← Chapters

အခန်း (၉၁၀-၉၁၁)

Vol. 52 Ch. 910-911

အခန်း (၉၁၀-၉၁၁)

Vol. 52 Ch. 910-911

Chapter 910

သင်္ဘောသား ၂

ချန်ဆီရွှမ် လင်းရှန်ကို သေချာစိုက်ကြည့်နေမိသည်၊၊ လင်းရှန်သည် ဖုတ်ကောင်သိုးထိန်းနှင့် စိတ်ချင်းဆက်သွယ်ပြီးကတည်းက သူ့၏ အသက်အရွယ်နှင့်မမျှသော လေးလံသော ဖိအားများ ရောက်ရှိနေသည်ကို သူမ သတိထားမိသည်၊၊

‘ဓားကိုင်ဆောင်သူ’ ဆိုသည့် အဆင့်အတန်းကြောင့် လင်းရှန်သည် ဘေးရှောင်နေ၍ မရတော့ခြင်းဖြစ်နိုင်သည်ဟု သူမ ခန့်မှန်းမိသည်၊၊ သို့မဟုတ် အာရုဏ်ဦးမြို့တော်၏ ခုခံစစ်ကို ကြုံတွေ့ပြီးနောက် သူ၏ ဂြိုဟ်ပတ်ရထားလမ်း စီမံကိန်းသည် ရှောင်လွှဲ၍မရသော လမ်းဆုံးတစ်ခုရှိနေပြီး ယင်းမှာ ဝင်ရိုးစွန်းဒေသမဟုတ်ကြောင်း သူ သိသွားခြင်းလည်း ဖြစ်နိုင်သည်၊၊ အမှောင်ရှင်သန်မှု အကျပ်အတည်းက သူ့ကို ဖီးနစ်ကို လျစ်လျူရှုပြီး ရှောင်တိမ်းမလား သို့မဟုတ် လူသားများနှင့် ပူးပေါင်းပြီး အကြီးမားဆုံးသော ဘေးအန္တရာယ်ကို ဖြေရှင်းမလားဟု တွန်းအားပေးနေသည်၊၊

ယခုအကြိမ်တွင် တောင်ဘက်ကောင်းကင်ဂိတ်ကဲ့သို့သော ဂြိုဟ်အဆင့်ကာကွယ်ရေးလက်နက်များကို ထိန်းချုပ်ခွင့်ရသော်လည်း လင်းရှန် အထူးတလည် ပျော်ရွှင်ခြင်းမရှိသည်မှာ ဤအကြောင်းကြောင့် ဖြစ်နိုင်သည်၊၊

….

ညဉ့်မှောင်ထုက ဆိပ်ကမ်းကို ဖုံးလွှမ်းသွားသည်၊၊ အပြာရောင်ဂြိုလ်ကို ဖုံးအုပ်ထားသည့် မှင်ရည်ကဲ့သို့ နက်မှောင်သော ကောင်းကင်ယံသည် ကြယ်ရောင်များကိုမူ ဖုံးကွယ်မထားနိုင်ဘဲ ကြယ်ပေါင်း ထောင်သောင်းချီကို မြင်တွေ့နေရဆဲ ဖြစ်သည်၊၊

လင်းရှန်သည် ဆိပ်ကမ်းမျှော်စင်ပေါ်တွင် တစ်ယောက်တည်း ထိုင်နေသည်၊၊ သူ၏အောက်တွင် ကွန်တိန်နာများနှင့် ကားပါကင်အတွင်းရှိ ကားများမှာ ဆက်တိုက်ပျောက်ကွယ်သွားပြီး ကြယ်နက်ပန်းပဲဖိုအတွက် ကုန်ကြမ်းများအဖြစ် ပြောင်းလဲသွားသည်၊၊ အပျက်အစီးများ ပြိုကျသံကြောင့် ဖုတ်ကောင်များ အမြောက်အမြား ရောက်ရှိလာသော်လည်း မည်သည့်သားကောင်ကိုမျှ ရှာမတွေ့ကြပေ၊၊

ကွန်တိန်နာတစ်ခုချင်းစီတွင် ကွဲပြားသော ပစ္စည်းများ ရှိနေသည်—အချို့မှာ ပုပ်သိုးနေသော အစားအစာများ၊ အချို့မှာ ပလတ်စတစ် လက်မှုပစ္စည်းများ၊ အချို့မှာ ဒစ်ဂျစ်တယ် ထုတ်ကုန်များ၊ အချို့မှာ အမှိုက်သရိုက်များ၊ စက်မှုကုန်ကြမ်းများ၊ ပုပ်နေသော နှံစားသီးနှံများနှင့် ပဲမျိုးစုံ စသည်တို့ ဖြစ်ကြသည်၊၊

