← Chapters

အခန်း (၂၆၀၁-၂၆၀၂)

Vol. 201 Ch. 2601-2602

အခန်း (၂၆၀၁-၂၆၀၂)

Vol. 201 Ch. 2601-2602

အဆတစ်ရာစနစ် စာစဥ်(၂၀၁)

အခန်း(၂၆၀၁)

“ယွမ်ထျန်းဟွာ.. ငါတို့လာရတဲ့ အကြောင်းအရင်းကို မင်းသိပြီးသားဖြစ်မှာပါ”

ဝူကျိအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲက ခန်းမအလယ်ရှိ ယွမ်ထျန်းဟွာကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

ယွမ်ထျန်းဟွာက ခေါင်းညိတ်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

“အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲကို ပြင်ပစကြဝဠာက ပါရမီရှင်တစ်ယောက် ရောနှောဝင်ရောက်လာတဲ့အတွက် ပြိုင်ပွဲကို ဆက်လက်ကျင်းပဖို့ မဖြစ်တော့ဘူး.. ငါကတော့ ပြင်ပစကြဝဠာက ပါရမီရှင်ကို ဖြေရှင်းဖို့အတွက် အင်မော်တယ် စိတ်ကူးယဥ်ဟင်းလင်းပြင်ကို ကြိုတင်ပြီး ပိတ်ပစ်ဖို့ ဆုံးဖြတ်ထားတယ်.. မိတ်ဆွေတို့နှစ်ယောက် ငါ့ကို အကူအညီပေးဖို့ မျှော်လင့်ပါတယ်”

“ပိတ်ပစ်တာ ကောင်းတယ်.. ငါတို့ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာရဲ့ ဂိုဏ်းပေါင်းစုံ ညီလာခံမှာ ပြင်ပစကြဝဠာကလူတွေ လာရောက် ရမ်းကားခွင့်ပြုလို့ မဖြစ်ဘူး”

ဝူကျိ အင်မော်တယ်ဂိုဏ်းနှင့် ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ မဟာယာနနှောင်းပိုင်းအဆင့် အကြီးအကဲ နှစ်ဦးစလုံးက ခေါင်းညိတ်လိုက်ကြသည်။

သူတို့၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ လက်ခနဲ ဖြစ်သွားခဲ့၏။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်း ဖြစ်သည့် အလျောက် ဤစကြဝဠာ၏ စည်းမျဥ်းအားလုံးကို သူတို့ကပင် သတ်မှတ်ခဲ့သည်ဟု ဆို၍ရသည်။

ယခုအခါတွင်မူ ပြင်ပစကြဝဠာမှ လူတစ်ယောက်သည် သူတို့ရှိနေသည့် ကြားမှာပင် အင်‌မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံသို့ ရောနှော ဝင်ရောက်လာခဲ့သည်။

ဤသည်မှာ သူတို့၏ မျက်နှာကို လက်ဝါးဖြင့် ဖြတ်ရိုက်လိုက်သကဲ့သို့ပင် မဟုတ်ပါလော။

အကယ်၍ သူတို့သာ ပြင်ပစကြဝဠာမှ လူကို မဖြေရှင်းနိုင်ခဲ့လျှင် သူတို့ အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းသည် နောင်အခါတွင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ အတွင်း၌ မည်ကဲ့သို့ မျက်နှာပြရပါမည်နည်း။

“ပြင်ပစကြဝဠာက ကျန်းချန်လို့ အမည်ရတဲ့ လူငယ်က သွေးနတ်ဆိုးဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက် အဖြစ်နဲ့ ဂိုဏ်းပေါင်းစုံညီလာခံထဲကို ရောနှော ဝင်ရောက်လာတာပဲ.. မင်းတို့ အခုချက်ချင်း သွေးနတ်ဆိုးဂိုဏ်း တည်းခိုနေတဲ့ ခြံဝန်းကို သွားရောက် ပိတ်ဆို့လိုက်ပါ.. ငါ အင်‌မော်တယ်စိတ်ကူးယဥ်ဟင်းလင်းပြင်ကို ပိတ်ပြီးတာနဲ့ အဲဒီကို တစ်ခါတည်း လာခဲ့မယ်”

ယွမ်ထျန်းဟွာက အပိုစကားများ ပြောမနေဘဲ ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

“သွေးနတ်ဆိုးဂိုဏ်းလား”

ယွမ်ထျန်းဟွာ၏ စကားကိုကြားလျှင် အကြီးအကဲ နှစ်ဦးစလုံး အနည်းငယ် အံ့အားသင့်သွားကြသည်။

ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည့် သွေးနတ်ဆိုးဂိုဏ်းသည် ဤကိစ္စတွင် ပါဝင်ပတ်သက်နေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။

