အခန်း (၁၄၅-၁၄၇)
Vol. 10 Ch. 145-147
145 01
အခန်း 145
ယန်ရှုမှာ ဤရက်ပိုင်း နှစ်ကြိမ်ဆက်တိုက် နေမကောင်းဖြစ်နေသည်။ ထို့ကြောင့် တစ်ခုခုတော့ လွဲနေပြီဟု ခံစားနေရသည်။
မက်မွန်ပွင့် ဓါတ်မတည့်မှုက လွဲလျှင် တခြားရောဂါမရှိဘဲ ကျန်းမာနေသည်ဟု သူမကိုယ်သူမ ထင်ထားသည်။ သို့သော်… အဘယ်ကြောင့် ယနေ့ည ယခုကဲ့သို့ ခံစားနေရပါသနည်း။
ကြည့်ရတာ အခုလို ဖြစ်နေတာ…
ချန်းချွမ်ဥယျာဉ်မှာ မတည့်တာများ စားလိုက်မိလို့လား။
သူမမှာ ထိတ်လန့်သွားပြီး စစ်စတန်အား မေးလိုက်မိသည်။
[အခုက ဘာဖြစ်တာလဲ။ တစ်ယောက်ယောက်ကများ ငါ့ကို မကောင်းကြံထားတာလား။]
ဟွန်း… စစ်စတန်ကလည်း အခုတလော အရမ်း ငြိမ်နေတယ်… ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ကြိုလည်း အသိမပေးဘူးရော်။
စစ်စတန်မှာ စကား များများ ပြန်မပြောဘဲ အကြံသာပေးလေသည်။
[ဆရာဝန်နဲ့ ပြကြည့်ပါလား… နေမကောင်းဖြစ်တာ ပြရင်း ခေါင်းထဲမှာ လွတ်နေတာလေးဘာလေးရှိရင် တစ်ခါတည်း ပြကြည့်လိုက်ပေါ့]
ယန်ရှု - [အမ်]
ငါ့ကို ဘာလို့ အဲဒီလို ပြောတာတုန်း။
ဒါပေမဲ့လည်း စစ်စတန်ရဲ့ ပြောပုံကို ကြည့်ရတာ သူမကို တစ်ယောက်ယောက်က လုပ်ကြံခြင်း မဟုတ်လောက်…။
နေပါဦး… ဘာလို့ ငါ့ကို လွတ်နေတယ်လို့ ပြောရတာတုန်း။
ထိုအချိန်၌ပင် ယွီဝိန်းလန်က မေးလေသည်။
“ကိုယ်လုပ်တော်ယီက နေမကောင်းဘူးလား။ နန်းတွင်းသမားတော် တစ်ယောက်လောက် ခေါ်ပေးရမလား”
ယန်ရှုက အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။
“မှန်လှပါ အရှင်မင်းကြီး… ကျေးဇူးပြု၍ နန်းတွင်း သမားတော်ကျန်းကို ဆင့်ခေါ်ပေးပါဦး”
ယွီဝိန်းလန်က လက်ခံလိုက်ပြီး ဝတ်ရုံကို ပြန်ဝတ်ကာ အစေခံများကို ခေါ်လိုက်လေသည်။
များမကြာမီ နန်းတွင်း သမားတော်ကျန်း ဆေးသေတ္တာကို ဆွဲကိုင်ကာ ရောက်လာတော့သည်။
သမားတော် ခေါ်နေစဉ် ကာလအတွင်း ယန်ရှုမှာ နှစ်ကြိမ် အန်တော့ မလိုဖြစ်နေသေးသဖြင့် ယွီဝိန်းလန်မှာ အလွန်စိတ်ပူနေတော့သည်။ သမားတော်ကို မြင်သည့်အခါ သူက ချက်ခြင်းပင် အမိန့်ပေးတော့သည်။
“မောင်မင်း… ကိုယ်လုပ်တော်ယီကို အမြန် စစ်ပေးပါ… သူ တစ်ညလုံး နေမကောင်းဖြစ်နေတယ်”
သမားတော် ကျန်းက နာခံလိုက်ပြီး ယန်ရှု လက်မှ သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။
ယန်ရှုမှာလည်း စိုးရိမ်နေသဖြင့် သမားတော်ကျန်း၏ မျက်နှာထားကို အသေအချာ စိုက်ကြည့်နေတော့သည်။ သမားတော် ကျန်းမှာ အစက ပုံမှန် မျက်နှာထားမျိုး ရှိသော်လည်း မကြာမီပင် မျက်မှောင် ကြုတ်လိုက်သည်ကို မြင်လိုက်ရသည်။
145 02
ထိုအခါ ယန်ရှုမှာ ထိတ်လန့်သွားမိသည်။ သမားတော်က မေးသည်။
“ကိုယ်လုပ်တော်ယီရဲ့ ဓမ္မတာ ဘယ်အချိန်တုန်းက နောက်ဆုံး လာတာလဲ”
ယန်ရှု မပြောမှီ စိုးရိမ်စိတ် ဝင်နေသည့် ရန်တုန်းက ဝင်ပြောလေသည်။
“ပြီးခဲ့တဲ့ ဆယ်ရက်လောက်က နောက်ဆုံး လာသွားတာပါ”
ယန်ရှုကလည်း ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြသည်။ သူမမှာ သွေးလန့်တတ်သဖြင့် ဓမ္မတာလာတိုင်း ရန်တုန်းက အမြဲကူညီရလေသည်။ ထို့ကြောင့် သူမ၏ ရာသီစက်ဝန်းကို ရန်တုန်းလည်း သိသည်။
သို့ရာတွင် သမားတော်ကျန်းက ထပ်မေးသည်။
“အဲဒါဆို ခါတိုင်းနဲ့ မတူတာမျိုးရော ဖြစ်လား။ ဥပမာ… လာတဲ့ ပမာဏ နည်းတာတို့… ဓမ္မတာ လာချိန်တိုတာတို့ပေါ့”
ရန်တုန်းက ခပ်သွက်သွက် ပြန်ဖြေသည်။
“အင်း ဟုတ်တယ်… ကိုယ်လုပ်တော်ယီရဲ့ ဓမ္မတာက ပုံမှန်ဆို ငါးရက်၊ ခြောက်ရက်လောက်ကြာတတ်တယ်… ဒါပေမဲ့ အခု တစ်ခါကျတော့ နှစ်ရက် သုံးရက်ပဲ ကြာလိုက်တယ်… သွေး ပါတာလည်း နည်းတယ်”
ထိုအခါ သမားတော် ကျန်းက ခေါင်းကို ညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလေသည်။
“ဒါဆို သေချာပါပြီ… ကိုယ်လုပ်တော်ယီမှာ ကိုယ်ဝန်ရှိနေပြီ”
“ဘာ”
ထိုသို့ ပြောလိုက်သည့်အခါ ခန်းဆောင်အတွင်းမှ တအံ့တဩဖြင့် အော်လိုက်သံကို ကြားလိုက်ရလေသည်။
ယွီဝိန်းလန်မှာ မျက်လုံးများပင် ပြူးနေပြီး ယန်ရှုအား ကြည့်လိုက်… သမားတော်ကျန်းအား ကြည့်လိုက် ဖြစ်နေသည်။
သူ့ဘဝတွင် ယခုအကြိမ်မှာ ပထမဆုံး အကြိမ် စိတ်လှုပ်ရှား တုန်လှုပ်မိခြင်း ဖြစ်သည်။
“မောင်မင်း… ဘာပြောလိုက်တယ်။ ကိုယ်လုပ်တော်ယီ ဘာဖြစ်တယ်”
သမားတော် ကျန်းမှာ လည်ချောင်းကို ရှင်းလိုက်ပြီး ထပ်၍ ရှင်းပြလေသည်။
“အရှင်မင်းကြီး… ကိုယ်လုပ်တော်ယီမှာ နန်းမွေဆက်ခံမဲ့ ရင်သွေးလေး ရှိနေပါပြီ… ကြည့်ရတာ တစ်လ ကျော်ကျော်လောက် ရှိနေပြီထင်တယ်”
“…”
ထိုစကားကို ကြားလိုက်သည့်အခါ ယွီဝိန်းလန်မှာ ဆွံ့အနေမိသည်။ သူ၏ ရင်ထဲတွင် အမျိုးအမည်မသိသော ပျော်ရွှင်မှုတစ်မျိုးကို ရုတ်ချည်း ခံစားလိုက်ရသည်။
ငါ့မှာ သားလေး သမီးလေးတွေ ရှိတော့မယ်…။ ယန်ရှုမှာ ငါ့ရဲ့ ရင်သွေးလေး ရှိနေပြီ။
သူ့မှာ အလွန် စိတ်လှုပ်ရှားနေသဖြင့် နှာခေါင်းကိုသာ ပွတ်သပ်နေမိတော့သည်။
ငါ့မှာ သားလေး သမီးလေး ရှိတော့မယ်။
မှောင်မိုက်ခဲ့ရသည့် သုံးနှစ်ကျော် ကာလတွင် ဤသတင်းမှာ သူ့အတွက် မည်မျှအရေးကြီးသည်ကို သူသိသည်။
ဧကရာဇ်မင်းကြီးမှာ လွန်စွာ ကျေနပ်လွန်းနေသည်။ သူ၏ ဘဝတွင် ပထမဆုံး အကြိမ်အဖြစ် စိတ်ခံစားချက်များကို ဖုံးကွယ်မထားတော့ဘဲ သိသိသာသာ ရွှင်ပျနေတော့သည်။
နန်းတွင်း အစေခံများမှာလည်း ပျော်နေကြသည်။ အားလုံး ဒူးထောက် အရိုအသေပေးလိုက်ကြကာ ဂုဏ်ပြုကြတော့သည်။
“အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်… အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်”
145 03
ဖုဟိုင်မှာလည်း မျက်ရည်များပင် လည်မိတော့သည်။
ဟား… နောက်ဆုံးတော့လည်း အရှင်မင်းကြီးမှာ ထီးမွေ ဆက်ခံမဲ့သူ ရှိလာပြီပေါ့… ငါဖြင့် ငိုတောင် ငိုချင်လာပြီ။
အားလုံး ထိုသို့ ပျော်ရွှင်နေကြစဉ် ယန်ရှုတစ်ယောက်သာ ဆွံ့အ တွေဝေ နေမိသည်။
ဘာ။ ငါ့မှာ ကိုယ်ဝန်ရှိနေပြီဟုတ်လား။
ကောက်ခါ ငင်ခါကြီးပါလား။
အခု ငါ့ ဗိုက်ထဲမှာ ကလေးလေး ရှိနေပြီ ပေါ့။
ငါ အမေတစ်ယောက် ဖြစ်တော့မယ်ပေါ့။
ထိုသို့ တွေဝေနေရင်းဖြင့် သမားတော်ကျန်းအား မေးလိုက်မိသည်။
“မကြာသေးခင်ကမှ ဓမ္မတာ လာထားတာမဟုတ်လား။ ကိုယ်ဝန်ရှိနေရင် ဓမ္မတာ မလာတော့ဘူးဆို”
ထိုအခါ သမားတော်ကျန်းက ရှင်းပြသည်။
“အဲဒါက အမြဲတမ်းလည်း မမှန်တတ်ပါဘူး… ကိုယ်လုပ်တော်ယီလိုမျိုး ကိုယ်ဝန်ရှိစ ပထမ လအတွင်း သွေးနည်းနည်းဆင်းတတ်တဲ့ အခြေအနေမျိုးတွေလည်း ရှိပါသေးတယ်… တကယ်တမ်းကျတော့ အဲဒါက ဓမ္မတာ မဟုတ်ပါဘူး… အဲဒါကြောင့် သွေးဆင်းတာလည်း နည်းပြီး အချိန်ကာလကလည်း တိုတာပေါ့။ ကိုယ်လုပ်တော်ယီမှာ တကယ် ကိုယ်ဝန်ရှိနေပါပြီ… ခုဏကလို အော့အန်ချင်စိတ်ဖြစ်တာဟာ ကိုယ်ဝန်ရဲ့ အစောပိုင်း လက္ခဏာပဲပေါ့”
ယန်ရှု - “...”
အင်း… အဲဒါကြောင့် စစ်စတန်က ငါ့ခေါင်းကို စစ်ခိုင်းတာ နေမှာပေါ့…။
လက်စသတ်တော့ ငါ့မှာ ကိုယ်ဝန်ရှိနေတဲ့ လက္ခဏာတွေ ပြနေတာပေါ့…။
အမေ… ငါ ဒီလိုနဲ့ပဲ အမေတစ်ယောက် ဖြစ်တော့မှာလား။
ယခင်တစ်ကြိမ်က ဧကရာဇ်မင်းကြီးအား သမားတော်နှင့် စစ်ရန် ပြောဖူးခဲ့သော်လည်း ယခုလို အမှန်တကယ် ဖြစ်လာသည့်အခါ၌ မယုံနိုင်သလို ဖြစ်နေမိသည်။
သူမ ဘေးဘီဝဲယာကို ကြည့်လိုက်သည့်အခါ သမားတော် ကျန်း တစ်ယောက်သာ တည်ငြိမ်နေပြီ အခြားသူများမှာ ရွှင်မြူးနေကြသည်။ ရန်တုန်းမှာ မျက်ရည်စများကို သုတ်နေသည်။ ဖုဟိုင်မှာလည်း မျက်ရည်ကျထားသဖြင့် မျက်လုံးများက နီနေသည်ကို မြင်လိုက်ရသည်။
ယန်ရှု - “...”
