← Chapters

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

136 01

အပိုင်း 136

သူမနှလုံးသားထဲက စိတ်ခံစားချက်တွေက ဘယ်လိုပဲ အုံကြွတိုးထွက်နေပါစေ ဧကရီမယ်တော်ကြီးက ထိုစကားလုံးတွေကို တည်ငြိမ်စွာပြောလိုက်သည်။

အပြင်သူတွေအတွက်ဆိုလျှင် အဲဒါက အချိန်အကြာကြီး မတွေ့ဆုံခဲ့ရတဲ့ အသိအကျွမ်းဟောင်းကို နှုတ်ဆက်ခြင်းသာလျှင် ဖြစ်သည်။

သို့သော်လည်း ထိုစကားလုံးက သူ့နှလုံးသားထဲကို ဝင်ရောက်သွားသည့်အခါမှာတော့ မဟာဆရာသခင်ချီဟာ ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။

—ဒီတစ်ကြိမ် မြို့တော်ကိုသွားတဲ့အခါမှာ သူမကို တွေ့ရဖို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။

မမျှော်လင့်ထားစွာနဲ့ ဘုရားသခင်က သူ့ဘက်မှာ ရှိနေသည်ထင်သည်။

—သူ့ခေါင်းကို ငုံ့ချလိုက်ပြီး မျက်လုံးကို လုံးဝပင့်တင်ကြည့်မလာပေမဲ့ အဝေးဆုံးမြင်နိုင်သည့် မျဉ်းလေးက သူမရဲ့ဝတ်ရုံအနားစကိုတော့ ရောက်နိုင်သေးသည်။

သို့သော် ဒါကပင် လုံလောက်သည်ထက်ပိုနေပြီဖြစ်သည်။

ချီရှုကွမ်သည်လည်း သူ့ရဲ့စိတ်ခံစားချက်တွေကို အတတ်နိုင်ဆုံး ချုပ်ထိန်းဖို့ ကြိုးစားလိုက်ပြီး သူ့ခေါင်းကိုညွှတ်ကာ မြေကြီးပေါ်ထိ ဦးညွှတ်လိုက်ကာ ပြောလိုက်သည်။

“ချောင်မင်က ဧကရီမယ်တော်ကြီးကို နှုတ်ခွန်းဆက်သပါတယ်”

ထိုလှုပ်ရှားမှုက ဆီလျော်ပြီး မှုးမတ်ဟောင်းဆိုသော ရာထူးအဆင့်နှင့် ပို၍သင့်တော်ပေသည်။

သို့သော် ထိုတစ်ခဏအတွင်းမှာပဲ ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ ထို့နောက် အကြည့်ကို လွှဲလိုက်ကာ လူအုပ်ထဲကို ဝေ့ကြည့်လိုက်ရင်း ပြောလိုက်သည်။

“ဒီတစ်ခေါက် ရှင်တို့တွေအားလုံးက စုန့်ဟယ်အကယ်ဒမီကို ပြန်လည်စတင်ဖို့အတွက် အကောင်းဆုံးလုပ်ကြဖို့ မြို့တော်မှာ ပြန်လည်ပြီး စုစည်းနေကြတယ်။ အိုက်ကျားလည်း အရမ်းကျေနပ်ပြီး ညီလာခံအတွက် ပိုပြီးတော့ကောင်းမွန်တဲ့ အကျိုးပြုမှုတွေကို လုပ်ဆောင်ကြပါ”

ထိုစကားသံ ထွက်လာသည့်အခါ လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လိုက်ကြသည်။

ဆူညံနေတဲ့ အသံတွေက ရောနှောသွားပြီး ထို့ကြောင့် လူတွေက ထိုလူဆိုသည်မှာ ဘယ်သူ့ကို ရည်ညွှန်းတာမှန်း မပြောနိုင်တော့ပေ။

လူတိုင်း စိတ်ငြိမ်သွားပြီးနောက်မှာတော့ ဧကရီမယ်တော်ကြီးက ထပ်ပြောလိုက်သည်။

“လူတိုင်းပဲ မြန်မြန်လေးသွားကြပါ။ အိုက်ကျားလည်း နန်းဆောင်ကို ပြန်တော့မယ်”

စကားပြောပြီးနောက် သူမကလှည့်လိုက်ကာ ဘေးဘက်မှာ စောင့်ဆိုင်းနေတဲ့ ပုခုံးထမ်း ဝေါယာဉ်ပေါ်သို့ တက်သွားတော့သည်။

လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လိုက်ကြပြီး သူမတော်ဝင်ဥယျာဉ်ထဲကနေ ထွက်သွားတာကို တွေ့ပြီးနောက် ဆက်လျှောက်သွားကြတော့သည်။

—နှစ်ပေါင်းများစွာကြာပြီးနောက် သူမက ဧကရီမယ်တော်ကြီး ဖြစ်လာခဲ့ပြီး သူမရဲ့နန်းတွင်းအဝတ်အစားသည်လည်း ပိုပြီးရင့်တဲ့ အရောင်ကို ပြောင်းလဲသွားပြီ ဖြစ်သည်။ သူမရဲ့အသံသည်လည်း ပိုလို့ပင် တည်ငြိမ်လာပေသည်။

ဖြစ်နိုင်သည်မှာ တိုင်းရေးပြည်ရာကိစ္စတွေကို ထပ်ပြီးစိုးရိမ်စရာမလိုတော့ဘဲ ထိုငယ်ရွယ်တဲ့ မွေးစားသားရဲ့ မနာခံမှုအတွက်လည်း စိုးရိမ်စရာမလိုတော့သည့်ပုံပင်။

ထို့ကြောင့် အဲဒါက အရမ်းကို ကောင်းသင့်သည်။

သူ ထိုသို့တွေးနေစဉ်မှာပဲ တစ်စုံတစ်ယောက်က ရုတ်တရက်ကြီး သူ့ကို ပြောလာသည်။

“ကျုပ်ကြားမိတာတော့ ဆရာသခင်ချီက ကျုံးကျိနန်းဆောင်ရဲ့ အရာရှိတစ်ယောက် ဖြစ်ခဲ့ဖူးတယ်ဆို။ အခု ညီလာခံမှာလည်း ခင်ဗျားရဲ့တပည့်တွေ အများကြီးရှိတယ် ပြောတယ်။ တွေ့ကြည့်လိုက်မှ ဒီတစ်ခေါက် စုန့်ဟယ်အကယ်ဒမီရဲ့ ရှန်းကျန်းက ခင်ဗျားများ ဖြစ်နေမလားပဲ”

ထိုစကားတွေ ထွက်လာသည့်အခါ လူတိုင်းက သံယောင်လိုက်ပြီး ထောက်ခံလာကြသည်။

လူတချို့ဆိုလျှင် သူ့ကိုပင် ဦးညွှတ်ကာ ဂုဏ်ပြုလာကြသည်။

“ဆရာသခင်ချီကို ဂုဏ်ပြုပါတယ်”

ချီရှစ်ကွမ်က ဖျော့တော့စွာပြုံးလိုက်ပြီး ပြောလိုက်သည်။

“လူတိုင်းက ဒီဆရာချီကို အထင်ကြီးနေကြပါပြီ။ ကျုပ်က သာမညောင်ညအဆင့်ပဲ ရှိပြီး လန်ယာမှာနေခဲ့တာလဲ ဆယ်နှစ်ကျော် ရှိနေပါပြီ။ တော်သခင်ရာထူးကို တကယ်ပဲ မတပ်မက်ရဲပါဘူး။ ဒီကိစ္စပြီးပြီဆိုရင် လန်ယာကို ပြန်သွားရဦးမှာပါ။ ခင်ဗျားတို့တွေလည်း အကယ်ဒမီကို ပိုပြီးအကျိုးပြုနိုင်ဖို့ ပါရမီတွေကို ပိုမိုထုတ်ပြသင့်တယ်”

ဒီသွယ်ဝိုက်ရည်ညွှန်းမှုက သူဟာ ဒီတစ်ခေါက် လာတာက အလည်ပတ် သက်သက်သာဖြစ်ပြီး သူဟာ ထိုလူဖြစ်ဖို့ ရည်ရွယ်ချက် လုံးဝမရှိဘူး ဆိုတာပင်။

ဒါကို ကြားလိုက်ရချိန်မှာ လူတွေအများကြီးက တိတ်တဆိတ် စိတ်သက်သာရာ ရသွားကြပြီး သူ့ရဲ့နှိမ့်ချမှုအတွက် ချီးကျူးလာကြကာ ရှေ့ကိုဆက်သွားကြတော့သည်။

~~~

136 02

ပြီးနောက် ဝိန်ဟွားနန်းဆောင်၌ နာမည်ကြီးကွန်ဖြူးရှပ်ဝါဒီပညာရှိတွေ။က လွတ်လပ်စွာ စကားပြောနေကြချိန်၌ ယန်ရှုက ပေါ့ပါးစွာ နိုးထလာပေသည်

အိပ်ရာပေါ်တွင် အပျင်းခိုနေရင်း သူ့ရဲ့ဗိုက်ကို ပွတ်သပ်ကာ မနက်စာ ဘာစားရမလဲတွေးနေစဉ်မှာပဲ စစ်စတန်ဆီကနေ ဒင်ဟူသောအသံကို ကြားလိုက်ရသည်။

[ဧကရီမယ်တော်ကြီးနဲ့ မဟာဆရာသခင်ချီတို့က အခုလေးတင်ပဲ တွေ့သွားပြီ]

ဘာ။

သူမက ရုတ်တရက်ပဲ ထိတ်လန့်စွာနဲ့ ထရပ်လိုက်ပြီး မေးခွန်းတွေ တစ်သီကြီး မေးလာတော့သည်။

[ဘယ်တုန်းက တွေ့သွားကြတာလဲ။ဘယ်နေရာမှာ တွေ့ကြတာလဲ။ ငါက ဘယ်လိုလုပ်ပြီး မသိရတာလဲ]

စစ်စတန် [အခုလေးတင် နင်အိမ်မက် မက်နေတုန်းမှာပဲ။ ဧကရီမယ်တော်ကြီးက အပန်းဖြေလမ်းလျှောက်ဖို့ စောထပြီး မဟာဆရာသခင်ချီနဲ့ တစ်ခြားလူတွေကလည်း ဝိန်ဟွားနန်းဆောင်ကို စုဝေးဖို့ သွားနေကြတဲ့အချိန် သူတို့အချင်းချင်း တော်ဝင်ဥယျာဉ်ထဲမှာ ဝင်တိုးမိကြတာပဲ]

ယန်ရှု [!!]

ဟေး သူမသာသိရင် တော်ဝင်ဥယျာဉ်မှာ သွားပြီး စောင့်နေမှာပေါ့။

တကယ်ပဲ စုံတွဲပရိတ်သတ်တွေက ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်ကို ဒီတိုင်း နေနိုင်ကြတာလဲ။

သူမမှာ ရွေးချယ်စရာမရှိတော့ဘဲ ထပ်မေးလိုက်ရသည်။

[သူတို့နှစ်ယောက် ထပ်တွေ့တော့ မြင်ကွင်းက ဘယ်လိုနေလဲ။ တစ်ခဏလောက် ဗလာသက်သက် စိုက်ကြည့်နေပြီး အဲဒီနောက်မှာမှ တခြားလူရဲ့နာမည်ကို ဖြည်းဖြည်းလေး ခေါ်လိုက်တာာလား]

စစ်စတန် [….အတွေးလွန်နေပြီ ဒီလောက်လူတွေ အများကြီးရှေ့မှာလေ။ ဧကရီမယ်တော်ကြီးက ဒီတိုင်းပဲ မတွေ့ရတာကြာပြီလို့ပဲ ပြောပြီး ချီရှစ်ကွမ်ကလည်း သူမကို ဒီတိုင်း ဂါရဝပြုလိုက်ပြီး နှုတ်ဆက်လိုက်ကြတယ်]

“…..”

ကောင်းပြီလေ ဒီလိုပတ်ဝန်းကျင်မျိုးမှာ သူတို့နှစ်ယောက်က တကယ်ပဲ အဲ့လိုပဲ လုပ်နိုင်မှာပဲ။

ဒါပေမဲ့လည်း သူတို့ရဲ့အချက်အလက်တွေက ဘယ်လိုပဲ မဖြစ်နိုင်နေပါစေ အခုထိ မတွေ့နိုင်ကြသေးဘူးလား။

ဒါက သူမ မျှော်လင့်ထားတာထက် ပိုပြီး မြန်ဆန်လွန်းနေတယ်။

ယန်ရှုသည်လည်း သူမဘာသာ တွေးကြည့်လိုက်သည်။ ဒါက ဘုရားသခင်ရဲ့ စီစဉ်ထားမှုပဲ ဖြစ်ရမယ်။

ဒါကိုတွေးမိပြီးနောက် မနေ့ညက ဧကရာဇ် ပြောတာကို တွေ့လိုက်သည့်အခါ သူမက လျင်မြန်စွာ ထရပ်လိုက်ပြီး ဝတ်ဆင်လိုက်ကာ မနက်စာစားလိုက်သည်။ ပြီးနောက် ချီအန်းနန်းဆောင်ဆီသို့ သွားတော့သည်။

သူမက လမ်းတစ်လျှောင်လုံး စိတ်လှုပ်ရှားနေပြီး နန်းဆောင်ဆီသို့ ရောက်သည့်အခါ ဧကရီမယ်တော်ကြီးက သာမန်လိုပဲ ဖြစ်နေတာကို တွေ့လိုက်ရပြီး ကြာပန်းတချို့နဲ့ ကစားနေပေသည်။

“ဒီကိုယ်လုပ်တော်က ဧကရီမယ်တော်ကြီးက နှုတ်ခွန်းဆက်ပါတယ်”

ဂါရဝပြုပြီးနောက်ယန်ရှုက ရှေ့သို့တိုးကာ ကိုယ်ရည်သွေးလာသည်။

“ဒီကြာပန်းတွေက တကယ်ကိုပဲ မွှေးတာပဲ။ နန်းဆောင်ရဲ့ ဂိတ်တံခါးကနေကို သူတို့ရဲ့အနံ့ကို ရနေပြီ”

ဧကရီမယ်တော်ကြီးက သက်ပြင်းချကာ

“ပွင့်လန်းနေတုန်းမှာပဲ မွှေးရနံ့ရှိတယ်။ တစ်ခဏကြာပြီးရင် သူ့အနံ့က ပျောက်သွားလိမ့်မယ်။ အဲဒါကြောင့် ပန်းတွေကို ချိုးဖို့ ထိုက်တန်တယ်လို့ ပြောကြတာပေါ့”

ယန်ရှု “….”

ဒါက ဘယ်လိုလုပ်ပြီး အဓိပ္ပာယ် ရှိနေရတာလဲ။

ဒါက ဆရာသခင်တစ်ယောက်အတွက် ခံစားချက်တွေ ဖြစ်နေတာလား။

သူမက သူမရဲ့မျက်ခုံးကို တိတ်တဆိတ် ပင့်မြှောက်လိုက်သည်။ ဒါပေမဲ့ ဧကရီမယ်တော်ကြီးရဲ့ မျက်လုံးတွေက ညွှတ်ကျနေကာ သူမကိုကြည့်ရတာ အနည်းငယ် ဝမ်းနည်းနေပုံပင်။

ယန်ရှုက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး လျင်မြန်စွာပဲ ဧကရီမယ်တော်ကြီးအာရုံကို လမ်းလွှဲလိုက်သည်။

“အရှင်မင်းကြီးက ဒီတစ်ခေါက် မြို့တော်ကိုလာတဲ့ ကွန်ဖြူးရှပ်ပညာရှိတွေရဲ့ မိသားစုဝင်တွေကို ဧည့်ခံဖို့အတွက် စားသောက်ပွဲတစ်ခုကို နန်းတော်မှာ ကျင်းပပေးဖို့ စီစဉ်နေပါတယ်။ အဲဒါနဲ့ ကျွန်တော်မျိုးမလည်း ဧကရီမယ်တော်ကြီးကို အဆုံးအဖြတ်ပေးဖို့ ဖိတ်ကြားချင်လို့ပါ။ ဘာလိုချင်သလဲဆိုတာကို မသိပါဘူး”

သို့သော် ဧကရီမယ်တော်ကြီးက သူမရဲ့မျက်ခုံးကို ပင့်လိုက်ကာ ပြောလိုက်သည်။

136 03

“အိုက်ကျားကတော့ ဒါကို မလိုဘူးလို့ ထင်တာပဲ”

အမ်။

ယန်ရှုက တွန့်ဆုတ်သွားပြီး လျင်မြန်စွာ ပြောလိုက်သည်။

“ဧကရီမယ်တော်ကြီးက ဘာလို့ ဒီလိုမျိုးတွေးတာပါလဲ”

ဧကရီမယ်တော်ကြီး ပြောတာကိုပင် မစောင့်ဘဲ စစ်စတန်ပြောတာကို နားထောင်လိုက်သည်။

[ဧကရီမယ်တော်ကြီးက ချီရှစ်ကွမ်ရဲ့ တစ်ကိုယ်တည်းအခြေအနေကို မသိသေးဘူး။ အဲဒါကြောင့် သူမက သူ့ရဲ့မိသားစုဝင်တွေနဲ့ တွေ့ရမှာကို ကြောက်နေပြီး သက်တောင့်သက်သာမရှိ ဖြစ်နေတာ]

ယန်ရှု [ငါသိပြီ]

ထိုအချိန်မှာပဲ ဧကရီမယ်တော်ကြီးကလည်း ပြောလာသည်။

“ပညာရှိတွေရဲ့ကိစ္စက ညီလာခံရှေ့မှာ ဆွေးနွေးသင့်တာ မဟုတ်ဘူးလား။ ဘာကိစ္စမောင်းမဆောင်နဲ့ လာပြီး ရှုပ်နေတာလဲ”

သေချာပေါက်ကို ဒါက အကြောင်းပြချက်တစ်ခုဖြစ်ပြီး အနည်းငယ်လည်း ချဉ်နေပေသည်။

ယန်ရှုက တစ်ခဏလောက်တွေးလိုက်ပြီး ထို့နောက်လျင်မြန်စွာ ပြောလိုက်သည်။

“အခု စုန့်ဟယ်အကယ်ဒမီကို တော်ဝင်ညီလာခံက ပိုင်ဆိုင်သွားပြီလေ။ အရှင်မင်းကြီးက သေချာပေါက် အဲဒါနဲ့ပတ်သက်ပြီး အရေးတကြီး ကိုင်တွယ်သင့်တာပေါ့။ တစ်ချိန်တည်းမှာပဲ ဒီလူကြီးမင်းတွေကို အရှင်မင်းကြီးရဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုမှုကို ခံစားစေချင်တာ။ အဲဒါအပြင် အရှင်မင်းကြီးက ဒီတစ်ခေါက်ပြောတာက တချို့ ဝန်ကြီးတွေကို ခေါ်ဖို့ စီစဉ်ထားတယ်။ ဒီလူကြီးမင်းတွေရဲ့ မိသားစုဝင်တွေက ခုနစ်ယောက် ရှစ်ယောက်လောက်ပဲ ရှိပြီး ကျန်တဲ့သူတွေကတော့ ဒီလူကြီးမင်းတွေရဲ့ မိသားစုဝင်တွေပဲ။ အရေအတွက်က တစ်ဒါဇင်ထက်မပိုဘူး။ ဒါပေမဲ့လည်း ထူးဆန်းတာက ဒီတစ်ခေါက်ရဲ့ နာမည်အကြီးဆုံးလူကြီးမင်း လေးယောက်ထဲမှာ သုံးယောက်ကပဲ မိသားစုဝင်တွေကို ခေါ်လာပြီး လန်ယာက လူကြီးမင်းချီကတော့ ခေါ်မလာခဲ့ဘူး”

ထိုစကားတွေ ထွက်လာသည်နှင့် ဧကရီမယ်တော်ကြီးက ကြာပန်းတွေနဲ့ဆော့နေရင်း ရပ်တန့်သွားပေမဲ့ သာမန်ကာလျှံကာပဲ ဟန်ဆောင်ကာ မေးလိုက်သည်

“သူက ဘာလို့ခေါ်မလာတာလဲ”

ယန်ရှုကပြောလိုက်သည်။

“ဒီလူကြီးမင်းက တစ်ယောက်တည်းဖြစ်နေပြီး လက်မထပ်ရသေးဘူးလို့ ကြားပါတယ်”

ထိုစကားတွေ ထွက်လာသည့်အခါ ဧကရီမယ်တော်ကြီးက နောက်ထပ် နင်သွားတော့သည်။

—သူကဘယ်တုန်းကမှ လက်မထပ်ခဲ့ဘူးလား။

အဲဒီတုန်းက သူနဲ့လက်ဆက်ချင်တဲ့သူတွေ အများကြီးရှိပေမဲ့ သူကဘယ်တုန်းကမှ လက်မခံခဲ့ပေ။

ဒီလောက် နှစ်တွေအများကြီး ကြာပြီးတာတောင်မှ တစ်ယောက်တည်း ဖြစ်နေဦးမည်ဟုလည်း မျှော်လင့်မထားပေ။

သို့သော် ယန်ရှုက ပြောလိုက်သည်။

“ဒီလိုဆို လူတစ်ယောက် နည်းသွားပြီမလား။ အဲဒါကြောင့် မြင်ကွင်းက သိပ်မကြီးနေလောက်ပါဘူး။ စကားမစပ် ရှန်းယန် ထျန်းသဲ့အကယ်ဒမီကနေလာတဲ့ မိန်းမငယ်လေးတစ်ယောက်လည်း ရှိတယ်လို့ကြားတယ်။ ကလန်ရဲ့သွေးမျိုးဆက်လို့တော့ ပြောကြတာပဲ”

အမ်။

ဧကရီမယ်တော်ကြီးက ပြန်အသိဝင်လာသည်။

“အဲဒါ ဘယ်သူလဲ”

ယန်ရှုက ပြောလိုက်သည်။

“သူမက နန်ဖင်းဘုရင်ခံရဲ့ မြေးမလို့ပြောတယ်။ မျိုးရိုးနာမည်က ချန်ဆိုလားပဲ သူမက အဲ့လောက်ထိ အသက်မကြီးသေးဘူး”

ဧကရီမယ်တော်ကြီးက တစ်ခဏခန့် စဉ်းစားလိုက်ကာ ထို့နောက်ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဟုတ်တယ်။ ဘုရင်ခံနန်ဖင်းရဲ့အကြီးဆုံးသားမက်က တကယ်ပဲ မျိားရိုးနာမည်ချန်နဲ့လူပဲ။ ဘုရင်ခံနန်ဖင်းနဲ့ သူ့ဇနီးတို့ ဖျားနာမှုကြောင့် ကွယ်လွန်သွားတော့ သူ့သားက ရာထူးကိုဆက်ခံတယ်။ ဒါပေမဲ့လည်း သိပ်ပြီးတော့ မရိုးသားလို့ သူ့ဖခင်ရဲ့ သစ္စာစောင့်သိမှုအတွက် လွတ်လပ်ခွင့်ကိုပဲ ပိတ်ချလိုက်တာ။ ဒါပေမဲ့ တချို့နီးစပ်တဲ့ ဆွေမျိုးတွေရဲ့ ရာထူးဂုဏ်ပုဒ်တွေကိုတော့ ဖြုတ်ချလိုက်ပြီး သူတို့ဘာသာ အသက်မွေးဝမ်းကျောင်းပြုဖို့ ပြောလိုက်တယ်”

ပြောမှပင် သူမပထမဆုံး ယွီဝိန်အိမ်တော်ကို ရောက်တဲ့အခါမှာ သူမက နန်ဖင်းမင်းသမီးရဲ့ဂရုစိုက်ပေးခြင်းကို ခံခဲ့ရသည်။

မျိုးဆက်တွေက အရမ်းကို စိတ်ပျက်စရာ ကောင်းနေတာက နှမြောစရာပင်။

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

136 04

“လူအိုကြီးတစ်ယောက် ရှိနေသေးတယ်ဆိုမှတော့ တွေ့ကြတာပေါ့”

ယန်ရှုက လျင်မြန်စွာခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ။ အခုက ပူနေပြီဆိုတော့ ယွင်ရွှေ့စံအိမ်တော်မှာ ထားတာက ပိုကောင်းမယ်ထင်တယ်။ အဲဒါက ပိုပြီးအေးမြစေတယ်”

ဧကရီမယ်တော်ကြီးက ရေရွတ်လိုက်သည်။

“စီစဉ်လိုက်ပါ”

ထိုစကားသံ ထွက်လာသည့်အခါ သူမရဲ့နှလုံးသားက ယခုလေးတင် သူမကြားခဲ့ရတဲ့ဆီသို့ ပြန်ရောက်သွားတော့သည်။

သူ့မှာ မိသားစုတစ်ခု မရှိသေးဘူးတဲ့လား။

ဒီအရူးကတော့လေ ဒီဘဝမှာ သူ့နောက်မှာဘယ်သူ့ကိုမှ မချန်ထားခဲ့ချင်တော့ဘူးလား။

