အခန်း (၁၇၅-၁၇၇)
Vol. 12 Ch. 175-177
175 01
အပိုင်း 175
သူ မြင်လိုက်သည့်အချိန်တွင် သူ့လက်က ယန်ရှု၏ဝမ်းဗိုက်ပေါ် ကျလုဆဲဆဲမှာပင်။
ပထမတော့ ယွီဝိန်းလန်က ထိတ်ပျာသွားပေမဲ့ ထို့နောက် သူ့အတွေးတွေကို လျင်မြန်စွာ ထိန်းညှိလိုက်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။
—ဟုတ်တယ် အခုချိန်မှာ အရေးအကြီးဆုံးအရာက သူမကို သူ့ရဲ့ကိုယ်ပိုင်အတွေးတွေကို မကြားစေဖို့ပဲ။
ဒါပေမဲ့လည်း သူဟာ သူမအတွေးတွေကို ကြားနေရသည်ဆိုတာကိုလည်း သူမအား ပေးသိ၍ မရပေ။
မဟုတ်လျှင် သူမ ဒေါသထွက်သွားမှာ စိုးရသည်….။
သဲလွန်စတွေအား ခွဲခြားပြီးနောက် သူက ပျော်ရွှင်စွာပဲ ကောင်းပြီဟုပြောလိုက်ကာ သူ့လက်အား သူမရဲ့ဝမ်းဗိုက်ပေါ်၌ ထပ်ပြီးတင်လိုက်သည်။
တစ်ချိန်တည်းမှာပဲ သူ့နှလုံးသားထဲက ထွေပြားနေတဲ့ အတွေးတွေကို စွန့်လွှတ်နိုင်အောင် ကြိုးစားလိုက်သည်။
ထို့နောက် ချက်ချင်းပဲ သူ့လက်ဖဝါးအောက်က တိကျတဲ့နေရာကို ခံစားလိုက်မိပြီး ကြည့်ရတာ ရွေ့လျားနေပုံရသည်။
ခွန်အား ကသိပ်မကြီးပေမဲ့ ရှင်းလင်းနေကာ နူးညံ့သေးငယ်တဲ့ ယုန်ပေါက်လေးလိုပင် သို့မဟုတ် သမင်လေးကဲ့သို့ဖြစ်ပြီး သူ့နှလုံးသားအား နူးညံ့စွားကန်ကျောက်နေသလိုပင်။
ယွီဝိန်းလန်ဟာ မတတ်နိုင်ဘဲ ထိတ်လန့်သွားပြီး ထို့နောက် အသစ်အဆန်းဖြစ်မှုနှင့် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။
—ဒါက သူ့ကလေးပဲ။
ဒီတစ်ခေါက်ဟာ ထိုပေါက်စလေးရဲ့တည်ရှိမှုအား ခံစားမိသည့် ပထမဆုံးအကြိမ်ပင်။
သိပ်မကြာသေးခင်ကအချိန်အား ပြန်တွေးကြည့်မည်ဆိုပါက ထိုအရာလေးဟာ မြေပဲစေ့လောက် သို့မဟုတ် ပိန်းဥလုံးလေးလောက်သာ ရှိသေးပြီး ယခုအချိန်မှာတော့ တကယ်ကြီးကို သူ့အမေရဲ့ဗိုက်ထဲမှာတောင် ကစားနေနိုင်ပြီ ဖြစ်သည်လား။
သို့သော် ယခုလေးတင် ထိုပေါက်စက မည်သည့်လှုပ်ရှားမှုအား လုပ်လိုက်သည်လဲဆိုတာကို မသိပေ။
ဘယ်ဘက်ခြေထောက်ကို မလိုက်တာလား။ အကြောဆန့်လိုက်တာလား။ ဒါမှမဟုတ် ကျွမ်းထိုးနေတာလား။
……
ထိုနှလုံးသားထဲက လာသည့်အသံတွေ အားလုံးကို ကြားနေရပြီးနောက် ယန်ရှုက အရမ်းကိုဂုဏ်ယူနေကာ ပြောလိုက်သည်။
“ပေါင်အာက လှုပ်လှုပ်ရှားရှားလုပ်နေတာ ကြာလှပြီ။ အရှင်မင်းကြီးကသာ အရင်တုန်းက ဘယ်တော့မှ မထိခဲ့ဖူးသေးလို့”
ယွီဝိန်းလန်က စိတ်ကောင်းရှိနေပြီး ပြုံးလိုက်သည်။
“ကိုယ့်ရဲ့ပျက်ကွက်မှုပါကွာ”
ပြောပြီးနောက် စိတ်ထဲ၌ ထပ်တွေးလိုက်သည်။ အဝတ်အစားတွေကနေ ဖြတ်ပြီးတော့ ရတဲ့ခံစားချက်က သိပ်ပြီးတော့ အစစ်မဟုတ်လောက်ဘူးမလား။
ထို့ကြောင့် သူဟာ သူမရဲ့ဝမ်းဗိုက်ပေါ်သို့ သူ့ရဲ့လက်ဖဝါးအား တိုက်ရိုက်တင်လိုက်ကာ ပိုပြီးရှင်းရှင်းလင်းလင်းသိရန် ကြိုးစားနေပေသည်။
မမျှော်လင့်ထားစွာနဲ့ ထိုပေါက်စလေးက ထပ်ပြီးမလှုပ်တော့ပေ ။
သို့သော် သူ့လက်က အထိအတွေ့က သူ့ရဲ့အာရုံအား ဖမ်းစားသွားလေသည်။
ကောင်းပြီ အရင်လို ချောမွေ့နေတုန်းပဲ။
အဟွတ် ပြောမှပဲ သူမ ကိုယ်ဝန်ရှိကတည်းက သူဟာ သမားတော်ရဲ့အကြံပေးချက်ကို လိုက်နာပြီး သူမအား အလွယ်တကူ မထိရဲခဲ့ပေ။ သူတို့နှစ်ဦးဟာ အတူတကွ အိပ်စက်ကြသော်လည်း ယနေ့ကဲ့သို့ သူဟာ သူမကို မထိတွေ့သည်က အချိန်ကြာပြီဖြစ်သည်။
ထိုအချိန်၌ သူဟာ မနေနိုင်ဘဲ အနည်းငယ်…..အာရုံထွေပြားသလို ခံစားလိုက်ရသည်။
ရုတ်တရက်ပင် သူမ ကိုယ်ဝန်မရှိခင်၌ သူမရဲ့ညစဉ်ညတိုင်း အလုပ်ကြိုးစားခဲ့ရတဲ့ နေ့ရက်တွေကို လွမ်းဆွတ်သွားရတော့သည် ။
ပြောမှပဲ အခုဆို လပေါင်းများစွာရှိနေပြီလေ။ ဖြစ်နိုင်မလားဆိုတာတော့ သိချင်မိသား။
175 02
သမားတော်ကျန်းကို မေးရင်ရော ဘယ်လိုလဲ။
တိတ်တဆိတ် ခိုးနားထောင်နေသော ယန်ရှု […]
ဒီလူ့ရဲ့စိတ်ထဲမှာ ဘာလို့ဒီအကြောင်းက ရှိနေရတာလဲ။
သူမက နောက်ဆုံးတွင်တော့ သူ့နှလုံးသားအား တစ်ကြိမ်ဖတ်နိုင်ပြီဖြစ်သည်။
သို့သော် ထပ်ပြီးတော့ အခုချိန်၌ အလုပ်လုပ်နေပြန်ပြီဖြစ်သည်။
သမားတော်ကျန်းက အဲဒီတုန်းက ပြောတာတော့ ပထမသုံးလပြီးတာနဲ့ အဆင်ပြေပြီလို့တော့ပြောတာပဲ အဟမ်း။
အမ်။
ယွီဝိန်းလန်ရဲ့မျက်ဝန်းတို့က တောက်ပသွားတော့သည်။
မမျှော်လင့်စွာပင် သူဟာ ထိုအကြောင်းကို ထပ်စဉ်းစားဖို့ စောင့်မနေတော့ပေ။ သို့သော်လည်း တံခါးဝ၌ ဖုဟိုင်ဟာ ရုတ်တရက်ကြီး သတင်းပို့လာတော့သည်
“အရှင်မင်းကြီး အနောက်မြောက်အရပ်ရဲ့အုပ်ချုပ်ရေးမှုး စစ်သူကြီးက နောက်လိုက်တွေနဲ့အတူ ချန်းမင်နန်းဆောင်ရဲ့အရှေ့မှာ တွေ့ခွင့်တောင်းနေပါတယ်”
ယွီဝိန်းလန်က ရုတ်ခြည်းပြန်လည် အသိဝင်သွားသည်။
အိုး ဟုတ်သားပဲ အခုက နေ့ခင်းကြောင်တောင်ကြီးပဲ ရှိသေးတယ်။ သူမကိုတွေ့ဖို့ အခုလေးတင် ချန်းမင်နန်းဆောင်ကနေ လာခဲ့တာဆိုတော့ ဖြစ်နိုင်တာက သူ့အတွက် ကိုင်တွယ်ဖြေရှင်းရမဲ့ ကိစ္စတွေ တစ်သီကြီး စောင့်နေတာပဲဖြစ်လောက်မယ် ။
စကားမစပ် မြို့စားချီကိစ္စလည်း ရှိသေးတာပဲ။ သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ လက်ပြန်ရုတ်လိုက်ကာ ချောင်းဟန့်ပြီး သူမကို ပြောလိုက်တော့သည်။
“ကောင်းကောင်း အနားယူ ဒီညကျရင် ကိုယ်စောစောပြန်လာမယ်”
စကားပြောပြီးနောက် ထရပ်လိုက်ကာ နန်းတော်တံခါးဝကနေ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ကျန်ခဲ့သည့် ယန်ရှုကတော့ မနေနိုင်ဘဲ သူမရဲ့မျက်ခုံးကိုပင့်လိုက်ကာ တွေးဆနေတော့သည်။
စောစောပြန်လာမယ်…..ဘာအတွက်လဲ။
သမားတော်ကို တကယ်ကြီး သွားမမေးချင်ပေ ဒါမှမဟုတ် မေးလိုက်ရမလား…..။
ဒါပေမဲ့လည်း အတော်လေးစိ တ်လှုပ်ရှားစရာပဲ အဟမ်း…
သေချာပေါက်ပင် အချိန်စောနေသေးသည် ဆိုတော့ ခင်ပွန်းနဲ့မွေ့လျော်နေပြီး ကိုယ့်ကိစ္စကိုယ် ဘယ်လိုလုပ်ပြီး မေ့နိုင်ရတာလဲ။
သေချာပေါက်ပဲ မြို့စားချီရဲ့စံအိမ်တော်ကိစ္စအား ဧကရာဇ်ကို ပြောပြရုံနှင့်ပင် မလုံလောက်ပေ။
ပြောရလျှင် ဒီမိသားစုကို ဇာတ်လမ်းပေါင်းများစွာ ရေးနိုင်ပေသည်။
ဟီးဟီး ပူပူနွေးနွေးရှိတုန်းလေး အဲဒါကို ရေးရမယ်။
~~~
ထိုသို့ခေါ်ကြသည့် ဖြောင့်မတ်မှန်ကန်သည့် နာကြည်းချက်တို့က သူမကိုလွှမ်းခြုံသွားပြီး သူမအတွေးတွေက ပိုလို့ပင် စီးဆင်းလာကာ ယန်ရှုက နှစ်ရက်အတွင်းမှာပင် ဇာတ်ညွှန်းနှစ်ခု ရေးလိုက်သည်။
သို့သော်လည်း သူမက အဲဒါကို အလျင်စလို မပေးပို့ဘဲ အရင်ဦးဆုံး ချီအန်းနန်းဆောင်သို့ ဇာတ်ညွှန်းတို့အားယူပြီး သွားလိုက်သည်။
ကျစ် မြို့စားချီရဲ့စံအိမ်တော်မှာ ဖရဲသီးတွေ အများကြီးရှိတာပဲ။ အရင်ဆုံး ဘော့စ်ကြီးနဲ့ ဘာလို့ မမျှဝေရမှာလဲ။
သို့သော်လည်း သူမနန်းတော်သို့ ရောက်သည့်အချိန်တွင် သူမ ဇာတ်ညွှန်းတို့အား မထုတ်နိုင်သေးခင်မှာပဲ ဧကရီမယ်တော်ကြီးက သူမအား အရင်ဆုံး ဂရုစိုက်ပေးလာသည်။
“လွန်ခဲ့တဲ့နှစ်ရက်လုံး မင်းကိုမတွေ့ရသေးဘူး။ ဘာဖြစ်လို့လဲ”
ယန်ရှုက ထိတ်လန့်သွားကာ စကားပြောတော့မည့်အချိန်မှာပဲ ဧကရီမယ်တော်ကြီးက သူမအား ဂရုတစိုက်ကြည့်ကာ သူမနှလုံးသားထဲ၌ သက်ပြင်းချလိုက်သည်။
[ဒီမိန်းကလေးက ဒီကိုမလာတာ နှစ်ရက်ရှိနေပြီ။ ဖြစ်နိုင်တာက အဲဒီလူအိုကြီး အန်းချီကော်ကုန်းကြောင့် စိတ်ညစ်နေတာများလား။ ဟမ့် ဒီလူအိုကြီးရဲ့ မသိမသာ စိမ့်ဝင်နေမှုက တကယ့်ကိုနှလုံးသားထဲ နေရခက်ပြီး ကိုက်ခဲစေတာပဲ!]