အမယ်… သူက ငါ့ထက်တောင် ပျော်နေတယ်ပေါ့လေ။
ကလေးတစ်ယောက်လို ပျော်နေပြီး သွားများဖြီးနေသည့် မင်းကြီးဖက်ကို ကြည့်လိုက်မိသည်။
အားလုံးက ဒူးများထောက်ကာ သူအား ဂုဏ်ပြုနေကြသဖြင့် သူမှာ လက်ကို ကျေနပ်စွာ ဝှေ့ရမ်းရင်း ဂုဏ်ပြုမှုကို ခံယူနေတော့သည်။
“အားလုံး ထကြပါ…။ ကန်လုနန်းဆောင်မှာ ကိုယ်လုပ်တော်ယီကို စောင့်ရှောက် ခစားကြတဲ့ မောင်မင်း၊ မယ်မင်းတို့ အားလုံးကို ငါကိုယ်တော် ဆုကြီးကြီးချမယ်”
အားလုံး မင်းကြီးအား ဝပ်တွားကာ ကျေးဇူးတင်လိုက်သံမှာ ဘဝဂ်အထိပင် လွှမ်းခြုံသွားတော့သည်။
ထို့နောက် ယွီဝိန်းလန်က သမားတော်ကျန်းအား ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“သမားတော်ကျန်းဟာလည်း ဆေးပညာနဲ့ ပတ်သက်ရင် တဖက်ကန်းခတ် ကျွမ်းကျင်တဲ့အတွက် ငါကိုယ်တော်မြတ်က ငွေစ ၁၀၀ ထပ်တိုးပြီး ဆုချမယ်”
ယခင်က ကြည့်ရှု စစ်ဆေးပေးခဲ့သည်များအတွက်ပါ ပေါင်း၍ ယခုတစ်ကြိမ်တွင် တခါတည်း ဆုချလိုက်တော့သည်။
145 04
ယခင်က တစ်ပြားမှ မယူသော်လည်း ယခုမူ သမားတော်ကျန်းမှာ ငြင်းမရတော့ပေ။
ထို့ကြောင့် သမားတော်ကျန်းက ဒူးထောက် အရိုအသေပေးကာ ကျေးဇူးတင်လိုက်သည်။
“အရှင်မင်းကြီးရဲ့ စေတနာကို အထူးကျေးဇူးတင်ပါတယ်”
ထိုအခါ မင်းကြီးက ပြောသည်။
“ကိုယ်လုပ်တော်ယီက အခုမှ ကိုယ်ဝန် စ ဆောင်ဖူးတာ ဖြစ်တဲ့အတွက် သူရော၊ ကလေးပါ ကျန်းကျန်းမာမာဖြစ်အောင် မောင်မင်းက တာဝန်ယူပြီး ကြည့်ရှု စောင့်ရှောက်ပေးပါ”
သမားတော်ကျန်းက အလျင်အမြန်ပင် အမိန့်တော်ကို နာခံလိုက်သည်။
“ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစား စောင့်ရှောက်ပါမယ် အရှင်မင်းကြီး”
ယန်ရှုမှာ တစ်ယောက်တည်း တွေးမိလိုက်သည်။ မင်းကြီး အခုလို သဒ္ဓါအားသန်နေတာမျိုး အလွန်ရှားသည်။
သူအလွန် ပျော်နေမှန်း သိသာလှသည်။
ပြီးခဲ့သည့် သုံးနှစ်လုံးလုံး မြုံနေသည့် အမျိုးသားတစ်ယောက်အတွက် ကလေးရသည့်သတင်းသည် အလွန် ဘဝင် လေမဟပ်ဘဲ ရှိလေမည်နည်း။
ထိုသို့ တွေးမိလိုက်သည့်အခါ သူမသည်လည်း စိတ်အား တက်သွားမိသည်။
သို့သော်…
… သူများတွေကိုကျ ဆုချတယ်… ငါ့ကျ ဆုမချဘူးလား။ ငွေစ တစ်ရာတန်သည် နှစ်ရာတန်သည်တော့ ပေးသင့်ပါတယ်ဟယ်…။
ယွီဝိန်းလန် - “...”
အမလေး… ကလေး အမေတောင် ဖြစ်တော့မဲ့ဟာကို အခုထိ ပိုက်ဆံက ရချင်နေတုန်းလား။
ပြောရရင် ငွေစ တစ်ရာ နှစ်ရာက ဘာ အရေးလဲ။
ဒီကလေးဟာ ထီးနန်းကို ဆက်ခံရမဲ့ ကလေး။
သူ့ရဲ့ ပထမဦးဆုံးသော ရင်သွေးလေး။
ထို့ကြောင့် ယွီဝိန်းလန်က သူမအားကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
“ကိုယ်လုပ်တော်ယီက အခုဆို ထီးမွေ ဆက်ခံမဲ့သူကို လွယ်ထားနေရပြီ…။ ပြီးတော့ ကိုယ်လုပ်တော်ဟာ တာဝန်တစ်ခုကို အစဉ်အမြဲ ကြိုးစားပြီးတော့ ထမ်းဆောင်တတ်တဲ့သူလည်း ဖြစ်တယ်…။ အဲဒါကြောင့် အခုချိန်က စပြီး တော်ဝင်ကိုယ်လုပ်တော်ယီအဖြစ် ရာထူးတိုးပေးလိုက်ပြီ”
သူ ထိုသို့ မိန့်ကြားပြီးသည့်အခါ အနီးအနားရှိ နန်းတွင်း အပျိုတော် အစေခံတို့မှာ အံ့အားသင့်ကုန်ကြသည်။
ဘယ်လို… တော်ဝင်ကိုယ်လုပ်တော်ယီအဖြစ် ရာထူးတိုးတယ် ဟုတ်လား။
ယန်ရှု ဘာမျှ မပြောနိုင်မီ အားလုံးက ဂုဏ်ပြုကြတော့သည်။
“တော်ဝင်ကိုယ်လုပ်တော်ယီအတွက် ဂုဏ်ယူပါတယ်”
ယန်ရှု - “…”
သူ … သူ… တော်ဝင်ကိုယ်လုပ်တော်ယီ ဖြစ်သွားပြီပေါ့။
တွက်ကြည့်မယ်ဆိုရင် တော်ဝင်ကိုယ်လုပ်တော်ယီတွေရဲ့ တစ်လစာ ရငွေက ကိုယ်လုပ်တော်တွေထက် ဘယ်လောက် ပိုများလဲ။
အိုး… တစ်လကို ငွေစ တစ်ရာတောင် ပိုရမှာပဲ။
145 05
အဲဒါကို ဆက်တွက်ကြည့်ရင် တစ်နှစ်ကို ၁၂၀၀ တောင် ပိုရမှာဟ။
ထောပြီဟေး… ထောပြီ…။
အခုလိုဖြစ်ရတာ ထင်သလောက်လည်း မဆိုးပါလား… နေ့တိုင်း အန်နေရရင်တောင် တန်တယ်။
ယွီဝိန်းလန် - “...”
သူမကတော့လေ တခြား ဘယ်သူတွေနဲ့မှကို မတူဘူး…။
~~
ထိုညတွင် ကန်လုနန်းဆောင်ရှိ လူအားလုံး စိတ်လှုပ်ရှား ပျော်ရွှင်နေကြတော့သည်။
နောက်တစ်နေ့ မနက်ခင်းတွင်မူ စီအန်းနန်းဆောင်မှ မယ်တော်ကြီးထံ ထိုသတင်း ရောက်ရှိသွားတော့သည်။
ချက်ခြင်းပင် မယ်တော်ကြီးမှာ တအံ့တဩဖြင့်မေးမိလေသည်။
“ဘယ်လို။ ကိုယ်လုပ်တော်ယီမှာ ကိုယ်ဝန်ရှိနေပြီ ဟုတ်လား”
ဖုဟိုင်က ပြုံးလိုက်ကာ ပြောသည်။
“မှန်လှပါ… မယ်တော်ကြီးဘုရား… နန်းတွင်း သမားတော် ကျန်းကိုယ်တိုင် စစ်ဆေးပြီး ကိုယ်လုပ်တော် လီမှာ ကိုယ်ဝန်ရှိနေတာ တစ်လ ကျော်ပါပြီလို့ ပြောပါတယ်… မနေ့ညက အရှင်မင်းကြီးက အရမ်း ဝမ်းသာလွန်းလို့ ကိုယ်လုပ်တော်ကို တော်ဝင်ကိုယ်လုပ်တော်ယီ ရာထူးကို တင်ပေးလိုက်ပါတယ်”
မယ်တော်ကြီးမှာ အံ့ဩ ဝမ်းသာနေပြီး ပြုံးသာ ပြုံးနေမိတော့သည်။
“တကယ့်သတင်းကောင်းပါပဲ”
ရာထူးတင်ပေးလိုက်တာ ကောင်းပါတယ်…။ ဒီကလေးမက မဆိုးဘူးလေ…။ ဒါပေမဲ့ နန်းတွင်းမှာ ကိုယ်လုပ်တော် တစ်ယောက်မှ မကျန်တော့တာတော့ မကောင်းဘူး။
သို့သော်လည်း သူမ စိတ်သက်သာမိသည်မှာ အရှင်မင်းကြီး တသက်လုံး ပြန်မကောင်းလာနိုင်တော့ဘူးဟု စိတ်ပူမိနေခြင်းဖြစ်သည်။ သို့သော် ယခုကဲ့သို့ ဗြုန်းစားကြီး နန်းမွေခံ ရင်သွေးရလာမည်ဟုတော့ ကြိုမတွေးထားမိချေ။
အင်း… ကြည့်ရတာ နန်းတွင်း သမားတော်ကျန်းကလည်း တော်တော် အရည်အချင်းရှိပုံပဲ။
ယခုလိုဆိုလျှင် သူမအတွက် ပူစရာ မကျန်တော့ချေ။
မယ်တော်ကြီးက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ကိုယ်လုပ်တော်ယီကို ငါလည်း ဆုချဦးမှပဲ”
ထို့နောက် ကျူရှုကို အမိန့်ပေးလိုက်သည်။
“သိုလှောင်ရုံထဲကနေ အကောင်းစား ချန်ပိုင်တောင် ဂျင်ဆင်း နှစ်ခုရယ်၊ လျောင်တုန်း ပြည်ကြီးမျှော့ နှစ်သေတ္တာရယ်၊ ထျန်ရှန်း ကျောက်စိမ်း ရူယီရယ်၊ ကျင်းလင် ချည်ထည်နှစ်ထုပ်ရယ် အဲဒါတွေ သွားယူပြီး ကန်းလု နန်းဆောင်ကို လက်ဆောင်အဖြစ် ဆက်သစေ”
ထို့အပြင်
“ကိုယ်လုပ်တော်ယီကို အထူး ကျေးဇူးတင်စရာမလိုဘူးလို့ သတိပေးလိုက်ပါ… သူက ကိုယ်ဝန်ရှိနေတာ သက်တောင့် သက်သာ နေမှ ဖြစ်မယ်… အဲဒါကြောင့် နားနားနေနေ နေပါ လို့ ပြောလိုက်ပါ”
သတိတရ မှာကြားလေသည်။
ကျူးရှုက နာခံလိုက်ပြီး လက်ဆောင်ပဏ္ဍာပစ္စည်းများကို ပို့ဆောင်ရန် အစေခံများကို ဦးဆောင်၍ ထွက်သွားတော့သည်။
ဖုဟိုင်မှာ သတင်းကောင်းကို ပြောပြီးနောက် ရွှင်လန်းစွာဖြင့် ထွက်လာသည်။
ထို့နောက် နန်းဆောင်ကြီးမှာ ခဏတာမျှ တိတ်ဆိတ်သွားသည်။ မကြာမီ မယ်တော်ကြီးမှာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ထွက်လာပြီး အမွှေးတိုင်များ ထွန်းညှိ ပူဇော် ဆုမွန်ကောင်းတောင်းရန် ဘုရားကျောင်းသို့ ကြွချီလေသည်။
သူမ ပြန်ရောက်လာသည့်အခါ အမျိုးသမီးကျွမ်း Zhuang က သတင်းလာပို့သည်။
“ဧကရီမယ်တော်ကြီး… ဧကရာဇ်မင်းကြီးက အမိန့်တော်တစ်ခု ချွေတာ ကြားလိုက်ပါတယ်…. ကိုယ်လုပ်တော်ယီကို တော်ဝင်ကိုယ်လုပ်တော်ယီ ရာထူး ပေးတဲ့အပြင် ကိုယ်လုပ်တော်ယီရဲ့ ဖခမည်းတော် သစ္စာတရား ဘွဲ့ခံ နယ်စားမင်းကိုလည်း နန်းတွင်း အဆင့်သုံး ရာထူးကို အမိန့်စာနဲ့ အတူ ချီးမြှင့်လိုက်ပါတယ်”
ထိုသတင်းကို ကြားလိုက်သည့်အခါ မယ်တော်ကြီးက အေးဆေး တည်ငြိမ်စွာ ပြောသည်။
“အင်း… သမီးဖြစ်တဲ့သူက တော်ဝင်ကိုယ်လုပ်တော်ယီ ဖြစ်သွားတော့ သူ့မိသားစုဝင်တွေကိုလည်း ချီးမြှောက်တာ သဘာဝ ကျသားပဲ”
အမျိုးသမီးကျွမ်က တစ်ချက် တုံ့ခနဲ ဖြစ်သွားပြီးနောက် ပြုံးလိုက်သည်။
145 06
“အရှင်မင်းကြီးရဲ့ အမိန့်ကို ကျွန်တော်မျိုးမ မဝေဖန်ရဲပါဘူး… ဒါပေမဲ့ နည်းနည်း စိတ်ပူမိတာပဲ ရှိတာပါ… ကိုယ်လုပ်တော်ယီက အခုမှ အမွေခံ ရင်သွေးလေး ရထားတာဆိုတော့ အခုလို မိသားစုဝင်တွေကို ရာထူးအကြီးကြီးတွေ ပေးတာဟာ အိမ်ရှေ့စံ ဖြစ်လာမဲ့သူအတွက် အနှောင့်အယှက်တွေ ဖြစ်လာနိုင်…”
“တယ်…!”