ကောင်းကင်ယံတွင် ဗိုင်အိုလာ၏ ထိန်းချုပ်မှုအောက်၌ ဒရုန်းပေါင်းများစွာက အသုံးဝင်မည့် ပစ္စည်းများကို ရှာဖွေနေကြသည်၊၊ လင်းရှန်တွင် ယခုအခါ ဒရုန်းပေါင်း ၅၀၀၀ နီးပါး ရှိနေပြီဖြစ်ပြီး ပျားအုပ်ကြီးနှယ် နေရာအနှံ့ ပျံသန်းနေကြသည်၊၊

[ကျွန်မ ရှင့်အတွက် ‘အဆင့်မြင့်စက်ယန္တရား’… ရှင်ကိုင်တွယ်နိုင်မယ့် အောက်ပါ ကိရိယာတွေကို ရှာဖွေပေးထားပါတယ်]

“ကောင်းပြီ”

လင်းရှန်သည် ဗိုင်အိုလာ ပေးပို့လာသော သတင်းစကားကို ကြည့်ပြီးနောက် သူ၏ ယန္တရားရင်းမြစ်အမှတ်များအတွက် အဝေးထိန်းစနစ်ဖြင့် ယန္တရားဝါးမျိုမှုကို စတင်နေသည်၊၊

သူ၏ ယန္တရားဝါးမျိုခြင်းကျွမ်းကျင်မှုမှာ ယခုအခါ အဆင့် ၆ သို့ ရောက်ရှိနေပြီ ဖြစ်သည်၊၊ သာမန်ကားတစ်စီးကို ဝါးမျိုရန် ၁ မိနစ်သာ ကြာမြင့်သဖြင့် တစ်ညလုံး အချိန်ရမည်ဆိုပါက ဆိပ်ကမ်းရှိ ကားပါကင်တစ်ခုလုံးကို အပြောင်ဝါးမျိုနိုင်ပေသည်၊၊

ဆိပ်ကမ်းတွင် စွန့်ပစ်ထားသော လူမပါသည့် ကုန်တင်သင်္ဘောအနည်းငယ် ရှိနေဆဲဖြစ်ပြီး ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း သောင်တင်နေကာ တဝက်ခန့် နစ်မြုပ်နေသော သင်္ဘောများစွာ ရှိနေသည်၊၊ အချို့ကို ခိုလှုံစခန်းများအဖြစ် အသုံးပြုခဲ့ကြဖူးသော်လည်း ယခုမူ အားလုံး တိတ်ဆိတ်ငြိမ်သက်နေပေသည်၊၊

“ကျွန်မသာ အမှောင်ယဉ်ကျေးမှုရဲ့ အုပ်ချုပ်သူဆိုရင် ပထမဆုံးလုပ်မယ့်အလုပ်က ရှင့်ကို အခုချက်ချင်း လုပ်ကြံသတ်ဖြတ်ပစ်မှာပဲ”

လင်းရှန်က စက်ကိရိယာအမျိုးမျိုးကို တိတ်တဆိတ် ဝါးမျိုနေစဉ် နောက်ဘက်မှ ပေါ့ပေါ့ပါးပါး ထွက်ပေါ်လာသော အသံတစ်ခုကို ကြားလိုက်ရသည်၊၊

လင်းရှန် လှည့်ကြည့်လိုက်သောအခါ မိုနီကာသည် ထရန့်ချ်ကုတ်အင်္ကျီကို ခြုံကာ ‌သားရေဝတ်စုံကို ကျော့ရှင်းစွာ ဝတ်ဆင်ထားပြီး သူ့နောက်ရှိ မျှော်စင်ဝန်ချီစက်ပေါ်တွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ ရပ်နေသည်ကို တွေ့လိုက်ရသည်၊၊ သူမသည် ညရှုခင်းကို ငေးကြည့်နေသည်၊၊

“ဘာလို့လဲ… တောင်ဘက်ကောင်းကင်ဂိတ်က အမှောင်ယဉ်ကျေးမှုကို တကယ်ပဲ အမြစ်ပြတ်ချေမှုန်းနိုင်စွမ်း ရှိတယ်လို့ မင်းထင်လို့လား”

လင်းရှန်က ဂရုမစိုက်ဟန်ဖြင့် ပြန်မေးလိုက်သည်၊၊

“မဟုတ်ပါဘူး”

