← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း။ ၂၀၁

သို့သော်လည်း စစ်သူကြီးဂူနှင့် အဘွားအိုဟုန်တို့ကိုပင် ခေတ္တမျှ မိန်းမောသွားစေနိုင်သည့် ထိုဓားစွမ်းအင် တစ်ဆယ့်နှစ်မျှင်မှာ အစအနပင်မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့သည် ပစ်မှတ်ကို ထိမှန်သွားသည်မှာ ထင်ရှားသော်လည်း တစ်ဖက်တွင်လည်း မထိမှန်ခဲ့သကဲ့သို့ ခံစားရပြန်သည်။

ထိုအခိုက်အတန့်မှာပင်...

ဖတ်…

ကျန်းဟန်၏ လက်ညှိုးသည် စုန်ယန်၏ နဖူးထက်သို့ ထိကပ်သွားခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ချင်း အားပြိုင်ခြင်းအဆင့်သို့ ရောက်ရှိသွားခြင်းပင်။ တစ်ခဏချင်းမှာပင် သူတို့နှစ်ဦး၏ အသိစိတ်လောကများကြား၌ တံတားတစ်စင်း ထိုးလိုက်သကဲ့သို့ ဆက်သွယ်သွားတော့သည်။

စုန်ယန်၏ ချန်းဝမ်ကျားသစ် အစင်းအကျားများနှင့် ရေခဲငရဲမှ လိုက်ပါလာသော တစ္ဆေပုံရိပ်များသည် ကျန်းဟန်ထံသို့ ရူးသွပ်စွာ တိုးဝင်သွားကြသည်။

သို့သော် ကျန်းဟန်က သူ၏ အတွေးစများကို တစ်ခုပြီးတစ်ခု ခွဲထုတ်ကာ ခုခံလိုက်သည်။ ထိုအတွေးစများသည် ဝိညာဉ်ပုံရိပ်များအလား စုန်ယန်၏ စိတ်အာရုံဟင်းလင်းပြင်ထဲသို့ တိုးဝင်လာကြပြီး ကျားစင်းအကျားများမှာ ၎င်းတို့ကို ဖမ်းဆီးရန်သာ တတ်နိုင်ကြသည်။ အတွေးစများသည် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသော်လည်း ၎င်းတို့မှာ ဝိညာဉ်အကြောဗဟိုချက်ထက်၌ တည်ရှိနေသော ခရမ်းရောင်နန်းတော်အဆင့်၏ အတွေးများ ဖြစ်နေကြသည်။

ထိုအတွေးစများကို ကျားစင်းအကျားများက ဖမ်းဆီးလိုက်နိုင်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည်လည်း နေရာတစ်ခုကို သိမ်းပိုက်ထားလိုက်ကြသည်။ မကြာမီမှာပင် ကျားစင်းအကျားများမှာ အဖမ်းအဆီးများလွန်း၍ ပြည့်နှက်သွားတော့သည်။

တစ္ဆေပုံရိပ်များမှာလည်း လှိုင်းလုံးကြီးများ၏ တွန်းထုတ်မှုကို ခံရသကဲ့သို့ နောက်သို့ ဆုတ်ခွာသွားရတော့သည်။ အကယ်၍ စုန်ယန်သာ ခရမ်းရောင်နန်းတော်အဆင့်သို့ ရောက်ရှိခဲ့ပါက ဤကျားစင်းအကျားများနှင့် တစ္ဆေပုံရိပ်များသည် ကြောက်မက်ဖွယ်ကောင်းသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဖြစ်သော်လည်း ယခုအချိန်မှာမူ ၎င်းတို့မှာ မလုံလောက်သေးပေ။

ကျန်းဟန်၏ ဝိညာဉ်သည် သူတို့၏ အသိစိတ်လောကနှစ်ခုကို ဆက်သွယ်ထားသော တံတားထိပ်တွင် ဧကရာဇ်တစ်ပါးအလား ခန့်ညားစွာ ရပ်နေပြီး အတွေးစများကို ဆက်လက် ထုတ်လွှတ်နေဆဲပင်။

"စီနီယာ... ကျွန်တော် မပြောရသေးတဲ့ အချက်တစ်ချက် ရှိသေးတယ်။ အမှန်တော့ လွန်ခဲ့တဲ့ နှစ်နှစ်ရာက ရုပ်သေးဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဖြစ် ကျွန်တော် အရိပ်အယောင်အနေနဲ့ တာဝန်ယူခဲ့ဖူးတယ်။ အဲ့ဒါကြောင့်လည်း ရုပ်သေးဂိုဏ်းရဲ့ အမွေအနှစ်နယ်မြေတွေကို ကျွန်တော် နှံ့နှံ့စပ်စပ် သိနေတာပေါ့။ ဒါကြောင့်လည်း ရုပ်သေးဂိုဏ်းရဲ့ ရာဇဝင်မှတ်တမ်းတွေမှာ လွန်ခဲ့တဲ့ နှစ်နှစ်ရာက အချက်အလက်တွေ မရှိနေတာပေါ့။"

