← Chapters

အခန်း (၇၈၅-၇၈၆)

Vol. 79 Ch. 785-786

အခန်း (၇၈၅-၇၈၆)

Vol. 79 Ch. 785-786

အခန်း (၇၈၅) ပြောင်းလဲသွားသော အစီအစဉ်

“သူက လူတစ်ယောက်တည်း ခေါ်လာတယ် ဟုတ်လား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူ ရူးသွားတာလား။ ဒီကို လူတစ်ယောက်တည်းနဲ့ လာပြီးတော့ သူ ပြန်သွားနိုင်မယ်လို့ ထင်နေတာလား” နဂါးအဖွဲ့ဝင်တစ်ဦးက မျက်မှောင်ကြုတ်ရင်း ဆို၏။

​“သူ ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဖောက်ပြန်နေတာ ဖြစ်မှာပါ။ ဘယ်သူ့ကို အဖော်ခေါ်ပြီး အသေခံမလို့လဲဆိုတာ သွားကြည့်ကြတာပေါ့” နောက်ထပ် အဖွဲ့ဝင်တစ်ဦးက ရယ်မောရင်း ပြန်ပြောလိုက်သည်။

​ဝူသျှင်းကတော့ ထိုစကားဝိုင်းအတွင်း တစ်ခွန်းမျှ ဝင်မပြောဘဲ တစ်စုံတစ်ခုကို စဉ်းစားနေပုံရ၏။ သူသည် အခြားအဖွဲ့ဝင်များနှင့်အတူ တဲအပြင်သို့ ထွက်လာခဲ့သည်။ အဝေးကို လှမ်းကြည့်လိုက်သောအခါ ဝိညာဉ်လင်းယုန်များကို စီးနင်းကာ လာနေသော ဗာမီလီယံနှင့် လုံချန်းတို့ကို မြင်လိုက်ရ၏။

​အခြားသူများက ဗာမီလီယံကိုသာ အာရုံစိုက်နေကြသော်လည်း ဝူသျှင်းကတော့ အခြားလင်းယုန်တစ်ကောင်ပေါ်က လူငယ်လေးကိုသာ စိုက်ကြည့်နေမိသည်။

​‘ဒီလူငယ်လေး... ဘာလို့ ငါ့ကို လုံချန်းလိုမျိုး ခံစားချက်မျိုး ပေးနေတာလဲ။ ရုပ်ချင်းလည်း မတူဘူး၊ အဝတ်အစားလည်း မတူဘူး၊ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကတော့ ထပ်တူကျနေသလိုပဲ။ အသက်ငယ်ပေမဲ့ လုံချန်းတုန်းကလိုပဲ ယုံကြည်ချက် အပြည့်ရှိနေတယ်။ ငါ မှားနေတာလား...’ ဝူသျှင်းက မျက်မှောင်ကြုတ်ရင်း တွေးနေမိသည်။

​“ဟား... အရင်တစ်ခါ ကျွန်တော်တို့ နန်းတွင်းဆရာကြီးကို သတ်ဖို့ ဆူနိုင်းနိုင်ငံကို သွားတုန်းက အဲဒီကောင်တွေက ကျွန်တော်တို့ကို သတ်ဖို့ အဖွဲ့ဝင်အားလုံးကို ခေါ်လာခဲ့တာလေ။ အခုက လက်စားချေဖို့ အကောင်းဆုံး အချိန်ပဲ။ သူတို့ ဘယ်လို ခံစားရမလဲဆိုတာ ပြပေးရအောင်။ အားလုံး သွားပြီး သူတို့ကို မြန်မြန် သတ်လိုက်ကြမလား” အဖွဲ့ဝင်များက ဝူသျှင်းကို မေးကြ၏။

​“အားလုံး သွားဖို့ မလိုပါဘူး။ ဒါဟာ ငါတို့ကို အာရုံလွှဲတဲ့ နည်းစနစ်တစ်ခုလည်း ဖြစ်နိုင်တယ်။ မင်းတို့ရဲ့ တစ်ဝက်က ဒီမှာပဲ နေခဲ့ပါ။ ကျန်တဲ့ တစ်ဝက်ပဲ သူတို့ကို သတ်ဖို့ သွားမယ်” ဝူသျှင်းက ဆုံးဖြတ်လိုက်၏။ သူသည် အားလုံးကို ခေါ်သွားပြီး စခန်းအား အလွတ်မပေးလိုချေ။

​“ဝူသျှင်း ငါ မင်းနဲ့ မင်းရဲ့ နဂါးအဖွဲ့ဝင် အားလုံးကို သတ်ဖို့ ရောက်လာပြီ။ သတ္တိရှိရင် ထွက်လာခဲ့ကြစမ်း။ မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်လျက် ပြန်ရမှာ မဟုတ်ဘူး” ဗာမီလီယံက လင်းယုန်ပေါ်မှ ခုန်ဆင်းရင်း ဟိန်းဟောက်လိုက်၏။

​လုံချန်းကတော့ ခုန်မဆင်းဘဲ လင်းယုန်ကို မြေပြင်ပေါ် ဆင်းသက်စေပြီးမှ အေးအေးဆေးဆေး ဆင်းလာခဲ့သည်။

