အခန်း (၁၇၂-၁၇၄)
Vol. 12 Ch. 172-174
172 01
အပိုင်း 172
ထိုကိစ္စရဲ့အမှန်တရားဟာ လင်းရောင်သန်းလာပြီး ယန်ရှုဟာ သူမ၏စိတ်ထဲတွင် ဧကရီမယ်တော်ကြီးအား ကတိပေးလိုက်သည်။ နောက်တစ်နေ့တွင် ဧကရီမယ်တော်ကြီးကို သူမ၏အတွင်းအပြင် ဖရဲသီးတွေအား မျှဝေရန် တတ်နိုင်သမျှ မြန်မြန်ရောက်လာပေသည်။
စာအုပ်ထဲရှိ သူမကိုယ်တိုင် ဖတ်ပြတာကို နားထောင်ပြီးနောက် ဧကရီမယ်တော်ကြီးက သဘာဝကျကျပဲ ဒေါသပုန်ထလာတော့သည်။
“ရှောင်မိသားစုက အိုက်ကျားကို ဒီကိစ္စအကြောင်း တောင်းဆိုတာက တကယ်ကို ထူးဆန်းတယ်။ ဖြစ်နိုင်တာက ဟန်မိသားစုရဲ့တူမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေလို့ကိုး။ ဒါက သူ့သားကို ဆက်ဆံသူဖြစ်အောင် တွန်းအားပေးပြီး ပျိုးထောင်ခဲ့တဲ့ အဲဒီအဖွားကြီးရဲ့ ရလဒ်ပဲ”
ယန်ရှုက သူမဘေးကနေ လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။
“အမှန်ပဲ ဒီကိုယ်လုပ်တော်လည်း တူတူပဲတွေးထားတာပါ။ ဒါဆိုရင် သခင်မကြီးရှင်းက သူ့သားကို ဒီလိုမျိုးဖြစ်အောင် တွန်းအားပေးခဲ့တာဆိုတော့ အခု သူမသာ သိမယ်ဆိုရင် နောင်တရလောက်လား”
သို့သော် ဧကရီမယ်တော်ကြီးက နှာမှုတ်ကာ ပြောလိုက်သည်။
“နောင်တကို မြေအောက်ကမ္ဘာမှာပဲ ရနိုင်တော့မယ်။ ကံကောင်းလို့ သူ စောစောသေသွားတာ မဟုတ်ရင် စစ်သူကြီးရဲ့စံအိမ်တော်က သူမ လုပ်လို့ ဘယ်လိုဖြစ်နေလောက်မလဲ”
ယန်ရှုသည်လည်း စိတ်အားထက်သန်စွာနဲ့ ထပ်မံခေါင်းညိတ်ပြလိုက်သည်။
ဧကရီမယ်တော်ကြီး ပြောသည်က သခင်မကြီးရှင်းက လွန်ခဲ့တဲ့ခြောက်နှစ်၊ခုနစ်နှစ်ကတည်းက ကွယ်လွန်သွားသည်က ကံကောင်းသည်ဟုပင် မဟုတ်လျှင် မိခင်ဖြစ်သူ သခင်မကြီးရှောင်နဲ့ သူမရဲ့ကလေးသုံးယောက်က ယနေ့ထိ အသက်ရှင်နိုင်မည်မဟုတ်ပေ။
သို့သော် အခုက အားလုံးအဆင်ပြေနေသည်။ စစ်သူကြီးရဲ့တူဖြစ်သူ ဝံပုလွေနှလုံးသားနဲ့ ဟန်ရှင်းအန်းက တော်ဝင်အမိန့်တော်ကို လိမ်လည်ရဲကာ ဘုရင်ကို လုပ်ကြံအသရေဖျက်ရဲသည့်အပြင် သူသေမှာကိုဘည်း စိုးနေသေးသည်
သူသေပြီးနောက်မှာတော့ သူ့ရဲ့တမူထူးတဲ့အဖွားနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပေလိမ့်မည် ကျစ်
ပြီးလျှင်သေချာပေါက်ပင် ရက်အနည်းငယ်အတွင်းမှာပဲ တော်ဝင်ညီလာခံက ဟန်ရှင်းအန်းကို တော်ဝင်ဧကရာဇ်အား အသရေဖျက်မှု နော်ဝင်အမိန့်တော်ကို လုပ်ကြံဟောပြောမှု အကျင့်ပျက်ခြစားမှု လူမဆန်ရက်စက်မှုနှင့် သားသမီးဝတ္တရားမကျေပွန်မှု အစရှိသည့် ပြစ်မှုတို့ဖြင့် ခေါင်းဖြတ်ခံရပေလိမ့်မည် ပြီးလျှင် ထိုသည်က ဧကရာဇ်ကိုယ်တော်တိုင် တော်ဝင်အမိန့်တော် ရေးသားခဲ့သည့်အတွက် မည်သူကမှ မဆန့်ကျင်ရဲပေ တော်ဝင်အမိန့်တော် ထွက်ပေါ်လာသည့်နောက်မှာတော့ ထိုလူကို သေမင်းဂိတ်ဆီ ခေါ်သွားကာ ခေါင်းဖြတ်ပေလိမ့်မည်။
သခင်လေးရှောင်ယောင်၏စကားတွေကို ပြန်ကြည့်မည်ဆိုလျှင် ကျေးဇူးမသိတတ်သည့်တူက ခေါင်းဖြတ်ခံရခြင်းနဲ့ အဆုံးသတ်သွားပေသည်။ လက်တွေ့မှာ ဒီလောက် မြန်မြန်တကယ်ဖြစ်လာဖို့ မမျှော်လင့်ထားခဲ့ပေ။ တစ်ခဏလောက်ထိ လူတွေက ပျော်ရွှင်စွာ အော်ဟစ်နေကြကာ တစ်ချိန်တည်းမှာပဲ သခင်လေးရှောင်ယောင်အပေါ် မှန်းဆထင်မြင်ချက်သည်လည်း အရမ်းကို မြင့်တက်လာပေသည်။
—ညီလာခံအရာရှိတွေရဲ့ အရေးကြီးတဲ့ကိစ္စတွေကို ဒီလောက်ထိ အသေးစိတ်ကျကျ သိနေပြီး ရလဒ်ကို တိတိကျကျ ခန့်မှန်းနိုင်နေတာ သခင်လေးရှောင်ယောင်ဆိုတာက အရှင်မင်းကြီးကလွဲလို့ ဘယ်သူဖြစ်နိုင်မှာတဲ့လဲ။
ထို့ကြောင့် အနာဂတ်တွင် ဝေ့ကျင်းရှီကဲ့သို့ ပါးမြန့်စာအုပ်ဆိုင်ရဲ့ မှားယွင်းတဲ့ဆက်ခံသူလို ဆန့်ကျင်တိုက်ခိုက်ဖို့ ပြင်းပြင်းထန်ထန်ဖိအားပေးဖို့ မကြိုးစားသင့်ပေ ။
ပြောရလျှင် တစ်ခြားသူတွေကို ဆန့်ကျင်တိုက်ခိုက်သည်က အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်တာပင် အနိုင်ရဖို့အခွင့်အရေးက လုံးဝရှိမည် မဟုတ်ပေ။
~~~
သမားတော်ကျန်း၏ထူးကဲသာလွန်တဲ့ဆေးပညာ
စွမ်းရည်ကို ကျေးဇူးတင်ရမည်ပင်။ လဝက်ကျော်အတွင်းမှာပင် စစ်သူကြီးဝူအန်းက နောက်ဆုံးမှာတော့ ပြန်လည်ကောင်းမွန်လာသည်။
သူ ပြန်လည်ကောင်းမွန်လာပြီးနောက် ပထမဆုံးလုပ်သည့်အရာကတော့ သူ့ရဲ့ကိုယ်လုပ်တော် သခင်မရှောင်းနှင့်အတူ ဧကရီမယ်တော်ကြီးနှင့် တော်ဝင်ကိုယ်လုပ်တော်အား ကျေးဇူးတင်ရန် နန်းတော်ထဲသို့ ဝင်ရောက်ခြင်းပင်ဖြစ်သည်
သတင်းကို သိရှိပြီးသားဖြစ်သည့် ယန်ရှုက အရမ်းကို စိတ်လှုပ်ရှားသွားပြီး ချီအန်းနန်းဆောင်သို့ ဧကရာဇ်ရဲ့နောက်ကနေ လိုက်ပါလာသည်က ရည်မှန်းချက်ပန်းတိုင်တွင် နှစ်မြှုပ်ထားပြီး ကြမ်းတမ်းသည့် အားကိုးအားထား ပြုချင်စရာကောင်းသော ထိုလူ၏သွင်ပြင်အား သူမရဲ့ကိုယ်ပိုင်မျက်လုံးတွေနဲ့ ကြည့်ရှုချင်သော ရည်ရွယ်ချက်နှင့်ဖြစ်သည်။
ကံကောင်းစွာနှင့် ဧကရာဇ်နှင့် ဧကရီမယ်တော်ကြီးက သူမကို အလိုလိုက်ကာ လွှတ်ပေးလာသည်။
သေချာပေါက်ပင် သူမရဲ့ဇာတ်လမ်းထဲက သူရဲကောင်းနှင့် သူရဲကောင်းမဟာ အခုဆို သူတို့ရဲ့အသက်လေးဆယ် ငါးဆယ်အရွယ်ကို ရောက်နေပြီးဖြစ်သည်။ စစ်သူကြီးဝူအန်းက သူ၏ငယ်ရွယ်ပျိုမြစ်တဲ့စိတ်ဝိဥာဉ်နှင့် နေထိုင်လာသည်မှာ ကြာပြီဖြစ်သော်လည်း ဖျားနာထားခါ စဖြစ်သည့်အတွက် ခန္ဓာကိုယ်ကတော့ အနည်းငယ် အားနည်းနေသေးသည်။
172 02
သို့သော် နောက်ဆုံးတွင်တော့ သူဟာ တိုက်ပွဲတိုင်း၏စမ်းသပ်ခံခဲ့ရသူ ဖြစ်သည့်အတွက် သူ့ခန္ဓာကိုယ်အထဲတွင် သူရဲကောင်းဆန်သည့် စိတ်ဝိဥာဉ်မျိုး ရှိနေဆဲဖြစ်သည် အနည်းငယ်ပိန်ပါးသည့် သခင်မကြီးရှောင်းနှင့် ယှဉ်ရပ်နေချိန်မှာတော့ သူ့အား ပါရမီစွမ်းရည်ရှိသည့်လူဟု ခေါ်ဆိုနိုင်ဆဲဖြစ်ပြီး ထိုအမျိုးသမီး၏သွင်ပြင်နှင့်ဆို သူ့တို့သည် ပြီးပြည့်စုံသည့်တွဲဖက်မှုပင်။
ထိုအချိန်တွင်တော့ သူတို့တွေ နန်းတော်ကို ဝင်လာသည်နှင့် ဂါရဝပြုရန် ချက်ချင်းပဲ ဒူးထောက်ချလိုက်သည်။ ထို့နောက် စစ်သူကြီး ဝူအန်းကပြောလာသည် ။
“ဒီမှူးမတ်ဖြစ်သူ ဟန်ကောင်းချူးက ကျွန်တော်မျိုးရဲ့ ကိုယ်လုပ်တော်ကို အရှင်မင်းကြီး ဧကရီမယ်တော်ကြီးနဲ့ တော်ဝင်ကိုယ်လုပ်တော်တို့ကို နှုတ်ခွန်းဆက်ရန် ခေါ်ဆောင်လာခဲ့ပါတယ်။ အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်အသရေအတွက် ကျေးဇူးတင်ပါတယ်။ ဒီမှူးမတ်ဖြစ်သူက ထိုအရာကို ကောက်ယူခဲ့ပေမဲ့ ဒီတစ်သက်မှာ ဒီမှူးမတ်အိုကြီးက ဘာကိုမှပြန်ပေးနိုင်မှာ မဟုတ်မှာကိုပဲ စိုးမိပါတယ်။ တကယ်ကိုပဲ အရှက်လည်းရမိပါတယ်”
ယွီဝိန်းလန်က ပြောလာသည်။
“စစ်သူကြီးက ပြင်းထန်တဲ့ဖျားနာမှုကနေ သက်သာလာခါစလေ။ အဲတော့ အရမ်းယဉ်ကျေးနေစရာ မလိုပါဘူး။ မောင်မင်းက မောင်မင်းဘဝသက်တမ်းရဲ့ ပထမတစ်ဝက်မှာ တိုင်းပြည်အတွက် ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ တော်ဝင်ညီလာခံကနေ မောင်မင်းကို ဘယ်လိုလုပ်ပြီး ဆိုးဆိုးရွားရွား ဆက်ဆံနိုင်ပါ့မလဲ အရင်ပြန်ထလိုက်ပါ”
စစ်သူကြီးဝူအန်းက နာခံလိုက်ကာ ထို့နောက် သခင်မရှောင်းရဲ့ထောက်ပံ့ပေးလာသည့် အကူအညီနှင့် ထရပ်လိုက်သည်။
ဧကရီမယ်တော်ကြီးက ထိုသူတို့နှစ်ယောက်ကို ထပ်ကြည့်လိုက်ကာ ပြောလိုက်သည်
“ပြောမှပဲ စစ်သူကြီးက ဒီတစ်ခေါက်မှာ ကောင်းကောင်းလေး ကျေးဇူးတင်သင့်တာက သခင်မရှောင်းကိုပဲ။ သူမသာ အိုက်ကျားကို လာဖို့မတောင်းဆိုခဲ့ဘူးဆိုရင် အိုက်ကျားရော အရှင်မင်းကြီးရောက မောင်မင်းတို့စံအိမ်ထဲက အခြေအနေကို သိမှာမဟုတ်ဘူး”
ပြောပြီးနောက် ယန်ရှုက သူမရဲ့နှလုံးသားထဲတွင် လျင်မြန်စွာခေါင်းညိတ်ပြလိုက်သည် ဧကရီမယ်တော်ကြီးက သူမစာရင်းရဲ့ခေါင်းဆောင် ဖြစ်ထိုက်ပါပေတယ်။ ထို့နောက် သူမပြောချင်တာကိုသာ ပြောလိုက်တာပဲ။
—ပြောမှပဲ သခင်မရှောင်း နန်းတော်ထဲကိုဝင်ပြီး ဧကရီမယ်တော်ကြီးကိုဖိတ်ခေါ်တာက သူမကစံအိမ်ထဲမှာ သူမတူရဲ့ပိတ်ပင်နှောက်ယှက်တာတွေ အများကြီးကို ခံနေရလို့ပဲ။ ကံကောင်းလို့ အစေခံတွေက ကြင်နာပြီး သူမကို နန်းတော်တံခါးရဲ့ဂိတ်ပေါက်ဆီ ပို့ပေးလိုက်တာ ။
အခုထိခက်ခဲနေခဲ့ရပေမဲ့ စစ်သူကြီးဝူအန်းက နောက်ဆုံးမှာတော့ ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ နှစ်ယောက်သားဟာ အနာဂတ်မှာ ပိုလို့တောင် ချစ်မြတ်နိုးပြီး သူတို့ရဲ့ကျန်ရှိသည့်သက်တမ်းအား အတူတကွလက်တွဲ၍ ကုန်ဆုံးတော့မည် ဖြစ်သည်။
ဒါကိုတွေးမိပြီးနောက် သူမက မနေနိုင်ဘဲ မျက်ရည်ကျလာတော့သည်
——
[ဝိုးးးးးအဲ့တုန်းကဆိုသူက သူ့သမီးကို လက်လျှော့လိုက်ပြီး လူတစ်ယောက်အတွက်ပဲ တောင်းဆိုခဲ့တယ်။ အခုဆို သူမက သူ့ကိုကယ်တင်ဖို့ အကောင်းဆုံးကြိုးစားပြီး အခွင့်အရေး တောင်းနေတယ်၊ ဘယ်လိုတောင် ရင်ထဲထိစရာကောင်းတဲ့ ချစ်ခြင်းမေတ္တာလဲ။ လူတွေကို အချစ်မှာထပ်ပြီး ယုံကြည်လာစေတယ်!]
တိန်တဆိတ် ကြားလိုက်ရသည့် ယွီဝိန်းလန် “???”