သူမ စကားမဆုံးမီ မယ်တော်ကြီးက ကျိန်းမောင်းလေသည်။
“အမယ်မင်းရဲ့ ဒီစကားတွေ သူများ ကြားရင် အိမ်ရှေ့စံရဲ့ ရှေ့ရေးကို မကောင်းပြောတယ်ဆိုပြီး အပြစ်ဒဏ်ကျမှာ မကြောက်ဘူးလား”
အမျိုးသမီးကျွမ်မှာ ထိုအခါမှ တုန်လှုပ်သွားပြီး ဒူးထောက်ကာ ပြောတော့သည်။
“ခွင့်လွှတ်ပါ… မယ်တော်ကြီး… ကျွန်တော်မျိုးမ စကားလွန် သွားမိပါတယ်”
မယ်တော်ကြီးက မျက်လုံးကို မှိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
“မယ်မင်းအနေနဲ့ ဗုဒ္ဓ ဘုရားကျောင်းကိုသွား… ပြီးရင် အဲဒီမှာ သုံးရက်တိတိ ဒူးထောက်ပြီး အိမ်ရှေ့စံလေးအတွက် ဆုတောင်းပေချေ”
အမျိုးသမီးကျွမ်မှာ နာခံရုံကလွဲ၍ ဘာမျှ မတတ်နိုင်ပေ… ထို့ကြောင့် ဦးညွတ်အရိုအသေ ပေးပြီးနောက် ခန်းဆောင် အတွင်းမှ ထွက်လာသည်။ ထို့နောက် ဗုဒ္ဓခန်းဆောင်ဖက်ဆီသို့ စိတ်ထိခိုက်ဝမ်းနည်းစွာဖြင့် လျှောက်သွားလေတော့သည်။
~~
ထိုအချိန် ကန်လုနန်းဆောင်၌ ယန်ရှုမှာ စာရေးနေသည်။
ယမန်နေ့ညက မူးဝေ အော့အန်ခဲ့သော်လည်း ယနေ့တွင်မူ စိတ်ကြည်လင် တက်ကြွနေတော့သည်။
ထို့အပြင် ယမန်နေ့ည အရှင်မင်းကြီးက ကောက်ခါငင်ခါ ရာထူးတိုးပေးသောကြောင့် ယနေ့ ဓလေ့ထုံးတမ်းရေးရာ ဌာနသည် ရာထူးဆက်ခံပွဲကို ကျင်းပရန် အလျင်အမြန် ပြင်ဆင်နေသဖြင့် သူမအား ပွဲတက် ဝတ်စုံ ချုပ်လုပ်ပေးရန်အတွက် ရှန်ယီ ဌာန၊ စီကျန်း ဌာနတို့မှ မင်းစေခံများ ယနေ့ ကိုယ်အတိုင်း လာရောက်ယူမည်ဟု ယူဆရပေသည်။
ထို့ကြောင့် ဒီနေ့ သူမ အလုပ်တော်တော် ရှုပ်မည်ဟု ကြိုတွေးမိသည်။
သို့တိုင်အောင် ယမန်နေ့ညက ချိုမြိန်သော ဇာတ်လမ်းလေးကို ရေးပြမည်ဟု မယ်တော်ကြီးအား ပေးထားသည့် ကတိကိုလည်း မမေ့ပေ။
ထို့ကြောင့် အားလပ်ချိန်လေးကို အကျိုးရှိရှိ အသုံးချကာ စာထိုင်ရေးနေခြင်း ဖြစ်သည်။
— တော်ဝင်ကိုယ်လုပ်တော်ယီ ရာထူးအထိ တိုးသွားပြီဖြစ်သော်လည်း သူမမှာ စာဖတ်သူတို့၏ သခင်လေး ရှောင်ယောင်း အဖြစ်မှ လျော့ကျသွားမည်မဟုတ်ပေ။ ထို့ကြောင့် သူမ စာတွေ ဆက်ရေးရမည်။
စာရေးနေစဉ် အပြင်မှ ခေါ်လိုက်သံကို ကြားလိုက်ရသည်။
“ကိုယ်လုပ်တော်ယီ ရှိပါသလား”
ကျူးရှုနဲ့တူတယ်… ကြည့်ရတာ မယ်တော်ကြီးက တခုခုများ သတင်းစကား ပါးလိုက်လေသလား။
သူမက ပြန်ပြောလိုက်သည်။
“ရှိတယ်… ဝင်ခဲ့ကြပါ”
စားပွဲကနေထရန် ကြိုးစားလိုက်သော်လည်း ကိုယ်ဝန်ရှိနေသောကြောင့် သမားတော်၏ အကြံပေးချက်ကို လိုက်နာနေရသဖြင့် အမြန်အမြန် မလှုပ်ရှားရဲပေ။
ထို့ကြောင့် ကျူးရှု ခန်းဆောင်အတွင်းသို့ ဝင်လာချိန်တွင် ယန်ရှုမှာ မတ်တပ်ရပ်လျက်ရှိနေပြီး စာရေး စုတ်တံကို ချလိုက်သည်ကို လှမ်းမြင်လိုက်ရသည်။
ထိုသို့ မြင်လိုက်ရသည့်အခါ ကျူးရှုမှာ စိတ်ထဲ တချက် တွေဝေ သွားသလို ဖြစ်သွားသော်လည်း ဘာမျှ မပြောချေ။ သူက ပြုံး၍သာ ပြောသည်။
145 07
“အရှင်မင်းကြီးအတွက် ဆက်ခံမဲ့သူကို လွယ်ထားရပြီဖြစ်တဲ့ ကိုယ်လုပ်တော်ယီကို ဂုဏ်ပြုပါတယ်… မယ်တော်ကြီးက လက်ဆောင် ပဏ္ဍာတွေ ပို့လိုက်ပါတယ်… ချန်ပိုင်တောင် ဂျင်ဆင်း၊ ကျောက်စိမ်း ရူယီ၊ ချည်ထည်နဲ့ ပြည်ကြီးမျှော့တွေ ပါပါတယ်… ကျန်းမာရေး ဂရုစိုက်ပါ ကိုယ်လုပ်တော်ယီ”
ကျူးရှုက ပစ္စည်းများကို တစ်ခုပြီး တစ်ခု ရှေ့သို့ ယူဆောင် ပြသလေသည်။
ယန်ရှုက ပြုံးပြီး ပြောလိုက်သည်။
“ဆုချတဲ့အတွက် မယ်တော်ကြီးကို ကျေးဇူးတင်ပါတယ်… နောက်မှ စီအန်းနန်းဆောင်ကို ကိုယ်တိုင်လာပြီး ကျေးဇူးတင်ပါဦးမယ်”
ထိုအခါ ကျူးရှုက ဆက်ပြောသည်။
“မယ်တော်ကြီးက အမှာတော် ရှိလိုက်ပါတယ်… အဲဒါတွေအတွက် ကိုယ်လုပ်တော်ယီ ဘာမှ မပူပါနဲ့တဲ့… ကိုယ့်ကိုယ်ကိုသာ အရင် ဂရုစိုက်ပါတဲ့”
ယန်ရှုက ထပ်မံ၍ နာခံလိုက်သည်။
ထို့နောက် ရန်တုန်းအား ပစ္စည်းများအား သိမ်းဆည်းရန် ပြောသည်။ အားလုံး ပြီးစီးသည့်အခါ ကျူးရှုနှင့် အခြား အစေခံများအား မမေ့မလျော့ ငွေစအနည်းငယ် ဆုချလေသည်။
ကျူးရှုနှင့် အစေခံများက ကျေးဇူးစကား ပြောပြီးနောက် ထွက်ခွာ သွားကြသည်။
ယန်ရှုက ရန်တုန်းအား ပစ္စည်းများ ထားရန် ပြောပြီးနောက် စာဆက်ရေးတော့သည်။
—- ထိပ်ဆုံးက ဖန်ကြီးကတော့ ငါ့ကို အရမ်း ဂရုစိုက်တာပဲ… ငါ ဇာတ်လမ်းကို အမြန် ပြီးအောင် ရေးပြီးတော့ ကျေးဇူးဆပ်ရမယ်။
သို့သော် သူမမှာ အားသွန်ခွန်စိုက် ရေး၍ မကြာမီ စစ်စတန်ထံမှာ ဒင် ဟု အသံမြည်လာပြီး ပြောသည်ကို ကြားလိုက်ရသည်။
စစ်စတန် - [နားထောင်… ကျူးရှုက နင့်ကို မယ်တော်ကြီးဆီမှာ တိုင်တော့မယ်]
ယန်ရှု - [ဟမ် သူက ငါ့ကို ဘာလို့ တိုင်မှာလဲ။]
စစ်စတန် - [ဘာလို့လဲဆိုတော့ ခုဏက နင် ရေးနေတဲ့ စုတ်တံကို သူမြင်သွားလို့… သူထင်တာက မယ်တော်ကြီးက သခင်လေး ရှောင်ယောင်းကို ဆုချထားတဲ့ စုတ်တံကို နင်က ယူလိုက်တာ လို့ ထင်တာ]
ယန်ရှု - [ဟယ်…]
******
146 01
Ch146
ထိုသို့ ကြားလိုက်ရသည့်အခါ ယန်ရှုမှာ နားမလည်သလို ဖြစ်သွားလေသည်။ ထို့ကြောင့် မျက်မှောင် ကြုတ်လိုက်ပြီး မေးလိုက်သည်။
[ဘယ်လို … ဘယ်လို]
စစ်စတန် - [ကျူးရှု ဒီကို ဝင်လာတုန်းက နင့်လက်ထဲက ဟူ စာရေး စုတ်တံကို မြင်သွားတယ်… အဲဒီ စုတ်တံက ပြီးခဲ့တဲ့ နှစ်ရက်တုန်းက မယ်တော်ကြီး သူ့ကို လာပို့ခိုင်းတဲ့ စုတ်တံနဲ့ တူတယ်လို့ သူက တွေးလိုက်ပြီး သံသယ ဝင်သွားတယ်… ပြီးတော့ သိုလှောင်ခန်းထဲကို သူသွားကြည့်တယ်… ဟုတ်တယ်… သူ မှတ်မိသွားပြီ… မယ်တော်ကြီးဆီ လက်ဆောင် ပဏ္ဍာ လာဆက်သတဲ့ သူတွေ ပေးသွားတဲ့ ဟူ စုတ်တံနဲ့ တစ်ထပ်တည်းပဲ… မယ်တော်ကြီးက သခင်လေး ရှောင်ယောင်းအတွက် ပေးထားတဲ့ လက်ဆောင်ကို နင်က ကြားထဲကနေ ဖြတ်ယူထားတယ်လို့ ယူဆလိုက်တယ်]
ယန်ရှု - “...အဲ”
အခုလို ဖြစ်လာလိမ့်မည်ဟု သူမ မထင်မိလိုက်ပေ။
မယ်တော်ကြီး “သခင်လေး ရှောင်ယောင်း” ဆီ လက်ဆောင်ပစ္စည်းပို့သည့်နေ့က ယွီဝိန်းလန်ကလည်း သူမ အတွက် တိတ်တိတ်လေး လက်ဆောင်တစ်ခု ပေးခဲ့သည်။
ငါက ငအမှ မဟုတ်တာ…။ မယ်တော်ကြီး ပေးတဲ့ ဟူ စုတ်တံကို လူရှေ့ ငါက ဘယ်သုံးရဲမှာလဲ။
ခုဏက သူမ သုံးနေသည့် စုတ်တံမှာ အရှင်မင်းကြီး ပေးထားသည့် လက်ဆောင်ပင် ဖြစ်သည်။ သခင်လေး ရှောင်ယောင်းဖြစ်သည်ကို ပေါ်သွားမည်စိုးသဖြင့် မယ်တော်ကြီး၏ လက်ဆောင်ကို မသုံးရဲ ဖြစ်နေသည့် သူမကို မြင်သွားသောအခါ သနားသဖြင့် ပေးခြင်းဖြစ်ပေတော့သည်။
ထို့ကြောင့် အခုရက်ပိုင်း သူမမှာ မင်းကြီးပေးထားသည့် ယွီချီဟူ စုတ်တံကို အသုံးပြုနေပြီး မည်သူမျှလည်း အထူး သတိထားမထားမိကြပေ။ ထို့ကြောင့် ကျူးရှု ယခုလို ထင်သွားမည်ဟု သူမ ဘယ်လိုလုပ် ကြိုသိနိုင်မည်နည်း။
ဤကဲ့သို့ စစ်စတန်က သတင်းပေးလာသည့်အခါ သူမ ဘာလုပ်ရမည်မသိ ဒွိဟ ဖြစ်သွားတော့သည်။
—- ဝတ္ထုစာအုပ်ကို မယ်တော်ကြီးထံ ဆက်သသည့်အခါ မယ်တော်ကြီးမှာ သံသယမကင်း ဖြစ်ချေတော့မည်။
သူမ အသုံးပြုနေသည့် စုတ်တံမှာ မယ်တော်ကြီးပေးသည့် စုတ်တံမဟုတ်ကြောင်း မင်းကြီးအား အကူအညီတောင်း၍ သက်သေပြုခိုင်းလျှင်လည်း မယ်တော်ကြီး၏ သံသယကို လုံးဝ ချေဖျက်ပစ်နိုင်မည် မဟုတ်ပေ။
သခင်လေး ရှောင်ယောင်းကိုယ်တိုင် မယ်တော်ကြီး၏ ရှေ့တွင် ဟူစုတ်တံကို ကိုင်ပြီး လက်ဆောင်ကို လက်ခံရရှိကြောင်း ပြောပြမှသာလျှင် သံသယ ကင်းသွားနိုင်တော့မည်ဟု ထင်သည်။
ပြဿနာက … သူမက သခင်လေး ရှောင်ယောင်း ဖြစ်နေတာလေ။
“ဟင်း...”
ပြဿနာက လည်နေသဖြင့် ယန်ရှု ခေါင်းပင် ကိုက်လာမိသည်။
ထိုစဉ် စစ်စတန်က သူမအား အော်ဆူလိုက်သည်ကို ကြားလိုက်ရသည်။
[မြစ်ဘေးမှာလည်း လမ်းလျှောက်ချင်သေး…။ ခြေထောက် ရေစိုမှာလည်း ကြောက်နေသေး ဆိုတဲ့ လူနဲ့ တူနေပြီ… နင် ဒီ အရေခွံကြီးကို တသက်လုံး ခြုံထားဖို့ ကြံနေတာလား။ အနှေးနဲ့ အမြန် နင်ဘယ်သူလဲ ဆိုတာ ပေါ်မှာပဲကို အခုကတည်းက သိသွားတော့ ဘာဖြစ်တုန်း။ ပြီးတော့ နင့်မှာကလည်း အရှင်မင်းကြီးရဲ့ ရင်သွေးလေး လွယ်ထားရပြီပဲဟာကို… မယ်တော်ကြီးက နင့်ကို ဘယ်လောက်စိတ်ဆိုးဆိုး ပြင်းပြင်းထန်ထန် ပြောမှာ မဟုတ်ဘူး]
146 02
ယန်ရှု - “...”
မည်သို့ ဆိုစေ သူမမှာ မယ်တော်ကြီးအား စိတ်ဆိုးအောင် မလုပ်ချင်ပေ…။
ဤသည်မှာ သူမ၏ စာရင်းထဲတွင် ထိပ်ဆုံးမှ ပါသည့် ဆုံးဖြတ်ချက် တစ်ခုဖြစ်သည်။
သူမသည် သူမ သိပ်ကြိုက်သည့် CP ဝတ္ထုများထဲတွင် ရောက်နေသည့် ဇာတ်လိုက် မင်းသမီး ဖြစ်သည်။
မယ်တော်ကြီး သူမကို မုန်းသွားမှာကို လက်မခံနိုင်…။
သို့သော်လည်း…
ယခုနောက်ပိုင်း စကားပြောဖူးသလောက် မယ်တော်ကြီးသည် အခြားသော ရှေးရိုးစွဲ ပုဂ္ဂိုလ်များနှင့် မတူပေ…။
ထို့ကြောင့် မယ်တော်ကြီးအနေဖြင့် သခင်လေး ရှောင်ယောင်းသည် ယောက်ျားလေး မဟုတ်လျှင်တောင် လက်ခံလိမ့်မည်ဟု သူမ ထင်သည်။
ထိုစဉ် စစ်စတန်က ပြောသည်။
[“ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက မယ်တော်ကြီးက သခင်လေး ရှောင်ယောင်းကို တွေ့ဖူးချင်တယ်လို့ ပြောတုန်းက နင်က အမျိုးမျိုး အကြောင်းပြပြီး ရှောင်ခဲ့တာနော်”]
ယန်ရှု - “...”