​“အဲဒီကောင်က တော်တော်လေးကို သတ္တိရှိလှပါလား။ အားလုံး သွားကြည့်ကြရအောင်။ သူ့ရဲ့ အကြောက်အလန့်မရှိတဲ့ မျက်နှာဖုံးကို ကျွန်တော်တို့ ဘယ်လို ခွာချမလဲဆိုတာ ကြည့်ရသေးတာပေါ့” အဖွဲ့ဝင်တစ်ဦးက ဝူသျှင်းကို တိုက်တွန်းပြန်သည်။

​“မရဘူး။ သူက လူတိုင်းကို အခုလို စိန်ခေါ်နေတာက တော်တော်လေး သံသယဖြစ်စရာ ကောင်းတယ်။ ငါ့မှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရှိနေတယ်။ တခြားလူတွေ ဒီမှာပဲ နေခဲ့တာ ပိုကောင်းမယ်။ ငါတို့ တိုက်နေတုန်းမှာ ငါတို့စခန်းကို အလစ်ဝင်တိုက်တာမျိုး မခံချင်ဘူး” ဝူသျှင်းက ခေါင်းခါရင်း ငြင်းဆန်လိုက်၏။

​“ခင်ဗျားက အပိုတွေ စိုးရိမ်နေတာပါ။ အဲဒါကပဲ သူတို့ အလိုရှိတဲ့ အရာ ဖြစ်နေရင်ကော။ ကျွန်တော်တို့ကို သံသယဝင်အောင် လုပ်ပြီး အင်အားအပြည့် မသုံးနိုင်အောင် တားနေတာ ဖြစ်နိုင်တာပဲလေ” နဂါးအဖွဲ့ဝင်က ဇွတ်တရိုး ပြောနေပြန်သည်။

​“နဂါးအဖွဲ့က ငကြောက်တွေ။ ဘာဖြစ်နေတာလဲ။ အကုန်လုံး ကြောက်နေကြတာလား။ ဟားဟားဟား... မင်းတို့က ကလေးတွေပဲကွ။ မင်းတို့ အိမ်က မိန်းမတွေတောင် မင်းတို့ထက် ပိုသတ္တိရှိဦးမယ် ထင်တယ်”

​ဝူသျှင်းနှင့် အခြားအဖွဲ့ဝင်များ ဆွေးနွေးနေစဉ်မှာပင် ဗာမီလီယံက ဆက်တိုက် လှောင်ပြောင်နေ၏။ ပုံမှန်အားဖြင့် ဗာမီလီယံက ဤသို့သော အောက်တန်းကျသော စကားများကို ပြောလေ့မရှိသော်လည်း လုံချန်းက အထူးမှာကြားထားသဖြင့်သာ သူ ပြောနေခြင်း ဖြစ်သည်။

​“ထွက်လာခဲ့စမ်းပါကွ။ မင်းတို့ရဲ့ ဂူထဲမှာ ပုန်းမနေနဲ့။ ယောက်ျားပီပီ ရင်ဆိုင်စမ်း။ ဒီနေ့ ဒီစစ်ပွဲကို ငါ အပြီးသတ်မယ်။ ဒါဟာ မင်းတို့အတွက် ဒီကမ္ဘာပေါ်မှာ နောက်ဆုံးနေ့ပဲ။ မင်းတို့ သေသွားရင် ဆူနိုင်းနိုင်ငံဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူး” ဗာမီလီယံက အသံကုန် ဟစ်အော်နေ၏။

​“သွားကြမယ်။ မင်းတို့ ဘာပြောပြော ငါ နားမထောင်တော့ဘူး။ ငါတို့ရဲ့ တစ်ဝက်ပဲ သွားမယ်။ ဒါတင်ပဲ။ ငါကိုယ်တိုင် ဗာမီလီယံကို သတ်မှာဆိုတော့ ငါတို့ တစ်ဝက်ဆိုတာ လူနှစ်ယောက်အတွက် ပိုတောင် ပိုသေးတယ်။ ကျန်တဲ့လူတွေကတော့ ဟိုကလေးကိုပဲ ကိုင်တွယ်လိုက်ကြ” ဝူသျှင်းက ဆိုကာ ဗာမီလီယံထံသို့ ပျံသန်းသွားတော့သည်။

​“ကောင်းပြီလေ” အခြားအဖွဲ့ဝင်များလည်း သူ့နောက်က လိုက်ပါသွားကြ၏။

​“နောက်ဆုံးတော့ မင်း သေတွင်းဆီကို ရောက်လာပြီပေါ့။ ဒီလိုလုပ်ပြတာက သတ္တိရှိတယ်လို့ ထင်နေတာလား။ ငါ့အမြင်မှာတော့ မင်းက တကယ့်ကို မိုက်မဲတဲ့လူပဲ။ မင်းက နတ်ဆိုးလိုမျိုး အစွမ်းထက်တဲ့ စစ်သည်တော်လည်း မဟုတ်ဘူး၊ ခေါင်းဆောင်ကောင်းလည်း မဟုတ်ဘူး။ အခုတော့ မင်းက ဘယ်သူနဲ့မှတောင် နှိုင်းယှဉ်လို့ မရလောက်အောင်ကို အရူးဖြစ်နေပြီ” ဝူသျှင်းက ဗာမီလီယံအနားသို့ ရောက်သောအခါ လှောင်ပြောင်လိုက်၏။

