့်သွားကာ ထို့နောက် ပြောလာသည်။
“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ အိုက်ကျားက ဒီနေ့တော့ ပိုကောင်းလာပါပြီ”
ထိုစကားတွေ ထွက်လာသည့်အခါ ဘေးဘက်က ယန်ရှုက တိတ်တဆိတ်နဲ့ ကျစ်-ကျစ် ဟု လုပ်လိုက်သည် ဖရဲသီးစားတာက ရောဂါတွေအားလုံးကို ပျောက်ကင်းစေနိုင်တာပဲ။ သူမဟာ ဧကရီမယ်တော်ကြီးက ဖုဟိုင်ကို ထိုဆန်ကုန်မြေလေးကောင် ဖင်းကျင်းဟုန်အား ရိုက်နှက်ခိုင်းတဲ့ အချိန်ကတည်းက သိလိုက်ပြီးဖြစ်သည်?
ထိုအချိန်တုန်းက ဧကရီမယ်တော်ကြီးကအရမ်းကို ဒေါသထွက်နေသည့်အတွက် လူငယ်လေးတစ်ယောက်ထက်တောင် ပိုပြီးတော့ အားအင်ပြည့်ဝနေသေးသည်။
သေချာပေါက်ပင် ဒီတစ်ကြိမ် ဧကရီမယ်တော်ကြီးရဲ့ဖျားနာမှုက တကယ်တမ်းတော့ သူမနှလုံးသားထဲက အထုံးကြောင့်သာ ဖြစ်သည်။ သူမက ဒီအခွင့်အရေးကို ယူလိုက်ပြီး သူမရဲ့ဒေါသတွေအတွက် ထွက်ပေါက် ရှာလိုက်သဖြင့် ဖျားနာမှုကလည်း ပျောက်ကင်းသွားတာ ဖြစ်သည်။
ယွီဝိန်းလန်လည်း ထိုသို့ပဲ ထင်မြင်ပေသည်
သို့သော် သူမ ဘာမှမပြောရသေးခင်မှာပဲ ဧကရီမယ်တော်ကြီးက ထပ်မံပြီး သူမဘာသာ နှာရှုံ့လိုက်တာကို ကြားလိုက်ရသည်။
[ပုပ်သိုးနေတဲ့ ကလေး… အိုက်ကျားကို ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကိုရော သိရဲ့လား။ ဒါပေမဲ့လည်း အဲဒီဝံပုလွေနှလုံးသားနဲ့လူတွေထက် စာရင်တော့ တော်ပါသေးတယ်]
ယွီဝိန်းလန် “….”
ဖြစ်နိုင်တာက ဧကရီမယ်တော်ကြီးရဲ့နှလုံးသားထဲမှာ ကြည့်ကောင်းနေဖို့အတွက်ဆို အဲဒီဆန်ကုန်မြေလေးကောင်တွေရဲ့ ကိစ္စတွေကနေ စတင်မှရမယ်ထင်တယ်။
ဒါက အတော်လေးတော့ ကြောက်စရာကောင်းပေသည်။ ထို့ကြောင့် သူ့မှာ ရွေးချယ်စရာမရှိတော့ဘဲ ထပ်ပြောလိုက်ရသည်။
“ဒီရက်တွေထဲမှာ အလုပ်ရှုပ်နေခဲ့တာနဲ့ ပြီးတော့လည်း မယ်တော့်ကို ဂါရဝပြုဖို့ လျစ်လျူရှုမိသွားတယ် ဆိုတော့ သားတော်ရဲ့အပြစ်တွေပါ။ မယ်တော်က ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်”
134 02
ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အရှင်မင်းကြီးက အလေးအနက် ပြောလွန်းနေပါပြီ။ တိုင်းပြည်ရဲ့ပြည်သူတွေကသာ ထိပ်ဆုံးဦးစားပေးရမှာပါ။ အိုက်ကျားဆီမှာ ကိုယ်လုပ်တော်ယိ ရှိနေတာကို မပြောနဲ့ဦး။ ဒီနှစ်ရက်အတွင်း သူမလည်း ကြိုးစားလိုက်ရရှာတယ်”
သို့သော် စိတ်ထဲမှာတော့ ကျွတ်သပ်နေသည်။
[ပြောမှပဲ အမျိုးသမီးတွေက ပိုပြီးဂရုစိုက်တယ် ဆိုတော့ တခြားသူတွေ ပြောတာတော့ သမီးမိန်းကလေးဆိုတာက ဂွမ်းစခံချုပ်ထားတဲ့ အနွေးထည်လေးလိုပဲတဲ့ သားတွေလိုတော့ မဟုတ်ဘူး။ သူတို့တွေက လူတွေကို ဒေါသပဲထွက်စေနိုင်တယ်။ မမျှော်လင့်ထားစွာနဲ့ သူမမှာ ဒီလိုကောင်းချီးမျိုး မရှိပေ]
ယွီဝိန်းလန် “…..”
သို့သော် မမျှော်လင့်ထားစွာနဲ့ အခေါ်ခံလိုက်ရတဲ့ ယန်ရှုက လျင်မြန်စွာ ပြောလိုက်သည်။
“မယ်တော်ကြီးကတော့ အလေးအနက် ထားလွန်းနေပါပြီ။ ဒါက ဒီကိုယ်လုပ်တော် လုပ်သင့်တာပါ”
ယခုလို ဝရုန်းသုန်းကားအခြေအနေအပြီးတွင် အပြင်ဘက်၌ မှောင်နေပြီးဖြစ်သည်။
ဧကရီမယ်တော်ကြီးက ထပ်ပြောလိုက်သည်။
“အိုက်ကျားက ဒီနေ့အများကြီး ပိုကောင်းလာပြီ။ အဲတော့ မင်းအလုပ် ကြိုးစားနေစရာ မလိုတော့ဘူး။ ပြန်သွားပြီး စောစောနားလိုက်တော့”
သူမ စကားပြောပြီးနောက် ဧကရာဇ်ကို ထပ်ကြည့်လိုက်ပြီး သူမနှလုံးသားထဲမှာ ပြောလိုက်သည်။
[ကုသပြီး ပျောက်ကင်းပြီလို့ ပြောတယ်မဟုတ်လား။ နောက်ထပ်ဧကရာဇ်ရဲ့ဆက်ခံသူ မရှိနိုင်ဘူးလား ဟုတ်လား]
ယွီဝိန်းလန် “??”
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
သမားတော်ကျန်း ပြောတာတော့ သူက ကောင်းတယ်တဲ့လေ။
ထို့နောက် သူက ပြောလိုက်သည်။
“ဒါဆိုရင် မယ်တော်ရဲ့အနားယူတာကို မနှောက်ယှက်တော့ပါဘူး။ သားတော်နဲ့ ကိုယ်လုပ်တော်ယိတို့က အရင်ဆုံးထွက်ခွာပါ့မယ်”
စကားပြောပြီးနောက် ယန်ရှုကိုဦးဆောင်ကာ နန်းတော်တံခါးကနေ ထွက်သွားတော့သည်။
ဟမ့် ဘဝဆိုတဲ့အရာဆီကို ပြန်သွားကြတာပေါ့။
~~~
ပြောစရာပင် မလိုချေ။ “မှန်ကန်နေပြီး မှားယွင်းနေတဲ့ မိန်းကလေးများ” ဆိုတဲ့စာအုပ်ကို ဖြန့်ချီလိုက်ကတည်းက စျေးကွက်ထဲမှာ နောက်ထပ်သော စိတ်အား ထက်သန်တဲ့ဆွေးနွေးပွဲ လှိုင်းလုံးကြီးတစ်ခု စတင်လာပေသည်
စာဖတ်သူတွေက ဇာတ်ဆောင်ရဲ့သရုပ်ကို ထပ်မံပြီး ထင်ကြေးပေးလာကြပြန်သည်
ကံကောင်းစွာနဲ့ ရက်အနည်းငယ်အတွင်းမှာပဲ ညီလာခံရဲ့ကြော်ငြာစာက လူတိုင်းရဲ့ရှုပ်ထွေးနေမှုကို ရှင်းလင်းပေးလိုက်သည်။ ထို့နောက် လူတိုင်းက ဒီပုံပြင်ဟာ တကယ်တမ်းတော့ ဖင်းကျင်းဟုန်ရဲ့အကြောင်းကို ရေးထားမှန်း သိသွားတော့သည်။
—မြို့စားဖင်းကျင်းဟုန်က ခင်ပွန်းနဲ့ဇနီးကြားက ချစ်မေတ္တာကို လျစ်လျူရှုကာ လူသားဆက်ဆံရေးနဲ့ကိုယ့်ကျင့်တရားကို ပစ်ပယ်ပြီး ကိုယ်လုပ်တော်ရဲ့သမီးကို တရားဝင်သမီးဖြစ်သူနဲ့ အငြှိုးအတေးထားပြီး လဲလှယ်လိုက်တယ်။ ပြီးတော့ ထိုတရားဝင်သမီးကို တောရွာမှာ စွန့်ပစ်ထားလိုက်တယ်။
ထို့အပြင် တော်ဝင်ညီလာခံရဲ့ စစ်သူကြီးကိုလည်း ရက်စက်ကောက်ကျစ်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ကြံတဲ့အတွက် ပြစ်မှုနှစ်ခုလုံးအတွက် အပြစ်ပေးခံရပေသည်။ သူ့ရဲ့ဂုဏ်ပုဒ်ကို ပြန်လည်ရုပ်သိမ်းပြီး နှစ်ငါးဆယ် အပြစ်ပေးခံရမည်ဖြစ်ကာ နယ်စပ်ဆီသို့လည်း ပြည်နှင်ဒဏ် ပေးခံရပေမည်။
ဂုဏ်ပုဒ်ရာထူးကိုတော့ အကြီးဆုံးသားက ဆက်ခံလိုက်သည်။
သူ့ရဲ့ကိုယ်လုပ်တော်ဖြစ်သူ သခင်မချောင်ကိုတော့ မကောင်းတဲ့ ရည်ရွယ်ချက်တွေ အငြှိုးထားခြင်း၊ တရားဝင်သမီးကြီးကို နှိပ်စက်ခြင်း၊ မြို့စားဖင်းကျင်းရဲ့သွေးသားကို တစ်ခြားသူတွေဆီ လွှဲပေးလိုက်ခြင်းလိုမျိုး ခွင့်မလွှတ်နိုင်တဲ့ တူညီတဲ့ အပြစ်တွေအများကြီးကို ပြုလုပ်ထားတာပင်၊
134 03
ထို့နောက် ဖင်းကျင်းမြို့စားအိမ်တော်က သမီးဖြစ်သူ ဟုန်ဟွေ့ယင်းကိုတော့ အပြင်ဘက်ကမ္ဘာဆီ ဖော်ထုတ်ပြလိုက်ပြီး သူမရဲ့ဖြူစင်တဲ့ နှလုံးသားအတွက် ဧကရီမယ်တော်ကြီးရဲ့ချီးမြှောက်မှုကို ရလိုက်သည်။ ထို့နောက် ကွမ်းသဲ့ပြည်နယ်ရဲ့အရှင်အဖြစ် ရာထူးဂုဏ်ပုဒ်ကို အထူးချီးမြှင့်ခံလိုက်ရပြီး လယ်ဧကပေါင်းတစ်ရာကျော် ချီးမြှင့်ခြင်းခံရသည်။
သူမရဲ့မွေးစားမိဘတွေသည်လည်း တော်ဝင်ညီလာခံရဲ့ ချီးမြှောက်ခြင်းကို ခံကြရသည်။
ထို့အပြင် သခင်မကြီးဟုန်ကလည်း လာရောက်ဖို့ ရက်တစ်ရက်ရှာပြီး သူမရဲ့သားနဲ့သမီးနဲ့အတူ တံခါးဝဆီ ကိုယ်တိုင်လာကာ ဖုန်မိသားစုကစုံတွဲကို သူတို့ရဲ့ကြင်နာမှုနဲ့ ဟွေ့ယင်းအပေါ် ပြုစုပျိုးထောင်ပေးတဲ့အတွက် ရွှေချောင်းတွေ အများကြီးကို ရက်ရောစွာ ပို့ဆောင်စေသည်။
သို့သော်လည်း ဖုန်မိသားစုက သူတို့ရဲ့မွေးစားသမီးနာမည်နဲ့ ပိုက်ဆံကို မလိုချင်သည့်အတွက် သူတို့က ခိုင်ခိုင်မာမာနဲ့ မလျှော့တမ်း ငြင်းဆိုကြသည်။
သခင်မကြီးဟုန်ကလည်း အရမ်းစိတ်လှုပ်ရှားသွားပြီး ရွေးချယ်စရာမရှိဘဲ ကျေးဇူးရှင်မိသားစုအတွက် သူမတို့အိမ်နဲ့ မဝေးတဲ့နေရာမှာ အိမ်တစ်လုံးကို ဝယ်ပေးလိုက်သည်။ ထို့နောက် သူတို့ကို ဘုရားသခင်ကပို့လွှတ်လိုက်တဲ့ဆွေမျိုးတွေဟု သတ်မှတ်ကာ ထိုအခါမှသာ သူမရဲ့သမီးက မိသားစုနှစ်ခုအကြားတွင် အချိန်ဖြုန်းနိုင်မည်ဖြစ်ပြီး သူမရဲ့မွေးစားမိဘတွေနဲ့ ဆက်ဆံရေးကိုလည်း မဖြတ်တောက်ပစ်ပေ။
ဟုန်မိသားစုရဲ့သမီးအဖြစ် ဆယ်နှစ်ကျော်နီးပါး နေထိုင်ခဲ့တဲ့ သမီးအတုဟုန်ယင်းရှကတော့…..
