← Chapters

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

157 01

အပိုင်း 157

ယန်ရှုရဲ့ရှင်းပြချက်တွေကိုသာ သူ့နားနဲ့ ဆက်ဆက်ကြားလိုက်ရတာကြောင့်သာ မဟုတ်လျှင် ယွီဝိန်းလန်ဟာ နန်ကျောက်ရဲ့ဘုရင် မုကျန်းဖင်းက မြို့တော်ကို လူကိုယ်တိုင် ရောက်လာတယ်ဆိုသည်အား သိလိုက်ရမည်ပင် မဟုတ်ပေ။

သိကြသည့်အတိုင်းပင် လွန်ခဲ့သည့်လေးနှစ်တုန်းက သူဟာ ထီးနန်းကို ဆက်ခံစဉ်ကတောင် တစ်ဖက်လူက မလာခဲ့ပေ။

ကျစ်…ဒီတစ်ကြိမ်လာရှာတာက မင်းသမီးရှုံအန်းကိုများလား။

ရိုးရိုးသားသားပြောရလျှင် ယွီဝိန်းလန်က အတော်လေး နားမလည်ပေ။

သေချာပေါက်ပင် မုကျန်းဖင်းလာသည်ဖြစ်စေ မလာသည်ဖြစ်စေ အဲဒါက မုကျန်းဖင်းရဲ့ကိစ္စသာဖြစ်သည်။ ယခုသူဟာ ယန်ရှုအတွက်ကိုသာ ပိုပြီးစိတ်ပူမိသည်။

သူဟာ မျက်လုံးပင့်လိုက်ရင်း ပြောလိုက်သည်။

“အရင်တစ်ခေါက်က သန္ဓေသားပညာရေးအကြောင်းကို ပြောခဲ့တာက ဘယ်သူပါလိမ့်။ မင်းရဲ့အချိန်တွေအကုန်လုံးကို ဒီလိုအရာမျိုးအပေါ်မှာပဲ ကုန်ဆုံးနေတာလား။ ကလေးအတွက် တကယ်ပဲ ကောင်းလို့လား”

သူက စကားပြောပြီးနောက် သူ့လက်ကို ဂရုတစိုက်နှင့် ဆန့်ထုတ်လိုက်ကာ သူမရဲ့ဝမ်းဗိုက်ကို ငြင်သာစွာဖြင့် ပုတ်လိုက်သည်။

ကောင်းပြီလေ ကြည့်ရတာ နည်းနည်းတော့ လှုပ်နေတဲ့ပုံပဲ။

ပြောမှပင် အထဲထဲက မြေပဲစေ့သေးသေးလေးက အခုဆို သစ်ကြားစေ့လောက်ထိ ကြီးထွားလာလောက်ပြီ ဟုတ်တယ်မလား။

အမေ့နောက်ကိုလိုက်ပြီး ဒီမသင့်တော်တဲ့ အတင်းတွေကို တစ်နေ့လုံး နားထောင်နေတာ။ ကြီးလာရင်တော့ အတင်းပြောချင်စိတ်တွေနဲ့ပဲ ပြည့်နှက်နေမလားမသိဘူး…..။

ယွီဝိန်းလန်က ထိုမြင်ကွင်းကို တွေးကြည့်ဖို့ ကြိုးစားလိုက်သည်။

ပန်းနုရောင်သန်းပြီး နူးညံ့သည့်ကလေးလေးက သူမရဲ့ပါးစပ်ကိုဖွင့်ပြီး တခြားသူတွေရဲ့ လျှို့ဝှက်ချက်ကို ပြောတော့မယ်။

ဟစ်…ကြည့်ရတာ နည်းနည်းတော့ ကြောက်စရာကောင်းတဲ့ပုံပဲ။

မမျှော်လင့်ထားစွာနဲ့ သူ့လက်မောင်းထဲကလူဟာ ပြောလာသည်။

“ကြည့်ရတာ အရှင်မင်းကြီးက သန္ဓေသားပညာရေးမှာ အရေးအကြီးဆုံးက မိခင်ဖြစ်တဲ့သူကို ခံစားချက်ကောင်းအောင် ထားရမယ်ဆိုတာကို မသိသေးတဲ့ပုံပဲ။ မိခင်က စိတ်ခံစားချက်ကောင်းနေမှသာ ကလေးက ကောင်းကောင်း ကြီးထွားနိုင်ပြီး ကိုယ်ရည်ကိုယ်သွေး ကောင်းကောင်းရှိမှာ။ တစ်နေကုန်တစ်နေခန်း နန်းတော်ထဲမှာ ထိုင်နေပြီး အပြင်ကို မထွက်နိုင်ဘဲ မျက်စိရှေ့မှာလည်း ပစ္စည်းနည်းနည်းပဲ ရှိမယ်ဆိုရင် ပျော်ရွှင်စရာ နည်းနည်းလေးအတွက် ဒီအရာတွေကိုပဲ မှီခိုနေရမှာမလား”

ထို့အပြင်….

နေ့တိုင်းနေ့တိုင်း သူမကို ဖရဲသီးကျွေးနေတဲ့ စစ်စတန်တစ်ခုလည်း ရှိသေးသည်။ အဲဒါကိုမကြည့်ဘဲ ဘယ်လိုလုပ်ပြီး ပျော်ပျော်ရွှင်ရွှင် စားနိုင်မှာလဲလို့။

မမျှော်လင့်ထားစွာနှင့် စစ်စတန်က စကားပြောဖို့ ရုတ်တရက်ကြီး ခုန်ထွက်လာသည်။

[အပြစ်တင်နေတာလား။]

သို့သော် ယန်ရှုက လျစ်လျူရှုလိုက်ကာ ယွီဝိန်းလန်ကို ပြောလာသည်။

“ကျွန်မကြားတာတော့ မင်းသမီးရှုံအန်းက ဒီနှစ်ရက်လုံး ရုံရန်ကသံတမန်နဲ့ ပူပြင်းတဲ့တိုက်ခိုက်မှုလေးတွေ ရှိနေတာဆို။ အကြာကြီးစောင့်ဆိုင်းနေတဲ့ မင်းသားမုသာ ရှာတွေ့သွားရင် တစ်ယောက်ယောက်ကတော့ ပျော်စရာ ကောင်းနေတော့မှာပဲ။ အမှန်အတိုင်းပြော အရှင်မင်းကြီးရော အဲဒါကို မတွေ့ချင်ဘူးလား”

ယွီဝိန်းလန် “….ဒီလိုမြင်ကွင်းမျိုးကိုမြင်ပြီး ကိုယ်က ဘာလုပ်ရမှာလဲ”

အဟွတ် သူက ဒီလိုအရာမျိုးတွေကို ဘယ်တုန်းက ကြည့်ချင်နေလို့လဲ။ သူ ဂရုအစိုက်ဆုံးအရာတွေကတော့ ထိုနောက်ကွယ်က ကိစ္စကြီးတွေပင်။

စကားပြောပြီးနောက် ယန်ရှုကသူ့ကို စိတ်ပျက်စွာနဲ့ ကြည့်လိုက်ပြီး

“အဲ့လိုလား။ အနာဂတ်မှာသာ အဲ့လိုကိစ္စမျိုးထပ်ရှိရင် ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို ထပ်ပြီးမပြောပြတော့ဘူး”

သူမထင်ခဲ့သည်က သူဟာ စိတ်ကူကိုယ်တူရှိသည့်သူဟုပင် သို့သော်လည်း သူမ အမှားလုပ်မိသွားတာပဲ။

တိတ်တဆိတ် နားထောင်နေသော ယွီဝိန်းလန် “…”

ဒါကမှားယွင်းပေးဆပ်မိတာလား။

….ဘာအတွက်လဲ။

သူ့မှာ ရွေးချယ်စရာမရှိတော့ဘဲ ပြောလိုက်ရသည် ။

157 02

“မေ့လိုက်တော့ ဘာပဲဖြစ်ဖြစ် မုကျန်းဖင်းက နန်ကျောက်ရဲ့ဘုရင်ပဲလေ။ သူသာ မြို့တော်ကို တစ်ကယ်လာခဲ့ရင် တော်ဝင်ညီလာခံကနေ သူ့ကို ကောင်းကောင်းဧည့်ခံပေးရမှာပဲ။ ကိုယ်မင်းကို ကိုယ်နဲ့အတူသွားဖို့ခွင့်ပြုပေးမယ်။ ဒါပေမဲ့ စိတ်မလှုပ်ရှားစေဖို့ မမေ့နဲ့။ ဘာတွေပဲဖြစ်ဖြစ် မင်းရဲ့ဗိုက်ထဲမှာ မြေပဲစေ့လေး ရှိနေတာကို သတိရရမယ်နော်”

သို့သော် သူမရဲ့ဝမ်းဗိုက်ကို ပွတ်နေတာကို တွေ့လိုက်ရပြီး သူမက ဂုဏ်ယူစွာနှင့် ပြောလာသည်၊

“သေချာတာပေါ့ ဒီကိုယ်လုပ်တော်က အချိန်အားတိုင်း သူ့ကို နေ့တိုင်းနေ့တိုင်း ဇာတ်လမ်းတွေ ဖတ်ပြနေတာ။ အနာဂတ်မှာစကားပြောဖို့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး”

ဘာ ဘာကြီး။ စာအုပ်အကြောင်း ပြောတယ်။

ယွီဝိန်းလန်က မျက်မှောင် ကြုတ်သွားသည်

“ခဏ ထန်နှင့်စုန့်မင်းဆက်တို့၏မဟာဆရာသခင်ရှစ်ပါးတို့လိုမျိုးကို ဖတ်မပြတာလဲ။ စာဖတ်ချင်လို့လား”

သို့သော် သူမက ပြောလာသည်။

“အဲဒါတွေက အရမ်းကို နက်နဲတယ်။ အခု သူကအရမ်းကို ငယ်သေးတော့ သူသာ နားမလည်ရင်ရော”

ယွီဝိန်းလန် “…နားမလည်တဲ့တစ်ယောက်က ဘယ်သူလဲ”

သို့သော် သူမက သူမရဲ့လက်သေးသေးလေးကို ဝှေ့ရမ်းလိုက်ကာ ပြောလာသည်။

“အဲဒါက အရေးမကြီးဘူး။ ကိစ္စရှိတာက မုကျန်းဖင်းသာ လာမယ်ဆိုရင် ဧကရီမယ်တော်ကြီးရော တက်ရောက်ရမှာမလား ဟုတ်တယ်ဟုတ်”

ဟီးဟီး ဒီလောက်ကောင်းတဲ့အခွင့်အရေးနဲ့ဆို သေချာပေါက်ကိုပဲ သူမရဲ့စာရင်းထဲက ဘော့စ်ကြီးကို ဖရဲသီးတူတူစားဖို့ ဖိတ်ခေါ်ရမှာပေါ့။

ယွီဝိန်းလန်က ထပ်မံမျက်ခုံးကြုတ်လိုက်ကာ

“ဘာလို့ ကိုယ့်ကို ဧကရီမယ်တော်ကြီးကို ခေါ်ခိုင်းနေရတာလဲ”

သို့သော် သူမက သူမမှန်ကန်ကြောင်း ပြောလာသည်။

“ဘာလို့လဲဆိုတော့ ဧကရီမယ်တော်ကြီးက နန်းတော်ထဲမှာ ရှိနေတာ အချိန်အကြာကြီးရှိနေပြီ သူမလည်း ပိုပြီးတော့ပျော်စရာတွေအများကြီး ရှိသင့်တာပေါ့။ အရှင်မင်းကြီးက အမြဲတမ်းသားသမီးဝတ္တရားကျေပွန်တဲ့သူ မဟုတ်ဘူးလား။ အဲ့တော့ သေချာပေါက်ပဲ ဒီအခွင့်အရေးအတွက် ဧကရီမယ်တော်ကြီးကို ခေါ်ရမှာပေါ့”

ဟီးဟီး ဘာပဲဖြစ်ဖြစ် ဧကရီမယ်တော်ကြီးက မင်းသမီးရှုံအန်းကို မုကျန်းဖင်းက နှစ်သက်နေတယ်လို့ ခန့်မှန်းထားပြီးမှတော့ တူတူဖရဲသီးစားတာက ပိုပြီးတော့ အသက်ဝင်နေမှာ မဟုတ်လား။

ယွီဝိန်းလန် “…..”

သေချာပေါက်ပင် နန်ကျောက်က မုမိသားစုနှင့် ယွီဝိန်မိသားစုက လက်ဆက်ခြင်းဖြင့် ဆက်နွယ်နေဆဲဖြစ်သည်။ စားသောက်ပွဲသာရှိလျှင် ယွီဝိန်မိသားစုရဲ့ အကြီးအကဲအနေနဲ့ ဧကရီမယ်တော်ကြီးသည်လည်း သေချာပေါက် တက်ရောက်သင့်သည်။

သို့သော် ဧကရီမယ်တော်ကြီးအား သားသမီးဝတ္တရား ကျေပွန်နေသည့်သူမှာ ထပ်ပြီးတော့ သူ မဟုတ်နိုင်တော့ဘဲ သူမ ဖြစ်နေပေသည်ဆိုတာကို ရှာတွေ့လိုက်ရသည်။

~~

သေချာပေါက် စစ်စတန်ပြောခဲ့သလိုပင် နန်ကျောက်ဘုရင်မုကျန်းဖင်းဟာ မြို့တော်ကို ဒုတိယနေ့တွင် ရောက်လာခဲ့သည်။

လေးစားမှုကိုပြသည့်အနေနှင့် ယွီဝိန်းလန်ဟာ တော်ဝင်ညီလာခံက ဝန်ကြီးမှုးမတ်များ တော်ဝင်မိသားစုနှင့် တော်ဝင်ဆွေမျိုးတော် ရူရန်ဘုရင်မင်းမြတ်တို့အား သူနှင့်တွေ့ဆုံရန် စေလွှတ်လိုက်သည်။

ညနေခင်းမှာတော့ ပထမဆုံးစားသောက်ပွဲအား နန်းတော်ထဲရှိ ကျိယင်းခန်းဆောင်၌ ကျင်းပပေသည်။

—ပထမတစ်ခုဟု ပြောရသည်က ဒီတစ်ခေါက်တွင် ယွီဝိန်တို့ရဲ့ကျင်းပသည့် စားသောက်ပွဲတစ်ခု ဖြစ်သောကြောင့်ပင်။

နှစ်ရက်အတွင်း တစ်ကမ္ဘာလုံးက သံတမန်တွေဟာ ရောက်ရှိလာမည်ဖြစ်ပြီး မုကျန်းဖင်းအား ဖျော်ဖြေရန် ပိုပြီးအဆင့်မြင့်သည့် စားသောက်ပွဲတစ်ခုရှိပေလိမ့်မည်။

157 03

သူတို့တွေဟာ ဆွေမျိုးတော်စပ်သည့်အတွက် ယွီဝိန်မိသားစု၏ အဓိကမိသားစုဝင်တွေဖြစ်သည့် ယွီဝိန်လန်အပါအဝင် ဧကရီမယ်တော်ကြီး ရူရန်ဘုရင်နှင့်ဇနီး၊ မင်းသမီးကြီးနှင့်ခင်ပွန်းဖြစ်သူတို့က သဘာဝကျကျပဲ တက်ရောက်ရန် လိုအပ်ပေသည်။

ယန်ရှုက နောက်ဆုံးတွင်တော့ သူမရဲ့ဆန္ဒပြည့်သွားပြီး ဧကရီမယ်တော်ကြီးနှင့် ဧကရာဇ်နောက်ကို လိုက်ပါလာခဲ့သည်။

