← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း။ ၂၀၃

မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးလတာအချိန်သည် ကုန်လွန်သွားခဲ့သည်။

မြေမိစ္ဆာများ၏ ရုန်းရင်းဆန်ခတ်မှုမှာ တစ်စုံတစ်ရာသော စွမ်းအားအရင်းအမြစ်၏ အထောက်အပံ့ ပြတ်တောက်သွားပုံရပြီး တဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက်သွားခဲ့သည်။ မိစ္ဆာမြေသည် အဆင့်မြင့်တက်သွားခဲ့သော်လည်း သတ်ဖြတ်ခြင်းအရည်များမှာ ယခင်ကကဲ့သို့ နေရာအနှံ့ လိုက်လံတိုက်ခိုက်ခြင်းမရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ သူတို့သည် သူတို့၏ နယ်မြေကို စောင့်ကြပ်နေသော သားရဲဆိုးကြီးများအလားပင်။ သူတို့၏ တိုက်ခိုက်မှုအကွာအဝေးအတွင်းသို့ ကျူးကျော်မဝင်ရောက်သရွေ့ ယေဘုယျအားဖြင့် တိုက်ခိုက်ခြင်း မခံရတော့ပေ။

သွေးကမ်းပါးယံ၊ ကြေးဝါနှုတ်ခမ်းမွှေးနှင့် ကုန်းလီပိုင်တို့သည် နောက်ဆုံးတွင် ဤနယ်မြေပေါ်သို့ ခြေချနိုင်ခဲ့ကြသည်။ အတော်ကြာ ရှာဖွေပြီးနောက် သွေးနီရောင်လွှမ်းနေသော မြေပြင်ထက်တွင် စုတ်ပြတ်သတ်ကာ ကြေမွနေသော အသားစများကို သူတို့ မြင်တွေ့လိုက်ရသည်။ ထိုအသားစများမှာ အကြွင်းအကျန်အဆင့်အထိ ဖြစ်နေပြီဖြစ်သလို အခြားတစ်ဖက်တွင်လည်း အရေပြားစများစွာမှာ လေထဲ၌ ဝဲလွင့်နေကြသည်။ ထိုအရေပြားစများကို ကြည့်ရုံဖြင့်ပင် မူလပိုင်ရှင်များမှာ မည်မျှအထိ အစွမ်းထက်ခဲ့ကြောင်း သိသာထင်ရှားသည်။

မျက်စိလျင်သော သွေးကမ်းပါးယံသည် ရုတ်တရက် ခေါင်းငုံ့လိုက်ပြီး ထိုဖျက်ဆီးခံထားရသော နေရာမှ သိုလှောင်အိတ်တစ်ခုကို ကောက်ယူလိုက်သည်။ ထိုသိုလှောင်အိတ်မှာ ယခုအခါ ပိုင်ရှင်မဲ့ ဖြစ်နေသည်။ သူမသည် အိတ်အတွင်းသို့ စစ်ဆေးကြည့်လိုက်ပြီးနောက် အတိုင်းအထက်အလွန် ဝမ်းမြောက်သွားသော အမူအရာကို ပြသလိုက်သည်။

ကြေးဝါနှုတ်ခမ်းမွှေးသည်လည်း အလျှော့မပေးလိုဘဲ မြေပြင်ပေါ်တွင် အလျင်အမြန် ရှာဖွေရာ မကြာမီမှာပင် နောက်ထပ် အိတ်အချို့ကို ရှာတွေ့ခဲ့ပြန်သည်။ သူသည် အိတ်များကို တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်ရာ တစ်ခါတစ်ရံ မျက်မှောင်ကြုတ်လိုက်၊ တစ်ခါတစ်ရံ သက်ပြင်းချလိုက် ဖြစ်နေသော်လည်း နောက်ဆုံးအိတ်ကို စစ်ဆေးပြီးချိန်တွင်မူ သူပါ ဝမ်းသာအားရ ဖြစ်သွားတော့သည်။

သွေးကမ်းပါးယံသည် သူမ၏သိုလှောင်အိတ်ကို တင်းတင်းဆုပ်ကိုင်ထားရင်း ရုတ်တရက် သက်ပြင်းချကာ ပြောသည်။

"စုန်ယန်ကတော့ တကယ်ပဲ သေသွားပြီ ထင်ပါရဲ့။"

ကြေးဝါနှုတ်ခမ်းမွှေးက နှာခေါင်းရှုံ့ကာ "သူ ရုပ်သေးဂိုဏ်းဆီက ယူသွားတဲ့ အမွေအနှစ်တွေရော သူကိုယ်တိုင်ရဲ့ အမွေအနှစ်အချို့ပါ အခု ငါ့လက်ထဲက သိုလှောင်အိတ်တွေထဲမှာ ရောက်နေပြီ။" ဟု ပြောသည်။

