အခန်း (၉၁၂-၉၁၃)
Vol. 52 Ch. 912-913
Chapter 912
ခုခံခွင့် မပြု ၂
ဝူကျွမ့်ပင်းက ရှင်းပြသည်၊၊
“လေးလွှာလျှို့ဝှက်ကုဒ်ဆိုတာကို Falling Black Box လို့ အများအားဖြင့် ခေါ်ကြပါတယ်။ အာကာသယာဉ်တွေ ပျက်ကျတာ ဒါမှမဟုတ် ချို့ယွင်းချက် ဖြစ်ပေါ်တဲ့အခါမှာ မှတ်တမ်းအချက်အလက်တွေကို ထုတ်ယူဖို့အတွက် အဓိကသုံးတာပါ။ ပလက်ဖောင်းရဲ့ အချက်အလက် အားလုံးဟာ အဲဒီမှာ တစ်ပြိုင်တည်း မှတ်တမ်းတင်ခံရမှာ ဖြစ်ပေမဲ့ အဲဒီမှာပဲ သီးသန့် သိမ်းထားလေ့ မရှိပါဘူး။ အကယ်၍ လေးလွှာလျှို့ဝှက်ကုဒ်ထဲမှာ ရှိနေတယ်ဆိုရင် အခြား ပင်မသိုလှောင်မှု ယူနစ်တွေမှာလည်း ရှိနေရမှာပါ”
“ဟုတ်တယ်၊၊ Black Box ထဲမှာပဲ သီးသန့်ရှိနေတယ်ဆိုတာက တကယ်ကို ထူးဆန်းနေတယ်...”
အခြား အင်ဂျင်နီယာများကလည်း မှတ်ချက်ပေးကြသည်။
“ဒါပေမဲ့ Black Box ကို ဖြေရှင်းရတာက သိပ်ပြီး မခက်ခဲဘူး မဟုတ်လား။ ဂရေ့စ်ရဲ့ တွက်ချက်မှု စွမ်းရည်နဲ့ဆိုရင် ခဏချင်းပဲ ပြီးသွားနိုင်ပါတယ်” အခြား အင်ဂျင်နီယာတစ်ဦးက ဝင်ပြောသည်။
“ဒါက ကျွန်မ ဆွေးနွေးချင်တဲ့ အဓိကအချက်ပဲ”
ချူယန်၏ မျက်နှာက အနည်းငယ် ခက်ထန်သွားသည်၊၊
“ဂရေ့စ် စစ်ဆေးခဲ့တဲ့ မှတ်တမ်းတွေအရ ဒီအမှောင်ဒြပ်ဝတ္ထု သတင်းစကားကို ကမ္ဘာပျက်ကပ်နေ့ရဲ့ ၀ မိနစ် ၁ စက္ကန့်မှာ ဖမ်းယူရရှိခဲ့တာပါ။ ဒါပေမဲ့ ဂရေ့စ်က ကုဒ်ဖြေနေတုန်းမှာပဲ ရှာဖွေတွေ့ရှိခဲ့တာက... ဆွဲငင်အားလှိုင်းတွေကတစ်ဆင့် ရောက်လာတဲ့ ဒီသတင်းစကားဟာ အမှန်တကယ်တော့ လွန်ခဲ့တဲ့ တစ်စက္ကန့်ကမှ မှတ်တမ်းတင်ထားတာ ဖြစ်နေတယ်”
“လွန်ခဲ့တဲ့ တစ်စက္ကန့် ဟုတ်လား။ ဘာကိုဆိုလိုတာလဲ... ကမ္ဘာပျက်ကပ်နေ့ ၀ မိနစ် ၀ စက္ကန့်လို့ ပြောတာလား”
ဝူကျွမ့်ပင်းက သူ၏ မျက်မှန်ကို ပင့်တင်ရင်း ဇဝေဇဝါဖြင့် မေးလိုက်သည်။
“မင်း ဆိုလိုတာက...”