မိုနီကာသည် လင်းရှန်ကို စိုက်ကြည့်ရင်း ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာသည်၊၊

“စစ်လက်နက်ပစ္စည်းတွေဆိုတာ တကယ်တမ်း မပစ်ခတ်ရသေးခင်မှာ အကြီးမားဆုံးသော ခြိမ်းခြောက်မှုစွမ်းအား ရှိတယ်၊၊ ရှင် ကြားဖူးလားတော့ မသိဘူး၊၊ ဘယ်တော့မှ ပစ်လွှတ်ခြင်းမခံရတဲ့ နူကလီးယားဗုံးဟာ နူကလီးယားဗုံးအဖြစ် ရှိနေသေးတယ်၊၊ တစ်ခါ ပစ်လွှတ်လိုက်ပြီဆိုရင်တော့ ဒါဟာ ဖျက်ဆီးနိုင်စွမ်းပမာဏနဲ့ လူသားတွေရဲ့ ရှင်သန်နိုင်စွမ်း အကန့်အသတ်ကို နှိုင်းယှဉ်တာပဲ ဖြစ်သွားမယ် မဟုတ်လား”

လင်းရှန်က ပုခုံးတွန့်လိုက်သည်၊၊

“ဒါကတော့ ဟုတ်ပါတယ်”

“ရှင် ဘာတွေးနေလဲဆိုတာ ကျွန်မမသိဘူးလို့ မထင်နဲ့၊၊ ရှင်ရော၊ ယဲ့လန်ရော ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိကြတယ်၊၊ ဒါပေမဲ့ ကျွန်မက ရှင့်ရထားပေါ် လိုက်လာရတဲ့ အကြောင်းရင်းက ရှင် ဘာကို အလောင်းအစားလုပ်နေလဲဆိုတာ ကျွန်မသိလို့ပဲ”

မိုနီကာက လေးနက်စွာ ပြောလိုက်သည်၊၊

“ရှင်နဲ့ ချူယန်တို့နှစ်ယောက်လုံးက အမှောင်ထုရဲ့ စောင့်ကြည့်စစ်ဆေးမှုအောက်မှာ ရှိနေတယ်၊၊ ဒါကြောင့် ရှင်တို့ကို တကယ်ပဲ လုပ်ကြံသတ်ဖြတ်ဖို့ ပစ်မှတ်ထားခံရပြီဆိုရင် တောင်ဘက်ကောင်းကင်ဂိတ်က အမှောင်ယဉ်ကျေးမှုအတွက် တကယ်ပဲ ခြိမ်းခြောက်မှု ဖြစ်နေလို့ပဲ၊၊ အပြန်အလှန်အားဖြင့် ရှင်တို့နှစ်ယောက်လုံး ဘာပြဿနာမှမရှိဘဲ အေးအေးဆေးဆေးရှိနေမယ်ဆိုရင် အဲဒါက အဆိုးဆုံးပဲ၊၊ ဘာလို့လဲဆိုတော့ ဒီဓားက အသုံးမဝင်ဘူးလို့ ဆိုလိုတာ ဖြစ်နိုင်လို့ပဲ မဟုတ်လား”

လင်းရှန် မျက်မှောင်ကြုတ်ကာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်၊၊

“ဒါဆို မင်းက ဘာလို့ ငါ့နောက် တကောက်ကောက်လိုက်နေတာလဲ”

မိုနီကာက ရွှင်မြူးစွာ ပြုံးလိုက်သည်၊၊

“ကျွန်မ လိုက်ချင်လို့လေ”

လင်းရှန် “…”

“တကယ်တော့… ငါ့ကို အဲဒီလောက်ကြီး မြင့်မြတ်တယ်လို့ မတွေးပါနဲ့၊၊ ငါ့မှာလည်း ရွေးချယ်စရာ မရှိလို့ပါ”

လင်းရှန်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်၊၊

“တောင်ဘက်ကောင်းကင်ဂိတ်က တကယ်ပဲ ခြိမ်းခြောက်နိုင်စွမ်းရှိပါစေလို့…. ငါလည်း မျှော်လင့်ပါတယ်၊၊ အဲဒါဆိုရင် အရာအားလုံးက ပိုပြီး ရိုးရှင်းသွားမှာပါ၊၊ အနည်းဆုံးတော့ အခုလောလောဆယ် ငါတို့မှာ အသာစီးရနိုင်တဲ့ အခြေအနေတစ်ခုရှိနေသလို အချိန်အနည်းငယ်လည်း ရလိုက်တာပေါ့ ဟုတ်တယ်မလား”