သူသည် တစ်ချက်ရယ်မောလိုက်ပြီးနောက် မျက်နှာချင်းဆိုင်ရှိ ပုကွကွအဘွားအိုကို အေးစက်စွာ ကြည့်ကာ "သွေးကမ်းပါးယံအိုကြီး... ငါတို့တွေက အခု လှေတစ်စင်းတည်းစီးနေကြတာပဲ။ ဘာတွေ ဖုံးကွယ်နေဦးမှာလဲ မင်းအိတ်ထဲက ပစ္စည်းတွေက ကျန်းဟန်ရဲ့ ပစ္စည်းတွေ မဟုတ်လား"

သွေးကမ်းပါးယံ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ခေတ္တမျှ စဉ်းစားကာ "မင်းပြောတာ မှန်တယ်။ ငါတို့တွေက အခု လှေတစ်စင်းတည်းစီးနေကြတာပဲ။ ဒီအိတ်ထဲက ပစ္စည်းတွေက တကယ်ပဲ ခရမ်းရောင်နန်းတော်အဆင့်ရဲ့ အမွေအနှစ်တွေပဲ။ မိစ္ဆာအိုကြီး ကျန်းဟန်ရဲ့ ပစ္စည်းတွေ ဖြစ်ပုံရတယ်။ ပြောရမယ်ဆိုရင် ကျန်းဟန်က ငါတို့ ရုပ်သေးဂိုဏ်းရဲ့ ဘိုးဘေးတစ်ဦးလို့တောင် ဆိုနိုင်တာပဲ။ အခု သူ သေသွားပြီဆိုပေမဲ့ သူ့ရဲ့ အမွေအနှစ်တွေကတော့ ဂိုဏ်းဆီကို ပြန်ရောက်လာခဲ့ပြီပေါ့။"

ကုန်းလီပိုင်သည်လည်း လိုချင်တပ်မက်စိတ် ဖြစ်ပေါ်နေသော်လည်း သွေးကမ်းပါးယံနှင့် ကြေးဝါနှုတ်ခမ်းမွှေးတို့ထံမှ လုယူရန်မူ မဝံ့ရဲပေ။

သူက ဝမ်းသာအားရဖြင့်သာ "သူတို့ တကယ်ပဲ အတူတူ သေကုန်ကြတာလား" ဟု အော်ဟစ်လိုက်သည်။

သွေးကမ်းပါးယံက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း "ဒီလိုပဲ ထင်ရတာပဲ။" ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ထိုစကားအဆုံးမှာပင် မလှမ်းမကမ်းရှိ ဟင်းလင်းပြင်၌ ရုတ်တရက် လှိုင်းတွန့်တစ်ခု ဖြစ်ပေါ်လာပြီး ကြိုးကြာဝတ်ရုံကို ဆင်မြန်းကာ ရှေးဟောင်းဆံထိုးကို ထိုးထားသော တည်ငြိမ်သော်လည်း ထူးဆန်းသောအငွေ့အသက် ရှိသူတစ်ဦးမှာ လေထဲမှ ထွက်ပေါ်လာသည်။ ထိုကျင့်ကြံသူသည် အပြင်သို့ ခြေချလိုက်သည်နှင့် သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်

လိုက်သော်လည်း ရုတ်တရက် မျက်နှာချင်းဆိုင်ရှိ လူသုံးဦးကို မြင်လိုက်ရသည့်အခါ လက်ချောင်းများဖြင့် ဓားကိုချက်ချင်း စေခိုင်းလိုက်တော့သည်။

သို့သော် သူ၏နောက်ကွယ်မှ လူများမှာလည်း အဆက်မပြတ် ထွက်ပေါ်လာနေကြပြီး စကားများကို တတွတ်တွတ် ပြောနေကြသည်။

"လျှို့ဝှက်နယ်မြေရဲ့ တားမြစ်ချက်က တကယ်ပဲ ပွင့်သွားတာပဲ။"

"ငါတော့ လျှို့ဝှက်နယ်မြေထဲမှာပဲ သေရတော့မယ် ထင်နေတာ။"

"နောက်ဆုံးတော့ အပြင်ကို ထွက်လာနိုင်ပြီ။"

မကြာမီမှာပင် ကြိုးကြာဝတ်ရုံနှင့် ကျင့်ကြံသူ၏ ပတ်ဝန်းကျင်၌ လူအုပ်ကြီးတစ်အုပ် စုဝေးမိသွားကြသည်။ ထိုလူအုပ်ထဲတွင် အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ် အစုံအလင် ပါဝင်နေကြတော့သည်။

လျှို့ဝှက်နယ်မြေအတွင်းမှ ယခုလေးတင် ထွက်ပေါ်လာသော ထိုလူအုပ်ကြီးသည် သွေးကမ်းပါးယံတို့တစ်သိုက်နှင့် မျက်နှာချင်းဆိုင် တိုးမိသွားကြရာ နှစ်ဖက်စလုံး၏ မျက်နှာထက်တွင် သတိထားစောင့်ကြည့်ရိပ်များနှင့် ထူးဆန်းသောအမူအရာများ ယှက်သန်းနေတော့သည်။

