အခန်း (၉၁၄-၉၁၅)
Vol. 52 Ch. 914-915
Chapter 914
ကြယ်စုတန်းများနှင့် ပင်လယ်များဆီသို့ ၁
ယဲ့လန်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊၊ ဒီသတင်းစကားက အချိန်ရဲ့ သက်ရောက်မှု မရှိဘူးလို့ ယူဆရင် ဒါဟာ သတင်းစကား ပို့သူက လက်ခံသူရဲ့ အဆုံးသတ်ရလဒ်ကို သိပြီးသားဖြစ်တယ်ဆိုတာကို ဖော်ပြနေတာပဲ။ ဒီရှုထောင့်ကနေ ကြည့်ရင်တော့ ‘ခုခံခွင့်မပြု’ ဆိုတဲ့ အဓိပ္ပာယ်က သိသိသာသာ ကွဲပြားသွားလိမ့်မယ်”
“အဲဒီတော့ သတိပေးချက်နဲ့ အကြံပေးချက်က အဓိပ္ပာယ်နှစ်မျိုး ကွဲပြားသွားတာပေါ့ ဟုတ်လား” ချူယန်က မေးလိုက်သည်။
ယဲ့လန်က ခေါင်းညိတ်ပြရာ ဌာနမှူးယန်က ဆက်ရှင်းပြသည်။
“မှန်ပါတယ်။ သီအိုရီအရတော့ ဒီသတင်းစကားကို ဖမ်းယူရရှိတဲ့ ကျုပ်တို့က လက်ခံသူဖြစ်နေတာပဲ။ ဒါပေမဲ့ ပြဿနာက အကယ်၍ အမှောင်ယဉ်ကျေးမှုမှာ ပိုမြင့်တဲ့ ဒိုင်နမေးရှင်းက စွမ်းအားတွေ ရှိနေတယ်ဆိုရင် သူတို့အနေနဲ့ ကျုပ်တို့ဆီကို ဒီသတင်းစကား ပို့နေစရာ မလိုဘူးလေ… ဘာလို့လဲဆိုတော့ ကျုပ်တို့ရဲ့ အဆုံးသတ်က သတ်မှတ်ပြီးသား ဖြစ်နေလို့ပဲ”
“ဒါပေမဲ့ ကျုပ်တို့ရဲ့ အဆုံးသတ်က သတ်မှတ်ပြီးသားဆိုရင် အာရုဏ်ဦးမြို့တော်က အောင်မြင်စွာ ခုခံနိုင်မှာ မဟုတ်ဘူး၊၊ တွင်းနက်ကလည်း ဝေခွဲမရတဲ့ ခံစားချက်မျိုး ပို့လွှတ်နေမှာ မဟုတ်ဘူး မဟုတ်လား”
ချူယန်က ထိုအခိုက်တွင် သဘောပေါက်သွားသည်။
ယဲ့လန်က အသက်ပြင်းပြင်းရှူကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“အဲဒါ အမှန်ပဲ၊၊ ဒါပေမဲ့ ဒါတွေက ငါတို့ရဲ့ ခန့်မှန်းချက်တွေပဲ ရှိသေးတယ်”
သူမက စောင့်ကြည့်မျက်နှာပြင်ကြီးကို ကြည့်ရင်း ဆက်ပြောသည်။
“ဒါဟာ သတိပေးချက်ပဲဖြစ်ဖြစ်… အကြံပေးတာပဲဖြစ်ဖြစ်၊၊ ဒီသတင်းစကားက အမှောင်ယဉ်ကျေးမှုကလာတာလား ဒါမှမဟုတ် တခြား အဆင့်မြင့်သက်ရှိတွေဆီက လာတာလားဆိုတာထက် ငါတို့အတွက်တော့ အရေးကြီးတဲ့ သတိပေးချက်တစ်ခုဖြစ်နေတာ အမှန်ပဲ”
“လူသားတွေဆိုတာ ပုရွက်ဆိတ်တွေပဲလို့ ငါတို့ကို သတိပေးနေတာပဲ”
ထိုစကားလုံးများနှင့်အတူ ကွပ်ကဲခန်းမအတွင်းရှိ လေထုမှာ အေးခဲသွားသကဲ့သို့ ရှိနေသည်။ ယဲ့လန်၏ အကြည့်သည် လူအုပ်ကို ကျော်လွန်၍ ယန်ရွှီထံတွင် ရပ်တန့်သွားသည်။
“ဌာနမှူးယန် အခုကစပြီး တောင်ဘက်ကောင်းကင်ဂိတ်တံခါးရဲ့ အလင်းစွမ်းအင်သုံး အတောင်ပံတွေရဲ့ ပြောင်းလဲမှုကို အမြဲမပြတ် စောင့်ကြည့်ဖို့ လိုအပ်တယ်။ သီအိုရီအရ ပြောရရင်တော့ ငါတို့ ဒါကို လုပ်နေတဲ့အချိန်မှာ အနာဂတ်ကတော့ ဖြစ်ပျက်ပြီးသား ဖြစ်နေလောက်ပြီ...”