ထိုစဉ် ဌာနမှူးယန်က မျက်မှောင်ကြုတ်လိုက်ပြီး ကွပ်ကဲမှုဗဟိုစင်တာ အထက်ရှိ နာရီကို လက်ညှိုးထိုးပြကာ ချူယန်ကို မေးလိုက်သည်။
“အခု လက်ရှိအချိန်ရဲ့ လွန်ခဲ့တဲ့ တစ်စက္ကန့်ကို ပြောတာလား”
ချူယန်က ခေါင်းညိတ်ပြသည်။
တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ အင်ဂျင်နီယာများ ဆွံ့အသွားကြပြီး အသက်ရှူသံပြင်းပြင်းများသာ အခန်းတွင်း၌ လွှမ်းမိုးသွားတော့သည်။
ဌာနမှူးယန် အံ့အားသင့်နေသည်၊၊
“ဒါဆိုရင်... ဒီသတင်းစကားကို ထုတ်ယူလို့ မရဘူးပေါ့ ဟုတ်လား”
“လောလောဆယ်တော့ အဲဒီလိုပဲ ဖြစ်နေတယ်”
“ဘာ…တွေ ဖြစ်ကုန်တာလဲ၊၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်လား”
အင်ဂျင်နီယာတစ်ဦးက အာမေဍိတ်သံဖြင့် မေးသည်။
“မဖြစ်နိုင်တာ”
ဝူကျွမ့်ပင်းက ချက်ချင်း ခေါင်းခါလိုက်သည်။
“အဆင့်မြင့် အသိဉာဏ်တုဖြစ်တဲ့ ဂရေ့စ်မှာ အချိန်ကို တိကျအောင် ချိန်ညှိပေးတဲ့ အလင်းနာရီစနစ်ပါဝင်ပြီးသားပါ။ နှစ်ပေါင်း ၃၀၀ ကြာမှ တစ်စက္ကန့်ပဲ အမှားအယွင်း ရှိနိုင်တာ။ ဒီပြဿနာက သိုလှောင်မှု အချိန်တစ်ခုတည်းတင် မဟုတ်လောက်ဘူး...”
“တောင်ဘက် ကောင်းကင်ဂိတ်ပလက်ဖောင်းကလည်း တွင်းနက်မှာလိုမျိုး အချိန်နှေးကွေးခြင်းကို ခံစားနေရတာလား”
“ဖြစ်နိုင်ပေမဲ့ အချိန်နှေးကွေးမှုက ဒီလို အချိန်လည်ပတ်မှုမျိုးကို မဖန်တီးနိုင်ပါဘူး”
ဌာနမှူးယန်က သေချာစဉ်းစားပြီးနောက် ချူချူယန်ကို ကြည့်လိုက်သည်၊၊
“အခုရှိတဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ PandaX-4T အရည်ပြွန် စီနွန် ထောက်လှမ်းကိရိယာကို သုံးပြီး အမှောင်ဒြပ်ဝတ္ထု သတင်းစကားကို ပြန်ပြီး ကုဒ်ဖြေကြည့်ဖို့ပဲ ရှိတော့တယ်”
ချူယန်က သက်ပြင်းချလိုက်သည်၊၊
“ဂရေ့စ်လည်း အဲဒီအတိုင်းပဲ အကြံပေးခဲ့တယ်”
ယန်ရွှီက ချက်ချင်းပင် မေးလိုက်သည်၊၊
“ဒါဆိုရင် ဖြစ်နိုင်တာက...”
“ဟုတ်ပါတယ်၊၊ အမှောင်ဒြပ်ဝတ္ထု သတင်းစကားကလည်း လွန်ခဲ့တဲ့ တစ်စက္ကန့်ကပဲ ပေးပို့ခဲ့တာပါ”
ချူယန်က လေးနက်စွာ ပြောလိုက်သည်။
ဟူးး...
ကွပ်ကဲစင်တာအတွင်းရှိ လေထုမှာ ချက်ချင်းပင် ခြောက်ခြားဖွယ် ကောင်းသွားပြီး လူတိုင်း ကျောချမ်းသွားကြသည်။
“အချိန်လည်ပတ်မှုလား”
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
“ထူးဆန်းလိုက်တာ… ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်နိုင်ရတာလဲ”
ယန်ရွှီက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်၊၊
“မိတ်ဆွေတို့ မထိတ်လန့်ကြပါနဲ့။ ဒီပြဿနာနဲ့ ပတ်သက်ပြီး...”