~~~

တူညီတဲ့နေ့မှာပဲ နန်းတော်ထဲက ဖိတ်ကြားချက်တွေက ဒီတစ်ကြိမ်မြို့တော်က ဧကရာဇ်ဆီကို လာရောက်တဲ့နေရာမှာ အဖော်ပြုလိုက်ပါလာပေးတဲ့ ဇနီးသည်တွေဆီကို ဖြန့်ဝေပြီးဖြစ်သည်။ ထို့နောက် နန်းတော်ထဲက ရှန်းရှန်အကြံပေးအရာရှိကလည်း ထိုက်ချန်းနန်းဆောင်ကို ချက်ချင်းပဲ စတင်ပြင်ဆင်ဖို့ ပြောလိုက်သည်။

ဒီလိုနဲ့ ဒုတိယနေ့ရဲ့မနက်မှာတော့ အမျိုးသမီးဧည့်သည်တွေအားလုံးက ဧကရီမယ်တော်ကြီးနဲ့ တွေ့ဆုံရန် ယွင်ရွှေ့စံအိမ်တော်မှာ စုစည်းလိုက်ကြသည်

ယန်ရှုက သူတို့ကိုလက်ခံကြိုဆိုဖို့ ဧကရီမယ်တော်ကြီးကို အဖော်ပြုပေးလိုက်ပြီး တွေ့လိုက်ရတာကတော့ အမျိုးသမီးဆွေမျိုး ဧည့်သည်တော်တွေ အများစုက သူတို့ရဲ့လေးဆယ်အရွယ်မှာ ရှိနေပြီဖြစ်ပြီး အရပ်အမြင့်အမျိုးမျိုး ပုသူ ဝသူနဲ့ ပိန်ပါးသူတွေလည်း ရှိကြသည်။ သူတို့ထဲက အများစုကတော့ တိတ်ဆိတ်တဲ့ အကျင့်စရိုက်ရှိကြသည်။

သို့သော်လည်း အရပ်ရှည်ပြီးကျန်းမာကာ လှိုက်လှဲပျူငှာသည့် အကျင့်စရိုက်နှင့် အမျိုးသမီးတစ်ယောက်ရှိပြီး မျက်စိဖမ်းစားဖွယ်ရာပင်။ သို့သော်လည်း သူမက ကုဟုန်ပိုင်ရဲ့ဇနီးဖြစ်ပြီး လန်လင်ရဲ့ကျော်ကြားတဲ့ ပညာရှိတစ်ဦးပင်။

ယန်ရှုကချက်ချင်းပဲ စိတ်ဝင်စားသွားပြီး စစ်စတန်ကိုမေးလိုက်သည်။

[ဒီအမျိုးသမီးက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ သန်မာတဲ့ပုံပဲ။ ဖြစ်နိုင်တာက သူမက သိုင်းပညာနဲ့ မွေးဖွားလာတာများလား]

စစ်စတန် [အမှန်ပဲ။ ဒီသခင်မလေးကုက လန်လင်ရဲ့ ဒေသတွင်းမှာ ကျော်ကြားတဲ့ သိုင်းပညာမိသားစုကပဲ အရင်တုန်းက စျေးထဲကိုစွားရောက်လည်ပတ်တုန်း ကုဟုန်ပိုင်နဲ့တွေ့ဆုံခဲ့တာ။ ကံကြမ္မာဟောသူရဲ့ထောင်ချောက်ဆင်တာကို ခံလိုက်ရပြီး လူမိုက်တွေနဲ့ငြိသွားခဲ့တာ၊ နေရာမှာတင် တရားမမျှတမှုကို တွေ့လိုက်ရတော့ အဲဒီလူမိုက်တွေကို ကန်ထုတ်လိုက်ပြီး သခင်လေးကုကို လူတွေဝိုင်းအုံခံနေရတာကနေ ကယ်တင်ပေးလိုက်တာ။ အဲ့ဒီနောက် နှစ်ယောက်သားက တစ်ယောက်နဲ့တစ်ယောက် တွယ်ငြိသွားကြတော့တာပဲ]

ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားတော့သည်။

—ကြားရတာ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ ချိုမြိန်တဲ့သတင်းလေးပဲ။

သို့သော်လည်း သူက ငယ်ရွယ်တုန်း စာမသင်ဘဲ လမ်းပေါ်သွားပြီး ကံကြမ္မာဟောတယ်ဆိုရင် သခင်လေးကုက ဘာလုပ်သေးလဲ။

ကျစ် နောက်တစ်နေ့ကျရင် သေချာအနီးကပ် ကြည့်ရမယ်ထင်တယ်။

ထိုအကြောင်းကို တွေးနေစဉ်မှာပဲ အသက်လေးဆယ် ရှိနေပြီဖြစ်သည့် အမျိုးသမီးကြီးတစ်ယောက်က ရှေ့တိုးလိုက်ကာ သူမနဲ့ဧကရီမယ်တော်ကြီးကို ဂါရဝပြုလာသည်။

“ကျွန်တော်မျိုးမ ဝမ်ရှန်းယန်နဲ့ ချွေးမဖြစ်သူ ချန်တို့က ဧကရီမယ်တော်ကြီးနဲ့ မိဖုရား ယိဖင်းကို နှုတ်ခွန်းဆက်ပါတယ်”

ရှန်းယန် ချန်မိသားစုလား။

ကြည့်ရတာ သူမက နန်ဖင်းဘုရင်ခံရဲ့ မြေးမထင်တယ်။

ယန်ရှုက လျင်မြန်စွာပဲ ဧကရီမယ်တော်ကြီးကို မိတ်ဆက်လိုက်သည်။

“ဒါကတော့ မနေ့တုန်းက ကျွန်တော်မျိုးမ ပြောခဲ့တဲ့ သူပါ”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ သခင်မချန်ကို တစ်ချက်ကြည့်လိုက်သည်။ တွေ့လိုက်ရသည်က သူမဟာ ကြည့်ကောင်းသည့်မျက်နှာလေးနှင့် ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်ခန့် ရှိမည်ဖြစ်သည်။ ပြီးနောက် သူမရဲ့အစ်မဖြစ်သူ နန်ဖင်းမင်းသမီးရဲ့ အရိပ်အယောင်တွေကိုလည်း သူမရဲ့မျက်လုံးတွေထဲမှာ တွေ့နိုင်ပေသည်။

သူမရဲ့အပြုအမူက ထိုအချိန်တုန်းက သူမအဖွားလောက် တက်ကြွမှုရှိမနေတာပဲ ဖြစ်သည်။ သူမရဲ့မျက်လုံးတွေကို မျက်လွှာချထားပြီး ကြည့်ရသည်မှာ မျက်စိပသာဒဖြစ်ဖွယ် ကောင်းလှသည်။

ဧကရီမယ်တော်ကြီးက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ကောင်းမွန်တဲ့ကလန်တစ်ခုရဲ့ မျိုးဆက်တွေက အဲဒီကံမကောင်းတဲ့ဦးလေးရဲ့ဆွဲချတာကို ခံလိုက်ရတာပဲ။ အခုဆို ရှောင်ကျားပိယွီကနေတောင် ပျောက်ကွယ်သွားရပြီ။

သူမက ပြောလိုက်ကာ

136 05

“အိုက်ကျားနဲ့ မင်းရဲ့အဖွားက အတူတူတွေ့ခဲ့ကြဖူးတယ်။ သူတို့တွေကလည်း မင်းအမေရဲ့ကြီးပြင်းလာတာကို ကြည့်လာခဲ့ရတာ အခုရော မင်းအမေက ဘယ်လိုနေသေးလဲ”

သို့သော် တစ်ဖက်လူက သူမခေါင်းကိုနှိမ့်ကာ ပြောလာသည်။

“ဧကရီမယ်တော်ကြီးကို လျှောက်တင်ပါတယ်။ ကျွန်တော်မျိုးမရဲ့အမေက ကွယ်လွန်သွားပါပြီ”

တကယ်ကို ဝမ်းနည်းစရာပင်

ဧကရီမယ်တော်ကြီးက သက်ပြင်းချလိုက်ကာ

“ငါတို့တွေ ထွက်သွားကတည်းက ရက်ပေါင်းမြောက်မြားစွာရှိနေပြီ။ ပြီးတော့လည်း လူတွေအများကြီးက တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်ကြဘူး”

စကားပြောနေစဉ်မှာပဲ ယန်ရှုက ထိုမိန်းကလေးကို တိတ်တဆိတ် လေ့လာလိုက်ပြီး ထူးဆန်းသည်ဟု ခံစားလိုက်ရသည်

ယနေ့လို ပူပြင်းတဲ့နေ့တစ်နေ့မှာ လူတိုင်းက ကော်လံနိမ့်နွေရာသီဝတ်စုံကိုပဲ ဝတ်ဆင်ထားကြတာဖြစ်ပြီး သူမရဲ့အဝတ်အစားတွေကတော့ လည်ပင်းကို တင်းကြပ်စွာ ဖုံးအုပ်ထားကာ ကြယ်သီးတပ်ထားပေသည်။ လူတွေကို သူမအတွက် တကယ်ပဲ ပူလောင်စေသည်။ ဝတ်ရုံလက်တွေကလည်း လက်ချောင်းတွေထိ ရှည်လျားပြီး သူမရဲ့လက်ကောက်ဝတ်ကို ပြသမိမည်ကိုပင် စိုးရိမ်နေသလိုပင်။

ထပ်ပေါင်းပြောရလျှင် သူမရဲ့ကိုယ်နှုတ်အမူအရာရောပဲ ဖြစ်သည်…..