သို့သော်လည်း နန်ကျောက်၏ကိုယ်လုပ်တော်အနေနဲ့ မင်းသမီးရှုံအန်းဟာ ဒီနေ့တော့ ဧည့်သည်ထိုင်ခုံနေရာတွင် ထိုင်နေပေသည်။ ပြီးနောက် သူမက အရမ်းကို သိချင်အောင်လုပ်သည့် နန်ကျောက်ဘုရင်မုကျန်းဖင်းဟာ သူ့မရီးရဲ့ဘေးမှာ ထိုင်နေပေသည်။

ယန်ရှုက အရမ်းကို စိတ်လှုပ်ရှားသွားပြီး သူမ ထိုင်ချလိုက်သည်နှင့် အကြည့်တို့အား ပို့လိုက်တော့သည်။

သို့သော် မုကျန်းဖင်းက သုံးဆယ်အရွယ်လောက်ရှိပြီဖြစ်ပြီး အရပ်ရှည်ကာ အလယ်ပိုင်ရလွင်ပြင်က လူတွေထက် အသားအရောင်က အနည်းငယ်ပိုပြီး ညိုပေသည်။ ပြီးလျှင် သူ့မျက်နှာသွင်ပြင်သည်လည်း အတော်လေး ကောင်းမွန်လှသည်။

သူမ မမျှော်လင့်ထားသည်က ယခုတစ်ခေါက်တွင် သူဟာ သူ့တူလေးကိုပါ သူနှင့်အတူ ခေါ်လာတာဖြစ်သည်။ အဲဒါကတော့ မုကျင်းရှုံဖြစ်ပြီး မင်းသမီးရှုံအန်းရဲ့သားဖြစ်ကာ အားလန်ဟု ချစ်စနိုးခေါ်တွင်သည်။

ထိုကောင်လေးက ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်ခန့်ရှိပြီဖြစ်ပြီး သူ့မျက်ခုံးတွေနှင့်မျက်လုံးတွေဟာ အလယ်ပိုင်းလွင်ပြင်နှင့် နန်ကျောက်ရဲ့ ကောင်းကျိုးတွေကို ရောနှောထားပေသည်။ သူ့ကြည်ရသည်မှာ အရမ်းကို ချောမောလှသည်။

ပြောရလျှင် ကလေးဟာ မိခင်နှင့်တွယ်ကပ်နေပြီး ဒီတစ်ခေါက် မိခင်ရဲ့ဘေးအရင်းအချာမှာ ရှိနေပြီး ချစ်စရာလည်းကောင်းသလို သနားစရာလည်း ကောင်းပေသည်။

စားသောက်ပွဲစတင်လိုက်ပြီး နှစ်ဖက်လုံးက ဂါရဝပြုလိုက်ကြကာ တစ်ယောက်နှင့်တစ်ယောက် ယဉ်ကျေးတဲ့စကားတွေနှင့် အပြန်အလှန် နှုတ်ဆက်လိုက်ကြသည်။

ယန်ရှုက တိတ်တဆိတ်စူးစမ်းနေပြီး မင်းသားမုကို ကြည့်ရသည်မှာ သုန်မှုန်နေပြီး အနည်းငယ် မပျော်မရွှင် ဖြစ်နေပုံရသည်။

သူမက စစ်စတန်ကို တိတ်ဆိတ်စွာခေါ်လိုက်သည်

[မုကျန်းဖင်းက ဘာဖြစ်နေတာလဲ။]

စစ်စတန် [ဘာမှမဟုတ်ဘူး။ မင်းသမီးရှုံအန်းက ရုံရန်က သံတမန်နဲ့ အရက်သောက်နေတယ်ဆိုတာကို ကြားလိုက်ရလို့ သဝန်တိုနေတာ]

ယန်ရှု [….]

ဒီလောက်နှစ်တွေ အများကြီးကြာနေတာတောင် အကျင့် မဖြစ်သေးဘူးလား။

ထိုအချိန်မှာပဲ မုကျန်းဖင်းက ဧကရာဇ်ကို ပြောလာသည်။

“ဒီတစ်ခေါက် ပုမိသားစုကို ချောချောမွေ့မွေ့နဲ့ ဖြေရှင်းလိုက်နိုင်ပြီ။ ပြီးတော့ အရှင်မင်းကြီးရဲ့ အကူအညီအတွက် ကျေးဇူးတင်ချင်လို့ပါ။ အရှင်မင်းကြီးရဲ့ချန်းနင်ပွဲတော်နဲ့လည်း တိုက်ဆိုင်နေပြီး ကျုပ်တူလေး အားလန်ကလည်း အလယ်ပိုင်းလွင်ပြင်က ဆွေမျိုးတွေဆီ လည်ပတ်သင့်တယ်လို့ စဉ်းစားမိလို့ သူ့ကို ခေါ်လာပြီး အတူတူ ရုတ်တရက် ရောက်လာမိတဲ့အတွက် ခွင့်လွှတ်ပေးပါ”

ယွီဝိန်းလန်က ယဉ်ကျေးစွာပြောလိုက်သည်။

“အဝေးကလာတဲ့ မိတ်ဆွေတွေရှိတာက တကယ့်ကို ကြီးကျယ်တဲ့ပျော်ရွှင်မှုပါပဲ။ ဘုရင်မုက ယဉ်ကျေးလွန်းနေပါပြီ။ ဆွေမျိုးတွေဆိုမှတော့ ကိုယ်တော်တို့တွေ ပိုပြီး လည်ပတ်သင့်တာပေါ့”

ဧကရီမယ်တော်ကြီးသည်လည်း ပြောလာသည်။

“ကျွန်မလည်း ရှင့်ကိုမတွေ့ရတာ နှစ်ပေါင်းများစွာရှိနေပြီ အားလန်လည်း ကြီးနေပါပြီလေ။ သူ့ကိုသာ ဒီနေ့မတွေ့ဘူးဆိုရင် လမ်းပေါ်မှာ ဖြတ်သွားရင်တောင် မှတ်မိမှာ မဟုတ်ဘူး။ အရှင်မင်းကြီးပြောတာ မှန်တယ်။ ဆွေမျိုးတွေဆိုတာ ပိုပြီးလည်ပတ်သင့်တယ်”

စကားပြောပြီးနောက် နှစ်ဖက်စလုံးက ခေါင်းညိတ်လိုက်ကာ ကောင်းပြီဟုပြောလိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် ခွက်ချင်း မြှောက်လိုက်ကြသည်။

ထို့နောက် သူဟာ ဝိုင်ခွက်ကိုချလိုက်ပြီး မုကျန်းဖင်းက ရုတ်တရက် ချောင်းဟန့်လိုက်တာကို တွေ့လိုက်ရသည်။ ထို့နောက် မင်းသမီးရှုံအန်းကို ပြောလာသည်။

157 04

“ဒီတစ်ခေါက် အရှင်မင်းကြီးလည်း ဒီမှာရှိနေတာဆိုတော့ တစ်ခုလုပ်စရာရှိပါတယ်။ အဲဒါကတော့ ကျုပ်ရဲ့မရီးကို နန်ကျောက်ဆီပြန်လာဖို့ ဖိတ်ခေါ်ချင်လို့ပါ။ ပြောရရင် အားလန်က ငယ်ရွယ်နေသေးပြီး သူ့ရဲ့အမေကို နှစ်ပေါင်းများစွာ လွမ်းဆွတ်နေခဲ့တာ။ အဖော်ပြုပေးရတာကလည်း သိပ်ပြီးမကောင်းသေးဘူး”

ထိုစကားတွေ ထွက်လာသည်နှင့် ယန်ရှုက ရပ်တန့်သွားကာ မုကျန်းဖင်းက သူ့ရဲ့အချစ်တွေကို လူထုရှေ့မှာ ကြေငြာမလို့လားဟူ၍ သိချင်သွားရသည်။

မဖြစ်နိုင်ဘူး။

ထို့နောက် ချက်ချင်းပဲ ထိုသူထပ်ပြောလာသည်ကို တွေ့လိုက်ရသည်။

“ပုမိသားစုက အတိတ်တုန်းက မကောင်းတဲ့အရာတွေ အများကြီးကို လုပ်ခဲ့တယ်။ အဲ့ဒီအတွက် ကျုပ်မှာတာဝန်ရှိတယ်။ ကျုပ်က ကောင်းမွန်တဲ့အုပ်ချုပ်သူတစ်ယောက် မဟုတ်ဘူး။ ဦးလေးကောင်းတစ်ယောက် မဟုတ်သလို ညီကောင်းတစ်ယောက်လည်း မဟုတ်ဘူး။ အဲဒါကြောင့် ဒီတစ်ခေါက်မှာ မရီးက နန်ကျောက်ကိုပြန်ပြီး အားလန်ကို အထောက်အပံ့ပြုပေးဖို့ ကျုပ်ရဲ့စိတ်ကို ပြင်ဆင်ပြီးသွားပြီ”

ထောက်ပံ့ပေးမယ်….။

လူတိုင်းက ထိုစကားတွေကိုကြားစည့်အခါ တိတ်တဆိတ် တန့်သွားကြတော့သည်။

အရှင်မုက ဒီစကားလုံးကို ဘာလို့သုံးတာလဲ။ အစီအစဉ်တွေ ဘာတွေများရှိသေးလား။

သေချာပေါက်ပင် ထိုအရာကို မင်းသမီးရှုံအန်း ကြားသည့်အခါ ချက်ချင်းပဲ မေးလိုက်သည်။

“ကျွန်မက အားလန်ကိုအထောက်အပံ့ပြုပေးဖို့ နန်ကျောက်ကို ပြန်သွားမယ်။ ရှင်ကရော”

သို့သော် မုကျန်းဖင်းက ပြောလာသည်။

“ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာဖို့ စီစဉ်ထားတယ်”

ဘာ။

ထိုစကားတွေ ထွက်လာသည်နှင့် မင်းသမီးရှုံအန်းသာမက ခန်းဆာင်ထဲက လူတိုင်းဟာ ကြက်သေ သေသွားတော့သည်။

ထွက်သွားပြီး ဘုန်းတော်ကြီးလုပ်မယ်။

မုကျန်းဖင်းဟာ နန်ကျောက်ရဲ့ ကြီးကျယ်ခမ်းနားသည့် ဘုရင်တစ်ပါးဖြစ်ပြီး ဘုန်းကြီး ဖြစ်ချင်တာတဲ့လား။

ယန်ရှုသည်လည်း အံ့အားသင့်သွားပြီး ဒီလူဟာ လှည့်ကွက်တွေကစားနေသည်ဟု တွေးနေမိသည်။

သို့သော်လည်း စစ်စတန်က ရှင်းပြဖို့ ထွက်ပေါ်လာပေသည်။

[တစ်ယောက်ယောက်ပြောတာက နန်ကျောက်မှာ ဗုဒ္ဓဘာသာက အရမ်းကို ကျော်ကြားတယ်တဲ့။ အထက်တန်းလွှာတွေ ဘုန်းကြီးဖြစ်လာတာက မဖြစ်ဖူးတာမျိုး မဟုတ်ဘူး။ မုမိသားစုမှာလည်း မိသားစုဝင်တွေ အများကြီးရှိတယ်။ အားလန်ရဲ့အဘိုးဆို သူကိုယ်တိုင်လည်း အရင်က ဘုန်းကြီးတစ်ပါးပဲ။ အဲဒါကို သူ့သားဆီ ပေးလိုက်တာ]

ယန်ရှု “…”

ဖြစ်နိုင်တာက ဒီလူက အချစ်အတွက် စောင့်ဆိုင်းရတာကို ပင်ပန်းလာပြီး စိတ်အားငယ်သွားလို့လား။

သူမက ချက်ချင်းပဲ မင်းသမီးရှုံအန်းကို ကြည့်လိုက်သည်။

တွေ့လိုက်ရသည်က ဧကရာဇ်နဲ့ဧကရီမယ်တော်ကြီးတို့က အတူတူကြည့်နေကြတာပင်။

ယန်ရှု “….”

သူမရဲ့ဘော့စ်ကြီးကို ထားလိုက်ပါဦး။ မနေ့တုန်းကကျ ဖရဲသီး စားတဲ့လူတွေကို ဂရုမစိုက်ဘူးလို့ ဘယ်သူပြောခဲ့တာပါလိမ့်။

ယွီဝိန်းလန် “…”

မေ့လိုက်တော့ မကြားချင်ယောင်ပဲ ဆောင်လိုက်ရအောင်။

သူ့အမြင်ရဲ့အဆုံးတွင် ရှုံအန်းပင် ဘာမှမပြောနိုင်သေးခင်မှာပဲ အားလန်က စိုးရိမ်သောကရောက်ကာ ချက်ချင်းပဲ ပြောလာသည်အား တွေ့လိုက်ရသည်။

“ဦးလေး မလုပ်နဲ့။ အားလန်ကို ထားခဲ့ပြီး ဘုန်းကြီးမဝတ်နဲ့”

ထိုစကားတွေ ကြားသည့်အခါ အသိပြန်ဝင်လာသည့် မင်းသမီးရှုံအန်းကလည်း ပြောလာသည်။

157 05

“ရှင်က ဘာလို့ဒီလိုလုပ်ရတာလဲ။ ရှင်က နန်ကျောက်ရဲ့ ဘုရင်မင်းမြတ်လေ ကျွန်မလိုမိန်းမတစ်ယောက်က ဘာသိမှာမလို့လဲ”

မမျှော်လင့်ထားစွာနှင့် မုကျန်းဖင်းက ပြောလာသည်။

“ကိစ္စမရှိပါဘူး။ ညီလာခံမှာက အကုန်လုံးသန့်စင်ပြီးပြီ ကျန်တဲ့သူတွေက သစ္စာရှိဝန်ကြီးမှူးမတ်တွေပဲ မင်းနဲ့အားလန်ကို ကူညီပေးလိမ့်မယ်။ အဲဒါအပြင် အရှင်မင်းကြီးကလည်း မင်းကိုထောက်ပံ့ပေးမယ်လို့ ယုံတယ်”

သူက စကားပြောပြီးနောက် အကြည့်တွေကို ယွီဝိန်းလန်ဆီ ပို့လိုက်တော့သည်။

ယွီဝိန်းလန်သည်လည်း ရွေးချယ်စရာမရှိတော့ပဲ ပြောလိုက်ရသည်

“နန်ကျောက်နဲ့ တာ့လျန်က မျိုးဆက်ပေါင်းများစွာ မိတ်ဆွေဖြစ်လာတာ။ အခက်အခဲ တစ်စုံတစ်ရာရှိရင် သေချာပေါက် ကိုယ်တော်က ဘယ်လိုသက်ရောက်မှုကိုမှ ချမ်းသာမပေးဘူး။ ဒါပေမဲ့လည်း ဘုရင်မုက ဘုန်းကြီးဝတ်မဲ့ကိစ္စကို စဉ်းစားသင့်တယ်”

သို့သော် မုကျန်းဖင်းက ပြောလာသည်။

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ဒါပေမဲ့ ကျုပ်ရဲ့စိတ်ကို ပြင်ဆင်ပြီးပါပြီ။ ဒီနှစ်တွေတစ်လျှောက်မှာ လူတွေအများကြီးကို စိတ်မကောင်းဖြစ်အောင် လုပ်ခဲ့မိတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့သေသွားတဲ့ အစ်ကိုကြီးအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်။ မရီးအတွက်လည်း စိတ်မကောင်းဖြစ်သလို အားလန်အတွက်ရောပဲ…..ကျုပ်ကြောင့်သာ မဟုတ်ရင် သူ့ကို သူ့အမေက အဖော်ပြုပေးနေမှာ….”