ထိုစဉ် သူ စကားခဏရပ်သွားပြီး လူအုပ်ထဲတွင် လက်ကို မြင့်မားစွာ ထောင်ထားသူတစ်ဦးကို သတိပြုမိသွားသည်။
“လျူရှီကျဲ… မင်းမှာ အကြံပြုချက်ရှိလို့လား”
အသက် ၃၀ ကျော်အရွယ်၊ မျက်မှန်အမည်းကြီး တပ်ထားသည့် လူငယ်လေး လျူရှီကျဲမှာ ယန်ရွှီက ခေါ်လိုက်သဖြင့် အနည်းငယ် တုန်လှုပ်သွားသည်။ သူ၏ မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး တံတွေးကို အကြိမ်ကြိမ် မျိုချရင်း သတိထားကာ ပြောလိုက်သည်။
“ကျွန်တော် စဉ်းစားနေတာက... ဒီသတင်းစကားဟာ ကြည့်လို့မရတဲ့ နက္ခတာယာပဟေဠိထဲမှာ ပိတ်မိနေတာလား”
“ဘာကို ဆိုလိုတာလဲ” ယန်ရွှီက မေးသည်။
“ကျွန်တော်... ကျွန်တော် ဆိုလိုတာက... သတင်းအချက်အလက်ကို ပေးပို့စရာ မလိုဘဲ သတင်းစကားရဲ့ ရလဒ်ကို တိုက်ရိုက်လက်ခံရရှိနိုင်မလားလို့ပါ”
ယန်ရွှီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်၊၊
“ဆက်ပြောပါဦး”
လျူရှီကျဲက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
“ဥပမာအားဖြင့် ကွမ်တမ် မက္ကင်းနစ်ထဲက နာမည်ကြီး ဒယ်လ်ဘယ်စလစ် စမ်းသပ်ချက်မှာ နောက်ဆုံးရလဒ်က စောင့်ကြည့်ခြင်း ရှိ၊ မရှိအပေါ်မှာ မူတည်နေပါတယ်။ စောင့်ကြည့်ခြင်း မရှိတဲ့အခါ အမှုန်တွေဟာ ကွမ်တမ် ထပ်ဆင့်အခြေအနေမှာ ရှိနေပြီး စောင့်ကြည့်လိုက်တဲ့အခါ လှိုင်းသဏ္ဌာန် ဂုဏ်သတ္တိတွေ ပျောက်ဆုံးသွားပြီး လမ်းကြောင်းတစ်ခုကိုပဲ ရွေးချယ်ဖို့ အကျပ်ကိုင်ခံရသလို ဖြစ်သွားပါတယ်။ ကျွန်တော် ထင်တာကတော့ ဒီအမှောင်ဒြပ်ဝတ္ထု သတင်းစကားကလည်း အဲဒီလိုပဲ ဖြစ်နေမှာပါ...”
“ဒါက အနက်ဖွင့်ဆိုချက် တစ်ခုပါပဲ”
ဝူကျွမ့်ပင်းက ပြောသည်၊၊
“ဒါပေမဲ့ ပြဿနာက ကုဒ်ဖြေထားတဲ့ သတင်းစကားက သိုလှောင်မီဒီယာထဲမှာ ရှိနေတာပါ။ အသိဉာဏ်တုတောင် စောင့်ကြည့်လို့ မရရင် ကျွန်တော်တို့က ဘယ်လိုလုပ် စောင့်ကြည့်လို့ ရမှာလဲ”
“အဲဒါကိုပဲ ကျွန်တော် ပြောချင်တာပါ...”
လျူရှီကျဲက ချွေးပြန်နေသော လက်ဖြင့် စားပွဲပေါ်ရှိ မှတ်စုစာအုပ်ကို ယူကာ ပုံဆွဲပြလိုက်သည်။
“ကျွန်တော်တို့ရော၊ ဂရေ့စ်ရော စောင့်ကြည့်လို့ မရတာက သတင်းစကားဟာ သိုလှောင်မှု မီဒီယာထဲမှာ ရှိနေပေမဲ့ အဲဒီမီဒီယာကို ဖတ်လို့မရလို့ပါ။ သူက လွန်ခဲ့တဲ့ တစ်စက္ကန့်မှာပဲ အမြဲတမ်း ရှိနေတယ်။ ဂရေ့စ်ရဲ့ တွက်ချက်နှုန်းက မြန်ပေမဲ့ သူမက အတိတ်က ဒေတာတွေကို မဖတ်နိုင်ဘူး။ အကယ်၍ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက် ယန္တရားဟာ အချိန်ထက် ပိုနှေးနေမယ်ဆိုရင်တော့ ဒါကို မြင်နိုင်ကောင်း မြင်နိုင်ပါလိမ့်မယ်...”