…
ယုံကျန်းဆိပ်ကမ်း ဆိုက်ကပ်ရေးစခန်း၊၊ အနန္တရထား၊၊
ဗိုင်အိုလာသည် တောင်ဘက်ကောင်းကင်ဂိတ်၏ စောင့်ကြည့်ပုံရိပ်များကို ပြသလိုက်ရာ အနန္တရထားပေါ်ရှိ လူတိုင်းကို ဝေခွဲမရဖြစ်သွားစေသည်။
“ကျွန်မ နည်းနည်း ကြောက်လာသလိုပဲ”
ရှားရှား၏ မျက်နှာလေးမှာ သွေးဆုတ်နေပြီး အခြားသော မိန်းကလေးများမှာလည်း ထိတ်လန့်နေပုံရသည်။ ရှီဇီကတော့ ရူဂျီ၏ နောက်တွင် ပုန်းနေလေသည်။
“ဒါက အမည်မသိ ယဉ်ကျေးမှုတစ်ခုနဲ့ စကားပြောနေရသလိုပဲ”
ကီကီက လက်ပိုက်ထားရင်း မေးလိုက်သည်၊၊
“ဒီစာလုံးလေးလုံးပဲ ရှိတာလား”
“ဒါက ရန်စတာနဲ့ တူတယ်”
ချီလီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒါက ဘာကို ဆိုလိုတာလဲ၊၊ ငါတို့ကို တိုက်ရိုက်ရည်ရွယ်တာလား”
လော့ယန်က စိတ်ရှုပ်ထွေးနေသော မျက်နှာဖြင့် မေးလိုက်ရာ လုချန်က ပခုံးတွန့်ပြရင်း သူလည်း ဘာမှနားမလည်ကြောင်း အမူယာပြလိုက်သည်။
မိုနီကာ၏ အကြည့်များက တည်ငြိမ်နေသည်၊၊
“ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားရှိတဲ့ ယဉ်ကျေးမှုတစ်ခုက ရန်စနေစရာ မလိုဘူး၊၊ ဒါက အမိန့်ပေးသံနဲ့ ပိုတူတယ်”
ချန်ဆီရွှမ်သည် လင်းရှန်ကို ကြည့်လိုက်ရာ လင်းရှန်၏ မျက်နှာတွင်လည်း အနည်းငယ် ဝေခွဲမရဖြစ်နေသည်ကို တွေ့လိုက်ရ၏။
“လင်းရှန်”
“အမ်”
“ရှင်ဘယ်လိုထင်လဲ”
လင်းရှန်က အသက်ပြင်းပြင်းတစ်ချက်ရှူပြီး တင်းကျန်းရီကို ကြည့်လိုက်သည်။
“ငါလည်း သိပ်နားမလည်ဘူး၊၊ ဒါရိုက်တာတင်းကိုပဲ မေးရမယ်”
လင်းရှန်၏ စကားဆုံးသည်နှင့် လူတိုင်း၏ အကြည့်မှာ တင်းကျန်းရီထံသို့ တစ်ပြိုင်နက် ရောက်ရှိသွားသည်။
တင်းကျန်းရီက လက်ကို အိတ်ကပ်ထဲထည့်ထားရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ရှင်တို့က သိပ္ပံပညာရှင်တွေအပေါ် အထင်မှားနေတာပဲ၊၊ ကျွန်မက ဇီဝဗေဒနယ်ပယ်ကလေ၊ နက္ခတာရာရူပဗေဒမှာ ကျွမ်းကျင်တာမဟုတ်ဘူး။ ကွမ်တမ်ရူပဗေဒဆိုတာကလည်း ကျွန်မအတွက်တော့ စကားပြောရုံလောက်ပဲ ရှိတာလေ”