ဤကဲ့သို့သော အချိန်အခါမျိုးတွင် ဆုံတွေ့ကြလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။

သွေးကမ်းပါးယံအဘွားအိုက "အကြီးအကဲ ရှီဟုန်လား" ဟု မေးလိုက်သည်။

ကြိုးကြာဝတ်ရုံနှင့် ကျင့်ကြံသူကလည်း "သွေးကမ်းပါးယံလား ကြေးဝါနှုတ်ခမ်းမွှေးလား" ဟု ပြန်လည် မေးခွန်းထုတ်လိုက်၏။

ရုတ်တရက်ဆိုသလို လူအုပ်ထဲမှ ဆံပင်ဖရိုဖရဲနှင့် ဖြစ်သော်လည်း ရုပ်ရည်အတော်အသင့် ချောမောသော အမျိုးသားတစ်ဦးက "ဦးလေးနှုတ်ခမ်းမွှေး" ဟု လှမ်းအော်လိုက်သည်။

ကြေးဝါနှုတ်ခမ်းမွှေးက စူးစိုက်ကြည့်လိုက်ရာ ခေတ္တမျှ ကြောင်အသွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူမှာ ပထမအသုတ်တွင် အဖမ်းခံခဲ့ရသော အရေပြားဆရာများထဲမှ တစ်ဦးဖြစ်သည့် လုဟုန်ဖြစ်နေသောကြောင့်ပင်။ ဤလုဟုန်သည် ယခင်က ကျောက်သားပလ္လင်အကြီးအကဲနေရာအတွက် ကုရုဖုန်းနှင့် ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ထိုစဉ်က အရိပ်ရုပ်သေးတောင်ထိပ်၏ အငယ်ဆုံး အကြီးအကဲတစ်ဦး ဖြစ်ခဲ့သည်။ သူသည် တက်ကြွဖျတ်လတ်မှုနှင့် ဇွဲလုံ့လတို့ဖြင့် ပြည့်နှက်နေသူလည်း ဖြစ်၏။

သို့သော် ဤလုဟုန်သည် သူ၏ မိတ်ဟောင်းဆွေဟောင်းတစ်ဦး၏ သားမြေးဖြစ်ကြောင်း မည်သူမျှ မသိရှိကြပေ။

“မဟုတ်ရင်တော့ သူ့ပါရမီက ဘယ်လောက်ပဲ ထူးချွန်နေပါစေ... ခရမ်းရောင်နန်းတော်အဆင့်ကိုတောင် မရောက်သေးဘဲ ဒီလောက်နုပျိုတဲ့အရွယ်နဲ့ ဘယ်လိုလုပ် အကြီးအကဲ ဖြစ်လာနိုင်မှာလဲ”

အခြားတစ်ဖက်တွင်မူ စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးတစ်ဦးက လက်ဝေ့ယမ်းကာ "အဘွား" ဟု အော်ဟစ်လျက် ခုန်ပေါက်ပြေးထွက်လာသည်။

သွေးကမ်းပါးယံအဘွားအိုသည် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီးမှ "စုစု... မင်း ဒီလောက်အလွယ်တကူနဲ့ မသေဘူးဆိုတာ ငါသိသားပဲ" ဟု ရယ်မောလိုက်တော့သည်။

နှစ်ဖက်စလုံးမှာ ရယ်မောလိုက်ကြသဖြင့် သူတို့ကြားရှိ ဆက်ဆံရေးမှာ ပိုမိုခိုင်မာသွားသယောင် ရှိသော်လည်း မချိုးဖျက်နိုင်သေးသော အတားအဆီးတစ်ခုကတော့ ရှိနေဆဲပင်။

ဝမ်စုစုသည် သွေးကမ်းပါးယံအဘွားအို၏ လက်ကိုပြေးကိုင်ကာ ချွဲနွဲ့သောလေသံဖြင့် "အဘွား... ရုပ်သေးဂိုဏ်းမှာတုန်းက အဘွားက သမီးကို အဂရုစိုက်ဆုံးပဲ။ ဒီရက်တွေမှာ သမီး အဘွားကို အရမ်းသတိရနေတာ" ဟု ပြောသည်။

သွေးကမ်းပါးယံက ပြုံးလိုက်၏။

ထိုစဉ်က သူမသည် ဂူဟွမ်ကျီ၏ ရုပ်သေးတစ်ရုပ်ဖြစ်ခဲ့ပြီး ဝမ်စုစုမှာမူ ဂူဟွမ်ကျီတပည့်၏ အဖော်ဖြစ်ခဲ့ရာ သူတို့နှစ်ဦး ခဏခဏ ဆုံတွေ့ခဲ့ဖူးသည်။ အဘွားအိုတစ်ဦးသည် ချစ်စရာကောင်းသော မိန်းမပျိုလေးများအပေါ် အမြဲတစေ စိတ်ပျော့တတ်စမြဲပင်။ အထူးသဖြင့် ထိုမိန်းကလေးက သူမ၏ အတိတ်ကပုံရိပ်ကို ပြန်လည်သတိရစေသည့်အခါမျိုးတွင် ဖြစ်သည်။ စုစုမှာလည်း သူမကဲ့သို့ပင် အလွန်အမင်း သတိကြီးသူဖြစ်သလို ရက်စက်ပြီး ပါးနပ်သူလည်း ဖြစ်သည်။