ညတွင်းချင်းပဲ ဟုန်စံအိမ်တော်ကနေ ထွက်ခွာသွားခဲ့သည်။
သူမကို နှင်ထုတ်လိုက်တာ မဟုတ်ပေမဲ့ နှုတ်ပင်မဆက်ဘဲ ထွက်ခွာသွားတာ ဖြစ်သည်။
ထိုသတင်းကိုကြားတဲ့အခါ ယန်ရှုကလည်း အံ့အားသင့်သွားပြီး စစ်စတန်ကို လျင်မြန်စွာ မေးမြန်းလိုက်သည်
“ဘာတွေ ဖြစ်နေတာလဲ။ သမီးအတုက ဘယ်ကို ထွက်သွားတာလဲ”
သို့သော် စစ်စတန်က ပြောလာသည်။
[တွေးကြည့်လိုက်။ အခုအမှန်တရားက ထွက်ပေါ်လာပြီလေ။သခင်မကြီးဟုန်ရဲ့သမီးအရင်းကလည်း ပြန်ရောက်လာပြီ။ ဒီကောင်မလေးက သူမရဲ့အမေရင်းလုပ်ခဲ့တဲ့ မကောင်းတဲ့ကိစ္စတွေကို သိတယ်လေ။ အဲတော့ ဟုန်စံအိမ်တော်မှာ နေနိုင်ဦးမှာတဲ့လား။ အစကတော့ ရက်ပေါင်းများစွာ ကြာအောင် ငိုပြီးရင်း ငိုနေခဲ့တာ။ အကြောင်းစုံ သိသွားတာနဲ့ စာတစ်စောင် ချန်ထားခဲ့ပြီး သူမအမေရဲ့ပြုစုပျိုးထောင်မှုအတွက် အရှက်ရမိကြောင်း ပြောထားတယ်။ ပြီးတော့ တကယ့်သခင်လေးဟုန်အစစ်အတွက် ပိုလို့တောင် အရှက်ရသေးတယ်။ အဲတာကြောင့် သူမဘာသာ နေထိုင်ဖို့အတွက် အပြင်မှာ ရှာဖွေဖို့ ဆုံးဖြတ်လိုက်တာပဲ။ သူမ ချမ်းသာလာရင် မွေးစားအမေရဲ့ကြင်နာမှုကို ပြန်ပေးဆပ်ဖို့ ပြန်လာခဲ့ပါမယ်တဲ့]
ယန်ရှု [….ဒီအကြံက မဆိုးပါဘူး။ ဒါပေမဲ့ သူမရဲ့အကျင့်စရိုက်နဲ့ဆို အပြင်ထွက်တာက အောင်မြင်မှာတဲ့လား]
စစ်စတန်က နှာမှုတ်လိုက်သည်။
[လူတွေက ကြီးပြင်းလာဖို့လိုတယ်။ ထွက်မသွားဘဲ ကြိုးစားမကြည့်ရင် အလုပ်ဖြစ်လား မဖြစ်ဘူးလားဆိုတာကို ဘယ်လိုလုပ်ပြီး သိမှာလဲ]
ယန်ရှုကခေါင်းညိတ်ကာ ထို့နောက် မေးလိုက်သည်။
[သခင်မကြီးဟုန်ကရော။ အဲ့နေ့တုန်းက သူမရဲ့မွေးစားသမီးနဲ့ ခွဲခွာဖို့ ဝန်လေးနေတာကို ကြည့်ရပုံအရ သူမရဲ့မွေးစားသမီးက ရုတ်တရက်ကြီး ထွက်သွားတော့ အလျင်စလို မဖြစ်ဘူးလား။]
စစ်စတန် [သေချာပေါက်ပဲ။ အစတုန်းကတော့ စိတ်ရှုပ်ပြီး ပူပန်နေတာပေါ့။ နောက်ဆုံးတော့ ဒီကလေးက သူမရဲ့နှလုံးသားတစ်ခုလုံးနဲ့ ပျိုးထောင်ထားတာလေ။ အဲတော့ သူမအပြင်ထွက်တဲ့အခါ အလိမ်ခံရမှာစိုးတယ်။ ဒါပေမဲ့ သူမရဲ့ယောင်းမက ဖြောင်းဖျလိုက်တယ်လေ။ ဟွေ့ယင်းက ကြင်နာတတ်ပေမဲ့လည်း အမြဲတမ်း တစ်ခြားသူတွေကို စိတ်ရှည်ဖို့ တောင်းဆိုနေလို့မရဘူး။ အဲတာအပြင် ဟုန်ယင်းရှက အပြင်ဘက်လောကကြီးရဲ့ လက်ညှိုးထိုးတာကို ခံနေရပြီးပြီ။ ဟုန်မိသားစုထဲမှာ ဒီတိုင်းတစ်ကိုယ်တည်း ကွဲနေတာထက်စာရင် ထွက်သွားပြီး နာမည်ကို ဖုံးကွယ်လိုက်တာက ပိုကောင်းတယ်။ အဲတာက သူမအတွက်လည်း ပိုကောင်းတယ်လေ]
ယန်ရှုက ခေါင်းညိတ်လိုက်သည်
[စစ်သူကြီးကတော်က စဉ်းစားချင့်ချိန် တတ်တာပဲ]
စစ်စတန် [မဟုတ်ဘူး။ သခင်မကြီးဟုန်က ဒါကိုကြားတော့ အမြင်မှန် ရသွားပြီး တိတ်တိတ်ကလေး လိုက်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တယ်။ အဲဒီကလေးမလေး အဆင်ပြေနေတာကို တွေ့တော့မှ စိတ်သက်သာရာ ရသွားတာ]
134 04
ယန်ရှုက သိချင်နေဆဲပင် ။
[ဒါပေမဲ့ ဆယ်နှစ်ကျော်လောက် ဖူးဖူးမှုတ်ခံထားရတဲ့ ဟုန်ယင်းရှက တစ်ခြားလမ်းတစ်ခုကို ရှာတွေ့နိုင်ပါ့မလား]
စစ်စတန် [ဒီကလေးမလေးက ကလေးဘဝကတည်းက ကောင်းကောင်းမွန်မွန် ဝတ်စားပြီး ကြီးပြင်းလာတာ။ ဒါပေမဲ့ အဲတာက သူမမှာ ဘာထူးခြားတဲ့ အရည်အချင်းမှ မရှိဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ သူမမှာ ဝတ်စားဆင်ယင်တာနဲ့ ပါးနီမှုန့်အတွက် သုသေသနတွေ အများကြီး လုပ်ဖူးတယ်။ ဟုန်စံအိမ်ကနေ ထွက်လာပြီးတော့ ယန်ဇီမြစ်တောင်ပိုင်းက ပါးနီမှုန့်ဆိုင်မှာ အလုပ်သင်အဖြစ် တွေ့သွားတယ်။ပြီးတော့ ဆိုင်တစ်ဆိုင်ဖွင့်ဖို့ ပိုက်ဆံအချို့စုပြီး ဆိုင်ရှင်ဖြစ်လာဖို့ စီစဉ်ထားတယ်]
ယန်ရှုက သူမရဲ့မျက်ခုံးတွေကို ပင့်လိုက်မိသည်
[ကျန်းနန်လား မြို့တော်ကနေ အရမ်းဝေးတာပဲ]
စစ်စတန် [ ဘာလို့လဲဆိုတော့ နီးကပ်မယ်ဆိုရင် မြို့တော်က ဝမ်းကွဲဖြစ်သူကို တွေးမိပြီး တစ်ခုခု ဖြစ်လာမှာကို စိုးရိမ်နေတာ။ အခု လက်ထပ်ပွဲက မဖြစ်နိုင်ဘူးဆိုမှတော့ ဝေးဝေးနေတာ ပိုကောင်းတယ်။ မြင်ကွင်းကနေရော စိတ်ထဲကနေပါ ထုတ်လိုက်တာက ပိုပြီးလွယ်ကူစေတယ်]
ယန်ရှုက ခေါင်းညိတ်လိုက်သည်။
[အမှန်ပဲ။ ဒီကလေးမလေးကိုကြည့်ရတာလည်း နားလည်ချင်ပုံရတယ်။ ဒါပေမဲ့ ထပ်ပြီးတော့ ရှိသေးတယ်။ သူမမှာ စီးပွားရေးမျိုးရိုးဗီဇတွေဘာတွေ မရှိဘူးလား။ ပြောရရင် သူမအဖေက ကုန်သည်တစ်ဦးလေ]
စစ်စတန် [ဖြစ်နိုင်တယ်။ စိတ်ကို ချုပ်တည်းမထားဘဲနဲ့ မင်းမှာ ဘယ်လောက်လုပ်နိုင်စွမ်း ရှိလဲဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ဒါပေမဲ့ သူမသာ ကံကြမ္မာကို လက်ခံဖို့ ဆန္ဒရှိမယ်ဆိုရင် အဆုံးသတ်ကို မြင်နိုင်ပါတယ်]
ယန်ရှုက သက်ပြင်း ချလိုက်သည်။
[အမှန်ပဲ သူမသာ ဟုန်မိသားစုမှာ နေမယ်ဆိုရင် သူမရဲ့နောက်ခံကြောင့် အထင်အမြင် သေးကြလိမ့်မယ်။ ကောင်းကောင်းလည်း လက်ထပ်နိုင်မှာ မဟုတ်တဲ့အပြင် အနာဂတ်မှာလည်း ခင်ပွန်းဘက်ကမိသားစုရဲ့ အထင်သေးတာကို ခံရလိမ့်ဦးမယ်။ အဲတာကြောင့် ဒီလိုမျိုးဖြစ်နေတာထက်စာရင်တော့ အပြင်ထွက်ပြီး တိုက်ခိုက်တာက ပိုကောင်းပါတယ်]
ဘာပဲဖြစ်ဖြစ် တစ်ခြားသူတွေအပေါ်မှီခိုရတာက ကိုယ့်ကိုကိုယ်အပေါ် မှီခိုရတာထက် ပိုပြီးကောင်းတယ်လေ။
~~~
ရက်အနည်းငယ် ကြာပြီးနောက် သခင်မကြီးဟုန်က သူမရဲ့သမီးဟုန်ဟွေ့ယင်းကို ခေါ်လာကာ ဧကရီမယ်တော်ကြီးကို ဂါရဝပြုဖို့ သူမရဲ့သမီးကို နန်းတော်ထဲ ခေါ်ဆောင်လာပြန်သည်။
သူမရဲ့မောင်ငယ် စစ်သူကြီးတင်းယွမ်နဲ့ ယောင်းမဖြစ်သူ ဖန်းကျစ်တို့က သူမကိုအဖော်ပြုကာ လိုက်ပါပေးလာသည်။
ယန်ရှုသည်လည်း ဧကရီမယ်တော်ကြီးကိုအဖော်ပြုပေးရင်း သူတို့သုံးဦးအား တွေ့ဆုံလိုက်ရသည်။
အချိန်တစ်ခုကြာပြီးနောက် သခင်မကြီးဟုန်ရဲ့အသားအရေက အတော်လေး တိုးတက်လာပြီး လွန်ခဲ့တဲ့ရက်အနည်းငယ်က သူမ တွေ့ခဲ့တာထက်စာရင် မိန်းကလေးဟွေ့ယင်းကလည်း ပိုမိုပြီး မြူးမြူးကြွကြရှိလာသည်။ အထူးသဖြင့် ဝတ်စားလိုက်ပြီးတဲ့နောက်မှာတော့ တစ်ခြားမျိုးရိုးမြင့် မိန်းကလေးတွေနဲ့ တူညီလုနီးပါးပင်။
ဒါက အမေ့ရဲဘက်ကို ပြန်ရောက်ပြီးတဲ့နောက် ဖြစ်လာတဲ့ဘဝဖြစ်ပုံရသည်။ ဘဝကသိပ်ပြီးတော့ မဆိုးတော့ချေ ။