သူမက ဘာလို့အဲ့လိုတွေးရတာလဲ။
သူ့ရဲ့ရည်ရွယ်ချက်တွေက သူမကို ချစ်ခြင်းတရားကို ယုံကြည်လာအောင် မလုပ်နိုင်ဘူးလား။
မမျှော်လင့်ထားစွာပင် သူဟာတိတ်တဆိတ် မျက်မှောင်ကြုတ်နေဆဲမှာပဲ စစ်သူကြီးဝူအန်းက ထပ်မံ၍ ရုတ်တရက် ဒူးထောက်ချလိုက်ကာ ပြောလာပေသည်။
“ဧကရီမယ်တော်ကြီး ပြောတာက အရမ်းကိုမှန်ပါတယ်။ ဒီမှူးမတ်အိုကြီးက ဒီရက်ပိုင်းထဲမှာ စဉ်းစားနေတာ ထပ်ခါထပ်ခါရှိနေပါပြီ။ ဒီနေ့တော့ အရှင်မင်းကြီးဆီ ဒီမှူးမတ်အိုကြီးကို ရာထူးကနေ နှုတ်ထွက်ခွင့်ပြုပြီး ဇာတိမြို့ကိုပြန်ခွင့်ပေးဖို့ လျှောက်တင်ရဲတဲ့ သတ္တိရှိလာခဲ့ပါပြီ။ ဒါမှသာ သူမကို တရားဝင်ဇနီးဆိုတဲ့ ဂုဏ်ပုဒ်ကို အပ်နှင်းနိုင်မှာပါ”
ဘာ နှုတ်ထွက်မယ်။
ထိုစကားတွေ ထွက်လာသည့်အခါ လက်ရှိတွက် ရှိနေကြသည့် လူတိုင်းက တစ်ခဏလောက် တွန့်ဆုတ်သွားကြသည်။ ထို့နောက်တွင်တော့ မနေနိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက် သက်ပြင်းချလိုက်ကြသည်။
—အားလုံးသိကြသည့်အတိုင်းပင် သခင်မရှောင်က နိမ့်ကျတဲ့မိသားစုနောက်ခံကနေ လာတာဖြစ်ပြီး လက်ရှိကျင့်ဝတ်ထုံးတမ်းတွေက စစ်သူကြီးဝူအန်းကို သူမအား ဇနီးဂုဏ်ပုဒ်ကို အပ်နှင်ခွင့်မပြုပေ။ သို့သော် စစ်သူကြီးဝူအန်းသာ သူ့ရဲ့အရာရှိနေရာကနေ နှုတ်ထွက်လိုက်ပြီး သာမန်လူဖြစ်လာမည်ဆိုလျှင် မည်သည့်ခလုတ်ကန်သင်းမှ ရှိလိမ့်မည်မဟုတ်ပေ။
သို့သော် ဒီနည်းလမ်းနှင့်သာဆိုလျှင် သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ ဒဏ်ရာအမာရွတ်တွေက အချည်းနှီးဖြစ်သွားမည် မဟုတ်လား။ ပြီးလျှင် ဆယ်စုနှစ်များစွာ သေခြင်းရှင်ခြင်းကြား ဖြတ်သန်းကာ ရရှိခဲ့သည့်အောင်မြင်မှုတွေကရော အချည်းနှီးဖြစ်သွားမှာ မဟုတ်လား။
အလွန်အံ့အားသင့်သွားသည့် အခြေအနေတွင် ဧကရာဇ်ပင် စကားမပြောနိုင်ခင်မှာပဲ စစ်သူကြီးဝူအန်း ထပ်ပြောလာသည်ကို ကြားလိုက်ရသည် ။
172 03
“ကျွန်တော်မျိုးရဲ့တစ်ဘဝလုံးမှာ စိတ်မကောင်းဖြစ်မိတဲ့ တစ်ယောက်သောသူက သူမပါပဲ။ အခုဆို ကျွန်တော်မျိုးလည်း အိုမင်းနေပြီဆိုတော့ သူမကို ဖြေရှင်းချက်တစ်ခုပေးချင်ရုံပါပဲ။ အရှင်မင်းကြီးကို ဆက်လက်ပြီး သစ္စာမစောင့်သိနိုင်တော့တဲ့အတွက် ဒီမှူးမတ်အိုကြီးက အလွန်ကိုရှက်ရွံ့မိပါတယ်။ အနည်းဆုံးတော့ သားတစ်ချို့က သူတို့နှလုံးသားထဲက ချို့ယွင်းချက်တစ်ချို့ကို ပြင်ဆင်ဖို့အတွက် ဆက်လက်ပြီးတိုင်းပြည်အပေါ် သစ္စာရှိနေမှာပါ”
ထိုစကားတွေထွက်လာသည်နှင့် လူတိုင်းက သူတို့နှလုံးသားထဲတွင် ခေါင်းညိတ်လိုက်ကြသည်။
ဟုတ်သည် စစ်သူကြီးဝူအန်းဟာ သူ့ရဲ့မိသားစုကိုကာကွယ်ရန်နှင့် တိုင်းပြည်ကို စောင့်ရှောက်ရန် နေထိုင်ခဲ့ပြီးဖြစ်သည်။ သူဟာ ဧကရာဇ် ကမ္ဘာကြီးနဲ့ မိသားစုကိုပင် ထိုက်တန်သည် ပြောရလျှင် သူတစ်ယောက်တည်းနှင့် ဟန်မိသားစုတစ်ခုလုံး၏ ဂုဏ်အသရေနှင့် ကြွယ်ဝမှုကို ယူဆောင်ပေးခဲ့သည်။ သူဟာ လက်လျှော့လိုက်ကာ သူ့တူဖြစ်သူကိုပင် ဆက်ခံသူအဖြစ် လက်ခံပေးခဲ့သည်။
သူ အကြွေးတင်နေသည်က သခင်မရှောင်းနှင့် သူ့ကလေးတွေပင်ဖြစ်သည် ။
ဒီလိုသာ ဆက်သွားနေမည်ဆိုလျှင် သားတွေနှင့် သမီးတွေက ကိုယ်လုပ်တော်ရဲ့သားသမီးဆိုသည့် ဂုဏ်ပုဒ်ကို သည်းခံရမည်ဖြစ်ကာ သမီးဖြစ်သူတွေသည်လည်း မိသားစုကောင်းကို ရှာနိုင်မည် မဟုတ်ပေ။ သေဆုံးပြီးလျှင်တောင် ထိုနှစ်ဦးဟာ အတူတကွမြှုပ်နှံခံရမည် မဟုတ်ပေ….။
သေခြင်းရှင်ခြင်း အတွေ့အကြုံကြောင့် ဖြစ်ရမည် စစ်သူကြီးဝူအန်းက နောက်ဆုံးတွင်တော့ သူပြုလုပ်ချင်သည့် ရွေးချယ်မှုဆန္ဒကို ပြုလုပ်လာသည်။
ထိုကိစ္စကို ဒီလိုနည်းနဲ့ တွေးတောပြီးနောက်မှာတော့ လူတိုင်းက စစ်သူကြီးဝူအန်း၏မူလရည်ရွယ်ချက်ကို အနည်းအကျဉ်း နားလည်စပြုလာသည်။
သို့သော်လည်း ယန်ရှုက အရမ်းကိုစိုးရိမ်ပူပန်နေဆဲဖြစ်ပြီး မနေနိုင်ဘဲ ပြောလိုက်သည်။
“စစ်သူကြီးရဲ့ သခင်မအပေါ် တွေးတောနေတာကို ကျွန်မနားလည်ပေးနိုင်ပါတယ် ဒါပေမဲ့ ဒီလိုဆုံးဖြတ်ချက်မျိုး ပြုလုပ်ရတဲ့အတွက် တန်ကြေးက အရမ်းမြင့်လွန်းတယ် တခြားနည်းလမ်း မရှိတော့ဘူးလား?”
သူကစကားပြောပြီးနောက် ဧကရာဇ်ကို တိတ်တဆိတ်ခိုးကြည့်လိုက်သည်။ ပြီးနောက် စိုးရိမ်ပူပန်စွာနှင့်
[ဟေး ဒီလိုရင်ထဲ ထိစရာကောင်းတဲ့ချစ်ခြင်းတရားကို မမြင်ဘူးလား ဧကရာဇ်ရဲ့? သူတို့တွေက ဘာလို့ တစ်ယောက်နဲ့တစ်ယောက် လက်မထပ်နိုင်ရမှာလဲ! ပြောရရင် သခင်မရှောင်က သူ့ခင်ပွန်းကို အချိန်မီကယ်တင်ခဲ့တဲ့ သူရဲကောင်းမလေ ချီူကျူးခံရဖို့ ထိုက်တန်တယ်! အရမ်းသွေးအေးမနေနဲ့နော် ဟုတ်ပြီလား!]
ယွီဝိန်းလန် “…..”
ဒီအဖြစ်အပျက်ဟာ အရမ်းကိုလျင်မြန်စွာနဲ့ ဖြစ်ပျက်သွားပြီး စစ်သူကြီးဝူအန်းကလည်း ထိုကဲ့သို့သော တောင်းဆိုမှုမျိုးကို ဒီနေ့မှာပြုလုပ်လာမည်ဟုလည်း မျှော်လင့်မထားပေ။ ဘာလို့သူက သွေးအေးရမှာတုန်း။
သူဟာ တစ်ခဏလောက် တွေးကြည့်လိုက်ပြီး သူ့ပါးစပ်ကိုဖွင့်တော့မည့်အချိန်မှာပဲ မမျှော်လင့်ထားစွာနှင့် ဧကရီမယ်တော်ကြီးက လက်ဦးမှုယူကာ ပြောလာသည်။
“စစ်သူကြီးရဲ့ကိုယ်လုပ်တော် အပေါ်ထားတဲ့ စာနာထောက်ထားမှုက ရင်ထဲလှုပ်ရှားသွားစေပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးသာ ရှင့်ရဲ့နှုတ်ထွက်ခွင့်ကို ခွင့်ပြုလိုက်မယ်ဆိုရင် ပြင်ပလောကကြီးက ထင်မြင်ကြမှာက တော်ဝင်ညီလာခံက ရှင့်ကို အိုမင်းပြီး အထင်အမြင် သေးတဲ့အတွက် အသုံးမပြုချင်တော့လို့ ဆိုးဆိုးရွားရွား ဆက်ဆံတယ်လို့ တွေးကြမှာမဟုတ်လား။ အိုက်ကျားကတော့ ဒီကိစ္စကို ဖြေရှင်းဖို့ နည်းရှိနေဆဲပဲလို့ တွေးတယ်။ တခြားနည်းလမ်းတွေ ရှိမယ်ဆိုရင် ဘာလို့ဒီလောက်မြန်မြန်ပြီး နှုတ်ထွက်ဖို့ အလျင်လိုနေမှာလဲ”
ထိုစကားတွေ ထွက်လာသည်နှင့် ယန်ရှုက ဧကရီမယ်တော်ကြီးကို ချက်ချင်းပဲကြည့်လိုက်ကာ ခေါင်းညိတ်ပြီး ပြောလာသည်။
“ဧကရီမယ်တော်ကြီးပြောတာက အရမ်းကိုမှန်တယ်။ အတိတ်တုန်းက စစ်သူကြီးဝူဟာ တိုင်းပြည်အတွက် အကြိမ်ပေါင်းများစွာ သေခြင်းရှင်ခြင်းကို ဖြတ်ကျော်ခဲ့ရမှန်း ဘယ်သူကသိမှာလဲ။ အခုမိဘတွေနဲ့ကလေးတွေကိုလည်း တိုက်ပွဲကွင်းပြင်ဆီ စေလွှတ်ထားတယ်။ ဒီလိုစိတ်ထားမျိုးနဲ့ဆို တော်ဝင်ညီလာခံဆီကနေ ကောင်းကောင်း ဆက်ဆံခံရသင့်ပါတယ်။ သခင်မကြီးရှောင်းရဲ့ သူမခင်ပွန်းအပေါ် ကယ်တင်ဖို့ အားထုတ်မှုက ဂုဏ်ပြုချီးမွမ်းမှု ထိုက်တန်ပါတယ်”
172 04
ထိုအသံ ထွက်လာသည့်အခါ ဧကရီမယ်တော်ကြီးက သူမနှလုံးသားထဲတွင် ထက်မြက်စွာ ပြောလာသည်၊ ထို့နောက်စစ်သူကြီးဝူအန်းအား
“ကိုယ်လုပ်တော်ယီ ပြောတာမှန်တယ်။၊ရှင့်ရဲ့တူက တော်ဝင်အမိန့်တော်ကို မှားယွင်းစွာ ပြောကြားခဲ့တာ။ တကယ်လို့ ရှင့်ရဲ့တူသာ အောင်မြင်သွားမယ်ဆိုရင် အရှင်မင်းကြီးရဲ့အမြော်အမြင်ကို ရိုင်းပျတာပဲမဟုတ်လား။ သခင်မရှောင်းရဲ့လုပ်ရပ်က အိုက်ကျားကို အကြီးအကျယ် နှစ်သိမ့်ပေးခဲ့တယ်။ ဒီနေ့ ရှင်တို့နှစ်ယောက်ကို တရားဝင်ဇနီးနဲ့ခင်ပွန်း ဖြစ်လာစေဖို့ဆန္ဒကို ဖြည့်ဆည်းပေးမယ်”
ထိုအသံ ထွက်လာသည်နှင့် လူတိုင်းက ထိတ်လန့်သွားကြသည်။
ယန်ရှုကသာ ပထမဆုံးတုန့်ပြန်သည့်သူပင်။ ပြီးနောက် လျင်မြန်စွာပဲ ပြောလိုက်သည်။
“ဧကရီမယ်တော်ကြီးက တကယ်ကိုပဲ မြင့်မြတ်ပါပေတယ်!”
စိတ်လှုပ်ရှားလွန်းလို့ ငိုမိတော့မလိုပဲ ။
[ယင်းယင်းယင်း စာရင်းထဲက လူကြီးမင်း ဖြစ်နေတုန်းပဲ။ ဧကရီမယ်တော်ကြီးကို ချစ်လိုက်တာ]
ယွီဝိန်းလန် “….”
ပြီးတော့လည်း အများကြီးရှိသေးတယ်….။
သိသိသာသာကိုပဲ သူလည်း ပြောနိုင်တယ်လေ …..။
သူ့မှာ အချိန်မရှိခဲ့ရုံလေး တင်ပါ။
သို့သော်လည်း ထိုအချိန်တွင် ခန်းမထဲ ရှိလူတိုင်းက ယန်ရှုနောက်ကိုလိုက်ကာ ပြောလာကြသည်၊
“ဧကရီမယ်တော်ကြီးက တကယ်ကိုပဲ မြင့်မြတ်လှပါပေတယ်”
လူတိုင်းက စိတ်လှုပ်ရှားနေပုံရသည်၊
ပြီးနောက် စစ်သူကြီးဝူအန်းနှင့် သခင်မရှောင်က နောက်ဆုံးတော့ အသိပြန်ဝင်လာကြသည်။ အံ့ဩနေမှုအောက်မှာပဲ သူတို့အားလုံးက ထပ်မံဒူးထောက်လိုက်ကာ ဧကရီမယ်တော်ကြီးအား ဂါရဝပြုလာသည်၊
“ကျေးဇူးကြီးလှပါတယ် ဧကရီမယ်တော်ကြီး သက်တော်ရာကျော်ရှည်ပါစေ”
ဧကရီမယ်တော်ကြီးကလည်း ပြုံးလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်၊ ထို့နောက် စစ်သူကြီးဝူအန်းအား ပြောလိုက်သည်၊
“စစ်သူကြီး ယဉ်ကျေးနေစရာ မလိုပါဘူး၊ ထပ်ပြီးလည်း နှုတ်ထွက်ဖို့ တွေးမနေနဲ့တော့ ၊ရှင်က တိုက်ပွဲကွင်းပြင်မှာ အတွေ့အကြုံရှိတယ်၊ ပြီးတော့လည်း ညီလာခံက အနာဂတ်ကျရင် ရှင့်ကိုထပ်ပြီး အသုံးပြုရလိမ့်မယ်၊ အလုပ်သင်တွေများများကို သင်ပေးထားတာက ပိုကောင်းလိမ့်မယ်”
စစ်သူကြီးဝူအန်းက ထပ်မံစိတ်လှုပ်ရှား သွားပြန်ကာ
“ကျေးဇူးပြုပြီး မစိုးရိမ်တော်မူပါနဲ့ ဧကရီမယ်တော်ကြီး တော်ဝင်ညီလာခံမှာသာ ကျွန်တော်မျိုးအတွက် နေရာရှိနေသေးရင် ဒီအိုမင်းနေတဲ့အရိုးတွေနဲ့ အကောင်းဆုံး ကြိုးစားရမယ်ဆိုရင်တောင် သေချာပေါက် အလုံးစုံလုပ်မှာပါ။ မီးနဲ့လေကိုဖြတ်ပြီး ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ပါဘူး”
ထိုအသံ ဆုံးသွားသည်နှင့် လူတိုင်းက သူတို့ရဲ့လက်တွေကို လက်ခုပ်တီးဖို့ မစောင့်နိုင်တော့ဘဲ ဂုဏ်ပြုချီးကျူးလာကြသည်၊
ရှန်းမင်ဧကရီမယ်တော်ကြီး! မြင့်မြတ်တဲ့ဧကရီမယ်တော်ကြီး။
ယွီဝိန်းလန် “…..”
ဧကရီမယ်တော်ကြီးက တကယ်ကိုပဲ အမြှော်အမြင်ကြီးပါတယ်။
သေချာပေါက်ပဲ အရေးအကြီးဆုံးကတော့-
172 05
အရှိန်မြန်လွန်းတာပဲ၊
~~~
ဧကရီမယ်တော်ကြီးက စစ်သူကြီးစံအိမ်ဆီကို လက်ထပ်အမိန့်တော် ချသည့်နေ့မှာပင် စစ်သူကြီးဝူအန်းနှင့် သခင်မရှောင်တို့နှင့်အတူ သွားလေသည်၊
ဧကရီမယ်တော်ကြီးကိုယ်တိုင် လက်ထပ်ပေးခြင်းက ကြီးမြတ်တဲ့ပျော်ရွှင်မှုဟု ပြောလို့ရသည် ။
သို့သော်လည်း စစ်သူကြီးဝူအန်းနှင့် သခင်မရှောင်းတို့က ယခုဆိုလျှင် နှစ်ဦးလုံးငါးဆယ်ကျော်ပြီဖြစ်ပြီး အိမ်တော်သည်လည်း ခက်ခဲကြမ်းတမ်းမှုအချို့ကို ဖြန်ကျော်ခဲ့ရသည်။ သူတို့နှစ်ဦးသည်လည်း ကိစ္စကြီး မလုပ်ချင်သည့်အတွက် အတိတ်နမိတ် ကောင်းသည့်နေ့တစ်နေ့ရှာကာ အိမ်တော်တွင်ပဲ ရိုးရှင်းသည့် အခမ်းအနားတစ်ခုကို ဖြတ်သန်းလိုက်ကြသည်၊ ပြီးနောက် လက်ထပ်လက်မှတ်အား အစိုးရဆီ လွှဲပေးလိုက်တော့သည်။
ကြည့်ရသည်မှာ ရိုးရှင်းပြီး အေးချမ်းပေမဲ့ ထိုအရာက သူတို့အား သူတို့ဘဝ၏သက်တမ်းအများစုတွင် စောင့်ဆိုင်းခဲ့ရသည့် အရာလည်း ဖြစ်သည်။
ထို့နောက်ကစပြီး ချစ်လှစွာသောကိုယ်လုပ်တော်က ချစ်ခင်ရတဲ့ဇနီးဖြစ်လာပြီး ကလေးတွေရဲ့အဆင့်အတန်းသည်လည်း တရားဝင်ဇနီး၏ သားသမီးတွေအဖြစ် တိုးမြှင့်သွားပေမည်။ ခင်ပွန်းနှင့်ဇနီးမောင်နှံနှစ်ဦးတို့သည်လည်း နောက်ဆုံးတွင်တော့ တူညီတဲ့အိပ်ရာထဲတွင် ရှင်သန်သေဆုံးသွားချင်သည့် သူတို့၏ဆန္ဒအား သိရှိသွားကြတော့သည်။
ပြီးလျင် သခင်လေးရှောင်ယောင်ပုံပြင်စာအုပ်၏ ရှေ့ပြေးနမိတ်ပြမှုကြောင့် လူတိုင်းဟာ သခင်လေးရှောင်ယောင်ရဲ့ နောက်ခံအကြောင်းကို ထောက်ခံလာကြသည်။ ထိုအချိန်တွင် ပုံပြင်ရဲ့ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့က နောက်ဆုံးမှာ အစ်အမှန်ပျော်ရွှင်မှုနဲ့ အဆုံးသတ်သွားတော့ အရမ်းကိုကျေနပ်နေကြပေသည်။
သူတို့နောက်၌ ဆွေးနွေးမှုတစ်ချို့ ရှိကောင်းရှိနိုင်ပေမဲ့ စစ်သူကြီးဝူအန်းနှင့် သူ့ဇနီးတို့တွင် သေခြင်းရှင်ခြင်းကိစ္စရပ်တွေကို ဖြတ်ကျော်ပြီးနောက် ဒါဟာဘာမှမဟုတ်တော့ပေ။
ကျန်သည့်တစ်နေ့တာတွင်တော့ ရှင်းလင်းသည့် သိစိတ်နှင့် အတူတူကုန်ဆုံးရသည်က ကောင်းမွန်လှသည်။
~~~
ထိုပုံပြင်၏အောင်မြင်သည့် အဆုံးသတ်ကို သူမရဲ့ကိုယ်ပိုင်မျက်လုံးတွေနှင့် တွေ့မြင်ပြီးနောက်မှာတော့ နောက်ကွယ်က အရေးကြီးသူရဲကောင်းတစ်ယောက်ဖြစ်သူ ယန်ရှုဟာလည်း အရမ်းကိုကျေနပ်သွားရသည်။
ညဘက်ညောင်စောင်းပေါ် လဲနေစဉ်တွင် သူမရဲ့ဝမ်းဗိုက်အားပုတ်ရင်းဖြင့် အထဲထဲက ပေါက်စအား သန္ဓေသားပညာရေး သင်ကြားတော့သည်။
“စိတ်ဆန္ဒသာရှိမယ်ဆိုရင် နည်းလမ်းတစ်ခုရှိလိမ့်မယ်။ အဲဒါကြောင့် ပေါင်အာက စိတ်နှလုံးသားထဲမှာ မျှော်လင့်ချက်ကို ထိန်းသိမ်းထားရမယ်နော်။ ဒီကမ္ဘာမှာ စည်းမျဉ်းနဲ့သတ်မှတ်ချက်တွေ ရှိနေပေမဲ့ မှန်ကန်တဲ့ဦးတည်ဘက်ကိုသာ ပြင်းပြင်းထန်ထန် ကြိုးစားနေသရွေ့ မင်းရဲ့ဆန္ဒတွေက အမှန်ဖြစ်လာလိမ့်မယ်”
ထိုစကားတွေပြောပြီးသည့်အခါ အခုလေးတင် ဆေးကြောပြီးလာသည့် ယွီဝိန်းလန်က ညောင်စောင်းပေါ်သို့ တက်လိုက်ကာ သူမကိုလက်မောင်းထဲတွင် ထည့်ဖက်ထားရင်း ချီးကျူးလိုက်သည်။
“စိတ်ဆန္ဒသာရှိမယ်ဆိုရင် နည်းလမ်းတစ်ခုရှိလိမ့်မယ်။ ဒါပေမဲ့ အဲ့အကြောင်းပြောမှပဲ အဲဒါက အဓိကအရဆိုမင်းရဲ့ စွမ်းဆောင်မှုလေ။ မင်းသာအချိန်မီ အမှန်တရားကို ရှာတွေ့ခဲ့တာကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီနှစ်ယောက်က အခုသူတို့ရှိနေသလို ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ရမှာ မဟုတ်ဘူး”
သူပြောပြီးနောက် သူမရဲ့စူဖောင်းနေတဲ့ ဗိုက်လေးကို ကြည့်လိုက်သည်။ သူဟာ ဘယ်လောက်တောင်မှ တမ်းတနေရသလဲဆိုတာကို မသိပေ။
သူလည်းပဲ ထိချင်တယ်လို့….။
ဘာပဲဖြစ်ဖြစ် မရှုပ်ထွေးချင်လျှင် အဆင်ပြေသည်။
172 06
မမျှော်လင့်ထားစွာပဲ သူမဟာ နှလုံးသားထဲတွင် ခက်ခဲသည့်ဆုံးဖြတ်ချက်တစ်ခုကို ချနေရသည်။ သို့သော် ယန်ရှုကခေါင်းညိတ်ပြလာတာကို တွေ့လိုက်ရပြီး ပြောလာသည်
“အရှင်မင်းကြီးပြောတာမှန်တယ် ဒီကိုယ်လုပ်တော်ကလည်း ကိုယ့်ဘာသာပဲ ရည်ညွှန်းနေတာ။ အဲ့ဒီအချိန်တုန်းက ဒီကိုယ်လုပ်တော်တွေးထားတာက ဇာတ်လမ်းရေးတာနဲ့တင် တစ်ခုခုအဓိပ္ပာယ်ရှိတာ လုပ်နိုင်မယ်ပေါ့။ ကံမကောင်း အကြောင်းမလှတဲ့ မိသားစုတွေကို တစ်ခုပြီးတစ်ခု ကယ်တင်ပြီး အမှန်တရားတွေကို တစ်ခုပြီးတစ်ခုရှင်းလင်းခဲ့တယ်။ အဲ့တော ဒီကိုယ်လုပ်တော်ရဲ့ဆန္ဒကို မဖြည့်ဆည်းသင့်ဘူးလား?”
