← Chapters

အခန်း (၁၈၁-၁၈၃)

Vol. 13 Ch. 181-183

အခန်း (၁၈၁-၁၈၃)

Vol. 13 Ch. 181-183

181 01

အခန်း 181

“ထူးထူးဆန်းဆန်း - မယ်တော်ကြီးရဲ့ ရောဂါဟောင်းက ဘာလို့ အခုမှ ပြန်ထလာရတာလဲ”

သူတို့နှစ်ယောက်စလုံး အံ့ဩသွားကြပြီး စီအန်းနန်းဆောင်သို့ နှစ်ယောက်သား အမြန်ထွက်လာကြသည်။

နန်းဆောင်သို့ ရောက်သည့်အခါ ဝေဒနာခံစားနေရသဖြင့် မျက်လုံးစုံမှိတ်၍ အိပ်ယာထက်တွင် လဲလျောင်းနေသော မယ်တော်ကြီးကို တွေ့လိုက်ရသည်။

ဘေးတွင်ရှိနေသည့် သမားတော်ကြီး ကျန်းရှန်ခန်းက မယ်တော်ကြီး၏ သွေးကြောများကို စမ်းသပ်နေသည်။ သူတို့နှစ်ဦးကို မြင်လိုက်သည့်အခါ သူအပါအဝင် အခြားသူများက ဦးညွတ် အရိုအသေပြုကြသည်။

ထိုပုဂ္ဂိုလ်ကို မြင်လိုက်ရသည့်အခါ ယန်ရှုတို့ နှစ်ယောက်၏ ရင်ထဲတွင် လေးလံသွားသလို ခံစားလိုက်ကြရသည်။

ကျန်းရှန်ခန်းသည် ဂုဏ်သိက္ခာရှိသူတစ်ယောက် မဟုတ်ကြောင်း သူတို့နှစ်ဦးက သိသော်လည်း မယ်တော်ကြီးကမူ သူ့ကို ယုံကြည်နေသဖြင့် သူမ နာမကျန်းဖြစ်တိုင်း သူ့ကို ဆင့်ခေါ်လေ့ရှိသည်။

သို့သော် ယခုအချိန်တွင် ထိုပုဂ္ဂိုလ် ကောင်းခြင်းဆိုးခြင်းက အရေးမကြီးသဖြင့် မယ်တော်ကြီး၏ အခြေအနေကိုသာ ယွီဝိန်းလန်က စိုးရိမ်စွာဖြင့် မေးကြည့်လိုက်သည်။

“မယ်တော်ကြီးရဲ့ အခြေအနေက ဘယ်လိုရှိသလဲ”

ကျန်းရှန်ခန်းက ပြန်ဖြေသည်။

“အရှင်မင်းကြီး… မယ်တော်ကြီးက အရင်ကလို ခေါင်းကိုက်ရောဂါ ပြန်ထံစားနေရတာပါ”

ယန်ရှုက သိပ်မယုံသလို ဖြစ်နေသောကြောင့် မေးလိုက်သည်။

“မနက် လာတွေ့တုန်းက‌တော့ မယ်တော်ကြီးက အကောင်းကြီးပါ… အခုကျ ရုတ်တရက်ကြီး ဘာဖြစ်သွားရတာလဲ”

ထိုအခါ ကျန်းရှန်ခန်းက အလျင်အမြန် ရှင်းပြသည်။

“တော်ဝင်ကိုယ်လုပ်တော်ကို လျှောက်တင်ပါတယ်…။ မယ်တော်ကြီးရဲ့ ရောဂါ‌ဟောင်းက အခုလို ရာသီဥတု အကူးအပြောင်းကာလမှာ ပြန်ထလာတတ်ပါတယ်…။ အရင်ကလည်း ဒီလို ဆောင်ဦးရာသီကနေ ဆောင်းရာသီကို အကူးအပြောင်းမှာ အအေးဓါတ်ကြောင့် ခေါင်းထကိုက်လေ့ ရှိပါတယ်။ မနေ့က မယ်တော်ကြီး ရေမွှေးပန်းတောင်ကို တက်ခဲ့တယ်လို့ ကျွန်တော်မျိုး ကြားလိုက်ပါတယ်။ အဲဒီမှာတိုက်တဲ့ လေအေးကြောင့် အခုလို ပြန်ဖြစ်တာလို့ ထင်ပါတယ်”

သို့သော် ယန်ရှုကတော့ မယုံနိုင်သေးပေ။

ဟုတ်လို့လားဟာ။ မနေ့က အဲ့လောက်လည်း မအေးဘဲနဲ့… ပြီးတော့ ရေမွှေးပန်းတောင်က လေအေးအေးတိုက်ရအောင် သိပ်မြင့်တာလည်း မဟုတ်။ မြင်းရထားပေါ်ကနေဆင်းတော့လည်း မယ်တော်ကြီးက ခေါင်းမှာ မျက်နှာကာ ခမောက်တောင် ဆောင်းထားသေးတယ်။ ဘယ်လိုလုပ် လေအေးကြောင့် ခေါင်းကိုက်ရမှာလဲ”

… ဒါဆို… ကျန်းရှန်ခန်းများ မယ်တော်ကြီးကို အဆိပ်ခတ်ထားတာလား။

သူမ တွေးနေစဉ်မှာပင် ကျန်းရှန်ခန်းကလည်း တွေးလိုက်သံကို ကြားလိုက်ရသည်။

[ ဟင်း… ကိုယ်လုပ်တော်က ငါပြောတာကို သိပ်မယုံသလိုပဲ။ မယ်တော်ကြီးကို ငါက အဆိပ်ခတ်ထားတယ်များ ထင်နေတာလား။ ဟား… ငါ အဲဒီလောက် မအ,ဘူး။ ]

ယန်ရှု - “...”

ဒါဆို သူလုပ်တာ မဟုတ်ဘူးဘဲ။

ထိုစဉ် အားလုံးကို ကြားလိုက်ရသည့် ယွီဝိန်းလန်က မျက်ခုံးကို မသိမသာ ကြုတ်မိလိုက်သည်။

ကျန်းရှန်ခန်း၏ စိတ်ဓါတ်ကို သိလိုက်သည့်အချိန်မှစ၍ မယ်တော်ကြီး၏ ရောဂါဟောင်းသည် သူနှင့် ဆက်စပ်နေမည်ဟု ထင်ထားတာ ဖြစ်သည်။ သို့သော် သူ့အတွေးများကို သတိထား‌နားထောင်လာတာ ကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ မယ်တော်ကြီးအပေါ် မကောင်းကြံတာမျိုး မကြားမိသေးချ။

ဒါဆို ဒီလူက မယ်တော်ကြီးရဲ့ ရောဂါနဲ့ လုံးဝ မပတ်သက်ဘူးပေါ့။

ကျန်းရှန်ခန်း၏ အတွေးကို နားထောင်ပြီး‌နောက် သူက မယ်တော်ကြီးကို မေးလိုက်သည်။

“မယ်တော်… နေလို့ကောင်းရဲ့လား။ မနေ့က သတိမထားလိုက်ဘဲ ‌တောင်ပေါ် ခေါ်လိုက်မိတာ တောင်းပန်ပါတယ်”

သူက ထိုသို့ပြောလိုက်သည့်အခါ ယန်ရှုလည်း အပြစ်မကင်းသလို ခံစားလိုက်ရပြီး တောင်းပန်လိုက်သည်။

“အဲဒါက သမီးတော်ရဲ့ အစီအစဉ်မို့ သမီးတော်ရဲ့ အပြစ်ပါ”

သူတို့၏ စကားများကို ကြားလိုက်သည့်အခါ မယ်တော်ကြီးက မျက်လုံးကို ကြိုးစားဖွင့်၍ သက်ပြင်းချလိုက်သည်။

181 02

“ကိုယ့်ကိုယ်ကို အပြစ်မတင်ကြပါနဲ့ကွယ်… အိုက်ကျားကိုယ်တိုင်က ကျန်းမာရေး ချူချာနေတာပါ… ဘယ်သူ့ အပြစ်မှ မဟုတ်ပါဘူး”

ထို့‌နောက် သူမက ဝေဒနာခံစားရဟန်ဖြင့် မျက်မှောင် ထပ်ကြုတ်လိုက်ပြီး မျက်လုံးကို ပြန်မှိတ်လိုက်သည်။ ဤသည်ကို မြင်လိုက်ရသောအခါ ယန်ရှုတို့ နှစ်ယောက်စလုံး စိတ်ပူသွားကြသည်။

ယန်ရှုက ကျန်းရှန်ခန်းကို မေးလိုက်သည်။

“မယ်တော်ကြီး သက်သာအောင် ဘယ်လိုလုပ်မှာလဲ။ မိဖုရားတို့ရော ဘာလုပ်ပေးရမလဲ”

ကျန်းရှန်ခန်းက ပြန်ပြောသည်။

“တော်ဝင်ကိုယ်လုပ်တော်ကို လျှောက်တင်ပါတယ်…။ အခုလောလောဆယ်ကတော့ မယ်တော်ကြီးအနေနဲ့ ဆေးသောက်ပြီး အနားယူဖို့ပဲ လိုပါလိမ့်မယ်။ အခုရက်ပိုင်း အခန်းထဲမှာပဲ နေပြီး အအေးမမိအောင် အပြင်လေအေးကို ရှောင်ရပါလိမ့်မယ်”

ထို့နောက် သူက သူမ မယုံမည်စိုးသဖြင့် ဆက်ရှင်းပြသည်။

“ဒီလို ခေါင်းကိုက်ရောဂါမျိုးက ပျောက်ဖို့ ခက်ပါတယ်… ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း မယ်တော်ကြီး အခုလို ခေါင်းကိုက်ရောဂါဖြစ်တိုင်း ဒီလိုပဲ ကုခဲ့တာပါ။ ရှင်းရှင်းပျောက်အောင် ကုလို့ မရပါဘူး”

ယန်ရှု ခေါင်းပဲ ညိတ်ပြနိုင်တော့သည်။

ဟုတ်တော့လည်း ဟုတ်သည်။ တစ်နှစ်အတွင်း၌ပင် မယ်တော်ကြီး ယခုလို ခေါင်းကိုက်ဝေဒနာ သုံးကြိမ်ခံစားရသည်ကို သူမ, မြင်ဖူးသည်။ တကယ်ကို ပျောက်ကင်းရန် ခက်ခဲသည့် ရောဂါမျိုး ဖြစ်ပေလိမ့်မည်။

သို့သော် မယ်တော်ကြီးက သူမရဲ့ နံပါတ်တစ် ပရိတ်သက်လေ။ အဲကျတော့ အခုလို နာကျင်ဝေဒနာခံစားနေရသည်ကို မကြည့်ရက်နိုင်ပေ…။

ထိုစဉ် ကျန်းရှန်ခန်း တွေးလိုက်သည်ကို သူမ ကြားလိုက်ရသည်။

[ ကျုပ်သာ မကုပေးရင် မယ်တော်ကြီးရဲ့ ဝေဒနာက တစ်နှစ်ပြီးတစ်နှစ် ပိုပိုကြာလာမှာ… စိတ်တော့မကောင်းဘူး မင်းကြီးလေး… ခင်ဗျား ကျုပ်နေရာကို အစားထိုးဖို့ ကြိုးစားလို့ မရပါဘူး…။ ]

ထိုသို့ကြားလိုက်သည့်အခါ ယွီဝိန်းလန် မျက်မှောင် ကြုတ်လိုက်စဉ် ယန်ရှု၏ အော်သံကိုလည်း သူ ကြားလိုက်ရတော့သည်။

[ ဘာ… ဘာ…! ငါ့လူကို ဒီခွေးသူခိုးကြီး ဘယ်လိုခေါ်လိုက်တာလဲ။ သူ့ကို ငါပဲ ‘မင်းကြီးလေး’ လို့ ခေါ်ခွင့်ရှိတာဟဲ့ ]

ဒီခွေးသူခိုးကြီးက ဘာသဘောနဲ့ ‘အစားထိုးမယ်’ ဆိုတဲ့ စကားကို ပြောရတာလဲ။

နေဦး… ကြည့်ရတာ… ဒီဘိုးတော် ကိုယ့်ကိုယ်ကို အတော်အထင်ကြီးနေပုံပဲ။

သူမ တစ်ခုခု လုပ်မှဖြစ်တော့မည်။ မယ်တော်ကြီးကို သူမတို့၏ သမားတော်ကျန်းက မကုနိုင်စရာ အကြောင်းမရှိ။

ယွီဝိန်းလန်လည်း ယန်ရှုလိုပဲ တွေးမိသည်။ သူမြင်ထားသလောက်ကတော့ ကျန်းနျန်ချီ၏ ဆေးပညာမှာ ကျန်းရှန်ခန်းထက် မနိမ့်ပေ။ မယ်တော်ကြီး၏ ခေါင်းကိုက်ဝေဒနာကို သူဆိုလျှင်တော့ ကောင်းကောင်း ကုသနိုင်ပေလိမ့်မည်။

ထိုသို့တွေးနေစဉ် ဆေးနံ့များကို ရလိုက်သည် - စီအန်းနန်းဆောင် အပျိုတော် တန်းရွှမ်က ဆေးရည်ပြင်ဆင်ပြီး ယူလာခြင်းဖြစ်သည်။

ဤသည်ကို ယန်ရှုက မြင်လိုက်သောအခါ —

“လာလာ… ငါ တိုက်လိုက်မယ်” ဟု ပြောကာ ဆေးပန်းကန်ကို ယူလိုက်ပြီး ကုတင်ဘေးတွင် ထိုင်ကာ မယ်တော်ကြီးကို တိုက်ပေးလေသည်။

ထိုသို့ ပြုလုပ်ပေးနေရင်း စိတ်ထဲတွင်လည်း မကောင်းဖြစ်နေမိသည်။

ဒီဆေးနံ့ကလည်း ပြင်းလိုက်တာဟယ်…။ ငါ့ဆရာမကြီး တသက်လုံးနီးပါး ဒီလိုခံစားနေရမှာကို ကြည့်တောင် မကြည့်ရက်ဘူး…။ မြန်မြန် ပြန်သက်သာလာပါစေ။

ဆေးတစ်ပန်းကန်လုံး ကုန်သွားသည့်အခါ မယ်တော်ကြီးက မျက်လုံးကို အားယူဖွင့်၍ ပြောလိုက်သည်။

“အပြင်မှာ မှောင်တောင် မှောင်လာပြီ…။ အရှင်မင်းကြီးတို့ ပြန်နားလိုက်ပါတော့… တော်ဝင်ကိုယ်လုပ်တော် လီလည်း မင်းကြီးရဲ့ နန်းဆက်လေးကို လွယ်ထားရတာမို့ - အရမ်း အပင်ပန်းမခံပါနဲ့”

“သမီးတော်မှာ အခုလောလောဆယ် အရေးတကြီး လုပ်စရာမရှိပါဘူး။ မယ်တော်ကြီး အခုလို ဖြစ်နေတဲ့အချိန်မှာ စိတ်အေးအေး မနေနိုင်ပါဘူး။ သမီးတော် နည်းနည်းကြာကြာလေး ဆက်နေပါရစေ”

ယန်ရှုက ပြောကာ ငြင်းလိုက်သည်။

ထို့နောက် သူမက ကျန်းရှန်ခန်းဖက်သို့ ကြည့်၍ ပြောလိုက်သည်။

“သမားတော်ကြီးကျန်းကတော့ ပင်ပန်းနေလောက်ရောပေါ့။ ညစာ စားဖို့ အနားယူချင်ယူပါ”

ထိုအခါ ကျန်းရှန်ခန်းက ဦးညွတ်ကာ နောက်သို့ဆုတ်၍ ထွက်သွားတော့သည်။

သူမ မနှစ်မြိုသောသူ ခန်းဆောင်အတွင်းမှ ထွက်သွားသောအခါ ယန်ရှုက မယ်တော်ကြီးကို အလျင်အမြန် ပြောလိုက်သည်။

181 03

“သမားတော်ကြီးကျန်းကို မယ်တော် အမြဲယုံကြည်တာကို သမီးတော် နားလည်ပါတယ်…။ ဒါပေမဲ့ နည်းလမ်းအသစ်လေး ဘာလေး စမ်းကြည့်ဖို့ သမီးတို့ရဲ့ သမားတော်ကျန်းကို ဆင့်ခေါ်လိုက်ရင် မကောင်းဘူးလား”