ဟုတ်တော့လည်း ဟုတ်သည်… သူမဘက်က စ၍ မရိုးမသား လုပ်ထားသည်မှာ အမှန်ဖြစ်သည်။ ထို့ကြောင့် မယ်တော်ကြီး သိသွားပါက စိတ်ဆိုးမည်မှာ အမှန်ပင် ဖြစ်ချေသည်။
အိုး… ငါ ငါရဲ့ နံပါတ်တစ် ပုဂ္ဂိုလ်ကြီးကို လက်မလွှတ်နိုင်ဘူး…။
ထိုသို့ ဘာလုပ်ရမလဲမသိ တွေးရခက်နေစဉ် စစ်စတန်က ပြောလာသည်။
[ကျူးရှုက အခုမှ မယ်တော်ကြီးကို သွားပြောနေတာ]
ယန်ရှူ […]
နောက်ဆုံးတွင် ယန်ရှုမှာ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တော့သည်။ မယ်တော်ကြီး ဆင့်ခေါ်မည့်အချိန်ကို စောင့်နေမည့်အစား ကိုယ်တိုင် ဦးစွာသွားပြီး ဝန်ခံလိုက်လျှင် ပိုကောင်းပေမည်။ ထို့ကြောင့် အလျင်အမြန်ပင် ပြင်ဆင်ကာ ထွက်လာလိုက်သည်။
ဤသို့ အသည်းအသန်ဖြစ်နေသည်ကို မြင်သည့်အခါ ရန်တုန်းက စိုးရိမ်စွာဖြင့် ပြောသည်။
“တော်ဝင်ကိုယ်လုပ်တော်… ဖြေးဖြေးလုပ်ပါ… သမားတော်လေးက အရှင်မကို ဂရုစိုက်ဖို့ သတိပေးထားတယ်မဟုတ်လား”
သို့သော် ယန်ရှုက ဂရုမစိုက်ဘဲ ပြန်ပြောသည်။
“ဒီကိုလာဦး… မင်းကြီးဆီသွားပြီး ငါ့အတွက် သတင်းပါးပေး”
ထိုသို့ပြောပြီးနောက် ရန်တုန်း၏ နားသို့ကပ်၍ တီးတိုး မှာကြားလေသည်။
ပြီးသည့်အခါ ရန်တုန်းက နာခံလိုက်ပြီး ချန်မင်နန်းဆောင်ဖက်သို့ ထွက်သွားတော့သည်။
ရန်တုန်း ထွက်သွားပြီးနောက် မကြာမီ ယန်ရှုကလည်း မြင်းရထားပေါ် တက်ကာ စီအန်း နန်းဆောင်ဖက်သို့ ထွက်လာလေသည်။
ဪ… ဒါနဲ့ စကားမစပ်… ဒီနားမှာ တစ်ခု ဖြတ်ပြောရဦးမယ်…။
ယန်ရှုကို မင်းကြီး ရာထူးတိုးပေးလိုက်လို့ အခုဆိုရင် ကိုယ်ပိုင် မြင်းရထားတွေ ဘာတွေနဲ့ ဖြစ်နေပြီ… စိတ်ချမ်းသာစရာလေးပေါ့…။
~~
ထိုစဉ် စီအန်းနန်းဆောင်၌ ကျူးရှုသည် မယ်တော်ကြီးအား လျှောက်တင်နေသည်။
146 03
“မယ်တော်ကြီး… ကျွန်တော်မျိုးမ တော်ဝင်ကိုယ်လုပ်တော်ယီထံကို လက်ဆောင် ပဏ္ဍာတွေကို ပို့ပြီးပါပြီ”
မယ်တော်ကြီးက ခေါင်းကို ညိတ်လိုက်ပြီး ပြောသည်။
“ကိုယ်လုပ်တော်ယီ အခု ဘယ်လို နေသေးလဲ”
ကျူးရှုက သူမ၏ ခေါင်းကို ငုံ့လိုက်ပြီး ပြောသည်။
“ကိုယ်လုပ်တော်ယီက ကျန်းမာနေပုံပါပဲ… ကျွန်တော်မျိုးမ အဲဒီကို ရောက်သွားတဲ့အခါ ကိုယ်လုပ်တော်ယီက ခန်းဆောင်ရှေ့မှာ စာတောင် ထိုင်ရေးနေပါသေးတယ်”
မယ်တော်ကြီးက နှာခေါင်းကို ရှုံ့လိုက်ပြီး ပြုံးကာ ပြောလေသည်။
“အောင်မလေးဟဲ့… ကိုယ်ဝန်ကြီးနဲ့တောင် လက်ရေးလှ ကျင့်နေတယ်ပေါ့လေ… တော်တော်ဇွဲကောင်းတဲ့ ကလေးမပဲ”
—- ဒီစာအုပ် အစမှာကတည်းက ယန်ရှုက လက်ရေးလှ ကျင့်နေတယ်လို့ပဲ လူကြားအောင် ပြောပြောနေခဲ့တယ်။ အဲဒါကြောင့်မို့လို့ အမှန်ကို သိနေတဲ့ ဧကရာဇ်မင်းကြီး၊ ဖုဟိုင်နဲ့ ရန်တုန်းတို့ကလွဲရင် တခြားသူတွေအားလုံးက ယန်ရှုကို လက်ရေးကျင့်နေတာလို့ပဲ ထင်ကြတယ်။
မယ်တော်ကြီး ထိုသို့ ပြောလိုက်ပြီးသည့်အခါ ကျူးရှုက လျှောက်တင်သည်။
“ကျွန်တော်မျိုးမ တစ်ခု သတိထားမိလိုက်တာ ကိုယ်လုပ်တော်ယီ သုံးနေတဲ့ စုတ်တံက မယ်တော်ကြီး သခင်လေး ရှောင်ယောင်းကို အရင်တစ်ခေါက်တုန်းက ချီးမြှင့်ထားတဲ့ စုတ်တံနဲ့ တူနေသလိုပဲ”
“ဘယ်လို”
မယ်တော်ကြီး နှိုတ်ဆိတ်သွားမိသည်။
သူမ ဘာမျှ မပြောနိုင်သေးမီ နန်းဆောင် အပေါက်ဝမှ လျှောက်တင်သံကို ကြားလိုက်ရသည်။
“မယ်တော်ကြီး… ကိုယ်လုပ်တော်ယီက တွေ့ခွင့် တောင်းနေပါတယ်”
မယ်တော်ကြီးမှာ တချက် စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်ကာ ပြောသည်။
“ဝင်စေ”
မကြာမီ တံခါးဝမှ ယန်ရှု ဝင်လာသည်။
“ကိုယ်လုပ်တော်ယီ မယ်တော်ကြီးကို အရိုအသေပြုပါတယ်”
အနွေး ထိုင်ခုံအထက်တွင် သက်တောင့် သက်သာ ထိုင်နေသည့် မယ်တော်ကြီးက ခေါင်းညိတ်ပြလိုက်ပြီး မျက်နှာအမူအယာကို ပုံမပျက်စေဘဲ ပြောလိုက်သည်။
“ဪ… ကိုယ်တိုင်ကိုယ်ကျ လာကျေးဇူးတင်စရာ မလိုဘူးလို့ မှာလိုက်ရဲ့သားနဲ့ကွယ်… ဘာလို့ အခုလို ပင်ပန်းတကြီး ထွက်လာရတာလဲ”
ထိုအခါ ယန်ရှုက
“မနေ့ညက နန်းတွင်း သမားတော်ကျန်းက ကိုယ်လုပ်တော်ယီရဲ့ အခြေအနေ ကောင်းပါတယ်လို့ ပြောတဲ့အတွက် အခုလို သွားနိုင် လာနိုင်နေတာပါ မယ်တော်ကြီး… အဲဒါကြောင့်လည်း မယ်တော်ကြီးဆီက လက်ဆောင်တွေ ရတော့ ကျေးဇူးတင်ကြောင်း ကိုယ်တိုင်လာပြောတာပါ”
ထိုသို့ပြောပြီးသည့်အခါ တရိုတသေ တလေးတစားဖြင့် ပြောကာ အရိုအသေ ပေးလေသည်။
“မယ်တော်ကြီးရဲ့ လက်ဆောင် ပဏ္ဍာတွေအတွက် ကျေးဇူးအထူးတင်ပါတယ်”
မယ်တော်ကြီးက ခေါင်းကို ညိတ်လိုက်သည်။
“ဒီကလေးဟာ မင်းကြီးအတွက် နန်းမွေ ဆက်ခံမဲ့ ရင်သွေးဖြစ်တဲ့အပြင် ကိုယ်လုပ်တော်ယီကိုယ်တိုင်ကလည်း အလုပ်ကို ကြိုးစားလုပ်ဆောင်တတ်သူ ဖြစ်တဲ့အတွက်ကြောင့် မယ်တော်ကြီး ချီးမြောက်တာကို ခံယူဖို့ ထိုက်တန်ပါတယ်…။ ကိုယ်လုပ်တော်ယီအနေနဲ့ ပထမဆုံးအကြိမ် ကိုယ်ဝန်ရှိတာမို့လို့ အချိန်ပြည့် ဂရုစိုက်ရမယ်… အနားမှာ ရှိနေတဲ့သူတွေကိုလည်း လိုအပ်ရင် လိုအပ်သလို စိတ်အားပေးဖို့ အကူအညီတောင်း… အားလုံးမှာ ဧကရာဇ်မင်းကြီးရဲ့ နန်းဆက်ကို ကျန်းကျန်းမာမာ မွေးဖွားလာအောင် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်”
146 04
ယန်ရှုက ခေါင်းကို ညိတ်၍ နားထောင်သည်။ ထို့နောက် သူမက ဦးစွာပြောလိုက်သည်။
“အရှင်မင်းကြီးက ကျွန်တော်မျိုးမကို မနေ့ညက တော်ဝင်ကိုယ်လုပ်တော်ယီ ရာထူး ချီးမြှင့်ပေးခဲ့ပါတယ်”
ထိုအခါ မယ်တော်ကြီးက အေးဆေးစွာ ပြန်ပြောသည်။
“အင်း အဲဒါကို ကြားမိပါတယ်… ဒါ ကိုယ်လုပ်တော်ယီအပေါ်ထားရှိတဲ့ မင်းကြီးရဲ့ စေတနာ မေတ္တာပါပဲ… ကိုယ်လုပ်တော်ယီဖက်ကလည်း တာဝန်ကျေပြွန်အောင် ကြိုးစားလုပ်ဆောင်ပြီး ကျေးဇူးကို ဆပ်လိုက်ပါ”
ယန်ရှုက အလျင်အမြန်ပင် ခေါင်းညိတ် ထောက်ခံလိုက်သည်။
သူမ၏ စိတ်နှလုံးအတွင်း၌မူ တစ်ခုခု လွဲနေသလို ခံစားနေရသည်။
မယ်တော်ကြီး၏ ဆက်ဆံပုံမှာ ပြီးခဲ့သည့် နှစ်ရက်နှင့် မတူဘဲ အတန်ငယ် စိမ်းနေသလို ခံစားနေရသည်။
ကျွတ်စ်ကွာ… ကြည့်ရတာ ငါ့အပေါ် သံသယရှိနေပြီနဲ့တူတယ်…။
ကဲပါလေ… ဒီမှာ လူစုံတက်စုံ ရှိနေတုန်း နည်းနည်း အရဲစွန့်ပြီး စမ်းကြည့်လိုက်မယ်။
ထိုသို့ တွေးပြီးနောက် ချောင်းဟန့်လိုက်ကာ ပြောသည်။
“ကိုယ်လုပ်တော်ယီ သံတော်ဦးတင်စရာ တစ်ခု ရှိပါတယ်”
မယ်တော်ကြီးက တည်ငြိမ်အေးဆေးစွာ ပြန်ပြောသည်။
“ဘာများလဲ”
ယန်ရှုက ထပ်မန် ချောင်းဟန့်လိုက်ပြီး
“အခု ကိစ္စက အင်မတန် အရေးကြီးပါတယ် မယ်တော်ကြီး…”
မယ်တော်ကြီးသည် မျက်ခုံးများကို ပင့်၍ ကြည့်လိုက်ပြီးနောက် ယန်ရှု၏ မျက်နှာကဲကို သဘောပေါက်သွားပုံရသည်။ ထို့ကြောင့် အခြားသူများအားလုံးကို အပြင်သို့ ထွက်ရန် အမိန့်ပေးလိုက်သည်။
ခန်းဆောင်အတွင်းတွင် မည်သူမျှ မကျန်တော့သော အခါ ယန်ရှုက မဆိုင်းမတွ ပြောလိုက်လေသည်။
“တကယ်တန်းတော့လေ… ကျွန်တော်မျိုးမက သခင်လေး ရှောင်ယောင်းပါ”
ထင်မှတ်မထားဘဲ ထိုသို့ ကြားလိုက်ရသည့်အခါ မယ်တော်ကြီးမှာ ဆွံ့အသွားတော့သည်။
“ကိုယ်လုပ်တော်ယီ ဘာပြောလိုက်တယ်”
ယန်ရှုက ဒူးကို ထောက်ကာ အရိုအသေပြုလိုက်ပြီး ခပ်နှေးနှေး တစ်လုံးစီ ပြောလိုက်သည်။
“ကျွန်တော်မျိုးမက ဝတ္ထုဇာတ်လမ်းတွေကို ရေးတဲ့ သခင်လေး ရှောင်ယောင်းပါ… မယ်တော်ကြီးကို အရင်က ဟန်ဆောင် လိမ်ညာခဲ့မိပါတယ်… ကျွန်တော်မျိုးမ သေသင့်ပါတယ်… မယ်တော်ကြီး ခွင့်လွှတ်ပေးတော် မူပါ”
မယ်တော်ကြီးမှ ယခုတစ်ကြိမ်မှ အသေအချာ နားလည်တော့သည်။ သို့တိုင်အောင် မယုံနိုင်သေးဘဲ ရှိနေသေးသည်။ ယန်ရှုအား အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက်မှ ပြောလေသည်။
“ဒါဆို စာအုပ်တွေကို ရေးတာက ကိုယ်လုပ်တော်ယီပေါ့”
ယန်ရှုက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်”
မယ်တော်ကြီးက လေပူကြီးကို မှုတ်ထုတ်လိုက်ကာ ပြောလေသည်။
146 05