သူမသည် ဝမ်စုစု၏လက်ကို ဆုပ်ကိုင်လျက် လက်ဖမိုးကို ခပ်ဖွဖွပုတ်ကာ "လိမ္မာတဲ့မြေးလေး... မင်းကတော့ ကံကောင်းရှာသားပဲ" ဟု ပြောသည်။

သူမ၏မျက်ဝန်းထဲတွင် ရှားရှားပါးပါး ဂရုဏာရိပ်များ ယှက်သန်းလာပြီး သေဘေးမှ သီသီလေးလွတ်မြောက်ခဲ့ရသော သူမ၏ ကိုယ်ပိုင်အတိတ်ဟောင်းကို ပြန်လည်မြင်ယောင်နေမိသည်။

ဤသို့ဖြင့် နှစ်ဖက်စလုံးကြားရှိ အေးစက်မှုများမှာ အရည်ပျော်သွားခဲ့ပြီ ဖြစ်သည်။

ရှီဟုန်သည် ကျောက်စိမ်းကဲ့သို့ တောက်ပနေသော သုံးပြည်ထောင် ဝိညာဉ်အကြောဗဟိုချက်ကို တစ်ချက်ကြည့်လိုက်သည်။ သူမှတ်မိသရွေ့ ကျန်းဟန်သည် ထိုနေရာမှ တစ်ဖက်သို့မျှ မရွေ့ခဲ့ဖူးပေ။

သူက သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ကာ လက်သီးဆုပ်လျက် "တားမြစ်ချက်တွေ ပျက်ပြားသွားပြီဆိုတော့ ဘိုးဘေးကျန်းဟန်လည်း နတ်ရွာစံသွားပြီ ထင်ပါရဲ့။ ဒါပေမဲ့ ဒီအခြေအနေကို ကြည့်ရတာ ဂိုဏ်းချုပ်စုန်ယန်လည်း အသက်ရှင်ဖို့ မလွယ်တော့ဘူး။ သူတို့နှစ်ယောက်က လမ်းတစ်လျှောက်လုံး ရယ်ရယ်မောမောနဲ့ အတူရှိခဲ့ကြတာဆိုတော့ အဖော်ရကြမှာပါ။ အထီးကျန်မှာ မဟုတ်ပါဘူး။"

ကြေးဝါနှုတ်ခမ်းမွှေးကလည်း စိတ်အားထက်သန်စွာဖြင့် "ဟုတ်ပါရဲ့ ဟုတ်ပါရဲ့" ဟု အကျယ်ကြီး ရယ်မောလိုက်သည်။

ထို့နောက် နှစ်ဖက်စလုံးမှာ သူတို့သိရှိထားသော သတင်းအချက်အလက်များကို အပြန်အလှန် ဖလှယ်ကြတော့သည်။ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးပြီးနောက်တွင်မူ သူတို့၌ သံသယမရှိတော့ပေ။

စုန်ယန်နှင့် ကျန်းဟန်တို့မှာ အမှန်တကယ်ပင် အတူတူ သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

ထိုအသိကြောင့် လေထုကြီးမှာ တစ်ဖန် ပြန်လည်တိတ်ဆိတ်သွားပြန်သည်။

ရှီဟုန်က ရုတ်တရက် ရယ်မောလိုက်ပြီး "ဒီနေ့ကတော့ နေ့ကောင်းရက်မြတ်ပဲ"

သွေးကမ်းပါးယံက "အို... ဘာလို့လဲ" ဟု မေးလိုက်သည်။

ရှီဟုန်က "ရုပ်သေးဂိုဏ်းမှာ အမြဲတမ်း တောင်ထိပ်ငါးခု ရှိခဲ့တာပဲ မဟုတ်လား။ ဒီနေ့က အရိပ်ရုပ်သေးတောင်ထိပ် ဂိုဏ်းဆီကို ပြန်လည်ရောက်ရှိလာတဲ့ နေ့ကောင်းရက်မြတ် မဖြစ်နိုင်ဘူးလား" ဟု ဆိုလိုက်၏။

အားလုံးက လုဟုန်၊ ဝမ်စုစုနှင့် ကျန်ရှိနေသော အရေပြားဆရာများကို တစ်ချက်ကြည့်လိုက်ကြပြီးနောက် အတူတူ ရယ်မောလိုက်ကြတော့သည်။

