အခန်း (၁၅၁-၁၅၃)
Vol. 11 Ch. 151-153
151 01
အပိုင်း 151
ဘယ်လိုတောင် ပျော်တတ်တဲ့ အမျိုးသမီးလဲ။
ဘယ်လိုလုပ်ပြီး သူမရဲ့မိစ္ဆာလက်သည်းတွေကို သူမရဲ့အိုင်ဒေါလ်ဆီ ထုတ်ရဲရတာလဲ။
ယန်ရှုက အရမ်းကိုစိတ်တိုသွားပြီး စစ်စတန်ကို လျင်မြန်စွာ မေးလိုက်သည်။
[ဒီမင်းသမီးရှုံအန်းရဲ့ဇစ်မြစ်က ဘာကြီးလဲ။ ဘာလို့သူမကို အရင်ကမမြင်ဖူးရတာလဲ။]
သို့သော် စစ်စတန် ပြောလာသည်ကို ကြားလိုက်ရသည်။
[မင်းသမီးရှုံအန်းက ဧကရာဇ်ကောင်းဇူရဲ့တူမလေ။ ဆိုလိုတာက နှောင်းဧကရာဇ်နဲ့ မင်းသမီးတာ့ချန်တို့ရဲ့ဝမ်းကွဲ လက်ရှိဧကရာဇ်ရဲ့ အဒေါ်ဆိုလည်းဟုတ်တယ်။ ဒါပေမဲ့ သူမရဲ့ခင်ပွန်းက လွန်ခဲ့တဲ့နှစ်နှစ်က သေသွားပြီ။ အဲ့ကတည်းက သူမက ပျော်ရွှင်တဲ့မုဆိုးမတစ်ယောက် ဖြစ်လာတာပဲ]
ယန်ရှု [….]
နည်းနည်းလေး မနာလိုစရာ ကောင်းလိုက်သလိုပဲ ဘာတွေဖြစ်နေတာလဲ။
သို့သော်လည်း သူမကအခုထိ နားမလည်သေးပေ။ ထို့ကြောင့် သူမက လျင်မြန်စွာ မေးလိုက်သည်။
[ဒါဆို သူမရဲ့ခင်ပွန်း သေသွားပြီးတော့ အိမ်တော်ရဲ့ အကြီးအကဲ ဖြစ်စရာမလိုဘူးလား။ ဘယ်ကလေးမှရော မရှိဘူးလား။]
စစ်စတန်ကပြောလာသည်
[သူမမှာ သားတစ်ယောက်ရှိတယ်။ ဒါပေမဲ့ အဲ့တုန်းက အရမ်းငယ်ရွယ်လွန်းနေသေးတော့ အဲဒါကြောင့် သူမရဲ့ခင်ပွန်း ကွယ်လွန်ပြီးတဲ့နောက် သူမရဲ့ ဦးလေးငယ် မုကျန်းဖင်းက ခေါ်သွားပြီး အခုဆို မင်းသားမုအဖြစ် ဖြစ်နေပြီ။ သေချာပေါက်ပဲ မင်းသမီးရှုံအန်းက မိသားစုကို တာဝန်ယူစရာမလိုဘူး။ ပြီးတော့လည်း ယွီဝိန်တော်ဝင်မိသားစုဝင်တစ်ယောက်အနေနဲ့ နန်ကျောက်နဲ့ တာ့လျန်က မျိုးဆက်ပေါင်းများစွာ ခင်မင်ရင်းနှီးလာခဲ့တာ။ ပြီးတော့ နန်ကျောက်မှာက ပွင့်လင်းတဲ့ရှေးရိုးစွဲပုံ ရှိတယ်။ အဲဒါကြောင့် မုဆိုးမတစ်ယောက်ဖြစ်လာပြီးတာတောင် ချုပ်တည်းမထားဘဲ နန်ကျောက်နဲ့တာ့လျန်ကြားကို မကြာခဏ သွားလာနေပြီး တောင်တန်းတွေနဲ့ မြစ်တွေဆီ ခရီးသွားပြီးတော့ ချောမောတဲ့အမျိုးသားတွေနဲ့ ကလူကျီဆယ်ရင်း အရမ်းကို ပျော်ရွှင်နေတာလေ]
ယန်ရှု […]
အဟွတ် ပြောစရာရှိတာက သူမနားထောင်ပြီးတော့ ပိုပြီးတောင် မနာလိုအားကျလာပြီ။
သို့သော် ပြောမှပင် ရှုံအန်းကောင်တီရဲ့မင်းသမီးက ချောမောတဲ့ယောက်ျားလေးတွေကို စနောက်ရတာ ကြိုက်တယ်ဆိုတော့ အခုစင်ပေါ်မှာ ရပ်နေတာက လူကြီးမင်းချီလေ။
ဒါက တစ်ကမ္ဘာလုံးက အာရုံတွေကို ဆွဲဆောင်နေတဲ့ စုန့်ဟယ်အကယ်ဒမီရဲ့ ကျောင်းအုပ်အသစ် ကျော်ကြားတဲ့ ဆရာသခင်လေးပါးထဲကလေလို့ သူမက ဘယ်လိုလုပ်ပြီး အရမ်းကို ကရော်ကမည် နိုင်ရတာလဲ။
အဲ့ဒီအသားတုံးလတ်လတ်ဆတ်ဆတ်လေးတွေနဲ့ စနောက်ရတာက သူမအတွက် မကောင်းဘူးလား။ ဘာလို့ဒီကိုလာပြီး တခြားသူတွေကို မပျော်မရွှင်ဖြစ်အောင် လုပ်နေရတာလဲ။
ဧကရီမယ်တော်ကြီးကို အသာထားဦး သူမပင် တွေးလိုက်ရုံနဲ့တင် အရမ်းကို ဒေါသထွက်နေပြီးဖြစ်သည်။
သို့သော် စစ်စတန်က ပြောလာသည်။
[မင်းသမီးရှုံအန်းရဲ့ မျက်လုံးထဲမှာ လူကြီးမင်းချီက သာမန်အသားတုံးလေးတွေနဲ့ နှိုင်းယှဉ်လို့မရဘူး။ သူမက လိင်မှုကိစ္စအတွက်ပဲ ရှာနေတယ်လို့ ထင်တာလား။ တကယ်တော့ လူတွေက အရမ်းကို ကြင်နာယုယတတ်တယ်]
စိတ်အားထက်သန်တာလား။
ကျစ် ကြည့်ရတာ ပုံပြင်တစ်ပုဒ် ရှိတဲ့ပုံပဲ။
ယန်ရှုက ချက်ချင်းမေးလိုက်သည်
[မြန်မြန်လေး အသေးစိတ်ကျကျ ရှင်းပြ]
151 02
စစ်စတန်က အစဉ်အလာကျကျ ပြောပြလာသည်။
[ဒီကိစ္စကို ပြောဖို့ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကို ပြောရမှာပဲ။ မင်းသမီးရှုံအန်းက မုဆိုးမတစ်ယောက်ဖြစ်သွားတော့ သူမက အချိန်တစ်ခုလောက် မြို့တော်မှာနေဖို့ ပြန်လာခဲ့တာ။ အဲ့ဒီအချိန်အတွင်း မြို့တော်က လူငယ်လေးတွေအများကြီးနဲ့ အီစီကလီလုပ်ခဲ့တယ်။ ဒါပေမဲ့ သူမဘာပဲလုပ်လုပ် ဆရာသခင်ချီကပဲ ဘေးကနေ မြဲမြဲမြံမြံရပ်ပေးခဲ့တာ။ ဆိုရိုးအတိုင်းပဲ မင်းမရနိုင်လေလေ မင်းခေါင်းကို ကုတ်ရလေလေတဲ့။ အဲဒါကြောင့် မင်းသမီးရှုံအန်းက ဆရာသခင်ချီကို စိတ်ဝင်စားသထက် စိတ်ဝင်စားလာခဲ့တာ]
[သိပ်မကြာခင်မှာပဲ နန်ကျောက်က အခြေအနေတွေက မတည်မငြိမ်ဖြစ်လာပြီး သူမကိုလည်း မုနန်းဆောင်က တစ်ယောက်ယောက်က ရှာတွေ့သွားလို့ ယာယီလက်လျော့လိုက်ရုံပဲ တတ်နိုင်တယ်။ နှစ်အနည်းငယ် ကြာပြီးနောက် ပြန်လာတဲ့အခါကျတော့ ဆရာသခင်ချီက ရာထူးကနေနှုတ်ထွက်ပြီး သူ့ရဲ့ဇာတိမြို့ကို ပြန်သွားပြီ ဒီနှစ်တွေထဲ ရှုံအန်းကောင်တီအရှင်မှာ ချစ်သူတွေ အများကြီးရှိခဲ့တယ် ဆိုပေမဲ့ သူမ မရနိုင်တဲ့ ဆရာသခင်ချီကသာ သူမ ဂရုအစိုက်ဆုံးသော သူတစ်ယောက် ဖြစ်လာခဲ့တာ]
[ဒီတစ်ခေါက် မဟာကွန်ဖြူးရှပ်ပညာရှိတွေ မြို့တော်မှာ စုစည်းကြတော့ သူမအဝေးကြီးကနေ သတင်းရပြီး အံ့အားသင့်ဖွယ် သိလိုက်ရတာက နှစ်ပေါင်းများစွာ ဘာသတင်းမှမရခဲ့တဲ့ ချီတာ့ရှိက သူတို့တွေကြားမှာဆိုတာကို သိသွားလို့ နန်ကျောက်ကနေ ချက်ချင်းထွက်လာခဲ့တာ။ ခရီးကနည်းနည်းဝေးနေတော့ နှမြောစရာပဲ။ သူမက အခုလေးတင်ပဲ ရောက်လာတာ]
ယန်ရှု [….]
လမ်းခရီးက တကယ်ပဲ ဝေးကွာပြီး ကွန်ဖြူးရှပ်ပညာရှိတွေကလည်း နှစ်ရက်အတွင်း ထွက်ခွာတော့မှာဖြစ်သည်။
စစ်စတန်ကစကားပြောပြီးနောက် ယန်ရှုက သူမရဲ့နှလုံးသားထဲမှာ မျက်မှောင် မကြုတ်ဘဲ မနေနိုင်တော့ပေ။
[ဒီလိုသာဆို မင်းသမီးရှုံအန်းက ဒီကို ပညာရှိချီအတွက် ရောက်နေတာပေါ့]
[….အမ်းးးး အထူးသဖြင့် သူမက ကျော်ကြားတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အမျိုးသမီးဆိုတော့ ပညာရှိချီကို ကြည့်ရတာ ခွေးအရေပြားနဲ့ကျောက်ပတ်တီး ကိုင်ထားသလိုပဲ နေမှာ]
ဒါပေမဲ့ သူမတွေးနေစဉ်မှာပဲ သူမမြင်ကွင်းရဲ့အဆုံး၌ မင်းသမီးရှုံအန်းက ပန်းတွေကြောင့် ကြက်သေ သေသွားတဲ့ လူကြီးမင်းချီကို ပြောလာသည်။
“ပညာရှိချီက နှစ်နည်းနည်းလောက် ခွဲခွာပြီးတာတောင် ချောမောနေဆဲပါပဲ”
အမ်။ နှစ်အနည်းငယ်ကိုတောင် မတွက်ဘူးလား။
သူမပြောတာ ကြားပြီးနောက် သိချင်းနေကြတဲ့လူတိုင်းက သူတို့ရဲ့နှလုံးသားထဲမှာ ဖြန်းခနဲမြည်အောင်ထိ လက်ဖဝါးချင်း ရိုက်လိုက်ကြသည်။
ဒီအဓိပ္ပာယ်အရဆိုရင် ဒီမျက်နှာလွှားပုဝါဝတ်ထားတဲ့အမျိုးသမီးက ကျောင်းအုပ်ချီရဲ့ အသိအကျွမ်းဟောင်းမလား။
သို့သော်လည်း ကျောင်းအုပ်ချီက သူမ ဘယ်သူဆိုတာကို မှတ်မိပုံမရဘဲ ဗလာဖြစ်နေတဲ့ မျက်နှာနဲ့ မေးလာသည်။
“ဟောဒီက အမျိုးသမီးက ဘယ်သူလဲဆိုတာကို မသိပါဘူး….”
ထိုအမျိုးသမီးက မကျေမချမ်းဖြစ်နေတဲ့ လေသံနဲ့ ထပ်ပြောလာသည်။
“ပညာရှိက တကယ်ကို ကျွန်မအကြောင်းမေ့သွားတာပဲ”
ထိုစကားတွေ ထွက်လာသည်နှင့် လူတိုင်းက သူတို့ရဲ့မျက်ခုံးတွေကို ထပ်ပင့်လိုက်ကြသည်။
ထိုအရာကိုကြားရသည်မှာ ဒီနှစ်ယောက်ကြားတွင် ပုံပြင်တချို့ ရှိပုံရသည်။
ယန်ရှုက ချက်ချင်းပဲ ထိတ်ပျာသွားပြီး သူမရဲ့နှလုံးသားထဲမှာ အော်ဟစ်လာသည်
[ဟေး! မင်းသမီးရှုံအန်း အချစ်မှာနစ်မြောနေတဲ့ ရှင့်ရဲ့လက်အိုကြီးကို ကျွန်မရဲ့ပညာရှိဖန်းချီဆီကနေ ဝေးဝေးထားစမ်းပါ။ ကျွန်မရဲ့ ဖြူစင်သန့်ရှင်းပြီး အပြစ်ကင်းတဲ့သူရဲကောင်းကို မညစ်ညမ်းစေနဲ့]
သူမ အော်ဟစ်နေသည်မှာ သူမဘေးက တစ်စုံတစ်ယောက်က သူ့ရဲ့နားတွေကို အုပ်ကာချင်မိသည့်အချိန်အထိပင်။
ယွီဝိန်းလန်က ယန်ရှုနောက်ကို တစ်ခဏလောက် တိတ်တဆိတ်လိုက်ကာ ဖရဲသီးစားနေပြီး သူ နားလည်လိုက်သည့် နှစ်ချက်ရှိပေသည်။
တစ်ချက်က ချီရှုကွမ်းဆီကို ပန်းတွေ ပစ်ပေးရဲတဲ့ ဒီအမျိုးသမီးက သူ့ရဲ့ဝမ်းကွဲဖြစ်တဲ့ မင်းသမီးရှုံအန်းပဲ။
ဒုတိယကတော့ မင်းသမီးရှုံအန်းကလည်း ချီရှုကွမ်းကို နှစ်သက်ပြီး ဒီတစ်ခေါက် သူမတစ်လျှောက်လုံး လာခဲ့တာက ချီရှုကွမ်းကြောင့်ပဲ။
ယွီဝိန်းလန် “….”