သူက ဆက်လက်၍ "ဒါနဲ့... ဂူဟွမ်ကျီ အသုံးပြုခဲ့တဲ့ အရိုးဖြူမိစ္ဆာသွေးအကြောင်းလည်း ကျွန်တော် ကောင်းကောင်းသိသလို သူ ဂိုဏ်းထဲမှာ သွေးတွေ ချန်ထားခဲ့တာကိုလည်း ကျွန်တော် သိတယ်။ ဒါတင်မကသေးဘူး မင်းရဲ့ မိစ္ဆာသွေးကို အလျင်အမြန် ပျော်ဝင်စေတဲ့ လျှို့ဝှက်အတတ်ကိုလည်း ကျွန်တော် သိပြီးသားမို့လို့... မင်းရဲ့ လှည့်ကွက်တွေကို ကျွန်တော် ကြိုတင်တွက်ချက်ထားပြီးသားပါ။ အကယ်၍ မင်းရဲ့ ဝှက်ဖဲက ဒါအစစ်အမှန်ဆိုရင်တော့ အင်အားတွေ ထပ်မဖြုန်းပါနဲ့တော့။ တကယ်ပဲ မင်းရဲ့ခန္ဓာကိုယ်ကြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတဲ့အထိ တိုက်ခိုက်ပြီးမှ ငါ့ကို အရိုးတွေနဲ့ ပြန်ထုဖို့ ကြိုးစားနေတာလား အဲ့ဒါကို ငါကသာ တားဆီးလိုက်ရင် ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းမလဲ။"

"တတ်နိုင်သမျှ မင်းရဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းပြီး ဒဏ်ရာတွေကိုပဲ ကုသပါတော့။ မင်းက ကလေးမဟုတ်တော့ဘူးလေ။ ဘာလို့ အရာအားလုံးကို ပုံအောပြီး စွန့်စားနေရတာလဲ တောင်ပင်လယ်မိစ္ဆာပြည်ကို ရောက်ရင် မင်းအတွက် အခွင့်အရေးတွေ ရှိပါသေးတယ်။"

သူ၏ နားချမှုများမှာ အထက်စီးဆန်သော အငွေ့အသက်များ ပါဝင်နေသည်။ သူသည် အနိုင်ရရှိသွားပြီဖြစ်၍ အထူးတလည် ဂုဏ်ယူနေခြင်းမျိုးလည်း မရှိပေ။ သို့သော် ထိုစဉ်မှာပင် စုန်ယန်၏ ဝိညာဉ်လောကကြီးမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ တစ္ဆေပုံရိပ်များနှင့် ကျားစင်းအကျားများ ပြည့်နှက်နေသော နယ်ပယ်ကြီးမှာ ပျောက်ကွယ်သွားပြီး ၎င်းတို့၏နေရာတွင် မီးခိုးရောင် မျဉ်းတစ်ကြောင်း ပေါ်ပေါက်လာသည်။

ထိုမျဉ်းမှာ ဆည်းဆာနှင့် အရုဏ်ဦးကို ပိုင်းခြားလိုက်သော ကောင်းကင်ဘုံ၏ ဓားတစ်စင်အလားပင်။ အပေါ်ဘက်တွင် မီးခိုးရောင်၊ အောက်ဘက်တွင်မူ အနက်ရောင်ဖြစ်ပြီး အဆုံးအစမရှိအောင် ရှည်လျားလှသည်။

ထိုအခိုက်တွင် လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ ကျန်းဟန်သည် ထိုလေကို ခံစားလိုက်ရသည်။ သို့သော် ၎င်းမှာ သာမန်လေ လုံးဝမဟုတ်ပေ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ အတွေးစပေါင်း ရာချီ၍ ပြိုလဲပျက်စီးသွားခဲ့သည်။ ကျန်းဟန်၏ တည်ငြိမ်မှုများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး အပ်နှင့် အထိုးခံလိုက်ရသကဲ့သို့ ဝုန်းခနဲ ထရပ်ကာ မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်တော့သည်။

"ဒုက္ခပင်လယ်ကြီး"

သူ၏ စကားအဆုံးမှာပင် နောက်ထပ် အတွေးစပေါင်း ရာနှင့်ချီ၍ ထပ်မံပြိုလဲသွားပြန်သည်။

"မင်း... မင်းက ဒုက္ခပင်လယ်ကြီးကို ဘယ်လိုလုပ်ပြီး ပုံဖော်နိုင်တာလဲ"

"မင်း ရူးသွားပြီလား"

သူ၏ အသံမှာ တည်ငြိမ်မှု လုံးဝမရှိတော့ဘဲ စိုးရိမ်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ အော်ပြေဋသံမှာ အရူးတစ်ယောက်ကို မေးခွန်းထုတ်နေသည့်အလားပင်။ ဒုက္ခပင်လယ်ကြီးမှာ အဝေး၌ ရှိနေသော်လည်း ပင်လယ်လေညင်းကမူ သူတို့၏ အနားသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အနီးနားသို့ ဝေ့ဝဲလာသော ပင်လယ်လေညင်းတွင် ကြီးမားလှသော ဝမ်းမြောက်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ပူဆွေးခြင်းတို့ ရောယှက်နေပြီး အဆုံးစွန်သော စွဲလမ်းမှုများကို သယ်ဆောင်လာကာ ထိမိသမျှ အရာအားလုံးကို ပြိုလဲ၍ ပျက်စီးသွားစေသည်။