ထိုစကားတွေ ထွက်လာသည့်အခါ ယန်ရှုက သူမနှလုံးသားထဲ၌ နွေးထွေးမှုတစ်လွှာကို ခံစားလိုက်ရသည်။
ဘော့စ်ကြီးက သူမကို အချစ်ဆုံးပဲဆိုတာကို သိတာပေါ့။
သေချာပေါက်ပင် ထိုအရာကနေ ဧကရီမယ်တော်ကြီးက ချီကော်ကုန်းအား အရမ်းကိုမုန်းတီးနေသည်ဆိုတာအား တွေ့နိုင်ပေသည်။
အမှန်ပဲ ဧကရီမယ်တော်ကြီးဆိုတာက ဧကရာဇ်ရဲ့မိခင်လေ။ ဧကရာဇ်ကို စိုးရိမ်ပေးဖို့ အရည်အချင်းပြည့်မှီတဲ့ အကြီးအကဲတစ်ယောက်လေ။ ဒီလူအိုကြီးချီကော်ကုန်းက ဧကရီမယ်တော်ကြီးကို ကျော်ပြီး တိုက်ရိုက်ပဲ စာအုပ်ကို တင်လိုက်တော့ ဘယ်သူက စိတ်အနှောက်အယှက်မဖြစ်ဘဲ နေနိုင်မှာတဲ့လဲ။
175 03
သူမက လျင်မြန်စွာ ပြောလိုက်သည်။
“ဒီကိုယ်လုပ်တော်က မယ်တော်ကြီးရဲ့စိတ်ပူပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီကိုယ်လုပ်တော်က လွန်ခဲ့တဲ့နှစ်ရက်အတွင်း ကောင်းကောင်း လုပ်နေပါတယ်။ အဲဒါကတော့ ဇာတ်လမ်း ရေးနေတာပါ။ မယ်တော်ကြီးကို လာပြီးနှုတ်ခွန်းမဆက်တာက တကယ့်ကို အပြစ်ပေးခံရသင့်ပါတယ်”
ထိုစကားတွကို ဧကရီမယ်တော်ကြီးကြားသည့်အခါ လျင်မြန်စွာပဲ စိတ်ဝင်စားသွားပြီး မေးလိုက်သည်။
“ဘာတွေ ရေးထားသေးလို့လဲ”
ခန်းမထဲရှိ ဘယ်ညာနှစ်ဖ။က်တွင် မည်သူမျှမရှိဘဲ ယန်ရှုသည်လည်း တိုက်ရိုက်ပင်ပြောလိုက်သည်
“တကယ်တော့ အရှင်မင်းကြီးက လွန်ခဲ့တဲ့နှစ်ရက်တုန်းက မြို့စားချီရဲ့သား ကောကျန်းဟိုင်ရဲ့သတင်းကို ရထားတာပါ။ သူက လုကျိုးက တစ်ရာသောလက်ယာရံအစောင့်အရှောက် ဖြစ်တဲ့ ယုံဝေ့က လင်းချိန်ရှန်းရဲ့သမီးအကြီးဆုံးကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကိုယ်လုပ်တော်အဖြစ် လက်ထပ်ထားပါတယ်။ နှစ်နှစ်ကြာပြီးတော့ တခြားသူရဲ့ဒုတိယသမီးကိုလည်း ထပ်ပြီးလက်ထပ်ချင်ပြန်တယ်။ အဲဒီလင်းပိုင်ဟူက ငြင်းဆန်လိုက်ပြီး သူ့သမီးကို ခင်ပွန်းသည်မိသားစုတစ်ခု အမြန်ရှာပေးလိုက်တယ်။ ရလဒ်အနေနဲ့ မြို့စားချီရဲ့သားက သူ့ကို အကွက်ဆင်ပြီး ကောက်နှံတွေခိုးယူမှုနဲ့ အကျဉ်းထောင်ထဲ ထည့်လိုက်တယ်။ အခုလေးတင် အဲဒီလူပြန်လွတ်လာတော့ ချီကော်မင်းသားက သတင်းရပြီး အရင်လှည့်ကွက်အတိုင်းသုံးပြီး လူကို ထပ်ပြီးထိခိုက်အောင် ကြံစည်နေတာပါ”
ထိုစကားတွေ ထွက်လာသည့်အခါ ဧပရီမယ်တော်ကြီးက ချက်ချင်းပဲ မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်
“ဒါဆို ကော်ကျန်းဟိုင်က သူ့အသက်ငါးဆယ်ထဲပဲ ရောက်နေပြီလေ။ ဒီလို အဓိပ္ပာယ်မရှိတဲ့ အရာတွေကို ဘယ်လိုလုပ်ပြီး လုပ်နိုင်နေရသေးတာလဲ”
ယန်ရှုသည်လည်း လျင်မြန်စွာခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။
“အရှင်မင်းကြီးက ပထမတော့ အရမ်းကိုအံ့အားသင့်သွားတာ။ အဲဒါနဲ့ တစ်ယောက်ယောက်ကို စုံစမ်းဖို့လွှတ်လိုက်တယ်။ ဒါပေမဲ့ ဒီကိစ္စက အမှန်ပဲဆိုတာကို မသိခဲ့ဘူး။ ဒါပေမဲ့လည်း ဒီကိစ္စ တလျှောက်လိုက်စစ်ပြီးတော့ စံအိမ်ထဲက တခြားအရာတွေကိုပါ ရှာတွေ့သွားခဲ့တယ်။ အဲဒါတွေက ပိုပြီးတော့တောင် ထိတ်လန့်အံ့အားသင့်ဖွယ် ကောင်းပါသေးတယ်။ ဒီကိုယ်လုပ်တော် ခံစားရတာတော့ ကမ္ဘာကြီးကို ဒီကိစ္စတွေအကြောင်းပေးသိဖို့ လိုအပ်တယ်လို့ ခံစားရလို့ ဇာတ်ညွှန်းနှစ်ခုတောင် ရေးခဲ့တာပါ”
ဧကရီမယ်တော်ကြီးက ပြောလိုက်သည်။
“နှစ်ရက်ပဲ ရှိသေးတာကို ဇာတ်ညွှန်းနှစ်ခု ရေးပြီးသွားပြီ။ အရမ်းလည်း မပင်ပန်းစေနဲ့”
ယန်ရှုက လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်ကာ
“မစိုးရိမိပါနဲ့ ဧကရီမယ်တော်ကြီး။ ဒီကိုယ်လုပ်တော်က မပင်ပန်းပါဘူး။ ဒီနေ့ ဇာတ်ညွှန်းတွေ ယူလာခဲ့တာ ကျွန်မဖတ်ပြရမလား”
ဒါဟာ ဧကရီမယ်တော်ကြီးဆန္ဒအရှိဆုံးကိစ္စပင် ထိုစကားတွေကို ကြားသည့်အခါ သူမဟာ သဘာဝကျကျပဲ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
“မင်းအတွက် အကုန်လုံးကို ရေးရတာက ခက်ခဲမှာပဲ။ အဲတော့ သဘာဝကျကျပဲ နားထောင်ရမှာပေါ့”
ယန်ရှုသည်လည်း သဘောတူလိုက်ကာ ဇာတ်ညွှန်းအားယူလိုက်ပြီး ဧကရီမယ်တော်ကြီးအား ဖတ်ပြတော့သည်။
သူမပြောခဲ့သလိုပင်။ သူမဟာ မြို့စားချီရဲ့စံအိမ်တော်အကြောင်းအား ပုံပြင်စာအုပ်နှစ်အုပ် ရေးခဲ့သည်ပင်။ ပထမတစ်အုပ်က လင်းမိသားစုရဲ့အဖေနှင့်သမီးအား ဇာတ်လိုက်တွေအဖြစ် ထားထားပြီး သူ့သမီးအား အမှန်တကယ်ကို ချစ်မြတ်နိုးသည့် အဖေတစ်ယောက်အဖြစ် ပုံဖော်ထားပေသည်။ အာဏာ၏ဖိအားအောက်တွင်ပင် သူ့သမီးအား ဂရုစိုက်ပေးလိုဆဲပင် အဆုံးမှာတော့ ဆရာသခင်ဖြစ်သည့် သဲ့မင်ကျွင်းက လင်းမိသားရဲ့ရနိငြှိုးတွေအား ရှင်းလင်းဖို့ ကူညီပေးလိုက်ကာ မကောင်းသည့်လူအား အပြစ်ပေးပြီး နောက်ဆုံးတွင်တော့ အဖေနှင့်သမီးအား ပြန်လည်ပေါင်းဆုံစေလိုက်သည်။
ထိုအရာကိုကြားပြီးနောက် ဧကရီမယ်တော်ကြီးက ပြောလာသည်။
“ဒီအမြင်ကနေ ကြည့်မယ်ဆိုရင် ဒီလင်းမိသားစုက တော်တော်လေး မှားယွင်းခံခဲ့ရတာပဲ။ ဒီလင်းပိုင်ဟူက သူတို့ရဲ့ကိုယ်ပိုင်သွေးသားတွေကို အာဏာရဖို့အတွက် အသုံးပြုတဲ့လူတွေထက်စာရင် အများကြီး ပိုကောင်းတယ်။ ချီူကျူးဖို့ တကယ်ကို ထိုက်တန်တယ်။ ဒါပေမဲ့ မင်းသားချီကော်ကုန်းကိုလည်း ချီးမြှောက်သင့်တယ်။ ဒါပေမဲ့ ချီကော်ကုန်းမင်းသားကလည်း လူတွေကို အတော်လေး လိမ်လည်လှည့်ဖျားတာပဲ။ ဘုရင့်ရဲ့ဥပဒေကို လိမ်လည်တယ်။ အဲဒါက သူ့မိသားစုကမလို့လား။ လက်စားချေဖို့အတွက် လူကောင်းတစ်ယောက်ကိုတောင် အကွက်ဆင်လိုက်သေးတယ်”
ယန်ရှုက အလျင်အမြန်ပဲ ပြောလိုက်သည်။
“မယ်တော်ကြီး စိတ်မပူပါနဲ့ အရှင်မင်းကြီးက တစ်ယောက်ယောက်ကို စုံစမ်းဖို့ စေလွှတ်ထားပြီးပါပြီ။ မကောင်းတဲ့သူက သူနဲ့ထိုက်တန်တာကို ရမှာပါ”
ဧကရီမယ်တော်ကြီးက သက်ပြင်းချကာ ပြောလိုက်သည်။
“ အဲ့လိုဆိုပေမဲ့လည်း အလကားသက်သက် ကော်ကျန်းဟိုင်ရဲ့ဖျက်ဆီးတာကို ခံခဲ့ရတဲ့ လင်းမိဘတွေရဲ့သမီးတွေအတွက် စိတ်မကောင်း ဖြစ်နေတုန်းပဲ”
175 04
သူမ ပြောပြီးနောက် ထပ်ပြောလိုက်သည်။
“ဒုတိယဇာတ်ညွှန်းက ဘာအကြောင်းလဲ”
ယန်ရှုက လျင်မြန်စွာ ပြောလိုက်သည် ။
“ဒုတိယပုံပြင်စာအုပ်က ကော်မိသားစုရဲ့ အတွင်းရေးကိစ္စအကြောင်းကို ရေးထားတာပါ”
ထိုသို့ ပြောပြီးနောက် ဧကရီမယ်တော်ကြီးအတွက် စတင်ပြီး စာဖတ်ပြတော့သည်။
ပထမပုံပြင်နှင့်ယှဉ်လျှင် ဒီပုံပြင်ရဲ့ဇာတ်သွားက ပိုပြီးတော့တောင် ရှုပ်ထွေးသည်ဟု ပြောလို့ရသည်။ မြို့စားချီရဲ့အကြီးဆုံးသားဖြစ်သူရဲ့ဇနီး ဝေ့မိသားစုက တစ်ယောက်က ကိုယ်လုပ်တော်ဆောင်က အမျိုးသမီးတွေကို ထောင်ချောက်ဆင်တာနဲ့စထားပြီး သခင်မဆိုသည့် သူမရဲ့သရုပ်ကိုသုံးကာ ကိုယ်လုပ်တော်ဆောင်က ကိုယ်လုပ်တော်တွေအား သတ်ဖြတ်နေပေသည်။ သူမရဲ့ပြစ်မှုတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်ဟု ပြော၍ရသည်
ဧကရီမယ်တော်ကြီးက ဒါကိုကြားချိန်မှာ သဘာဝကျကျပဲ သူမရဲ့ခေါင်းကို ဒေါသတကြီးနဲ့ ခါရမ်းလိုက်ပြီး ပြောလိုက်သည်၊
“ပုံမှန်ဆို အဲဒီအမျိုးသမီးကို သိက္ခာရှိပြီး မွန်မြတ်ရက်ရော တတ်တယ်လို့ မြင်နေခဲ့တာ၊ ဒါပေမဲ့ ဒီလိုရက်စက်တဲ့လူမျိုး ဖြစ်နေမယ်လို့ ထင်မထားဘူး။ မြို့တော်က ကြည့်ကောင်းတဲ့သူတွေထဲမှာ ရုတ်တရက်ကြီး ကြားတာက သူမရဲ့ဝမ်းကွဲမှာ ကျောက်ပေါက်မာတွေ ရှိတယ်တဲ့။၊ ဒီတော့ သူမ ကနောက်ကွယ်က တရားခံဖြစ်နေတာပဲ။ပြောမှပဲ သူမရဲ့ဝမ်းကွဲက မြို့စားချီရဲ့စံအိမ်ထဲ လက်ထပ်မဝင်ခဲ့တာ အတော်လေး ကံကောင်းတာပဲ။ ဝေ့မိသားစုနဲ့ ကော်ကျန်းဟိုင်က တကယ့်ကို အပြစ်ရှိတယ်။ အဲဒါက တူညီတဲ့ မိသားစုချင်း ပေါင်းစည်းတာပဲ”
ယန်ရှုက ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်ကာ
“အမှန်ပဲ။ ဒီနှစ်ယောက်က ကောင်းကင်ဘုံကနေတွဲဖက်ပေးထားတဲ့ စုံတွဲပဲ။ သူ့စံအိမ်ထဲက အမျိုးသမီးတွေ အတင်းအကြပ် အနိုင်ကျင့်ခံနေရတာကတော့ တကယ့်ကိုသနားစရာပဲ”
ဧကရီမယ်တော်ကြီးသည်လည်း သက်ပြင်းချကာ ပြောလိုက်သည်။
“ဒီလိုမိဘတွေကနေ ကောင်းမွန်တဲ့သားသမီးတွေကို ဘယ်လိုလုပ်ပြီး ပျိုးထောင်နိုင်မှာတဲ့လဲ”
[ဟမ့် အဲဒီလူအိုကြီးမှာ ဘယ်မိသားစုကဆိုတာကို ရွေးချယ်ဖို့ မျက်နှာရှိသေးတယ်လား။ သူတို့နဲ့ဆွေမျိုးတော်စပ်ရမှာက တခြားသူတွေအတွက် ရှစ်ဘဝလောက် ကံဆိုးမိုးမှောင် ကျတာပဲ]
ယန်ရှုက သူမနားနှင့် တိတ်တဆိတ် နားထောင်နေလိုက်ကာ ထို့နောက် စိတ်ထဲ၌ ပျော်ရွှင်စွာဖြင့် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။
စာရင်းထဲက ခေါင်းဆောင်ဆိုတဲ့အတိုင်းပါပဲ။ မကျေနပ်ချက်တွေကို အားရပါးရ လုပ်နေတာပဲ။
သို့သော် သူမက ဧကရီမယ်တော်ကြီးအား ချီကော်ကုန်းရဲ့မြေးက သူ့ဖခင်ရဲ့ကိုယ်လုပ်တော်နဲ့ ဆက်ဆံရေးတချို့ ရှိနေတာအား ပြောမပြရသေးပေ။