ယွီဝိန်းလန်က သူ့မျက်ခုံးကို ပင့်လိုက်သည်။
“…..အဲဒါက တကယ်ကောင်းတာပဲ ဒါပေမဲ့ မင်းက စာအုပ်တွေကို ပိုက်ဆံအတွက် ရေးနေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား”
ယန်ရှုက သီးသွားတော့သည်
“….ပိုက်ဆံက သပ်သပ်တစ်ခုပဲ။ ဒါပေမဲ့ ကိုယ်လုပ်တော်တွေဆိုတာကလည်း ကြီးမားတဲ့ရှာဖွေမှုရှိတဲ့လူတွေပါပဲ”
ထို့နောက် သူမက သူ့အား ရုတ်တရက်ကြည့်လာကာ နှုတ်ခမ်းဆူရင်း ပြောလာသည်။
“ပြောမှပဲ ဒီကိုယ်လုပ်တော် ပုံပြင်စာအုပ်ရေးပြီး ပိုက်ဆံရှာချင်တာက ချို့တဲ့နေလို့မဟုတ်ဘူး”
[ဟမ့် ပိုက်ဆံအကြောင်းကို ပြောပြီဆိုမှတော့ ကျွန်မလည်း ယဉ်ကျေးနေတော့မှာ မဟုတ်ဘူး]
သူစကားပြောပြီးနောက် မျက်လုံးပင့်လိုက်ကာ ပြောလာသည်။
“ဒီရက်ပိုင်းအတွင်း ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးကို ထောက်ပံ့မှုတွေအများကြီး လုပ်ထားပေးတယ်။ အရှင်မင်းကြီးက ဒီကိုယ်လုပ်တော်ကို ဆုချဖို့ မတွေးရသေးဘူးလား”
ယွီဝီန်းလန် “….”
ဒီလိုချောမွေ့နေတဲ့အပြုအမူနဲ့ အမြင့်တက်နိုင်စွမ်းကတော့ တကယ်ကို ဒီလောကမှာရှားပါးတာပဲ။
သူသည်လည်းရယ်မောလိုက်ကာ ပြောလာသည်။
“ဒါဆို ကိုယ်က မင်းကို ဘယ်လိုချီးမြှင့်ရမလဲ။ ဖြစ်နိုင်တာက မင်းက ပိုက်ဆံပြတ်နေတုန်းပဲလား”
သူ စကားပြောပြီးနောက် ရုတ်တရက်ပဲ အကြံတစ်ခုရသွားပြီး မရည်ရွယ်သလို ဟန်ဆောင်ကာ သူ့လက်အား သူမဗိုက်ပေါ် ထားလိုက်ပြီး ညင်သာစွာပုတ်ပေးနေရင်း နှလုံးသားထဲမှာပြောလိုက်သည်။
[အရူးလေး ကိုယ်ကဖြင့် မင်းကို ကိုယ့်နှလုံးသားတစ်ခုလုံး ပေးပြီးပြီလေ မလုံလောက်သေးဘူးလား]
သူစကားပြောပြီးနောက် သူမကို တိတ်တဆိတ် ကြည့်လိုက်သည်။
သူမက တကယ်တွန့်ဆုတ်နေတာကို တွေ့လိုက်ချိမ်မှာတော့
[ဟမ်။ ဘာလို့ကျွန်မကို ထပ်ပြောနေတာတုန်း]
[သူကငါ့ကို သူ့နှလုံးသားပေးထားတယ်လို့ ပြောနေတာလား]
ယွီဝိန်းလန်ကသူ့စိတ်ထဲတွင် တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး သူမ ကြားတာမှန်တယ်လို သိသိသာသာကိုပဲ ပြောလိုက်ချင်သည်။ အဲဒါက သူတွေးနေတာတွေပင်။
သို့သော်လည်း သူ့လျှို့ဝှက်ချက် ပေါ်သွားမည်ကို စိုးသည့်အတွက် လျင်မြန်စွာပဲ မရည်ရွယ်သလိုဟန်ဆောင်ကာ လျင်မြန်စွာပဲ သူ့လက်ကို ရုတ်လိုက်တော့သည်။
172 07
စိတ်ထဲ၌ တိတ်တဆိတ် ချောင်းဟန့်သံနှင့်အတူ—
အရူးမလေး အခုဆို သူ့ရည်ရွယ်ချက်တွေကို နားလည်နိုင်ပြီလေ ဟုတ်တယ်မလား။
သို့သော်လည်း သူမရဲ့စိတ်က အခုလေးတင် ဝန်ခံခဲ့သည့်အပေါ်၌ ရှိမနေပေ။
ယခုအချိန်တွင် ယန်ရှုက မေးခွန်းတစ်ခုကို တွေးရန်ကြိုးစားနေပေသည်။သူ ကဘာလို့ ရုတ်တရက်ကြီးသူ့အသံတွေကို ကြားရပြန်တာလဲ။
သူမနှလုံးသားထဲတွင် သိချင်စိတ် ဖြစ်လာရသည်။
[အခုလေးတင် တစ်ခုခုဖြစ်သွားတာလား? သူ့လက်မောင်းတွေကို ငါ့ဘေးမှာ ပတ်ထားလို့များလား]
[မဟုတ်သေးဘူး! အခုထိဖက်နေတုန်းပဲ ဘာလို့ထပ်ပြီး မကြားရတော့ပြန်တာလဲ]
[အိုး မှန်တယ်! အခုလေးတင် သူမရဲ့ဝမ်းဗိုက်ကို ထိလိုက်သေးတယ်လေ ဖြစ်နိုင်တာက….ဒီဗိုက်က တကယ်ပဲအချက်ပြတာကို ဖမ်းတဲ့သူလာ?]
ယွီဝိန်းလန်က အံ့အားသင့်သွားရတော့သည်။
သူမခေါ်သည့်ထို “အချက်ပြသင်္ကေတဖမ်းသူ” ဆိုတာက ဘာလဲဆိုတာကိုမသိပေမဲ့ ခန့်မှန်းနိုင်သည်။
ကျစ် ဘာလို့ရုတ်တရက်ကြီး ထပ်ပြီးဥာဏ်ကောင်းလာရပြန်တာလဲ။
လုံခြုံသည့်ဘေးဘက်တွင် သူက ချက်ချင်းပင် ပြောလိုက်သည်။
“စကားမစပ် ဆောင်းဦးလယ်ပွဲတော်က လာတော့မယ်။ အရာရှိတွေနဲ့သူတို့ရဲ့မိသားစုတွေကို အဲ့အချိန်ကျရင် ကိုယ်က ဖျော်ဖြေပွဲကျင်းပပေးရမယ်။ ဒီစားသောက်ပွဲကို နန်းတော် ဒါမှမဟုတ် ကျင်းမင်ချီ ဒါမှမဟုတ် ကျင်းပေါ်ဥယျာဉ်တော်မှာ လုပ်သင့်သလား”
ဟေး နန်းတော်ထဲကနေ ထွက်လို့ရမဲ့ နည်းတစ်ခုခုရှိတာလား။
ယန်ရှုက ယာယီတစ်ခဏတာ ဆွဲဆောင်ခံလိုက်ရကာ တစ်ခဏလောက် တွေးနေပြီးနောက် ပြောလာသည်။
“ကျင်းပေါ်ဥယျာဉ်နဲ့ ကျင်းမင်ရေကန်တို့က နှစ်ခုလုံးကောင်းမွန်တာပဲ။ ဒါပေမဲ့ ကြည့်ရတာ ကျင်းပေါ်ဥယျာဉ်ရဲ့ ရေမျက်နှာပြင် ကပိုကျယ်တယ်၊ ကျွန်မထင်တာတော့ ဧကရာဇ်နဲ့မှူးမတ်တွေ လရောင်ကို အတူရှုစားကြမဲ့အချိန်ဆိုရင် လေထုကပိုပြီးတော့ ကောင်းမွန်သင့်တယ်”
—ဟေး လကိုရှုစားတာက ဒုတိယဦးစားပေးပဲ၊ အရင်တစ်ခေါက် ကျင်းပေါ်ဥယျာဉ်တော်မှာ စားခဲ့တဲ့ ဝက်သားကင်နဲ့ သိုးသားကင်တွေက ဦးနှောက်ထဲမှာ လတ်ဆတ်နေတုန်းပဲ။ ကျွန်မကို နည်းနည်းတောင် လောဘကြီးလာစေတယ်၊ အခုတောင် အရမ်းစားချင်နေတုန်းပဲ။
ယွီဝိန်းလန်က တိတ်တဆိတ်နားထောင်နေကာ ချက်ချင်းပဲ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ကောင်းပြီလေ ကျင်းပေါ်ဥယျာဉ်ပေါ့ စုံမိန့်ကို ပြင်ဆင်ဖို့အမိန့်ပေးလိုက်မယ် မင်း ကြိုက်မယ်လို့တော့ ထင်တာပဲ”
သတိမဲ့စွာနှင့် ယန်ရှုရဲ့မျက်လုံးတွေက တောက်ပသွားကာ လျင်မြန်စွာ ခေါင်းညိတ်ပြလာသည်၊
“ကျေးဇုးတင်ပါတယ် အရှင်မင်းကြီး ဒီကိုယ်လုပ်တော်က အဲ့ကသိုးသားကင်ကို အရမ်းကိုကြိုက်နှစ်သက်ပါတယ်၊ ဆောင်းဦးလယ်ပွဲတော်မှာ လူတွေအများကြီး ရှိမယ်ဆိုရင် နှစ်ကောင်လောက်ထပ်ပြီး ကင်ရင်ရော”
ယွီဝိန်းလန်ကလျင်မြန်စွာခေါင်းညိတ်လိုက်သည်
“ဘာထပ်စားချင်သေးလဲ၊ ဒီရက်ပိုင်းအတွင်းစားချင်တာတွေကို တွေးထားလိုက်၊ ပြီးရင် စောစောလေးပြင်တင်ဖို့ သူတို့ကိုပြောလိုက်”
ယန်ရှုက ထိုအကြောင်းကို တကယ်ကြီးအလေးအနက်တွေးနေကာ
“အဲဒီသိုးသားကင်အပြင် ငါးကင်ကလည်း အရမ်းကိုပဲ စားလို့ကောင်းပါတယ် ၊ဆောင်းဦးလယ်ပွဲတော်မှာဆို ကဏန်းပြာတွေက အဝဖီးဆုံးပဲ၊ ဘာလို့ကဏန်းပြာတွေ မမြည်းကြည့်တာလဲ။ စကားမစပ် ကဏန်းပြာတွေကို ပေါင်းရုံတင်မကဘူး ချဉ်စပ်ကြော်လည်း လုပ်လို့ရသေးတယ် အသားနှပ်ကလည်း အရမ်းကောင်းတာပဲ
ထပ်ခါထပ်ခါခေါင်းညိတ်နေသော ယွီဝိန်းလန်
“မင်းအပေါ်ပဲ မူတည်တာပဲ”
…..
ဖူးးး အန္တရာယ်များလိုက်တာ
******
173 01
အပိုင်း 173
ရှစ်လပိုင်းသို့ ရောက်လာပြီးနောက် ဆောင်းဦးလယ်ပွဲတော်သည်လည်း ရောက်ရှိခါနီးပြီ ဖြစ်သည်။
ယခုနှစ်တွင် တာ့လျန်၌ ရာသီဥတုကောင်းရှိသည်ဟု ပြော၍ရသည်။ နှစ်တိုင်း၏ဒီအချိန်ရောက်တိုင်း နေရာအများအပြားတွင် ကောက်သစ်စားပွဲတော်ကို ဆင်နွှဲကြပေသည်။ ပွဲတော် နီးကပ်လာသည်ကို တွေ့သည့်အခါ ရာသီပေါ် လတ်ဆတ်သည့် ကုန်ပစ္စည်းများဟာလည်း နန်းတော်ဆီသို့ တစ်ခုပြီးတစ်ခု ပို့ဆောင်လာကြသည်။ ထို့ကြောင့် အတွင်းရေးရုံးတော်ဟာ ရက်ပေါင်းများစွာတိုင်အောင် မအားမလပ် ဖြစ်နေတော့သည်။
တစ်နေ့၌ အတွင်းရေးရုံးတော်၏အကြီးအကဲက သတင်းပို့လာချိန်တွင် ယန်ရှုဟာ ချီအန်းနန်းဆောင်၌ ဧကရီမယ်တော်ကြီးနှင့်အတူ လက်ဖက်ရည် သောက်နေခဲ့တာပဲ ဖြစ်သည်။
“ဧကရီမယ်တော်ကြီးနဲ့ ကိုယ်လုပ်တော်ယီကို လျှောက်တင်ပါတယ်။ စူကျိုးဘုရင်ခံက ဆက်သလိုက်တဲ့ ကဏန်းပြာနဲ့ ငါးသန်ငါးတွေက အခုလေးတင်ပဲ ရောက်လာပါတယ်။ အတော်လေး များပြီး စားတော်ကဲတွေလည်း အချိန်မီ ပြီးနိုင်မယ်မထင်ပါဘူး။ အဲဒါနဲ့ ကျွန်တော်မျိုးလည်း ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို မသိတော့လို့ပါ”
ထိုလျှောက်တင်ချက်ကို ကြားသည့်အခါ ယန်ရှု၏မျက်နှာပေါ်၌ နောင်တတချို့ တွေ့လိုက်ရသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ ကဏန်း အများကြီး စား၍မရပေ။ ပြီးတော့လည်း သူမဟာ ဒီနှစ်တွင် ကိုယ်ဝန်ရှိနေတာဖြစ်သည်။
ကဏန်းစားပွဲတော်လား။
ဒါက လောဘကြီးတဲ့သူမအတွက် ရက်စက်ရာမကျဘူးလား။ ဝူးဟူးး
သူမက ပြောရုံသာပြော လိုက်သည်။
“ဒီလိုကန်ထဲ ကလတ်လတ်ဆတ်ဆတ် အမျိုးအစားက အရေးအကြီးဆုံးပဲ။ အရှင်မင်းကြီးနဲ့ ဧကရီမယ်တော်ကြီးကို မြန်မြန်လေးစားဖို့ အကြံပြုပါတယ်။ နေ့လည်ကျ တော်ဝင်စားဖိုဆောင်ကို နည်းနည်းလောက် လုပ်ဖို့ ပြောလိုက်ပါမယ်”
ဧကရီမယ်တော်ကြီးက သူမခေါင်းကိုရမ်းကာ ပြောလာသည်။
“အိုက်ကျားက အသက်ကြီးနေပါပြီ အများကြီးစားမိရင် အစာအိမ်ထဲမှာ အအေးဒဏ်ကို ခံစားရလိမ့်မယ်။ အဲ့တော့ နန်းတော်အတွက် နည်းနည်းပဲထားပြီး ကျန်တာတွေကို အရင်လိုပဲ မှူးမတ်တွေဆီ ခွဲဝေပေးလိုက်ပါ”
အတွင်းရေးရုံးတော်ရဲ့အကြီးအကဲက နာခံလိုက်ကာ ပြန်လည်ဆုတ်ခွာသွားတော့သည်။
ယန်ရှုဟာ ချက်ချင်းပဲ အကြံတစ်ခုရလိုက်ပြီး တွန့်ဆုတ်စွာ ထပ်ပြောလိုက်သည်။
“အများကြီး ထပ်ရှိနေသေးရင် တော်ဝင်အကယ်ဒမီနဲ့ ဆက်စပ်နေတဲ့ အကယ်ဒမီတွေဆီက ဆရာသခင်တွေနဲ့ စာသင်သားတွေကို ဘာလို့နည်းနည်းလောက် မပေးတာလဲ။ ဆောင်းဦးလယ်ပွဲတော်အတွက် သုံးရက် အနားပေးထားပေမဲ့ အိမ်နဲ့အဝေးမှာရှိနေတဲ့ ဆရာနဲ့စာသင်သားတချို့ ရှိနေတယ်လေ အိမ်ကိုပြန်ပြီး ဆွေမျိုးတွေနဲ့ မဆုံစည်းနိုင်ကြတဲ့သူတွေကို ကဏန်းပြာ နည်းနည်းလောက်ပေး တာမျိုး ဒါမှမဟုတ်ရင် လာရောက်သုံးဆောင်ဖို့ ဆင့်ခေါ်ရင်ရော”
ဟေး အရေးအကြီးဆုံးကတော့ ဒီလိုနည်းနဲ့ဆို သူမရဲ့အိုင်ဒေါလ်ချီရှန်းလည်း မြည်းကြည့်နိုင်လောက်မလား။
ဘာပဲဖြစ်ဖြစ် ဒီနှစ်ရဲ့ကဏန်းပြာ ကောက်သစ်စားပွဲက အားရပါးရရှိလောက်အောင်ကို များတယ်ဆိုတော့ စျေးထဲက စျေးနှုန်းကလည်း စျေးပေါလောက်တယ်။ အဲဒီမှူးမတ်တွေကလည်း ကဏန်းစားဖို့ ငွေပြတ်နေတာမှ မဟုတ်တာ။ သူတို့ကို ပေးမဲ့အစား တည်ကြည်ပြီး ဂုဏ်သိက္ခာသမာဓိနဲ့ ပြည့်စုံတဲ့ သူမရဲ့အိုင်ဒေါလ်ချီရှန်းအတွက် မားမားမတ်မတ် ရပ်တည်ပေးတာက ပိုကောင်းတယ်။
ထိုစကားတွေ ထွက်လာသည်နှင့် ဧကရီမယ်တော်ကြီးက သူမစိတ်ထဲတွင် ပြောလိုက်သည်။
[ဒီအကြံလည်း မဆိုးဘူးဘဲ။ ကဏန်းပြာလေး နည်းနည်းပဲမလား နည်းနည်း ထုတ်လို့မရမှာကိုဘဲ စိုးတယ်]
ဟမ်။ ထုတ်လို့ မရဘူးလား။
ယန်ရှုက တစ်ခဏလောက် တွေးလိုက်ပြီး လျင်မြန်စွာ ထပ်ပေါင်းပြောလိုက်သည်။
“စကားမစပ် ကဏန်းချည်းပဲဆို နည်းနည်းငြီးငွေ့စရာပဲ။ လမုန့်တချို့ လုပ်ပြီး သူတို့ကို မျှပေးလိုက်။ အဲဒါမှ လူတိုင်းလည်း သူတို့ရဲ့အတိတ်ကို လွမ်းဆွတ်တဲ့ ဝေဒနာကို သက်သာစေနိုင်မှာ”
173 02
ထိုစကားတွေ ပြောလိုက်သည်နှင့် ဧကရီမယ်တော်ကြီးသည်လည်း နောက်ဆုံးတွင် ကျေနပ်မှုနှင့် ခေါင်းညိတ်လိုက်တော့သည်။
“အကြံကောင်းပဲ။ တော်ဝင်စားဖိုဆောင်က ဘယ်ရောညာရော မအားလပ်ဘူးဆိုတော့ လမုန့်လုပ်ရမဲ့အချိန်ပဲ များများလေး ပိုလုပ်ရအောင်။ အိုက်ကျားတော့ စာသင်သားတွေ ကြိုက်မယ်လို့ ထင်တယ်”
သူမ စကားပြောပြီးနောက် စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။
[ဟေး အဲ့လူက နှစ်ပေါင်းများစွာတိုင်အောင် အထီးကျန်လာတာ။ သူ့အတွက် တစ်ယောက်ယောက်က လမုန့် လုပ်ပေးဖူးသလား မသိဘူး။ ဒီတစ်ခေါက်တော့ သူ့ပါးစပ်ထဲ စားလို့ရအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်]
ယန်ရှုက လျင်မုန်စွာ ခေါင်းညိတ်လိုက်သည်။
“ဒါက တော်ဝင်မိသားစုရဲ့ ဂရုစိုက်မှုပဲ။ သူတို့တွေ သေချာပေါက် နှစ်သက်ကြမှာပါ”
အဟွတ် အဟွတ် လမုန့်တွေ အဆင့်သင့်ဖြစ်ရင် ပညာရှိချီကို လမုန့်တွေစားစေဖို့ လုပ်မဲ့သူကို သေချာပေါက် ပြောရမယ်။ ပြောရရင် ဒါက ဧကရီမယ်တော်ကြီးရဲ့ပူပန်မှုပဲလေ ။
ဒါကိုကြားပြီးနောက် အတွင်းရေးရုံးတော်ရဲ့အကြီးအကဲက လျင်မြန်စွာ သဘောတူလိုက်ကာ လုပ်ဆောင်ရန် ထွက်ခွာသွားတော့သည်။
စောနေသေးဆဲ ဖြစ်သော်လည်း စစ်စတန်ကလည်း ရိပ်စားမိကာ ပြောလာသည်။
[ပြောမှပဲ ဧကရီမယ်တော်ကြီးက ဒင်ဆမ်းလုပ်တဲ့နေရာမှာ အရမ်းတော်တယ်။ အထူးသဖြင့် ကြာစေ့လမုန့် လုပ်တဲ့နေရာမှာပဲ အရမ်းတော်တယ်]
အဲ့လိုလား။
ယန်ရှုသည်လည်း အကြံရသွားကာ ပြောလာသည်
“ပြောမှပဲ ကျွန်မ နောက်ဆုံးတစ်ခေါက် ဧကရီမယ်တော်ကြီးရဲ့နေရာမှာ ဒင်ဆမ်းလုပ်ဖို့ သင်ခဲ့တာ။ အတော်လေးတောင် ကြာသွားပြီပဲ။ ဒီနေ့လည်း လမုန့်တချို့လုပ်ဖို့ သင်ရမယ်။ အချိန်မီသေးတာပဲ။ ကောင်းကောင်းလုပ်မယ်ဆိုရင် ကျွန်မက တော်ဝင်စားဖိုဆောင်ကို ကူညီအားဖြည့်ပေးနိုင်မှာ”
ထိုအသံ ထွက်လာသည့်အခါ ဧကရီမယ်တော်ကြီးက ခေါင်းညိတ်လိုက်ပြီး သူမစိတ်ထဲတွင် ပြောလိုက်သည်။
[ပြောမှပဲ ငါ လမုန့်မလုပ်တာတောင် အတော်လေးကြာနေပြီပဲ….]