အရင်ဘဝက ကျိုက်သုန်းဝမ်ရဲ့စာတွေကို ဖတ်တာများသွားလို့ ဖြစ်နိုင်သည်။ ယန်ရှုက သူမကို ချမ်းသာကြွယ်ဝတဲ့လူတွေရဲ့ ကျိုက်သုန်းဝဲကတော့မှာ သူမကိုယ်ကို ဆုံးရှုံးသွားစေမှာကို စိုးရိမ်မိနေသည်။ သို့သော်လည်း ယခုကြည့်ရသည်မှာ သူမက ထိုကဲ့သို့ မဟုတ်ပေ။
စစ်စတန်က ပြောလာသည်။
[အတွေးလွန်နေပြီ.။ မြို့စားစံအိမ်တော်က အစ်ကိုငါးယောက်လုံးက သူတို့ရဲ့အမေရင်းကနေ မွေးလာတာ။ ဘယ်ဝမ်းကွဲ၊ ဘယ်ကိုယ်လုပ်တော် မဆိုနဲ့။ ကျင်းချန်ဦးရီးတော်ရဲ့မိသားစုကလည်း ဝမ်းကွဲတွေအပြည့်ပဲ။ ပြီးတော့ ဒီရက်ပိုင်းအတွင်း ဘယ်သူကမှလည်း ဒီကို မလာသေးဘူး။ အရင်တစ်ခေါက် ဆွေမျိုးတွေနဲ့တွေ့ဖို့ ဖင်းကျင်းကို ပြန်သွားတော့လည်း အစ်ကိုကြီးလေးယောက်လုံးက သူမကိုကြိုဆိုဖို့ မြို့တော်ကို ကိုယ်တိုင်လာခေါ်ကြတယ်။ အကြီးဆုံးအစ်ကိုကြီးကသာ ထွက်လာလို့ မရလို့။ အထူးသဖြင့် ဒီကလေးမလေးမှာ တည်ငြိမ်တဲ့စိတ်ထားရှိလို့ အရင်တစ်ယောက်ထက်ကို သူမရဲ့ယောင်းမတွေက ပိုပြီးသဘောကျကြတယ်]
134 05
ယန်ရှုက စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရပြီး သက်ပြင်းချလိုက်သည်
[ကြည့်ရတာ ဒီမြို့စားဖင်းကျင်းအိမ်တော်က မြို့စားက လူကောင်းတစ်ယောက်ပဲ။ အရင်က ဆန်ကုန်မြေလေးက လွဲပြီးတော့ပေါ့။သေချာပေါက်ပဲ သခင်မကြီးဟုန်က စိတ်သဘောထားကြီးပြီး ရိုးသားတယ်။ သူမပျိုးထောင်တဲ့ကလေးတွေက ဘယ်လိုလုပ်ပြီး ဆိုးရွားနိုင်မှာလဲ။ ဒါကလည်း သူမရဲ့ကြိုးစားမှုပဲ]
ဧကရီမယ်တော်ကြီးကလည်း ဒီရက်ပိုင်းအတွင်းမှာ သူမရဲ့ ဝမ်းကွဲဖြစ်သူနဲ့ တူမတော်စပ်သူအား စိုးရိမ်နေတာဖြစ်သည်။ သူမကိုတွေ့သည့်အခါမှာတော့ သူမက မေးလိုက်သည်။
“ဒီရက်ပိုင်းအတွင်း အမေနဲ့ နေရတာ ဘယ်လိုနေလဲ”
ဟုန်ဟွေ့ယင်းက အပြုံးတစ်ပွင့်နဲ့ ပြန်ဖြေလာသည်။
“စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဧကရီမယ်တော်ကြီး အမေက ဒီသမီးဖြစ်သူကို ဘာမှမပြောပါဘူး။ ဦးလေးတွေ အဒေါ်တွေနဲ့ အစ်ကိုတွေကလည်း ဒီသမီးကို အရမ်းချစ်ကြပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ကျွန်မက အရမ်းကို ကောင်းကောင်းမွန်မွန် နေထိုင်နေတာပါ”
စကားဝိုင်းက ယခင်ကထက် ပိုပြီး ရက်ရောလှပေသည်။
ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မကောင်းတဲ့ကံကြမ္မာတွေကလည်း ပြီးဆုံးသွားပါပြီ။ ကံကောင်းလို့ အကုန်ဆုံးပြီမှ ဆုံးသွားတာ။ အမေနဲ့သမီးဖြစ်သူက နှစ်နည်းနည်းလောက် အတူတူနေသင့်တယ်။ ဒါမှ အတိတ်တုန်းက ခွဲခွာခဲ့ရတာအတွက် ပြန်ပြီးပြင်ဆင်နိုင်မှာ”
သခင်မကြီးဟုန်နဲ့ အပြုံးလေးနဲ့ပြောလာသည်။
“ကျွန်မကလည်းဒီလိုပဲ အတူတူတွေးမိပါတယ်။ စိုးမိတာ သူမရဲ့လက်ထပ်ပွဲကို နှောင့်နှေးစေမှာကိုပဲ”
ထိုစကားတွေပြောပြီးနောက် ဟုန်ဟွေ့ယင်းက လျင်မြန်စွာ ရှက်သွားပြီး ပြောလိုက်သည်။
“ဒီသမီးက အမေနဲ့ပဲနေပြီး ကောင်းကောင်းလေး အဖော်ပြုပေးချင်ပါတယ်”
ဧကရီမယ်တော်ကြီးကလည်း ရယ်ကာ ပြောလာသည်။
“ဒီလောက်တော်တဲ့ကလေးကို လက်မထပ်ရမှာအတွက် စိုးရိမ်နေသေးတာလား”
စစ်သူကြီးစံအိမ်က သခင်မကြီးဖန်းကလည်း ရယ်မောကာ
“အစ်မရဲ့နှိမ့်ချနေတာကို နားမထောင်ပါနဲ့။ ဧကရီမယ်တော်ကြီး အခုဆို ဟွေ့ယင်းက ပြည်နယ်အရှင်ဆိုတဲ့ ဂုဏ်ပုဒ်လည်း ရှိနေပြီ။ ဒီရက်ပိုင်းအတွင်း လက်ဆက်ချင်နေတဲ့သူတွေက သတ်မှတ်တဲ့အဆင့်ကို ဖြတ်ကျော်ရလိမ့်မယ်”
ထိုစကားကိုကြားသည့်အခါ သခင်မကြီးဟုန်က ဧကရီမယ်တော်ကြီးကို အလျင်အမြန် ကျေးဇူးတင်လာသည်။
“ကြင်နာမှုအတွက် မယ်တော်ကြီးကို ကျေးဇူရတင်ရဦးမှာပါ”
ဧကရီမယ်တော်ကြီးက အလေးအနက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“အိုက်ကျားက အဲ့ကောင်လေးတွေကို အကျိုးရသွားဖို့ ဒီဂုဏ်ပုဒ်ကို ပေးခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ဟွေ့ယင်းရဲ့ဖြူစင်ကြင်နာမှုအတွက် ချီးကျူးချင်လို့ ကိုယ့်ဘာသာ လက်ထပ်ပြီးရင်လည်း ဟွေ့ယင်းရဲ့ကြင်ဖက်ကို ရွေးချယ်တဲ့အခါ သတိထားရမယ်။ သွင်ပြင်ကိုပဲ မကြည့်နဲ့ အဲဒီအာဏာနဲ့ပိုက်ဆံဆိုတာက ဒီတိုင်းကျော်သွားလို့ရတယ်။ ခိုင်မာတဲ့အကျင့်စရိုက် ရှိဖို့က အဓိကပဲ”
ဒါကိုကြားချိန်မှာ ယန်ရှုသည်လည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
——တကယ်တော့ ဒီသမီးအစစ်ကို ရှန်းကျွင်းဂုဏ်ပုဒ်အား ချီးမြှင့်တုန်းက ဧကရီမယ်တော်ကြီးဟာ အပေါ်ယံကပဲ နှစ်သိမ့်နေတာ မဟုတ်ဘူးဆိုတာကို တွေ့နိုင်ပေသည်။ ဒါပေမဲ့ သူမကို ဂုဏ်ပုဒ်တစ်ခု ပေးလိုက်ပြီး သူမရဲ့လက်ကို ပိုပြီးသန်မာသွားစေသည်။ လယ်သမားမိဘတွေရဲ့ ပျိုးထောင်မှု အတွေ့အကြုံက မိမိကိုယ်ကို ကိုယ်တန်ဖိုးထားမှု အလွန်နိမ့်သည်။ ထိုပြဿနာ ရှာတတ်တဲ့လူတွေရဲ့ လျှာတွေကိုပိတ်ဖို့ဆိုရင် ပိုလို့တောင် မလိုအပ်ပေ။
လယ်သမားတွေရဲ့ပျိုးထောင်ခံရတာကို မကြိုက်ဘူးလား။
134 06
စိတ်မကောင်းပါဘူး။ သူတို့က သူတို့ရဲ့ကိုယ်ပိုင်မြေယာရှိတဲ့ လူကြီးလူကောင်းတွေပဲ။ တစ်ဘဝလုံးမှာ လက်မဆက်နိုင်ခဲ့ဘူးဆိုလျှင်တောင်မှ ဂုဏ်ပုဒ်အရဆို ထိုစာဝါငှက်လို အမျိုးသားတွေထက် ပိုပြီးကောင်းမွန်ပေသည်။
ထို့ကြောင့် ခင်ပွန်းနဲ့သားမက်ဖြစ်သူကို ရွေးချယ်ရာမှာ အရမ်းစိတ်မရှည် ဖြစ်လို့မရပေ။ သူမကို လိုက်နေကြတဲ့ ယောက်ျားလေးအုပ်စုက သူမကို တကယ်ကြိုက်နှစ်သက်တာ မဟုတ်လောက်ပေ။
သခင်မကြီးဟုန်ကလည်း ဧကရီမယ်တော်ကြီး ဆိုလိုတာကို နားလည်သည့်အတွက် လျင်မြန်စွာပဲ သူမခေါင်းကိုညွှတ်လိုက်ကာ ပြောလိုက်သည်။
“မယ်တော်ကြီးပြောတာ အမှန်ပါပဲ”
ဧကရီမယ်တော်ကြီးက သခင်မဖန်းကိုလည်း မေးလိုက်သည်။
“အန်းပန်းရဲ့ခြေထောက်ကရော အခုဘယ်လိုနေသေးလဲ”
သခင်မဖန်းက လျင်မြန်စွာ ဖြေလာသည်။
“မယ်တော်ကြီးကို ပြန်လည်ဖြေကြားပါတယ်။ စစ်သူကြီးက အခုဆိုပိုပြီး ကောင်းမွန်လာပါပြီ။ တစ်လအတွင်း အိပ်ရာထဲကနေထွက်ပြီး လမ်းလျှောက်နိုင်ပါတော့မယ်”
ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ သခင်မဟုန်က သူမရဲ့မောင်ဖြစ်သူကို ပြောနေတာကို တွေ့လိုက်ရသည်။
“ဒါတွေအားလုံးက အစ်မရဲ့အမှားတွေပါ။ လူတွေကို ကောင်းကောင်းမသိဘဲ မင်းကို ဒုက္ခဖြစ်စေမိပြီ”
သခင်မဖန်းက လျင်မြန်စွာ ရယ်မောလိုက်ကာ
“ဒီကိစ္စက ဘယ်လောက်ကြာတဲ့အထိ သွားနေဦးမှာလဲ။ လက်သည်တရားခံကိုလည်း နယ်စပ်ဆီ ပြည်နှင်ဒဏ် ပေးလိုက်ပြီလေ။ ဘာလို့အစ်မက ကိုယ့်ကိုကိုယ် အပြစ်တင်နေရသေးတာလဲ”
