← Chapters

န်း (၅၅-၅၆)

Vol. 6 Ch. 55-56

န်း (၅၅-၅၆)

Vol. 6 Ch. 55-56

Chapter 55+56

~

အခန်း ၅၅+၅၆ :ဧကရီ၏ စိတ်ကူးယဉ်မှုနှင့် နတ်ဆိုးအရှင်၏ အတ္တ

~

​"ငါ ရောက်တာ နောက်မကျသေးဘူး မလား.."

​တီရှပ်အပွ၊ ဘောင်းဘီတိုနှင့် ညှပ်ဖိနပ်တစ်စုံကို စီးထားသော လင်းဖန်သည် လက်နှစ်ဖက်ကို အိတ်ထဲနှိုက်လျက် ပျက်စီးသွားသော တံခါးမှတစ်ဆင့် အခန်းထဲသို့ ခပ်တည်တည် လျှောက်ဝင်လာသည်။

​ဟိုင်ခွန်းနှင့် လုံယွဲ့ နှစ်ယောက်စလုံးမှာ အံ့သြစွာဖြင့် ခေါင်းလှည့်ကြည့်လိုက်ကြသည်။

​"မင်း ..မင်းက ဘယ်သူလဲ.. မင်းကို ဘယ်သူ ဝင်ခွင့်ပေးလိုက်လို့လဲ.."

​ဟိုင်ခွန်းသည် သရဲသဘက်ကို မြင်လိုက်ရသည့်အလား တုန်တုန်ရင်ရင်ဖြင့် လက်ညှိုးထိုးကာ မေးလိုက်သည်။ သူ့လုပ်ငန်း သဘောအရ ရုံးခန်းတံခါးကို အသံလုံရုံသာမက အထူးခိုင်ခံ့အောင် လုပ်ထား၏။ အထူးတပ်ဖွဲ့ဝင်တစ်ယောက်ပင် အလွယ်တကူ ဖျက်ဆီးနိုင်ရန် ခဲယဉ်းသော ထိုတံခါးကို ဤလူက ဝုန်းခနဲ ကန်ဖွင့်ဝင်လာခဲ့သည် ။ ဤမျှ အားပါလှသော ရွှေခြေထောက် က ဘယ်ကနေ ရောက်လာသနည်း။

​လင်းဖန်က ဟိုင်ခွန်းကို အေးစက်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ တည့်တည့်လျှောက်သွားကာ ပေါင် ၃၀၀ နီးပါးရှိသော ထိုသူ၏ ခန္ဓာကိုယ်ကြီးကို ခေါင်းမှ ဆွဲကိုင်၍ တစ်ဖက်တည်းဖြင့် မြှောက်လိုက်သည်။

​"ငါ ဘယ်သူလဲဆိုတာက အရေးကြီးဘူး..အရေးကြီးတာက မင်း ငါ့ကို လာစော်ကားမိတာပဲ.."

​“ မင်းက ကိုယ့်ကိုယ်ကိုယ် နတ်ဆိုအရှင်လို့ ခေါ်ရဲသေးတယ်ပေါ့လေ..”

​ဝုန်း ...

လင်းဖန်သည် ဟိုင်ခွန်း၏ ကိုယ်အထက်ပိုင်းကို နံရံထဲသို့ အားဖြင့် ဆောင့်သွင်းလိုက်ရာ ထိုသူ၏ တင်ပါးကြီးမှာ နံရံတွင် တွဲလောင်းကြီး ဖြစ်ကျန်ခဲ့တော့သည်။

​"ဧကရီ . . . ဘယ်လိုနေသေးလဲ..အဆင်ပြေရဲ့လား.."