“ဒါဆို… ကိုယ်လုပ်တော်ယီက ဘယ်လိုများ အဲဒီလောက်တောင် ရေးနိုင်ရတာလဲ”
ယန်ရှုက ရဲရဲဝံ့ဝံ့ပင် လျှောက်တင်လေသည်။
“အစကတော့ အရှင်မင်းကြီးက နန်းတွင်း ရဲမတ်တွေရဲ့ အမှုအခင်း စုံစမ်းတွေ့ရှိလာသမျှကို စာတင်ဖို့အတွက် စာရေးဆရာရှာနေတာပါ… အဲဒါကို ကျွန်တော်မျိုးမက ကြားမိလိုက်ပြီး ရေးခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်… ကျွန်တော်မျိုးမ ရေးပြီးတဲ့အခါ အရှင်မင်းကြီးက ဖတ်ကြည့်ပြီး သဘောကျတဲ့အတွက် ပြည်သူများ ဖတ်ရှုခွင့်ရအောင် ဖြန့်ချီပေးပါတယ်… အဲဒီအချိန်ကနေစပြီး ကျွန်တော်မျိုးမ စာတွေ ဆက်ရေးခဲ့ပါတယ်”
မယ်တော်ကြီးမှာ သူမအား မယုံနိုင်သည့် မျက်နှာဖြင့် ကြည့်နေဆဲ ဖြစ်သည်။
“စမ်းရေးကြည့်တယ် ဟုတ်လား… ဖတ်ကြည့်ရသလောက် ကိုယ်လုပ်တော်ယီက အစကတည်းက စာကို ကောင်းကောင်း ရေးနိုင်တဲ့ပုံ ပေါ်ပါတယ်”
ယန်ရှုက ဆက်ပြောပြသည်။
“ကျွန်တော်မျိုးမက ငယ်ငယ်လေးကတည်းက စာအုပ်စာပေ ဖတ်ရှုရတာ နှစ်သက်ခဲ့ပါတယ်… စာအုပ်တွေ အများကြီးလည်း ဖတ်ဖြစ်ခဲ့ပါတယ်… အဲဒါကြောင့် ကောင်းကောင်း ရေးတတ်ပါတယ် မယ်တော်ကြီး”
မယ်တော်ကြီးမှာ မချီးကျူးဘဲ မနေနိုင် ဖြစ်သွားမိသည်။
“ဒီလိုဆို ကိုယ်လုပ်တော်ယီက ကိုယ့်ကိုယ်ကို တော်တော် နှိမ်ချတတ်တာပဲ”
ထို့နောက် ဆက်၍ မေးလေသည်။
“အဲဒါ ဘာလို့ အမျိုးသား ကလောင်နာမည် ပေးထားတာလဲ”
ယန်ရှုမှာ မယ်တော်ကြီးအား မူလက ကြံထားသည့် အကြံအစည်များအား ပြောပြရန်သာ ရှိတော့သဖြင့် ရှင်းပြသည်။
“အခုခေတ်မှာ အမျိုးသမီးတွေအပေါ် အထင်သေးနှိမ်ချတတ်ကြတဲ့အတွက် အမျိုးသမီး ကလောင် အမည်ရွေးလိုက်ရင် မဖတ်ကြတော့မှာ စိုးလို့ပါ”
မယ်တော်ကြီးက သက်ပြင်းကို ချလိုက်သည်။
“အဲဒီလိုတော့ သဘာဝ ကျပေမဲ့… လူတွေက အမျိုးသားတစ်ယောက်က ရေးတဲ့စာကို ဖတ်နေရတယ်လို့ ထင်နေတဲ့အတွက် အမျိုးသမီးတွေ အပေါ် ခွဲခြားဆက်ဆံမှုကတော့ ပြောင်းသွားမှာ မဟုတ်ဘူးလေ… ဘာများထူးသွားလို့လဲ”
ယန်ရှုက အလျင်အမြန်ပင် ပြောလိုက်မိသည်။
“အဲဒါကို မတွေးမိလိုက်ပါဘူး မယ်တော်ကြီး”
မယ်တော်ကြီးက သက်ပြင်းကို ချလိုက်သည်။
“အင်းပါလေ… တကယ်ကျတော့ ကိုယ်လုပ်တော်ယီရဲ့ အပြစ်လည်း မဟုတ်ပါဘူး… မိန်းမငယ်လေး တစ်ယောက်က အရာရာတိုင်းကို ပြုပြင်လို့ ဘယ်ရမှာလဲ”
ယန်ရှုမှာ ခေါင်းကို ခပ်သွက်သွက်ညိတ်လိုက်သည်။ ယခုလို အခြေအနေလည်း မဆိုးဘူးဟု တွေးမိသည်။
သို့သော် သူမ ခေါင်းညိတ်၍ မပြီးသေးခင်မှာပင် မယ်တော်ကြီးက အေးစက်စက် အသံဖြင့် ပြောတော့သည်။
“ဒါပေမဲ့ အရင်တစ်ခေါက် မယ်တော်ကြီး မေးတုန်းက အမှန်အတိုင်းမပြောဘဲ ဘာလို့ လိမ်ရတာတုန်း။ မယ်တော်ကြီးက ချီးမြှင့်တဲ့ ပစ္စည်းတွေကို အရှင်မင်းကြီးကနေတဆင့် လိုချင်တာလား”
ယန်ရှုက ခေါင်းကို နှိမ့်လိုက်ပြီး ပြောသည်။
“မှန်လှပါ… အဲဒီတုန်းက သေသေချာချာ မစဉ်းစားမိခဲ့လို့ပါ… မယ်တော်ကြီး အမှန်အတိုင်း သိသွားရင် အမျက်တော် ရှမှာ စိုးလို့ မပြောရဲခဲ့ဘဲ လိမ်ခဲ့မိတာပါ”
ထိုအခါ မယ်တော်ကြီးက နှာခေါင်းကို ရှုံ့၍ ပြောသည်။
“အခုကျတော့ရော… မယ်တော်ကြီး အမျက်တော်ထွက်မှာ မကြောက်ဘူးလား”
146 06
ယန်ရှုက အလျင်အမြန်ပင် ပြန်ဖြေလေသည်။
“ကျွန်တော်မျိုးမ ရင်ထဲမှာ ရွေးရခက်နေတာ ကြာပါပြီ… အမှန်အတိုင်း လျှောက်တင်ဖို့ အကြိမ်ကြိမ်တွေးခဲ့ပေမဲ့ မယ်တော်ကြီး ကျွန်တော်မျိုးမကို မုန်းသွားမှာ စိုးမိလို့ပါ… မယ်တော်ကြီးက ကျွန်တော်မျိုးမ ရေးတဲ့ စာတွေကို ယုံကြည်ပြီး အားပေးနေတဲ့သူကိုး”
ထိုသို့ ပြောရင်း ယန်ရှုမှာ မျက်ရည်များပင် ဝေ့လာသည်။
“အထူးသဖြင့် ဒီနေ့ မနက် မယ်တော်ကြီးဆီက လက်ဆောင်ပဏ္ဍာတွေ ရလာတဲ့အခါ ကိုယ့်ကိုယ်ကို အပြစ် အရမ်းရှိတယ်လို့ ခံစားလာရလို့ အခုလို မယ်တော်ကြီးကို ဝန်ခံဖို့ ရောက်လာတာပါ… မယ်တော်ကြီး စိတ်ဆိုးမယ်ဆိုရင်လည်း ဆိုးထိုက်ပါတယ်… ကျွန်တော်မျိုးမ ခွင့်လွှတ်ဖို့ မတောင်းဆိုရဲပါဘူး”
ပြောပြီးနောက် မျက်ရည်များအား သုတ်လိုက်လေသည်။
ယန်ရှုမှာ ဤစကားများကို ရင်ထဲမှ ပြောနေခြင်းဖြစ်လေတော့သည်။ သူမမှာ စာရင်းအတွင်းရှိ ထိပ်ဆုံးမှလူ၏ ထောက်ခံအားပေးမှုကို လုံးဝ အဆုံးအရှုံး မခံနိုင်ချေ။
ထိုစကားများ ပြောပြီးသည့်နောက် နန်းဆောင် တစ်ခုလုံး ငြိမ်သက်သွားလေသည်။
ထို့နောက် မယ်တော်ကြီးက သက်ပြင်းကို ချလိုက်သည်။
“ကိုယ်လုပ်တော်ယီမှာ အတွေးအခေါ်ရှိတယ်ဆိုတာ မယ်တော်ကြီး သိပါတယ်… ဒီတော့ ဒီမှာပဲ ရပ်လိုက်ရအောင်… ကိုယ်လုပ်တော်ယီမှာလည်း အရှင်မင်းကြီးရဲ့ အမွေကို ဆက်ခံရမဲ့ ရင်သွေးကို လွယ်ထားရတာ… ထ ထ…”
ယန်ရှုမှာ ပြော မပြတတ်အောင် ဖြစ်သွားသည်။
မယ်တော်ကြီးက ငါ့ကို ခွင့်လွှတ်လိုက်တာလား။
ဟား… စစ်စတန်ရဲ့ စကားတွေ တကယ် မှန်တာပဲ။
အခုအချိန်က ရိုးရိုးသားသား ပြောဖို့ အကောင်းဆုံး အချိန်ပဲဆိုတာကို သူမ အရဲစွန့်ပြီး စမ်းကြည့်တာ အောင်မြင်သွားပြီ။
ယန်ရှုမှာ အလွန်တရာမှ ကျေနပ်နေပြီး မယ်တော်ကြီးအား ဝပ်တွား အရိုအသေ ပေးပြီးနောက် မတ်တပ်ရပ်လိုက်သည်။
ထိုစဉ် နန်းဆောင် အဝင်ဝမှ ကြေညာသံကို ကြားလိုက်ရသည်။
“အရှင်မင်းကြီး ကြွချီလာပါပြီ…”
ယန်ရှုနှင့် မယ်တော်ကြီးတို့ တစ်ချက် တုံ့သွားကြသည်…။ မကြာမီ ယွီဝိန်းလန်မှာ ခန်းဆောင်အတွင်းသို့ ဝင်ရောက်လာတော့သည်။
အထဲသို့ ရောက်သည်နှင့် ယွီဝိန်းလန်မှာ ခန်းဆောင်အတွင်း ဟိုဟိုသည်သည် လိုက်ကြည့်ရင်း စိုးရိမ်နေပုံ ပေါ်နေသည်။
မယ်တော်ကြီးက မေးလိုက်သည်။
“အရှင်မင်းကြီးက ဒီကို ဘာအရေးကိစ္စနဲ့ ကြွလာတာပါလဲ”
ယန်ရှုမှာလည်း အနည်းငယ် အံ့ဩနေသည်။ သူမ ရန်တုန်းအား ပြောလိုက်သည့် စကားမှာ မယ်တော်ကြီးအား ဖွင့်ပြောရန် ဆုံးဖြတ်ချက် တစ်ခုတည်းသာ ဖြစ်ပြီး အရှင်မင်းကြီးအား လိုက်လာခဲ့ရန် မခေါ်ထားချေ။
သို့ရာတွင် ယွီဝိန်းလန်မှာ အလွန်စိတ်ပူနေပြီး ရောက်လာဖို့ နောက်ကျသွားမည်ကိုပင် စိုးရိမ်နေပုံရသည်။
သူသိသည်မှာ မယ်တော်ကြီးသည် သူမ၏ မျက်လုံးထဲ၌ တန်ဖိုးမဲ့သည်ဟု မြင်လျှင် ခွင့်မလွှတ်တတ်ပေ။ အကယ်၍ ယန်ရှု အချိန်အကြာကြီး လိမ်ခဲ့သည်ကို သူမ သိသွားပါက တစ်ခုခု လုပ်မည်ကို သူ စိုးရိမ်လေသည်။
ထို့ကြောင့် ယန်ရှု ပို့လိုက်သည့် သတင်းစကားကို ကြားလိုက်သည်နှင့် ချက်ခြင်းပင် အပြေး လိုက်လာခြင်း ဖြစ်ပေတော့သည်။
“သားတော် အခုပဲ တိုင်းရေး ပြည်ရေး ကိစ္စတွေ ပြီးလာတာနဲ့ ကိုယ်လုပ်တော်ယီရဲ့ ကိုယ်ဝန် အခြေအနေကို မယ်တော်ကြီးကိုလည်း ပြောပြချင်နေတာနဲ့ ကိုယ်တိုင် ရောက်လာခဲ့တာ…”
146 07
ထိုသို့ ပြောပြီးနောက် သူက ယန်ရှုဖက် ကြည့်ကာ အံ့အားသင့်ချင်ယောင် ဆောင်လိုက်လေသည်။
“ဖြစ်ချင်တော့ ကိုယ်လုပ်တော်ယီလည်း ဒီမှာ ရောက်နေတာကိုး… ထင်တောင် မထင်ထားမိဘူး”
ယန်ရှုမှာ အူတူတူဖြင့် ခေါင်းကိုသာ ညိတ်ပြလိုက်မိသည်။
မယ်တော်ကြီးက ပြုံးလိုက်ပြီး ပြောတော့သည်။
“မယ်တော်ကြီးကတော့ ဒီနေ့မှပဲ သခင်လေး ရှောင်ယောင်းဆိုတာ ကိုယ့်ရှေ့မှာရှိနေမှန်း သိရတော့တယ်…။ အရှင်မင်းကြီးကတော့ မယ်တော်ကြီးမသိအောင် တကယ် အဖွက်တော်တာပဲ”
ထိုသို့ ကြားလိုက်တော့မှ ယန်ရှု ဝန်ခံပြီးမှန်း သိလိုက်ရသည်။ ထို့ကြောင့်
“ငါကိုယ်တော်လည်း သခင်လေး ရှောင်ယောင်းကို အမျိုးသမီးဖြစ်နေရင် မယ်တော်ကြီး လက်မခံမှာစိုးလို့ ဒီလမ်းကိုပဲ ရွေးချယ်လိုက်ရတာပါ”
ယွီဝိန်းလန် ခုဏက နန်းဆောင်၏ အခြေအနေကို လေ့လာ အကဲခတ်ကြည့်ရာ မယ်တော်ကြီးက ယန်ရှုအား အပြစ်တင်နေပုံ မရချေ။
ထိုစဉ် မယ်တော်ကြီးက ပြောသည်။
“မယ်တော်ကြီးလည်း နည်းနည်းတော့ အံ့ဩသွားတယ်…။ ဒါပေမဲ့ မယ်တော်ကြီးကလည်း အမျိုးသမီး… ဆိုတော့ တခြားအမျိုးသမီးတစ်ယောက်ကို အထင်မသေးရက်ပါဘူး”
ပြီးနောက် သူမက ယန်ရှုအား ခြေအဆုံး ခေါင်းအဆုံးကြည့်၍ ခေါင်းကို ရမ်းလိုက်ကာ သက်ပြင်း ချလိုက်သည်။