မိုနီကာက ခေါင်းညိတ်ပြသည်၊၊

“ပြီးတော့ အရာအားလုံး အဆင်ပြေသွားရင် ရှင်က ဝင်ရိုးစွန်းဒေသကို မကြာခင် ရောက်သွားမှာပါ၊၊ ရှင်းဟွာ အကြီးစားစက်မှုလုပ်ငန်းရဲ့ အင်အားက ရှင့်ရဲ့ ယန္တရားစွမ်းအားကို အရှိန်အဟုန်နဲ့ မြှင့်တင်ပေးနိုင်မယ်လို့ ယဲ့လန်က ရှင့်ကို ကတိပေးထားမှာပဲ မဟုတ်လား”

လင်းရှန်က သူမကို အံ့ဩတကြီး လှည့်ကြည့်လိုက်သည်၊၊

“ဝိုး... ဘရာဗို… ငါတို့ စကားပြောတာကို မင်း ချောင်းနားထောင်ထားတာများလား”

“ဟမ့်”

မိုနီကာ လက်ပိုက်လိုက်ရင်း သူမ၏ အကြည့်များကို လင်းရှန်အပေါ် စူးစိုက်ထားသည်၊၊

“ကျွန်မအတွက် အဲဒီလိုလုပ်ဖို့ လိုမယ်လို့ ရှင်ထင်နေတာလား”

လင်းရှန်က ပြုံးစိစိဖြင့် မှောင်မည်းနေသော ညပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်၊၊

“တကယ်ပါပဲ၊၊ ဒီအဆင့်ထိ ရောက်လာမှတော့ ငါ့မှာ ဘာများ ရွေးချယ်စရာရှိဦးမှာလဲ၊၊ ဒါကြောင့် ငါလည်း စဉ်းစားလိုက်တယ်၊၊ ဒါကို ဖီးနစ်နဲ့ လုပ်တဲ့ အရောင်းအဝယ်တစ်ခုလို့ပဲ သဘောထားလိုက်မယ်၊၊ ငါ့အတွက် အမြတ်အစွန်း များများရအောင် လုပ်မယ်၊၊ ဖီးနစ်နဲ့ စတားဖလိ့ရဲ့ အင်အားကို သုံးပြီး ငါ့ရဲ့ စွမ်းအားကို မြှင့်တင်မယ်၊၊ တစ်ဖက်ကလည်း အင်ပါယာယန္တရားစက်ရုပ်အဖွဲ့ကို တည်ဆောက်မယ်၊၊ အဲ့လိုကျမှ ငါ့အတွက် မျှတသွားမယ်”

ဒေါက် ဒေါက်၊၊

လင်းရှန်သည် မိုနီကာထံမှ တုံ့ပြန်သံကို မကြားရဘဲ အနားသို့ လျှောက်လာသော ခြေသံကိုသာ ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ မိုနီကာသည် သူ့ဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်၊၊ သူမက လက်ကို ပေါ့ပေါ့ပါးပါး ပိုက်ထားရင်း သူ့ကို ငုံ့ကြည့်နေသည်၊၊

“ရှင် ဖိအားတွေ အရမ်းများနေတာလား”

“ငါ အဲဒီလို ဘယ်တုန်းက ပြောမိလို့လဲ”

လင်းရှန်က အနည်းငယ် ပြုံးပြလိုက်ရင်း မိုနီကာအတွက် နေရာဖယ်ပေးလိုက်သည်၊၊ ထို့နောက် အောက်ဘက် ကားပါကင်ရှိ ကားများကို ဆက်လက်ဝါးမျိုနေသည်၊၊

မမျှော်လင့်ဘဲ မွှေးပျံ့သော ရနံ့တစ်ခု လွင့်ပျံ့လာပြီးနောက် လင်းရှန်သည် နူးညံ့သော ခြေထောက်တစ်ဖက်က သူ၏ မေးစေ့ကို လာရောက် ချိတ်ဆွဲလိုက်သည်ကို ရုတ်တရက် ခံစားလိုက်ရသည်၊၊

လင်းရှန်၏ အကြည့်များ တုန်လှုပ်သွားပြီး ခြေထောက်၏ ဆွဲငင်ရာနောက်သို့ သူ၏ ခေါင်းကို လှည့်လိုက်မိသည်၊၊

“ဘာလဲ”