ယန်ရှုက သူမစိတ်ထဲတွင် သေချာသွားကာ လျင်မြန်စွာ ပြောလိုက်သည်။
“ထိုက်ယဲ့ရေကန်က ရိတ်သိမ်းလာတဲ့ ကြာစေ့တွေက ဟိုတစ်လောကပဲ ခြောက်သွေ့သွားပြီတဲ့။ အရှင်မင်းကြီးကလည်း ဧကရီမယ်တော်ကြီးရဲ့ကြာစေ့လမုန့်က အရမ်းကောင်းတယ်လို့ ပြောတာကြားဖူးတယ်။ မယ်တော်ကြီးရဲ့အကြံပေးမှုကိုရဖို့ ကံကောင်းနိုင်မလား မသိဘူး”
ဒါကိုကြားသည့်အခါ ဧကရီမယ်တော်ကြီးက သူမရဲ့မျက်လုံးကိုမပင့်ဘဲ မနေနိုင်တော့ကာ ပြောလာသည်။
“အိုက်ကျားက အကြိမ်နည်းနည်းပဲလုပ်ဖူးတာပါ အရှင်မင်းကြီးက မှတ်မိနေတုန်းလား”
ယန်ရှုက သူမရဲ့အမူအရာကို မပြောင်းစေပဲ စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလာသည်။
“ဒီကိုယ်လုပ်တော်က ဘယ်လိုလုပ်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောရဲပါ့မလဲ။ သဘာဝကျကျပြောရရင် ကျွန်မက အရှင်မင်းကြီးမမိန့်ဘဲ မသိနိုင်ဘူးလေ”
ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ နောက်ဆုံး၌ ပြောလာသည်။
“မေ့လိုက်တော့ ဘာမှဝေ့ဝိုက်မနေနဲ့။ ဒီနေ့ အိုက်ကျားကိုယ်တိုင် သင်ပေးမယ်။ မင်းသင်ပြီးသွားရင် အနာဂတ်ကျ အရှင်မင်းကြီးအတွက် လုပ်ပေးလို့ရတာပေါ့”
ယန်းရှုက လျင်မြန်စွာ ပြုံးလိုက်ကာ ဟုတ်ကဲ့ပါဟု ပြောလိုက်သည်။
“ဒီနေ့တော့ ဒီကိုယ်လုပ်တော်က ကောင်းချီးပေးခံရတာပဲ”
ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးဟာ ဒင်ဆမ်းလုပ်သည့်နေရာသို့ သွားလိုက်ကြသည်။ နေ့လည် ရောက်ချိန်မှာတော့ လမုန့်အခုသုံးဆယ်နီးပါးလောက် လုပ်ပြီးပြီဖြစ်သည်။
နှစ်ဦးသားဟာ နေရာမှာတင် နည်းနည်း မြည်းကြည့်လိုက်ပြီး အရသာက ကောင်းမွန်ပေသည်။ ဧကရီမယ်တော်ကြီးက အရမ်းချိုနေမှာကို စိုးသည့်အတွက် နန်းတော်အစေခံတွေအား ကျန်သည့်လမုန့်အားလုံးကို ကန်လုနန်းဆောင်ဆီသို့ ယန်ရှုယူသွားရာတွင် ကူညီပေးရန် အမိန့်ပေးလိုက်ပြီး သူမကို ကိုင်တွယ်စေလိုက်သည်။
ကန်လုနန်းဆောင်သို့ ပြန်သွားပြီးနောက် ယန်ရှုဟာ ဧကရာဇ်အတွက် တစ်ပန်းကန် သိမ်းထားလိုက်ပြီး ကျန်သည့်မုန့်အားလုံးအား တစ်ယောက်ယောက်ကို ဆီစိမ်စက္ကူနှင့် ပတ်ခိုင်းလိုက်ကာ အတွင်းရေးရုံးတော်ဆီသို့ ပို့ခိုင်းလိုက်သည်။ ပြီးနောက် ထိုမုန့်တွေအား စုန့်ဟယ်အကယ်ဒမီသို့ ပို့သည့်ဝေစုထဲတွင် ထည့်ခိုင်းလိုက်သည်။
ဟီးဟီး ဒီလမုန့်ထဲမှာ ဖြည့်ထားတဲ့ ကြာစေ့အနှစ်က ဧကရီမယ်တော်ကြီးကိုယ်တိုင် လုပ်ထားတာဆိုတော့ သူမရဲ့အိုင်ဒေါလ်က သူ့အချစ်ကလေးလက်နဲ့ ကိုယ်တိုင်လုပ်ထားတဲ့ မုန့်ကို စားနိုင်တော့မှာပေါ့။
ဝူးဝူး အလုပ်ကြိုးစားတဲ့ စီပီပရိတ်သတ်လေးတစ်ယောက်အနေနဲ့ ခံရသူအဖြစ်ကနေ ပြုသူအဖြစ်ပြောင်းဖို့ သင်ယူမှရမယ်။ ပြီးရင် ကျောက်သားပြင်ကြားက သကြားလုံးတွေကို စားရမယ်။
173 03
သေချာပေါက်ပင် သူမမိခင်၏မိသားစုဘက်အတွက်လည်း စာတစ်စောင်ရေးဖို့ မမေ့ဘဲ တစ်ယောက်ယောက်အား စာပို့ခိုင်းလိုက်သည်။ ထိုသည်မှာ မနက်ဖြန်ရောက်လျှင် သူမမိခင်က သူမနဲ့အတူ စကားစမြည်ပြောရန် နန်းတော်သို့ လာရောက်ရန်ပင် ။
ဒီလိုနည်းဖြင့် ဒုတိယနေ့မှာတော့ နျန်ကျူးဟာ ကတိပေးထားသည့်အတိုင်း ရောက်လာပေသည်။
ယန်ရှုဟာ အရင်ဦးဆုံးအိမ်ရဲ့အခြေအနေကို မေးမြန်းပြီး အရာအားလုံး အဆင်ပြေနေတာကို တွေ့ရူည့်အတွက် ရန်တုန်းအား လမုန့်တချို့ထုတ်လာခဲ့ရန် အမိန့်ပေးလိုက်ကာ ပြောလိုက်သည်။
“မနေ့တုန်းက ဒီမုန့်တွေ ဘယ်လိုလုပ်ရမလဲဆိုတာကို ဧကရီမယ်တော်ကြီးဆီကနေ သင်ခဲ့တာ။ ပြီးတော့လည်း အိမ်အတွက် အထူးတလည်အနေနဲ့ သိမ်းထားခဲ့တာလေ။ ပြန်ရောက်ရန် လူတိုင်းကို မြည့်ကြည့်ခိုင်းလိုက်နော်”
သူမပြောတာကို ကြားပြီးနောက် သခင်မကြီးကျူးက သဘာဝကျကျပဲ အံ့အားသင့်သွားကာ
“ဧကရီက လမုန့်ဘယ်လိုလုပ်ရတာလဲဆိုတာကို သိတာလား”
ယန်ရှုက အနည်းငယ် ရှက်သွားကာ
“အမေ့ရဲ့သမီးတစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ ရှိနေတာတောင် ဒီဟာက အမေ့အတွက် ချက်ပြုတ်ပေးဖူးတဲ့ ပထမဆုံးအကြိမ်ပဲ သမီးကို အပြစ်မတင်ပါနဲ့”
သူမဗိုက်ထဲက သားပေါက်လေးဟာ တစ်နေ့ထက်တစ်နေ့ ကြီးထွားလာတာကို တွေ့လိုက်ရပြီးနောက် မိဘတွေရဲ့အခက်အခဲတွေအား ပိုပိုပြီး နားလည်လာရသည်။
သူမအမေကို ယခုလိုမျိုး တွေ့လိုက်ရသည့်အခါ ယန်ရှုဟာ မတတ်နိုင်ဘဲ သူမမျက်ဝန်းတွေက ပူနွေးလာတော့သည်။
သို့သော် အဲဒါက အရမ်းကောင်းလွန်းသည်။ မင်းတို့နှစ်ယောက်ကသာ တစ်ယောက်နဲ့တစ်ယောက် ဖက်ပြီး ငိုနေမယ်ဆိုရင် ဘာနဲ့တူနေမလဲ။
သူမက ချက်ချင်းပဲ အကြောင်းအရာ ပြောင်းလိုက်ကာ ပြောလိုက်သည်။
“စကားမစပ် မနေ့က နန်းတော်ကနေ ဖြန့်ဝေပေးလိုက်တဲ့ ကဏန်းပြာကို မြည်းစမ်းကြည့်ပြီးပြီလား။သူတို့တွေက အဝါရောင်သန်းပြီး ဝရောဝရဲ့လား”
သခင်မကြီးကျူးက လျင်မြန်စွာ ခေါင်းညိတ်လိုက်ကာ
“စားပြီးလို့ ကုန်သွားပါပြီ။ အရှင်မနဲ့ ဧကရီမယ်တော်ကြီးရဲ့ပူပန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်”
ယန်ရှုက ထပ်မံရယ်မောလိုက်ကာ
“စားလို့ကောင်းရင် ပြီးတာပါပဲ။ ဒီနှစ် အတွင်းရေးရုံးတော်ကနေ အကယ်ဒမီဆီကိုလည်း ဝေပေးဦးမှာ။ အဲတော့ မိသားစုတစ်စုချင်းစီက အများကြီးရမှာ မဟုတ်ဘူး။ အမေ စားရတာ ကြိုက်တယ်ဆိုရင် တစ်ယောက်ယောက်ကို မြို့ရဲ့တောင်ဘက်မှာ သွားဝယ်ခိုင်းလိုက်လေ။ ဟုရှန်းက အလတ်ဆတ်ဆုံးနဲ့ စျေးအပေါဆုံးပဲ။ အဲတော့ မတွန့်ဆုတ်နဲ့”
မမျှော်လင့်ထားစွာနဲ့ သူမအမေဟာ ခေါင်းကိုခါရမ်းလိုက်ပြီး ပြောလာသည်
“ဧကရီက ဝယ်ပေးစရာ မလိုပါဘူး။ ဒီနှစ် အမေတို့အိမ်မှာ ကဏန်း ပြတ်မနေဘူးဆိုတာကို မသိလို့ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက တစ်ယောက်ယောက်ကနေ ခြင်းအကြီးကြီးတချို့ပို့ ခိုင်းလိုက်တာ။ အမေတို့လည်း အဲဒါတွေကို မလိုချင်ပေမဲ့ တစ်ခြင်းကို မရမကထားသွားတာ။ အမေတို့တွေ ကဏန်း စားနေတာတောင် ရက်အနည်းငယ် ရှိနေပြီ။ ဒီကဏန်းတွေကိုတွေ့ တော့ အမေတို့တောင် လန့်သွားသေးတယ်”
အမ်… တစ်ယောက်ယောက်က ခြင်းတွေ ဘယ်လောက်တောင်မှ ပို့လိုက်လို့လဲ။
ယန်ရှုက လျင်မြန်စွာ မေးလိုက်သည်။
“ဘာတွေ ဖြစ်နေတာလဲ။ ဘယ်သူ ပို့လိုက်တာလဲ”
သခင်မကြီးကျူးက ပြောလာသည်။
“လွန်ခဲ့တဲ့ရက်တုန်းက မြို့စားချီက သူ့မွေးနေ့ကို ကျင်းပတယ်လေ။ ပြီးတော့လည်း အမေတို့စံအိမ်ကို စာတစ်စောင်ပါးလိုက်တာ။ အမေတို့က သွားဖို့ မစီစဉ်ထားပေမဲ့ သခင်မချီကော်ကုန်းရဲ့သားက လာဖိတ်မယ်လို့ မထင်ထားဘူး။ အဲဒါကြောင့် အမေလည်း အရှင်မရဲ့အဖေနဲ့ အဖော်ပြုလိုက်သွားပေးလိုက်တာ။ လူတွေအများကြီးက အမေ့ကို လာစကားပြောကြပြီး စူကျိုးက သခင်မရှဲ့လည်း အပါအဝင်ပဲ။ သူမက အရှင်မရဲ့အဖေဆီကနေ အကူအညီ တောင်းထားတယ်တဲ့….”