မမျှော်လင့်ထားဘူး။ တကယ်ကို မမျှော်လင့်ထားဘူး ချီရှုကွမ်းက လူကြိုက်များနေတုန်းပဲ။
ထိုသို့တွေးမိပြီး သူက မနေနိုင်ဘဲ ဧကရီမယ်တော်ကြီးက ဒီမြင်ကွင်းကို ဘယ်လိုတုံ့ပြန်မလဲဆိုတာအား သိချင်မိသဖြင့် ဧကရီမယ်တော်ကြီးရဲ့ အသံကို တိတ်တဆိတ် နားထောင်လိုက်သည်။
သို့သော် ဧကရီမယ်တော်ကြီးက သူမနှလုံးသားထဲမှာ ရေရွတ်လာသည်
[သေချာပေါက် ထပ်ပြီး အဲဒီအရေထူတဲ့ ရှုံအန်းပဲ!]
ယွီဝိန်းလန် “…”
ဧကရီမယ်တော်က မှန်မှန်ကန်ကန် ပြောလိုက်နိုင်သည်။
အရမ်းတော်တာပဲ။
151 03
ကောင်းပြီလေ ထို့နောက် သူက ချီရှုကွမ်းကို လျင်မြန်စွာ ထပ်ကြည့်လိုက်ပြီး သူ့နှလုံးသားထဲမှာ မျက်ခုံးပင့်လိုက်မိသည်။ နောက်တစ်ခုက ဒီလူဟာ ဒါကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာကို ကြည့်ရန်ပင်။
သို့သော်လည်း ချီရှုကွမ်းက တစ်ခဏလောက် ရပ်တန့်နေပြီးနောက် သူ့ခေါင်းကို မင်းသမီးရှုံအန်းဆီ ဦးညွှတ်လိုက်ကာ အပြုံးတစ်ပွင့်နဲ့ပြောလာသည်။
“သခင်မက ကျုပ်ကို တုံးအတဲ့အတွက် ခွင့်လွှတ်ပေးပါ။ ကြည့်ရတာ ကျုပ်မှာ သခင်မနဲ့ဘယ်လို ဆက်ဆံရေးမျိုးမှ ရှိပုံမပေါ်ပါဘူး”
မင်းသမီးရှုံအန်းက အကူအညီမဲ့သွားပြီး နောက်ဆုံးတော့ သူမရဲ့မိသားစုနောက်ခံကို ဖော်ပြလာသည်။
“ကျွန်မက ရှုံအန်းကောင်တီရဲ့မင်းသမီး ယွီဝိန်းရုံပဲ။ အခုမှတ်မိသွားပြီလား”
မင်းသမီးရှုံအန်းလား။
ချီရှုကွမ်းက ထပ်မံရပ်တန့်သွားကာ ထို့နောက် လျင်မြန်စွာ စင်မြင့်ကနေဆင်းသွားပြီး တစ်ဖက်လူကို ဦးညွှတ်ရင်း ပြောလာသည်။
“ဒီမှာရှိနေတာက မင်းသမီးရှုံအန်း ဖြစ်နေတာပဲ။ ကျေးဇူးပြုပြီး ကျုပ်ရဲ့အမြင်မကောင်းမှုအတွက် ခွင့်လွှတ်ပေးပါ”
ထိုသဘောထားက နိမ့်ချနေတာလဲ မဟုတ်သလို ခြယ်လှယ်လွန်းနေတာလဲ မဟုတ်ပေ။ သို့သော်လည်း အလွန်ကို စိတ်သဘောထား ကြီးမြတ်တာ ဖြစ်သည်။
ထိုမြင်ကွင်းကို တွေ့သည့်အခါ ယန်ရှုက သက်ပြင်းချလိုက်ပြီး တွေးလိုက်သည်။
[ကျွန်မရဲ့မဟာပညာရှိလို့ မျှော်လင့်ထားတဲ့အတိုင်းပဲ။ ငါ့မှာ ဒီဟိတ်ဟန်များတဲ့ အမျိုးသမီးအတွက် နည်းလမ်းမရှိဘူး။ ဧကရီမယ်တော်ကြီးက နားလည်မှု လွဲမသွားဖို့ဘဲ မျှော်လင့်ပါတယ်]
ဒါကိုကြားပြီးနောက် ယွီဝိန်းလန်က ဧကရီမယ်တော်ကြီးကို ထပ်ပြီး အာရုံစိုက်လိုက်သည်
သို့သော် ဧကရီမယ်တော်ကြီးက သူမရဲ့နှလုံးသားထဲမှာ ပြောလာသည်က
[ဒါကအရမ်းတော့ မဆိုးရွားပါဘူး]
ယွီဝိန်းလန် “….”
ကောင်းပြီလေ အဲဒီမိန်းကလေး စိတ်ချထားလို့ရပြီ ဧကရီမယ်တော်ကြီးက အထင်လွဲမသွားဘူး။
သို့သော် ယန်ရှုရဲ့နှလုံးသားထဲက ထပ်မံတွေးဆနေတာကို ကြားလိုက်ရသည်။
[ပြောမှပဲ မင်းသမီးရှုံအန်းက မြို့တော်ကို ပြန်လာဖို့ မိုင်ပေါင်းထောင်ချီ ခရီးနှင်လာရတာ။ ဧကရာဇ်နဲ့ ဧကရီမယ်တော်ကြီးဆီကို အရင်ဆုံးသွားပြီး မလည်ပတ်သင့်ဘူးလား။ ဒါဆို သူမရဲ့အချက်အလက်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြလိုက်တဲ့အတွက် ဧကရီမယ်တော်ကြီးက သူမကို မလေးမစားပြုမူတဲ့အတွက် အပြစ်ပေးမှာ မကြောက်ဘူးလား။]
စစ်စတန်က နှာမှုတ်လာသည်။
[ပြောရရင် သူမကအခုထိ နန်ကျောက်ရဲ့ကိုယ်လုပ်တော် ဧကရာဇ်ရဲ့ အကြီးပဲ။ နန်ကျောက်နဲ့ ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် ဧကရာဇ်က သူမကို အပြစ်တင်လို့ မရဘူးလေ ရလို့လား။]
သို့သော် မည်သူက ထင်ထားမည်လဲ ထိုစကားတွေ ထွက်လာသည်နှင့် မင်းသမီးရှုံအန်းက ချီရှုကွမ်းကို အချိန်တစ်ခုလောက်ထိ နှုတ်ဆက်လိုက်ကာ ဧကရာဇ်ရှိနေတဲ့ အထူးတန်းဆီကို လမ်းလျှောက်သွားတော့သည်။
သူမ နီးလာသည့်အခါ သူမရဲ့မျက်နှာလွှားပုဝါနဲ့ ဦးထုပ်ကို ချွတ်လိုက်ပြီး ဂါရဝပြုလာသည်။
“အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးကို လေးလေးစားစားနဲ့ ဂုဏ်ပြုပါတယ်။ အခုလေးတင်ဒီနေ့ပဲ မြို့တော်ကို ရောက်လာပြီးတော့ ဒီနေရာမှာ တော်ဝင်မိသားစုဝင်နှစ်ဦးက ပို့ချချက်ကို နားဆင်နေတယ်လို့ ကြားမိလို့ အရိုအသေပေးဖို့ လာခဲ့တာပါ”
ထိုမြင်ကွင်းကို တွေ့သည့်အခါ ယန်ရှုက သူမရဲ့နှလုံးသားထဲမှာ ကျစ် ကျစ်ဟုလုပ်လိုက်ရင်း ဒီမင်းသမီးရှုံအန်းက အရူးတော့ မဟုတ်ဘူးဘဲ။ သူမက ဒီကို ပညာရှိချီကို အထူးသဖြင့်တွေ့ဖို့လာတာလေ။ ဒါပေမဲ့ အပြစ်ကိုဖြူစင်အောင် ဆေးကြောပြီးတော့ သူမက ဒီကို ဧကရီမယ်တော်ကြီးကို ဂါရဝပြုဖို့ အထူးသဖြင့် လာခဲ့တာပဲ။
ပြီးနောက် စစ်စတန်ပြောထားသလိုပင်။ ဒီနေ့လိုလူတွေအများကြီရဲ့ရှေ့မှာ တစ်ဖက်လူတွင်လည်း ထူးခြားတဲ့ကိုယ်ရေးအချက်အလက် ရှိနေပြီး ယွီဝိန်းလန်သည်လည်း သူမကို ဝေဖန်ရတာ မကြိုက်ပေ။ ထို့ကြောင့် သူမကို မေးရုံသာ မေးလိုက်သည်။
“ဆိုတော့ ကိုယ်တော့်ရဲ့အဒေါ်ပေါ့လေ။ မြို့တော်ကို လာမယ်ဆိုတာကို မသိခဲ့ဘူး”
151 04
မင်းသမီးရှုံအန်းက လျင်မြန်စွာ လျှောက်တင်လာသည်။
“နောက်လမှာ အရှင်မင်းကြီးချန်နင်ရဲ့မွေးနေ့ပွဲကို ကျင်းပမှာဆိုတော့ လမ်းခရီးက ဆိုးဝါးပြီး အတိတ်နမိတ် ကောင်းတဲ့နေ့ကို ကျော်သွားမှာ စိုးတာနဲ့ နန်ကျောက်ကနေ စောစောထွက်လာလိုက်တာပါ။ အချိန်စောရောက်နေတော့ လူကိုယ်တိုင်လာပြီး နှုတ်ဆက်ရင်း တောင်းပန်ရုံပဲ တတ်နိုင်ပါတယ်”
ထိုစကားတွေပြောပြီးနောက် ယန်ရှုက မနေနိုင်ပဲ ကျစ် ကျစ်ဟု ထပ်လုပ်လိုက်သည်။
[သေချာပေါက် အချစ်ရေးအချစ်ရာမှာ ဝါရင့်တစ်ဦးအနေနဲ့ ဒီကိုသာမန်လိုပဲ လာတယ်။ ချောမောတဲ့အမျိုးသားတွေကို ကြည့်ရုံပဲကို သူမရဲ့တူဧကရာဇ်ရဲ့မွေးနေ့ပွဲကို ကျင်းပဖို့ဆိုပြီး ပြောတယ်။ ဧကရာဇ်ကို အလကားနေရင်း စိတ်လှုပ်ရှား သွားစေချင်နေတာလား။]
ယွီဝိန်းလန် “….”
ဘယ်နေရာမှာသူက အလွယ်တကူ စိတ်လှုပ်ရှားသွားလို့လဲ။
သို့သော်လည်း မင်းသမီးရှုံအန်းရဲ့အကြောင်းပြချက်က သင့်တော်ပြီး သူကဘာကိုမှ မပြောနိုင်ပေ။ ထို့ကြောင့် သူကခေါင်းညိတ်ကာ ပြောလာသည်။
“အဒေါ်ကတော့ လမ်းတစ်လျှောက်လုံး ပင်ပန်းသွားရပါပြီ”
သေချာပေါက်ပင် ဒီနေ့ရဲ့ထိပ်တန်းဦးစားပေးက စုန့်ဟယ်အကယ်ဒမီရဲ့ဖွင့်ပွဲ ဖြစ်သည်။ ပြီးနောက် ဒါကိုပြောပြီးသည့်အခါ သူက မည်သည့်ယဉ်ကျေးတဲ့မှတ်ချက်မှ ပြုမလာတော့ပေ။
ယခု ချီရှုကွမ်းရဲ့ပို့ချချက်လဲ ပြီးပြီဆိုတော့ ဒီနေ့ရဲ့ကွန်ဖြုးရှပ်ဝါဒီစင်မြင့်က အဆုံးသတ်ကို ရောက်လာပြီဖြစ်သည်။
ထိုနေရာက အခမ်းအနားအရာရှိရဲ့ ကြေငြာချက် ပြီးသည့်နောက်မှာတော့ လူတိုင်းက သူတို့ဘာသာ ထွက်ခွာသွားကြတော့သည်။
သို့သော်လည်း တော်ဝင်ကိုယ်လုပ်တော်နဲ့ ဧကရီမယ်တော်ကြီးက ခရီးတိုထွက်လာတာ ရှားပါးသည့်အတွက် သူတို့ဟာ နန်းတော်ကို ရိုးရိုးရှင်းရှင်းပြန်သွားပြီး အရှုံးပေးမည် မဟုတ်ပေ။
ထို့နောက် သူတို့ဟာ အရာရှိတွေ ခြံရံလျက် စုန့်ဟယ်အကယ်ဒမီကို လူကိုယ်တိုင်သွားရောက် လည်ပတ်မည်ဖြစ်သည်။
ယန်ရှုက အရမ်းစိတ်လှုပ်ရှားနေပြီး ဒီတစ်ခေါက်ရှေ့ကနေ ဦးဆောင်လမ်းပြသူက သူမရဲ့အိုင်ဒေါလ် ကျောင်းအုပ်ချီပင်။
ပြီးနောက် ကျောင်းအုပ်ချီနှင့် ဧကရီမယ်တော်ကြီးတို့ကြားတွင် ဧကရာဇ်တစ်ဦးသာ ရှိပေသည်။
ကျစ် ကျစ် ဒီလိုမျိုး လျှောက်လို့ရတာလား။ ဒါကလည်း ရှုခင်းတွေကို တူတူခံစားတယ်လို့ ပြောလို့ရလား။
ဟေး ဒါကိုတွေးလိုက်တာနဲ့ စိတ်လှုပ်ရှားစရာပဲ
ယွီဝိန်းလန် “….”
ရိုးရိုးသားသားပြောရလျှင် သူဟာ ယခုထိ သူမရဲ့ရယ်မောမှုနဲ့ ဒေါသကို နားမလည်သေးပေ။
သို့သော်လည်း ထိုလူအုပ်စုဟာ ရှေ့သို့လှမ်းရန် စောင့်မနေပေ။ ဒါပေမဲ့ မင်းသမီးရှုံအန်းက နောက်ကနေလိုက်လာကာ ယွီဝိန်းလန်ကို ပြောလာသည်အား တွေ့လိုက်ရသည်
“ ဒီနေ့လိုမျိုး ခမ်းနားတဲ့ပွဲမျိုးကို တွေ့ရခဲ့တယ်ဆိုတော့ အရှင်မင်းကြီးတို့နဲ့အတူ သွားနိုင်ဖို့ ကျွန်မအဖို့ ကံကောင်းနိုင်မလား။ နန်ကျောက်က အလယ်ပိုင်းလွင်ပြင်ရဲ့ ယဉ်ကျေးမှုကို အမြဲတမ်း လေးစားလာတာ။ ကျွန်မက ဒီအခွင့်အရေးကို အသုံးချပြီး ပိုပြီးသင်ယူနိုင်ဖို့ မျှော်လင့်ပါတယ်။ အနာဂတ်ကျ နန်ကျောက်ကို ပြန်ရောက်ရင် အလယ်ပိုင်းလွင်ပြင်ရဲ့ ယဉ်ကျေးမှုကို မြှင့်တင်ပေးနိုင်ဖို့ သင့်တင့်လျောက်ပတ်တဲ့ အကယ်ဒမီတစ်ခု တည်ဆောင်နိုင်မှာလေ”
ထိုစကားတွေထွက်လာသည်နှင့် ယန်ရှုက ထပ်မံပြီး ကသိကသောက်ဖြစ်သွားကာ သူမနှလုံးသားထဲ ရေရွတ်လာသည်။
[အားးးး အဆုံးကိုမရှိဘူး။ ဒီအချစ်ရေးဝါရင့်သဘာရင့်ကတော့ တကယ်ကို အရေထူတာပဲ။ ဘယ်လိုလုပ်ပြီး ငါတို့နောက်ကို လိုက်လာရဲရတာလဲ။ ဧကရာဇ်က သူမကို ကတိမပေးသင့်ဘူး!]