မိုနီကာ သည် သူမ၏ ဒေါက်ဖိနပ်များကို ချွတ်ထားပြီး ခြေထောက်တစ်ဖက်ဖြင့် လင်းရှန်ကို လှမ်းချိတ်ထားသည်၊၊ သူမ၏ လေးနက်သောမျက်လုံးများက သူ့ကို ပေါ့ပေါ့ပါးပါး စစ်ဆေးနေပြီးနောက် အမိန့်ပေးသည့် လေသံမျိုးဖြင့် သူ့ကို ပြောလိုက်သည်၊၊

“ရှင် သိလား... သင်္ဘောသားတွေဟာ ပင်လယ်ထဲကို မထွက်ခွာခင်မှာ သူတို့ရဲ့ ဖိအားတွေကို လျှော့ချလေ့ရှိကြတယ်၊၊ အဲဒီလိုမှ မဟုတ်ရင် ပင်လယ်ပြင်ထဲမှာ အသက်ရှင်သန်မှုက...”

“အရမ်းကို ခက်ခဲလွန်းလိမ့်မယ်”

Chapter 911

ခုခံခွင့် မပြု ၁

လင်းရှန်းအနေဖြင့် သင်္ဘောသားများ မည်မျှပင် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရသည်ကို မသိသော်လည်း ယခုကဲ့သို့သော ထုံးတမ်းအစဉ်အလာကိုမူ အတော်လေး သဘောကျမိသည်။

ကျေးဇူးပါ သင်္ဘောသားတို့ရေ…

တိတ်ဆိတ်မြို့တော်ရှိ စားသောက်ပွဲ ကျင်းပပြီးကတည်းက မိုနီကာ၏ အခြေအနေအပေါ် ဆုံးဖြတ်ချက်များကို ကြည့်ပြီး သူမသည် အမျိုးသားများကိုသာ လွှမ်းမိုးချုပ်ကိုင်တတ်သည့် ဘုရင်မတစ်ပါး မဟုတ်ဘဲ… ထက်မြက်လှသည့် ဉာဏ်ပညာကို အမှန်တကယ် ပိုင်ဆိုင်ထားသူဖြစ်ကြောင်း လင်းရှန်း တွေ့ရှိခဲ့သည်။

မိုနီကာ၏ ချုံဆန်းဝတ်စုံလေးက သူ့ကို ဆွဲဆောင်နေသည်မှာ အမှန်ပင်ဖြစ်သော်လည်း သူမ၏ ဉာဏ်အမြော်အမြင်ကိုလည်း လင်းရှန်းက အသိအမှတ်ပြုထားခြင်းဖြစ်သည်။

သို့သော် ညဉ့်နက်ပိုင်းရောက်သောအခါတွင်မူ သူ၏ စွမ်းအင်ဝါးမျိုမှုနှုန်းမှာ ပိုမိုမြန်ဆန်လာသလို ခံစားနေရသည်။ ယင်းမှာ စိတ်အာရုံကြောင့်လား သို့မဟုတ် မိုနီကာ၏ တိုက်စစ်က အမှန်တကယ်ပင် ထိရောက်မှုရှိနေ၍လားဆိုသည်ကိုမူ လင်းရှန်း မသိတော့ချေ။

[ယန္တရားနှလုံးသား လက်ရှိအဆင့် - LV.6 (6720 / 50000)]

ယန္တရားဝါးမျိုခြင်း - ၆ (၁၁၀၀ / ၅၀၀၀) - ဝါးမျိုမှု စွမ်းဆောင်ရည် တိုးမြင့်လာသည်။

“ဒီလောက် စွမ်းဆောင်ရည်ဆိုရင်တော့ လက်ခံနိုင်စရာပဲ”

နံနက် ၄ နာရီခန့်တွင် လင်းရှန်းသည် ဆိပ်ကမ်းရှိ ကားဟောင်းများ၏ တစ်ဝက်နီးပါးကို ဝါးမျိုပြီးစီးသွားပြီ ဖြစ်သည်။ ကားများကို ဝါးမျိုခြင်းမှ ရရှိသည့် ယန္တရားရင်းမြစ်အမှတ်များနှင့် ကျွမ်းကျင်မှုများမှာ များပြားလှသည်မဟုတ်သော်လည်း… အရေအတွက်က အားသာချက် ဖြစ်နေသည်။ လင်းရှန်းသည် ဆိပ်ကမ်းရှိ မျှော်စင်ပေါ်တွင် ထိုင်နေပြီး ကျယ်ပြန့်သော ဧရိယာတစ်ခုလုံးကို အဝေးထိန်းစနစ်ဖြင့် စီမံခန့်ခွဲနေခြင်း ဖြစ်သည်။