ထိုစကားတွေ ထွက်လာသည့်အခါ ယန်ရှုက သူမရဲ့စိတ်ထဲတွင် ကျစ် ကျစ် ဟု မလုပ်ဘဲ မနေနိုင်ပေ။

[ရှင်တို့နှစ်ယောက်အကြောင်းကို ပြောနေတာလား။]

ယွီဝိန်းလန် [….ကြည့်ရတာ ဟုတ်နေပုံပဲ]

သို့သော် ဧကရီမယ်တော်ကြီးသည်လည်း သူ့စိတ်ထဲတွင် တွေးဆနေပေသည်။

[ဟေး ဒီလူနှစ်ယောက်ကြားမှာ တစ်ခုခုဖြစ်ပျက်နေတာ ရှိလား။]

ယွီဝိန်းလန် “….”

ဧကရီမယ်တော်ကြီးက တကယ်ကို အံ့အားသင့်စရာကောင်းတာပဲ ။

ပြီးနောက် ကျန်သည့်သူများ […]

အခြေအနေက ဘာကြီးလဲ။ ဒီအဓိပ္ပာယ်ကို ဘယ်လိုကြားလဲ ဘုရင်မုက ဘာလုပ်လို့လဲ။

ရုတ်တရက်ပင် မျက်လုံးတွေအားလူံးဟာ မင်းသမီးရှုံအန်းနှင့် မုကျန်းဖင်းအား စူးစမ်းလာကြသည်။

သို့သော် မင်းသမီးရှုံအန်းက တစ်ခဏလောက် တိတ်ဆိတ်သွားကာ နောက်ဆုံးတွင်တော့ ပြောလာသည်။

“အားလန်က ကျွန်မရဲ့ကိုယ်ပိုင်သွေးသားပါ။ ဒီနှစ်တွေမှာ သူနဲ့အတူမရှိပေးနိုင်တာက ကျွန်မရဲ့အမှားတွေပါပဲ။ ရှင်က အရမ်းကို အရည်အချင်းရှိတဲ့ ဦးလေးတစ်ယောက်ပါ။ ဒီတစ်ခေါက် အရှင်မင်းကြီးရဲ့ချန်းနင်ပွဲတော်ပြီးရင် နန်ကျောက်ကို အားလန်ကို အဖော်ပြုပေးဖို့ ပြန်လာပါ့မယ်။ ဒါပေမဲ့ အားလန်က ငယ်ရွယ်နေတုန်းပဲ ရှင်ကပဲ ဘုရင်မုနေရာကို ယူသင့်တယ်။ ဘုန်ကြီးဝတ်ဖို့ကို မေ့လိုက်တော့”

ထိုစကားတွေ ထွက်လာသည့်အခါ မုကျန်းဖင်းက ဘာမှမပြောနိုင်တော့ပေ။ အားလမ်က ချက်ချင်းပဲ ပျော်ရွှင်သွားကာ ပြောလာသည်။

“အမေ တကယ်ပြောနေတာာလား”

မင်းသမီးရှုံအန်းက သူ့သားရဲ့ခေါင်းလေးကို ပွတ်ပေးလိုက်ကာ ပြောလာသည်။

“သေချာတာပေါ့ အမှန်ပဲ အရှင်မင်းကြီး ဧကရီမယ်တော်ကြီး သားရဲ့ဦးလေးနဲ့ အဒေါ်တွေရဲ့အရှေ့မှာ အမေက ဘယ်လိုလုပ်ပြီး လိမ်ပါ့မလဲ”

အားလန်ကချက်ချင်းပဲ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အမေ”

သို့သော် မုကျန်းဖင်းက စကားမပြောပေ။ ဒါပေမဲ့ သူ့ရဲ့ဖန်ခွက်ကို မြှောက်လိုက်ကာ ဝိုင်တစ်ခွက် သောက်လိုက်သည်။ သို့သော်လည်း သူ့မျက်ခုံးတွေကြားက တွန့်ချိုးနေမှုကတော့ အများကြီး လျော့နည်းသွားတော့သည်။

ယန်ရှုက ထိုအရာကို တွေ့သည့်အခါ မျက်ခုံးမပင့်ဘဲ မနေနိုင်တော့ပေ။

157 06

မင်းသမီးရှုံအန်းက ထိန်းချုပ်လိုက်တာလား။

သူ့ရဲ့မတ်ကို ဂရုစိုက်နေတုန်းပဲလား။

ဒါမှမဟုတ် သူ့သားအတွက်ပဲ စိတ်မကောင်းဖြစ်လို့လား။

ဖြစ်နိုင်တာက မုကျန်းဖင်းက ငိုယို ပြဿနာရှာပြီး သူ့ကိုယ်သူ စတေးလိုက်လို့များလား။

……

ယွီဝိန်းလန်က သူ့ဘာသာတွေးလိုက်ကာ သူ့ကိုဂရုမစိုက်တော့ပေ။

ဒီကိစ္စတွင် ရလဒ်တစ်ခု ရှိနေသရွေ့ သူ့ရဲ့ဝမ်းကွဲဟာ နန်ကျောက်ကို ပြန်သွားသင့်သည်။

သူဟာ သူ့အိုက်ဖေးရဲ့စိတ်ခံစားချက်က တစ်နေ့လုံး အတက်အကျဖြစ်နေမှာကိုသာ စိုးရိမ်နေပေသည်။