ယွီဝိန်းလန် “….”
သို့သော်လည်း သူ့ပါးစပ်ကိုပင် မဖွင့်နိုင်သေးခင်မှာပဲ အခုလေးတင် ပို့ချက်ပေးခဲ့တဲ့ လူကြီးမင်း နန်ယန်ယွီနဲ့ လူကြီးမင်းကျင်းလင်ကျီတို့က သူတို့ရဲ့ခေါင်းတွေကို ချီးကျူးသည့်အနေနှင့် ညိတ်လိုက်သည်။
“မင်းသမီးအတွက် တာအိုပညာအပေါ် စိတ်နှလုံးရှိတာက ရှားပါးတယ် ဆိုတော့ အဲဒါက ကောင်းတဲ့အရာပဲ”
“ဟုတ်တယ်။ နန်ကျောက်နဲ့ ကျုပ်တို့ရဲ့မင်းဆက်က မျိုးဆက်ပေါင်းများစွာ ခင်မင်ရင်းနှီးလာတာ အလယ်ပိုင်းလွင်ပြင်ရဲ့ ယဉ်ကျေးမှုအတွက် ဖလှယ်မှုတွေ ပိုလုပ်သင့်တယ် ကျေးဇူးပြုပြီး ခွင့်ပြုပေးတော်မူပါ”
ထိုလူကြီးမင်းလန်လင်ကုကတော့ မည်သည်ကိုမှ ပြောမလာဘဲ ချီရှုကွမ်းကို တိတ်တဆိတ်ကြည့်ကာ သူ့မျက်လုံးတွေကတော့ အဓိပ္ပာယ်အပြည့်နှင့် ဖြစ်နေပေသည်။
ထို့နောက် ချီရှုကွမ်းကတော့ ဘာမှပြောမလာဘဲ သူ့မျက်နှာပေါ်မှာ လေးနက်တဲ့ အမူအရာရှိနေပေသည်။
လိုက်ပါလာသည့် ကျန်သည့်ဝန်ကြီးမှုးမတ်တွေကလည်း ခေါင်းညိတ်ကာ ပြောလာသည်။
“အဲဒါက တကယ်ကိုကောင်းတဲ့အရာပဲ။ ကျေးဇူးပြုပြီး သဘောတူတော်မူပါ အရှင်မင်းကြီး”
151 05
ယခုလိုအခြေအနေတွင် ယွီဝိန်းလန်တွင်လည်း မည်သည့်ငြင်းဆိုစရာမှ မရှိသည့်အတွက် သူကခေါင်းသာညိတ်လိုက်ကာ ပြောလာသည်
“ဒါဆိုရင်လည်း မင်းသမီးကို မောင်မင်းတို့နဲ့အတူ လိုက်ပါဖို့ ဖိတ်ကြားလိုက်ပါ”
ထိုစကားသံ ထွက်လာသည့်အခါ မင်းသမီးရှုံအန်းက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
ယန်ရှုရဲ့ ဒေါသထွက်နေသည့်အသံက ယွီဝိန်းလန်ရဲ့နားထဲသို့ ထပ်မံ ဝင်ရောက်လာပေသည်။
[ဟေး ဧကရာဇ် ရှင်က ဘာဖြစ်နေတာလဲ!!!]
“….”
သူ မကြားချင်ယောင်ပဲ ဆောင်နိုင်တယ်။
သို့သော်လည်း ဧကရီမယ်တော်ကြီးရဲ့ အသံကို နားမထောင်ဘဲ မနေနိုင်ပေ။
သို့သော် ဧကရီမယ်တော်ကြီးက နှာမှုတ်ကာ ပေညာလာသည်
[ကောင်းပြီလေ ဒီမိစ္ဆာကပ်ပါးကောင်က ဘာလုပ်နိုင်မလဲ ကြည့်ကြတာပေါ့!]
~~~
ဒီလိုနဲ့ လူတစ်စုဟာ အကယ်ဒမီကို လည်ပတ်ကြတော့သည်။
ကံကောင်းစွာနဲ့ သူမရဲ့ရာထူးအဆင့်အတန်းကြောင့် မင်းသမီးရှုံအန်းဟာ ယန်ရှုနောက်မှာသာ ရှိသည့်အတွက် ကျောင်းအုပ်ချီနှင့်မနီးကပ်ပေ။ ထိုအရာက ယန်ရှုကို အနည်းငယ် နှစ်သိမ့်ပေးနိုငိသည်။
သို့သော် ပြောမှပင် ယခုအကယ်ဒမီက မြို့တော်ရဲ့ အကောင်းဆုံးထဲကတစ်ခုဟု တကယ်ပင်ဆိုထိုက်သည်။
ပထမဆုံးအနေနှင့် ယခုနေရာ၏ အဆင်ပြေမှုက တကယ်ကိုကောင်းမွန်သည်။ စာသင်ခန်းများ နေထိုင်စရာ အဆောင်များနှင့် ဆရာနဲ့စာသင်သားတွေအတွက် စားသောက်ခန်းမတွေလည်း ရှိပေသည်။ ထို့အပြင် ကျယ်ဝန်းတဲ့ စာကြည့်တိုက်နှစ်ခုလည်း ရှိသေးသည်။ ထိုနေရာ၌ နာမည်ကျော်ဆရာသခင်များရဲ့ မျိုးစုံသော ဂန္တဝင်လက်ရာတွေကို သိုလှောင်ထားပေသည်။ အရမ်းကို ကြွယ်ဝချမ်းသာသည်ဟု ပြောနိုင်ပေသည်။
ယခုလက်ရှိ ရှိနေသည့်သူအများစုက ပညာရှိတွေဖြစ်ကြပြီး သူတို့တွေဟာ စာအုပ်တွေ စုဆောင်းရသည်ကို အလွန်အမင်း စိတ်ဝင်စားကြသည်။ ဒီအချိန်မှာတော့ သူတို့တွေက မတတ်နိုင်ဘဲ သူတို့ လိုချင်သည်နှင့်ကိုက်ညီမည့် စာအုပ်များရှိမလားဆိုသည်ကို ရှာဖွေကြတော့သည်။
ယွီဝိန်းလန်လည်း မတတ်နိုင်ပဲ လှည့်ပတ်ကြည့်ရှုနေလိုက်သည်။
ကေောင်းအုပ်ချီ၏ဘေးနားတွင် တစ်ခဏလောက် မည်သူမှ မရှိဘဲ ဖြစ်သွားတော့သည်။
ထိုမြင်ကွင်းကို တွေ့သည့်အခါ မင်းသမီးရှုံအန်းက သူ့ဘေးသို့ အပြေးသွားလိုက်ပြီး ပြောလိုက်သည်
“ကျွန်မဖြင့် ရှင့်ကိုမတွေ့တာ နှစ်တွေအများကြီးရှိပြီ အခုရှင့်မှာ မိသားစုရှိနေပြီလားဆိုတာ မသိဘူး”
ချီရှုကွမ်းက သူ့ခေါင်းကို ယဉ်ကျေးစွာနဲ့ ညိတ်လိုက်ကာ
“ချောင်မင်က လက်မထပ်ရသေးပါဘူး”
ဘေးဘက်မှာတော့ ဧကရီမယ်တော်ကြီးကို အဖော်ပြုပေးနေတဲ့ ယန်ရှုဟာ ထိုမြင်ကွင်ရကို ရိပ်ခနဲတွေ့လိုက်ပြီး ချက်ချင်းပဲ ဒေါသထွက်လာတော့သည်။
ဟမ့် မင်းသမီးရှုံအန်းက ဒီအခွင့်အရေးကိုယူပြီး ပညာရှိချီနဲ့ စကားပြောရဲတယ်ပေါ့လေ။
ဘယ်တော့မှ ခွင့်မပြုဘူး!
ထို့ကြောင့် သူမက ရှေ့ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ ပြောလိုကိသည်
“ပြောမှပဲ ကျွန်မက နန်ကျောက်ပြည်က တစ်နှစ်ပတ်လုံး နွေဦးရာသီလိုပဲဆိုတာကို ကြားဖူးနေတာကြာပြီ။ ဆန်းပြားတဲ့ ပန်းတွေ သစ်ပင်တွေနဲ့တဲ့လေ။ ဒါပေမဲ့ အရင်က တစ်ခါမှတော့ မမြင်ဖူးဘူး။ မင်းသမီးက ကျွမ်မကို သေချာလေး ဂရုတစိုက်နဲ့ ပြောပြပေးလို့ ရနိုင်မလား မသိဘူး။အလယ်ပိုင်းလွင်ပြင်မှာ ဘယ်မျိုးစိတ်တွေက ရှားပါးမျိုးစိတ်တွေလဲဆိုတာကို ပြောပြပေးနိုင်မလား”
ယခုဆို သူမက တော်ဝင်ကိုယ်လုပ်တော်တစ်ယောက် ဖြစ်နေပြီဖြစ်ပြီး သူမထိုသို့ပြောသည်နှင့် မင်းသမီးရှုံအန်းလည်း ရွေးချယ်စရာမရှိတော့ပဲ အရင်တုံးပညာရှိချီကို ချန်ထားလိုက်ရသည်။ ပြီးနောက် သူမဘေးသို့လာကာ ဂါရဝပြုလိုက်ပြီး ပြောလာသည်။
151 06
“ကျွန်မအတွက် ဂုဏ်ယူဖွယ်ရာပါပဲ….”
သူမပြောပြီးနောက် စတင်ပြောပြလာသည်။
ယန်ရှုက နားထောင်လိုက်ပြီး သူမရဲ့အကြည့်တွေကို ဘေးပို့လိုက်သည်။
သို့သော် ထိုအချိန်မှာပဲ စာအုပ်စင်တွေရှေ့မှာ စုဆောင်းထားတဲ့စာအုပ်တွေကို လှန်လှောနေတဲ့ ဧကရီမယ်တော်ကြီးက ပညာရှိချီနဲ့ သိပ်မဝေးနဲ့နေရာကို လျှောက်သွားလိုက်သည်
သို့သော် ပညာရှိချီက နောက်လိုက်ကဲ့သို့ပင် ဘေးဘက်ကို အလိုအလျောက် ရွှေ့လိုက်ပြီး ထွက်မသွားရဲပေ။
သူမက ထိတ်လန့်သွားပြီး သူမရဲ့နှလုံးသားက ချက်ချင်းပဲ စိတ်လှုပ်ရှားလာတော့သည်
အားးး ဧကရီမယ်တော်ကြီးက ပညာရှိချီရဲ့ဘေးကို စကားပြောဖို့အတွက် လက်ဦးမှုယူပြီး အရင်ရွှေ့လိုက်တယ်။
အားးးး သူတို့တွေ စကားပြောကြတော့မယ်။
အားးးးး သူတို့တွေ ဘာတွေပြောမှာပါလိမ့်။
သို့သော် သူမ တွေးနေစဉ်မှာပဲ ဧကရီမယ်တော်ကြီးက တကယ်ကြီး စကားပြောလိုက်ပြီး ပညာရှိချီရှိရာဘက်ကို တစ်စုံတစ်ခု ပြောလိုက်သည်။
ယန်ရှု “!!!”
စာကြည့်တိုက်က ကြီးမားလွန်းပြီး မင်းသမီးရှုံအန်းသည်လည်း သူမကို ထပ်ပြောလာသည်။ ထို့ကြောင့် သူမက ရှင်းရှင်းလင်းလင်း မကြားလိုက်ပေ။
သို့သော် ဧကရီမယ်တော်ကြီးစကားပြောပြီးနောက် ပညာရှိချီက ရပ်တန့်သွားတာကို တွေ့လိုက်ရသည်။
….
ဟုတ်သည် ထိုအချိန်တွင် ချီရှုကွမ်းက ကြက်သေ သေသွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ဧကရီမယ်တော်ကြီးက သူ့ကိုတကယ်ကြီး မေးလာတာကြောင့်ပင် ။
“ဒီလောက်နှစ်တွေ အများကြီး ကြာသွားပြီးတာတောင် တစ်ကိုယ်တည်းဖြစ်နေဆဲဆိုတော့ လူကြီးမင်းချီရဲ့ နှလုံးသားထဲမှာ တစ်စုံတစ်ယောက် ရှိနေလို့လား”
******
152 01
အပိုင်း 152
ထိုအချိန်မှာပဲ ချီရှုကွမ်းက လုံးဝကို ကြက်သေ သေသွားတော့သည်။
သူက တကယ်ကို မျှော်လင့်မထားပေ။ သူမက….သူ့ကို ဒီလိုမေးခွန်းမျိုး မေးလာမယ်လို့လေ။
သို့သော် သူက ဒါကို ဘယ်လိုဖြေသင့်တာလဲ။
သူက စိတ်မလွတ်သေးသလို ယခုအချိန်မှာ ဘယ်ကို ရောက်နေတာလဲဆိုတာကိုလည်း မမေးသေးပေ။ ထို့အတူ သူနဲ့သူမတို့က မည်သူတွေ ဖြစ်ကြသလဲဆိုတာကိုပါ မမေ့သေးပေ။
ထို့ကြောင့် တစ်ခဏလောက် ငေးငိုင်နေအပြီးမှာ သူက ပြောရုံသာ တတ်နိုင်ပေသည်။
“ချောင်မင်က ဒီတိုင်း….ဒီတိုင်း….”