​ဟိုင်ခွန်းကို ဖြေရှင်းပြီးနောက် လင်းဖန်သည် လုံယွဲ့အနားသို့ လျှောက်လာပြီး ပြုံးလျက် မေးလိုက်သည်။ လုံယွဲ့မှာ သူမရှေ့တွင် ရုတ်တရက် ပေါ်လာသော လင်းဖန်ကို အံ့သြတကြီး ကြည့်နေမိ၏။

​"နတ်ဆိုး . . . နတ်ဆိုးအရှင် . . . နင် ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ.."

​"မင်း တစ်ယောက်တည်း ထွက်သွားတာကို ငါ စဉ်းစားကြည့်တော့ စိတ်မအေးတာနဲ့ နောက်က လိုက်လာတာပါ.."

​လင်းဖန်က ပြုံးပြလိုက်သည်။ သူမနောက်ကို တိတ်တဆိတ် လိုက်လာခဲ့သည်မှာ တကယ်ကို ကံကောင်းသွားသည်ဟု သူ ခံစားလိုက်ရသည်။

​လုံယွဲ့ ထွက်သွားပြီး မကြာမီမှာပင် သူသည် ကွန်ပျူတာရှေ့တွင် ထိုင်နေသော်လည်း စိတ်မအေးနိုင်ဘဲ စာရေး၍ မရဖြစ်နေခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘာမှမဖြစ်စေရန် သူမနောက်သို့ တိတ်တဆိတ် လိုက်လာခဲ့ခြင်းပင်။ ဝိညာဉ်စွမ်းအား မလိုအပ်ဘဲ မကုန်ဆုံးစေရန် သူသည် ရှေးကျသော နောက်ယောင်ခံလိုက်နည်းကိုသာ အသုံးပြုခဲ့သည်။

​သူ မထင်မှတ်ထားသည်မှာ လုံယွဲ့သည် တက္ကစီခ ယွမ် ဆယ်ဂဏန်းလောက်ကို နှမြောသဖြင့် ဘတ်စ်ကားများ အလီလီပြောင်းစီးခဲ့ရာ သူပင်လျှင် သူမကို မျက်ခြေပြတ်လုနီးပါး ဖြစ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ဤနေရာအထိ သူ လိုက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

​"နင် . . . နင် ငါ့နောက်ကို လိုက်လာတာလား.."

​လုံယွဲ့သည် သူမနောက်ကို ဤမျှအထိ တိတ်တဆိတ် လိုက်လာသည်ကို လုံးဝ မရိပ်မိသဖြင့် အံ့သြနေမိသည်။

​"အင်းလေ .. ဒါပေမဲ့ ငါလိုက်လာတာ ကံကောင်းသွားတယ် မဟုတ်လား.."

​လင်းဖန်က ခပ်ပြုံးပြုံးဖြင့် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။ လုံယွဲ့ ဘာမှ ပြန်မပြောနိုင်တော့ချေ။ သူ့ကို အပြစ်တင်မည့်အစား တကယ်ပင် ကံကောင်းလှသည်ဟု တွေးကာ ကျေးဇူးတင်နေမိသည်။ အကယ်၍ နတ်ဆိုးအရှင်သာ လိုက်မလာခဲ့လျှင် ထိုလူယုတ်မာ၏ စော်ကားမှုကို သူမ ခံရပေတော့မည်။ ထိုအကြောင်းကို တွေးမိသည်နှင့် သူမ စိတ်ထဲတွင် ကြောက်စိတ်များ ဝင်လာကာ မျက်ရည်များ ဝဲတက်လာတော့သည်။

​သူမသည် သေရမှာကို မကြောက်ပေ။ သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်သော်လည်း ယုတ်မာသူ၏ ဆေးခတ် စော်ကားမှုကို ခံရပြီး သူမ၏ စင်ကြယ်မှုကို အညစ်အကြေး အတင်ခံရမှာကိုတော့ လုံးဝ လက်မခံနိုင်ပါချေ။

​"ကဲ . . . အားလုံး ပြီးသွားပါပြီ..ထနိုင်ရဲ့လား.."