စိတ်နှလုံး ပင်ပန်းလိုက်တာ။

~~~

ဧကရာဇ်ရဲ့မွေးနေ့က တစ်နေ့ထက်တစ်နေ့ နီးကပ်လာသည်နှင့် တိုင်းပြည်အမျိုးမျိုးက သံတမန်များဟာ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတော့သည်။

ချန်းနင်ပွဲတော်နေ့တွင် တိုင်းပြည်အမျိုးမျိုးက သံတမန်တွေအတွက် နန်းတော်ထဲတွင် စားသောက်ပွဲတစ်ခုကို တရားဝင်ကျင်းပလေသည်။

မောင်းမဆောင်ထဲက ရာထူးအဆင့်အမြင့်ဆုံးဖြစ်သည့် ယန်ရှုအနေနှင့် ဧကရာဇ်ကို အဖော်ပြုပေးရန် ပါဝင်နိုင်လေသည်။

သူမသာ မတက်ရောက်လျှင် တာ့လျန်၏ တိုင်းရေးပြည်ရာဆက်ဆံရေးက အတော်လေး တိုးတက်နေပြီဆိုတာကို သိနိုင်မည်မဟုတ်ပေ။ စားသောက်ပွဲတွင် တော်ဝင်ညီလာခံက မှုးမတ်အချို့ကလွဲလျှင် သူတို့အားလုံးဟာ တိုင်းပြည်အမျိုးမျိုးက သံတမန်များဖြစ်ကြသည်။ ထိုင်ခုံတွေကိုလည်း ကျိယင်းခန်းဆောင်ရဲ့ဝင်ပေါက်ထိ ခင်းကျင်းထားပေသည်။

ပြီးလျှင် သံတမန်အများစုဟာ ရာထူးမြင့်ကြပြီး သူတို့ရဲ့ကိုယ်ပိုင်တိုင်းပြည်တွင် အင်အားရှိကြသူများဖြစ်သည်။ ကောင်းလိကဲ့သို့ တချို့တိုင်းပြည်တွေကတော့ တော်ဝင်မင်းသားတွေကိုပါ ကိုယ်တိုင်စေလွှတ်လိုက်ပေသည်။ ထိုအရာက ပြသနေသည်မှာ တာ့လျန်အပေါ် သူတို့၏ အရေးပါမှုဖြစ်သည်။

စားသောက်ပွဲတွင် လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်ရိုးရာဝတ်စုံတွေကို ဝတ်ဆင်လာကြပြီး ဧကရာဇ်အား မွေးနေ့ပွဲတွင် ဂုဏ်ပြုရန် ခွက်မြှောက်လိုက်ကြသည်။ မြင်ကွင်းက အလွန်ကိုခမ်းနားသည်ပင်။

ယန်ရှုက သက်ပြင်းချလိုက်ပြီး မစူးစမ်းဘဲ မနေနိုင်ပေ။ ဒီလူတွေကြားမှာ စိတ်ဝင်စားစရာ တစ်ခုခုများရှိသလား။

ဝိုင်ဒုတိယအလှည့်က ကုန်သွားသည်ကို မြင်သည့်အခါ နန်းတော်ထဲက လေထုက စည်းချက်ကျကျဖြစ်လာပြီး အရှေ့ဂျပန်အင်ပါယာက သံတမန်တစ်ဦးက ရှေ့တိုးကာ ပြောလာသည်။

“အရှင်မင်းကြီးရဲ့မွေးနေ့မှာ အရှင်မင်းကြီးကို ဂုဏ်ပြုဖို့အတွက် ကျုပ်တို့ရဲ့ဘုရင်က အရှင်မင်းကြီးကို အထူးဂုဏ်ပြုလိုက်ပါတယ်။ ကျေးဇူးပြုပြီး လက်ခံတော်မူပါ”

သူစကားပြောပြီးနောက် ခန်းမအပြင်ဘက်ကို လက်ဝှေ့ရမ်းပြလိုက်သည်။

သို့သော် တစ်ခဏမှာပင် အမျိုးသမီးနှစ်ယောက်က ခန်းမထဲကို ဝင်လာပြီး ထိုသူတို့နှစ်ယောက်လုံးဟာ ကျက်သရေရှိကာ မျက်နှာလွှားပုဝါတွေကို ဝတ်ဆင်ထားကြသည်။ သူတို့ရဲ့ခန္ဓာကိုယ်ကနေလည်း မွှေးရနံ့တစ်မျိုး ထွက်နေပုံရသည်။

လူတိုင်းက တွန့်ဆုတ်သွားကြပြီး အရှေ့ဂျပန်တိုင်းပြည်က အရှင်မင်းကြီးကို မိန်းမလှလေးတွေ ပို့ပေးလိုက်တာလား။

ကျစ် ကျစ် အရှေ့ဂျပန်ပြည်ရဲ့ တော်ဝင်မိသားစုက လတ်တလောနှစ်တွေမှာ ကာမဂုဏ်အာရုံထဲ မွေ့လျော်နေတယ်လို့ကြားတယ်။ ပြီးတော့လည်း ကစားနည်းမျိုးစုံလည်း လုပ်သေးတယ်တဲ့ ဒီလိုအလှလေးတွေ ပေးလာမယ်လို့ မထင်ထားဘူး။

သေချာပေါက်ပင် သံတမန်ကပြုံးလိုက်ကာ ပြောလာသည်။

“ဒီအမျိုးသမီးနှစ်ယောက်က ဘုရင်မင်းမြတ်ရဲ့စိတ်နှလုံးတစ်ခုလုံးကို ကိုယ်စားပြုပြီး ကျုပ်တို့တိုင်းပြည်ကနေ ရွေးချယ်ထားတာပါ။ တုန်းဝေါ်နဲ့တာ့လျန်တို့ မျိုးဆက်ပေါင်းများစွာ ဆက်ဆံရေးကောင်း ရှိနေဖို့ မျှော်လင့်ပါတယ်။ အရှင်မင်းကြီးကလည်း အဲ့လိုဖြစ်လာအောင် လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်”

ထိုစကားတွေ ထွက်လာသည့်အခါ လူတိုင်းက မနေနိုင်ဘဲ တိတ်တဆိတ်နဲ့ဘုရင်မင်းမြတ်ကို ကြည့်လိုက်ကြသည်။

157 07

အရှင်မင်းကြီးက အရှေ့ဂျပန်ပြည်က အလှလေးတွေကို လက်ခံမှာလား။

အထူးသဖြင့် အခုက ကိုယ်လုပ်တော်ယိမှာ ကိုယ်ဝန်ရှိနေတာလေ။

အစကတော့ မောင်းမဆောင်ထဲတွင် မည်သည့်လူမှမရှိပေ။ တခြားတစ်ယောက်ကလည်း လုံးဝကို မျက်နှာသာမပေးခံရပေ။ ဒီရက်ပိုင်းအတွင်းက ဘုရင်မင်းမြတ်အကြောင်းကို တွေးကြည့်လိုက်သည့်အခါမှာတော့ ထိန်းထားဖို့က လွယ်မှာမဟုတ်ဘူးလေ ဟုတ်တယ်မလား။

ထိုအချိန်တွင် ဧကရာဇ်ရဲ့ဘေးမှာထိုင်နေသည့် ယန်ရှုကလည်း ဒီမေးခွန်းကို စဉ်းစားနေပေသည်။

—ကျစ် ဒီည တခြားသူတွေရဲ့ ဖရဲသီးကိုစားဖို့ စီစဉ်ထားတာကို ငါ့ဖရဲသီးငါပဲ ပြန်စားလိုက်ရတယ်။

သိပ်မကြာခင် မောင်းမဆောင်ကို ဖြည့်တော့မှာလား။

နှစ်ယောက်တောင်လေ။

သူတို့အားလုံးက လူမျိုးခြားတွေလား။

ဧကရာဇ်က…..လိုချင်လောက်မလား။

သို့သော်လည်း ဧကရာဇ်ပင် စကားမပြောနိုင်သေးခင်မှာပဲ စစ်စတန်ကနေ တင်ဟူသောအသံကို ကြားလိုက်ရသည်။

[ဧကရာဇ်က လက်ခံနိုင်မခံနိုင်အပေါ် မူတည်တယ်။ ဒီနှစ်ယောက်က တကယ်တော့ဒွိလိင်ရှိတဲ့သူပဲ]

ယန်ရှု […]

(ဒွိလိင်-ယောက်ျားအင်္ဂါရော မိန်းမအင်္ဂါပါ ပါသည့်သူ)

******

158 01

အပိုင်း 158

ယန်ရှုက သတင်းကိုကြားသည့်အချိန်တွင် သူမစိတ်ထဲ၌ ရှုပ်ထွေးသွားရတော့သည်။

[ဘာ]

[ဒွိလိင် ဟုတ်လား။]

[တုန်းဝေါ်က တကယ်ကြီး ဒီလိုဟာမျိုးကို ဧကရာဇ်ကို ပေးတာလား။]

[သူတို့က ဒါနဲ့ဘာလုပ်မလို့လဲ။]

သို့သော် စစ်စတန်က အရမ်းကိုမှ တည်ငြိမ်စွာနှင့်ပြောလာသည်။

[အဲဒါကို မပြောနဲ့ဦး။ တုန်းဝေါ်ရဲ့တော်ဝင်မိသားစုက အရမ်းကို အမူအကျင့်ပျက်ပြားနေတာ။ ပြီးတော့လည်း ဒီနှစ်တွေထဲမှာ အဲဒါကိုပဲ လုပ်နေခဲ့တာ။ သူတို့ရဲ့ဘုရင်က သူကိုယ်တိုင်ကို အဲ့လိုတွေ အများကြီး ပျိုးထောင်ထားတယ်လေ။ လွန်ခဲ့တဲ့သုံးနှစ်လုံး ဧကရာဇ်က ကလေး မရှိသလို မောင်းမဆောင်ထဲကိုလည်း ဘယ်တုန်းကမှ မဝင်ခဲ့ဘူးဆိုတာကို သတင်းရသွားလို့ တခြားလူတွေကို သူတို့ဘာသာ ဆုံးဖြတ်ပြီး ဧကရာဇ်ကလည်း သူတို့လိုပဲ အမူအကျင့် ပျက်ပြားနေတဲ့သူလို့ တွေးပြီး ဒီနှစ်ယောက်ကို လွှတ်လိုက်တာပဲ]

ယန်ရှုကတော့ သွေးအန်တော့မည်ပင် ဒါကဘယ်လိုတောင် ကိုယ့်ဘာသာ ဝေဖန်ထားချက်လဲ။

ပြောမှပင် ဧကရာဇ်က အတော်လေး သနားစရာကောင်းသည်။ သူ့ရဲ့စိတ်မချမယုံကြည်ရတဲ့ ခမည်းတော်ကြောင့် လိမ်လည်လှည့်စားခံရပြီး သုံးနှစ်လုံး မစွမ်းနိုင်ခဲ့ဘူး။ အဲဒီအရှေ့ဂျပန်က လူတွေကြောင့်နဲ့ အကျင့်ပျက်ကောင်အဖြစ်ကို ဘယ်လိုလုပ်ပြီး ပြောင်းနိုင်မှာလဲ။

သို့သော် ပြောမှပင် ဒွိလိင်ရှိသည့်သူတွေကို နောက်ပိုင်းမျိုးဆက်တွေမှသာ ရှာတွေ့နိုင်မည်ဟု ထင်ထားခဲ့တာပင်။ ဒါဆို သူတို့တွေက အခုဘာလို့ရှိနေရတာလဲ။

သို့သော် စစ်စတန်ပြောလာသည်ကို ကြားလိုက်ရသည်။

[အတူတူပဲ ပြောရရင် တိုင်းပြည်တစ်ခုရဲ့အုပ်စိုးသူအရှင်က သူ့စိတ်ကို ပြောင်းလိုက်ပြီး သူ့လက်အောက် ကလူတွေက ဆေးဝါးတစ်မျိုးကို အထူးဖွံ့ဖြိုးတိုးတက်စေပြီး သူ့ကို စိတ်ကျေနပ်စေဖို့ ဒီလိုလူမျိုးတွေကို ကျင့်ကြံစေတာ]

ယန်းရှု [….]

ကောင်းပြီလေ တကယ်ကို ပြောင်းလဲသွားတာပဲ။

[ဒါပေမဲ့ မေးစရာရှိတာက တာ့လျန်ကဧကရာဇ်က ဒါကိုမယူမှာကို မကြောက်ဘူးလား။ တစ်လျှောက်လုံး ဒီလိုလူမျိုးတွေကို ပို့လိုက်တာကလေ!]

စစ်စတန်က နှာမှုတ်ကာ ပြောလာသည်။

[နင်က အခုထိ အတွေ့အကြုံနုနေသေးတာပဲ။ ဒီလူတွေအကုန်လုံးက ပရော်ဖက်ရှင်နယ်လေ့ကျင့်ရေး ဆင်းထားကြတာ။ သူတို့ထဲကအများစုက ရိုးရိုးရှင်းရှင်းပဲ သည်းမခံနိုင်ကြဘူး။ အဲဒါအပြင် ဧကရာဇ်က သူတို့ကို မထိရင်တောင် မောင်းမဆောင်ထဲ ထည့်ထားတာကပဲ ပုန်းကွယ်နေတဲ့အန္တရာယ် ဖြစ်လာမှာ။ ပြောရရင် သူတို့တွေက အရေးကြီးတဲ့အမျိုးသားတွေပဲ]

ယန်ရှု [….]

ဒီနှစ်ယောက်ကို ခိုးကြောင်ခိုးဝှက်နဲ့ ဧကရာဇ်ကို ဦးထုပ်စိမ်း ဆောင်းခိုင်းရတာက တကယ်ပဲ အရမ်းခက်ခဲတာလား။

ဟမ်….စက်ဆုပ်စရာ ကောင်းလိုက်တာ။

မောင်းမေောင်ထဲက တစ်ယောက်အနေနှင့် ယန်ရှုဟာ သူမရဲ့ခန္ဓာကိုယ်တစ်လျှောက်လုံး ကြက်သီးမထဘဲ မနေနိုင်ပေ။

မမျှော်လင့်ထားစွာနှင့် ဒါက မပြီးသေးပေ။ သို့သော် စစ်စတန်က ထပ်ပြောလာသည်။

[အဲဒါအပြင် ဒီနှစ်ယောက်က သာမန်လူတွေမဟုတ်ဘူး။ သူတို့နှစ်ယောက်စလုံးက ကျွမ်းကျင်တိုက်ခိုက်လေ့ကျင့်ရေး ဆင်းထားတဲ့ဆရာသခင်တွေပဲ။ ပြီးတော့လည်း သူတို့ရဲ့စွမ်းရည်တွေက အရမ်းကောင်းတယ်]

ဆရာသခင်။

ယန်ရှုက တွန့်ဆုတ်သွားကာ

[ဖြစ်နိုင်တာက သူတို့တွေက လုပ်ကြံဖို့ ကြံနေတုန်းလား။]

စစ်စတန် [အဲ့လိုနီးပါးပဲ။ လတ်တလောနှစ်တွေက သတင်းတွေကို မကြားဘူးလား။ အရှေ့ဂျပန်ပြည်က တာ့လျန်ရဲ့အရှေ့တောင်ကမ်းရိုးတန်းကို ထပ်ခါထပ်ခါ ကျူးကျော်နှောက်ယှက်နေတာ။ ပြီးတော့လည်း ဧကရာဇ်ရဲ့ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ဆိုတဲ့ အမိန့်ကြောင့် လူတွေ အများကြီးသတ်ပြီး ထိခိုက်ဒဏ်ရာ ရသွားစေခဲ့တာ။ အဲဒါကြောင့် ငြိမ်းချမ်းရေးရှာဖို့ လိုတယ်လေ။ ဒီတစ်ခေါက် သူတို့တွေလာတာက ဧကရာဇ်ရဲ့မွေးနေ့ပွဲကို စိတ်ရင်းနဲ့ ဆင်နွှဲချင်လို့လို့ နင်ထင်လား။]

ယန်ရှုက ရုတ်တရက် သိသွားတော့သည်။

ဆိုတော့ အရှေ့တုန်းဝေါ်တိုင်းပြည်က ဘာပဲဖြစ်ဖြစ် တာ့လျန်ကို ရှုပ်ထွေးအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။

တကယ်ကို စဉ်းလဲတဲ့ရည်မှန်းချက်ပဲ!

158 02

တစ်စုံတစ်ခုသော တိုင်းပြည်ရဲ့အုပ်စိုးသူကို သူမစိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ဆူပူပြီးချိန်မှာတော့ ယန်ရှုက အရမ်းကိုအရေးကြီးသည့် မေးခွန်းတစ်ခုကို အမှတ်ရသွားသည်။

—

ဧကရာဇ်က ဒီ “အလှလေး” နှစ်ယောက်ကို ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ။

ယွီဝိန်းလန် “…”

သူက ဘယ်လိုထပ်ပြီး စီစဉ်နိုင်ဦးမှာလဲ။

သူက အခု အရမ်းကိုဒေါသထွက်နေပြီ။

—အရှေ့ဂျပန်လူမျိုးတွေက ရာသီဥတု ပူနွေးလာတိုင်း အရှေ့တောင်ကမ်းရိုးတန်းကို ကျူးကျော်မည်ဖြစ်ပြီး ထို့ကြောင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူ့ရဲ့အားစိုက်ထုတ်မှုတွေကို သင်္ဘောစစ်သည်တွေအား လေ့ကျင့်ပေးရန်နှင့် ပင်လယ်နံရံတွေ တည်ဆောက်ရန် အားထုတ်ထားသည်။ ထိုအရာတွေက ပြိုင်ဘက်ကို နှိမ်နင်းနိုင်ရန်ပင်။

သို့သော် ဒီတစ်ခေါက်မှာတော့ တစ်ဖက်လူနှင့် ကောင်းမွန်သည့် စေ့စပ်ဆွေးနွေးပွဲ ရှိချင်ပေမဲ့ တစ်ဖက်လူက သူ့ကို ဒါမျိုးလုပ်လာမည်ဟု မမျှော်လင့်ထားပေ။

သာမန်အမျိုးသမီးဖြစ်နေလျှင်ပင် သူ့အတွက် မောင်းမဆောင်ထဲကို ဝင်စေဖို့ လုံးဝမဖြစ်နိုင်ပေ။

ပိုရှိသည်က သူက ယခုလေးတင်ပဲ ယန်ရှုဆီကနေ အခြေအနေကို ကြားလိုက်ရသည်။

ဘာ။

ဒွိလိင်ဟုတ်လား။

ဟမ့် တုန်းဝေါ်က အဲလောက်တောင် ကိုးရို့ကားယားနိုင်ပြီး သူ့ကို အရမ်းကိုရိုင်းပျတာပဲ။

ယွီဝိန်းလန်က ဒေါသတွေနှင့် ပြည့်နှက်နေကာ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ခံစားချက်တွေကို မဖုံးကွယ်နိုင်တော့ပေ။ သူဟာ တုန်းဝေါ်ကို အေးစက်နေတဲ့အသံနှင့် ပြောလိုက်သည်။

“မောင်မင်းရဲ့တိုင်းပြည်က ပဋိညာဉ်စာချုပ်ကို စိတ်ရင်းရှိနေသရွေ့ တာ့လျန်ကလည်း စိတ်ရင်းနဲ့ပဲ ဆက်ဆံမှာပါ။ ကိုယ်တော်က မလိုချင်တော့။ ပြန်ယူသွားပြီး မောင်မင်းတို့ရဲ့ဘုရင်ကိုပဲ ပြန်ပေးလိုက်ပါ”

ထိုစကားတွေ ထွက်လာသည်နှင့် နန်းတော်ဟာ အံ့အားသင့်မှုတွေနှင့် ပြည့်နှက်သွားရသည်။

ဖန်ပန်းက ဧည့်သည်တော်တွေ သို့မဟုတ် တာ့လျန်ကမှုးမတ်တွေပင် မဆိုထားနှင့် သူတို့အားလုံးဟာ စကားလုံးတွေထဲက စက်ဆုပ်နေမှုကို ကြားလိုက်ရသည်။

—ထူးဆန်းသည်။ တစ်ဖက်လူပို့လိုက်တာက အလှလေးတွေပဲလေ။ သွင်ပြင်ကို အကဲဖြတ်ရရင် သူမက အရမ်းကိုလှပသည်။ ဘုရင်မင်းမြတ်က မလိုချင်ရုံတင် မကဘူး။ အရမ်းလည်း ဒေါသထွက်နေသေးတယ်။

ဘာလို့လဲ။

ယန်ရှုသည်လည်း အံ့အားသင့်သွားကာ ဒီလူရဲ့အခြေအနေက ဘာလဲ။ အလှလေးတွေကို မလိုချင်ရင်လည်း ရတယ်လေ။ ဒါပေမဲ့ ဘာလို့ဒေါသထွက်နေရသေးတာလဲ။

သို့သော်လည်း သူ ငေးကြောင်နေစဉ်မှာပဲ ဧကရာဇ်က နန်းတော်ထဲက လူတွေကို အမိန့်ပေးလိုက်သည်။

“သူတို့ကို ခေါ်ထုတ်သွားလိုက်”

နန်းတော်အသေခံတွေက နာခံလိုက်ကာ ထို “အလှလေး”နှစ်ယောက်ကို အပြင်ထွက်ရန် ဖိတ်ကြားလိုက်သည်။

နောက်ဆုံးတော့ သူ့အရှေ့တွင် ပိုပြီးတိတ်ဆိတ်သွားပြီး ယွီဝိန်းလန်ကတော့ ဒေါသထွက်နေဆဲပင်။ ထို့ကြောင့် ဝိုင်ခွက်ကို မြှောက်လိုက်ကာ ဝိုင်တစ်ခွက်လုံး သောက်ချလိုက်သည်။

မမျှော်လင့်စွာနှင့် ယန်ရှုရဲ့စိတ်ထဲက စိတ်ပျက်လက်ပျက်ဖြစ်နေသံကို ကြားလိုက်ရသည်။

[ဒီတိုင်း ထွက်သွားလိုက်တာလား။ ဘာနဲ့တူလဲဆိုတာ တစ်ချက်လောက်ကြည့်ဖို့ အချိန်တောင် မရလိုက်ဘူး….]

ယွီဝိန်းလန် “…”

ဟုန်လူဘုရားကျောင်းက မှုးမတ်က လူတိုင်းကို ခွက်မြှောက်ကြရန် မဆိုင်းမတွ ဖိတ်ခေါ်လိုက်သည်။ ပြီးနောက် သီချင်းဆိုတာနှင့် ကပြဖျော်ဖြေသည်များကို လျင်မြန်စွာ လိုက်လုပ်ခိုင်းလိုက်သည်။ အရှေ့ဂျပန် အင်ပါယာက မပျော်မရွှင်ဖြစ်နေသည့် သံတမန်များကလွဲလျှင် သူတို့အားလုံးက လျင်မြန်စွာပဲ ခွက်မြှောက်လိုက်ကြသည်။

စိတ်လှုပ်ရှားမှုက ဆက်လက်ဖြစ်ပေါ်နေပေသည်။

~~~

စားသောက်ပွဲဟာ နှစ်နာရီခန့် သက်ဝင်လှုပ်ရှားနေပြီး ထွန်းလင်းနေတဲ့လရောင်ဟာ အနောက်ဘက်သို့ ယွန်းလာချိန်မှာတော့ နောက်ကျနေပြီဖြစ်ပြီး နောက်ဆုံးတော့ ကန်လန့်ကာချချိန်သို့ ရောက်လာပြီ ဖြစ်သည်။

ဘုရင်မင်းမြတ်နှင့် တော်ဝင်ကိုယ်လုပ်တော်ဖြစ်သူတို့ဟာ ပွဲကနေ ဦးစွာထွက်သွားကြပြီး ကျန်ရှိသည့်ဧည့်သည်တော်တို့ဟာလည်း နန်းတော်ကနေ ထွက်ခွာသွားကြတော့သည်။

ယနေ့ညတွင် ယွီဝိန်းလန်ဟာ ဝိုင်သောက်ခဲ့ပြီး သူ့ရဲ့ကိုယ်လုပ်တော် ကိုယ်ဝန်ဆောင်နေသည်ကို ထောက်ထားညှာတာသည့်အားဖြင့် တော်ဝင်ရထားလုံးကို အထူးတလည် ဆင့်ခေါ်လိုက်သည်။

ရထားလုံးထဲတွင် မည်သူမျှမရှိဘဲ ယွီဝိန်းလန်က အနားယူရန် သူ့မျက်လုံးတွေကို ပိတ်လိုက်သည့်အခါ ထိုမိန်းကလေးရဲ့စိတ်ထဲကအသံကို သူ့နားထဲတွင် ကြားလိုက်ရသည်။

[အခုလေးတင်ဘာလို့သူက ဒေါသထွက်နေရတာလဲ။ ပြောရရင် ဒီလူနှစ်ယောက်က “အဲ့လိုလူမျိုးတွေ” ဆိုတာကို မသိလောက်ဘူးမလား။ ဘာလို့လဲဆိုတော့ ဂျပန်ပြည်ကို မုန်းတီးနေလို့ ဖြစ်နိုင်တယ်။ ဆိုတော့ သူက အဲဒီအလှလေးနှစ်ယောက်ကို မုန်းတီးနေတာလား။]

158 03

ယွီဝိန်းလန်က စိတ်ထဲကနေ ခေါင်းညိတ်လိုက်ပြီး ဒါကတကယ်ကိုပဲ ဒီလိုမျိုးဖြစ်သည်။

သူမက သူမရဲ့လျှာကို ထပ်မံတောက်လိုက်သည်။

[တကယ်လို့သာ ရုံရန်ကောင်းလိလို တခြားတိုင်းပြည်ကဆိုရင်ရော လက်ခံမှာလား။]

ယွီဝိန်းလန်က သူ့မျက်လုံးတွေကို ဖွင့်လိုက်သည်။ “…”

ဘာကိစ္စလဲ။

သူမဟာ ထိုလူမျိုးခြားတိုင်းပြည်တွေက ထိုအလှလေးတွေကို အကြောင်းမဲ့သက်သက် ပို့လိုက်တာတော့ မဖြစ်နိုင်ပေ။ သို့သော် သူတို့တွင်လည်း တုန်းဝေါ်ကဲ့သို့ တူညီတဲ့အကြံမျိုး ရှိကြပေသည်။

