← Chapters

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

154 01

အပိုင်း 154

ဘာ။

မင်းသမီးရှုံအန်းကတကယ်ကြီး သူ့ရဲ့ခဲအိုနဲ့အိပ်ခဲ့တာလား။

ထိုသတင်းကို ကြားသည့်အခါ ယန်ရှုက သူ့ရဲ့ပါးစပ်ကို အကျယ်ကြီးဟလိုက်မိပြီး လက်ဖက်ရည်သောက်ချိန် တစ်ဝက်လောက်ထိ လုံးဝကို ကြက်သေ သေသွားတော့သည်။

ကျစ်….

တကယ်ကို ရက်စက်ကြမ်းကြုတ်တဲ့သူပဲ။

လက်ဖက်ရည်တစ်ဝက်စာခန့် ကြာပြီးနောက် သူမက စစ်စတန်ကို ထပ်မေးလိုက်သည်။

[ဒါဆိုရင် သူ့ဦးလေးမုကျန်းဖင်းကရော ဘာဖြစ်သွားလဲ။ ဘာခုခံမှုမှမရှိဘဲ…..တကယ်ကြီး အိပ်ပစ်လိုက်တာလား။ အိပ်ပြီးတော့ရော ဘာဆက်ဖြစ်လဲ။ သူ ဘယ်လိုတုံ့ပြန်လဲ။]

စစ်စတန်ကနှာမှုတ်ကာ ပြောလာသည်။

[ဒီကိစ္စရဲ့အရင်းအမြစ်ကနေ စတယ်ပြောရမယ်။ နန်ကျောက်မှာ ရှုံအန်းကောင်တီရဲ့ဘုရင်ခံနဲ့ လက်ထပ်လိုက်ချိန်ကတည်း မုကျန်းဖင်းက သူ့ကို ချစ်နေခဲ့တာ။ သူ့ရဲ့ကိုယ်ပိုင်ခံစားချက်တွေနဲ့ မိသားစုရဲ့အကျိုးအမြတ်အတွက် ပုမိသားစုရဲ့ မင်းသမီးမုဖြစ်သူ အခုလက်ရှိဇနီးကို လက်ထပ်လိုက်ရတယ်]

[သိပ်မကြာခင်မှာပဲ သူ့အစ်ကိုကြီး သေသွားပြီး အဲအချိန်တုန်းက သူ့တူလေးကလည်း အရမ်းကို ငယ်ရွယ်လွန်းနေသေးတဲ့အပြင် ခယ်မဖြစ်သူ မင်းသမီးရှုံအန်းကလည်း လူမျိုးခြား ဖြစ်နေသေးတယ်။ သူမက နန်ကျောက်မှာ ဘာလွှမ်းမိုးမှုမှ မရှိဘူး။ မုကျန်းဖင်းရဲ့ယောက္ခမဖြစ်တဲ့ ပုမိသားစုက သဘာဝကျကျပဲ သူ့ကိုပံ့ပိုးပေးတယ်။ ဒီလူက ရှုထောင့်အမျိုးမျိုးကနေ အကုန်လုံးကို တည်ငြိမ်စေချင်တော့ အခြေအနေကလည်း သင့်တော်နေတာနဲ့ သူ့အစ်ကိုကြီးရဲ့နေရာကို ယူလိုက်ပြီး သခင်ကြီးမု ဖြစ်လာတော့တာပဲ]

[ဒါပေမဲ့လည်း မင်းသမီးပုက သဘာဝကကို တွန့်တိုတတ်တဲ့စိတ်ရှိတာ။ အဲဒီမုဆိုးမဖြစ်တဲ့သမီးယောင်းမက လှပပြီး ဂုဏ်သိက္ခာနဲ့ပြည့်စုံတာကို မြင်ရတော့ အမြဲတမ်း မသက်မသာ ခံစားနေခဲ့ရတာ။ အထူးသဖြင့် လူကြီးမင်းမုကျန်းဖင်းက သူ့တူလေးကို ကောင်းကောင်း ဆက်ဆံတဲ့အခါမှာပေါ့။ အဲတော့ ပိုလို့တောင် မသက်မသာ ဖြစ်လာသေးတယ်။ နောက်ပိုင်းကျတော့ သူ့ခင်ပွန်း မူးနေတုန်း မင်းသမီးရှုံအန်းရဲ့နာမည်ကိုတပ်ပြီး သူ့ခင်ပွန်းက အဲဒီယောင်းမဖြစ်သူရဲ့နာမည်ကို အော်ခေါ်နေတာကို တွေ့တော့ မုကျန်းဖင်းရဲ့လျှို့ဝှက်ချက်ကို သိသွားခဲ့တာ။ ပြီးတော့ ဒေါသထွက်ထွက်နဲ့ သူတို့သားအမိကို တိုက်ရိုက်ပစ်ခတ်တယ်။ ဆေးခတ်တယ်။ လုပ်ကြံတယ်။ ပြီးရင် ထောင်ချောက်အမျိုးမျိုး ဆင်တယ်]

[နောက်တော့ မင်းသမီးရှုံအန်းကမှ ရူးနေတာမဟုတ်တာ။ သူမကို ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ အောင်မြင်ခွင့် ပေးမှာတဲ့လဲ။ အဲဒီနည်းလမ်းတွေက တစ်ခုပြီးတစ်ခု အသုံးမဝင်တာကို တွေ့တဲ့အခါ ပုမိသားစုက နောက်ထပ်အဆိပ်ပြင်းတဲ့ အကြံအစည်တစ်မျိုးကို ထုတ်လာတယ်လေ။ အဲဒါက သူတို့ရဲ့ခယ်မက မုဆိုးမ မဖြစ်ခင် စံအိမ်ထဲက အစောင့်တစ်ယောက်နဲ့ ကိစ္စလေးတချို့ ရှိခဲ့တယ်ဆိုပြီးလေ။ ပြီးတော့လည်း ကလေးက အဲ့ဒီအစောင့်ရဲ့ကလေး ဖြစ်ရမယ်ဆိုပြီးတော့ပေါ့။ ရလဒ်အနေနဲ့ မင်းသမီးရှုံအန်းက ချက်ချင်းပဲ ဒေါသပုန်ထပြီး သူ့ယောက်ျားကို ဆွဲအိပ်လိုက်တော့တယ်။ အဲနေ့က မုကျန်းဖင်းက ဝိုင်နည်းနည်း သောက်ထားပြီး သူ့ခံစားချက်ကို မဖော်ပြနိုင်မှာကို စိုးနေခဲ့တာ။ အဲဒါနဲ့ သူက…..]

[ယေဘုယျကျကျပြောရရင် မုကျန်းဖင်းက တစ်ဝက်မူးနေပြီး တစ်ဝက်နိုး ကြားနေတုန်း တစ်ဝက်က တိုက်တွန်းနေပြီး တစ်ဝက်ကိုလွှတ်ပေးလိုက်တဲ့အချိန် မင်းသမီးရှုံအန်းက တမင်သက်သက်ကို လက်စားချေလိုက်တာပဲ]

ယန်ရှု […..]

သိပ်ကောင်းတဲ့ ခွေးသွေးပဲ သိပ်ကောင်းတယ် …..။

ရှည်လျားတဲ့ခံစားချက်အပြီးမှာတော့ သူမက မတတ်နိုင်ဘဲ ပြောလိုက်သည်။

[ဒါဆို အဲ့နောက်ရော ဘာဆက်ဖြစ်လဲ။ အဲ့ဒီအဖြစ်အပျက်ပြီးတော့ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပြန်တွေ့ကြလဲ။ အဲဒါကရော။]

စစ်စတန်က နှာမှုတ်လာသည်

[အဲဒါက ကိစ္စမဟုတ်သေးဘူး။ ပြောရရင် မင်းသမီးရှုံအန်းက အဲ့လိုမျိုး နှောင့်နှေးတတ်တဲ့သူ မဟုတ်ဘူး။ အဲ့ကိစ္စဖြစ်ပြီးတော့ မင်းသားမုရဲ့စံအိမ်တော်ကို စိတ်ကုန်ပြီး ရိုးရိုးရှင်းရှင်းပဲ အပြင်ဘက်မှာ အိမ်တစ်လုံးဝယ်ပြီး ရွှေ့သွားတာ။ ဒါပေမဲ့ ကျန်ရစ်ခဲ့တဲ့ မုကျန်းဖင်းက အဲ့ကတည်းကစပြီး ယူကျုံးမရ ဖြစ်နေခဲ့တာ]

154 02

ယန်ရှု [….]

ဟုတ်ပြီ နောက်တစ်ခု အလင်းပွင့်သွားပြန်ပြီ။

ထို့ကြောင့် သူမက ထပ်မေးလိုက်သည်။

[ပုမိသားစုကရော ဘယ်မှာလဲ။ ဒီအကြောင်းကိုရော သိလား။]

စစ်စတန်က ပြောလာသည်။

[ပုရှီက ဒီအကြောင်းကို မသိဘူး။ ဒါပေမဲ့ မုကျန်းဖင်းက သူမကို အစကတည်းက မနှစ်သက်ခဲ့တာ။ နောက်ပိုင်း မင်းသမီးရှုံအန်းကို ဆန့်ကျင်ဖို့ လှည့်ကွက်မျိုးစုံ သုံးခဲ့တာကိုလည်းသိရော သူ့ကိုပိုလို့တောင် အေးစက်စက်နဲ့ ဆက်ဆံခဲ့သေးတယ်။ နောက်ပိုင်းကျ သူမက ပိုပြီးဒေါသထွက်လာပြီး ကလေးလေးရဲ့အိမ်တော်ထိန်းကို အဆိပ်ခတ်ဖို့ ကြိုးစားခဲ့တယ်။ အထိန်းတော်က ဆေးခတ်ထားတဲ့ နို့ကိုသောက်ပြီးရင် မင်းသမီးရှုံအန်းရဲ့သားလေးက နို့ကို သောက်မှာပဲမဟုတ်လား။ အဲ့နေ့က ကလေးလေးကို မပြုစုခင် အဲဒီအထိန်းတော် သေသွားတာကတော့ စိတ်မကောင်းစရာပဲ]

[နောက်ကျ မင်းသမီးရှုံအန်းက အမှန်တရားကို သိသွားတော့ အရမ်းဒေါသထွက်သွားပြီး မုကျန်းဖင်းကို သွားရှာပြီးတာနဲ့ နေရာမှာတင် ပြဿနာ အကြီးကြီးရှာတော့တာပဲ။ သေချာတာပေါ့ မုကျန်းဖင်းကလည်း အရမ်းကို ဒေါသထွက်သွားတာ။ အဲဒါကြောင့်ပဲ ပုရှီကို ထပ်ပြီး အပြစ်ပေးတော့တယ်။ အဲ့ကတည်းကစပြီး အနာဂတ်မှာ သူ့တူလေးမှာ ဘာပဲဖြစ်ဖြစ် ပုရှီကို လုံးဝကို ကြမ်းတမ်းတဲ့စကားတွေကို ပြောပြီး စာရင်းရှင်းတော့တာပဲ။ အဲ့တော့မှသာ ပုမိသားစုက နောက်ဆုံးမှာ နည်းနည်းလေး ငြိမ်ကျသွားတာ]

ယန်ရှုက သူမရဲ့ခေါင်းကို ထပ်ရမ်းလိုက်ကာ သက်ပြင်းချလိုက်သည်။

[အခုအဲ့ကလေးလေး ကြီးပြင်းလာဖို့က တကယ်ကိုမလွယ်ကူဘူးဘဲ နောက်တော့ရော။]

စစ်စတန်က ပြောလာသည်။

[အဲ့ကတည်းက မင်းသမီးရှုံအန်းက သူ့ခဲအိုရဲ့အားနည်းချက်ကို ဆုပ်ကိုင်ထားလိုက်နိုင်တာ။ ဘာပဲဖြစ်ဖြစ် သူမကလည်း အတွင်းစံအျမ်တော်နဲ့ သက်ဆိုင်တဲ့လူ မဟုတ်ဘူးလေ။ နောက်ပိုင်းကျ ကလေးကြီးလာတာနဲ့ သူ့ခဲအိုရဲ့စောင့်ရှောက်မှု အောက်မှာထားခဲ့ပြီး သူ့ကိုယ့်သူ လွှတ်ချလိုက်ပြီးတာနဲ့ လျှောက်ပတ်သွားတော့တယ်။ လုံလုံလောက်လောက် ကစားပြီးရင် သူ့သားဆီ တွေ့ဖို့ပြန်သွားပြီး သူ့ခဲအိုနဲ့ယောင်းမဖြစ်တဲ့ပုရှီတို့နဲ့ ပျော်ပျော်ရွှင်ရွှင် နေနေတော့တယ်]

ယန်ရှု “….”