ထိုအချက်တွင် ယန်ရှုက ချက်ချင်းပဲ စိတ်ရှုပ်စွာ ပြောလိုက်သည်။
“မဖြေလိုက်ဘူးမလား”
ဒီမြင်ကွင်း ကြည့်ရတာ ဘာလို့ နည်းနည်းမသင်္ကာစရာ ကောင်းနေတာလဲ။
ကံကောင်းစွာနှင့် သူမအမေက ပြောလာသည်။
“သေချာပေါက် မဖြေဘူးပေါ့။ ပြီးတော့ သူမကိုလည်း မသိဘူး။ အရှင်မရဲ့အဖေကို တောင်းပန်သေးတယ်။ အဲဒါကြောင့် အမေလည်း နားမလည်ဘူးလို့ ပြောလိုက်တယ်၊ အမေတောင် စိတ်ရှုပ်သွားရသေးတယ်”
ယန်ရှုက သက်ပြင်းတစ်ချက် ချလိုက်သည်။
173 04
—မြို့တော်ဟာ အန်းသဲ့လောက် မရိုးရှင်းဘဲ ထိုအထက်တန်းလွှာအမျိုးသမီးတွေက နှလုံးသားရှစ်ရာလောက် ပျိုးထောင်နိုင်ဖို့ ဆုတောင်းနေကြသည်။ သူမအမေက သူတို့ရဲ့ပြိုင်ဘက် မဟုတ်မှာကို စိုးမိတာပင်။
မမျှော်လင့်ထားစွာနဲ့ ထိုသို့ပြီးတဲ့နောက် သူမအမေ ဆက်ပြောလာတာကို ကြားလိုက်ရသည်။
“ဒါပေမဲ့ အကြောင်းတချို့ကြောင့် မွေးနေ့အခမ်းအနားကနေ အမေတို့ ပြန်လာပြီး နှစ်ရက်အတွင်းမှာပဲ သလင်မရှဲ့က လက်ဦးမှုယူပြီး ကဏန်းတွေ ပို့လာတယ်။ ခြင်းအကြီးကြီးတွေ အများကြီးကို တံခါးအပြင်ဘက်ဆီ တိုက်ရိုက်သယ်လာတယ်လေ။ အမေလည်း ထပ်မတွန်းနိုင်တော့ လွန်ခဲ့တဲ့ရက်တုန်းက သမီးဦးလေး ပို့ပေးလာတဲ့ တည်သီးကိတ်တချို့ကို ဘူးတစ်ခုတောင်းပြီး ပို့ပေးလိုက်တယ်”
ယန်ရှုက ထိုစကားတွေကို ကြားသည့်အခါ ခေါင်းညိတ်လိုက်သည်။
“အဲဒါကောင်းတယ် ချင်ကျိုးက တည်သီးကိတ်က ပိုက်ဆံတွေ အများကြီးတန်တယ်။ အဲတော့ သူမရဲ့ပစ္စည်းတွေကို အလကားသက်သက် ယူခဲ့တာ မဟုတ်တော့ဘူးပေါ့”
မမျှော်လင့်စွာပင် သူမ ထိုကဲ့သို့တွေးနေစဉ်မှာပဲ သူမအမေက သူမကို ထပ်ပြောလာသည်အား တွေ့လိုက်ရသည်။
“စကားမစပ် နောက်တစ်ခု ထပ်ရှိသေးတယ်။ ကြည့်ရတာ အမေ ပြောပြသင့်တယ် ထင်တယ်”
ယန်ရှုက လျင်မြန်စွာ ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ”
ယခုအချိန်တွင် အခန်းထဲ၌ မည်သူမျှရှိမနေသော်လည်း ကျူးရှီက သူမရဲ့အသံကို နှိမ့်လိုက်ဆဲဖြစ်ကာ ပြောလာသည်။
“သခင်မထုန်စန်း ကဏန်းတွေ လာပို့တဲ့နေ့က အမေ့ကို ပြောသွားတယ်။သူမက ကိုယ်လုပ်တော်ဟွေ့ရဲ့ အသိအကျွမ်းဟောင်းတဲ့”
ကိုယ်လုပ်တော်ဟွေ့။
ယန်ရှုက ထိတ်လန့်သွားကာ “အဲဒါက အရှင်မင်းကြီးရဲ့ သွေးရင်းအမေ မဟုတ်လား”
သို့သော် သူမအမေက ခေါင်းညိတ်ပြလာကာ
“အဲဒါက တော်ဝင်ကိုယ်လုပ်တော်ပဲ”
ဒါက ယန်ရှုကို အနည်းငယ် အံ့အားသင့်သွားစေကာ တစ်ခဏလောက် တွေးပြီးတဲ့နောက်မှာတော့ ပြောလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ။ သခင်မထုန်ကျီနဲ့ ကိုယ်လုပ်တော်ဟွေ့က ဘယ်လိုလုပ်ပြီး အသိအကျွမ်းဟောင်းတွေ ဖြစ်နေတာလဲ”
ကျူးရှီက အသံကို ထပ်နှိမ့်လိုက်ကာ
“သူမ ပြောတာတော့ သူမနဲ့ကိုယ်လုပ်တော်ဟွေ့ရဲ့ ညီမလေးက လက်ကိုင်ပုဝါတစ်ထည်လိုပဲတဲ့။ အဲ့တုန်းက သူမလည်း ကိုယ်လုပ်တော်ဟွေ့ကို သိကျွမ်းတယ်တဲ့လေ”
ကိုယ်လုပ်တော်ဟွေ့ရဲ့ညီမလေး။
ယန်ရှုက ထပ်မံကြက်သေ သေသွားပြန်သည်။ အခုမှသာ ကိုယ်လုပ်တော်ဟွေ့၌ ညီမရှိတာကို သိရတာဖြစ်သည်။
အဲဒါက ဧကရာဇ်ရဲ့အဒေါ် မဟုတ်ဘူးလား။
ဒါပေမဲ့ ပြောမှပဲ ကြည့်ရတာ ကိုယ်လုပ်တော်ဟွေ့ရဲ့ ညီမလေးအကြောင်းကို ဘယ်တုန်းကမှ မကြားခဲ့ဖူးသလိုပဲ။
ထို့နောက် သူမက ထပ်မေးလိုက်သည်။
“ဒါဆိုရင် ကိုယ်လုပ်တော်ဟွေ့ရဲ့ ညီမလေးက ဘယ်မှာလဲ”
သို့သော် သူမအမေက အသံ ကိုထပ်နှိမ့်လိုက်ပြန်ကာ
“အမေကြားတာတော့ ကိုယ်လုပ်တော်ဟွေ့ရဲ့သွေးရင်းမိသားစုက ယန်ဇီမြင်တောင်ပိုင်းက စုန့်ကျန်းစံအိမ်ရှိတဲ့နေရာတစ်ဝိုက်မှာတဲ့ သခင်မရှဲ့ရဲ့ စကားတွေအရဆို ကြည့်ရတာ။ မြို့တော်က တစ်ယောက်ယောက်က သူတို့ကို တမင်သက်သက် သူတို့ကို ဖိနှိပ်ထားပြီး စုန့်ကျန်းကနေ မခွာခိုင်းဘူးတဲ့။ ပြောတာတော့ ကိုယ်လုပ်တော်ဟွေ့ရဲ့တူက မူလက မြို့တော်က တော်ဝင်အကယ်ဒမီမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဝင်ရောက်နိုင်ခဲ့တယ်တဲ့။ ဒါပေမဲ့ တခြားတစ်ယောက်ယောက်နဲ့ အစားထိုး ခံလိုက်ရတာတဲ့လေ”
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတဲ့လဲ။
ယန်ရှုက မျက်မှောင် မကြုတ်ဘဲ မနေနိုင်ပေ။
ပြောရမည်က သေချာဂရုတစိုက် တွေးကြည့်လိုက်လျှင် အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည်။
မြို့တော်က တစ်ယောက်ယောက်က တကယ်ပဲ ဧကရာဇ်ရဲ့အမေဘက်က သွေးရင်းမိသားစုကို တမင်သက်သက် ဖိနှိပ်ထားပြီး သူတို့ကို ကျန်းနန်ကနေ မထွက်သွားစေဖို့ ပြောပါ့မလား။
ကျစ် ပြောရရင် သူတို့တွေ ဧကရာဇ်နဲ့သွေးသားအရ တော်စပ်နေတဲ့ ဆွေမျိုးတွေလေ။ ဘယ်သူ့မှာက ဒါမျိုး လုပ်ခွင့်ရှိပါ့မလဲ။
173 05
ဆိုတော့ သခင်မရှဲ့ သူမက ဧကရီမယ်တော်ကြီးကို ပြောနေတာမဟုတ်ဘူးလား။
သူမက အလွယ်တကူ ယုံမှာမဟုတ်ဘူး။
အဲဒါအပြင် ဒီလူက ရုတ်တရက်ကြီး သူမရဲ့သွေးရင်းမိသားစုကို ရှာပြီး သူ့ဘာသာ လက်ဦးမှုယူပြီး ပြောတယ်ဆိုတော့ ဖြစ်နိုင်တာက ဒီစကားတွေကို ဧကရာဇ်ဆီ သူမကို သယ်သွားစေချင်တာလား။
ဆိုတော့ သူမကို လှံတစ်ချောင်းအနေနဲ့သုံးဖို့ ရည်ရွယ်ပြီး ဧကရီမယ်တော်ကြီးနဲ့ ဧကရာဇ်ရဲ့ကြားမှာ သပ်သပ် ကြားဝင်စေချင်တာလား။
သို့သော် စစ်စတန်က ပြောလာသည်။ [အမှန်ပဲ အဲဒါက ဒီလူ ရည်ရွယ်ထားတာပဲ]
ယန်ရှုက ချက်ချင်းပဲ ထပ်မေးလိုက်သည်။
[ဒါပေမဲ့ ဘာတွေဖြစ်နေတာလဲ။ ကိုယ်လုပ်တော်ဟွေ့က စုန့်ကျန်းမှာ တကယ်ပဲ ညီမတစ်ယောက် ရှိတာလား။ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ ဘာလို့ သတင်းမကြားမိတာလဲ။]
စစ်စတန်က သူမကို ရှင်းပြလာသည်။
[အဲဒီညီမက အတုမဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်လုပ်တော်ဟွေ့နဲ့သွေးတစ်ဝက် တော်တယ်။ အဲဒါအပြင် ကိုယ်လုပ်တော်ဟွေ့မှာ သွေးတစ်ဝက်တော်တဲ့ မောင်တစ်ယောက် စုန့်ကျန်းမှာ ရှိသေးတယ်။ သူတို့အကြောင်း မကြားဖူးရတဲ့ အကြောင်းအရင်းက ဧကရီမယ်တော်ကြီးက သူတို့ကို ဖိနှိပ်ထားလို့ မဟုတ်ဘူး။ ကိုယ်လုပ်တော်ဟွေ့ အသက်ရှိစဉ်က သူတို့အငယ်မောင်နှမတွေနဲ့ ဆက်ဆံရေး မကောင်းလို့ဘဲ သူတို့နဲ့ စကားမပြောချင်တာ]
[ပြီးတော့လည်း ဆက်ဆံရေး မကောင်းတာက အဲဒီတုန်းက ကိုယ်လုပ်တော်ဟွေ့က မိသားစုရဲ့ရည်မွန်ပြီး သိက္ခာရှိတဲ့ အကြီးဆုံးသမီးတစ်ယောက်ပဲ။ ဒါပေမဲ့ သူမအဖေက ကိုယ်လုပ်တော်ဖြစ်သူကိုပဲ မျက်နှာသာပေးပြီး သူမအမေကို ဒေါသကြောင့် စိတ်ကျရောဂါနဲ့ စောစောစီးစီး ဆုံးပါးသွားစေခဲ့တာ။ ပြီးတော့ အဲဒီကိုယ်လုပ်တော်ကို ရာထူးရစေပြီး အဲဒီအငယ်နှစ်ယောက်ကို မွေးဖွားစေခဲ့တာပဲ။ ကိုယ်လုပ်တော်ဟွေ့က အဲဒီအချိန်ကို အမှတ်ရနေပြီး သူ့ရဲ့မိသားစုကို အရမ်းမုန်းတီးခဲ့တာ]
[အဲဒါအပြင် ကိုယ်လုပ်တော်ဟွေ့ကလည်း အဲဒီတုန်းက အဲ့လောက်ထိ မျက်နှာသာ အပေးမခံခဲ့ရဘူး။ ကိုယ်လုပ်တော်ဖုန်းက ဧကရာဇ်ကို မွေးဖွားပေးခဲ့ပြီး ဧကရီမယ်တော်ကြီးကလည်း ဧကရာဇ်ရဲ့အဆင့်အတန်းကို တိုးမြှင့်ပေးဖို့ သူမကို အနိုင်ရအောင် ကူညီပေးခဲ့တယ်။ သူမ မသေခင် သူမရဲ့သွေးရင်းမိသားစုကို လုံးဝကို မျက်နှာသာပေး အလိုမလိုက်ဖို့ ဧကရီမယ်တော်ကြီးကို အထူးတလည် တောင်းဆိုခဲ့တာ။ အဲဒါအပြင် ဧကရာဇ်က ဧကရီမယ်တော်ကြီးရဲ့ကလေး ဖြစ်လာပြီး ဧကရီမယ်တော်ကြီးရဲ့ဘေးကို ခေါ်ဆောင်သွားခံလိုက်ရတယ်။ အဲတော့ သဘာဝကျကျပဲ အဲဒါက ဘယ်သူ့ကိစ္စမှ မဟုတ်ဘူးလေ။ အဲဒါကြောင့် ဒီမိသားစုကစုန့်ကျန်းက စံအိမ်မှာပဲ တစ်ချိန်လုံး နေနေပြီး မြို့တော်ကိုဝင်ဖို့ အခွင့်အရေး မရှိခဲ့ဘူး]
ယန်ရှုက ရုတ်တရက် နားလည်သွားတော့သည်။
ကျစ် ကိုယ်လုပ်တော်ဟွေ့က သူမ မသေခင် ဧကရီမယ်တော်ကြီးက သူမမိသားစုကို မျက်နှာသာမပေးဖို့အတွက် မှာသွားဖို့ မမေ့ဘူးဆိုတာကို မမျှော်လင့်ထားမိဘူး။
ဖြစ်နိုင်တာက သူတို့ကို တကယ်မုန်းနေတာပဲ ဖြစ်ရမယ်။
အခု ဧကရီမယ်တော်ကြီးက သူတို့ကို ဖိနှိပ်နေပါတယ်ဆိုတဲ့သတင်းကို ဖြန့်ဖို့အထိ ဒီမောင်နှမနှစ်ယောက်မှာ ဘယ်လိုလုပ်ပြီး မျက်နှာရှိနေရတာလဲ။
လူတွေ သူတို့ကိုမုန်းတာ အံ့ဩစရာမဟုတ်တော့ပါဘူး။
သို့သော် စစ်စတန် ပြောသည်ကို နားထောင်ကြည့်လိုက်သည်
[ဒီလူတွေက အစားအစာအတွက် လောဘကြီးတဲ့ငှက်တွေလိုပဲ ပိုက်ဆံအတွက် လောဘကြီးနေကြတာ။ လူတွေမှာက လောဘကြီးတဲ့နှလုံးသားရှိတယ်။ အတိတ်တုန်းက ဧကရာဇ်က ဧကရာဇ် မဖြစ်သေးခင်မှာ သူတို့က စကားကိုတစ်မျိုးပြောတယ်။ အခု သူတို့အစ်မရဲ့ကိုယ်ပိုင်သွေးသားက ထီးနန်းဆက်ခံလိုက်တာကို တွေ့ပြီး တိုင်းပြည်ကလည်း တည်ငြိမ်နေတော့ သူတို့ရဲ့နှလုံးသားထဲမှာ မစေ့စပ်မညှိနှိုင်းတော့ဘူးလေ။ သူတို့တွေက တိတ်တဆိတ်နဲ့ နည်းလမ်းတွေ ရှာဖွေနေပြီး နောက်ဆုံးတော့ နင်က မျက်နှာသာ ပေးခံနေရတယ်ဆိုတာကို ရှာတွေ့သွားတယ်လေ။ အချိန်အကြာကြီး စီစဉ်ပြီးတဲ့နောက် ချီကော်ကုန်းရဲ့မွေးနေ့ပွဲကို အခွင့်ကောင်းယူပြီး နင့်ရဲ့အမေနဲ့ စကားပြောခဲ့တာ။ အခု နင်ကနေ ဧကရာဇ်ကိုပြန်ပြောဖို့ ရည်ရွယ်ပြီး အခွင့်အရေးရရင် မြို့တော်ကိုလာပြီး ရာထူးတစ်ခုယူ ပြီးတဲ့နောက် အေးဆေးလှဲပြီး ထိုင်စားသောက်ချင်နေတာ]
ယန်ရှု [ဟီးဟီး]
နင့်ရဲ့ချိုမြိန်တဲ့အိမ်မက်ထဲမှာပဲ သွားနေနေလိုက်။ တကယ်ကြီးကို သူမကို ဧကရီမယ်တော်ကြီးရဲ့ဂုဏ်သတင်းကို စွပ်စွဲခိုင်းရဲတယ်ပေါ့!
[ဒါပေမဲ့ ပြောမှပဲ ဧကရာဇ်ရဲ့တူတော်ရဲ့တော်ဝင်အကယ်ဒမီဝင်ခွင့်စာမေးပွဲကရော။ တကယ်ကြီး အစားထိုးခံလိုက်ရတာလား]
စစ်စတန် [အဲဒါက တကယ့်ကိစ္စမဟုတ်ဘူး။ အဲဒါက ဘာလို့လဲဆိုတော့ အဲဒီကလေးက ပြင်းပြင်းထန်ထန် မကြိုးစားဘဲ တော်ဝင်အကယ်ဒမီကို ဝင်ခွင့်လည်း ရချင်တယ်။ စာမေးပွဲ မအောင်မှာလည်း စိုးတော့ တစ်ယောက်ယောက်ကိုရှာပြီး သူ့အတွက် တော်ဝင်စာမေးပွဲကို ဖြေခိုင်းတယ်လေ၊ မမျှော်လင့်ထားဘဲ ဒေသခံအကယ်ဒမီအရာရှိတွေက ရှာတွေ့သွားပြီး သူတို့ကို ရပ်တန့်လိုက်တာ ဒါပေမဲ့လည်း လူတွေက သူတို့ရဲ့အမေက ဧကရာဇ်နဲ့ဆက်စပ်နေတယ်လို့ တွေးပြီး သတင်းမပို့ခဲ့ကြဘူး]
ယန်ရှု [ဟီးဟီး]
သေချာပေါက်ပဲ ဒီမရိုးသားတဲ့လူက တစ်နေ့လုံးဒီလို မကောင်းတဲ့အကြောင်းပဲ တွေးနေမှာပေါ့။
173 06
ဒီလိုသာဆို သူမလည်း အဲဒါကိုဂရုမစိုက်ဘူး။
ထို့ကြောင့် သူမအမေကို ထပ်ပြောလိုက်သည်။
“ကြည့်ရတာ အဓိပ္ပာယ်မရှိတာပဲ ဖြစ်ရမယ်။ သူတို့ကို အကြောင်းမရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး ဆိုးဆိုးရွားရွားဆက်ဆံပါ့မလဲ။ ဧကရာဇ်ရော ဧကရီမယ်တော်ကြီးရောက ဘယ်လောက်တောင် ရက်ရောလိုက်သလဲ။ ဒီလိုကိစ္စမျိုး ရှိတယ်ဆိုရင်တောင် သူတို့ရဲ့ကိုယ်ပိုင်အမှားကြောင့် ဒီလိုအဆုံးသတ်ရတာပဲဖြစ်မယ်။ ဒီကိစ္စကို နားပဲထောင်ပြီး တခြားသူတွေကို ပြန်မပြောနဲ့။ သခင်မရှဲ့က အနာဂတ်မှာ ထပ်လာခဲ့ရင်လည်း သူမနဲ့ ထပ်မတွေ့နဲ့တော့”
သခင်မကျူးက ခေါင်းကို ထပ်ခါထပ်ခါ ညိတ်ပြလိုက်သည်
“အမှန်ပဲ အမေလည်း အတူတူပဲတွေးတယ်။ အဲဒါကြောင့် အရှင်မကိုပဲ ပြောပြတာ။ ဘယ်သူ့ကိုမှ ထပ်မပြောဘူး၊ အနာဂတ်မှာ သူမ ထပ်လာခဲ့ရင် အမေနေမကောင်းဘူးလို့ ပြောလိုက်မယ်”
ယန်ရှုက ခေါင်းညိတ်လိုက်ကာ
“အဲဒါကောင်းတယ် မြို့စားချီကိုလည်း ဂရုစိုက်သင့်တယ်။ ရှီကျစ်ရဲ့ဇနီးက သခင်မရှဲ့ကို အမေ့ဆီ အကြောင်းအရင်းမရှိဘဲ မိတ်ဆက်ပေးမှာ မဟုတ်ဘူး။ ကြည့်ရတာ သူမနဲ့ ပေါင်းကြံပြီး အမေနဲ့သမီးအတွက် တွင်းတူးပေးချင်နေတာပဲ ဖြစ်ရမယ်”
သခင်မကျူးက ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်ကာ
“ဟုတ်တယ်။ မြို့စားချီက ဧကရာဇ်ကောင်းဇူရဲ့ယောက်ဖ နှောင်းဧကရာဇ်ရဲ့မတ်ပဲ။ ဒီလိုမိသားစုဂုဏ်ပုဒ်နဲ့ဆို အမေတို့ကို ကောင်းကောင်းကြီး ယိုးစွပ်လို့ရနေပြီ”
ယန်ရှုသည်လည်း ခေါင်းညိတ်လိုက်သည်။
ကံကောင်းစွာနှင့် သူမမိဘတွေက ကြင်နာပြီး မရူးမိုက်လို့ ထို့ကြောင့် လူတွေကို စိတ်ချစေသည်။
သို့သော် ထိုသို့ပြောမှ နျန်ပြောခဲ့သလိုပင် မြို့စားချီရဲ့အိမ်တော်က ဒီလောက် အဆင့်အတန်းမြင့်တာ။ ကိုယ်လုပ်တော်ဟွေ့ရဲ့မောင်နှမအငယ်တွေနဲ့ အကြောင်းအရင်း မရှိဘဲ ပူးပေါင်းမှာ မဟုတ်ဘူး။
~~~
သူမအမေ ထွက်ခွာသွားပြီးနောက် ယန်ရှုက ဒီမေးခွန်းရဲ့အဖြေကို ရသွားတော့သည်
စစ်စတန် [နောက်ဆုံးရသတင်းပဲ ချီကော်ကုန်းက မှူးမတ် ငါးယောက်ခြောက်ယောက်လောက်ကို စုစည်းပြီး ဧကရာဇ်ကို တောင်းဆိုမလို့တဲ့။ အဲဒါက တိုင်းပြည်က ဧကရီ မရှိဘဲ မနေနိုင်ဘူး။ ကျေးဇူးပြုပြီး ဧကရီတစ်ပါး အလျင်အမြန် လျာထားတော်မူပါ။ အဲဒါမှ ပြည်သူတွေကို စိတ်ချစေနိုင်မှာပါဆိုပြီး]
ယန်ရှု “…..”