လင်းရှန်က ရယ်မောလိုက်သည်၊၊ “ဂြိုဟ်သားတွေကလည်း ဇီဝသက်ရှိတွေပဲလေ၊၊ အတိအကျပြောရရင် ဒါရိုက်တာတင်းရဲ့ သုတေသနနယ်ပယ်ထဲမှာ ပါတာပဲ”
တင်းကျန်းရီက သူမ၏မျက်မှန်ကို အကူအညီမဲ့စွာဖြင့် ပြင်လိုက်ပြီး
“အခုလောလောဆယ်မှာ ဖီးနစ်ရဲ့ ကြယ်ကြည့်အဖွဲ့က အရေးပေါ် ဆွေးနွေးနေလောက်ပြီ။ ဒါပေမဲ့ ရှင်ပေးတဲ့ အချက်အလက်တွေအရဆိုရင် အချိန်စက်ဝန်းအောက်က ကွမ်တမ်ထပ်ဆင့်ခြင်းအခြေအနေ၊ အာကာသ-အချိန် ပုံပျက်ခြင်း ဒါမှမဟုတ် ပန်ရို့စ်ဖြစ်စဉ်လိုမျိုး တွင်းနက်စွမ်းအင် ထုတ်ယူမှုတွေကနေ ကွမ်တမ်ချိတ်ဆက် ဆက်သွယ်နိုင်တာမျိုးပေါ့။ ဒီလိုစွမ်းအားမျိုးက ကာဒါရှက်ဗ် ဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့် ယဉ်ကျေးမှုအထိ ရောက်နေပြီ။ အဆင့်မြင့် ဒိုင်နမေးရှင်းနည်းပညာတွေကိုလည်း ပိုင်ဆိုင်ထားနိုင်တယ်။ ဒါကြောင့် အခု ကျွန်မတို့ စဉ်းစားရမှာက ဒီသတင်းစကားကို ဘယ်သူက ပို့တာလဲ… ဘယ်သူ့ဆီကို ပို့တာလဲ ဆိုတာပဲ”
“အကယ်၍ ကျွန်မတို့ဆီကို ပို့တာဆိုရင်ရော”
ရှုချင်းက မေးလိုက်သည်။
တင်းကျန်းရီက ပခုံးတွန့်ပြလိုက်သည်၊၊
“ဒါဆိုရင်တော့ ဆုတောင်းဖို့ပဲ ရှိတော့တာပေါ့။ အမှောင်တွင်းနက်ထဲက လူသားတွေတောင် ကျွန်မတို့ နိုင်ပါ့မလားဆိုတာ မသေချာဘူး။ ဒီလို စွမ်းအားမျိုးကိုတော့ နှစ်တစ်ထောင် အချိန်ပေးရင်တောင် ကျွန်မတို့မှာ ယှဉ်နိုင်စွမ်း လုံးဝမရှိဘူး”
ထိုသို့ပြောပြီးနောက် သူမသည် သုတေသနလုပ်ငန်းများ ဆက်လုပ်ရန် လှည့်ထွက်သွား၏။ လင်းရှန်က သူမနောက်မှ လှမ်းခေါ်လိုက်သည်။
“ဒါရိုက်တာတင်း၊၊ ဒီသတင်းစကားက အမှောင်ယဉ်ကျေးမှုက ပို့တာ မဟုတ်ဘူးလို့ ထင်လား”
“မသေချာဘူး၊၊ ဒါက အရမ်းဆန့်ကျင်ဘက်ဖြစ်နေတယ်။ အခုလောလောဆယ် သတင်းအချက်အလက်က နည်းနေသေးတော့ အများကြီး ခန့်မှန်းလို့ မရဘူး။ ပြီးတော့ ကျွန်မတို့အတွက်လည်း ဒါက သိပ်ပြီး အရေးမပါပါဘူး”
တင်းကျန်းရီက လှည့်ကြည့်ပြီး ပြောသည်။
လင်းရှန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်… ဒါရိုက်တာတင်း ပြောတာ မှန်ပါတယ်”
ထို့နောက် သူက ဗိုင်အိုလာဘက်သို့ လှည့်ကာ မေးလိုက်သည်၊၊