ယန်ရှုက လျင်မြန်စွာပဲ စစ်စတန်ကို မေးလိုက်သည်။

[ဒီမိန်းကလေးက ကြည်ရတာ ဘာလို့မပျော်နေတဲ့ပုံ ပေါက်နေရတာလဲ]

စစ်စတန် [နေ့တိုင်းနေ့တိုင်း ယောက်ျားဆီကနေ အဆူခံပြီး အရိုက်ခံနေရမှတော့ ဘယ်သူက ပျော်နိုင်မှာလဲ]

ဘာ။

ယန်ရှုက တွန့်ဆုတ်သွားကာ လျင်မြန်စွာမေးလိုက်သည်။

[ဘာတွေဖြစ်နေတာလဲ။ သူမရဲ့ခင်ပွန်းက ရှန်းယန်က ကွန်ဖြူးရှပ်ဝါဒီရဲ့ ဆရာသခင်တစ်ယောက် မဟုတ်ဘူးလား။ သူမရဲ့ယောက္ခမ ဟုန်ယွီရှန်းကရော တျန်းသဲ့အကယ်ဒမီရဲ့ အကြီးအကဲမဟုတ်လား။ ပြီးတော့လည်း သူမကို ကလန်ရဲ့ဆွေမျိုးအဖြစ် သတ်မှတ်ထားတာ မဟုတ်လား။ သူမရဲ့ခင်ပွန်းက ရိုက်နှက်ရဲပြီး သူမကို သာမန်လိုပဲ ဆူပူနေတာလဲ]

စစ်စတန် [ကွန်ဖြူးရှပ်ပညာရှင်တွေက ဆန်ကုန်မြေလေးတွေကို မသင်ကြားသင့်ဘူး။ သူမရဲ့ယောက္ခမဖြစ်သူ သခင်မကြီးဝမ်က သူမရဲ့သားကို အရမ်းအလိုလိုက်တာလေ။ သူမမှာ အာဏာရှင်ဆန်ပြီး အရမ်းလည်း မဆီလျော်ဘူး။ ဒီကလေးမလေးက အရမ်းကို သိပ်သိပ်သည်းသည်း ဝတ်ဆင်ထားတဲ့ အကြောင်းအရင်းကတော့ အပြင်လူတွေက သူမရဲ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို တွေ့သွားမှာ စိုးလို့ပဲ!]

ဟေး… အိမ်တွင်းအကြမ်းဖက်တာကို သည်းခံလို့မရဘူး။

ယန်ရှုက အရမ်းကိုဒေါ သထွက်သွားပြီး လျင်မြန်စွာ မေးလိုက်သည်။

[သူ့ရဲ့ယောက္ခမတွေကရော ဂရုမစိုက်ဘူးလား။ သူမရဲ့အဖေကရော]

စစ်စတန် [သူ့ယောက္ခမက သူ့သားရဲ့ ပါရမီနဲ့ သင်ကြားပေးတာကို ဂုဏ်ယူနေတာလေ။ အဲတော့ သူက ဒီကိစ္စတွေကို ဂရုမစိုက်ဘူးပေါ့။ ဒီတစ်ခေါက် သူ့ကို မြို့တော်ဆီ အထူးခေါ်လာတာက သူ့သားကို စုန့်ဟယ်အကယ်ဒမီမှာ အလုပ်တစ်ခုရှာပေးချင်လို့ပဲ။ ဒီယောက္ခမကလည်း ဒီကလေးမလေးရဲ့ ကလေးမွေးပေးနိုင်တဲ့ စွမ်းရည် မရှိတာကို မကြိုက်နေတာလေ၊ တစ်ခါတစ်ရံဆို ကျယ်ကျယ်လောင်လောင် ပြောသေးတယ်]

[သူမရဲ့အဖေရင်းကတော့ ပြောစရာကိုမလိုဘူး။ အဲ့ဒီတုန်းက ဧကရာဇ်က သူ့ကို အပြစ်မပေးခဲ့ဘူး။ ဂုဏ်ပုဒ်ကိုပဲ ဖယ်ရှားပစ်ခဲ့တာ။ ဒါပေမဲ့ မိသားစုရဲ့ပိုင်ဆိုင်မှုတွေကတော့ သူ့အတွက် သိမ်းဆည်းထားသေးတယ်။ ဒါပေမဲ့ သူက ပျင်းရိပြီး ဒီနှစ်တွေထဲမှာ အချည်းနှီး ဖြုန်းလိုက်တယ်လေ။ တောင်ပေါ်ကဝံပုလွေတွေလို သားရဲဆန်တဲ့ ဟုန်မိသားစုကို သူ့သမီးက လက်ထပ်ဝင်ပြီး ရလာတဲ့ သတို့သမီးခန်းဝင်ပစ္စည်းတွေကြောင့်ပဲ မဟုတ်ဘူးလား။]

ဒီစောက်ရမ်းမကောင်းတဲ့ အကောင်ကတော့ ယန်ရှုကို ဒေါသထွက်အောင်လုပ်နေပြီ။

[နောက်ထပ် ဂုတ်သွေးစုပ်ခံရတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ ဒီလိုပတ်ဝန်းကျင်မျိုးမှာ ကလေးမွေးရတာက တကယ်ကိုပဲ ခံစားရတယ်။ ပြီးတော့လည်း ကလေးမရှိတဲ့ကိစ္စကို အမျိုးသမီးအပေါ်ပဲ အပြစ်တင်လို့ရမလား။ အများစုက ယောက်ျားတွေကြောင့်လည်း မဖြစ်နိုင်ဘူးလား]

ချက်ချင်းပဲ ထိုမိန်းမအိုကြီးဝမ်က အရမ်းကို မသာမယာဖြစ်သွားကာ နေရာမှာတင် ဘေးဘက်ကိုပဲ ရွှေ့ဖို့ဆုတောင်းနေတော့သည်။

ဒီကိစ္စကို လျစ်လျူရှုထားလို့မရဘူး။

သူမက ထို့နောက်တွေးလိုက်ကာ ချန်မိသားစုက သမီးကို ပြောလိုက်သည်။

“ဒီနေ့ကပူတဲ့နေ့တစ်နေ့လေ အအေးမိထားလို့လား။ ဘာလို့ ဒီလောက်ထူတဲ့အဝတ်တွေကို ဝတ်ထားရတာလဲ”

တကယ်တော့ ဧကရီမယ်တော်ကြီးကလည်း ဒါကို သတိပြုမိသည်။ ထို့ကြောင့် သူမကလည်း မေးလိုက်သည်။

136 06

“အဝေးကြီးကနေ ခရီးနှင်လာရလို့ ပင်ပန်းသွားလို့လား။ တော်ဝင်သမားတော်ကို တစ်ချက်လာပြီး ကြည့်ကြည့်စေချင်လား”

သို့သော် ယောက္ခမဖြစ်သူဝမ်က လျင်မြန်စွာ ပြောလိုက်သည်။

“ဧကရီမယ်တော်ကြီးရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်။ သူမက အဆင်ပြေပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံက အားနည်းပြီး အအေးမိလွယ်လို့ပါ။ သာမန်ဆို အအေးကြောက်တယ်လေ”