မယ်တော်ကြီးက သက်ပြင်းချကာ ပြောသည်။

“ဘယ်သူ့ ခေါ်ခေါ် အတူတူပါပဲကွယ်။ အိုက်ကျားရဲ့ ရောဂါကို အိုက်ကျားသိပါတယ် - ဘယ်နည်းနဲ့ ကုကု မထူးပါဘူး”

ထိုအခါ ယွီဝိန်းလန်က ဘေးမှနေ၍ တိုက်တွန်းသည်။

“မယ်တော် သမားတော်ကျန်းရဲ့ ဆေးပညာကို အရင်ကလည်း မြင်ဖူးတာပဲ…။ သူ့ပညာက ကျန်းရှန်ခန်းထက်တောင် သာချင်သာဦးမယ်…။ သူနဲ့ တစ်ခါလောက် စမ်းကြည့်ပါလား။ မယ်တော်ကြီး ကျန်းမာလာဖို့က အရေးကြီးပါတယ်”

နှစ်ယောက်စလုံးက ဝိုင်းပြောကြသဖြင့် မယ်တော်ကြီးက လက်ခံလိုက်ရတော့သည်။

မကြာမီ ဆင့်ခေါ်ခြင်းကို ခံလိုက်ရသည့် သမားတော်ကျန်းက သုတ်သုတ်ပြာပြာဖြင့် ရောက်လာတော့သည်။

သူက မယ်တော်ကြီး၏ သွေးကြောကို အတန်ကြာ စမ်းသပ်ပြီးနောက် သူတို့နှစ်ဦးကို လျှောက်တင်သည်။

“အရှင်မင်းကြီးနဲ့ ကိုယ်လုပ်တော်ယီကို လျှောက်တင်ပါတယ်… သွေးကြောကို စမ်းသပ်ကြည့်ရသလောက် မယ်တော်ကြီးမှာ သရက်ရွက် အားနည်းနေတယ်၊ သွေးနဲ့ ‘ချီ’အားလည်း နည်းနေတယ်၊ အသည်းမှာက ‘ချီ’အား ပိတ်နေတယ်၊ ပြီးတော့ သွေးလည်ပတ်မှု မကောင်းတဲ့အပြင် သွေးကြောတွေလည်း ပိတ်နေပါတယ်။ အဲဒါကြောင့် ခေါင်းကို ‘ယန်’ အားစီးဆင်းရာမှာ အနှောင့်အယှက်ဖြစ်ပြီး ခေါင်းကိုက်နေရတာပါ”

ဆေးပညာအခေါ်အဝေါ်များမှာ ရှုပ်ထွေးနေသဖြင့် ယန်ရှု အသေအချာနားမလည်ပေ။ ဧကရာဇ်မင်းကြီးကို ကြည့်လိုက်သည့်အခါတွင်လည်း မင်းကြီးက မျက်မှောင် ကြုတ်နေသဖြင့် သူလည်း သိပ်နားလည်ပုံ မပေါ်ပေ။

သို့သော် မယ်တော်ကြီးမှာ အိပ်ချင်နေပုံရသဖြင့် ယန်ရှုက နန်းတွင်းအပျိုတော် တစ်ယောက်ကို ခေါ်၍ မယ်တော်ကြီးအနားတွင် စောင့်ပေးရန် စေခိုင်းလိုက်သည်။ ထို့နောက် သူမက ဧကရာဇ်မင်းကြီးနှင့် သမားတော်ကျန်းတို့ကို အပြင်ဖက် ခန်းဆောင်သို့ ခေါ်လာပြီး ဆွေးနွေးလေသည်။

အခန်းထဲတွင် တခြားလူများ မရှိသည်ကို တွေ့တော့မှ သူမက သမားတော်ကျန်းကို မေးလိုက်သည်။

“မယ်တော်ကြီးရဲ့ ရောဂါက စွဲပြီးဖြစ်နေတာမို့ နှစ်တိုင်း နှစ်တိုင်း မခံမရပ်နိုင်အောင် ခေါင်းကိုက်နေတာပါ။ အဲဒါကြောင့် သမားတော်ကျန်းဆိုရင် အဲဒီရောဂါကို ပျောက်အောင် ကုသနိုင်သလား”

သူမ၏ စကားကို ယွီဝိန်းလန်က ခေါင်းညိတ်ထောက်ခံလိုက်ပြီး သမားတော်ကျန်းကို ကြည့်လိုက်သည်။

သူတို့ နှစ်ယောက်စလုံး၏ မျက်နှာများပေါ်တွင် မယ်တော်ကြီးအား ကူညီနိုင်မလားဟု မျှော်လင့်ခြင်း အရိပ်အယောင်များကို မြင်နေရသည်။

သို့သော် သမားတော်ကျန်းက ဦးညွတ်၍ လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီး… စွဲပြီးဖြစ်တဲ့ ခေါင်းကိုက်ရောဂါမျိုးက လုံးဝ ပျောက်သွားအောင် ကုဖို့ တကယ်ခက်ပါတယ်။ သက်သာအောင် လုပ်ဖို့ပဲ ဆေးညွှန်းပေးလို့ ရပါလိမ့်မယ်”

ဟာ။

နှစ်ယောက်စလုံး စိတ်ဓါတ်ကျသွားကြသည်။ သမားတော်ကျန်းတောင် မကုနိုင်ဘူးပေါ့လေ။

ယန်ရှုက လက်မခံနိုင်သေးဘဲ ဆက်၍ မေးလိုက်သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သမားတော်က အရင်တစ်ခါတုန်းက သေလောက်အောင် ပြင်းထန်တဲ့ အဆိပ်မျိုးကိုတောင် ကုနိုင်သေးတာပဲ။ ဒီလို ခေါင်းကိုက် ဝေဒနာလောက်လေးကိုကျတော့ မကုနိုင်ဘူးလား”

သမားတော်ကျန်းက ရှက်ရွံ့ အားနာသွားသည့် အမူအရာမျိုးဖြစ်သွားပြီး လျှောက်တင်လိုက်သည်။

“ကျွန်တော်မျိုး အရည်အချင်း မပြည့်မှီလို့ တော်ဝင်ကိုယ်လုပ်တော်ကို စိတ်ပျက်သွားစေတာ တောင်းပန်ပါတယ်။ အပြင်ပန်း ဒဏ်ရာတွေနဲ့ တော်ရုံ ရောဂါ အပြင်းမျိုးတွေက ဘယ်လောက်ပြင်းပြင်း ကုသရတာ လွယ်ကူလေ့ ရှိပါတယ်။ ဒါပေမဲ့ မယ်တော်ကြီးရဲ့ ရောဂါကကျတော့ အတွင်းမှာ လှိုက်ပြီး ဖြစ်တဲ့ ရောဂါမျိုးဖြစ်တဲ့အပြင် ဖြစ်လာတာလည်း ကြာနေပြီမို့လို့ အရှင်းပျောက်သွားအောင် ကုဖို့ တကယ်ခက်ပါတယ်”

ယန်ရှု - “...”

ငါ့ရဲ့ ဆရာမကြီးကို ကုနိုင်ဖို့ ဘယ်လိုနည်းလမ်းမှ မရှိတော့ဘူးလားဟာ။

သူမ စိတ်ဓါတ်ကျနေစဉ် သမားတော်ကျန်းက ဆက်ပြောနေသည်။

“ကျွန်တော်မျိုး အရင်တစ်ခေါက်တုန်းက အဆိပ်ရောဂါကို ကုတုန်းက ရွေးစရာ အရေးပေါ်နည်းလမ်း တစ်ခုပဲရှိလို့ အရဲစွန့်ပြီး အသက်ကယ်လိုက်ရတာပါ။ တခြားလူတွေကိုကျ ဒီလို အရဲစွန့်ပြီး ကုလို့ ဖြစ်ပေမဲ့ မယ်တော်ကြီးရဲ့ ကျန်းမာရေးကိုကျတော့ အရဲစွန့်ပြီး ကုဖို့ ပေါ့ပေါ့လေးတွေးလို့ အဆင်မပြေပါဘူး”

အရဲစွန့်တယ်။

181 04

ယန်ရှု ဖြတ်ခနဲ သတိထားမိသွားသည်။ ဒါဆို ပျောက်အောင် ကုဖို့ နည်းလမ်းတော့ ရှိတယ်လို့ ပြောချင်တာပေါ့။

သူမတင်မဟုတ် ယွီဝိန်းလန်ကလည်း ဒါကို သတိထားမိသည်။ သူက တခဏမျှ စဉ်းစားလိုက်ပြီး တိုက်တွန်းလိုက်သည်။

“တကယ်လို့ ကုနိုင်မဲ့နည်းလမ်း ရှိတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပြပါ။ သမားတော်ကျန်းက တခြားသူတွေထက် ပညာဉာဏ်ပိုကြီးတာကို ငါကိုယ်တော် သိပါတယ်”

ထိုအခါ သမားတော်ကျန်းကလည်း တစ်ချက် တွေဝေသွားပြီး ပြန်ဖြေသည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်… နန်းမြို့တော်ထဲမှာ ရွှမ်ကျိလို့ ခေါ်တဲ့ နာမည်ကြီး သမားတော်တစ်ယောက်ရှိခဲ့ဖူးတာကို ကျွန်တော်မျိုးကြားဖူးပါတယ်…။ သူက ‘ဆေးပညာ မှတ်တမ်း ပေါင်းစု’ ဆိုတဲ့ စာအုပ်ကို ရေးခဲ့ပါတယ်။ အဲဒီစာအုပ်ထဲမှာ ကုရခက်တဲ့ ရောဂါပေါင်းစုံရဲ့ အကြောင်းကို ကုထုံးနဲ့အတူ မှတ်တမ်းတင်ထားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်တော်မျိုး အဲဒီစာအုပ်ကို ကံကောင်းလို့ တစ်ချက် ဖတ်ကြည့်ခဲ့ဖူးပါတယ်။ အဲဒီထဲမှာ နှစ်ရှည်လများ စွဲပြီးဖြစ်တဲ့ ရောဂါမျိုးတွေကိုတောင် ကုသနိုင်တဲ့ နည်းတွေပါတာ နည်းနည်းမှတ်မိနေပါသေးတယ်။ ဒါပေမဲ့ ကံဆိုးတာက ကျွန်တော်မျိုး အသေအချာမဖတ်ဖြစ်လိုက်လို့ တိတိကျကျတော့ မမှတ်မိပါဘူး။ အခုပြန်စဉ်းစားကြည့်လိုက်ရင် သုံးရမဲ့ ဆေးနာမည်တွေပဲ မှတ်မိပါတော့တယ်။ ဘယ်လို ကုရမယ် ဘယ်လိုသောက်ရမယ်ဆိုတဲ့ ဆေးညွှန်းအပြည့်အစုံတော့ မမှတ်မိပါဘူး။ အဲဒါကြောင့် ကျွန်တော်မျိုး မယ်တော်ကြီးကို အရဲစွန့်ပြီး မကုရဲပါဘူး”

သူ့စကားကို ကြားလိုက်သည့်အခါ ယွီဝိန်းလန်ရော ယန်ရှုပါ ဆွံ့အ သွားကြသည်။

အဲဒီ သမားတော်ကြီးက သမားတော်ကျန်းရဲ့အဖေပဲ မဟုတ်လား။

ထိုစဉ် သူ့စိတ်ထဲတွင် တွေးလိုက်သည်ကို သူတို့ ကြားလိုက်ရသည်။

[ အဲဒီတုန်းက ငါအချိန်မဖြုန်းမိခဲ့ရင် သိပ်ကောင်းမှာ… လိမ်လိမ်မာမာနေမိခဲ့ရင် သိပ်ကောင်းမှာ… အဲဒါမှ အဖေ တစ်သက်လုံးစုဆောင်းခဲ့တဲ့ ပညာတွေကို ငါရလိုက်မှာ။ ]

တိတ်တဆိတ်နားထောင်နေသည့် ယန်ရှုကလည်း ဒီ ‘ဆေးပညာ မှတ်တမ်း ပေါင်းစု’ စာအုပ်ဆိုတာ ကျန်းရှန်ခန်း ခိုးသွားတဲ့ လျှို့ဝှက်မှတ်တမ်းကြီးပဲ ဖြစ်ရမယ်ဟု တွေးမိနေသည်။

ထိုစည် စစ်စတန်ထံမှ အသိပေး ခေါင်းလောင်းသံ ကြားလိုက်ရသည်။

[ သိပ်ဟုတ်တာပေါ့… လျှို့ဝှက်မှတ်တမ်းကြီးဆိုတာ အဲဒီစာအုပ်ပဲ ]

ယန်ရှု အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်မိသည်။

[ ဒါဆို ကျန်းရှန်ခန်းဆီမှာ အဲဒီစာအုပ်က ရှိနေတယ်ပေါ့… မယ်တော်ကြီးကို သူတကယ်ကုချင်ရင် ကုလို့ ရတယ် ဒါပေမဲ့ တမင်မကုဘူးဆိုတဲ့ သဘောပေါ့။ ]

စစ်စတန်က အမှန်ဖြစ်ကြောင်း ပြောသည်။

[ အင်း… မယ်တော်ကြီးကို ပျောက်အောင် ကုလိုက်ရင် သူ့ကို ရှေ့လျှောက် အခုလို အခွင့်အရေးပေးတော့မှာ မဟုတ်ဘူးလေ။ ]

ကျန်းရှန်ခန်းကို အောက်တန်းစားကြီးဟု ယန်ရှု သုံးကြိမ်ခန့် ကျိန်ဆဲလိုက်မိသည်။

ဒီခွေးသူခိုးကြီးက တော်တော်ရွံဖို့ ကောင်းတာပဲ။ ငါ့ရဲ့ နံပါတ်တစ် ပရိတ်သတ်ကို ဒီလို လုပ်ရဲတယ်ပေါ့လေ။ တော်တော့်ကို ကိုယ်ချင်းစာတရား ကင်းမဲ့တာပဲ။

သူမ ကျိန်ဆဲလိုက်သည်ကို ကြားလိုက်ရသောအခါ ယွီဝိန်းလန်လည်း ထိုနည်းတူ ခံပြင်းဒေါသ ထွက်မိနေသည်။

ဒီကျန်းရှန်ခန်းဆိုတဲ့ လူဟာ သူ့နဲ့တုန်းကလည်း ဒီလိုပဲ - ကုထုံးကို သိရဲ့သားနဲ့ တမင်မကုဘဲ မျက်နှာသာ ပေးတာတွေ၊ အခွင့်အရေးပေးတာတွေကို လိုချင်နေတာ။ တော်တော် ယုတ်ညံ့တဲ့သူပဲ။

အောက်တန်းကျသူဟာ အမြဲအောက်တန်းကျနေမှာပဲ… ယုံကြည်ပေးလို့ကို မရဘူး။

ထိုသို့ ဒေါသထွက်သွားပြီးနောက် အနည်းငယ် တည်ငြိမ်သွားသည့်အခါ ထို ‘ဆေးပညာ မှတ်တမ်း ပေါင်းစု’ စာအုပ်ကို ဘယ်လို ရအောင် ယူရမလဲဟု တွေးမိလိုက်သည်။

ထိုစဉ် ယန်ရှုက သမားတော်ကျန်းကို မေးလိုက်သည်။

“ဒီ ‘ဆေးပညာ မှတ်တမ်း ပေါင်းစု’ စာအုပ်ကို ရှာတွေ့ရင် မယ်တော်ကြီးကို ကုနိုင်မှာလား”

သမားတော်ကျန်းက ပြန်ဖြေသည်။

“ကျွန်တော်မျိုး ကုနိုင်ဖို့ ဆယ်ပုံ ကိုးပုံလောက် သေချာပါတယ်”

ဆယ်ပုံ ကိုးပုံ။

သမားတော်များက ဆေးပညာနှင့်ပတ်သက်လာလျှင် စကားကို လက်လွတ်စပယ် မပြောတတ်သည်ကို ယန်ရှု နားလည်ထားသဖြင့် မျက်ခုံးပင့်လိုက်မိသည်။ သမားတော်ကျန်း၏ စကားက အားတက်စရာကောင်းလှသည်။

ထိုစဉ် ယွီဝိန်းလန်ကလည်း သမားတော်ကျန်းကို မေးလိုက်သည်။

“ဒီစာအုပ်ကို ဘယ်မှာ ရှာရမလဲဆိုတာရော သမားတော် သိသလား”