သူမ တစ်ကြောင်းပဲ ကြားလိုက်ရသည်။

ရက်စက်ပြီး နှလုံးသားမဲ့လိုက်တာ။

မင်းသမီးရှုံအန်းက တကယ်ကို ရက်စက်တယ်။

ဒါက သေချာပေါက်ကိုပဲ သူဟာ ဘာကိုမှဂရုမစိုက်လို့ ဖြစ်နိုင်သည်။ အရမ်းကို လွတ်လွတ်လပ်လပ်နှင့် အေးအေးသက်သာစွာ နေနိုင်သည်။

သို့သော် ပြောမှပင် မုကျန်းဖင်းက သူ့တူလေးအပေါ် အတော်လေးကောင်းသည့်ပုံပင်။

စစ်စတန်က ပြောလာသည်။

[သေချာတာပေါ့ အဲဒါကောင်းတာပဲ။ ပြောရရင် သူ့ရဲ့အမေ မင်းသမီးရှုံအန်းက အဲ့မှာရှိတယ်လေ]

ယန်ရှုသည်လည်း အတူတူပင်တွေးမိသည်။ ဒီမုကျန်းဖင်းက ကိုယ့်ဘာသာ ပြန်ယက်နေတဲ့ ခွေးတစ်ကောင်ပဲ။ သူဟာ ဒီမရီးဖြစ်သူကိုပဲ ဂရုစိုက်သည်။ ထို့ကြောင့် သူ့တူလေးအပေါ် မကောင်းပေးလို့ မရပေ။

ဒါပေမဲ့ ထပ်ပြောရရင် မုကျန်းဖင်းမှာရော သားမရှိဘူးလား။

မင်းသာ မင်းတူလေးအပေါ် အရမ်းကောင်းနေရင်ရော။ မင်းရဲ့ကလေးက မနာလိုစိတ် ဖြစ်မှာလား။

သို့သော်လည်း စစ်စတန်က သေသပ်စွာနဲ့ရိုးရှင်းစွာပဲ “မဟုတ်ဘူး” ဟု ဖြေလာသည်။

[မဟုတ်ဘူး။ အရင်က ငါ တစ်ယောက်ယောက် ပြောတာကို ကြားဖူးတယ်။ နန်ကျောက်မင်းသမီးဆီမှာ ကလေးရှိတယ်ဆို။ ကြည့်ရတာ အခုဆို ဆယ်ကျော်သက်လောက်ရှိပြီထင်တယ်]

မမျှော်လင့်ထားစွာနဲ့ စစ်စတန်ကပြောလာသည်။

[အဲဒါက တကယ်တော့ သူ့ကလေးမဟုတ်ဘူး။ သူ့ကို ပုရှီရဲ့သွေးရင်းမိသားစုက သူမရဲ့အဆင့်အတန်း တည်ငြိမ်စေဖို့အတွက် အပြင်ဘက်ကနေ ခေါ်လာခဲ့တာ]

ဘာ။

154 03

ယန်ရှုက ထပ်မံထိတ်လန့်အံ့အားသင့်သွားရသည်

[ဒါကဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဘယ်သူကမှ ရှာမတွေ့ဘူးလား!။ ပုရှီက အရမ်းကို သတ္တိရှိတာပဲလား။]

စစ်စတန်က နှာမှုတ်ကာ ပြောလာသည်။

[ဒါကသတ္တိအကြောင်း မေးရမှာမဟုတ်ဘူး။ ဒါကို လုပ်မှကိုရမှာမလို့။ နင်သိလား မုကျန်းဖင်းက အစကတည်းက ပုရှီနဲ့အတူအိပ်ခဲတယ်ဆိုတာ။ နောက်တော့ အဆိပ်ခတ်တဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ဖြစ်လာပြီးတော့ သူမကို ထပ်မတွေ့ချင်တော့ဘူး။ မုကျန်းဖင်းက မှုးမတ်တွေနဲ့ အရက်သောက်ခွင့်ရတဲ့ အခွင့်အရေးရှိတော့ သူက တိုက်ရိုက်ပဲမူးသွားတယ်လေ။ နောက်တော့ သူ့နဲ့အိပ်ချင်ယောင် ဆောင်လိုက်ပြီး ကိုယ်ဝန်ရှိတယ်လို့ လိမ်လိုက်တာ။ အချိန်ကျလာတော့ အပြင်ဘက်ကနေ ကလေးတစ်ယောက်ကို ပွေ့လာပြီး သူမ မွေးခဲ့တယ် ပြောခဲ့တာ။ အဲ့ဒီအချိန်တုန်းက မင်းသမီးရှုံအန်းက အပြင်ထွက်သွားပြီး စံအိမ်ထဲက အစေခံအများစုကလည်း ပုမိသားစုပိုင်တာတွေပဲ။ ဖြစ်ချင်တော့ အဲနေ့ညက မုကျန်းဖင်းက အရမ်းကိုသောက်ထားမိပြီး ရှင်းရှင်းလင်းလင်းလည်း ရှင်းမပြနိုင်ဘူးလေ၊ အဲတော့ အဲ့လိုပဲ ဖြစ်သွားမှာမလား။]

ယန်ရှု “….”

ကျစ် ကျစ် ကျစ်…

သူမကို ပြောစရာစကားမဲ့သွားတဲ့အတွက် ခွင့်လွှတ်ပေးကြပါ ။

ကျစ် ကျစ်ကလွဲလို့ ယခုအချိန်မှာဖြစ်နေတဲ့ သူမရဲ့ခံစားချက်တွေကို ဖော်ပြနိုင်မဲ့ တခြားစကားလုံးတွေကို စဉ်းစားလို့ကိုမရဘူး။

ဘာသောက်ကိစ္စတွေတုန်းဟ။ ဒီဘက်ကနေ ကြည့်မယ်ဆိုရင် နန်ကျောက်နယ်မြေက လုံးဝကို ရှုပ်ထွေးနေတာမလား။

ဒါကအရမ်းကို ရှုပ်ထွေးလွန်းတယ်။

စစ်စတန်က ဟုတ်တယ်ဟု ပြောလာသည်။

[ပြောရရင် နန်ကျောက်မှာက အပေါ်ယံမှာပဲ တည်ငြိမ်နေတာ ဆယ်နှစ်ကျော်လောက် ရှိနေပြီ။ တစ်နေ့မှာ အမှန်တရားအမျိုးမျိုး ထွက်ပေါ်လာတာနဲ့ သေချာပေါက်ကို ပရမ်းပတာဖြစ်တော့မှာပဲ။ နောက်ပိုင်းတိုးတက်မှုကိုပဲ ကြည့်ကြတာပေါ့]

ယန်ရှုက ဒါကသာ တစ်ခုတည်းသော သွားစရာလမ်းဖြစ်မယ်လို့ ထင်သည်။

အဆုံးမှာတော့ ဒီလိုအရေးကြီးကိစ္စကို ဇာတ်လမ်းရေးပြီး အလွယ်လေး မဖော်ထုတ်ရဲပေ။

ကျစ် အတော်လေးနှမြောစရာပဲ။ အဆုံးမှာတော့ ဒီလိုဇာတ်ညွှန်းမျိုးသာ ရေးသားခံလိုက်ရရင် သေချာပေါက်ကို အရမ်းကို နာမည်ကျော်သွားမှာပဲ။

သို့သော်လည်း မင်းသမီးရှုံအန်းနဲ့သူမရဲ့ခံအိုကြားက ကြာရှည်နေပြီဖြစ်တဲ့ အချစ်အမုန်း လွန်ဆွဲနေတာကို နားထောင်ပြီးနောက်မှာတော့ သူမရဲ့CPကို ပိုပိုပြီး အလေးထားလာရပေသည်။

ယခုလို ရှည်ကြာပြီး ဆင်ခြင်မျှော်တွေးနိုင်ကြတဲ့ သူမရဲ့အိုင်ဒေါလ်ပညာရှိချီနဲ့ ဧကရီမယ်တော်ကြီးတို့ကြားက ဆက်ဆံရေးက တကယ်ကို ရှားပါးပေသည်!

ဝူးးးးးးး သူမရဲ့CPကို တင်းတင်းကြပ်ကြပ်ဖက်ထားပြီး ဘယ်တော့မှ လွှတ်မပေးဘူး!

~~~

ယန်ရှုက ဖရဲသီးစားလာသည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး ယခုက ညအချိန် ရောက်လာပြီဖြစ်သည်။

ယနေ့တွင် ဧကရာဇ်က အလုပ်တွေ စောစောပြီးသွားသည့်အတွက် သူမဆီ လာရောက်ပြီး ညစာစားဖို့ အရမ်းကို အားလပ်နေပြီဖြစ်သည်။

သေချာပေါက်ပင်။ သူမကို ဂရုစိုက်ရန်အတွက် ညစာစားပွဲအပေါ်တွင် ကြာစွယ်ချပ်အအေးကြော်၊ သခွါးသီးမွှေကြော်၊ မုန်ညှင်းစိမ်းကြော်နှင့် ပိတ်စွယ်ကြော်လိုမျိုး ပေါ့ပေါးပါးပါး ဟင်းလျာတချို့ ရှိပေသည်။

အသားစားနေကျဖြစ်သည့် ဧကရာဇ်အတွက် ယခုလို သူမနဲ့အတူ အသီးအရွက်စားနေရသည့် သက်သက်လွတ်သမား ဖြစ်ရသည်မှာ ခက်ခဲလှသည်။

သေချာပေါက် ထိုဟင်းလျာတွေက ယွီဝိန်းလန်အတွက် အရေးမကြီးပေ။ အိုက်ဖေးနှင့်အတူ ညစာစားရသည်မှာ ရှားပါးလှသည်။

—အထူးသဖြင့် ဒီနေ့မှာ သူ့တွင်သိချင်စိတ်အပြည့်ဖြစ်နေပြီး သူမကို မေးချင်နေခဲ့တာပင် အဟွတ်….

154 04

ထိုအချိန်မှာပဲ ယန်ရှုဟာ ပါးစပ်အပြည့် အနည်းငယ်စားပြီးနောက် ယွီဝိန်းလန် မေးလာသည်ကို ကြားလိုက်ရသည်။

“ဒီနေ့ရော့ယိနန်းဆောင်မှာ တစ်ခုခု ဖြစ်ခဲ့တယ်လို့ကြားတယ်”

ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားပြီး လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို ပြောတော့မလို့ပါပဲ။ နေ့လည်တုန်းက အရာရာက အဆင်ပြေနေခဲ့တာ။ ဒါပေမဲ့ စားပြီးတော့ မင်းသမီးရူရန်နဲ့ မင်းသမီးရှုံအန်းတို့က အချင်းများကြတော့တာပဲ”

ယွီဝိန်းလန်က သိချင်စိတ်အပြည့်နဲ့ မေးလိုက်သည်။

“ဘယ်လိုစကားများတာလဲ”

ယန်ရှုက ပြောလိုက်သည်။

“ပထမဆုံး မင်းသမီးရှုံအန်းပြောတာက မင်းသမီးရူရန်ရဲ့တူမက သိက္ခာမရှိဘူးတဲ့။ မင်းသမီးရူရန်က မင်းသမီးရှုံအန်းကို ပြောတာကျတော့လည်း သူမက ဥပမာအရဆို ဖင်းကျိုးသခင်လေး ကျင်းအန်းစွန်းအရာရှိ မိသားစုရဲ့သားလို လူတွေအများကြီးကို ဗလက္ကာရလုပ်ခဲ့တာတဲ့ အစရှိသဖြင့်ပေါ့….”

ထိုစကားတွေ ထွက်လာသည်နှင့် ယွီဝိန်းလန်ပင် ဘာမှမပြောနိုင်သေးခင်မှာပဲ အစားအသောက်အတွက် ခစားပေးနေတဲ့ ဖုဟိုင်က နှလုံးအူတန်ဖွယ်ရာဖြင့် ရပ်တန့်သွားတော့သည်။

[အစစ်လား အတုလား။ ကျင်းအန်းက စွန်းကျားရှီတို့မိသားစုရဲ့သားဖြစ်သူက အခုလက်ရှိစက်မှုလက်မှုရေးရာရုံးတော်ရဲ့အမတ်ဖြစ်တဲ့ စွန်းကျားလျန်မလား။]

ယွီဝိန်းလန်က တိတ်တဆိတ် ခေါင်းညိတ်ကာ ကောင်းပြီဟုပြောလာသည်။ ထိုအချိန်က စွင်းကျားလျန်အဖေက ထိုအချိန်တုန်းက ကျင်းအန်းကို အုပ်ချုပ်ခဲ့သူ ဖြစ်သည်။

မမျှော်လင့်ထားစွာနဲ့ သူနဲ့မင်းသမီးရှုံအန်းကြားမှာ ဆက်ဆံရေးတစ်ခု ရှိနေတယ်။

သူက မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ “တကယ်လား”

သို့သော် ယန်ရှုက ခေါင်းညိတ်ပြလာသည်။

“ဘာပဲဖြစ်ဖြစ် မင်းသမီးရူရန်ပြောတာပဲလေ။ ပြီးတော့လည်း မင်းသမီးရှုံအန်းက မငြင်းသွားဘူး”

သူက ထပ်ပြောလိုက်သည်။

“ထပ်လာဖို့ရှိသေးတယ် မင်းသမီးရှုံအန်းပြောပုံအရဆို မင်းသမီးရူရန်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူတို့အိမ်တော်က ကိုယ်လုပ်တော်တွေ ကိုယ်ဝန်ပျက်ကျတာနဲ့ ဆက်စပ်နေမယ်ထင်တယ်”

ထိုစကားတွေထွက်လာသည်နှင့် ဖုဟိုင်က စိတ်ထဲတွင် မအံ့ဩဘဲ မနေနိုင်တော့ပေ။

[ဘုရားရေ ဒီနေ့ရော့ယိနန်းဆောင်မှာ ဖြစ်သွားတာတွေက အများကြီးပဲ။ လွတ်သွားတာတော့ နှမြောစရာပဲ။ အဲ့တုန်းက အရှင်မင်းကြီးလည်း အဲဒီမှာ ရှိနေရင်ကောင်းမှာပဲ။ ဒါမှသူ့နောက်ကနေလိုက်ပြီး သတင်းအသစ်တွေကို သိနိုင်မှာ]

ယွီဝိန်းလန်က တိတ်တဆိတ် နားထောင်လိုက်ပြီး တွေးလိုက်သည်။ သူသာ ဒီနေ့ ထိုနေရာမှာ ရှိနေမယ်ဆိုလျှင် သူတို့နှစ်ယောက်က ထိုစကားတွေကို ပြောလိမ့်မှာမဟုတ်ပေ။

သေချာပေါက်ကိုပဲ ယခုအချိန်မှာ ပိုပြီးသိချင်နေတာက

“ဘာလို့ မင်းသမီးရူရန်နဲ့ မင်းသမီးရှုံအန်းက အချင်းများကြတာလဲ”

ယန်ရှုက ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ မင်းသမီးရူရန်က သူမရဲ့တူမကို လူကြီးမင်းချီနဲ့ တွဲဖက်ပေးချင်နေတာ။ အဲ့နေ့က မင်းသမီးရှုံအန်းရဲ့ လူကြီးမင်းချီအပေါ်ထားတဲ့ သဘောထားကို ရှင်လည်း တွေ့တယ်မလား။ မင်းသမီးရူရန်က ဒီလိုပြောတော့ အဲ့ဒီနှစ်ယောက်က စပြီးအချင်းများကြတော့တာပဲ”

ယွီဝိန်းလန် “….”

မမျှော်လင့်ထားဘဲ ချီရှုကွမ်းကြောင့် ဖြစ်နေတာပဲ။

ဒီလူက ဘယ်လိုလုပ်ပြီး အမျိုးသမီးတွေအများကြီးအပေါ် အရမ်းကို ဆွဲဆောင်နိုင်နေရတာလဲ။

သူ ပြောစရာစကား မဲ့နေတုန်းမှာပဲ ယန်ရှုက ချောင်းထပ်ဟန့်ကာ ပြောလိုက်သည်။

“တကယ်တော့ အခုလေးတင်ကဟာတွေက အပေါက်ကွဲစေနိုင်ဆုံး မဟုတ်သေးဘူး”

154 05

ယွီဝိန်းလန်က တန့်သွားကာ လျင်မြန်စွာ မေးလိုက်သည်။

“ဒါဆိုရင် စိတ်လှုပ်ရှားစရာအကောင်းဆုံးက ဘာကြီးလဲ”

သို့သော် သူမက လှည့်ပတ်ကြည့်နေတာကို တွေ့လိုက်ရသည်။

ယွီဝိန်းလန်က နားလည်သွားပြီး ချက်ချင်းပဲ သူ့လက်ကိုမြှောက်ကာ နန်းတွင်းသူတွေကို ထွက်သွားပြီး စောင့်ဆိုင်းခိုင်းလိုက်သည်။

“အရင်သွားနှင့်ကြ”

လူတိုင်းက နာခံလိုက်ကာ သူတို့အားလုံးရဲ့ခေါင်းတွေကို ငုံ့လိုက်ပြီး နန်းတော်ဂိတ်တံခါးအပြင်ဘက်ကို ပြန်ဆုတ်သွားကြတော့သည်။

ယွီဝိန်းလန်က ဖုဟိုင်ရဲ့စိတ်သောက ရောက်နေမှုကို ထပ်ကြားလိုက်ရသည်။

[အရှင်မင်းကြီး အရှင်မင်းကြီး ဒီနေရာမှာပဲ အပေါက်ကွဲစေနိုင်ဆုံးသတင်းကို ကြားခွင့်ပေးလို့ မရဘူးလား။ စကားဝိုင်းတစ်ခုကို စတင်ပြီး အဆုံးမသတ်တာက တကယ်ကို ညှင်းပန်းနှိပ်စက်နေတာပဲ!]

သူ့ရဲ့ခြေလှမ်းတွေက အနည်းငယ် နှေးကွေးနေပုံရကာ လူတိုင်းက ပြန်ဆုတ်သွားကြတာကို တွေ့သည့်အခါမှာတော့ သူ့တွင် တံခါးနားကိုရောက်ဖို့ ခြေလှမ်းအနည်းငယ် လိုနေသေးသည်။

ယွီဝိန်းလန် “….”

ထို့ကြောင့် သူက သတိပေးတဲ့အနေနဲ့ အကြည့်တစ်ချက်ကို ပေးလိုက်သည်။

ထိုအရာကိုတွေ့ပြီး ဖုဟိုင်က တွန့်ဆုတ်သွားကာ ခြေလှမ်းအနည်းငယ် မြန်လိုက်ပြီး နောက်ဆုံးတော့ ပြန်ဆုတ်ကာ ထွက်သွားတော့သည်။

အခန်းက တိတ်ဆိတ်သွားပြီး ယန်ရှုက ပြောလာသည်။

“စိတ်လှုပ်ရှားစရာ အကောင်းဆုံးအရာက မုကျန်းဖင်းက ဒီနှစ်တွေတစ်လျှောက်လုံး သူ့ရဲ့မရီးဖြစ်သူ မင်းသမီးရှုံအန်းကို နက်နက်ရှိုင်းရှိုင်း ချစ်နေခဲ့တာ။ မင်းသမီးမုက ရှာတွေ့သွားပြီးတော့ မင်းသမီးရှုံအန်းကို အဆိပ်ခတ်တာနဲ့ ထောင်ချောက်ဆင်တာ အမျိုးစုံလုပ်ပြီး အမေနဲ့သားကို ဖြေရှင်းချင်တာ။ ဒါနဲ့ မင်းသမီးရှုံအန်းက ဒေါသထွက်သွားပြီး သူ့ရဲ့ဝမ်းကွဲမင်းသမီးမုကို လက်စားချေဖို့ ဒေါသထွက်ပြီး မုကျန်းဖင်းနဲ့ အိပ်ပစ်လိုက်တယ်”

ယွီဝိန်းလန် “…”

သူ ငေးကြောင်နေစဉ်မှာပဲ သူမက ထပ်ပြောလာသည်။

“ပိုအရေးကြီးတာ တစ်ခုရှိသေးတယ်။ မင်းသားမုရဲ့အကြီးဆုံးသားက မင်းသားမုရဲ့ကိုယ်ပိုင်သွေးသားအရင်း မဟုတ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ကြင်ယာဘက်က နေရာကိုရဖို့ ကိုယ်ဝန်ရှိဟန် ဆောင်ခဲ့ပြီးတာနဲ့ ကလေးကို အပြင်ဘက်ကနေ ခေါ်လာခဲ့တာတဲ့လေ”

ယွီဝိန်းလန် “…”

….

အကြာကြီး တိတ်ဆိတ်နေပြီးနောက်မှာတော့ ဘယ်လိုရှုပ်ထွေးနေတာကြီးလည်းဟုသာ ပြောလိုက်ချင်သည်။

မင်းသားမုရဲ့စံအိမ်တော်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိရှုပ်ထွေးနေရတာလဲ။