ဖြစ်ကောင်းဖြစ်နိုင်တာကတော့…တုန်းဝေါ်လိုတော့ ပြောင်းမလာလောက်ပါဘူးနော်။

ဟုတ်သည်။ ထိုစကားလုံးကို ယခင်က သူ မသုံးခဲ့ဖူးပုံပင်။

ထိုအကြောင်းကို တွေးကြည့်မှပင် ထပ်ပြီးစိတ်မတိုဘဲမနေနိုင်ပေ။ သို့သော် ထိုအချိန်မှာပင် သူမ ပြောလာသည်ကို ကြားလိုက်ရသည်။

“အရှင်မင်းကြီးကို သတင်းပို့စရာတစ်ခုရှိပါတယ်။ အရှင်မင်းကြီး ကြောက်မသွားဖို့တော့ မျှော်လင့်ပါတယ်”

ယွီဝိန်းလန်က မေးလိုက်သည်။

“ဘာကိစ္စလဲ”

သို့သော် သူမပြောလာသည်က “တကယ်တော့လေ ဒီနေ့မှာ အရှင်မင်းကြီးကိုဆက်သဖို့ ရည်စူးထားတဲ့ တုန်းဝေါ်က အလှလေးနှစ်ယောက်က…..သာမန်အမျိုးသမီးတွေ မဟုတ်ဘူး။ သူတို့နှစ်ယောက်လုံးက ယောက်ျားရော မိန်းမရောဖြစ်နေတဲ့သူတွေ။ တချို့နေရာတွေမှာတို သူတို့ကို “မိန်းမလျာ”လို့ ခေါ်ကြတယ်”

ယွီဝိန်းလန်က အံ့အားသင့်ဟန် ဆောင်လိုက်ကာ

“ဒီလိုကိစ္စမျိုးလဲ ရှိသေးတာလား။ တုန်းပေါ်က တကယ်ကိုစက်ဆုပ်စရာ ကောင်းတာပဲ”

….သို့သော် ထိုခေါင်းစဉ်က အနည်းငယ် မသင့်လျော်ပုံပင်။

ထို့နောက် သူမက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

“အမှန်ပဲ ဆိုတော့ ဒီညအရှင်မင်းကြီး သူတို့ကိုငြင်းလိုက်တာက ကောင်းတဲ့အရာပဲ။ ဒါပေမဲ့ ကျွန်မသိချင်တာက တခြားတိုင်းပြည်တွေက အရှင်မင်းကြီးကို သာမန်အမျိုးသမီးတွေ ဆက်သလာရင်ရော သူတို့ကို လိုချင်မှာလား”

သူမစကားပြောပြီးနောက် သူ့အား စူးစမ်းသည့်မျက်လုံးတွေနှင့် ငေးကြည့်လာသည်။

ယွီဝိန်းလန်က မပြုံးဘဲ မနေနိုင်တော့ဘဲ ပြောလိုက်သည်။

“ကိုယ့်ကို အဲဒါမေးချင်နေတာလား”

သို့သော် ရုတ်တရက်ပဲ သူမကနှုတ်ခမ်းစူသွားပြီး ပြောလာသည်

“ဒီကိုယ်လုပ်တော်က အဲဒါကို ဘယ်လိုလုပ်ပြီး ဆုံးဖြတ်နိုင်မှာတဲ့လဲ။ ဒီကိုယ်လုပ်တော်က မလိုချင်ဘူး ဆိုရင်တောင် အရှင်မင်းကြီးက မလိုချင်တာ မဟုတ်ဘူးလေ”

ယွီဝိန်းလန်က တမင်သက်သက် မတိုးသာမဆုတ်သာမျိုး လုပ်နေကာ သူ့ရဲ့မျက်ခုံးကိုသာ ပင့်လိုက်ပြီး ပြောလာသည်။

“ကိုယ်က မင်းရဲ့နှလုံးသားထဲမှာ အဲ့လောက်တောင် အထင်သေးစရာ ကောင်းနေတာလား”

သို့သော်သူမက အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ကာ သူမမျက်လုံးကိုနှိမ့်လိုက်ပြီး ပြောလာသည်။

“မလုပ်ဝံ့ပါဘူး”

ယန်ရှုက တွန့်ဆုတ်သွားကာ လျင်မြန်စွာပြောလိုက်သည်။

“ဘယ်နေရာကများ ဖြစ်နိုင်လို့လဲ။ အရှင်မင်းကြီးက ဒီကိုယ်လုပ်တော်ကို အဲ့လောက်ထိတောင် ဆိုးဆိုးရွားရွား တွေးထားတာလား…..”

သို့သော် သူမနှလုံးသားထဲတွင်တော့ ပြောနေပေသည်။

[ခန့်မှန်းတာက တကယ်ကိုတိကျတာပဲ။ ဒါပေမဲ့ သူ့ကိုဆူပူရုံလောက် မရိုးရှင်းမှာကိုပဲ စိုးတယ်။ သူ့ကို ဇာတ်လမ်းထဲမှာ ထည့်ရေးပြီး ကိုယ့်ကျင့်တရားကျကျ ဝေဖန်ပစ်ဦးမယ်? ပြီးရင် ကလေးကိုခေါ်သွားပြီး သူမရဲ့ကိုယ်ပိုင်ဘဝကို တံခါးတွေနောက်မှာပဲနေပြီး သူ့ကို ဘယ်တော့မှ ဂရုမစိုက်တော့ဘဲ လျစ်လျူရှုပစ်မယ်။ ဟွန့်!]

158 04

ယွီဝိန်းလန် “…..”

ဘာလို့ဟမ့်လဲ။ သူ အဲဒါကို မလုပ်ခဲ့ပါဘူး။

သူက သက်ပြင်းချရုံပဲ တတ်နိုင်ကာ သူမရဲ့လက်ကိုယူလိုက်ပြီး ပြောလိုက်သည်။

“ပျော့ပျောင်းတဲ့ရေ သုံးထောင်ရှိနေရင်လည်း သောက်ဖို့အတွက်ကို တစ်ဇွန်းပဲ သောက်ပါ့မယ်”

(ဆိုလိုချင်တာက မိန်းကလေးတွေဘယ်လောက်ပဲများများ ယန်ရှုကိုပဲ သဘောကျတာလို့ပါ)

ထိုစကားတွေ ပြောလာသည့်အခါ သူမက တွေးဆနေတော့သည်။

ထိုသူ့ကို မျက်လုံးတစ်စုံနှင့်ကြည့်လိုက်ပြီး သူ့နှလုံးသားထဲတွင် ပြောလိုက်သည်။

“သူက….အချစ်အကြောင်းကို ပြောနေတာလား”

ယွီဝိန်းလန်က ဘဝင်ကျစွာ ပြုံးလိုက်ပြီး ကြည့်လိုက်တာ ချစ်စကားတွေကို မကြာခဏ ပြောသင့်သည်ဟု တွေးနေပေသည်။

သူမနှစ်သက်သွားတာကို ကြည့်လိုက်ပါဦး။

မမျှော်လင့်ထားစွာနှင့် နောက်ထပ် လှုပ်ရှားလာချိန်မှာတော့ သူမစိတ်ထဲက ပြောနေသံကို ကြားလိုက်ရသည်။

[စကားမစပ် မနက်ဖြန်ကျ ပုံပြင်စာအုပ်တစ်အုပ် မြန်မြန်ရေးပြီး အရှေ့ဂျပန်ပြည်က ဘုရင်မင်းမြတ်ရဲ့ စက်ဆုပ်ဖွယ်ကိစ္စတွေကို တစ်ချက်လောက် ကြည့်ဦးမှပဲ။ ဘာပဲဖြစ်ဖြစ် သူက လူမျိုးခြားတိုင်းပြည်ကပဲလေ ဆိုတော့ အဲ့အကြောင်းကိုရေးရင် တစ်ယောက်ယောက်လာပြီး စစ်ဆေးမှာကိုလည်း စိုးရိမ်စရာမလိုတော့ဘူး။ ဟီးဟီး မတွေ့နိုင်တဲ့လူတွေကတော့ အဲဒါကို သေချာပေါက် ဖတ်ချင်မှာပဲ!]

ယွီဝိန်းလန် “..”

အချစ်အကြောင်း ပြောနေတာမဟုတ်ဘူးလား။ ဘာလို့ရုတ်တရက်ကြီး ဒီနေရာကို ခုန်လာရတာလဲ။

ပြီးတော့လည်း ဒါကို ပုံပြင်တစ်ပုဒ်အဖြစ် ဘာလို့ရေးမှာလဲ။

သူက မနေနိုင်ဘဲ ပြောလိုက်သည်။

“သန္ဓေသားပညာရေးက အရေးကြီးနေတုန်းပဲ။ ပြောရရင် ကိုယ့်ရဲ့ပထမဆုံးသွေးသားလေ။ မနက်ဖြန်ကနေစပြီး မင်းဆီကို စာဖတ်ပြမဲ့လူတွေ ပို့လိုက်မယ်။ စာအုပ်ကြီးလေးအုပ်နဲ့ ဂန္တဝင်ငါးခုကနေ စလိုက်ရအောင်”

ထိုစကားတွေ ထွက်လာသည့်အခါ ယန်ရှုက ကြက်သေ သေသွားတော့သည်။

“ဘာ။ မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ကျွန်မနားမထောင်ချင်ဘူးလို့….”

သို့သော်လည်း သူမပင် စကားမပြောနိုင်သေးခင်မှာပဲ ထိုသူက ဩရှသည့်အသံနှင့် ပြောလာသည်။

“ဒါက တော်ဝင်အမိန့်တော်ပဲ”

ယန်ရှု “….”

သူမပင် စကားမပြောနိုင်ခင် သူက ထပ်ပေါင်းပြောလိုက်သည်။

“အဲဒါက မလိုအပ်ဘူး။ နေ့တိုင်းနေ့တိုင်း ဆယ့်ငါးမိနစ်လောက် နားထောင်ရုံပဲ။ မလုံလောက်ဘူးဆိုရင် ထန်နဲ့စုန့်ခေတ်က ကဗျာတွေကို ထည့်နိုင်တယ်။ အဲဒါမှ မင်းရဲ့ ခံစားချက်ကို ကျင့်ကြံနိုင်မှာ”

ယန်ရှု “…”