ယန်ရှုမျက်လုံးတွေက တောက်ပသွားပြီး သူမဘာသာ တွေးလိုက်သည်။ ဒီသခင်မဖန်းက တည်းတိုး ဆန်တဲ့သူပဲ။
စစ်စတန် [အမှန်ပဲ သခင်မဖန်းရဲ့မိဘတွေမှာက သားတစ်ယောက်မှ မရှိဘူး။ သူမနဲ့ သူမရဲ့ညီမကသာ သူတို့ရဲ့သမီးနှစ်ယောက်ပဲ။ ငယ်ကတည်းက သူမက သမီးကြီး ဖြစ်တယ်ဆိုပေမဲ့လည်း သူမရဲ့အကျင့်စရိုက်ကတော့ အကြီးဆုံးသားနဲ့ ပိုတူတယ်၊။ သူမရဲ့အလှတရားကြောင့် အရင်တုန်းကဆို လိုက်ခဲ့သူတွေ မရေမတွက်နိုင်အောင်ရှိတယ်။ မင်းညီမင်းသားတွေတောင်မှပဲ ပါတယ်။ ဒီပညာရှိမိသားစုက စစ်သူကြီးတင်းယွမ်ရဲ့ ကြင်နာမှုနဲ့ ပွင့်လင်းမှုကြောင့်သာ စစ်သူကြီးမိသားစုထဲကို လက်ထပ်ဝင်ခဲ့တာ။ ဒီစုံတွဲမှာ ပြည်သူလူထုနဲ့ စစ်စတပ်ရှိတယ်ဆိုပေမဲ့လညိး အေးချမ်းတဲ့ဘဝမှာ နေနေကြတာ]
ယန်ရှုက နားလည်သွားသည်။ ချိန်အန်းကုန်းစံအိမ်က ရှင်းသောက်နဲ့ယှဉ်လျှင် ဧကရီမယ်တော်ကြီးရဲ့ အဒေါ်တွေနဲ့ဆွေမျိုးတွေက မဆိုးပေ။
ထိုအချိန်မှာပဲ ဧကရီမယ်တော်ကြီးက သူမရဲ့အဒေါ်နဲ့ ယောင်းမဖြစ်သူကို မေးလိုက်သည်။
“ချိန်အန်းကို အစိုးရတဲ့သူက အဲ့လိုလား။ အခုဆို အိုက်ကျားက မင်းတို့ရဲ့ကလေးတွေနဲ့ မြေးတွေကို ညီလာခံကို ကူညီထောက်ပံ့ပေးနိုင်ဖိုအတွက် ပျိုးထောင်ပေးဖို့ပဲ မျှော်လင့်တယ်”
အဒေါ်နဲ့ယောင်းမဖြစ်သူတို့က နာခံလိုက်သည်။
~~~
ဖင်ကျင်းမြို့စားရဲ့ကိစ္စရပ်တွေက အချိန်တစ်ခုကြာပြီးနောက် အဆုံးသတ်ကို ရောက်လာပြီး မြို့တော်မှာ ခြောက်လပိုင်းပင် ရောက်လာပြီဖြစ်သည်။
ရာသီဥတုက ပူနွေးသထက် ပူနွေးလာပေမဲ့ ယန်ရှု စောင့်မျှော်နေတဲ့ အရေးကြီးတဲ့နေ့က နီးကပ်သထက် နီးကပ်လာပြီ ဖြစ်သည်။
—အမှန်ပင် စုန့်ဟယ်အကယ်ဒမီက ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ကျော်ကြားတဲ့ ဆရာသခင်တွေနဲ့ပညာရှိတွေက မြို့တော်ကို ရောက်လာတော့မည် ဖြစ်သည်။
အဟွတ် အဟွတ် ဆိုလိုတာက ထိုလျှို့ဝှက်ဆန်းကြယ်တဲ့ ကျုံးရိနန်းဆောင်က ပညာရှိက နောက်ဆုံးတော့ ပေါ်လာတော့မဲ့ အချိန်ပဲ။
******
135 01
အပိုင်း 135
ရက်ပေါင်းများစွာကြာအောင် ယန်ရှုတွင် မျှော်လင့်စောင့်စားနေမှုအပြည့်နှင့် ဖြစ်နေသည်။
ထိုခံစားချက်မျိုးက ထိုသူ့ရဲ့နာမည်ကို အချိန်အကြာကြီး လေးစားအားကျခဲ့ရတဲ့ အိုင်ဒေါလ်တစ်ယောက်နှင့် တွေ့ရတော့မည့် ပရိတ်သတ်တစ်ယောက်ကဲ့သို့ ဖြစ်သည်။
ကျစ် ကျစ် တစ်ခါက ဧကရီမယ်တော်ကြီးကို ချစ်ကျွမ်းဝင်စေခဲ့တဲ့သူပဲ။
အထူးသဖြင့် မဟာဆရာသခင်ချီဟာ လန်ယာကနေ ထွက်လာပြီဆိုတာကို သိလိုက်ရပြီး မြို့တော်ကနေဆိုလျှင် လန်ယာက လေးငါးရက်သာ ကြာသည်။ ထို့ကြောင့် သူမက သူမရဲ့နေ့ရက်တွေကို ရေတွက်ရုံသာ တတ်နိုင်တော့သည်။
သို့သော်…. ဧကရီမယ်တော်ကြီးရဲ့ ခေါင်းကိုက်ရောဂါက ကုသပြီးပြီဖြစ်ပေမဲ့ သူမက အချိန်ရှိသရွေ့ စကားပြောဖို့ မေးမြန်းနေပေသည်။ ပြီးတော့လည်း စာအုပ်တွေဖတ်ပြဖို့ တောင်းဆိုရတာကိုလည်း ကြိုက်နှစ်သက်နေသေးသည်။
သေချာတာပေါ့ သူမဘာသာ ရေးထားတာတွေကို ဖတ်ပြနေရတာပင်….။
ဒါကိုအမှတ်ရပြီး ဧကရီမယ်တော်ကြီးက သူမကို ထိုကဲ့သို့ ရှင်းပြလာသည်။
“အိုက်ကျားရဲ့မျက်လုံးတွေက နည်းနည်းမှုန်နေပြီ။ ပြီးတော့ ဒီစာအုပ်ထဲကစာလုံးတွေကလည်း သိပ်သည်းလွန်းတယ်။ ကြည့်ရတာ တကယ်ပဲ ဒုက္ခများတယ်။ အဲတော့ မင်း ဖတ်ပြတာကို နားထောင်ရတာက ပိုပြီးတော့ ကောင်းတယ်”
ယန်ရှုက ရယ်ရုံသာရယ်ကာ ပြောလိုက်သည်
“မယ်တော်ကြီးကတော့ နောက်နေပါပြီ။ မယ်တော်ကြီးရဲ့ပျင်းရိမှုကို သက်သာအောင် လုပ်ပေးရတာကိုက ဒီကိုယ်လုပ်တော်ရဲ့ဂုဏ်ယူဖွယ်ရာပါပဲ။ ဒါပေမဲ့….သခင်လေးရှောင်ယောင်ရဲ့ စာတွေကိုပဲ ဖတ်တာလားဟင်။ တခြားသူတွေရဲ့စာတွေကိုရော မဖတ်ဘူးလား။ စျေးကွက်ထဲမှာ အဲ့လိုရေးထားတဲ့သူတွေ အများကြီးရှိတယ်”
ဧကရီမယ်တော်ကြီးကပြောလိုက်သည်
“အဲဒီလူတွေရဲ့ရေးသားနည်းက အရမ်းကိုတင်းကြပ်လွန်းပြီး မမျှတဘူး။ ပုံမှန်ဆို မိန်းမနှစ်ယောက် သို့မဟုတ် သုံးယောက်က ယောက်ျားတစ်ယောက်တည်းကို လုကြတာမျိုး ဒါမှမဟုတ် အဲဒီယောက်ျားမှာ ကံကြမ္မာကောင်းရှိတာမျိုးတွေပဲ။ အပြင်ဘက်မှာ ကိုယ်လုပ်တော်တစ်ယောက်နဲ့ လက်ဆက်ပြီး အိမ်ကို ပြန်လာတဲ့အခါမှာ သူ့ကို ခစားပေးမဲ့ မွန်မြတ်တဲ့ဇနီးတစ်ယောက် ရှိတယ်။ ဇနီးတွေက ကြည့်မကောင်းဘူးဆိုပြီး သူတို့ဇနီးတွေရဲ့ခေါင်းတွေကိုတောင် ပြောင်းလဲချင်တဲ့သူတွေ ရှိသေးတယ်။ ဘာလို့အဲယောက်ျားက သူ့ခန္ဓာကိုယ်ကို သူ့ဘာသာသူ မပြောင်းလဲတာလဲ။ ဒါမှ သူ့ဇနီးက ကြည့်ရတာ မျက်စိပသာဒ ဖြစ်မှာပေါ့။ ပြောရရင် အဲဒါက လူတွေကို မပျော်ရွှင်အောင်လုပ်တယ်။ မကျေမချမ်း ဖြစ်ရမှုအတွက် မကျေမချမ်းဖြစ်ရမှု လက်တုံ့ပြန်မှုအတွက် လက်တုံ့ပြန်တာမျိုးကမှ နားထောင်ပြီးရင် လူတွေကို သက်တောင့်သက်သာ ဖြစ်စေတာ”
စာဖတ်သူတွေရဲ့မှတ်ချက်တွေကို မျက်နှာချင်းဆိုင် ကြားရခဲတဲ့ ယန်ရှုက ထိုစကားလုံးတွေကြောင့် အရမ်းကို စိတ်လှုပ်ရှားသွားပြီး ရှက်ရွံ့မှုကို သည်းခံဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်ကာ ဧကရီမယ်တော်ကြီးအတွက် သူမရဲ့ ကိုယ်ပိုင်ဇာတ်လမ်းကို အလေးအနက် ဖတ်တော့သည်။
ပြောစရာမလိုအောင်ပင် ထိုစာကို ဖတ်ပြီးနောက် ကျင့်သားရလာမည်ဖြစ်ပြီး စာရေးတဲ့နေရာမှာရှိတဲ့ မင်းရဲ့သဒ္ဒါ ချို့ယွင်းချက်တွေကိုလည်း ရှာတွေ့နိုင်သေးသည်။ ပြောရလျှင် အရမ်းကို ထိုက်တန်သည်ပင်။
ပုံပြင်တစ်ပုဒ်ပြီးသည့်အခါတိုင်း ဧကရီမယ်တော်ကြီးက မနေနိုင်ဘဲ စောဒကတက်တာတစ်ခုပင်။
“ဘာလို့ ဒီလူက အခုလတ်တလော အသစ်တွေကို မရေးရတာလဲ။ လွန်ခဲ့တဲ့သုံးလေးရက်မှာ စာအုပ်တစ်အုပ်ပဲ ထွက်တယ်လို့ကြားတယ် အခုဆို ဆယ်ရက် လဝက်လောက်ရှိနေတာကို စာအုပ်တစ်အုပ် ထပ်မထွက်ဘူး”
ယန်ရှုသည်လည်း သူမဘာသာ တွေးလိုက်သည်။
135 02
[ကျွန်မက တစ်နေ့လုံး အရင်စာအုပ်အဟောင်းတွေကို ပြန်ဖတ်ပြီး ရှင်နဲ့ အချိန်ဖြုန်းပေးနေရတာလေ။ အဲတော့ အသစ်အကြောင်းစဉ်းစားဖို့ အချိန်မရှိဘူး ဟုတ်ပြီလား။ ကျစ် ]
အပေါ်ယံမှာတော့ သူမက ထိုသို့ပြောရုံသာ တတ်နိုင်ပေသည်။
[ဟိုက်ချင်းဟယ်ရန်အကြောင်းကတော့ ကျင်းယီဝေ့က ဘာကိစ္စအသစ်ကိုမှ မတွေ့သေးပါဘူး။ အဲတော့ စာရေးတဲ့သူကလည်း ရေးစရာအကြောင်းအရာ အသစ် မရှိဘူးဖြစ်နေတာ]
ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ပြလိုက်သည်။
“အမှန်ပဲ ဒီအချက်ကနေ ကြည့်မယ်ဆိုရင် စာအသစ် မထွက်တာကလည်း သတင်းကောင်းတစ်ခုပဲ။ ဒါပေမဲ့ ဖတ်စရာအသစ် မရှိဘူးဆိုရင်လည်း လူတွေကို တစ်ခုခု ပျောက်ဆုံးနေသလို ခံစားရအောင် အမြဲတမ်းလုပ်တယ်။ ဒီလိုကောင်းမွန်တဲ့ ရေးသားပုံနဲ့ဆို ဘာလို့ ထူးဆန်းတဲ့ဝတ္ထုတချို့ မရေးတာလဲ မသိဘူး”
ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားတော့သည်။
“မယ်တော်ကြီး ပြောသလိုပါပဲ”
—သူတို့ရဲ့ဇနီးတွေကို ထိန်းသိမ်းတာမျိုး သူတို့ရဲ့ဇနီးတွေကို ခွဲခွာတာမျိုး ဒါမှမဟုတ် ကျေးဇူးမသိတတ်တာမျိုးကို ရေးနေလို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမရဲ့ဇာတ်လမ်းကို ဖတ်ပြီးတဲ့နောက်မှာ သူတို့ကို သွယ်ဝိုက်ရည်ညွှန်းနေတယ်လို့ ခံစားရတဲ့အတွက် သူမရဲ့ဇာတ်လမ်းအပေါ် ဝိုးတဝါးမှတ်ချက်တွေ ချထားကြသည်။ တွေးကြည့်လိုက်ပါက ထိုဇာတ်လမ်းသာ မြေခွေးဝိဥာဉ်အဖြစ် ရေးထားမည်ဆိုလျှင် အဲ့လိုသာဆို ဘယ်သူကမှ အဲ့အကြောင်းကို ပြောတော့မှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား။
ကောင်းပြီလေ ဒါကိုလည်း တိုးတက်ဖို့အတွက် အကြံကောင်းတစ်ခုလို့ သတ်မှတ်လို့ရတာပဲ။
သို့သော်….ထိုအချိန်မှာ သူမက ဇာတ်လမ်းအသစ်တွေကို မရေးနိုင်ပေ။ အဓိကအကြောင်းအရင်းကတော့ သူမရဲ့စိတ်တွေက မဟာဆရာသခင်ချီအကြောင်း သိချင်စိတ်တွေနဲ့ ပြည့်နေသည်။ ထို့ကြောင့် သူမက တစ်ခဏလောက် မလွယ်ကူဘူးဟု ခံစားလိုက်ရသည်။
ဟေး အခုဆို ခုနစ်ရက်မြောက်ရှိပြီမလား။ အဲဒီ မဟာဆရာသခင်ချီကလည်း မြို့တော်မှာ ရှိနေလောက်ပြီလေ ဟုတ်တယ်မလား။
ဒါကိုတွေးပြီးနောက် သူမက ဧကရီမယ်တော်ကြီးကို တိတ်တဆိတ် ကြည့်လိုက်ပြီး တွေးနေပေသည်။ ဧကရီမယ်တော်ကြီးက သူမရဲ့စာအုပ်အဟောင်းတွေကို ဖတ်ပြီး အချိန်ဖြုန်းနေတယ်ဆိုတော့ ဖြစ်နိုင်တာက သူမက အဲ့အကြောင်းကို မသိသေးတာလား။
စစ်စတန် [အမှန်ပဲ။ အရင်တစ်ခေါက်က ဆိတ်နို့ကိစ္စဖြစ်ပြီး အရင်ပြဿနာဟောင်းကလည်း ရက်ပေါင်းများစွာထိ တစ်ဆက်တည်း ဖြစ်သွားတာလေ။ အဲတော့ ဧကရီမယ်တော်ကြီးက တိုင်းရေးပြည်ရာကိစ္စတွေကို သတင်းမရသေးဘူး။ အများဆုံး သူတွေးနေတာက နင်က ဘယ်အချိန်ကျမှ ဧကရာဇ်ရဲ့ဆက်ခံသူကို မွေးပေးနိုင်မလဲဆိုတာပဲ သေချာပေါက်ပဲ။ ငါလည်း အဲဒါတော့ မသိဘူး]
ယန်းရှု “…..”
သူမ ကလေးရှိလာမဲ့အကြောင်းကို ဘာလို့ပြောနေကြတာလဲ။ အဲဒါက သူမဘာသာ ဆုံးဖြတ်နိုင်မဲ့ အရာမို့လို့လား။
ဒါပေမဲ့ အခုချိန် ဧကရီမယ်တော်ကြီး မသိသေးတာလဲ။ ကောင်းတာပဲ။ တစ်နေ့မှာ မမျှော်လင့်ဘဲ တွေ့လိုက်ရပြီး အံ့အားသင့်စရာလေး ဖြစ်သွားတာပေါ့ ဟီးဟီး…
သူမ ထိုအကြောင်းကို တွေးနေစဉ်မှာပဲ နန်းတော်အစေခံတွေက အဆာပြေ အစားအသောက်တွေ ယူလာတာကို တွေ့လိုက်ရသည်။
ဧကရီမယ်တော်ကြီးက ပြောလိုက်သည်
“ဒါက မြည်းအရွတ်ကို ပြုတ်ပြီးရလာတဲ့ ဂျယ်လီကိတ် စွန်ပလွံသီးအနှစ်ကိတ်နဲ့ ကုံချီလုံကန်လက်ဖက်ရည်ပဲ။သူတို့အားလုံးက ချီနဲ့သွေးကို အားဖြည့်စေတဲ့နေရာမှာ အရမ်းကောင်းတယ်။ ပြီးတော့ ခန္ဓာကိုယ်ကိုလည်း နွေးထွေးစေတယ်။ မင်းလည်း မြည်းကြည့်သင့်တယ်”
ကောင်းပြီလေ။ မြည်းအရွတ်ဂျယ်လီကိတ်က နှမ်းမည်းနဲ့ သစ်ကြားသီးအစေ့အဆန်တွေနဲ့ ပြည့်နှက်နေတာပဲ။ တစ်ချက်ကြည့်တာနဲ့တင် ကြွပ်ရွနေမှန်း သိသာတယ်။ စွန်ပလွံသီးကိတ်ရဲ့အပြင်ဘက်က အဆာသွပ်မုန့်အလွှာတွေက အများကြီးပဲ။ မစားခင် နှာခေါင်းဝဆီ ပျံ့လွင့်လာနေတဲ့ ချိုမြိန်တဲ့မွှေးရနံ့ပြင်းပြင်းကို ခံစားနေရတယ်။ အနီရောင်ကုံချီလုံကန်လက်ဖက်ရည်က တောက်ပပြီး ကြည်လင်နေတာပဲ။ ဒါကအရမ်းကို ဆွဲဆောင်နိုင်လွန်းတယ်။
135 03
ယန်ရှုက စကားလုံးတွေကို အချိန်အကြာကြီး ဖတ်လိုက်ရပြီး ရေဆာလာတော့သည်။ ထို့ကြောင့် ဒီတစ်ကြိမ်တော့ သူမ မြည်းကြည့်သင့်သည်။
—အဟွတ် ဘာပဲဖြစ်ဖြစ် သူမက ဆိတ်နို့နဲ့အလက်ဂျစ် မဖြစ်သည့်အပြင် နွားနို့နဲ့လည်း မဖြစ်ပေ။ ပြီးတော့ ဧကရီမယ်တော်ကြီးကလည်း သူမကို ထိခိုက်စေမဲ့ ရည်ရွယ်ချက် မရှိလောက်ပေ။ ထို့ကြောင့် သူမက အဲဒါကို စားရဲသည်။
သူမက စားတဲ့နေရာမှာ အလေးအနက် ဖြစ်နေတာကို တွေ့လိုက်ရပြီးနောက် ဧကရီမယ်တော်ကြီးက သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရပေမဲ့ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်
“အရှင်မင်းကြီးက အိုက်ကျားဆီမှာ ဒီလိုမျိုးပဲ ဒင်ဆမ်း စားရတာကို နှစ်သက်ခဲ့တာ….”
သူ အခုမစားနိုင်တော့တာ စိတ်မကောင်းစရာပဲ….။
ဟေး အမှန်ပဲ သူသာ စောစောကသိရင် ဘာလို့ဒီလိုလှုပ်ရှားမှုမျိုး လုပ်မှာတဲ့လဲ။
သို့သော် ယန်ရှုက သူမကို နှစ်သိမ့်ပေးလာသည်။
“အရှင်မင်းကြီးက အခုတလော အလုပ်ရှုပ်နေလို့ ဖြစ်လောက်မယ်။ တစ်ခဏလောက်ပြီးရင် မယ်တော်ကြီးကို အဖော်ပြုပေးဖို့ အားသွားတော့မယ် ထင်ပါတယ်”
ဧကရီမယ်တော်ကြီးကလည်း ခေါင်းညိတ်လိုက်ပေမဲ့ ရုတ်တရက် သူမကို ကြည့်ကာ ပြောလာသည်။
“မင်းချ က်ထားတာတွေက သူ ကြိုက်လောက်မယ်”
ယန်ရှုကရှက်ရွံ့သွားပြီး လျင်မြန်စွာ ပြောလိုက်သည်။
“…..ဒီကိုယ်လုပ်တော်က တုန်ယင်တဲ့ခြေနဲ့လက်တွေ ရှိပါတယ်။ ဒင်ဆမ်းကို ဘယ်လိုလုပ်ရမလဲ ဆိုတာကိုလည်း မသိပါဘူး”
အမှန်ပဲ။ သူမက အတော်လေးပျင်းရိပြီး သူမ ကလေးဘဝကတည်းက စားရတာပဲ ကြိုက်နှစ်သက်ကာ ချက်ပြုတ်ရတာကို မကြိုက်ပေ။ မဟုတ်လျှင် နောက်ဆုံးတစ်ခေါက်က ဧကရာဇ်အတွက် စွပ်ပြုတ်ချက်ပေးသည်အထိ အမြင်ကွယ်နေမှာ မဟုတ်ပေ။
သို့သော် ဧကရီမယ်တော်ကြီးက ပြုံးကာ ပြောလာသည်။
“ဘယ်လိုလုပ်ရမလဲဆိုတာကို မသိဘူးဆိုရင် သင်လို့ရတယ်လေ၊ ဒီနေ့ အားနေတယ်ဆိုမှတော့ သူတို့ကို မင်းကိုသင်ခိုင်းလိုက်မယ်”
သူမပြောသလိုပင် ဒင်ဆမ်း ပြုလုပ်သည့်သူကို နေရာမှာတင် ချက်ချင်းခေါ်လိုက်သည်။
“ယိပိကို ဒင်ဆမ်းဘယ်လိုလုပ်ရမလဲဆိုတာကို သင်ပေးလိုက်။ အရမ်းခက်ခဲစရာ မလိုဘူး။ အရှင်မင်းကြီးစားရတာ နှစ်သက်တဲ့ အနည်းငယ်ဆိုရင် ရပြီ”
ထမင်းချက်က ချက်ချင်းပဲ တုံ့ပြန်လိုက်ပြီး ယန်ရှုဆီကို ရောက်လာတော့သည်။
“ကျေးဇူးပြုပြီး အစေခံတွေနဲ့အတူ အချိုပွဲခန်းဆောင်ထဲကို လာရောက်ပေးပါ”
ယန်ရှု “….”