~~~

သေချာပေါက်ကိုပင် အနည်းငယ် တည်ငြိမ်သွားပြီးနောက်မှာ ယွီဝိန်းလန်က နန်ကျောက်ရဲ့အခြေအနေက တကယ်ကို မတည်ငြိမ်ဘူးဆိုတာကို သိလိုက်သည်။

မုကျန်းဖင်းရဲ့ယောက္ခမ ပုကျားချန်က နန်ကျောက်ရဲ့တိုင်းရေးပြည်ရာကိစ္စမှာ ဝင်ရှုပ်ချင်နေတာ။

ပြီးတော့လည်း မုမိသားစုကို သစ္စာမရှိဘဲ တုပေါ်နဲ့တိတ်တဆိတ် တွေ့ဆုံနေသေးတယ်။

အနာဂတ်မှာ မုကျန်းဖင်းသာ အိုမင်းလာပြီး နန်ကျောက်သာ သူ့ယောက္ခထီးမိသားစုရဲ့လက်ထဲကို ကျရောက်သွားတာနဲ့ တာ့လျန်က မိတ်ဆွေကောင်းတစ်ယောက်ကို ဆုံးရှံးလိုက်ရနိုင်ချေရှိပြီး ထိန်းချုပ်ရခက်သည့် ရန်သူအဖြစ်သို့ အခန်းသစ်ဖွင့်နိုင်လိုက်လိမ့်မည်။

သို့သော်…..

ယနေ့ရဲ့ယန်ရှုဆီကသတင်းက အရမ်းကို အချိန်ကိုက်ပင်ဖြစ်သည်။

——မင်းသမီးရှုံအန်းက စိတ်မချ မယုံကြည်ရတဲ့ အဒေါ်တစ်ယောက် ဖြစ်နေပေမဲ့ သူ့ရဲ့သွေးသားအရင်း ဖြစ်နေသေးသည်။ အဆုံးမှာတော့ ယွီဝိန်းလန်နဲ့ သွေးတစ်ဝက်တော်သည်။

ရုတ်တရက်ပင် ယွီဝိန်းလန်ရဲ့စိတ်ထဲ၌ အကြံတစ်ခု ရှိလာသည်။

******

155 01

အပိုင်း 155

ထိုနေ့က ယောင်းမဖြစ်သူ မင်းသမီးရူရန်နှင့် ရော့ယိနန်းဆောင်တွင် အချင်းများခြင်းက သူမရဲ့တက်ကြွမှုကို ထိခိုက်သွားစေလားမသိပေ မင်းသမီးရှုံအန်းက တစ်ခဏလောက်ထိ လူတိုင်းရဲ့အရှေ့ကို ပေါ်မလာပေ။

သို့သော်လည်း ယန်ရှုက နောက်ထပ်ဖရဲသီးလှိုင်းကြီး တစ်ခုကိုစားလိုက်ရပြီးနောက်မှာတော့ ထိုအရာတို့ကိုချေဖျက်ရန် ရက်ပေါင်းများစွာ အချိန်ယူလိုက်ရသည်။

မင်းသမီးရှုံအန်းက သူမရဲ့နှလုံးသားအောက်ခြေကနေကို ရက်စက်သည့်လူတစ်ယောက်ဆိုပေမဲ့ နန်ကျောက်အရေးနဲ့ပတ်သက်ပြီး သူမတွင် မည်သည့်အပြင်မှ မရှိပေ။ သူမ မျှော်လင့်သည်ကလည်း ထိုရက်စက်ကြမ်းကြုတ်သည့် ပင်လယ်ဘုရင်မကို သူမရဲ့အိုင်ဒေါလ်ဆီကနေ ဝေးဝေးနေစေချင်ရုံသာ ဖြစ်သည်။

ကံကောင်းစွာနှင့် ဧကရာဇ်က ထိုနေ့မှာ ကိုယ်တိုင်ပြောခဲ့တာဖြစ်သည့်အတွက် စုန့်ဟယ်အကယ်ဒမီကို ပိတ်လိုက်ပြီး မည်သည့်လည်ပတ်သူကိုမှ မတွေ့ရပေ။ နောက်ဆုံးတော့ သူမရဲ့အိုင်ဒေါလ်ဖြစ်သူ ပညာရှိချီက မင်းသမီးရှုံအန်းဆီကနေ နှောက်ယှက်ခြင်းမခံရဘဲ တိတ်ဆိတ်စွာနဲ့ သင်ကြားပေးနိုင်ပြီဖြစ်သည်။

ရက်တွေကုန်လွန်လာသည်နှင့် ယန်ရှုရဲ့ကိုယ်ဝန်ဆောင်ချိန် တုံ့ပြန်သည့်လက္ခဏာတွေက နောက်ဆုံးတော့ တိုးတက်လာပြီဖြစ်သည်။ သူမ ကထပ်ပြီး ထိုင်းမှိုင်းမနေတော့သလို စားချင်စိန်သည်လည်း အနည်းငယ် ပြန်ကောင်းလာပြီဖြစ်သည် နောက်ဆုံးမှာတော့ အမဲသားနှပ်နှင့် ကြက်သားကင်လိုမျိုး အသားတချို့ကို စားသောက်နိုင်ပြီဖြစ်သည်။

သို့သော်လည်း ယခုတလောရဲ့ရာသီဥတုက ပူနွေးနေသည့်အတွက် သူမအကြိုက်ဆုံးအရာတွေက ရေခဲစိမ်အသီးအမျိုးမျိုးဖြစ်သည်။

သခွါးမွှေးသီး ဖရဲသီးနဲ့ စပျစ်သီးတွေက သူမကို စိတ်ကျေနပ်စေသည်။ ယွီရှန်းဖန်သည်လည်း ပုံစံအမျိုးမျိုးပြုလုပ်နိုင်အောင် အကောင်းဆုံးကြိုးစားပေးသည်။ နေ့တိုင်းနေ့တိုင်း တစ်မျိုးစားပေးလျှင် ခန္ဓာကိုယ်က သက်တောင့်သက်သာရှိပြီး ခံစားချက်လည်း ကောင်းမွန်ပေသည်။

ပထမကတော့ အပျိုတော်လေးက အနည်းငယ် စိုးရိမ်နေပေမဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ရေခဲကို အသင့်အတင့်စားနိုင်သည်ဟု သမားတော်ကျန်းကိုယ်တိုင် ပြောမလာခင်အထိပင်။ ထို့ကြောင့် သူက သူမကို လွှတ်ပေးလိုက်တော့သည်။

ယနေ့မှာတော့ စစ်စတန်ဆီကနေ ရုတ်တရက် သတင်းကြားလိုက်ချိန်မှာ ယန်ရှုက သူမရဲ့သခွါးမွှေးသီးကို စားနေခဲ့တာဖြစ်သည်။

[နန်ကျောက်ရဲ့နောက်ဆုံးရသတင်းကတော့ ဘုရင်ခံမုကျန်းဖင်းကနေ အခုလက်ရှိစံအိမ်တော်ရဲ့ဆက်ခံသူက သူ့ရဲ့သွေးသားအရင်း မဟုတ်ဘူးဆိုတဲ့ စာတစ်စောင်ကို လက်ခံရရှိလိုက်တယ်။ အဲဒါကြောင့် မင်းသမီးမုနဲ့နီးစပ်တဲ့အစေခံတွေအားလုံးကို ချက်ချင်းပဲ ထောင်ချလိုက်တယ်လေ။ နည်းနည်းနှိပ်စက်ပြီးတော့ အမှန်တရားကိုတွေ့သွားပြီ]

ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားပြီး လျင်မြန်စွာပြောလိုက်သည်။

[ကလေးက သူ့ကလေးမဟုတ်ဘူးဆိုတာကို သိသွားပြီလား။]

စစ်စတန်က ရေရွတ်လာသည်၊

[အတွင်းအပြင်အကုန်သိသွားပြီဆိုမှတော့ သေချာတာပေါ့၊ သူ သိသွားပြီ]

ယန်ရှုက လျင်မြန်စွာ ထပ်မေးလိုက်သည်၊

[ဒါဆိုရင် သူကမင်းသမီးကို ဘယ်လိုကိုင်တွယ်လိုက်လဲ။]

စစ်စတန် [တိုက်ရိုက်ပဲ သေဒဏ်ပေးလိုက်တယ်၊ သူ့မိဘတွေနဲ့အစ်ကိုတွေအပါအဝင် ပုမိသားစုရဲ့ သွေးရင်းမိသားစုက အဓိကမိသားစုဝင်တွေအားလုံးကို ပြစ်မှုတွေနဲ့စွဲဆိုပြီး နန်ကျောက်ရဲ့သေဒဏ်စီရင်တဲ့နေရာမှာ အခုအားလုံးကို အကျဉ်းချထားတယ်]

ယန်ရှုက ထိုစကားလုံးတွေကို ကြားသည့်အခါ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ပုမိသားစုက လုံလုံလောက်လောက် သတ္တိရှိပေမဲ့ ထိုလျှို့ဝှက်ချက်ကို ဆယ်နှစ်ကျော်လောက် ထိန်းသိမ်းလာခဲ့ပြီး ကြည့်ရသည်မှာ အမှန်တရား ပေါ်ထွက်လာမည့်နေ့ကို ရောက်လာခဲ့ပုံရသည်။

သို့သော် ပြောမှပင် ထိုလျှို့ဝှက်စာက….ဖြစ်နိုင်တာက ဧကရာဇ်ကများ တစ်ယောက်ယောက်ကို လုပ်ခိုင်းလိုက်တာလား။