​“ဒါဟာ ငါ့ကို မင်း နောက်ဆုံးအကြိမ် လှောင်ပြောင်တာ ဖြစ်စေရမယ်။ ဒီနေ့ပြီးရင် မင်း အသက်ရှင်မှာ မဟုတ်တော့ဘူး” ဗာမီလီယံက ဟိန်းဟောက်လိုက်ရာ သူ၏ အနောက်တွင် မီးလျှံများဖြင့် ဖုံးလွှမ်းနေသော ဗာမီလီယံငှက်ကြီး၏ အရိပ်တစ်ခု ပေါ်ထွက်လာ၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဝူသျှင်းထံသို့ ပျံဝင်သွားတော့သည်။

​“ဒါပဲလား။ ကြည့်ကြသေးတာပေါ့” ဝူသျှင်းက ရယ်မောရင်း ဗာမီလီယံထံ ပျံတက်သွား၏။ သို့သော် သူသည် သူ၏ လေဝိညာဉ်ကို ထုတ်မသုံးသေးချေ။ သူသည် ပုံမှန်အစွမ်းဖြင့် မဖြေရှင်းနိုင်မှသာ ၎င်းကို သုံးလေ့ရှိ၏။

​ဝူသျှင်း၏ လက်သီးပတ်လည်တွင် ထူထပ်သော လေထုအလွှာတစ်ခု ဖုံးလွှမ်းသွားပြီး ဒိုင်းတစ်ခုကဲ့သို့ ကာကွယ်ပေးထား၏။ လက်သီးနှစ်လုံး ထိပ်တိုက်တွေ့တော့မည့် ဆဲဆဲမှာပင် ဗာမီလီယံက ရုတ်တရက် ပြုံးလိုက်သည်။

​ဝူသျှင်းမှာ ထူးဆန်းသလို ခံစားလိုက်ရသော်လည်း ရပ်တန့်ရန် နောက်ကျသွားပြီ ဖြစ်သည်။ လက်သီးချင်း မထိမီမှာပင် ဗာမီလီယံက သူ၏ လက်သီးကို ဖြန့်လိုက်ပြီး ဝူသျှင်း၏ လက်သီးအား ရှောင်တိမ်းလိုက်၏။ သူ၏ ရည်ရွယ်ချက်မှာ ထိပ်တိုက်တွေ့ရန် မဟုတ်ဘဲ ဝူသျှင်းကို အခြားအဖွဲ့ဝင်များနှင့် ဝေးရာသို့ ဆွဲထုတ်သွားရန်သာ ဖြစ်သည်။

​ဝူသျှင်း၏ လက်သီးကို ရှောင်လိုက်ပြီးနောက် ဗာမီလီယံက ဝူသျှင်း၏ လက်ကောက်ဝတ်အား ဖမ်းဆွဲလိုက်၏။ ရှောင်တိမ်းရန် အခွင့်အရေး မပေးဘဲ သူ၏ ကိုယ်ကို လွှဲကာ ဝူသျှင်းကို အဝေးသို့ ပစ်ပေါက်လိုက်တော့သည်။

​ဝူသျှင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျတော့မည့် ဆဲဆဲမှာပင် လေ၏ အကူအညီဖြင့် သူ၏ ကိုယ်ကို ပြန်လည် ထိန်းညှိလိုက်၏။ သူသည် မတ်တပ်ရပ်ရင်း ဗာမီလီယံကို စိုက်ကြည့်လိုက်သည်။

​“တကယ့်ကို ထင်မှတ်မထားတာပဲ။ ငါ ပြောတာတွေကို ကြားရင် မင်း ငါ့ကို ဒေါသတကြီး တိုက်ခိုက်လိမ့်မယ်လို့ ထင်ထားတာ။ မင်း ဒေါသကို ထိန်းနေတာလား၊ ဒါမှမဟုတ် ဟိုကလေးနဲ့ ငါ့ကို ဝေးအောင် လုပ်နေတာလား။ ဟားဟားဟား... အခုတော့ ငါ သေချာသွားပြီ။ မင်းတို့ တစ်ခုခု ကြံစည်ထားတာပဲ” ဝူသျှင်းက ဗာမီလီယံ သူ့ထံ ပျံလာသည်ကို မြင်သောအခါ ကျယ်လောင်စွာ ရယ်မောလိုက်၏။

​“အစီအစဉ် ပြောင်းမယ်။ မင်းတို့ ဗာမီလီယံကို ရင်ဆိုင်လိုက်ကြ။ ငါ ဟိုကလေးကို သတ်နေတဲ့အချိန်မှာ သူ့ကို အချိန်ဆွဲထားပေး” ဝူသျှင်းက လုံချန်းကို တိုက်ခိုက်ရန် ပြင်နေသော သူ၏ လူများအား အမိန့်ပေးလိုက်သည်။