သို့သော်လည်း သူစကားပြောတာ မဆုံးခင်မှာပဲ ဧကရီမယ်တော်ကြီးက ထပ်မံပြောလာသည်။
“ကျွန်မ မှတ်မိတာတော့ လွန်ခဲ့တဲ့နှစ်တွေအများကြီးတုန်းက ရှင်က အိုက်ကျားရဲ့အကြောင်းအလုံးစုံကို သိတယ်လေ။ အခုတော့ ဘာမှမပြောနိုင်တော့ဘူးပေါ့။ အခု ရှင်က ဘယ်လိုတွန့်ဆုတ်ရမလဲဆိုတာကိုပါ သင်ထားမယ်လို့ မျှော်လင့်မထားဘူး”
သူမ စကားပြောပြီးနောက် အေးစက်စွာပြုံးလိုက်သည်မှာ အနည်းငယ် စိတ်ပျက်သွားသယောင်ပင်။
နှလုံးသားထဲက စူးခနဲဖြစ်သွားမှုနဲ့အတူ ချီရှုကွမ်းက ယခုလက်ရှိကို မေ့သွားပြီး သူ့ခေါင်းကို နှိမ့်ကာသာ ဖြေလိုက်သည်။
“ဧကရီ ဒီချောင်မင်က ဘယ်ရာထူးဂုဏ်သိမ်ပဲ ရှိနေပါစေ။ ဒီချောင်မင့်ရဲ့နှလုံးကတော့ ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပါဘူး”
သို့သော် ထိုစကားတွေ ထွက်သွားသည်နှင့် သူကိုယ်တိုင်ပင် ထိတ်လန့်သွားတော့သည်။
သူ….သူဘာပြောလိုက်တာလဲ။
ရှေ့ကို တိတ်တဆိတ်ကြည့်လိုက်ချိန်မှာတော့ သူမက တစ်ခဏခန့် ရပ်တန့်သွားတာကို တွေ့လိုက်ရပြီး ထို့နောက် သူမရဲ့မျက်ခုံးကို ခပ်သာသာလေးပင့်ကာ သူမရဲ့နှုတ်ခမ်းတစ်စုံတွင်လည်း အပြုံးတစ်စ ရှိနေပုံရသည်…..။
“လူကြီးမင်းဝမ်က သူ့ရဲ့မူလရည်ရွယ်ချက်ကို မမေ့သေးဘူးဘဲ။ ပြီးတော့ တာ့လျန်အတွက်လည်း ပါရမီကောင်းတွေကို မွေးထုတ်ပေးထားတယ်”
ဧကရီမယ်တော်ကြီးက စကားပြောပြီးနောက် လှည့်သွားကာ အဝေးကို လျှောက်သွားတော့သည်။
ချီရှုကွမ်းသာလျှင် နေရာမှာ ရပ်ကျန်ခဲ့သည်။
စာကြည့်တိုက်က ကျယ်ဝန်းကာ အထပ်သုံးထပ်မြင့်ပေသည်။
ထိုအချိန်မှာတော့ လူတိုင်းက စကားပြောရင်း လည်ပတ်နေကြသည့်အတွက် သူတို့ပြောသည်ကို မည်သူမျှ မကြားနိုင်ပေ။
ယန်ရှုသည်သာ အရာအားလုံးကို မျက်မြင်တွေ့လိုက်ရပြီး သူမရဲ့နှလုံးသားထဲ၌ အလွန်အမင်း သိချင်စိတ်ဖြစ်နေပေသည်။
ဝေါင်း ဝေါင်း သူတို့တွေ ဘာပြောလိုက်ကြတာလဲ။
ဘာလို့ ဧကရီမယ်တော်ကြီးကို ကြည့်ရတာ စိတ်ကောင်းဝင်နေတဲ့ပုံ ပေါ်တာလဲ။
ဖြစ်နိုင်တာက ပညာရှိချီက သူ့အချစ်ကို ဝန်ခံလိုက်တာများလား။
နှမြောစရာကောင်းသည်က မင်းသမီးရှုံအန်းဟာ ပညာရှိချီကို ထပ်မံနှောက်ယှက်မှာကို စိုးသည့်အတွက် သူမက အလွယ်တကူ ထွက်မသွားရဲပေ။ ထို့ကြောင့် အပေါ်ယံမှာတော့ သူမနဲ့ဆက်ပြီး စကားပြောနေရုံသာ ရှိတော့သည် ။ပြီးနောက် သူမက သူမရဲ့နှလုံးသားထဲမှာ အရမ်းကို ဒေါသထွက်နေသည့်အတွက် တိတ်တဆိတ် အော်ဟစ်ရုံသာ တတ်နိုင်သည်။
[အားးး ဧကရီမယ်တော်ကြီးက ပညာရှိချီကို ဘာပြောလိုက်တာလဲ။!]
တသ်ချိန်တည်းမှာပဲ စုဆောင်းထားတဲ့စာအုပ်တွေကို လှည့်ပတ်ကြည့်ရှုနေတဲ့ ယွီဝိန်းလန်ဟာ သူ့နားထဲ၌ တုန်ခါမှုအကြီးကြီးကို ခံစားလိုက်ရသည်။
—သူက အဝေးမှာရှိနေပြီး အသံကိုမကြားနိုင်ပေမဲ့ ယခုလိုအသံကျယ်ကြီးကိုတော့ ဘာပဲဖြစ်ဖြစ် ကြားနိုင်ပေသည်။
….ဘာ။
ဧကရီမယ်တော်ကြီးက ချီရှုကွမ်းကို စကားပြောလိုက်တာလား။
152 02
အံ့အားသင့်သွားပြီး စံအိမ်ပတ်လည်ကို လျင်မြန်စွာ ကြည့်လိုက်ချိန်မှာတော့ ဧကရီမယ်တော်ကြီးက စုစည်းထားတဲ့စာအုပ်တွေကို စစ်ဆေးနေပြီး ချီရှုကွမ်းကတော့ သူ ရပ်နေသည့်နေရာမှာပဲ ရှိနေသေးတာကို တွေ့လိုက်ရသည်။
ထပ်ကြည့်လိုက်ချိန်မှာတော့ ယန်ရှုက မင်းသမီးရှုံအန်းကို စကားပြောနေတာကို တွေ့လိုက်ရပြီး သူမရဲ့အမူအရာက လုံးဝကို တည်ငြိမ်နေပေသည်။
သူက သူတို့နားကိုလျှောက်သွားဖို့ ကြိုးစားလိုက်သည်။
အရင်ဆုံး ချီရှုကွမ်းရဲ့ဘေးကနေ ဖြတ်သွားချိန်မှာတော့ တစ်ဖက်လူက စိတ်ထဲကနေ သက်ပြ င်းချလိုက်တာကို ကြားလိုက်ရသည်။
[အခုလေးတင်ပဲ အဲ့စာကြောင်းကို ပြောလိုက်ပြီမလား။]
ယွီဝိန်းလန် “…”
ဘယ်စာကြောင်းလဲ။ သူက ဘာပြောလိုက်တာလဲ။
ဧကရီမယ်တော်ကြီးရဲ့ဘေးကနေ ထပ်ပြီး ဖြတ်သွားချိန်မှာတော့ ဧကရီမယ်တော်ကြီးရဲ့ အနည်းငယ် ဂုဏ်ယူနေသံကို ကြားလိုက်ရသည်။
[အရူး]
ယွီဝိန်းလန် “…”
အရူး….ဘာကိုဆိုလိုတာလဲ။
ကျစ် ဘာသောက်ကိစ္စတွေ ဖြစ်သွားတာတုန်း။
ယွီဝိန်းလန်က နောက်ဆုံးတော့ ယန်ရှုဘေးကို ရောက်လာပေမဲ့ ယန်ရှုက အခုထိ သူမရဲ့နှလုံးသားထဲမှာ ကြုံးဝါးနေဆဲဖြစ်သည်။
[မပူနဲ့။ ငါ့ရဲ့ cp အတွက် ဒီနေ့ မင်းသမီးရှုံအန်းနဲ့ တိုက်ခိုက်တော့မယ်။သူမအတွက် ပညာရှိချီကို နှောက်ယှက်ခွင့် တစ်ခုမှ မပေးနဲ့]
ယွီဝိန်းလန် “…”
တကယ်ကို အလုပ်ကြိုးစားနေတာပဲ။
~~~~
ကျန်းရှုအဆောင်တော်ဟာ အကယ်ဒမီရဲ့ အမြင့်ဆုံးနေရာမှာ ရှိပေသည်။ ပြတင်းပေါက်ကနေ ဖြတ်ကြည့်လိုက်မယ်ဆိုရင်တော့ တောင်ပေါ်က သစ်တောတစ်အုပ်လုံးကို တွေ့မြင်နိုင်ပေသည်။
အဆောင်တော်ကနေ ထွက်လာပြီးနောက် ဟန်လင်းပညာရှိ ကျိုးမိုကျုံးက သိချင်စိတ်ဖြစ်စွာနဲ့ မေးမြန်းလာသည်။
“အခုလေးတင်ပဲ တောင်ရဲ့ဘေးဘက်မှာ လွတ်နေတဲ့နေရာတစ်ခုကို တွေ့ခဲ့တယ်။ ဆရာသခင်ချီက အဲဒါကို ဘာအတွက် အသုံးပြုချင်တာလဲမသိဘူး”
ချီရှုကွမ်းက ပြန်ဖြေလာသည်။
“အငယ်ဒမီရဲ့ အနာဂတ်မှာကုန်ကျမဲ့စရိတ်တွေကို တော်ဝင်ညီလာခံက ထောက်ပံ့မှာဆိုပေမဲ့ လူတွေ ရာပေါင်းများစွာကို အစားအသောက် အဝတ်အထည်နဲ့ နေ့စဉ်အသုံးစရိတ်အတွက် သုံးဖြုန်းဖို့ဆိုတာက အသေးအဖွဲ့ကိစ္စလေးတစ်ခု မဟုတ်ဘူးလေ။ စာသင်ကြားတာအပြင် ဟင်းသီးဟင်းရွက်အချို့ကိုလည်း ကိုယ်တိုင်စိုက်ပျိုးမလို့ပါ။ အဲဒါမှ တော်ဝင်ညီလာခံရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ရုံတင်မကဘဲ ကျောင်းသားတွေကိုလည်း အလုပ်သမားတွေရဲ့ နာကျင်မှုကို တွေ့ကြုံခံစားစေနိုင်မှာ။ အဲဒါမှပဲ ကမ္ဘာပေါ်က ဆင်းရဲတဲ့လူတွေအတွက်ပိုပြီး သနားစာနာစိတ် ရှိလာနိုင်မှာမလို့ပါ”
ထိုစကားတွေ ထွက်လာသည့်အခါ ကျိုးမိုကျုံးက ရုတ်တရက် ခေါင်းညိတ်လိုက်ပြီး အလျင်အမြန် ထပ်ညိတ်လိုက်ကာ ပြောလိုက်သည်။
“ဆရာသခင်ချီမှာ တကယ့်ကို ရည်ရွယ်ချက်ကောင်းတွေ ရှိတာပဲ။ အခုခေတ် လူငယ်ကျောင်းသားအများစုက လယ်ယာစိုက်ပျိုးရတာကို သိမ်ငယ်စရာလို့ တွေးနေတာ။ ဒါပေမဲ့ သူတို့မသိတာက စိုက်ပျိုးရေးကမှ ပြည်သူလူထုရဲ့ အခြေခံအုတ်မြစ်ဆိုတာပဲ”
ကျန်သည့်လူတွေအားလုံးကလည်း သဘောတူလာသည်။
“မှန်တယ် မှန်တယ်။ လယ်ယာစိုက်ပျိုးရတာရဲ့ နာကျင်မှုကို နားမလည်နိုင်ဘူးဆိုရင် မင်းကိုယ်မင်း ကမ္ဘာကြီးထဲကလူတွေရဲ့ဖိနပ်ထဲမှာ ဘယ်လိုဝင်ဆံ့နိုင်မှာလဲ။ ချီရှန်းမှာ ရေရှည်အတွက် အမြင်ရှိတာပါပဲ”
“ဟုတ်တယ် ဟုတ်တယ်”
…..
152 03
ထိုချီးမြှောက်မှုတွေကိုကြားတော့ ချီရှုကွမ်းက သူ မခံယူဝံ့ပါဘူးဟုသာ နှိမ့်ချစွာနဲ့ ဆက်တိုက်ပြောလာသည်။
ယန်ရှုက အရမ်းကို ဂုဏ်ယူသွားတော့သည်။
—ကြည့်စမ်း ဒါကတကယ့်ကို သူမရဲ့အိုင်ဒေါလ်ပဲ။ ဘယ်လောက် အံ့ဩစရာကောင်းလိုက်သလဲ။
ထိုကဲ့သို့ သက်ပြင်းမောစရာတစ်ခုအပြီးမှာတော့ ယနေ့ရဲ့ ခရီးစဉ်က အဆုံးသတ်ကို ရောက်လာပြီဖြစ်သည်။
မှောင်လာတော့မှာ ဖြစ်သည့်အတွက် လူတိုင်းအတွက် အိမ်ပြန်ရမည့်အချိန်ပင်။
ပထမညီလာခံ၏အကြီးအကဲအနေနှင့် ချီရှုကွမ်းက လူတိုင်းကို ထပ်မံ၍ အပြင်ဘက်ကို လိုက်ပို့လာသည်။
ယနေ့မှာ စုန့်ဟယ်အကယ်ဒမီရဲ့ အသွင်အပြင်အသစ်ကို ကိုယ်ပိုင်မျက်လုံးတွေနဲ့ တွေ့လိုက်ရပြီးဖြစ်ကာ ဧည့်သည်တော်တိုင်းကလည်း ချီးမွမ်းမှုအပြည့်နှင့် အနာဂတ်မှာ အောင်မြင်မည်ဟု ယုံကြည်ချက်အပြည့်နှင့်ဖြစ်သည်။
မင်းသမီးရှုံအန်းနှင့် အချိန်အကြာကြီး ပြောပြီးနောက်မှာတော့ ယန်ရှုသည်လည်း ပင်ပန်းနေပြီဖြစ်ကာ ယခု သူမရဲ့နန်းဆောင်ဆီသို့သာပြန်သွားပြီး လဲချချင်နေပေသည်။
အကယ်ဒမီရဲ့ ဂိတ်တံခါးကို မြင်လိုက်ချိန်မှာတော့ ရထားလုံးက စောင့်ဆိုင်းနေပြီဖြစ်သည်။
လူတိုင်းအတွက် ဧကရီမယ်တော်ကြီးအား ဂါရဝပြုပြီး နန်းတော်ကို ပြန်ပို့ရမည့်အချိန်ပင်။
မမျှော်လင့်ထားစွာနဲ့ ထိုအချိန်မှာ မင်းသမီးရှုံအန်းက ပြောလာသည်။
“စကားမစပ် အကြီးအကဲချီရှန်း ကျွန်မက အခုလေးတင် “ဆယ်မျိုးသောသုသေသနကျမ်း” ဆိုတဲ့ ပွားထားတဲ့စာတစ်အုပ်ကို ချန်ရှုအဆောင်တော်မှာ တွေ့ခဲ့တယ်။ အဲဒါက တစ်ခုတည်းသော ပွားထားတဲ့စာအုပ်လားမသိဘူး”
ထိုစကားတွေထွက်လာသည့်အခါ ယန်ရှုကရပ်တန့်သွားပြီး ရုတ်တရက်ပဲ ဝိုးတဝါး စိတ်ထင့်သွားတော့သည်။
သို့သော် သူမရဲ့အိုင်ဒေါလ်ချီရှန်းကတော့ ပြောလာသည်။
“မင်းသမီးပြောတာ အမှန်ပါပဲ။ အဲဒါကတကယ်ကို တစ်ခုတည်းသောပွားထားတဲ့စာအုပ်ပါ စုန့်စယ်အကယ်ဒမီရဲ့ စာကြည့်တိုက်ထဲမှာ သိမ်းဆည်းထားတာက လွန်ခဲ့တဲ့နှစ်သုံးဆယ်ကတည်းကပါ”
သို့သော် ထိုစကားတွေ ထွက်လာသည်နှင့် မင်းသမီးရှုံအန်းက တကယ်ကြီး ပြောလာပေသည်။
“ဆိုတော့ ကိစ္စကဒီလိုကိုး။ ရှင့်ကို အမှန်အတိုင်းပြောရရင် ကျွန်မက ဒီစာအုပ်ရဲ့နာမည်ကို ကြားဖူးနေတာကြာလှပြီ။ဒါပေမဲ့ နန်ကျောက်မှာက မြင့်မားတဲ့တောင်တန်းတွေနဲ့ ရှည်လျားတဲ့ မြစ်ပြင်ကျယ်တွေရှိပေမဲ့ ကျွန်မကတော့ နှစ်တွေအများကြီး မတွေ့ခဲ့ရဘူး။ ဒီတစ်ခေါက် ကျွန်မက ကံကောင်းနေတယ်ဆိုတော့ နောက်ပိုင်းကျ စာကြည့်တိုက်ကို သွားပြီး အဲဒါကို ဖတ်လို့ရမလားဆိုတာကို သိချင်လို့ပါ”
အမ်။
ယန်ရှုက ချက်ချင်းပဲ မျက်မှောင် ကြုတ်သွားပြီး ပညာရှိချီကို ဗလက္ကာရမလုပ်ခင် မင်းသမီးရှုံအန်းက လူတိုင်းထွက်သွားတာကိုစောင့်ပြီး အဲဒါကိုပြောဖို့ စောင့်နေတာလား။
အရမ်းလွန်လွန်းတယ်။
ပညာရှိချီက ဒီမေးခွန်းကို ဘယ်လိုဖြေသင့်လဲ။
ခပ်ပြတ်ပြတ်ဖြေလိုက်ရင်လဲ ကပ်စေးနည်းပုံ ပေါ်သွားပြီး မငြင်းဆန်ရင်ကျလည်း ဝံပုလွေကို အိမ်ထဲခေါ်လိုက်သလို ဖြစ်သွားပြီး ဧကရီမယ်တော်ကြီးကို မပျော်မရွှင် ဖြစ်စေလိမ့်မယ်။
သေစမ်း မုန်းစရာကောင်းလိုက်တာ။
သူမရဲ့စိတ်ထဲတွင် အမြန်လှည့်လိုက်ပြီး ဒီအမျိုးသမီးကို ပိတ်ဆို့ရန် အကြောင်းပြချက်တစ်ခု ရှာဖွေဖို့ ကြိုးစားနေပေသည်။
မမျှော်လင့်ထားစွာနဲ့ သူမပင် ပါးစပ်မဟရသေရခင်မှာပဲ ဘေးနား ကဧကရာဇ်ကနေ ရုတ်တရက် ပြောလာသည်အား ကြားလိုက်ရသည်။
“နောက်ကျတော့မှကို ပြီးတော့လည်း အကယ်ဒမီကို လာပြီး အနှောက်အယှက် ပေးနေမိတာ နေ့တစ်ဝက်လောက်ရှိနေပြီ။ သူတို့ကို သူတို့ကိစ္စ သူတို့လုပ်ပါစေ”
152 04
ထိုစကားတွေ ထွက်လာသည့်အခါ မင်းသမီးရှုံအန်း၌ ရွေးချယ်စရာမရှိတော့ဘဲ သူမခေါင်းကိုသာ ညိတ်ကာ ပြောလိုက်သည်။
“ကောင်းပါပြီ”
ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားတော့သည်။
[ဟမ်။ ဧကရာဇ်က ဒီတစ်ခါကျတော့ ဘယ်လိုလုပ်ပြီး အရမ်းကို အချိန်ကိုက် ဖြစ်နေရတာလဲ။]
ယွီဝိန်းလန် “….”