ယခုအခါ ကျန်းဟန်သည် စုန်ယန်ကို မြင်တွေ့နေရပြီ ဖြစ်သည်။ အကယ်၍ စုန်ယန်က သူ့ကို ဒုက္ခပင်လယ်ကြီးထဲသို့ ဆွဲသွင်းလိုပါက စုန်ယန်ကိုယ်တိုင်လည်း ထိုပင်လယ်ထဲသို့ သေချာပေါက် ဝင်ရောက်ရမည်ဖြစ်ကြောင်း သံသယရှိစရာ မလိုပေ။ ဤအခိုက်အတန့်တွင် စုန်ယန်၏ ပတ်ဝန်းကျင်ရှိ တစ္ဆေပုံရိပ်များမှာ အရှိန်အဟုန်ဖြင့် လဲပြိုပျက်စီးကာ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

ဒုက္ခပင်လယ်မှ တိုက်ခတ်လာသော လေညင်းက ခပ်ဖွဖွ ဝေ့ဝဲနေ၏။ တစ္ဆေပုံရိပ်များ ဝန်းရံထားသော စုန်ယန်သည် ထာဝရ မီးခိုးရောင်သန်းနေသော ကောင်းကင်ယံကြီးကို ကြည့်ရှုနေသကဲ့သို့ တည်ငြိမ်စွာဖြင့် အထက်သို့ မော့ကြည့်နေသည်။

"အရူး... အရူးပဲ"

ကျန်းဟန်သည် မည်မျှပင် တည်ငြိမ်သူဖြစ်စေကာမူ ယခုမူ မတည်ငြိမ်နိုင်တော့ပေ။ သူ၏ တာဝန်မှာ လုံးဝ ကျရှုံးသွားပြီဖြစ်ကြောင်း သူ သိလိုက်ရပြီဖြစ်သည်။ သူသည် စုန်ယန်ကို တောင်ပင်လယ်မိစ္ဆာမျိုးနွယ်များထံသို့ မအပ်နှံနိုင်တော့သလို စုန်ယန်ထံမှလည်း မည်သည့်အရာကိုမျှ ရရှိနိုင်တော့မည် မဟုတ်ပေ။

စုန်ယန်သည် အမှန်တကယ်ပင် ပြီးပြည့်စုံသော အရူးတစ်ယောက်ဖြစ်ပြီး ကျန်းဟန် တစ်သက်တာ တွေ့ဆုံဖူးသမျှ သို့မဟုတ် သိရှိထားသမျှသော မိစ္ဆာကျင့်ကြံသူအားလုံးထက် ပိုမိုရူးသွပ်ကာ ပို၍မိစ္ဆာဆန်ပြီး ခန့်မှန်းရခက်လှသူ ဖြစ်သည်။ စုန်ယန်၏ ပတ်ဝန်းကျင်ရှိ တစ္ဆေပုံရိပ်များမှာ လျင်မြန်စွာ သေဆုံးကုန်ကြပြီဖြစ်ရာ မကြာမီ သူကိုယ်တိုင်လည်း အသက်ပျောက်ရပေတော့မည်။

ကျန်းဟန်သည် ထွက်ပေါက်ကို အလျင်အမြန် စတင်ရှာဖွေတော့သည်။ အခြားသူတစ်ဦး၏ ဝိညာဉ်လောကအတွင်း ရောက်ရှိနေသည့်တိုင် သူသည် ထွက်ပေါက်ကို ရှာဖွေနိုင်စွမ်း ရှိသည်။ အမှန်တကယ်ပင် အသက်ရှူတစ်ချက်စာ အချိန်အတွင်းမှာပင် သူ ရှာတွေ့သွားခဲ့ကာ သူသည် ထိုထွက်ပေါက်ဆီသို့ အစွမ်းကုန် ပြေးဝင်သွား၏။

ငါအခုချက်ချင်း ထွက်မှရမယ်။

သို့သော် ရုတ်တရက် သူ ကြောင်အသွားရသည်။ အဘယ်ကြောင့်ဆိုသော် အပြင်ဘက်ရှိ ထွက်ပေါက်တံခါးကို တစ္ဆေပုံရိပ်များစွာဖြင့် ပိတ်ဆို့ထားသောကြောင့်ပင်။ ပုံမှန်အားဖြင့်မူ ဤမျှလောက်သော တစ္ဆေပုံရိပ်များမှာ သူ့ကို မည်သို့မျှ တားဆီးနိုင်မည်မဟုတ်ပေ။ သို့သော် ယခုမူ သူသည် ဒုက္ခပင်လယ်ကြီး၏ တိုက်စားမှုကို အလူးအလဲ ခံစားနေရစဉ်မှာပင် ထိုတံခါးကို ချိုးဖျက်ရမည် ဖြစ်သည်။ ဤသည်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။

"စုန်ယန်"

ကျန်းဟန်သည် အဝေးသို့ လှမ်းကြည့်ကာ အော်ပြောလိုက်သည်။

"ငါတို့တွေက ဝိညာဉ်ပါ လွင့်စင်သွားတဲ့အထိ အတူတူ သေကြရမယ့် အခြေအနေထိတော့ မဟုတ်ဘူးမလား"