အဒိကအချက်ကတော့ ထိုအရာက ပြောထွက်ဖို့ အလွန်ခက်ခဲပြီး ပြောရလျှင် အလွန်အမင်းကို လျှို့ဝှက်ထားသည့်အရာပင် စစ်ဆေးရုံဖြင့် ထိုအရာကို ရှာမတွေ့နိုင်ပေ။
သို့သော် ဒီနှစ်ခုနဲ့တင် လုံလောက်နေပြီဖြစ်သည်။
သူမက ထို့နောက် ထပ်ပြောလိုက်သည်။
“ကိုယ်လုပ်တော်က အဲ့အကြောင်းကို တွေးပြီးပါပြီ။ လင်းပိုင်ဟူရဲ့မကျေနပ်ချက်တွေကို တော်ဝင်ညီလာခံရဲ့ ကြားဝင်မှုနဲ့ ဖြေရှင်းလို့ရနိုင်ပါတယ်။ ဒါပေမဲ့ ဝေ့မိသားစု လုပ်ခဲ့တာတွေအားလုံးက အတွင်းရေးကိစ္စတွေဆိုတော့ ကိုင်တွယ်ဖို့ မလွယ်မှာပဲ
စိုးမိပါတယ် ဒီလိုအခြေအနေမှာ အဲဒီစံအိမ်ထဲက ဘယ်သူကမှ အဲဒီသနားစရာကောင်းတဲ့ အမျိုးသမီးတွေအတွက် ဆုံးဖြတ်ချက် မချပေးနိုင်လောက်ဘူး”
ဧကရီမယ်တော်ကြီးက တစ်ခဏလောက် တွေးတောလိုက်ကာ ရုတ်တရက်ပဲ မေးလိုက်သည်၊
“စာအုပ်ကို မပို့ရသေးဘူးမလား”
ယန်ရှုက လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
“အရှင်မင်းကြီးက လုကျိုးဆီ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါပြီ။ ဒီကိစ္စက ကိုင်တွယ်နေဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ အဲဒါကြောင့် ဒီကိုယ်လုပ်တော်လည်း မထုတ်ဝေရဲသေးပါဘူး။ မြို့စားချီအတွက် သူ့ကို ထပ်ပြီးလုပ်ကြံမှာက ဆိုးရွားနေမှာကိုပဲ စိုးတာပါ”
ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒါပေမဲ့လည်း နောက်နှစ်ရက်လောက် ထပ်စောင့်လိုက်ရအောင်။ ဆောင်းဦးလယ်ပွဲတော်က ရောက်လာတော့မှာ။ အရင်တစ်ခေါက် ကျင်းမင်ရေကန်မှာတုန်းက ပုံပြင်ပြောဖို့ စီစဉ်တာက အတော်လေး ကောင်းတယ်။ ဒီတစ်ခေါက်ကျင်းပေါ်ဥယျာဉ်မှာ ထိုက်ချန်းနန်းဆောင်ကို နောက်တစ်ခုထပ်ပြီး စီစဉ်ပေးဖို့ အမိန့်ပေးရမယ်”
ထိုစကားတွေ ထွက်လာသည့်အခါ ယန်ရှုက လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး
“ကောင်းပါပြီ”
ဟီးဟီး ဘော့စ်ကြီးလို့မျှော် မှန်းထားတဲ့အတိုင်းပါပဲ သူမအတိုင်း အမြဲတမ်းစဉ်းစားနိုင်တာပဲ။
******
176 01
အပိုင်း 176
နှစ်ရက်တာဟာ လျင်မြန်စွာနဲ့ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာတင် ဆောင်းဦးလယ်ပွဲတော်သို့ ရောက်ရှိလာပြီဖြစ်သည်။
နန်းတော်ထဲရှိ ရာထူးရာခံရှိသူတွေအားလုံးနှင့် ဧည့်သည်တော်တွေအား ကြိုဆိုမှုပြုရန် ကျင်းပေါ်ဥယျာဉ်၌ နှစ်ရက်ကြိုတင်ကာ ပြင်ဆင်မှုတွေ စလုပ်နေပြီဖြစ်သည်။
ညချမ်းအချိန်ကို ရောက်လာသည့်အခါမှာတော့ ဥယျာဉ်တော်ထဲ၌ နန်းတော်က မီးပုံးပေါင်းများစွာကို တွေ့မြင်နိုင်ပြီး ကောင်းကင်က တောက်ပနေတဲ့လမင်းကို ရောင်ပြန်ဟပ်နေကာ အံ့ချီးဖွယ် ခမ်းနားလွန်းသည့် စံအိမ်တို့အား ရောင်ပြန်ဟပ်နေပေသည်။
ထိုမြင်ကွင်းကို တွေ့သည့်အခါ ဧည့်သည့်တော်တွေအားလုံးက အံ့အားသင့်သွားကြပေမဲ့ ဆန္ဒအလျောက် ရှုစားဖို့အတွက် မရပ်တန့်နိုင်ပေ။
နန်းတော်ထဲက တော်ဝင်မျိုးနွယ်တွေ ရောက်ရှိလာပြီဖြစ်သည့်အတွက် မြန်နိုင်သမျှ မြန်မြန် ဂါရဝပြုရန် သွားဖို့လိုအပ်ပေသည်။
ယနေ့ညရဲ့ စိတ်လှုပ်ရှားမှုကို ကြည့်ရှုရန် ယန်ရှုဟာ နေ့ဘက်၌ လုံလုံလောက်လောက် အိပ်စက်ခဲ့ပြီး ယခုအချိန်မှာတော့ ခန်းမထိပ်၌ ဧကရာဇ်နှင့် ဧကရီမယ်တော်ကြီးတို့နှင့်အတူ ထိုင်ကာ ဧည့်သည်တော်တွေ တစ်ယောက်ပြီးတစ်ယောက် ရှေ့တိုးကာ ဂါရဝပြုနေသည်အား ကြည့်ရှုနေပေသည်။
ယနေ့ရဲ့မြင်ကွင်းမှာတော့ သာ့ချန်မင်းသမီးတို့မိသားစု ရူရန်ဘုရင်ခံတို့မိသားစုနှင့် ကွမ်းယန်မြို့စား၊ လင်းဝူမြို့စား၊ ရွှမ်းဖင်းမြို့စား၊ ကုန်းပုရှန်းရှုနှင့် တခြားသောတော်ဝင်အထက်တန်းလွှာကဲ့သို့ တခြားသောကလန်ဆွေမျိုးများလည်း မရှိမဖြစ် ရှိနေပေသည်။
သူ့ကို တစ်ခဏလောက် မတွေ့ခဲ့ရသည်ကို မပြောလျှင် ထိုစာရွက် စားရတာကြိုက်သည့် ကွမ်းယန်ဟုန်ဟာ အတော်လေး အလေးချိန်တက်လာပေသည်။ သူ့ပါးတွေဟာ သိသိသာသာကိုပင် အသားတို့နှင့် ပြည့်ဖြိုးနေပြီး သူ့ရဲ့အသားအရေဟာလည်း အတော်လေး တိုးတက်လာပေသည်။ ထိုအရာက လွန်ခဲ့သည့် ပိန်သထက် ပိန်ပါးလာသော သူ့ပုံရိပ်နှင့် အတော်လေးကွာခြားပေသည်။
ထိုမြင်ကွင်းကိုတွေ့သည့်အခါ ဧကရီမယ်တော်ကြီးက မေးလိုက်သည်။
“ကြည့်ရတာ ကွမ်းယန်ဟုန်ရဲ့ခန္ဓာကိုယ်က ပြန်ပြီးသက်သာလာပုံပဲ”
ဒါကိုကြားသည့်အခါ ကွမ်းယန်ဟုန်ပင် ဘာမှမပြောနိုင်ခင်မှာပဲ သခင်မကြီးကွမ်းယန်က လျင်မြန်စွာ ပြောလာသည်။
“ဧကရီမယ်တော်ကြီးရဲ့စိတ်ပူပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ သခင်ကြီးဟုန်ရဲ့ စားသောက်ချင်စိတ်က အတော်လေး တိုးတက်လာပါပြီ။ အခုဆို သုံးနပ်စားတာက ပုံမှန်ပါပဲ”
မြို့စားကွမ်းယန်သည်လည်း လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။
“မယ်တော်ကြီးရဲ့စိုးရိမ်ပူပန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုးက သက်သာနေပါပြီ”
အဟွတ် အရင်တစ်ခေါက် ကျင်းမင်ချီရေပြပွဲတုန်းက အံ့ချီးဖွယ်ကောင်းတဲ့ပန်ကိတ်ကို ရှာတွေ့သွားကတည်းက သူ့တွင် ဝါသနာအသစ် ရှိလာခဲ့သည်
ထိုအစားအသောက်၏အရသာက စာရွက်တွေနဲ့ဆင်တူပြီး အစာအိမ်ထဲတွင်တော့ စာရွက်စားရသည်ထက် ပိုပြီးတော့ သက်တောင့်သက်သာရှိသလို အာဟာရလည်းရှိသည်။ ဘယ်လိုပုံစံမလို လိပ်လို့လည်းရကာ နောက်ဆုံးတွင်တော့ စာရွက်စားသည်ဆိုသည့် ထူးဆန်းသည့် အလေ့အကျင့်အား တစ်ဖြည်းဖြည်းနှင့် စွန့်ခွာလာနိုင်ကာ သာမန်လူတစ်ယောက်ရဲ့ ပုံမှန်ဘဝမျိုးဖြင့် နေနိုင်လာပေသည်။
ရေပြပွဲနေ့ စားသောက်ပွဲတုန်းက အစားအသောက်ကို ပြင်ဆင်ခဲ့သည်သူအား တကယ်ကို ကျေးဇူးတင်ရမည်ပင် သူက တကယ့်ကိုသူ့ရဲ့ကယ်တင်ရှင်ပဲ။
ယွီဝိန်းလန်က တိတ်တဆိတ် နားထောင်လိုက်ကာ မနေနိုင်ဘဲ ယန်ရှုအားတိတ်တိတ်လေး ခိုးကြည့်လိုက်သည်။
ပြီးနောက် ကျော်ကြားမှုနှင့် အောင်မြင်မှုတွေကို ကွယ်ဝှက်ထားသော ယန်ရှုက ဘာတစ်လုံးမှမပြောဘဲ ဧကရီမယ်တော်ကြီးနောက်ကို လိုက်ကာ ခေါင်းညိတ်နေပေသည်။
အသေးအဖွဲ့ ပြဿနာလေးပါ။ ထုတ်ပြောဖို့တောင် မတန်ဘူး ။
ထို့နောက် ရင်းနှီးတဲ့မျက်နှာအများစုက စင်ပေါ်တွ င်ပေါ်ထွက်လာပြီး ယန်ရှုဟာ ဒီနှစ်တွင် စားသောက်ပွဲအများစုတွင် ပါဝင်ခဲ့သည့်အတွက် သူတို့ထဲက အများစုကို သိပေသည်။
သို့သော်လည်း လွန်ခဲ့သည့်နှစ်ရက်က မြို့စားချီ၏ ဧကရီ တင်မြှောက်ရွေးချယ်ရေး စာလွှာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ယနေ့ညတွင်တော့ မိသားစုများစွာက သင့်တော်သည့်အသက်အရွယ်ရှိသည့် အမျိုးသမီးငယ်လေးများစွာကို ခေါ်ဆောင်လာပေသည်။ ပြီးနောက် သူတို့အားလုံးသည်လည်း ဘရိုကိတ်နှင့် ကျောက်စိမ်းထည်တွေ ဝတ်ဆင်ထားကြကာ မက်မောစွဲမက်ဖွယ် ကောင်းနေပေသည်။
သို့သော်လည်း ယန်ရှုဟာ အာရုံစိုက်ချင်စိတ် ရှိမနေပေ။ အဘယ့်ကြောင့်ဆိုသော် သူမဟာ ဒီနေ့ည၏ဇာတ်ဆောင်ဖြစ်သော ချီကော်ကုန်းမိသားစုက ဖျော်ဖြေမည်ကို အပြည့်အဝ စောင့်ဆိုင်းနေသောကြောင့်ပင်။
ကံကောင်းစွာနှင့် ထိုမိသားစုဟာ နောက်ဆုံး၌ ထွက်ပေါ်လာရန် အချိန်သိပ်မကြာလိုက်ပေ။
176 02
မီးခိုးရောင် သန်းနေသည့်ဆံပင်နှင့် မြို့စားချီက ရှေ့တွင်ရှိနေပြီး သူ့သားဖြစ်သူနှင့် ကော်ကျန်းဟိုင် ချွေးမဖြစ်သူဝေ့ရှီ သူတို့၏သားဖြစ်သူ ကော်ကျန်းကွမ်နှင့် သမီးဖြစ်သူ ကော်ကျောက်ရုန်တို့က နောက်တွင် လိုက်ပါလာကြသည်။
မြို့စားချီဟာ ကြီးမားသည့်မိသားစုကြီးကို ဦးဆောင်လာပြီး ဧကရာဇ် ဧကရီမယ်တော်ကြီးနှင့် ယန်ရှုတို့အား လာရောက်ဂါရဝပြုလေသည်။
“ဒီမှူးမတ်အိုကြီးနဲ့ တစ်မိသားစုလုံးက အရှင်မင်းကြီး ဧကရီမယ်တော်ကြီးနဲ့ တော်ဝင်ကိုယ်လုပ်တော်ယီတို့ကို ပျော်ရွှင်ဖွယ်ရာ ဆောင်းဦးလယ်ပွဲတော်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”
ပြောရလျှင် ဒီလူအိုကြီးက အကြီးတစ်ယောက်ဖြစ်သည့်အတွက် ယွီဝိန်းလန်က သဘာဝကျကျပဲ ယဉ်ကျေးစွာ ပြောလိုက်သည်။
“အရမ်းယဉ်ကျေးနေစရာ မလိုပါဘူး။ ပုံမှန်တိုင်းပဲနေပါ”
ထိုစကားသံ ဆုံးသွားသည်နှင့် ဧကရီမယ်တော်ကြီးနှင့် ယန်ရှု၏အသံတို့ဟာ သူ့နားထဲသို့ တစ်ပြိုက်နက်တည်း ဝင်လာတော့သည်။
ယန်ရှု [ကြည့်စမ်းပါဦး ဒါက လူပေလူညစ်အိုကြီးရဲ့ မိသားစုပဲ။ သူတို့ကို ဒီနေ့ည အလွတ်မပေးနဲ့!]
ဧကရီမယ်တော်ကြီး [ဟမ့်! အဲဒီမိသားစုပဲ။ ပြီးတော့လည်း သူတို့ကို ဒီနေ့မှာ စုစည်းဖို့ဆိုတာက မလွယ်ကူဘူး။ ဘုရားရှင်မှာသာ မျက်လုံးရှိရင် မိုးကြိုးတစ်ချက်ဆိုရင်ကို အဆင်ပြေပါပြီ]
ယွီဝိန်းလန် “….”
ယန်ရှု “….”