ယန်ရှု အံ့အားသင့်သွားပြီး အဲဒီစာအုပ်က ကျန်းရှန်ခန်းဆီမှာ ရှိနေတာ သူ မမှတ်မိဘူးလားဟု တွေးလိုက်မိသည်။

ထိုစဉ် သမားတော်ကျန်းက ပြန်ဖြေသည်။

181 05

“ဆရာကြီးရွှမ်က လူလိမ်တွေကြောင့် မတရားစွပ်စွဲခံရပြီး ရင်ကွဲနာကျပြီး သေသွားတယ်လို့ ကြားမိပါတယ်။ အဲဒါကြောင့် အဲဒီစာအုပ် ဘယ်ရောက်သွားလဲဆိုတာ မသိပါဘူး…”

သမားတော်ကျန်းက ပြောရင်း သက်ပြင်းချကာ တွေးလိုက်သည်ကို သူမ,ကြားလိုက်ရသည်။

[ အဲဒီ ဖြစ်ရပ်က အရေးမကြီးတော့ပါဘူးလေ… အခုက လူ့အသက်တွေကို ကယ်ဖို့က အဓိကပဲ မဟုတ်လား ]

ယန်ရှု အံ့ဩသွားမိပြန်သည်။

ဒီလေသံကို နားထောင်ကြည့်ပါက အစက သမားတော်ကျန်းက ရွှမ်ကျိနှင့် ကျန်းရှန်ခန်းတို့ ဖြစ်ရပ်ကို ဖွင့်ပြောရန် ရည်ရွယ်ထားသော်လည်း သူ ဘယ်သူဖြစ်မှန်း ပေါ်သွားမည်စိုးသဖြင့် လက်လျှော့လိုက်မှန်း သိသာနေသည်။

ဤသို့ဆိုလျှင် ဧကရာဇ်မင်းကြီးကို လိမ်လည်ခြင်းဖြစ်သောကြောင့် ပြစ်မှုမြောက်သည်။

သူ့ရည်ရွယ်ချက်က ဖြူစင်သော်လည်း ဥပဒေအရ သူ့ တစ်မိသားစုလုံးပါ အပြစ်ဒဏ်ကျပေတော့မည်။ ထို့ကြောင့် သူမက အလျင်အမြန် ပြောလိုက်သည်။

“ဟုတ်တယ်… ကျွန်မလည်း ကြားဖူးတယ်! သမားတော်ရွှမ်က အရမ်း ဆေးပညာတော်တယ်တဲ့…။ ဘယ်လိုရောဂါမျိုးမဆို ကုတတ်တယ်တဲ့။ ကျန်းရှန်ခန်းကလည်း သူ့တပည့်လို့ ကြားဖူးတယ်…”

ထိုအခါ သမားတော်ကျန်းတစ်ယောက် အူကြောင်ကြောင် ဖြစ်သွားသည်ကို မြင်လိုက်ရသည်။

“တော်ဝင်ကိုယ်လုပ်တော်က အဲဒါတွေကို ဘယ်လိုလုပ်သိတာလဲ”

ယွီဝိန်းလန် - “...”

ယန်ရှုက သမားတော်ကျန်း၏ အမေးကို ပြန်မဖြေဘဲ ဆက်ပြောလေသည်။

“သမားတော်ရွှမ် သေရတာ ကျန်းရှန်ခန်းနဲ့ တစ်နည်းနည်း ပတ်သက်နေမယ် ထင်တယ်။ ဒီလိုဆို စာအုပ်ကလည်း ကျန်းရှန်ခန်းရဲ့ လက်ထဲမှာ ရှိနေလောက်ပြီ”

သမားတော်ကျန်းမှာ အံ့အားသင့်နေပြီး —

“ဒါ… ဒါတွေကို တော်ဝင်ကိုယ်လုပ်တော် ဘယ်လို ကြားတာ…”

သူပြော၍ မပြီးခင် ယန်ရှုက လက်ကို ဝှေ့ရမ်းလိုက်ပြီး ပြန်ခိုင်းလိုက်သည်။

“ဘယ်လိုသိတယ်ဆိုတာ အရေးမကြီးလှပါဘူး… ဒီကိစ္စကို အရှင်မင်းကြီးနဲ့ ငါ့တာဝန်ထားလိုက်…။ သမားတော်ကျန်းက ပြင်ဆင်စရာရှိတာသာ ပြင်ထား… စာအုပ်ရလာတဲ့အခါ မယ်တော်ကြီးကို သမားတော် ကုသပေးရမယ်”

သမားတော်ကျန်း - “ဟင်”

ယွီဝိန်းလန် - “...”

ကျန်းနျန်ချီ၏ မယုံနိုင်သည့် မျက်နှာကို ကြည့်ရင်း သနားလာသဖြင့် သူက မိန့်လိုက်သည်။

“ကိုယ်လုပ်တော်ယီ ပြောသလိုသာ ပြင်ဆင်ပြီး စောင့်နေလိုက်ပါ…။ ကျန်တာကို ဆက်မေးမနေနဲ့တော့”

ထိုအခါ သမားတော်ကျန်းက ‘မှန်လှပါ’ ဟု ပြန်လျှောက်တင်လိုက်ပြီး ဦးညွတ်အရိုအသေပေးကာ ပြန်သွားလေသည်။

ယွီဝိန်းလန်က လည်ချောင်းကို ရှင်းလိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ် ယန်ရှုက ပြာပြာသလဲပြောသည်ကို ကြားလိုက်ရသည်။

“အရှင်မင်းကြီး… ဒီကျန်းရှန်ခန်းက ယုတ်မာလိုက်တာ။ မယ်တော်ကြီးကို ကုသနိုင်ရဲ့သားနဲ့ တမင်မကုဘူး။ ဒါ သမားတော်တွေရဲ့ ဂုဏ်ပုဒ်ကို စော်ကားတဲ့အပြင် မယ်တော်ကြီးရဲ့ ယုံကြည်မှုကိုလည်း အလွဲသုံးစားလုပ်တာပဲ”

ယွီဝိန်းလန်က ခေါင်းညိတ် ထောက်ခံလိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ် ယန်ရှုက ဆက်ပြောပြန်သည်။

“ပြဿနာက မယ်တော်ကြီးက အဲဒီလူကို အရမ်းယုံနေတာပဲ… တကယ်လို့ ကျွန်မတို့က သူ့ကို တစ်ခုခုလုပ်လိုက်ရင် မယ်တော်ကြီး တုန်လှုပ်သွားမှာ စိုးရတယ်… အတင်းအကျပ် လုပ်လို့မဖြစ်ဘူး…။ ပြီးတော့ နောက်တစ်ချက်က ကျွန်မတို့ တစ်ခုခုလုပ်မှာကို သူကြိုသိသွားရင် စာအုပ်ကို ဖျက်ဆီးပစ်နိုင်တယ်။ အဲဒါကြောင့် လောလောဆယ် စာအုပ်အရယူဖို့နဲ့ မယ်တော်ကြီးကို ကုသဖို့ ဦးစားပေးရမယ်”

ယွီဝိန်းလန်က ခေါင်းထပ်ညိတ်ပြကာ ထောက်ခံသည်။ သို့သော် သူ တစ်ခုခုပြောရန် ပြင်လိုက်စဉ် သူမက ထပ်ပေါင်းပြောပြန်သည်။

“ကျွန်မ သိပြီ - ‘ဆေးပညာမှတ်တမ်းပေါင်းစု’ စာအုပ်ကို ကျန်းရှန်ခန်းရဲ့ စာကြည့်ခန်းထဲမှာ ဖွက်ထားတယ်…။ စာကြည့်ခန်းရဲ့ မြောက်ဖက်အခြမ်းက စာအုပ်စင်ရဲ့ တတိယအဆင့်မှာ ဘယ်ဖက်ကနေရေရင် ဒုတိယမြောက် စာအုပ်ပဲ။ ဒီည အရှင်မင်းကြီးက နန်းတွင်းရဲမက်တော် တစ်ယောက်ယောက်ကို လွှတ်ပြီး အဲဒီစာအုပ်ကို ခိုးခိုင်း — ဟင်း… မဟုတ်သေးဘူး… ပိုင်ရှင်ဆီ ပြန်ပေးဖို့ ယူပေးရမယ်”

ယွီဝိန်းလန် ခေါင်းသာ ညိတ်ပြလိုက်တော့သည်။

“ကောင်းလှပါပြီ …”

သူ့ရဲ့ ချစ်လှစွာသော သူမရှိနေမှတော့ ဒီလောကမှာ မဖြစ်နိုင်တာ ဘာမှ မရှိတော့ပေ။

ယခုလို သူမ တတ်သိလွန်းသဖြင့် နောက်ဆိုလျှင် သူကတောင် ဘာမှ မပြောရတော့ဘူးဟု ထင်နေမိသည်။

******

182 01

အခန်း 182

မယ်တော်ကြီး၏ ခေါင်းကိုက်ရောဂါကို အမြန်သက်သာစေလိုသောကြောင့် ယွီဝိန်းလန်မှာ ခပ်ပေါ့ပေါ့မနေနိုင်ဘဲ ညတွင်းချင်း ရဲမက်တစ်ယောက်ကို သမားတော်ကြီး၏ စံအိမ်သို့ စေလွှတ်လိုက်သည်။

စာအုပ်ထားသည့် နေရာကိုလည်း တိတိကျကျသိထားပြီး ဖြစ်သည့်အပြင် ကျန်းရှန်ခန်းကိုယ်တိုင်ကလည်း မယ်တော်ကြီးအား စောင့်ကြပ်ကြည့်ရှုရမည်ဖြစ်သဖြင့် အိမ်တော်စာကြည့်ခန်းအတွင်းသို့ မည်သူမျှ ဝင်မလာပေ။ ထို့ကြောင့် ရဲမက်မှာ ‘ဆေးပညာ မှတ်တမ်း ပေါင်းစု’ စာအုပ်ကို အလွယ်တကူ ရရှိလေသည်။

ဤသို့ဖြင့် နောက်တစ်နေ့ မနက်စောစောပိုင်းတွင် သမားတော်လေး ကျန်း နန်းတွင်းသို့ တာဝန်ထမ်းဆောင်ရန် ရောက်လာသည့်အခါ ဖခင်ဖြစ်သူ တသက်လုံးရေးသားလာခဲ့သည့် စာအုပ်မှာ သူ့လက်ထဲသို့ ရောက်လာလေတော့သည်။

စာအုပ်ကို ရလိုက်သည်နှင့် သမားတော်လေးမှာ ကုထုံးကို အလျင်အမြန်ပင် စီစဉ်ပြီး စတင်လိုက်သည်။

သူ စီအန်းနန်းဆောင်သို့ ရောက်သည့်အခါ ယန်ရှုကလည်း ကြိုရောက်နေပြီးဖြစ်သည်။ ယွီဝိန်းလန်ကလည်း မနက်ပိုင်း ညီလာခံအပြီး ချက်ချင်းပင် နန်းဆောင်သို့ ထွက်လာပြီး ရောက်သည်နှင့် မယ်တော်ကြီးအား စမ်းသပ်နေသည့် သမားတော်ကျန်းကို စိုးရိမ်စွာဖြင့် မေးလေသည်။

“မယ်တော်ကြီးရဲ့ အခြေအနေ ဘယ်လိုရှိလဲ။ ဘယ်တော့လောက် သက်သာမယ်လို့ ထင်လဲ”

သမားတော်ကျန်းကလည်း စိတ်လှုပ်ရှားနေသည့် လေသံဖြင့် ပြန်လျှောက်တင်သည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်…။ မယ်တော်ကြီးရဲ့ ခေါင်းကိုက်ရောဂါက နာတာရှည်ရောဂါမျိုးဖြစ်နေတဲ့အတွက် အခုကုထုံးကို သုံးလိုက်ရင် မယ်တော်ကြီးရဲ့ အသည်းကို သက်သာလာစေမယ်၊ စိတ်ဓါတ်ကျနေတာလည်း လျော့သွားမယ်၊ ကျောက်ကပ်မှာ အာဟာရဓါတ်ရလာမယ်၊ ချီအားနဲ့ သွေးအား ပြန်ကောင်းလာမယ် ပြီးတော့ နာကျင်မှုဒဏ်လည်း လျော့သွားပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်လာဖို့ကတော့ တဖြည်းဖြည်း ကုယူရပါမယ်။ အဲဒီအတွက် ကုထုံးတစ်ခုကို တစ်လခွဲစာလောက် စီစဉ်ထားပါတယ်။ ပထမဦးဆုံးလုပ်ရမှာက တနေ့ သုံးကြိမ်လောက် ဆေးသောက်မယ်ဆိုရင် မယ်တော်ကြီးရဲ့ ရောဂါက တဖြည်းဖြည်း သက်သာသွားပါလိမ့်မယ်”

တနေ့ သုံးကြိမ်။

ယွီဝိန်းလန်က မျက်မှောင်ကြုတ်ကာ — မေးလိုက်သည်။

“အဲဒါဆို မယ်တော်ကြီး အပြည့်အဝ ပြန်ကျန်းမာလာဖို့က တစ်လခွဲတောင် ကြာမယ်ပေါ့”

သမားတော်ကျန်းက ဦးညွတ်ကာ အတည်ပြုလိုက်သည်။

သူ အားမလိုအားမရဖြစ်နေသည်ကို မြင်လိုက်သည့်အခါ ယန်ရှုက နှစ်သိမ့်ပေးသည်။

“အရှင်မင်းကြီး ဘာမှ မပူပါနဲ့…။ အခုလို ကုသဖို့ နည်းလမ်းရှိနေတာက လုံးဝ မကုနိုင်တာထက်တော့ ပိုကောင်းတာပေါ့။ ပြီးတော့ မယ်တော်ကြီးက ဒီရောဂါကို နှစ်ပေါင်းများစွာ ခံလာရတာလေ။ တစ်လခွဲလောက်လေးနဲ့ ဒီပြဿနာကြီးကို ရှင်းပစ်လိုက်နိုင်တာ တော်တော်ကောင်းတာပေါ့”

ယွီဝိန်းလန်က လက်ခံသဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ဆက်ကြည့်နေလိုက်သည်။ ထိုအခါ သမားတော်ကျန်းက ငွေအပ်လေးများကို ထုတ်ယူကာ မယ်တော်ကြီး၏ ခေါင်းပေါ်ရှိ အကြောများရှိရာ နေရာများသို့ စိုက်လိုက်သည်။

ဤသည်ကို မြင်လိုက်ရသည့်အခါ ယန်ရှု တွန့်သွားမိသည်။ ဘုရား ဘုရား… ခေါင်းပေါ်မှာ ဒီလောက် အပ်တွေ အများကြီးစိုက်ထားတာ တော်တော်နာမှာပဲ။

သို့သော် မယ်တော်ကြီး၏ မျက်နှာမှာ မည်သည့် အရိပ်အယောင်မျှ မပြဘဲရှိနေသည်ကို မြင်လိုက်ရသည်။ သူမခေါင်းပေါ်တွင် အပ်များ စိုက်ထားသည့် နာကျင်မှုမှာ ခေါင်းကိုက်ဝေဒနာလောက် မပြင်းထန်ပုံ ပေါ်နေသည်။

ယန်ရှုမှာ သနားလာသဖြင့် မျက်ရည်များပင် ဝေ့လာမိသည်။

ယွီဝိန်းလန်ကလည်း မယ်တော်ကြီး၏ ဝေဒနာကို နားလည်သဖြင့် စိတ်ထဲ လေးလံစွာဖြင့် ကြည့်နေမိသည်။ ထို့နောက် သူက သမားတော်ကျန်းကို မေးကြည့်လိုက်သည်။

“ဆေးသောက်ဖို့ရယ်… အပ်စိုက်ကုထုံးရယ် ပြီးရင် နောက်ထပ်ကော ဘာတွေပါသေးလဲ”

သမားတော်ကျန်းက ချက်ချင်း ပြန်ဖြေသည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်…။ နောက်ထပ်လုပ်ရမှာတွေကို ပြောရရင်တော့ မယ်တော်ကြီးရဲ့ ရောဂါက အတွင်းရော အပြင်ရော ကုရမှာဖြစ်ပါတယ်။ အပြင်ပိုင်းကတော့ မယ်တော်ကြီးအနေနဲ့ နွေးနွေးထွေးထွေးနေပြီး အအေးဒဏ်ကို ရှောင်ရပါမယ်။ အတွင်းပိုင်းကတော့ မယ်တော်ကြီး စိတ်အားတက်နေအောင် အသည်းမှာ ပိတ်ဆို့နေတာတွေ သက်သာသွားအောင် စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်”