သေစမ်း ဒါကကလေးအတွက် သန္ဓေသားပညာရေးလား။ ဒါမှမဟုတ်ရင် သူမကို ကူညီပေးဖို့အတွက်လား။

မိခင်တစ်ယောက် ဖြစ်လာတော့မှ ဘာလို့ စာသင်ဖို့ကို ဖိအားပေးနေရတာလဲ။

ဝူးးးးဟူးးးး

~~~~

တော်ဝင်အင်အားဖြင့် ဖိအားပေးမှုကြောင့် ယန်ရှုဟာ အမိန့်တွေကိုနာခံရုံသာ တတ်နိုင်ပေသည်။

158 05

ထို့ကြောင့် နောက်တစ်နေ့မနက်စောစောတွင် ကော်ကျစ်ကျန်း ကျိကျုံကိုယ်တိုင် ပြုစုစုစည်းထားတဲ့ “တေးသီချင်းတို့၏စာအုပ်” ကို ကြားလိုက်ရသည်

ဆရာသခင်ကျိကျုံဟာ အလွန်အမင်းကို တာပွန်ကျေပွန်သူဖြစ်ပြီး မူလဖတ်စာကို ဖတ်ပြီးနောက်တွင် အကယ်၍ သူမသာ တစ်ခုခုကို နားမလည်ခဲ့လျှင်ဆိုပြီး သူမကို ဂရုတစိုက်နှင့် ရှင်းပြလာသည်။

ယန်ရှုက သူမရဲ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ကို ဖိအားပေး တပ်ဆင်ထားရပြီး လူကြီးမင်းကျိကျုံအား ကျေးဇူးတင်ရှိသည့်အနေနှင့် စုတ်တံတစ်ချောင်း လက်ဆောင်ပေးလိုက်သည်။

ယနေ့ဟာ ချန်နင်ပွဲတော်နေ့ဖြစ်ပြီး ဧကရာဇ်ရဲ့မွေးနေ့လည်းဖြစ်သည်။ အတန်းပြီးနောက် ယန်ရှုက သူမရဲ့အဝတ်အစားတွေကို ဝတ်ဆင်လိုက်ကာ ဧကရာဇ်ကို အဖော်ပြု၍ ကရုဏာနန်းဆောင်နှင့် “နင်” တို့ကို သွားရောက်ပြီး ဂါရဝပြုရန် လိုက်ပါပေးသည်။

ပြောရလျှင် သူတို့တွေ မကြာခဏ ပြောကြသည်က “သားတစ်ယောက်ရဲ့မွေးနေ့ဟာ သူ့မိခင်အတွက် ခါးသီးတဲ့နေ့တစ်နေ့လို့” ပြောကြသည်။

ဧကရီမယ်တော်ကြီးက ဧကရာဇ်ရဲ့အမေအရင်း မဟုတ်ပေမဲ့ ဒီနှစ်တွေအတွင်း ထိုသူ့ကို ပျိုးထောင်ရန် သူမတွင် အရမ်းကိုကြိုးစားခဲ့ရသည်။

အခမ်းအနား ပြီးဆုံးသည့်နောက် ယွီဝိန်းလန်က ဧကရီမယ်တော်ကြီးကို နှုတ်ဆက်လိုက်ကာ ဘုရင်မင်းမြတ်ကို ဂါရဝပြုရန် စောင့်ဆိုင်းနေကြသည့် မှုးမတ်များစွာရှိသော ချန်မင်နန်းဆောင်သို့ သွားတော့သည်။

ယန်ရှုဟာ သက်ပြင်းချလိုက်ပြီး သူမရဲ့ဘော့စ်ဖြစ်သူ ဧကရီမယ်တော်ကြီးက ကြင်နာကာ နောက်ဆုံးတွင်တော့ အသစ်တစ်ခုခုကြောင်းကို သူမကို ပြောနိုင်တော့မည်ဖြစ်သည်။

ဧကရီမယ်တော်ကြီးသည်လည်း တကယ်တော့ သူမကို စောင့်ဆိုင်းနေတာဖြစ်ပြီး ဧကရာဇ် ထွက်သွားသည့်အခါ သူမက ချက်ချင်းပဲ လူတိုင်းကို အပြင်သို့ ပစ်ထုတ်လိုက်ပြီး မေးလာသည်။

“မနေ့ညက အရှင်မင်းကြီးကို အရှေ့ဂျပန်ပြည်က သံတမန်တွေက အလှလေးတွေ ဆက်သတယ်လို့ကြားတယ်။ ဒါပေမဲ့ အရှင်မငိးကြီးက ဒေါသထွက်ပြီး သူတို့ကို ကန်ထုတ်လိုက်တယ်ဆို ဘာလို့လဲ”

ယန်ရှုသည်လည်း ဧကရာဇ်အစား လိမ်ညာယုံသာ တတ်နိုင်တော့သည်။

“ဘာလို့လဲဆိုတော့ အရှင်မင်းကြီးက ဥာဏ်ပညာရှိပြီး အင်အားကြီးလို့ပါ။ ကျွန်မကြားတာတော့ အဲဒီအလှလေးနှစ်ယောက်က သူတို့တွေက….ယောက်ျားရောမိန်းမပါ နှစ်ခုလုံးဖြစ်နေတာမျိုးပါ။ အဲ့လူတွေကို အရှေ့ဂျပန်ပြည်ရဲ့တော်ဝင်မိသားစုက ကိုယ်တိုင်ပျိုးထောင်ထားတာပါ”

ကျစ် ဧကရီမယ်တော်ကြီးအား ကြောက်မိစေမိမှာကို စိုးသည့်အတွက် သူမက ရည်ရွယ်ချက်ရှိရှိနှင့် သူမရဲ့လေသံကို လျော့ချလိုက်သည်။

သို့သော် ဧကရီမယ်တော်ကြီးသည်လည်း တွန့်ဆုတ်ကာ ပြောလာသည်။

“ဒီလိုကိစ္စမျိုး ရှိသေးတာလား။ တုန်းဝေါ်က တကယ်ကို စက်ဆုပ်ဖို့ကောင်းပြီး အရှက်မဲ့တာပဲ။ ဒါက ငါတို့ရဲ့အကြီးအကဲတွေကို သိသိသာသာကိုပဲ စော်ကားလိုက်တာ မဟုတ်လား။ သူတို့တွေက မောင်းထုတ်ခံရသင့်တယ်”

ယန်ရှုက လျင်မြန်စွာပဲ ဟုတ်သည်ဟု ပြောလိုက်ပြီး နှစ်သိမ့်ပေးလာသည်

“မပူပါနဲ့ ဧကရီမယ်တော်ကြီး အရှင်မင်းကြီးက ချန်းနင်ပွဲတော်ပြီးတာနဲ့ သူ့တို့ကို ပြန်လွှတ်တော့မယ်လို့ ပြောပါတယ်။ တခြားတိုင်းရေးပြည်ရာတွေကို သတ်မှတ်ရရင် သူတို့ကို ဘယ်တော့မှ ထပ်ပြီး မညှိနှိုင်းတော့ပါဘူး”

ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည်။

“ဒီဂျပန်တိုင်းပြည်က လူသတ်ဖို့ပဲ အမြဲတမ်း ရည်ရွယ်နေတာ။ အရှင်မင်းကြီး သိနေသရွေ့လျော့တွက်ထားလို့ မရဘူး”

ယန်ရှုက လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

******

159 01

အပိုင်း 159

ယနေ့ဟာ ချန်းနင်ပွဲတော်နေ့ဖြစ်ပြီး ဧကရာဇ်ရဲ့မွေးနေ့လည်းဖြစ်သည် ။

ထို့ကြောင့် နန်းတော်ထဲရှိ ပွဲလမ်းသဘင်တို့ဟာ ယနေ့တွင်သာ အဓိကအားဖြင့် ကျင်းပကြတာဖြစ်သည်။

ထိုအချိန်တွင် ယန်ရှုဟာ ဧကရီမယ်တော်ကြီးနှင့်အတူ တုန်းဝေါ်တိုင်းပြည်အကြောင်း ပြောပြီးခါစဖြစ်သည်။ ထို့နောက် နန်းတော်အစေခံဆီကနေ ပွဲတော်ကိုဆင်နွှဲရန် နန်းတော်သို့ ဝင်ရောက်လာသည့် အမျိုးသမီးဧည့်သည်တော်တွေအကြောင်း တင်ပြလာသည်အား ယန်ရှု ကြားလိုက်ရတော့သည်။

နှစ်ယောက်သားဟာ ယနေ့ရဲ့အမျိုးသမီးဧည့်သည်တော်များကို ဧည့်ခံသည့် ချွင်းဟယ်ရှဲ့နန်းဆောင်ကို အတူတကွ သွားလိုက်ကြသည်။

ကောင်းကင်သားတော်၏မွေးနေ့ပွဲဟာ သာမန်မဟုတ်ပေ။ ယနေ့နွေဦးစံအိမ်တော်တွင် တာ့လျန်တော်ဝင်မိသားစုက အမျိုးသမီးများကလွဲ၍ တော်ဝင်ညီလာခံက မှူးမတ်ဝန်ကြီးများစွာ၏ မိသားစုဝင်များနှင့် တိုင်းပြည်အသီးသီးရှိ သံတမန်တို့ဟာ သူတို့၏ကိုယ်ပိုင် ရိုးရာဝတ်စုံများကို ဝတ်ဆင်ထားကြလျက် ရှိနေကြပေသည်။ ဝတ်စုံများစွာ အရောင်အသွေးစုံလင်လှပြီး သူတို့၏ကိုယ်ပိုင်ဝိသေသလက္ခဏာများဖြင့် အလွန်ကိုပင် သက်ဝင်လှုပ်ရှားနေပေသည်။

သူတို့ထဲတွင် အများဆုံး တိုက်ခိုက်သည့်သူက သံသယမရှိစွာနဲ့ပဲ မင်းသမီးကောင်းလိဖြစ်သည်။ သို့သော် ယနေ့တွင်တော့ သူမဟာ ကောင်းလိရဲ့သင်္ကေတဖြစ်သည့် နွေဦးပိုးထည်ဝတ်စုံကို ဆင်မြန်းထားရုံသာမက သူမရဲ့ဆံထုံးကိုလည်း ခပ်မြင့်မြင့် ထုံးဖွဲ့ထားပေသည်။ ပြီးနောက် ရွှေ ငွေ ပုလဲနှင့် မြတို့ကဲ့သို့ ရတနာမျိုးစုံကိုလည်း ထိုထဲတွင် ဆင်ယင်ထားသေးသည်။ သို့သော် သူမဘေးက အစေခံနှစ်ဦးသည်လည်း ဂရုတစိုက် ဝတ်ဆင်ထားကာ အလွန်ကို မျက်စိဖမ်းစားဖွယ်ပင်။

တကယ်တော့ ယန်ရှုဟာ မင်းသမီးကောင်းလိအား မနေ့ညက ကျိယင်းခန်းမတွင် ကျင်းပသည့် စားသောက်ပွဲကြီး၌ တွေ့ဆုံခဲ့ပြီးဖြစ်သည်။ မနေ့ညက သူမရဲ့ ဝတ်စုံဟာလည်း အလွန်ကိုပင် ကျက်သရေရှိလှပြီး မမျှော်လင့်ထားစွာနှင့် တစ်ညတည်းသာဖြစ်ပေမဲ့ သူမက နောက်တစ်ခါ ထပ်လဲလိုက်သေးသည်။ နောက်ထပ်တစ်ခါ လူတွေကြားရှိ ဗဟိုချက် ထပ်ဖြစ်လာပြန်သည်။

သူမဘာသာ တွေးကြည့်လိုက်သည်။ ကြည့်ရတာ ဒါကလည်း အလှအပကို ချစ်မြတ်နိုးတဲ့သူပဲနေမှာ။

သို့သော်လည်း ကောင်းလိအဖို့ မြို့တော်ကို လာရသည်မှာ ခရီးရှည်ကြီးဖြစ်ပြီး အလှအပကို ချစ်မြတ်နိုးသူအနေနှင့် ထိုအရာက မလွယ်ကူပေ။ ယခုလိုခရီးရှည်ကြီးတွင် ရတနာများစွာနှင့် အဝတ်အစားတွေများစွာကို သယ်လာရသည်။ ထို့အပြင် ထိုလှည်းတွေကို ဆွဲရန်မှာ အတော်လေး ပင်ပန်းခက်ခဲပေလိမ့်မည်။

သေချာပေါက်ပင် တခြားသူတွေဘာကိုပဲ ပြောနေပါစေ။ ယနေ့အဖို့ သူမအတွက် အပျော်ဆုံးအရာကတော့ သူမရဲ့မိခင်အား ထပ်မံတွေ့ဆုံရတာပင်။

-အဟွတ် ပြောရရင် သူမရဲ့မိခင်သခင်မကြီးကျူးက အခုဆိုလျှင် လေးနက်တဲ့မြို့စားတစ်ယောက် ဖြစ်နေပြီဖြစ်ပြီး တော်ဝင်အမိန့်တော်လည်း ရှိသည့်အတွက် ယခုလိုစားသောက်ပွဲမျိုးအား တက်ရောက်ရန် အရည်အချင်း ပြည့်မှီပေသည်။

ထို့အပြင် ယန်ရှုဟာ ယခုဆိုလျှင် နဂါးဆက်ခံသူလေူအား ကိုယ်ဝန်လွယ်ထားရပြီး အနာဂတ်က အကန့်အသတ်မရှိပေ။ စားသောက်ပွဲအတွင်း၌ အထက်တန်းလွှာအမျိုးသမီး အများကြီးက အမျိုးမျိုးသော မြှောက်ပင့်စကားအမျိုးမျိုးနှင့် သခင်မကျူးနဲ့ စကားစမြည်ပြောရန် တစ်ယောက်ပြီးတစ်ယောက် လက်ဦးမှုယူလာကြသည်မှာ မိတ်ဆွေဖွဲ့လိုသည့် ရည်ရွယ်ချက်က အလွန်ပင် သိသာထင်ရှားလှသည်။

ယနေ့ရဲ့အထိမ်းအမှတ်ပွဲက တစ်နေ့လုံး ကြာမြင့်မည်ဖြစ်ပြီး နေ့လည်စာပြီးလျှင် တေးသီချင်းအမျိုးမျိုး အကအလှများနှင့် ပြဇာတ်များ မျက်လှည့်ဖျော်ဖြေပွဲများသည်လည်း ချွင်းဟယ်ရှဲ့နန်းဆောင်တွင် ကျင်းပမည်ဖြစ်သည်။

ယန်ရှုဟာ သူမရဲ့အမေနှင့် ရည်ရွယ်ချက်ရှိရှိ ထိုင်နေပြီး စင်မြင့်ပေါ်ရှိ မောင်းသံနှင့်ဒရမ်သံများကို အခွင့်ကောင်းယူ၍ သူမအမေကို တိတ်တဆိတ် သတိပေးလိုက်သည်။

“အခုလေးတင် အမေ့ကို စကားကောင်းတွေနဲ့ မြှောက်ပင့်နေတာတွေကို နားထောင်ရုံပဲ နားထောင်နော်။ အရာရာကို ဂရုစိုက်ထားပါ။ အရမ်းကြီး ပေါ့ပေါ့တန်တန်မတွေးနဲ့နော်”

သို့သော် သူမအမေက ခေါင်းညိတ်ကာ ပြောလာသည်အား တွေ့လိုက်ရသည်။

“အရှင်မ မပူပါနဲ့ ဒီဇနီးဖြစ်သူက နားလည်ပါတယ်”

ယန်ရှုက ကောင်းပါပြီဟုပြောကာ သူမအမေနှင့်အတူ မိသားစုအခြေအနေတွေကို တစ်ခဏလောက် စကားစမြည် ပြောနေလိုက်သည်။

သိပ်မကြာခင်မှာပဲ စင်မြင့်ပေါ်ရှိ တေးသီချင်းတွေ ရွတ်ဆိုပြီးဖြစ်၍ ဧည့်သည်တော်အားလုံးဟာ လက်ခုပ်ဩဘာ ချီးမြှင့်လာကြသည်။

သို့သော် ထိုအချိန်မှာပဲ ကျက်သရေရှိသည့် မင်းသမီးကောင်းလိဟာ မပြေပြစ်သည့် တရုတ်ဘာသာနှင့် ပြောလာသည်။

“တာ့လျန်ရဲ့သီဆိုကပြတဲ့ဖျော်ဖြေမှုက အရမ်းကို အံအားသင့်စရာပဲ။ ကျွန်မရဲ့စိတ်ရင်းကို ဖော်ပြရမယ်ဆိုရင် ကျွန်မရဲ့အစေခံတွေကိုလည်း လူတိုင်းရှုစားနိုင်စေဖို့ အကတစ်မျိုးကို ပြင်ဆင်ခိုင်းထားတယ်”

ဟမ်။ ကောင်းလိကော်က တကယ်ပဲ အကတစ်မျိုးကို ပြင်ဆင်ထားတာလား။

159 02

လူတိုင်းက ဒါကိုကြားလိုက်ရချိန်မှာ သိချင်စိတ် ဖြစ်သွားရသည်။

ဧကရီမယ်တော်ကြီးကလည်း ခေါင်းညိတ်ကာ ပြောလာသည်။

“ဒါဆိုရင် ကျေးဇူးပြုပြီး ဖျော်ဖြေပေးပါဦး”

မင်းသမီးကောင်းလိက ခေါင်းညိတ်လိုက်ကာ အစေခံတွေအား အမိန့်ပေးလိုက်သည်။

အစေခံနှစ်ယောက်သည်လည်း နာခံလိုက်ကာ ဘေးဘက်သို့ပြင်ဆင်ရန် သွားလိုက်ကြပြီး စင်ပေါ်သို့ တက်သွားကြသည်။

ထိုအချိန်တွင် စင်ပေါ်၌ တေးသီကျူးသူတို့ ချန်ရစ်ခဲ့သည် ထောက်တိုင်များနှင့် စတုရန်းပုံစားပွဲတစ်လုံးရှိသည်။ အစေခံနှစ်ယောက်ဟာ ဖယောင်းတိုင်တစ်တိုင် ထွန်းလိုက်ပြီး စားပွဲ၏အလယ်၌ ထားလိုက်သည် ထို့နောက်တွင်တော့ ဗုံတွေကို သူတို့၏နောက်ကျောတွင်သယ်ကာ တေးသီဆိုရင်း စားပွဲပတ်လည်၌ ကခုန်ကြတော့သည်။

အံအားသင့်စွာနှင့်ပင် စင်၏ဘေးဘက်၌ ဗျပ်စောင်းတီးခတ်နေသူတစ်ဦးရှိပြီး သူမသည်လည်း ကောင်းလိမင်းသမီး၏အစေခံပင်။