“ဗိုင်အိုလာ… အကယ်၍ ဒါရိုက်တာတင်း ပြောသလို စွမ်းအားရှိတဲ့ ယဉ်ကျေးမှုမျိုး ရှိနေရင် လူသားတွေ အနိုင်ရနိုင်ခြေကို တွက်ချက်ပေးနိုင်မလား”
[ ၀ ]
ဗိုင်ယိုလာသည် သူမ၏ လှပသော ပုံစံကို ထိန်းသိမ်းထားသည်။ သူမသည် ထရီလီယံပေါင်းများစွာသော တွက်ချက်မှုများကို ချက်ချင်းလုပ်ဆောင်နိုင်မှန်း လူတိုင်းသိကြသော်လည်း သူမက တွန့်ဆုတ်နေခြင်းမရှိဘဲ ထိုကိန်းဂဏန်းကို တည့်တိုးပြောလိုက်ခြင်းဖြစ်သည်။
“ဝိုး.. ဝိုး ဒါက အံ့သြစရာပဲ ”
ချီလီက ရယ်မောလိုက်သည်၊၊
“တော်သေးတာပေါ့၊၊ မျိုးဆက်ပေါင်းများစွာ ရုန်းကန်ရမယ့် တစ်ရာခိုင်နှုန်းလောက် မျှော်လင့်ချက်မျိုးတောင် မရှိဘူးပဲ။ အခုတော့ ငါ ကောင်းကောင်း အိပ်ပျော်နိုင်ပြီ”
သူက သန်းဝေလိုက်ပြီး လုချန်နှင့် လော့ယန်၏ ပုခုံးကို ပုတ်လိုက်သည်၊၊
“သွားကြစို့၊၊ နည်းနည်းလောက် ထပ်အိပ်ဦးမယ်၊၊ ခဏနေရင် ကင်းစောင့်ရဦးမှာ”
တောင်ဘက်ကောင်းကင်ဂိတ်၏ သတင်းအချက်အလက် စောင့်ကြည့်မှု ပြီးဆုံးသွားသော်လည်း ထိုထူးဆန်းသော စာလုံးလေးလုံးမှာ လင်းရှန်၏ မျက်စိထဲတွင် တဝဲလည်လည်ဖြစ်နေပြီး စိတ်အနှောင့်အယှက်ပေးနေဆဲပင်၊၊
ထို့ကြောင့် လင်းရှန်သည် ညဉ့်နက်ပိုင်း ယန္တရားဝါးမျိုမှုများကို ရပ်နားလိုက်ပြီး ယာဉ်ပေါ်သို့ပြန်ကာ အိပ်စက်အနားယူရန် ပြင်ဆင်လိုက်သည်။ မနက်လင်းသည်နှင့် ခရီးဆက်ရန် စောင့်ဆိုင်းနေလိုက်၏။
ကမ်းခြေညသည် ဖုတ်ကောင်များ၏ ဟိန်းဟောက်သံများမှလွဲ၍ အတော်ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။ အခုတော့ လင်းရှန်သည် ပြတင်းပေါက်အပြင်ဘက်မှ ဖုတ်ကောင်များ၏ ကုတ်ခြစ်သံများကို နားထောင်ရင်း အိပ်စက်ရသည်ကို ကျင့်သားရနေပြီဖြစ်သည်။ ခိုင်မာသော သံချပ်ကာများ ပါရှိသည့် အနန္တရထားသည် သူ့ကို လုံခြုံမှု အပြည့်အဝ ပေးထားသည်။