ချန်မိသားစုက ကလေးမလေးက သူမဘာသာ စကားမပြောရဲပေ။

ဒါကိုတွေ့လိုက်ချိန်မှာ ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်သည်

“အဲဒါကောင်းတယ်။ ထိုင်ခုံယူပြီး နားလိုက်ရအောင်”

~~~

ယနေ့ရဲ့ဧည့်သည်တွေက သိပ်မများသည့်အတွက် စားသောက်ပွဲကလည်း သိပ်မကြာပေ။ တစ်နာရီခန့်ကြာပြီးနောက် အဆုံးသတ်ကို ရောက်လာပြီဖြစ်သည်။

လူတိုင်းက ရှေ့တိုးကာ နှုတ်ဆက်စကား ပြောလာသည်ကို အခွင့်ကောင်းယူပြီး ဧကရီမယ်တော်ကြီးက ချန်မိသားစုက ကလေးမလေးကို ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် မိသားစုဝင်ပဲလေ မင်းအတွက်လည်း နန်းတော်ကိုဝင်တာက ရှားပါးတယ်။ မင်းပြန်မသွားခင် အိုက်ကျားနဲ့နေပြီး စကားပြောဦး”

ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားပေမဲ့ သူမရဲ့ယောက္ခမဖြစ်သူဝမ်က ထပ်ပြီးစကားပြောတော့မည်ကို တွေ့လိုက်ရသည့်အတွက် ချက်ချင်းပဲ အပြေးအလွှား ပြောလိုက်သည်။

“မပူပါနဲ့ သခင်မကြီးဟုန် ဧကရီမယ်တော်ကြီးက ထိုအမျိုးသမီးနဲ့ စကားပြောပြီးသွားရင် သဘာဝကျကျပဲ နေထိုင်တဲ့အိမ်ကို ပြန်ပို့ပေးမှာပါ။ အရင်ဆုံး ပြန်သွားနှင့်ပါ”

သခင်မဝမ်က တိတ်ဆိတ်သွားပြီး တစ်ခဏခန့် တွန့်ဆုတ်နေကာ ရွေးချယ်စရာမရှိတော့ဘဲ တုံ့ပြန်လိုက်ရတော့သည်။

“ကောင်းပါပြီ”

ဒီလိုနည်းနဲ့ လူတိုင်းကနန်းတော်ကနေ ထွက်ခွာသွားတဲ့အချိန်မှာ ဧကရီမယ်တော်ကြီးကလည်း သခင်မလေးချန်ကို ချီအန်းနန်းဆောင်ဆီသို့ ပြန်ခေါ်လာတော့သည်။

အပြင်လူတွေ လုံးဝမရှိတော့သည့်အခါ ဧကရီမယ်တော်ကြီးက ချန်မိသားစုကို ပြောလိုက်သည်။

“ပြောမှပဲ အဲ့ဒီအချိန်တုန်းက မင်းရဲ့အဖွားက အိုက်ကျားကို အရမ်းကိုဂရုစိုက်ပေးခဲ့တာ။ ပြီးတော့လည်း အိုက်ကျားက အဲဒါကို ဒီနှစ်တွေ တစ်လျှောက်လုံး အမှတ်ရနေခဲ့တာ။ အဲဒါကြောင့် ဒီနေရာမှာ စကားပြောဖို့ မင်းကိုအထူးခေါ်လာရတာပဲ။ ဒါကို မငိးရဲ့သွေးရင်းမိသားစုလို့ သဘောထားလို့ရတယ်။ ဟုန်မိသားစုထဲက ဘဝက အဆင်ပြေရဲ့လားဆိုတာကို အိုက်ကျားကို ပြောပြလို့ရတယ်”

ထိုစကားတွေ ထွက်လာသည့်အခါ ချန်ရဲ့အမူအရာက အနည်းငယ် လှုပ်ခတ်သွားပြီး သူမရဲ့မျက်လုံးထဲမှာ မြူတစ်လွှာ ရှိနေသကဲ့သို့ပင်။

သို့သော်လည်း တစ်ခဏခန့် တွန့်ဆုတ်နေပြီးနောက်မှာတော့ ပြောလိုက်သည်။

“ဧကရီမယ်တော်ကြီးရဲ့ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီဇနီးဖြစ်သူမှာက…..ဘာမှမဖြစ်ပါဘူး ဟုန်မိသားစုမှာ အဆင်ပြေပါတယ်….”

ထိုမြင်ကွင်းကို တွေ့သည့်အခါ ယန်ရှုက သက်ပြင်းချလိုက်ပြီး လျင်မြန်စွာ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့။ ဧကရီမယ်တော်ကြီးက ဒီနေ့မင်းကို ခေါ်ထားတာက မင်းအတွက် ဆုံးဖြတ်ချက်ချပေးဖို့ပဲ။ ကလန်ရဲ့သွေးမျိုးဆက် တစ်ယောက်အနေနဲ့ ဟုန်မိသားစုကို တစ်ကယ်ပဲ ဂရုစိုက်စရာမလိုဘူး။ သူတို့တွေက မင်းကိုကောင်းကောင်း မဆက်ဆံဘူးဆိုရင် အဆိုးဆုံးမှု အဲဒီလက်ထပ်ထားတဲ့သူကို စွန့်ခွာလိုက်ရုံပဲ။ ဘာပဲဖြစ်ဖြစ် ဧကရီမယ်တော်ကြီး ရှိတယ်”

ဒါကိုကြားချိန်မှာ ဧကရီမယ်တော်ကြီးက သူမရဲ့မျက်ခုံးကိုပင့်လိုက်ပြီး ယန်ရှုကို ကြည့်လိုက်သည်။

ဒီကလေးမ သူမကို ဂရုစိုက်ပေးဖို့ ဆန္ဒရှိနေတာလား။

ယန်ရှုက သူမရဲ့မျက်လုံးတွေကို လှိမ့်လိုက်ကာ လျင်မြန်စွာပဲ ထပ်ပေါင်းပြောလိုက်သည်။

“ဧကရီမယ်တော်ကြီးက တရားမမျှတတာကို မုန်းတီးပြီး အဖြောင့်မတ်ဆုံးသူပဲ။ သူမက ဘယ်တော့မှ အချည်းနှီးဖြစ်စေမှာ မဟုတ်ဘူး”

ထိုစကားတွေ ပြောပြီးသည်နှင့် ဧကရီမယ်တော်ကြီးကလည်း ခေါင်းညိတ်လိုက်ကာ ချန်ရှီကို ပြောလိုကိသည်။

“အမှန်ပဲ မင်းမှာ တစ်ခုခုပြောစရာရှိရင် ငါ့ကိုသာ ပြောလိုက်။ မင်းသာ ရှန်းယန်ကိုပြန်သွားမယ်ဆိုရင် အိုက်ကျားက မင်းကို မကယ်တင်နိုင်တော့မှာကိုပဲ စိုးမိတယ်”

ထိုစကားတွေ ထွက်လာသည်နှင့် ချန်ရှီက ရပ်တန့်သွားတော့သည်။

ထို့နောက် ရုတ်တရက်ကြီး မျက်ရည်တွေ ကျလာပြီး ငိုကြွေးတော့သည်။

“ကျွန် ကျွန်မ ထပ်ပြီးမနေချင်တော့ဘူး…”

136 07

တစ်ခဏလောက် ငိုကြွေးအပြီးမှာ လက်ဦးမှုယူပြီး ကော်လာနဲ့ လက်ရှည်အနားတွေကို ဖြည်ချလိုက်သည်။ ပြီးနောက် ဧကရီမယ်တော်ကြီးကို လျှောက်တင်လိုက်သည်။

“ဒါတွေက ဟုန်တျန်းကျုံး ရိုက်နှက်ထားတာတွေပါ။ ဧကရီမယ်တော်ကြီး ဒီဇနီးဖြစ်သူက တစ်ကယ်ပဲ ထပ်ပြီး အသက်မရှင်ချင်တော့ပါဘူး!”

ဧကရီမယ်တော်ကြီးက အလျင်အမြန်ကြည့်လိုက်ပြီး တွေ့လိုက်ရသည်က သူမရဲ့လက်မောင်းတွေက ဒဏ်ရာတွေနဲ့အပြည့် ဖြစ်နေပြီး လည်ပင်းမှာတောင် လက်ရာတွေ ရှိနေသေးသည်။ ကြည့်ရသည်မှာ လည်ပင်းညှစ်ခံထားရသည့်ပုံပင်။

ယန်ရှုသည်လည်း ထိတ်လန့်သွားရပြီး ချက်ချင်းပဲ ဧကရီမယ်တော်ကြီးကို ပြောလိုက်သည်။

“မယ်တော်ကြီး ဒီလူက ကလန်ရဲ့သွေးမျိုးဆက်ကို ဒီလိုမျိုး နှိပ်စက်အနိုင်ကျင့်ရဲတယ်။ သူ့ကိုပေါ့ပေါ့လေး ခွင့်လွှတ်လိုက်လို့မရပါဘူး”

ဧကရီမယ်တော်ကြီးက ထိုစကားလုံးတွေကို ကြားသည့်အခါ ခေါင်းညိတ်ပြီး လျင်မြန်စွာ ပြောလိုက်သည်။

“လာခဲ့စမ်း အရှင်မင်းကြီးကို သတင်းပို့လိုက်။ ဟုန်တျန်းကျုံးရဲ့မိသားစုကို တွေ့ချင်တယ်လို့”

ချက်ချင်းပဲ နန်းတော်ထဲက တစ်ယောက်ယောက်က ရောက်လာကာ ချန်းမင်နန်းဆောင်ကို အလျင်အမြန် သွားလိုက်သည်။

မကြာခင်မှာပဲ တော်ဝင်စာကြည့်ဆောင်က ဘုရင်မင်းမြတ်က သတင်းရလိုက်သည်။

——ဧကရီမယ်တော်ကြီးက ဟုန်တျန်းကျုံးကို အခုပဲဆင့်ခေါ်လိုက်တယ်။ ပြီးတော့လည်း ဘာမှမပြောဘူး။ သူက အနည်းငယ် ထူးဆန်းနေပေမဲ့ ဧည့်ဆောင်ကို လူလွှတ်ကာ တစ်ယောက်ယောက်ကို ရှာခိုင်းလိုက်သည်။

ပြောမှပင် ရှန်းယန်က နာမည်ကြီး ပါရမီရှိသူအဖြစ် ကျော်ကြားသည့် ဟုန်တျန်းက မနေ့က ဝိန်ဟွားစံအိမ်တော်မှာ မိန့်ခွန်းတစ်ခုပြောခဲ့တုန်းက မှုးမတ်ပေါင်းများစွာရဲ့ နှစ်သက်မှုကို အနိုင်ရသွားသည်။

သေချာပေါက်ပင် ဒီအသက်အရွယ်မှာ တောင်သခင်အကြီးအကဲဖြစ်ဖို့ မလုံလောက်ပေ။ သို့သော်လည်း အကယ်ဒမီတွင် ပို့ချသူတစ်ဦးတော့ ဖြစ်နိုင်သေးသည် ။

ယခုသူ့တွင် လက်ထဲ၌ လုပ်စရာရှိနေတာကြောင့် ဖြစ်သည်။ တစ်ယောက်ယောက်က သတင်း ပို့လာသည့်အချိန်တွင် ယွီဝိန်းလန်က သူ့ကိုယ်သူ စာလွှာတွေထဲတွင် နှစ်မြှုပ်ထားတာ ဖြစ်သည်။

သာလွှာကိုဖတ်ရှုပြီးနောက် တစ်နာရီရဲ့ တစ်ဝက်ခန့်ရှိနေပြီဖြစ်သည်။

ဟုန်တျန်းကျုံးက ချီအန်းနန်းတောင်ကို ရောက်လောက်ပြီဟု တွေးလိုက်ကာ သူက တစ်ခဏခန့် သိချင်သွားရပြီး ဧကရီမယ်တော်ကြီးက ဒီလူကို ဘာလို့ဆင့်ခေါ်သလဲဆိုတာကို ရှာဖွေဖို့ ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူက တော်ဝင်စာကြည့်ဆောင်ကနေ ထွက်ခွာလိုက်သည်။

မမျှော်လင့်ထားစွာနဲ့ သူတို့တွေ ချီအန်းနန်းဆောင်ကို ရောက်တဲ့အခါမှာပဲ နန်းတော်ထဲကို မဝင်ရသေးခင်မှာပင် ယောက်ျားတစ်ယောက်ရဲ့ စူးရှတဲ့အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။

“မယ်တော်ကြီး မယ်တော်ကြီး ကျေးဇူးပြုပြီး သနားညှာတာပေးပါ….”

ယွီဝိန်းလန် “…”

******

137 01

အပိုင်း 137

ပထမကတော့ ဟုန်တျန်းကျုံးဟာ နန်းတော်ကနေ ဆင့်ခေါ်လိုက်သည်ဆိုတာကို ကြားလိုက်ချိန်မှာ အရမ်းကိုပျော်သွားခဲ့တာပင်။

မနေ့က ဝိန်ဟွားစံအိမ်တော်မှာ သူဟာ ကောင်းကောင်း တင်ဆက်နိုင်ခဲ့တယ်လို့ ဘုရင့်ရဲ့ မျက်နှာသာပေးမှုကိုရပြီး သူ့ကို စုန့်ဟယ်အကယ်ဒမီရဲ့ နေရာကိုပေးတော့မည်ဟု တွေးလိုက်တာဖြစ်သည်။ ထို့ကြောင့် သူဟာ တစ်ခဏလောက် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။

—အဲဒါက စုန့်ဟယ်အကယ်ဒမီလေ။

တစ်ခါက မြို့တော်မှာ ဂုဏ်သတင်းအကြီးမားဆုံးအကယ်ဒမီ ဖြစ်ရုံတင်မကပေ။ ယခုဆိုလျှင် ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းဆိုင်ရာရုံးတော်ရဲ့အောက်မှာ တိုက်ရိုက် ရှိနေတာဖြစ်သည်။ ထို့ကြောင့် အရှင်မင်းကြီးက အလွန်ကို တန်ဖိုးထားပေသည်။ အနာဂတ်ကိုပင် တွေ့ကြည့်လို့ရသည်။ တခြားနေရာတွေနဲ့ လုံးဝကိုမယှဉ်နိုင်ပေ။

ဒီအသက်အရွယ်တွင် တောင်သခင်နေရာကို မရနိုင်ဘူးဆိုတာကို သူလည်း သိသည်။ သို့သော်လည်း စာသင်ကြားရေးအကူဆိုလျှင်တောင်မှ သူ့မှာ တောက်ပတဲ့အနာဂတ် ရှိမည်ဖြစ်သည်။

ထို့ကြောင့် စိတ်လှုပ်ရှားနေတဲ့ခံစားချက်နှင့်အတူ ဟုန်တျန်းကျုံးဟာ နန်းတော်ရှိရာ လမ်းတစ်လျှောက်ကို လာလိုက်သည်။

သူဟာ သူတော်စင်နဲ့တိုက်ရိုက်တွေ့ရမည်ဟု ထင်လိုက်သော်လည်း လမ်းပြပေးတဲ့ မိန်းမစိုးဟာ ဧကရီမယ်တော်ကြီးက သူ့ကို တွေ့ဆုံချင်နေတာပါဟု ပြောရင်း သူ့ကို ချီအန်းနန်းဆောင်ဆီသို့ ခေါ်သွားတော့သည်

ဧကရီမယ်တော်ကြီးက သူ့ကို ဘာလို့တွေ့ချင်နေရတာလဲ။

ဟုန်တျန်းကျုံးမှာ ရွေးချယ်စရာမရှိတော့ဘဲ အူကြောင်ကြောင်နဲ့ပဲ နန်းတော်ထဲကို ခြေချလိုက်ရတော့သည်။ ထို့နောက် ဒူးထောက်ကာ ဂါရဝပြုလိုက်သည်။

“ချောင်မင်က ဧကရီမယ်တော်ကြီးကို ဂါရဝပြုပါတယ်”

ထိုစကားသံ ထွက်လာသည့်အခါ ဧကရီမယ်တော်ကြီးက မေးလိုက်သည်။

“မင်းက ဟုန်တျန်းကျုံးလား”

ဟုန်တျန်းကျုံးက ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။

“အဲဒါက ဒီချောင်မင်ပါပဲ”

“သိပ်ကောင်းတယ်”

ဧကရီမယ်တော်ကြီးက ဘေးဘက်ကို လှည့်ကာ အမိန့်ပေးလိုက်သည်။

“အရင်ဆုံး သူ့ကို အိုက်ကျားအစား မျက်နှာကို အချက်နှစ်ဆယ် ရိုက်ပေး”

ရိုက်မယ်။ဘာကြီးလဲ။

ဟုတ်တျန်းကျုံးက တစ်ခဏခန့် ကြက်သေသေသွားပြီး သူပင် မတုံ့ပြန်နိုင်ခင်မှာဘဲ လက်မောင်းခပ်ကြီးကြီးနဲ့ တုတ်ခိုင်တဲ့လက်ကောက်ဝတ်ရှိတဲ့ မိန်းမစိုးတစ်ယောက်က ရှေ့ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ သူ့ဝတ်ရုံစကို ဆွဲလိုက်ပြီးနောက် လက်မောင်းကို မြှောက်ပြီးတာနဲ့ သူ့အား ရိုက်ချလိုက်တော့သည်။

ရုတ်တရက် သူ့မျက်နှာပေါ်မှာ စူးရှတဲ့နာကျင်မှု တစ်ခုရှိသွားပြီး လက်ခုပ်သံလိုစူးရှတဲ့ အသံဟာ ခန်းမထဲတွင် မိုးခြိမ်းသံကဲ့သို့ ပျံ့လွင့်သွားတော့သည်

သို့သော်လည်း အော်ဟစ်သံကရှိနေဆဲပင်။

——ဟုန်တျန်းကျုံးက အလိုလိုက်ခံခဲ့ရပြီး ကြီးပြင်းလာတာဖြစ်သည်။ ဘယ်တုန်းကမှ ဒီလိုမျိုး ခံစားခဲ့ရဖူးတာမျိုးမရှိပေ။ မိန်းမစိုးရဲ့လက်ဖဝါးက အရမ်းကို အားပြင်းပြီး ရိုက်ချက်တစ်ချက်တည်းနှင့်ပင် မူးမေ့လုနီးပါးပင်။ သေချာပေါက်ကိုပင် မတတ်နိုင်ဘဲ ဆွဲဆွဲငင်ငင် အော်ဟစ်မိတော့သည်။

သို့သော်လည်း ပါးရိုက်ချက်က နှစ်ဆယ်ဖြစ်သည်။

အချိန်တိုင်းမှာ ဟုန်တျန်းကျုံးက မူးမေ့တော့မလိုဖြစ်သွားပြီး ထပ်ပြီး ပါးရိုက်ချက်ကြောင့် ပြန်နိုးလာရသည်။ အချက်နှစ်ဆယ်ရိုက်အပြီးမှာတော့ သူ့ပါးတွေက ဝက်ခေါင်းလိုပင် ဖူးရောင်နေပြီး သူ့ပါးစပ်ထောင့်ကနေလည်း သွေးတွေ စီးကျနေပေသည်။ ဆံပင်တွေကလည်း ရှုပ်ပွနေကာ ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ယခုလေးတင်ရှိခဲ့သည့် သူ့ရဲ့ပုံရိပ်က ပျောက်ဆုံးလုနီးပါးပင် ။

နာကျင် မူးဝေပြီး စိတ်ရှုပ်ထွေးမှုနဲ့အတူ ဟုန်တျန်းကျုံးဟာ ကြောက်ရွံ့ပြီးရင်း ကြောက်ရွံ့လာတော့သည်။ ထို့ကြောင့် ဒူးထောက်ထားကာ ထပ်ခါထပ်ခါ ဦးညွှတ်တော့သည်။

“မယ်တော်ကြီး မယ်တော်ကြီးက ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ချောင်မင်က မယ်တော်ကြီးကို ဘယ်နေရာမှာများ ဆန့်ကျင့်မိသလဲဆိုတာကို မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို သနားညှာတာပေးပါ”

“ဧကရီမယ်တော်ကြီးကို ဘယ်အရာကများ ဒေါသထွက်စေတာလဲဆိုတာကို ကျွန်တော်မျိုး မသိပါဘူး”

ဧကရီမယ်တော်ကြီးရဲ့ဘေးမှာရပ်နေတဲ့ယန်ရှုက နှာမှုတ်ကာ မေးလိုက်သည်

“ရှင့်ရဲ့ပထမဇနီးက ဘယ်သူလဲဆိုတာကိုရော သိသေးရဲ့လား”

ဇနီးတစ်ယောက်ရတယ်။

137 02

ထို့နောက် ဟုန်တျန်းကျုံးက ရပ်တန့်သွားကာ တစ်ခဏလောက် တွေးလိုက်ပြီး ရွေးချယ်စရာမရှိဘဲ ပြောလိုက်ရသည်။

“ချောင်မင်ရဲ့ဇနီးက နန်ဖင်းမြို့က ချန်ဝမ်ကျွင်းပါ။ သူမက ဘုရင်ခံနန်ဖင်းရဲ့တူမပါ….”

ထိုအချက်မှာ သူဟာ ဧကရီမယ်တော်ကြီးက ဘုရင်ခံနန်ဖင်းကို ပုန်ကန်တဲ့အတွက် မုန်းတီးနေတာပဲ ဖြစ်ရမည်ဟုတွေးလိုက်ပြီး သူကတော့ ပါဝင်ပတ်သက်မိတာပဲ ဖြစ်ရမည်။

မမျှော်လင့်ထားစွာနဲ့ ဧကရီမယ်တော်ကြီးက အေးစက်စွာ ပြောလာသည်။

“သူမက တော်ဝင်မိသားစုနဲ့ သွေးတော်စပ်တယ်ဆိုတာကို သိနေပြီးသားကို တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ပြီး အကြမ်းဖက်သေးတယ်ပေါ့လေ။ အဲဒါဆို မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ”

ဘာ ကလန်ရဲ့သွေးမျိုးဆက် ဟုတ်လား။

ထိုအခါမှသာ ဟုန်တျန်းကျုံးက တစ်ခုခုတော့ မှားနေပြီဆိုတာကို ဝိုးတဝါးသဘောပေါက်သွားပြီး လျင်မြန်စွာ ရှင်းပြလိုက်သည်။

“ကျေးဇူးပြုပြီး စိတ်လျော့ပါ။ ဧကရီမယ်တော်ကြီး ဒီချောင်မင်က ကျိုးကျင်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ဒီတိုင်း ခင်ပွန်းနဲ့ဇနီးကြားမှာ တစ်ခါတစ်ရံ မပျော်မရွှင်ဖြစ်တာမျိုးရှိပြီး မတော်တဆနဲ့ သူမကို ထိခိုက်စေမိတာပါ…..”