သမားတော်၏ အဖြေတွင် ဆေးပညာအခေါ်အဝေါ်များ မပါသဖြင့် နားလည်ရ လွယ်ကူသည်။ ထို့ကြောင့် ယန်ရှုက စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်ပြီး —

[ ဟင်း… မယ်တော်ကြီး အခုလိုဖြစ်နေတာ ပြီးခဲ့တဲ့ ဧကရာဇ်မင်းကြီးကြောင့်ပဲ မဟုတ်လား။ သစ္စာမရှိတဲ့ ခင်ပွန်းတစ်ယောက်ကိုလည်း တော်ထားရတယ်၊ သားတော်လေးကိုလည်း ဆုံးရှုံးရတယ်…။ မွေးစားထားတဲ့ သားတော်ကိုလည်း ထီးနန်းဆက်ခံချိန် ရောက်တဲ့အထိ စောင့်ရှောက်ရတယ်ဆိုမှတော့ ခေါင်းကိုက်ချင်စရာကြီး ဖြစ်နေရောပေါ့။ ပိုဆိုးတာက သူ့မိသားစုဝင် ဆွေတော်မျိုးတော်တွေကအစ တစ်ယောက်ပြီး တစ်ယောက် လာပြီး ဒုက္ခပေးနေတဲ့အပြင် သူမြတ်နိုးရတဲ့ ပုဂ္ဂိုလ်နဲ့ကလည်း ပေါင်းစည်းခွင့်က မရှိဆိုတော့… ဒီလောက် ဖိအားတွေ ဝင်နေတဲ့အမျိုးသမီးတစ်ယောက် ဒီလို နာတာရှည်ရောဂါ မဖြစ်ဘဲ နေပါတော့မလား။ ဪ… မယ်တော်ကြီးရဲ့ ဘဝက ကြမ်းတမ်းလိုက်တာ! ]

182 02

ယွီဝိန်းလန်က ထိုအတွေးများကို တိတ်ဆိတ်စွာဖြင့် နားထောင်နေမိသည်။ ခဏအကြာတွင် သူက မယ်တော်ကြီးကို ကြည့်၍ — ပြောလိုက်မိသည်။

“မယ်တော်က နှစ်ပေါင်းများစွာတောင် တောင့်ခံနေခဲ့ရတယ်နော်”

ယန်ရှုပြောတာ သိပ်မှန်သည်။ နန်းတွင်းထဲတွင် မယ်တော်ကြီးအတွက် ပျော်စရာအချိန်များ သိပ်မရှိခဲ့ပေ။

သူပြောလိုက်သည့် အသံကို ကြားလိုက်သည့်အခါ မယ်တော်ကြီးက မျက်လုံးကို ဖွင့်၍ အားအင် ချိနဲ့စွာဖြင့် ပြန်ပြောလေသည်။

“ဟင်… အခုက အလုပ်ရှုပ်တတ်တဲ့ အချိန်မဟုတ်လား… အရှင်မင်းကြီး အိုက်ကျားအတွက် သိပ်မပူပါနဲ့… တာဝန်တွေ လစ်ဟင်းကုန်ပါ့မယ်…”

ထိုအခါ ယန်ရှုက ဘေးမှနေ၍ —

“ဟုတ်ပါတယ်… မယ်တော်ကြီးကို မိဖုရားအဖော်လုပ်ပေးထားပါ့မယ်… အရှင်မင်းကြီး အလုပ်ကိစ္စတွေ ဆက်ဆောင်ရွက်လိုက်ပါဦး”

ယခုမှ မနက်ပိုင်းအချိန်သာ ရှိသေးသဖြင့် သူ့စာကြည့်ခန်းထဲတွင် အရေးကြီးသည့် ကိစ္စရပ်များ ပုံနေဆဲဖြစ်သည်။ ယွီဝိန်းလန်က ခေါင်းညိတ်ပြကာ သဘောတူလိုက်ပြီး မယ်တော်ကြီးကို နှုတ်ဆက်ကာ ချန်းမင်နန်းဆောင်သို့ ပြန်လာခဲ့လိုက်သည်။

သမားတော်ကျန်းက မယ်တော်ကြီးကို ဆက်လက်ကုသပေးသည်။ အနားတွင် ယန်ရှုကလည်း အဖော်ပြုပေးနေတော့သည်။

အပ်စိုက်ကုထုံး ပြီးသွားသည့်အခါ မယ်တော်ကြီးကို ယန်ရှုကိုယ်တိုင် ဆေးတိုက်သည်။ မယ်တော်ကြီး အိပ်သွားတော့မှ ယန်ရှုကလည်း အနားယူသည်။

သမားတော်ကျန်း၏ ကုထုံးများမှာ သမားတော်ကြီးကျန်းရှန်ခန်း၏ ကုထုံးများထက် သာလွန်သည်မှာ သိသာသည်။ နှစ်ရက် သုံးရက်ခန့် ဆက်တိုက် ကုသပြီးသည့်အခါ မယ်တော်ကြီး၏ ခေါင်းကိုက်ဝေဒနာမှာ တဖြည်းဖြည်း သက်သာလာသည်။ ဆက်တိုက် မူးဝေခြင်း၊ ခေါင်းအပြင်းအထန်ကိုက်ခြင်းများ လျော့ကျလာသည်။ ထိုသို့ သက်သာလာသဖြင့် ယန်ရှုနှင့်ပင် စကားစမြည် ပြောနိုင်လာလေသည်။

☆☆

ဤသို့ဖြင့် ကိုးလပိုင်း အလယ်ခန့်သို့ ရောက်လာသည့်အခါ ရာသီဥတုမှာလည်း သိသိသာသာ အေးလာတော့သည်။ နန်းဆောင်အတွင်း၌ နွေးနေသော်လည်း ပြတင်းတံခါးမှ ကြည့်လိုက်လျှင် နန်းဆောင်အဝင်းထဲရှိ သစ်ပင်များမှာ အေးလွန်းသဖြင့် သစ်ရွက်များအားလုံးပင် ကြွေသွားပြီ ဖြစ်ကြောင်းကို မြင်တွေ့နိုင်ပေသည်။

မယ်တော်ကြီးက နေမကောင်းဖြစ်နေသည့်တိုင်အောင် နန်းတွင်းအရေးအရာများကို လက်လွှတ်မထားနိုင်ဘဲ ဖြစ်နေသည်။ နည်းနည်း သက်သာလာသည်နှင့် ယန်ရှုအား ထိုကိစ္စများကို မေးနေတော့သည်။

“အပ်ချုပ်ဌာနက နန်းတွင်းသူနန်းတွင်းသားတွေအတွက် ဆောင်းရာသီဝတ်အထည်တွေ လုံလုံလောက်လောက် ချုပ်ပြီးကြပြီလား”

ယန်ရှုက ခပ်သွက်သွက်ပြန်ဖြေသည်။

“ဆောင်းရာသီအထည်တွေ အကုန်လုံးကို ဝေမျှပြီးပါပြီ မယ်တော်ကြီး… စိတ်မပူပါနဲ့”

မယ်တော်ကြီးက ခေါင်းညိတ်ပြကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

“သမီးတော်တောင် တဖြည်းဖြည်း လုပ်တတ်ကိုင်တတ် ဖြစ်လာပြီးပဲ…။ ဒါပေမဲ့ ဗိုက်ထဲမှာက ကလေးနဲ့ဆိုတော့ အရမ်း မလုပ်နဲ့နော်”

ယန်ရှုက ခေါင်းညိတ်ပြလိုက်သည်။

“သမီးတော် ရပါတယ်… မယ်တော်ကြီး စိတ်မပူပါနဲ့”

ထို့နောက် သူမက ဆက်၍ မေးလိုက်သည်။

“ဒါနဲ့… နေ့လည်တောင်ရောက်တော့မယ်နော် မယ်တော်ကြီး ဘာစားချင်လဲ”

မယ်တော်ကြီးက ခေါင်းကို ရမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။

“အခုရက်ပိုင်း ဆေးတွေချည်း သောက်နေရတော့ ပါးစပ်ထဲမှာ ခါးပြီး ဘာမှ စားချင်စိတ်မရှိပါဘူးကွယ်”

ထိုအခါ ယန်ရှုက စိုးရိမ်သွားသည်။ တစ်ခုခုစားထားမှ အားရှိမှာပေါ့…။ အစာမစားဘဲ မယ်တော်ကြီးက ဘယ်လိုလုပ် သက်သာမှာလဲ။

ထိုစဉ် နန်းတွင်းအစေခံတစ်ဦးက အပြင်ဖက်မှ လျှောက်တင်သံကို ကြားလိုက်ရသည်။

“မယ်တော်ကြီးကို လျှောက်တင်ပါတယ်… မိန်းမစိုးကြီးဖုဟိုင် ရောက်လာပါတယ်”

မင်းကြီး၏ အမိန့်တစ်ခုခုကြောင့် ဖုဟိုင်ရောက်လာမှန်း သိလိုက်သဖြင့် မယ်တော်ကြီးက ခေါင်းညိတ်ပြလိုက်သည်။

“ဝင်လာခိုင်းလိုက်ပါ”

182 03

အပြင်ဖက်ရှိ အစေခံက နာခံလိုက်ပြီး မကြာမီ ဖုဟိုင်က အစားအသောက်ထည့်သည့် သေတ္တာလေးတစ်လုံးကို သယ်ဆောင်၍ ခန်းဆောင်အတွင်းသို့ ဝင်လာလေသည်။ သူက တော်ဝင်အမျိုးသမီးနှစ်ဦးကို အရိုအသေပေး၍ —လျှောက်တင်လေသည်။

“ဧကရာဇ် မင်းကြီးက မယ်တော်ကြီးအတွက် တယ်သီးမုန့်တွေ ပို့လိုက်ပါတယ်”

ဩ။

ယန်ရှု အံ့ဩသွားသည်။ - မယ်တော်ကြီးက အခုလေးတင် ပါးစပ်ထဲ ခါးနေတယ်လို ငြီးနေတာ မင်းကြီးက တယ်သီးမုန့်တွေ ပို့လိုက်တယ်…။ အမေနဲ့ သားစိတ်ချင်း ဆက်စပ်နေတယ်ဆိုတာ တကယ်များ ဟုတ်နေသလား။

မယ်တော်ကြီးလည်း တအံ့တဩဖြင့် “ဩ…” ဟု ရေရွတ်လိုက်မိပြီး —မေးလိုက်မိသည်

“မင်းကြီးက ဘာစိတ်ကူးပေါက်လို့များ ဒါတွေပို့ဖို့ စိတ်ကူးရသွားတာလဲမသိ”

ထိုအခါ ဖုဟိုင်က — လျှောက်တင်လေသည်။

“အရှင်မင်းကြီးက သမားတော်ကျန်းကို မေးကြည့်တဲ့အခါ အခုရက်ပိုင်း မယ်တော်ကြီး ခံတွင်းပျက်နေတယ်ဆိုတာ သိသွားပါတယ်။ တိုက်ဆိုင်ချင်တော့ စုန့်ဟယ်ကျောင်းတော်က ကျောင်းတော်အုပ်ကြီးချီကလည်း တယ်သီးမုန့်တွေ လာပို့တာနဲ့ အရှင်မင်းကြီးက မယ်တော်ကြီး ကြိုက်တတ်မှန်းသိလို့ ကျွန်တော်မျိုးကို ပို့ပေးခိုင်းလိုက်တာပါ”

သူက ဆက်၍ — ပြောလေသည်။

“မပို့ခင် အရှင်မင်းကြီးက သမားတော်ကျန်းကိုလည်း မယ်တော်ကြီးနဲ့ ဒီမုန့်တွေ တည့်မတည့် အရင်မေးကြည့်ပြီး နည်းနည်းစားလို့ ရတယ်ဆိုတာ အတည်ပြုပြီးမှ ပို့လိုက်တာပါ”

ထိုသို့ကြားလိုက်ရသည့်အခါ မယ်တော်ကြီးမှာ ဆွံ့အ သွားမိသည်။

အထူးသဖြင့် ယန်ရှုမှာလည်း ယိုင်သွားတော့ မတတ်ဖြစ်သွားမိသည်။

ဒီမုန့်တွေက ငါ့အိုင်ဒေါကြီး ချီက ပို့လိုက်တဲ့ မုန့်တွေပေါ့လေ။ ဆရာကြီးချီက ဘာစိတ်ကူးပေါက်လို့ နန်းတော်အထိ တယ်သီးမုန့်တွေ လာပို့ရတာလဲ။ မယ်တော်ကြီးအတွက်များ ရည်ရွယ်ပြီး ပို့တာလား။

ဤသို့ သိလိုဇောများနေသည့် အချိန်တွင် စစ်စတန်က ဝင်ရှင်းပြသည်။

[ သိပ်ဟုတ်တာပေါ့… မယ်တော်ကြီး မာမကျန်း ဖြစ်နေတာကို နန်းပြင်ကလည်း သတင်းရတယ်လေ။ အဲကျတော့ ဆရာကြီးချီလည်း စိတ်ပူတာပေါ့။ ဒါပေမဲ့ နန်းတော်အပြင်က လူဆိုတော့ ရတဲ့ သတင်းက အပြည့်အဝမဟုတ်ဘူးလေ။ အဲကျတော့ အစက လာဖို့ ကြောက်နေသေးတယ် ဒါပေမဲ့ နောက်ကျတော့ အရဲစွန့်ပြီး တယ်သီးမုန့်တွေ သူ့ဘာသာသူ လုပ်ပြီး လာပို့လိုက်တာ။ မင်းကြီးအရှေ့မှာတော့ မယ်တော်ကြီးအတွက်လို့ သူ့နှုတ်က မပြောရဲဘူး…။ စုန့်ဟယ်ကျောင်းတော်က လုပ်တဲ့မုန့်တွေပါ အရှင်မင်းကြီးတို့ရဲ့ ကျေးဇူးကို သိတတ်တဲ့အနေနဲ့ ပေးတာပါ ဘာညာ ပြောတာပေါ့။ ]

ယန်ရှုမှာ အလွန်ဝမ်းသာနေသဖြင့် အလျင်အမြန် မေးလိုက်သည်။

[ ပြီးတော့ရော… ပြီးတော့ရော… ပြီးတော့ အရှင်မင်းကြီးက ဘာစိတ်ကူးပေါက်လို့ မယ်တော်ကြီးအတွက် လာပို့တာလဲ။ ]

စစ်စတန်က ပြန်ဖြေသည်။

[ ဟဲ့… သူက မယ်တော်ကြီး တယ်သီးမုန့်တွေ အရမ်းကြိုက်တာကို သိတယ်လေ။ သူတို့ သားအမိဖြစ်လာတာ နှစ်ပေါင်း နှစ်ဆယ်တောင် မကတော့ဘူး မသိဘဲနေပါ့မလား။ ]

ယန်ရှုမှာ အလွန်အမင်း သဘောတွေကျနေတော့သည်။

[ အဲဒီတော့ ကျောင်းတော်သားကြီးချီကလည်း မယ်တော်ကြီး တယ်သီးမုန့် ကြိုက်တတ်တာကို သိတယ်ဆိုပါတော့။ မုန့်လုပ်နည်းကိုလည်း သူ့ဘာသာသူ လေ့လာထားတာလား မသိဘူးနော်။ အခုတော့ သူ့လက်ရာကို မယ်တော်ကြီး မြည်းစမ်းခွင့် ရပြီပေါ့နော။ ]

သူမ၏ စိတ်ထဲတွင် ကျောင်းတော်သားကြီးချီ၏ ချီတုံချတုံဖြစ်နေပုံကို စိတ်ကူးယဉ်ကြည့်လိုက်သည်။ ထိန်းသင့်သည့် သိက္ခာနှင့် ဖြစ်ချင်သည့် ဆန္ဒတို့ လွန်ဆွဲနေရင်း နောက်ဆုံးတွင် မယ်တော်ကြီးအတွက် စိတ်ပူလွန်းသဖြင့် အရဲစွန့်လိုက်ပုံကို မြင်ယောင်မိသည်။ စိတ်ပိုင်းဖြတ်လိုက်ပြီး တယ်သီးမုန့်များလုပ်ကာ နန်းတော်အထိ ကိုယ်တိုင် လာပို့သည့် အိုင်ဒေါကြီး၏ ပုံစံကို တွေးကြည့်နေမိသည်။