ထိုလူငယ်က ပြင်ပစကြဝဠာမှ ပါရမီရှင် ဖြစ်မှန်း သွေးနတ်ဆိုးဂိုဏ်းအနေဖြင့် မသိဘဲ မနေနိုင်လောက်ချေ။

ထိုသို့ သိလျက်ဖြင့်ပင် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံသို့ ခေါ်ဆောင်လာရဲခြင်းမှာ မရိုးရှင်းပေ။

သူတို့ သုံးဦး တိုင်ပင်နေစဥ်မှာပင် ခန်းမအတွင်း၌ ဆန်းကြယ်သော နေရာလွတ် လှိုင်းလုံးများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ယွမ်ချင်းယွီ ဦး‌ဆောင်သော ဟွမ်ယွမ်ဓားဂိုဏ်းမှ လူငယ်ပါရမီရှင် ဆယ့်တစ်ဦးသည် အိပ်မောကျနေရာကနေ နိုးထလာကြသည်ကို သူတို့ မြင်လိုက်ရသည်။

“အကြီးအကဲချုပ်.. ပြင်ပစကြဝဠာက ပါရမီရှင်က ကျွန်‌တော်တို့ကို တစ်ကွက်တည်းနဲ့ သတ်ဖြတ်ခဲ့ပြီး အခု ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ ရတနာတိုက်ထဲကို ကျူးကျော် ဝင်ရောက်နေခဲ့ပြီ”

ယွမ်ချင်းယွီက ခါးသီးစွာ ပြုံးလိုက်ပြီး ယွမ်ထျန်းဟွာထံ သတင်းပို့လိုက်သည်။

အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံမတိုင်မီက ယွမ်ချင်းယွီသည် သူ၏ ပါရမီနှင့် စွမ်းအား အပေါ်တွင် အမြဲတစေ ယုံကြည်မှု ရှိခဲ့၏။

ဟွမ်ယွမ်ဓားဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည့် ယွမ်ထျန်းချီသည် သူ့ထက် နှစ်အနည်းငယ် စောမွေးခဲ့ခြင်းကြောင့်သာ နံပါတ်တစ် ပါရမီရှင် အဖြစ် သတ်မှတ်ခံရသည်ဟု ယွမ်ချင်းယွီ အမြဲတစေ တွေးထားခဲ့သည်။

ယခု ပြင်ပစကြဝဠာမှ ဆန်းကြယ်သော ပါရမီရှင်နှင့် ရင်ဆိုင်ရသောအခါတွင်မူ ယွမ်ချင်းယွီသည် အကြီးအကျယ် စိတ်ဓာတ်ကျသွားခဲ့၏။

ထိုပြင်ပစကြဝဠာမှ ပါရမီရှင်နှင့် နှိုင်းယှဥ်လျှင် သူတို့ ဟွမ်ယွမ်ဓားဂိုဏ်းမှ ပါရမီရှင်တပည့်များသည် အမှိုက်များနှင့် မခြားပေ။

ယွမ်ချင်းယွီ၏ စကားကို ကြားလျှင် ယွမ်ထျန်းဟွာ၏ မျက်နှာသည် ပို၍ပင် သုန်မှုန်သွားခဲ့သည်။

“မြန်မြန်လှုပ်ရှားကြတော့.. အဲဒီ ပြင်ပစကြဝဠာက လူငယ်က ယွမ်ထျန်းချီတို့ မဟာယာန အဆင့် ပါရမီရှင် သုံးယောက်ကိုတောင် အလွယ်တကူ အနိုင်ယူနိုင်ပုံ ထောက်ရင် သူ့ရဲ့စွမ်းအားက ခန့်မှန်းလို့ မရလောက်အောင် နက်ရှိင်းတယ်လို့ ပြောလို့ရတယ်.. တကယ်လို့ သွေးနတ်ဆိုးဂိုဏ်းက တားဆီးဖို့ ကြိုးစားမယ်ဆိုရင် တစ်ယောက်မကျန်သာ သတ်ပစ်လိုက်”

ထိုစကားကို ပြောနေစဥ် ယွမ်ထျန်းဟွာ၏ အိုမင်းသော မျက်ဝန်းထဲတွင် လူသတ်ငွေ့များ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ပြင်ပစကြဝဠာမှ ပါရမီရှင်သည် ပထမဦးဆုံး အနေဖြင့် ဟွမ်ယွမ်ဓားရေကန် ထဲသို့ ဝင်ရောက်ကာ ကျင့်ကြံခဲ့ပြီး ယခုအခါတွင် ဟွမ်ယွမ်ဓားဂိုဏ်း၏ ရတနာတိုက်ကိုပါ ပစ်မှတ်ထားလာသည်ဖြစ်ရာ သူ မည်ကဲ့သို့ သည်းခံနိုင်ပါမည်နည်း။

“စိတ်ချပါ.. ညီနောင် ယွမ်ထျန်းဟွာ”

