← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃) ပြိုင်ဘက်ကင်း အခြေခံအုတ်မြစ်၊ ဖန်ကျွင်း ဂိုဏ်းသို့ ပြန်သွားပြီ

ဗွမ်း...။

ရေများ အရပ်မျက်နှာအနှံ့သို့ ပက်ဖြန်းသွားချိန်တွင် တုံးတိတိအသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

၎င်းမှာ ရေမျက်နှာပြင်ကို လက်နှစ်ဖက်ဖြင့် ရိုက်ကာ ငရဲကိုးထပ်စမ်းရေ ထဲမှ ခုန်ထွက်လာသော နင်းဖန် ပင် ဖြစ်လေသည်။

သူ၏ မျက်နှာပေါ်တွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုများ ကျန်ရစ်နေဆဲ ဖြစ်သည်။

တစ်ပတ်နီးပါးခန့် ကျင့်ကြံပြီးနောက် နောက်ဆုံးတွင် သူသည် အေးစက်ရေအရိုးသန့်စင်ခြင်း ၏ လမ်းစဉ်ကို ပြီးပြည့်စုံစွာ ပြီးမြောက်ခဲ့ပြီဖြစ်သည်။

ကောင်းကင်နှင့် မြေကြီးတွင် တွေ့ရှိရသော ထူးဆန်းသောရေ အမျိုးအစား ဆယ့်နှစ်ခုလုံးတွင် သူ စိမ်ခဲ့ပြီး ဖြစ်လေသည်။

သို့သော် ဤသည်မှာ နင်းဖန်၏ အကန့်အသတ်နှင့် အဝေးကြီး လိုအပ်နေသေးသည်။

သူ ဆက်မလုပ်ချင်၍ မဟုတ်ဘဲ ထိုက်ရီအစစ်အမှန်ဂိုဏ်း အတွင်းရှိ ထူးဆန်းသောရေ အားလုံးမှာ ဤနေရာတွင် ရှိနေသောကြောင့် ဖြစ်သည်။ သူ၏ အရိုးများကို သန့်စင်ရန် ထူးဆန်းသောရေ အသစ် မကျန်တော့ပေ။

သို့သော် နင်းဖန်မှာ ကျေနပ်နေပြီဖြစ်သည်။

တစ်ပတ်နီးပါးခန့် အပြည့်အဝ စိမ်ပြီးနောက် သူ၏ အရိုးများ၏ ခွန်အားမှာ ကမ္ဘာကြီးကို တုန်လှုပ် စေလောက်သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီ ဖြစ်သည်။

"နှစ်သောင်းချီ အပြာရောင်ဟင်းလင်းပြင် က အခြေခံအုတ်မြစ် ကို တိုးစေတယ်၊ ရွှမ်မင် အစစ်အမှန် ရေ က တာအိုစည်းချက် ကို တည်ငြိမ်စေတယ်၊ ငရဲကိုးထပ်စမ်းရေ က နတ်ဘုရားအာရုံ ကို ရှင်းလင်း စေတယ်၊ အရိုးစား ငရဲစမ်းရေ က အရိုးတွေကို စုပ်ယူနိုင်တဲ့ လက္ခဏာတစ်ခု ပေးတယ်၊ ကျောက်စိမ်း အသွင်ပြောင်း ဝိညာဉ်ရိုးတွင်းခြင်ဆီ က ချီအပေါ် ဆွဲဆောင်မှုပေးတယ်၊ ဝူရှန်း အားပျော့ရေ က ငါ့ရဲ့ သွေးထုတ်လုပ်မှုနဲ့ ချီ ပြန်လည်ရရှိတဲ့ အမြန်နှုန်းကို သန်မာစေတယ်...။"

နင်းဖန်သည် ထူးဆန်းသောရေ အားလုံး၏ အာနိသင်များကို ပြန်လည်အမှတ်ရလိုက်ပြီး သူ၏ နှလုံး သားမှာ ပိုမို ပျော်ရွှင်လာခဲ့လေသည်။

ယခုအခါ သူ၏ အရိုးများသည် သေမျိုးအရိုး များ၏ အတိုင်းအတာကို လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။လက္ခဏာမျိုးစုံ ပေါင်းထည့်ထားသဖြင့် သူသည် ဘက်စုံသုံး အစွမ်းထက်သူ တစ်ဦးနီးပါး ဖြစ်လာခဲ့ပေသည်။