လင်းရှန်သည် ရထားပေါ်တွင် အိပ်စက်ခဲ့ရသည့် နေ့ရက်များကို အကြိမ်ကြိမ် သတိရမိသည်။ နေ့ရောညပါ အန္တရာယ်များကြားမှ ထွက်ပြေးခဲ့ရသော်လည်း အန္တရာယ်နှင့် ယှဉ်တွဲနေထိုင်ရသည်မှာ ကျင့်သားရနေပြီ ဖြစ်သည်။ သူ၏ ယန္တရားစွမ်းအားဖြင့် ခိုင်မာသော ခံတပ်ကြီးများကို တည်ဆောက်ခဲ့သည့် ထိုနေ့ရက်များကို ပြန်တွေးကြည့်လျှင် စိတ်လှုပ်ရှားစရာကောင်းလှသည်။
တောင်ဘက်ကောင်းကင်ဂိတ်မှ လာသော သတင်းစကား ၄ လုံးကြောင့် ကမ္ဘာကြီးပြောင်းလဲသွားမလားဆိုသည်ကို လင်းရှန် သိချင်မိသည်။ မူလကမ္ဘာဂြိုဟ်နှင့် အိုးမဲ့အိမ်မဲ့ဖြစ်နေရသော လူသားယဉ်ကျေးမှုတို့၏ အနာဂတ်မှာလည်း မရေမရာဖြစ်နေဆဲပင်။
အိပ်မပျော်ခင် လင်းရှန်သည် မှောင်မည်းနေသော ညကောင်းကင်ယံကို ကြည့်ရင်း လူသားတို့၏ တာဝန်ကို ထမ်းဆောင်ထားသော ကြယ်သင်္ဘောနှစ်စင်း ဖြစ်သည့် Natural Selection နှင့် Deep Blue တို့က အခု ဘယ်နေရာကို ရောက်နေမည်လဲဟု တွေးနေမိသည်။ ထိုသင်္ဘောများသည် နှစ်ပေါင်း ၁၅၀၀ ကြာ အထီးကျန်မှုကို ကျော်ဖြတ်နိုင်ပါ့မလား… ယုံကြည်ချက်တစ်ခုတည်းသာ ကျန်တော့မည်လား။
Chapter 915
ကြယ်စင်တန်းများနှင့် ပင်လယ်များဆီသို့ ၂
ဘီပ် ဘီပ်၊ ဘီပ် ဘီပ်၊၊
လွမ်းဆွတ်နေသော လက်ပတ်နာရီ နှိုးစက်သံ ထွက်ပေါ်လာသည်။ လင်းရှန်သည် မျက်နှာပေါ်တွင် နွေးထွေးမှုကို ခံစားလိုက်ရပြီး မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ ညက သူဖွင့်ထားခဲ့သော လိုက်ကာများကြားမှ နေရောင်ခြည်များ ဖြာကျနေသည်။ အပြင်ဘက်တွင် ကြည်လင်သော ကောင်းကင်ကြီး ဖြစ်နေသော်လည်း ယာဉ်ပြတင်းပေါက် အပြင်ဘက်တွင်မူ ပုပ်ပွနေသော မျက်နှာများဖြင့် ဖုတ်ကောင် ရာနှင့်ချီ၍ စုရုံးနေကြဆဲပင်။
“မင်္ဂလာနံနက်ခင်းပါ”
လင်းရှန်သည် ဖုတ်ကောင်များ၏ မျက်နှာကို တစ်ချက်ကြည့်ပြီးနောက် အချိန်ကို ကြည့်လိုက်သည်။
၁၀:၂၀၊၊
အတော်လေး စောသေးသည်။ ပစိဖိတ်သမုဒ္ဒရာမှ ဆားငန်နံ့သင်းနေသော ပင်လယ်လေနှင့်အတူ တွင်းနက် အမှတ် ၈ ၏ အမှောင်ဒီရေသည် ကမ္ဘာကြီးကို လွှမ်းမိုးထားသည်။ လင်းရှန် ထလိုက်သည့်အချိန်တွင် ညက ကင်းစောင့်နေသည့် ချီလီမှလွဲ၍ ကျန်လူများအားလုံး နိုးနေကြပြီဖြစ်သည်။