ဝူကျိ အင်မော်တယ်ဂိုဏ်းနှင့် ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများသည် တုံ့ဆိုင်းနေခြင်း မရှိဘဲ ခန်းမထဲကနေ ချက်ချင်းဆိုသလို ထွက်ခွာသွားကြသည်။

ဝူကျိ အင်မော်တယ်ဂိုဏ်းနှင့် ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ လူများ ထွက်ခွာသွားပြီးနောက်တွင် ယွမ်ထျန်းဟွာက ကူယွမ်ယန်နှင့် အခြားသူများကို အလေးအနက် ပြောလိုက်သည်။

“ကူယွမ်ယန်.. မင်းက ယွမ်ထျန်းချီတို့နဲ့ အတူ ဟွမ်ယွမ်သူတော်စင်မြို့တော်ရဲ့ ကာကွယ်ရေး အစီအရင်ကို ဖွင့်လှစ်လိုက်ပါ.. အဲဒီ ပြင်ပစကြဝဠာက ပါရမီရှင်ကို မြို့တော်ကနေ ထွက်ပြေးခွင့် လုံးဝ ပေးလို့မဖြစ်ဘူး”

ယွမ်ထျန်းချီနှင့် ဟွမ်ယွမ်ဓားဂိုဏ်းမှ ပါရမီရှင်များ ပူးပေါင်းခင်းကျင်းသော ကောင်းကင်ပုံရိပ် ဓားဗျူဟာဖြစ်စေ၊ မဟာယာနအဆင့် ပါရမီရှင်သုံးဦး ပူးပေါင်းတိုက်ခိုက်မှု ဖြစ်စေ၊ ထိုတိုက်ခိုက်မှုအားလုံးသည် မဟာယာန နှောင်းပိုင်းအဆင့်ကို ကောင်းစွာ ရင်ဆိုင်နိုင်စွမ်း ရှိသည်။

သို့သော်လည်း ပြင်ပစကြဝဠာမှ လူငယ်သည် အလွယ်တကူပင် အနိုင်ယူခဲ့သည်။

တစ်နည်းအားဖြင့် ဆိုရလျှင် ဟွမ်ယွမ်ဓားဂိုဏ်းထဲသို့ ကျူးကျော်ဝင်ရောက်လာသူသည် မဟာယာန နှောင်းပိုင်းအဆင့်ထက် ကျော်လွန်သော စွမ်းအားရှိပြီး မဟာယာန အထွတ်အထိပ် အဆင့်သို့ပင် ရောက်ရှိနေနိုင်ခြေ ရှိ၏။

အကယ်၍ ထိုသူတွင်သာ မဟာယာန အထွတ်အထိပ်အဆင့်နှင့် နှိုင်းယှဥ်နိုင်သော စွမ်းအား အမှန်တကယ် ရှိနေခဲ့လျှင် ဝူကျိ အင်မော်တယ်ဂိုဏ်းနှင့် ထိုက်ယီ အင်မော်တယ်ဂိုဏ်းတို့သည်ပင် ထိုလူငယ်ကို ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။

ယခုအခါ ဟွမ်ယွမ် သူတော်စင်မြို့တော်တွင် မဟာယာနအထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဟူ၍ သူတစ်ဦးတည်းသာရှိသည်။

ထို့အပြင် သူက အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ကို ပိတ်ရဦးမည်ဖြစ်ရာ ယာယီအားဖြင့် မအားလပ်သေးပေ။

ထို့ကြောင့် ယွမ်ထျန်းဟွာက ကူယွမ်ယန်နှင့် ယွမ်ထျန်းချီ တို့ကို ဟွမ်ယွမ်မြို့တော်၏ မြို့ကာကွယ်ရေး အစီအရင်အား ဖွင့်လှစ်ရန် စေခိုင်းခဲ့ခြင်းပင်။

မြို့တော် ကာကွယ်ရေးအစီအရင်သည် ဟွမ်ယွမ်ဓားဂိုဏ်း၏ ဟွမ်ယွမ် ကောင်းကင်ဓား အစီအရင်နှင့် မနှိုင်းယှဥ်နိုင်သော်လည်း ပြိုင်ဘက်ကင်း အစီအရင်တစ်ခု ဖြစ်သည်။

ထိုအစီအရင်ကို ကူယွမ်ယန်နှင့် ယွမ်ထျန်းချီတို့ ထိန်းချုပ်ထားလျှင် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူပင်လျှင် ဟွမ်ယွမ်မြို့တော်ကနေ ယာယီအားဖြင့် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

“အမိန့်အတိုင်းပါ”

ကူယွမ်ယန်က တရိုတသေ ပြန်လည် ဖြေကြားလိုက်ပြီး ယွမ်ထျန်းချီတို့နှင့် အတူ ခန်းမထဲကနေ ထွက်ခွာသွားခဲ့သည်။