ကားအုပ်စုကြီးကို ဖြေရှင်းပြီးနောက် လင်းရှန်းသည် အောက်ဘက်ရှိ ဖုတ်ကောင်အရိပ်များကို တစ်ချက်ကြည့်လိုက်ပြီး… ဆိပ်ကမ်းတွင် တိမ်းစောင်းနေသည့် သင်္ဘောကြီးတစ်စင်းဆီသို့ အကြည့်ပို့လိုက်သည်။ ထိုသင်္ဘောပေါ်တွင် ကြယ်ပတ်လမ်းရထား၏ တွဲအချို့ ကျန်ရှိနေသေးသည်။

“ဒီအကောင်က တန်ချိန် သောင်းနဲ့ချီပြီး အလေးချိန်ရှိမှာပဲ... တစ်ချက်လောက် စမ်းကြည့်ရအောင်”

လင်းရှန်းသည် တုံ့ဆိုင်းမနေဘဲ ယန္တရားဝါးမျိုခြင်းစွမ်းအင်ကို တိုက်ရိုက်စတင်လိုက်သည်။ ထိုခဏ၌ပင် ထိုကြီးမားလှသည့် သင်္ဘောကြီးဆီမှ လှိုဏ်သံတစ်ခုကို ကြားလိုက်ရသလို ခံစားလိုက်ရသည်၊၊ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် သင်္ဘောကြီး၏ ကိုယ်ထည်တစ်ခုလုံးကို ဖြန့်ကျက်ဖုံးလွှမ်းသွားရင်း တဖြည်းဖြည်းချင်း လျော့နည်းလာသည်ကို သိလိုက်ရသည်။

ဝူး... ဝူး... ဝူး...

ထိုအချိန်တွင် လင်းရှန်း၏ ကျောဘက်ရှိ စူပါစထရင်းရီအက်တာမှ သက်တန့်ရောင်စဉ်ကွင်းသုံးကွင်းသည် ဝင်းခနဲ လင်းထိန်လာပြီး အပြည့်အဝ စတင်အလုပ်လုပ်လာသည်။ လင်းရှန်၏ မျက်လုံးများ တောက်ပလာပြီး စူပါစထရင်းနူဓာတ်ပြုကွင်းများ၏ ပံ့ပိုးမှုကြောင့် သူသည် ကုန်ဆုံးသွားခြင်းမရှိသည့် စွမ်းအင်ပင်လယ်ကြီးကို ပိုင်ဆိုင်လိုက်သကဲ့သို့ ဖြစ်သွားသည်။

“အချိန်သာ လုံလောက်မယ်ဆိုရင် မင်းက ဘယ်လောက်ပဲ တန်ချိန်များများ... ငါက အခု နျူကလီးယားစွမ်းအင်သုံး နွားသိုးကြီးဖြစ်နေပြီကွ”

[ဝါးမျိုမှု တိုးတက်မှု ၁ ရာခိုင်နှုန်း]

နောက်ဆုံးတွင် လင်းရှန်၏ ရှေ့မှောက်၌ ဝါးမျိုမှု တိုးတက်မှုမြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ ထိုမြင်ကွင်းကို ကြည့်ပြီး တန်ချိန် သောင်းချီရှိသည့် ဤသင်္ဘောကြီးကို ဝါးမျိုရန်အတွက် ၁၀ နာရီကျော် ကြာမြင့်မည်ဖြစ်ကြောင်း သူ ခန့်မှန်းလိုက်မိသည်။

ဤအချက်မှာ လင်းရှန် မျှော်လင့်ထားသည်ထက် အနည်းငယ် ပိုနေသည်။ ဤသင်္ဘော၏ ယန္တရားတည်ဆောက်ပုံသည် Dragon-Class သယ်ယူပို့ဆောင်ရေးသင်္ဘော သို့မဟုတ် ဒရက်နော့တ်အဆင့် သင်္ဘောများကဲ့သို့ ရှုပ်ထွေးနိုင်စရာမရှိဟု ထင်ထားခဲ့သည်။ ထို့အပြင် သူ၏ ဝါးမျိုခြင်းအဆင့်မှာလည်း အဆင့် ၆ သို့ ရောက်ရှိနေပြီဖြစ်ရာ ဤမျှ မကြာသင့်ဟု ယူဆခဲ့သော်လည်း အမှန်တကယ် စတင်လိုက်သောအခါတွင်မူ ၁၀ နာရီခန့် ကြာဦးမည် ဖြစ်သည်။

“ငါ အရင်က သင်္ဘောတစ်စင်းမှ မဝါးမျိုဖူးသေးလို့လား မသိဘူး”

လင်းရှန်သည် မျက်မှောင်ကြုတ်ရင်း အနည်းငယ် တုံ့ဆိုင်းသွားမိသည်။ အမှန်စင်စစ် ဤသင်္ဘောကြီးမှာ သံတုံးကြီးတစ်တုံးကဲ့သို့ပင် ဖြစ်သော်လည်း စတင်လိုက်ပြီဖြစ်သောကြောင့် အံကြိတ်ပြီး ဆက်လက် ဝါးမျိုနေလိုက်သည်။

ဝုန်း... ဝေါ...