ထိုမြင်ကွင်းကိုတွေ့သည့်အခါ ယန်ရှုက သူမရဲ့စိတ်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်ပေ။ ဒီမင်းသမီးကတော့ ပျော်တတ်တဲ့သူပဲ။ လမ်းတစ်လျှောက်လုံး ခရီးနှင်လာရတယ်။ အဝန်အစားနဲ့ရတနာတွေကို အလုံအလောက် ယူလာရုံတင်မကဘူး။ တီးဝိုင်းတစ်ဖွဲ့ကိုပါ ခေါ်လာသေးတယ်။

အမိုက်စားပဲ။

သို့သော် စစ်စတန်က ကြားဖြတ် နှောက်ယှက်လာသည်။

[ဒါကဘာလို့လဲဆိုတော့ သူ့ခင်ပွန်းကလည်း သူ့ဘာသာ ပျော်ရတာကြိုက်လို့လေ။ အဲဒီကောင်းလိမင်းသား လီထိုက်ချူးက မျက်နှာများတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ သူမခင်ပွန်းရဲ့ငြင်းဆန်တာကို မခံရစေဖို့ ဒီဇနီးဖြစ်သူက သူမကိုယ်သူမ ဝတ်စားဆင်ယင်ပြီး သူ့ကို ပျော်အောင်လုပ်ဖို့ အကောင်းဆုံးကြိုးစားနေရတယ်….]

ယန်ရှု “….”

သိပြီ။

ကောင်းပြီလေ မင်းသမီးကောင်းလိအတွက် ဒီလိုခင်ပွန်းမျိုးကိုရတာက မလွယ်ဘူးဘဲ။

သူမကထိုသို့တွေးနေစဉ်မှာပဲ စင်ပေါ်က အစေခံနှစ်ဦးဟာ လေးထောင့်ပုံစားပွဲပေါ်၌ ခုန်တက်လိုက် ခုန်တင်းလိုက် လုပ်နေကြသည် ပြီးလျှင် သူမတို့ ယခုလေးတင်ထွန်းခဲ့သည့် ဖယောင်းတိုင်ဘေးနားသို့ ခုန်တက်လိုက်ကြသည်။

—သိရမည်က လေ့ထောင့်ပုံစားပွဲခုံဟာ နှစ်ပေနဲ့ရှစ်လက်မသာ ရှည်လျားသည် အစေခံနှစ်ဦးက ဗုံနှင့်အတူကခုန်ရင်း ထိုအပေါ်တွင် ရပ်လိုက်ချိန်မှာတော့ သူတို့ရဲ့လှုပ်ရှားမှုတွေကို ပြောင်းလဲလိုက်ကာ ခဏခဏအကြိမ်အနည်းငယ် လှည့်နေပေသည် သူတို့တွေက တကယ်ကိုတည်ငြိမ်နေပြီး ကြည့်ရသည်မှာ မျောလွင့်နေသည့်တိမ်တိုက်နှင့် စီးဆင်းနေသည့်ရေကဲ့သို့ အံ့ဩဖွယ်ကောင်းသည်

အရေးအကြီးဆုံးအရာကတော့ သူတို့ထွန်းခဲ့သည့် ဖယောင်းတိုင်ဟာ အလုံးစုံ မလောင်ကျွမ်းသွားသေးဘဲ သူတို့တွေ ကပြဖျော်ဖြေပြီးနောက် စားပွဲကို ချန်ထားခဲ့ချိန်မှာလည်း တောက်လောင်နေဆဲ ဖြစ်သည်။

သီချင်းတစ်ပုဒ် ကပြဖျော်ဖြေပြီးနောက်မှာ ချွင်းဟယ်ရှဲ့အဆောင်တော်တွင် လက်လုပ်ဩဘာသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး လူတိုင်းက အံ့အားသင့်ကာ လက်ခုပ်တီးနေကြသည်မှာ အသက်ဝင်လှသည်။

ဧကရီမယ်တော်ကြီးသည်လည်း သူမခေါင်းကို မညိတ်ဘဲ မနေနိုင်တော့ပဲ ပြောလာသည်။

“ကောင်းလိရဲ့အကသမားတွေက တကယ်ကို အရည်အချင်းမြင့်မားတာပဲ။ တကယ်ကို မျက်စိပွင့်စေတာပါပဲ”

ဧည့်သည်တွေဟာလည်း အနောက်ကနေတစ်ယောက်ပြီး တစ်ယောက် ချီးကျူးလာကြသည်။

ထိုစကားတွေ ထွက်လာသည့်အခါ မင်းသမီးကောင်းလိဟာ ကျေးဇူးတင်လိုက်ပြီး ထို့နောက် ပြောလိုက်သည်။

“ဒီအမျိုးသမီးနှစ်ယောက်က ကျွန်မရွေးချယ်ထားတာပါ။ ဒီတစ်ခေါက် သူတို့ကို တာ့လျန်ဆီ ခေါ်လာရတာက သူတို့ကို တာ့လျန်ကို ပေးချင်လို့ပါ။ လူကြီးမင်းတို့ ကြိုက်နှစ်သက်တယ်ဆိုရင် သူတို့ကို နန်းတော်ထဲမှာ ထားလိုက်ပြီး ဗျပ်စောင်းလည်း တီးနိုင်သလို ကလည်း ကပြနိုင်ပါတယ်။ ပြီးတော့လည်း ဧကရီမယ်တော်ကြီးနဲ့ ကိုယ်လုပ်တော်ယိကို အဖော်ပြုနိုင်ပါသေးတယ်”

သူမ စကားပြောပြီးနောက် ယန်ရှုအား တမင်သက်သက် ခေါင်းညိတ်ပြလိုက်သည်။

159 03

ယန်ရှု “…..”

အမ်းးးးးအခုလေးတင် မင်းသမီးအတွက် မလွယ်ကူဘူးလို့ တွေးနေပေမဲ့ မမျှော်လင့်ဘဲ ပြောင်းပြန်လှန်ပြီး မောင်းမဆောင်ထဲကို တစ်ယောက်ယောက်ကို ထပ်ပြီးပို့ချင်တာလား။

သူမ ထိုသို့တွေးနေစဉ်မှာပဲ ထပ်ပြီးရပ်တန့်သွားရသည်။ သေစမ်း ဒီအစေခံနှစ်ယောက်ကလည်း နည်းနည်းထူးဆန်းတဲ့……သူတွေ ဟုတ်တယ်မလား။

သို့သော် စစ်စတန်က ပြောလာသည်။

[မဟုတ်ဘူး တုန်းဝေါ်နဲ့ယှဉ်ရင် ကောင်းလိတောင်ဝင်မိသားစုက နည်းနည်းတော့ သာမန်ပဲ။ ဒါပေမဲ့လည်း ဒီအစေခံနှစ်ယောက်ကို ကောင်းလိမင်းသားက ထိပြီးသွားပြီ။ သေချာတာပေါ့ သူတို့နှစ်ယောက်ပဲ မဟုတ်သေးဘူး။ ကောင်းလိနန်းတော်ထဲက နည်းနည်းလောက် လှပတဲ့ဘယ်သူ့ကိုမဆို မင်းသားက အလွတ်ပေးမှာ မဟုတ်ဘူး]

ယန်ရှု […..]

ကောင်းပြီလေ တကယ့်ဟာပဲ။

သူမက နားမလည်နေရုံပင်။ ထို့ကြောင့် သူမက စစ်စတန်ကို ထပ်မေးလိုက်သည်။

[မင်းသမီးကောင်းလိက တာ့လျန်ဘက်ကအမျိုးသားတွေက အမျိုးသမီးတွေရဲ့ အပျိုရည်ကို ဂရုစိုက်တယ်ဆိုတာကို မသိဘူးလား။]

စစ်စတန် [သေချာပေါက် သိတာပေါ့။ သူတို့လည်း ဒါကိုအာရုံစိုက်တယ်လေ]

ယန်ရှုက ပိုလို့တောင် နားမလည်ပေ ။

[ဒါဆိုရင် သူမခင်ပွန်း ထိထားတဲ့အသေခံတွေကို ဧကရာဇ်ဆီ ဘာလို့ပို့တာလဲ။ ဧကရာဇ်လျန် အမျက်ရှမှာကို မစိုးဘူးလား။]

စစ်စတန် [အဲဒါက သူမ စီစဉ်ထားတာပဲ]

ယန်ရှု “..”

ဒါက ကောင်းလိမင်းသမီး စီစဉ်ထားတာတဲ့လား။

ဒါကရော ဘယ်လိုမျိုးလဲ။

စစ်စတန်က တစ်ခဏလောက် စကားပြောမလာပေ။ ထို့ကြောင့် ဒါကို သူမဘာသာပဲ ကောင်းလိမင်းသမီးရဲ့နေရာက တွေးကြည့်ဖို့ ကြိုးစားလိုက်သည်။ ဖြစ်နိုင်တာက မင်းသားက နေရာတိုင်းမှာ လူတကာနဲ့လိင်ဆက်ဆံနေလို့ သူ့ဇနီးကို သူ့ကို အရမ်းကို မုန်းတီးသွားစေတာလား။]

ပြီးတော့ ဇနီးဖြစ်သူက ဒီနည်းလမ်းကို အသုံးပြုပြီး ဧကရာဇ်လျန်ကို အမျက်ရှစေပြီး တာ့လျန်နဲ့ကောင်းလိတော်ဝင်မိသားစုကို အမျက်ထွက်စေမှာ။ ပြီးရင် သူမရဲ့ခင်ပွန်းကို အပြစ်ပေးဖို့ တော်ဝင်မိသားစုကို တောင်းဆိုမယ်။

စစ်စတန် [အဲ့လိုနီးပါးပဲ]

ယန်ရှုက မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။

[ငါ လုပ်လိုက်မယ် ဒီနည်းလမ်းက အရမ်းကို လွန်လွန်းတယ်။ ပြီးတော့လည်း ဒီမင်းသမီးက လီထိုက်ချူးရဲ့ တရားဝင်ဇနီးလေ။ လီထိုက်ကျူးကို ပြစ်ဒဏ်စီရင်လိုက်ရင် သူမလည်း ငြိစွန်းသွားမှာ မဟုတ်လား။]

သူမက အခုထိ နားမလည်နိုင်သေးပေ။ ဒါက ဒဏ္ဍာရီလာ ရန်သူရှစ်ရာကို သတ်ဖြတ်ပြီး ကိုယ့်ဘက်က အယောက်တစ်ထောင်ကို ဆုံးရှုံးခြင်းဆိုသလို မဟုတ်လား။

(အကွက်ချရင်း သူမဘာသာ ပြန်လည်ထိခိုက်ခြင်း)

သို့သော် စစ်စတန် ပြောလာသည်ကို ကြားလိုက်ရသည်။

[ပြစ်ဒဏ်စီရင်ဖို့ မလုံလောက်ဘူး။ ဘာလို့လဲဆိုတော့ ဒီလီထိုက်ချုးက စစ်သူကြီးလီထုံပါးနဲ့သက်ဆိုင်လို့ပဲ။ သူက လတ်ရှိမှာ ကောင်းလိရဲ့အင်အားအကြီးဆုံး မင်းသားတစ်ပါးပဲ။ ကိုယ်လုပ်တော်က သူ့ကို အမြဲတမ်း လက်စားချေချင်နေတာ။ တာ့လျန်ကို လာရဖို့ကလည်း မလွယ်ကူတော့ ဒီနည်းလမ်းကိုပဲသုံးပြီး သူ့ကို အပြစ်ပေးနိုင်မှာ။ ဘာကိုမှမျှော်လင့်မထားဘဲ နောက်ပြန်လှည့်ပြီး သူတို့တိုင်းပြည်က မှုးမတ်တွေကို သူ့ခင်ပွန်းအကြောင်း ပြောပေးဖို့ တောင်းဆိုထားတယ်။ အနည်းဆုံးတော့ လီထိုက်ချူးကို သူ့ဘာသာ ပြန်လည်ထိန်းသိမ်းနိုင်အောင်လို့ပေါ့]

ယန်ရှု […..]

ကောင်းလိမင်းသမီးအတွက် ယခုလိုရည်ရွယ်ချက် သေးသေးလေးအတွက်နဲ့ ဒီလောက်ထိ လုပ်ရတာက တကယ်ကို မလွယ်ကူဘူးပဲ။

159 04

သေချာပေါက်ပင် ကောင်းလိမင်းသမီးရဲ့ယခုရည်ရွယ်ချက်က ဘာပဲဖြစ်နေပါစေ သော့ချက်က ဧကရီမယ်တော်ကြီးကရော ဘယ်လိုစီစဉ်မှာလဲ။

ယမ်ရှုက သူမရဲ့ဘော့စ်ကြီးအား ကြည့်ဖို့ ကြိုးစားလိုက်သည်။

သူမစိတ်ထဲ၌ မရေရာမှု တစ်စွန်းတစ်စ ရှိနေသည်။

သို့သော်လည်း စာရင်းရဲ့ထိပ်ဆုံးကသူမရဲ့ ဘော့စ်က ပြုံးပြလာကာ ပြောလာသည်။

“အိုက်ကျားက အိုမင်းနေပါပြီ။ အဲဒါကြောင့် ဒီမိန်းကလေးနှစ်ယောက်ရဲ့ ကြီးမြတ်တဲ့ငယ်ရွယ်မှုကို မဖြုန်းတီးပါနဲ့တော့။ အဲဒါအပြင် တိုင်းပြည်နှစ်ခုရဲ့ တောင်တန်းတွေနဲ့မြစ်တွေက အရမ်းကိုဝေးကွာလွန်းတယ်။ အဲဒါကြောင့် အိုက်ကျားအတွက်နဲ့ သူတို့ရဲ့အိမ်တွေကိုပစ်ပြီး လာနေမှာကို ခွင့်မပြုနိုင်ဘူး။ ကိုယ်လုပ်တော်တစ်ယောက်ရဲ့နှလုံးသားက ဝမ်းနည်းကြေကွဲနေရမယ်။ မိသားစုက ခေါ်လာရင်တောင် အိုက်ကျားကတော့ သူတို့ကို မလိုချင်နေတုန်းပဲ။ ပြောရရင် သူတို့တွေကို သူတို့ရဲ့သွေးရင်းမိသားစုကနေ ပျိုးးထောင်ပေးလာတာလေ။ သူတို့ရဲ့ဇာတိမြေကနေ အဝေးမှာ နေခိုင်းရတာက တကယ်ကို ကြီးလေးတဲ့ပြစ်မှုပဲ”

ထိုစာကြောင်းက ရှည်လျားသွား၍ ဖြစ်ကောင်းဖြစ်နိုင်သည်။ မင်းသမီးကောင်းလိအတွက် သူမ နားမလည်ခင် ဘာသာပြန်ပေးသူရဲ့ ဘာသာပြန်နေသည့်စကားကို စောင့်ဆိုင်းနေရသည်။

ထို့နောက် သူမတွင် ရွေးချယ်စရာမရှိတော့ဘဲ မျက်လုံးထဲ၌ စိတ်ပျက်မှုအပြည့်နှင့် ပြောလိုက်သည်။

“ကောင်းပါပြီ မယ်တော်ကြီးရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ရှိပါတယ်”

မမျှော်လင့်ထားစွာနှင့် ထိုစကားသံ ထွက်လာသည်နှင့် ဧကရီမယ်တော်ကြီးက လူအုပ်ဆီလှည့်ကာ ပြောလိုက်သည်။

“အခုဆို တော်ဝင်ကိုယ်လုပ်တော်ယိက ကိုယ်ဝန်ရှိနေပြီ။ ဒါဟာ အရှင်မင်းကြီးရဲ့ပထမဦးဆုံး သွေးသားပဲ။ တာ့လျန်အတွက် အရမ်းကိုအရေးပါတယ်။ အိုက်ကျားက တခြားဘာကိုမှ ထပ်ပြီးမဖြစ်စေချင်ဘူး။ အဲဒါက သူမရဲ့သားအိမ်ကို ထိခိုက်စေလိမ့်မယ်”

ထိုစကားလုံးတွေ ထွက်လာသည်နှင့် ခန်းမထဲရှိ လူတိုင်းက သဘောတူရုံသာ တတ်နိုင်ပေသည်၊

သူတို့နှလုံးသားထဲ၌ မခံစားရ မနေပေ။ ဧကရီမယ်တော်ကြီးက ကိုယ်လုပ်တော်ယိအတွက် ဒီလောက်ထိ အထူးတလည်ပြောပေးတယ်ပေါ့လေ။

ကျစ် ကျစ် ပြောမှပဲ ကိုယ်လုပ်တော်ယိကိုယ်တိုင်ကလည်း တအားအင်အားကြီးတာပဲ။ ဒါပေမဲ့လည်း သေးငယ်တဲ့နေရာလေးက အရာရှိငယ်လေးရဲ့ သမီးတစ်ယောက်က ဧကရာဇ်ရဲ့မျက်နှာသာ ပေးတာကို ခံရရုံတင်မကဘူး။ ဧကရီမယ်တော်ကြီးကလည်း ဂရုစိုက်ပေးတယ်။

သူမက ဘာနည်းလမ်းကိုများ သုံးလိုက်တာပါလိမ့်။

ဧကရီမယ်တော်ကြီးရဲ့ရည်ရွယ်ချက်ကတော့ ယန်ရှုက ဘယ်လိုလုပ်ပြီး မသိဘဲ နေပါ့မလဲ။

ထို့ကြောင့် လူတိုင်းက သူတို့ရဲ့မေးခွန်းတွေကို ဖြေကြားပြီးတဲ့နောက်မှာ ဧကရီမယ်တော်ကြီးအား တိုက်ရိုက်ပြောလိုက်သည်။

“ဒီကိုယ်လုပ်တော်က မယ်တော်ကြီးရဲ့ပူပန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်”

ဧကရီမယ်တော်ကြီးသည်လည်း ခေါင်းသာညိတ်လိုက်ကာ အနိမ့်သံနှင့် ပြောလာသည်

“အရင်ဆုံးပြပွဲကို ကြည့်ရအောင်။ တခြားအကြောင်းတွေကို မပြောနဲ့ဦး”

ထိုစကား ထွက်လာသည့်အခါမှာတော့ စင်မြင့်ပေါ်တွင် ပြဇာတ်သစ်တစ်ပုဒ် ဖျော်ဖြေနေပြီဖြစ်ကာ လူတိုင်းကလည်း ထိုထဲတွင် ထပ်မံနစ်မြှုပ်သွားကြတော့သည်။

ယန်ရှုသာလျှင် သူမနှလုံးသားထဲ၌ လှုပ်ရှားနေဆဲဖြစ်သည်။

ဝိုးးးးးးးသူမရဲ့ဘော့စ်ကသူမအပေါ် အရမ်းကို ကြင်နာတာပဲ။

နောက်ကျ သူမ ပြန်သွားရင် ပုံပြင်တစ်အုပ်ရေးပြီး ဧကရီမယ်တော်ကြီးကို ဂရုတစိုက်နဲ့ ဖတ်ပြရမယ်။