၎င်းတို့ ထွက်ခွာသွားပြီးနောက်တွင် ယွမ်ထျန်းဟွာသည် လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ရှေးဟောင်း အငွေ့အသက်များ ထွက်ပေါ်နေသော လျှို့ဝှက်တံဆိပ်ပြားကိုးခု ပေါ်လာခဲ့သည်။

ယွမ်ထျန်းဟွာက ဆန်းကြယ်သော လက်ဟန်များကို ဆက်တိုက်ဆိုသလို လျင်မြန်စွာ ပြုလုပ်ခဲ့သည်။

နောက်ထပ် တစ်ခဏတွင်မူ ထိုတံဆိပ်ပြား ကိုးခုသည် ယွမ်ထျန်းဟွာ၏ လှုံ့ဆော်မှုအောက်တွင် ဟွမ်ယွမ်သူတော်စင်မြို့တော်၏ ကောင်းကင်ယံထက်သို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့သည်။

------------------

ဟွမ်ယွမ် သူတော်စင်မြို့တော်တွင် အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံကို လာရောက်ကြည့်ရှုကြသည့် ကျင့်ကြံသူအများစုသည် အင်မော်တယ် စိတ်ကူးယဥ်ဟင်းလင်းပြင် အတွင်း ဖြစ်ပျက်နေသော အပြောင်းအလဲများကို မသိရှိသေးကြပေ။

သူတို့က ဟင်းလင်းပြင်ထဲမှ အဆင့်သတ်မှတ်ချက် စာရင်းကို ကြည့်ကာ အကြိတ်အနယ် ဆွေးနွေးနေကြဆဲ ဖြစ်သည်။

“ဒီတစ်ကြိမ် အင်မော်တယ်ဂိုဏ်းပေါင်းစုံညီလာခံရဲ့ အခြေအနေက နည်းနည်း ထူးဆန်းနေသလိုပဲ”

“အမှန်ပဲ. အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲမှာ ဘာတွေဖြစ်နေလဲမသိဘူး.. ဟွမ်ယွမ်ဓားဂိုဏ်းက တပည့်တွေရဲ့ အမှတ်တွေက ရပ်တန့်နေပြီး ထိပ်ဆုံး ဆယ်ယောက်စာရင်းမှာတောင် တစ်ယောက်မှ ပါမလာသေးဘူး”

ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးက နှုတ်ခမ်းကို တွန့်ကွေးကာ ပြောလိုက်သည်။

“ဘယ်သူသိနိုင်မှာလဲ.. ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ တပည့်တွေက ဒီအဆင့်သတ်မှတ်ချက်ကို ဂရုမစိုက်တာလည်း ဖြစ်နိုင်တာပဲ”

လူတိုင်းက ထိုကျင့်ကြံသူ၏ စကားကို ကြားလျှင် လှောင်ပြုံး ပြုံးလိုက်ကြသည်။

အဆင့်သတ်မှတ်ချက်စာရင်းသည် ဟွမ်ယွမ်ဓားဂိုဏ်း အတွက် သက်ရောက်မှု အနည်းငယ်သာ ရှိသော်လည်း ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး ဖြစ်သည့်အလျောက် သူတို့၏ အင်အားကြီးမှုကို အမြဲတစေ ပြသလေ့ ရှိသည်။

ယခင်က ကျင်းပခဲ့သော အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံတွင် ဟွမ်ယွမ်ဓားဂိုဏ်းသည် ထိပ်ဆုံးဆယ်ယောက်စာရင်းတွင် အနည်းဆုံး နေရာ ၂နေရာ ၃နေရာ ယူထားလေ့ရှိပြီး နံပါတ်တစ် နေရာကို အစဥ်အမြဲ သိမ်းပိုက်ထားလေ့ ရှိသည်။

ယခုအခါ ထိပ်တန်း ဆယ်ယောက်စာရင်းတွင် ဟွမ်ယွမ်ဓားဂိုဏ်း၏ အရိပ်အယောင်ပင် မတွေ့ရခြင်းမှာ ပုံမှန်မဟုတ်ပေ။

“ဟိုမှာကြည့်စမ်း.. ကျန်းချန်က အဆင့်သတ်မှတ်ချက်စာရင်းရဲ့ ထိပ်ဆုံးကို ရောက်သွားခဲ့ပြီ”

ထိုအချိန်တွင် လူအုပ်ထဲမှ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သော စကားသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

လူတိုင်းက ချက်ချင်းပင် မော့ကြည့်လိုက်ရာ အဆင့်သတ်မှတ်ချက်စာရင်း၏ ထိပ်ဆုံးနေရာတွင် ကျန်းချန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူ၏ အမှတ်သည် ဒုတိယနေရာထက် နှစ်ဆကျော် ပို၍ များနေခဲ့၏။