သို့သော် စုန်ယန်က ပြန်လည် မတုန့်ပြန်ခဲ့ပေ။ ကျန်းဟန် မြင်လိုက်ရသည်မှာ စုန်ယန်၏ မျက်နှာထက်မှ အလွန်ယုတ်မာပြီး အေးစက်လှသော အပြုံးတစ်ခုသာ ဖြစ်သည်။ ထို့နောက် စုန်ယန်က အသက်တစ်ချက် ရှူထုတ်လိုက်ပြီးနောက် ပျောက်ကွယ်သွားသည်ကို ကျန်းဟန် မြင်လိုက်ရတော့သည်။

အရိုးဖြူမိစ္ဆာသွေး၏ လုပ်ဆောင်ချက်မှာ ဝိညာဉ်ကို အနည်းငယ် ရွှေ့ပြောင်းစေပြီး အရိုးအတွင်း၌ ဝိညာဉ်ကို ဝှက်ထားနိုင်ခြင်းပင်။ ခန္ဓာကိုယ် ပျက်စီးသွားစေဦးတော့ အရိုးများ ကျန်ရှိနေသရွေ့ ဖြည်းညှင်းစွာ ပြန်လည် ကုသနိုင်မည် ဖြစ်သည်။

အရိုးအတွင်းရှိ ဝိညာဉ်က တံခါးတစ်ခု ဖြစ်လာကာ နဖူးထက်ရှိ ဝိညာဉ်သည်လည်း အခြားတံခါးတစ်ခု ဖြစ်သည်။ စုန်ယန်သည် နဖူးတံခါးကို ဖွင့်လိုက်ပြီးနောက် အလွန်အံ့အားသင့်

ဖွယ်ကောင်းသော နတ်ဘုရားဓား ပုံဖော်ကျမ်းကို အသုံးပြုကာ ကျန်းဟန်ကို ဒုက္ခပင်လယ်ကြီးအတွင်းသို့ ဆွဲသွင်းလိုက်သည်။ ထို့နောက် ထိုတံခါးကို ရေခဲငရဲလက်ပတ်မှ တစ္ဆေပုံရိပ်များဖြင့် ပိတ်ဆို့လိုက်ပြီး သူကိုယ်တိုင်မှာမူ အရိုးတံခါးမှတစ်ဆင့် ဒုက္ခပင်လယ်အတွင်းမှ ထွက်ခွာသွားခဲ့ခြင်းပင်။

ထို့ကြောင့် ကျန်းဟန်၏ ဝိညာဉ်မှာ ဒုက္ခပင်လယ်ကြီးနှင့် ရေခဲငရဲလက်ပတ်မှ တစ္ဆေပုံရိပ်များအကြား မျှခြေတစ်ခုဖြစ်ကာ လုံးဝ ပိတ်မိသွားခဲ့ရပြီ ဖြစ်သည်။ ဤအချက်ကို သိရှိသွားသည့်အခါ စုန်ယန်သည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် အစွန်းကုန် အားအင်ကုန်ခမ်းနေပြီဖြစ်ရာ လက်ညှိုးတစ်ချောင်း လှုပ်ရှားရန်ပင် သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်အတွက် များစွာ ဝန်ပိနေခဲ့သည်။

သို့သော် သူသည် အံတင်းတင်းကြိတ်လျက် ကျန်းဟန်ကို ဝိညာဉ်အကြောဗဟိုချက်ပေါ်မှ အတင်းကန်ချလိုက်ပြီးနောက် စက္ကူအိမ်ကို ထုတ်ကာ ၎င်း၏ထိပ်တွင် ဝင်ထိုင်လိုက်သည်။ ဝိညာဉ်အကြောဗဟိုချက်၏ အထောက်အပံ့မရှိပါက ကျန်းဟန်၏ ဝိညာဉ်အတွေးစများမှာ အားနည်းသွားမည်ဖြစ်ပြီး မျှခြေမှာ ပျက်ပြားသွားပေလိမ့်မည်။

စက္ကူအိမ်မှာ တကျွတ်ကျွတ် မြည်ဟည်းနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ပြိုလဲမသွားသေးပေ။ ကြည့်ရသည်မှာ နောက်ထပ် တစ်ကြိမ်ထက်ပို၍ အသုံးပြုနိုင်တော့မည် မဟုတ်ချေ။ စုန်ယန်သည် သူ့ကို စောင့်ရှောက်ရန် စက္ကူရုပ် သို့မဟုတ် အရိပ်ရုပ်သေးတစ်ခုခုကို ထုတ်ရန် စဉ်းစားလိုက်သော်လည်း သူ၏အိတ်ထဲ၌ မည်သည့်အရာမျှ မရှိတော့ဘဲ အားလုံး ကုန်ခမ်းသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ခေါင်းနှစ်လုံးဝံပုလွေ အရိပ်ရုပ်သေးပင်လျှင် မကျန်တော့ပေ။ သူသည် ခါးသီးသော အပြုံးတစ်ခုကိုသာ ပြုံးလိုက်မိတော့သည်။