~~~

ယန်ရှုက သူမစကားကို တည်ကာ ညနေဘက်တွင် ကန်လုနန်းဆောင်ကို ပြန်သွားသည့်အခါ၌ ချက်ချင်းပင် စတင်ရေးတော့သည်။

သက်ရောက်အားက ကိုယ်ဝန်မရှိစဉ်ကလောက် မကောင်းတော့ပေမဲ့ စိတ်ဝိဥာဉ်သည်တော့ အတိတ်ကထက် ပိုမိုကောင်းမွန်လာသည်။ ညနေဘက် ယွီဝိန်းလန် ရောက်မလာခင်အချိန်မှာပဲ ပုံပြင်ရဲ့တစ်ဝက်ကို ရေးသားပြီး ဖြစ်သည်။

159 05

သူမ စားပွဲတွင် ထိုင်နေတာကို မြင်လိုက်ချိန်မှာ ယွီဝိန်းလန်သည်လည်း အံ့အားသင့်သွားကာ ပြောလာသည်။

“ဒီနေ့စာအုပ် ရေးဖို့ကို ဘယ်လိုတွေးမိသွားရတာလဲ”

ယန်ရှုက ပြောလာသည်။

“ဘာလို့လဲဆိုတော့ ဒီကိုယ်လုပ်တော်က ဒီနေ့မှာ လှုံ့ဆော်မှုတချို့ ရထားလို့ပါ။ မြန်မြန် ရေးသင့်တယ်လို့ခံစားရလို့လေ။ မဟုတ်ရင် တစ်ချိန်လုံး ရေးဖြစ်မှာ မဟုတ်ဘူး။ စာဖတ်သူတွေက ဒီကိုယ်လုပ်တော်ကို မေ့သွားမှာတောင် စိုးရတယ်”

—ဟေး အဲဒါကဘာလို့လဲဆိုတော့ သူမရဲ့ဘော့စ်ကြောင့်လေ။ သူမ မှတ်မိနေသေးတယ်။ ဧကရီမယ်တော်ကြီးက ထူးဆန်းတဲ့ဝတ္ထုတွေကို ဖတ်ရတာကို ကြိုက်တယ်တဲ့။ အဲဒါကြောင့် ဒီတစ်ခေါက်မှာ ထူးဆန်းတဲ့ပုံပြင်တစ်ပုဒ် ရေးမလို့လေ။

ယွီဝိန်းလန်က တိတ်တဆိတ် နားထောင်လိုက်ကာ သူ့နှလုံးသားထဲ၌ အနည်းငယ် ချဉ်သွားရသည်။

အခုသူမနဲ့ဧကရီမယ်တော်ကြီးက ဘာလို့ဆက်ဆံရေးကောင်း ရှိနေရတာလဲ။

ဧကရီမယ်တော်ကြီးက သူ့ကို ပျိုးထောင်ခဲ့တာလား သူမကိုလား။

သူ့ရဲ့ကိုယ်လုပ်တော်လား ဧကရီမယ်တော်ကြီးရဲ့ကိုယ်လုပ်တော်လား။

….

တစ်ခဏတာခန့် ဝမ်းနည်းနေပြီးနောက် မနေနိုင်ဘဲ မေးလိုက်သည်။

“ဒါဆိုရင် ဒီတစ်ခေါက်ရော ဘယ်လိုပုံပြင်မျိုးကို ရေးထားတာလဲ။ ကိုယ့်ကို အရင်ဆုံး ပြောပြလို့ရမလား”

ကံကောင်းစွာနှင့် သူမက အတော်လေး ရက်ရောနေကာ ထိုစကားတွေကို ကြားသည်နှင့် သူမကချက်ချင်းပဲ ခေါင်းညိတ်ပြလာပြီး ထို့နောက် သူ့အားပြောလာသည်။

“ဒီနေ့ ဒီကိုယ်လုပ်တော်က ထူးဆမ်းတဲ့ပုံပြင်တစ်ပုဒ် ရေးထားတာ။ ပြောရရင် တစ်ခါတုန်းက အရှေ့တရုတ်ပင်လယ်ရဲ့အပြင်ဘက်မှာ တိုင်းပြည်တစ်ခုရှိတယ်။ အဲ့ဒီကဘုရင်က ထောင်လွှားပြီး တဏှာရာဂလည်း ကြီးတယ်။ ညဘက်ဆိုရင်လည်း အရေးကိစ္စတွေကို မကိုင်တွယ်တော့ဘဲ။ အဲဒါကြောင့် သူ့ရဲ့ညီလာခံထဲက မှုးမတ်တွေ အများကြီးကလည်း အလုပ်မလုပ်ဘဲ နေ့အချိန်မှာလည်း အုပ်ချုပ်ဖို့ မတွေးကြဘူး။ ဒါပေမဲ့ ဧကရာဇ်ကို ဘယ်လိုကျေနပ်စေရမလဲဆိုတာကိုပဲ တွေးနေကြပြီး အရာရှိရာထူးနဲ့ ရွှေငွေရဖို့ကိုပဲ ရှာဖွေနေကြတယ်”

“ရုတ်တရက် တစ်နေ့မှာ တစ်ယောက်ယောက် ဧကရာဇ်ဆီကို ပြစ်မျိုးမဲ့မထင် အလှလေးတစ်ယောက်ကို ဆက်သလာတယ်လေ။ ဧကရာဇ်က အပျော်လွန်ပြီး ချက်ချင်းပဲ အလှလေးကို မောင်းမဆောင်ထဲ ခေါ်သွင်းသွားပြီး အလှလေးကို ပို့ဆက်လာတဲ့သူကိုလည်း ဆုချီးမြှင့်လိုက်တယ်၊။ အဲဒီနောက် တိုင်းရေးပြည်ရာကိစ္စတွေကို လျစ်လျူရှုတော့တယ်။ သို့သော် သိပ်မကြာခင်မှာပဲ ဧကရာဇ်ဘေးနားက လူတွေက ဧကရာဇ်ရဲ့အသားအရောင်ဟာ ဆိုးဝါးသထက် ဆိုးဝါးလာတာကို တွေ့လိုက်ရပြီး သူ့ရဲ့သွင်ပြင်ဟာလည်း ပိန်ပါးလာကာ မျက်နှာသည်လည်း အိုမင်းရင့်ရော် လာတော့တယ်”

“စုံစမ်းမှုတချို့ ပြုအပြီးမှာတော့ အလှလေးက တကယ်တမ်းတော့ မိစ္ဆာတစ်ယောက် ဖြစ်နေတယ်ဆိုတာကို ရှာတွေ့သွားကြတော့တယ်။ ဧကရာဇ်ရဲ့အသက်စွမ်းအင်ကိုလည်း သူမကပဲ စုပ်ယူထားပြီး သူဟာ သေအံ့ဆဲဆဲပဲ။ လူတိုင်းက ကြောက်လန့်သွားတဲ့အတွက် နေရာတိုင်းမှာ မှော်ဆရာကို ရှာဖွေကြတော့တယ်။ ဒါပေမဲ့လည်း ဒီမိစ္ဆာရဲ့စွမ်းရည်တွေက အကြီးအကျယ် တိုးတက်နေပြီးဖြစ်ပြီး သာမန်စစ်နယ်ရှင်ကပင် သူမရဲ့ပြိုင်ဘက်မဟုတ်ပေ။ ဒါကိုမြင်လိုက်ရပြီး လဝက်အတွင်းမှာပဲ ဒီမိစ္ဆာဟာ ဘုရင်ကြီးရဲ့အသက်စွမ်းအင်ကို စုပ်ယူရုံတင်မကပဲ မှူးမတ်တွေကိုလည်းသတ်ဖြတ်ကာ သာမန်လူတွေကို စတင်ထိခိုက်စပြုလာတော့သည်”

ယွီဝိန်းလန် “….”

ဒါက အရှေ့ပင်လယ်ကဂျပန်ဧကရာဇ်ကို ပြောနေတာ မဟုတ်ဘူးလား။

ကောင်းပြီလေ။ ဒီလူက သေဖို့ ထိုက်တန်တယ်။ ကြားရတာ အတော်လေး လန်းဆန်းစေတာပဲ။

ထို့ကြောင့် သူမ ရပ်တန့်သွားသည့်အခါ သူက လျင်မြန်စွာ မေးလိုက်သည်။

“ဒါဆိုရင် ဒီမိစ္ဆာကို အဆုံးမှာ ဘယ်သူက သတ်မှာလဲ”

သို့သော် သူမက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ကာ ပြောလာသည်။

“သဘာဝကျကျပဲ အရှေ့ပိုင်းတိုက်ကြီးမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ ဒီအမျိုးသမီးက သိုင်းပညာမှာ ထိပ်တန်းပဲ။ မိစ္ဆာတွေကို သုတ်သင်တဲ့နေရာမှာ အမျိုးမျိုးသောနည်းလမ်းတွေကို တတ်ကျွမ်းတယ်။ ဒီမိစ္ဆာကို ခုနစ်ရက် ခုနစ်ညတိုင်အောင် တိုက်ခိုက်လို့အပြီးမှာတော့ နောက်ဆုံးတော့ ဒီမိစ္ဆာကို သတ်လိုက်နိုင်တယ်”

159 06

ယွီဝိန်းလန် “..”

သူရဲကောင်းမလား။

…သူမအကြောင်းသူမဘာသာ ပြန်ပြောနေပြန်တာလား။

သေချာပေါက်ပင် ထို့နောက်တွင် ထပ်ပေါင်းပြောလာသည်။

“စကားမစပ် အရှင်မင်းကြီး နောက်ဆုံးတစ်လေါက်က ကျွန်မပြောဖူးတဲ့ အမျိုးသမီးသူရဲကောင်းကို မှတ်မိသေးလား။ဒီပုံပြင်ကို အဲ့ဒီဇာတ်လမ်းနဲ့ အဆုံးသတ်မလို့ ပြီးရင် ပုံပြင်အရှည်ကြီး လုပ်ပစ်မယ်”

ဟီးဟီး ပြောရရင် အချိန်တိုင်း စာဖတ်သူတွေကို အံ့အားသင့်စေနိုင်ဖို့ ဆန်းသစ်တီထွင် နေရမယ်။

“….”

ယွီဝိန်းလန်က သူ့ခေါင်းကို ညိတ်ပြရုံသာတတ်နိုင်ကာ ပြောလိုက်သည်။

“ကောင်းပြီ ဒါကမင်းအပေါ်ပဲ မူတည်တယ်။ မိစ္ဆာကို ဖြေရှင်းပြီးနောက်ပိုင်းက သူရဲကောင်းမအကြောင်းကို ကိုယ်သိချင်သေးတယ် ဘယ်လိုလဲ”

ယန်ရှုက သူမ တွေးထားသလိုပင် ပြောလိုက်သည်။

“မိစ္ဆာတွေကို သတ်ပြီးတော့ အဲဒီကလူတွေက ငိုယိုကြပြီး သူမကိုနေပေးဖို့လည်း တောင်းဆိုကြတယ်။ ပြီးတော့ တိုင်းပြည်ကို အုပ်ချုပ်ဖို့အတွက်ရောပေါ့။ ဒါပေမဲ့ သူရဲကောင်းမလေးရဲ့သဘာဝက အနှောင်အဖွဲ့ကင်းတဲ့အတွက် သူမက သဘောမတူလိုက်ဘူး။ ပြီးတာနဲ့နောက်တစ်နေ့ မနက်စောစော ဘယ်သူမှ သတိမထားမိခင်မှာပဲ ထွက်ခွာသွားတော့တယ်”

ဟေး ဒါကနောက်ထပ်ပုံပြင်တစ်ပုဒ်ကို ဦးတည်နေမှာ မဟုတ်လား။

ကောင်းပြီလေ။ နောက်ထပ် ဘယ်တိုင်းပြည်က အံ့ဩစရာသတင်းတချို့ကို ဖြည့်ဆည်းပေးမှာလဲ မသိဘူး။

ယွီဝိန်းလန် “…..”

သူဟာ ထိုအံ့ဩစရာတိုင်းပြည်တွေက သတင်းတွေကို စိတ်မဝင်စားပေ။ သူမရဲ့ခန္ဓာကိုယ်က မခံနိုင်မှာကိုသာ စိုးရိမ်နေရုံဖြစ်သည်။ ထို့ကြောင့် သူက ပြောလိုက်သည်။

“ဖြည်းဖြည်းရေး ကိုယ့်ကိုကိုယ် မပင်ပန်းစေနဲ့”

ယန်ရှုက ခေါင်းညိတ်လိုက်သည်။

သူမက သူပြောသည်ကို ကြားလိုက်ရသည်။

“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် နေ့တိုင်းနေ့တိုင်း စာအုပ်လေးမျိုးနဲ့ ဂန္တဝင်ငါးသွယ်ကို နားထောင်ရမယ်”

ယန်ရှု “….”

ဒီလူက အချိန်ကိုက်ကို ခေါင်းလှန်နိုင်တာပဲ။

~~~

ပုံပြင်ပြောပြီးနောက် နောက်ကျနေပြီဖြစ်ပြီး ထို့ကြောင့် သူတို့နှစ်ဦးဟာ ဆေးကြောပြီး အိပ်ရာ ဝင်သွားကြတော့သည်။

သေချာပေါက်ပင် ယနေ့ဟာ ယွီဝိန်းလန်ရဲ့မွေးနေ့ပွဲနှင့် တိုက်ဆိုင်သည့်အတွက် ယန်ရှုဟာ သူ့ခေါင်းအုံးဘေးတွင် မွေးနေ့သီချင်း ဆိုပေးရန်လည်း မမေ့ပေ

ထိုသို့အိပ်ပျော်နေသည်မှာ ညလယ်ချိန်မတိုင်ခင်ထိဖြစ်ပြီး ရုတ်တရက်ပဲ ဖုဟိုင်ရဲ့စိုးရိမ်တကြီး ဖြစ်နေတဲ့ သတင်းပို့ချက်ကို ခန်းမအပြင်ဘက်ကနေ ကြားလိုက်ရသည်။

“အရှင်မင်းကြီး ဟုန်လူနန်းဆောင်က ယနေ့ညမှာ သံတမန်တွေ တည်းခိုတဲ့နေရာမှာ လုပ်ကြံမှု ဖြစ်ပွားသွားပြီး မင်းသားကောင်းလိက ဓားထိုးခံလိုက်ရပါတယ်”

ဘာ။

ယွီဝိန်းလန်က သူ့မျက်လုံးတွေကို ဖွင့်လိုက်သည်။

******

All Chapters