ဖြစ်လောက်သည် သူမသိသွားသည်နှင့် ဧကရာဇ်ကိုသာ ပြောပြခဲ့သည်။ နန်ကျောက်က လွန်ခဲ့တဲ့ဆယ်စုနှစ်တွေမှာ အေးချမ်းနေခဲ့တာဖြစ်ပြီး ဧကရာဇ်ကလွဲလို့ မည်သူကမှ လုပ်နိုင်မည်မဟုတ်ပေ။

သို့သော် စစ်စတန်က သူမကို ဟုတ်မှန်ကြောင်း သက်သေပြသည့်အနေနှင့် ထောက်ခံလာသည်အား ကြားလိုက်ရသည်။

[အမှန်ပဲ ဧကရာဇ်က နင့်ဆီကနေ ကြားလိုက်တာနဲ့ နောက်တစ်နေ့မှာပဲ နန်ကျောက်ကို လူတစ်ယောက် အမြန်လွှတ်လိုက်တာ ပုမိသားစုက ဒေသခံမှာရှိတဲ့ ကြီးမားတဲ့အင်အားစုပဲ အပြင်ဘက်က အကူအညီသာ မရှိဘူးဆိုရင် မုကျန်းဖင်းက ဒီတစ်ခေါက် သူတို့ကို ချောချောမွေ့မွေ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး]

သိပြီ။

ယန်ရှုက ထိုအကြောင်းကို တွေးလိုက်ပြီး ရုတ်တရက်ပဲ နားလည်သွားရသည်။

——

ရလဒ်အနေနှင့် မင်းသမီးရှုံအန်းရဲ့သားဖြစ်သူ မုမိသားစုနဲ့သွေးသားအစစ်ကသာ ဘုရင်ခံမုရဲ့ နန်ကျောက်ကနန်းတော်မှာ ကျန်တော့တာဖြစ်သည်။ အနာဂတ်တွင် မုကျန်းဖင်းက အိုမင်းလာသည်နှင့် သူသာလျှင် ဘုရင်ခံမုနေရာကို သေချာပေါက် ဆက်ခံလိမ့်မည်ဖြစ်သည်။

155 02

ပြီးလျှင် ယွီဝိန်မိသားစုနဲ့လည်း သွေးတစ်ဝက် တော်စပ်နေသေးသည်။ ယုံကြည်နိုင်သည်က အနာဂတ်တွင် နန်ကျောက်နှင့် တာ့လျန်ရဲ့ ဆက်ဆံရေးက ပိုပြီးနီးကပ်လာမည်ဖြစ်သည်။

စစ်စတန်က ပြောလာသည်။

[အဲဒါကအကြောင်းပြချက်ပဲ]

ယန်ရှုက သက်ပြင်းမချဘဲ မနေနိုင်ပေ။ မျှော်လင့်ထားသလိုပင် ဖရဲသီးစားရသည်က အသုံးချစရာ အများကြီးရှိသည်။

အနာဂတ်ကတိုင်းပြည်နှစ်ခုရဲ့ခင်မင်မှုကိုမျှော်တွေးကြည့်ပြီးနောက် သူမသည်လည်း မရှိမဖြစ်ပေ။

သို့သော် ထိုသို့ပြောမှပင် လက်ရှိမှာ အခြေအနေတွေက တိုးတက်လာပြီဖြစ်ပြီး မင်းသမီးရှုံအန်းကသာ ဘဝရဲ့ အောင်နိုင်သူပင်။

လူတွေက တောင်တန်းတွေနဲ့ မြစ်ချောင်းတစ်လျှောက် ဘဝကိုပျော်ရွှင်စေဖို့ ခရီးသွားကြပြီး ချစ်ခြင်းမေတ္တာအကြောင်း ပြောကြကာ အခုထီးနန်းသည်လည်း ကလေးဆီကို ပြန်ရောက်သွားပြီဟု တွေးကြည့်လိုက်သည်။