“ဂရုမပြုမိလိုက်ဘူး ဟုတ်လား”

ဧကရီမယ်တော်ကြီးက နှာမှုတ်ကာ ပြောလိုက်သည်။

“ဝမ်ကျွင်း ထွက်လာခဲ့”

ထိုစကားတွေ ထွက်လာသည့်အခါမှသာ အတွင်းခန်းမ၌ ပုန်းနေသည့် ချန်ဝမ်ကျွင်းက ဟုန်တျန်းကျုံးရှေ့သို့ ထွက်လာရဲတော့သည်။

သို့သော် သူ့ဘေးမှာ ရပ်ရမဲ့အစား ယန်ရှုရဲ့ဘေးဆီသို့ သွားပြီး ရပ်နေလိုက်သည်။

ထိုအချိန်မှာ သူမက အေးမြတဲ့နွေရာသီဝတ်စုံကို လဲလှယ်လိုက်ပြီဖြစ်ပြီး သူမရဲ့လည်ပင်းနဲ့ လက်ကောက်ဝတ်ပေါ်က ဒဏ်ရာတွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးဖြစ်သည်။

သူမရဲ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ညွှန်ပြလိုက်ပြီး ယန်ရှုက မြေပြင်ပေါ်မှာ ဒူးထောက်နေတဲ့ ဟုန်တျန်းကျုံးကို ဒေါသတကြီးနဲ့ မေးခွန်းထုတ်လိုက်သည်။

“ဒါကို ဂရုမပြုမိဘူးလို့ ခေါ်တာလား။ ဘယ်လိုပြောရမလဲဆိုတာကို တကယ်သိတာပဲ။ မင်းကိုရော အရမ်းကို ဂရုမပြုမိစွာ ဆက်ဆံမယ်ဆိုရင် ဘယ်လိုလုပ်မလဲ”

ထိုစကားတွေ ထွက်လာသည့်အခါ ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီလေ ဒီကိုလာခဲ့စမ်းပါ။ အိုက်ကျား မင်းရဲ့လည့်င်းကို ညှစ်ပါရစေဦး။ ပြီးတော့မှ ဂရုမပြုမိဘူးဆိုတာက ဘယ်လိုခံစားရသလဲဆိုတာကိာ မင်းကို ခံစားကြည့်ခိုင်းဦးမယ်”

ဟုန်တျန်းကျုံးက ရပ်တန့်သွားကာ ချက်ချင်းပဲ တောင်းပန်လာတော့သည်။

“မယ်တော်ကြီး မယ်တော်ကြီး ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ….”

သို့သော်လည်း သူပင် စကားပြောတာ မဆုံးခင်မှာဘဲ သူ့ကိုအခုလေးတင် ပါးရိုက်ခဲ့သည့် မိန်းမစိုးက ထပ်ပြီးတော့ ရှေ့ကိုထွက်လာကာ တစ်ခြားဘာမှမလုပ်ဘဲ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လည်ပင်းကို ဆုပ်ကိုင်လိုက်တော့သည်။

….

ယွီဝိန်းလန်က ဒီအခြေအနေမှာ နန်းတော်ထဲကို ခြေချလာတာဖြစ်သည်။

သူက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး တွေ့လိုက်ရသည်ကတော့ ဧကရီမယ်တော်ကြီးက နွေးထွေးသည့် ခြေနင်းပေါ်မှာ ထိုင်နေပြီး ယန်ရှုက ဘေးဘက်မှာ ရပ်နေကာ မိန်းမငယ်လေးတစ်ယောက်လည်း ဘေးနားမှာရှိနေပေသည်။

ထိုအချိန်မှာပဲ သူတို့သုံးယောက်ဟာ နန်းတော်ထဲက မိန်းမစိုး ကျောက်လိုင်ချန်က ဟုန်တျန်းကျုံးရဲ့ လည်ပင်းကို ညှစ်နေတာအား ကြည့်နေကြပေသည်။

ဟုန်တျန်းကျုံးက ပညာရှင်တစ်ယောက်ဖြစ်ပြီး အရပ်အမောင်းအားဖြင့် မသန်မာပေ။ ကျောက်လိုင်ချန်ကတော့ နန်းတော်ထဲက လက်မောင်းအကြီးကြီးနဲ့ တုတ်ခိုင်တဲ့ လက်ကောက်ဝတ်ရှိတဲ့ အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်သည်။ ကြည့်ရသည်မှာ ဒီတစ်ခေါက် သူပင် အားအများကြီး ထုတ်စရာမလိုလိုက်ပုံပင်။ ဟုန်တျန်းကျုံးရဲ့မျက်နှာက ဖူးရောင်နေပြီး သူ့လက်တွေနဲ့ခြေထောက်တွေဟာလည်း ဘေးဘက်မှာ ကျနေပေသည်။

အမှန်တရားကို မသိသေးသည့် ယွီဝိန်းလန်က ထိတ်လန့်သွားပြီး လျင်မြန်စွာ မေးလိုက်သည်။

“ဘာကိစ္စလဲ။ ဘာတွေဖြစ်သွားတာလဲ”

သို့သော် ယန်ရှူက ပြောလာသည်။

“အရှင်မင်းကြီး ဒီလူက သူ့ဇနီးကို အနိုင်ကျင့်ခဲ့ပြီး ကလန်ရဲ့သွေးမျိုးဆက်ကို စော်ကားမော်ကားပြုပါတယ်။ အဲဒါကြောင့် ဧကရီမယ်တော်ကြီးက သူ့ကို အပြစ်ပေးနေတာပါ”

“စည်းကမ်း ပြင်ပေးနေတယ်”

ယွီဝိန်းလန်က ဟုန်တျန်းကျုံးကို လျင်မြန်စွာ ထပ်ကြည့်လိုက်သည်။

137 03

သို့သော် ထိုသူ့ရဲ့မျက်နှာက နီရဲနေပြီဖြစ်နေတာကို လျင်မြန်စွာ တွေ့လိုက်ရသည်။ ထို့ကြောင့် သူက လျင်မြန်စွာ ပြောလိုက်သည်။

“မယ်တော် သူ့ကိုသာ လည်ပင်း ထပ်ညှစ်နေမယ်ဆိုရင် တစ်ယောက်ယောက်ကို သတ်မိသွားမှာကို စိုးပါတယ်”

ဧကရီမယ်တော်ကြီးက ကျောက်လိုင်ချန်ကို အမိန့်ပေးလိုက်သည်။

“ကောင်းပြီလေ။ သူ့ကို လေနည်းနည်းလောက် ရှုခိုင်းတာပေါ့”

ကျောက်လိုင်ချန်က နာခံလိုက်ကာ ထို့နောက် လွှတ်ပေးလိုက်တော့သည်။

ပြီးနောက် ဟုန်တျန်းကျုံးက မြေကြီးပေါ်ကို ပလွတ်ခနဲ ဒူးထောက်ကျသွားပြီး ပြင်းထန်စွာ မောဟိုက်နေကာ တစ်ခဏလောက် ဘာကိုမှမပြောနိုင်ပေ။

ယွီဝိန်းလန်က ဧကရီမယ်တော်ကြီးကို ထပ်မေးလိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ”

ဧကရီမယ်တော်ကြီးက ယန်ရှုဘေးနားမှာ ရပ်နေရင်း မျက်ရည်တွေ သုတ်နေတဲ့ ချန်မိသားစုကကလေးမလေးကို ကြည့်လိုက်ကာ ဧကရာဇ်ကို ပြောလိုက်သည်။

“ဒါက ဘုရင်ခံနန်ဖင်းရဲ့မြေးမ အရင်လဲ့ဖင်းကောင်တီအရှင်ရဲ့သမီးပဲ။ ဒီဟုန်တျန်းကျုံးက သူမကို လက်ထပ်ခဲ့တယ်။ သူမကို ကောင်းကောင်း ဂရုမစိုက်ရုံတင်မကဘူး။ သုံးရက်ခြားတိုင်း ရိုက်နှက်သေးတယ်။ သူမသာ မြို့တော်ကိုလာပြီး အိုက်ကျားသာ ရှာမတွေ့ခဲ့ဘူးဆိုရင် သူမ ကဒီသားရဲကောင်ရဲ့လက်ထဲမှာ သိပ်မကြာခင် သေနေလောက်ပြီ”

ထိုစကားတွေ ထွက်လာချိန်တွင် ယန်ရှုက ထပ်ပြောလိုက်သည်။

“ဒီလူက ပါရမီရှိတဲ့လူဆိုပြီး နာမည်ရှိနေတာ အချည်းနှီးတော့ မဟုတ်ဘူးဘဲ။ သူ့နှလုံးသားက ရက်စက်လွန်းတယ်။ သူက သူ့ဇနီးအပေါ် လုပ်ခဲ့သမျှ အကြမ်းဖက်တာတွေနဲ့ မကောင်းတာတွေကို မြည်းစမ်းကြည့်သင့်တယ်။ သူ မြည်းပြီးသွားရင်လည်း အရိုအသေမဲ့တဲ့ ပြစ်မှုအတွက် အပြစ်ပေးခံရမယ်”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ။ အရှင်မင်းကြီးက ဒီနေ့သူ့ကို တားလိုက်တယ်။ သူက သူ့ဇနီးကို အခန်းထဲမှာ ရိုက်နှက်နေတုန်း ဘယ်သူက တားဆီခဲ့သလဲဆိုတာကို မေးပါရစေဦး”

ထိုစကားတွေထွက်လာသည့်အခါ ချန်မိသားစုကသမီးက စိတ်ထိခိုက်သွားပြီး မနေနိုင်ဘဲ ထပ်မံငိုကြွေးတော့သည်။

ထိုအခါမှသာ ယွီဝိန်းလန်က ရုတ်တရက်သိသွားပြီး ဟုန်တျန်းကျုံးကို ပြောလိုက်သည်။

“သေချာပေါက်ပဲ မောင်မင်းမှာ ပါရမီအတွက် ဂုဏ်သတင်းရှိတယ်။ မောင်မင်းက ကြီးကျယ်ခမ်းနားတဲ့ ယောက်ျားတစ်ယောက်လေ။ ဘာလို့ အားနွဲ့တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ မောင်မင်းရဲ့ ဇနီးကို ဘယ်လိုရိုက်နှက် နိုင်ရတာလဲ”

အနည်းငယ် အသက်ရှုလို့ရသွားပြီဖြစ်တဲ့ ဟုန်တျန်းကျုံးက ဒူးထောက်ထားရုံပဲ တတ်နိုင်ကာ ငိုကြွေးလာတော့သည်။

“အရှင်မင်းကြီး စိတ်လျှော့တော်မူပါ။ ဧကရီမယ်တော်ကြီးလည်း စိတ်လျှော့တော်မူပါ။ ဒီချောင်မင်က သူ့ရဲ့အမှားကို သိပါပြီ…..”

ယန်ရှုက နှာမှုတ်ကာ ထပ်ပြောလိုက်သည်။

“ရှင့်ကိုသာမရိုက်ဘူးဆိုရင် ရှင်က မှားမှန်းသိမှာ မဟုတ်ဘူး။ သားဖြစ်သူရဲ့အမှားက ဖခင်ဖြစ်သူရဲ့ သင်ကြားပညသပေးမှု မရှိလို့တဲ့။ ရှင့်မိဘတွေသာ အဲဒီအကြောင်းကို သိပြီးတော့ မထိန်းချုပ်ဘူးဆိုရင် အရမ်းကို မုန်းစရာ ကောင်းနေမှာပဲ”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်လိုက်သည်။

“ချွေးမဖြစ်တဲ့သူက သူ့သားရဲ့ရိုက်နှက်တာကို နေ့တိုင်းခံနေရတယ်။ ဘယ်လိုလုပ်ပြီး သူ့မိဘတွေက မသိရမှာလဲ။ အခုလေးတင် အိုက်ကျားက ဝမ်ကျွင်းကို ဘာလို့ထူထဲတဲ့အဝတ်တွေ ဝတ်ထားတာလဲဆိုတာကို မေးတော့ ဝမ်ကျွင်းက အအေးကြောက်လို့ပါဆိုပြီး ဝမ်ရှီက ငြင်းဆန်လာသေးတယ်။ သူ့သားရဲ့ပြစ်မှုတွေကို ဖုံးကွယ်ပေးချင်နေတာပဲ”

ယန်ရှုက လျင်မြန်စွာ ပြောလိုက်သည်။

“ဒါကဖုံးကွယ်ပေးထားတဲ့ ပြစ်မှုမလား။ ခွင့်လွှတ်ပေးလို့ မရဘူး”

ဧကရီမယ်တော်ကြီးက ထပ်မံရေရွတ်လိုက်သည်။

“ဒီကလေးရဲ့မိခင်က အရှင်မင်းကြီးရဲ့ ပထမဆုံးဝမ်းကွဲပဲ။ ပြီးတော့ သူမရဲ့ဦးလေးအနေနဲ့ အရှင်မင်းကြီးက သူမအတွက် ဆုံးဖြတ်ချက် ပြုပေးသင့်တယ်”

ယွီဝိန်းလန်က ခေါင်းညိတ်ပြီး ပြောလိုက်သည် ။

“ဧကရီမယ်တော်ကြီးပြောတာက အရမ်းကိုမှန်တယ်။ လာကြ ဟုန်တျန်းကျုံးရဲ့မိဘတွေကို လာကြည့်ဖို့ ပြောလိုက်”

ထိုအသံထွက်လာသည်နှင့် တံခါးအပြင်ဘက်က တစ်ယောက်ယောက်က ချက်ချင်း ပြန်ဖြေလိုက်ကာ လျင်မြန်စွာပဲ တစ်ယောက်ယောက်ကိုရှာဖို့ သွားတော့သည်။

သိပ်မကြာခင်မှာပဲ ဟုန်မိသားစုကစုံတွဲက ချီအန်းနန်းဆောင်ကို ရောက်လာကြတော့သည်။

137 04

ထိုအချိန်မှာပဲ ဟုန်တျန်းကျုံးက မြေပြင်ပေါ်မှာ ဒူးထောက်နေတာဖြစ်ပြီး သူ့ရဲ့မျက်နှာက ဝက်ခေါင်းလိုပဲ ဖူးရောင်နေကာ လည်ပင်းသည်လည်း နီရဲပြီး ရောင်ရမ်းနေပေသည်။ တစ်ကိုယ်လုံးလည်း ရှုပ်ပွနေပြီး ဟုန်မိသားစုကစုံတွဲက ခင်ပွန်းနဲ့ဇနီးဖြစ်သူဟာ တစ်ချက်ကြည့်ရုံတင် မြင်နိုင်ပေသည်။

အံ့အားသင့်သွားပြီး အရှင်သုံးယောက်ကို ဂါရဝပြုပြီးနောက် သခင်မဝမ်ဟာ ချက်ချင်းပဲ မေးလိုက်သည်။

“တျန်းကျုံးက ဘာမှားနေလို့ပါလဲ”

တစ်ခဏအတွင်းမှာပဲ သူမကအရမ်းကို စိတ်ဖိစီးနေပြီး မျက်ရည်တွေ ကျလာတော့သည်။

ဧကရီမယ်တော်ကြီးက အေးစက်စွာပြောလိုက်သည်။

“သားဖြစ်သူက ချွေးမကို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူတယ်။ ပြီးတော့ ချွေးမဖြစ်တဲ့သူက ငါတို့တော်ဝင်မိသားစုရဲ့သွေးသားပဲ။ ယေက္ခမတစ်ယောက်ဖြစ်တဲ့နင်က အဲ့အကြောင်းကို သိနေပေမဲ့ ဂရုမစိုက်ဘူး။ အဲတော့ အိုက်ကျားက ဒီနေ့ သူ့ကို သူ့ဇနီးအပေါ်ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် ပုန်ပြီး မြည်းစမ်းခိုင်းလိုက်တာပဲ။ နင်က စိတ်ဖိစီးနေပြီလား။ သူ့ဇနီးက အသတ်ခံရလုနီးနီး ဖြစ်နေတုန်းက ဘေးဘက်မှာ ဘယ်လိုရပ်နေနိုင်ခဲ့သလဲဆိုတာကို မေးပါရစေဦး။ နင့်ရဲ့သွေးသားက လူသားဆိုရင် တစ်ခြားသူတွေရဲ့သွေးသားကရော လူသားပဲ မဟုတ်ဘူးလား”

ဒါကိုကြားလိုက်ချိန်မှာ သခင်မဝမ်က တုန်ယင်သွားပြီး ငိုကြွေးရုံသာ တတ်နိုင်ကာ ထပ်ခါထပ်ခါ ဦးညွှတ်နေပေသည်။

“ကျွန်မမှာ အပြစ်ရှိပါတယ်။ဒါတွေအားလုံးက ကျွန်မရဲ့အပြစ်တွေပါပဲ ကျေးဇူးပြုပြီး ဧကရီမယ်တော်ကြီးက ကျွန်မကိုပဲ အပြစ်ပေးပါ။ တျန်းကျုံးကို အပြစ်မတင်ပါနဲ့…..”

ယန်ရှုက သူမရဲ့ခေါင်းကို ရမ်းလိုက်သည်။

—ရှင့်ရဲ့သားကို ဒီလိုသာ အလိုလိုက်နေပြီး မျက်နှာသာ ဆက်ပေးနေဦးမယ်ဆိုရင် ဒီအမျိုးသမီးကတော့ မျှော်လင့်ချက်မဲ့နေပြီပဲ။

ထိုမြင်ကွင်းကိုတွေ့သည့်အခါ အဖေဖြစ်သူဟုန်ယွီရှန်းက လျင်မြန်စွာ ဒူးထောက်လာပြီး ပြောလာသည်။

“ဒါတွေအားလုံးက မိသားစုကို အုပ်ချုပ်တဲ့နေရာမှာ တင်းကြပ်မှုလျော့သွားခဲ့တဲ့ ဒီချောင်မင်ရဲ့အပြစ်တွေပါ။ အခုကစပြီး ဒီခွေးကောင်ကို သေချာပေါက်စည်းကမ်း တင်းကြပ်ပြီး ချွေးမကိုလည်း ဘယ်တော့မှ နောက်ထပ် ရက်စက်တဲ့နစ်နာမှုမျိုးကို ခံစားခွင့်မပြုတော့ပါဘူး။ အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးကို အကူအညီပေးဖို့ တောင်းဆိုပါတယ်။ ဒီခွေးကောင်စုတ်လေးကို အခွင့်အရေးတစ်ခါလောက် ပေးတော်မူပါ”

ဧကရီမယ်တော်ကြီးက ထပ်ပြောလိုကိသည်။

“ရှင့်ရဲ့မိသားစုကို တင်းတင်းကြပ်ကြပ် မအုပ်ချုပ်ဘူးဆိုတာကတော့ အမှန်ပဲ။ ဒါပေမဲ့ ကလန်ရဲ့သွေးသားကို အနိုင်ကျင့်တဲ့ပြစ်မှုကတော့ အိုက်ကျားနဲ့အရှင်မင်းကြီးက အခွင့်အရေး ပေးလို့ရတဲ့အရာတစ်ခု မဟုတ်ဘူး”

ယန်ရှုလည်း ပြောလာသည်။

“အမှန်ပဲ ဒါပေမဲ့ အနာဂတ်မှာရော။ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်မျိုးက တစ်ခါစတင်လိုက်မိတာနဲ့ ဘယ်တော့မှ အမြစ်ပြတ် ချေမှုန်းပစ်နိုင်ချေမရှိဘူး။ ကျေးဇူးပြုပြီး အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီး ဝမ်ကျွင်းကို ဂရုစိုက်ပေးပြီး သူမကို ဟုန်မိသားစုဆီ ပြန်မသွားစေပါနဲ့”

ယွီဝိန်းလန်သည်လည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဧကရီမယ်တော်ကြီးနဲ့ ကိုယ်လုပ်တော်ယီပြောတာက မှန်တယ်။ ကလန်ရဲ့သွေးသားက ပါဝင်နေမှတော့ ကလန်ရဲ့မိသားစုကပဲ ကိုင်တွယ်ပါစေ။ ဒီကိစ္စကိုသာ ပေါ့လျော့လိုက်မယ်ဆိုရင် အနာဂတ်မှာ တော်ဝင်မိသားစုရဲ့အရှင်သခင်ဆိုတာက ဘယ်မှာ ရှိတော့မှာလဲ။ ဝမ်ကျွင်းအတွက်ကတော့ နောက်ပိုင်းကျ စေ့စပ်ညှိနှိုင်းရေးစာထုတ်ပြန်ပြီး မောင်မင်းတို့နှစ်ယောက်ကို ပြန်လည်ညှိနှိုင်းပြီး ကွာရှင်းဖို့ အမိန့်ချမှတ်မယ်”

ဒါကိုကြားချိန်မှာ ချန်ဝမ်ကျွင်းက ဒူးထောက်ချလိုက်ပြီး ချက်ချင်းပဲ ဂါရဝပြုလာသည်။

“ကြင်နာမှုအတွက် ကျေးဇူးကြီးပါတယ်။ ကြင်နာမှုအတွက် ကျေးဇူးကြီးလှပါတယ်”

ယန်ရှုသည်လည်း လျင်မြန်စွာ ရယ်မောလိုက်ကာ

“အရှင်မင်းကြီးက ဥာဏ်ပညာကြီးမားပါတယ်”

ဧကရီမယ်တော်ကြီးကလညိး ခေါင်းညိတ်လိုက်ကာ

“အရှင်မင်းကြီးက ဥာဏ်ပညာကြီးမားပါတယ်”

သို့သော်လည်း သူကနောက်ထပ် စာတစ်ကြောင်းကို ထပ်ပြီးမိန့်ကြားလိုက်သေးသည်။

“စံအိမ်ကိုပြန်ရောက်တဲ့အခါကျရင် ဟုန်တျန်းကျုံးကို တစ်ယောက်ယောက်ကိုလွှတ်ပြီး နောက်ထပ်အချက်ငါးဆယ် ရိုက်ခိုင်းလိုက်။ ပြီးရင် သူ့ရဲ့မိဘတွေကို သူ့ကို ရိုက်နေတာကို ကြည့်ဖို့ပြောလိုက်။ မရှောင်စေနဲ့ အရသာကိုမြည်းစမ်းပါစေ။ မနာကျင်ဘူးဆိုရင် နောင်တရမှာ မဟုတ်ဘူး”

ထိုစကားတွေထွက်လာသည့်အခါ ယန်ရှုက သူမရဲ့လက်တွေကို တီးလိုက်ကာ ချီးကျုးလုနီးပါးပင်။ ပြီးနောက် သိမ်းသွင်းတဲ့အနေနဲ့ စိတ်ရင်းနဲ့ ပြောလိုက်သည်။

“အရှင်မင်းကြီးက တုနှိုင်းမဲ့တာပဲ”

ယွီဝိန်းလန်

“…..ဧကရီမယ်တော်ကြီး ပြောတာက လုံးဝကို အမှန်ပဲ”

137 05

ကျစ် ဒီကလေးကတော့ မျက်ခုံးပင့်လိုက်သင့်တယ်။

တိုက်ခိုက်ရမဲ့အချိန်ပဲ။