သူသည်လည်း ထိတ်လန့်သွားတာပင်။ ယနေ့ သူမရဲ့စိတ်ခံစားချက်တွေ အတက်အကျ ဖြစ်နေတာကို မြင်လိုက်ရပြီးနောက် သူမရဲ့ဗိုက်ထဲက ကလေးလေးကို သွားပြီး သက်ရောက်မှု ရှိနိုင်မလားဆိုတာကို သိချင်နေမိသည်!
ထို့ကြောင့် မြန်မြန်ဆန်ဆန် တားလိုက်တာက ပိုကောင်းသည်ပင်။
သို့သော် ထိုသို့ပြောမှ သူ့ဝမ်းကွဲသည်လည်း အတူတူပင် စိတ်ကူးယဉ် ဆန်ချင်သည်ဆိုလျှင်လည်း အပြင်ကိုသာ သွားနိုင်သည်။ ချီရှုကွမ်းက ထိုကဲ့သို့သော ကရော်ကမည်နိုင်သည့်သူ မဟုတ်ပေ။
ဒီတစ်ကြိမ် သူ့လိုသင့်လျော်တဲ့ ကျောင်းအုပ်နေရာကို ရှာဖို့ဆိုတာက လွယ်ကူတယ် ထင်နေတာလား။
ပြီးတော့ အခုလေးတင် လူတွေအများကြီးရှေ့၌ စင်အောက်ကနေ ပန်းပစ်ပေးလိုက်တဲ့ သူမရဲ့ အပြုအမူက အတော်လေးကို ကပျက်ကချော်နိုင်သည်။
ဒီတစ်ကြိမ်သာ အကယ်ဒမီ၌ သင်ကြားလိုက်မည်ဆိုပါက စာသင်သားတွေ သူမကို တွေ့သွားလျှင် သူမကို မည်သို့ တွေးကြမည်လဲ။
ထို့ကြောင့် ထိုသို့ပြောပြီးသောအခါ သူက ထပ်ပေါင်း ပြောလိုက်သည်။
“အကယ်ဒမီဆိုတာက သန့်ရှင်းတဲ့စာပို့ချတဲ့နေရာပဲ။ အပြင်လူတွေက ဘာမှလုပ်စရာမရှိရင် မနှောက်ယှက်သင့်ဘူး”
ထိုအသံ ထွက်လာသည်နှင့် လူတိုင်းက တစ်ညီတစ်ညွတ်တည်း တုံ့ပြန်လိုက်ကြသည်။
မင်းသမီးရှုံအန်းသည်လည်း ရွေးချယ်စရာမရှိဘဲ မျက်နှာပေါ်တွင် စိတ်ပျက်မှုအချို့နှင့်အတူ ခေါင်းညိတ်ပြလိုက်ရသည်။
ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားကာ တွေးလိုက်သည်။
[ဟုတ်တယ်! ဒီနေ့ဧကရာဇ်က အင်အားကြီးနေတာပဲ။ ကောင်းပြီလေ သူ့ကို လွှတ်ပေးလိုက်တာပေါ့။ ဘာလို့လဲဆိုတော့ သူက အဲဒီပင်လယ်လိုမာယာများတဲ့ ဘုရင်မကို အကယ်ဒမီထဲ ဝင်ခွင့်ပြုလိုက်တယ်!]
ယွီဝိန်းလန် “….”
ဆိုတော့ သူမက တကယ်ကို သူနဲ့ငြင်းခုံဖို့ စီစဉ်ထားတာပေါ့လေ။
ဒါပေမဲ့ ….. “ပင်လယ်ဘုရင်မ” ဆိုတာက ဘာကြီးလဲ။
~~~
ထိုသို့ပြောပြီးနောက် တော်ဝင်ကိုယ်လုပ်တော်နဲ့ ဧကရီမယ်တော်ကြီးတို့က ရထားလုံးပေါ်တက်ကာ ထွက်ခွာသွားတော့သည်။
မှုးမတ်တွေကို လေးစားစွာနဲ့လိုက်ပို့ပြီးနောက် သူတို့အားလုံးက သူတို့ရဲ့အိမ်အသီးသီးကို ပြန်သွားကြတော့သည်။
ပြီးနောက် မင်းသမီးရှုံအန်းသည်လည်း ထိုအရာကို ထပ်မလိုချင်တော့ဘဲ ရွေးချယ်စရာ မရှိတော့စွာနဲ့ ဘုရင့်ရဲ့အမိန့်အရ မြို့တော်က သူမရဲ့အိမ်ဆီကို အရင်ပြန်သွားလိုက်ရတော့သည်။
သို့သော်လည်း ယန်ရှုက ကြိုက်သည်ဖြစ်စေ မကြိုကိသည်ဖြစ်စေ အဆုံးမှာတော့ မင်းသမီးရှုံအန်းက ဧကရာဇ်ရဲ့ ဆွေမျိုးဖြစ်ပြီး နန်ကျောက်ရဲ့ ကိုယ်လုပ်တော်ဆိုသည့် ဂုဏ်ပုဒ်ပါရှိသေးသည်။ သူမက မြို့တော် အဝေးကြီးကနေ လာတာဖြစ်သည့်အတွက် မျသားစုရဲ့အကြီးအကဲဖြစ်သည့် ဧကရီမယ်တော်ကြီးက ကြိုဆိုကြောင်း ဖော်ပြရပေမည်။
ထို့ကြောင့် တစ်ရက်ကြာပြီးနောက် နန်းတော်ဟာ ရော့ယိခန်းဆောင်၌ ရှုံအန်းမင်းသမီးကို ကြိုဆိုသည့် စားသောက်ပွဲနောက်တစ်ခု ကျင်းပပေးလေသည်။
သေချာပေါက်ပင်။ ဧကရီမယ်တော်ကြီးက မင်းသမီးရှုံအန်းကို တစ်ယောက်တည်း မျက်နှာချင်း မဆိုင်ချင်သည့်အတွက် အကြီးဆုံးတော်ဝင်မင်းသမီးကြီး၊ သူမရဲ့သမီးဖြစ်သူ အန်းခန်းကောင်တီအရှင်နဲ့ ရှုံအန်းမင်းသမီးရဲ့ ယောင်းမဖြစ်သူ ရူရန်ကောင်တီအရှင်မင်းသမီးကိုပါ သူမကိုအဖော်ပြုပေးဖို့ ဖိတ်ခေါ်ထားသည်။
152 05
ဒီလိုနည်းနဲ့ တော်ဝင်အမျိုးသမီးတို့ စုံစည်းခြင်းဆိုလျှင်တောင် သက်ဝင်လှုပ်ရှားဖွယ်ဖြစ်သည်ဟု ခံစားရသည်။
သေချာပေါက်ပင် ယန်ရှုသည်လည်း ရွေးချယ်စရာမရှိဘဲ ထိုမြင်ကွင်းဆီသို့ လာရတော့သည်။
—တခြားအတွက် မဟုတ်ဘဲ သူမက သူမရဲ့ဘော့စ်အတွက် ရပ်တည်ရပေမည်။
သို့သော်လည်း အန်းခန်းကောင်တီအရှင်က ယနေ့ဒီနေရာမှာ ရှိနေပြီး နှစ်ဦးစလုံးသည်လည်း ကိုယ်ဝန်ရှိနေသည့်အတွက် နှစ်ယောက်သားတွင် သာမန်ကျစွာပဲ ပြောစရာခေါင်းစဉ်တို့ ရှိပေသည်။
အန်းခန်းကောင်တီအရှင်က အရမ်းကိုရက်ရောသည့်အပြင် ကလေးနှစ်ယောက်ကို မွေးဖွားပေးဖူးသည့် အမျိုးသမီးဖြစ်သည့်အတွက် ယန်ရှုကို အသုံးဝင်သည့် အတွေ့အကြုံများစွာ ပို့ချပေးနိုင်လေသည်။
မင်းသမီးတာ့ချန်နှင့် မင်းသမီးရူရန်တို့က မြို့တော်နှင့် နန်ကျောက်မှာ လတ်တလောနှစ်တွေအတွင်း ကြားရတွေ့ရသမျှကို စကားစမြည်ပြောနေကြပေသည်။
မင်းသမီးရှုံအန်းက ကျယ်ပြန့်စွာ ခရီးသွားခဲ့ဖူးပြီး လူပေါင်းများစွာကိုလည်း မရေမတွက်နိုင်အောင် တွေ့ဖူးသည့်အတွက် ကိစ္စရဲ့အစကို ပြောနေသည်အား မရပ်နိုင်တော့ပေ။
သို့သော် ဧကရီမယ်တော်ကြီးက သူမရဲ့မျက်နှာပေါ်မှာ ဘာထူးဆန်းမှုကိုမှမပြဘဲ အများစုကို နားထောင်သည့်သူပင်။
သို့သော်လည်း တခြားသူတွေကတော့ တဖြည်းဖြည်းနှင့် ငြိမ်အောင် မထိုင်နိုင်တော့ပေ။
စားသောက်ပွဲက တစ်ဝက်လောက် ရောက်လာတာကို တွေ့လိုက်ပြီးနောက် မင်းသမီးရှုံအန်းက စကားပြောပြီးသွားတာနဲ့ မင်းသမီးရူရန်ဟာ ဧကရီမယ်တော်ကြီးကို အလျင်အမြန် ပြောလာသည်။
“ဒီနေ့ ကျွန်မက ရဲရဲတင်းတင်းနဲ့ပဲ ဧကရီမယ်တော်ကြီးကို တစ်စုံတစ်ခု မေးမြန်းချင်ပါတယ်”
ဧကရီမယ်တော်ကြီးကယနေ့ သူမမှာ တစ်ခုခု လုပ်စရာရှိနေတာကို တွေ့ပြီးသည့်အတွက် “အိုး”ဟုသာပြောကာ
“အိုက်ကျားဆီကနေ ဘာသိချင်လို့လဲ။ ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး”
သို့သော် မင်းသမီးရူရန်က ပြောလာသည်။
“ကျွန်မကြားတာတော့ စုန့်ဟယ်အကယ်ဒမီရဲ့ အသစ်ခန့်အပ်လိုက်တဲ့ ပညာရှိချီက လက်မထပ်ရသေးဘူးဆို။ အဲဒါက အမှန်ပဲလားဆိုတာကို သိချင်လို့ပါ”
အမ်။
ထိုစကားတွေ ထွက်လာသည်နှင့် ဧကရီမယ်တော်ကြီးက နင်သွားတော့သည်။
မင်းသမီးရှုံအန်းသည်လည်း နင်သွားတော့သည်။
ပြီးလျှင် အန်းခန်းကောင်တီအကြီးအကဲနဲ့ ကိုယ်ဝန်ဆောင်အတွေ့အကြုံတွေကို ဝေမျှနေတဲ့ ယန်ရှုက ပိုလို့တောင် ထိတ်လန့်သွားတော့သည်။
—မင်းသမီးရူရန်က သူမရဲ့အိုင်ဒေါလ်ပညာရှိကျိုးအကြောင်းကို မေးနေတာလား။ သူမက ဘာလုပ်ချင်နေတာလဲ။
ဖြစ်နိုင်တာက သူမလည်း သူ့ကိုနှစ်သက်သွားတာလား။
…မဟုတ်ဘူး သူမရဲ့ခင်ပွန်း ရူရန်က အသက်ရှင်နေပြီး ကျန်းမာနေတုန်းပဲမလား။
တစ်ခဏလောက် စကားစမြည် ပြောနေတာကို အာရုံမစိုက်နိုင်တော့ဘဲ လှမ်းကြည့်လိုက်တော့သည်။
သို့သော်လည်း ဧကရီမယ်တော်ကြီးပင် စကားမပြောနိုင်ခင်မှာပဲ ရှုံအန်းမင်းသမီးက သတိအနေအထားဖြစ်နေတဲ့ အမူအရာနဲ့ မေးလာသည်။
“ယောင်းမတော်က ဘာလို့ဒီလိုမေးတာလဲ”
သို့သော် မင်းသမီးရူရန်က ပြုံးကာပြောလာသည်။
“ကျွန်မရဲ့တူမ ရှုန်းရူက သူမရဲ့အရင်ယောက်ျားရဲ့မိသားစုနဲ့ မနှစ်တုန်းက စေ့စပ်ညှိနှုင်းခဲ့တယ်မလား။ အဲ့တုန်းက သူမရဲ့မွေးရင်းမိဘတွေဆီမှာပဲ နေနေတာလေ။ ပြောကြည့် အခုမှသုံးဆယ်ပဲ ရှိသေးတာဆိုတော့ သူမက ငယ်ရွယ်နေတုန်းပဲမလား။ နှမြောစရာပဲ။ ကျွန်မလည်း သူမအတွက် သင့်တော်တဲ့မိသားစု ရှာပေးမလို့လေ။ ဟိုးတလောက ချီရှန်းက လက်မထပ်ရသေးဘူးလို့ ကြားလို့လေ။ အဲဒါ ဖြစ်နိုင်မလားဆိုတာ….”