"ဒါပေမယ့် အရေးအကြီးဆုံးက...၊ ထူးဆန်းသောရေ ဆယ့်နှစ်မျိုးက 'မြစ်ချောင်းအားလုံး ပင်လယ်သို့ စီးဝင်ခြင်း' ဝိသေသကို အောင်မြင်စွာ အသက်သွင်းလိုက်နိုင်တာပဲ၊ အခု ငါ့ရဲ့ အရိုးတွေက နတ်ဘုရား အရိုး အဖြစ် ပြောင်းလဲသွားပြီ...။"

နင်းဖန်သည် သူ၏ လက်ဖမိုးပေါ်ရှိ သိသာထင်ရှားသော လက်ဖမိုးရိုးများကို ဖြည်းညင်းစွာ စမ်းသပ် ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

ရွှေရောင်အဆင့် ပါရမီတစ်ခုကို ရရှိခဲ့ပြီဖြစ်သည်။ မပျက်စီးနိုင်သော နတ်ဘုရားအရိုး ပြီးပြည့်စုံသွား ခဲ့ပြီဖြစ်သည်။

ဤနတ်ဘုရားအရိုးသည် မပျက်စီးနိုင်ဘဲ ထူးဆန်းသောရေ ဆယ့်နှစ်မျိုး၏ လက္ခဏာများကို တစ်ပြိုင် နက် ပိုင်ဆိုင်ထားကာ ဘယ်သောအခါမျှ ပျောက်ကွယ်သွားမည် မဟုတ်ပေ။

တစ်နေ့တွင် နင်းဖန်၏ သက်တမ်း ကုန်ဆုံးသွားပြီး သေဆုံးသွားကာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပုပ်သိုးသွားပြီး ထာဝရအိပ်စက်ခြင်းသို့ ရောက်သွားလျှင်တောင်မှ ဤနတ်ဘုရားအရိုးသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ရှိနေဆဲပင်ဖြစ်လိမ့်မည်။

ကောင်းကင်တာအို ပြိုလဲသွားနိုင်သော်လည်း အရိုးမှာ ပြိုလဲမည်မဟုတ်၊ ကမ္ဘာကြီး ပျက်စီးသွားနိုင် သော်လည်း အရိုးမှာ ကျန်ရှိနေမည် ဖြစ်သည်။

ဤသည်က ဤသေမျိုးကမ္ဘာသို့ နင်းဖန် လာရောက်ခဲ့ခြင်း၏ အကောင်းဆုံး အထောက်အထား ဖြစ်လာ ပေလိမ့်မည်။

"ကျိုချက်မီးတောက် သွေးသစ္စာဆိုခြင်း နဲ့ အေးစက်ရေအရိုးသန့်စင်ခြင်း နှစ်ခုလုံး ပြီးသွားပြီ...။"

"ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းကြောင်းမှာ နောက်ဆုံး အတားအဆီး တစ်ခုပဲ ကျန်တော့တယ်၊ အဲဒါကတော့ ကောင်းကင်မိုးကြိုးဖြင့် ကလီစာငါးခု သွန်းလုပ်ခြင်းနည်းစနစ် ပဲ...။"

"ဒီအတားအဆီးပြီးသွားရင် အမြင့်ဆုံး အခြေခံအုတ်မြစ် အပြည့်အဝ ပုံသွင်းပြီးသွားပြီ၊ ငါ့ရဲ့ ရုပ်ပိုင်း ဆိုင်ရာ ခန္ဓာကိုယ် ခွန်အားက တစ်ဖန် နှစ်ဆတိုးလာလိမ့်မယ်၊ ပြီးတော့ အဲဒီအချိန်ကစပြီး ကျင့်ကြံခြင်း လမ်းကြောင်းက ချောမွေ့တဲ့ ခရီးစဉ်ဖြစ်လာပြီး ကောင်းကင်ရဲ့ မဟာတာအို ဆီကို တိုက်ရိုက် ဦးတည် သွားလိမ့်မယ်...။"

နင်းဖန်သည် စိတ်ဓာတ်များ အလွန် တက်ကြွနေခဲ့လေသည်။

သူသည် သူ၏ သိုလှောင်ကွင်း မှ တာအိုဝတ်ရုံ အသစ်စက်စက် တစ်ထည်ကို ထုတ်ယူကာ ဝတ်ဆင် လိုက်ပြီး ဝါးတောထဲမှ ပျော်ရွှင်စွာ ထွက်လာခဲ့လေတော့သည်။