ထိုအခိုက်အတန့်မှာပင် တဖြောက်ဖြောက်မြည်သံများ ထပ်မံထွက်ပေါ်လာပြန်သည်။ ရေခဲငရဲလက်ပတ်၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်ပေါက်လာပြီး ဝုန်းခနဲ မြည်ကာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။ တစ်ခဏမျှအတွင်း စုန်ယန်သည် ကျန်းဟန်၏ အသံကို တစ်ဖက်ကမ်းမှလာသော အသံအလား ဝေဝါးစွာ ကြားလိုက်ရသည်။

"စုန်ယန်... မင်းလည်း ကောင်းကောင်း သေရမှာ မဟုတ်ဘူး"

စုန်ယန်သည် စက္ကူအိမ်၏ ခြံဝင်းအတွင်း၌ ပက်လက်လှန် လဲလျောင်းလိုက်သည်။

"အရာအားလုံး ကုန်သွားပြီ... ရေခဲငရဲလက်ပတ်တောင် ပျက်စီးသွားပြီပဲ။"

"ရတနာတွေအပြည့်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ဒဏ်ရာတွေကို ဝိညာဉ်အကြောဗဟိုချက်တစ်ခုနဲ့ လဲလိုက်ရတာ တန်ရဲ့လားဆိုတာ ငါ တကယ် မသိတော့ဘူး။"

သူ၏ အကြည့်တို့သည် ကျန်းဟန်၏ ကြွင်းကျန်ရစ်သော အလောင်းဆီသို့ ဝေ့ဝဲသွားသည်။ ဝိညာဉ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း အကြောင်းအကျိုး အကြွင်းအကျန်များနှင့် လွင့်မျောနေသော အတွေးစအချို့ ကျန်ရှိနေနိုင်သေးရာ ၎င်းမှတစ်ဆင့် ဤအရှိန်အဝါကြီးမားသော ပုဂ္ဂိုလ်၏ အတိတ်ကို ချောင်းကြည့်ကာ တစ်စုံတစ်ရာ အကျိုးအမြတ် ရနိုင်မလားဟု သူ စဉ်းစားနေမိတော့သည်။

အခန်း။ ၂၀၂

ကောင်းကင်ယံမှ နှင်းပွင့်များ တိတ်ဆိတ်စွာ ဝဲလွင့်၍ ကျဆင်းလာသည်။

ဖြူလွှလွှနှင်းပွင့်များမှာ ယခုအခါ များသောအားဖြင့် ပြန်လည်စည်းလုံးသွားပြီဖြစ်သော နယ်မြေအနှံ့သို့ နှင်းဖြူများက လွှမ်းခြုံထားတော့သည်။ လူ့ပြည်လောကရှိ သာမန်လူသားများမှာမူ မှောင်မိုက်သောညဥ့်နက်ကြီးထဲမှ အရုဏ်ဦးအလင်းတန်းကို နောက်ဆုံးတွင် စောင့်မျှော်

ရရှိလိုက်သကဲ့သို့ လယ်ကွင်းပြင်များထက်သို့ ဆားနှင်းခဲများအလား ဖြူးချနေသည့် နှင်းမှုန်လေးများကို ငေးမောကြည့်ရှုနေကြသည်။

အချိန်အခါကိုက် ကျဆင်းလာသော ဤနှင်းများသည် ကောင်းမွန်သော ရိတ်သိမ်းမှုကို ဖော်ဆောင်နေ၏။ အတိတ်က မည်မျှပင် ကြမ်းတမ်းခက်ခဲခဲ့ပါစေ နွေဦးသည် မလွဲမသွေ ပြန်လည်ရောက်ရှိလာစမြဲပင်။ သူတို့သည် ငိုတစ်ဝက် ရယ်တစ်ဝက်ဖြင့် စိတ်လှုပ်ရှားစွာပင် နှစ်သစ်ကို မျှော်လင့်နေကြတော့သည်။

သာမန်လူသားများက နတ်ဘုရားနှင့် မိစ္ဆာတို့၏ နယ်မြေဟု မှတ်ယူထားကြသော ရုပ်သေးဂိုဏ်းအတွင်းမှာလည်း ပျော်ရွှင်မှုများ ရှိနေကာ ရုပ်သေးဂိုဏ်းတစ်ခုလုံး ပျော်ရွှင်နေခြင်းမဟုတ်ဘဲ လူသုံးဦးသာ ထိုသို့ဖြစ်နေခြင်းပင်။

လျှို့ဝှက်အခန်းအတွင်း၌ အမြဲလိုလို ရက်စက်ကြမ်းကြုတ်လှသော ကုန်းလီပိုင်သည် ယခုအခါ ထိန်းမနိုင်သိမ်းမရသော ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေသည်။ သူ ဤမျှလောက် မပျော်ရွှင်ရသည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးအကြိမ် သူ ဤသို့ ပျော်ရွှင်ခဲ့သည်မှာ ဂူဟွမ်ကျီ၏ တပည့်အဖြစ် အသိအမှတ်ပြုခံရစဉ်ကပင်။

ယခုအခါတွင်မူ ကုန်းလီပိုင်သည် စိတ်မနှံ့သူတစ်ဦးအလား လျှို့ဝှက်အခန်းအတွင်း၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး လက်များကို အဆက်မပြတ် ပွတ်သပ်ရင်း တတွတ်တွတ် ရေရွတ်နေတော့သည်။

"သေသွားပြီလား"

"တကယ်ကြီး သေသွားတာလား"

"တကယ်ကြီးလား"

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဟားဟားဟား... ကောင်းတယ် သိပ်ကောင်းတာပဲ"

"ဟားဟားဟား..."