​ထိုလူများသည်လည်း ဝူသျှင်း၏ တားဆီးမှုကို စိတ်မဆိုးသည့်အပြင် ပျင်းစရာကောင်းသော ကလေးတစ်ယောက်ထက် ပိုမိုအစွမ်းထက်သော ရန်သူနှင့် တိုက်ရမည်ဖြစ်သဖြင့် စိတ်လှုပ်ရှားနေကြ၏။ သူတို့သည် ဝူသျှင်းဆီသို့ ပျံလာသော ဗာမီလီယံထံသို့ တစ်ပြိုင်နက် ဦးတည်သွားကြတော့သည်။

​ဝူသျှင်းကမူ လုံချန်းထံသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွား၏။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် လိုက်လံ တိုက်ခိုက်နေကြပြီး လုံချန်းတစ်ယောက်သာ မည်သို့မျှ မလုပ်ဘဲ ငြိမ်သက်စွာ ရပ်နေ၏။

​လုံချန်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း အေးအေးဆေးဆေးပင် ရပ်နေဆဲ ဖြစ်သည်။

​‘သူ ဘာလို့ ဟိုလူတွေကို မတိုက်တာလဲ။ သူ ဘာလုပ်နေတာလဲ။ ငါ ဝူသျှင်းကို အချိန်ဆွဲထားပေးတဲ့ အချိန်မှာ သူက တခြားအဖွဲ့ဝင်တွေကို ရှင်းရမှာ မဟုတ်လား။ အခုကတော့ အကုန်လုံး ပြောင်းပြန်ကြီး ဖြစ်နေပြီ’ ဗာမီလီယံက မျက်မှောင်ကြုတ်ရင်း တွေးနေမိသည်။

​“သေစမ်း... ကောင်လေး” ဝူသျှင်းသည် လုံချန်းထံသို့ ရောက်ရှိလာပြီး လုံချန်း၏ မျက်နှာသို့ လက်သီးဖြင့် အရှိန်အဟုန်ပြင်းစွာ ထိုးလိုက်တော့၏။

​“ငါ နောက်ကျသွားပြီ” ဗာမီလီယံက စိုးရိမ်တကြီး အော်ဟစ်လိုက်မိသည်။ ဝူသျှင်း လုံချန်းဆီ မရောက်ခင် သူ တားဆီးရန်မှာ မဖြစ်နိုင်တော့ချေ။

​ဗာမီလီယံ၏ မျက်စိထဲတွင် လုံချန်းမှာ သေပြီးသား လူတစ်ယောက် ဖြစ်နေပေပြီ။ ထိုလက်သီးချက်သာ ထိမှန်သွားလျှင် လုံချန်း အသက်ရှင်ရန် နည်းလမ်းမရှိပေ။

​လက်သီးမှာ လုံချန်း၏ မျက်နှာသို့ ဦးတည်လာခဲ့သော်လည်း မျက်နှာနှင့် လက်မအနည်းငယ်အကွာမှာပင် ရုတ်တရက် ရပ်တန့်သွားတော့၏။

​ဗာမီလီယံမှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသလို ဗာမီလီယံနောက်သို့ လိုက်နေသော နဂါးအဖွဲ့ဝင်များမှာလည်း မှင်တက်သွားကြတော့သည်။ ဝူသျှင်း၏ လက်သီးမှာ လုံချန်း၏ မျက်နှာရှေ့ လက်မအနည်းငယ် အကွာမှာတင် ရပ်သွားခြင်းဖြစ်ပြီး ၎င်းမှာ ဝူသျှင်းကိုယ်တိုင် တမင်သက်သက် ရပ်လိုက်ပုံမျိုး မဟုတ်ဘဲ တစ်စုံတစ်ခုက တားဆီးထားသကဲ့သို့ ဖြစ်နေတော့သည်။

အခန်း (၇၈၆) သစ္စာဖောက်ရန် ပြင်ဆင်ခြင်း

ဝူသျှင်းကိုယ်တိုင်လည်း အံ့ဩတုန်လှုပ်သွားပုံရ၏။

​“ရန်သူကို အထင်မသေးသင့်ဘူး ဆရာကြီးဝူ... ခင်ဗျားရဲ့ စစ်ဝိညာဉ်ကို ထုတ်မသုံးတာက တစ်ခုခု မလုပ်နိုင်ခင်မှာတင် ခင်ဗျားကို အသက်ပျောက်သွားစေနိုင်တယ်” လုံချန်းက ဝူသျှင်း၏ မျက်လုံးများကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ သူ၏ ညာလက်က ဝူသျှင်း၏ လက်သီးကို တစ်လက်မမျှပင် မရွေ့နိုင်အောင် မြဲမြံစွာ ဖမ်းဆုပ်ထား၏။

​ထို့နောက် လုံချန်းသည် သူ၏ ဘယ်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဝူသျှင်း၏ ညာဘက်ပါးကို အရှိန်အဟုန်ဖြင့် ထိုးနှက်လိုက်ရာ ဝူသျှင်းမှာ အဝေးသို့ လွင့်စင်သွားတော့သည်။