"ငါ့ရဲ့ ချီ နယ်ပယ် က မနက်ဖြန်လောက်ဆိုရင် ကျော်ဖြတ်နိုင်လောက်တယ်၊ အေးစက်ကုတင်ပေါ်မှာ ကောင်းကောင်း အနားယူဖို့ သူတော်စင်မိန်းမပျိုနန်းတော် ကို ပြန်သွားရမယ်၊ ပြီးတော့ မနက်ဖြန် မနက်ကျမှ ငါ့ရဲ့ ခွန်အားကို စမ်းသပ်ရမယ်...။"

သီချင်းလေး တစ်အေးအေး ညည်းရင်း နင်းဖန်သည် အနောက်ဘက်တောင်၏ အဝင်ဝသို့ ရောက်ရှိ လာခဲ့လေသည်။

ကျန်းထန် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်ကို သူ မြင်လိုက်ရသည်။ သူမသည် တရားထိုင်နေ ပုံရသော်လည်း တကယ်တမ်းတွင် သူမ၏ ခေါင်းလေးမှာ အပေါ်အောက် ငိုက်မျဉ်းနေသည်ပင်။

သူမက အိပ်ငိုက်နေကြောင်း ရှင်းလင်းနေသည်။ ဤမြင်ကွင်းကို မြင်သောအခါ နင်းဖန်မှာ ရယ်မော ခြင်းကို မတားဆီးနိုင်ခဲ့ချေ။

ဤသူ၏ ဈေးပေါသော ဂျူနီယာညီမလေးသည် ကောင်းကောင်း အိပ်စက်အနားယူရန် ပြန်သွားမည့် အစား သူ၏အတွက် ဤနေရာတွင် ဘာကြောင့် အရူးတစ်ယောက်လို စောင့်နေရပါသနည်း။

သူ အနားသို့ လျှောက်သွားသောအခါ သူမကို မနှိုးခဲ့ပေ။

ယင်းအစား သူမကို ညင်သာစွာ ပွေ့ချီလိုက်ပြီး ကျန်းထန်၏ ခေါင်းလေးကို သူ၏ ရင်ဘတ်ပေါ်တွင် မှီထားကာ ဆက်အိပ်စေလိုက်သည်။ ထို့နောက် သူသည် ပျံသန်းနေသော လှေငယ်ပေါ်သို့ တက်ကာ သူတော်စင်မိန်းမပျိုနန်းတော် ဆီသို့ ဖြည်းညင်းစွာ ပျံသန်းသွားလေတော့သည်။

အထက်ရှိ လျှို့ဝှက်နယ်မြေ အတွင်း၌ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော တပည့်များသည် နောက်ဆုံးတွင် ကမ္ဘာကြီးကို တုန်လှုပ်သွားစေသော ဆူညံသံတစ်ခုအဖြစ် ပေါက်ကွဲထွက်လာခဲ့ ကြလေသည်။

"အရိုးသန့်စင်ဖို့အတွက် ထူးဆန်းသောရေ ဆယ့်နှစ်မျိုး...။ သူ တကယ်ပဲ အောင်မြင်သွားတာလား...။"

"အရမ်း ကြောက်ဖို့ကောင်းတယ်... ။နင်းဖန်က အဲဒါကို ဘယ်လိုလုပ် လုပ်နိုင်ခဲ့တာလဲ...၊ သူ တကယ်ပဲ နာကျင်မှုကို မခံစားရဘူးလား...။"

"ဆန့်ကျင်ဘက်အနေနဲ့ နင်းဖန်က ထိပ်တန်းအဆင့် မာဇိုခစ် တစ်ယောက်လို့ ငါထင်တယ်၊ သူက တကယ်ပဲ အဲဒါကို နှစ်သက်နေတာ...။"

"ဒါက တကယ်ကို ကောင်းကင်ကို အာခံတာပဲ...၊ မီးကိုးမျိုး သွေးသစ္စာနည်းစနစ် ကို သုံးတယ်၊ အရိုး သန့်စင်ဖို့ ထူးဆန်းသောရေ ဆယ့်နှစ်မျိုးကို သုံးတယ်၊ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး ကို စားတယ်၊ ပြီးတော့ ထိပ်တန်းအဆင့် ဆေးစိမ်ရေချိုးတွေကို သုံးတယ်...။ နင်းဖန်ရဲ့ အခြေခံအုတ်မြစ် က ဘယ်လောက်တောင် နက်ရှိုင်းမလဲဆိုတာ ငါ တကယ် စိတ်ကူးကြည့်လို့တောင် မရတော့ဘူး...။"

"သူက ခေတ်အဆက်ဆက် နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်လောက်တယ်၊ မဟုတ်ဘူးလား...။"