အခန်း။ ၂၀၄

ထိုရယ်မောသံများ၏ နောက်ကွယ်တွင်မူ မည်သူမျှမသိနိုင်သော ယုတ်မာလှသည့် လျှို့ဝှက်

ချက်အချို့ ကိန်းအောင်းနေသော်လည်း ရုပ်သေးဂိုဏ်းသည် စာမျက်နှာသစ်တစ်ရပ်ကို ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းနှင့် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မည့် ခေတ်ကာလတစ်ခုသို့ ကူးပြောင်းရန် လိုအပ်နေပြီဖြစ်ကြောင်းကိုမူ အားလုံးက သိရှိနားလည်ထားကြသည်။

ဝိညာဉ်အကြောဗဟိုချက် တည်ရှိနေခြင်းနှင့် ခရမ်းရောင်နန်းတော်အဆင့်၏ အမွေအနှစ်များကို ရရှိထားခြင်းတို့သည် ဂိုဏ်းကို ပိုမိုတိုးတက်စေမည်ဖြစ်ပြီး နောင်နှစ်ပေါင်းများစွာအကြာတွင် ခရမ်းရောင်နန်းတော်ဘိုးဘေးက ဂိုဏ်းကို ဦးစီးကွပ်ကဲသည့်ခေတ်တစ်ခေတ်သို့ တရားဝင် ရောက်ရှိလာတော့မည် ဖြစ်သည်။

သို့သော်လည်း သူတို့၏ ရင်ထဲ၌ စူးတစ်ချောင်းအလား ကျန်ရစ်နေသည်မှာ တောင်ပင်လယ်

မိစ္ဆာကြီးပင်။ တောင်ပင်လယ်မိစ္ဆာကြီးသည် စုန်ယန်ကို အမြဲတစေ ရှာဖွေနေခဲ့ခြင်းပင်။

"အခုတော့ စုန်ယန်လည်း သေပြီဆိုတော့ သူတို့တွေ ထပ်ပြီး ရောက်လာဦးမှာလား။ တကယ်လို့ ရောက်လာခဲ့ရင်တောင်... ဆက်ပြီး အသက်ရှင်ခွင့်ရဖို့အတွက် သူတို့ ဘယ်လောက်တောင် အောက်ကျနောက်ကျခံပြီးဒူးထောက်အရှုံးပေးကြရမှာလဲ။"

...

"စုန်ယန်၊ ကျန်းဟန်နှင့် မိစ္ဆာတို့ အတူတူ သေဆုံးကုန်ကြပြီ" ဟူသော သတင်းမှာ လျှို့ဝှက်

ချက်များထဲမှ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်သော်လည်း တောင်ပင်လယ်မိစ္ဆာကြီး၏ တည်ရှိမှုကို ထည့်သွင်းစဉ်းစားကာ သွေးကမ်းပါးယံတို့တစ်သိုက်မှာ ထိုသတင်းကို အားလုံးသိရှိသွားစေရန် အလျင်အမြန်ပင် ဖြန့်ဝေလိုက်ကြတော့သည်။

သံသယဖြစ်စရာမလိုအောင်ပြုလုပ်ရန်အတွက် သွေးကမ်းပါးယံတို့သည် သတင်းဖြန့်ရုံမျှမကဘဲ မိစ္ဆာစုန်ယန်ကိုပါ အကြီးအကျယ် ကျိန်ဆဲကြတော့သည်။ ထိုမိစ္ဆာမှာ အလွန်ယုတ်မာပြီး အရှက်မရှိကြောင်း၊ မရေမတွက်နိုင်သော မကောင်းမှုများကို ကျူးလွန်ခဲ့သဖြင့် သူတို့ပင်လျှင် သည်းမခံနိုင်တော့ကြောင်း၊ ရုပ်သေးဂိုဏ်း၏ နာမည်ဆိုးမှာ စုန်ယန်တစ်ဦးတည်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောဆိုကြသည်။ စုန်ယန် အသက်ရှိစဉ်က သူတို့ကို နည်းလမ်းအမျိုးမျိုးဖြင့် ထိန်းချုပ်ထားခဲ့သဖြင့် ထိုမိစ္ဆာကို အရှင်လတ်လတ် ဝါးစားပစ်ချင်ခဲ့ကြောင်းလည်း ဟန်ဆောင်၍ ပြောဆိုကြသည်။

တစ်ပြိုင်နက်တည်းမှာပင် တောင်ပင်လယ်မိစ္ဆာပြည်ရှိ အမြီးများစွာပါသော မြေခွေးမျိုးနွယ်စုထံသို့ လက်ဆောင်အမြောက်အမြားနှင့်အတူ သံတမန်များကို စေလွှတ်လိုက်ကြသည်။ သူတို့က ကျွန်တစ်ဦး၏ အသွင်သဏ္ဌာန်ဖြင့် အခြေအနေများကို အစီရင်ခံကြပြီး စုန်ယန်ကဲ့သို့ ခွင့်မလွှတ်နိုင်သော မိစ္ဆာမျိုး နောက်ထပ်ပေါ်ပေါက်လာပြီး အထက်နိုင်ငံတော်ကို မစော်ကားနိုင်စေရန်အတွက် ကျင်းနိုင်ငံတွင် အမြဲတမ်း ကိုယ်စားလှယ်တစ်ဦး ထားရှိကာ အမိန့်ပေးကွပ်ကဲပေးပါရန် အသနားခံ တောင်းဆိုခဲ့ကြသည်။