152 06
မမျှော်လင့်ထားစွာပင် ထိုစကားတွေ မပြီးသေးခင်မှာပဲ မင်းသမီးရှုံအန်းက နှာမှုတ်သံတစ်ချက်နဲ့အတူ နှောက်ယှက်လာသည်။
“ယောင်းမတော် ကျွန်မကိုစကားများတဲ့အတွက် အပြစ်မတင်နဲ့။ ရှင့်ရဲ့တူမက သူမကလေးဘဝကတည်းက လုပ်နိုင်ပြီးသား။ ကျွန်မက မြို့တော်မှာ မရှိပင်မဲ့လည်း သူမအကြောင်းကိုတော့ မကြာခဏကြားပါတယ်။ ပြောကြတာကတော့ သူမက မူလခင်ပွန်းရဲ့ မိသားစုထဲကို လက်ထပ်ဝင်သွားတော့ သူမရဲ့ယောက္ခမတွေကို မရိုသေရုံတင်မကဘဲ ယောင်းမတွေကိုလည်း အနိုင်ကျင့်ပြီးရင်း ကျင့်နေတယ်တဲ့လေ။ ပြီးတော့လည်း နောက်ဆုံးတော့ သူမရဲ့ယောင်းမအတွက် စီစဉ်ထားတဲ့ လက်ထပ်ပွဲကိုလည်း ဖျက်ဆီးလိုက်တယ်ဆို။ သူမသာ သည်းမခံနိုင်ဘူးဆိုရင် သူမရဲ့ခင်ပွန်းမိသားစုက သူမနဲ့ ဘယ်လိုစေ့စပ်ညှိနှိုင်းနိုင်မှာလဲ။ အရင်တုံးက သူမရဲ့စိတ်ကိုသာ ပြောင်းဖို့ပြောရင် ပိုကောင်းတယ်။ တခြားသူတွေကို ထိခိုက်နေတာကို ရပ်လိုက်။ ဥပမာ လူကြီးမင်းချီရှန်းပေါ့”
ယန်ရှု “…”
ဘာဖြစ်တာလဲ။
သူမက ဘယ်တော့မှ မင်းသမီးရူရန်ရဲ့တူမအကြောင်း ဖရဲသီးကို မစားဘူးပေ။
ဒါပေမဲ့လည်း သေချာဂရုတစိုက် မကြည့်သေးခင်မှာပဲ မင်းသမီးရူရန်က မပျော်မရွှင်ဖြစ်နေပြီး မျက်နှာပြန်ရစေရန် ရေရွတ်လိုက်သည်ကို တွေ့လိုက်ရသည်။
“အမှန်ပဲ။ ရှင်ကရော အရမ်းကို မွန်မြတ်နေလို့လား။ ရှင်ကရော ရှင့်ရဲ့ယောင်းမ မင်းသမီးမုကို သူမရဲ့အမေအိမ်ဆီ ပြန်သွားစေဖို့ ပြဿနာ မဖြစ်စေခဲ့လို့လား။ ဘယ်လိုလုပ်ပြီး တခြားသူတွေကို အလွယ်လေး ပြောနိုင်ရတာလဲ”
ထိုစကားတွေ ထွက်လာသည်နှင့် ခန်းမထဲက ထိုဝမ်းကွဲနှစ်ယောက်ကလွဲ၍ လူအနည်းငယ်ဟာ တိတ်တဆိတ် မျက်ခုံးပင့်လိုက်ကြတော့သည်။
ယန်ရှုရဲ့မျက်လုံးသည်လည်း တောက်ပသွားတော့သည်။
ကျစ် ပျော်စရာကို ရှာတွေ့ပြန်ပြီလား။
မြန်မြန်လေး တိုက်ခိုက်ကြ တိုက်ခိုက်ကြလို့။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အမည်းရောင်သတင်းတွေကို ဖော်ပြကြစမ်းပါ။
******
153 01
အပိုင်း 153
ယောင်းမတွေကြားမှာ သဘောထားကွဲလွဲတာက ပုံမှန်ပဲဖြစ်ပေမဲ့ ယန်ရှုဟာ ယနေ့လို နန်းတော်တော်ဝင်စားပွဲမှာ ဖြစ်မယ်လို့တော့ တကယ်ကြီး မျှော်လင့်မထားတာပင်။ မင်းသမီးရှုံအန်းနှင့် မင်းသမီးရူရန်တို့လို တော်ဝင်မင်းသမီးတွေက အရမ်းကို တည့်တိုးဆန်မည်ဟု ထင်မထားပေ သီးတောင်သွားရပြီ။
ရုတ်တရက်ပင် ခန်းမထဲ၌ သူမတစ်ယောက်တည်း မဟုတ်တော့ပဲ လူတိုင်းဟာလည်း စားသည့်သောက်သည့်နေရာတွင် အာရုံမစိုက်တော့ကာ ထိုအဒေါ်နှင့်ယောင်းမဖြစ်သူကိုပဲ အားလုံးက ကြည့်လိုက်ကြသည်။
သို့သော်လည်း မင်းသမီးရူရန်က ထိုသို့ပြောလာသည်နှင့် မင်းသမီးရှုံအန်းက မင်းသမီးရူရန်ကို ချက်ချင်းပဲ စိုက်ကြည့်လိုက်ကာ ပြောလိုက်သည်။
“ဘာ။ သူမက ငါ့ကို ဘယ်လိုထိခိုက်စေတာကိုကျတော့ ဘာလို့မပြောတာလဲ။ အဲ့တုန်းက သူမက သနားစရာကောင်းတဲ့ အားကျဲ့ရဲ့ကလေးကို သတ်ဖို့အတွက် အားကျဲ့ရဲ့အထိန်းတော်ကို အဆိပ်ခတ်ခဲ့လို့ မဟုတ်ဘူးလား။ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူအတွက် သူမကို နေရာမှာတင် မသတ်လိုက်တာကပဲ သူ့ခင်ပွန်းနဲ့ သူမရဲ့သွေးရင်းမိသားစုကို မျက်နှာသာ လုံလုံလောက်လောက် ပေးပြီးသွားပြီ”
“သူမက သူ့အမေအိမ်ကို ပြန်သွားချင်တယ်တဲ့လေ။ အဲဒါက ဘာလို့လဲဆိုတော့ အဲ့ကိစ္စကို ဖော်ထုတ်ခံလိုက်ရပြီးတာနဲ့ နန်းတော်ထဲမှာနေဖို့ ရှက်ရွံ့နေရလို့ပဲ။ အဲဒါက ငါနဲ့ ဘာဆိုင်သလဲ။ နင် ဒီမှာရောက်နေတာက ငါ့အပေါ်ရေညစ်တွေ လောင်းဖို့ပဲ သိတာမလား”
ထိုစကားတွေ ကျလာသည့်အခါ အမေနှင့်သမီးနှစ်ယောက်စလုံးနှင့်အတူ ဧကရီမယ်တော်ကြီး ယန်ရှုနှင့် အကြီးဆုံးမင်းသမီးကြီးတို့ပါ သူတို့ရဲ့နှလုံးသားထဲမှာ တိတ်တဆိတ် ကျစ် ကျစ်ဟု လုပ်လိုက်ကြသည်။
ကြည့်ရတာ ဒီလိုကိစ္စမျိုးက မုနန်းတော်မှာ တကယ်ဖြစ်ပျက်ခဲ့သည့်ပုံပင်။
ကျစ် ကြားတာတော့ နန်ကျောက်နယ်မြေက တစ်လင်တစ်မယားစနစ်ကိုပဲ ကျင့်သုံးပြီး အမျိုးသားတွေကလည်း ကိုယ်လုပ်တော်ကို ဘယ်တော့မှမယူဘူးဟု ကြားသည်။ သို့သော် ထိုသမီးယောင်းမကြားမှာ ထိုကဲ့သို့ ကိစ္စတွေ အများကြီးရှိနေမယ်လို့ မယုံကြည်ခဲ့ပေ။
ထိုသို့ပြောမှပင် မင်းသမီးမုနှင့် သူမရဲ့ခင်ပွန်းတို့က သူတို့ရဲ့အစ်ကိုကြီးရဲ့နေရာကို ဆက်ခံလိုက်ကြသည်။ ထို့ကြောင့် ဘယ်လိုကျေးဇူးတင်ရမလဲဆိုတာကို မသိရခင်မှာပဲ လောလောလတ်လတ် သူ့ရဲ့ဖခင်ကို ဆုံးရှုံးလိုက်ရသည့် သူတို့ရဲ့တူလေးကို အဆိပ်ခတ်နေချင်သေးသည်။ ကြည့်ရသည်မှာ ယခုလိုတွေးတောခြင်းက တကယ့်ကို ရက်စက်သည့်အရာပင်။
သို့သော် သူမက အရမ်းဒေါသထွက်နေလို့ ဖြစ်နိုင်သည်။ မင်းသမီးရှုံအန်း စကားပြောပြီးသွားသည်ကို တွေ့သည်နှင့် သူမရဲ့ယောင်းမရူရန်ကို ထပ်မံရေရွတ်လာသည်။
“ငါပြောရဦးမယ်။ မိုင်ပေါင်းထောင်ချီ ဝေးတဲ့နေရာက ငါ့ကို ဂရုစိုက်နေမဲ့အစား နင့်ရဲ့သွေးရင်းမိသားစုကိုပဲ ဂရုစိုက်သင့်တယ်။ နင့်ရဲ့သွေးရင်းမိသားစုက နင့်တူမက ဘယ်လောက်တောင် နိုင်လိုမင်းထက် ပြုမူတတ်လဲဆိုတာကို သိတယ်လေ။ အဲတော့ သူမသာ နောက်ခံမြင့်တဲ့အိမ်တော်ထဲကို လက်ထပ်ဝင်သွားရင် သူမရဲ့ယောက္ခမ အပြစ်ပေးရမှာကို စိုးနေတော့ မိသားစုနောက်ခံနိမ့်တဲ့တစ်ယောက်ယောက်ကိုပဲ လက်ထပ်ဖို့ ရွေးချယ်နိုင်တယ်။ ရွှီမိသားစုက ဘယ်လိုမျိုးမကောင်းတဲ့ကိစ္စတွေကို လုပ်မိလို့လဲ။ မွန်မြတ်တဲ့ချွေးမတစ်ယောက်ကို လက်ထပ်တာက မကောင်းဘူးလား။ သူတို့တွေက နင့်တူမကို လက်ထပ်လိုက်တယ်တဲ့လေ။ လက်ထပ်ပြီးတာတောင် ယောက္ခမတွေကို မလေးစားဘဲ မိသားစုရဲ့ငွေကို ထိန်းချုပ်ပြီး ကိုယ့်ဘာသာပဲ စားသောက်ပြီး ဝတ်စားဆင်ယင်နေရအောင် လူတိုင်းက သူမဆီ သိမ်ငယ်နေဖို့ လိုလို့လား”
“အခု သူမရဲ့ယောင်းမက နောက်ဆုံးတော့ နင်အန်းဟုန်ရှီကျစ်နဲ့ စေ့စပ်လိုက်ပြီဆိုတော့ သူမရဲ့အဆင့်အတန်း မြင့်မားသွားတဲ့အခါကျ လက်တုံ့ပြန်ပြီး ကိုင်တွယ်ခံရမှာကိုကြောက်လို့ ယောင်းမဖြစ်သူက လက်ထပ်ပွဲနှစ်ခုကနေ ဖျက်သိမ်းခံရတယ်ဆိုပြီး နင်အန်းဟုန်ရဲ့စံအိမ်တော်က လူတွေကို သွားပြေးပြီး ပြောတယ်လေ။ ကိစ္စကို ဖော်ထုတ်ပြီးတော့လည်း ရွှီမိသားစုက သူမနဲ့ကွာရှင်းဖို့ ဆုံးဖြတ်လိုက်တော့လည်း အရမ်းကို စိတ်ဆိုးဒေါသထွက်နေသေးတယ်။ ဒီလောက်တောင် အဆိပ်ပြင်းတဲ့မိန်းမက လူကြီးမင်းချီကို လက်ထပ်ချင်နေသေးတာတဲ့လား။ အိမ်မက်ပဲ မက်နေလိုက်”
ထိုစကားတွေကျလာသည်နှင့် ခန်းမထဲက လူတိုင်းက မတတ်နိုင်ဘဲ သူတို့နှလုံးသားထဲမှာ ကျစ် ကျစ်ဟု လုပ်လိုက်ကြသည်။
153 02
ဘာ။ ဘယ်လိုလုပ်ပြီး သူမရဲ့ယောင်းမအကြောင်းကိုတောင် လုပ်ကြံဇာတ်တွေ လုပ်နိုင်ရတာလဲ။
ကြားရသလောက်တော့ မင်းသမီးရူရန်လိုပဲ သူမရဲ့တူမက တကယ်ကိုရက်စက်တာပဲ။
သို့သော် လူအနည်းစုရဲ့ လျှာတောက်သံတွေ မပြီးသေးခင်မှာပဲ မင်းသမီးရူရန်က ထပ်မံဒေါသပုန်ထလာကာ နှာမှုတ်လာသည်။
“ကောင်းပြီလေ။ နင်က အဲဒီတုန်းက ဖင်းကျိုးဝမ်ရဲ့သားအကြောင်းကို ကောင်းကောင်း မသိခဲ့လို့ သူ့ကို လက်မထပ်ခဲ့တာ။ အဲဒါကြောင့် သူ့ကို နာကျင်စေမိသွားတယ်။ ဒါပေမဲ့ နင့်ကြောင့် နာမည်ကြီးဒေသခံပုဂ္ဂိုလ်တစ်ဦးက အရူးတစ်ယောက်လုံးလုံး ဖြစ်သွားရတယ်။ ဆယ်နှစ်လောက် ကြိုးစားပမ်းစားသင်ယူခဲ့တဲ့ ကျင်းအန်းစွန်းဘုရင်ခံရဲ့ တစ်ဦးတည်းသောသားက နောက်ဆုံးတော့ ထန်ဟွားလန်ကို ဝင်ခွင့်ရသွားခဲ့ပြီးတော့ မြို့တော်က မိန်းကလေးတော်တော်များများက သူ့အပေါ် ချစ်မိသွားကြတယ်လေ။ နင်ကတော့ ကောင်းတာပေါ့။ ခင်ပွန်းကလည်း သေသွားပြီ။တစ်နှစ်တောင် မပြည့်သေးပေမဲ့ မုဆိုးမတစ်ယောက်လိုမနေဘဲ တခြားသူတွေနဲ့ ရှုပ်ထွေးနေတယ်!”