"နေဦး... ဒါက ဟန်ဆောင်နေတာလား"

"မိစ္ဆာအိုကြီး စုန်ယန်က အရမ်းကို ပါးနပ်တဲ့သူ။ ဂူဟွမ်ကျီထက်တောင် ပိုသေးတယ်။ ဒါက ပြဇာတ်ကနေတာလား"

သူသည် စကားများပင် မပီသတော့ဘဲ အမျိုးမျိုးသော စိတ်ခံစားချက်များကို တစ်ပြိုင်နက်တည်း ခံစားနေရသည်။ ၎င်းမှာ အစွန်းကုန် စိတ်လှုပ်ရှားနေသည့် လက္ခဏာပင်။

“တစ်သက်လုံး သူများရဲ့ ခွေးတစ်ကောင်လိုပဲ နေသွားရတော့မယ်လို့ ကိုယ့်ကြမ္မာကိုယ် အရှုံးပေးထားတုန်းမှာ... ရုတ်တရက် တစ်နေ့မှာ ကိုယ့်သခင် သေသွားပြီး လည်ပတ်ကို ကိုင်ထားတဲ့ လက်ကြီး ပြေလျော့သွားတယ်လို့ မြင်ယောင်ကြည့်ပါလား။ အံ့သြမလား ပျော်မလား... ဒါပေမဲ့ ဒီလို ရုတ်တရက်ရလိုက်တဲ့ လွတ်လပ်မှုကပဲ ကိုယ့်ကို ပြန်ပြီး ကြောက်လန့်စေဦးမှာပဲ။ ဘာလို့လဲဆိုတော့ သခင်အပေါ် ထားတဲ့ ကြောက်စိတ်က ကိုယ့်အသွေးအသားထဲအထိ စိမ့်ဝင်နေလို့ပဲ။ သခင် သေနေတာကို ကိုယ့်မျက်စိနဲ့ မြင်နေရရင်တောင် ဒါကို အလွယ်တကူ ယုံဖို့ ခက်နေဦးမှာပဲလေ”

လျှို့ဝှက်အခန်း၏ အခြားတစ်ဖက်တွင်မူ ဆံပင်တိုတို၊ ရက်စက်ကြမ်းကြုတ်သော မျက်နှာနှင့် ခန္ဓာကိုယ်ထွားကြိုင်းသော ပုံရိပ်မည်းကြီး တစ်ခု ထိုင်နေသည်။ သူသည် တစ်စုံတစ်ခုကို နက်နက်နဲနဲ တွေးတောနေပုံရ၏။ သူ မော့ကြည့်လိုက်သည့်အခါ သူ၏အသံတွင် နွေးထွေးမှု လုံးဝမရှိတော့ဘဲ ဖိနှိပ်ထားသော ရက်စက်မှုများသာ အစားထိုးဝင်ရောက်လာတော့သည်။

"သူ ကြောက်စရာကောင်းတဲ့ နေရာတစ်ခုထဲကို ဝင်သွားတာ ငါတို့ မြင်ခဲ့ရတယ်။ အကြီးအကဲ ကျန်းဟန်လည်း အထဲကို ဆွဲသွင်းခံလိုက်ရတာပဲ။ အဲ့ဒီနောက်မှာတော့... ကျန်းဟန်က အတူတူ သေကြစို့။ ဝိညာဉ်ပါ ပျောက်ကွယ်သွားရအောင်ဆိုပြီး ပြောတာကို ငါ ကြားလိုက်ရတယ်။"

သွေးကမ်းပါးယံက စကားကို ဆက်လိုက်သည်။

"အဲ့ဒီနောက်မှာတော့ ရေခဲငရဲလက်ပတ်က အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး အထဲမှာရှိတဲ့ တစ္ဆေတွေလည်း သေကုန်ကြပြီ။ အကျိုးဆက်အနေနဲ့ ငါတို့ဆီက အကျဉ်းထောင်လက်ပတ် သုံးခုလည်း လွတ်မြောက်သွားပြီး အခုတော့ သီးခြားအစွမ်းတွေ ဖြစ်သွားကြပြီ။"

ကြေးဝါနှုတ်ခမ်းမွှေးက ခါးသီးစွာ ရယ်မောလိုက်ပြီး "ငါတို့ကိုယ်ငါတို့ တော်တော်ရက်စက်

တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အဲ့ဒီမိစ္ဆာအိုကြီးတွေနဲ့ ယှဉ်ရင်တော့ ငါတို့က အဝေးကြီး လိုသေးတာပဲ။ မိစ္ဆာအိုကြီး စုန်ယန်နဲ့ ကျန်းဟန်တို့က ငါတို့ကို တကယ့် သင်ခန်းစာတစ်ခု ပေးသွားခဲ့တာပဲ။"