လူတိုင်း အံ့အားသင့်နေစဥ်မှာပင် ဟွမ်ယွမ်သူတော်စင်မြို့တော်၏ ကောင်းကင်ယံထက်ကနေ အိုမင်းသော စကားသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“မိတ်ဆွေတို့အားလုံးကို ပြောပါရစေ.. ဒီတစ်ကြိမ် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံမှာ မမျှော်လင့်တဲ့ ကိစ္စတချို့ ဖြစ်ပွားခဲ့ပါတယ်.. ဒါကြောင့် ဟွမ်ယွမ်ဓားဂိုဏ်း၊ ဝူကျိအင်မော်တယ်ဂိုဏ်းနဲ့ ထိုက်ယီ အင်မော်တယ်ဂိုဏ်းတို့ တိုင်ပင်ပြီးတဲ့နောက်မှာ အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံကို ယာယီရပ်ဆိုင်းပြီး အင်‌မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ကို ကြိုတင် ပိတ်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ”

အခန်း(၂၆၀၁)ပြီး၏။

အခန်း(၂၆၀၂)

“ဘယ်လို.. အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံကို ရပ်ဆိုင်းပြီး အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ကို ပိတ်ပစ်တော့မယ် ဆိုပါလား”

ရုတ်တရက် ထွက်ပေါ်လာသော စကားသံကြောင့် မြို့တော်အတွင်းရှိ ကျင့်ကြံသူ အများအပြားသည် အချိန်အတော်ကြာအောင် မှင်တက်သွားခဲ့ကြသည်။

အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ပုံရ၏။

သို့ရာတွင် အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့၍ ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းသည် အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ရပါသနည်း။

သိထားရမည့်အချက်မှာ အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံကို နှစ်ပေါင်းတစ်ရာတွင် တစ်ကြိမ်သာ ကျင်းပခြင်းဖြစ်သည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အကြိမ်ပေါင်း မည်မျှ ကျင်းပခဲ့မှန်း မသိသော်လည်း ဤကဲ့သို့ အင်မော်တယ်စိတ်ကူးယဥ် ဟင်းလင်းပြင်ကို ကြိုတင်ပိတ်ပြီး ဂိုဏ်းပေါင်းစုံညီလာခံကို ရပ်ဆိုင်းခဲ့ခြင်းမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

လူတိုင်း အံ့အားသင့်နေစဥ်မှာပင် တောင်ပြိုကျသလို ကျယ်လောင်သော အသံကြီးသည် ဟွမ်ယွမ်မြို့တော်တွင် ရုတ်တရက် ပျံ့နှံ့သွားခဲ့သည်။

မကြာမီမှာပင် မှိန်ပျပျ အစီအရင် အတားအဆီးတစ်ခုသည် ဟွမ်ယွမ်မြို့တော်၏ ပတ်ပတ်လည်တွင် ပေါ်လာခဲ့သည်။

“ဒါက ဟွမ်ယွမ်မြို့တော်ရဲ့ မြို့ကာကွယ်ရေး အစီအရင်ပဲ”

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် လူတိုင်းသည် ပို၍ပင် အံ့ဩတုန်လှုပ်သွားကြသည်။

ဟွမ်ယွမ်မြို့တော်၏ မြို့ကာကွယ်ရေး အစီအရင်ကို ဖွင့်လှစ်လိုက်ပြီ ဆိုလျှင် ကြီးမားသော ကိစ္စတစ်ခု ဖြစ်လာတော့မည်မှာ သေချာသလောက် ရှိနေခဲ့ချေပြီ။

လူတိုင်း တိတ်တဆိတ် မှန်းဆနေကြစဥ်မှာပင် ဟွမ်ယွမ်မြို့တော်၏ ကောင်းကင်ယံတွင် တည်တံ့နေသည့် အဆင့်သတ်မှတ်ချက် စာရင်းစာလိပ်သည် ရုတ်တရက် လိပ်တက်သွားပြီး အဆုံးမဲ့ ဟင်းလင်းပြင်ထဲကို ပျံသန်း ဝင်ရောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟွမ်ယွမ်မြို့တော် အတွင်းရှိ အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲကို ဝင်ရောက်လာခဲ့ကြသည့် လူငယ်ပါရမီရှင် အားလုံးသည် အိပ်မောကျနေရာကနေ နိုးထလာခဲ့ကြသည်။

ဟွမ်ယွမ်မြို့တော်၏ မြို့စားစံအိမ်ရှိ သွေးနတ်ဆိုးဂိုဏ်းတည်းခိုရာ ခြံဝန်းထဲမှ ကျန်းချန်နှင့် ရွှယ်ချန်ကျဲ တို့သည်လည်း အိပ်မောကျနေရာကနေ မြန်မြန်ဆန်ဆန်ပင် နိုးထာလာခဲ့သည်။