"ငါလည်း အဲဒီလို ထင်တယ်...၊ ရှေးဟောင်းခေတ် က ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ကျွမ်းကျင်သူ တွေတောင် သူ့လောက် မသန်မာလောက်ဘူး၊ ဟုတ်တယ်မလား...။"

လူတိုင်းက အလွန်စိတ်ဝင်တစားဖြင့် ဆွေးနွေးနေကြသည်။

ဒဏ္ဍာရီများအရ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် နဝမအဆင့်ရှိ ရှေးဟောင်း ကျင့်ကြံသူများ သည် ဟောက်သံတစ်ချက်တည်းဖြင့် တောင်များနှင့် မြစ်များကို ကြေမွသွားစေနိုင်ပြီး လက်တစ်ဖျစ်တည်း ဖြင့် ကြယ်ကြွေများကို ငြိမ်းသတ်နိုင်သည်ဟု ဆိုကြလေသည်။

ယခု နင်းဖန်သည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အဋ္ဌမအဆင့် သို့ ကျော်ဖြတ်တော့မည်ဖြစ်သော် လည်း ထိုကြောက်မက်ဖွယ်ကောင်းသော လက်တစ်ဖက်တည်း ခွန်အားနှင့် ထိပ်တန်းအဆင့် ရုပ်ခန္ဓာ ကိုယ်သန့်စင်ခြင်း နည်းစနစ်များဖြင့် သန့်စင်ထားသော ကလီစာများနှင့် အရိုးများဖြင့် သူသည် ထိုအ ဆင့်သို့ ကြိုတင်ရောက်ရှိနိုင်ပေလိမ့်မည်။

ဂိုဏ်းချုပ်နှင့် အကြီးအကဲများကလည်း အားပေးနေကြပြီး သူတို့ တစ်ယောက်စီတိုင်းမှာ ဝမ်းသာအားရ ပြုံးရွှင်နေကြလေသည်။

နင်းဖန်၏ စွမ်းဆောင်ရည်မှာ အလွန် တောက်ပလွန်းလှသည်။

ထူးဆန်းသောရေ ဆယ့်နှစ်မျိုးဖြင့် အရိုးများကို သန့်စင်ခြင်းမှာ လူတိုင်း၏ မျှော်လင့်ချက်များကို လုံးဝ ကျော်လွန်သွားခဲ့ပေသည်။

ထို့အပြင် နင်းဖန်၏ နောက်ဆုံးအခြေအနေကို ကြည့်ရသည်မှာ သူသည် သူ၏ အကန့်အသတ်သို့ မရောက်သေးကြောင်း ရှင်းလင်းနေသည်။

သူ၏ စွမ်းဆောင်ရည်ကို ကန့်သတ်ထားသည်မှာ ထိုက်ရီအစစ်အမှန်ဂိုဏ်း ၏ အမွေအနှစ်ပင် ဖြစ် သည်။ အကယ်၍ အခြား ထူးဆန်းသောရေ အမျိုးအစားများသာ ရှိနေပါက နင်းဖန်သည် ဆက်လက် စိမ်နေနိုင်လောက်ပေသည်။

"ပြောရတာ ရယ်တော့ ရယ်ရတယ်၊ ဒါပေမယ့် ငါ့ရဲ့ ထိုက်ရီအစစ်အမှန်ဂိုဏ်း ရဲ့ အမွေအနှစ်က မလုံလောက်ဘူးလို့ ငါ ပထမဆုံးအကြိမ် ခံစားလိုက်ရတယ်...။"

ဖေ့ချင်းယွီက ခေါင်းခါကာ ရယ်မောလိုက်ပြီး သူကိုယ်တိုင်ပင် သူ၏ စကားများကို မယုံနိုင်အောင် ဖြစ်နေခဲ့သည်။

မြင့်မြတ်ပြီး ဂုဏ်သိက္ခာရှိသော ထိုက်ရီအစစ်အမှန်ဂိုဏ်း၊ ဤကမ္ဘာရှိ ထိပ်တန်းအဆင့် အင်အားစု တစ်ခု။ သူတို့က ဘယ်တုန်းကများ အရင်းအမြစ်တွေအတွက် စိုးရိမ်ပူပန်ခဲ့ဖူးလို့လဲ။