“ဥပမာ- တောင်ဘက် ကောင်းကင်ဂိတ် အာကာသစခန်းမှာ ရွေ့လျားနိုင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး အပြားပေါင်း ၁၄,၉၇၆ ပြား ရှိပါတယ်။ အဲဒါတွေကို ဆာဗိုမော်တာတွေနဲ့ လှည့်လို့ရတယ်။ အဲဒီ မော်တာတွေမှာ လုံခြုံရေးယန္တရားတစ်ခု ပါပြီးသားပါ။ အပြားတွေက ၁၈၀ ဒီဂရီထက် ကျော်သွားရင် ချိန်ညှိဖို့အတွက် ၂ စက္ကန့်ထက်မနည်း အချိန်ယူရပါတယ်။ အကယ်၍ ကျွန်တော်တို့က ဒီသတင်းစကားကို ဘိုင်နရီကုဒ်ပြောင်းပြီး နေရောင်ခြည်စွမ်းအင်သုံး အပြားတွေကို ထိန်းချုပ်တဲ့ စနစ်ထဲကို ထည့်လိုက်မယ်ဆိုရင်... သတင်းစကားရှိနေသရွေ့ အပြားတွေကို လှည့်ခိုင်းလို့ ရပါလိမ့်မယ်။ အဲဒီ အချိန်နှောင့်နှေးမှုကို သုံးပြီး သတင်းစကားကို မြင်နိုင်ပါလိမ့်မယ်...”
သူက အကျယ်တဝင့် ရှင်းပြနေသော်လည်း ကျွမ်းကျင်သူ မဟုတ်သည့် ချူယန်ကမူ ဘာမှ နားမလည်ချေ။ သို့သော် ဌာနမှူးယန်နှင့် ဝူကျွမ့်ပင်းတို့၏ မျက်နှာများမှာ ချက်ချင်း ပြောင်းလဲသွားသည်။
“မင်း ဆိုလိုတာက...”
“တောင်ဘက် ကောင်းကင်ဂိတ်ရဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေကို မြင်ကွင်းပြမျက်နှာပြင်အဖြစ် သုံးမလို့လား”
ဝူကျွမ့်ပင်းက အံ့အားသင့်စွာ ပြန်မေးသည်။
“အဲဒါ ဖြစ်နိုင်ပါ့မလား”
“မသိဘူး...”
“ဌာနမှူးယန်”
ချူယန်က တည်ငြိမ်နေသော ယန်ရွှီကို ကြည့်လိုက်သည်။
“သီအိုရီအရတော့ ဖြစ်နိုင်ပါတယ်၊၊ ဒါပေမဲ့ ဒီလို အချိန်ပြိုကွဲမှု ဖြစ်စဉ်မျိုးကို ငါတို့ တစ်ခါမှ မကြုံဖူးဘူး”
ယန်ရွှီက ပြန်ပြောသည်။
“ဒါဆိုရင် ကုဒ်ဖြေကြည့်ကြတာပေါ့”
ချူယန်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်၊၊
“ကျွန်မ ချက်ချင်းပဲ ပရော်ဖက်ဆာယဲ့နဲ့ လင်းရှန်တို့ဆီကို ဆက်သွယ်လိုက်မယ်”
ချက်ချင်းပင် တစ်ဖွဲ့လုံး အလုပ်များသွားကြသည်။ ဝူကျွမ့်ပင်းနှင့် လျူရှီကျဲတို့က လုပ်ဆောင်ချက် အဆင့်ဆင့်ကို ပြင်ဆင်ပြီး ချူယန်ထံ ပေးအပ်လိုက်ကြသည်။
…
“ဘယ်လို… လွန်ခဲ့တဲ့ တစ်စက္ကန့် ဟုတ်လား”
ကြယ်နက်ပန်းပဲဖို အသိစိတ်နယ်မြေအတွင်းရှိ လင်းရှန်သည် ချူယန်၏ အသံကို ကြားလိုက်ရသောအခါ အလွန်တရာ တုန်လှုပ်သွားသည်။
“ဒါဆိုရင် ဒီသတင်းစကားက အမှောင်ယဉ်ကျေးမှုနဲ့ ပတ်သက်နေနိုင်တာပေါ့”
“ကျွန်မတို့လည်း အဲဒီလိုပဲ ယုံကြည်ပါတယ်” ချူယန်၏ အသံထွက်ပေါ်လာသည်။
“ဒါဆို အခု ကုဒ်စဖြေတော့မှာလား”
“ဟုတ်တယ်”
Chapter 913
ခုခံခွင့် မပြု ၃
လင်းရှန် အသိစိတ်နယ်မြေမှ ထွက်လာခဲ့သည်။ ထိုစဉ် အနန္တရထားပေါ်ရှိ အထူးတပ်ဖွဲ့ဝင်များမှာလည်း လင်းရှန်၏ စကားကြောင့် အံ့အားသင့်နေကြသည်။