​‘ခင်ဗျား ကျွန်တော့်ကို အများကြီး ကူညီခဲ့ဖူးပေမဲ့... ဒါကတော့ ကျွန်တော် လျှောက်ရမယ့် လမ်းပဲ’ လုံချန်းသည် စိတ်ထဲမှ ရေရွတ်လိုက်ရင်း ဝူသျှင်းနောက်သို့ လျင်မြန်စွာ လိုက်ပါသွား၏။

​သူသည် နေရာပြောင်းခြင်းကို သုံးလိုက်လျှင် ဝူသျှင်း၏ နောက်သို့ ချက်ချင်းရောက်ရှိသွားပြီး တိုက်ပွဲမှာ ပိုမိုလွယ်ကူသွားမည် ဖြစ်သော်လည်း သူ ထိုသို့ မလုပ်ခဲ့ချေ။ အကယ်၍ သူသာ နေရာပြောင်းခြင်းကို သုံးလိုက်ပါက သူသည် မြို့တော်မှာ စစ်ပွဲစတင်အောင် ဖန်တီးခဲ့သည့် လုံချန်း ဖြစ်ကြောင်း နဂါးအဖွဲ့က ရိပ်မိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

​နေရာပြောင်း အစွမ်းကို ရရှိပြီးကတည်းက သူသည် ယခင် လှုပ်ရှားမှု နည်းစနစ်များကို မသုံးတော့သလောက် ဖြစ်နေသော်လည်း ယခုလို အခြေအနေမျိုးတွင်မူ ထိုအစွမ်းဟောင်းများအား ပြန်ထုတ်သုံးရန် လိုအပ်လာပေပြီ။

​သူသည် ယခင် အမြန်နှုန်းဖြင့် ဝူသျှင်းအနားသို့ ရောက်ရှိသွား၏။ ဝူသျှင်းသည် ယခင်အတိုင်းပင် ကိုယ်ကို ပြန်လည် ထိန်းညှိနိုင်ခဲ့သော်လည်း လုံချန်းရှိရာသို့ လှည့်ကြည့်လိုက်သည်နှင့် နောက်ထပ် လက်သီးချက်တစ်ချက်က သူ့မျက်နှာတည့်တည့်သို့ ရောက်ရှိလာပြန်သည်။ ထိုဒဏ်ချက်ကြောင့် ဝူသျှင်းမှာ အဝေးသို့ ထပ်မံ လွင့်စင်သွားရပြန်၏။

​“အစီအစဉ်သစ်၊ ဝူသျှင်းကို ကျွန်တော် ကိုင်တွယ်မယ်။ ခင်ဗျားက ကျွန်တော် လုပ်ရမယ့် အလုပ်တွေကို သွားလုပ်တော့” လုံချန်းက ဗာမီလီယံကို လှမ်းအော်လိုက်သည်။ ဗာမီလီယံမှာမူ လုံချန်းတစ်ယောက် ဝူသျှင်းကို အနိုင်တိုက်နေသည့် မြင်ကွင်းအား ကြည့်ရင်း မှင်တက်နေမိဆဲ ဖြစ်သည်။

​“ရုပ်သေးရုပ်လို ရပ်မနေနဲ့။ ကျွန်တော် ခိုင်းတဲ့အတိုင်း လုပ်စမ်း” လုံချန်းက ဗာမီလီယံ လှုပ်ရှားမှု မရှိသည်ကို မြင်သောအခါ ဒေါသတကြီး ဟောက်လိုက်၏။

​ဗာမီလီယံသည် လုံချန်း၏ ငေါက်ငမ်းမှုကို ခံလိုက်ရမှ သတိပြန်ဝင်လာတော့သည်။ သူသည် ချက်ချင်းပင် လှည့်ထွက်သွားကာ ကျန်ရှိနေသော နဂါးအဖွဲ့ဝင်များထံသို့ ပြေးဝင်သွား၏။ သူ၏ လက်နှစ်ဖက်လုံးတွင်လည်း သူ့ကို အန္တရာယ်မပြုသော မီးလျှံများ တောက်လောင်နေပေပြီ။

​လုံချန်းက ဗာမီလီယံနှင့် စကားပြောရန် ခဏရပ်လိုက်သည့် အခိုက်အတန့်တွင် ဝူသျှင်းက အသက်ကို ခက်ခက်ခဲခဲ ရှူရင်း မေးလိုက်၏။ “မင်း... မင်းက ဘယ်သူလဲ”

​“ကျွန်တော်က အက်ရှာနိုင်ငံရဲ့ ဘုရင်ပဲ။ အရှုံးပေးပြီး ကျွန်တော့်ဆီကို ဝင်ခဲ့စမ်း။ ခင်ဗျားလို ဝိညာဉ်စစ်သည်တော်ကောင်း တစ်ယောက်ကို ကျွန်တော် မဆုံးရှုံးချင်ဘူး။ ခင်ဗျား ကျွန်တော့်အပေါ် သစ္စာရှိဖို့ ကျိန်ဆိုမယ်ဆိုရင် ခင်ဗျားကို အသက်ချမ်းသာပေးမယ်” လုံချန်းက ပြန်ဖြေလိုက်၏။ ဝူသျှင်းကမူ ထိုကဲ့သို့ အဖြေမျိုးကို မျှော်လင့်မထားခဲ့ချေ။