​လင်းဖန်က လုံယွဲ့၏ ခေါင်းကို အသာအယာ ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ လုံယွဲ့က မကျေမနပ်ဖြင့် မော့ကြည့်လိုက်သော်လည်း သူမ၏ မျက်နှာလေးမှာ ရှက်သွေးဖြာနေသည်။

​"ငါ ဆေးခတ်ခံထားရတာ . . . တစ်ကိုယ်လုံး အင်အားမရှိဘူး.."

​"ဒါဆို ငါ အိမ်ပြန်လိုက်ပို့ပေးမယ်.."

​ဘာမှ ထပ်မပြောတော့ဘဲ လင်းဖန်သည် လုံယွဲ့ကို ပွေ့ချီလိုက်ကာ ပျက်စီးနေသော တံခါးကို ကျော်ဖြတ်ပြီး ကုမ္ပဏီ အဆောက်အအုံအပြင်သို့ ထွက်လာခဲ့သည်။ ဟိုင်ခွန်းအတွက်ကတော့ . . . သူ ကံကောင်းပြီး အသက်မသေခဲ့လျှင်တောင် ဘဝတစ်သက်တာလုံး အိပ်ရာပေါ်မှာပဲ လဲနေရတော့မည် ဖြစ်သည်။

​လမ်းမပေါ်တွင် လင်းဖန်သည် လုံယွဲ့ကို ချီလျက် လမ်းသွားလမ်းလာများ၏ အကြည့်ကို ဂရုမစိုက်ဘဲ ခပ်တည်တည် လျှောက်သွားနေသည်။ ဘေးက လူများမှာလည်း သူတို့နှစ်ယောက်ကို စပ်စုသော မျက်လုံးများဖြင့် လှည့်ကြည့်နေကြသည်။

​"နတ် . . . နတ်ဆိုးအရှင် . . . ငါ နည်းနည်း အင်အားပြန်ရှိလာပြီ..ကိုယ်တိုင် လမ်းလျှောက်နိုင်ပါတယ်.."

​လုံယွဲ့သည် လင်းဖန်၏ ရင်ခွင်ထဲတွင် ရှက်ကိုးရှက်ကန်းဖြင့် တိုးတိုးလေး ပြောလိုက်သည်။ ဂုဏ်သရေရှိလှသော ဧကရီတစ်ပါးမှာ ကလေးမလေးတစ်ယောက်လို သူစိမ်းတစ်ယောက်၏ ရင်ခွင်ထဲတွင် ပါလာရသည်က သူမအတွက် အလွန် ရှက်စရာ ကောင်းလှ၏။

​"ကောင်းပြီလေ.. ဒါပေမဲ့ မရရင် ဇွတ်မလုပ်နဲ့ဦး.."

​လင်းဖန်က လုံယွဲ့ကို အသာအယာ ပြန်ချပေးလိုက်သည်။ သူမ၏ ခြေထောက်များ မြေကြီးနှင့် ထိသည်နှင့် ဟန်ချက်မညီဘဲ လဲကျလုနီးပါး ဖြစ်သွားရာ သူက ချက်ချင်းပင် လှမ်းထိန်းပေးလိုက်ရသည်။

​"တွေ့လား . . . အားမရှိသေးဘူးဆိုတာ.."

​လင်းဖန်က အပြစ်တင်သလို ပြောလိုက်ရင်း သူမ အားပြုနိုင်ရန် သူ၏ လက်မောင်းကို ပေးထားလိုက်သည်။ လုံယွဲ့သည် သူ့ပခုံးကို မှီကာ သူ၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်လျက် တစ်လှမ်းချင်း လျှောက်လာခဲ့သည်။