စကားလုံးတစ်ခွန်းမှ မပါသော်လည်း တယ်သီးမုန့်များတွင် သူ့ခံစားချက်များ ပါဝင်နေသည်။

သူမက မယ်တော်ကြီးကို ကြည့်လိုက်ရာ အလွန်အံ့ဩနေဟန်ပေါက်နေပြီး စိတ်ထဲတွင် တွေးနေသည်ကို ကြားလိုက်ရသည်။

[ ငါ့အတွက် သူ တမင်ပို့ပေးတာများလား။ ]

ဤသည်ကို ကြားလိုက်သည့်အခါ ယန်ရှုမှာ ခေါင်းညိတ်ပြပြီး ပြောပြချင်စိတ်များ ဖြစ်နေသဖြင့် အတော်ထိန်းနေရသည်။

မယ်တော်ကြီးရဲ့ အထင်မမှားဘူး…။ ကျောင်းတော်သားကြီးချီက မယ်တော်ကြီးတစ်ယောက်တည်းအတွက် ရည်ရွယ်ပြီး လုပ်ပေးတာ။ မယ်တော်ကြီးကို သူ အရမ်း ဂရုစိုက်တာပဲ။

အိုး… သူတို့နှစ်ယောက်ရဲ့ ဖြူစင်တဲ့ မေတ္တာတွေက အပြန်အလှန်ပါလားနော်။

ထိုစကားလုံးများမှာ အတွေးများသက်သက်သာဖြစ်ပြီး မယ်တော်ကြီး သိမှာ မဟုတ်သောကြောင့် မယ်တော်ကြီး သိစေရန် သူမ တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

182 04

ထို့ကြောင့် သူမက —ခပ်သွက်သွက် ပြောလိုက်သည်။

“အရှင်မင်းကြီးဆီကနေ တယ်သီးမုန့်တွေရောက်လာတာနဲ့ အတော်ပဲ… မယ်တော်ကြီးက ပါးစပ်ခါးနေတယ်ဆိုပြီး အခုလေးတင် ပြောနေတာ။ တယ်သီးမုန့်စားလိုက်ရင်တော့ အဆင်ပြေလောက်မယ်”

သူမက ပြောပြီးသည်နှင့် အစားအသောက် သေတ္တာလေးကို ဖွင့်ကြည့်လိုက်ပြီး တယ်သီးမုန့်များထည့်ထားသည့် ပန်းကန်ကို မ,ယူလိုက်သည်။ ထို့နောက် အပျိုတော် တန်းရွှမ်ကို အနည်းငယ်မျှ ပိုသေးသွားအောင် လှီးခိုင်းလိုက်သည်။ ပြီးမှ မယ်တော်ကြီးကို ဆက်သ,လေသည်။

မယ်တော်ကြီးကလည်း အနည်းငယ်မျှ ယူ၍ စားကြည့်လိုက်သည်။

အင်း… တယ်သီးအရသာ ချိုချိုလေးကို ခံစားလိုက်ရသည်။ သူမက တဖြည်းဖြည်းချင်းစီ စားရင်း ‘သူ့’ မျက်နှာကို စိတ်ထဲတွင် မြင်ယောင်လာမိသည်။

သူ့စိတ်ဓါတ်က တခြားသူတွေကို မျက်နှာမလုပ်တတ်တဲ့ စိတ်ဓါတ်မျိုး… အဲဒါကြောင့် တယ်သီးမုန့်တွေက ငါ့အတွက် ‘သူ’ တမင်ပို့လိုက်တာမှန်း သိသာတယ်။

ဤသို့တွေးရင်း လျှာဖျားပေါ်မှ အချိုဓါတ်မှာ သူမ၏ နှလုံးသားထဲထိအောင် ရောက်သွားသဖြင့် ခန်းဆောင်အတွင်းရှိ ဆေးနံ့များပင် မှေးမှိန်သွားသလို ခံစားလိုက်ရသည်။

ယန်ရှုက ဘေးမှနေ၍ တိတ်ဆိတ်စွာ ကြည့်နေမိသည်။ မယ်တော်ကြီး၏ မျက်နှာ ဝင်းပ,လာသည်ကို မြင်လိုက်ရသောအခါ သူမလည်း ဝမ်းသာသွားပြီး အကြံပြုလိုက်သည်။

“မယ်တော်… တယ်သီးမုန့်စားရင်း တခြားဟာ တစ်ခုခုရော စားချင်စိတ်ရှိလား။ သမီးတော် စားဖိုဆောင်ကနေ ဆန်ပြုတ်နဲ့ ဟင်းလျာနည်းနည်းလောက် ပြင်ခိုင်းလိုက်မယ်လေ”

မယ်တော်ကြီးက ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြသည်။

“သမီးတော် ပြောလိုက်မှပဲ အိုက်ကျား ဗိုက်ဆာနေတာကို သတိထားမိတော့တယ်။ ကောင်းပါပြီ… စားစရာလေး ဘာလေး ပြင်ခိုင်းလိုက်ပါ”

ယန်ရှုက နာခံလိုက်ပြီး တန်းရွှမ်ကို စေခိုင်းလိုက်တော့သည်။

မကြာမီ နေ့လည်စာရောက်လာပြီး မယ်တော်ကြီးကလည်း အားတက်စရာ ကောင်းလောက်အောင် ဆန်ပြုတစ်ပန်းကန်နှင့် ဟင်းနှစ်ပန်းကန် ကုန်အောင် စားပစ်တော့သည်။

ဆေးရည်ကိုလည်း တစ်ကျိုက်တည်း ကုန်အောင် သောက်ပစ်နိုင်သဖြင့် စိတ်အားတက်နေမှန်း သိသာပေသည်။

ယန်ရှုကလည်း ကြည့်ရင်း စိတ်သက်သာသွားတော့သည်။

သူမ အိုင်ဒေါ၏ အားပေးမှုဖြင့် နံပါတ်တစ် ပရိတ်သက်ကတော့ အလျင်အမြန်သက်သာလာတော့မည်လေ။

☆☆

ယွီဝိန်းလန်ကလည်း မယ်တော်ကြီးအတွက် ဆက်တိုက်စိတ်ပူနေသော်လည်း သူ့အလုပ်က များနေသဖြင့် ဘာမျှ မတတ်နိုင်ဘဲ ဖြစ်နေသည်။ ဤသို့ဖြင့် ညနေစောင်းအချိန်တွင် ကန်လုနန်းဆောင်သို့ ပြန်ရောက်လာသည့်အခါ ယန်ရှုကို မေးလိုက်သည်။

“ဒီနေ့ မယ်တော်ကြီးရဲ့ အခြေအနေ ဘယ်လိုရှိလဲ”

ယန်ရှုက အလျင်အမြန်ပင် ပြန်ဖြေသည်။

“အရှင်မင်းကြီး ဘာမှ စိတ်ပူစရာမလိုတော့ပါဘူး။ မယ်တော်ကြီးက ဒီနေ့ တော်တော် စိတ်ချမ်းသာနေတော။ အထူးသဖြင့် အရှင်မင်းကြီး ဖုဟိုင်ကို ပို့ခိုင်းလိုက်တဲ့ တယ်သီးမုန့် စားပြီးကတည်းက ပိုလို့တောင် အဆင်ပြေသွားတာ…။ နေ့လည်စာလည်းစားတယ်… ညစာလည်းကောင်းကောင်းစားတယ်”

သူမ၏ စိတ်ထဲ၌မူ ဂုဏ်ယူဝံ့ကြွားနေမိသည်။

[ အဟင်းဟင်း… မင်းကြီးတော်တယ်! ဆရာကြီးချီရဲ့ တယ်သီးမုန့်တွေကို မယ်တော်ကြီးဆီ ပို့ရကောင်းမှန်း သိသားပဲ…။ မဆိုးဘူး… မဆိုးဘူး… တော်တော် လိမ္မာတဲ့ မင်းကြီး! ]

ယွီဝိန်းလန် - “...”

သမားတော်ကျန်းက မယ်တော်ကြီး စိတ်ပျော်အောင် ထားရမည်ဟု ပြောထားသဖြင့် သူက လုပ်သင့်သည်ကို လုပ်လိုက်ခြင်းသာဖြစ်သည်။

ထိုသို့တွေးနေစဉ် ယန်ရှုပြောလေသည်။

“အရှင်မင်းကြီး… မိဖုရားတစ်ခုတွေးနေတာ ရှိတယ်… အခု မယ်တော်ကြီးရဲ့ အခြေအနေက တိုးတက်လာပြီဆိုတော့ ကျန်းရှန်ခန်းရဲ့ အရင်တုန်းက ပြစ်မှုတွေကို ပြောလို့ရပြီလို့ ထင်တယ်။ ကျန်းရှန်ခန်းက သူ့ဆရာနဲ့ ဘိုးဘွားတွေကို သစ္စာဖောက်ပြီး ကျေးဇူးကန်းတဲ့ အကြောင်းကို မိဖုရား ဝတ္ထုဇာတ်လမ်းတစ်ပုဒ်လောက် ရေးလိုက်ရမလား။ ပြီးရင် မယ်တော်ကြီးကို ဖတ်ပြလိုက်မယ်…။ အဲဒါဆို အဲဒီလူကြီးရဲ့ နောက်ကြောင်းကို မယ်တော်ကြီး အရိပ်အမြွက်လောက်တော့ မြင်သွားလိမ့်မယ်ထင်တယ်။ မယ်တော်ကြီး သက်သာလာတဲ့ နေ့ကျတော့မှ ‘ဆေးပညာ မှတ်တမ်း ပေါင်းစု’ စာအုပ်ကြီးအကြောင်း ဖြစ်ရပ်အမှန်တွေ အကုန်ဖော်လိုက်မယ်။ အဲအချိန်ကျရင် မယ်တော်ကြီးလည်း ကျန်းရှန်ခန်းရဲ့ စိတ်ဓါတ်ကို အပြည့်အဝ သိနေလောက်ပြီလေ”

ယွီဝိန်းလန်က ခေါင်းညိတ်ပြကာ ပြောသည်။

“အင်း… အဲဒီလို လုပ်တာ ကောင်းသားပဲ”

182 05

စကားမစပ်… အခုရက်ပိုင်း မယ်တော်ကြီးကို သမားတော်လေး ကျန်းက ကုသပေးနေတာကို ကြည့်ပြီး ကျန်းရှန်ခန်းက စိတ်မလုံသဖြင့် တစ်ခုခု မဟုတ်တာ ကြံစည်နေလောက်မည်ထင်သည်။

သို့သော် ထိုအဘိုးကြီး ဘာကြံကြံ အရေးမကြီးပေ… သူက ရဲမက်များ လွှတ်ထားပြီး ကျန်းရှန်ခန်းနောက်မှ နောက်ယောင်ခံ စောင့်ကြည့်ခိုင်းထားသည် - တစ်ခုခု မဟုတ်တာ လုပ်တာနဲ့ တန်းမိမှာပဲ။

ယန်ရှု၏ အစီအစဉ်ကိုလည်း သူသဘောကျသည်။ မယ်တော်ကြီး၏ စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ပြီးမှ အကြောင်းစုံကို ဖော်တာက ပို၍ကောင်းပေမည်။ သို့မှသာ ကျန်းရှန်ခန်းကို သူတို့ဘာလုပ်လုပ် မယ်တော်ကြီး စိတ်မပျက်တော့မည် ဖြစ်ပေသည်။

မကျန်းမာသူကို စိတ်မလှုပ်ရှားစေရန် သတိထားသည်က အကောင်းဆုံးမဟုတ်ပါလား။

သူက အဆင်ပြေကြောင်းပြောသည်ကို ကြားလိုက်သည့်အခါ ယန်ရှုက “မှန်လှပါ” ဟု ပြောကာ နာခံလိုက်ပြီး စာအုပ်စင်သို့သွားကာ တစ်ခုခုကို ရှာဖွေတော့သည်။

ထိုအခါ သူက သိချင်သွားသဖြင့် မေးလိုက်သည်။

“မင်းက ဘာလုပ်နေတာလဲ”

ယခုလို ညရောက်ခါနီး အချိန်တွင် စာရေးရန် ကြံနေသည်လား မသိ။

ထိုအခါ ယန်ရှုက ပြန်ဖြေသည်။

“ကျန်းရှန်ခန်းအကြောင်းရေးထားတဲ့ စာမူ ဘယ်နားထားမိလဲ မသိလို့ ရှာမလို့ပါ… မနက်ဖြန် မယ်တော်ကြီးကို ဖတ်ပြမယ်လေ…”

ယွီဝိန်းလန်က သူမကို ဆွဲခေါ်လိုက်ပြီး — ပြောလိုက်ရသည်။

“အခုက တော်တော်တောင် နောက်ကျနေပြီ… မနက်ကျမှ ရှာတော့… တနေကုန် စီအန်းနန်းဆောင်မှာပဲ နေနေတာ… အခု နားတော့”

သူပြောလိုက်မှပဲ ယန်ရှုက တစ်ချက် သန်းဝေလိုက်ကာ တော်တော် ပင်ပန်းနေသည်ကို သတိရသွားတော့သည်။ သူမက သူ့စကားကို နားထောင်လိုက်ပြီး အိပ်ယာသို့ ဝင်လိုက်တော့သည်။

☆☆

နောက်တစ်နေ့ရောက်သည့်အခါ ယွီဝိန်းလန်က ထုံးစံအတိုင်း စောစောထသည်။ ချန်းမင်နန်းဆောင်ရှိ မနက်ခင်း ညီလာခံကို တက်ရန် ပြင်ဆင်နေသည်။

သူ့လှုပ်ရှားသံများကြောင့် ယန်ရှုလည်း နိုးလာပြီး ပျင်းယိစွာဖြင့် ထကာ အိပ်ယာ ကန့်လန့်ကာကို ဆွဲလှပ်လိုက်၍ မေးလိုက်သည်။

“အရှင်မင်းကြီး သွားတော့မလို့လား”

ထိုသို့ပြောပြီး နောက်ထပ် တစ်ကြိမ် ထပ်သန်းလိုက်ပြန်သည်။ မျက်လုံးများကလည်း အပြည့်မပွင့်သေးချေ။

ယွီဝိန်းလန်က သူမကိုကြည့်ပြီး ရယ်လည်း ရယ်ချင် စိတ်ထဲတွင်လည်း သနားသလို ဖြစ်မိသည်။ သူက သူမ၏ နှဖူးကို နမ်းလိုက်ကာ — ပြောလိုက်သည်။

“မထနဲ့ဦး… အပြင်မှာ အေးတယ်… နည်းနည်းလောက် ဆက်အိပ်လိုက်ဦး”

သူက ထိုသို့ အလိုလိုက်,လိုက်သဖြင့် ယန်ရှုကလည်း ‘အင်း…’ ဟု အသံခပ်ပျော့ပျော့လေးဖြင့် ပြန်ပြောကာ အိပ်ယာပေါ်တွင် ပြန်လဲချလိုက်တော့သည်။

ထိုစဉ် ဖုဟိုင်က အပြင်ဖက်မှနေ၍ လျှောက်တင်လေသည် ။

“အရှင်မင်းကြီး… နန်းတွင်းရဲမက်တော်တစ်ယောက်က သတင်းလာပို့ပါတယ်”

ယွီဝိန်းလန်က အသိအမှတ်ပြုကာ ပြန်ပြောလိုက်ပြီး အပေါ်ဝတ် ဝတ်ရုံတစ်ထည်ကို ကောက်ဝတ်လိုက်ကာ အပြင်ဖက် ခန်းဆောင်သို့ ထွက်လာလိုက်သည်။

“ဘာကိစ္စလဲ”

ထိုစဉ် ယန်ရှုကလည်း အိပ်ယာပေါ်တွင် လဲလျောင်းရင်း စောစောစီးစီး နန်းတွင်ရဲမက်က ဘာပြဿနာဖြစ်လို့ လာသတင်းပို့တာလဲဟု တွေးနေမိသည်။