ပထမသံတမန်အဖွဲ့ ထွက်ခွာသွားပြီး ရက်အနည်းငယ်အကြာမှာပင် ဒုတိယသံတမန်အဖွဲ့ကို ထပ်မံစေလွှတ်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ပါရှိသွားသော လက်ဆောင်များမှာ ပိုမိုကြီးကျယ်ခမ်းနားလှပြီး ၎င်းမှာ ဝိညာဉ်အကြောဗဟိုချက်ပင်။

သူတို့သည် တောင်ပင်လယ်ဘိုးဘေးကြီးအား ကျင်းနိုင်ငံသို့ ကိုယ်တိုင်ကြွရောက်၍ ဝိညာဉ်အကြောဗဟိုချက်ကို ကြီးကြပ်ပေးပါရန်နှင့် ကျင်းနိုင်ငံကဲ့သို့ သေးငယ်သော နိုင်ငံလေးကို ကြီးကျယ်ခမ်းနားလှသော တောင်ပင်လယ်မိစ္ဆာပြည်၏ အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် လက်ခံပေးပါရန် တောင်းပန်ခဲ့ကြသည်။

အကယ်၍ မတိုက်ခိုက်နိုင်ပါက ပူးပေါင်းလိုက်ခြင်းက အကောင်းဆုံးပင်။ တောင်ပင်လယ်မိစ္ဆာပြည်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်သရွေ့ မျိုးတုန်းပျောက်ကွယ်မည့် ဘေးအန္တရာယ်မှ ရှောင်ရှားနိုင်မည်ပင်။ သွေးကမ်းပါးယံတို့၏ ရှင်သန်လိုစိတ်မှာ အလွန်ပင် ပြင်းပြလှသည်။

ဝိညာဉ်အကြောဗဟိုချက်မှာ ရတနာတစ်ခုဖြစ်ပြီး ခရမ်းရောင်နန်းတော်အဆင့်သို့ တက်လှမ်းနိုင်မည့် တစ်ခုတည်းသော နေရာဖြစ်သော်လည်း သူတို့ မည်သို့မှ ကာကွယ်ထားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် မကာကွယ်နိုင်မည့်အတူတူ တောင်ပင်လယ်မိစ္ဆာကြီးများထံသို့ လက်ဆောင်

အဖြစ် ဆက်သလိုက်ခြင်းက ပို၍ စိတ်ချရသည်။

...

စုန်ယန် သေဆုံးသွားပြီဟူသော သတင်းမှာ တောင်ဘက်အရပ်သို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ အမှန်စင်စစ် စုယောင်သည် တစ်စုံတစ်ခုကို ကြိုတင်ခံစားမိနေခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သော လအနည်းငယ်က သူမသည် ကိုယ်ပျောက်ကျီးကန်းနှင့် ဆက်သွယ်ရန် သွားရောက်စဉ်က ရှေးဟောင်း ရွှေ့ပြောင်းခြင်း အစီအရင် ပြင်ဆင်မှုမှာ အတားအဆီးနှင့် ကြုံတွေ့နေဆဲဖြစ်ကြောင်းမိစ္ဆာစုန်ယန်ထံ ပုံမှန်အစီရင်ခံရန် ရည်ရွယ်ခဲ့သော်လည်း ထိုကျီးကန်းမှာ ဝိညာဉ်မဲ့နေသကဲ့သို့ နှင်းများကြား၌ လဲကျနေသည်ကို တွေ့ရှိခဲ့ရသောကြောင့်ပင်။ ထိုစဉ်ကတည်းက တစ်စုံတစ်ခု မှားယွင်းနေပြီဟု သူမ ခံစားခဲ့ရပြီး ယခုအခါ သတင်းများက သူမ၏ ထင်မြင်ချက်ကို အတည်ပြုပေးလိုက်ပြီ ဖြစ်သည်။

စုယောင်သည် စုန်ယန်နှင့်အတူ ကုန်ဆုံးခဲ့သော အချိန်များကို ပြန်လည်အမှတ်ရမိပြီး စိတ်ထဲ၌ ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသော်လည်း သူမသည် ခွဲခွာခြင်းနှင့် ဆုံစည်းခြင်းများစွာကို ကြုံတွေ့ခဲ့ဖူးသူဖြစ်ရာ စုန်ယန်တစ်ယောက် ပိုလာခြင်း သို့မဟုတ် လျော့သွားခြင်းမှာ သူမအတွက် ထူးခြားသည့် ပြောင်းလဲမှုတော့ မဟုတ်ပေ။

ယုကျွမ်းမှာမူ အတော်ပင် ဝမ်းနည်းသွားခဲ့ပြီး လူသူကင်းမဲ့သော တောင်ကုန်းတစ်ခု၏ လှပသောနေရာတွင် အဝတ်အစားများဖြင့် ပြုလုပ်ထားသော အထိမ်းအမှတ် ဂူသင်္ချိုင်းတစ်ခုကို ပြုလုပ်ပေးခဲ့သည်။