စာသင်နေရရုံတင် မကဘူး။ အဆာပြေမုန့်လုပ်တာကိုပါ သင်ရဦးမှာတဲ့လား။
....ချီအန်းနန်းဆောင်ကိုလာတာက စက်မှုလက်မှုကျောင်းကို လာတက်ရတာလား။
သို့သော် ဧကရီမယ်တော်ကြီးကိုယ်တိုင် ပြောသည်ဆိုမှတော့ သူမ ငြင်းဆန်လို့ မရပေ။ ထို့ကြောင့် သူမမှာ ရွေးချယ်စရာမရှိဘဲ ကောင်းပါပြီဟုပြောကာ လိုက်သွားရတော့သည်။
သူမရဲ့အနောက်မှာတော့ ဧကရီမယ်တော်ကြီးက အပြုံးတစ်ပွင့်နဲ့ ခေါင်းညိတ်နေပေသည်။ ထို့နောက် ဒီကလေးမလေးယီပိက အတော်လေးစိတ်ဝင်စားစရာ ကောင်းသည်ဟု တွေးနေပေသည်။ သူမနဲ့ စကားစမြည် ပြောရတာက သူမျက်လုံးတွေကို အနှောက်အယှက် မဖြစ်စေသည့်အပြင် အတော်လေးလည်း သက်တောင့်သက်သာရှိသည်။
135 04
သို့သော် ယန်ရှုကတော့ ဒင်ဆမ်းပြုလုပ်သည့်အခန်းထဲမှာ ထမင်းချက်နှင့် အချိန်အကြာကြီး အလုပ်ရှုပ်နေပေသည်။ အဆာသွပ်မုန့်ရဲ့အထဲက ဖြည့်ရသည့်အရာကို ပြင်ဆင်သည်ကစလို့ ဂျုံနယ်ပြီး ပုံဖော်ကာ မီးဖိုထဲကို ထည့်သည်အထိ ပြုလုပ်ရပေသည်။ သူမ သေချာဂရုတစိုက်နဲ့ သင်ထားသည်ဟုပင် ပြောနိုင်ပေသည်။ သို့သော် နာရီဝက်ခန့်အကြာမှာတော့ ရွှေရောင်သန်းပြီး ကြွပ်ရွနေတဲ့ သစ်အယ်သီးကိတ်တွေကို မီးဖိုထဲကနေ ထုတ်လိုက်ပေသည်။ ပြီးနောက် သူတိ့က အလွန်ကိုစားကောင်းပြီး လူတွေအား ပြီးမြောက်အောင်မြင်သွားသည်ဟူသော ခံစားချက်ကို ရစေသည်။
ဧကရီမယ်တော်ကြီးပင်လျှင် မျက်နှာသာပေးရန် အပိုင်းအနည်းငယ် မြည်းလိုက်ကာ သူမကိုလည်း ကလေးတစ်ယောက်လို ချီးကျူးပေးလာသည်၊
ထိုသို့ အလုပ်ရှုပ်နေပြီးနောက် နေ့လည်ပင် ရောက်နေပြီဖြစ်ပြီး နေ့လည်စာ စားရမည့်အချိန်ပင်။
ဧကရီမယ်တော်ကြီးသည်လည်း အချိုပွဲခန်းထဲမှာ ချွေးတွေ အလွန်အမင်း ထွက်နေသည့် ယန်ရှုကို သနားသွားကာ သူမကို နေ့လည်စာ စားသွားရန် ပြောလိုက်သည်။
နန်းတော်အစေခံတွေက ဟင်းပွဲချနေတဲ့အချိန်မှာပဲ ရှန်းရှန်အကြံပေးက ရေခဲပန်းကန်လုံးပေါင်းများစွာနဲ့ အလျင်အမြန် လာနေတာကို တွေ့လိုက်ရပြီး အပြုံးတစ်ပွင့်နဲ့ လျှောက်တင်လာသည်။
“ဧကရီမယ်တော်ကြီးကို လျှောက်တင်ချင်ပါတယ်။ ဒီပျားရည်လို ချိုမြန်တဲ့ရေခဲဖရဲသီးပန်းကန်က အတော်လေး ကောင်းမွန်ပါတယ်။ အဲဒါကြောင့် စားဖိုဆောင်ကို မယ်တော်ကြီးနဲ့ယီပိအတွက် ပန်းကန်အချို့ ပိုလုပ်ဖို့ အထူးမှာကြားထားလိုက်တာပါ”
ဒါကိုကြားချိန်မှာ ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားပြီး သူမ ဒီလောက်တောင် ချွေးတွေ ထွက်နေတဲ့အချိန်မှာ ဧကရာဇ်က ရေခဲဖရဲသီးတစ်ပန်းကန် ပို့လိုက်တာက တကယ်ကို ထောက်ထားတတ်တာပဲ။
ဧကရီမယ်တော်ကြီးက မေးလိုက်သည်။
“ဒီနေ့ ဝိန်ဟွားနန်းဆောင်မှာ ဘယ်လိုစားသောက်ပွဲမျိုး ရှိနေလို့လဲ”
ရှန်းရှန်အကြံပေး ဝူချွင်းက အပြုံးတစ်ပွင့်နှင့် ပြန်ဖြေလာသည်။
“စုန့်ဟယ်အကယ်ဒမီက ရက်အနည်းငယ်အတွင်း ပြန်လည်ဖွင့်လှစ်တော့မှာမလို့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းဆိုင်ရာ ရုံးတော်ကနေ တိုင်းပြည်တစ်ဝှမ်းက နာမည်ကြီးဆရာတွေနဲ့ပညာရှိတွေ အများကြီးကို ဒီနေ့မှာ စုစည်းဖို့ ဖိတ်ကြားထားတာပါ။ ဒါက အရှင်မင်းကြီးကိုယ်တိုင် ကျင်းပတဲ့ ကွန်ဖြူးရှပ်စားသောက်ပွဲတော်ပါ”
ဒါကိုကြားချိန်မှာ ယန်ရှုက ရေခဲဖရဲသီးပန်းကန်ကိုမကာ စားနေရင်း ဧကရီမယ်တော်ကြီးကို တိတ်တိတ်လေး ခိုးကြည့်လိုက်သည်။ သို့သော် တွေ့လိုက်ရသည်က ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ရုံ ညိတ်ပြလာပြီး သူမ နားမလည်နေသလိုပင်။ ထို့နောက် မေးလာသည်။
“ဒီလိုကိစ္စ ရှိတာလား။ဒီနေ့ ဘယ်သူတွေ လာသလဲ”
ဝူကွမ်းရှီက ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော်မျိုးကို ရူးမိုက်တဲ့အတွက် ခွင့်လွှတ်ပေးတော်မူပါ ။ဒီနေ့ စားသောက်ပွဲကို တက်ရောက်တဲ့သူက သုံးဆယ်ကျော်တဲ့အတွက် သူတို့အားလုံးကိုတော့ မမှတ်မိပါဘူး။ ဒါပေမဲ့ နာမည်အကြီးဆုံးတွေကတော့ ကျင်းလင်က ဆရာသခင်ကျီ ၊ လန်ယာက ဆရာသခင်ချီ ၊ နန်းယန်က ဆရာသခင်ကုနဲ့ ဆရာသခင်ယွီတို့လဲ စာရင်းထဲမှာ ပါပါတယ်”
ထိုစကားသံ ထွက်လာသည်နှင့် ဧကရီမယ်တော်ကြီးရဲ့ မျက်ဝန်းထဲမှာ အနည်းငယ် ရပ်တန့်သွားတာကို တွေ့လိုက်ရသည်။
လန်ယာ…..ဆရာသခင်ချီ။
ထိုအချိန်တုန်းက….အဲ့လူက လန်ယာကို ပြန်သွားတာ မဟုတ်လား။
အပေါ်ယံမှာတော့ သူမက ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်သည်။
135 05
“အနုစာပေလောကကို အချိန်အကြာကြီး အာရုံမစိုက်မိဘူး။ အဲတော့ ဒီနာမည်တွေကိုလည်း မကြားဖူးဘူး”
ယန်ရှုက လျင်မြန်စွာ ပြောလိုက်သည်။
“သူတို့တွေအားလုံးက ဗဟုသုတနဲ့ပြည့်စုံပြီး လူသိများ ကျော်ကြားတဲ့ လူကြီးလူကောင်းတွေပဲ။ အရှင်မင်းကြီးက သူတို့ကို စုန့်ဟယ်အကယ်ဒမီ ပြန်လည် အားပြည့်လာဖို့အတွက် ဖိတ်ကြားထားတာ။ သူတို့ဆီကနေတောင် အနာဂတ်မှာ စုန့်ဟယ်အကယ်ဒမီရဲ့တောင်သခင်အကြီးအကဲနေရာအတွက် ငှါးရမ်းဖို့ ရည်ရွယ်ထားတယ်”
ကျစ် ကျစ်… ဒါက ကျွန်မပြောပြနိုင်တာအကုန်ပဲ။ မဟုတ်ရင် သံသယတွေ နှိုးကြားသွားလိမ့်မယ်။
သူမ ပြောလိုက်ပြီးနောက် လျင်မြန်စွာပဲ စစ်စတန်ကို ထပ်ခေါ်လိုက်သည်။
[နင်ပြောကြည့်။ ဧကရီမယ်တော်ကြီးက ခန့်မှန်းမိမယ်လို့ နင်ထင်လား။]
စစ်စတန် [မှန်းနိုင်လောက်ပါတယ်။ မျိုးရိုးနာမည်ချီက အစကတည်းက ရှားပါးနေပြီ။ ပြီးတော့ သူကလည်း လန်ယာကလေ။ ဧကရီမယ်တော်ကြီးက ချီရှုကွမ် လန်ယာကို ပြန်သွားကတည်းက ဆရာအဖြစ် လုပ်နေတာကို သိတယ်]
ယန်ရှုက ထိုစကားတွေကို ကြားသည့်အခါ တိတ်တိတ်လေး ခေါင်းညိတ်လိုက်ပြီး ဧကရီမယ်တော်ကြီး အချိန်နည်းနည်းလောက် ပိုပေးလိုက်သည်။ သူမ သေချာပေါက် သိလိမ့်မည်ပင်၊
ဝူချွင်းက ရေခဲပန်းကန်လုံးတွေကို ပို့ဆက်ပြီးနောက်မှာတော့ ယန်ရှုကို ဧကရီမယ်တော်ကြီးရဲ့နေ့လည်စာ စားတဲ့နေရာမှာ အဖော်ပြုပေးဖို့အတွက် ချန်ထားခဲ့ပြီး စားသောက်ပွဲဆီကို အလျင်အမြန် ပြန်သွားတော့သည်။ နေ့လည်စာ စားပြီးနောက် သူမသည်လည်း နှုတ်ဆက်လိုက်ကာ သူမရဲ့ကန်လုနန်းဆောင်ဆီသို့ ပြန်သွားတော့သည်။
ထိုစုံတွဲအကြောင်းက ခေါင်းထဲမှာ အပြည့်ဖြစ်နေပြီး သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံနိုင်ပါ့မလားဆိုတာကို သိချင်နေမိသည်။
—ပြောမှပင် မဟာဆရာသခင်ချီက ဧကရီမယ်တော်ကြီးရဲ့ မှုးမတ်ဟောင်းတစ်ဦးပင် သူက အဝေးကို ရောက်နေသည်မှာ ဆယ်နှစ်ကျော်ရှိပြီဖြစ်ပြီး ဒီတစ်ကြိမ်လို နန်းတော်ထဲ ဝင်ရသည်က ရှားပါးလှသည်။ သူသာ ဧကရီမယ်တော်ကြီးဆီကို သွားရောက် လည်ပတ်ချင်သည်ဆိုလျှင် သဘာဝကျကျပဲ အကျိုးအကြောင်းသင့်သည်။