ကျစ် အဲဒါက အကြံကောင်းပဲ။ ဒါပေမဲ့လည်း ရှစ်လပိုင်းတောင် ရောက်နေပြီလေ။ မိုးကြိုးပစ်နိုင်တဲ့ဖြစ်နိုင်ချေက အတော်လေး နဲတယ် ။
သူ တွေးနေစဉ်မှာပဲ မြို့စားချီနှင့် သူ့မိသားစုဟာ ထရပ်ပြီးဖြစ်ကာ ဝေ့မိသားစုက လက်ဦးမှုယူပြီး ပြောလာသည် ။
“ကျွန်တော်မျိုးမ အခုလေးတင်ပဲ ဥယျာဉ်တော်ကို ဖြတ်လာတော့ တဖျပ်ဖျပ်လက်နေတဲ့ အလင်းတွေကို တွေ့လိုက်ရတယ်။ အရမ်းကို တောက်ပတာပဲ။ ဒီနေ့မှာ အထက်တန်းလွှာတွေနဲ့အတူတူ ဒီရှုခင်းကို ရှုစားခွင့်ရတာက တကယ်ကို ကြီးကျယ် ကောင်းမွန်တာပဲ အစေခံနဲ့တခြားသူတွေအတွက်ကလည်း ကောင်းချီးတစ်ပါးပါပဲ”
ထိုစကားတွေ ဆုံးသွားသည့်အခါ သူ့သမီးဖြစ်သူ ကော်ကျောက်ရုန်က လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။
ဧကရီမယ်တော်ကြီးက ပြောလိုက်သည်
“ ကိုယ်လုပ်တော်ယိက အခုဆို နဂါးဆက်ခံသူကို လွယ်ထားရတယ်လေ။ အဲတော့ ဘာအမှားမှ ဖြစ်လို့မရဘူး။ ဥယျာဉ်ထဲမှာ အလင်းတွေ အများကြီးထွန်းထားမှပဲ အဲဒါမှ လူတွေကို မတော်တဆနဲ့ ချိုင့်တွေ တွင်းတွေထဲ နင်းမိပြီး တစ်ခုခုဖြစ်လာတာကနေ ကာကွယ်နိုင်မှာလေ”
ထိုစကားတွေ ထွက်လာသည့်အခါ လူတိုင်းက ထိန်လန့်အံ့အားသင့်သွားတော့သည်။
ကျစ် ဧကရီမယ်တော်ကြီး ပြောလိုက်တာက…တစ်ခုခု ကွယ်ဝှက်ထားတဲ့ အဓိပ္ပာယ်ရှိနေသလိုပဲ။
ဝေ့ရှီ နင်သွားတာကို မြင်လိုက်ရပြီးနောက် သူ့ခေါင်းကိုညိတ်ကာသာ ပြောလိုက်သည်။
“ဧကရီမယ်တော်ကြီး ပြောတာက အရမ်းမှန်တာပဲ”
တစ်ခဏလောက် အပြစ်ရှိစိတ် ဖြစ်သွားကာ သူ့သမီးကို တစ်ယောက်တည်း ဂါရဝပြုခိုင်းတာက တကယ်ကို မကောင်းတာပဲ။ ပြီးနောက် လျင်မြန်စွာပဲ ဘေးဘက်ကို ရွှေ့လိုက်တော့သည်။
~~~
ဧည့်သည်တော်အားလုံး ရောက်နေပြီကို တွေ့လိုက်ပြီးနောက် ဆောင်းဦးလယ်ပွဲတော်ဟာလည်း စတင်ပြီဖြစ်သည်။
ယနေ့ညတွင် ပျော်ရွှင်မှုကို ထပ်ပေါင်းထည့်ပေးရန် အကနှင့် အဆို ဖျော်ဖြေမှုများ ရှိသေးသည်။ ဧည့်သည်တွေဟာလည်း တစ်ယောက်နှင့်တစ်ယောက် ဝိုင်ခွက်တွေ လဲလှယ်လိုက်ကြပြီး လေထုသည်လည်း တဖြည်းဖြည်းနှင့် မြင့်တက်လာသည်။
ယနေ့ညတွင် အစီအစဉ်များစွာ ပြင်ဆင်လာခဲ့ပြီး ဖျော်ဖြေဖို့ အခွင့်အရေးရရန် စောင့်ဆိုင်းနေကြသည့် အမျိုးသမီးငယ်လေးများစွာလည်း ရှိနေသေးသည်။
မမျှော်လင့်ထားစွာနဲ့ ထိုအချိန်မှာပဲ နန်းတော်အစေခံအချို့ဟာ စင်ပေါ်သို့ စားပွဲတစ်လုံး သယ်လာပြီး ရှင်းမူတချို့ကို စားပွဲပေါ်တွင်တင်လိုက်သည်။ နောက်တွင် ယောက်ျားတစ်ဦး လိုက်ပါလာပြီး ကြည့်ရသည်မှာ ပုံပြင်ပြောသူဖြစ်ပုံပင်။
လူတိုင်းက ချက်ချင်းပဲ သိချင်သွားကြပြီး ဒီနေ့ညမှာ ပုံပြင်ပြောသူတစ်ယောက် ရှိသေးတာလား။
ဒါကတကယ်ကို အသစ်ပဲ ။
သို့သော် ထို့နောက်ချက်ချင်းမှာပဲ ပုံပြင်ပြောသူက သူ့ကိုယ်သူ ပုတ်လိုက်ကာ စကားပြောဖို့ ပါးစပ်ဖွင့်လိုက်တော့သည်၊
“ယနေ့မှာ သခင်လေးရှောင်ယောင်ရဲ့နောက်ဆုံးထုတ် ရေးသားထားတဲ့ ပုံပြင်တချို့ကို ပြောခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်”
176 03
ဟမ်။ ဒါမှမဟုတ် သခင်လေးရှောင်ယောင်ရဲ့ ဇာတ်လမ်းအသစ်များလား။
ထိုစကားကို ကြားသည့်အခါ လူတိုင်းရဲ့မျက်လုံးတွေက လင်းလက်သွားတော့သည်။
ဇီဇာကြောင်တတ်သည့် ယန်ရှု၏ နံပါတ်တစ်ပရိတ်သတ် စက်မှုလက်မှုဝန်ကြီးဌာနရဲ့မှူးမတ်ဖြစ်သူသည်လည်း သူ့ရဲ့ဝိုင်ခွက်နှင့် တူကိုချရန် မစောင့်နိုင်တော့ဘဲ တစ်ခဏလောက် ဘာကိုမှဂရုမစိုက်နိုင်ကာ သေချာအာရုံတစိုက်နှင့် နားထောင်နေတော့သည်။
ပုံပြင်ပြောသူ၏ ပထမဆုံးပုံပြင်ကတော့ မြို့စားချီ၏ မိန်းမအပေါ်တွင် အခြေခံထားတာပင်။
ပြောမှပင် ဒါဟာ အရင်တစ်ခေါက်က ကျင်းမင်ချီ၌ လူတိုင်းအား ပုံပြင်ပြောခဲ့သည့်သူပင်။ သူ့ကို တစ်ခဏလောက် မတွေ့ရသေးချိန်မှာပဲ သူ့၏စွမ်းရည်တွေက ပိုပိုပြီးကောင်းမွန်လာကာ စိတ်လှုပ်ရှားဖွယ် ရှင်းလင်းချက်အပြီးမှာတော့ ဝေ့မိသားစု၏ ရက်စက်ယုတ်မာမှုက ယန်ရှု၏စာအုပ်ထဲတွင် ဖော်ပြထားသည့် ဖောက်ထွင်းဖွယ် အချက်သုံးခုထက် ပို၍ပင် ဆိုးရွားနေတော့သည်။
အထက်တမ်းလွှာမိသားစုထဲ လက်ထပ်ဝင်ရောက်နိုင်ရန်အတွက် တစ်ဝမ်းကွဲဖြစ်သူကို ညှင်းပန်းနှိပ်စက်သည့်အပြင် လက်ထပ်ပြီးနောက်မှာလည်း ကိုယ်လုပ်တော်တွေကို ညှင်းပန်းနှိပ်စက်ကာ သူမ၏ကိုယ်ကျင့်တရား ပျက်ပြားနေသည့် ခင်ပွန်းဖြစ်သူ နှောင်ယှက်စော်ကားတာကို ခံရသည့် အစေခံမိန်းကလေးတွေကိုပါ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်တာမျိုး မဟုတ်လျှင် သူမ၏ရောင်းချခြင်းကို ခံကြရသည်။ ပြီးလျှင် တခြားပြင်းထန်သည့် ပြစ်မှုတွေနှင့်အတူ ရေကန်ထဲသို့ ရေနှစ်သတ်ခြင်း ခံကြရသည်။ ထိုအချိန်တွင် လူတိုင်းက ဒေါသထွက်လွန်းသည့်အတွက် နေရာမှာပင် စားပွဲကိုပင် လှန်လိုက်ချင်ကြသည်။
ကံကောင်းစွာနှင့် ပုံပြင်ပြောသူက အကြောင်းအရာကို ပြောင်းလိုက်ကာ ပြောလိုက်သည်။
“နောက်ဆုံးတော့ တစ်နေ့မှာပဲ သူမရဲ့သတ်ဖြတ်တာကိုခံခဲ့ရတဲ့ တစ္ဆေ သရဲတွေက သူတို့အသက်အတွက် ပြန်လာကြပြီး အဲဒီအမျိုးသမီးနဲ့ သူ့သားတွေသမီးတွေကို ကပ်တွယ်ရင်း သူတို့ကို ရူးသွပ်ပြီး အိမ်မှာ ကိုယ့်ကိုကိုယ် ရိုက်နှက်နေအောင် ပြုလုပ်ကြတော့တယ်။ ရိုက်နှက်ခြင်း ဆဲဆိုခြင်းနဲ့ တခြားသူတွေကိုပင် ကိုက်ခြင်းမျိုးပါ ပြုလုပ်ကြပေတယ်။ အဲဒါနဲ့ အဲဒီအမျိုးသမီးက ထိတ်ပျာသွားပြီး တာအိုဘုန်းတော်ကြီးတစ်ပါးကို လာကြည့်ပေးဖို့ တစ်ယောက်ယောက်ကို မေးမြန်းစေလွှတ်လိုက်တယ်။ ဒါပေမဲ့ ထိုဘုန်းတော်ကြီး ကြည့်ရှုပြီးတဲ့အခါမှာ ဘုန်းတော်ကြီး ပြောတာက သူမဟာ မကောင်းမှုတွေ အများကြီးကို ပြုလုပ်ခဲ့တဲ့အတွက် ဆယ့်ကိုးရက်တာ အဓိဌာနန်ဝင်တာက ထိုအပြစ်မဲ့တဲ့ဝိဥာဉ်တွေ သောင်းကျန်းမှုပြုတာကို သက်သာစေနိုင်တယ်လို့ ပြောခဲ့တယ်”
ထိုအချက်တွင် အကြီးဆုံးတော်ဝင်မင်းသမီးကြီးက မနေနိုင်ဘဲ မေးမြန်းလာတော့သည်။
“သူမအဲ့လိုလုပ်လိုက်လား။ ပြောမှပဲ ဒီအမျိုးသမီးရဲ့ ပြစ်မှုတွေကို လေးဆယ့်ကိုးရက်တာ သတ်သတ်လွတ်စားတာနဲ့ ဗုဒ္ဓတရားတော်တွေ ရွတ်ဖတ်တာနဲ့ ချေဖျက်နိုင်တယ်ဆိုတာ အမှန်ပဲလား။ အရမ်းရိုးရှင်းနေမှာ မဟုတ်ဘူးလား”
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြကာ ဒီအမျိုးသမီးက မကောင်းမှုတွေအများကြီး လုပ်ခဲ့တာပဲဟု တွေးနေကြပေသည်။ တကယ်လို့ သတ်သတ်လွတ်စားပြီး တရားတော်တွေ ပွားများတာက အဲဒါကို ခုခံနှိမ်နင်းနိုင်တယ်ဆိုရင် အရမ်းကို မသာယာချင်စရာပဲ။
သို့သော် ပုံပြင်ပြောသူက အပြုံးတစ်ပွင့်နှင့် ပြောလာသည်။
“မပူပါနဲ့ မင်းသမီးကြီး သိရမှာက ပညာရှိက အဲ့လိုပြောခဲ့ပေမဲ့ ဒီအမျိုးသမီးက အဲလို မလုပ်ချင်ခဲ့ဘူး။ ပြောရရင် သူမသာ အဲလိုလုပ်လိုက်မယ်ဆို သူမက တကယ်ပဲ အဲဒီမကောင်းတဲ့ လုပ်ရပ်တွေအားလုံးကို လုပ်ခဲ့တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ တစ်ခါပြန့်နှံ့သွားတာနဲ့ အရမ်းကို အရှက်ရစရာပဲ။ အဲဒါကြောင့် သူမက စံအိမ်အပြင်ဘက်ကို လူတွေ ထပ်လွှတ်လိုက်ပြီး စံအိမ်ထဲက သောင်းကြမ်းနေတဲ့ဝိဥာဉ်တွေကို ဖိနှိပ်ဖို့ ပိုပြီးတော့ လုပ်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ကို ရှာခိုင်းလိုက်တယ်။ ဒါပေမဲ့လည်း လုပ်နိုင်စွမ်းရှိတဲ့သူကို မရှာနိုင်သေးခင်မှာပဲ စံအိမ်ထဲက သရဲတွေက ပိုပိုပြီး သောင်းကြမ်းလာပြီးတော့ သူ့သားနဲ့သမီးနှစ်ယောက်ကို ပူးကပ်ရင်း တစ်ယောက်က ညလယ်ထဲမှာ သူမကို ရေတွင်းထဲ တွန်းချလိုက်ပြီး တခြားတစ်ယောက်က အိမ်ကို မီးရှို့လိုက်တော့တယ်”
အကြီးဆုံးတော်ဝင်မင်းသမီးကြီးက မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်နေပြီး
“ဆိုတော့ အဲဒီအမျိုးသမီးက နောက်ဆုံးမှာ ရေနစ်သွားတာလား”
ပုံပြင်ပြောသူက ခေါင်းညိတ်ကာ ပြောလိုက်သည်။
176 04
“အမှန်ပဲ ပြောရရင် အဲ့အချိန်တုန်းက တစ်အိမ်လုံး မီးလောင်နေတာဆိုတော့ မိသားစုတစ်ခုလုံးက မီးငြှိမ်းဖို့ အလျင်လိုနေခဲ့တာ။ မီးငြှိမ်းနိုင်တဲ့အချိန် သူမကို အမှတ်ရတဲ့အခါမှာတော့ သူမကို ရေတွင်းထဲ ရေနစ်နေပြီးဖြစ်တာကို တွေ့လိုက်ရတော့တယ်။ အခုချိန်မှာ စံအိမ်ထဲက အပြစ်မဲ့ဝိဥာဉ်တွေကလည်း ပျောက်ကွယ်သွားတော့တယ်။ ပြီးနောက် စံအိမ်ဟာလည်း နောက်ဆုံးမှာပြန်ပြီး တည်ငြိမ်လာတော့တယ်။ ဒါပေမဲ့လည်း စံအိမ်က အပျက်အစီးပုံကြီးအဖြစ် မီးလောင်သွားခဲ့တော့ ဘယ်သူမှ ထပ်နေလို့ မရတော့ဘူး”
“သူနဲ့တန်တယ်။ တကယ်ကို ထိုက်တန်တယ်”
အကြီးဆုံးတော်ဝင်မင်းသမီးကြီးက သူမလက်ကို တီးလိုက်ကာ ပြောလိုက်သည်။
“ဒါက မကောင်းတဲ့သူက မကောင်းမှုပဲ ပြန်ချီးမြှင့်ခံရမယ်ဆိုတာပဲ။ ဒီဇာတ်သိမ်းက အရမ်းကိုပျော်စရာပဲ”
ထိုစကားတွေကို ကြားလိုက်သောလာအခါ လူတိုင်းက သူတို့ရဲ့လက်တွေကိုတီးလိုက်ပြီး ပြောလိုက်သည်။
“ဒီပုံပြင်က အရမ်းကောင်းလွန်းတယ်”
နှစ်ထောင်းအားရ သဘောကျနေသည့်ကြားတွင် ယန်ရှုက ပုံပြင်၏ဇာတ်ဆောင်ဖြစ်သူ ဝေ့ရှီအား ကြည့်လိုက်သည်။
သို့သော် သူမ မြင်လိုက်သည်က သူမမျက်နှာဟာ မီးခိုးရောင်သန်းကာ ဖြူဖျော့နေပြီး အသားအရေဟာလည်း အရုပ်ဆိုးနေပေသည်။
သူမက တွန့်ဆုတ်နေကာ ထရပ်ကာ စားပွဲကမေ ထွက်သွားချင်နေသည့်အတိုင်းပင်။