တာအိုဆရာတော် ပိုင်ဟယ်ကိုများ မိကြပြီလား။

မဖြစ်နိုင်… အချိန်ကို တွက်ကြည့်လိုက်လျှင် စေလွှတ်ထားသည့် ရဲမက်များမှာ မင်ယွဲ့သို့ ရောက်ဦးမည် မဟုတ်ပေ။ ထို့ကြောင့် ထိုမိစ္ဆာကို မိပြီး ပြန်လာခြင်းမှာ မဖြစ်နိုင်ပေ။

ဒါဆို အခုက ဘာကိစ္စလဲ။

သိချင်စိတ်များနေသဖြင့် အိပ်မရတော့ဘဲ ဖြစ်သွားကာ ထ,ထိုင်လိုက်သည်။ ထို့နောက် အပေါ်ဝတ် ဝတ်ရုံတစ်ထည်ကို ဝတ်လိုက်ပြီး တံခါးပေါက်နား သွားရပ်ကာ နားထောင်နေလိုက်သည်။

နန်းတွင်း ရဲမက်က အပြင်တွင် လျှောက်တင်နေသည်။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်… မနေ့ညက ကျန်းအိမ်တော်ကို ကျွန်တော်မျိုးတို့ ဖောက်ဝင်ပြီး စုံစမ်းတဲ့အခါ ကျန်းရှန်ခန်းက နန်းတွင်းမှာ တာဝန်ပြီးတာနဲ့ အမျိုးသမီးတစ်ယောက်ဆီ လာပြီး ချစ်တင်းနှောပါတယ်…။ ပြီးတော့ အဲဒီအမျိုးသမီးကပဲ သူ့သားရဲ့ ခန်းဆောင်ကို သွားပြီး သူ့သားနဲ့အတူ ညနက်သည်အထိ ချစ်တင်းနှောပြန်ပါတယ်…”

ယန်ရှု - “…”

ယွီဝိန်းလန် - “…”

******

183 01

Chapter 183

မနက်စောစော ထွက်လာသည့် ဖရဲသီးကြီးကြောင့် အားလုံး ခေါင်းတွေ မူးပြီး ရီဝေဝေ ဖြစ်ကုန်ကြသည်။

ယန်ရှုမှာ သူမ ကြားလိုက်ရသည်ကို မယုံနိုင်သဖြင့် အရင်ဆုံး တွေးတော စဉ်းစားကြည့်လိုက်ရသည်။

ဟို သူခိုးအဘိုးကြီး ကျန်းရှန်ခန်းက ဒီအမျိုးသမီးနဲ့ပဲ မနေ့ညက လာပြီး ကမြင်းတယ်လို့ အစောင့်ရဲမတ်က ပြောတယ်…။ အဘိုးကြီး ပြန်သွားတော့ အဲဒီအမျိုးသမီးက ကျန်းရှန်ခန်း ရဲ့ သားရဲ့အိမ်ကို သွားပြီး သူ့သားနဲ့ သွားကမြင်းသတဲ့ ဟုတ်လား။

ဒီလိုဆိုရင် ဒီအမျိုးသမီးက မနေ့ညက သားအဖ နှစ်ယောက်စလုံးနဲ့ ကမြင်းနေတဲ့ သဘောပေါ့။

ထိုအခါ စစ်စတန်ထံမှ အသံကို ကြားလိုက်ရသည်။ [သိပ်ဟုတ်တာပေါ့]

ယန်ရှု - [ဒါဆို ငါတွေးတာ မှန်တယ်ပေါ့။ နေပါဦး… စစ်စတန် အခုတလော အပျင်းကြီးသထက် ပျင်းလာနေသလိုပဲနော်…။ ဒီလောက် အရသာရှိမဲ့ ဖရဲသီးကြီးကို စောစောကတည်းက မပြောဘူး ကြည့်စမ်း…]

စစ်စတန် [ငါ အစောကြီးကတည်းက ပြောလိုက်ရင် အခုလောက် ဘယ်အရသာ ရှိပါတော့မလဲ။ အခုလို အချိန်မျိုးမှာမှ ဖရဲသီးက အနံ့ပါမွှေးပြီး စားလို့ကောင်းတာ…။ ]

ယန်ရှု [အေးပါ… ထားပါတော့… အပိုတွေ ပြောမနေနဲ့… ဒီသူခိုး အဘိုးကြီးနဲ့ သူ့သားအကြောင်း ဆက်ပြောပါဦး…။ ဒီအမျိုးသမီးက အဘိုးကြီးရဲ့ ကိုယ်လုပ်တော်လား]

ယန်ရှုမှာ ထိုသို့ပြောလိုက်သော်လည်း စိတ်ထဲတွင် မသေချာပေ။

[ဒီသူခိုးကြီးမှာ ကိုယ်လုပ်တော်ရှိတယ်လို့တော့ မကြားဖူးဘူး…။ ဒါနဲ့ အဘိုးကြီးမှာ ချွေးမ ရှိတယ် မဟုတ်လား။ သူ့သားက လက်ထက်ထားတာ မကြာသေးဘူး မဟုတ်လား။ ဟ … ချီးထဲမှ… ဒီလိုဆို… အဘိုးကြီးက သူ့ချွေးမနဲ့ ဖောက်ပြန်နေတာမျိုးလား။]

ထိုအခါ စစ်စတန်က ပြောလေသည်။

[မဟုတ်ဘူး… မဟုတ်ဘူး။ မကြာသေးခင်က ကျန်း မိသားစုနဲ့ လက်ထပ်ထားတဲ့ ချွေးမက ကွမ်းလုရုံးတော်က အမတ်အဖြစ် အမှုထမ်းနေတဲ့ဖေးရှင်းကျီ ရဲ့ သမီး…။ အမျိုးသမီးဖေး ရဲ့ မိသားစုက ပညာတတ်မျိုးရိုး…။ အဲဒါကြောင့် ဒီလို လုံးဝ လုပ်မှာမဟုတ်ဘူး…။]

ထိုအခါ ယန်ရှုမှာ ခေါင်းပိုရှုပ်သွားတော့သည်။ [ဒါဆို ဘာတွေ ဖြစ်နေတာလဲ မသိတော့ဘူး…။]

သူမ ဘာမျှ မတွေးနိုင်စဉ် စစ်စတန်က နောက်ထပ် တစ်ခုကို ပြောပြပြီး မေးသည်။

[အရင်တစ်ခေါက်က သမားတော်ကျန်းကို အကောက်ကြံဖို့ ကျန်းရှန်ခန်း လုပ်ခဲ့တဲ့ လုပ်ရပ်ကို နင်မှတ်မိလား။ အိမ်နားက ကလေးလေးကို ပေးတဲ့ဆေးကို လူလွှတ်ပြီး လဲခိုင်းတာလေ မှတ်မိလား။]

ယန်ရှုက ချက်ခြင်း ခေါင်းညိတ်ပြလိုက်သည်။ [မှတ်မိတာပေါ့…။]

ယနေ့အချိန်အထိ အမေမှာ ထိုအကြောင်းပြောလျှင် ဒေါသထွက်နေဆဲ ဖြစ်သည်။

သမားတော်ကျန်းအား အကောက်ကြံရန်အတွက် ထိုခွေးသူခိုးကြီးမှာ ကလေးငယ်လေး တစ်ယောက်၏ အသက်ကိုပင် ထည့်မတွက်ဘဲ ကြံစည်ခဲ့သည်။ ထိုအဘိုးကြီးအား မမိဘဲ သူ၏ တပည့်တစ်ယောက်သာ အပြစ်ဒဏ်ကျသွားသည်မှာ ကံဆိုးလှသည်။ ဘိုးတော်ကြီးက မယ်တော်ကြီးရှေ့တွင် အပြစ်ကို တာဝန်ယူ သယောင် ဟန်ဆောင်ပြီး အမှန်ကို ဖုံးကွယ်ကာ မယ်တော်ကြီးအား လှည့်စားခဲ့သည်။ ပြီးနောက် သူက ရာထူးမှ လျှော့ချရန်တောင်းဆိုပြီး လစာငွေကို လျှော့ယူပြီး အပြစ်မှ သက်သာအောင် ကြံခဲ့သဖြင့် အားလုံး ပြီးဆုံးသွားခဲ့သည်။

ဒါပေမဲ့ အခုဖရဲသီးနဲ့ အဲ့တုန်းက ကိစ္စနဲ့ ဘာဆိုင်လို့လဲ။

ထိုအခါ စစ်စတန်က ပြောတော့သည်။ [အခု ကျန်း သားအဖနဲ့ ကမြင်းနေတဲ့ မိန်းမက ကျန်းရှန်ခန်းအစား အပြစ်ဒဏ်ကျခံသွားတဲ့ တပည့်ရဲ့ မိန်းမလေ…။ အစက ကျန်းရှန်ခန်းက အဲဒီ တပည့်ကို သူ့ကိုယ်စား အပြစ်ဒဏ်ခံပေးဖို့ ငွေသား နှစ်ရာပေးပြီး ဇနီးနဲ့ သားသမီးတွေကို ကြည့်ရှုပေးမယ်ဆိုပြီး ကတိခံထားတာ]

ယန်ရှု - [ဪ… ဒါဆို ဒီသူတော်ကောင်းကြီးက အိပ်ယာထဲအထိတောင် လိုက်ပြီး ကြည့်ရှု ပေးနေတာပေါ့လေ။ နေပါဦး… အဲဒီအမျိုးသမီးက အဘိုးကြီးရဲ့ တပည့်ရဲ့ မိန်းမဆိုရင် ဘာလို့ သူ့အိမ်မှာသူ မနေဘဲ အဘိုးကြီးရဲ့ အိမ်မှာ ရောက်နေရတာလဲ။]

စစ်စတန်က ရှင်းပြသည်။ [ပြောရရင်လေ… အဲဒီ အမျိုးသမီးချွေ့ ဆိုတာကလေ အင်မတန်မှ အလွယ်လမ်း လိုက်တဲ့ မိန်းမမျိုး…။ အဲဒီလို အမှုအခင်း အဖြစ်အပျက်တွေ ဖြစ်ပြီးသွားတော့ သူ့ယောက်ျား ထောင်ဒဏ် ဆယ်နှစ် ကျသွားတယ်ဆိုတာကို သိလိုက်ရတယ်…။ သူ့ယောက်ျား အဲဒီအချိန်ကျရင် အသက်ရှင်လျက် လွတ်ဖို့က တစ်ကိစ္စ… လောလောဆယ် ပြသနာက ကျန်းရှန်ခန်းက လူလွှတ်ပြီး ပေးလိုက်တဲ့ ငွေတွေ အားလုံးက သူ့မိဘတွေဆီ ရောက်သွားတယ်…။ အမျိုးသမီးချွေ့ က စိတ်ပျက်တာပေါ့…။ အဲဒီတော့ သူ့ရှေ့ရေးအတွက် သူကြံစည်တော့တယ်…။ ဒီမိန်းမက ကျန်းရှန်ခန်းက ချမ်းသာပြီး ကိုယ်လုပ်တော် မရှိတာကို သိထားတယ်…။ ပြီးတော့ ကျန်း ဘိုးတော်ကြီးရဲ့ မိန်းမကလည်း အသက်ကြီးနေပြီဆိုတာကို သိတယ်…။ အဲဒီမှာ အဘိုးကြီးကို မြူဆွယ်တော့ အဘိုးကြီးကလည်း တဏှာရူးကြီး ဖြစ်နေတော့ နှစ်ယောက်သား ချက်ခြင်း ငြိသွားပြီး အဆင်ပြေနေတော့တာပေါ့…။]

183 02

[နောက်တော့ အပြင်မှာ ခဏ ခဏ ထွက်တွေ့နေရတာ အဆင်မပြေတော့ အဘိုးကြီးကလည်း မွှန်နေတာနဲ့ သူ့သား အိမ်ထောင်ပြုသွားတာကို အကြောင်းပြပြီး အိမ်မှာ အကူလိုတယ်ဆိုပြီး လူသိအောင်ပြောတယ်။ အဲဒါနဲ့ အမျိုးသမီးချွေ့ ကို အိမ်အကူအဖြစ် ခေါ်တယ်…။ အဲဒီလိုနဲ့ အဲဒီမိန်းမ အဘိုးကြီးရဲ့ အိမ်ထဲ ရောက်သွားတော့တာပဲ…။ ဒီလိုနဲ့ သူတို့ နှစ်ယောက် ကမြင်းလို့ ကောင်းသွားတာပေါ့…။ အခုဆိုရင် သူ့သားက အိမ်ထောင်ပြုပြီး တခြားမှာနေတာ သုံးလလောက်ရှိနေပြီဆိုတော့ အဲဒီမိန်းမကို သူက အိမ်ပြန်မလွှတ်တော့ဘူးလေ…။ ]

လက်စသတ်တော့ ဒီလိုကိုး…။

ယန်ရှုမှာ သိချင်သေးသဖြင့် အလျင်အမြန် ထပ်မေးသည်။ [ဒါနဲ့… ဒီအမျိုးသမီးချွေ့ က ကျန်း အဘိုးကြီးရဲ့ သားနဲ့ကရော ဘယ်လို ငြိသွားတာလဲ။]

ထိုအခါ စစ်စတန်က ထပ်ပြောပြသည်။

[ကျန်း အိမ်တော်ကို အမျိုးသမီးချွေ့ ရောက်လာပြီး ရက်နည်းနည်းအကြာမှာ ကျန်းရှန်ခန်း ရဲ့ ဇနီး အမျိုးသမီးရှုက သူတို့နှစ်ယောက် ပွေရှုပ်နေတဲ့ ဇာတ်လမ်းကို သိသွားတယ်…။ ဒါပေမဲ့ အမျိုးသမီးရှုက ကျန်းမာရေး မကောင်းတော့ သူ့ယောက်ကျားကို ထိပ်တိုက် မဆန့်ကျင်ရဲ့ဘူး…။ အမြဲတန်း ဒေါသကတော့ ထွက်နေတာပေါ့…။ အဲဒီတော့ အမျိုးသမီးချွေ့ကို နေရခက်ခဲအောင် လုပ်တယ်…။ အိမ်ကနေ ထွက်ပြေးသွားအောင် ကျိတ်ကြံတာပေါ့…။ ဒါပေမဲ့ ဒီအမျိုးသမီးချွေ့ကလည်း လွယ်လွယ်နဲ့ လက်လျှော့တတ်တဲ့ သူမျိုး မဟုတ်ဘူး…။ ဖြစ်ချင်တော့ ခွေးသူခိုးကြီးရဲ့ သားကလည်း တဏှာရူးပဲ…။ သူကလည်း ဒီအမျိုးသမီးအပေါ်မှာ အခွင့်အရေးယူဖို့ အကြိမ်ကြိမ်ကြိုးစားဖူးတယ်…။ အဲဒါကြောင့် အမျိုးသမီးချွေ့ က အမျိုးသမီးရှု ကို ကလဲ့စားချေတဲ့အနေနဲ့ သူ့သားကိုပါ မြူဆွယ်လိုက်တယ်… အဲဒီအချိန်ကစပြီး သူ့သားနဲ့ပါ မကြာခဏ ကမြင်းတော့တာပဲ…။]

[ပြောရရင် မနေ့ညကလည်း အဲဒီလို ဖြစ်တာပဲ…။ ဒီမတိုင်ခင်တုန်းက ကျန်း အဘိုးကြီးက နန်းတွင်းမှာ တာဝန်ကိစ္စရှိနေလို့ အိမ်မှာ ရက်နည်းနည်းလောက် မရှိတာကို အခွင့်ကောင်းယူပြီး အမျိုးသမီးချွေ့နဲ့ အဘိုးကြီးရဲ့ သားနဲ့ ချိန်းတွေ့ကြတယ်…။ မနေ့က အဘိုးကြီးပြန်ရောက်လာတော့ ဒီမိန်းမကို ရှာတာပေါ့…။ အဲဒီအခါ အမျိုးသမီးချွေ့ က မတတ်သာလို့ ကျန်း ခွေးသူခိုးကြီးနဲ့ အရင်နေပြီးမှ သူ့သားနဲ့ ချိန်းထားတာကို သွားတွေ့တာ…။]

ယန်ရှု - [......]