လူအနည်းငယ်သာ ရှိသဖြင့် အနန္တရထားပေါ်ရှိ စားနပ်ရိက္ခာများမှာ အလွန်ပေါများသည်။ ထို့ပြင် အမှောင်စွမ်းအင် သန့်စင်ခြင်း နည်းပညာကြောင့် ယာဉ်ပေါ်တွင် ရေအရင်းအမြစ်မှာလည်း မရှားပါးတော့ပေ။ လင်းရှန် တပ်ဆင်ထားသော A1 အဆင့် ရေသန့်စင်စနစ်က ရေကို သောက်သုံးရေအဆင့်အထိ သန့်စင်ပေးထားပြီး ရထားတစ်စီးလုံးအတွက် အသုံးပြုနိုင်ပေသည်။
တွဲ ၂ တွင် ရှားရှားနှင့် ကီကီတို့ ပေါင်မုန့်စားနေကြသည်၊၊ တတိယတွဲတွင် တင်းကျန်းရီက အပင်များကို သုတေသနလုပ်နေသည်။ မြောင်လုကလည်း စောစောထ၍ ကူညီပေးနေ၏။ အခု တင်းကျန်းရီ၏ အဓိက အလုပ်မှာ ကပ်ဘေးအပင်များနှင့် စိုက်ပျိုးရေးတွဲရှိ အပင်များကို ပြုစုပျိုးထောင်ခြင်းဖြစ်ပြီး ၎င်းက သူမ၏ စွမ်းအား ဆင့်ကဲပြောင်းလဲမှုအတွက် အထောက်အကူဖြစ်စေသည်။
တွဲ ၅ တွင် မာရှောင်ထန်းသည် မီးတောက်၏ ညွှန်ကြားမှုအောက်တွင် လျှပ်စီးကြောင်း ထိန်းချုပ်မှုကို လေ့ကျင့်နေသည်။ ဘေးတွင်မူ ရူဂျီနှင့် ကျန်လူများက စစ်တုရင် ကစားနေကြပြီး တာလို့က သူ၏ နဂါးနက်ဝတ်စုံကို လေ့လာနေလေ၏။
“ကပ္ပတိန်လင်း… လက်နက်တွေနဲ့ ရထားတွဲတွေကို စစ်ဆေးပြီးပြီ။ အချိန်မရွေး ထွက်ခွာလို့ ရနေပါပြီ”
နန်ကျင်းက သတင်းပို့လာသည်။ အခုတော့ နန်ကျင်းနှင့် ရှုချင်းတို့က ယာဉ်၏ လုံခြုံရေးကို အဓိက တာဝန်ယူထားသည်။ အားဖေးနှင့် ရှောင်ချင်းတို့ကတော့ အနားယူနေကြပြီး လော့ယန်၊ လုချန်နှင့် ရှားရှားတို့မှာမူ မကြာသေးမီက ရေအောက်သုံး ယန္တရားကိရိယာတစ်ခုကို ဗိုင်အိုလာ၏ ပုံကြမ်းများဖြင့် သုတေသနလုပ်နေကြသည်။ နောက်ဆုံးတွင် လင်းရှန်က ၎င်းကို ထုတ်လုပ်ပေးရမည် ဖြစ်သည်။
ကျန်ရှိသော ချီလီနှင့် မိုနီကာတို့မှာ ၎င်းတို့၏ အခန်းထဲတွင် ရှိနေကြပြီး တစ်ခုခုဆိုလျှင် ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် လင်းရှန်က သူတို့ကို အချိန်မရွေးခေါ်နိုင်သည်။
“ကောင်းပြီ၊ ထွက်ဖို့ ပြင်ကြစို့။ ငါတို့ အရင်ဆုံး တာ့ကူ ရေနက်ပိုင်းဆိပ်ကမ်းကို သွားမယ်။ ဒီညတော့ ပင်လယ်ကျောက်ဆောင်ကျွန်းမှာ ဆိုက်ကပ်နိုင်ရမယ်” လင်းရှန်က မောင်းနှင်ခန်းသို့ ရောက်လာပြီး ချန်ဆီရွှမ်နှင့်အတူ အနန္တရထားကို စက်နှိုးလိုက်သည်။