ကျစ် တကယ်ကို မနာလိုအားကျစရာ ကောင်းလိုက်တာ။

သေချာပေါက်ပင် နန်ကျောက်က မြို့တော်ကနေ ဝေးကွာပြီး ယခုအချိန်တွင် မင်းသမီးရှုံအန်းက သတင်းကောင်းကို မသိလောက်သေးပေ။ ရက်အနည်းငယ်အတွင်း ပြိုင်ဘက်မွေးချင်းရဲ့ ကံကြမ္မာအကြောင်းကို သိသွားသည်က ပိုပြီးပျော်စရာ ကောင်းပေလိမ့်မည်။

~~~

ရက်အနည်းငယ် ထပ်ပြီးကုန်လွန်သွားပြီးနောက် ယန်ရှုရဲ့စားသောက်ချင်စိတ်က အနည်းငယ် ပြန်ကောင်းလာပြီဖြစ်ကာ နန်းတော်သည်လည်း ထပ်ပြီး အလုပ်ရှုပ်လာတော့သည်။

အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ရဲ့မွေးနေ့က ရောက်လာတော့မည်ဖြစ်တာကြောင့်ပင်။

သေချာပေါက်ပင် ဧကရာဇ်ရဲ့အသက်အရွယ်၌ ပြည်သူလူထုကို ထုတ်ဖော်ပြလျှင် ဆင်နွှဲရမည့်အချိန် မဟုတ်သေးပေ။

အဆုံးမှာတော့ ထိုအရာက ဧကရာဇ်ရဲ့ ကိုးကြိမ်မြောက် ငါးနှစ်တာစီမံချက်ဖြစ်သည်။ တိုင်းပြည်နှင့်ယှဉ်လျှင် ဘုရင်မင်းမြတ်ရဲ့မွေးနေ့သည်လည်း အရေးကြီးသည့်နေ့တစ်နေ့ ဖြစ်သည်။

ဘာကိုမှ မပြောလျှင်တောင် အရေးအကြီးဆုံးကိစ္စရပ်တွေထဲကတစ်ခုက ယခုအခွင့်အရေးကို အခွင့်ကောင်းယူပြီး နိုင်ငံရပ်ခြား တိုင်းပြည်တွေနှင့် အဆက်အဆံပြုကာ မူဝါဒတွေ လှဲလှယ်နိုင်ပေသည်။

ထို့ကြောင့် ယွီဝိန်းလန်ထီးနန်းကို ဆက်ခံလိုက်ကတည်းက ယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းဆိုင်ရာ ရုံးတော်က သူ့ရဲ့မွေးနေ့ကို တာ့လျန်၌ ချန်းနင်ပွဲတော်အဖြစ် ရည်ညွှန်းထားပြီး သုံးနှစ်ကြာတိုင်းတစ်ခါ ဆင်နွှဲပေသည်။ ထိုအခါ၌ တိုင်းပြည်အမျိုးမျိုးက သံတမန်တွေကို ဖိတ်ခေါ်ပြီး မြို့တော်တွင် စုစည်းကြစေသည်။

ပညာရှိချီကိုတွေ့ရန် တစ်လစောလာသည့် မင်းသမီးရှုံအန်းကလွဲလျှင် ကျန်သည့်တိုင်းပြည်တွေက မြို့တော်ကို ယခုမှသာ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်

ပြီးနောက် ပထမဆုံး ရောက်လာသည့်တစ်ယောက်က တာ့လျန်နှင့် မည်သည့်ဆက်ဆံရေးကောင်းမှ မရှိသည့် တုပေါ်တိုင်းပြည် ဖြစ်နေပေသည်။

အားလုံးသိကြသည့်အတိုင်းပင် တုပေါ်က တာ့လျန်ရဲ့ အနောက်တောင်အရပ်တွင်ရှိပြီး တာ့လျန်ပြည်ကို မျက်စိကျနေသည်မှာ ဆယ်စုနှစ်များစွာရှိနေပြီ ဖြစ်သည်။ ပြီးနောက် အချိန်တိုင်းလည်း စစ်မက်ဖြစ်ပွားနေတာပင်။

အလယ်၌ နန်ကျောက်နယ်မြေက စည်းခြားထားတာကြောင့်သာ မဟုတ်လျှင် စစ်ပွဲကပိုလို့တောင် ပြင်းထန်နေပေမည်။

လူတိုင်းက သူတို့ဟာ တာ့လျန်အပေါ် ရည်မှန်းချက်ကြီးကြီး ရှိနေတာကိုသိကြပေမဲ့ ဒီတစ်ကြိမ်တွင် တာ့လျန်နှင့် ငြိမ်းချမ်းရေးယူရန် ကမ်းလှမ်းလာမည်ဟု ထင်မထားပေ။

သတင်းတွေထွက်လာသည်နှင့် အုပ်ချုပ်ရေးပိုင်းနှင့် ဆန့်ကျင်ဘက် အဖွဲ့ဝင်တွေကြားမှာ ဆွေးနွေးမှုအများအပြားက ချက်ချင်းပဲ မြင့်တက်လာတော့သည်။

တချို့မှုးမတ်တွေက အရမ်းကိုဆန့်ကျင်လာကြပြီး ယခုကိစ္စကို သဘောမတူသင့်ဘူးဟု တွေးနေကြပေသည်. တုပေါ်က မြင့်မားတဲ့တောင်တန်းတွေနဲ့ ဝေးကွာတဲ့မြစ်ချောင်းတွေ ရှိသည့် မြေရိုင်းဖြစ်ကာ နန်ကျောက်လို တာလျန်နှင့် မျိုးဆက်ပေါင်းများစွာ ခင်မင်လာသည့် ဆက်ဆံရေးမဟုတ်ပေ။

155 03

တာ့လျန်က အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်လိုက်လျှင် သူမဟာ နှိပ်စက်မှုကို ခံစားရရုံတင်မက တစ်ဖက်လူဟာ သဘောတူညီမှုနှင့် အနာဂတ်တွင် တာ့လျန်မြေကို မကျူးကျော်ပါဘူး ဆိုသည့်ကတိကို မလိုက်နာပေ။

အထူးသဖြင့် လက်ထပ်သည့်ကိစ္စနှင့် ပတ်သက်တာပင် တာ့လျန်က သေချာပေါက်ကို ရက်ရောသည့် ခန်းဝင်ပစ္စည်းတွေ ပေးမည်ဖြစ်ကာ တုပေါ်ကလူတွေက ခန်းဝင်ပစ္စည်းတွေကို အရင်ဆုံး မြိုကြမည်ဖြစ်ပြီး ထို့နောက် လှည့်ကာ တာ့လျန်ကို ဝါးခြင်းနှင့်ရေသယ်တာက အချည်းနှီးပဲဟု ပြောကာ ပြဿနာရှာမည်ပင်။

သို့သော်လည်း ယခုကိစ္စကို နှစ်သက်ကြသည့် မှုးမတ်ပေါင်းများစွာလည်း ရှိပေသည်။ သူတို့ ယုံကြည်သည်က စစ်ပွဲဟာ လူအင်အားနှင့်ငွေအားကို ဖြုန်းတီးတာဟုပင်။ ပြီးနောက် တိုင်းပြည်ရဲ့စွမ်းအားကိုလည်း အများအပြား စားသုံးသေးသည်။ အကယ်၍ တိုင်းပြည်နှစ်ခုသာ အေးချမ်းတဲ့နည်းလမ်းနဲ့ ဆက်လက်တည်ရှိနိုင်မည်ဆိုလျှင် အလဲအလှယ်လုပ်နိုင်ပြီး တစ်ယောက်နဲ့တစ်ယောက်ကြားတွင်လည်း သန်မာစေနိုင်သည်။ အဲဒီလိုသာဆို ဘာလို့မလုပ်ရမှာလဲ။

ထို့ကြောင့် ရက်ပေါင်းများစွာတစ်ဆက်တည်းမှာပဲ ညီလာခံ၌ အဆုံးမရှိတဲ့အငြင်းပွားမှုတွေ ဖြစ်ပွားနေပေသည်။

သို့သော်လည်း မှူးမတ်တွေက အနှစ်ချုပ်ကို မရောက်နိုင်သေးခင်မှာပဲ မင်းသမီးရူရန်က ဧကရီမယ်တော်ကြီးဆီကို စိုးရိမ်မှုအပြည့်နှင့်ရောက်လာခဲ့သည်။

တိုက်ဆိုင်စွာနဲ့ပဲ ထို့နေ့တွင် မင်းသမီးရှုံအန်းရဲ့ နန်းတော်ကစားဖိုမှုးက နန်ကျောက်ရဲ့အထူးပန်းပွင့်ကိတ်ကို ပြုလုပ်တာပင်။ ပြီးနောက် မင်းသမီးရှုံအန်းက ဧကရီမယ်တော်ကြီး အရသာခံနိုင်ရန်အတွက် သူတို့အား နန်းတော်ထိ ကိုယ်တိုင်ကိုယ်ကျ ပို့ပေးလာသည်။

ထို့နောက် ဧကရီမယ်တော်ကြီးက ယန်ရှုကို စိုးရိမ်သည့်အတွက် သူမကိုခေါ်ကာ ချီအန်းနန်းဆာင်သို့ အတူသွားကြတော့သည်။

ထို့ကြောင့် သူတို့သုံးဦးသား အဆာပြေမုန့်ကို ပျော်ရွှင်စွာ စားနေချိန်တွင် နန်းတော်ကလူဆီကနေ သတင်းပို့လာသည်ကို ကြားလိုက်ရသည်။

“မင်းသမီးရူရန်က တွေ့ခွင့်တောင်းနေပါတယ်”

ပန်းပွင့်ကိတ်ရဲ့ ချိုမြန်တဲ့အရသာကို ခံစားနေတဲ့ ယန်ရှုက တစ်ခဏလောက်တွန့်ဆုတ်သွားပြီး မင်းသမီးရူရန်က ဒီကိုဘာကြောင့် ရောက်လာသလဲဆိုတာကို သိချင်နေမိသည်။

—ဖြစ်နိုင်တာက မင်းသမီးရှုံအန်းက ဒီနေ့နန်းတော်ထဲကို ဝင်မှာဆိုတာကိုသိလို့ ရန်ဖြစ်ဖို့ ရောက်လာတာများလား။

ကျစ် ကျစ် ဒီလိုသာဆို ဒီနေ့နောက်ထပ် ဖရဲသီးလှိုင်းတစ်ခု စားနိုင်မှာများလား။

ဒါကိုတွေးမိပြီးနောက် သူမက မင်းသမီးရှုံအန်းကို တိတ်တဆိတ် ငေးကြည့်လိုက်သည်။ သို့သော် သူမကဂရုမစိုက်ဘူးဆိုတာကို တွေ့လိုက်ရသည်။

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ဝင်လာပါ”

နန်းတော်အစေခံတွေက နာခံလိုက်ကာ တစ်ခဏကြာပြီးနောက် သူတို့တွေဟာ မင်းသမီးရူရန်က နန်းတော်ထဲကို ဝင်လာသည်အား တွေ့လိုက်ရသည်

မင်းသမီးရှုံအန်းလည်း ဒီနေရာမှာရှိနေတာကို တွေ့လိုက်သည့်အခါ အရင်ဆုံး နင်သွားပေမဲ့ ရန်ဖြစ်ဖို့အကြောင်းကို ထပ်ပြီး စိတ်မဝင်စားတော့ပေ။ သူမက ဧကရီမယ်တော်ကြီးကိုသာ ဂါရဝပြုလိုက်ကာ ဝမ်းနည်းနေသည့်မျက်နှာနှင့်

“ဧကရီမယ်တော်ကြီးကို ကျွန်တော်မျိုးမကို ကယ်တင်ပေးဖို့ တောင်းဆိုပါတယ်။ အားရှုံကို ကယ်တင်ပေးပါ”

သူမ စကားပြောပြီးနောက် မျက်ရည်များ ကျလာတော့သည်။

ဒါဟာနန်းတော်ထဲက လူသုံးယောက်ကို အံ့အားသင့်သွားစေပြီး ဧကရီမယ်တော်ကြီးက လျင်မြန်စွာ ပြောလိုက်သည်။

“ဘာဖြစ်လာတာလဲ။ ထပြီးပြောစမ်းပါ”

သူမစကားပြောပြီးနောက် နန်းတော်အစေခံတွေအား သူမကို ကူညီခိုင်းလိုက်သည်

မင်းသမီးရူရန်ကထို့နောက်တွင် ပြောလာသည်။

“ကျွန်မကြားတာတော့ တုပေါ်ရဲ့သံတမန်က လွန်ခဲ့တဲ့ရက်အနည်းငယ်က မြို့တော်ကို ရောက်လာပြီး အရှင်မင်းကြီးကို လက်ထပ်ဖို့အတွက် တောင်းဆိုသွားတယ်။တဲ့ ညီလာခံထဲက မှုးမတ်တွေ အများကြီးကလည်း အဲဒါကိုသဘောတူကြတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ယွီဝိန််မိသားစုကို ကြည့်ပါဦး။ ကျွန်မတို့ရဲ့အားရှုံကပဲ လက်မထပ်ရသေးတာပါ။ သူမကိုသာ တုပေါ်ဆီ လက်ထပ်ခိုင်းလိုက်မယ်ဆိုရင် ဆိုလိုတာက သူမအသက်က…..”

ပြောကာ ထပ်မံငိုကြွေးတော့သည်။

155 04

ထိုအခါမှသာ လူတိုင်းက နားလည်သွားတော့သည်။

—မင်းသမီးရူရန်ပြောတာမှန်သည် ဧကရာဇ်က အာဏာ ရလာကတည်းက ယွီဝိန်မိသားစုဟာ ဘယ်တုန်းကမှ ကြီးပွားချမ်းသာလာတာမျိုးမရှိပေ။

လက်ရှိကလန်အနေအထားကို ကြည့်မည်ဆိုလျှင် ရူရန်နန်းတော်တွင် မှန်ကန်သည့်အသက်၌ လက်မထပ်ရသေးသည့် မိန်းကလေးတစ်ဦးသာ ရှိပေသည်။ ထိုသူက ယွီဝိန်ရှုံဖြစ်ပြီး ရူရန်ဘုရင်ခံ၏ သမီးပင်။

သူမက မင်းသမီးရူရန်ရဲ့တစ်ဦးတည်းသောသမီးဖြစ်ပြီး သူမငယ်စဉ်ကတည်းက သူမရဲ့ဘေးမှာ တုန်နေအောင်ချစ်ခဲ့ရသူလည်း ဖြစ်သည်။

ဘုရင်ရူရန်ရဲ့ တခြားကိုယ်လုပ်တော်နှစ်ယောက်ရဲ့ သမီးတွေအတွက်ကတော့ သူတို့က ဆယ်နှစ်အောက်ပဲရှိသေးပြီး သိသိသာသာသာပင် သူတို့ကို ယူဆလို့မရပေ။

ထို့ကြောင့် ယခုကိစ္စဖြစ်ပွားသည့်အခါ မင်းသမီးရူရန်က အလွန်အမင်း စိတ်ရှုပ်ထွေးနေပြီး ရက်ပေါင်းများစွာကြာအောင် မစားနိုင်ဘဲ သူမရဲ့သမီးကို လက်ထပ်ဖို့စေလွှန်ခံရမှာကို ကြောက်ရွံ့သည့်အတွက် ညဘက်တွေတွင်လည်း အိပ်မပျော်နိုင်ပေ။

သူမ စကားပြောပြီးနောက် ဧကရီမယ်တော်ကြီးဆီကို မငိုဘဲ မနေနိုင်ပေ။

“မယ်တော်ကြီး သိတဲ့အတိုင်းပဲ။ အားရှုံက သူမငယ်ငယ်လေးကတည်းက နန်းတော်အစေခံတွေဆီကနေ ပိုးမွေးသလို ဖူးဖူးမှုတ်လာရတာ။ တုပေါ်လိုမြေရိုင်းမျိုးကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ။ အဲဒါအပြင် ကျွန်မကြားတာက အဲ့လူတွေက သားဖြစ်သူကိုလည်း အဖေသေသွားရင် လက်ထပ်လို့ရတယ်တဲ့။ ကိုယ်လုပ်တော်ရဲ့ အစ်ကိုကြီးက သေသွားပြီ။ ဒါပေမဲ့ မောင်ငယ်လေးကတော့ သူ့မရီးကို လက်ထပ်ချင်နေတုန်းပဲ….ဝူးးးးး အားရှုံကို ဒီလိုမြေရိုင်းထဲလက်ထပ်ဖို့ ဘယ်လိုလုပ်ပြီး ပြောရမှာလဲ…..”

ထိုစကားသံ ထွက်လာသည့်အခါ ဧကရီမယ်တော်ကြီးပင် ဘာမှမပြောနိုင်သေးခင်မှာပဲ မင်းသမီးရှုံအန်းက ပန်းပွင့်ကိတ်တွေကို စားနေရင်း ပြောလာပေသည်။

“လူမျိုးခြားတိုင်းပြည်တွေအများစုက ဒီလိုပါပဲ ဘာပြဿနာရှိလို့လဲ။ ယောင်းမကသာ အားရှုံကိုခွဲဖို့ ဆန္ဒမရှိဘူးဆိုရင် ကျွန်မမှာ အကြံတစ်ခုရှိတယ်”

ဒါကလူတိုင်းကို ထိတ်လန့်သွားစေပြီး သူမကို လျင်မြန်စွာ ကြည့်လိုက်ကြသည်။

မင်းသမီးရူရန်သည်လည်း မဝံ့မရဲနဲ့ မေးလာသည်။

“နင့်ရဲ့အကြံကဘာများလဲ”

သို့သော် မင်းသမီးရှုံအန်းက ပြောလာသည်။

“နင့်မွေးရင်းမိသားစုက တူမကို အိမ်ကနေ ထွက်မသွားမှာ စိုးရိမ်နေတာမလား။ နင်ကလည်း သူမကို လက်ထပ်ပေးရမှာလေ။ မဟုတ်ရင် ကလန်ရဲ့သမီးဖြစ်စရာ မလိုတော့ဘူး။ အကြီးဆုံးအစ်ကိုကြီးကသာ သူမကို ချွေးမအဖြစ် အသိအမှတ်ပြုရင်ပေါ့”

ဖူးးးး…..

ထိုစကားတွေ ထွက်လာသည်နှင့် ယန်ရှုက အခုလေးတင် သူမစားခဲ့သည့်ကိတ်ကို ပြန်ထွေးမိတော့မလိုပင်။

မဟုတ်လျှင် ဒါကသာ အကြင်နာတရားမဲ့သည့်သူ ဖြစ်နေလျှင် သူမက သူ့ရဲ့ပြိုင်ဘက်ကို ဒီအချိန်မှာ ဓားတစ်ချောင်းနှင့်ထိုးဖို့ မေ့သွားပုံမရပေ ။

သို့သော် မင်းသမီးရူရန်က တွန့်ဆုတ်သွားကာ ချက်ချင်းပဲ ပြောလိုက်သည်။

“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူမက အဲ့အရွယ်ကိုတောင် ရောက်…..”

မင်းသမီးရှုံအန်းက အေးဆေးသက်သာစွာနှင့် ဆက်ပြောလာသည်။

“ဘာကိစ္စလဲ။ ဘာပဲဖြစ်ဖြစ် တုပေါ်ကလူတွေက သူတို့သာ ကလေး ရှိနိုင်သရွေ့ ဒီအရာတွေကို ဂရုစိုက်တာမှ မဟုတ်တာ”

ထိုစကားတွေ ထွက်လာသည့်အခါ မင်းသမီးရူရန်က ကြက်သေ သေသွားပြီး ဧကရီမယ်တော်ကြီးကလည်း မတတ်နိုင်တော့ဘဲ မင်းသမီးရှုံအန်းကို ပြောလိုက်ရသည်။

“ဒီအချိန်မှာ နင့်ရဲ့ယောင်းမကို လျှောက်ပြီးနောက်မနေနဲ့ဦး”

ထို့နောက် သူမက မင်းသမီးရူရန်ကို ပြောလိုက်သည်။

155 05

“နင်ကအရမ်းကို စိတ်မရှည်လက်မရှည် ဖြစ်လွန်းတယ်။ ဒီကိစ္စက ဆွေးနွေးနေဆဲအဆင့်မှာပဲ ရှိသေးတာ။ အရှင်မင်းကြီးကလည်း ဘာမှမပြောရသေးဘူး ဘာလို့အရမ်းကို စိတ်လှုပ်ရှားနေတာလဲ”

မင်းသမီးရူရန်က ငိုယိုနေဆဲဖြစ်ကာ

“အားရှုံက ကျွန််မရဲ့ကိုယ်ပိုင်သွေးသားပါ။ ကျွန်မက မစိုးရိမ်ဘဲ နေပါ့မလား”

မင်းသမီးရှုံအန်းက ထို့နောက်တွင် အလေးအနက် ပြောလာသည်။

“ယောင်းမ အရာရာကို အလျင်စလို လုပ်လို့မရဘူး ။တကယ်သာအဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ဒီကိစ္စက တကယ်ကိုပဲ အားရှုံရဲ့ခေါင်းပေါ်ကို ကျမှာပဲ။ သူမ မလုပ်ချင်ရင်တောင် လုပ်နေရမယ်။ ဒါကယွီဝိန်မိသားစုရဲ့ သမီးတစ်ယောက်ပဲ။ တာဝန်ယူမှုဆိုတာ ရှိရမယ်။ တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့အစားအသောက်တွေနဲ့ ဘိုးဘေးတွေ ယူဆောင်လာပေးတဲ့ အဝတ်အစားတွေကို ပျော်မွေ့ရင်းနဲ့ပဲ ကုန်ဆုံးနေခဲ့တာလေ။ အဲဒါကြောင့် တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းရတဲ့အခါမှာ အရမ်းပင်ပန်းမနေရမှာပေါ့”

ဟမ်။

ထိုစကားတွေ ထွက်လာသည့်အခါ ယန်ရှုက မနေနိုင်ဘဲ မင်းသမီးရှုံအန်းကို အံ့ဩလေးစားစွာနှင့် ကြည့်လိုက်သည်။

ပြောမှပင် သူမကလက်ဦးမှုယူကာ နန်ကျောက်ဆီကို လက်ထပ်ပြီးသွားဖို့ တောင်းဆိုခဲ့တုန်းက သူမမှာရော ရည်မှန်းချက်တွေ မရှိလို့လား။

သို့သော် ရိုးရိုးသားသားပြောရလျှင် လက်ထပ်ခြင်းက တကယ်ကို ရက်စက်သည့်အရာပေ။

ဒီခေတ်ဟာ နောက်ပိုင်းနှစ်ထောင်ချီက မဟုတ်သလို ခရီးလမ်းပန်း ဆက်သွယ်ရေးကလည်း အရမ်းကြီး မဖွံ့ဖြိုးသေးပေ။ ဒီခေတ်တွေအတွင်း လက်ထပ်ပြီးသားအမျိုးသမီးတွေရဲ့ အရေအတွက် ဘယ်လောက်များများကပဲ သူတို့ဆွေမျိုးတွေရှိတဲ့ ဇာတိမြို့ကို ပြန်နိုင်ကြလို့လဲ။

ပြီးတော့ ယခုလေးတင် မင်းသမီးရူရန် ပြောခဲ့သလိုပင်။ လူမျိုးခြားတိုင်းပြည်တွေက သားတွေအတွက် သူတို့ရဲ့ကိုယ်လုပ်တော်တွေနဲ့ သူတို့ရဲ့ညီငယ်တွေကို မရီးနဲ့လက်ထပ်ခိုင်းတာမျိုးက ဖြစ်နေကျမျိုးမဟုတ်တာ မဟုတ်ပေ။ အတိတ်မှာ လက်ထပ်ခဲ့ကြသည့် အမျိုးသမီးတိုင်းက အနိုင်ကျင့်ခံရရုံသာမက သူတို့သာ ဂရုမစိုက်လျှင် တိုင်းရေးပြည်ရာရုန်းကန်မှုတွေထဲတွင် အသက်ပါ သေဆုံးသွားနိုင်သည်။

မှုးမတ်တွေပြောကြသည့် တိုင်းပြည်နှင့်လူမျိုးအတွက် ကောင်းကျိုးဆိုသည်က ဘယ်တော့မှ ပြန်မလာနိုင်တော့မည့် ထိုအမျိုးသမီးတွေအပေါ်တွင် အခြေခံပေသည်။

ယန်ရှုက တိတ်တဆိတ် သက်ပြင်းချလိုက်ကာ ယခုကိစ္စကို ဧကရာဇ်ကသာ ဆုံးဖြတ်နိုင်မည်ဟု တွေးနေပေသည်။

ကျစ် တော်ဝင်အမျိုးသမီးတစ်ယောက် ဖြစ်ရတာကလည်း မလွယ်ကူလိုက်တာ။

ဧကရီမယ်တော်ကြီးသည်လည်း ထိုနည်းတူစွာတွေးမိပြီး မင်းသမီးရူရန်ကိုသာ ပြောလိုက်သည်။

“ရှုံအန်းရဲ့စကားတွေက ကျိုးကြောင်းမဆီလျော်တာတော့ မဟုတ်ဘူး။ အိုက်ကျားလည်း အားရှုံရဲ့ခက်ခဲမှုတွေအတွက် သည်းခံခိုင်းစေဖို့ ဆန္ဒမရှိဘူးဆိုပေမဲ့ ဒါက မိသားစုနဲ့ တိုင်းပြည်အတွက် အဓိကကိစ္စရပ်ပဲ။ အိုက်ကျားလည်း ဝင်စွက်ဖက်လို့ မရဘူး။ ပြင်ဆင်ထားဖို့ပဲ အကြံပေးနိုင်တယ်။ ဒီကိစ္စသာ အားရှုံဆီမှာ တကယ်ဖြစ်ခဲ့မယ်ဆိုရင် မင်းမှာဆန္ဒမရှိရင်တောင် လုပ်ရမှာပဲ”