ဪ ရှုပ်ထွေး ပွေလီလိုက်တဲ့ မိသားစု… ငါ ဘာပြောရမယ်မှန်းတောင် မသိတော့ဘူး…။

[အဘိုးကြီးရဲ့သားက အိမ်ထောင်ကျထားတာ မကြာသေးဘူးမဟုတ်လား။ မိန်းမရထားတာ ပူပူနွေးနွေး ရှိသေးတာကိုတောင် အမျိုးသမီးချွေ့နဲ့ ရှုပ်နိုင်သေးတယ်နော်။]

စစ်စတန် [အဲဒီ တဏှာရူးလေးက အိမ်ထောင်ကျပြီးလို့ တစ်ရက်နှစ်ရက်လောက်ပဲ ငြိမ်တာ…။ ဒါပေမဲ့ သူ့မိန်းမက အရှက်သိက္ခာနဲ့ နေတတ်တဲ့ မိန်းမမျိုးဖြစ်နေတော့ သူက မကြိုက်တော့ဘူး…။ အဲဒါကြောင့် လွယ်တဲ့ ကလက်တဲ့ ချွေ့ အမျိုးသမီးနဲ့ လာငြိတာ…။]

ယန်ရှုမှာ လက်ထက်ပြီးခါစ သတို့သမီးအတွက် စိတ်မကောင်းဖြစ်မိပြီး အဘိုးကြီး၏ သားကို ရွံရှာလွန်းသဖြင့် အန်ပင် အန်ချင်စိတ်ပေါက်လာတော့သည်။ ထို့နောက် သူမက ဆက်မေးလိုက်သည်။

[ဒါဆို ဒီတဏှာရူးလေးက သူ့မိန်းမသိမှာကို မကြောက်ဘူးဆိုတဲ့ သဘောလား။ ပြီးတော့ သားအဖ နှစ်ယောက်စလုံး ဒီအမျိုးသမီးနဲ့ ငြိနေကြတာကို အမေဖြစ်တဲ့ အမျိုးသမီးရှုက ဘာမှ မလုပ်ရဲတော့ဘူးလား။ ကျန်း မိသားစုဝင် ဖြစ်လာတဲ့ ချွေးမ အသစ်လေးကရော မသိဘူးလား။]

ထိုအခါ စစ်စတန်က သက်ပြင်းချလိုက်လေသည်။ [အဲဒီချွေးမက ချွေးမပဲလေ… သူ့ယောက္ခအိမ်တော်အကြောင်း ဘယ်နားလည်ပါ့ဦးမလဲ…။ အခုလောလောဆယ်တော့ ခွေးသူခိုးနဲ့ သူ့သားတို့ အမျိုးသမီးချွေ့ နဲ့ ပတ်သတ်နေတာကို သိဦးမှာ မဟုတ်သေးဘူး…။ သူ့ ယောက္ခမကြီးဖြစ်တဲ့ အမျိုးသမီးရှုကတော့ သိလွန်းလို့ အခုဆို စိတ်ထိခိုက်ပြီး ကျန်းမာရေး ဆိုးနေပြီ…။]

ယန်ရှု - [ဟင်း… မကျန်းမမာ ဖြစ်နေတာတောင် ဘယ်သူမှ ဂရုမစိုက်ကြဘူးပေါ့။ သူ့ကိုလည်း အပြစ်မတင်ချင်တော့ပါဘူးလေ…။]

ဪ သနားဖို့ကောင်းလိုက်တဲ့ ချွေးမသစ်လေး… စိတ်သဘောထား မြင့်မြတ်ရဲ့သားနဲ့ ဒီလို မိသားစုဝင်နဲ့မှ လာပြီး အိမ်ထောင်ကျရတယ်လို့…

ထိုအခါ စစ်စတန်က ပြောပြသည်။ [ကျန်းရှန်ခန်းက ဒီမင်္ဂလာပွဲကို စီစဉ်တာ မယ်တော်ကြီးရဲ့ မျက်နှာကို အသုံးချပြီး လုပ်လိုက်တာ…။ အမျိုးသမီးဖေး ရဲ့ မိသားစုက ဂုဏ်သရေ မြင့်တဲ့ မိသားစုလေ… နန်းမြို့တော်ထဲက တခြား ဂုဏ်သရေရှိ မိသားစုတွေက သူ့ကို ချွေးမတော်ချင်ကြတာပေါ့…။ ဒါပေမဲ့ ပိုင် အမတ်ကြီးက ကျန်းရှန်ခန်းကို မယ်တော်ကြီးက ယုံကြည်တဲ့သူလို့ ထင်ပြီး သူ့မိသားစုနဲ့ အဆင့်အတန်းချင်းတူတယ်လို့ ယူဆလိုက်တာ…။ အဲဒါကြောင့် သူ့သမီးအပေါ် မကောင်းတာ မကြံလောက်ဘူးလို့ ယုံကြည်ပြီး လက်ထပ်ပေးလိုက်တာပေါ့…။]

ယန်ရှု - [ကြည့်ရတာ ပိုင် အမတ်ကြီးက သူ့သမီးကို သိပ်ချစ်ရှာတယ်နဲ့ တူပါတယ်…။ တကယ်လို့သာ ဖြစ်ရပ် အမှန်ကို သိသွားရင် ဒေါသတွေထွက်လောက်မလား။]

စစ်စတန် - [အဖြစ်မှန်ကို သိသွားဖို့ ဖြစ်နိုင်ချေ နည်းပါတယ်… ဘာလို့လဲဆိုတော့ ယောက္ခမတော်တဲ့ အမျိုးသမီးရှုက စိတ်သာဆိုးနေမယ်။ အားလုံးသိအောင် ဖွင့်ပြောရဲမှာ မဟုတ်ဘူး…။]

ယန်ရှု - [ဟီးဟီး… သူမပြောရဲဘူးဆိုရင် တခြားသူကို ပြောခိုင်းလိုက်ဖို့ပဲ ကျန်တာပေါ့…။]

183 03

အဟား… ဒီဖရဲသီးကြီးကို အကုန်စားပြီးပြီဆိုတော့ ရှေ့ဘာလုပ်မယ် အစီအစဉ်ချဖို့ပဲ ကျန်တော့တယ်…။

အစကတော့ ဒီ ကျန်းရှန်ခန်း ဆိုတဲ့ အဘိုးကြီးကို တော်ရုံ အကျင့်ပုပ်တဲ့သူလို့ပဲ ထင်ထားတာ… အခုလို မထင်ထားတာတွေကို ထပ်သိလိုက်ရတော့ ပိုလို့တောင် စိတ်ဝင်စားစရာ ကောင်းသွားပြီ…။

~~

ထိုအချိန်၌ပင် အပြင်ဖက် ခန်းဆောင်ရှိ ယွီဝိန်းလန်မှာ မိမိ၏ နားကိုပင် မယုံတော့ သလိုဖြစ်နေသည်။

ငါများ နားကြားလွဲတာလား။

နန်းတော်စောင့် တပ်သား၏ ပြောစကားအရဆိုလျှင် ကျန်းရှန်ခန်း နှင့် သူ၏ သားတို့မှာ မိန်းမ တစ်ယောက်တည်းနှင့် အပြိုင် ချိန်းတွေ့နေကြသည်တဲ့လား။

ဘာလို့ ဒီအိမ်တော်က ရှုပ်ထွေး ပွေလီ နေရတာလဲ။

ထိုစဉ် အတွင်းခန်းဆောင်အတွင်းမှ ပြောလိုက်သည့် ယန်ရှုအသံကို ကြားလိုက်ရတော့သည်။

“အရှင်မင်းကြီး… ဒီကိုယ်လုပ်တော် လျှောက်တင်စရာ ရှိပါတယ်”

ထိုအခါ ယွီဝိန်းလန်မှာ သတိပြန်ဝင်လာပြီး လက်ကိုမြှောက်ကာ နန်းတော်စောင့် တပ်သားအား ဝှေ့ပြလိုက်ပြီး အတွင်း ခန်းဆောင်သို့ ဝင်လာလိုက်သည်။

သူ ဝင်လာချိန်၌ပင် ယန်ရှုက မျက်လုံး အ‌ရောင်တလက်လက်ဖြင့် ကျန်း မိသားစု ဖရဲသီးကြီးအကြောင်းကို ပြောပြလေတော့သည်။

“အရှင်မင်းကြီး… ကျွန်မ သိသွားပြီ…။ ဖြစ်ချင်တော့ အဲဒီ ကျန်း သားအဖနဲ့ ရှုပ်နေတဲ့ အမျိုးသမီးက အရင်တုန်းက ကျန်းရှန်ခန်းကိုယ်စား အပြစ်ဒဏ်ကျခံသွားတဲ့ တပည့်တစ်ယောက်ရဲ့ မိန်းမပဲ…။ ကျန်းရှန်ခန်း ရဲ့ မိန်းမက ဒီရှုပ်နေတဲ့ ကိစ္စတွေကို သိနေပေမဲ့ ဘာမှ မလုပ်ရဲဘူး…။ အဲဒါကြောင့် သူလည်း အခု အိပ်ယာထဲ လဲနေပြီ…။ သူတို့မိသားစုဝင် ချွေးမ အသစ်ကလည်း အဲဒါတွေကို အခုထိ မသိသေးဘူး…။ မိဖုရားတို့ အခုပဲ စလှုပ်ရှားပြီး သနားစရာ မိန်းကလေးကို ဒီဆင်းရဲ ဒုက္ခတွေကနေ တတ်နိုင်သလောက် မြန်မြန် ကယ်တင်ကြရအောင်”

ယွီဝိန်းလန် - “.....”

အချိန် ဘယ်လောက်မှတောင် မကြာသေးဘူး သူက နည်းလမ်းတောင် ရှာတွေ့နေပြီလား။

မည်သို့ပင်ဆိုစေ ယခုလို ကိစ္စမျိုးကို ကိုင်တွယ်ရာတွင် ချစ်လှစွာသော သူမ၏ အကြံဉာဏ်များမှာ အားကိုးရသဖြင့် သူက မေးကြည့်လိုက်သည်။

“မင်းက ဘာလုပ်ဖို့ ကြံထားတာလဲ”

ထိုအခါ သူမက ခြေဖျားထောက်ကာ သူ့အနားသို့ ရောက်လာပြီးနောက် နားအတွင်းသို့ တီးတိုးပြောလေသည်။

သူမ၏ အကြံအစည်အား နားထောင်ပြီးသည့်အခါ သူက ခေါင်းကို ညိတ်လိုက်ကာ ပြောလိုက်သည်။

“အင်း အဲဒီလို လုပ်တာက ပိုသဘာဝကျတယ်… ငါကိုယ်တော် သူတို့ကို လုပ်ခိုင်းလိုက်မယ်”

ထိုသို့ပြောပြီးနောက် သူက သူမအား စိုက်ကြည့်လိုက်ပြီး ဆက်၍ ပြောလိုက်သည်။

“အခု အစောကြီးပဲ ရှိနေသေးတယ်… ဆက်အိပ်လိုက်ပါဦး”

သူက ကျန်းမိသားစုကို ရဲမတ်များအား စောင့်ကြည့်ခိုင်းမည် ဖြစ်သဖြင့် သူမ အနေဖြင့် ရှေ့ဘာဖြစ်မည်ကို အေးအေးဆေးဆေး စောင့်ကြည့်ဖို့သာ လိုတော့သဖြင့် နားခိုင်းလိုက်သည်။

သို့ရာတွင် သူမက ခေါင်းကို ခါရမ်းလိုက်ပြီး ဝတ်ရုံများ ထပ်၍ လွှမ်းခြုံကာ ဝတ်လိုက်သည်ကို မြင်လိုက်ရသည်။ ထို့နောက် သူမက မျက်မှောင်ကို ကြုတ်လိုက်ပြီး ပြောတော့သည်။

“ဒီလောက် စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စကြီးရှိနေတာကို ကျွန်မက ဘယ်လိုလုပ် အိပ်နိုင်တော့မှာလဲ။ မနက်စောစော အခွင့်ကောင်းယူပြီး စာရေးလိုက်ဦးမယ်…”

ဟီဟီ… စာအုပ်ပါ ထုတ်လိုက်ရင် စာဖတ်သူတွေပါ ကျေနပ်သွားကြမှာ…။ ငါ့ရဲ့ စာရင်းထိပ်က ဆရာမကြီးလည်း ဇာတ်လမ်းကို နားထောင်ပြီးရင် ခါတိုင်းထက် အဆ တစ်ရာလောက် ပိုအားပြည့်သွားမှာ…။ အခုနေမကောင်းဖြစ်နေတာတောင် ပိုပြီး မြန်မြန် သက်သာလာဦးမယ်…။

ယွီဝိန်းလန် - “.....”

မယ်တော်ကြီးအဖို့ စိတ်နေမကောင်းဖြစ်နေလား မဖြစ်နေလား သူတော့ မသိ… ချစ်လှစွာသော မိဖုရားကတော့ သေချာပေါက် စိတ်အားတက်နေသည်မှာ အမှန်ဖြစ်ပေသည်။

~~

ချီအန်း နန်းဆောင်တွင်။

ကုထုံးများကြောင့် သုံးရက် ကြာသွားသည့်အခါ မယ်တော်ကြီး၏ အဖျားရောဂါမှာ တဖြည်းဖြည်း သက်သာလာတော့သည်။

ခေါင်းကိုက်သည့် အကြိမ်ရေမှာလည်း နည်းသည်ထက် နည်းလာသည်။ ထို့အပြင် အစာ စားချင်စိတ်လည်း ပြန်ဖြစ်လာပြီး အိပ်ယာပေါ်တွင် လဲနေစရာ မလိုတော့ဘဲ လမ်းပင် လျှောက်နိုင်လာသည်။

183 04

ယန်ရှုကလည်း နေ့တိုင်း လာတွေ့သည်။ ယခုကဲ့သို့ မယ်တော်ကြီး လမ်းပြန်လျှောက်နိုင်လာသည်ကို မြင်လိုက်ရသောအခါ သူမလည်း စိတ်သက်သာ သွားတော့သည်။

အဟား… သမားတော်ကျန်းကတော့ သမားတော်ကျန်းပဲ… သူ့နေရာ ဘယ်သူ့ကိုမှ အစားထိုးလို့ မရနိုင်ဘူး…။

နေ့လည်ခင်းရောက်သည့်အချိန်အထိ အဆင်ပြေပြေ ကုန်ဆုံးသွားပြီး ခဏနားလိုက်သည့်အခါ မယ်တော်ကြီး၏ လမ်းလျှောက်နိုင်စွမ်းမှာ ပိုတိုးလာသည်။ ယန်ရှုမှာ မယ်တော်ကြီးအား ပြုစုလိုသဖြင့် ဆေးကိုလည်း ကိုယ်တိုင် တိုက်သည်။ နှစ်ဦးသား စကားစမြည် ပြောနေကြစဉ် အပြင်ဖက်မှ ကြေညာသံကို ကြားလိုက်ရသည်။

“အရှင်မင်းကြီး ကြွချီလာပါပြီ…”

အားလုံးက အဆင်သင့် အရိုအသေပေးထား လိုက်ကြပြီးနောက် မကြာမီ မင်းကြီး ခန်းဆောင်အတွင်းသို့ ဝင်လာသည်ကို အားလုံး မြင်လိုက်ကြသည်။

မယ်တော်ကြီးမှာ တအံ့တဩဖြစ်ဟန်ဖြင့် မေးလိုက်သည်။

“အရှင်မင်းကြီး ဒီနေ့ ဘာအကြောင်းများထူးလို့ လာတာပါလဲ”

ယွီဝိန်းလန်က မယ်တော်ကြီးနား ထိုင်လိုက်ပြီး ပြောသည်။

“ငါကိုယ်တော်က ဒီနေ့မနက် မအားမလပ်ဖြစ်နေတာ… အဲဒါကြောင့် အခုလို အားတဲ့ အချိန်လေး အခွင့်ကောင်းယူပြီး မယ်တော်ကြီးရဲ့ အခြေအနေကို လာမေးတာပါ…”

မယ်တော်ကြီးက ပြုံးကာ မင်းကြီးအား ပြန်ဖြေလေသည်။

“အိုက်ကျားလည်း တော်တော်လေး သက်သာလာပါပြီ… ဒီမှာက ကိုယ်လုပ်တော်ယီလည်း ရှိနေပေးတော့ အဆင်ပြေနေတယ်…။ အရှင်မင်းကြီး စိတ်အရမ်း မပူပါနဲ့…”

ဧကရာဇ်မင်းကြီး လာရသည့် ရည်ရွယ်ချက်ကို သိသဖြင့် ယန်ရှုက အခွင့်ကောင်းကို ဆုတ်ကိုင်ကာ အလျင်အမြန် ဝင်ပြောတော့သည်။