​လုံချန်းသည် ဖီးနစ်အဖွဲ့က စစ်ပွဲအတွက် လျှို့ဝှက် မွေးမြူထားသည့် စစ်သည်တော်တစ်ဦး ဖြစ်လိမ့်မည်ဟု ဝူသျှင်း ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူက ဘုရင်ဖြစ်နေသည်ဆိုသော အချက်မှာ ဝူသျှင်းအတွက် လုံးဝ မမျှော်လင့်ထားသည့် အရာပင်။

​“ဘုရင်ဟောင်းကော” ဝူသျှင်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။ ဘုရင်သစ် နန်းတက်သည့် သတင်းကို သူ အဘယ်ကြောင့် မကြားရသနည်း။ ထိုသည်က မကြာသေးမီကမှ ဖြစ်ပျက်ခဲ့သည့် အရာ ဖြစ်ရမည်ဟု သူ တွေးနေမိသည်။

​“ခင်ဗျားရဲ့ ဆုံးဖြတ်ချက်က ဘာလဲ။ ကျွန်တော့်ဆီ ဝင်မလား။ နိုင်ငံနှစ်နိုင်ငံကို ပေါင်းစည်းဖို့ ကျွန်တော့်ကို ကူညီပါ၊ အဲဒီအခါကျရင် စစ်ပွဲတွေ ရှိတော့မှာ မဟုတ်ဘူး။ ခင်ဗျားနဲ့ ခင်ဗျားရဲ့ မိသားစုလည်း ပျော်ပျော်ရွှင်ရွှင် နေနိုင်လိမ့်မယ်။ နိုင်ငံနှစ်နိုင်ငံ ပေါင်းစည်းပြီး ပေါ်ထွက်လာမယ့် နိုင်ငံသစ်မှာ ခင်ဗျားကို ရာထူးကြီးကြီး ပေးမယ်” လုံချန်းက ထိုသူကို ဖျောင်းဖျပြောဆိုလိုက်သည်။

​“ငါ့နိုင်ငံကို သစ္စာဖောက်ဖို့ မင်းက တောင်းဆိုနေတာလား။ မင်း ငါ့ရဲ့ သစ္စာတရားကို အရမ်း အထင်သေးနေပါလား ကောင်လေး။ စစ်သည်တော်အစစ်ဆိုတာ ဘယ်တော့မှ ကိုယ့်နိုင်ငံကို သစ္စာမဖောက်ဘူး” ဝူသျှင်းက နှာခေါင်းရှုံ့ရင်း ပြန်ပြောလိုက်၏။

​“ပြီးတော့ မင်းက အနိုင်ရသွားပြီလို့ ထင်နေတာလား။ ငါတို့ ခုမှ စရသေးတာကွ ကောင်လေး။ မင်း အစွမ်းထက်တာ မှန်ပေမဲ့ အရာအားလုံးကိုတော့ မမြင်ရသေးဘူး” သူက ဆိုရင်း လက်သီးကို ဆုပ်လိုက်သည်။

​ငှက်တစ်ကောင်နှင့် တူသော စစ်ဝိညာဉ်တစ်ခု သူ၏ အနောက်တွင် ပေါ်ထွက်လာပြီး သူ၏ စွမ်းအင်များကို အဆပေါင်းများစွာ တိုးမြင့်စေလိုက်၏။

​“နောက်ဆုံးတော့ ကျွန်တော့် အကြံပေးချက်ကို နားထောင်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့” လုံချန်းက ရယ်မောရင်း ဆိုလိုက်သည်။ “ခင်ဗျား တိုးတက်လာပြီပဲ”

​ဝူသျှင်းသည် လျှပ်စီးအလား လုံချန်းထံသို့ ပျံဝင်သွားပြီး သူ၏ ညာလက်တွင် လေဓား တစ်လက်ကို ဖန်တီးလိုက်သည်။ သူ၏ ဘယ်လက်ဖြင့်မူ လေဖြင့် ပြုလုပ်ထားသော ဓားမြှောင်များကို လုံချန်းထံသို့ ပစ်လွှတ်လိုက်၏။

​လုံချန်းသည်လည်း နေရာပြောင်းခြင်းလောက် နီးပါး မြန်ဆန်သော အမြန်နှုန်းဖြင့် ဘယ်ဘက်သို့ ရှောင်တိမ်းလိုက်သည်။ ဝူသျှင်းက မျက်မြင်မရသော လေဓားကို လွှဲပိုင်းလိုက်သော်လည်း လုံချန်းကမူ လေဓားမြှောင်များအား ရှောင်တိမ်းရန်သာ အာရုံစိုက်နေခဲ့သည်။

​သို့သော် လုံချန်းသည် ထိုမျက်မြင်မရသော ဓားကို မမြင်လိုက်ချေ။ ၎င်းမှာ လုံချန်း၏ ဦးခေါင်းကို လေများ ဖြတ်သန်းသွားသကဲ့သို့ ပိုင်းဖြတ်သွား၏။ သို့သော် ဝူသျှင်းကမူ ဝမ်းမသာနိုင်ခဲ့ချေ။ လုံချန်း၏ ကိုယ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျမသွားဘဲ လေထဲတွင် ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။