ဆိပ်ကမ်းရှိ လှိုင်းလုံးများမှာ လိပ်တက်လာပြီး ပင်လယ်ပြင်မှာ ဟိန်းဟောက်နေသည်။ လင်းရှန်၏ လှုပ်ရှားမှုကြောင့် သဘာဝကြီးက ပြင်းထန်စွာ တုံ့ပြန်နေသကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောပေါ်ရှိ ကြယ်တာယာသုတေသနစင်တာတွင် နက္ခတ်ဗေဒပညာရှင်များ၊ သတင်းအချက်အလက် နယ်ပယ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ရေဒီယို နက္ခတ္တဗေဒ နည်းပညာရှင်များနှင့် ကြယ်တာရာ မော်လီကျူး ရုပ်ပိုင်းဆိုင်ရာ အင်ဂျင်နီယာများ စုစည်းထားသည့် ကြယ်ကြည့်သုတေသနအဖွဲ့ကို ဖွဲ့စည်းထားသည်။ အဖွဲ့ခေါင်းဆောင်မှာ အသက် ၄၇ နှစ်အရွယ် ယန်ရွှီဖြစ်ပြီး ပိန်ပိန်ရှည်ရှည် ခန္ဓာကိုယ်ရှိကာ ယခင်က နဂါးနိုင်ငံ အမျိုးသားနက္ခတ်ဗေဒ လေ့လာရေးဌာနမှ ပညာရှင်တစ်ဦးနှင့် နက္ခတ္တဗေဒဆိုင်ရာ စပယ်ရှယ်လစ်တစ်ဦးဖြစ်သည်။

“အာကာသနက်ပိုင်း စောင့်ကြည့်ရေးစခန်းက အစီရင်ခံစာ ရောက်လာပါပြီ။ ပစ်မှတ် - တောင်ဘက်ကောင်းကင်ဂိတ် ကမ္ဘာပတ်လမ်းကြောင်းအနီးရှိ ကာကွယ်ရေးပလက်ဖောင်း၊ ပတ်လမ်းဆိုင်ရာ အချက်အလက်များကို ရယူပြီးပါပြီ။ တည်နေရာမှာ အနောက်လောင်ဂျီတွဒ် ၁၅.၅ ဒီဂရီ၊ မြောက်လတ်တီတွဒ် ၅၁.၆ ဒီဂရီ၊ အမြင့်ပေ ၅၂,၆၆၀ ကီလိုမီတာ (Error +/- ၂ ကီလိုမီတာ) ဖြစ်ပါတယ်။ ပတ်လမ်းတိမ်းစောင်းမှု ၅၁.၆၄ ဒီဂရီနဲ့ တစ်ရက်လျှင် ၀.၀၂ ဒီဂရီနှုန်း ရွေ့လျားနေတာဟာ ခန့်မှန်းထားတဲ့ မော်ဒယ်နဲ့ ကိုက်ညီမှု ရှိပါတယ်”

“စောင့်ကြည့်မှုအရ တောင်ဘက် ကောင်းကင်ဂိတ် ပလက်ဖောင်းရဲ့ ပင်မတည်ဆောက်ပုံမှာ ပုံမှန်မဟုတ်တာ ဘာမှမရှိပါဘူး။ လွန်ခဲ့တဲ့ ၆ နာရီ ၄၁ မိနစ်က နေရောင်ခြည်စွမ်းအင်သုံး အတောင်ပံ ၁၂ ခုလုံးကို အလိုအလျောက် ဖြန့်ကျက်ထားပြီး လက်ရှိမှာ တည်ငြိမ်တဲ့ စောင့်ကြည့်ရေး ပတ်လမ်းအနေအထားမှာ ရှိနေပါတယ်”

ယန်ရွှီသည် မျက်မှောင်ကြုတ်ရင်း လူတစ်စုကို ဦးဆောင်ကာ ကွပ်ကဲမှုစင်တာသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် ချူယန်သည် ဂရေ့စ်ထံမှ ရရှိသော အချက်အလက်များကို အခြားသူများအား ပြန်လည် ရှင်းပြနေသည်။