“ဒါဟာ အမှောင်ယဉ်ကျေးမှုကလာတဲ့ အချက်အလက်ဖြစ်တယ်ဆိုတာ ဘယ်လောက်အထိ သေချာလို့လဲ”
နန်ကျင်းက မေးသည်။
“ဘာလို့လဲဆိုတော့ ဒါက ကမ္ဘာပျက်ကပ်နေ့ရဲ့ ၀ မိနစ် ၁ စက္ကန့်မှာ ရောက်လာလို့ပဲ။ ဒါပေမဲ့ အပြည့်အဝတော့ မသေချာသေးဘူး”
ကီကီက လက်ပိုက်ရင်း ကောင်းကင်ကို ကြည့်ကာ ပြောသည်။
“ဘာပဲဖြစ်ဖြစ် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေကို သုံးမယ့် အကြံကတော့ တော်တော်လေး ဆန်းသစ်တယ်”
“ကမ္ဘာပျက်ကပ်နေ့တုန်းက ငါတို့ရဲ့ အာကာသနက်ပိုင်း ပလက်ဖောင်းဆီကို သတင်းစကားတွေ ရောက်ခဲ့သေးလား”
ချီလီက စပ်စုလိုက်သည်။
တင်းကျန်းယီ၊ ရှောင်ယွမ်၊ မိုနီကာ၊ တာလို့နှင့် လူရှင်းချန်တို့သည်လည်း စိတ်ဝင်တစား ရှိနေကြသည်။
ချန်စီရွှမ်က ညကောင်းကင်ယံကို ကြည့်ပြီး လင်းရှန်းကို မေးလိုက်သည်။
“သူတို့ အချိန်ဘယ်လောက် ကြာမလဲ”
“မကြာပါဘူး၊ ခဏလေးပါပဲ”
လင်းရှန်က တည်ငြိမ်စွာ ပြောလိုက်ပြီး ဗိုင်အိုလာကို ခေါ်လိုက်သည်။
“ဗိုင်အိုလာ”
[ကျွန်မ ဒီမှာပါ]
ဗိုင်အိုလာက အဝေးမှ ပျံသန်းရောက်ရှိလာသည်။ လင်းရှန်က နက္ခတ်တာရာကြည့် မှန်ပြောင်းကြီးကို ထုတ်ပေးလိုက်ပြီး “တောင်ဘက် ကောင်းကင်ဂိတ်ရဲ့ တည်နေရာကို ဖမ်းယူထားလိုက်… နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေ လှည့်လာမယ့် အခြေအနေကို စောင့်ကြည့်ပြီး ပုံရိပ်ကို ငါတို့ကို တိုက်ရိုက်ပြပေး”
[ကောင်းပါပြီ]
တစ်ချိန်တည်းမှာပင် ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘော ကွပ်ကဲစင်တာ၌ ယဲ့လန် ဦးဆောင်သော ဖီးနစ် လူကြီးပိုင်းများ ရောက်ရှိနေပြီး ချူယန်က ဂရေ့စ်ကို ညွှန်ကြားချက်များ ပေးနေသည်။
ဂရေ့စ်သည် ညွှန်ကြားချက် ကုဒ်များကို လျင်မြန်စွာ ရိုက်ထည့်လိုက်သည်။
[ကုဒ်ပေါင်းစပ်မှု အောင်မြင်ပါသည်။ ဘိုင်နရီကုဒ်မှတစ်ဆင့် စာသားအဖြစ် ပြောင်းလဲပြီး သတင်းစကားကို နေရောင်ခြည်စွမ်းအင်သုံး အပြားများပေါ်တွင် အလှည့်ကျ ပြသပါမည်။ Black Box နှင့် ချိတ်ဆက်မှုကို အတည်ပြုပေးပါ]
“အာကာသနက်ပိုင်း စောင့်ကြည့်ရေးစခန်း ချိန်ညှိပြီးပါပြီ၊၊ သတင်းအချက်အလက် စောင့်ဆိုင်းနေပါတယ်”
“ရေဒီယို လေ့လာရေးစခန်း ချိန်ညှိပြီးပါပြီ”
“လက်ရှိ တောင်ဘက် ကောင်းကင်တံခါးရဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေရဲ့ ထောင့်က ၃၅ ဒီဂရီပါ။ အောက်ခြေ ၀ ဒီဂရီကို ညှိလိုက်ပါ”