ဟမ့် မကောင်းမှုတွေ အများဆုံး လုပ်ထားတဲ့ ဒီလူတွေရဲ့ထိတ်ပျာနေတဲ့ မျက်နှာတွေကို ကြည့်ရတာကြိုက်တယ်။
သူမအတွက် တွင်းတစ်ခု တူးပေးထားတုန်းက စွမ်းအင်တွေကို အမှတ်ရစမ်းပါ။
မမျှော်လင့်ထားစွာနှင့် ထိုအချိန်မှာပဲ မီးခိုးရောင်သန်းနေတဲ့ ဆံပင်နဲ့မြို့စားချီက ရုတ်တရက် ပြောလာသည်။
“ဒီနေ့ဆောင်းဦးလယ်ပွဲတော်မှာ ဒီလို ဘာမှမဟုတ်ပဲ အလကားသက်သက် ဖန်တီးထားတဲ့ ဒီလိုသရဲတစ္ဆေတွေအကြောင်း နားထောင်ရတာက သိပ်ပြီးတော့ သာယာဖွယ် မရှိဘူး”
ဒါကိုကြားချိန်မှာ လူတိုင်းက တွန့်ဆုတ်သွားတော့သည်။
ဘယ်လိုတောင် မြင်ကွင်းကို ဖျက်ဆီးနေတာလဲ။
ဒီလူအိုကြီးက တကယ့်ကို အဖျက်သမားပဲ ဟုတ်ပြီလား။ ဒါကပုံပြင်လေးပဲလေ သူက ဘာအမှားမှ မလုပ်ထားဘူးမလား ဘာလို့ဝိဥာဉ်လေး နည်းနည်းလောက်ကို ကြောက်နေမှာလဲ။
သေချာပေါက်ပင် သူတို့က ဒေါသပဲထွက်နိုင်ကာ ထုတ်မပြောရဲကြပေ။ ပြောရလျှင် ဒီလူအိုကြီးက စိတ်တိုင်းကျဒေါသထွက်နိုင်ရန် တကယ့်ကို အကြီးအကဲ ဖြစ်လွန်းနေသည်။
ကံကောင်းစွာနှင့် ယန်ရှုက သူမပါးစပ်ကို အချိန်မီဖွင့်လိုက်ကာ ပုံပြင်ပြောသမားအား ပြောလိုက်သည်။
“တကယ်လို့ အဲ့လိုသာဆို တခြားအကြောင်း ပြောရအောင်။ တခြားသရဲပုံပြင်တွေရှိလား”
ပုံပြင်ပြောသမားက ချက်ချင်းပဲ ပြောလိုက်တော့သည်။
“ဒါဆိုရင်တော့ ကျွန်တော်မျိုးက တော်ဝင်ကိုယ်လုပ်တော်ကို နောက်ထပ်ဒုတိယပုံပြင်တစ်ပုဒ်ကို နားထောင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပြောကြတာကတော့ မြို့တော်နဲ့သိပ်မဝေးတဲ့နေရာမှာ လုကျိုးလို့ခေါ်တဲ့ စီရင်စုတစ်ခုရှိတယ်တဲ့။ အဲဒီမှာ မိသားစုတစ်ခုရှိပြီး ခင်ပွန်းနဲ့ဇနီးဖြစ်သူဟာ ချစ်ခင်နှစ်သက်ကြပြီး သဟဇာတလည်း ဖြစ်တယ်။ လိမ္မာတဲ့သမီးတွေကို ပျိုးထောင်ထားပြီး နှစ်ယောက်လုံးက အပြုအမူကောင်းရှိကာ အိမ်နီးချင်းတွေကိုလည်း မကြွားဝါတတ်ကြဘူး။ နေ့ရက်တွေကုန်ဆုံးလာပြီး ဒီမိန်းကလေးနှစ်ယောက်က ပိုပိုပြီး လှပလာကြကာ သိပ်မကြာခင်မှာပဲ နေရာတော်တော်များဆီကနေ လက်ထပ်ခွင့် တောင်းခံလွှာတွေ ရရှိလာပြီး တကယ်ကို စံချိန်တင်နိုင်လုနီးပါးပဲ”
“ထိုစုံတွဲက သူတို့ရဲ့အကြီးဆုံးသမီးအတွက် သားမက်ကောင်းတစ်ယောက်ကို ရွေးချယ်ဖို့ စီစဉ်နေချိန်မှာ မမျှော်လင့်ထားဘဲ မြို့တော်က အာဏာရှိတဲ့လူတစ်ယောက် ရောက်လာတော့တယ်”
“ဒီလူအိုကြီးက သူ့ရဲ့ကြွယ်ဝချမ်းသာမှုကလွဲရင် ဘာကောင်းမွန်တာမှ မရှိဘူး။ သူက ယောက်ျားတွေ မိန်းမတွေကို အနိုင်ကျင့်ပြီး ပြစ်မှုမျိုးစုံကို ကျူးလွန်တယ်။ အဲဒီစုံတွဲက သခင်ကြီးထက်တောင် နှစ်အနည်းငယ် အသက်ကြီးနေပေမဲ့ သူတို့ရဲ့သမီးအကြီးဆုံးသမီးကိုတောင် နှစ်သက်သွားသေးတယ်။ အဲဒါကြောင့် လှည့်ကွက်မျိုးစုံ အကျပ်ကိုင်မှုနဲ့ ဖြားယောင်းမှုအမျိုးစုံကို သုံးပြီး ဒီကောင်းမွန်တဲ့မိန်းကလေးကို သူ့ရဲ့ကိုယ်လုပ်တော်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်”
ထိုအချိန်တွင် ပုံပြင်ပြောသူက တမင်သက်သက် ရပ်တန့်လိုက်ပြီး ညစာစားပွဲတွင် ဆူပူနေမှုများစွာရှိပေသည်။
သောက်ထားသည်ကြောင့် ဖြစ်နိုင်သည် ဒါမှမဟုတ် ယခုလေးတင်က မြို့စားချီ၏ပိတ်ဆို့မှုကြောင့်လည်း ဖြစ်နိုင်သည်။ လူတိုင်းက ယခုအချိန်မှာ ဒေါသထွက်နေကြကာ မပြောဘဲ မနေနိုင်ပေ။
“ဒီလူအိုကြီးမှာ မြို့တော်က နံရံထက်တောင် ထူတဲ့မျက်နှာရှိတာပဲ။ တခြားသူတွေထက် ပိုကောင်းတယ်ပေါ့လေ။ သူကဖြင့် ဒီလောက်တောင် အိုနေပြီကို တစ်ယောက်ယောက်ကို ကိုယ်လုပ်တော်ဖြစ်အောင် တွန်းအားပေးဖို့ မျက်နှာရှိသေးတယ်လား”
176 05
“အမှန်ပဲ လုံးဝကို လောကဝတ်မရှိတဲ့အပြင် အရှက်လည်း မရှိဘူး”
ဝေဖန်ရှုတ်ချမှုအလယ်တွင် သူတို့ တွေ့လိုက်သည်က မြို့စားချီ၏ဆက်ခံသူ ကော်ကျန်းဟိုင်က အပ်တွေပေါ် ထိုင်နေရသည့်ပုံမျိုးနှင့် ချက်ချင်းထရပ်လိုက်ပြီး လူတိုင်း သတိမပြုမိသည့်အချိန်တွင် တိတ်တဆိတ် ခိုးထွက်သွားချင်ခဲ့သည်။
မမျှော်လင့်ထားစွာနှင့် ဧကရာဇ်က သူ့ကို ရပ်တန့်စေလိုက်သည်။
“ကော်ချင်းရဲ့မိသားစုက ဘယ်ကိုသွားမလို့လဲ”
ကော်ကျန်းဟိုင်က ရပ်တန့်သွားကာ ရွေးချယ်စရာမရှိဘဲ သူ့ခေါင်းကို ညွှတ်လိုက်ကာ ပြန်ဖြေလိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးက ရုတ်ရက်ကြီး နေလို့မကောင်းဖြစ်လာလို့ လေနည်းနည်းရဖို့ အပြင်ထွက်ချင်လို့ပါ….”
သူပင် စကားမဆုံးခင်မှာပဲ ဧကရာဇ်မင်းကြီးက ထပ်ပြောလာသည်
“ဒီနေ့တော်ဝင်ဥယျာဉ်ထဲမှာ တော်ဝင်သမားတော်ရှိတယ်။ ကိုယ်တော် မောင်မင်းကို ကြည့်ခိုင်းလိုက်မယ်”
တော်ဝင်သမားတော်လား။
တော်ဝင်သမားတာ်ကိုပြဖို့ တကယ်ပဲ တန်ရဲ့လား။
ကော်ကျန်းဟိုင်က တစ်ခဏလောက် တွန့်ဆုတ်သွားကာ လျင်မြန်စွာ ပြောလိုက်သည်။
“အရှင်မင်းကြီးရဲ့စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုးက တော်ဝင်သမားတော်ကို အလုပ်မလုပ်ခိုင်းဝံ့ပါဘူး။ ကျွန်တော်မျိုးက အဆင်ပြေပါတယ်”
ဧကရီမယ်တော်ကြီးက ထိုအရာကို မြင်လိုက်ပြီး နှာမှုတ်ကာ ပြောလိုက်သည်။
“ဘာမှမဖြစ်ဘူးဆိုရင်လည်း ပြန်ထိုင်ပြီး ပုံပြင်ကိုနားထောင်လေ”
ထိုအရာကို တွေ့သည့်အခါ ကော်ကျန်းဟိုင်က နာခံလိုက်ပြီး ရွေးချယ်စရာမရှိဘဲ ပြန်ထိုင်လိုက်ရသည်။
******
177 01
အပိုင်း 177
ဧကရီမယ်တော်ကြီးရဲ့အမိန့်ကို လိုက်နာ၍ မြို့စားချီ၏သားဖြစ်သူ ကော်ကျန်းဟိုင်ဟာ ရွေးချယ်စရာမရှိဘဲ သူ့နေရာတွင် ပြန်ထိုင်လိုက်ရသည်။
ပုံပြင်ပြောသူက ဆက်ပြောတော့သည်။
“ဒီလူရဲ့အနောက်ဆောင်မှာ ဆယ်ယောက်ထက်မနည်းတဲ့ ကိုယ်လုပ်တော်တွေ ရှိနေပြီဖြစ်တယ်။ သူတို့ထဲက အများစုဟာလည်း ထိုမိန်းကလေးလိုမျိုး မိသားစုကောင်းကနေ ဆင်းသက်လာသူတွေ ဖြစ်ကြတယ်။ သူတို့အားလုံးကို ဒီလူအိုကြီးက အပိုင်ယူထားတာပ။င် အရေးအကြီးဆုံး အရာကတော့ ဒီလူအိုကြီးရဲ့ဇနီးဖြစ်တဲ့ စံအိမ်ရဲ့သခင်မက အရမ်းကိုရက်စက်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတာပဲ။ စံအိမ်ထဲကို ဝင်လာသမျှ အမျိုးသမီးတိုင်းကို သန္ဓေပျက်ကျဆေး ပေးပြီး ထိုအရာဟာ ကိုယ်လုပ်တော်တွေဆီကနေ ကလေးမွေးလာမည်ကို တားဆီးတာတဲ့လေ။ သဘာဝကျစွာနဲ့ ဒီမိန်းကလေးဟာလည်း မလွတ်မြောက်နိုင်ဘဲ စံအိမ်ထဲဝင်ပြီး လဝက်အတွင်းမှာပဲ သခင်မဆီကနေ အဆိပ်ခတ်ခံလိုက်ရပြီး သေလုနီးပါးဖြစ်သွားခဲ့တယ်။ ပြောရရင် ဒီနေ့ကအရမ်းကို စိတ်မချမ်းမြေ့စရာပဲ”
ဒါကိုကြားချိန်မှာ လူတိုင်းက ထိတ်လန့်သွားတော့သည်။
မင်းသမီးရူရန်ကလည်း မနေနိုင်ဘဲ မေးလာတော့သည်။
“ခဏနေပါဦး ဒီထဲကစံအိမ်သခင်မက ရှေ့ပုံပြင်က မကောင်းတဲ့အမျိုးသမီးနဲ့ အရမ်းကို တူတာပဲ”
သို့သော် ပုံပြင်ပြောသူကခေါင်းညိတ်ကာ ပြောလာသည်။
“ဒီအထက်တန်းလွှာပဲ မှန်ပါတယ် ဒီပုံပြင်နှစ်ပုဒ်က တကယ်တော့ မိသားစုတစ်ခုအကြောင်းပါ”
ထိုစကားတွေ ထွက်လာသည်နှင့် ရူရန်မင်းသမီးက ကြက်သေ သေသွားကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဖြစ်ချင်တော့ ဒီမိသားစုက မိသားစုတစ်ခုတည်းက ဖြစ်နေတာပဲ။ ထူးဆန်းတဲ့နည်းလမ်းတွေက အရမ်းကို ဆိုးရွားလွန်းတယ်”
ကျန်သည့်လူတွေအားလုံးကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလာကြသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ဆူပူလာသည်။
“တစ်ယောက်က စာရိတ္တဖောက်ပြားနေတဲ့ အကျင့်မကောင်းတဲ့အကောင်။ နောက်တစ်ယောက်က ရက်စက်တဲ့မိန်းမ ဒီစုံတွဲက အတော်လေး ကောင်းမွန်တဲ့တွဲစပ်မှုပဲ”
ယန်ရှုက ထိုစကားလုံးတွေကို ကြားသည့်အခါ မျက်လုံးတွေတောက်ပသွားပြီး သူမရဲ့လက်ကိုပင် တီးကာ အော်ဟစ်ပစ်နိုင်ဖို့ ဆုတောင်းနေမိသည်။ ဒါက ထူးထူးချွန်ချွန်နဲ့ကို အနှစ်ချုပ်လိုက်တာပဲ။
တစ်ချိန်တည်းမှာပင် မြို့စားချီရဲ့သား ကော်ကျန်းဟိုင်နဲ့ သူ့ဇနီးဖြစ်သူ ဝေ့မိသားစုရှိရာသို့ ကြည့်လိုက်သည်။ သို့သော်လည်း တွေ့လိုက်ရသည်က ထိုနှစ်ဦးရဲ့မျက်နှာတွေဟာ စိမ်းတစ်လှည့် ဖျော့တစ်လှည့်ဖြစ်နေပြီး အမူအရာတွေကလည်း အတော်လေးကို ပုံပျက်နေပေသည်။ ကြည့်ရသည်မှာ စိတ်ရှုပ်ထွေးပြီး ဒေါသထွက်နေပုံပင်။ သို့သော်လည်း သူတို့ဟာ စကားမပြောနိုင်ပေ။ ကြည့်ရသည်မှာ အတော်လေး ဆိုးရွားနေပေသည်။
ဟက် ဒါက ဘယ်နေရာမို့လို့လဲ။ နှစ်တွေအများကြီးထိ မကောင်းတဲ့အရာတွေကို ဒီလောက် အများကြီး လုပ်လာတာ အကြိမ်နည်းနည်းလောက် ဆူပူခံရတာကို ဘာဖြစ်နေတာလဲ။
သို့သော် ထိုအချိန်မှာပင် ပုံပြင်ပြောသူက ဆက်ပြောပြန်သည်။
“ပုံပြင်ကို ဖတ်တဲ့သူတိုင်း ပြောကြတာ မှန်ပါတယ်။ နောက်ပုံပြင်ကို ဆက်ပြောဖို့ ကျုပ်ပြောတာကို နားထောင်ပေးကြပါ။ ဒါပေမဲ့ ပြောကြတာကတော့ ဒီမိန်းကလေးက မြို့တော်က ကောင်းမန်စံအိမ်မှာ ထူးထူးဆန်းဆန်း သေဆုံးသွားခဲ့တယ်တဲ့။ ရှင်သန်ဖို့က ခက်ခဲပေမဲ့ သူတို့ မသိတာက ဒီသားရဲအိုကြီးက သူမရဲ့ညီမဖြစ်သူကိုပါ တွေးနေဆဲဆိုတာပဲ။ နှစ်နှစ်ကြာပြီးတဲ့အခါမှာတော့ ညီမလေးက ကြီးပြင်းလာပြီလို့ ယူဆလို့ရပြီး ဒီလူအိုကြီးက အမဲလိုက်တာကို ဆင်ခြေအဖြစ်ပေးပြီး သူမဆီကို ထပ်သွားလည်ပတ်တော့တယ်။ ဒီလူက လှည့်ကွက်ဟောင်းကိုပဲ အသုံးပြုပြီး ညီမငယ်ဖြစ်သူကို ထပ်ပြီးပိုင်ဆိုင်ဖို့ ကြိုးစားနေပြန်တယ်”