“ကပ္ပတိန် ချူ”

ယန်ရွှီက အနားသို့ ချဉ်းကပ်လာသည်၊၊

“ကပ္ပတိန်လင်းနဲ့ အဆက်အသွယ် ရပြီလား၊၊ ဒီနေရောင်ခြည်စွမ်းအင်သုံး အတောင်ပံတွေကို ဖြန့်ကျက်လိုက်တာဟာ သူ့ရဲ့ လုပ်ဆောင်ချက် ဟုတ်၊မဟုတ် အတည်ပြုနိုင်ပြီလား”

“ဌာနမှူးယန်၊၊ ဂရေ့စ်ဆီကနေ အတည်ပြုပြီးပါပြီ၊၊ ဒါက လင်းရှန်ရဲ့ အမိန့်ပါ။ သူ နျူကလီးယား စွမ်းအင်ကို ပိတ်လိုက်ရတဲ့ အကြောင်းရင်းကတော့ အာကာသနက်ပိုင်းက အမှောင်စွမ်းအင် မုန်တိုင်းဇုန်မှာ ရှိတဲ့ ပုံမှန်မဟုတ်တဲ့ သက်ရှိတွေကို နျူကလီးယား ရောင်ခြည်ဖြာထွက်မှုနဲ့ မဆွဲဆောင်မိစေဖို့ ဖြစ်ပါလိမ့်မယ်။ တ္ငင်းနက်မှာတုန်းကလည်း ဒီလိုမျိုးတွေ ခဏခဏ ကြုံဖူးတာမို့ လွဲစရာမရှိပါဘူး”

“ဒါပေမဲ့ နျူကလီးယား အရန်စွမ်းအင်စက်ကို ပိတ်လိုက်တယ်ဆိုတာက တောင်ဘက် ကောင်းကင်ဂိတ်အနေနဲ့ အချိန်တိုအတွင်း တိုက်ခိုက်မှုတွေ မလုပ်နိုင်တော့ဘူးလို့ ဆိုလိုတာပဲ” ချန်ဟု အမည်ရသော အင်ဂျင်နီယာက စိတ်ရှုပ်ထွေးစွာ ပြောသည်။

ချူယန်က ရှင်းပြသည်၊၊

“ဂရေ့စ်က ပလက်ဖောင်းပေါ်မှာ အလွန်သေးငယ်တဲ့ ဇီဝသက်ရှိတွေ အလုံးအရင်းနဲ့ ကျူးကျော်ဝင်ရောက်နေတာကို တွေ့ရှိထားတယ်၊၊ အပြင်ဘက် မော်ဂျူးမှာလည်း အာကာသနက်ပိုင်းက ပုံမှန်မဟုတ်တဲ့ သက်ရှိတွေ ရှိနေနိုင်ပါတယ်။ ဒီပြဿနာကို အရင်ဆုံး ဖြေရှင်းဖို့ လိုအပ်ပါတယ်”

ထိုစကားကို ကြားသောအခါ ယန်ရွှီက ခေါင်းညိတ်ရင်း ထပ်မေးသည်၊၊

“ဒါဆိုရင် ဆွဲငင်အားလှိုင်းကနေ ရရှိတဲ့ အမှောင်ဒြပ်ဝတ္ထုဆိုင်ရာ အချက်အလက်တွေကော ဘာထူးခြားလဲ”

“မကြာခင် သိရတော့မှာပါ”

ချူယန်က သက်ပြင်းတစ်ချက်ချလိုက်သည်၊၊

“အဲဒီ အချက်အလက်တွေကို လေးလွှာလျှို့ဝှက်ကုဒ်ထဲမှာ ထည့်ထားတာမို့ အဲဒါကို အရင်ဆုံး ဖြေရပါမယ်”

“လေးလွှာလျှို့ဝှက်ကုဒ် ဟုတ်လား”

ထိုသို့ မေးလိုက်သူမှာ အနည်းငယ် ဝသည့် သက်လတ်ပိုင်းအမျိုးသား ဝူကျွမ့်ပင်းဖြစ်သည်။ သူသည် ယခင်က တောင်ဘက် ကောင်းကင်ဂိတ် သတင်းအချက်အလက်စင်တာမှ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဝေခွဲမရဖြစ်နေပုံရသည်။

“အဲဒီအချက်အလက်တွေက ဘာလို့ Black Box ထဲကို ရောက်သွားရတာလဲ”

“ပြဿနာတစ်ခုခုရှိလို့လား” ချူယန်က ပြန်မေးသည်။

All Chapters