​“ဂုဏ်ယူပါတယ်... ခင်ဗျားရဲ့ လေက လေကို အနိုင်ရသွားပြီပဲ” ဝူသျှင်း၏ အနောက်မှ လှောင်ပြောင်သံ တစ်သံ ထွက်ပေါ်လာ၏။ လုံချန်း၏ ကိုယ်မှာ အလင်းယောင် တစ်ခုကဲ့သို့ ပျောက်ကွယ်သွားခြင်းပင်။

​ဝူသျှင်း အနောက်သို့ လှည့်ကြည့်လိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ရေခဲအပြာရောင် ဓားသွားတစ်စင်းက သူ၏ လည်ပင်းဆီသို့ ဦးတည်လာနေပြီး သူ၏ ခေါင်းကို ကိုယ်မှ ပိုင်းဖြတ်ပစ်ရန် ဟိန်းဟောက်နေ၏။

​ဝူသျှင်းသည် အရှုံးပေးလိုက်သည့်အလား မျက်စိကို မှိတ်လိုက်သည်။ သူသည် သေဖို့ အသင့်ပြင်ထားသော်လည်း သူ မျှော်လင့်ထားသည့် သေမင်းမှာ ရောက်မလာခဲ့ချေ။ သူ၏ လည်ပင်းတွင် နာကျင်မှု တစ်စုံတစ်ရာ မခံစားရချေ။

​သူ မျက်စိကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သောအခါ လုံချန်းသည် သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ မီးလျှံရေခဲဓားမှာ သူ၏ လည်ပင်းနှင့် တစ်လက်မအကွာတွင် ရှိနေပေသည်။

​“ခင်ဗျား အခု မသေခဲ့ဘူး။ ဒါကို ဒီနိုင်ငံက ဝူသျှင်းရဲ့ သေဆုံးခြင်းလို့ သတ်မှတ်လိုက်ပါ။ အခု ခင်ဗျားရဲ့ အသက်က ကျွန်တော့်ပိုင်ဆိုင်မှု ဖြစ်သွားပြီ။ ကျွန်တော့်အတွက် အလုပ်လုပ်ပေးပါ။ ကျွန်တော် ခင်ဗျားကို တကယ် မသတ်ချင်ဘူး” လုံချန်းက တိုးညှင်းစွာ ဆိုလိုက်၏။

​“ဘာလို့လဲ။ ငါ့ကို သတ်လိုက်စမ်းပါ။ ငါ မင်းအပေါ် အကြွေးမတင်ချင်ဘူး။ ငါ့အသက်ကို ယူပြီး ငါ့ကို လွတ်လပ်ခွင့် ပေးလိုက်စမ်း။ ငါ ဘယ်တော့မှ ငါ့နိုင်ငံကို သစ္စာမဖောက်နိုင်ဘူး” လုံချန်း အဘယ်ကြောင့် သူ့ကို မသတ်မှန်း ဝူသျှင်း နားမလည်နိုင် ဖြစ်နေ၏။

​“ခင်ဗျားရဲ့ အသက်က အခု ကျွန်တော့် ပိုင်ဆိုင်မှု ဖြစ်သွားပြီ၊ ပြီးတော့ ကျွန်တော်က အက်ရှာနိုင်ငံရဲ့ ဘုရင်ပဲ။ အဲဒါကြောင့် ခင်ဗျားရဲ့ အသက်က အက်ရှာနိုင်ငံအပေါ်မှာ အကြွေးတင်သွားပြီ။ ဘုရင်တစ်ပါးအပေါ် ထားတဲ့ ခဏတာ သစ္စာရှိမှုနောက်မှာပဲ တွယ်ကပ်မနေပါနဲ့။ အဲဒီဘုရင် ပိုင်ဆိုင်ခဲ့တဲ့ စစ်သည်တော်ကတော့ ကျွန်တော့်မျက်စိထဲမှာ သေသွားပြီ။ အခု အသက်ရှင်နေတဲ့လူက ကျွန်တော့်ရဲ့ စစ်သည်တော်ပဲ။ နိုင်ငံနှစ်နိုင်ငံ ပေါင်းစည်းဖို့ ကျွန်တော့်ကို ကူညီစမ်းပါ။ ဒါဟာ သွေးချောင်းစီးစရာတွေ ဖြစ်လာနိုင်ပေမဲ့ ရေရှည်မှာတော့ အားလုံးအတွက် ကောင်းသွားလိမ့်မယ်” လုံချန်းက သက်ပြင်းချရင်း ဆို၏။