ထိုသူသုံးဦးမှာ တိုက်ပွဲကြီးအတွင်း၌ တိုက်ရိုက်မပါဝင်ခဲ့သဖြင့် အဖြစ်အပျက် အသေးစိတ်ကို နားမလည်ကြသော်လည်း ဝိညာဉ်ချင်း အားပြိုင်နေစဉ်အတွင်း ကြားဖြတ်နှောင့်ယှက်ခဲ့ကြရာမှ ထွက်ပေါ်လာသော စကားစအချို့ကြောင့် အခြေအနေအတော်များများကို ရိပ်မိနေကြခြင်းပင်။

ဘေးနားတွင် ရှိနေသော ကုန်းလီပိုင်သည် ဝမ်းသာအားရ ဖြစ်နေသကဲ့သို့ပင် တစ်ဖက်တွင်

လည်း စိုးရိမ်ထိတ်လန့်နေပြီး ရုတ်တရက် မေးလိုက်သည်။

"ဒါနဲ့... 'ဒုက္ခပင်လယ်ကြီး' ဆိုတာက ဘာကြီးလဲ"

သွေးကမ်းပါးယံက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှ ပြောသည်။

"ဒီဒဏ္ဍာရီအကြောင်းကို ငါ ကြားဖူးတယ်"

ထိုစကားကြောင့် ကြေးဝါနှုတ်ခမ်းမွှေးမှာလည်း စိတ်ဝင်တစားဖြင့် နားစွင့်လိုက်သည်။ ထိုသုံးဦးထဲတွင် သွေးကမ်းပါးယံသည် သက်တမ်းအရှည်ဆုံး နေထိုင်ခဲ့သူ ဖြစ်သည်။ သက်တမ်းရင့်သူတို့သည် အခြားသူများ မသိနိုင်သော အကြောင်းအရာများကို သိရှိထားတတ်ကြစမြဲပင်။

သွေးကမ်းပါးယံက "လူတစ်ယောက် သေဆုံးသွားတဲ့အခါ ဝိညာဉ်က သံသရာထဲကို ပြန်လည်ဝင်

ရောက်သွားပေမဲ့ အကြောင်းအကျိုးတွေနဲ့ ရောယှက်နေတဲ့ ကြွင်းကျန်ရစ်တဲ့ အတွေးစတွေကတော့ ဒီလောကထဲမှာပဲ ကျန်ရစ်ခဲ့တတ်တယ်။ ဒါပေမဲ့ တချို့သော မပြီးပြတ်သေးတဲ့ စွဲလမ်းမှုတွေကတော့ ဝိညာဉ်မှာ တွယ်ကပ်နေပြီး မေ့ပျောက်ဖို့ ငြင်းဆန်နေတတ်ကြတယ်။ အဲ့ဒီစွဲလမ်းမှုတွေက ဝိညာဉ်နောက်ကို နောက်ဘဝအထိ လိုက်ပါချင်နေကြတာပေါ့။"

သူမက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သကဲ့သို့ ပြုံးလိုက်ပြီး "ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်

နိုင်မှာလဲ ဒီလောကမှာ သူ့စည်းမျဉ်းနဲ့သူ ရှိပြီးသားပဲ။ သံသရာက အဲ့ဒီလို စွဲလမ်းမှုတွေကို နောက်ဘဝအထိ သယ်ဆောင်ခွင့် မပေးထားဘူး။ အဲ့ဒါကြောင့်ပဲ လောကမှာ အဲ့ဒီစွဲလမ်းမှုတွေကို အတင်းအဓမ္မ ခွာထုတ်ပစ်တဲ့ နေရာတစ်ခု ရှိနေတာပေါ့။ အဆုံးမဲ့တဲ့ နှစ်ကာလတွေ၊ အဆုံးမဲ့တဲ့ သတ္တဝါတွေနဲ့ အဆုံးမဲ့တဲ့ စွဲလမ်းမှုတွေ... အဲ့ဒီနေရာကိုပဲ 'ဒုက္ခပင်လယ်ကြီး' လို့ ခေါ်တာပဲ။"

"အဲ့ဒီပင်လယ်ထဲကို တစ်ခါ ရောက်သွားပြီဆိုရင် မင်းက တခြားသူရဲ့ စွဲလမ်းမှုတစ်ခုခုနဲ့ ထိမိတာနဲ့ သူတို့ရဲ့ နက်ရှိုင်းလှတဲ့ ခံစားချက်တွေထဲကို ရောက်သွားပြီး အဲ့ဒီစွဲလမ်းမှုတွေကို တစ်ဖန်ပြန်ပြီး ခံစားရတော့တာပဲ။ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ဆိုရင်တော့ မင်း ဘယ်သူလဲဆိုတာကို မှတ်မိနေသေးပြီး ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ဦးမှာပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မင်းက ဘယ်သူလဲဆိုတာကို ဝေခွဲမရဖြစ်လာပြီး အဲ့ဒီစွဲလမ်းမှု သံသရာထဲမှာ လုံးဝ လမ်းပျောက်သွားလိမ့်မယ်။ အဲ့ဒီအခိုက်အတန့်မှာတော့ မင်းက ဒုက္ခပင်လယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီး အဆုံးမဲ့လှတဲ့ ရေစက်ကလေးတွေထဲမှာ ရောနှော ပျောက်ကွယ်သွားရတော့တာပဲ။"