ချူချူယန်သည် ဖီးနစ်အဖွဲ့ဝင်များနှင့် ကြယ်ကြည့်အဖွဲ့သားများကို ကြည့်လိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်သည်။
“ဂရေ့စ်... ချိတ်ဆက်လိုက်တော့”
[ဂရေ့စ် နားလည်ပါပြီ]
အာကာသနက်ပိုင်းအတွင်းရှိ ဂရေ့စ်သည် စတင်ခလုတ်ကို နှိပ်လိုက်သည်။ တစ်ခဏအတွင်းမှာပင် Black Box မှ ရရှိသော သတင်းစကားသည် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကို ထိန်းချုပ်မည့် ညွှန်ကြားချက်များအဖြစ် ပြောင်းလဲသွားသည်။
ချက်ချင်းပင် ဟင်းလင်းပြင်အတွင်းရှိ ကြီးမားလှသော နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားကြီးများက တိတ်ဆိတ်စွာပင် စတင်လည်ပတ်လာကြသည်။
ထိုအချိန်တွင် တောင်ဘက် ကောင်းကင်ဂိတ်၏ အပြားများမှာ ရှေးဟောင်း ယန္တရားမျက်နှာပြင်ကြီးတစ်ခုကဲ့သို့ ဖြစ်သွားပြီး ကမ္ဘာမြေဘက်သို့ ဦးတည်ကာ လှည့်လာကြသည်။
ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောပေါ်ရှိ လူများနှင့် ဆိပ်ကမ်းရှိ အနန္တရထားပေါ်က လူအားလုံးသည် အာကာသနက်ပိုင်းရှိ ကာကွယ်ရေးပလက်ဖောင်းကို မျက်လုံးမခွာတမ်း စိုက်ကြည့်နေကြသည်။
စက္ကန့်အနည်းငယ်အကြာတွင် သောင်းနှင့်ချီသော ဆိုလာပြားများ လှည့်ပတ်မှု ပြီးဆုံးသွားပြီး စောင့်ကြည့်ရေး မှန်ပြောင်းများအားလုံးတွင် စာသားလေးလုံးအဖြစ် ပေါ်ထွက်လာခဲ့သည်။
ထိုသတင်းစကားက လူတိုင်း၏ ဆံပင်များကို ထောင်မတ်သွားစေသည်၊၊
[ခုခံခွင့် မပြု]
….
နက်ရှိုင်းသောအာကာသ၏ အထက်တွင် တောင်ဘက်ကောင်းကင်ဂိတ်၏ ကြီးမားလှသော နေရောင်ခြည်စွမ်းအင်သုံး အတောင်ပံများသည် တချက်လည်ပတ်သွားပြီး တစ်စက္ကန့်မျှ ရပ်တန့်သွားသည်။ ထို့နောက် မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွား၏။ ၎င်းထိန်းချုပ်မှုအမိန့်ပေးချက်ကို ပြန်လည်လုပ်ဆောင်လိုက်သည်နှင့် တစ်ပြိုင်နက် နေရောင်ခြည်စွမ်းအင်သုံး မျက်နှာပြင်ပေါင်း ထောင်နှင့်ချီ၍ တစ်ဖန်ပြန်လည် တိမ်းစောင်းသွားပြန်သည်။
အာကာသနက်စောင့်ကြည့်ရေးစခန်း၏ စောင့်ကြည့်မျက်နှာပြင်ပေါ်တွင် စံသတ်မှတ်ချက်အတိုင်း ကုဒ်ဖြေထားသော စာလုံးလေးလုံးသည် ထင်ရှားစွာ ပေါ်ထွက်လာပြီး ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘော၏ ကွပ်ကဲမှုခန်းမအတွင်းသို့ ပုံရိပ်ယောင်အဖြစ် ထင်ဟပ်သွားလေသည်။
ထိုအခိုက်အတန့်တွင် လေထုတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မရေမတွက်နိုင်သော လူအများအပြားသည် စောင့်ကြည့်ရေး မျက်နှာပြင်ကြီးကို ကြည့်ရှုရင်း တစ်ဦးပြီးတစ်ဦး ဖြည်းညှင်းစွာ ထရပ်လိုက်ကြ၏။ လူတိုင်း၏ မျက်နှာပေါ်တွင် တုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေသည်။