​“ခင်ဗျား အနောက်ကို ကြည့်လိုက်စမ်း။ ခင်ဗျား သေသွားရင် ကျန်တဲ့ နဂါးအဖွဲ့ဝင်တွေလည်း သေရလိမ့်မယ်။ ခင်ဗျားတို့နိုင်ငံက အနိုင်မရနိုင်ဘူး။ မကြာခင် ပြိုလဲတော့မှာ။ အဓိက မေးခွန်းကတော့... ခင်ဗျားရဲ့ အားနည်းတဲ့ သားလေးကို အဖေမရှိဘဲ ကြီးပြင်းစေချင်သလား ဆိုတာပဲ။ ခင်ဗျားက ဒီနိုင်ငံရဲ့ အားအကောင်းဆုံး စစ်သည်တော်ပဲလေ။ ခင်ဗျား နိုင်ငံအတွက် အသေခံခဲ့ရင်တောင် ဒီအရှုံးအတွက် အပြစ်တင်မှုတွေက ခင်ဗျားရဲ့ ပခုံးပေါ်ကိုပဲ ရောက်လာမှာ”

​“သူတို့က ခင်ဗျား အားနည်းလို့ ဒီနိုင်ငံကြီး ပြိုလဲခဲ့ရတာလို့ ပြောကြလိမ့်မယ်။ ခင်ဗျားရဲ့ သားလေးဟာလည်း ဒီနိုင်ငံက လူတွေရဲ့ အနှိမ်ခံ၊ အနိုင်ကျင့်ခံ ဘဝနဲ့ နေသွားရလိမ့်မယ်”

​“ကျွန်တော် အဲဒီလိုမျိုး မဖြစ်စေချင်ဘူး၊ ပြီးတော့ ခင်ဗျား အဲဒါကို တားဆီးနိုင်တယ်။ အနာဂတ်ကို ပြောင်းလဲစမ်းပါ။ ဒီနိုင်ငံမှာ လူနည်းနည်း သေဆုံးတာက ခင်ဗျားရဲ့ သားလေးအတွက် ပိုကောင်းတဲ့ ဘဝကို ရလာစေလိမ့်မယ်။ ကိုယ်တိုင် စဉ်းစားကြည့်ပါ။ ကျွန်တော် ခင်ဗျားကို တစ်မိနစ် အချိန်ပေးမယ်” လုံချန်းက လေးနက်သော လေသံဖြင့် ဆိုလိုက်၏။

​ဝူသျှင်းသည် မျက်စိကို မှိတ်ကာ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိသည်။ သူ၏ သားလေး၏ မျက်နှာမှာ သူ၏ မျက်စိရှေ့တွင် ဝဲပျံလာ၏။ သူ၏ သားလေး ယခင်က အနှိမ်ခံခဲ့ရသည်ကို သူ အမှတ်ရနေသည်။ လုံချန်း စကားက မှန်ပေသည်။ ဆူနိုင်းနိုင်ငံက အချို့လူများသည် ဤအရှုံးအတွက် ဒေါသထွက်ကြမည်ဖြစ်ပြီး သူသာ မရှိတော့လျှင် ထိုဒေါသများကို သူ၏ သားလေးအပေါ်တွင် ပုံချကြပေလိမ့်မည်။ သားဖြစ်သူ၏ လုံခြုံရေးအတွက် သူ့တွင် ရွေးချယ်စရာ တစ်ခုသာ ရှိတော့သည်။ ၎င်းမှာ လုံချန်းနှင့် ပူးပေါင်းရန်ပင် ဖြစ်သည်။

​“တစ်မိနစ် ပြည့်သွားပြီ။ ခင်ဗျား ဆုံးဖြတ်ပြီးပြီလား” လုံချန်းက မေးလိုက်၏။

​ဝူသျှင်းသည် မျက်စိကို ဖြည်းဖြည်းချင်း ဖွင့်ကာ လုံချန်းကို ကြည့်လိုက်သည်။

​“မင်းနဲ့ ပူးပေါင်းပြီးရင် ငါ ဘယ်နေရာမှာ နေရမှာလဲ။ ငါ မင်းကို ကူညီပေးပြီးတဲ့နောက် မင်းက ငါ့ကို ပြန်ဖမ်းဆီးမှာမျိုးကြောင့် ငါ့သားလေး ဒုက္ခရောက်မှာကို ငါ မလိုလားဘူး” ဝူသျှင်းက ပြန်လည် မေးမြန်းလိုက်၏။

​“ခင်ဗျား အခု ရှိနေသလိုမျိုးပဲ နဂါးအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ဆက်ရှိနေမှာပါ။ ကျွန်တော့်ရဲ့ အုပ်ချုပ်မှုအောက်မှာ အဖွဲ့အစည်း နှစ်ဖွဲ့လုံး ရှိနေမယ်။ ရန်သူတွေအနေနဲ့ မဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် တိုးတက်အောင် ကူညီပေးမယ့် မိတ်ဆွေပြိုင်ဘက်တွေ အနေနဲ့ပေါ့” လုံချန်းက ပြုံးရင်း ပြန်ဖြေသည်။ “ဖမ်းဆီးမယ့် ကိစ္စကတော့... ကျွန်တော်က ပြောတဲ့အတိုင်း လုပ်တဲ့လူပါ။ ကျွန်တော်ကို ကူညီပါ၊ ဒါဆို ခင်ဗျားကို အခုအတိုင်းပဲ ကျွန်တော် ထားပေးမယ်။ ခင်ဗျားကို ဘာအပြစ်မှ မပေးဘူး” လုံချန်းက လေးနက်စွာ ကတိပေးလိုက်လေသည်။

All Chapters