—ဝူးဟူး သူတို့နှစ်ယောက်ကြားမှာ ကျော်လွှားလို့မရတဲ့ အဟတစ်ခု ရှိနေပြီး သခင်မမုတို့လို ပြန်လည်ပေါင်းစည်းနိုင်ဖို့ဆိုတဲ့ဖြစ်နိုင်ချေက အလွန်သေးငယ်တယ်ဆိုတာကို သိနေပေမဲ့လည်း ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက်တော့ အမြဲတမ်း တွေ့နိုင်နေပေသည်။
စိတ်ထဲက ထိုကဲ့သို့တွေးပြီး စစ်စတန်ဆီကနေ သတင်းရဖို့ မစောင့်နိုင်တော့ပေ။
သို့သော်လည်း ညနေဆည်းဆာအထိ အချိန်အကြာကြီး စောင့်နေပြီး ညစာစားပြီးသွားတာတောင် ထိုနှစ်ယောက်တွေ့ဆုံတဲ့သတင်းက ရှိမလာသေးပေ။
စစ်စတန်က သူမကို ဖြောင်းဖျလိုက်သည်။
[မစောင့်နဲ့တော့။ ဆေးကြောပြီး အိပ်ရာဝင်တော့ ဆရာသခင်ချီက ဒီနေ့နေ့လည်တုန်းက နေ့လည်စာ စားပြီးတာနဲ့ နန်းတော်ကနေ ထွက်ခွာသွားပြီ]
ယန်ရှုက အနည်းငယ် စိတ်ပျက်သွားကာ
[သူ့နှလုံးသားထဲမှာ ထပ်ပြီးတော့ ဧကရီမယ်တော်ကြီးက မရှိတော့ဘူးလား။]
စစ်စတန် [ဒီလူက အမြဲတမ်း သတိထားနေခဲ့တာ။ သူ့ရဲ့ခံစားချက်တွေ စတင်လာတာနဲ့ သူက အရမ်းကို စိတ်ဓာတ်ကျသွားပြီး ဧကရီမယ်တော်ကြီးကို တွေ့တဲ့အခါတိုင်း ကိစ္စတွေကို လျှောက်တင်ရမှာကလွဲပြီး ကျန်တာတွေကို ပြောခဲတယ်။ နောက်ပိုင်း တချို့ထုတ်မေးတဲ့မေးခွန်းတွေ ရှိမလာခင်အထိပဲ။ အများစုကတော့ လက်တွေ့လုပ်ရတာတွေပဲ။ ဧကရီမယ်တော်ကြီးကို ကာကွယ်ဖို့ ပိုပြီးတော့ ယဉ်ကျေးတယ်လို့တောင် ပြောလို့ရတယ်။ ယဉ်ကျေးတာကို အသာထားဦး။ အခုဆိုနှစ်တွေ အများကြီးရှိပြီ။ ဧကရီမယ်တော်ကြီးက ဘာတွေတွေးနေလဲဆိုတာကို သူ မသိဘူး။ ပြီးတော့ အရေးကြီးတာက ဧကရာဇ်ရဲ့သဝန်တိုတာက အမေနဲ့ကလေးရဲ့ဆက်ဆံရေးအပေါ်မှာ သက်ရောက်သွားမှာစိုးလို့ သူက အလျင်စလိုနဲ့ အပြေးအလွှား မတွေ့ရဲဘူးလေ]
135 06
ယန်ရှုက မနေနိုင်ဘဲ ကျစ် ကျစ် ကျစ်ဟု လုပ်လိုက်ကာ သူတို့တွေ လက်ဆက်ထားတုန်းမှာပဲ တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့ မုန်းတီးနေကြတာက တကယ်ကို သနားစရာပဲ!
ဒါပေမဲ့ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီလိုခံစားချက်မျိုးကို ဖိနှိပ်လေလေ လူတွေကပိုပြီးတော့ မရပ်နိုင်လေလေပဲ။ ဒါကို ပုံပြင်စာအုပ်ထဲမှာ ရေးရမယ်။ မခွဲနိုင်မခွာရက်စရာ ကောင်းပြီး သနားချင့်သဖွယ် ဖြစ်နေမှာပါလိမ့်။
သူမ ထိုသို့တွေးနေစဉ်မှာပဲ တံခါးအပြင်ဘက်ကနေ အသံတစ်ခု ကြားလိုက်ရသည်။
“အရှင်မင်းကြီးက ဒီကို ကြွချီလာပါပြီ….”
ယွီဝိန်းလန်က ခန်းမထဲကို ခြေချလိုက်ချိန်မှာပဲ ထိုစာကြောင်းကို ကြားလိုက်ရသည်
—[ဒီလိုခံစားချက်မျိုးက စိတ်ဓာတ်ကျစရာ ကောင်းလေလေ မရပ်တန့်နိုင်လေလေပဲ]
သူက သိချင်သွားရသည်။ ဘယ်လိုဖိနှိပ်ထားတဲ့ ခံစားချက်မျိုး မို့လို့လဲ။ ဖရဲသီးတချို့ ရှိနေလို့များလား။
-အဟွတ် အမှန်ပဲ သူက ယခုဆိုလျှင် “ဖရဲသီး” ဆိုတဲ့စကားလုံးကို ကျင့်သားရသွားပြီ ဖြစ်သည်
ပြောရမည်မှာ အတော်လေးတော့ စိတ်ဝင်စားစရာ ကောင်းသည်။
သို့သော် ယန်ရှုက သူ့ကို ဂါရဝပြုရန်အတွက် ရှေ့တိုးလာတာကို မြင်လိုက်ရပြီး သူက သူမကို သူ့လက်ထဲကိုဆွဲလိုက်ကာ မေးလိုက်သည်
“ဒီနေ့ဇာတ်လမ်းအသစ် ရေးတာလား။ ဘယ်လိုပုံပြင်မျိုးလဲ”
မမျှော်လင့်ထားစွာနဲ့ သူမ ပြောလာတာကို ကြားလိုက်ရသည်။
“ဒီကိုယ်လုပ်တော်မှာ အခုရက်ပိုင်း စာရေးဖို့ အချိန်မရှိပါဘူး”
သို့သော် သူမနှလုံးသားထဲမှာ ပြောနေသည်က
[ဧကရီမယ်တော်ကြီးနဲ့ မဟာဆရာသခင်ချီတို့ရဲ့အကြောင်း ရေးချင်တယ်။ ကျစ် ကျွန်မကို ရေးခွင့်ပြုပေး။]
ယွီဝိန်းလန် “….”
သူ တကယ်ကိုပဲ မလုပ်ချင်ပေ။
—ဒါဟာ တော်ဝင်မိသားစုရဲ့ မျက်နှာပါဝင်နေပြီး နှောင်းဧကရာဇ်ရဲ့ ဂုဏ်သိက္ခာလည်း ပါနေပေသည်။ သူက ဘယ်လိုလုပ်ပြီး အလွယ်တကူ လက်ခံနိုင်မှာတဲ့လဲ။
ထို့ကြောင့် ယနေ့ ချီရှုကွမ်ကို တွေ့သည့်အခါ သူက အနည်းငယ် ထူးဆန်းသည်ဟု ခံစားနေရပေသည်။
ဒီနေ့ ချီရှုကွမ်သာ ဧကရီမယ်တော်ကြီးနဲ့ တွေ့ဆုံဖို့ ခွင့်တောင်းလာမည်ဆိုလျှင် သူက သေချာပေါက်ကိုပဲ ငြင်းဆိုမည်ဖြစ်ကာ ဒါအတွက်ကြောင့်နှင့် သူ့အပေါ် အထင်သေးသွားမည် ဖြစ်သည်၊
သို့သော် ကံကောင်းစွာနဲ့ အစကနေအဆုံးထိ ချီရှုကွမ်မှာ ဒီလိုအကြံမျိုးရှိမနေဘဲ နေရာဟောင်းကို ပြန်သွားပြီး လည်ပတ်ကာ သူ ကြီးပြင်းလာခဲ့ပြီဟု သက်ပြင်းချပြီး သူတိုင်းပြည်ကို အုပ်ချုပ်နေတာကြောင့် စိတ်သက်သာရာရသည်ဆိုတာကလွဲလျှင် သူ့နှလုံးသားထဲမှာ ဘာထွေပြားနေတဲ့အတွေးမျိုးမှ မရှိပေ။
ဧကရီမယ်တော်ကြီး အကြောင်းနှင့်ပတ်သက်သည့် စာတစ်ကြောင်းသာလျှင် ရှိသည်။ ယေဘုယျပြောရလျှင် သွေးသားမတော်စပ်သည့်တော်ဝင်မင်းသားတစ်ပါးကို သင်ကြားပေးဖို့ ဧကရီမယ်တော်ကြီးက အများကြီး အားထုတ်လိုက်ရသည်ဟူသော အတွေးသာဖြစ်သည်။၊
တကယ်တော့ ယွီဝိန်းလန်သည်လည်း ဧကရီမယ်တော်ကြီးရဲ့ ကြိုးစားအားထုတ်မှုကို နားလည်ပေသည်။
အထူးသဖြင့် အခုတလောတွင် တခြားမိသားစုတွေမှာ ဖြစ်ပွားတဲ့ ကိစ္စတွေအများကြီးကို တွေ့ကြုံရပြီးနောက် ဖြစ်သည်။ လောကကြီးထဲက လူတိုင်းက တစ်ကိုယ်ကောင်းဆန်ကြပြီး အထူးသဖြင့် မနာလိုဝန်တိုတာပင် ထိုအရာက ပိုလို့ပင် ကြောက်ဖို့ကောင်းသည်။
135 07
ဧကရီမယ်တော်ကြီးက ပထမဧကရာဇ်ရဲ့ ပထမဇနီးဖြစ်သည်။ သူကတော့ ပထမဧကရာဇ်နဲ့ တခြားမိန်းမတစ်ယောက်ရဲ့ ကလေးဖြစ်သည်။ သူ့ကို ယခုလိုမျိုး ဆက်ဆံပေးနိုင်တာက တကယ်ကို ကြင်နာပြီး ရက်ရောလို့ပဲ ဖြစ်သည်။
ထို့ကြောင့် ယနေ့ ရေခဲဖရဲသီးတစ်ပန်းကန် စားရချိန်မှာ တစ်ယောက်ယောက်ကို အထူးမှာကြားပြီး ဧကရီမယ်တော်ကြီးဆီ ပို့ခိုင်းလိုက်သည်။
သေချာပေါက် အစားအသောက် ဝါသနာအိုး ယန်ရှုရော ထိုနေရာမှာ ရှိနေသောကြောင့်ပင် သူက ခဲတစ်လုံးနဲ့ငှက်နှစ်ကောင် ပစ်လိုက်နိုင်သည်။
သို့သော် ဘာပဲဖြစ်နေပါစေ ဧကရီမယ်တော်ကြီးနဲ့ ချီရှုကွမ်ကြားမှာတော့…သူက အဲဒါကို လက်မခံချင်သေးပေ။
ထို့ကြောင့် သူမကို အရိုင်းဆန်စွာ တွေးတောနေတာကနေ တားဆီးရန် သူကခေါင်းစဉ်ကို အလျင်အမြန် ပြောင်းလိုက်ကာ ပြောလိုက်သည်။
“ဒီတစ်ခေါက် မြို့တော်ကိုလာတဲ့ နာမည်ကြီးဆရာသခင်နဲ့ ပညာရှိအချို့ထဲက အနည်းငယ်ကို စုန့်ဟယ်အကယ်ဒမီအတွက် စောင့်ကြပ်ဖို့ ရည်ရွယ်ထားတယ်။ အဲဒါကြောင့် ဒီတစ်ခေါက် သူတို့တွေ မြို့တော်မှာနေလိမ့်မယ်။ သူတို့ရဲ့မိသားစုဝင်တွေကိုပါ ခေါ်လာတဲ့အတွက် ကိုယ့်ရဲ့စိတ်ရင်းကို ပြသဖို့ သူတို့တွေရဲ့ မိသားစုဝင်တွေအတွက် နန်းတော်ထဲမှာ ဖျော်ဖြေပေးဖို့ စီစဉ်ထားတယ်။ သူတို့ကို လာပြီးထောက်ခံပေးမယ် ဆိုရင်ရော”
ဒါကိုကြားချိန်မှာ ယန်ရှုက တွန့်ဆုတ်သွားရသည်။
သေစမ်း သူမ ပုံပြင်ရေးတာနဲ့ စကားပြောတာကိုပဲ မကြည့်နဲ့။ တကယ်တော့ သူမက အတော်လေး လူကြောက်သည်ပင်။ နန်းတော်စားသောက်ပွဲ တစ်ခုကို ကျင်းပပြီး မသိတဲ့ လူတွေအများကြီးကို ဧည့်ခံကာ သူတို့နှင့်နှုတ်ဆက်ပြီး စကားပြောရမည်က အထူးသဖြင့် သူမနဲ့ သက်တူရွယ်တူ ဟုတ်မနေတဲ့အခါမှာလေ….