“ဒါက ကျွန်တော်တို့ကို မခုခံဖို့ ခြိမ်းခြောက်နေတာလား”
လျူရှီကျဲက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
“ဒီစာသားက ဘာအဓိပ္ပာယ်လဲ”
သတင်းအချက်အလက် အင်ဂျင်နီယာ ဝူကျွမ့်ပင်းကလည်း လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်၊၊
“ဒါက အာရုဏ်ဦးမြို့တော်ဖြစ်ရပ်နဲ့ပတ်သက်ပြီး အမှောင်ယဉ်ကျေးမှုဘက်က တုံ့ပြန်လိုက်တာလား”
“ဒါပေမဲ့ ဒီသတင်းစကားကို ကမ္ဘာပျက်ကပ်နေ့ကတည်းက လက်ခံရရှိထားတာလေ”
“ဒီစာသားက အဓိပ္ပာယ်မရှိပါဘူး။ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ငါတို့က ဘယ်လိုလုပ် ခုမခံဘဲ နေနိုင်မှာလဲ”
စက္ကန့်ပိုင်းအတွင်း လစောင့်ကြည့်ရေး စီမံကိန်းအဖွဲ့ထံမှ တီးတိုးရေရွတ်သံများ ထွက်ပေါ်လာပြီး စိုးရိမ်ပူပန်မှုနှင့် တင်းမာမှုများ ပျံ့နှံ့လာတော့သည်။
ချူယန်သည် မျက်မှောင်ကြုတ်လျက် သူမအနားရှိ ယဲ့လန်ကို ကြည့်လိုက်ရာ သူမသည် ထိုစာလုံးကြီးလေးလုံးကို အာရုံစိုက်နေသည်ကို တွေ့လိုက်ရသည်။ ခဏအကြာမှ သူမက စ၍ စကားပြောလာသည်။
“ဒီသတင်းစကားရဲ့ အကြောင်းအရာထဲမှာ ဘယ်သူက အဓိကဇာတ်ကောင် ဖြစ်နေသလဲဆိုတာက အရေးကြီးဆုံးအချက်လို့ ငထင်တယ်”
ချူယန်က ထိုစကားကို ကြားလျှင် အာရုံစူးစိုက်လိုက်ပြီး မေးလိုက်သည်၊၊
“ဒီသတင်းစကားက အမှောင်ယဉ်ကျေးမှုဆီက ဖြစ်ချင်မှဖြစ်မယ်လို့ ဆိုလိုတာလား”
လူအများအပြား၏ အကြည့်များသည်လည်း တစ်ပြိုင်နက်တည်း ရောက်ရှိလာကြသည်။
ယဲ့လန်က ခေါင်းခါပြလိုက်သည်၊၊
“ဖြစ်နိုင်ခြေတော့ အရမ်းများတယ်၊၊ ဒါပေမဲ့ အတပ်မပြောနိုင်သေးဘူး။ ပထမအချက်အနေနဲ့ ဒီသတင်းစကားက ကမ္ဘာပျက်ကပ်နေ့မှာ စတင်ခဲ့တာဆိုရင် ငါတို့ရဲ့ မကြာခင်က စောင့်ကြည့်မှုတွေက အခုမှ ပြီးစီးတာဖြစ်လို့ အာရုဏ်ဦးမြို့တော်ရဲ့ ခုခံမှုနဲ့ မသက်ဆိုင်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဒုတိယအချက်ကတော့ ဒီသတင်းစကားက ဘယ်သူ့ကို ပြောနေတာလဲ… ဒါက သတိပေးချက်လား… ဒါမှမဟုတ် အကြံပေးတာလားဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး။ တတိယအချက်က လူသားတွေရဲ့ အတွေးအခေါ်နဲ့ဆိုရင်တော့ ဒီလိုအညံ့ခံဖို့ အကြောင်းကြားစာမျိုးကို လက်ခံဖို့ဆိုတာ မဖြစ်နိုင်ဘူး၊၊ ဒါကြောင့် အဓိပ္ပာယ်က ရှင်းရှင်းလင်းလင်း မရှိသေးတာပဲ”