ထိုစကားတွေ ပြောပြီးသည်နှင့် မင်းသမီးရူရန်က ရပ်တန့်သွားကာ ထပ်မံငိုကြွေးလာတော့သည်။

ဧကရီမယ်တော်ကြီးလည်း ရွေးချယ်စရာမရှိတော့ဘဲ ဒီကိစ္စကို ဘယ်တော့လောက် အကောင်အထည်ဖော်မလဲဆိုသည်အား တော်ဝင်ညီလာခံကို သတင်းစုံစမ်းရန် စေလွှတ်လိုက်ကာ သူမကို နှစ်သိမ့်ပေးနေတော့သည်။

တိုက်ဆိုင်စွာနဲ့ သိပ်မကြာခင်မှာပဲ လွှတ်လိုက်သည့်သူက ပြန်ရောက်လာပြီး အလျင်အမြန် သတင်းပို့လာသည်။

“လျှောက်တင်ပါတယ်။ ဧကရီမယ်တော်ကြီး ညီလာခံကမှုးမတ်တွေနဲ့ ဝန်ကြီးတွေရဲ့ တစ်ညီတစ်ညွှတ်တည်း ဆုံးဖြတ်ဆွေးနွေးမှုအရ တုပေါ်ကလူတွေရဲ့လက်ထပ်ပွဲ တောင်းခံချက်ကို ငြင်းဆိုလိုက်ပါတယ်”

အိုး။

လူတိုင်းက တွန့်ဆုတ်သွားပြီး သူတို့ရဲ့မျက်လုံးတွေဟာလည်း လင်းလက်သွားကြတော့သည်။

ဧကရီမယ်တော်ကြီးကလည်း မေးလိုက်သည်။

“မှုးမတ်တွေက ဘာလို့သဘောတူသွားပြန်တာလဲ”

သို့သော် တစ်ဖက်လူ လျှောက်တင်လာတာကို ကြားလိုက်ရသည်။

“ဘာလို့လဲဆိုတော့ နန်ကျောက်နယ်မြေမှာ ဆန့်ကျင်မှုတစ်ခု ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းကြောင့်ပါ။ မင်းသမီးမုရဲ့ ပုမိသားစုက သာမန်လူရဲ့ကလေးတစ်ယောက်ကို ခေါ်လာပြီး ဘုရင်ခံမုကို လှည့်ဖျားဖို့ မင်သားလေးအဖြစ် ဟန်ဆောင်စေလို့ပါ။ မယ်တော်ကြီးမိသားစုဘက်က တူတစ်ယောက်ကို အကြီးဆုံးသားအဖြစ် သတ်မှတ်ထားပါတယ်။ ဒီလိုနဲ့ နန်ကျောက်နဲ့ကျွန်တော်မျိုးတို့ရဲ့ မင်းဆက်က ပိုနီးစပ်လာပြီး တုပေါ်နဲ့ဆန့်ကျင်ပြီး ပေါင်းစည်းတော့မှာပါ။ အဲဒါကြောင့် တုပေါ်က ထပ်ပြီးတော့ ပြဿနာရှာဖို့ အခွင့်အရေးယူမှာကို ကြောက်စရာ မလိုတော့ပါဘူး”

“ဘာ”

ထိုစကားတွေ ထွက်လာသည်နှင့် ယန်ရှုကလွဲ၍ ခန်းမထဲကလူတိုင်းက အံ့အားသင့်သွားကြတော့သည်။

ထို့နောက် ယန်ရှုက သက်ပြင်းချလိုက်တော့သည်။

သေစမ်း သတင်းကနောက်ဆုံးတော့ ရောက်လာပြီပဲ။ တခြားသူတွေနဲ့ ဖရဲသီးစားနိုင်ပြီ။

ရက်ပေါင်းများစွာကြာပြီးနောက် သူမက မွန်းကြပ်ပြီး သေလုနီးပါးပင်။

******

156 01

အပိုင်း 156

ဒီသတင်းဟာ သဘာဝကျကျပဲ လူတိုင်းကို အံ့အားသင့်သွားစေသည်။

ဘာ။

ထို့နောက် နန်ကျောက်ရဲ့မင်းသမီးမုဖြစ်တဲ့ မင်းသမီးပုက တကယ်တော့ မင်းသားမုကို မွေးပေးတယ်ဆိုပြီး အပြင်ဘက်ကနေ ကလေးတစ်ယောက်ကို ခေါ်လာတာတဲ့လား။

ဘာအခြေအနေတွေတုန်း။

အံ့အားသင့်သွားရပြီးနောက် လူတိုင်းက သဘာဝကျကျပဲ ဒီကိစ္စရပ်နဲ့ အနီးကပ်ဆုံးဖြစ်သည့် မင်းသမီးရှုံအန်းကို လှည့်ကြည့်လိုက်ကြသည်။

မင်းသမီးရူယန်ကလည်း သူမရဲ့မျက်ရည်တွေကို သုတ်ဖို့အချိန် မရှိတော့ဘဲ သူမရဲ့ယောင်းမကို လျင်မြန်စွာ မေးလိုက်သည်။

“ဘာ နင့်မတ်လေးရဲ့သားက သူနဲ့မဆိုင်ဘူးတဲ့လား။ နင့်ယောင်းမက ဘာလို့ ဒီလိုလုပ်ရတာလဲ”

သို့သော်လည်း ထိုစကားတွေ ထွက်လာသည်နှင့် မင်းသမီးရှုံအန်းသည်လည်း ကြောင်အစွာနှင့် ပြောလာသည်။

“ငါ ငါလည်းဘယ်သိမလဲ”

သူမစကား ပြောပြီးနောက် သတင်းလာပို့သည့် နန်းတော်အစေခံကို ပြောလိုက်သည်။

“ဒီသတင်းကအမှန်ပဲဆ်ိုတာ သေချာရဲ့လား။ မှားယွင်းပြီး ကြားမိတာ မဖြစ်နိုင်ဘူးလား”

သို့သော်လည်း စာလွှာပါးလာသည့် နန်းတော်အစေခံက ထပ်ခါထပ်ခါခေါင်းညိတ်ပြီး ပြောလာသည်။

“ဒီကိစ္စက တကယ်ကို အမှန်ပါပဲ။ ဒီအစေခံက ချင်းကျန်းနန်းဆောင်ရဲ့အပြင်ဘက်ကနေ ကြားလာခဲ့တာပါ”

သို့သော်လည်း မင်းသမီးရှုံအန်းကတော့ ရှော့ခ်ရနေဆဲပင်။

-ဘာ။ အဲ့ဒီပုမိသားစုက အမျိုးသမီးက တကယ်ပဲ အဲ့လိုလုပ်ရဲတယ်ပေါ့လေ။

ဧကရီမယ်တော်ကြီးသည်လည်း တစ်ခဏလောက်တွေးကာ ပြောလိုက်သည်။

“သတင်းက တော်ဝင်ညီလာခံကနေ ပို့လာတာဆိုမှတော့ တကယ်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် သွေးသားနဲ့သက်ဆိုင်တဲ့ ဒီလိုကိစ္စကြီးမျိုးက မင်းသားမုကို ဘယ်လိုလုပ်ပြီး နောက်ပြောင်လို့ရမှာလဲ”

သူမက ထပ်ပြုံးလိုက်ကာ မင်းသမီးရှုံအန်းကို အဓိပ္ပာယ်အပြည့်ဖြင့် ပြောလိုက်သည်။

“ဒီနေ့ မင်းကို တကယ်ကိုပဲ ဂုဏ်ပြုပါတယ်။ ဆူပူသောင်းကျန်းမှုဖြစ်ပြီး ထီးနန်းက အားလန်ဆီ ပြန်ရောက်သွားမယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး”

ထိုစကားတွေ ထွက်လာသည်နှင့် ခန်းမထဲက လူတိုင်းက မင်းသမီးရှုံအန်းကို လျင်မြန်စွာ ဂုဏ်ပြုလိုက်ကြသည်။

“မင်းသမီးကို ဂုဏ်ပြုပါတယ်”

ထိုစကားတွေ ကျလာသည့်အခါ မင်းသမီးရူရန်လည်း ရွေးချယ်စရာမရှိတော့ဘဲ တစ်နည်းနည်းနဲ့ရှိနေတဲ့ အပြစ်ရှိစိတ်နဲ့ သူမရဲ့ယောင်းမကို လျင်မြန်စွာ ကျေးဇူးတင်လာသည်။

-ကျစ် ငါ ထင်ထားခဲ့တာက ဒီယောင်းမဖြစ်တဲ့သူက ဘာအနာဂတ်မှမရှိတဲ့ မျက်စိစပါးမွှေးစူးစရာလို့ပဲ။ ဒါပေမဲ့ ရုတ်တရက်ကြီး သူ့မှာ အနာဂတ်ထပ်ရှိသွားပြီ…။

ပြောရရင် နှစ်တွေအများကြီး ကြာပြီးတဲ့အခါကျ ဒီနန်ကျောက်တိုင်းပြည်က သူ့သားရဲ့ကမ္ဘာဖြစ်လာတော့မှာပဲ။

ကောင်းပြီလေ ကြည့်ရတာ အနာဂတ်ကျရင် ငါတို့တွေ သူမနဲ့ အလွယ်လေး စကားများရန်ဖြစ်လို့ မရဘူးဘဲ။

ရုတ်တရက် ဂုဏ်ပြုခြင်းပြီးနောက် မင်းသမီးရှုံအန်းက အရင်ဆုံးကျေးဇူးတင်ကြောင်း ပြန်တုံ့ပြန်လိုက်သည်။

“လူတိုင်းပဲ ကျေးဇူးတင်ပါတယ်”

သို့သော် စိတ်ထဲတွင်တော့ မယုံနိုင်ဆဲဖြစ်နေပေသည်။ သူမ ခဏလောက်ပဲ ထွက်လာခဲ့တာပါ။ ဒီလိုကိစ္စကြီးက ဘယ်လိုလုပ်ပြီး ဖြစ်သွားရတာလဲ။

ငေးကြောင်နေစဉ်မှာပဲ သူမရဲ့ယောင်းမဖြစ်သူ မင်းသမီးရူရန်က ထပ်မံချောင်းဟန့်လိုက်ကာ သူမကို မေးလာသည်။

“ပြောမှပဲ နင့်မတ်နဲ့သူ့ဇနီးက ကျန်းမာရေး မကောင်းလို့လား။ ဒီလောက်နှစ်တွေ အများကြီးကြာတာတောင် ဘယ်လိုလုပ်ပြီး ကလေးတစ်ယောက်ထဲ ရှိနေရတာလဲ။ ဒါမှမဟုတ် ဒါကလည်း အတုလား။ နင့်မတ်က ကလေး မရနိုင်တာလား ဒါမှမဟုတ် နင့်ယောင်းမက ကလေးမရနိုင်တာလား”

ထိုစကားတွေထွက်လာသည့်အခါ ခန်းမထဲရှိလူတိုင်းက သူတို့ရဲ့နားတွေကို စွင့်ထားလိုက်ကြသည်။

အမှန်ပဲ သူတို့လည်း တကယ်ကိုသိချင်တယ်။

156 02

ယန်ရှု “….”

ပြောလို့မရဘူးပဲ။ မင်းသမီးရူရန်ကလည်း အတင်းတုပ်ရတာကြိုက်တာပဲ။

သို့သော်လည်း မင်းသမီးရှုံအန်းက ဒီကိစ္စကို ဘယ်လိုလုပ်ပြီး ဖြေနိုင်မည်တဲ့လဲ။

သူမသည်လည်း မသိပေ။

သေချာပေါက်ပင် ရှုံအန်းကောင်တီအရှင်က သူ့ပါးစပ်ကိုဖွ င့်လိုက်ပြီး တစ်ခုခုကို ပြောချင်နေပုံရပေမဲ့ တကယ်ကို ဘာပြောရမယ်မှန်းမသိပေ။

ထိုမြင်ကွင်းကို တွေ့သည့်အခါ ယန်ရှုက သူမ ဘယ်လောက်တောင် ထိတ်ပျာသွားလဲဆိုတာကို မသိတော့ပေ။

သူမ သိတယ်လေ။

ဒါပေမဲ့လည်း မပြောပြနိုင်ဘူး။

အားးးး သူမရက်တွေအများကြီး ထိန်းလာရတာ။ ပြီးတော့လည်း တခြားသူတွေကိုလည်း ပြောလို့မရ။ ဇာတ်လမ်းလည်း ရေးလို့မရဘူး။ သူမရူးတော့မယ်လို့ ဟုတ်ပြီလား။

ကံမကောင်းသွာနဲ့ပဲ သူမက ယခုအချိန်မှာ စကားပြောလို့ မရသေးပေ။

တစ်ခဏကြာပြီးနောက် ဧကရီမယ်တော်ကြီးက မင်းသမီးရူရန်ကို ပြောလာသည်။

“သူမက တစ်နှစ်လုံး စံအိမ်ထဲမှာမရှိဘူးလေ။ အဲဒါကြောင့် ဒီအရာတွေအကြောင်း မသိတာ ဖြစ်ပါလိမ့်မယ်”

ထိုစကားတွေ ပြောပြီးသွားသည်နှင့် နန်းတော်အပြင်ဘက်ကနေ သတင်းပို့ချက်တစ်ခုကို ရလိုက်သည်။

“အရှင်မင်းကြီးနဲ့ နန်ကျောက်တိုင်းပြည်ရဲ့ငယ်သားတွေက မင်းသမီးကို တွေ့ဖို့ပြောနေပါတယ်။ ကျေးဇူးပြုပြီး စံအိမ်ဆီကို တတ်နိုင်သမျှမြန်မြန်ပြန်ပါ”

မင်းသမီးရှုံအမ်းက ထရပ်လိုက်ကာ ပြောလာသည်

“အဲ့လိုဆိုမှတော့ ကျွန်မက အရင်ဆုံး ထွက်ခွာနှင့်ပါမယ်”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်လိုက်ကာ သူမက နန်းတော်တံခါးဝကနေ ထွက်သွားသည်အား ကြည့်လိုက်သည်

ထို့နောက် မင်းသမီးရူရန်ကို ပြောလာသည်။

“ကောင်းပြီ အခု ပြဿနာကိုလည်း ဖြေရှင်းပြီးသွားပြီဆိုတော့ နင်လည်း စိတ်ပူနေစရာ မလိုတော့ဘူး။ မကြာခင်ပြန်သွားပြီး အားရှုံကို နောက်ထပ်ကြောက်နေစရာ မလိုတော့ဘူးလို့ ပြောလိုက်တော့”

မင်းသမီးရှုရန်က နာခံလိုက်ပြီး ထရပ်လိုက်ကာ ပြောလာသည်။

“ကျေးဇူးတင်ပါတယ် ဧကရီမယ်တော်ကြီး ကျွန်တော်မျိုးမ တကယ်ပဲ အရှင်မင်းကြီးရဲ့ ဒီကိစ္စအပေါ်ထားတဲ့ဥာဏ်ပညာအတွက် ကျေးဇူးကြီးလှပါတယ်။ ဒါဆိုရင် ဒီဇနီးသည် အရင်ထွက်ခွာနှင့်ပါမယ်”

စကားပြောပြီးနောက် ထွက်သွားတော့သည်။

တစ်ခဏကြာပြီးနောက် ခန်းမကပိုတိတ်ဆိတ်လာပြီး ယန်ရှုသည်လည်း သူမ ထွက်သွားသင့်သလားဆိုတာကို တွေးနေပေသည်။ သို့သော် ဧကရီမယ်တော်ကြီးက သူမရဲ့လက်တွေကိုမြှောက်ကာ နန်းတွင်းသူတွေအား ထွက်သွားရန် ဝှေ့ယမ်းပြလိုက်ပြီးနောက် သူမက လျင်မြန်စွာ မေးလာသည်။

“ဒီကိစ္စအတွက် သတင်းတွေဘာတွေ ရှိသလား”

ယန်ရှုက ထိတ်ပျာသွားကာ လျင်မြန်စွာ ပြောလာသည်။

“ဒီကိုယ်လုပ်တော် လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက တကယ်ပဲ အရှင်မင်းကြီးဆီကနေ သတင်းတချို့ကို ကြားခဲ့ရပါတယ်…”

ဧကရီမယ်တော်ကြီးက လျင်မြန်စွာပြောလိုက်သည်။

“နားထောင်ကြည့်ရအောင်။ ဒီကလေးက ဘာဖြစ်တာလဲ”

ယန်ရှုက အလျင်အမြန်ဆက် ပြောလိုက်သည်၊

“ဖြစ်ကောင်းဖြစ်နိုင်တာက အဲဒီတုန်းက မင်းသားမုက မင်းသမီးမုအပေါ်ကို နည်းနည်းလေးအေးစက်ခဲ့တာ သဘာဝကျကျပဲ၊ မင်းသမီးမုက မနာလိုဖြစ်ပြီး ရှုံအန်းကောင်တီအရှင်ရဲ့ အလှကိုတွေ့လိုက်ရတော့ တခြားသူတွေကို ထိခိုက်စေချင်တဲ့နှလုံးသားရှိခဲ့တယ်။ သူမ လုပ်ခဲ့တာတွေ အဖော်ခံလိုက်ရပြီးတော့ သခင်ကြီးမုက ရှာတွေ့သွားပြီး သူမကိုပိုလို့တောင် အေးစက်စက် ဆက်ဆံခဲ့တယ်။ မင်းသမီးမုနဲ့ သူမရဲ့ သွေးရင်းမိသားစုက စိုးရိမ်ပူပန်လာပြီး ဒီကိုနည်းလမ်းမျိုး လုပ်ခဲ့ကြတာပဲ”

ထိုစကားတွေကိုကြားသည့်အခါ ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ပြရင်း ထပ်မေးလာသည်။

“ဒါတိုရင် သူက ဘယ်လိုလုပ်ပြီး ရှာတွေ့သွားရတာလဲ။ လွန်ခဲ့တဲ့နှစ်တွေမှာ အရမ်းကိုအေးချမ်းနေခဲ့တာလေ”

ယန်ရှုက ထိုသို့သာပြောနိုင်ပေသည်.

“ဖြစ်နိုင်တာက ကလေးက မင်းသားမုနဲ့သူ့ဇနီးတို့နဲ့ မတူလို့များလား။ နန်ကျောက်တိုင်းပြည်မှာ ကောလဟလတွေရှိတယ်။ မင်းသားမုကိုယ်တိုင်ကလည်း အန္တရာယ်ထဲကျနေတာ မဟုတ်ဘူး။ ဖြစ်ချင်တော့ အရှင်မင်းကြီးက အဲဒီသတင်းကို မတော်တဆနဲ့ ရလိုက်ပြီး အဲဒါကြောင့် တစ်ယောက်ယောက်ကို နန်ကျောက်ဆီသွားပြီး သခင်ကြီးမုကို ပြောခိုင်းလိုက်တာ”

156 03

အစမ်း ဘာပဲဖြစ်ဖြစ် ဘယ်လိုကိစ္စပဲရှိနေနေ ဧကရာဇ်ရဲ့ခေါင်းပေါ်ကို တင်ပေးလိုက်ရုံပဲ။

ပြီးတော့ သေချာစွာပဲ ဧကရီမယ်တော်ကြီးက မျက်မှောင်ကြုတ်ကာ ပြောလာသည်။

“အရှင်မင်းကြီးက နန်ကျောက်အကြောင်းကိုတောင် ရှာတွေ့နိုင်တယ်လား”

ယန်ရှုက အလျင်အမြန်ပဲ ဧကရာဇ်ကို လေထဲကနေ မြှောက်ပင့်တော့သည်။

“အရှင်မင်းကြီးက ဥာဏ်ပညာကြီးပြီး အင်အားကြီးလိုက်တာ”

….အမှန်ပဲ

နောက်ဆုံးတွင် ဧကရီမယ်တော်ကြီးသည်လည်း တခြားဖြစ်နိုင်ချေကို မတွေးနိုင်တော့ပေ။ ထို့ကြောင့် သူမက ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။

“တကယ်ကို အံ့ဩစရာပဲ”

ထိုအကြောင်းကို တွေးပြီးနောက် သူမရဲ့မျက်ခုံးတွေကို ရုတ်တရက်ပင့်လိုက်ကာ ပြောလိုက်သည်

။

“ပြောမှပဲ မုကျန်းဖင်းက ရှုံအန်းကို နှစ်သက်ကောင်းနှစ်သက်နေနိုင်တယ်”

ထိုစကားတွေ ထွက်လာသည့်အခါ ယန်ရှုက ယခုလေးတင်သူမသောက်လိုက်သည့် ရေနွေးပူတွေကို ထွေးထုတ်မိတော့မလိုပင် ထို့နောက် အံ့အားသင့်သွားတဲ့အကြည့်နဲ့ ပြောလိုက်သည်။

“ဧကရီမယ်တော်ကြီးက ဘယ်လိုလုပ်ပြီးသိတာပါလဲ”

သို့သော် ဧကရီမယ်တော်ကြီးက ဖျော့တော့စွာ ပြုံးလိုက်ကာ

“မဟုတ်ရင်ရော မုကျန်းဖင်းက သူမအတွက် ကလေးတစ်ယောက်ကို ဘယ်လိုလုပ်ပြီး စိတ်လိုလက်ရနဲ့ ပျိုးထောင်ပေးမှာတဲ့လဲ။ ပြီးတော့လည်း သူ့ရဲ့ကိုယ်ပိုင်သွေးသားကို မွေးဖို့ အလျင်လိုမနေဘူးလေ။ ဒီလိုအရာမျိုးကို အကြောင်းပြချက်မရှိပဲ လုပ်တဲ့အမျိုးသားမျိုးက ဒီခေတ်တွေထဲမှာ ဘယ်လိုလုပ်ပြီးရှိမှာလဲ။ ဖြစ်ကောင်းဖြစ်နိုင်တာက သူက သူမကို နှလုံးသားတစ်ခုလုံးနဲ့ ချစ်တာပဲဖြစ်ရမယ်။ ရှုံအန်းက အတော်လေး လုပ်နိုင်စွမ်းရှိတာပဲ”

ယန်ရှုက ခေါင်းညိတ်လိုက်ကာ ရုတ်တရက် ဥာဏ်လင်း ပွင့်သွားသလို ဟန်ဆောင်လိုက်သည်။

“သိပြီ”

ကျစ် ဧကရီမယ်တော်ကြီးက ဧကရီမယ်တော်ကြီး ဖြစ်ထိုက်ပါပေတယ်။ တကယ်ကို အံ့အားသင့်စရာပဲ။

ဧကရီမယ်တော်ကြီး ထပ်ပြောလာသည်ကို ကြားလိုက်ရသည်။

“ဒီပုမိသားစုက သနားစရာကောင်းတဲ့မိသားစုလို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ နှလုံးသားကတော့ ရက်စက်ကြမ်းကြုတ်တာပဲ။ တကယ်တော့ အပြစ်မရှိတဲ့ကလေးကို မထိခိုက်သင့်ဘူး။ အခုတော့ အဲဒါက သူ့ရဲ့ကိုယ်ပိုင်အမှား ဖြစ်သွားပြီ”

ယန်ရှုက ခေါင်းညိတ်လိုက်သည်။

ထို့နောက်ချက်ချင်းပဲ ဧကရီမယ်တော်ကြီးပြောလာသည်ကို ကြားလိုက်ရသည်။

“ပြောမှပဲ ဒီလူနှစ်ယောက်က အခုလူလွတ်တွေပဲဆိုတော့ သူတို့တွေ အတူရှိနိုင်မလားဆိုတာကို သိချင်မိသား”

ယန်ရှု “….”

သေစမ်း တကယ်တော့ သူမလည်း ဒီလိုအတွေးမျိုး မတွေးမိတာတော့ မဟုတ်ပေ။

ပြောရလျှင် မင်းသားမုက သူ့ရဲ့တူအရင်းဟု သတ်မှတ်လို့ရပြီး သူ့ကို ရှားပါးတဲ့မွေးစားအဖေလို့ သတ်မှတ်လို့ရသည်

သေချာပေါက်ပင် အရေးအကြီးဆုံးကိစ္စကတော့ မင်းသားမုသာ မင်းသမီးရှုံအန်းနှင့် ချည်နှောင်နိုင်လျှင် ပညာရှိချီအကြောင်းကို ထပ်ပြီးတော့ စိတ်ပူနေစရာမလိုတော့ပေ။

သို့သော် ပြောရခက်မှာကိုပဲ စိုးမိသည်။

သူ့ရှေ့ကမြင်ကွင်းအရ မင်းသားမုကိုကြည့်ရသည်မှာ မင်းသမီးရှုံအန်းက လုံလုံလောက်လောက် ပျော်ပြီးတာနဲ့ အိမ်ကိုပြန်လာဖို့ တိတ်တဆိတ် စောင့်ဆိုင်းနေသည်နှင့် တူသည်။ ဒါပေမဲ့ ဘယ်သူကသိမှာလဲ။ ပင်လယ်ဘုရင်မ မင်းသမီးရှုံအန်းက ဘယ်တော့မှ ပျော်လို့ဝမှာလဲ ဆိုတာကိုလေ။

ယခုလေးတင် တွေးကြည့်လိုက်ချိန်မှာတော့ သူမက ရုတ်တရက် တစ်ခုခုကို သတိရသွားတော့သည်။

156 04

——ဧကရာဇ်ရဲ့ချန်းနင်ပွဲတော်တိုင်းတွင် တစ်တိုင်းပြည်လုံးက သုံးရက်တာ အနားယူပြီး စုန့်ဟယ်အကယ်ဒမီသည်လည်း အနားယူမှာပင်။

ကျစ် ဒီလိုသာဆို မင်းသမီးရှုံအန်းက သူမရဲ့ အိုင်ဒေါလ်ကို ထပ်ပြီး နှောက်ယှက်ဦးမှာပေါ့။