ဝူး
မြည်ဟည်းသံနှင့်အတူ အနန္တရထား၏ အောက်ခြေရှိ သံလိုက်ဆွဲငင်အားကြွတက်ခြင်းစနစ် စတင်လည်ပတ်လာပြီး ရထားတစ်စင်းလုံး လေထဲသို့ ဖြည်းဖြည်းချင်း မြင့်တက်လာကာ ရှေ့သို့ ခရီးဆက်လိုက်သည်။
“ယေးးး”
ကီကီ၏ ပျော်ရွှင်သံက ဆက်သွယ်ရေးကိရိယာမှ ထွက်ပေါ်လာသည်။
“ကမ္ဘာပျက်ကပ်ပြီးတဲ့နောက်မှာ ကျွန်းအများစုက လူကြိုက်များတဲ့ ခိုလှုံနေရာတွေ ဖြစ်လာခဲ့တယ်။ ပင်လယ်ကျောက်ဆောင်ကျွန်းရဲ့ ကမ်းခြေက အရမ်းလှတာပဲ။ ဘယ်မွန်းစတားနဲ့မှ မတွေ့ပါစေနဲ့လို့ ဆုတောင်းရမှာပဲ”
“ဘာလို့လဲ၊၊ ကမ္ဘာပျက်နေတဲ့ အချိန်မှာတောင် ကမ်းခြေမှာ နေပူဆာလှုံချင်သေးတာလား”
ချန်ဆီရွှမ်က ရယ်မောလျက် ပြန်ပြောသည်။
ထိုအချိန်တွင် လုရှင်းချန်၏ အသံ ထွက်ပေါ်လာသည်။ “ဒါက တကယ်ကောင်းတဲ့ အကြံပဲ၊၊ ငါ သဘောတူတယ်”
ချန်ဆီရွှမ်က လင်းရှန်ကို ကြည့်ရင်း ပြုံးလိုက်ရာ လင်းရှန်ကလည်း ပြုံးကာ အသက်ပြင်းပြင်းတစ်ချက်ရှူကာ
“သွားကြစို့၊၊ ငါတို့ သမုဒ္ဒရာကို ဖြတ်ကျော်ကြမယ်”
အနန္တရထားသည် တဖြည်းဖြည်း အရှိန်မြှင့်လာပြီး ဆိပ်ကမ်းလမ်းမှတစ်ဆင့် ပတ်လမ်းကြောင်းမကြီးထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။ လိုက်ကာ အားလုံးကို ဖွင့်ချလိုက်ပြီးနောက် အရှေ့ဘက်ရှိ သမုဒ္ဒရာပိုင်းသို့ ဦးတည်သွားသည်။ လမ်းတွင်ရှိသော ဖုတ်ကောင်များစွာမှာ ဘေးသို့ လွင့်စင်သွားကြ၏။ ဤကြီးမားလှသော အနက်ရောင် ရထားကြီးသည် ခေတ္တမျှ မှောင်မည်းနေသော လိုဏ်ခေါင်းကို ဖြတ်ကျော်ပြီးနောက် ထွက်ပေါက်ကြီးမှတစ်ဆင့် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။
ဝေါ
ချက်ချင်းပင် ပင်လယ်လေများ တိုးဝှေ့လာပြီး ပြတင်းပေါက်အပြင်ဘက်တွင် အပြာရောင်များ လွှမ်းမိုးသွားသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် လူလုပ်ပင်လယ်လမ်းမကြီး တစ်ခုသာ ကျန်ရှိတော့ပြီး အဆုံးမဲ့ကျယ်ပြောလှသော မြင်ကွင်းက လူတိုင်း၏ စိတ်နှလုံးကို ထိမှန်သွားစေသည်။