“မယ်တော်ကြီးက အရင်ကထက်စာရင် အခု တော်တော်လေး ပြန်သက်သာတာ မြန်တယ်…။ သမားတော်ကျန်း အသုံးပြုတဲ့ နည်းစနစ်ဟာ ပိုကောင်းတယ်ဆိုတာ အရမ်း သိသာတာပဲနော်…”

ထိုသို့ကြားလိုက်သည့်အခါ မယ်တော်ကြီးက ခေါင်းကို ညိတ်ကာ ထောက်ခံလိုက်ပြီး သက်ပြင်းချလိုက်သည်။

“ဟုတ်ပကွယ်… အသက်အရွယ်ရလာတာကလည်း တော်တော်ဆိုးတာပဲ… သမားတော်ကျန်းကို ငယ်ငယ်လေးနဲ့ ဆေးပညာ ဒီလောက်တော်နေတာ မြင်ရတာ တော်တော် အံ့ဩမိတာပဲ… မယ်တော်ကြီး အမြင်တော့ သူ့ရဲ့ပညာက ကျန်းရှန်ခန်း ထက်တောင် သာဦးမယ်ထင်ပါရဲ့”

ထိုအခါ မယ်တော်ကြီး အထင်ကြီးနေသည်ကို အခွင့်ကောင်းယူ၍ ယွီဝိန်းလန်က ပြောလိုက်သည်။

“စကားမစပ် မယ်တော်ကြီးကို ပြောပြစရာတစ်ခု ရှိပါတယ်”

မယ်တော်ကြီးက သက်ပြင်းတစ်ချက်ချလိုက်ပြီး မေးသည်။

“ဘာကိစ္စများလဲ”

ထိုအခါ ယွီဝိန်းလန်က “Guanglu Temple က အသက် အငယ်ဆုံး အမတ် ဖေးရှန်းကျီ ဒီမနက်က နန်းတွင်းကို လာပြီး ကျန်းရှန်ခန်းတို့ သားအဖနှစ်ယောက်စလုံးကို သမင်မျှတဲ့အတွက် တရားစွဲပါတယ်”

ဘယ်လို သမင်မျှတယ်။

ထိုစကားကို ကြားလိုက်သည့်အခါ မယ်တော်ကြီးမှာ ဆွံ့အတွေဝေ သွားတော့သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်ပြီး ပြောတော့သည်။

“ဘာပြောတယ်… ကျန်းရှန်ခန်း တို့ သားအဖ သမင်မျှတယ် ဟုတ်လား။ ဒါ တကယ်လား။ ဒီသားအဖက ဘယ်လို မိန်းမမျိုးနဲ့ သမင်မျှနေကြတာတုန်း”

ယန်ရှု - “...”

ခေတ်သစ်မှ လာသူတစ်ယောက် ဖြစ်သည့်အတွက် ဒီဖက်ခေတ် အသုံးအနှုံးများကို သိပ်မရင်းနီးသဖြင့် သူမမှာ ဧကရာဇ်မင်းကြီး၏ ပါးစပ်မှ သမင်မျှသည် ဆိုသည့်စကားလုံးကို ကြားလိုက်သည့်အခါ နားမလည်သလို ဖြစ်သွားမိသည်။ ကြည့်ရတာ ထို သမင်မျှသည်ဆိုသည့် စကားလုံးမှာ အမျိုးသမီးတစ်ယောက်တည်းကို သားအဖနှစ်ယောက် ဝေမျှ ပျော်ပါးနေသည်ကို ဆိုလိုပုံ ရလေသည်။

ဟူး… တရုတ်စကားကတော့လေ… အရမ်း ကျယ်ပြန့်ပြီး ထူးဆန်းတာပဲ…။

ငါ စာရေးဆရာလုပ်နေပြီး မသိဘူး… ရှက်တောင် ရှက်မိတယ်…။

183 05

ထိုစဉ် မယ်တော်ကြီး၏ အမေးစကားကို ကြားလိုက်သည့်အခါ မင်းကြီးက ပြန်ဖြေလေသည်။

“ကျန်းရှန်ခန်း ရဲ့ တပည့်တစ်ယောက်ရဲ့ ဇနီးပါ…။ အဲဒီ အမျိုးသမီးက အခုတလော အဲဒီလူရဲ့ အိမ်မှာ နေနေတာပါ…။ဖေရှန်းကျီ ရဲ့ ပြောစကားအရဆိုရင် မနေ့ညက သူ့ရဲ့ သမီးက နောက်လိုက် အိမ်စေတွေနဲ့အတူ ကျန်းရှန်ခန်း ရဲ့သားကို တခြား မိန်းမ တစ်ယောက်နဲ့ ကုတင်ပေါ်မှာ လက်ပူးလက်ကြပ် မိတာတဲ့…။ အဲဒါတင် မကဘူး… ကျန်းရှန်ခန်း ရဲ့ အဝတ်အစားတွေကိုပါ အဲဒီအမျိုးသမီးရဲ့ အခန်းထဲကနေ မိသတဲ့…။ စစ်မေးကြည့်တဲ့အခါ အိမ်စေတစ်ယောက်က ဝန်ခံတယ်…။ အဲဒီအမျိုးသမီးက ကျန်းရှန်ခန်းနဲ့လည်း ဖောက်ပြန်နေသတဲ့လေ…။ အဲဒါကြောင့် ဒီသားအဖနှစ်ယောက်ရဲ့ အဖြစ်အပျက်က အမှန်ပါပဲ…”

ယန်ရှုမှာ ထိုစကားများကို ကြားလိုက်သည့်အခါ အံ့ဩ ကျေနပ်သွားမိသည်။ မင်းကြီး ခိုင်းထားတဲ့ ရဲမတ်ကတော့ တကယ် တော်တယ်ကွာ…။

သို့သော် မယ်တော်ကြီးမှာ ယခုထိ မယုံနိုင်သေးသလို ဖြစ်နေ၍ မေးလိုက်သည်။

“တော်တော်ဆိုးရွားတာပဲ! ဘာလို့ ဒီသားအဖ နှစ်ယောက်ဟာ ဒီလောက် ဆိုးရွားတဲ့ အပြုအမူမျိုးကို လုပ်ရဲရတာလဲ။ သူ့သားကလည်း အိမ်ထောင်ကျထားတာ မကြာသေးဘူး မဟုတ်လား။ အမေလုပ်တဲ့သူကရော သူ့ယောက်ျားနဲ့ သား လုပ်ရပ်ကို ဘာမှ မသိဘူးလား။ ပြီးတော့ အခု ဖောက်ပြန်နေတဲ့ အမျိုးသမီးက တပည့်တပန်းတစ်ယောက်ရဲ့ ဇနီးဆိုတော့ ဘယ်လိုလုပ် ဆရာလုပ်တဲ့သူရဲ့ အိမ်ပေါ် ရောက်နေရတာလဲ”

ထိုအခါ ယွီဝိန်းလန်က ဆက်ပြောပြသည်။

“ကျန်းရှန်ခန်း ရဲ့ မိန်းမက အခု အရမ်းကို နာမကျန်းဖြစ်နေပြီး ဘာကိစ္စမှ ဂရုမစိုက်နိုင် ဖြစ်နေတာပါ…။ ဖေးရှန်းကျီ ရဲ့ သမီးဟာ အခုဆိုရင် လက်ထပ်ပြီးခါမှ နောင်တတွေ ရပြီး ဘယ်သူ့ကိုမှ မပြောနိုင်ဘူး ဖြစ်နေရပါတယ်…။ အဲဒါကြောင့် သူက သူ့အမေရဲ့ အိမ်ကို ပြန်ပြီး ပိုင်မိသားစုကို ညတွင်းချင်း တိုင်ပြောတာပါ…။ ဖေးရှန်းကျီ တို့ လင်မယားနှစ်ယောက်လုံး ချက်ခြင်းပဲ နန်းတွင်းကို လာပြီး ဒီမနက်မှာ ငါကိုယ်တော်ကို တိုင်ကြတာပါ”

“အဲဒီအမျိုးသမီးကတော့ ကြားမိသလောက် ကျန်းရှန်ခန်း နဲ့ ဖောက်ပြန်နေတာ ကြာပါပြီ…။ သူတို့ နှစ်ယောက် အဲဒီလို ဖောက်ပြန်ဖို့ လွယ်ကူအောင် ကျန်းရှန်ခန်းက သူ့သားက အိမ်ထောင်ပြုသွားတယ် အကြောင်းပြပြီး အဲဒီအမျိုးသမီးကို အိမ်ပေါ် ခေါ်တင်ထားတာပါ…။ ဒါနဲ့ အဲဒီ အမျိုးသမီးရဲ့ ယောက်ျားက သမားတော်ကျန်းကို ဒီနှစ် အစောပိုင်းတုန်းက အကောက်ကြံတဲ့ သူလေ…။ ကျန်းရှန်ခန်းက အဲဒီ ကိစ္စကို သူကိုယ်တိုင် တာဝန်ယူကြောင်း မယ်တော်ကြီးနဲ့ သားတော်တို့ ရှေ့မှာ ဝန်ခံသေးတယ်လေ… မယ်တော်ကြီး မှတ်မိလား မသိဘူး”

ထိုအခါ မယ်တော်ကြီးက တစ်ခဏ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကာ မှတ်မိကြောင်း ပြောလေသည်။

“အင်း မှတ်မိတယ်… အဲဒီလူက ဆေးညွှန်းအတု လုပ်ပြီး သူများကို ပေးရမဲ့ဆေးကို လဲလိုက်လို့ အလုပ်ပြုတ်သွားတာ မဟုတ်လား”

ယွီဝိန်းလန်က ခေါင်းညိတ်ပြလိုက်သည်။ “အမှန်ပဲ”

ထိုအခါ မယ်တော်ကြီးက ထပ်၍ စဉ်းစားလိုက်ပြီး ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖေးရှန်းကျီ က အရှင်မင်းကြီးကို တိုင်ကြားပြီးပြီဆိုတော့ အရှင်မင်းကြီးလည်း သိသင့် သလောက် သိနေပြီမဟုတ်လား…။ ဒီ ကျန်း မိသားစု အရေး စုံစမ်းဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်ပေါ့…။ အပြစ်မဲ့တဲ့သူ အပြစ်ဒဏ်မခံရပါစေနဲ့ကွယ်…။ ဖောက်လွဲ ဖောက်ပြန်တဲ့သူတွေကို လွတ်မနေပါစေနဲ့”

တွေးမိ လေလေ ပို၍ စိတ်တိုချင်စရာ ကောင်းလေလေ ဖြစ်နေသည်။

တော်တော် စိတ်တိုဖို့ ကောင်းတာပဲ…။ ဘာလို့ ဒီသားအဖ ဒီလောက် ဆိုးဝါးတာမျိုးကို လုပ်ကြတာလဲ။

မယ်တော်ကြီး၏ စကားကို ကြားပြီးသည့်အခါ ဧကရာဇ်မင်းကြီးက ခေါင်းကို ညိတ်လိုက်ပြီး ပြောပြသည်။

“သားတော် စုံစမ်းဖို့ လူလွှတ်ထားပါတယ်…။ ပြီးတော့ ထောင်ကျနေတဲ့ တပည့်တပန်းမှာလည်း သူ့ပြစ်မှုနဲ့ ပတ်သက်ပြီး လူမသိစေချင်တာ ရှိနေဦးမယ်လို့ ထင်ပါတယ်…။ အဲဒါကြောင့် ဒီနေ့ မနက်ကပဲ အကျဉ်းထောင်ကနေ သူ့ကို ထုတ်ပြီး စစ်မေးစရာ ရှိတာ စစ်မေးဖို့ ပြောထားပါတယ်…”

ထိုအခါ မယ်တော်ကြီးက ခေါင်းညိတ်ပြကာ ပြောလေသည်။

“အင်း ကောင်းပါတယ်… ဒီလူ သူ့တပည့်ရဲ့ ဇနီးနဲ့ ဘာ့ကြောင့် အခုလို ပတ်သက်ရသလဲဆိုတာ သေချာသိအောင် စစ်မေးပါ”

ထိုစကားများ ပြောအပြီး၌ပင် ဖုဟိုင်ရောက်လာပြီး လျှောက်တင်လေသည်။

“အကျဉ်းထောင်ထဲကနေ သတင်းတစ်ခု လှမ်းပို့ပါတယ် အရှင်မင်းကြီး”

ယွီဝိန်းလန်က ပြန်မေးလိုက်သည်။ “အခြေအနေ ဘယ်လိုလဲ”

ဖုဟိုင်က - “တပည့်လုပ်တဲ့သူက အခုလေးတင် ဝန်ခံပါတယ်…။ သမားတော်ကျန်း ရဲ့ အပြစ်ဒဏ်ကို သူက ကိုယ်စား ဝင်ခံတာပါတဲ့…။ တကယ်တမ်းကျတော့ သမားတော်ကျန်း ရဲ့ ဆေးညွှန်းကို လဲပစ်ဖို့ အမိန့်ပေးတာ သမားတော်ကျန်း ပါတဲ့…။ သူ့ရဲ့ ဝန်ခံစကားအရ သမားတော်ကျန်းဟာ သမားတော်ကျန်းရဲ့ ဆေးပညာကြောင့် အရှင်မင်းကြီး မျက်နှာသာပေးတာကို မလိုလားပါဘူးတဲ့…။ သမားတော်ကျန်းဟာ လူအထင်ကြီးမှု လျော့နည်းသွားတဲ့အတွက်ကြောင့် သမားတော်ကျန်းကို အခုလို နာမည်ဖျက်ဖို့ ကြိုးစားတာပါတဲ့…” ဟု ပြောပြလေသည်။

ဘာ။

ထိုစကားများကို ကြားလိုက်သည့်အခါ ယွီဝိန်းလန်ရော ယန်ရှုရော ဘာမျှ မပြောနိုင်ခင် မယ်တော်ကြီးက ဒေါသဖြင့် ပြောတော့သည်။

“ဒီ ငမိုက်သား… လက်စသတ်တော့ သင်းလက်ချက်ကိုး…”

183 06

မယ်တော်ကြီးမှာ သူ့အား အပြစ်ဒဏ်ချရန် သနား၍ လျှော့ပေါ့ပေးသည်ကို ကျန်းရှန်ခန်းက အခွင့်ကောင်းယူရဲတယ်ပေါ့လေ…။

မယ်တော်ကြီး၏ စကားကို ကြားလိုက်သည့်အခါ ယွီဝိန်းလန်က အလျင်အမြန်ပင် ပြောလိုက်သည်။

“ဟုတ်ပါတယ် မယ်တော်… ဒီငမိုက်သားက တခြားသူကို အကောက်ကြံဖို့ လှည်းစားဖို့ ဖုံးကွယ်ဖို့ အကုန်လုပ်တဲ့အပြင် တပည့်ဖြစ်သူရဲ့ ဇနီးနဲ့ပါ မှောက်မှားသေးတာ…။ ကိုယ်ကျင့်တရား လုံးဝကို မရှိတာ…။ တော်တော် ယုတ်ညံ့တဲ့ ပုဂ္ဂိုလ်မျိုးပဲ…။ ကျန်းရှန်ခန်းကို ငါကိုယ်တော်တို့ ချက်ချင်းကို ဖမ်းရမယ်…”

ထိုအမိန့်ကို ဖုဟိုင်က အလျင်အမြန်ပင် နာခံလိုက်ပြီး အပြင်ဖက်ရှိ ရဲမတ်များကို ခိုင်းစေရန် ထွက်သွားတော့သည်။

ခန်းဆောင်အတွင်း၌မူ ယန်ရှုက - “အရှင်မင်းကြီး ဉာဏ်ပညာ ကြီးမားပါပေတယ်” ဟု ချီးမွန်းလေသည်။

ထိုသို့ ချီးမွန်းလိုက်သည့်အခါ ယွီဝိန်းလန်မှာ အံ့ဩ သလို ပြန်ကြည့်လေသည်။

ဟီဟီ… တကယ်တော့ မဟုတ်ပါဘူး…။

တကယ် ဉာဏ်ပညာကြီးတာက ငါလေးလေ… ဟုတ်တယ် မဟုတ်လား…။

ယွီဝိန်းလန် - [အေးပါ… သူ့ကိုယ်လုပ်တော်က တော်ပါတယ်…။]

အမလေး… ဒီကောင်မလေးကိုလေ ချစ်လို့ကို မဝဘူး…။

******

All Chapters