ထိုစကားတွေ ထွက်လာသည်နှင့် ပွဲကြည့်ပရိတ်သတ်တွေက ထပ်ပြီးဒေါသထွက်လာကြပြန်သည်။
အကြီးဆုံးတော်ဝင်မင်းသမီးကြီးက မနေနိုင်ဘဲ ထပ်ပြောလာသည်။
“ဒီမိန်းကလေးနှစ်ယောက်က ကျားခံတွင်းထဲက ဘယ်တုန်းကမှ ကျမသွားသင့်ဘူး”
သို့သော် ပုံပြင်ပြောသူက ပြောလာသည်။
“မင်းသမီးပြောတာက အရမ်းကိုမှန်ပါတယ်။ ကံကောင်းစွာနဲ့ပဲ စုံတွဲဖြစ်သူကလည်း တစ်ယောက်ယောက်က ဒုတိယသမီးကို တောင်းရမ်းဖို့ လာနေတယ်ဆိုတဲ့ အန္တရာယ်ကို အာရုံခံမိလို့ နှစ်ယောက်သားက ဒုတိယသမီးရဲ့လက်ထပ်ပွဲ သဘောတူချက်ကို အလျင်အမြန် လုပ်လိုက်တော့တယ်”
ဒါကိုကြားချိန်မှာ လူတိုင်းက သက်ပြင်းမောတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး နောက်ဆုံးတော့ ဒီမိသားစုက လွတ်မြောက်သွားပြီဟု တွေးနေပေသည်။
177 02
မမျှော်လင့်ထားစွာပင် ထိုပုံပြင်ပြောသူက ဆက်ပြောလာသည်။
“မမျှော်လင့်ထားပဲ ဒီလူအိုကြီးက အရမ်းကို ဒေါသထွက်သွားပြီး သူ့ရဲ့အာဏာကိုအသုံးပြုပြီးတော့ အဖေဖြစ်သူကို စွပ်စွဲလုပ်ကြံပြီးတော့ အကျဉ်းထောင်ထဲကို ပို့လိုက်တော့တယ်”
ထိုစကားတွ ထွက်လာသည်နှင့် လူတိုင်းက ချက်ချင်းပဲ ထပ်ပြီးဒေါသထွက်လာကြပြန်သည်။
“ဒီလူအိုကြီးရဲ့မျက်လုံးထဲမှာ ဧကရာဇ်ရဲ့ ဘယ်ဥပဒေမှ ရှိမနေဘူးလား”
“ဟုတ်တယ် ဟုတ်တယ်။ ဘယ်လိုလုပ်ပြီး လူတွေကို ဒီလိုအနိုင်ကျင့်နိုင်ရတာလဲ”
အကြီးဆုံးတော်ဝင်မင်းသမီးကြီးက ပုံပြင်ပြောသူကို စိတ်တိုစွာနှင့် ပြောလိုက်သည်။
“ငါ နေလာတာဖြင့် ဒီလောက်အကြာကြီး ရှိနေပြီ။ ဒါက ဒီလိုအနိုင်ကျင့်တာမျိုးကို ကြားဖူးတဲ့ ပထမဆုံးအကြိမ်ပဲ။ ဒီလိုလူမျိုးကို ကောင်းမွန်တဲ့အဆုံးသတ် ပေးလို့မဖြစ်ဘူး”
ပုံပြင်ပြောသမားက လျင်မြန်စွာ ပြောလိုက်သည်။
“မင်းသမီး အလျင်မလိုပါနဲ့။ ကျွန်တော်မျိုး ဆက်ပြောပါရစေ။ ဒီလိုမျိုးဘာရာထူးမှမရှိတဲ့ သာမန်လူတစ်ယောက်က မြို့တော်က အာဏာရဲ့ဖိနှိပ်မှုကို ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်ပါ့မလဲ။ အဲဒါကြောင့် သူ့မှာနာကြည်းချက်အပြည့် ဖြစ်နေပေမဲ့ သူ့အဖေက အခုထိ အကျဉ်းထောင်ထဲမှာလေ။ ကံကောင်းလို့ ဒေသခံအရာရှိတွေက သူဟာ မှားယွင်းခံရတယ်ဆိုတာကိုသိပြီး ကြီးလေးတဲ့အပြစ်ဒဏ်ကို မခံနိုင်ဘူးဆိုတာ သိကြတယ်။ အဲဒါကြောင့် နှစ်နှစ်ကြာတဲ့အခါမှာတော့ သူ့ကို လွှတ်ပေးလိုက်ကြတယ်။ ဒါပေမဲ့လည်း သူတို့ထင်ခဲ့တာက ဒီမိသားစုဟာ ပြန်လည်ပေါင်းစည်းပြီး ဘဝကို ကောင်းကောင်းမွန်မွန် နေနိုင်မယ်လို့လေ။ ဒါပေမဲ့ ဒီသတင်းက မြို့တော်ဆီကိုပျံ့နှံ့သွားပြီး ဒီလူအိုကြီးက မကျေမနပ်ဖြစ်ကာ တူညီတဲ့လှည့်ကွက်ဟောင်းကို သုံးပြီး အဖေဖြစ်သူကို အကျဉ်းထောင်ထဲ ထပ်ပို့ချင်ရုံသာမက ဦးဆောင်တဲ့အရာရှိကိုလည်း သူ့ဒေါသကို ဖြေဖျောက်ဖို့အတွက် အကွက်ချချင်နေတယ်”
လူအုပ်က ထိုပုံပြင်ကို ကြားသည့်အခါ ပရိတ်သတ်ကပေါက်ကွဲထွက်သွားပြီး သူတို့အားလုံးက ဒေါသတကြီးနဲ့ ပြောလိုက်သည်။
“ဘုရားရေ။ ဒီကမ္ဘာမှာ ဒီလိုမကောင်းတဲ့သူမျိုးလည်း ရှိသေးတာလား”
“အမှန်ပဲ သူက ဒီလောကကို အုပ်စိုးနေတဲ့သူ မလို့လား။ ဘယ်လိုတောင် လက်လွတ်စပယ် ပြုမူရဲတာလဲ”
အကြီးဆုံးတော်ဝင်မင်းသမီးကြီးကလည်း ပြောလာသည်။
“ဒီလူက အသက်ရှင်ပြီး ကောင်းကောင်းနေနေတုန်းပဲလား။ ဘုရားရှင်က သူ့ကို မိုးကြိုး ပစ်မချလိုက်ဘူးလား။ အိုး မဖြစ်ဘူး သူက သူတို့မိသားစုကို သတ်ပစ်လိုက်သေးလား”
ထိုစကားတွေ ထွက်လာသည်နှင့် ယန်ရှုက မျက်ခုံးမပင့်ဘဲ မနေနိုင်တော့ပေ။ သို့သော်လည်း သူမရဲ့ဘော့စ်ဖြစ်သူ ဧကရီမယ်တော်ကြီးက သူမရဲ့ယောင်းမဖြစ်သူအား ကြည့်လိုက်ကာ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ယန်ရှုက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ မယ်တော်ကြီးနဲ့ ယောင်းမတော်တို့က အမြဲတမ်း စည်းချက်တကျ ဖြစ်နေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။ ဘာလို့ဆို သူတို့ရဲ့သုံးဖက်အမြင်က အတော်လေးကောင်းတာပဲ။
ထို့နောက် ကော်ကျန်းဟိုင်နဲ့ သူ့အမျိုးသမီးတို့အား ကြည့်လိုက်သည်။ သူတို့ရဲ့မျက်နှာတွေက ဖြူဖပ်ဖြူရော်ဖြစ်နေကာ ထိုင်ခုံအောက်ထဲ ဝင်နေနိုင်ဖို့ ဆုတောင်းနေမိသည်။
တစ်ယောက်ယောက်က ပုံပြင်ပြောသမားအား လျင်မြန်စွာ မေးလိုက်သည်။
“အနာဂတ်မှာ ဘာဖြစ်မှာလဲ။ ဒီလိုမိသားစုကောင်းက ဒီလူအိုကြီးရဲ့ထပ်ပြီး အကွက်ဆင်တာကို ခံရဦးမှာတော့ မဟုတ်ဘူးမလား”
ပုံပြင်ပြောသမားက လျင်မြန်စွာ ပြောလိုက်သည်။
“သေချာပေါက် မဟုတ်ဘူးပေါ့။ ကျေးဇူးပြုပြီး စိတ်လျော့ထားပါ ကောင်းကင်ဘုံစည်းမျဉ်းလို့ ခေါ်တဲ့အရာက မကောင်းတာ လုပ်တဲ့သူတွေကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ပါဘူး။ ပြောကြတာကတော့ မင်းက ဘာမှမလုပ်ထားဘူးဆိုတာကို တခြားသူတွေကို သိစေချင်ပေမဲ့ တစ်နေ့မှာ ညီလာခံက တစ်ယောက်ယောက်က ဒီလူရဲ့ရည်ရွယ်ချက်တွေကို ရှာတွေ့သွားခဲ့တယ်။ ပြီးနောက် ဒေါသထွက်စွာနဲ့ ဧကရာဇ်ဆီကို ချက်ချင်းပဲ သတင်းပို့လိုက်တော့တယ်။ အရှင်မင်းကြီးကလည်း သဘာဝကျကျပဲ ဒေါသပုန်ထသွားပြီး ချက်ချင်းပဲ ဒီကိစ္စကို သေသေချာချာစုံစမ်းဖို့ တစ်ယောက်ယောက်ကို အမိန့်ပေးလိုက်တော့တယ်”
“မမျှော်လင့်ထားတာကတော့ မစစ်ဆေးကြည့်မိဘူးဆိုလျှင် ဒီလူဟာ မကောင်းတဲ့အရာတွေ အများကြီး လုပ်ထားတာကို သိနိုင်မှာ မဟုတ်ဘူး။ အားလုံးက တော်ဝင်မိသားစုက အပ်နှင်းထားတဲ့ အာဏာကိုအသုံးချပြီး သာမန်လူတွေကို အကြောင်းမဲ့သက်သက် ဖိနှိပ်ကာ တော်ဝင်ညီလာခံရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းစေတဲ့အပြင် တစ်ယောက်ထက်ပိုတဲ့ လူ့အသက်တွေပါ ပါဝင်နေပေတယ်။ ဧကရာဇ်က ဒီလိုကောက်ကျစ်ယုတ်မာတဲ့ လူမျိုးကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်ပါ့မလဲတဲ့။ ချက်ချင်းပဲ ဒီလူကို ခေါင်းဖြတ်ဖို့ အမိန့်ချမှတ်လိုက်တော့တယ်။ သူ့ကို သေမင်းဂိတ်တံခါးဆီ တွန်းပို့ကာ တစ်နေ့တည်းမှာပဲ ပြည်သူတွေရဲ့အမုန်းတရားကို ဖွင့်ထုတ်စေပြီး ခေါင်းဖြတ် သတ်စေတယ်”
ထိုစကားသံ ထွက်လာသည်နှင့် ခန်းမထဲ၌ လက်ခုပ်ဩဘာသံများနှင့် ပြည့်သွားကာ ပရိတ်အားလုံးက ချီးမြှောက်လာကြသည်။
“ပျော်စရာပဲ။ ကောင်းကင်ရဲ့ဥပဒေသတွေက ရှင်းလင်းတယ်။ မကောင်းတဲ့လူကို မကောင်းမှုနဲ့ပဲ ချီးမြှင့်ခံရမယ်”
“ကောင်းတယ် ကောင်းတယ်။ ကံကောင်းလို့ ကောင်းကင်သားတော်မိသားစုက အမှန်တရားကို လက်ကိုင်ထားလို့။ ကံကောင်းလို့ မင်ကျွင်းရှိနေတာ”
177 03
သို့သော် ချီးမြှောက်သံရဲ့အလယ်တွင် ဘန်းခနဲမြည်သံကြီး ကြားလိုက်ရပြီး တစ်စုံတစ်ခုက မြေပေါ်သို့ ကျသွားသည့်ပုံပင်။
လူတိုင်းက ကြည့်ကြည့်ရန် သူတို့ခေါင်းအား လျင်မြန်စွာ လှည့်လိုက်ကြသည်။ တွေ့လိုက်ရသည်က အခုလေးတင် နေလို့မကောင်းဟု ပြောခဲ့သည့် မြို့စားချီရဲ့သား ကော်ကျန်းဟိုင်ဟာ ပြုတ်ကျပြီး ကြမ်းပြင်ပေါ် ထိုင်နေတာပင်။
ထို့အပြင် သူ့အသားအရေဟာလည်း ဖြူဖျော့နေကာ သူ့ခေါင်းသည်လည်း ချွေးအေးတို့ဖြင့် ဖုံးလွှမ်းနေပေသည်။ ကြည့်ရသည်မှာ အရမ်းကို အဆင်မပြေသည့်ပုံပင်။
လူတိုင်းက ပဟေဠိ ဖြစ်သွားရသည်။
သို့သော် ဧကရာဇ်က ပြောလာသည်။
“ကော်ချင်းမိသားစုက နေလို့မကောင်းဘူးဆိုရင် တော်ဝင်သမားတော်ကို တစ်ချက် ကြည့်ခိုင်းရင်ရော”
ဧကရာဇ်ရဲ့စကားတွေက ထိုသို့ပြောနေပေမဲ့ လေသံက အရမ်းကို အေးစက်နေပေသည်။
ကော်ကျန်းဟိုင်က သူခိုးတစ်ယောက်ကဲ့သို့ အပြစ်ရှိစိတ် ခံစားလိုက်ရပြီး သူ့ခုံနေရာတွင် ပြန်ထိုင်လိုက်ကာ ပြောလိုက်သည်။
“မလုပ်ရဲပါဘူး အရှင်မင်းကြီးရဲ့ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး အဆင်ပြေပါတယ်”
သို့သော် လူတိုင်းက ပုံပြင်ကို စဉ်းစားနေဆဲဖြစ်သည့်အတွက် ပုံပြင်ပြောသူကို လျင်မြန်စွာ မေးလာသည် ။
“ဒီလူက သေသွားပြီဆိုပေမဲ့ သူခေါ်တာခံရတဲ့ အဲဒီမိန်းကလေးတွေကရော ပြီးတော့ သူတို့မိသားစုထဲက အဲဒီ ကောက်ကျစ်တဲ့မိန်းမကရော ဘာဖြစ်သွားလဲ”
သို့သော် ပုံပြင်ပြောသူက ကြင်ကြင်နာနာဖြင့် ပြောလာသည်။
“သူ့ရဲ့မိသားစုဝင်အနေနဲ့ ပြစ်မှုတွေအားလုံးကို သိတယ်လေ။ ပြီးတော့လည်း ဥပဒေရဲ့အပြစ်ပေူမှာကနေ မလွတ်မြောက်နိုင်ဘူး။ အဆုံးမှာတော့ ပြည်နှင်ဒဏ်ပေးခံရပြီး သူမတစ်ဘဝလုံး အေးစက်ခါးသီးတဲ့ နယ်စပ်မှာပဲ ခြေဦးတည့်ရာ လှည့်လည်သွားလာနေရတော့တယ်။ ပြီးတော့ မြို့တော် ပြန်လာခွင့် မရှိဘူး ။ကျန်တဲ့သူတွေအတွက်ကတော့ သူတို့အားလုံးက နစ်နာသူတွေလို့ ယူဆတဲ့အတွက် သူတို့အားလုံးကို လွတ်လပ်ခွင့်ပေးပြီး သနားစရာကောင်းတဲ့ မိန်းကလေးတွေက နောက်ဆုံးမှာတော့ သူမမိဘတွေရဲ့လက်ထဲမှာ ပြန်နေခွင့်ရသွားပြီး မိသားစုကလည်း ပြန်လည်ပေါင်းစည်း သွားကြတော့တယ်”
ထိုအသံ ထွက်လာသည်နှင့် ပရိတ်သတ်တချို့က ခေါင်းညိတ်ကာ တချို့ကတော့ သက်ပြင်း ချလိုက်ကြသည်။
အန်းခန်းကောင်တီအရှင်ရဲ့မျက်လုံးတွေက နီရဲနေကာ သူမမျက်ရည်တွေကို သုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