~~~

ဟုတ်မိသားစုက မိသားစုဝင်သုံးယောက်အား စံအိမ်ဆီ ပြန်ပို့ပြီးနောက် ဝမ်ကျွင်းဟာ နန်းတော်မှာပဲ ယာယီနေထိုင်နေသည်။

သတင်းကိုကြားပြီးနောက် သာ့ချန်မင်းသမီးသည်လည်း သူမရဲ့သမီးဖြစ်သူ အန်းခန်းကောင်တီအရှင်ကို ခေါ်လာကာ လာရောက်လည်ပတ်လေသည်။

ဝမ်ကျွင်းရဲ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို တွေ့သည့်အခါ အဒေါ်ဖြစ်တဲ့ တော်ဝင်မင်းသမီးကြီးက မနေနိုင်ဘဲ သူမကိုဖက်ကာ ငိုကြွေးတော့သည်။

“မကောင်းတာတွေ လုပ်တာပဲ။ ပြောရရင် မင်းက ကောင်းဇူရဲ့မျိုးဆက်လေ။ ဘယ်လိုလုပ်ပြီး ဒီလိုဆက်ဆံနိုင်ရတာလဲ”

အန်းခန်းကောင်တီအရှင်ကလည်း မနေနိုင်ဘဲ ငိုကြွေးတော့သည်။

ချန်ဝမ်ကျွင်းသည်လည်း သူမအဒေါ်ရဲ့လက်မောင်းထဲမှာ မနေနိုင်ဘဲ ငိုကြွေးတော့သည်။

ဧကရီမယ်တော်ကြီးက ပြောလိုက်သည်။

“ကောင်းပြီလေ ကံကောင်းစွာနဲ့ အချိန်မီရှာတွေ့သွားလို့ပေါ့။ အခုတော့ မကောင်းတဲ့မိသားစုရဲ့လူက မကောင်းတဲ့အသီးကို စားဖို့ စောင့်နေရပြီ။ အခု ဝမ်ကျွင်းမှာ ဟဲလီရှုရှိတယ်။ သူမကလွတ်လပ်သွားပြီဆိုတော့ သတင်းကောင်းပဲ။ အခုအဲ့အကြောင်းကို တွေးကြည့်တော့မှ အနာဂတ်ကျရင် သူမ ဘာဖြစ်မှာလဲ။ ဘာလုပ်ချင်လဲ”

တော်ဝင်မင်းသမီးကြီးက သူမရဲ့မျက်ရည်တွေကို သုတ်လိုက်ကာ

“သူ့ရဲ့သမီးကို ဒီလိုမျိုးဆီကို လက်ထပ်ပေးနိုင်တယ်ဆိုတော့ အဖေဖြစ်သူဆီ ပြန်သွားနိုင်မယ်လို့ မထင်ဘူး။ ပြန်မသွားချင်ရင် မြို့တော်မှာပဲ နေလို့ရတယ်။ ငါ့ရဲ့နန်းတော်လည်းရှိပြီး ဧကရီမယ်တော်ကြီးကလည်း ဂရုစိုက်ပေးလိမ့်မယ်”

ချန်ဝမ်ကျွင်းက မျက်ရည်တွေနှင့် ခေါင်းညိတ်လိုက်ကာ

“အကြီးတွေ ပြောတာကို အမြဲတမ်းနာခံပါ့မယ်”

အန်းခန်းကောင်တီအရှင်က ပြောလာသည်။

“မင်းရဲ့အမေနဲ့ငါက အဒေါ်နဲ့ ဝမ်းကွဲတော်စပ်တယ်။ ငါ ငယ်ငယ်တုန်းကဆို အတူတူကစားဖို့ ငါ့ကို ခေါ်ခေါ်သွားခဲ့တာ။ အခုသူမက ဒီနေရာမှာ မရှိပေမဲ့လည်း ငါက ဒီမှာရှိနေတုန်းပဲ။ စိတ်မရှိဘူးဆိုရင် ငါ့ကိုမွေးစားအမေအဖြစ် အသိအမှတ်ပြုလို့ရတယ်။ အနာဂတ်ကျ လာပြီး ကာကွယ်ပေးမယ်”

ဒါကို ကြားလိုက်ချိန်မှာ ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားတော့သည်။

—-ဒါက အကြံကောင်းပဲ။

ဧကရီမယ်တော်ကြီးတွင် အမျိုးသမီးဂုဏ်ပုဒ်ကို ချီးမြှင့်နိုင်စွမ်း ရှိသော်လည်း ချန်မိသားစုဟာ နန်ဖင်းကောင်တီရဲ့ဘုရင်ခံနဲ့ ပါဝင်ငြိစွန်းနေပြီး သူတို့ရဲ့ဂုဏ်ပုဒ်တွေကို ဖြတ်တောက်ထားတာပင်။ ထို့ကြောင့် ချန်ဝမ်ကျွင်းအတွက် ထိုသို့လုပ်ဖို့ မလွယ်ကူပေ။

သို့သော်လည်း အန်းခန်းကောင်တီအရှင်ရဲ့ မွေးစားသမီးအဖြစ် လက်ခံလိုက်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော အကျိုးအကြောင်းလည်းသင့်စွာနဲ့ သူမက ကျိုးကြောင့်သင့်သွားပြီး အထင်သေး လျော့တွက်ခံရမည်မဟုတ်တော့ပေ။

တော်ဝင်မင်းသမီးကြီးကလည်း လျင်မြန်စွာ ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။

“အရမ်းကောင်းတာပဲ အနာဂတ်ကျရင် မင်းက ငါ့ရဲ့မြေးမလေးပဲ အခုလက်ထပ်ဖို့ ချစ်ရသူ မရှိဘူးမလား။ ပြန်ပြီးလက်မထပ်ချင်ဘူးဆိုရင်လည်း ငါမင်းကို ထောက်ပံ့ပေးနိုင်တယ်”

ဝမ်ကျွင်းက ထိုစကားတွေနောက်မှာ အရမ်းစိတ်လှုပ်ရှားသွားပြီး ငိုကြွေးရုံသာ တတ်နိုင်ပေသည်။

“ကျေးဇူးတင်ပါတယ် ဒေါ်လေး ကျေးဇူရတင်ပါတယ် ဝမ်းကွဲ…..”

သို့သော် ဧကရီမယ်တော်ကြီးက ထပ်ပြောလာသည်။

“ဆွေကြီးမျိုးကြီး ရှိတဲ့လူတွေအတွက် အိုက်ကျားက ဝမ်ကျွင်းကို လယ်ယာသုံးခုနဲ့ စံအိမ်တစ်လုံး ထပ်ပေးဦးမယ်။ အနာဂတ်ကျရင် သူမဘာသာ နေနိုင်စားနိုင်လိမ့်မယ်။ သူမကို နန်းတော်အပြင်ဘက်မှာ ဂရုစိုက်ရမယ်။ နည်းနည်းပဲ ဟုန်မိသားစုရော ချန်မိသားစုကိုပါ လာပြီး မနှောက်ယှက်စေနဲ့”

မင်းသမီးသာ့ချန်နဲ့ အန်းခန်းကောင်တီအရှင်တို့က နာခံလိုက်ကြသည်။

ချန်ဝမ်ကျွင်းက ဒူးထောက်လိုက်ကာ ကျေးဇူးတင်လာသည်။

—သူမက ထိုဟုန်တျန်းကျုံးရဲ့လက်ထဲမှာပဲ သေဆုံးရတော့မည်ဟု တွေးနေခဲ့တာပင် သို့သော်လည်း အခု သူမမှာ ထပ်ပြီးအသက်ရှင်ဖို့ နည်းလမ်းတစ်ခု ရှိလာမည်ဟု မမျှော်လင့်ခဲ့ဘူးပေ။

~~~

ဒီလိုနည်းနဲ့ ဒီကိစ္စဟာ ဖြေရှင်းပြီးသွားပြီး ချန်ဝမ်ကျွင်းက မင်းသမီးကြီးတို့အမေနှင့် သမီးနောက်လိုက်ကာ နန်းတော်ကနေ ထွက်သွားတော့သည်။

သို့သော် ယန်ရှုက ဧကရီမယ်တော်ကြီးကို နှုတ်ဆက်လိုက်ပြီး ကန်လုနန်းဆောင်ကို သူမ ပြန်ရောက်ချိန်မှာ ချက်ချင်းပဲ ပုံပြင်တစ်ပုဒ်ကို စရေးတော့သည်။

ဟမ့် ရက်စက်ကြမ်းကြုတ်တဲ့ ဆန်ကုန်မြေလေးကောင်က အရိုက်ခံရရုံနဲ့တင် မလုံလောက်ဘူး သူက သေသင့်တယ်။

******

138 01

အပိုင်း 138

ဒုတိယနေ့မှာတော့ သခင်လေးရှောင်ယောင်ရဲ့ စာအုပ်အသစ်ဖြစ်တဲ့ “မှန်ကန်ဖြောင့်မတ်ခြင်းရဲ့မိခင်က အဖြူအမည်းကို အဆုံးအဖြတ်ပေးလိုက်တယ်” ကို အသစ်စက်စက် ထုတ်ဝေလိုက်သည်။

ထိုစာအုပ်တွင် သူမရဲ့ဆွေမျိုးတွေကြောင့် အပြင်ပန်းက ကြည့်ကောင်းပုံပေါ်သည့် ယောက်ျားတစ်ဦးနှင့် လက်ထပ်လိုက်ရသည့် ဆင်းရဲတဲ့မိသားစုက သမီးတစ်ယောက်အကြောင်းကို ရေးထားတာပင်။

ထိုစာအုပ်က အမှားကနေ အမှန်ကို ခွဲခြားပေးနိုင်တဲ့ ထူးခြားတဲ့အမြင်ရှိတဲ့ အမျိုးသမီးတစ်ယောက်က အားနည်းသူအမျိုးသမီးတွေကို ထောက်ထားညှာတာတတ်သော ပုံပြင်မျိုး ဖြစ်သည်။

ထိုမိသားစုက သမီးဖြစ်သူရဲ့ အခြေအနေကို သိလိုက်ရပြီးနောက်မှာ ထိုအမျိုးသမီးက သူမကို ချက်ချင်းပဲ ကယ်ဆယ်လိုက်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့သူရဲ့ ငယ်ရွယ်တဲ့မျိုးဆက်ကို အန္တရာယ်ကနေ ဆွဲထုတ်ပေးလိုက်နိုင်သည်။ ပြီးတော့ လူဆိုးကောင်ကို မကောင်းတဲ့အရာတွေကိုရအောင် ပြုလုပ်လိုက်တာဖြစ်သည်။

နောက်ဆုံးစာအုပ် ထုတ်ထားတာက လဝက်ရှိနေပြီဖြစ်သည့်အတွက် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သည့် စာဖတ်သူတွေက သတင်းကိုကြားပြီးနောက် စာအုပ်ဆိုင်တွေဆီသို့ ချက်ချင်းပဲ အပြေးအလွှားသွားကာ ဝယ်ယူကြတော့သည်။

တစ်နေ့အတွင်းမှာပဲ လေးကြိမ်တိတိ ပြန်လည်ရိုက်နှိပ်ထုတ်ဝေပြီးဖြစ်ပြီး ပြီးစီးသွားသည့်စာအုပ်များဟာလည်း ရောင်းကုန်သွားပြီဖြစ်သည်။

ယခုလို ထူးခြားဆန်းကြယ်ပြီး ဝေ့လည်ကြောင်ပတ်လုပ်နေတဲ့ ပုံပြင်ကို ဖန်ပြီးနောက် စာဖတ်သူတွေက တစ်ယောက်ပြီးတစ်ယောက် လက်တို့လိုက်ကြကာ ချီးကျူးအော်ဟစ်နေကြတော့သည်။

ထို့အပြင် ပုံပြင်ပြောသူတွေဟာလည်း လက်ဖက်ရည်ဆိုင်အမျိုးမျိုးမှာ ပုံပြောကြပြီး ပြဇာတ်စာအုပ်တွေအဖြစ် ပြောင်းလဲကာ ရက်ပေါင်းများစွာတိုင်အောင် ကျော်ကြားနေသည့် အမျိုးမျိုးသော ကုံလန်စားတော်ဆက်တွေမှာ ထိုပြဇာတ်ကို ကပြဖျော်ဖြေကြသည့် ပြဇာတ်အဖွဲ့တွေပင်ရှိသေးသည်။

သေချာပေါက်ပင် စာအုပ်အသစ်ရဲ့သတင်းကို ဧကရီမယ်တော်ကြီး ရသည့်အခါမှာ ပုံမှန်လိုပင် သူမက တစ်ယောက်ယောက်ကို ချက်ချင်းပဲ သွားရောက် ဝယ်ယူခိုင်းလိုက်တော့သည်။

ထို့နောက် ယန်ရှုသည်လည်း အံ့ဩစရာမရှိစွာဘဲ ချီအန်းနန်းဆောင်ရဲ့ အထူးပုံပြောသူအဖြစ် တာဝန်ကို ထမ်းဆောင်လိုက်တော့သည်။

သို့သော် သူမရဲ့ပုံပြင်ကို ကွက်ကွက်ကွင်းကွင်း ဖတ်ပြခြင်း ပြီးဆုံးသွားပြီးနောက် ဧကရီမယ်တော်ကြီးက အံ့အားသင့်စွာနဲ့ ပြောလာသည်။

“အဲဒါက မနေ့တုန်းက ဟုန်တျန်းကျုံးမှာ ဖြစ်ပျက်ခဲ့တာ မဟုတ်ဘူးလား။ဒီသခင်မလေးက အိုက်ကျားလား”

ယန်ရှုက အလျင်အမြန် ပြုံးပြလိုက်ကာ သူမကို မြှောက်ပင့်လာသည်။

“ဒီကိုယ်လုပ်တော်လည်း ဆင်တူတယ်လို့ ထင်ပါတယ်။ ဖြစ်သင့်ပါတယ်။ အဆုံးမှာတော့ မယ်တော်ကြီးအပြင် ဘယ်သူ့မှာ အားနွဲ့သူကို ထောက်ထားညှာတာတတ်တဲ့ နှလုံးသားရှိပြီး ထက်ရှတဲ့ရည်ရွယ်ချက်မျိုး ရှိမှာလဲ”

ဧကရီမယ်တော်ကြီးက သူမကို တစ်ချက် ကြည့်လိုက်သည်။

“မင်း ဒီကလေးမကတော့ လူတွေကို ဘယ်လိုချော့မော့ရမလဲတိုတာကို တကယ်သိတာပဲ”

သို့သော် ထိုသို့ပြောပြီးနောက် ပုံပြင်ကိုအကြာကြီး နားထောင်လိုက်ပြီးနောက်မှာ ထပ်ပြီးတော့ အရမ်းကိုမြင့်မြတ်တဲ့ အဓိက ဇာတ်ဆောင်ဖြစ်နေဦးမည်ဟု ထင်မထားပေ။

ဧကရီမယ်တော်ကြီးက တွေးနေရင်း သက်ပြင်းချလိုက်ပြီး

“သခင်လေးရှောင်ယောင်က အိုက်ကျားကို ဇာတ်ဆောင်လို့ ခေါ်ရအောင်အထိ ဘာတွေများ တွေးနေတာလဲ”

ယန်ရှုက သူမကို အလျင်အမြန် မျက်နှာချိုသွေးလာသည်။

“ဘာလို့လဲဆိုတော့ ဒီပုံပြင်မှာ အရေးအကြီးဆုံးသူက မယ်တော်ကြီးလေ။ မယ်တော်ကြီးက တစ်ခုခုမှားနေတယ်ဆိုတာကို အချိန်မီရှာတွေ့ခဲ့ပြီး ဝမ်ကျွင်းရဲ့ ဒဏ်ရာကို ရှာတွေ့ခဲ့သူပါ။ ပြီးတော့ မယ်တော်ကြီး ခေါ်လိုက်တဲ့အတွက်ကြောင့်သာ ဟုန်တျန်းကျုံးကို သူရသင့်တဲ့အတိုင်း အပြစ်ပေးလိုက်နိုင်ပြီး အခုဆိုရင် ဝမ်ကျွင်းလည်း အဆင်ပြေနေပါပြီ။ မယ်တော်ကြီးက သင့်တင့်လျောက်ပတ်စွာ စီစဉ်နိုင်ခဲ့ပါတယ်။ အဲ့ဒီတော့ မယ်တော်ကြီးကသာ ဇာတ်ဆောင်မဟုတ်ဘူးဆိုရင် ဘယ်သူက ဖြစ်နိုင်မှာပါလဲ”

လူတွေကို မြှောက်ပင့်ရတာက ရှက်စရာကောင်းသည်ပင်။

ဧကရီမယ်တော်ကြီးကလည်း မတတ်နိုင်ဘဲ ရယ်မောလာရသည်။

“ပြောမှပဲ သခင်လေးရှောင်ယောင်က ဘယ်လိုရေးရမလဲသိတာပဲ။ အထူးသဖြင့် လူတွေကို ရိုက်နှက်တဲ့အခန်းမှာပေါ့။ ကြည့်စမ်းပါဦး နားထောင်ရတာ ဘယ်လောက်တောင် ပျော်စရာကောင်းသလဲ။ အိုက်ကျားက သူ့ကိုတောင် တွေ့ချင်မိတယ်”

အမ်။

ယန်ရှုက တွန့်ဆုတ်သွားကာ ဧကရီမယ်တော်ကြီးက သခင်လေးရှောင်ယောင်ကို တွေ့ချင်နေတယ်တဲ့လား။

သို့သော် ဧကရီမယ်တော်ကြီးက ထပ်မံ သက်ပြင်းချလာသည်။

138 02

“ဘယ်လိုကိုယ်ရည်ကိုယ်သွေး အကျင့်စရိုက် ဘယ်လိုအသက်အရွယ်နဲ့လူက ဒီလောက် ကောင်းအောင် ရေးနိုင်တာလဲမသိဘူး။ အိုက်ကျားက သူ့ကို သူ့ကိုကိုယ်တိုင် တွေ့ချင်မိတယ်”

ယန်ရှုသည်လည်း စိတ်လှုပ်ရှားသွားပြီး လျင်မြန်စွာ ပြောလိုက်သည်။

“မယ်တော်ကြီး သိတဲ့အတိုင်းပဲ။ အရှင်မင်းကြီးက တစ်ယောက်ယောက်ကို ရေးဖို့ ညွှန်ကြားထားတာပါ။ ဒါပေမဲ့ တကယ်တမ်းတော့ ဒီချီးကျူးမှုက သခင်လေးရှောင်ယောင်ကြောင့် မဟုတ်ပါဘူး။ အဲဒါကြောင့် သူ့ကို အရမ်းကြီး ချီးမြှောက်နေစရာ မလိုပါဘူး”

ဧကရီမယ်တော်ကြီးက ပြောလိုက်သည်။

“မတူဘူးလေ။ ကုန်ကြမ်းရေးစရာက ပြင်ဆင်ထားပြီးပြီဆိုပေမဲ့လည်း သူ့ရဲ့ရေးသားပုံက ကောင်းမွန်တယ်။ စာကြောင်းတွေကြားကို ကြည့်ပါဦး ဖတ်ရတာ လန်းဆန်းစေတယ်။ အထူးသဖြင့် အိုက်ကျားက အဓိကဇာတ်ဆောင်ဆိုမှတော့….. အိုက်ကျားက သူ့ကို ဆုချီးမြှင့်သင့်တာပေါ့။ ဟုတ်တယ်မလား”

ယန်ရှု “….”

ကျစ် ဒါက အရမ်းမြှောက်ပင့်ရာ ကျသွားပြီ။

သူမက လျင်မြန်စွာ ပြောလိုက်သည်။

“သခင်လေးရှောင်ယောင်က မယ်တော်ကြီးဆီက ချီးမြှောက်မှုကိုရရင် အရမ်းကို ပျော်ရွှင်ပါလိမ့်မယ်။ဒီတိုင်း သူ့ရဲ့ အလုပ်အကိုင်က…. မယ်တော်ကြီး သိတဲ့အတိုင်းပါပဲ။ သူက မုန်းစရာကောင်းလွန်းတဲ့ စာအုပ်တွေ အများကြီးကို ရေးခဲ့တာဖြစ်လို့ တစ်ခြားလူတွေဆီကနေ မုန်းတီးခံနေရတာပါ။ အဲဒါကြောင့် လူတွေကိုတွေ့ဖို့ ထွက်လာဖို့က လွယ်ကူမှာ မဟုတ်ပါဘူး။ သူ့ကိုသာ အလောတကြီးနဲ့ ဆင့်ခေါ်လိုက်ပြီး တစ်ယောက်ယောက်ကို သိသွားစေမယ်ဆိုရင် သူ့အတွက် အန္တရာယ်ရှိလာပါလိမ့်မယ်”

“ဒါပေမဲ့လည်း ဆုက……”

သူမက ချောင်းဟန့်လိုက်ကာ အပြုံးတစ်ပွင့်နဲ့

“အရှင်မင်းကြီးကို သူ့ဆီလွှဲပေးဖို့ ပြောနိုင်ပါတယ်”

ကျစ် ကျစ် ဧကရီမယ်တော်ကြီးက အရမ်းကိုမှ ရက်ရောတာ။ သူမကဘယ်လိုဆုမျိုးကို ချီးမြှင့်မလဲဆိုတာကို မသိဘူး။

ဧကရီမယ်တော်ကြီးသည်လည်း ထိုအကြောင်းကို တွေးလိုက်ကာ သူမခေါင်းကို ညိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“မင်း ပြောတာမှန်တယ်။ ကောင်းပြီလေ ပြောမှပဲ။ ဒီသခင်လေးရှောင်ယောင်က မကောင်းတဲ့ကိစ္စတွေ အများကြီးကို ဖော်ထုတ်ရဲတာဆိုတော့ သူ့ကို ဖြောင့်မတ်မှန်ကန်တဲ့လူလို့ သတ်မှတ်လို့ရနိုင်တာပဲ”

ယန်ရှုသည်လည်း လျင်မြန်စွာ ခေါင်းညိတ်ကာ ပြောလာသည်။

“မယ်တော်ကြီးရဲ့စကားတွေက အမှန်ပါပဲ။ သူကိုယ်တိုင်ရဲ့ ခက်ခဲမှုနဲ့ အန္တရာယ်တွေကို မကြောက်လန့်ဘဲ မကောင်းတဲ့လူတွေရဲ့ ကျိန်ဆဲမှုနဲ့ မကျေမချမ်းမှုတွေကိုခံရင်း ရပ်တည်ရတာက သူမအတွက် တကယ်ကို မလွယ်ကူပါဘူး”

ဧကရီမယ်တော်ကြီးက မနေနိုင်ဘဲ သူမရဲ့မျက်ခုံးကို ပင့်လိုက်ကာ

“တစ်ယောက်ယောက်က သူ့ကို ဆူပူတာလား”

ယန်ရှုက ထပ်မံခေါငိးညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

“အမှန်ပါပဲ တချို့လူတွေက အပြစ်ရှိစိတ်ခံစားရပြီး သူတို့ဘာသာ ပြင်ဆင်သွားတယ်။ မဟုတ်ရင် သူ့ရဲ့စကားလုံးတွေကို တစ်ခြားသူတွေက ကြိုက်နှစ်သက်နေတာကို မနာလိုပြီး သူ့ကို ပွင့်ပွင့်လင်းလင်းရော ပုန်းလျှိုးကွယ်လျှိုးနဲ့ပါ မကောင်းတာတွေ ပြောကြတယ်။ ဆိုရိုးရှိသလိုပဲ မှန်ကန်တဲ့လူတဲ့ မှားနေတဲ့လူတွေပါရှိမှာ မလွဲဧကန်ပဲတဲ့”

ဧကရီမယ်တော်ကြီးက နှာမှုတ်ကာ ပြောလာသည်။

“ဒီလိုမတွေးခေါ်ဘဲ ပြောချင်ရာပြောနေတာကို ဘာလုပ်နေကြတာလဲ။ အဲဒါက ကိုယ်ကျင့်တရားမကောင်းတဲ့ လူတချို့ပဲ ဖြစ်ရမယ်။ သခင်လေးရှောင်ယောင်က သူတို့တွေရဲ့ လွှမ်းမိုးတာကို ခံရလို့မဖြစ်ဘူး။ ပိုပြီးဆူပူလေလေ ပိုပြီး ချရေးသင့်လေလေပဲ”

ယန်ရှုက လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

“မယ်တော်ကြီးပြောသလိုပါပဲ။ သူက ဒီမိစ္ဆာတွေနဲ့ မကောင်းဆိုးရွားတွေ အားလုံးကို အနိုင်ယူနိုင်လိမ့်မယ်လို့ ကျွန်တော်မျိုးမလည်း ယုံကြည်ပါတယ်။ ပြောရရင် သူမကို ထောက်ခံနေတဲ့ မယ်တော်ကြီးလို စိတ်အားထက်သန်ပြီး ညှာတာထောက်ထားတတ်တဲ့ စာဖတ်သူတွေ အများကြီး ရှိတယ်လေ”

တကယ်တော့ ဒီစကားတွေက သူမဆီကနေ ထွက်လာတာဖြစ်ပြီး ထိုစကားလုံးတွေကို ဧကရီမယ်တော်ကြီး ကြားသွားဖို့ မမျှော်လင့်ထားပေ။ သို့သော် ပြောလိုက်သည်။

“ထောက်ပံ့ပေးတာလေးပါပဲ။ တစ်ခြားသူကို မမြင်ရရင် ဘာမှသိပ်ကြီးကူညီပေးနိုင်မှာ မဟုတ်ဘူး။ ဘာလို့လက်တွေ့ကျကျ တစ်ခုခုကို မစဉ်းစားတာလဲ”

သူမစကားပြောပြီးနောက် အမျိုးသမီးအရာရှိ ကျူးရှုကို အမိန့်ပေးလိုက်သည်။

“အမိန့်ထုတ်ပြန်မယ်။ သခင်လေးရှောင်ယောင်ကို ပေးပို့ဖို့ ရေကန်စုတ်တံနဲ့ သင်္ကေတပါတဲ့ မင်တုံးနဲ့ ရွှေချောင်းတစ်ရာ ပြင်ဆင်စေ။ ချန်းမင်းနန်းဆောင်ကို ပို့ပြီး အိုက်ကျားအစား လွှဲပြောင်းပေးဖို့ အရှင်မင်းကြီးကို ပြောလိုက်ပါ”

ကျူးရှုက အလုပ်များသွားပြီး ဆုချီးမြှင့်ရန် လူတွေကို ဦးဆောင်ကာ ချန်းမင်နန်းဆောင်ဆီသို့ သွားတော့သည်။

138 03

ယန်ရှုက စိတ်လှုပ်ရှားသွားပြီး မထိန်းနိုင်လုနီးပါးပင်။ ထို့ကြောင့် သည်းခံပြီးရင်း သည်းခံရုံသာ တတ်နိုင်ကာ အကြီးဆုံးဘော့စ်ကြီးအား တည်ငြိမ်စွာ မြှောက်ပင့်နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေရသည်။

“မယ်တော်ကြီးရဲ့ အခိုင်အမာ ရပ်တည်ချက်ကြောင့် သခင်လေးရှောင်ယောင်က သေချာပေါက် ပျော်ရွှင်သွားမှာပါ”

အားးးးး ဟူပိသင်္ကေတ မှင်နဲ့ သွမ့်ယွမ် ပြီးတော့လည်း ရွှေချောင်းတစ်ရာတောင်။

ဧကရီမယ်တော်ကြီးက တကယ်ကို ရက်ရောတာပဲ။