“ချန်ကျဲ ဘာကိစ္စတွေ ဖြစ်ခဲ့တာလဲ.. ဟွမ်ယွမ်ဓားဂိုဏ်းဦးဆောင်တဲ့ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းက အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ကို ကြိုတင်ပိတ်ပြီး ဂိုဏ်း‌ပေါင်းစုံ ညီလာခံကို ရပ်ဆိုင်းလိုက်တဲ့ အပြင် ဟွမ်ယွမ်သူတော်စင်မြို့တော်ရဲ့ မြို့ကာကွယ်ရေး အစီအရင်ကိုပါ ဖွင့်လှစ်လိုက်ကြတယ်”

ရွှယ်ယွင်ထျန်းက နိုးထလာသည့် ရွှယ်ချန်ကျဲကို ကြည့်ကာ အလောတကြီး မေးလိုက်သည်။

ရွှယ်ချန်ကျဲက သူ့ဆရာ၏ စကားကို ပြန်မဖြေဘဲ ခါးသီးစွာ ပြုံးလိုက်ပြီး သူ့နံဘေးမှ ကျန်းချန်ကို တစ်ချက်ကြည့်လိုက်သည်။

“ငါပဲ ပြောပြလိုက်မယ်”

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါ အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင်ထဲမှာ ဟွမ်ယွမ်ဓားဂိုဏ်းကို ဝင်ရောက်ခဲ့တယ်.. ဒါ့အပြင် ငါ့ကို လာရောက်တားဆီးတဲ့ ဟွမ်ယွမ်ဓားဂိုဏ်းက ပါရမီရှင် တပည့်တွေကို ငါ ရှင်းပစ်လိုက်တယ်”

ကျန်းချန်၏ စကားကိုကြားလျှင် လောကဓံ၏ အနိမ့်အမြင့် အတက်အကျများကို ကြုံတွေ့ခဲ့ဖူးသည့် ရွှယ်ယွင်ထျန်းလို အတွေ့အကြုံများသူပင် မျက်နှာပျက်သွားခဲ့သည်။

အင်မော်တယ် စိတ်ကူးယဥ် ဟင်းလင်းပြင် စတင်ပေါ်ပေါက်လာကတည်းက စ၍ အကြိမ်ပေါင်းမည်မျှ ဖွင့်လှစ်ခဲ့မှန်းမသိသော်လည်း မည်သူကမှ ဟွမ်ယွမ်ဓားဂိုဏ်း ထဲကို မဝင်ရောက်ဝံ့ကြပေ။

ကျန်းချန်ကမူ ဟွမ်ယွမ်ဓားဂိုဏ်း ထဲကို ကျူးကျော်ဝင်ရောက်ခဲ့ရုံတင်မက ဟွမ်ယွမ်ဓားဂိုဏ်း၏ ပါရမီရှင်တပည့် အားလုံးကိုပါ ရှင်းပစ်ခဲ့သည်။

ယင်းမှာ ဟွမ်ယွမ်ဓားဂိုဏ်း၏ သိက္ခာကို စော်ကားသလိုပင်ဖြစ်ရာ ဟွမ်ယွမ်ဓားဂိုဏ်းသည် မည်ကဲ့သို့ စိတ်မဆိုးဘဲ နေနိုင်ပါမည်နည်း။

ဤအတိုင်းဆိုလျှင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းက အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံကို ရပ်ဆိုင်းလိုက်ခြင်းသည် ကျန်းချန်နှင့် လုံးဝ ပတ်သက်နေပုံရသည်။

“ဒီအတိုင်းဆိုရင် သိပ်မကြာခင် သူတို့ ရောက်လာတော့မယ်”

ရွှယ်ယွင်ထျန်းက သူ၏ ရင်ထဲမှ တုန်လှုပ်မှုကို ထိန်းချုပ်လိုက်ပြီး ကျန်းချန်ကို အလျင်အမြန်ပင် ပြောလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. ငါ အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းက လူတွေကို တားထားပေးမယ်.. မင်းက ချန်ကျဲကိုခေါ်ပြီး ဟွမ်ယွမ် သူတော်စင်မြို့တော်ကနေ အမြန်ထွက်သွားလိုက်ပါ”

ဟွမ်ယွမ်သူတော်စင်မြို့တော်ဆီ မလာခင်က ရွှယ်ယွင်ထျန်းသည် ကျန်းချန်ကို ဂရုစိုက်ရန် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း ထိုကောင်လေးသည် အင်မော်တယ်ဂိုဏ်းပေါင်းစုံ ညီလာခံ၏ ပထမဆုံး အဆင့် ပြိုင်ပွဲမှာတင် ဤမျှ ကြီးမားသည့် ပြဿနာကို ဖန်တီးလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

အကယ်၍သာ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး သုံးဂိုဏ်းမှလူများ ရောက်လာခဲ့လျှင် အမှန်တကယ် ကျန်းချန် အတွက် အန္တရာယ် ရှိနေခဲ့သည်။