ယဲ့လန် စကားပြောပြီးနောက် ပတ်ဝန်းကျင်ရှိ လူများမှာလည်း ရှုပ်ထွေးသည့် မျက်နှာအမူယာများ ဖြစ်ကုန်ကြသည်။
“ဒါပေမဲ့ အခုလောလောဆယ်တော့… ဒါဟာ အမှောင်ယဉ်ကျေးမှုက လူသားတွေကို သတိပေးတာလို့ပဲ ငါတို့ ယူဆလို့ရတယ်”
သံမဏိအစောင့်တပ်ရင်း ခေါင်းဆောင် ဟွာကျန်းက လေးနက်စွာ ပြောသည်။
“ဒါက အကျိုးအကြောင်းအရှိဆုံး ယူဆချက်ပဲ။ အကြောင်းအရာနဲ့ စကားလုံး အသုံးအနှုန်းတွေနဲ့ ပတ်သက်ရင်တော့ အမှောင်ယဉ်ကျေးမှုရဲ့ အတွေးအခေါ်နဲ့ အပြုအမူတွေက လူသားတွေနဲ့ လုံးဝကွဲပြားခြားနားတယ်ဆိုတာကို ငါတို့ အရင်က ဆွေးနွေးခဲ့ပြီးသားပဲ”
ယဲ့လန်က ခေါင်းညိတ်ပြပြီး တိတ်ဆိတ်နေသော ယန်ရွှီဘက်သို့ လှည့်ကာ မေးလိုက်သည်၊၊
“ဌာနမှူးယန်… ရှင့်ရဲ့ သဘောထားကရော ဘယ်လိုရှိလဲ”
“ကျုပ်ကတော့ ဗိုလ်ချုပ်ဟွာရဲ့ အမြင်ကို သဘောတူပါတယ်”
ယန်ရွှီက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ခဏမျှ စဉ်းစားကာ ပြန်ပြောသည်။
“ဒါပေမဲ့ ပရော်ဖက်ဆာယဲ့ ပြောတာလည်း မှန်ပါတယ်။ ကမ္ဘာပျက်ကပ်နေ့မှာ ရရှိခဲ့တဲ့ သတင်းစကားတစ်ခုတည်းကိုပဲ အခိုင်အမာ ကိုးကားလို့ မရဘူး။ အကယ်၍ ဒီအမှောင်ဒြပ်ဝတ္ထု သတင်းစကားက ကွမ်တမ်ထပ်ဆင့်ခြင်းသဘောတရားအရ အချိန်ကာလရဲ့ သက်ရောက်မှုမရှိဘူးဆိုရင် ဒါဟာ ပိုမြင့်မားတဲ့ ဒိုင်နမေးရှင်းက သက်ရှိတွေဆီက လာတာမျိုးလည်း ဖြစ်နိုင်တယ်”
ဟွာကျန်းက နားမလည်နိုင်သကဲ့သို့ ကြည့်လိုက်သည်၊၊
“ပိုမြင့်တဲ့ ဒိုင်နမေးရှင်းဟုတ်လား။ ဌာနမှူးယန်… အဲဒါကို နည်းနည်းလောက် ရှင်းပြပေးပါဦး”
ယန်ရွှီက သူ၏မျက်မှန်ကို ပြင်လိုက်ပြီး ရှင်းပြသည်။
“အရိုးရှင်းဆုံး ပြောရရင် သုံးဖက်မြင် 3D သတ္တဝါတွေဖြစ်တဲ့ ကျုပ်တို့ လူသားတွေအတွက် အချိန်ဆိုတာ မျဉ်းဖြောင့်အတိုင်း သွားနေတယ်။ ကျုပ်တို့က အချိန်ဝင်ရိုးပေါ်မှာ ရှင်သန်နေကြတာဖြစ်လို့ အချိန်ကို ပြောင်းလဲလို့မရသလို အတိတ်ကို ပြင်တာ ဒါမှမဟုတ် အနာဂတ်ကို ကြိုမြင်တာမျိုး မလုပ်နိုင်ဘူး။ ဒါပေမဲ့ ဒိုင်နမေးရှင်းက လေးဖက်မြင် 4D အထိ မြင့်တက်သွားမယ်ဆိုရင်တော့ အချိန်ရဲ့ ပစ္စုပ္ပန်အခိုက်အတန့် အားလုံးကို စောင့်ကြည့်နိုင်မှာပဲ။ တစ်နည်းအားဖြင့် လေးဖက်မြင် သတ္တဝါတွေဟာ ဖြစ်ပျက်သမျှရဲ့ အစနဲ့ အဆုံးကို တစ်ပြိုင်နက်တည်း မြင်နိုင်စွမ်း ရှိကြတယ်။ သူတို့က ကျုပ်တို့ကို ကြည့်နေတာက တီဗွီဇာတ်လမ်း ကြည့်နေသလိုမျိုးပဲ၊၊ အချိန်ဆိုတာ သူတို့အတွက် တိုးတက်မှုပြတဲ့ ဘားတန်းလိုမျိုး ဖြစ်နေပြီး ကျုပ်တို့ရဲ့ အတိတ်နဲ့ အနာဂတ်ကို စိတ်ကြိုက် ကြည့်နိုင်လိမ့်မယ်”