ယွီရွှမ်းဝေမှာမူ လေးစားမှုရော ကြောက်ရွံ့မှုပါ ဒွန်တွဲ၍ ခံစားနေရသည်။ သူမ၏ စိတ်ထဲတွင် မိစ္ဆာအိုကြီး စုန်ယန်မှာ အတိုင်းအဆမရှိ နက်နဲလှသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင် တစ်နေ့တွင် သေဆုံးနိုင်သည်ဟု သူမ မထင်မှတ်ခဲ့ပေ။ သူသည် ထိုသို့ပင် ရုတ်တရက်ကြီး သေဆုံးသွားခဲ့သည်။

တောင်ပင်လယ်မိစ္ဆာကြီးများ မကြာမီ ရောက်ရှိလာတော့မည်ကို သူမ ရိပ်မိသဖြင့် တောင်ဘက်ဓားဂိုဏ်းမှ ကျန်ရှိနေသော တပည့်များကို တောင်ဘက်တောရိုင်းဒေသရှိ ဝိညာဉ်စွမ်းအားကင်းမဲ့ရာ နယ်မြေများတွင် လူမျိုးစုအမည်များ ပြောင်းလဲကာ လူသူမသိအောင် ဖုံးကွယ်နေထိုင်စေခဲ့သည်။

သူတို့သည် သာမန်တောရွာသားများအဖြစ် ဟန်ဆောင်နေထိုင်ရင်း ရှေးဟောင်းရွှေ့ပြောင်းခြင်းအစီအရင်ကို ပြုပြင်ရန် အခွင့်အရေးကို ဆက်လက်စောင့်ဆိုင်းနေကြတော့သည်။

အန်လီမှာမူ အစပိုင်းတွင် သူမ၏အစ်ကိုဖြစ်သူ ရှို့ဟုကို နေရာအနှံ့ လိုက်လံရှာဖွေရန် ရည်ရွယ်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် မျှော်လင့်ချက်များ ကုန်ဆုံးလာကာ ဆေးဖော်စပ်ခြင်းအတတ်ပညာအပေါ်၌သာ ပိုမိုအာရုံစိုက်လာခဲ့သည်။ နာကျင်မှုသည် ကြီးထွားမှုအတွက် အကောင်းဆုံးသော တွန်းအားပင်။

ကြီးထွားလာခြင်းဆိုသည်မှာ မေ့ပစ်တတ်ခြင်းပင်။

"လူတစ်ယောက်ဟာ ဆင်းရဲဒုက္ခတွေကိုလည်း မမေ့နိုင်၊ နာကျင်မှုတွေကိုလည်း အောင့်အည်းမခံနိုင်ဘူးဆိုရင်... ဘယ်လိုလုပ် လူလားမြောက်နိုင်မှာလဲ။"

အန်လီသည် လူလားမြောက်လာခဲ့ပြီ ဖြစ်သည်။ မြူခိုးပင်လယ်အတွင်းက ထိုနေ့တွင် အစ်ကိုရှို့ဟု မသေဆုံးခဲ့စေဦးတော့ သူသည် ဝေးဝေးသို့ ထွက်ပြေးနိုင်လိမ့်မည်မဟုတ်ဘဲ အသက်ဆုံးရှုံးသွားလောက်ပြီဖြစ်ကြောင်း သူမ သဘောပေါက်လာခဲ့သည်။ အချိန်သည် အကောင်းဆုံးသော ကုထုံးဖြစ်ပြီး မည်သည့်အချစ်ကမျှ ထာဝရ မတည်မြဲနိုင်ပေ။

အန်လီသည် အစ်ကိုရှို့ဟုကို သတိရနေဦးမည်ဆိုပါကပင် သူ၏ပုံရိပ်မှာ တဖြည်းဖြည်း ဝေဝါးလာပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ကလေးသူငယ်မဟုတ်တော့ဘဲ လူသားတို့သည် အမြဲတစေ ရှေ့သို့သာ ကြည့်ရမည်ပင်။

ဇူလိုင်လ၏ နွေးထွေးသော လေညင်းသည် ပြာလွင်နေသော ပင်လယ်ရေပြင်ထက်၌ ခပ်ဖွဖွ တိုက်ခတ်နေသည်။ တိမ်ကောနေသော လှိုင်းလုံးကလေးများသည် ကမ်းခြေရှိ စိုစွတ်နေသော ကျောက်ခဲကလေးများကို လာရောက်ရိုက်ခတ်ရင်း သဲသောင်ပြင်တွင် ပုန်းအောင်းနေသော ပုစွန်၊ ဂဏန်းနှင့် ငါးကလေးများကို ပင်လယ်ထဲသို့ ပြန်လည်ခေါ်ဆောင်သွားကြသည်။