“တခြားသူတွေကို နှောက်ယှက်ပြီး လက်မထပ်ဘူးဆိုရင် မိသားစုရဲ့ဂုဏ်သတင်းကို ပျင်စီးစေလိမ့်မယ်။ ပြီးတော့လည်း မိသားစုက နှစ်ဆယ့်ငါးနှစ်ရှိနေပြီဖြစ်တဲ့ ချွေးမတစ်ယောက်ကို လက်ထပ်ပေးရမှာဆိုတော့ စွန်းဘုရင်ခံနဲ့ သူ့ဇနီးတို့က ဒေါသထွက်လို့ သေလိမ့်မယ်။ နင်က မင်းသမီးတစ်ယောက်ဖြစ်နေလို့သာ မဟုတ်ရင် နင့်မှာ ငါ့ကို ဆူပူခွင့်မရှိဘူး။ အဲဒါအားလုံးက နင့်ကြောင့်ပဲလေ။ တခြားသူတွေကို အဆိပ်ရှိတဲ့မိန်းမတွေလို့ ခေါ်သေးတယ်ပေါ့။ ငါ့အမြင်အရဆိုရင်တော့ နင်ကသာ ယွီဝိန်မိသားစုရဲ့ ကြွက်စုတ်သာသာပဲ။ ပြီးတော့ နင်ကပဲ ယွီဝိန်မိသားစုရဲ့ ဂုဏ်သတင်းကောင်းကို ဖျက်ဆီးခဲ့တာ!”
ဘာ။
ထိုစကားတွေ ထွက်လာသည့်အခါ တခြားသူတွေရဲ့ မျက်လုံးတွေကပါ ထပ်မံပြူးကျယ်သွားတော့သည်။
ဒီလိုကိစ္စမျိုးလည်း ရှိသေးတာလား။
သို့သော်လည်း စုံစမ်းစစ်ဆေးဖို့ စောင့်နေစရာမလိုဘဲ မင်းသမီးရှုံအန်းက ထပ်မံဒေါသထွက်လာကာ ပြောလာသည်။
“ငါက တစ်ကိုယ်တည်းဖြစ်နေတဲ့ မုဆိုးမပဲ။ စွန်းကျားလျန်ကလည်း လက်မထပ်ရသေးတဲ့ လူပျိုကြီး ဘာလို့ ငါတို့က တစ်ယောက်နဲ့တစ်ယောက် မေတ္တာရှိလို့ မရမှာလဲ။ နင်က ငါ သူ့ကိုလက်မထပ်ချင်ဘူးလို့ ထင်နေတာလား။ သူ့ရဲ့စာအုပ်ကြီးအတိုင်း ပြုမူတတ်တဲ့ မိဘတွေက ငါ့ကိုမုဆိုးမဖြစ်တယ်လို့ တွေးနေတာကြောင့်သာ မဟုတ်ရင်ပေါ့”
ထို့နောက် သူမက ပြန်ပြီး ခွန်းတုံ့ပြန်လာသည်။
“ယောင်းမက ပြောတာတော့ ငါက ယွီဝိန်မိသားစုရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးလိမ့်မယ်တဲ့။ အဲဒါဆို နင့်ဘာသာနင် အရင်ဂရုစိုက်လိုက်တာက ပိုကောင်းမယ်။ ယွီဝိန်မိသားစုရဲ့ချွေးမတစ်ယောက်အနေနဲ့ နင့်ရဲ့တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းပြီးပြီလား။ နင်ကလည်း အိမ်ရဲ့လူတစ်ယောက်ပဲလေ။ အဲဒါကို ဆရာကောင်းတစ်ဦးရှာပြီးပဲ နင့်ရဲ့ကလေးတွေကို သင်ဖို့ပြောတယ်။ နင့်ကလေးတွေကလည်း အတန်းမတက်ဘူးလေ။ နင့်သားတွေကို ထိဖို့ ဝန်လေးနေတာ။သူတို့ကို ဘယ်လောက်တောင် ရိုက်နှက်ပြီးပြီလဲ။ အဲဒီနှစ်က အကြီးဆုံးအစ်ကိုရဲ့ဘေးက ကိုယ်လုပ်တော်နဲ့ ရူရန်က တစ်ယောက်နဲ့တစ်ယောက် ထိခိုက်စေရင်း နှစ်ယောက်လုံး ကိုယ်ဝန် ပျက်ကျသွားတယ်။ မြင်ကွင်းနောက်ကွယ်ကနေ အကျိုးအမြတ်တွေကို ရိတ်သိမ်းဖို့ ထိုင်နေတာက ဘယ်သူပါလိမ့်။ အဲဒါက နင်နဲ့ဘာမှမဆိုင်ပါဘူးလို့ နင် ပြောရဲလား”
ထိုစကားတွေထွက်လာသည့်အခါ ယန်ရှုက ထပ်မံရပ်တန့်သွားရသည်။
ဘာ။ အဲ့ဒီတုန်းက ဘုရင်ရူရန်ရဲ့ဘေးက ကိုယ်လုပ်တော်နဲ့ ရူရန်တို့က တစ်ခါတည်း ကိုယ်ဝန် ပျက်ကျသွားတာလား။
ဖြစ်နိုင်တာက မင်းသမီးရူရန်က နောက်ကွယ်က သူများလား။
သို့သော်လည်း သိပ်မဝေးသည့်နေရာက အကြီးဆုံးမင်းသမီးကြီးက အတိတ်ကို သတိရသွားပုံပေါ်ပြီး လျင်မြန်စွာပဲ ဧကရီမယ်တော်ကြီးနဲ့ အကြည့်ချင်း ဖလှယ်လိုက်ကြတော့သည်။
သို့သော် သိပ်မကြာခင်မှာပဲ မင်းသမီးရူရန်က ထပ်မံဒေါသထွက်လာပြန်ကာ စားပွဲခုံကိုရိုက်လိုက်ရင်း ပြောလိုက်သည်။
“သူတို့တွေက ရူးနေလို့လေ။ အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ။ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့နန်းတော်ရဲ့ အမျိုးသမီးဦးစီးသူတစ်ယောက်အနေနဲ့ နန်းတော်ထဲက ကလေးတွေကို ငါ မကိုင်တွယ်နိုင်ဘူး။ ဒီပြဿနာကလည်း ငါ့ကြောင့်ပဲလား။ နင်ကရော ငါ ဘာလုပ်နိုင်မလဲ ပြောကြည့်ကြည့်”
153 03
သူမက ရယ်သံတစ်ခုနှင့်အတူ ပြောလာသည်
“ငါက ဘာပဲလုပ်လုပ် တချို့လူတွေထက်တော့ ကောင်းသေးတယ်။ သားဖြစ်သူကို ဦးလေးလက်ထဲ အပ်ထားပြီးတော့ တစ်နေကုန်တစ်နေခန်း ခရီးထွက်နိုင်တယ်။ မိခင်တစ်ယောက်အနေနဲ့ ဘယ်တုန်းကမှ ကိုယ့်တာဝန်ကို မဖြည့်ဆည်းနိုင်ဘဲ တချို့လူတွေများ တခြားသူတွေကို ဝေဖန်ဖို့ မျက်နှာရှိသေးတယ်”
…..
ယခုလေးတင် သူတို့နှစ်ဦးစလုံးက ဝိုင်အနည်းငယ်သောက်ထားလို့ ဖြစ်နိုင်သည်။ ထိုသမီးယောင်းမနှစ်ယောက်က ယခုအချိန်မှာ စိတ်လှုပ်ရှားနေကာ စကားပြောနေရင်း မတ်တပ်ပင် ထရပ်လိုက်ကြသည်။
ထပ်ပြီးကျိန်ဆဲတော့မှာကိုမြင်သည့်အခါ ထပ်ပြီးစတင်လာတော့မှာကို စိုးမိသွားကြသည်။
ထိုမြင်ကွင်းကို တွေ့သည်နှင့် ဧကရီမယ်တော်ကြီးက နောက်ဆုံးတော့ ပြောလာသည်။
“ကောင်းပြီ ကောင်းပြီ။ မိသားစုအရေးကို ငြင်းခုန်ပြီး ဘာလုပ်ကြမှာလဲ”
—-ကျစ် နန်းတော်မှာ တာဝန်ကျသည့်သူတွေက လက်ဖက်ရည်နဲ့ ဝိုင်တွေ ငှဲ့ပေးရမှာကို မေ့နေပုံအရ ဒီနှစ်ဦးသာ ဆက်ပြီးစကားပြောလိုက်လျှင် ဟာသဖြစ်သွားစေမှာကိုပင် စိုးရသည်။
စကားပြောပြီးနောက် အကြီးဆုံးတော်ဝင်မင်းသမီးကြီးက လျင်မြန်စွာ သံယောင်လိုက် ပြောလာသည်။
“အမှန်ပဲ နင်တို့နှစ်ယောက်က သမီးယောင်းမတွေ ဖြစ်နေတုန်းပဲ။ ဒီနေရာမှာ တစ်ယောက်အကြောင်း တစ်ယောက် ဖော်ပြပြီး ဘာလုပ်မလို့လဲ။ ပြောနေတာကို ရပ်လိုက်တော့”
နှိုင်းယှဉ်ကြည့်ရလျှင် အန်းခန်းကောင်တီအရှင်နဲ့ ယန်ရှုတို့က အငယ်တွေဟု သတ်မှတ်လို့ရသည်။ ထို့ကြောင့် သူတို့နှစ်ယောက်က ခေါင်းသာလိုက်ညိတ်လိုက်ကာ မည်သည်ကိုမျှ သာမန်ကာလျှံကာ ထုတ်မပြောရဲပေ။
သို့သော်လည်း ယန်ရှုက စိတ်ထဲတွင်
[ထပ်ပြီး ပေါက်ကွဲပစ်လိုက်။ ငါဖရဲသီးစားနေတုန်းလေဟာ!]
သို့သော် ယခုလို အခြေအနေအောက်တွင် မင်းသမီးရှုံအန်းမှာ ရွေးချယ်စရာမရှိတော့ဘဲ စိတ်လျှော့လိုက်ကာ ဧကရီမယ်တော်ကြီးနှင့် အကြီးဆုံးမင်းသမီးကြီးတို့ သားအမိကို ပြောလာသည်။
“မယ်တော်ကြီးကို ရယ်စရာတွေ ပြသမိပါပြီ။ ဒီနေ့ ကျွန်မကို ကြိုဆိုလက်ခံပေးတဲ့အတွက် ဧကရီမယ်တော်ကြီးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငန်းသားစားချင်တဲ့လူတချို့ ရှိနေတော့ ထွက်လာပြီး လူတွေအောင် ရယ်ရအောင် လုပ်မိသွားတယ်”
ထိုစကားသံထွက်လာသည့်အခါ မင်းသမီးရူရန်က ထပ်မံ စိုက်ကြည့်လိုက်ပြီး ပြောပြန်သည်။
“ဘယ်သူ့ကိုဖားပြုတ်လို့ခေါ်နေတာလဲ”
မင်းသမီးရှုံအန်းက သူမရဲ့လည်ပင်းကိုဆန့်ကာ နှာမှုတ်လိုက်သည်။
“ငါက နင်လို့ ပြောမိလို့လား”
“နင်….”
သို့သော်လည်း မင်းသမီးရူရန်စကား ပြောလို့မပြီးခင်မှာပဲ သူမက ဧကရီမယ်တော်ကြီးကို အလျင်အမြန်ပြောလိုက်သည်။
“ဒီနေ့ သောက်တာလည်း အရမ်းများသွားပြီ။ ဧကရီမယ်တော်ကြီးကိုလည်း ကျွန်မက ရယ်ရစေမိပြီ။ အဲတော့ အရင်ထွက်ခွာနှင့်ပြီး အမူးပြေအောင် လုပ်လိုက်ပါဦးမယ်”
ဧကရီမယ်တော်ကြီးက ဘာထပ်ပြောနိုင်မည်တဲ့လဲ။ သူမက ခေါင်းညိတ်ကာ
“လမ်းမှာဂရုစိုက်”
မင်းသမီးရှုံအန်းကလည်း ကိစ္စပြီးပြီဖြစ်သည့်အတွက် မင်းသမီးတာ့ချန်နှင့် ယန်ရှုကို ထပ်မံဂါရဝပြုလိုက်ကာ ထို့နောက် စားသောက်ပွဲကနေထွက်ခွာသွားပြီး နန်းတော်ဂိတ်တံခါးဝကနေ ထွက်သွားတော့သည်။
သိုသော် မင်းသမီးရူရန်သည်တော့ ဒေါသအပြည့်နှင့် ဖြစ်နေဆဲဖြစ်ပြီး လူတိုင်းကို စောဒကတက်လာသည်။
153 04
“လူတိုင်းပဲ သူမ ဘယ်လောက်ရူးသွပ်နေလဲဆိုတာကို ကြည့်ကြည့်ပါဦး။ ကျွန်မကဖြင့် ကျွန်မတူမအတွက် မိသားစုကောင်းတစ်ခုကို ရှာပေးချင်ရုံပါ။ အဲဒါကမှားနေလို့လား။ ဒါပေမဲ့ သူမကတော့ သူမကို ဒီလိုမျိုးဝေဖန် အပြစ်တင်သွားတယ်။ အဲဒါက တအားကို စိတ်ရှုပ်စေတာပဲ!”
စကားပြောပြီးသည့်အခါ ယန်ရှုက သူမရဲ့စိတ်ထဲတွင် တိတ်တဆိတ် ပြောလိုက်သည်။ ရှင့်ရဲ့တူမကို စိုးရိမ်ပူပန်တာက ကောင်းပါတယ်။ ဒါပေမဲ့ ရိုးသားတဲ့လူတွေကိုတော့ မထိခိုက်စေနဲ့လေ။
ပြီးတော့လည်း ဘယ်သူမှ သူ့ရဲ့အိုင်ဒေါလ် လူကြီးမင်းချီကို ခေါ်သွားလို့မရဘူး ဟမ့်!