~~~~

ညနေခင်းနှောင်းပိုင်းကို ရောက်နေပြီဖြစ်ပြီး ဝင်အံ့ဆဲဆဲနေမင်းဟာ တောင်တန်းတွေရဲ့အရှေ့မှာ ခပ်ဖျော့ဖျော့အလင်းရောင်ကို ထွန်းလင်းပေးနေပေသည်။

မနက်ဖြန်ဆိုလျှင် စုန့်ဟယ်အကယ်ဒမီက သုံးရက်တာ နားမည်ဖြစ်ပြီး အိမ်ပြန်ကြမည့် နောက်ဆုံးအသုတ်သော ကျောင်းသားတွေအား ပြန်လွှတ်မည်ဖြစ်သည်။ ချီရှုကွမ်းသည်လည်း တံခါးပိတ်ကာ အကယ်ဒမီဆီကို ပြန်သွားမည်ဖြစ်သည်။

—သူကတစ်ယောက်တည်းဖြစ်သည် မြို့တော်တွင်လည်း အိမ်တစ်လုံး ဝယ်စရာမလိုပေ။ ထို့ကြောင့် ရိုးရိုးရှင်းရှင်းနဲ့ အကယ်ဒမီကိုပဲ အိမ်အဖြစ် မှတ်ယူလိုက်ကာ အတိတ်တုန်းက သူနှစ်ပေါင်းများစွာ လုပ်ခဲ့သလိုပင်။

သို့သော် တံခါးမပိတ်ခင်မှာပဲ တောင်လမ်းပေါ်ကနေ အသံတစ်သံကို ကြားလိုက်ရသည်။

“မဟာပညာရှိချီရှန်း”