ကုန်းလီပိုင်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

"ဒါဆိုရင် မိစ္ဆာအိုကြီး စုန်ယန်က ငါတို့ကို မိစ္ဆာမြေပြင်ကို စူးစမ်းခိုင်းပြီးတော့ သူက တခြားနေရာကို သွားမလိုလိုနဲ့ အာရုံလွှဲခဲ့တာပေါ့။ ဒါပေမဲ့ နောက်ဆုံးတော့ သူလည်း ထောင်ချောက်ထဲကို ကျသွားတာပဲ။ မိစ္ဆာအိုကြီး ကျန်းဟန်က စုန်ယန်ကို မိစ္ဆာမြေထဲရောက်အောင် လှည့်စားခဲ့တယ်။ စုန်ယန်ကလည်း ကျန်းဟန်ကို ဒုက္ခပင်လယ်ထဲကို ဆွဲသွင်းခဲ့တယ်... အခုတော့ နှစ်ယောက်လုံး အတူတူ သေကုန်ကြပြီပေါ့ ဟုတ်လား"

သူသည် ဝမ်းသာအားရ လက်ခုပ်တီးလိုက်တော့သည်။ ဒုက္ခပင်လယ်၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူ ကောင်းကောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ ထိုပင်လယ်ထဲသို့ ကျသွားသူမှန်သမျှ မည်သို့မျှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည် မဟုတ်ပေ။

သွေးကမ်းပါးယံ၏ ထက်မြက်လှသော မျက်ဝန်းအစုံက ဝေ့ဝဲသွားပြီး လေးနက်စွာ ပြောသည်။

"ဒီအကြောင်းကို ငါတို့ သုံးယောက်ပဲ သိထားကြတာပါ။ အနာဂတ်မှာ ငါတို့က မဟာမိတ်တွေ ဖြစ်လာကြရမယ်။ အခုတော့... သွားပြီးတော့ ကြည့်ကြရအောင်။"

သူတို့သည် ဆုံးဖြတ်ပြီးသည်နှင့် လက်တွေ့ချက်ချင်း လှုပ်ရှားကြကာ မိစ္ဆာမြေ၏ ဗဟိုချက်ဆီသို့ အလျင်အမြန် ချဉ်းကပ်ခဲ့ကြသည်။ သို့သော် ဗဟိုချက်ရှိ ရုန်းရင်းဆန်ခတ်မှုများမှာ ငြိမ်သက်မသွားသေးပေ။ ယခင်က အကြီးအကဲ တစ်ဆယ့်ခြောက်ဦးတောင်မှ ခဲယဉ်းစွာ ဝင်ရောက်ခဲ့ရသဖြင့် ယခု သူတို့သုံးဦးတည်းအတွက်မူ အလွန်ပင် ခက်ခဲလှသည်။

မိုင်အနည်းငယ်မျှ ခရီးဆက်ပြီးနောက် ကုန်းလီပိုင်မှာ ပထမဆုံးအကြိမ် တောင့်မခံနိုင်တော့ဘဲ မူလနေရာသို့ ပြန်လှည့်ရန် တောင်းဆိုတော့သည်။ သွေးကမ်းပါးယံနှင့် ကြေးဝါနှုတ်ခမ်းမွှေးတို့သည်လည်း ဤအတိုင်း ဆက်သွားနေပါက တစ်စုံတစ်ရာ မတွေ့ရှိမီမှာပင် အပြင်းအထန် ဒဏ်ရာရနိုင်ကြောင်း ရိပ်မိသဖြင့် နောက်သို့ ပြန်ဆုတ်ခဲ့ကြသည်။

သူတို့သုံးဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ကြေးဝါနှုတ်ခမ်းမွှေးက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဟိန်းဟောက်သော အသံကြီးဖြင့် အော်လိုက်သည်။

"ဆရာ... ကျွန်တော်တို့ သခင်ကြီးကို ကူညီဖို့ ရောက်လာပါပြီ"

သူ၏အသံမှာ မိစ္ဆာမြေ၏ ဗဟိုချက်အတွင်းသို့ မိုးကြိုးပစ်သကဲ့သို့ ဟည်းသွားသော်လည်း ပင်လယ်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သည့်အလား မည်သည့် ပဲ့တင်သံမျှ ပြန်မလာဘဲ တိတ်ဆိတ်နေဆဲပင်။

သွေးကမ်းပါးယံက "လောလောဆယ်တော့ ဒီမှာပဲ စောင့်နေကြစို့။ ဒီရုန်းရင်းဆန်ခတ်မှုတွေ အနည်းငယ် ငြိမ်သွားမှပဲ ငါတို့ အထဲကို ဝင်ကြည့်ကြတာပေါ့။" ဟု ပြောသည်။

ကြေးဝါနှုတ်ခမ်းမွှေးက သတ်ဖြတ်ခြင်းအရည်များ ဝေ့ဝဲနေသော မုန်တိုင်းထန်နေသည့် ကမ္ဘာကြီးကို ကြည့်ကာ အိုးကြီးတစ်လုံးကို ထုလိုက်သည့်အလား မြည်ဟည်းသော အသံဖြင့် ရေရွတ်လိုက်သည်။

"ငါတို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူးပဲ။"

All Chapters