~~~

စာအုပ်အသစ် “တရားမျှတမှုရဲ့ သခင်မလေးက အဖြူအမည်းကို ဆုံးဖြတ်ပေးလိုက်တယ်”ဆိုတဲ့ ရေပန်းစားနေတဲ့ ရောင်းချမှုကြောင့် ထိုပုံပြင်ရဲ့ စံပုံစံက ဘယ်သူဖြစ်မလဲဆိုသော ခန့်မှန်းချက်တွေက ထပ်မံပြီး ဘွန်းခနဲ ပေါက်ကွဲထွက်သွားသည်။

ပြီးတော့ ထိုအချိန်မှာပဲ အချိန်နှင့်တစ်ပြေးညီ သတင်းအပိုင်းအစတစ်ခုက လူတိုင်းရဲ့ရှေ့ကို ပေါ်ထွက်လာတော့သည်။

ဒီတစ်ခေါက် အကယ်ဒမီရဲ့မဟာတွေ့ဆုံပွဲကြီးကြောင့် မြို့တော်ကို လာရောက်ပါဝင်တဲ့ ရှန်းယန်က တျန်းသဲ့အကယ်ဒမီရဲ့ ကျောင်းအုပ်ဖြစ်သူ ဟုန်ယွီရှန်းက သူ့ရဲ့သားဟုန်တျန်းကျူံးကို သူ့ဇနီးဖြစ်သူ ချန်ရှီ တစ်နည်းအားဖြင့် ကလန်ရဲ့သွေးမျိုးဆက်ဖြစ်သူကို အကြောင်းမဲ့သက်သက် အနိုင်ကျင့်နှိပ်စက်ခွင့် ပြုထားတာကြောင့် တော်ဝင်မိသားစုရဲ့ အမျက်ဒေါသကို ရန်စလိုက်မိပြီး ရှန်းယန်ကို ပြန်ပို့ခံလိုက်ရတယ်တဲ့။ မကောင်းသတင်းတွေကြောင့် ကျော်ကြားမှုလည်း ပျောက်ဆုံးသွားပြီ။

ထို့အပြင် တော်ဝင်စာမေးပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့လည်း တင်းတင်းကြပ်ကြပ် တားမြစ်ထားပြီး ကြိမ်ဒဏ်ပြစ်ဒဏ်လည်း ချမှတ်ခံထားရသေးတယ်။ သူ့ကိုလည်း မြို့တော်က ချိုက်ရှစ်ခုန်းမှာ လူတွေ့ရှေ့မှာပဲ သစ်သားပြားနဲ့ အချက်ရှစ်ဆယ် အရိုက်ခံရသေးတယ်။

အဲဒါက ဟုန်တျန်းကျုံးရဲ့ ****ကို အပိုင်းပိုင်း ဖြစ်သွားစေသည်.

အရှက်ကွဲပြီးနောက်မှာ ဟုန်မိသားစုက မိသားစုဝင်သုံးယောက်က ရှန်းယန်ဆီကို စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားကြတယ်။

သူ့ဇနီး ချန်ရှီကတော့ အန်းခန်းကောင်တီအရှင်ရဲ့ မွေးစားသမီးအဖြစ် မွေးစားခံလိုက်ရပြီး ဘဝအသစ်ကိုစတင်ဖို့ မြို့တော်မှာ နေခဲ့တယ်တဲ့။

…

ထိုသတင်းတွေ ထွက်လာသည့်အခါ စာဖတ်သူတွေက နောက်ဆုံးမှာတော့ သခင်လေးရှောင်ယောင်ရဲ့ နောက်ဆုံးပုံပြင်ထဲက စံပုံစံဟာ ဘယ်သူဖြစ်သလဲဆိုတာကို သိသွားကြတော့သည်။

တစ်ခဏလောက် သက်ပြင်းမချဘဲ မနေနိုင်ကြပေ။ဒီဟုန်တျန်းကျုံးက စိတ်ဆန္ဒအလျောက် အကြမ်းဖက်တာကို ကျူးလွန်ဖို့ သူ့ရဲ့ကျော်ကြားမှုကိုတောင် အသုံးချခဲ့တာလား။ သူ့ဇနီးကို အပြစ်သားမှုးမတ်ရဲ့ ရင်းနှီးတဲ့ဆွေမျိုးလို့တွေးပြီး ဆန္ဒအလျောက် အနိုင်ကျင့်ခဲ့တာပေါ့။

မမျှော်လင့်ထားစွာနဲ့ နန်းတော်ထဲက အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးက ချစ်ခြင်းမေတ္တာနဲ့ ဖြောင့်မတ်မှုကိုတန်ဖိုးထားလို့ သူ့ကို ဒေါသတကြီးနဲ့ အပြစ်ပေးလိုက်ပြီး အခုဆို သူ့ရဲ့အနာဂတ်က ပျက်စီးသွားပြီလို့ပင် ပြောလို့ရနိုင်သည်။

သေချာပေါက်ပင် ဒီကိစ္စဟာ အရမ်းကို ဟိုးလေးတစ်ကျော်ဖြစ်သွားပြီး မြို့တော်ကလူတွေသာမက တစ်ခြားနေရာကနေ မြို့တော်ကို လာရောက်ကြတဲ့ နာမည်ကြီးကွန်ဖြူးရှပ်ဝါဒီပညာရှင်တွေတောင်မှ သတင်းကို ရသွားကြသည်။

လွန်ခဲ့တဲ့နှစ်ရက်ကတင် စိတ်အားတက်ကြွနေတဲ့ ဟုန်မိသားစုရဲ့အဖေနှင့်သားကို ယခုလို အဆုံးသတ်သွားသည်အား မြင်လိုက်ရပြီးနောက် လူတိုင်းက အံ့အားသင့်ပြီးရင်း အံ့အားသင့်နေကြတော့သည်။

ထိုနေ့ရှိ ဝိန်ဟွားအဆောင်တော်က ဆွေးနွေးပွဲကို အခွင့်ကောင်းယူကာ ထိုနာမည်ကျော်တွေက မနေနိုင်ဘဲ ခံစားချက် အများကြီးကို ခံစားလိုက်ရသည်။

ကျင်းလင်က နာမည်ကြီးပညာရှိကျီယွမ်ကျော့က သူ့ရဲ့ယပ်တောင်ကို ရမ်းလိုက်ကာ ပြောလာသည်။

“နှုတ်ရေးကောင်းတဲ့လူတစ်ယောက်က သူ့ဇနီးကို ဒီလိုရက်စက်လုပ်ရပ်မျိုး လုပ်နိုင်မယ်လို့ ဘယ်တုန်းကမှ တွေ့မထားမိဘူး။ နှစ်ပေါင်းများစွာ သူတော်စင်တွေရဲ့စာပေကို ဖတ်ရှုလာတာက တကယ်ကို ဖြုန်းတီးတာပဲ”

နန်ယန်က ဆရာသခင်တစ်ဦးဖြစ်သူ ယွီကျင်းဝေ့ကလည်း ခေါင်းညိတ်ကာ ထောက်ခံလာသည်။

“ကျောင်းအုပ်ဟုန်က သူ့သားအရင်းကိုတောင် ကောင်းကောင်းမွန်မွန် မသင်ကြားပေးနိုင်တာ ကျောင်းသားတွေကို ဘယ်လိုသင်ကြားမလဲ။ တျန်းသဲ့အကယ်ဒမီရဲ့ အနာဂတ်ကတော့ စိုးရိမိစရာပဲ”

လူတိုင်းက သံယောင်လိုက် ပြောလာကြသည်။

“မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောမလဲ”

ထိုစကားတွေ ထွက်လာသည့်အခါ လန်လင်က ကျော်ကြားတဲ့ကွန်ဖြူးရှပ်ပညာရှင် ကုဟုန်ပိုင်က နောက်ထပ်မေးခွန်းတစ်ခုကို မေးလာသည်။

138 04

“ဒါပေမဲ့….ပြောမှပဲ သခင်လေးရှောင်ယောင်ဆိုတာက ဘယ်သူလဲ။ သူ့ရဲ့စာတွေက မြို့တော်မှာ အရမ်းနာမည်ကြီးတယ်လို့ ကြားတယ် ပြီးတော့လည်း ပုံပြင်တိုင်းကလည်း လက်တွေ့အဖြစ် အစားထိုးလို့ရတယ်တဲ့ စံပုံစံတစ်ခုကို ရှာပြီးတော့ ဒီလောက် အင်အားပြင်းတဲ့စာမျိုးကို လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ရေးနိုင်ရတာလဲ”

ချက်ချင်းပဲ ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားသည့် လူတစ်ယောက်က အနိမ့်သံနှင့်ပြောလာသည်။