သို့သော် ယခု နင်းဖန် ကျင့်ကြံနေသည်ကို ကြည့်ရင်း ဂိုဏ်း၏ အမွေအနှစ်မှာ မနက်ရှိုင်းလုံလောက်ခြင်း အတွက် မုန်းတီးသည့် ခံစားချက်မှာ သူ၏ ဘဝတွင် ပထမဆုံးအကြိမ် ပေါ်လာခဲ့ခြင်း ဖြစ်ချေသည်။

"ထူးဆန်းသောရေ ဆယ့်နှစ်မျိုးနဲ့ အရိုးသန့်စင်တယ်ဆိုတာက ချဲ့ကားပြောနေသလိုပဲ...။"

"ဒါပေမယ့် သူ့ဆီမှာ ဖြစ်ပျက်နေတာက ပုံမှန်လိုပဲ ဖြစ်နေတယ်...။"

လူအုပ်ထဲတွင် သူတော်စင်၏ မျက်နှာပေါ်၌ 'ဒါက ဖြစ်သင့်ပါတယ်' ဟူသော အမူအရာတစ်ခု ရှိနေပြီး သူ့အတွက်ပင် ဂုဏ်ယူစရာတစ်ခု ဖြစ်နေပုံရလေသည်။

ဤမြင်ကွင်းက အနီးအနားရှိ အစစ်အမှန်တပည့် အချို့ကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့သည်။

"ပြီးပြီ... စီနီယာအစ်ကိုကျွီ က နင်းဖန်ရဲ့ ဖျက်ဆီးတာကို ခံလိုက်ရပြီထင်တယ်..." ဟု သူတို့ တိတ်တ ဆိတ် တွေးလိုက်ကြလေသည်။

သူတို့က အသံထွက် မပြောရဲသော်လည်း သူတို့၏ အကြည့်ဖလှယ်မှုများက ဤအဓိပ္ပာယ်ကို အပြည့် အဝ ဖော်ပြနေခဲ့သည်။သူတို့သည် နင်းဖန်အပေါ် ပို၍ပင် နက်နဲသော လေးစားမှုကို ခံစားလိုက်ရသည်။

ဤကောင်လေးမှာ တကယ်ကို ထူးခြားလှပေသည်။

မှတ်ဉာဏ်ပျောက်နေသော သူတော်စင်မိန်းမပျိုကို သူ၏ လက်ခုပ်ထဲတွင် ခိုင်မြဲစွာ ဆုပ်ကိုင်ထားနိုင်ရုံ သာမက သူတော်စင်ကိုပင် အဝေးမှနေ၍ နှိမ်နင်းနိုင်ခဲ့သည်။

ဂိုဏ်း၏ စံပြပုဂ္ဂိုလ်နှစ်ဦးက နောက်ဆုတ်ပေးရန် ဆန္ဒရှိနေသဖြင့် မည်သူကမျှ သူ၏ တပည့်ခေါင်း ဆောင် နေရာကို မေးခွန်းမထုတ်နိုင်တော့ချေ။

တစ်ချိန်တည်းမှာပင် ကျယ်ပြန့်သော သစ်တောကြီး အထက်တွင်။

နောက်ထပ် တစ်ပတ်ကြာအောင် တစ်ယောက်တည်း စောင့်ကြည့်နေခဲ့သော ဖန်ကျွင်း မှာ လုံးဝ မှင်တက်သွားခဲ့ပြီ ဖြစ်သည်။ သူ မြင်နေရသည်ကို မယုံနိုင်သဖြင့် သူ၏ ထင်ယောင်ထင်မှားဖြစ်မှု များကို ဖျက်ဆီးနိုင်သော ရွှေရောင်မျက်စိသူငယ်အိမ်များ ကို ပွတ်သပ်လိုက်လေသည်။

ခုနစ်ရက် ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး ထိုက်ရီအစစ်အမှန်ဂိုဏ်းမှာ အလွတ်ဖြစ်နေဆဲပင်။ တပည့်များနှင့် အကြီးအကဲများအားလုံးကို မည်သည့်နေရာတွင်မျှ ရှာမတွေ့ချေ။

သို့သော် နင်းဖန် အမည်ရှိ ထိုအစစ်အမှန်တပည့်သည် သူ၏ သွေးသစ္စာဆိုခြင်းအတွက် ထိပ်တန်း အဆင့် ဆန်းကြယ်မီးတောက် ကိုးမျိုးကို အသုံးပြုပြီးနောက် အရိုးသန့်စင်ခြင်းအတွက် ထူးဆန်းသော ရေ ဆယ့်နှစ်မျိုးကို အသုံးပြုခဲ့လေသည်။

'နေပါဦး...၊ ဒါက ဟုတ်ရဲ့လား…။'