ကောင်းပြီလေ နည်းနည်း တွေးကြည့်လိုက်ပြီးတော့ သူမ နားလည်သွားသလိုပဲ။
—သခင်မချီကော်ကုန်းနဲ့သခင်မရှဲ့တို့က သူမအမေကို တွင်းတူးပေးပြီး ကိုယ်လုပ်တော်ဟွေ့ရဲ့ မိသားစုအကြောင်းကို သူမကို ဧကရာဇ်ဆီ ပြောစေချင်တယ်။ ဧကရာဇ်နဲ့ ဧကရီမယ်တော်ကြီးကို ခွဲလိုက်နိုင်သည်ဖြစ်စေ မခွဲလိုက်နိုင်သည်ဖြစ်စေ ဧကရီမယ်တော်ကြီးက သူမကို ပြဿနာရှာလို့ဆိုပြီး သေချာပေါက် မုန်းသွားမှာပဲ။
ဒီလိုနည်းနဲ့ မှူးမတ်တွေသာ ဧကရာဇ်ကို ဧကရီတစ်ပါး ရွေးဖို့ ဖိအားပေးမယ်ဆိုရင် သဘာဝကျကျပဲ ဧကရီမယ်တော်ကြီးက သူမအတွက် ပြောပေးမှာ မဟုတ်ဘူး။
….
ဒီကိစ္စကို အတွင်းအပြင်စဉ်းစားပြီးနောက် ယန်ရှုက ဟားဟားဟုသာ တွေးလိုက်နိုင်သည်
ဧကရီလျာထားမိန့် ထုတ်ပြန်ချိန်မှာ သူမကို ဧကရာဇ်အား ဖျောင်းဖျသည်က နည်းနည်းလေး မကြင်နာဘဲ သူမအတွက် တွင်းတူးပေးထားတာ မဟုတ်လား။ သူမက စစ်စတန်ကို ချက်ချင်း ခေါ်လိုက်သည်။
[မြို့စားချီရဲ့အိမ်တော်နဲ့ပက်သက်တဲ့ ညစ်ပတ်တဲ့တစ်ခုခုရှိလား။ အကုန်လုံးပြော]
စစ်စတန် [တစ်မိသားစုလုံးပဲ။ ပြောကြည့် ဘယ်သူ့အကြောင်းကို ကြားချင်သလဲ]
******
174 01
အပိုင်း 174
ဘာ… မိသားစုတစ်ခုလုံးကိုက ညစ်ပတ်တဲ့အရာတွေလုပ်တယ် ဟုတ်လား။
ဘယ်လိုမိသားစုမျိုးလဲ။
ချက်ချင်းပဲ ယန်ရှုက စိတ်ဝင်စားသွားကာ ပြောလိုက်သည်
[ဒါဆိုရင်လည်း ငါ့ကို မြန်မြန်လေးပြောစမ်းပါ။ ဒီနေ့ လုပ်စရာတွေအများကြီး ရှိလာပြီပဲ]
ဘာပဲဖြစ်ဖြစ် စောနေသေးဆဲဖြစ်ပြီး ယနေ့တွင် လုပ်စရာလည်းသိပ်မရှိပေ။
မမျှော်လင့်ထားစွာနှင့် စစ်စတန်က သူမကို မေးလာသည်။
[ဒါဆိုရင် ဘယ်သူကနေ အရင်ဆုံးစသင့်လဲ။]
ယန်ရှု [….]
ကောင်းပြီလေ။ ဖရဲသီးတွေ များလွန်းလို့ ဘယ်ကနေစရမလဲဆိုတာက ပြဿနာတစ်ခု ဖြစ်လာတာပဲ။
သူမက တစ်ခဏလောက် တွေးလိုက်ကာ ပြောလိုက်သည်။
[ဒါဆိုရင်လည်း ကြီးတာကနေ သေးတာကို သွားတာပေါ့။ ချီကော်ကုန်းနဲ့စလိုက်]
သို့သော် စစ်စတန်ကကောင်းပြီဟု ဖြေလိုက်ကာ ချက်ချင်းပဲ စတင်တော့သည်။
[မြို့စားချီရဲ့ဖရဲသီးက ဧကရာဇ်ကောင်းဇူရဲ့သားတွေနဲ့စရမယ်။ အဲဒါက သိတဲ့အတိုင်းပဲ ။ပထမဧကရာဇ်မှာ စုစုပေါင်း ညီအစ်ကိုငါးယောက်ရှိတယ်။ သူတို့ထဲမှာ သူနဲ့ပေလျန်က အငယ်ဆုံးဘုရင်ခံကသာ ဧကရာဇ်ကောင်းဇူကနေ တိုက်ရိုက်ဆင်းသက်လာတဲ့ သားတော်တွေပဲ။ ဆိုလိုတာက မြို့စားချီရဲ့တူပေါ့။ သူတို့တွေက မြို့စားချီရဲ့ဆွေမျိုးတော်တဲ့ တူတွေဆိုပေမဲ့ တကယ်တော့ မြို့စားချီက သူ့စိတ်ထဲမှာ ပေလျန်ဘုရင်ခံကို ပိုပြီးဘက်လိုက်တယ်။ ဘာလို့လဲဆိုတော့ ပေလျန်ဘုရင်ခံက သူ့ယောက်ဖ အန်းတင်းဟွေ့ရဲ့သမီးကို လက်ထပ်ထားလို့ပဲ]
ယန်ရှုက ရှုပ်ထွေးသွားမှာကို စိုးသည့်အတွက် သဲလွန်စကိုသာ အရင်လိုက် လိုက်သည်။
[ပြောရမယ်ဆို သခင်ကြီးချီကော်ကုန်းရဲ့သွေးရင်းမိသားစုက တူမက ပေလျန်ဘုရင်ခံကို လက်ထပ်ပြီး မင်းသမီးတစ် ပါးဖြစ်လာတာပေါ့လေ။ သူတို့တွေက စေ့စပ်လက်ထပ်ပြီးတဲ့အတွက် ဒီချီကော်ကုန်းက သူ့ရဲ့တူလေးပေလျမ်ဘုရင်ခံကို ပိုပြီးလိုလားတာပေါ့လေ]
စစ်စတန်က အမှန်ပဲဟု ပြောလိုက်ကာ
[ဘာပဲဖြစ်ဖြစ် အဲဒါက မြို့စားချီ မြို့စားအန်းတင်းနဲ့ ပေလျန်ဘုရင်ခံတို့က အကျိုးအမြတ်ရှိစေမဲ့ အဖွဲ့ကို ဖွဲ့လိုက်ကြတယ်။ ဆက်ခံသူနေရာအတွက်ကိုတော့ ပေလျန်ဘုရင်ခံက နှောင်းဧကရာဇ်နဲ့ တိတ်တိတ်လေး ယှဉ်ပြိုင်နေတယ်။ ဒါပေမဲ့ ဘာပဲဖြစ်နေပါစေ ပထမဧကရာဇ်က အစ်ကိုအကြီးဆုံးလေ။ နောက်ဆုံးတော့ တရားနည်းလမ်းကျကျပဲ ထီးနန်းကို ဆက်ခံလိုက်တယ်။ ဒါပေမဲ့လည်း တကယ်တမ်းတော့ ပေလျန်ဘုရင်ခံက စီစဉ်နေခဲ့တာ အချိန်ကြာလှပြီလေ။ နှောင်းဧကရာဇ်ရဲ့ မှားယွင်းတဲ့ အမွေဆက်ခံ သူအမိန့်တော်ဆိုတဲ့ နာမည်နဲ့ပုန်ကန်ဖို့ပေါ့]
ဒါကိုကြားတဲ့အချိန်မှာ ယန်ရှုက သူမရဲ့မျက်ခုံးတွေကို ထပ်မံပင့်လိုက်ပြန်သည်
[ဒါဆို အကျိုးအမြတ်အဖွဲ့ရဲ့အဓိက အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ချီကော်ကုန်းက ဒီအကြောင်းကို သိသင့်တယ်လေ ဟုတ်တယ်မလား။]
စစ်စတန်က ပြောလာသည်၊
[ဒါဆိုရင် နင်သိရမှာက နင်က ပေလျန်ဘုရင်ခံရဲ့ကိစ္စအကြောင်းကို အများကြီး ဖြည့်ဆည်းပြီးနေပြီ၊ ဒါပေမဲ့လည်း နှောင်းဧကရာဇ်နဲ့ ဧကရီမယ်တော်ကြီး သက်သက်လွတ်သမားတွေ မဟုတ်ဘူးလေ။ သူတို့တွေကလည်း ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီးပြီ နှိုင်းယှဉ်မှုတချို့ပြီးတော့ ပေလျန်ဘုရင်မှာ အနိုင်ရနိုင်မဲ့ အခွင့်အရေး မရှိဘူးဆိုတာကို တွေ့လိုက်တော့ သူက ချက်ချင်းပဲ ပေလျန်ဘုရင်ကို နှောင်းဧကရာဇ်အရှေ့မှာ ရောင်းစားလိုက်တယ်လေ။ ပြီးတာနဲ့ အဲ့အကြောင်းကိုသိတဲ့ သူ့ဘေးပတ်လည်က အပေါင်းအသင်းတွေ အားလုံးကို တိတ်တဆိတ် ကိုင်တွယ်လိုက်တော့တာပဲ။ ပြီးတော့ နှောင်းဧကရာဇ်ရဲ့ ခိုင်မြဲတဲ့ထောက်ပံ့ပေးသူအဖြစ် အကျိုးအမြတ်တွေ ယူသွားတော့တာပဲ]
ယန်ရှု […..အဲဒီနောက် ပေလျန်ရဲ့ဘုရင်က စစ်တပ်ကနေ မစွန့်ခွာခင်မှာပဲ သေသွားတော့တယ်။]
စစ်စတန် [သေသွားတော့ရော နှောင်းဧကရာဇ်က ဘယ်လိုလုပ်ပြီး နိုင်ငံတော်သစ္စာဖောက်မှုလို ကိစ္စကြီးမျိုးကို သည်းခံနိုင်မှာတဲ့လဲ။]
ယန်ရှု [.အကျိုးအမြတ်အဖွဲ့ထဲက တခြားအဖွဲ့ဝင်တွေကရော ချီကောက်ကုန်းရဲ့ယောက်ဖရော ဘာဖြစ်သွားတာလဲ။]
စစ်စတန် [ချီကော်ကုန်းကလည်း သူ့ကို ပေလျန်ဘုရင်နဲ့ အတူတူပဲ ရောင်းစားလိုက်တယ်လေ။ ပြီးတော့လည်း ဒီယောက်ဖဖြစ်တဲ့သူကို ပေလျန်ဘုရင်နဲ့အတူ သူ့ယောက္ခမနဲ့သူ့မိသားစုနဲ့ မြှုပ်နှံလိုက်တယ်]
ယန်ရှု […ဘယ်လိုတောင် ရက်စက်ကြမ်းကြုတ်တဲ့သူလဲ။ သခင်မကြီးချီကော်ကုန်းကရော သူ့ခင်ပွန်းကို သေလောက်အောင် မမုန်းဘူးလား။]
ကျစ် ပြောရရင် ချီကော်ကုန်းက အစတုန်းကတည်းက ဘာမှားနေလဲဆိုတာကို ရှာတွေ့ပြီးသွားပြီ။ သူ့ယောက်ဖကို ရပ်တန့်ဖို့ လိုက်နိုင်မယ်ဆိုရင် လူအိုကြီးနဲ့သူ့မိသားစုကို သေဆုံးခြင်းကနေ ကာကွယ်နိုင်ဖို့ ဖြစ်နိုင်တယ်မလား။
174 02
သို့သော် စစ်စတမ်က ပြောလာသည်
[ဒါဆိုရင်တော့ တွေးတာ အရမ်းများနေပြီ။ ချီကော်ကုန်းအဖို့ သူ့ယောက်ဖကို ရပ်တန့်ဖို့ နောက်ကနေလိုက်တယ်ဆိုတာ လုံးဝကိုမဖြစ်နိုင်တဲ့ကိစ္စပဲ။ ပြောရရင် ပထမဧကရာဇ်ကလည်း သူက ပေလျန်ဘုရင်နဲ့ နီးကပ်တယ်ဆိုတာကို သိပြီးသား။ အဲတော့ သူ ထီးနန်းကိုရပြီးတာနဲ့ သူ့ကို သေချာပေါက်ကို စောင့်ကြည့်နေမှာပဲ။ တိကျတဲ့ဦးလေးဆိုတဲ့နာမည်က ဘာမို့လို့လဲ။ အဲဒါကြောင့် သူ့ယောက်ဖကို သစ္စာဖောက်တာကပဲ နှောင်းဧကရာဇ်က သူ့ကို ယုံကြည်ဖို့ သူ့ရဲ့စိတ်ရင်းနဲ့သစ္စာရှိမှုကို ပြသနိုင်မှာ။ အဲဒါကြောင့် သူ့မိန်းမက သူ့ကို သေလောက်အောင် မုန်းနေရင်တောင် သူက အတူတူပဲ လုပ်မှာပဲ]
ယန်ရှု [….]
ကောင်းပြီလေ ပုံပြင်ကပြီးသွားပြီ။ ဇာတ်သိမ်းကတော့ အရမ်းကို သိသာတယ်။ ချီကော်ကုန်းက နောက်ဆုံးမှာ သူ့အပေါင်းအဖော်တွေနဲ့ ယောက်ဖကို သစ္စာဖောက်ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ကျော်ကြားမှုနဲ့ ကြွယ်ဝချမ်းသာမှုကို ဆက်ပြီးထိန်းထားနိုင်ခဲ့တယ်။ အခုဆို သူက ဧကရာဇ်ရဲ့ဦးရီးတော်နဲ့ အဘိုးတော်စပ်တယ်ဆိုတဲ့ အဆင့်အတန်းကို ဆက်လက်ထိန်းထားနိုင်ပြီး ဧကရာဇ်ရဲ့ကိစ္စရပ်တွေကို ဂရုစိုက်နိုင်တယ်။
စစ်စတန် [အဲဒါက ကိစ္စမဟုတ်သေးဘူး။ သူ့ရဲ့ကိုယ်ပိုင်မြေးမလေးက ဒီနှစ်ပဲ ဆယ့်ခြောက်နှစ် ပြည့်သွားတာ လက်ထပ်ဖို့ အသင့်တော်ဆုံးပဲ မဟုတ်လား။ အခုမြို့တော်က အခြေအနေကိုကြည့်ရင် သူနဲ့ယှဉ်နိုင်တဲ့ မိသားစုတွေ အများကြီးမရှိဘူး]
ယန်ရှု [ဟင်းဟင်း]
ဒီလူအိုကြီးက ဧကရီနေရာကို အနိုင်ရချင်နေပြီး သူ့ရဲ့တောက်ပမှုနဲ့ကြွယ်ဝမှုကို ဆက်ထိန်းသိမ်းချင်နေရဲတယ်ပေါ့လေ။ မေးစရာရှိတာက အဲဒါကို အာမခံနိုင်ရင် အာမခံနိုင်လို့ပဲ။ အဲတော့ တခြားသူတွေအတွက် အရင်ဆုံး တွင်းတူးထားပေးရမယ်။ အဲဒါက အတော်လေး မကောက်ကျစ်လွန်းဘူးလား။
အိုး စကားမစပ် ဒီလူအိုကြီးမှာ အဲ့လိုမျိုးမှ မရှိတာ။
သို့သော် ပြောမှပင် မြို့စားချီအတွက် သူ့ရဲ့အပေါင်းအသင်းတွေအား ရောင်းစားရန်မှာ မလွယ်ကူပေ။ တစ်ခုကတော့ အရမ်းအရေးကြီးသည့်အရာဖြစ်ပြီး နောက်တစ်ခုကတော့ အချိန်ကြာမြင့်တာပင်။ ပြောရလျှင် ချီကော်ကုန်းကိုယ်တိုင်ပင် အသက်ခုနစ်ဆယ် ရှစ်ဆယ်ထဲသို့ ရောက်နေပြီဖြစ်သည်။ လူအနည်းစုကသာ အဲဒီအချိန်တုန်းက အတွင်းပုံပြင်ကိုသိပြီး အသက်ရှင်ကောင်း ရှင်နိုင်သည်။
သို့သော် အဲဒါက အဆင်ပြေသည်ပင်။ တခြားဖရဲသီးတွေကရော။
ထို့ကြောင့် သူမကစစ်စတန်ကို ထပ်မေးလိုက်သည်
[တခြားလူတွေအကြောင်း ပြောရအောင်။ သူတို့မှာ ဘယ်လိုဖရဲသီးတွေရှိတာလဲ။]
သူဟာ စစ်စတန်ဆီကို နားထောင်လိုက်ကာ ပြောလိုက်သည်။
[ဒါဆိုလည်း မြို့စားချီရဲ့သားအကြောင်းကို ပြောရအောင်။ ဒီလူက ချိန်အန်းကုန်းနဲ့ အသက်အတူတူလောက်ပဲ။ ပြီးတော့ သူကလည်း မြို့စားတစ်ယောက်လေ။ သူ့ရဲ့ရာထူးအဆင့်အတန်းကလည်း ချိန်အန်းကုန်းနဲ့ ယှဉ်နိုင်တယ်။ မိသားစုက ကိုယ်လုပ်တော်တွေနဲ့ အငယ်အနှောင်းတွေကလည်း လက်နှစ်ဖက်နဲ့ရေဖို့တောင် များလွန်းတယ်။ အဲ့အကြောင်းကို မပြောနဲ့တော့။ လွန်ခဲ့တဲ့နှစ်နည်းနည်းက လုကျိုးမှာ အမဲလိုက်ထွက်တဲ့အကြောင်းကို ပြောမယ်။ အဲဒီတုန်းက လုကျိုးမှာရှိတဲ့ တစ်ရာသောလက်ယာရံအစောင့်အရှောက် လင်းချိန်ရှန်းရဲ့ အကြီးဆုံးသမီးကို ချစ်ကြိုက်သွားတယ်။ သူမက သူ့ဆီကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ဖို့ အတင်းအကြပ် ဖိအားပေးခံခဲ့ရတယ်]
ဒါကိုကြားချိန်မှာ ယန်ရှုက မနေနိုင်ဘဲ စားပွဲခုံကို ရိုက်ချလိုက်ကာ လူရမ်းကားကောင်ဟု ခေါ်လိုက်သည်
[သူမက အရာရှိမိန်းကလေးတစ်ဦးလေ။ ဒီလိုအိုမင်းနေတဲ့ လူရမ်းကားကောင်အတွက် ကိုယ်လုပ်တော် ဖြစ်ချင်မတဲ့လား။ အဲဒီနောက် ချိန်အန်းကုန်းက သူ့ကို ဖိအားပေးဖို့အထိ အာဏာ မရသေးဘူး]
စစ်စတန် [မဟုတ်ဘူးလို့ ဘယ်သူက ပြောလို့လဲ။ မပြီးသေးဘူး လင်းပိုင်ဟူရဲ့ဒုတိယသမီးက နှစ်နှစ်အတွင်း ကြီးပြင်းလာပြီး ဒီအိုမင်းနေတဲ့ လူရမ်းကားကောင်က သူ့ရဲ့ဒုတိယသမီးကို ထိခိုက်စေချင်ခဲ့တယ်။ အဲဒါကြောင့် ဒုတိယသမီးအတွက် ခင်ပွန်းသည် အမြန်ရှာပေးလိုက်တယ်လေ။ ဒါပေမဲ့လည်း ဒီလူက အငြှိုးအတေး ထားထားမယ်လို့ ဘယ်သူကသိမှာလဲ။ လင်းပိုင်ဟူကို ကောက်နှံတွေခိုးယူမှုနဲ့ လုကျိုးက ထောင်ထဲမှာ ထည့်လိုက်တယ်လေ။ လွန်ခဲ့တဲ့နှစ်ရက်က ဒီလူအိုကြီးက အစီအစဉ်ပျက်စေတယ်လို့ ခံစားရလို့ သူ့ကို နောက်ထပ်ထပ်ပြီး ထောင်ချောက်ဆင်ဖို့ စီစဉ်နေတယ်လေ]
ဘာ။
ယန်ရှုက စိတ်တိုလွန်းသည့်အတွက် ထရပ်မိလုနီးပါးပင်၊
[ဒီလူအိုကောင်ကတော့ တစ်မိသားစုလုံးကိုဖမ်းပြီး အနိုင်ကျင့်နေတာပဲ။ အဲဒါပဲလား။ ဒီလောက်တောင် အရမ်းမုန်းနေတာကို ဒုတိယသမီးကို မထိခိုက်ဘဲ ထောင်ထဲကိုပဲ ထည့်လိုက်လို့ မရဘူးလား။ ဒါကချိန်အန်းကုန်းထက်တောင် ပိုဆိုးသေးတယ်]
စစ်စတန် [အမှန်ပဲ ပြောရရင် ချိန်အန်းကုန်းရဲ့မိသားစုကရော သူ့မိသားစုလောက် မမြင့်လို့လား။ ဆိုးရိုရှိသလိုပေါ့ မိသားစုအဆင့်အတန်းက မြင့်လေလေ။ သူတို့ပျိုးထောင်တဲ့ အမျိုးသားတွေက လက်လွတ်စပယ်နဲ့ လူတကာနဲ့ ဆက်ဆံနိုင်လေလေပဲတဲ့]
ယန်ရှု [….ဖူး အမှန်ပဲ စကားမစပ် ဒီအိမ်ထဲမှာရော ဖရဲသီးရှိသေးလား။]
စစ်စတန် [ထပ်ရှိလောက်တယ်။ သခင်မကြီးချီကော်ကုန်း ရှီကျစ်ကလည်း ရက်စက်ကြမ်းကြုတ်တဲ့ မျက်စိစပါးမွှေးစူးစရာလူပဲ!]