“အရှင်မင်းကြီးရဲ့ ကိုယ်လုပ်တော်တွေ ကိုယ်လုပ်တော်ယီတွေထဲမှာ ဒီလို အရည်အချင်းရှိတဲ့သူ ပါနေတာကို မယ်တော်ကြီး သတိမထားမိခဲ့ဘူး”
ယန်ရှုက ပြုံးလိုက်ပြီး ပြောလေသည်။
“မယ်တော်ကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်…။ ကျွန်တော်မျိုးမ အထင်ကြီး အလေးစားဆုံးက မယ်တော်ကြီးပါပဲ။ ဒီနေ့လည်း သခင်ကုနဲ့ သူ့ရဲ့ ဇနီးအကြောင်းကို ရေးနေတာပါ…။ မယ်တော်ကြီးကို ဖတ်ပြ ချင်လွန်းလို့ပါ”
မယ်တော်ကြီးက သဘောကျပြီး ရယ်လိုက်မိသည်။
“ကိုယ်လုပ်တော်ယီကတော့လေ… မယ်တော်ကြီးကို အရမ်းစည်းရုံးတတ်တာပဲ…။ အခုတော့ ကိုယ်လုပ်တော်ယီမှာ ကိုယ်ဝန်နဲ့ဆိုတော့ ကိုယ့်ကိုယ်ကိုပဲ ဦးစားပေးပါ…။ ပင်ပန်းနေရင် နား… အလောတကြီး ရေးပြီး ဖတ်ပြစရာ မလိုပါဘူး”
ထိုသို့ပြောပြီးနောက် စိတ်ထဲ၌ သက်ပြင်းချကာ တွေးလိုက်မိသည်။
ဒီကောင်မလေးက တော်တော် လုပ်ရည်ကိုင်ရည်ရှိတာပဲ…။ သူရေးသမျှ ဇာတ်လမ်းတွေ အားလုံးက ငါ့ရဲ့ စိတ်နှလုံးကို ထိစေတာတွေ ချည်းပဲ။
အဲ…
အခု ကိုယ်လုပ်တော်ယီက သခင်လေး ရှောင်ယောင်းဆိုတော့…
မယ်တော်ကြီး ဖြစ်တဲ့ ငါက ဇာတ်လမ်းတွေကို သူများတွေထက် စောစော ပိုသိရတော့မှာပေါ့နော်။
ထိုသို့ တွေးနေသည်နှင့် တိုက်ဆိုင်စွာပင် ယန်ရှုက ပြောလိုက်သည်။
“ကျွန်တော်မျိုးမ ဇာတ်လမ်း တစ်ခု ရေးပြီးတိုင်း မယ်တော်ကြီးဆီကို အဦးဆုံး လာပြပါ့မယ်”
မယ်တော်ကြီးကလည်း ကျေနပ်စွာဖြင့် ခေါင်းညိတ် လက်ခံလိုက်သည်။
“ကောင်းတယ် … ကောင်းတယ်”
ထို့နောက် ယန်ရှုက ဆက်ပြောလေသည်။
146 08
“ကျွန်တော်မျိုးမ ပစ်စာတွေ အများကြီး ထပ်ရထားပါတယ်…။ အဲဒီစာတွေထဲက တချို့က အရမ်း စိတ်ဝင်စားဖို့ကောင်းပါတယ်…။ တစ်နေ့နေ့ မယ်တော်ကြီးကို ပြောပြဖို့ အထူးသီးသန့် သိမ်းထားပါတယ်”
မယ်တော်ကြီးမှာ မျက်လုံးများ အရောင်တောက်လာပြီး ရေရွတ်လိုက်တော့သည်။
“ကောင်းလိုက်တာ”
ပြီးနောက် ဆက်၍ တောင်းဆိုလေတော့သည်။
“အခုပဲ ဖြစ်နေတာတွေကို ပြောပြလိုက်ပါလား”
…
ယွီဝိန်းလန်မှာ ဘာမျှ ဝင်မပြောဘဲ ကြည့်နေရာမှ သူ့ကိုယ်သူ လူပိုတစ်ယောက်လို ခံစားလာရတော့သည်။
သူ့ရှေ့ရှိ အမျိုးသမီးနှစ်ယောက်မှာ သားအမိ အရင်းအခြာတွေဟုပင် သူမြင်လာမိသည်။
ထို့အပြင် ယန်ရှု ဖတ်ပြသည့် ဇာတ်လမ်းများကို သူသာလျှင် အရင် နားထောင်ရမည့် သူ မဟုတ်ဘူးလား။
အခုမှ ဘာလို့ ကောက်ခါ ငင်ခါ လူပြောင်းသွားရတာလဲ။
******
147 01
Chapter 147
ယန်ရှုမှာ ကိုယ်ဝန်ကြီးနှင့် ဖြစ်ပြီး ယွီဝိန်းလန်မှာလည်း မူးကြီးမတ်ရာများနှင့် ညီလာခံရှိနေသေးသဖြင့် မယ်တော်ကြီးနှင့် ခေတ္တခဏမျှ စကားစမြည် ပြောဆိုပြီးနောက် နှုတ်ဆက်ကာ စီအန်းနန်းဆောင်မှ ပြန်လာကြသည်။
မင်းကြီးလည်း ပြန်ထွက်လာပြီ ဖြစ်သဖြင့် ယန်ရှုမှာ သူမ၏ မြင်းရထားပင် မလိုတော့ပေ။ မင်းကြီး၏ မြင်းရထားပေါ်၌ပင် လိုက်လာသည်။
ဤတစ်ကြိမ်တွင် ရထားပေါ်၌ အခြားမည်သူမျှ မပါသဖြင့် နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိနေသည်။ ယွီဝိန်းလန်က ယန်ရှုအား မေးလိုက်သည်။
“ဟူ စုတ်တံ ကိစ္စလေးများ… ငါကိုယ်တော်ကို အကူအညီတောင်းပြီး ရှင်းပြလိုက်လည်း ရတာပဲကို…။ ကိုယ်လုပ်တော်ယီက ဘာလို့ ကိုယ့်လျှို့ဝှက်ချက်ကို မယ်တော်ကြီးကို အလျင်စလို သွားပြောလိုက်တာလဲ”
ထိုအခါ ယန်ရှုက ပြန်ပြောသည်။
“အခုတစ်ကြိမ် အရှင်မင်းကြီးက ကူညီပြီး ဖုံးကွယ်ပေးတာ ထားပါတော့… နောက်အကြိမ်တွေရော ဒါမျိုး ထပ်မကြုံလာနိုင်ဘူးလို့ အာမ မခံဘူးလေ… ။ခုဏလေးတင် ကျွန်မ ဝင်လာတော့ ကျူးရှူး သတင်းပို့တာကို နားထောင်ပြီး မယ်တော်ကြီးက ခပ်စိမ်းစိမ်းလုပ်နေတာ…။ ကျွန်မကိုယ်တိုင် ရှင်းပြရင်တောင် မယ်တော်ကြီးက အပြည့်အဝ ယုံတော့မယ် မထင်ဘူး…။ ပြီးတော့ မယ်တော်ကြီးက ကျွန်မရေးတဲ့ စာအုပ်တွေကို အဲဒီလောက်ကြိုက်နေတော့… တစ်နေ့နေ့ သခင်လေး ရှောင်ယောင်း အဖြစ် တခြားသူကို အစားထိုးပြီး မယ်တော်ကြီးနဲ့ တွေ့ပေးရမဲ့ အခြေအနေအထိ ရောက်လာလိမ့်မယ်…။ တကယ်လို့များ အဲဒီအချိန်ကျမှ တစ်ခုခုလွဲချော်သွားပြီး ဖုံးကွယ်ထားသမျှ ပေါ်သွားမယ်ဆိုရင် မယ်တော်ကြီးက အခုထက်တောင် အများကြီး ပိုပြီး အမျက်ထွက်လိမ့်မယ် ထင်တယ်”
ဟိုးအစက သူမကိုယ်တိုင်လည်း မယ်တော်ကြီးကို အန္တရာယ်ရှိတဲ့သူ ဉာဏ်နီဉာဏ်နက်များတဲ့သူလို့ ထင်ခဲ့မိပါတယ်…။ အဲဒါကြောင့် ရေးတဲ့သူက သူမမှန်း သိသွားရင် မယ်တော်ကြီးက အဲဒါကို အခွင့်ကောင်းယူပြီး သူမကို ပြစ်ဒဏ်ခတ်မှာ ကြောက်မိခဲ့တယ်။ ဒါပေမဲ့ ရင်းနှီးလာတာ နည်းနည်းကြာတဲ့အခါ မယ်တော်ကြီးဟာ ထင်သလို ခက်ထန်တင်းမာတဲ့သူ မဟုတ်ဘူးလို့ မြင်လာခဲ့ရတယ်။ ပြီးတော့ သူမရဲ့ စာအုပ်တွေကိုလည်း နှစ်သက်တော့ ဒီစာအုပ်ကို ရေးလို့ဆိုပြီး ပြစ်ဒဏ်ခတ်မယ်လို့ မထင်မိတော့ဘူး။ အဲဒါကြောင့် ဒီဟာကို အခွင့်အရေးအဖြစ် အသုံးချပြီး ဝန်ခံလိုက်တာ ကောင်းမယ်လို့ ယူဆလိုက်တာပေါ့…။ အခုတော့ ဟန်ဆောင် ဖုံးကွယ်ဖို့အတွက် ဆင်ခြေဆင်လက်တွေ ရှေ့လျှောက် ပေးစရာမလိုတော့ဘူး။
လူတိုင်း တစ်ယောက်အပေါ် တစ်ယောက် ရိုးသားတာ ကောင်းပါတယ်။
ယွီဝိန်းလန်မှာ ယန်ရှု၏ ရှင်းပြချက်ကို နားထောင်ပြီး သဘာဝကျသည်ဟု ယူဆမိသည်။ ထို့ကြောင့် သူက ခေါင်းကို ညိတ်လိုက်ပြီး မှတ်ချက်ပြုလိုက်သည်။
“ကောင်းပါတယ်… နောက်ဆို မယ်တော်ကြီးက တစ်ခုခု ဆုချချင်ရင် ငါကိုယ်တော် ကြားထဲကနေ လက်ခံ ပေးစရာ မလိုတော့ဘူးပေါ့”
သူမ ပြောတာ မှန်သည်…။ စောစော ဝန်ခံလိုက်သည်က နောက်မှ ဝန်ခံသည်ထက် ပိုကောင်းမည်။ ပို၍ အရေးကြီးသည့်အချက်မှာ မယ်တော်ကြီးကလည်း အပြစ်မတင်သဖြင့် ယခုလုပ်ရပ်မှ မဆိုးလှပေ။
ယန်ရှုက မင်းကြီး၏ မှတ်ချက်ကို ခေါင်းညိတ်ထောက်ခံလိုက်သည်။ ထို့နောက် မျက်မှောင်ကို ကြုတ်လိုက်ပြီး ပြောလေသည်။
“ဒါနဲ့ စကားမစပ်… ကျူးရှူးကလေ ကျွန်မနဲ့ ပတ်သက်ပြီး မကျေနပ်တာ တစ်ခုခုများ ရှိနေသလားမသိဘူး။ မယ်တော်ကြီး ဆုချထားတဲ့ စုတ်တံကို ကျွန်မက ကြားထဲကနေ ဖြတ်ယူထားတယ်လို့ ဘာလို့ ထင်ရတာလဲ။ ကျွန်မက လူလိမ်တစ်ယောက်လို့များ သူက ထင်နေတာလား”
ထိုသို့ ပြောပြီးနောက် ယွီဝိန်းလန်က ဘာမှ ပြန်မပြောရသေးမီ စစ်စတန်၏ အသံကို ကြားလိုက်ရသည်။
[တကယ်က ရှင်းပါတယ်… ကျူးရှူးက အရှင်မင်းကြီးကို သဘောကျနေတာလေ… အဲဒီတော့ နင့်ကို အမြဲ မနာလို ဖြစ်နေတာပေါ့]
ယန်ရှု အံ့အားသင့်သွားသည်။
147 02
[ကျူးရှူးက အရှင်မင်းကြီးကို သဘောကျနေတယ်]
စစ်စတန် [ဟဲ့… နင့် Question mark တွေ က များလိုက်တာ…။ အဲလောက်တောင် အံ့ဩစရာ ရှိလို့လား။ နင်သိတဲ့အတိုင်းပဲ… အရှင်မင်းကြီးကလည်း ခန့်ချောကြီး ဖြစ်နေတာကိုး… ပြောရရင် ကျူးရှူးက အသက် ၁၃ နှစ် သမီးအရွယ်လောက်ကတည်းက မယ်တော်ကြီးဆီမှာ ခစား လာတာ…။ အဲဒီတုန်းက အရှင်မင်းကြီးက အသက် ၁၀ နှစ်လောက်ပဲ ရှိဦးမှာပေါ့…။ သူတို့ အတူတူ အရွယ်ရောက်လာခဲ့ကြတာလေ]
ယန်ရှု - [ဒါပေမဲ့ အရင်တုန်းက အရှင်မင်းကြီးက မစွမ်းဆောင်နိုင်တာကို သူက ကြိုက်တယ်ပေါ့]
ယွီဝိန်းလန်မှာ နားထောင်နေရင်း မျက်ခုံးများကို ပင့်လိုက်မိသည်။
ဟင်… ဘာတွေ ထတွေးနေတာတုန်း။
အရင်တုန်းက မစွမ်းဆောင်နိုင်ခဲ့တာ အပြစ်လား။
စစ်စတန် [အင်းပေါ့… ကျူးရှူးကလည်း အရှင်မင်းကြီးကို မစွမ်းဆောင်နိုင်တဲ့သူ တစ်ယောက်လို့ မြင်ခဲ့ပုံ မရပါဘူး…။ ကိုယ်လုပ်တော်ယီကျိုးတို့… ကိုယ်လုပ်တောနင်တို့… ကိုယ်လုပ်တော်အန်းတို့ အားလုံးကလည်း သူ့ကို စွမ်းဆောင်နိုင်နေတယ်လို့ မထင်ကြပါဘူး…။ လူသာမန် တစ်ယောက်လိုပဲ ယူဆခဲ့ကြတယ်…။ ဟုတ်တယ်လေ… ဒီလောက် ချောမောတဲ့၊ အာဏာရှိတဲ့၊ ငယ်ရွယ်ပြီး သန်စွမ်းတဲ့ အရှင်မင်းကြီးကို မကြိုက်တဲ့သူ ရှိပါ့မလား]
ယန်ရှု - [...]