'အဲဒါတွေက ကောင်းကင်နဲ့ မြေကြီးရဲ့ ထိပ်တန်းအဆင့် ဆန်းကြယ်မီးတောက် တွေနဲ့ ထူးဆန်းသောရေ တွေလေ…။'

'သူတို့က ဘယ်လိုလုပ် နင်းဖန်ရဲ့ လက်ထဲမှာ လမ်းဘေးက ပစ္စည်းတွေလို ဖြစ်နေရတာလဲ...၊ ဒီလောက် အမြောက်အမြားကြီးကို သုံးပစ်တာလား...။'

"ဒါက အရမ်းကို ရယ်စရာကောင်းလွန်းတယ်...။"

"ဒီလူရဲ့ ရယ်စရာကောင်းတဲ့ အတိုင်းအတာက ထိုက်ရီအစစ်အမှန်ဂိုဏ်း တစ်ခုလုံး ပျောက်ဆုံးသွား တယ်ဆိုတဲ့ အချက်ထက်တောင် သာလွန်နေသေးတယ်...။"

"မဟုတ်ဘူး၊ ဒါကို ငါ မြန်မြန် သတင်းပို့ရမယ်...။"

ဖန်ကျွင်း သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။ ဤခုနစ်ရက်ကြာ စောင့်ကြည့်လေ့လာမှုက သူ ထင်ယောင်ထင်မှား မဖြစ်နေကြောင်းကို ယုံကြည်သွားစေခဲ့ပေသည်။

ယခုအချိန်တွင် သူ၏ နှလုံးသားမှာ ခုန်ပေါက်နေပြီး သူသည် တစ်စက္ကန့်မျှပင် မနှောင့်နှေးချင်တော့ပေ။

ရုတ်တရက် လှုပ်ရှားမှုတစ်ခုနှင့်အတူ ဟင်းလင်းပြင်ဥပဒေသ ၏ အစွမ်းထက်သော အတက်အကျများ ပြန့်နှံ့သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ကြယ်များ နေရာရွေ့သွားပြီး ကမ္ဘာကြီး လှုပ်ရှားသွား၏။ မရေမတွက်နိုင်သော တောင်များနှင့် မြေပြင်များမှာ သူ၏ ခြေအောက်တွင် နောက်သို့ ဆုတ်သွားကာ မိုင်ပေါင်း သန်းဆယ်ချီကို ခဏချင်းအတွင်း လွှမ်းခြုံသွားခဲ့လေ သည်။

ခဏအကြာတွင် ကောင်းကင်ကိုးထပ် မိုးကြိုးဂိုဏ်း ၏ တောင်တံခါးမှာ သူ၏ မျက်စိရှေ့တွင် ပေါ်လာခဲ့ တော့သည်။

အခန်း (၁၀၄) မိုးကြိုးဂိုဏ်းရဲ့ အကြီးအကဲတွေအားလုံး အတူတူ ထွက်ခွာကြပြီ

ကောင်းကင်ကိုးထပ် မိုးကြိုးဂိုဏ်း သည် အလယ်ပိုင်းပြည်နယ် တွင် ပထမတန်းစား အင်အားစုတစ်ခု ဖြစ်ပေသည်။

ဂိုဏ်းအတွင်း၌ ကဏဦးအဆင့် ကောင်းကင်အရှင်သခင် စွမ်းအားရှင် သုံးဦးက အစောင့်အဖြစ် ရှိနေကြ သည်။

၎င်း၏ အခြေခံအုတ်မြစ် သည် ထိပ်တန်းအဆင့် ဂိုဏ်းကြီးများလောက် မနက်ရှိုင်းသော်လည်း ၎င်း၏ အမွေအနှစ်မှာ နှစ်တစ်သန်းတိုင်အောင် လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာတစ်ခုလုံးကို ကြည့်မည်ဆိုပါက ၎င်းကို ထင်ရှားပြီး သြဇာလွှမ်းမိုးမှုရှိသော အင်အားစုတစ်ခုဟု ယူဆနိုင်ပေသည်။

ဂိုဏ်းသည် မိုးကြိုးနည်းစနစ်များကို အထူးပြုလေ့ကျင့်ခြင်းကြောင့် နာမည်ကြီးပြီး တပည့်ဆယ် ယောက်တွင် ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်ခန့်မှာ မိုးကြိုးကျင့်ကြံသူများ ဖြစ်ကြလေသည်။