ထိုအချိန်တွင် အကြီးဆုံးမင်းသမီးကြီးက ပြောလာသည်။
“နင်ပြောတာလည်း မှန်ပါတယ်။ ဒါပေမဲ့ နင့်တူမက ငယ်ရွယ်နေတုန်းဆိုပေမဲ့ အကြီးအကဲချီက လေးဆယ်ထဲ ရောက်နေပြီလေ။ ပြီးတော့ သူကလည်း ချမ်းသာကြွယ်ဝတဲ့ လူငယ်တစ်ယောက်မဟုတ်ဘူး။ လူရွယ်တစ်ယောက်ဖြစ်နေပြီ။ နင့်တူမနဲ့ မသင့်တော်မှာကို စိုးမိတယ်။ ဘာလို့ မိသားစုနောက်ခံပိုကောင်းတဲ့ ငယ်ရွယ်တဲ့သူတစ်ယောက်ကို မရှာတာလဲ”
—ကျစ် ပြောရရင် ဒီအမျိုးသမီးကိုကြည့်ရတာ သာမန်လူတွေကိုတောင် နောက်ချန်စေနိုင်တဲ့အထိ သရုပ်ဆောင်တဲ့နေရာမှာ အတော်ကောင်းတဲ့ပုံပဲ…။
မင်းသမီးရူရန်က ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို နားမလည်တာ မဟုတ်ဘဲ တစ်ခဏလောက် မျက်နှာထားစရာမရှိ ဖြစ်သွားပြီး စကားပြောချင်ပေမဲ့လည်း ဘာပြောရမှန်း မသိပေ ။
သို့သော် ဧကရီမယ်တော်ကြီးက သူမကို ထပ်ပြောလာသည်။
“အိုက်ကျား မင်းကို အမှန်အတိုင်း ပြောရမယ်ဆိုရင် အိုက်ကျားလည်း မင်းကို ဒီကိစ္စနဲ့ပတ်သက်ပြီး မကူညီပေးနိုင်ဘူး။ မနေ့ကပဲ စုန့်ဟယ်အကယ်ဒမီရဲ့အရှေ့မှာ အရှင်မင်းကြီးက အထူးအမိန့်တော်တစ်ရပ်ကို ပေးပို့ထားတယ်။ အဲဒါမှ သူ့ကို မနှောက်ယှက်နိုင်မှာတဲ့ အိုက်ကျားလည်း အဲ့ဒီ “ကျောင်းအုပ်နေရာ အကြီးအကဲ” ကို အလွယ်တကူ မတွေ့နိုင်ဘူး”
ထိုစကားတွေထွက်လာသည့်အခါ ယန်ရှုသည်လည်း အလျင်အမြန် သက်သေခံလိုက်သည်။
“ကျွန်မလည်း မနေ့တုန်းက အဲဒီနေရာမှာ ရှိတယ်။ အရှင်မင်းကြီးက တကယ်ကို အဲ့လိုပြောခဲ့တယ်”
ထိုစကားတွေကို ပြောလာသည့်အခါ မင်းသမီးရူရန်သည်လည်း ရွေးချယ်စရာမရှိတော့ဘဲ ဖြေလိုက်ရတော့သည်။
သို့သော် သူ့နှလုံးသားထဲတွင်တော့ သူမရဲ့ယောင်းမဖြစ်သူ မင်းသမီးရှုံအန်းကို ဆူပူနေမိသည်။
ဟမ့် နင်လက်ထပ်ရင်လည်း လက်ထပ်တယ်ပေါ့။ နှစ်အနည်းငယ်ကြာတိုင်း လူတွေကို ခံစားချက်ဆိုးရွားအောင် လုပ်နေတုန်းပဲ။
ဘယ်လိုတောင် ကံမကောင်းတာလဲ။
~~~
ရော့ယိခန်းမတွင် စိတ်လှုပ်ရှားဖွယ်ရာကိစ္စကို ကြည့်ရှုပြီးနောက် ယန်ရှုက ကန်လုနန်းဆောင်ကို ပြန်လာခဲ့သည်။
ယခုလေးတင်က စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းကို ပြန်တွေးမိသည့်အခါ တစ်ခဏလောက်ထိ တစ်ရေးအိပ်ဖို့ကို ဂရုမစိုက်နိုင်ဘဲ ထိုသမီးယောင်းမနှစ်ဦး၏ တစ်ဦးနှင့်တစ်ဦး ပေါက်ကွဲခဲ့သမျှဖရဲသီးတွေကို ခွဲခြားဖို့ ဆုံးဖြတ်လိုက်တော့သည်။
အဟွတ် အဟွတ် ဖြစ်နိုင်တာက တစ်နေ့နေ့မှာ စာအုပ်ထဲမှာရေးဖို့ ကုန်ကြမ်းတွေအဖြစ် အသုံးပြုလို့ရနိုင်လောက်လား။
သေချာပေါက်ပင် ယခုလေးတင်က ထိုနှစ်ဦးရဲ့ စီးချက်က အလွန်အမင်းကို မြန်ဆန်လွန်းသည့်အတွက် လူတွေအတွက် သူတို့နှစ်ဦးရဲ့စကားတွေကို အသေးစိတ်ကျကျ နားလည်ဖို့က မဖြစ်နိုင်ပေ။ ထို့ကြောင့် ဒီတစ်ခေါက်တွက် စစ်စတန်ကို လျင်မြန်စွာခေါ်လိုက်သည်။
[မြန်မြန်လေး ငါ့ကိုပြောစမ်းပါ ဒီနေ့ဖရဲသီးတွေက ဘယ်လိုဖြစ်တာလဲ။ မင်းသမီးရူရန်ရဲ့ တူမက တကယ်ပဲ မင်းသမီးရှုံအန်း ပြောသလိုပဲလား။]
စစ်စတန် [အဲ့လောက် ဖြစ်လုနီးပါးပဲ။ ကိုယ်လုပ်တော်ရူရန်ရဲ့ သွေးရင်းမိသားစုကလည်း ကျော်ကြားတဲ့ မိသားစုတစ်ခုပဲ။ ကိုယ်လုပ်တော်တစ်ယောက်ဖြစ်တဲ့ သူမရဲ့ထောက်ပံ့မှုကြောင့် အမြဲတမ်း နိုင်လိုမင်းထက် ပြုမူနေတာ အဲဒီတူမ လုပ်ခဲ့တာက အခြေခံအားဖြင့်ပြောရရင် အမှန်ပဲ နောက်ပိုင်း ရွှီမိသားစုက သည်းမခံနိုင်တော့တာနဲ့ သူမနဲ့ကွာရှင်းလိုက်တာ။ အခု ဒီအမျိုးသမီးရဲ့ ဂုဏ်သတင်းက ပျက်ဆီးသွားပြီး လူအများစုကလည်း မမေးရဲကြဘူးလေ]
153 05
ယန်ရှု [ငါသိပြီ]
ကျစ် ကျစ် ကံကောင်းလို့ မင်းသမီးရူရန်က သူမကို ပြန်ပြီးပိတ်ဆို့လိုက်လို့ ဒီလိုလူမျိုးက သူမရဲ့အိုင်ဒေါလ်ကို စဉ်းစားရဲတယ်လား။ ကြည့်ရတာ မင်းသမီးရူရန်ရဲ့ နောက်ဆုံးမှန်ချက်က အတော်လေး အဆက်အစပ်ရှိတာပဲ။
သူမက ထပ်မေးလိုက်သည်။
[မင်းသမီးရှုံအန်းရဲ့ ဖရဲသီးကရော။ ဖင်းကျိုးဝမ်ရဲ့မိသားစုက သားနဲ့ ကျင်းအန်းဘုရင်ခံရဲ့မိသားစု နှစ်ခုစလုံးက တကယ်ပဲ အမှန်တွေလား။]
စစ်စတန်က ပြောလာသည်။
[အတူတူလောက်ပါပဲ ဝမ်မိသားစုက ဖင်းကျိုးမှာ မိသားစုကြီးပဲ။ ဝမ်မိသားစုရဲ့သားကလည်း ဒေသခံမိသားစုကို ဦးဆောင်နေတာ။ အရမ်းလည်း မြင့်မြတ်သိမ်မွေ့တယ်။ ရှုံအန်းကောင်တီအရှင်က ဖင်းကျိုးကနေ ဖြတ်သွားတော့ သူ့အိမ်မှာ တစ်နှစ်လောက် နေဖူးတယ်။ အဲ့ဒီမင်းသားက ကြည့်ကောင်းတာကို တွေ့တော့ သူ့ကို ကလူကျီဆယ်ပြီး နောက်တော့ထွက်သွားခဲ့တာ။ ဒါပေမဲ့လည်း ဝမ်မိသားစုရဲ့သား ချင်သုန်းချူးခိုင်က အရမ်းကို အရူးအမူး စွဲလမ်းသွားတာလေ။ နောက်တော့ သူမကို နှစ်တွေ အများကြီးကြာတဲ့အထိ လက်အလွတ်နိုင်ခဲ့ဘူး။ အချိန်အကြာကြီး စွဲလမ်းနေခဲ့တာ]
ယန်ရှု [….]
ကျစ် ကျစ် ဒါက ပြစ်မှုပဲမဟုတ်လား!
ထို့နောက် စစ်စတန်ဆက်ပြောလာသည်ကို ကြားလိုက်ရသည်။
[လူကြီးမင်းစွန်းရဲ့ကိစ္စကတော့ ကျင်းအန်းဘုရင်ခံရဲ့အဖြစ်က မနေ့တစ်နေ့က ဖြစ်ရပ်နဲ့အတော်လေးဆင်တယ်။ အဲဒီအချိန်တုန်းက တော်ဝင်စာမေးပွဲကိုဖြေဆိုဖို့ လမ်းကြားကနေ ဖြတ်ပြီး မြင်းစီးလာခဲ့တာ။ မနေ့ကလိုပဲ မင်းသမီးရှုံအန်းက သူ့ဆီကို ပန်းတွေ ပစ်ပေးလိုက်တာလေ။ သခင်လေးစွန်းက အရမ်းကိုရိုးစင်းပြီး မတွန့်ဆုတ်တတ်တဲ့သူမျိုး။ပဲ ဒါပေမဲ့ အဲဒီအချိန်တုန်းက မင်းသမီးရှုံအန်းက သူ့ရဲ့စိတ်ကို တကယ်ကြီး လှုပ်ခါလိုက်နိုင်ပြီး တစ်ဖက်လူနဲ့ လက်ထပ်ဖို့ ဆွေးနွေးချင်ခဲ့တာ။ ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ စွန်းမိဘတွေက အဲဒါကို ခိုင်ခိုင်မာမာ ဆန့်ကျင်ပြီး ဒီကိစ္စကို ပျက်စီးသွားစေတာပဲ!]
ယန်ရှု [….]
ကြည့်ရတာ ဒီကိစ္စက အလေ့အကျင့်ဖြစ်နေပုံပဲ။ အဲနေ့က ပန်းတွေကို တိတိကျကျပစ်လိုက်နိုင်တာ မအံ့ဩတော့ပါဘူး ကျစ်
သို့သော် ဒီလိုနည်းနဲ့ အဲ့ဒီအချိန်တုန်းက စွန်းသခင်လေးကို ဆွဲဆောင်လိုက်ပြီး သူမရဲ့အိုင်ဒေါလ်ကိုပါ အီစီကလီ လုပ်လိုက်သေးသည်။ အဲဒါက သိသိသာသာကိုပင် အချစ်စစ် မဟုတ်ပေ။
ထို့နောက် သူမက ဆက်ပြောလာသည်။
[မင်းသမီးရှုံအန်းရဲ့ယောင်းမ မင်းသမီးမုက ဘာဖြစ်သွားတာလဲ။ ဘာလို့ သူ့သားကို ထိခိုက်စေဖို့ အထိန်းတော်ကို ဆေးခတ်ရတာလဲ။]
သို့သော် စစ်စတန်က ပြန်ဖြေလာသည်က
[ဒီကိစ္စကို ပြောမှ မင်းသမီးမုက တစ်ဖက်မှာ ဆိုးရွားနေပေမဲ့ နောက်တစ်ခုက အဓိကအားဖြင့် ဘာလို့လဲဆိုတော့ မင်းသမီးရှုံအန်းရဲ့ ဦးလေးအငယ် လက်ရှိမုအရှင်ဖြစ်တဲ့ မုကျန်းဖင်းက မင်းသမီးရှုံအန်းအပေါ် အမြဲတမ်းနှစ်သက်လာခဲ့တာ။ မင်းသမီးရှုံအန်းက နန်ကျောက်ကို လက်ထပ်လိုက်တာက မုကျန်းဖင်းကို အံ့အားသင့်သွားစေတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ကြင်ယာဖက်ဖြစ်သူကြောင့် သူ့နှလုံးသားထဲမှာပဲ အမြဲတမ်းသိမ်းထားခဲ့တာ။ တစ်နေ့ သူ့ရဲ့ဇနီး မင်းသမီးမုက ဒီအကြောင်းကို ရှာတွေ့သွားပြီး သဘာဝကျကျပဲ မနာလိုဖြစ်လို့ နှစ်တွေ အများကြီးအထိ အာဃာတ ထားထားတာလေ။ အဲ့ဒီအချိန်တုန်းက မင်းသမီးရှုံအန်းရဲ့သား အဆိပ်ခတ်ခံရတာက အဲဒီထဲကတစ်ခုပဲ။ အဲဒါမတိုင်ခင်က ဒီအမျိုးသမီးက တခြားယုတ်မာတဲ့ နည်းလမ်းအမျိုးမျိုးကို မင်းသမီးရှုံအန်းအပေါ် သုံးခဲ့တာ။ သူမရဲ့အစားအစာထဲ ဆေးခတ်တာမျိုး လှုမှုရေးကိစ္စတွေရှိတယ်လို့ ထောင်ချောက်ဆင်တာမျိုး တွေအများကြီးပဲ]
ယန်ရှု […..]
ကြည့်ရတာ မင်းသမီးမုရဲ့စံအိမ်တော်က အတော်လေး ဗရမ်းဗတာနိုင်ပုံပဲ။
သို့သော် ပြောမှပင် မင်းသမီးရှုံအန်းက လူတွေပြောကြသလို မဟုတ်ဘူးပင်။ သူမရဲ့ခဲအိုက အကြိမ်ပေါင်းများစွာ ထိခိုက်စေတာတောင် သူမက ပြန်မတိုက်ခိုက်ဘူးလား။
သို့သော် စစ်စတန်က ပြောလာသည်။
[သေချာတာပေါ့။ ဒီလိုမျိုး စွပ်စွဲခံရပြီးမှတော့ မင်းသမီးရှုံအန်းက ဒေါသထွက်ပြီး ရိုးရိုးရှင်းရှင်းပဲ သူ့ရဲ့ခဲအိုနဲ့ အိပ်ပစ်လိုက်တယ်လေ]
ယန်ရှု “…”
T/N အမျိုးတွေစပ်ရတာများတော့ လည်ထွက် ^—^
******