“ဒီလိုမိသားစုကောင်းက သမီးတစ်ယောက်အနေနဲ့ ဘာအမှားတွေများ လုပ်ခဲ့မိလို့ ဒီလိုကောက်ကျစ်တဲ့စုံတွဲရဲ့ ဖျက်ဆီးတာခံရပြီး အဆိပ်ခတ်ခံခဲ့ရတာလဲ။ အဲတော့ အနာဂတ်မှာ မိခင်တစ်ယောက် မဖြစ်နိုင်တော့ဘူး။ သူမ လက်ထပ်ဖို့ဆန္ဒရှိရင်တောင် လက်မထပ်နိုင်မှာပဲ စိုးတယ်”
ထိုစကားတွေ ထွက်လာသည်နှင့် လူတိုင်းက ခေါင်းညိတ်လိုက်ကြပြီး တစ်ခါထပ်မံကာ ထိုကောက်ကျစ်တဲ့စုံတွဲအား သူတို့ကို လူသားတွေလို မဆက်ဆံတဲ့အတွက် ဆူပူကြတော့သည်။
သို့သော် ဧကရီမယ်တော်ကြီး ပြောသည်ကို ကြားလိုက်ရသည် ။
“ဘာပဲဖြစ်နေပါစေ။ လွတ်လပ်ခွင့်ရတာက ကောင်းတာပဲ။ ချစ်ခြင်းမေတ္တာနဲ့ ဖြောင့်မတ်မှုကို တန်ဖိုးထားတဲ့ ဒီလိုမိသားစုက အကျင့်စရိုက်ကောင်းမွန်တဲ့ မိန်းကလေးတွေကိုပဲ အမြဲတမ်း ပျိုးထောင်ပေးမှာပဲ။ ကောင်းမွန်တဲ့ အမျိုးသားတစ်ဦးနဲ့တွေ့ရင် ကောင်းမွန်တဲ့လူတစ်ဦး ရှိနိုင်မှာပေါ့။ အကယ်၍ ဘယ်တော့မှ ထပ်မတွေ့တော့ဘူးဆိုရင်လည်း အဲ့လိုမကောင်းတဲ့လူတွေရဲ့ ဖျက်ဆီးတာကို ခံရမဲ့အစား မိဘတွေရဲ့ဘေးနားမှာ နေတာကပိုပြီးတော့ ကောင်းမွန်နေတုန်းပဲ”
ထိုအသံထွက်လာသည့်အခါ လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။
177 04
ပြီးတော့ ထိုအချက်တွင် ပုံပြင်က ပြီးဆုံးသွားကာ ပုံပြင်ပြောသူဟာလည်း ဆုချီးမြှင့်ခံရပြီး ဂါရဝပြုပြီးနောက် ပြန်လည်ဆုတ်ခွာသွားတော့သည်။
ကော်ကျန်းဟိုင်နှင့်ဝေ့စုံတွဲဟာ ဒီဖြစ်ရပ်က ပြီးဆုံးသွားပြီဟု တွေးပြီး သက်ပြင်းမောတစ်ချက် မှုတ်ထုတ်တော့မည့် အချိန်မှာပဲ ဘုရင်ပြောတာကို ကြားလိုက်ရသည်။
“ဒီလူ ကျူးလွန်ခဲ့တဲ့ မကောင်းတဲ့အရာတွေကို ဘယ်လိုထင်လဲ”
လူတိုင်းရဲ့ဖြောင့်မတ်မှုက မပြီးဆုံးသေးသည့်အတွက် ထိုစကားတွေကို ကြားသည့်အခါ သူတို့က ချက်ချင်းပဲ သူတို့ရဲ့ခံစားချက်တွေကို ဖော်ပြလာကြသည်။
ယန်ရှုရဲ့နံပါတ်တစ် ပရိတ်သတ်ဖြစ်သူ စက်မှုလက်မှုရေးရာဝန်ကြီးဌာနရဲ့ မှူးမတ်ဖြစ်သူ လူကြီးမင်းလုက ပထမဆုံးပြောလာသည်။
“အရှင်မင်းကြီး ပုံပြင်ကနေပြောရရင် ဒီလူက တခြားလူတွေကို အာဏာနဲ့အနိုင်ကျင့်ပြီး တော်ဝင်ညီလာခံက အရှင်မင်းကြီးကို စော်ကားခဲ့တယ်။ အဲဒါနဲ့တင် ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ လုံလောက်နေပါပြီ”
လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။
ပြစ်မှုရေးရာဝန်ကြီးဌာနရဲ့ မှူးမတ်ကလည်း ပြောလာသည်။
“တော်ဝင်ညီလာခံရဲ့အရာရှိတစ်ယောက်ကနေ အကွက်ဆင်တဲ့ပုံပြင်ကို နားထောင်ရရင် ဒီလူက အတော်လေး စွမ်းရည်ရှိတဲ့ပုံပဲ။ တကယ်လို့ လက်တွေ့မှာသာ ဒီလိုဖြစ်ရပ်မျိုး တကယ်ရှိတယ်ဆိုရင် ဒီလူက မကောင်းမှုတစ်ခုထက်မနည်း ကျူးလွန်ပြီးလောက်ပြီ။ တခြားအပြစ်မဲ့တဲ့လူတွေ မှားယွင်းခံရတာကနေ ကာကွယ်ဖို့နဲ့ တော်ဝင်ညီလာခံရဲ့ဂုဏ်သတင်းကို ညှိုးနွမ်းစေခဲ့မယ်ဆိုရင် ဒီမှူးမတ်ကို ပေါ့ပေါ့လေး ခွင့်လွှတ်လိုက်လို့မရပါဘူး”
လူတိုင်းက ထပ်မံ၍ နောက်ကလိုက်ကာ ပြောလိုက်သည်။
“အမှန်ပဲ။ သူတို့ကအလွယ်လေး လွှတ်ပေးလိုက်လို့မရဘူး”
သို့သော် ဧကရာဇ်က သူ့ခေါင်းအား ညိတ်နေကာ ရုတ်တရက်ပဲ ချီကော်ကုန်းအားကြည့်၍ ပြောလိုက်သည်။
“ချီကော်ကုန်းရော ဒီအကြောင်းကို ဘယ်လိုထင်သလဲ”
မြို့စားချီက ရပ်တန့်သွားကာ ချက်ချင်းပဲ ထရပ်လိုက်ပြီး ပြောလိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးတော့ ပုံပြင်က ကောင်းကောင်းမွန်မွန်ရေး ထားတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီဟာက ပုံပြင်တစ်ပုဒ်ပဲဖြစ်နေမှာကို စိုးပါတယ်။ အရှင်မင်းကြီးက ဥာဏ်ပညာရှိပြီး အင်အားကြီးပါတယ် လက်ရှိတိုင်းပြည်ရဲ့အခြေအနေကလည်း လုံခြုံနေပြီး ပြည်သူတွေကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင် လှုပ်ရှားနေကြပါတယ်။ ဒီလိုအရာမျိုးက တကယ်ဖြစ်မလာနိုင်ပါဘူး”
ထိုစကားတွေ ထွက်လာသည်နှင့် ယန်ရှုက တိန်တဆိတ် မျက်ခုံးမပင့်ဘဲ မနေနိုင်ပေ။
ဒီလူအိုကြီးက တကယ်ကြီးပြောတတ်တာပဲ၊ ဒီလိုပြောရမယ်ဆိုရင် ဒါကသာအမှန်ဆို ဧကရာဇ်က ဥာဏ်ပညာမကြီးဘဲ အင်အား မရှိတော့ဘူးလား။
ကံကောင်းစွာနှင့် ယွီဝိန်းလန်က ထောင်ချောက်ထဲ မကျသွားပဲ ဆက်ပြီး မေးလာသည်။
“ကိုယ်တော် သိချင်တာက ဒီကိစ္စကသာအမှန်ဆိုရင် မြို့စားချီရဲ့အမြင်အရဆို ကိုယ်တော်တို့တွေ ဘယ်လိုအပြစ်ပေးသင့်လဲ”
သို့သော် တစ်ဖက်လူက ထပ်ပြောလာသည်။
“အရှင်မင်းကြီး ဒီတစ်ကြိမ် ဒါကသာ အမှန်ဆိုရင် ဒီပြစ်မှုကျူးလွန်တဲ့သူကို တကယ်ပဲ ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်ပါတယ်”
ယွီဝိန်းလန်က ခပ်တိုးတိုး သဘောတူသံပြုကာ ထပ်မေးလိုက်ပြန်သည်။
“ဒီမကောင်းတဲ့သူက ကြွယ်ဝတဲ့မိသားစုကနေ ဆင်းသက်လာရင်ရော မြို့စားချီရဲ့အမြင်မှာ ဒီလူကို ဥပဒေရဲ့မျက်နှာပေးခံရပြီး လွှတ်ပေးလိုက်သင့်လား”
ထိုစကားတွေ ထွက်လာသည်နှင့် ယန်ရှုက မနေနိုင်ဘဲ သူမနှလုံးသားထဲတွင် ချီးကျူးလိုက်သည်။
ဧကရာဇ်က မေးခွန်းကောင်းကို မေးလိုက်တာပဲ။
လောကထဲက လူတိုင်းဟာ အိမ်ရှေ့စံမင်းသား မင်းသမီးတိုင်းဟာလည်း သာမန်လူတွေလိုပဲ တူညီတဲ့ပြစ်မှုအတွက် အပြစ်ရှိကြပေသည်။ မြို့စားချီကသာ ဘက်လိုက်မည်ဟုပြောလျှင် မှူးမတ်တစ်သိုက်က သေချာပေါက်ကို သူ့အား ဆန့်ကျင်ငြင်းဆိုပေလိမ့်မည်။ ထို့ကြောင့် သူ့မှာရွေးချယ်စရာမရှိပဲ ဘက်မလိုက်ပါဘူးဟု ပြောလိုက်ရသည်။
ပြီးနောက် ဒီလိုနဲ့ပင် ဧကရာဇ်က သူ့သားအား စီရင်ချက်ချမည်ဆိုလျှင်ပင် သူ့တွင် ဘာမှပြောနိုင်မည် မဟုတ်ပေ။
ပြီးနောက် သေချာပေါက်ပင် ဧကရာဇ်ရဲ့အသံ ဆုံးသွားသည်နှင့် လူအိုကြီးက ပြောလာသည်။
“အရှင်မင်းကြီး မင်းသားတစ်ပါးက ပြစ်မှုကို ကျူးလွန်တာဟာ သာမန်လူတွေ ပြစ်မှုကျူးလွန်တာနဲ့အတူတူပဲ ဆိုတဲ့ဆိုရိုးအတိုင်း ဒီဝန်ကြီးအိုကြီး ယုံကြည်တာက အဲ့လူရဲ့ရာထူးအဆင့်က ဘာပဲဖြစ်နေပါစေ သူဟာ ဥပဒေရဲ့မျက်နှာသာပေးတာ မခံရသင့်ပါဘူး။ ဒါပေမဲ့လည်း ဒီကိစ္စက အရေးကြီးတဲ့အတွက် အမှန်တရားကို ရှာတွေ့တာနဲ့ ဒီလူတွေရဲ့ လိမ်လည်လှည့်ဖျားတာကို မခံရစေဖို့ပါပဲ”
ထိုစကားတွေ ထွက်လာသည်နှင့် လူတိုင်းက သူတို့ရဲ့မျက်ခုံးတွေကို ပင့်လိုက်ကာ ဒီမြို့စားအိုကြီးချီကတော့ အိုလွန်းလို့ လက်ရှိကိစ္စရပ်တွေကို ဂရုမစိုက်မိတာ အတော်လေး ကြာနေပြီပဲဟု တွေးလိုက်ကြသည်။ထို့ကြောင့် သခင်လေးရှောင်ယောင်ရဲ့ စကားတွေမှာ စံပုံစံရှိတာကို မသိတာဖြစ်နိုင်သည်။
177 05
ပြီးတော့လည်း ဘယ်သူက မှားယွင်းခံခဲ့ရတာလဲ။
သို့သော် ပြောမှပင် ဒီပုံပြင်ထဲက မကောင်းတဲ့လူအိုကြီးက ဘယ်သူလဲ။
မမျှော်လင့်ထားစွာနှင့် ထိုအချိန်တွင် ဧကရာဇ်က ပြောလာသည်
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြို့စားချီရဲ့သား ကော်ကျန်းဟိုင်က တခြားသူတွေကို အနိုင်ကျင့်ပြီး ကောင်းမွန်တဲ့မိသားစုက သမီးတစ်ယောက်ကို ကိုယ်လုပ်တော်အဖြစ် ယူလိုက်တယ်။ ပြီးတော့ အငြှိုးထားတဲ့စိတ်နဲ့ လုကျိုးက တစ်ရာသောလက်ယာရံအစောင့်အရှောက် လင်းချိန်ရှန်းကို ကောက်နှံစပါးခိုးယူမှုနဲ့ အကွက်ဆင်ပြီး နှစ်နှစ်တိတိ မှားယွင်းခံရစေခဲ့တယ်”
ထိုစကားတွေ ထွက်လာသည်နှင့် ချီကော်ကုန်းက ထိတ်လန့်သွားတော့သည်။
လူတိုင်းသည်လည်း ထိတ်လန့်သွားကြတော့သည်။
သူတို့အားလုံးဟာ မြို့စားချီရဲ့သား ကော်ကျန်းဟိုင်ကို ကြည့်လိုက်ကြသည်။
—အခုလေးတင် ပုံပြင်ပြောတော့ ဒီလူက နေလို့မကောင်းဘူးပြောပြီး မြေပါ်ကို ပြုတ်ကျသွားတာ အံ့ဩစရာတော့ မဟုတ်တော့ပါဘူး။ ဖြစ်ချင်တော့ မကောင်းတဲ့သူက သူဖြစ်နေတာပဲ။
သို့သော် လူတိုင်း၏မျက်လုံးအောက်တွင် ကော်ကျန်းဟိုင်က ချက်ချင်းပဲ မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကာ ပြောလိုက်သည်။
“အရှင်မင်းကြီး ကျေးဇူးပြုပြီး ရှင်းလင်းပေးတော်မူပါ! ဒီကိစ္စက လုံးဝကိုအမှားကြီးပါ! ဒီလင်းချိန်ရှန်းက တကယ်တမ်းတော့ လောဘကြီးတဲ့သူပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်တော်မျိုး လုကျိုးကိုသွားတော့ သူ့ကိုသတ်ဖို့ အပြင်းအထန် တောင်းဆိုခံခဲ့ရပါတယ်။ အကြီးဆုံးသမီးဖြစ်သူက ဒီဝန်ကြီးရဲ့ ကိုယ်လုပ်တော်အဖြစ် လက်ထပ်ခဲ့ပြီး ဒီတစ်ကြိမ်ကိုအသုံးချပြီး ကျွန်တော်မျိုးကို ငွေညှစ်ခဲ့ပါတယ်။ ကောက်နှံတွေက တကယ်ပဲ သူရောင်းစားခဲ့တာပါ။ ပြစ်မှုကို ဖော်ထုတ်လိုက်ပြီးတော့ သူမက ဒီဝန်ကြီးကို သူမကို ဖုံးကွယ်ပေးထားပြီး ခြိမ်းခြောက်ပါတယ်။ ဒီဝန်ကြီးက မှားယွင်းစွပ်စွဲခံရတာပါ…..”
ဒီစကားလုံးတွေကို ကြားသည့်အခါ လူတိုင်းကသူတို့ရဲ့မျက်ခုံးတွေကို ပင့်လိုက်ကြသည်
ဘာ။
ဘယ်အချိန်ကတည်းက သေးငယ်တဲ့ တစ်ရာသောလက်ယာရံအစောင့်အရှောက်က သူ့လို ကြီးကျယ်မြင့်မြတ်တဲ့မြို့စားကို ခြိမ်းခြောက်လို့ ရသွားတာလဲ။
ထိုအချိန်တွင် ဧကရီမယ်တော်ကြီးက ပြောလာသည်
“အမှန်ပဲ နင့်သားထက်တောင် ငယ်ရွယ်တဲ့ ကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ နင့်ရဲ့ကိုယ်လုပ်တော်ဖြစ်ဖို့ ဖိအားပေးပြီး အတင်းအကြပ် တိုက်တွန်းတယ်ပေါ့လေ။ ပြီးတော့ နင်လည်း လိုချင်တာပဲမဟုတ်ဘူးလား။ ဘာလို့လဲ သူတို့မိသားစု ဖြစ်နေလို့လား။ အရက်များ သောက်ထားမိတာလား။ နင့်ကို ဖိအားပေးလို့ ရတယ်ပေါ့ အဲ့လိုလား”
ဖူး…..