စုန်ယန်သည် ကျောက်ဆောင်ကြီးတစ်ခုကို မှီလျက် ပက်လက်လှန် လဲလျောင်းနေပြီး နွေးထွေးသော ရေနှင့် ပူပြင်းလှသော နေရောင်ခြည်တို့၏ အထိအတွေ့ကို ခံစားနေသည်။ ပတ်ဝန်းကျင် မိုင်တစ်ရာအတွင်း လူသူကင်းမဲ့နေပြီး ရံဖန်ရံခါမှသာ လမ်းမှားလာသော တံငါလှေတစ်စင်းစွန်းစွန်းကို အဝေး၌ မြင်တွေ့ရတတ်သည်။ ဤကဲ့သို့သော နေရာမျိုးတွင် ပြင်းထန်လှသော သွေးညှီနံ့များပင်လျှင် လေထဲ၌ ပျံ့လွင့်ပျောက်ကွယ်သွားနိုင်ပြီး မည်သူမျှ သတိထားမိနိုင်မည် မဟုတ်ပေ။

လက်အောက်ငယ်သားများ မရှိတော့သဖြင့် အရာအားလုံးကို သူကိုယ်တိုင်ပင် လုပ်ဆောင်ရတော့သည်။ စက္ကူပြုလုပ်ခြင်းကအစ သူကိုယ်တိုင်ပင် ပြုလုပ်ရ၏။ ယခုအခါ ကျန်းဟန်၏ သွေးများသည် စက္ကူပျော့ဖတ်များအတွင်းသို့ စိမ့်ဝင်နေပြီး ပုံဖော်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

သို့သော် ကျန်းဟန်၏ သွေးအလောင်းကို ပြုလုပ်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။ စုန်ယန်သည် ကောင်းမွန်သော မြေပြင်အနေအထားမျိုးကို ရှာမတွေ့သေးသဖြင့် သာမန် အလောင်းမွေးမြူရေးအတတ်ကိုသာ အသုံးပြု၍ သူကိုယ်တိုင် ပြုလုပ်ထားသော ကျောက်ခေါင်းအတွင်း၌ အလောင်းကို ထိန်းသိမ်းထားရသည်။

သွေးစက္ကူများ အောင်မြင်စွာ ဖြစ်ပေါ်လာသည့်အခါ ၎င်းတို့ကို အသုံးပြု၍ စက္ကူအိမ်တစ်လုံး ပြုလုပ်ကာ ပင်လယ်ရေနက်ပိုင်းတွင် သွားရောက်ပုန်းအောင်းရန် သူ စီစဉ်ထားသည်။ သူသည် တောင်ပင်လယ်မိစ္ဆာကြီးများ စုန်ယန်ဟူသော အမည်ကို မေ့လျော့သွားသည်အထိ သူ၏ မိတ်ဟောင်းဆွေဟောင်းများ အသက်ထင်ရှား မရှိတော့သည်အထိ ပင်လယ်အောက်ခြေ၌ အချိန်အတော်ကြာ နေထိုင်သွားရန် ရည်ရွယ်ထားခြင်းပင်။

၎င်းမှာ သူ၏ အစီအစဉ်ပင်။ သူ၏ကိုယ်ထဲတွင် တစ္ဆေငါးမန်းနှင့် ရေနက်နဂါးတို့၏ သွေးများ ရှိနေသဖြင့် ရေအောက်၌ နေထိုင်ရန်မှာ ပြဿနာမဟုတ်ပေ။ ထို့ပြင် ပင်လယ်သတ္တဝါများ၏ အရေပြားကို အသုံးပြု၍လည်း အရိပ်ရုပ်သေးများကို ဖန်တီးနိုင်သေးသည်။ ထိုအခါ သူသည် ပင်လယ်ထဲ၌သာ အခြေချ၍ နေထိုင်တော့မည် ဖြစ်သည်။

အမှန်စင်စစ် သူသည် ခရမ်းရောင်နန်းတော် အစောပိုင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ကျန်းဟန်၏ သိုလှောင်အိတ်အတွင်း၌ ခရမ်းရောင်နန်းတော်အဆင့်၏ အမွေအနှစ်များ ပါရှိနေခဲ့သည်။

ထိုအမွေအနှစ်များကို အသုံးပြုလျက် သူသည် သုံးပြည်ထောင် ဝိညာဉ်အကြောဗဟိုချက်ထက်တွင် ထိုင်ကာ သူ၏ဝီရိယနှင့် ဉာဏ်ပညာတို့ကို အသုံးချ၍ နှစ်ပေါင်းသုံးရာခန့် ကျင့်ကြံခဲ့ခြင်းပင်။

ထို့ကြောင့် သူ၏ တစ္ဆေဝိညာဉ်အမြုတေမှာ အလယ်အလတ်အဆင့်သို့ တိုးတက်လာခဲ့ပြီး ခရမ်းရောင်နန်းတော် အစောပိုင်းအဆင့်ကို အောင်မြင်စွာ တည်ငြိမ်အောင် ကျင့်ကြံနိုင်ခဲ့ခြင်းပင်။

All Chapters