​ဆေးရှိန်က အကုန်မပြယ်သေးသဖြင့် သူမ၏ ခြေထောက်များမှာ ပျော့ခွေနေဆဲ ဖြစ်ရာ သူ့ကို ဤသို့ အားပြုပြီးမှသာ ရွေ့လျားနိုင်ခြင်း ဖြစ်သည်။ နီးကပ်လွန်းသဖြင့် လင်းဖန်၏ ကိုယ်မှ ထွက်ပေါ်လာသော ယောကျာ်းဆန်သည့် ရနံ့ကို သူမ ရရှိနေပြီး သူ၏ ခိုင်မာတောင့်တင်းသော လက်မောင်းကိုလည်း ခံစားနေရသည်။ သူမ၏ အကြည့်များမှာ မသိစိတ်ဖြင့် သူ့ဆီသို့ ရောက်သွားမိသည်။

' ​အရင်က ငါ ဘာလို့ သတိမထားမိပါလိမ့်.. နတ်ဆိုးအရှင်က တကယ်တော့ အတော်လေး ရုပ်ချောပြီး ကိုယ်လုံးကိုယ်ပေါက်လည်း မိုက်တယ်.. ဟိုလူယုတ်မာထက်စာလျှင် အဆပေါင်း အများကြီး သာသေးတယ်..တကယ်လို့ နတ်ဆိုးအရှင်သာ ဆိုရင် ...'

​ထိုအကြောင်းကို တွေးမိသည်နှင့် လုံယွဲ့၏ မျက်နှာမှာ နီမြန်းသွားပြီး သူမ၏ ကြောက်စရာကောင်းသော အတွေးများကို ရပ်တန့်ရန် ခေါင်းကို အမြန်ပင် ခါယမ်းလိုက်သည်။

​'လုံယွဲ့ . . . လုံယွဲ့ . . . နင် ဘာတွေ တွေးနေတာလဲ.. နင်က အင်မော်တယ် နယ်မြေရဲ့ ဧကရီဆိုတာ မမေ့နဲ့..ဒီလို အတွေးမျိုး ဘယ်လိုလုပ် တွေးနိုင်ရတာလဲ..'

​နတ်ဆိုးနယ်မြေတွင် ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာနှင့် မွေးဖွားလာသည့် နတ်ဆိုးမျိုးနွယ်များ ရှိသည်ဟု သူမ ကြားဖူးသည်။ နတ်ဆိုးအရှင်တွင်လည်း ထိုစွမ်းရည် ရှိနေခြင်း ဖြစ်နိုင်သည်။ သူမ၏ ဝိညာဉ်စွမ်းအားများ နည်းပါးနေသဖြင့် နတ်ဆိုးအရှင်၏ ဆွဲဆောင်မှုအောက်တွင် မသိစိတ်ဖြင့် မိန်းမောသွားခြင်း ဖြစ်ရမည်။

' ဟုတ်တယ် . . . သေချာပေါက် ဒါကြောင့်ပဲ ဖြစ်ရမယ်..'

​"ဧကရီ . . . ဘာဖြစ်လို့လဲ.."

​လုံယွဲ့ တစ်ယောက်တည်း ခေါင်းတခါခါ လုပ်နေသည်ကို မြင်သောအခါ လင်းဖန်က စိုးရိမ်တကြီး မေးလိုက်သည်။ ထိုလူက သူမကို ဆေးခတ်ရုံတင်မကဘဲ တခြား စိတ်ကြွဆေးတွေပါ တိုက်လိုက်ခြင်းလော။

​"ဘာ . . . ဘာမှ မဟုတ်ဘူး.."

​လုံယွဲ့က ရှက်ရှက်ဖြင့် ဖြေလိုက်သည်။ ထို့နောက် ခက်ခဲစွာ ရထားသော ယနေ့ အင်တာဗျူးမှာ ပျက်သွားပြီ ဖြစ်ကြောင်း သတိရသွားကာ သူမ၏ မျက်နှာတွင် စိတ်ပျက်မှုများ အရိပ်ထင်လာသည်။

​"နတ်ဆိုးအရှင် . . . ငါ့ရဲ့ အင်တာဗျူးကတော့ သွားပါပြီ.."