"တကယ်လို့ ငါက ခင်ဗျားကို ထားပြီး ထွက်ပြေးမယ်ဆိုရင် ခင်ဗျားသေရမှာ အသေအချာပဲ"

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါ့အပြင် ငါ ဒီကနေ ထွက်သွားဖို့ အစီအစဥ်မရှိဘူး"

အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံ၏ ရည်ရွယ်ချက်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေကို ထပ်မံ ကျူးကျော်ရန်အတွက် အစည်းအဝေးလုပ်ရန် ဖြစ်သည်။

သို့ဖြစ်၍ ကျန်းချန်က ဤနေရာကို ရောက်နေခဲ့ပြီ ဖြစ်ရာ မည်ကဲ့သို့ အလွယ်တကူ ထွက်သွားနိုင်ပါမည်နည်း။

ယခင်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့ပြီး နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်ကိုပါ ဖျက်ဆီးခဲ့၍ နတ်ဘုရားနယ်မြေတစ်ခုလုံးနီးပါး ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။

ယခုအခါ သူ့အနေဖြင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ လူများကို ထိုအကြွေးနှင့် ပတ်သက်၍ ရှင်းရမည့်အချိန် ဖြစ်သည်။

ကျန်းချန်၏ စကားအဆုံးတွင် ရွှယ်ယွင်ထျန်းက စကားပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် ဟင်းလင်းပြင်ထဲတွင် ဟင်းလင်းပြင် စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ကြောက်မက်ဖွယ် အရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် လူတစ်စုသည် ကျန်းချန်တို့၏ ဦးခေါင်းအထက်တွင် ပေါ်လာခဲ့သည်။

ထိုလူတစ်ယောက်ချင်းစီ၏ အရှိန်အဝါသည် မဟာယာန အဆင့်ကို ရောက်ရှိနေကြ၏။

၎င်းတို့ကို ခေါင်းဆောင်လာသူ နှစ်ယောက်မှာ ဝူကျိအင်မော်တယ်ဂိုဏ်းမှ ဝူထျန်းနှင့် ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ ချင်းဟယ်တို့ ဖြစ်ကြသည်။

ဝူထျန်းနှင့် ချင်းဟယ်တို့ နှစ်ယောက်စလုံးသည် မဟာယာနနှောင်းပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ကောင်းကင်ယံမှ ကျင့်ကြံသူ အုပ်စုကို မြင်လျှင် ရွှယ်ယွင်ထျန်း၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ ဖြူဖျော့သွားခဲ့သည်။

သူက စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ကောင်းကင်ယံမှ လူများသည် လက်သီးဆုပ်၍ ဂါဝရပြုကာ နှုတ်ဆက်လိုက်သည်။

“မိတ်ဆွေတို့က ငါတို့ သွေးနတ်ဆိုးဂိုဏ်း တည်းခိုတဲ့ ခြံဝန်းထဲကို ဘာအတွက် ရုတ်တရက် ရောက်လာတာလဲ ဆိုတာ သိပါရစေ”

“ရွှယ်ယွင်ထျန်း.. ငါ့ရှေ့မှာ ရူးချင်ယောင်ဆောင်မနေနဲ့”

ဝူထျန်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“မင်းတို့ သွေးနတ်ဆိုးဂိုဏ်းက ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲက တစ်ဂိုဏ်း ဖြစ်ပြီး ပြင်ပစကြဝဠာကလူတွေနဲ့ တိတ်တဆိတ် ပူးပေါင်းရဲတယ်.. ငါ့အမြင်တော့ မင်းတို့ သွေးနတ်ဆိုးဂိုဏ်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

ဝူထျန်း၏ စကားကိုကြားလျှင် ရွှယ်ယွင်ထျန်း၏ မျက်နှာထက်တွင် မျှော်လင့်ချက် ကင်းမဲ့သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“သွားပြီ.. ကျန်းချန် ဘယ်သူလဲဆိုတာ ပေါ်ပေါက်သွားပြီထင်တယ်”

ရွှယ်ယွင်ထျန်း အကြီးအကျယ် မျက်နှာပျက်နေစဥ်မှာပင် ကျန်းချန်၏ အေးစက်စက် စကားသံက ခြံဝန်းကနေ ထွက်ပေါ်လာခဲ့သည်။

“အပိုစကားတွေ ပြောမနေနဲ့.. ကျုပ် ဒီမှာရှိတယ် ခင်ဗျားတို့ ဘာလုပ်ချင်လဲ”

လေထုထဲမှ ဝူထျန်းက သူ၏ အိုမင်းသော မျက်ဝန်းများကို အနည်းငယ် မှေးကျဥ်းလိုက်ပြီး ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