ယန်ရှုက သူ့မျက်ခုံးတို့ကို ပင့်လိုက်သည်။
174 03
[မြန်မြန်လေး ရက်စက်ကြမ်းကြုတ်တဲ့အကြောင်းကို ပြောလိုက်တော့!]
စစ်စတန်က သက်တောင့်သက်သာရှိစွာနဲ့ ပြောလိုက်သည်။
[ဒီအကြီးဆုံးသားရဲ့ဇနီး သခင်မဝေ့က မူလက မြို့စားယုံဖင်းရဲ့ဒုတိယဇနီးရဲ့သမီးပဲ။ အဲဒီတုန်းက မြို့စားချီနဲ့ မြို့စားယုံဖင်းတို့က လက်ဆက်ပေးဖို့ စေ့စပ်ဆွေးနွေးထားခဲ့ကြတာ။ မူလက ဝေ့မိသားစု တစ်ဝမ်းကွဲရဲ့ အဓိကအိမ်တော်ကပထမသမီးနဲ့ လက်ထပ်ပေးဖို့ပဲ။ ဒါပေမဲ့ မြို့စားချီရဲ့အိမ်တော်ထဲကို လက်ထပ် ဝင်ရောက်နိုင်ဖို့အတွက် ဝေ့မိသားစုက ပေါ့ပလာစေ့ကို ဝယ်လိုက်ပြီး သူ့ဝမ်းကွဲရဲ့အစားအသောက်ထဲမှာ ထည့်လိုက်တာ။ အဲဒါကြောင့် ဒီတစ်ဝမ်းကွဲဖြစ်တဲ့သူက ဒီအရာနဲ့ ဓာတ်မတည့်ဖြစ်ပြီး တစ်ကိုယ်လုံး အနီပြင်တွေထလာပြီး တခြားသူတွေနဲ့ မတွေ့ရဲတော့ဘူး။ အဲဒီနောက် သူမက တစ်ဝမ်းကွဲဖြစ်တဲ့သူက ကျောက်ပေါက်မာတွေ ဖြစ်နေတဲ့မျက်နှာ ရှိတယ်ဆိုပြီး သတင်းတုတွေ လိုက်ဖြန့်တော့တယ်။ အဲဒါကြောင့် မြို့စားချီက သူမကို သူ့ရဲ့ချွေးမအဖြစ် ရွေးလိုက်တာ]
ယန်ရှု [….ဒါကလိမ်လည်တာပဲ မဟုတ်လား။ ပြီးတော့လည်း ကိုယ်ပိုင်မိသားစုပဲလေ]
တူညီတဲ့ဓာတ်မတည့်မှု အခြေအနေရှိသည့်သူတစ်ယောက် အနေနှင့် သူမက ထိုဝမ်းကွဲဖြစ်သူအတွက် စာနာမှုတွေ ပေါက်ဖွားလာရသည်။
ဒါပေမဲ့ ပြောမှပဲ အဲဒီဝေ့မိသားစုက ဒီလိုအိုမင်းနေတဲ့ မကောင်းတဲ့အကောင်နဲ့လက်ထပ်ဖို့ အားစိုက်မှုတွေ အများကြီး လုပ်လိုက်ရတာပဲ။ အိမ်ထဲက ကိုယ်လုပ်တော်နှစ်ယောက်ကို ကြည့်ပြီး နောင်တရနေမလား မသိဘူး။
သို့သော် စစ်စတန်က ပြောလာသည်
[ဝေ့ရှီက နောင်တရတယ်။ အဲ့အကြောင်းတော့ မဟုတ်ဘူး။ ပြောရရင် အဲဒါက သူမရဲ့အိမ်မက်ပဲလေ အနာဂတ်မြို့စားကတော်။ ဒါပေမဲ့ စံအိမ်ထဲက ကိုယ်လုပ်တော်တိုင်း အဲဒါကို နောင်တမရတဲ့သူ မရှိဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ သူမရဲ့ဆေးခတ်တာကို မခံရတဲ့သူ မရှိလို့ပဲ]
ဆေးလား။
ယန်ရှုက တွန့်ဆုတ်သွားသည် [ဘာဆေးလဲ။]
စစ်စတန် [သန္ဓေတားဆေးပဲ ဖြစ်ရမယ်။ ဒီဝေ့မိသားစုရဲ့ အကျင့်စရိုက်က စံအိမ်ထဲက ကိုယ်လုပ်တော်တွေကို ကလေးမွေးတဲ့အထိ မျက်စိစပါးမွှေး စူးစရာဖြစ်အောင် ထားမှာ မဟုတ်ဘူး။ အဲဒါကြောင့် သူ့ခင်ပွန်းရဲ့ဘယ်ကိုယ်လုပ်တော်ကမှ ကလေး မမွေးနိုင်ဘူး။ သူတို့တွေ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ သူမဆီကနေ ကိုယ်ဝန်ဖျက်ချတဲ့ဆေး အပေးခံရလိမ့်မယ်။ အဲဒါကြောင့် မြို့စားချီမှာ ကိုယ်လုပ်တော်တွေ အများကြီးရှိနေပေမဲ့ ဘယ်ကိုယ်လုပ်တော်ရဲ့ကလေးမှ မရှိဘူး]
ယန်ရှုက သက်ပြင်းမချဘဲ မနေနိုင်ပေ။
[လင်းပိုင်ဟူရဲ့အကြီးဆုံးသမီးလိုလူမျိုးက ဘာတွေများလုပ်ခဲ့မိလို့ ဒီစုံတွဲရဲ့ အခုလိုမျိုး ဆက်ဆံတာကို ခံနေရတာပါလိမ့်!]
မမျှော်လင့်ထားစွာနှင့် စစ်စတန်က နောက်ထပ်စာတစ်ကြောင်းကို ပြောလာသည်
[ဒီဝေ့မိသားစုက သူတို့ကိုယ်တိုင် ဒီလိုလုပ်ရုံတင် မကဘူး။ သူတို့ရဲ့သမီးကိုလည်း စည်းမျဉ်း ဥပမာတွေနဲ့ သင်ပေးထားတာ]
ယန်ရှုက တစ်ခဏခန့် ခဲသွားကာ မနေနိုင်ပဲ ဟစ်ဟု လုပ်လိုက်မိသည်။ တစ်ချိန်တည်းမှာပဲ သူမရဲ့ဝမ်းဗိုက်ကို မသိစိတ်အရ ထိလိုက်မိသည်။
ဘယ်လိုသောက်ကိစ္စလဲ။ ဒီမိန်းကလေးကိုသာ တကယ်ကြီး ဧကရီဖြစ်အောင် လုပ်ခဲ့မိရင်….
မဖြစ်ဘူး။ သူမက ဘယ်သူ့ကိုမှ သူ့ရဲ့သားပေါက်လေးကို ထိခိုက်ခွင့်မပြုနိုင်ဘူး။ ဟွန့်!
သူမ ဒေါသထွက်နေစဉ်မှာပဲ စစ်စတန်က နောက်ထပ်ပြောလာသည်ကို ကြားလိုက်ရသည်?
[သေချာတာပေါ့ ကိုယ်လုပ်တော်တွေအကုန်လုံးက အရှုံးပေးပြီး ခုခံလိုက်တာတော့ မဟုတ်ဘူး? သူတို့ရဲ့စံအိမ်ထဲမှာ ဒေါသထွက်လွယ်တဲ့ ကိုယ်လုပ်တော် အသစ်တစ်ယောက်ရှိတယ်။ ဆေးသောက်ပြီးတာနဲ့ သူမက အငြှိုးထားပြီး သူ့သားကို လက်စားချေဖို့ ဆွဲဆောင်တော့တာပဲ]
ယန်ရှု […]
ဒါကအရမ်းကို….ကြည့်ရတာ မြို့စားချီရဲ့မြေးကလည်း မယုံကြည်ရတဲ့ပုံပဲ။
စစ်စတန် [အဖေတူသားဆိုတဲ့ ဆိုရိုးရှိသလိုပဲပေါ့]
ယန်ရှု [….နောက်ထပ် အမှန်တရားတစ်ခုလို့ ပြောရမှာပဲ]
ကျစ် ဒီမြို့စားချီရဲ့စံအိမ်က အတော်လေး “စွမ်းရည်ရှိတယ်” လို့တော့ ပြောရမယ်။
ဖရဲသီးတွေကို အချိန်တစ်ခုလောက်စားပြီးနောက်မှာ တစ်ခဏလောက် တွေးလိုက်ပြီး သူမ ကြားခဲ့တာအပေါ်ကို အခြေခံရလျှင် အကောင်းဆုံး လုပ်သင့်သည်က မြို့စားချီရဲ့လင်းပိုင်ဟူအပေါ် ထောင်ချောက်ဆင်မည့်ကိစ္စပင်…..။
သို့သော်လည်း ယခုအချိန်၌ သူမအသိချင်ဆုံးကိစ္စက မြို့စားချီရဲ့ စာလွှာကို လက်ခံပြီးနောက် ဖြစ်သွားမည့် ဧကရာဇ်ရဲ့အမူအရာကိုပင်။
သို့သော် စစ်စတန်က ပြောလာသည်။
174 04
[ဘယ်လိုမျိုး တုံ့ပြန်ရမှာလဲ။ ချီကော်ကုန်းက သူ့ရဲ့ဦးလေးနဲ့အဘိုးလေးလေ။ ဒီတစ်ခေါက် သူက မှူးမတ်ငါးယောက် ခြောက်ယောက်လောက်ကို ဦးဆောင်ပြီး နန်းတော်ထဲကို စာလွှာလက်လွှဲပေးဖို့ ကိုယ်တိုင် ဝင်ရောက်လာတာလေ။ သူလည်း သဘာဝကျကျပဲ လိုက်နာပြီး ဒီလူအိုကြီးကို ယဉ်ကျေးရမှာလေ]
ယန်ရှုက အနည်းငယ် မကျေမနပ်ဖြစ်သွားကာ မနေနိုင်ပဲ နှုတ်ခမ်း စူလိုက်တော့သည်
[ဒါဆိုရင် သူကရော ဘာတွေးနေလဲ။ အဲဒီမူကြမ်းရဲ့ဧကရီကို လိုချင်လောက်လား။]
စစ်စတန် [ဒီအကြောင်းကို မသိဘူး ငါက ဧကရာဇ်ရဲ့စိတ်ထဲကို ဝင်လို့မရဘူး]
ယန်ရှု […]
ကောင်းပြီလေ စစ်စတမ်ကသာ ဒါကိုမစုံစမ်းနိုင်ဘူးဆိုရင် စုံစမ်းလို့ရမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူမမှာလည်း အခုဆို စိတ်ဖတ်နိုင်တဲ့ စွမ်းရည်ရှိတာပဲလေ။ အဲ့လူလာရင် သူမဘာသာ ကြိုးစားကြည့်မယ်။
မမျှော်လင့်ထားစွာပဲ သူမက ထိုသို့တွေးနေစဉ်မှာပဲ အပြင်ဘက်ကနေ သတင်းပို့သံကို ကြားလိုက်ရသည်
“အရှင်မင်းကြီးက ဒီကိုရောက်နေပါပြီ….”
ယန်ရှုက ထိတ်လန့်သွားတော့သည်
မနက်ပဲရှိသေးတာလေ အခုချိန်ကြီး ဒီလူက ဘယ်လိုလုပ်ပြီး ရောက်နေရတာလဲ။
သို့သော် သူ ရောက်လာပြီဆိုကတည်းက သူမလည်း ထရပ်လိုက်ကာ တံခါးအပြင်ဘက်ကိုထွက်ပြီး နှုတ်ခွန်းဆက်လိုက်သည်
“အရှင်မင်းကြီးကို ကြိုဆိုပါတယ်”
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူကနီးကပ်လာကာ သူမကို ထရပ်ဖို့အတွက် ကူညီရန် လက်ကို ဆန့်တန်းလိုက်ကာ ပြောလိုက်တော့သည်။
“ထတော့”
ပြောပြီးနောက် သူမရဲ့အမူအရာတွေကို ဂရုတစိုက် စစ်ဆေးကြည့်ရန် သူ့ရဲ့မျက်လုံးတွေကို နှိမ့်လိုက်ကာ ပြောလိုက်တော့သည်။
“ဒီနေ့ဘယ်လိုနေလဲ”
ယန်ရှုက တိတ်တဆိတ်သူမရဲ့မျက်ခုံးတွေကို ပင့်လိုက်တော့သည်။
—ဒီနေ့ဘယ်လိုလဲ ဟုတ်လား။
ဖြစ်နိုင်တာက ဒီလူ ဒါကိုမေးတာက မြို့စားချီက စာလွှာကို ဆက်သလာလို့များလား။
သူမရဲ့တုံ့ပြန်ပုံကို မြင်ချင်တယ်ပေါ့လေ။
ယွီဝိန်းလန် “….”
အဲဒါက အတိအကျကို သူ တွေးနေတာပဲ။
သူမမှာ ထိုစွမ်းရည်ရှိတာကို သိသည့်အတွက် သူမဆီကနေ ဘာကိုမှ ဖုံးကွယ်ထားလို့ မရနိုင်ပေ။ ထို့ကြောင့် သူမမှာ အတွေးဆန်းတွေ ရှိနေမလား ဆိုသည်ကို လျင်မြန်စွာ လာကြည့်ကြည့်တာပင်ဖြစ်သည်။
မမျှော်လင့်ထားစွာနဲ့ နောက်တစ်ခဏမှာပဲ သူမစိတ်ထဲက ဒေါသတကြီး ပြောနေသံကို ကြားလိုက်ရသည်။
[ဘာလုပ်နိုင်မှာမို့လို့လဲ။ ချီမြို့စားက ကျွန်မအတွက် တွင်းတူးပေးထားတယ်လေ။ ပြီးတာနဲ့ ကျွန်မ ခုန်ချလာမှာကို စောင့်နေတာပဲ! ဒီလောင်နွီက သူတို့ကို အလွတ်ပေးမှာမဟုတ်ဘူး!]