ထိုအသံ ထွက်လာသည့်အခါ လူတိုင်းက ဒေါသထွက်နေကြသော်လည်း အကျယ်ကြီး အော်မရယ်ဘဲ မနေနိုင်ပေ။
ဧကရီမယ်တော်ကြီးက ကောင်းကောင်း ပြောလိုက်တာပဲ။
ယန်ရှုသည်လည်း သူမရဲ့ဘော့စ်က တကယ်ကိုလှပတာပဲဟု တိတ်တဆိတ် ရေရွတ်လိုက်ကာ ထို့နောက် ပြောလိုက်သည်။
“ကျွန်မ ကြားတာတော့ ရှင့်ရဲ့စံအိမ်ထဲမှာ ကိုယ်လုပ်တော် ဆယ့်ငါးယောက် ဆယ့်ခြောက်ယောက်လောက် ရှိတယ်ဆို။ ဖြစ်နိုင်တာက သူတို့ကလည်း ရှင့်ကို ဖိအားပေးပြီး စံအိမ်ထဲကို ဝင်လာတာများလား။ အတော်လေး ကြီးကျယ်တဲ့ နစ်နာချက်ပဲနော်”
ထိုစကားလုံးတွေကို ကြားသည့်အခါ လူတိုင်ရက မရယ်ဘဲ မနေနိုင်တော့ပေ။ ပြီးနောက် သူတို့အားလုံးဟာ ကော်ကျန်းဟိုင်ကို ကြည့်လိုက်ကြပြီး တွေ့လိုက်ရသည်က သူဟာ သိသိသာသာကို ချွေးထွက်နေပေသည်။ သို့သော်လည်း မည်သည့်စကားမှမပြောနိုင်ဘဲ ကြက်သေ သေကာသာ ရပ်နေနိုင်ပေသည်။
“ဒီဝန်ကြီးက အရှက်ရမိပါတယ်…..”
ထိုအချိန်မှာပဲ ကော်ကျောက်ရုန်ရဲ့နှလုံးသားထဲက စကားက ယန်ရှုနားထဲသို့ ရောက်လာတော့သည်။
[ဟမ့် ဒီမိန်းမက ငါ့အဖေကို ဘယ်လိုတောင် စော်ကားမော်ကား ပြုရဲတာလဲ။ အနာဂတ်ကျ သူ့မကို ကြည့်ကောင်းအောင် လုပ်ပေးဦးမယ်!]
မင်းကများ ဘယ်လိုလုပ်ပြီး သူမကို ခြိမ်းခြောက်ရဲတာလဲ။
ယန်ရှုက ချက်ချင်းပဲ ထပ်ပြောလိုက်သည်။
“စကားမစပ် ပြောမှပဲ စံအိမ်ထဲမှာ ဒီလောက်တောင် ကိုယ်လုပ်တော်တွေ အများကြီးရှိတာ။ ဘာလို့ ကိုယ်လုပ်တော်တွေရဲ့ ကိုယ်ဝန်အကြောင်းကို မကြားဖူးရတာလဲ”
ထိုစကားတွေ ထွက်လာသည်နှင့် လူတိုင်းက ဝေ့ရှီကို ထပ်ကြည့်လိုက်ကြသည်
177 06
အဟွတ် ဒီမကောင်းတဲ့လူအိုကြီးက ကော်ကျန်းဟိုင်ဆိုမှတော့ ပြောစရာတောင် မလိုဘူး ။ဒီမိန်းမက သဘာဝကျကျပဲ အဲဒီဗီလိန်ပဲပေါ့။
ကျစ် ကျစ် ကျစ် အရင်ကတကယ့်ကို မမြင်နိုင်ခဲ့တာပဲ။ ဒီမိန်းမက တကယ်ကို ရက်စက်လွန်းတယ်။ တကယ်ပဲ ပုံပြင်အရဆို ကြီးကြီးငယ်ငယ်မရွေး သူမလက်ထဲမှာ သေခဲ့တဲ့ ဝိဥာဉ်ပေါင်းဆယ်ခုထက်မနည်း ရှိလောက်တယ် ဟုတ်တယ်မလား။ ပြောရရင် သူမတစ်ယောက်တည်းကပဲ ဖျက်ချပစ်လိုက်တဲ့ သန္ဓေသား ငါးယောက်၊ခြောက်ယောက်လောက် ရှိတယ်မလား။
သို့သော်လည်း ကိုယ်ဝန်ရှိနေတဲ့ အန်းခန်းကောင်တီအရှင်က မနေနိုင်ဘဲ ပြောလိုက်သည်။
“ဘယ်လိုလုပ်ပြီး ဒီလို လုပ်နိုင်ရတာလဲ”
လူတိုင်းသည်လည်း ခေါင်းညိတ်လိုက်ကြကာ တီးတိုးပြောလိုက်ကြသည်။
“ဒီလိုမိခင်မျိုးနဲ့ဆို ဘယ်လိုလုပ်ပြီး သမီးကောင်းတစ်ယောက် ပျိုးထောင်နိုင်မှာတဲ့လဲ။ ပြီးတော့ သူမမျက်နှာမှာ ဧကရီ ဖြစ်ချင်တယ်လို့တောင် စာရေးထားသလိုပဲ”
“အမှန်ပဲ သူမကသာ ဧကရီဖြစ်မဲ့တစ်ယောက်ဆိုရင် ကောင်းကင်ဘုံသားတော်ရဲ့မိသားစုကတော့ ဒုက္ခရောက်တော့မှာ မဟုတ်ဘူးမလား”
….
သို့သော် ဒီအချိန်မှာတော့ ဝေ့ရှီက ရုတ်တရက် ဒူးထောက်ချကာ ငိုကြွေးလာသည်။
“ကျွန်မက မှားယွင်းခံရတာပါ! ကျေးဇူးပြုပြီး အရှင်မင်းကြီးနဲ့ဧကရီမယ်တော်ကြီး ဒီဇနီးသည်က စာအုပ်ရေးတဲ့သူရဲ့ချောက်ချတာကို ခံရတာပါ! ဒီဇနီးသည်က အဲ့လိုမှားယွင်းတဲ့အရာမျိုး တစ်ခါမှ မလုပ်ဖူးပါဘူး။ တကယ်သာဆို အရင်အချိန်ကတည်းက မိုးကြိုးပစ်ချတာကို ခံခဲ့ရမှာပါ….”
ထိုစကားတွေ ထွက်လာသည်နှင့် သခင်လေး ရှောင်ယောင်ရဲ့ နံပါတ်တစ်ပရိတ်သတ်ဖြစ်သူ စက်မှုလက်မှုဝန်ကြီးဌာနရဲ့သခင်ကြီးလုက မနေနိုင်ဘဲ ပြောလိုက်သည်။
“သခင်လေးရှောင်ယောင်ရဲ့စကားတွေက ထုတ်ဝေလိုက်ပြီဆိုကတည်းက ဘယ်တုန်းကမှ မမှားခဲ့ဖူးဘူး”
လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။
မမျှော်လင့်ထားစွာပဲ ထိုအချိန်မှာပဲ နောက်ထပ်ပလော့ခနဲ မြည်သံကို ကြားလိုက်ရသည်။
လူတိုင်းက လျင်မြန်စွာ လှည့်ကြည့်လိုက်ပြီး သူတို့တွေ့လိုက်ရသည်က သူတို့နှစ်ဦးရဲ့သားဖြစ်သူ ကော်ကျန်းကွမ်က ရုတ်တရက် မြေပြင်ပေါ် လဲကျသွားပြီး ပါးစပ်ထဲကနေ အမြှုပ်တွေထွက်ကာ အပြင်းအထန် တုန်နေပေသည်။
ဒါဟာ လူတိုင်းကို ထိတ်လန့်သွားစေပြီး ယန်ရှုသည်လည်း စစ်စတန်အား အသံတိုးတိုးနှင့် မေးလိုက်သည်။
[ဘာဖြစ်နေတာလဲ]
သို့သော် စစ်စတန်က ပြောလာသည်။
[ဒီကိုယ်လုပ်တော်က အလကားသက်သက် မြှူဆွယ်တာ ဖြစ်ပါ့မလား။ သေချာတာပေါ့ သူက ဆေးခတ်ခံလိုက်ရတာ။ အဲဒါကြောင့် အဆိပ်ကို ထိန်းမထားနိုင်တော့တာ!]
ယန်ရှု […]
ဒီကိုယ်လုပ်တော်က တကယ်ကိုသတ္တိရှိပြီး ဗဟုသုတကြွယ်ဝတာပဲ။
ယနေ့ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပူးပေါင်းဖျော်ဖြေပေးတဲ့ ပရိုဂရမ်က ဒီမိသားစုပဲ။
ပြီးနောက် သေချာပေါက်ပင် ထိုမြင်ကွင်းကို တွေ့သည့်အခါ ကော်မိသားစုကလူတိုင်းက ရေရွတ်လိုက်ကြပြီး ယွီဝိန်းလန်က ယနေ့ညမှာ တာဝန်ကျတဲ့ တော်ဝင်သမားတော်အား စစ်ဆေးကြည့်ရန် အမိန့်ပေးလိုက်သည်။
တော်ဝင်သမားတော်က နာခံလိုက်ကာ ချက်ချင်းပဲ ရှေ့တိုးလိုက်ပြီး စစ်ဆေးကာ ထို့နောက် နိဂုံးချုပ်လိုက်တော့သည်။
“အရှင်မင်းကြီး သခင်ကြီးကော်က အပြင်းအထန် ကျန်းမာရေး ထိခိုက်နေတာပါ။ ဖြစ်နိုင်တာတော့ လိင်မှုကိစ္စ များပြားလွန်းတာကြောင့် ဖြစ်နိုင်ပါတယ်”
ကျစ်…..
လူတိုင်းက ထိုစကားကို ကြားလိုက်ကြပြီး မင်းကငါ့ကိုကြည့် ငါကမင်းကိုကြည့်မယ်ဆိုကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့စိတ်ထဲ၌ ထပ်မံကာ တီးတိုးရေရွတ်လိုက်ကြသည်။
ဒီလူငယ်လေးက ပိုက်ဆံကို ဒီလိုမျိုးဖြုန်းနေတာပဲ။ ဒါက ဘယ်လိုတောင် ပုပ်သိုးနေတဲ့ မိသားစုလဲ။
သို့သော် ဧကရီမယ်တော်ကြီး ပြောလာသည်ကို ကြားလိုက်ရသည်။
“ဒီကိုလာကြစမ်း။ သူ့ကို ဘေးဘက်အဆောင်တော်ဆီကို ခေါ်သွားပြီး အရင်ဆုံး နိုးလာအောင် လုပ်လိုက်”
နန်းတော်အစေခံတွေက နာခံလိုက်ကာ လျင်မြန်စွာပဲ ထိုလူအား နန်းတော်အပြင်ဘက်သို့ ထုတ်သွားတော့သည်။
ပြီးနောက် အရေးကြီးသည့်ကိစ္စများ ကိုင်တွယ်ရန် ရှိသေးသည်ပင်။
သို့သော်လည်း ဧကရာဇ် ပြောလာသည်ကို ကြားလိုက်ရသည်။
177 07
“ပြစ်မှုရေးရာဝန်ကြီးက လုကျိုးကိုသွားပြီး မြို့တော်ဆီကို မျက်မြင်သက်သေ ခေါ်လာခိုင်းပြီးပြီ။ တစ်ယောက်ယောက်လာပြီး မြို့စားချီရဲ့သား ကော်ကျန်းဟိုင်ကို ဖမ်းခေါ်သွားချေ၊ ချက်ချင်းပဲ စုံစမ်းစစ်ဆေးတာကိုပြုလုပ်ပြီး ပြည်သူလူထုကို ဖြေရှင်းချက်တစ်ခု တတ်နိုင်သမျှ မြန်မြန်ပေးရမယ်”
ထိုအမိန့် ထွက်လာသည်နှင့် အစောင့်တွေက တစ်ညီတည်း တုံ့ပြန်လိုက်ကာ ကော်ကျန်းဟိုင်အား ခေါ်ထုတ်သွားကြတော့သည်။
သေချာပေါက်ပင် သူ၏မိသားစုဝင်တွေဖြစ်သည့် ဝေ့မိသားစုနှင့် သမီးဖြစ်သူ ကော်ကျောက်ရုန်တို့ဟာလည်း အပြင်ဘက်သို့ ခေါ်ထုတ်သွားခံလိုက်ရပြီး အချုပ်ခန်းထဲသို့ ပြောင်းရွှေ့ခံလိုက်ရတော့သည်။
ထိုမြင်ကွင်းကို တွေ့သည့်အခါ မြို့စားချီက စကားပြောတော့မလို့ပင်။
“အရှင်မင်းကြီး….”
သို့သော်လည်း သူ့စကားပင်မဆုံးခင် ဧကရာဇ်၏ ဖြတ်ပြောသည်အား ခံလိုက်ရသည်။
“မြို့စားချီက အမှန်တရားကို နားလည်တာက ရှားရှားပါးပါးပဲ။ အခုလေးတင် မောင်မင်းပြောသလိုပဲ ပြစ်မှုကို ဖော်ထုတ်ပြီးသွားရင် သေချာပေါက် ကိုယ်တော်က သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာပါ”
ထိုစကားတွေ ထွက်လာသည့်အခါ ချီကော်ကုန်းက ဘာမှမပြောနိုင်တော့ပဲ လူတိုင်းက ချီးမြှောက်လိုက်ကြသည်။
“အရှင်မင်းကြီးက မြင့်မြတ်လွန်းပါတယ်”
…..
~~~~
ကော်မိသားစုအား ရှင်းထုတ်ပြီးနောက် နန်းတော်က ပြန်လည်ကြည်လင်လာတော့သည်။
လူတိုင်းက မကျေနပ်သေးသည့်အတွက် အခမ်းအနားအရာရှိက ရိုးရိုးရှင်းရှင်းပဲ ပုံပြင်ပြောသူအား ထပ်ခေါ်လိုက်ကာ စကားလုံးအနည်းငယ် ထပ်ပြောစေလိုက်သည်။
လူတိုင်းက လမုန့်စားရင်း စာအုပ်အား နားထောင်နေပြီး မြိန်ရည်ရှက်ရည် သဘောတွေ့နေကြပေသည်။
သို့သော် ဥယျာဉ်ထဲတွင်တော့ ဆောင်းဦးလယ်ပွဲတော်၌ တောက်ပနေတဲ့လဟာ ခပ်မြင့်မြင့်တွင် သာနေပြီး ကျင်းပေါ်ရေကန်၏အရိပ်နှင့် ကွဲလွဲနေပေသည်။
ဆောင်းဦးလယ်ပွဲတော်ရဲ့စားသောက်ပွဲက ကွဲပြားနေပေမဲ့ အရမ်းကို စိတ်ဝင်စားဖွယ်လည်း ကောင်းသည်
ဝတ်စားလာပြီး ပြပွဲတွင်ဖျော်ဖြေချင်သည့် ထိုမိန်းကလေးတွေအတွက်တော့ အခွင့်အရေး ထပ်ရှာမတွေ့တော့သည်က သနားစရာပင်။
******