“ကောင်‌လေး.. ငါတို့ အင်‌မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ ဂိုဏ်းပေါင်းစုံ ညီလာခံမှာ လာရောက် ရမ်းကားနေတဲ့ ပြင်ပစကြဝဠာက လူက မင်းပဲ ဖြစ်မယ်ထင်တယ်”

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။

“အဲဒီတော့ ဘာဖြစ်လဲ”

“ပြင်ပစကြဝဠာက ကောင်လေး တစ်ယောက်ကများ ငါတို့ရဲ့ အင်‌မော်တယ် ကျင့်ကြံခြင်းစကြဝဠာထဲ လာရောက်ရမ်းကားရဲတယ်.. သေဖို့သာ ပြင်ထားလိုက်တော့”

မဟာယာန အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ယောက်က ရုတ်တရက် ‌ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ဝူထျန်း၏ နောက်ကနေ တိုက်ရိုက်ပင် ပြေးထွက်လာခဲ့သည်။

သူ၏ ခြေဖဝါးက ဧရာမ မီးလျှံခြေဖဝါး အဖြစ် ပြောင်းလဲသွားခဲ့ပြီး အောက်ဘက်ရှိ ကျန်းချန်ကို နင်းချလိုက်သည်။

“ညီနောင်ရွမ်ယန် မလုပ်နဲ့”

ထိုမြင်ကွင်းကိုမြင်လျှင် ဝူထျန်းသည် အလျင်အမြန်ပင် တားမြစ်လိုက်သည်။

သူ့ရှေ့မှ ဆန်းကြယ်သော လူငယ်သည် မဟာယာန နှောင်းပိုင်းအဆင့်ကိုပင် တစ်ခဏအတွင်း သတ်ဖြတ်နိုင်စွမ်း ရှိသူဖြစ်သည်။

သို့ဖြစ်၍ မဟာယာန အလယ်အလတ် အဆင့်က ထိုလူငယ်ကို တိုက်ခိုက်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် မခြားပေ။

သို့သော်လည်း ဝူထျန်း၏ စကားမဆုံးခင်မှာပင် အောက်ဘက်မှ ကျန်းချန်သည် လက်တစ်ဖက်ကို ဝှေ့ယမ်း၍ ဓားအရှိန်အဝါများကို ထုတ်ဖော်လိုက်သည်။

မဟာယာန အလယ်အလတ်အဆင့် ကျင့်ကြံသူသည် တုံ့ပြန်ဖို့ပင် အချိန်မရလိုက်ဘဲ ကျန်းချန်၏ ဓားအရှိန်အဝါများ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ် တစ်ခုလုံး ချက်ချင်းဆိုသလို အငွေ့ပျံ ပျောက်ကွယ်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

အ‌စောပိုင်းက ကျန်းချန်ကို တိုက်ခိုက်ခဲ့သည့် မဟာယာန အလယ်အလတ်အဆင့် ကျင့်ကြံသူမှာ အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်သည့် ဟော်ယွင် အင်မော်တယ်ဂိုဏ်း၏ အကြီးအကဲရွမ်ယန် ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်က မဟာယာန အလယ်အလတ်အဆင့် ဖြစ်ပြီး မဟာယာန အလယ်အလတ်အဆင့်တွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဤကဲ့သို့ အစွမ်းထက်သည့် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုပင် အလွယ်တကူ သတ်ဖြတ်လိုက်၏။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ကောင်လေး မင်းဘယ်သူလဲ.. ငါတို့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာထဲကို ဘယ်လို ရည်ရွယ်ချက်နှင့် ရောနှောဝင်ရောက်လာတာလဲ”

ဝူထျန်းက ကျန်းချန်ကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

သူ၏ အိုမင်းသော မျက်ဝန်းထဲတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ထိုလူငယ် အတွက် မဟာယာန အလယ်အလတ်အဆင့်ကျင့်ကြံသူကို သတ်ဖြတ်သည်မှာ ကြက်သတ်သကဲ့သို့ပင် လွယ်ကူနေခဲ့သည်။

ရှင်းလင်းစွာဆိုရလျှင် သူ့ရှေ့မှ ဆန်းကြယ်သော လူငယ်၏ စွမ်းအားသည် သူထင်ထားသည်ထက်ပင် ပို၍ အစွမ်းထက်နေခဲ့သည်။

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ မတ်တတ်ရပ်နေခဲ့၏။

သူက မထီမဲ့မြင်ပြုံးကာ ခေါင်းမော့၍ ဝူထျန်းကို ကြည့်လိုက်သည်။

ယင်းနောက်တွင် သူ၏ မောက်မာသော စကားသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ငါက နတ်ဘုရားနယ်မြေက လူသားဧကရာဇ်ကျန်းချန်ပဲ ရည်ရွယ်ချက်ကတော့ နတ်ဘုရားနယ်မြေအတွက် မင်းတို့ဆီ အကြွေးလာတောင်းတာပဲ”

အခန်း(၂၆၀၂)ပြီး၏။

All Chapters