​"ရပါတယ် ..အဆင်မပြေတာပဲ ကောင်းပါတယ်.. တကယ်တော့ ငါက နင့်ကို သရုပ်ဆောင် မဖြစ်စေချင်ဘူး.."

​လင်းဖန်က ဂရုမစိုက်သလို ပြုံးလိုက်ရင်း စိတ်ထဲတွင်တော့ ကျိတ်ပျော်နေမိသည်။ သူမသာ သရုပ်ဆောင် ဖြစ်သွားလျှင် ဖျော်ဖြေရေးလောကက ရှုပ်ထွေးလှသော လူမှုရေး ပြဿနာများကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ ထို့အပြင် သရုပ်ဆောင် ဖြစ်လာလျှင် တခြား အမျိုးသား သရုပ်ဆောင်များနှင့် ထိတွေ့ရမည့် အခန်းများ ပါလာနိုင်သည် မဟုတ်ပါလော။

​"ဘာဖြစ်လို့လဲ.."

​သူကိုယ်တိုင် အင်တာဗျူး သွားဖြေဖို့ တိုက်တွန်းခဲ့ပြီးမှ အခုတော့ အဆင်မပြေသည်ကို ဝမ်းသာနေသည် ဆိုသဖြင့် လုံယွဲ့မှာ ထူးဆန်းနေမိသည်။

​"အင်း . . ."

​လင်းဖန်က စဉ်းစားဟန်ပြုရင်း ဘေးက လုံယွဲ့ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သော်လည်း ဘာမှ ပြန်မဖြေပေ။

​"နတ်ဆိုးအရှင် . . . နင် ကြည့်ရတာ တစ်ခုခု မသင်္ကာစရာ ကောင်းတယ်နော်.."

​လုံယွဲ့၏ မျက်လုံးများ မှေးစင်းသွားပြီး မသင်္ကာသော အမူအရာ ပေါ်လာသည်။ နတ်ဆိုးအရှင် သူမကို တစ်ခုခု ဖုံးကွယ်ထားသည်ဟု သူမ ခံစားနေရသည်။

​"အဲ့ဒါတွေ ထားပါတော့.. ဒီည ဘာစားချင်လဲ.."

​လင်းဖန်က စကားလမ်းကြောင်းကို အသာလွှဲလိုက်သည်။ စားစရာအကြောင်း ကြားသည်နှင့် လုံယွဲ့၏ မျက်လုံးများ ဝင်းလက်သွားသော်လည်း အလုပ်မရသေးသည်ကို သတိရသွားကာ ပြန်လည် ညှိုးငယ်သွားပြန်သည်။

​"ငါ အလုပ် မရသေးဘူး . . . စားချင်စိတ် မရှိဘူး.."

​အလုပ်ရှာရခြင်းမှာ သူမ၏ ရင်ဘတ်ပေါ်တွင် လေးလံသော ကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ ခံစားနေရသည်။ ပိုက်ဆံမရှိဘဲ မိမိနှစ်သက်သည့်အရာများကို မဝယ်နိုင်ခြင်း၊ အိမ်လခ မပေးနိုင်ခြင်းတို့မှာ သူမ အင်မော်တယ် ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် ကျင့်ကြံစဉ်ကထက်ပင် ပို၍ စိတ်ဖိစီးမှု များလှ၏။

​စိတ်ပျက် အားငယ်နေသော လုံယွဲ့ကို ကြည့်ရင်း လင်းဖန်သည် တစ်စုံတစ်ယောက်ကို ရုတ်တရက် သတိရသွားကာ သူမကို နှစ်သိမ့်လိုက်သည်။

​"စိတ်မပူပါနဲ့.. အလုပ်ဆိုတာ ဒါပဲ ရှိတာ မဟုတ်ပါဘူး.. ငါ့မှာ တခြား နည်းလမ်း ရှိပါသေးတယ်.."

All Chapters