သူမက ကျောချမ်းသွားပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။
“ဒီကိုယ်လုပ်တော်က ပါရမီအများကြီး မရှိပါဘူး။ နန်းတော်ထဲက အရည်အချင်းကလည်း သိပ်ပြီးမမြင့်ဘူး။ တကယ်လို့ နန်းတော်ဧည့်ခံပွဲကို တာဝန်ယူတဲ့နေရာမှာ မဆင်မခြင်ပြုမူမိရင် လူတွေရဲ့လျှာတွေကို ဆွဲဆောင်မိမှာ စိုးပါတယ်။ ဘာလို့ဧကရီမယ်တော်ကြီးကို ထွက်မလာခိုင်းတာလဲ။ ဧကရီမယ်တော်ကြီးသာ ဧည့်ခံမယ်ဆိုရင် ပိုပြီးတော့ မဆိုးရွားနိုင်ဘူးမလား။ တော်ဝင်ညီလာခံရဲ့ အရေးပါမှုကို ပြသနိုင်ဖို့လေ”
ယွီဝိန်းလန်က ထိုစကားတွေကို ကြားသည့်အခါ တစ်ခဏခန့် တွေးလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အဆင်ပြေပါတယ်။ ထိုက်ဖူနန်းဆောင်ရဲ့ မိသားစုဝင်တွေ ကော်ကျစ်ကျန်းနဲ့ ပညာရှိတွေအများကြီးကို အတူတူစုခေါ်ရင်ရော ဘယ်လိုလဲ။ နာမည် ပြောင်းလိုက်တာက ပိုပြီးသင့်တော်မယ် ထင်တယ်”
ယန်ရှုက လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။
“အရှင်မင်းကြီး ပြောတာ အမှန်ပဲ”
ကောင်းပြီ ကောင်းပြီ။ လူတွေအများကြီး ရှိနေရင် ပိုပြီး အသက်ဝင်လိမ့်မယ်။ ပိုပြီးမြူးကြွမယ်ဆိုရင် ဖရဲသီးတွေ ပိုရှိလိမ့်မယ်။
သူမက စားသောက်နေတုန်း ဖရဲသီးစားရတာ ကြိုက်တယ်။
ယွီဝိန်းလန် “….”
ဖရဲသီး ဘယ်လိုစားရမလဲဆိုတာပဲ သိတယ်။
သို့သော်လည်း သူမရဲ့ပါးတွေက အနီရောင် သန်းနေတာကို တွေ့လိုက်ရပြီး သူမရဲ့သစ်အယ်စေ့သဏ္ဍာန်မျက်ဝန်းတွေက စိတ်လှုပ်ရှားမှုကြောင့် လင်းလက်နေကာ မနေနိုင်ဘဲ သူ့နှလုံးသားထဲမှာ နက်ရှိုင်းတဲ့ ယားယံမှုလေးတစ်ခုကို ခံစားလိုက်ရသည်။ သူက သူမခါးလေးကို လျင်မြန်စွာ ဖက်လိုက်ပြီး ညောင်စောင်းဆီသို့ သွားလိုက်တော့သည်
135 08
မမျှော်လင့်ထားစွာနဲ့ အနမ်း ကျမလာသေးခင်မှာပဲ သူမက ရုတ်တရက် အလေးအနက်ဖြစ်နေတဲ့ မျက်နှာနဲ့ ပြောလိုက်သည်။
“မဟုတ်ဘူး။ ဒီနေ့အရှင်မင်းကြီးက အရက်သောက်ခဲ့တယ်။ ကျွန်မကြားတာတော့ အရက်သောက်တာက ကလေးအတွက် မကောင်းဘူးတဲ့”
ယွီဝိန်းလန် “ဘယ်နေရာကနေ ကြားလာခဲ့တာလဲ”
သူ့ကို လာလိမ်နေတာလား။
ယန်ရှုက အလေးအနက် ဖြစ်နေကာ
“ဒီကိုယ်လုပ်တော် ကြားတာကတော့ အရင်တစ်ခေါက် ကျန်းရှီရိပြောတာက အရက်သောက်တာနဲ့ လိင်ဆက်ဆံတဲ့နေရာမှာ အပျော်အပါး မက်တာက ကလေးကို ထိခိုက်စေလိမ့်မယ်တဲ့။ အဲဒါကြောင့် အရှင်မင်းကြီးက မနက်ဖြန်မှ အဲ့အကြောင်းကို ပြောသင့်တယ်”
စကားပြောပြီးနောက် သူမက ဂွမ်းစောင်ကို တိုက်ရိုက်ပဲ ဆွဲယူလိုက်ကာ အိပ်ပျော်သွားတော့သည်။
ယွီဝိန်းလန် “….”
သူလည်း ရွေးချယ်စရာ မရှိတော့ဘဲ ဆွေးနွေးညှိနှိုင်းဖို့ ကြိုးစားလိုက်သည်။
“ကိုယ် နည်းနည်းလေးပဲ သောက်လာတာပါ…..”
သို့သော် သူမကခေါင်းကို ပြန်လှည့်မလာပဲ “လုံးဝအဆင်မပြေဘူး။ နဂါးဆက်ခံသူအတွက် အရှင်မင်းကြီးက သည်းခံသင့်တယ်”
သို့သော် သူ့နှလုံးသားထဲမှာ ကျစ် ကျစ်ဟု လုပ်လိုက်သည်
[ကလေးတစ်ယောက် ရှိလာဖို့က ခက်ခဲတယ်။ မင်းက အောင်မြင်ဖို့ဆို အမေ့ရဲ့ ဥာဏ်ပညာကို ဆက်ခံမှရမယ်နော်]
ယွီဝိန်းလန် “….”
သူမရဲ့ဦးနှောက်ကို ဆက်ခံဖို့လား။
သူ့ဆီကနေ ပိုပြီး ဆက်ခံတာက ပိုကောင်းလိမ့်မယ်။
~~~
နစ်နာသွားတဲ့ တစ်ညတာကို အိပ်စက်အပြီးမှာတော့ ဘုရင်မင်းမြတ်ဟာ နောက်တစ်နေ့မနက်မှာ စောစောထပြီး ညီလာခံသို့သွားတော့သည်။
—ယနေ့ရဲ့ညီလာခံအစည်းအဝေးအပြင် ဝိန်ဟွားစံအိမ်တော်မှာ ပညာရှိတွေနဲ့ ကွန်ဖြူးရှပ်ပညာရှင်တွေရဲ့ တွေ့ဆုံပွဲရှိမည်ဖြစ်သည်။ အဓိကဆွေးနွေးမှာကတော့ စုန့်ဟယ်အကယ်ဒမီရဲ့ စည်းမျဉ်းတွေကို ချမှတ်ဖို့ပင် ဖြစ်သည်။
သူတို့တွေထဲကနေ တောင်သခင်အကြီးအကဲဖြစ်ဖို့ အရည်အချင်း ပြည့်မှီသည့်တစ်စုံတစ်ယောက် ရွေးချယ်ဖို့လဲ ရည်ရွယ်ထားသေးသည်။ ထို့ကြောင့် သူကိုယ်တိုင် ပါဝင်ရပေမည်။
ချီအန်းနန်းဆောင်တွင်တော့ ဧကရီမယ်တော်ကြီးက တစ်ညလုံး လူးလှိမ့်နေပေသည်။ တကယ်ကို အိပ်ပျော်ဖို့က ခက်ခဲနေတာကြောင့် သူမက စောစောထလိုက်ကာ တော်ဝင်ဥယျာဉ်ထဲမှာ လမ်းလျှောက်ဖို့ သွားလိုက်သည်။
ဝိန်ဟွားနန်းဆောင်က တော်ဝင်ဥယျာဉ်ထဲမှာဖြစ်သည်။
နေရောင်ကမြင့်တက်လာပြီး ငှက်တွေသည်လည်း ကိုင်းတွေပေါ်မှာ သီချင်းဆိုနေကြသည်။
ဧကရီမယ်တော်ကြီးက ပတ်ပတ်လည်ကို လျှောက်လိုက်ပြီး ဥယျာဉ်ကို မရေမတွက်နိုင်အောင် လည်ပတ်လိုက်ကာ အသစ်ဖူးပွင့်လာတဲ့ ကြာပန်းတချို့ကို ခူးယူလိုက်ပြီး ပန်ဖို့ စီစဉ်လိုက်သည်။
ထိုအချိန်မှာပဲ လူတစ်စုက အကွာအဝေးတစ်ခုကနေ လျှောက်လာတာကို တွေ့လိုက်ရတော့သည်။
သူမရဲ့ပုံရိပ်ကို တွေ့သွားပြီး ဦးဆောင်လာတဲ့ ထိုက်ဖူက လျင်မြန်စွာပဲ ရှေ့ကိုတိုးကာ ဂါရဝပြုလိုက်သည်။
“ဧကရီမယ်တော်ကြီးကို နှုတ်ခွန်းဆက်ပါတယ်”
ထိုက်ဖူကို ယခုလိုတွေ့လိုက်ပြီးနောက် ကျန်သူတွေအားလုံးသည်လည်း သူမကို ဂါရဝပြုရန် ရှေ့တိုးကာ တစ်ယောက်ပြီးတစ်ယောက် နှုတ်ခွန်းဆက်လာသည်။
“ဧကရီမယ်တော်ကြီးကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်မျိုးတို့က ဧကရီမယ်တော်ကြီးကို ကျန်းမာနေဖို့ မျှော်လင့်ပါတယ်”
ပုံရိပ်တွေအားလုံးထဲမှာ တစ်ဦးတည်းကသာလျှင် ယခင်ကလို ပိန်ပါးပြီး အရပ်ရှည်နေဆဲ ဖြစ်သည်။
ထို့နောက် သူမရဲ့မျက်လုံးတွေက သူ့အပေါ် ကျရောက်သွားပြီး လက်ဦးမှုယူကာ ပြောလိုက်သည်။
“ပညာရှိချီ မတွေ့တာကြာပြီပဲ”
******