“လူကြီးမင်းကုက တစ်ခုခုကို မသိသေးဘူးထင်တယ်။ ကျုပ်ကြားမိတာတော့ ဒီသခင်လေးရှောင်ယောင်က တကယ်တော့ အရှင်မင်းကြီးရဲ့အမိန့်တွေကို လိုက်နာနေတာတဲ့လေ။ အသုံးပြုထားတဲ့ အချက်အလက်တွေကလည်း ကျင်းယီဝေ့ဆီကနေ ရထားတာ မြို့တော်နယ်နမိတ်ဆိုင်ရာအရာရှိစုံစမ်းစစ်ဆေးရေးနဲ့ တစ်ခြားနေရာတွေဆီကနေလေ။ ဒီပုံပြင်တွေကလည်း အရှင်မင်းကြီးက အမိန့်ပေးထားတာ။ သူကရေးရုံပဲ ရည်ရွယ်ချက်ကတော့ လူတချို့ရဲ့မကောင်းတဲ့ လုပ်ရပ်တွေကို လူထုကို အသိပေးပြီး အဲဒါမှသာ သာမန်လူတွေနဲ့ အရာရှိတွေက နိုးနိုးကြားကြားရှိမှာ”

“သိပြီ”

လူကြီးမင်းကုက သူ့ရဲ့မုတ်ဆိတ်တွေကို ပွတ်လိုက်ကာ သက်ပြင်းချလိုက်သည်။

“အရှင်မင်းကြီးက တကယ်ကို ရည်ရွယ်ချက်ကောင်း ရှိတာပဲ။ မိသားစုနဲ့ တိုင်းပြည်အတွက် ဒီလိုဥာဏ်ပညာကြီးမားတဲ့ ဘုရင်တစ်ပါးရှိတာက တကယ့်ကို ကောင်းချီးတစ်ခုပဲ”

လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ပါဝင်လာကြသည်။

တစ်စုံတစ်ယောက်က ဟာသလုပ်လာသည်။

“ဒီလိုနည်းနဲ့သာ ကြည့်မယ်ဆိုရင် တကယ်လို့ ပြည်သူတွေက တစ်ခုခုကို သတင်းပို့ချင်တယ်ဆိုရင် သခင်လေးရှောင်ယောင်ကို သွားရှာလိုက်ရုံပဲ မဟုတ်လား။ ဒီလိုနည်းနဲ့ အရှင်မင်းကြီးနဲ့ ပြည်သူလူထုကြားက ပြတင်းတစ်ချပ်လို့ သတ်မှန်လို့ရတာပဲ”

လူတိုင်းက စကားလုံးတွေနဲ့တုံ့ပြန်လာကြသည်

“အဓိပ္ပာယ်ရှိတာပဲ”

အစကနေ အဆုံးထိတိုင်အောင် ချီရှစ်ကွမ်က နားထောင်ရုံသာနားထောင်နေပြီး တစ်လုံးမှ ဝင်ပြောမလာပေ။

သို့သော်လည်း သူ့စိတ်ထဲ တွေးနေသည်မှာ ကြည့်ရတာ ပုံပြင်ထဲက သခင်မလေးဆိုတာက သူမ ဖြစ်နေတဲ့ပုံပဲ။

အဲဒါက တကယ်ကို သူမနဲ့တူတာပဲ။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ သူမက သဝန်တိုတတ်ပြီး ကြင်နာတတ်နေတုန်းပဲ။

အရမ်းကောင်းတာပဲ။

~~~

ဒုတိယနေ့ရဲ့ မနက်ခင်းမှာတော့ တော်ဝင်အကယ်ဒမီရဲ့ ပညာရှိတစ်ယောက်ဖြစ်တဲ့ ကျိုးမိုကျုံးက အိတ်တစ်အိတ်ကိုင်ရင်း ဝင်လာသည်ကိုတွေ့သည့်အခါ ယွီဝိန်းလန်က တော်ဝင်စာကြည့်ဆောင်ထဲတွင် သဝဏ်လွှာများ ဖတ်ရှုနေတာဖြစ်သည်။

မြင်ကွင်းကို တစ်ချက် ကြည့်လိုက်သည်နှင့် “သခင်လေးရှောင်ယောင်” ဆီ ပို့တဲ့စာတွေဆိုတာကို ပြောနိုင်ပေသည်။

—-ပုံပြင်စာအုပ် နာမည်ကြီးလာပြီးကတည်းက ယန်ရှုဟာ သစ္စာရှိစာဖတ်ပရိတ်သတ်တွေကို စုဆောင်းလိုက်နိုင်ပြီး သူတို့ထဲက အများစုက စာရေးကာ ပုံပြင်စာအုပ်ကိုဖတ်ပြီးနောက် စာအုပ်ဆိုင်ဆီသို့ ပေးပို့ကြမည်ဖြစ်သည်။ ပြီးလျှင် ကျိုးမိုကျုံးက သူ့ဆီသို့ ပေးပို့လိမ့်မည်ဖြစ်သည်။

စစချင်း စာတွေကို လက်ခံရရှိတုန်းက သူမအတွက် အံ့ဩသွားရပြီး သို့သော် တစ်ဖြည်းဖြည်းနဲ့ တစ်လအတွင်းမှာပဲ စာတွေက တစ်စောင် နှစ်စောင်ကနေ လဝက်အတွင်း တစ်ဒါဇင်ခန့် ပြောင်းလဲသွားပေသည်။ အဲဒါက အတော်လေး ခေါင်းကိုက်စေသည်။

—အဆုံးမှာတော့…..ထိုစာတွေအများစုက ယောက်ျားတွေ ရေးသားထားတာ ဖြစ်သည်။

“သခင်လေးရှောင်ယောင်” က ယောက်ျားတစ်ယောက်လို့ သူတို့အားလုံး ထင်ထားပေမဲ့ အဲဒါက ကိစ္စမဟုတ်ပေ။

ပြီးတော့ သူတို့ထဲကအများစုက ပုံပြင်အကြောင်း အမြင်တွေကို ဖော်ပြရုံပဲဖြစ်ပေမဲ့ သူမအတွက် သူတို့ရဲ့အချစ်တွေကို မရိုးမဖြောင့်နဲ့ စာတွေနဲ့ဖော်ပြသူတွေလည်း တကယ်ကို ရှိသေးသည်။

—သူ့ကိုယောက်ျားတစ်ယောက်လို့ တွေးနေတုန်းပဲလား။

သို့သော်လည်း ယန်ရှုက ဟာသအနေနှင့် ယူဆလိုက်ကာ သူမလက်ခံရရှိချိန်တိုင်း သူ့ကို လုံးလုံးမေ့ထားပြီး အားပါးတရနဲ့ ဖတ်လိမ့်မည်ဖြစ်သည်။

သူမကို ရပ်တန့်ချင်ပေမဲ့ သူမက စာတွေကို လက်ခံမရရှိတဲ့အတွက် သံသယဝင်လာမှာကို စိုးသည့်အတွက် ယွီဝိန်းလန်က ခေါင်းမကိုက်ဘဲ ဘယ်လိုနေနိုင်မှာတဲ့လဲ။

အခုလေးတင် ကျိုးမိုကျုံးက သူ့ကိုပြုံးပြကာ ပြောလာသည်။

“အရှင်မင်းကြီး ဒါတွေက မနေ့တုန်းက စာဖတ်သူတွေကနေ သခင်လေးရှောင်ယောင်ဆီကို ပေးပို့တဲ့စာတွေပါ”

138 05

ယွီဝိန်းလန်က ရေရွတ်လိုက်သည်။

“အဲဒီမှာ ထားလိုက်”

ကျိုးမိုကျုံးက နာခံလိုက်ကာ သူ့ဆီသို့ တိုင်းပြည်ရေးရာအချို့ သတင်းပို့လာသည်။ ပြီးနောက် တော်ဝင်စာကြည့်ဆောင်ကနေ ထွက်ခွာသွားတော့သည်။

အခု မနက်ခင်းသာရှိနေဆဲဖြစ်ပြီး ယွီကျားက ညနေခင်းမှာ ကန်လုနန်းဆောင်ကိုသွားဖို့ အချိန်အနည်းငယ်လိုသေးသည် ဖုဟိုင်က လက်ဦးမှုယူကာ ညွှန်ကြားချက်အတွက် မေးမြန်းလာသည်။

“ဒီစာတွေကို ကိုယ်လုပ်တော်ယိဖင်းဆီ ဘာလို့မပို့သေးတာပါလဲ”

ယွီဝိန်းလန်က ရေရွတ်လိုက်သည်။

“သွားတော့”

ဘာပဲဖြစ်ဖြစ် စောစောပို့ပို့ နောက်ကျမှပို့ပို့ အထူးသဖြင့် ဒီနေရာမှာ ထားရသည်ကလည်း မျက်စိစပါးမွှေးစူးစရာဖြစ်သည်။ နောက်ကျ မှူးမတ်တွေရဲ့ သိချင်စိတ်ကို နှိုးဆွမိမှာကို ကြောက်ရပေသည်။

ဖုဟိုင်က တုံ့ပြန်လိုက်ပြီး စာအိတ်ကိုကောက်ကာ ထွက်သွားတော့သည်။

ယွီဝိန်းလန်က စာကိုဆက်ဖတ်တော့သည်။

သို့သော်လည်း သူပိုကြည့်လေလေ သူသည်းမခံနိုင်လေလေပဲ ဖြစ်သည်။

သူမနေနိုင်ပဲ စိတ်ထဲမှာ တွေးဆမိနေသည်။ အဲဒီစာထဲမှာ သူ့ရဲ့ကိုယ်လုပ်တော်ကို မရိုးမသားနဲ့ ဖွင့်ပြောထားတာမျိုး ရှိနေမလားဆိုတာကို မသိဘူး။

ကျစ်….

မသိနိုင်တဲ့ အချိန်တစ်ခုကြာပြီးနောက် ဘေးဘက်မှာရပ်နေတဲ့ ရှောင်ချွင်းကျစ်က ကလစ်ဟူသော အသံကို ကြားလိုက်ရသ။ည် ပြီးနောက်သူ့မျက်လုံးကို တိတ်တဆိတ် ပင့်လိုက်တော့သည်။ တွေ့လိုက်ရသည်က သူ့လက်ထဲက စာအုပ်ကို စားပွဲပေါ်ချလိုက်သည့် ဘုရင်မင်းမြတ်အား တွေ့လိုက်ရတော့သည်။

ထို့နောက် တိုက်ရိုက်ပဲ ထရပ်လိုက်ကာ တော်ဝင်စာကြည်ဆောင်ကနေ ထွက်သွားတော့သည်။

~~~

ယွီဝိန်းလန် ကန်လုနန်းဆောင်ကို ရောက်ချိန်မှာ အားပါးတရနဲ့ စာတွေကိုကိုင်ပြီး ဖတ်နေသည့် ယန်ရှုကို တွေ့လိုက်ရသည်။

သူမဟာ စိတ်ဝင်တစားနဲ့ ဖတ်နေသည့်အတွက် သူဟာ နန်းတော်ထဲကို ခြေချလာသည်ဆိုတာကိုပင် သတိမပြုမိချေ။ ရန်တုန်း သတိပေးသည့်အခါမှသာ သူ့ကိုမြင်သွားတော့သည်။ ထို့နောက် သူမလက်ထဲက ထိုစာကို ချလိုက်ကာ မတ်တပ်ရပ်လိုက်ပြီး သူ့အား အရိုအသေပြုလာသည်။

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”

ယွီဝိန်းလန်က ရေရွတ်လိုက်သည်။

“ဒီနေ့ ဧကရီမယ်တော်ကြီးဆီကို ဘာလို့မသွားတာလဲ”

ယန်ရှုက ပြောလိုက်သည်။

“ဒီနေ့ ဧကရီမယ်တော်ကြီးက ဘယ်ကိုယ်လုပ်တော်ကိုမှ ဆင့်ခေါ်မထားပါဘူး”

ယွီဝိန်းလန်က ရေရွတ်လိုက်သည်။ ထို့နောက် သူမစားပွဲပေါ် တင်လိုက်သည့် စာရဲ့ခေါင်းစဉ်ကို ကြည့်လိုက်သည်။ ပြီးနောက် မသိချင်ဟန်ဆောင်ကာ မေးလာသည်။

“ဒီနေ့ဒီစာတွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာများ ရှိသလား”

သို့သော် သူမက ပြောလာသည်။

“ဘာမှထူးခြားတာမဟုတ်ပါဘူး။ သူတို့ထဲကအများစုက မှုးမတ်တွေနဲ့ ကိုယ်လုပ်တော်တွေက ကြည့်ကောင်းတယ် ဆိုတာပါပဲ”

နှလုံးသားထဲမှာတော့ ကျစ် ကျစ်ဟုလုပ်ကာ

[ပြီးပြီပဲ ငါ့ရဲ့ရေးသားပုံက အရမ်းကောင်းလို့ ဖြစ်နိုင်လောက်တယ်။ တကယ်တော့ အရင်တစ်ခါထက် ဒီတစ်ခေါက် သူတို့ရဲ့အချစ်တွေကို ဝန်ခံလာကြတဲ့ လူတွေ အများကြီးရှိနေသေးတယ်။ ကျစ် ကျစ် မြို့တော်မှာ ဝတ်ရုံလက်ပြတ်တွေ အတော်များတာကို ငါ ဘယ်လိုလုပ်ပြီး မတွေ့ခဲ့တာပါလိမ့်။ သူတို့တွေ ဘယ်လိုရှိကြသလဲဆိုတာကိုတော့ မသိပေမဲ့ ဒါက တိုက်ခိုက်တာလား လက်ခံမှာလား။]

ယွီဝိန်းလန် “….”

သေချာပေါက် ထပ်ရှိနေပြန်ပြီ။

ပြီးတော့လည်း သူမက သိချင်နေသေးတယ်။

မဟုတ်ဘူး။ နောက်ကျ ပြန်သွားရင် ကျိုးမိုကျုံးကို ရှင်းပြထားရမယ်။ စာအုပ်ဆိုင်တွေကို အနာဂတ်ကျရင် ဒီလိုစာတွေလက်မခံစေဖို့။

တွေးကြည့်လိုက်သည်နှင့် သူမ မေးလာတာကို တွေ့လိုက်ရသည်။

138 06

“အခု အရှင်မင်းကြီးက ဘာလို့ဒီနေရာမှာ ရှိနေရတာလဲ။ ဒီနေ့တော်ဝင်စာကြည့်ဆောင်မှာ အလုပ်များနေမှာ မဟုတ်လား”

ယွီဝိန်းလန်က နှာမှုတ်လာသည်။

“အမှန်ပဲ ကိုယ်က အလုပ်ရှုပ်မနေပါဘူး။ အဲဒါကြောင့် လမ်းလျှောက်ထွက်လာတာ”

သို့သော် သူမပြောနေစဉ်တွင် သူမက နောက်ထပ်စာတစ်စောင်ကို ကောက်လိုက်ကာ ဖတ်နေသည်။

ယွီဝိန်းလန်ရဲ့နှလုံးသားက နာကျင်သွားရသည်

ရည်ရွယ်ချက်ရှိရှိနဲ့ အတူတူကြည့်ရန် သူ့ရဲ့လည်ကို ဆန့်ထုတ်လိုက်သည်။ သို့သော် သူမဆီက ရယ်မောခံရမှာကို စိုးသည့်အတွက် ရွေးချယ်စရာမရှိဘဲ ပြန်ထိန်းလိုက်ကာ သူမရဲ့အတွင်းစိတ်ထဲက အသံတွေကို နားထောင်ရန် နားစွင့်ထားရုံသာ တတ်နိုင်တော့သည်။

သူနားထောင်နေတာကို မသိပေမဲ့ စာတစ်ကြောင်းကို ကြားလိုက်ရသည်။

အမ်။

ယွီဝိန်းလန်က မျက်ခုံးပင့်သွားပြီး သူပင် မမေးနိုင်ခင်မှာပဲ သူ့ကို အံအားသင့်စွာနဲ့ကြည့်ကာ ပြောလာသည်။

“အရှင်မင်းကြီး တစ်ယောက်ယောက်က သတင်းပို့လာတယ်။ လန်ကျိုးက နာမည်ကျော်ပညာရှိ ကောယွမ်ဟွားအကြောင်းပဲ”

ယွီဝိန်းလန်က အတော်လေး နားမလည်ဘဲ

“ဘာကိုဆိုလိုတာလဲ”

ယန်ရှုက သူမရဲ့စကားလုံးတွေကို ပြန်လည်စုစည်းလိုက်ပြီး ပြောလာသည်။

“အဲဒါက လန်ကျိုးက နာမည်ကျော်ပညာရှိ ကောယွမ်ဟွားရဲ့ လျှို့ဝှက်ချက်အကြောင်းကို ဒီကိုယ်လုပ်တော်ကို တစ်ယောက်ယောက်က သတင်းပို့လာတာ”

ယွီဝိန်းလန်က အခုနားလည်သွားပြီဖြစ်ကာ မနေနိုင်ဘဲ မေးလိုက်မိသည်။

“ဟယ့်မင်ရှင်း”

—ပြောမှပဲ ဒီကောမင်ရှစ်က စုန့်ဟယ်အကယ်ဒမီရဲ့ ကျောင်းအုပ်အဖြစ် သင့်တော်တဲ့ ယှဉ်ပြိင်သူတစ်ယောက်အနေနဲ့ ညီလာခံက မှုးမတ်ပေါင်းများစွာရဲ့ အကြံပြုခြင်းကို ခံထားရတာဖြစ်သည်။

မမျှော်လင့်ထားစွာနဲ့ ယန်ရှုက ပြောလာသည်။

“တစ်ခါက သူ့ကျောင်းသားရဲ့ဇနီးကို သဘောကျသွားပြီး သူ့ကို ခြိမ်းခြောက်ပြီး သူမကို သူ့ရဲ့ကိုယ်လုပ်တော်အဖြစ် ဆွဲဆောင်တယ်တဲ့”

ယွီဝိန်းလန် “…”

******

All Chapters