ဟုတ်တော့လည်း ဟုတ်သည်…။ လောကကြီးတွင် ဧကရာဇ်မင်းတစ်ပါး စွမ်းဆောင်နိုင်မှု မရှိလျှင်တောင် ကြိုက်မည့်သူ အများကြီးရှိသည်။
ထိုသို့ တွေးမိပြီးသည့်အခါ ယန်ရှုက သူမ၏ ဝမ်းဗိုက်ကို ပြန်ထိလိုက်ပြီး တွေးမိလိုက်သည်။
ဪ… ဒီလိုလေး ဖြစ်လာဖို့ တကယ်မလွယ်ခဲ့တာပဲ…။
ယွီဝိန်းလန် - “ဟင်… ဟင်… ဟင်”
သူမ တစ်ခုပြီးတစ်ခု ဘာတွေ တွေးနေတာလဲ။
သူ့အဖြစ်မှာ လမင်းကြီး ထွက်လာဖို့ တိမ်အမှောင်များကို လွင့်သွားအောင် စောင့်နေရသူလို ဖြစ်နေတော့သည်။ သံတုတ်ချောင်းကြီးတစ်ချောင်းကို အပ်ဖြစ်သည်အထိ ထွင်းနေသည့်သူကဲ့သို့ စိတ်ပင်ပန်းချင်စရာ ကောင်းလှသည်။
~~
ယန်ရှုမှာ တော်ဝင် မြင်းရထားကို စီးနင်းလျက် ကန်လုနန်းဆောင်သို့ ပြန်လည် ရောက်ရှိသွားတော့သည်။ မကြာမီ ရှန်းယီနှင့် စီကျန်းဌာနမှ မင်းမူထမ်းများ ရောက်ရှိလာကြသည်။
ထိုအချိန်မှ စ၍ ခန္ဓာကိုယ်ကို တိုင်းလိုက်… လက်ဝတ်တန်ဆာ ရွေးလိုက်နှင့် တစ်နေကုန် အလုပ်ရှုပ်နေတော့သည်။
နောက်တစ်နေ့ ရောက်သည့်အခါ ရာထူးအား တရားဝင် အပ်နှင်းသည့် တော်ဝင် အမိန့်စာ ကျလာသည်။ ရာထူးအပ်နှင်း ချီးမြှောက်ပွဲ ပြီးဆုံးသည့်အခါ သူမမှာ တရားဝင် တော်ဝင်ကိုယ်လုပ်တော်ယီ ဖြစ်လာတော့သတည်း။
နန်းအပြင်တွင် ရှိနေသည့် သူမ၏ မိသားစုမှာလည်း ကျုံးယီနယ်စား အိမ်တော်အဖြစ် အဆင့်မြှင့်တင်ခြင်း ခံရသဖြင့် အများသူငါ အထင်ကြီး အားကျမှုကို ဖြစ်စေတော့သည်။
ထိုအချိန် စီအန်း နန်းဆောင်၌ အမျိုးသမီးကျွမ်းမှာ ဗုဒ္ဓ ဘုရားကျောင်းတွင် သုံးရက်တိတိ ဝတ်ပြုဆုတောင်းရာမှ အချိန်ပြည့်သဖြင့် ပြန်လည် ထွက်လာတော့သည်။ ထို့နောက် မယ်တော်ကြီး၏ ရှေ့တွင် ချုံးပွဲချ ငိုကျွေးလျက် အပြစ်ကို တောင်းပန်တော့၏။
“ကျွန်တော်မျိုးမ အရမ်း စိုးရိမ်ပူပန်သွားမိလို့ နန်းတွင်းစည်းကမ်းတွေကို မေ့လျော့သွားမိပါတယ်။ မယ်တော်ကြီးဘုရား”
မယ်တော်ကြီးက ယခုအချိန်ထိ အေးစက် နေသေးသကဲ့သို့ ပြန်ပြောသည်။
“အခု အရှင်မင်းကြီးမှာ ထီးမွေဆက်ခံမဲ့သူ ရနေပြီပဲ။ မယ်မင်းက ဘာကို စိုးရိမ်နေတာလဲ”
ထိုအခါ အမျိုးသမီးကျွမ်းက ငို၍ပြောသည်။
147 03
“ချိန်အန်း အိမ်တော်ရဲ့ အနာဂတ်ကို မယ်တော်ကြီး ဆက်လက်ထိန်းသိမ်းနိုင်အောင် ကူညီဖို့ အရင် သခင်ကြီးနဲ့ သခင်မကြီးတို့က ကျွန်တော်မျိုးမကို တာဝန်ပေးခဲ့တာ…။ အခုကျတော့ တခြားလူက အိမ်ရှေ့မင်းသားကို အရင်မွေးတော့မှာ ဆိုတော့ ချန်းအန် အိမ်တော်အတွက် စိတ်မကောင်း ဖြစ်မိလို့ပါ”
မှန်တော့လည်း မှန်သည်။ အမျိုးသမီး ကျွမ်းမှာ မယ်တော်ကြီး၏ မိခင်၏ မိသားစုဖက်မှ ခေါ်လာသည့် အစေခံဖြစ်သည်။
အမျိုးသမီး ကျွမ်းမှာ သူမလက်အောက်တွင် အစေခံအဖြစ် ဆယ်စုနှစ်များစွာ ခစားခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူမ ဟန်ဆောင် လိမ်ညာ၍ ပြောနေခြင်း မဟုတ်ကြောင်း မယ်တော်ကြီးသိသည်။
မယ်တော်ကြီးက အမျိုးသမီး ကျွမ်း၏ စကားကို နားထောင်ပြီးသည့်အခါ သက်ပြင်းကိုသာ ချလိုက်မိသည်။
“ငါလည်း ဘယ်တတ်နိုင်ပါ့မလဲ။ ပြီးခဲ့တဲ့ အနှစ် နှစ်ဆယ်လုံးလုံး ကြိုးစားခဲ့တာပါပဲ… ဒါပေမဲ့ ထင်ထားသလိုမှ ဖြစ်မလာတာ… ညည်းက ဘယ်လိုများ တွေးနေလို့လဲ”
ထိုအခါ အမျိုးသမီး ကျွမ်းက မျက်ရည်စတို့ကို သုတ်လိုက်ပြီး
“ပြီးခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ကြုံပြီးတဲ့နောက်မှာ ချန်အန်းအိမ်တော်ဟာ အများကြီး ပြောင်းလဲသွားပြီလို့ ကျွန်တော်မျိုးမ ထင်ပါတယ်…။ အခုဆို အိမ်တော်ရဲ့ တတိယမြောက် သမီးလေးကလည်း အရွယ် ရောက်လာပါပြီ…။ အကျင့်ဗီဇလည်း ကောင်းပါတယ်… အဲဒီတော့ မယ်တော်ကြီး အဲဒီ ကောင်မလေးကို…”
သူမ ပြော၍မဆုံးမီ မယ်တော်ကြီးက လက်ကို မြှောက်ကာ တားလိုက်သည်။
“နန်းတွင်းကို ခေါ်တာ ကောင်းတယ်လို့ နင် ထင်လို့လား။ နန်းပြင်မှာ နေရင်တောင် သူပျော်ပျော်နေရဦးမယ်…။ နန်းတွင်းမှာ ကျိတ်ပုန်း ကြံစည်မှုတွေနဲ့ စိတ်ဝေဒနာတွေ ပြည့်နေတာ ဘာလို့ ဝင်ပြီး စိတ်ဒုက္ခခံခိုင်းမှာလဲ။ တတိယမြောက်သမီးကို ဒုက္ခ မပေးချင် စမ်းပါနဲ့… ငါရော ဒီမှာ နေရတာ ပျော်နေတယ်လို့ မြင်လို့လား”
— သူမသာ ပြန်ရွေးချယ်ခွင့်ရှိခဲ့လျှင် သူမ ဘဝကို ယခုလို အဓိပ္ပာယ်မဲ့စေခဲ့သည့် နန်းတွင်းသို့ ဝင်ပြီး အဆုံးခံတော့မည် မဟုတ်ချေ။
ထိုအခါ အမျိုးသမီးကျွမ်းက မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“ဒါပေမဲ့ နောင်တချိန်ချိန်ကျရင် ကျိုးမိသားစုက တစ်ခုခုလုပ်မှာကို မယ်တော်ကြီး စိတ်မပူဘူးလား”
မယ်တော်ကြီးက မဲ့လိုက်ကာ ပြောလိုက်သည်။
“အဲဒါက ကျိုးမိသားစုရဲ့ ရွေးချယ်မှုအပေါ် မူတည်တယ်…။ အခု နင်က ငါ့အစေခံဖြစ်တဲ့အတွက် ငါ့ကို ခစား ချင်သေးရင် တာဝန်ကိုပဲ ကျေပြွန်အောင်လုပ်…။ မဟုတ်ဘဲ စကားများနေရင် နေစရာ ရှာပေးပြီးတော့ နန်းပြင်ထုတ်လိုက်မယ်…။ အဲဒီအခါကျရင် ငါနဲ့ ဘယ်တော့မှ ပြန်တွေ့ရတော့မယ် မထင်နဲ့”
ထိုအခါ အမျိုးသမီးကျွမ်းမှာ တုန်လှုပ်သွားပြီး ထပ်မံငိုရှိုက်၍ ပြောတော့သည်။
“ကျွန်တော်မျိုးမက မယ်တော်ကြီးကို ပစ်ပြီး ဘယ်ကို သွားရမှာလဲ…။ ကျွန်တော်မျိုးမ အခုလို စကားတွေကို နောက် ထပ်မပြောတော့ပါဘူး…”
~~
ဤသို့ဖြင့် တနေထက် တနေ့ ကိုယ်ဝန်မှာ ရင့်သထက်ရင့်လာပြီး ယန်ရှုမှာ ကိုယ်ဝန်ဆိပ်ကို တဖြည်းဖြည်း ပြင်းပြင်းထန်ထန် ခံစားလာရသည်။
အစောပိုင်းတွင် သူမမှာ စားနိုင်သောက်နိုင် နေသေးသည်။ နောက်တွင် အသားနံ့၊ ဆီရွှဲရွှဲ ဟင်းနံ့များရသည်နှင့်ပင် အန်ချင်စိတ် ပေါက်လာတော့သည်။ တော်ဝင်ကိုယ်လုပ်တော်ယီ၏ မျက်နှာမှာ တစ်နေ့ထက်တစ်နေ့ ပို၍ ပိန်သွယ်လာသလို ဖြစ်နေသဖြင့် အရှင်မင်းကြီးမှာ စိုးရိမ်နေသည်။ ထိုအခါ သူက အသေအချာ တွေးလိုက်ပြီး သစ္စာတရား ဘွဲ့ခံနယ်စားအိမ်တော်မှ သခင်မကြီးကို လူလွှတ်၍ ဆင့်ခေါ်လိုက်တော့သည်။
အတွေ့အကြုံရှိပြီးသားလူ ဖြစ်သဖြင့် အမျိုးသမီးရှုမှာ သူမ၏ သမီး စိတ်အဆင်မပြေဖြစ်နေသည်ကို သိလိုက်သည်။ ထို့ကြောင့် သမီးဖြစ်သူ ကြိုက်တတ်သည့် စားစရာများကို ပြင်ဆင်ပြီးနောက် နန်းတွင်းသို့ ယူလာတော့သည်။
ဤသို့ဖြင့် ယန်ရှုမှာ အမေကို မြင်လိုက်သည်နှင့် သူမ စားချင်နေသည့် စားစရာ ရနံ့များကိုပါ ရလိုက်တော့သည်။
ကြက်သွန်မြိတ် ဖက်ထုပ်နံ့ပါလား။
147 04
သူမ၏ အမေ ဘာမျှ မပြောရသေးမီ သူမက တန်းမေးလိုက်သည်။
“အမေ ကြက်သွန်မြိတ် ဖက်ထုပ်တွေ လုပ်လာတာလား”
အမျိုးသမီးရှုက ပြုံးလိုက်ပြီး စားစရာထည့်ထားသည် သေတ္တာပုံးလေးကို ဖွင့်လိုက်သည်။
“တောါဝင်ကိုယ်လုပ်တော်ယီက နှာခေါင်းကောင်းသားပဲ… ကဲ စားပေတော့… လာခါနီးမှ လုပ်လာတာ… ပူပူနွေးနွေးပဲ ရှိသေးတယ်”
ထို့နောက် ပူပူနွေးနွေး ဖက်ထုပ် တစ်လုံးကို ယူ၍ပေးလေသည်။
ယန်ရှုမှာ ပူပြင်းခြောက်သွေ့သည့် ဒေသတွင် ခရီးအရှည်ကြီး ထွက်လာသူတစ်ယောက် ချိုမြိန်လှသည့် ရေချိုကန်လေးတစ်ကန်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။ သူမက အမေလက်ထဲမှ ဖက်ထုပ်ကို အမြန်ယူလိုက်ကာ ပါးစပ်အတွင်းသို့ ထည့်လိုက်လေသည်။
အား… အမေ့လက်ရာ ကြက်သွန်မြိတ် ဖက်ထုပ်လေး…။
ဖက်ထုပ်အသားမှာ ဂျုံနံ့လေး သင်းနေသည်။ သူမမှာ ဆီကြော် စားစရာများကို မစားနိုင်မှန်း သိသဖြင့် သူမ၏ အမေက တို့ဟူးနှင့် ကြက်သွန်မြိတ် နှစ်မျိုးကိုသာ အစာသွပ်ရန် အသုံးပြုထားပြီး ကြော်သည့်အခါ ဆီနည်းနည်းဖြင့်သာ ကြော်ခဲ့သည်။ အရသာမှာ ခပ်ပေါ့ပေါ့၊ ခပ်ရိုးရိုး အရသာဖြစ်သော်လည်း လက်ဆက်ပြီး ရနံ့မွှေးသည်။ သူမ စားချင်နေသည့် ပုံစံအတိုင်းဖြစ်နေတော့သည်။
နှစ်ကိုက် သုံးကိုက်ဖြင့်ပင် ဖက်ထုပ်တစ်လုံး ကုန်သွားတော့သည်။ အမျိုးသမီး ရှုမှာ လက်ဖက်ရည်ကြမ်းတစ်ခွက်ကို အမြန်ယူပြီး ပေးလေသည်။
“ဖြေးဖြေးစား ဖြေးဖြေးစား… အများကြီး ကျန်သေးတယ်… စားပိုးနင်နေဦးမယ်”
ယန်ရှုက ညည်းပြလိုက်ပြီး နောက်တစ်ခုကို ထပ်ယူလိုက်ကာ တခဏတွင်း ကုန်အောင် စားပစ်လိုက်သည်။
အစာအိမ်ထဲမှာက အခုရက်ပိုင်း အစာနည်းနေသောကြောင့် အခုမှသာ ကောင်းကောင်းဖြည့်လိုက်နိုင်ပြီး နေသာထိုင်သာ ရှိသွားတော့သည်။
ထို့နောက် ယန်ရှုက လက်ဖက်ရည်ကြမ်းနှစ်ခွက်ကို ဆင့်သောက်လိုက်သည်။ ပြီးမှသာ သူမ၏ အမေအား မေးနိုင်တော့သည်။
“အမေတို့ အိမ်မှာ အဆင်ပြေကြရဲ့လား။ အဖေရော နေကောင်းလား။ အဘွားရော ကျန်းမာလား”
အမျိုးသမီး ရှုက ခေါင်းညိတ်ပြလိုက်သည်။
“အားလုံး အဆင်ပြေကြပါတယ် ကိုယ်လုပ်တော်ယီရယ်… ဘာမှ ပူမနေဘဲ ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်… အဘွားလည်း နေကောင်းတယ်… အစကတော့ ဒီနေ့လာ ဒီနေ့ပြန် လုပ်မလို့ပဲ… ဒါပေမဲ့ အမိန့်စာလာပို့တဲ့ ကုံးကုံး ပြောတာ ကြားလိုက်တာက အရှင်မင်းကြီးက အမေ့ကို နန်းတွင်းမှာ နှစ်ရက်လောက်နေဖို့ ခေါ်ထားတယ်တဲ့… အဲဒီတော့ အမေလည်း သမီးဆီ လာနေဖြစ်တာပေါ့”
ယန်ရှု မျက်လုံးများ အရောင်တောက်သွားသည်။
“အရှင်မင်းကြီးက နေခိုင်းတယ် ဟုတ်လား။ ကောင်းတာပေါ့!”