ယွီဝိန်းလန် “…”
မြို့စားချီက သူမအတွက် တွင်းတူးပေးထားတာလား။
ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ။
ကံကောင်းစွာနဲ့ ထို့နောက်မှာပဲ သူမပြောလာသည်ကို ကြားလိုက်ရသည်။
“ဒီကိုယ်လုပ်တော်က အတော်လေးကောင်းပါတယ်။ ဒါပေမဲ့ တစ်ခုခုကြားခဲ့ရပြီး အရှင်မင်းကြီးကို သတင်းပို့ဖို့ စဉ်းစားနေတာပါ”
ယွီဝိန်းလန်က ပြောလိုက်သည်။
“ဘာကိစ္စလဲ” သူက စကားပြောပြီးနောက် သူမကို ခေါ်သွားကာ နွေးထွေးတဲ့ညောင်စောင်းပေါ်သို့ ထိုင်ခိုင်းလိုက်သည်
ထို့နောက် သူမ ပြောလာသည်ကို ကြားလိုက်ရသည်။
“တမြန်နှစ်က လုကျိုးက စခန်းမှာဖြစ်ခဲ့တဲ့ ကောက်နှံတွေမှောင်ခိုသွင်းတဲ့ကိစ္စက တကယ်တော့ ဒီတိုင်း မတော်တဆဖြစ်တာ မဟုတ်ဘူး။ တကယ်တမ်းကျ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက မြို့စားချီက လုကျိုးမှာ အမဲလိုက်ထွက်ရင်း လုကျိုးရဲ့တစ်ရာသောလက်ယာရံအစောင့်အရှောက် လင်းချိန်ရှန်းရဲ့အကြီးဆုံးသမီးကို နှစ်သက်သွားခဲ့တယ်။ ထိုတစ်ယောက်ကို ကိုယ်လုပ်တော်အဖြစ် ဖိအားပေး လက်ထပ်လိုက်ပြီး အဲဒီနောက် တခြားသူရဲ့ဒုတိယသမီးကိုလည်း လက်ထပ်ချင်ပြန်တယ်။ လင်းပိုင်ဟူရဲ့အပြစ်ကင်းရိုးသားတဲ့မိသားစုက သူတို့ရဲ့သမီးကောင်းနှစ်ယောက်လုံးကို ဒီလူအိုကြီးဆီ မပေးချင်ဘူးလေ။ ချီကော်ကုန်းက ရက်စက်တာကို မပြောနဲ့ဦး။ စံအိမ်ထဲက ရှိသမျှ ကိုယ်လုပ်တော်တွေကိုလည်း သန္ဓေမအောင်စေတဲ့ ဆေးတွေ တိုက်ထားသေးတယ်”
174 05
“သူ့သမီးကို ထောင်ချောက်ထဲကျမှာကနေ ကာကွယ်ဖ်ို့အတွက် လင်းပိုင်ဟူက သူ့ရဲ့ဒုတိယသမီးအတွက် လက်ထပ်မဲ့တွဲဖက်တစ်ယောက်ကို ရှာပေးလိုက်တယ်။ မမျှော်လင့်ဘဲ မြို့စားချီရဲ့သားက ဒါကိုဒေါသထွက်သွားပြီး လင်းပိုင်ဟူကို ကောက်နှံတွေ ခိုးယူမှုနဲ့တာဝန်ရှိသူအဖြစ် အကျဉ်းထောင်ထဲမှာ ဖမ်းဆီးလိုက်တော့တယ် လွန်ခဲ့တဲ့နှစ်ရက်ကပဲ လင်းပိုင်ဟူ လွတ်လာတယ်လို့ ကြားမိတယ်။ အခု သူကထပ်ပြီး ထောင်ချောက်ဆင်ဖို့ စဉ်းစားနေပြန်ပြီ”
“ဘာ”
ထိုစကားတွေ ထွက်လာသည်နှင့် ယွီဝိန်းလန်က ချက်ချင်းပဲ မျက်မှောင်ကြုတ်သွားကာ ပြောလိုက်သည်။
“အဲတော့ ဒီလိုဖြစ်ခဲ့တာပဲ”
ယန်ရှုက စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်ပြလိုက်သည်။
“လုံးဝကိုအမှန်ပဲ ဒီကိစ္စက စုံစမ်းဖို့ မခက်ခဲပါဘူး။ အရှင်မင်းကြီးက တစ်ယောက်ယောက်ကို လုကျိုးကိုစေလွှတ်ပြီး လူတွေအများကြီးကို မေးကြည့်ရင် အမှန်တရားကို သိလာပါလိမ့်မယ်”
သေချာပေါက်ကိုပင် သူမက ထိုသို့ပြောလာလျှင် ဒီကိစ္စက သေချာပေါက်ကို အတုဖြစ်မှာ မဟုတ်ဘူးဆိုတာကို ယွီဝိန်းလန်က သိပေသည်။
ထို့နောက် အသက်ပြင်းပြင်းရှိုက်လိုက်ကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ကောင်းပြီး ကိုယ် တစ်ယောက်ယောက်ကို စုံစမ်းဖို့ လွှတ်လိုက်မယ်”
သူက စကားပြောပြီးနောက် ထရပ်လိုက်သည်။
မမျှော်လင့်ထားစွာနှင့် သူမက သူ့ကို ထပ်မံတားလိုက်ကာ ပြောလာသည်။
“ဒီကိုယ်လုပ်တော်မှာ လျှောက်တင်စရာ ကျန်ပါသေးတယ်”
သူက ရပ်တန့်သွားရသည်။
“ဘာရှိသေးလို့လဲ”
ယန်ရှုက ချောင်းဟန့်လိုက်ကာ
“ဒီကိုယ်လုပ်တော်မှာ ပုံပြင်တစ်ပုဒ်ရှိပါတယ်။ ပြီးတော့လည်း အရှင်မင်းကြီးရဲ့အကြံဥာဏ်အတွက် တောင်းခံချင်လို့ပါ”
—တကယ်တော့ အဲဒါက ကိုယ်လုပ်တော်ဟွေ့ရဲ့ မိသားစုအကြောင်းပင်။
တွေးကြည့်ပြီးနောက် ဧကရာဇ်အား ထိုအကြောင်းကို ပြောသင့်တယ်လို့ ခံစားနေရဆဲဖြစ်သည်။
ပြောရလျှင် ကိုယ်လုပ်တော်ဟွေ့ရဲ့သွေးရင်းမိသားစုကသာ လက်မလျှော့ဘဲ တစ်ခုခု တွေးကြည့်ပြီး ကောလဟလတွေ လွှင့်ကာ နောက်ဆုံး၌ ဧကရာဇ်အား ကြားသွားမိလျှင် ဧကရီမယ်တော်ကြီးနှင့် ဆက်ဆံရေးအား သက်ရောက်သွားစေလိမ့်မည်ပင်။ ထို့ကြောင့် ဒီလိုအချိန်ကောင်း၌ သူ့အား အမှန်တရားကို ပြောပြသင့်သည်။
ထို့နောက် သူမအသံကို တိတ်တဆိတ်နားထောင်နေသည့် ယွီဝိန်းလန်က သဘာဝကျကျပဲ သူမက သူ့အမေရဲ့သွေးရင်းမိသားစုအကြောင်းကို ပြောတော့မည်ဆိုသည်အား သိလိုက်သည်။ ထို့ကြောင့် သူဟာ ပိုပြီးသိချင်လာပြီး စိတ်ရှည်စွာ ပြောလိုက်သည်။
“အဲ့အကြောင်းကို ပြောကြတာပေါ့”
ယန်ရှုက ပြောလိုက်သည်။
“အဲဒါက တစ်ခါတုန်းက မိသားစုကြီးတစ်ခုမှာ ရက်ရောပြီး ကြင်နာတတ်တဲ့ သခင်မကြီးတစ်ယောက်ရှိပြီး ကိုယ်လုပ်တော်တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံသလို ကိုယ်လုပ်တော်တွေကလည်း သူမကိုစိတ်ရင်းနဲ့ ချစ်ခင်ကြတယ်။ တစ်နေ့မှာ ကိုယ်လုပ်တော်က ကလေးတစ်ယောက်ကို မွေးဖွားပေးခဲ့တယ်။ ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ သူမဘာသာ အားမတင်းထားနိုင်ဘဲ ကွယ်လွန်သွားတော့တယ်။ သူမသေခါနီးမှာ ဒီကိုယ်လုပ်တော်က ကလေးကို အဲဒီသခင်မကြီးဆီ ယုံယုံကြည်ကြည် အပ်နှံထားခဲ့တယ်။ ပြီးတော့လည်း ဒီသခင်မကြီးက ကလေးကို ပျိုးထောင်ဖို့ နာကျင်မှုတွေကို ခံယူပြီး ထိုကလေးလေးက မိသားစုရဲ့ခေါင်းဆောင် ဖြစ်လာခဲ့တယ်”
“မမျှော်လင့်ထားဘဲ အရာအားလုံး တည်ငြိမ်နေတဲ့အချိန်မှာ ကိုယ်လုပ်တော်ရဲ့မိသားစုက ရုတ်တရက် ထွက်ပေါ်လာပြီး မိသားစုခေါင်းဆောင်ငယ်လေးရဲ့ အလှလေးကို အလိမ်အညာတွေပြောပြီး မိသားစုခေါင်းဆောင်နဲ့ သူ့ရဲ့မွေးစားအမေကြားမှာ စိတ်ဝမ်းကွဲစေဖို့ ပြုလုပ်စေတယ်။ ပြီးတော့လည်း အလှလေးကို မလျော်ကန် မဖြောင့်မတ်တဲ့ ဆက်ဆံရေးထဲရောက်အောင် ထောင်ချောက် ဆင်လိုက်တယ်။ ကံကောင်းလို့ အလှလေးက ထူးချွန်ပြီး ဥာဏ်ပညာရှိတဲ့အတွက် အမှန်တရားကို အချိန်မီ ရှာတွေ့သွားခဲ့တယ်။ တကယ်တမ်းက အဲဒီမိသားစုက အတိတ်တုန်းက မိသားစုခေါင်းဆောင်လေးရဲ့ သွေးရင်းအမေအပေါ် အကြွေးတစ်ခု တင်နေခဲ့တာပဲ ပြီးတော့လည်း မိသားစုခေါင်းဆောင်လေးရဲ့ သွေးရင်းအမေနဲ့ ဆိုးရွားတဲ့ဆက်ဆံရေး ရှိတယ်လေ။ အခုသူတို့က သူတို့အစ်မရဲ့မောင်နှမချစ်ခြင်းကို လုပ်ကြံဇာတ်ခင်းပြီး မိသားစုခေါင်းဆောင်ရဲ့ လွှမ်းမိုးမှုရဖို့ မျှော်လင့်နေကြတာ…”
“အမှမ်တရားကို သိပြီးတဲ့အခါမှာ အလှလေးက ယုတ်မာတဲ့နှလုံးသား ရှိတဲ့သူတွေကို အောင်မြင်ခွင့်မပြုဘဲ အခုလေးတင် သူမ မသိတာက မိသားစုခေါင်းဆောင်ကို အမှန်တရားကို ရှင်းပြသင့်တာလားဆိုတာကိုပဲ”
ပြောပြီးနောက် ထိုသူ့အား လျင်မြန်စွာ ကြည့်လိုက်သည်။
174 06
သေချာပေါက်ပင် ယွီဝိန်းလန်ဟာ ဒီပုံပြင်ထဲက မိသားစုခေါင်းဆောင်ဆိုတာ သူဖြစ်ပြီး ဥာဏ်ပညာရှိပြီး ထက်မြက်တဲ့အလှလေးက သူမဖြစ်ကာ မွေးစားမိခင်ကတော့ ဧကရီမယ်တော်ကြီးပင်ဖြစ်ပြီး စောစီးစွာ ကွယ်လွန်သွားသည့် ကိုယ်လုပ်တော်ဆိုသည်ကတော့ သူ့ရဲ့သွေးရင်းအမေ ဖြစ်သည်ဆိုတာကို နားလည်လိုက်သည်။
သူက အနည်းငယ် အံ့အားသင့်သွားကာ ဆိုတော့ သူ့ရဲ့မွေးရင်းအမေရဲ့သွေးရင်းမိသားစုက သူ့ကို လာရှာကြတာလား။
သူက ဒီကိစ္စကို သိပြီးသွားပြီဆိုကတည်းက သဘာဝကျကျပဲ ရှင်းလင်းအောင် မေးချင်ခဲ့သည်။
သူက ပြောလိုက်သည်။
“ဖြစ်နိုင်တာက ပိုပြီးတိတိကျကျဖြစ်ရင် ပိုကောင်းမယ်။ ဘာလို့မိသားစုခေါင်းဆောင်ရဲ့မွေးရင်းအမေက သူ့ရဲ့သွေးရင်းမိသားစုနဲ့ ဆိုးရွားတဲ့ဆက်ဆံရေး ရှိနေရတာလဲ”
ယန်ရှုက တွေးလိုက်သည်။ ကြည့်ရတာ သူက သဘောပေါက်သွားတဲ့ပုံပဲ၊
ကောင်းပြီလေ၊ သူက ပြောချင်တယ်ဆိုမှတော့ ကိုယ်လုပ်တော်ဟွေ့ရဲ့ဘဝအကြောင်း အကုန်လုံးကို ပြောလိုက်တာပေါ့၊
ထို့ကြောင့် သူမက ထပ်ပြောလိုက်သည်။
“အကြောင်းအရင်းက ဒီအမျိုးသမီးငယ်ရွယ်တုန်းက သူမအဖေက ကိုယ်လုပ်တော်ကို မျက်နှာသာပေးပြီး သူ့ဇနီးကို သေစေခဲ့တယ်။ အဲဒါကပဲ ထိုအမျိုးသမီးရဲ့မိခင်က စောစောစီးစီး ဆုံးပါးသွားခဲ့တယ်။ အဲဒီနောက် အဖေဖြစ်တဲ့သူက ကိုယ်လုပ်တော်ကို တန်းပြီးတော့ နေရာပေးလိုက်ပြီး မောင်နှမအငယ်လေးတွေ မွေးဖွားလာတော့တယ်။ အဲဒီအမျိုးသမီးက သဘာဝကျကျပဲ ဒီကိစ္စကို အလွတ်မပေးနိုင်ဘူးလေ။ နောက်တော့ သူမက ခင်ပွန်းရဲ့စံအိမ်ထဲကို ပထမဆုံး ဝင်ရောက်တဲ့အခါ သူမရဲ့အလှကြောင့် မိသားစုခေါင်းဆောင်အိုကြီးရဲ့ ချစ်မြတ်နိုးခြင်းကိုခံရတယ်။ ကံမကောင်းစွာနဲ့ မိသားစုခေါင်းဆောင်က ကြာရှည်စွဲမြံစွာ ချစ်တတ်တဲ့လူစားမျိုး မဟုတ်ဘူးလေ။ သူမ ကိုယ်ဝန်ရှိပြီးတဲ့နောက်ပိုင်း သူက သူမအပေါ် သိပ်ပြီးတော့ မကြင်နာတော့ဘူး။ ဒီသခင်မကလည်း ဒီအကြောင်းကို သိပ်အများကြီး မတွေးနိုင်ဘဲ စိတ်ဓာတ်ကျပြီး နေမကောင်း ဖြစ်လာတယ်။ ကလေးမွေးပြီးတော့ မိသားစုခေါင်းဆောင်က သူတို့သားအမိကို အေးစက်စက် ဆက်ဆံနေဆဲဆိုတာကို တွေ့လိုက်ရတော့ သူမက ပိုလို့တောင်ဝမ်းနည်းလာပြီး မီးယပ်သွေးသွန်တဲ့ရောဂါနဲ့ သိပ်မကြာခင်မှာပဲ ကွယ်လွန်သွားတော့တယ်”
“သူမ မသေခင်မှာ သူမရဲ့သွေးရင်းမိသားစုကို မုန်းတီးနေဆဲပဲ။ ကလေးကို သခင်မဆီ ယုံကြည်အပ်နှံလိုက်ပြီးတဲ့နောက် သူမမိသားစုက တိုးတက်တဲ့မျိုးဆက် မဟုတ်ကြောင်းကို အထူးတလည်ဝန်ခံခဲ့တယ်။ အနာဂတ်ကျရင် သူမကကလေးကို သူတို့တွေ တွယ်ကပ်မလာအောင် လုပ်ရမယ်။ ဒါမှသာ ကလေးရဲ့ဂုဏ်သတင်းကို မထိခိုက်စေမှာတဲ့”
…..
သူမက ကျန်သည့်ပုံပြင်အပိုင်းကို ပြောစရာမလိုပေ။ ယွီဝိန်းလန်က သူ့မိခင်ရဲ့သွေးရင်းမိသားစုက စိတ်ကောင်း မရှိတဲ့အတွက် သူမကိုရှာပြီး ကောလဟလတွေ ဖြန့်တာပဲ ဖြစ်ရမယ်ဆိုတာကို နားလည်သွားသည်။
တကယ်တော့ သူ့မှာ ကလေးတုန်းက မှတ်ဥာဏ်တွေမရှိပေမဲ့ နန်းတော်ထဲက သူ့မိခင်ပြောသည်ကို ကြားဖူးသည်။ သူမွေးစဉ်က သူ့အဖေဟာ တာအိုပညာရပ်ကို စတင်ကျင့်ကြံနေပြီဖြစ်ပြီး သူဟာ မင်းသားတစ်ပါး ဖြစ်သော်လည်း သူ့ရဲ့ဖခင်ကတော့ သူ့အပေါ်တွင် ထူးမခြားနားပင်။ သို့သော် မွေးရင်းအမေကတော့ သဘာဝကိုက ဆတ်ဆတ်ထိမခံဖြစ်ပြီး ထို့ကြောင့်သာ စိတ်ဓာတ်ကျပြီး နေမကောင်း ဖြစ်သွားတာပင်။
ဆိုတော့ သူမပြောတာတွေက အမှန်ပဲဖြစ်ရမည်။
သေချာပေါက်ပဲ သူမကို တွယ်ကပ်ဖို့ ကြိုးစားနေတဲ့ ထိုမိသားစုဝင်တွေကို အာရုံစိုက်မထားပေ။
သို့သော် တစ်ချိန်တည်းမှာပဲ သူ့နှလုံးသားဟာ မလွဲမသေ လေးလံလာရသည်။
ဒီနန်းတော်ထဲမှာ ကြွေလွင့်ညှိုးရော်သွားရတဲ့ သနားစရာကောင်းတဲ့အမျိုးသမီးက ဒီလိုမျိုးပဲလား။
သို့သော်လည်း သူ သက်ပြင်းချတော့မဲ့ဆဲဆဲမှာပဲ ယန်ရှုရဲ့အသံဟာ သူ့နားထဲကို ရုတ်တရက် ဝင်လာပြန်သည်။
[ဝူးးးးးးကလေးလေး မင်းအဖွားနဲ့အဖေက အရမ်းကို သနားစရာကောင်းတာပဲ။ အမေတို့နှစ်ယောက်လုံးက ကောင်းပါတယ်။ မင်း ထွက်လာတဲ့အချိန်ကျရင် အမေက မင်းကိုဖက်ပြီး နမ်းပစ်မယ် အမေရဲ့ချစ်ရတဲ့ကလေးလေးရေ….]
ယွီဝိန်းလန် “…..”
174 07
“ဆရာကျတဲ့အဖွား” ဆိုတာနဲ့ “ဆရာကျတဲ့အဖေ” ဆိုတာကြီးကို မေ့လိုက်တော့။
ဖြစ်နိုင်တာက ချစ်လှစွာသော မဟုတ်သေးတဲ့ အဖေတစ်ယောက်များ ရှိနေသေးတာလား။
မမျှော်လင့်ထားဘဲ ထိုအချိန်တွင် သူမနှလုံးသားထဲ၌ ထပ်ပြောလာသည်ကို ကြားလိုက်ရသည်။
[ကလေးလေး ပြောရရင်လေ အမေကလည်း ကိုယ်လုပ်တော်တစ်ယောက်ပဲ။ အဲ့နေ့မှာ အမေသာ သေသွားခဲ့ရင် မင်းအဖေက မင်းကို ပျိုးထောင်ဖို့ တခြားတစ်ယောက်ယောက်ကို ရှာလောက်လား။]
ယွီဝိန်းလန်က နှလုံးသားထဲ၌ ရပ်တန့်သွားတော့သည်။
ရုတ်တရက် မနေနိုင်ဘဲ သူမကို ပြောလိုက်သည်။
“ကိုယ်က ဒီဘဝမှာ မွေးမိခင်ကို ဆုံးရှုံးခဲ့ပြီးပြီ။ ဒီအဖြစ်ဆိုးကြီးက မင်းဆီမှာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး”
ယန်ရှုက ထိုစကားတွေကို ကြားသည့်အခါ ထိတ်လန့်သွားရသည်။
မမျှော်လင့်ထားစွာနဲ့ နောက်တစ်ခဏမှာပဲ သူ့လက်အား သူမရဲ့ဝမ်းဗိုက်အပေါ် တင်လိုက်သည်အား တွေ့လိုက်ရတော့သည်။
ထို့နောက် ယန်ရှုက ထိုသူရဲ့နှလုံးသားထဲမှာ ပြောနေသံအား ကြားလိုက်ရတော့သည်။
[အခုချိန်မှာ မင်းတို့နှစ်ယောက်လုံးက ကိုယ်တော်ရဲ့အရေးအပါဆုံးသောသူတွေပဲ]
ယန်ရှုက ထိုစကားတွေကို ကြားသည့်အခါ ထိတ်လန့်သွားရသည်။
သူမရဲ့နှလုံးသားထဲ၌ ဖော်ပြမစွမ်းနိုင်သည့် နွေးထွေးမှုတစ်ခုရှိနေပြီး တစ်ဖြည်းဖြည်းနဲ့ သူမရဲ့တစ်ကိုယ်လုံးကို ဖြန့်ကျက်သွားတော့သည်။ အဲတာ့ သူမရဲ့မျက်လုံးတွေကို ပူလောင်စေပြီး သူမရဲ့နှာခေါင်းအား နာကျင်လာစေသည်။
ဒါပေမဲ့ ခဏလေး သူမကပိုအရေးကြီးတာလား ကလေးကပိုအရေးကြီးတာလား။
ယွီဝိန်းလန် “…”
ဒါလည်း ရွေးချယ်ရဦးမှာလား။
သူမ ပြန်သက်သာမလာခင်မှာပဲ သူ့လက်အား သူမရဲ့ဝမ်းဗိုက်ပေါ် ထပ်တင်လိုက်ကာ ပြောလိုက်သည်။
“အရှင်မင်းကြီး ဒီနောက်ပိုင်း ပေါင်အာက အတော်လေးလှုပ်ရှားနေတယ်။ ရှင်လည်း သူ့ကိုထိပြီး ပေါင်အာကို ပိုပြီးတော့စကားပြောသင့်တယ်”
ဟီးဟီး သူ မသိသားပဲ။ ဒါကဗိုက်သားပဲဖြစ်ရမယ်။
သူသာ သူမရဲ့ဗိုက်ကို ထိတွေ့နေသရွေ့ သူ့စိတ်ကို ဖတ်လို့ရပြီ
ယွီဝိန်းလန် “…”
ဘာ ဘာတွေဖြစ်နေတာလဲ။
******