အဲဒါက အမျိုးသမီးတစ်ယောက်ရဲ့အသံဖြစ်ပြီး သိပ်မကြားသေးခင်က ကြားခဲ့ရသည့်အသံပင် ။

ချီရှုကွမ်းရဲ့နှလုံးသားက ရပ်တန့်သွားပြီး လျင်မြန်စွာပဲ ကြည့်ရှုရန် သူ့မျက်လုံးကို ပင့်လိုက်သည်။ သို့သော် မျက်နှာလွှားပုဝါကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က သိပ်မဝေးသည့်နေရာက တောင်ပေါ်လမ်းကနေ လမ်းလျှောက်လာနေတာကို တွေ့လိုက်ရတော့သည်။

သူပင် စကားမပြောနိုင်သေးခင်မှာပဲ အမျိုးသမီးက သူနှင့် သိပ်မဝေးစည့်နေရာအထိ လျှောက်လာပြီးပြီဖြစ်ကာ သူမရဲ့မျက်နှာလွှားပုဝါကိုပင် ချွတ်လိုက်တော့သည်။

ချီရှုကွမ်းက ရပ်တန့်သွားပြီး ရှေ့သို့ လျင်မြန်စွာနဲ့ နှစ်လှမ်းတိုးလိုက်ကာ ဂါရဝပြုရန် ဦးညွှတ်လိုက်သည်။

“ချောင်မင်က မင်းသမီးကို ဂါရဝပြုပါတယ်”

မင်းသမီးရှုံအန်းက ရယ်မောလိုက်ကာ

“ရပါတယ် အကြီးအကဲရှန် ကျွန်မကို မိတ်ဆွေဟောင်းတစ်ယောက်လိုပဲ ဆက်ဆံပါ”

ချီရှုကွမ်းက သူမကို မကြည့်ဘဲ ယဉ်ကျေးစွာနဲ့ဆက်ရှိနေကာ ပြောလိုက်သည်။

“ချောင်မင်မလုပ်ဝံ့ပါဘူး မင်းသမီးက ဒီကိုဘာလို့လာတာပါလဲ”

မင်းသမီးရှုံအန်းက သူ့ရဲ့အသွင်အပြင်ကို မျက်လုံးနဲ့တွေ့လိုက်ပြီး ရပ်တန့်သွားကာ ရုတ်တရက် သက်ပြင်းချလာသည်

“ရှင်က တကယ်ကိုပဲ ကမ္ဘာပေါ်က အခက်အခဲဆုံးယောက်ျားပဲ”

ချီရှုကွမ်းက ရပ်တန့်သွားတော့သည်။

သူပင် ဘာမှမပြောနိုင်သေးခင်မှာပဲ တစ်ဖက်လူက ထပ်ပြောလာသည်။

“ရိုးရိုးသားသားပြောရရင် ရှင့်ရဲ့နှလုံးသားထဲမှာ နှစ်သက်ရတဲ့ အမျိုးသမီးတစ်ယောက် ရှိတာလား”

ချီရှုကွမ်းက ထပ်မံရပ်တန့်သွားကာ သူ့ရဲ့အမူအရာကို အကောင်းဆုံး ထိန်းလိုက်ပြီး ပြောလာသည်။

“မင်းသမီးက ဒီလိုမေးခွန်းမျိုးကို ဘာလို့မေးတာပါလဲ။

မင်းသမီးရှုံအန်းကပြုံးကာ ပြောလိုက်သည်။

“ရှင့်မှာ ရှိနေတာပဲ။ မဟုတ်ရင် တခြားအမျိုးသမီးတစ်ယောက်ကိုတွေ့တိုင်း ကြွက်ကကြောင်ကို တွေ့လိုက်သလို ဖြစ်နေမှာလဲ။ သူမကြောင့်နဲ့ ဒီလောက်နှစ်တွေအများကြီးအထိ မိသားစုတစ်ခု မရှိသေးမှာကိုပဲ စိုးမိတယ်”

ချီရှုကွမ်းက ပြောမလာပေ။

မင်းသမီးရှုံအန်းက သူ့ကို ထပ်မေးလာသည်။

“ရှင်နှစ်သက်တယ်ဆိုမှတော့ ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီး သူမကို ရှင့်ရဲ့ဘေးမှာ မထားရတာလဲ”

ချီရှုကွမ်းက တစ်ခဏလောက် ရပ်သွားကာ ရုတ်တရက်ပဲ ပြုံးလိုက်ပြီး ပြောလာသည်။

“ဘာလို့လဲဆိုတော့ ချောင်မင်က အတူတူရှိနေဖို့အတွက် နေ့ညမပြတ်အတူတူရှိနေဖို့ မလိုဘူးလို့ တွေးတယ်။ ပြီးတော့လည်း ဘယ်သူကမှ ဘုရားသခင်ရဲ့အလိုကို မခုခံနိုင်ဘူး”

“ဘုရားသခင်ရဲ့အလို” ရှုံအန်းကတန့်သွားကာ “ဖြစ်နိုင်တာက သူမက ဒီကမ္ဘာပေါ်မှာ ထပ်ပြီးမရှိတော့လို့လား”

156 05

ချီရှုကွမ်းက စကားမပြောပေ။ သို့သော်လည်း သူ့အမူအရာကို ကြည့်ရသည်မှာ သဘောတူနေပုံရသည်။

ရှုံအန်းက ငြင်သာစွာ ပြောလိုက်သည်။

“ရှင့်ရဲ့ဝမ်းနည်းမှုတွေကို ပြန်ခေါ်မိတဲ့အတွက် တောင်းပန်ပါတယ်။ ရှင်ကတကယ်ကို ရှားပါးပြီး စွဲစွဲမြဲမြဲချစ်တဲ့သူပဲ။ ဒီတစ်ခေါက် ကျွန်မမြို့တော်ကို လာတာက ရုတ်တရက်ဆန်တယ်လို့ ပြောလို့ရတယ်”

စကားပြောပြီးနောက် မျက်နှာလွှားပုဝါကို ပြန်တပ်လိုက်ကာ လှည့်ထွက်သွားတော့သည်

သို့သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ပြန်လှည့်လာကာ သူ့ကို ပြောလာသည်။

“ဒီကမ္ဘာပေါ်မှာ တကယ်ပဲ အချိန်တွေအကြာကြီးအထိ ချစ်မြတ်နိုးသွားမဲ့ ချစ်ခြင်းတရားရှိတယ်ဆိုတာ ကျွန်မတော့ မယုံဘူး။ ရှင့်ကိုလည်း စိတ်ပြောင်းလိုက်ဖို့ မမျှော်လင့်ပါဘူး။ ကျွန်မမျှော်လင့်တာက အနာဂတ်မှာ ရှင်အဆင်ပြေပြီး ကျွန်မလည်း အနာဂတ်မှာ ထပ်ပြီးမနှောက်ယှက်တော့ဘူး”

သူမစကားပြောပြီးနောက် နောက်ဆုံးမှာ သူမရဲ့ခြေလှမ်းတွေကို ကြွလိုက်ရင်း လမ်းအဆုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

~~~~

ထိုညတွင် ယန်ရှုက ထိုအကြောင်းကို စစ်စတန်ဆီကနေ ကြားလိုက်ရသည်။

သူမကြားတာ မှန်ကန်သလားဆိုတာကို အတည်ပြုပြီးနောက်မှာတော့ သူမက အလွန်အမင်းကို အံ့အားသင့်သွားတော့သည်။

[မင်းသမီးရှုံအန်းက အခက်အခဲတွေကြောင့် နောက်ပြန်ဆုတ်သွားတာလား။]

စစ်စတန် [အဲ့အကြောင်းပြောရရင် တကယ်တော့ ချီရှုကွမ်းက တကယ်တော့ သူမမရနိုင်တဲ့ ပန်းတိုင်တစ်ခုလို့ ပြောလို့ရတယ်။ အဲဒါကြောင့် သိချင်စိတ်အပြည့်နဲ့ အနိုင်ယူလွှမ်းမိုးလိုစိတ် နည်းနည်းကြောင့်ပဲ။ ဒါပေမဲ့ မင်းသမီးရှုံအန်းက အချိန်အကြာကြီး နောက်ကလိုက်ပြီး စောင့်ဆိုင်းနေမဲ့သူမျိုး မဟုတ်ဘူး။ ချီရှုကွမ်းက သူ့လို မဟုတ်ဘူးဆိုတာကို ခံစားမိပြီး ဆက်ပြီးတွယ်ကပ်နေဖို့ စိတ်မဝင်စားတော့တာ]

ယန်ရှုက ခေါင်းညိတ်ပြလိုက်သည်။

[သူမက ဥာဏ်ရှိသားပဲ]

ဟမ့် မဟာဆရာသခင်ချီက သူ့ရဲ့အိုင်ဒေါလ်လေ ဘယ်သူမှသူ့ကို ယူသွားလို့မရဘူး။

သို့သော် ရိုးရိုးသားသားပြောရလျှင် မင်းသမီးရှုံအန်းက သူမ မြင်ဖူးသမျှထဲတွင် အလေးစားရဆုံးတစ်ယောက်ပင် ။

ပထမတော့ နန်ကျောက်ဆီသွားပြီး လက်ထပ်ဖို့ တောင်းဆိုတယ်။ နောက်တော့ ခင်ပွန်းဖြစ်သူက စောစောစီးစီးသေဆုံးသွားရတယ်….။

သူ့ဘဝတစ်ဝက်မှာ အတက်အကျတွေအများကြီးကို ဖြတ်သန်းပြီးတော့ အခုလိုမျိုး တက်ကြွနေဖို့ ထိန်းချုပ်နိုင်နေတုန်းပဲ။ အရေးအကြီးဆုံးကတော့ နန်ကျောက်ရဲ့ထီးနန်းက နောက်ဆုံးတော့ သူမရဲ့သားခေါင်းပေါ်ပဲ ကျသွားတာပဲ။

အဲဒါက သူမရဲ့ထူးခြားတဲ့ဥာဏ်ပညာကြောင့်ပဲ မဟူတ်ဘူးလား။

အပြောင်းအလဲမြန်ပြီး မတူကွဲပြားတာက မုကျန်းဖင်းကို သူမအကြောင်း အမြဲတမ်း စိတ်ပူနေစေပြီး သူမကို မမေ့စေတာလား။ ဒီလိုနည်းနဲ့ သူမက သူမရဲ့သားအပေါ်မှာ စိတ်နှလုံးပုံအပ်ထားနိုင်ပြီလေ။

သူမက သိချင်နေသေးသည်။

[တခြားပြောရမယ်ဆို မင်းသမီးရှုံအန်းက ပညာရှိချီကို သူက ချစ်မိနေတယ်လို့ထင်နေပြီလေ။ သူမရဲ့မတ်ကို ဘယ်တော့မှ ပြန်မကြည့်တော့ဘူးလား။ ပြောရရင် သူ့မတ်ကလည်း စွဲစွဲမြဲမြဲချစ်တတ်တဲ့သူပဲ]

စစ်စတန် [သူမ မအားလို့နေမှာပေါ့။ စုန့်ဟယ်အကယ်ဒမီကနေ ပြန်လာပြီးသိပ်မကြာဘူး။ ရုံရန်က တမန်တော်ကို လမ်းမှာ တွေ့တယ်လေ။ ရုံရန်ရဲ့တမန်တော်က ကြည့်လို့ကောင်းတယ်ဆိုတာကို တွေ့တော့ နှစ်ယောက်လုံးက အတူတူသောက်ကြဖို့ ထွက်သွားကြပြီ]

ယန်ရှု “….”

တကယ့်ကို လိုက်ဖက်တဲ့ ယောက်ျားနဲ့မိန်းမပါပဲ။

မေ့လိုက်တော့ သူမက ဂြိုလ်သားတွေရဲ့ကမ္ဘာကို မသိချင်ဘူး။

ဒါပေမဲ့ ခဏ ထပ်ပြီးရုံရန်ပဲလား။

…အရင်တစ်ခေါက်က အကြီးဆုံးမင်းသမီးကြီးရဲ့ အဆိပ်ခတ်ခံရတဲ့အကြောင်းကို မင်းသမီးရှုံအန်းက မသိဘူးမလား။ သူမကိုလည်း ဆေးခတ်ပြီး ကျရှုံးသွားအောင်လို့တော့ မလုပ်လောက်ပါဘူးနော်။

သို့သော် စစ်စတန်ကပြောလာသည်။

[သူက အချစ်ရေးမှာ ဝါရင့်ပဲ။ အဲတော့ အဲ့အကြောင်းကို စိတ်ပူနေစရာမလိုဘူး။ အခု နင်သိချင်မဲ့အသစ်တစ်ခုရှိတယ်]

ယန်ရှုရဲ့မျက်လုံးတွေက ချက်ချင်းပဲ တောက်ပသွားကာ လျင်မြန်စွာနဲ့ပြောလိုက်သည်။

[ဘာလဲ။!]

စစ်စတန် [မုကျန်းဖင်းက လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ပြည်တွင်းရေးကိစ္စတွေကို ဖြေရှငိးပြီးတော့ နန်ကျောက်ကနေ ထွက်လာခဲ့တာ။ အခုဆို မြို့တော်ကိုတောင် ရောက်လုနီးပြီ]

ယန်ရှု “…”

ထိုအချိန်မှာပဲ ယခုလေးတင် ရေချိုးပြီးလာပြီး ရေချိုးခန်းထဲကနေ ထွက်လာသည့် ယွီဝိန်းလန်က ညောင်စောင်းဆီကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ စစ်စတန်နှင့်အတူ ဖရဲသီးစားနေသည့်သူမကို ပွေ့ဖက်လိုက်ပြီး ပြောလာသည်။

“မိုးကဘာလို့ အဲ့လောက်တောင် အားအင်အပြည့် ဖြစ်နေရတာလဲ”

ကြည့်ပါဦး မျက်လုံးတွေကို ပြူးကျယ်နေအောင် ဖွင့်ထားတယ်။ အသစ်တစ်ခုခုကို သိလိုက်ရတဲ့အတိုင်းပဲ။

သူစကားပြောပြီးသွားသည်နှင့် ယန်ရှုကသူ့ကို စိတ်လှုပ်ရှားစွာ ပြောလာသည်။

“အရှင်မင်းကြီး ဒါကတစ်သက်မှာ တစ်ခါပဲရတဲ့အခွင့်အရေးပဲ။ ဒီကိုယ်လုပ်တော်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပြီး ဒီမြင်ကွင်းကို မြင်ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်”

ယွီဝိန်းလန် “…”

******

All Chapters