— အမေသာ အနားမှာ ရှိလို့ကတော့ စိတ်ပိုင်းဆိုင်ရာ အားရှိတာပဲ…။ ကိုယ်ဝန်ကြောင့် ခံစားနေရတာတွေ အားလုံး သက်သာသွားသလိုပဲ…။
အမျိုးသမီးရှုက ခေါင်းညိတ်ပြလိုက်သည်။
“အဲဒီ ကုံးကုံး ပြောပြီးတာနဲ့ အမေလည်း ဝတ်စုံ နှစ်စုံ သုံးစုံလောက် တစ်ခါတည်း ပြင်လိုက်တော့တာ”
ယန်ရှုက ထောက်ခံလိုက်ပြီး လျန်ရှင်းကို အမေ့အတွက် အခန်းပြင်ပေးရန် စေခိုင်းလိုက်သည်။
အားလုံး စီစဉ်ပြီးသည့်အခါ သူမက ထပ်မေးလိုက်သည်။
“တော်ဝင် ကျောင်းတော်မှာ ထျန်းရော့ အဆင်ပြေနေလား။ သူ နေတတ်ရဲ့လား”
ပြောရလျှင် မျက်တမှိတ်အတွင်းမှာပင် သူမ၏ မောင်လေးဖြစ်သူ ထျန်းရော့တစ်ယောက် တော်ဝင် ကျောင်းတော်တွင် တက်ရောက်နေသည်မှာ သုံးလပင် ရှိသွားချေပြီ။
147 05
မိဘများနှင့် အဘွားဖြစ်သူအား ပုံမှန် တွေ့ဖြစ်သော်လည်း ကျောင်းစည်းကမ်းချက်များကြောင့် သူမ၏ မောင်ကို မတွေ့နိုင်ဘဲ ဖြစ်နေသည်။
ထိုအခါ သူမ၏ အမေက ခေါင်းညိတ်ပြပြီး ပြောလေသည်။
“သူလည်း အဆင်ပြေနေပါတယ်… တော်ဝင် ကျောင်းတော်ကို တက်နေတော့ ခါတိုင်းနဲ့တော့ မတူတော့ဘူးပေါ့…။ သူ အများကြီးလည်း ပိုသိလာတယ်…။ စိတ်ကိုလည်း ထိန်းတတ်လာတယ်။ တခေါက်တုန်းကဆိုရင် သူ ကုံးယွမ်လမ်းကနေ ဝယ်လာတဲ့ ပစ္စည်းက အလိမ်ပစ္စည်းဖြစ်နေတာ…။ အရင်ကဆိုရင်တော့ သူက လိမ်တဲ့သူတွေကို ပြန်ချမှာ…။ အခုကျတော့ သူ ဘယ်လိုလူဆိုတာကို နားလည်သွားတော့ သူ့အစ်မ နာမည်ပျက်မှာ စိုးရိမ်လို့ သူ သည်းခံနေတတ်သွားတယ်”
ယန်ရှုမှာ ထူးဆန်းသလို ခံစားလိုက်ရပြီး မေးလိုက်မိသည်။
“သူက ဘယ်လို အလိမ်ခံလိုက်ရတာမို့လို့လဲ”
အမျိုးသမီးရှုက ပြောပြသည်။
“ဪ … ကုံးယွမ် လမ်းမှာက စာပေပစ္စည်းတွေ ပေါတယ်မဟုတ်လား။ တော်ဝင် ကျောင်းတော်ကိုယ်တိုင်က အသိအမှတ်ပြုထားတဲ့ နေရာပေါ့… ပြီးတော့ ကျောင်းတော်သားတွေဟာ စာရေးဖို့ စက္ကူအဖြူ သုံးကြတယ်… အဲဒါ ထျန်းရော့ သုံးနေတဲ့ စက္ကူက အဲဒီနေ့က ကုန်သွားတယ်… အဲဒါကြောင့် ကုံးယွမ်လမ်းကို သွားပြီး ဝယ်တာပေါ့။ ဒါပေမဲ့ ဝယ်ပြီးတော့မှ ကြည့်လိုက်တော့ စာရွက်က သူဝယ်တဲ့ စာရွက်မျိုးမဟုတ်ဘူး…။ ရောင်းလိုက်တဲ့ ဆိုင်ရှင်ကို သူက ပြောပစ်ချင်တာပေါ့…။ ဒါပေမဲ့ သူနဲ့ အတူပါသွားတဲ့သူတွေက တားလို့ ရှေ့ဆက် မတိုးတော့ဘဲနဲ့ တခြားနေရာကနေပဲ သွားဝယ်လိုက်တာ”
“သူ့ကို သူ့အဖေက ပြောဖူးတယ်လေ…။ အဖေတို့က နယ်စား အိမ်တော်အဖြစ် အဆင့်တက်သွားပြီ…။ အဲဒါကြောင့် လူတွေက သတိထားပြီး ကြည့်နေကြတော့မှာ…။ အဲဒီတော့ ပြန်ပြောလိုက်လို့ ကိုယ့်နာမည် ပျက်မယ်ဆိုရင် နည်းနည်းပဲ ထိခိုက်တာမျိုးဆို သည်းခံလိုက်လို့ ပြောထားတယ်”
ယန်ရှုကလည်း ထိုစကားကို ကြားသည့်အခါ ခေါင်းညိတ်လိုက်မိသည်။ အဖေ့ရဲ့ ကောင်းစေချင်သည့် သဘောထားကို သူမ နားလည်သည်။ ထျန်းရော့မှာ နယ်စားအိမ်တော်မှ သားတော်တစ်ပါးဖြစ်နေပြီ… စက္ကူလေးအတွက်နှင့် ဆိုင်ရှင်အား ပြောဆို ကျိန်းမောင်းမိလျှင် သာမန် လူတန်းစားများကို အနိုင်ကျင့်သူအဖြစ် သမုတ် ခံရပေတော့မည်။ သူမ၏ မောင်လေးအဖို့ ဒေါသကို ထိန်းရန်မှာ အလွန် ခက်မှန်း ယန်ရှု နားလည်သည်။
ထိုစဉ် သူမ၏ အမေဖြစ်သူက မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“ထူးတော့ ထူးဆန်းတယ်… ကုံးယွမ် လမ်းမှာ ဆိုင်တော်တော်များက စာရွက် ခပ်ညံ့ညံ့တွေ ရောင်းကြတယ်နော်…။ ထျန်းရော့မှာ ဆိုင်တော်တော်များများ သွားပြီးမှ နောက်ဆုံး အမေတို့ အိမ်နားက ဆိုင်ရောက်မှ စက္ကူဖြူ ရတော့တယ်”
ယန်ရှုမှာလည်း ထိုသို့ ကြားလိုက်ရသဖြင့် အံ့ဩ သွားမိသည်။ ကုံးယွမ်လမ်းသည် နန်းမြို့တော်တွင် စာရေးပစ္စည်းများ ဝယ်ယူရန် အကောင်းဆုံးနေရာဖြစ်သည်။ စာသင်သားအများစု သွားရောက်ရာ နေရာလည်းဖြစ်သည်။ အဘယ့်ကြောင့် ဆိုင်ပိုင်ရှင်များက စက္ကူအညံ့စားကို စာရွက်အချောအဖြစ် လိမ်ရောင်းရသနည်း။ သို့ဆိုလျှင် လူအများ စာရွက် အကောင်းမရဘဲ ဖြစ်ချေတော့မည်။”
ထိုသို့ တွေးလိုက်စဉ် စစ်စတန်က ဝင်ပြောလေသည်။
[ဒါကတော့ ရှင်းပါတယ်… နန်းတွင်းထဲမှာရှိနေသူ တစ်ယောက်ယောက်က သူ့ရာထူးနေရာကို အသုံးချပြီး နန်းမြို့တော်ထဲက ဆိုင်တွေအပေါ်မှာ ခေါင်းပုံဖြတ် အမြတ်ထုတ်နေလို့ပေါ့]
ယန်ရှုမှာ အံ့ဩ ဆွံ့အ သွားလေသည်။
147 06
[ဒီလောက်တောင် အတင့်ရဲတဲ့သူ ရှိသလား။ အဲဒါ ဘယ်သူလဲ။]
စစ်စတန် - [အဲဒီလူနာမည်က ပေါင်ချိဝမ်တဲ့… သူက အခု လက်ရှိ တော်ဝင် ကျောင်းတော်ကို ဦးစီးနေတဲ့သူပဲ… သူက ကျောင်းတော်ရဲ့ နေ့စဉ် အရေးကိစ္စတွေကို တာဝန်ယူရတယ်… အဲလူက ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ကမှ စက္ကူလုပ်ငန်း တစ်ခုထောင်ထားပြီးတော့ စာရွက်အညံ့စားတွေကို အချောအဖြစ် ထုတ်ရောင်းနေတာ…။ ပြီးတော့ သူက ကုံးယွမ်မှာရှိတဲ့ တခြား ဆိုင်တော်တော်များများကိုလည်း သူ့စာရွက်ပဲ ရောင်းဖို့ ပြောထားတာ… ဒါတင်မကသေးဘူး တော်ဝင် ကျောင်းတော်ရော တခြား ကျောင်းတော် တော်တော်များများကိုလည်း အပေးအယူ လုပ်ထားတာ… စာသင်သားတော်တော်များများမှာ သူ့စာရွက်တွေပဲ သုံးနေရတယ်]
ယန်ရှုမှာ အံ့အားသင့်နေမိသည်။
[ဒီလောက် ပေါ်ပေါ်ထင်ထင် လုပ်နေတာ… ဘယ်သူမှ မသိဘူးလား။]
စစ်စတန် [ဒီလူက တော်ဝင် ကျောင်းတော်မှာ တာဝန်ယူထားတာ နှစ်ပေါင်းမနည်းတော့ဘူးဆိုတော့ တခြား ကျောင်းတော်တွေနဲ့ ကောင်းကောင်း ရင်းနီးနေပြီးသားလေ…။ ပြီးတော့ သူက ဆရာတွေအတွက်ကျတော့ စာရွက်အကောင်းသုံးပြီး စာသင်သားတွေ အတွက်ကျတော့ အညံ့စား သုံးတာ။ စာသင်သားတွေက ငယ်ကြတော့ နားမလည်ကြဘူး… ဆရာတွေကျတော့ ပြဿနာ မတက်ချင်ကြဘူး…။ ပြီးတော့ အခု ကျောင်းတော်အတွက် သုံးထားတဲ့ ငွေတွေက နန်းတွင်းက လာတဲ့ ငွေတွေ ဖြစ်တဲ့အတွက် ဘယ်သူမှ ဂရုစိုက်မနေကြဘူး]
ယန်ရှုမှာ ဒေါသဖြင့် လေမှုတ်ထုတ်လိုက်မိသည်။
[ကျောင်းတော် တစ်ခုစီမှာ စာသင်သား အနည်းဆုံး တစ်ရာလောက်စီရှိမယ်… နေ့စဉ် စာရွက် အသုံးပြုနှုန်းကလည်း နည်းမှာ မဟုတ်ဘူး။ ဒီလူကတော့ တော်တော် ထောနေရောပေါ့]
စစ်စတန် [ဒါပေါ့… အဲဒီလို လုပ်ခဲ့တဲ့ နှစ်တွေ အကုန်လုံးမှာ ရလိုက်တဲ့ ငွေတွေ မနည်းဘူး… နန်းတွင်း လွှတ်တော်အပေါ်မှာ လူလည်ကျတဲ့ နေရာမှာ ဒီကောင်က နံပါတ်တစ်ပဲ]
ယန်ရှု [အဲဒီတော့ သူ့လုပ်ရပ်တွေကို ဘယ်သူမှ မရိပ်မိကြဘူးပေါ့။]
စစ်စတန် [ဒီလူက ပိုက်ဆံ မရှိချင်ယောင် အရမ်းဆောင်တတ်တာ… နေတော့လည်း ဆယ်နှစ်ကျော်ကျော် သက်တမ်းရှိတဲ့ အိမ်အဟောင်းတစ်လုံးမှာ နေတယ်… အဲအိမ်က မိုးတောင် ယိုတယ်…။ သူက သူ့အင်္ကျီတွေကို ပိတ်ရက်တွေ ရောက်မှ လျှော်ဖွတ်တယ်… သူနဲ့ သူ့မိန်းမက စားရင် ဟင်းကောင်းနဲ့ မစားဘူး…။ ကပ်စီးလည်း အရမ်းကုပ်… အဲကျတော့ ဘယ်သူက ထင်မလဲ]
ယန်ရှုမှာ မေးစရာများ တန်းစီနေတော့သည်။
[အဲဒီလို နေမှာများ ဘာကိစ္စ မှောင်ခို ပိုက်ဆံ ရှာနေသေးတုန်း။ ဘာမှလည်း ခံစားတတ်တာ မဟုတ်ဘဲနဲ့]
စစ်စတန် [သူ့ကို မခံစားတတ်ဘူးလို့ ငါ မပြောမိပါဘူး… တကယ်တန်းက ဒီလူက ပေကျင်းမှာ ရှိတဲ့ ကျင်းမင် ရေကန်ဘေးက အပန်းဖြေ စံအိမ်ကြီးတစ်လုံးကို လွန်ခဲ့တဲ့ နှစ်တော်တော်များများတုန်းကတည်းက ဝယ်ထားတာ… အဲဒီမှာ မိန်းမချောလေးတွေကိုလည်း အိမ်စေအဖြစ် ခန့်ထားတယ်… ဝိုင်အရက်တွေကိုလည်း ကန်လိုက်… အသားငါးဆိုလည်း တောအုပ်လို အုံလိုက်ကျင်းလိုက် အဲဒီမှာ ရှိတယ်… သုံးလေးရက် တစ်ခါလောက် သူက အဲဒီမှာ သွားဇိမ်ခံတာ]
ယန်ရှု [......]
ဪ လေးစားဖွယ်…။
******