ဤမျိုးဆက်တွင် ကောင်းကင်ကိုးထပ် မိုးကြိုးအာဏာရှင် ခန္ဓာကိုယ် ပိုင်ဆိုင်သော တပည့်တစ်ဦး မွေးဖွားလာခြင်းကိုပင် မြင်တွေ့ခဲ့ရသည်။

ဤ ရုပ်ခန္ဓာ သည် လွန်ခဲ့သော နှစ်တစ်သန်းက ဂိုဏ်း၏ တည်ထောင်သူ ဘိုးဘေးဆရာကြီးနှင့် တူညီ သော မူလအစကို မျှဝေထားသည်၊ ၎င်း၏ စွမ်းအားကို ခန့်မှန်း၍မရနိုင်ဘဲ ၎င်း၏ အလားအလာမှာ ထိပ်တန်းအဆင့် အင်အားစုများ၏ သူတော်စင်များနှင့် တာအိုကျင့်ကြံသူများထက် မနိမ့်ကျချေ။

ထို့အပြင် ယခုအချိန်တွင် ဖန်ကျွင်း သည် သတ္တမမြောက် အကြီးအကဲ အနေဖြင့် ဟင်းလင်းပြင် ဥပဒေသ ၏ စွမ်းအားကို အသုံးပြု၍ အလောတကြီးဖြင့် ဂိုဏ်းသို့ ပြန်လာနေခဲ့သည်။

"ဂိုဏ်းချုပ်...၊ ပြဿနာတစ်ခု ဖြစ်နေပြီ...။"

သူသည် မိုးကြိုးသွားတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံကို ဖြတ်သန်းပြီး ဂိုဏ်း၏ ပင်မခန်းမထဲသို့ တိုက်ရိုက် ထိုးဆင်းသွားခဲ့ရာ အောက်ဘက်ရှိ တပည့်များမှာ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြလေသည်။

"အဘိုးကြီးခုနစ်၊ မင်းက ဓမ္မပုံရိပ်ယောင်နယ်ပယ် စွမ်းအားရှင် တစ်ယောက်လေ...၊ ဘာလို့ ဒီလောက် တောင် ပျာယာခတ် နေရတာလဲ...။"

ပင်မခန်းမအတွင်း၌ ဂိုဏ်း၏ အဆင့်မြင့်အရာရှိ တစ်စုသည် သူတို့၏ နေ့စဉ် ပုံမှန်အစည်းအဝေးကို ကျင်းပနေကြလေသည်။ ဤသည်ကို မြင်သောအခါ လက်ရှိ ဂိုဏ်းချုပ် လေ့ချန်ကျွယ် က အသံနက် ကြီးဖြင့် ပြောလိုက်လေသည်။

အခြား အကြီးအကဲတစ်ယောက်က နောက်ပြောင်လိုက်၏။

"အဘိုးကြီးခုနစ်၊ မင်းရဲ့ တာအို ကို သတ်မှတ်တော့မလို့လား...၊ ဒါမှမဟုတ် ထိုက်ရီအစစ်အမှန်ဂိုဏ်း က တိုက်ခိုက်နေလို့လား...။ မင်းက ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ...။"

ဂိုဏ်းရှိ အကြီးအကဲများအားလုံးသည် ဖန်ကျွင်း ပျောက်ဆုံးနေချိန်အတွင်း ထိုက်ရီအစစ်အမှန်ဂိုဏ်းသို့ အကဲခတ်ရန် သွားခဲ့ကြောင်းကို သိကြပေသည်။

သို့သော် သူတို့၏ ကောင်းကင်ကိုးထပ် မိုးကြိုးဂိုဏ်း နှင့် ထိုက်ရီအစစ်အမှန်ဂိုဏ်း တို့သည် အမြဲတမ်း ရန်ငြိုးရန်စ ကင်းရှင်းခဲ့သဖြင့် ဤစကားများမှာ နောက်ပြောင်ခြင်း သက်သက်သာ ဖြစ်လေသည်။

ဤသည်ကို ကြားသောအခါ အခြား အကြီးအကဲများအားလုံး ရယ်မောလိုက်ကြလေသည်။

ဖန်ကျွင်း တစ်ယောက်သာ စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

"ရယ်နေကြတုန်းပဲလား...၊ ကျင့်ကြံခြင်းကမ္ဘာကြီးက ကြီးမားတဲ့ အပြောင်းအလဲကြီး တစ်ခုကို ရင်ဆိုင် ရတော့မယ်...။"