ရှားရှား၊ ကီကီ၊ ရှောင်ယွမ်နှင့် ကျန်လူအားလုံး၊ တင်းကျန်းရီပင်လျှင် သူမ၏ အလုပ်များကို ခေတ္တရပ်နားကာ အပြင်ဘက်မှ ပြာလွင်နေသော ကောင်းကင်ကို ကြည့်နေမိကြသည်။
တွဲ ၉ တွင် မိုနီကာသည် လှပသော ဂါဝန်ရှည်နှင့် နေကာမျက်မှန်ကို ဝတ်ဆင်ထားပြီး ပြတင်းပေါက်တွင် မှီလျက် အဆုံးမဲ့ ပင်လယ်ပြင်ကြီးကို ကြည့်ကာ ပြုံးလိုက်မိသည်။
ချီလီသည်လည်း နိုးလာပြီဖြစ်ပြီး ပြတင်းပေါက်ကို ဖွင့်ကာ အပြင်ဘက်ကို ကြည့်ရင်း အဓိပ္ပာယ်အပြည့်ပါသော အပြုံးဖြင့် ပြောလိုက်သည်။
“ဂြိုဟ်သားယဉ်ကျေးမှုပဲဖြစ်ဖြစ်… ကမ္ဘာပျက်ကပ်ပဲဖြစ်ဖြစ် ဒါတွေက အရေးမကြီးပါဘူး။ ဒီဂြိုဟ်ကြီး မပျက်စီးသေးခင်မှာ ငါတို့ အသက်ရှင်နေတုန်း ကောင်းကောင်းကြည့်ထားသင့်တာပေါ့”
ထိန်းချုပ်ခန်းထဲတွင် လင်းရှန်နှင့် ချန်ဆီရွှမ်တို့သည် ပြတင်းပေါက်အပြင်ဘက်မှ ကျယ်ပြောလှသော မြင်ကွင်းကို ကြည့်ရင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။
“ဆရာမချန်”
လင်းရှန်သည် ချန်ဆီရွှမ်က အနည်းငယ် တင်းမာနေသည်ကို သတိပြုမိသဖြင့် သူမ၏လက်ကို လှမ်းကိုင်လိုက်သည်။
“ကြောက်နေလား”
ချန်ဆီရွှမ်က ခေါင်းခါပြသည်။
“အရင်ကတော့ ကြောက်ခဲ့တယ်၊၊ အခုတော့ သိပ်မကြောက်တော့ဘူး”
“ဘာလို့လဲ”
သူမက သူ့ကို သေချာကြည့်ပြီး ပြောလိုက်သည်။
“ကျွန်မရဲ့ စွမ်းအားဝတ်စုံက ကောင်းကင်ကို ပျံနိုင်သလို ရေအောက်ကိုလည်း ငုပ်နိုင်တယ်။ အနန္တရထားမှာလည်း ရေနက်ပိုင်းသွား စနစ်ပါသလို ကောင်းကင်အမိုးခုံးရထားကလည်း တိမ်တွေပေါ်အထိ တက်နိုင်တယ်။ ပြီးတော့... ရှင်ရှိနေတာပဲလေ၊၊ ဒါကြောင့် သိပ်မကြောက်တော့တာ”
“ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်တာက ပထမခြေလှမ်းပဲ ရှိသေးတာပါ”
လင်းရှန်က ပြုံးလိုက်ပြီး ကျယ်ပြောလှသော သမုဒ္ဒရာကြီးကို ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။
“နောင်အနာဂတ်မှာ ငါတို့တွေ ကြယ်စင်တန်းတွေနဲ့ ပင်လယ်ပြင်ဆီကို အတူတူခရီးဆက်ကြရဦးမှာပဲ”