"ဘာ အပြောင်းအလဲလဲ...၊ အဓိကကမ္ဘာတစ်သောင်း တစ်ခုအနေနဲ့ အစစ်အမှန် နက်နဲသိမ်မွေ့နယ်မြေ မှာ တည်ငြိမ်တဲ့ ကောင်းကင်တာအို နဲ့ ပြီးပြည့်စုံတဲ့ ဥပဒေသတွေ ရှိတယ်...။ ငါတို့က ကမ္ဘာပျက်မယ့် ဘေးကပ်ဆိုး ကို ရင်ဆိုင်နေရလို့လား...။"

ယခင် အကြီးအကဲက အထင်သေးသော လေသံဖြင့် ပြောလိုက်လေသည်။

ဂိုဏ်းချုပ် လေ့ချန်ကျွယ် ကလည်း သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ပြောလိုက်၏။

"အဘိုးကြီးခုနစ်၊ တည်ငြိမ်မှု ရှိရမယ်လေ...။"

"လက်ရှိမှာ ငါတို့ဂိုဏ်းက ဖွံ့ဖြိုးတိုးတက်နေတယ်၊ ပြီးတော့ ကောင်းကင်ကိုးထပ် မိုးကြိုးအာဏာရှင် ခန္ဓာကိုယ် ရှိတဲ့ တပည့်တစ်ယောက်ကိုလည်း ငါတို့ ရထားတယ်... ဘိုးဘေးဆရာကြီး ချန်ရစ်ခဲ့တဲ့ လျှို့ဝှက်နည်းစနစ်တွေနဲ့ဆိုရင် သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက အဲဒီ ထိပ်တန်းအဆင့် ဂိုဏ်းတွေရဲ့ သူတော်စင်တွေနဲ့ ပါရမီရှင်တွေထက် နိမ့်ကျမှာ မဟုတ်ဘူး...။"

"သူက နတ်ဘုရားဖြတ်သန်းခြင်းနယ်ပယ် နေရာအတွက်တောင် ယှဉ်ပြိုင်နိုင်ကောင်း ယှဉ်ပြိုင်နိုင်လိမ့် မယ်၊ သူ့ရဲ့ တာအို ကို ကမ္ဘာကြီးကို သက်သေပြပြီး ငါတို့ဂိုဏ်းကို အလယ်ပိုင်းပြည်နယ် ရဲ့ ထိပ်တန်း အဆင့် အင်အားစုတွေစာရင်းထဲကို ဝင်ရောက်လာအောင် ဦးဆောင်နိုင်လိမ့်မယ်၊ အဲဒီ ဒဏ္ဍာရီလာ သူတော်စင်နယ်မြေ ထဲကိုတောင် ဝင်ရောက်နိုင်လိမ့်မယ်...။"

ဂိုဏ်းချုပ်၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေပြီး သူ စကားပြောလေလေ သူ၏ စိတ်ခံစားချက်မှာ ပိုကောင်းလာလေလေပင်။

ကောင်းကင်ကိုးထပ် မိုးကြိုးအာဏာရှင် ခန္ဓာကိုယ် သည် အလွန်ရှားပါးပြီး ထိပ်တန်းအဆင့် မျိုးကွဲ ရုပ်ခန္ဓာကိုယ်များ တွင် ပါဝင်ကာ ကြီးမားသော အလားအလာကို ပိုင်ဆိုင်ထားပေသည်။

ဤသည်မှာ နှစ်တစ်သန်းအတွင်း သူတို့ဂိုဏ်းက ဤရုပ်ခန္ဓာရှိသော တပည့်တစ်ဦးကို ပထမဆုံးအကြိမ် စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ဤကောင်လေး၏ အမည်မှာ ဟွာထျန်းကွမ် ဖြစ်ပြီး သေမျိုးတိုင်းပြည် တစ်ခုတွင် မွေးဖွားခဲ့သည်။ သူ သည် ကြံ့ခိုင်သော စရိုက်လက္ခဏာရှိပြီး ဂိုဏ်းသို့ ဝင်ရောက်ပြီးကတည်းက ကြိုးစားပမ်းစား ကျင့်ကြံ ခဲ့ကာ လျှို့ဝှက်နယ်မြေ များနှင့် အန္တရာယ်ရှိသော နေရာများသို့ မကြာခဏ ဝင်ရောက်ခဲ့လေသည်။

ဘိုးဘေးဆရာကြီးနှင့် တူညီသော အရင်းအမြစ်နှင့် မူလအစကို မျှဝေထားသည့် ရုပ်ခန္ဓာကို အားကိုး ခြင်းဖြင့် ကောင်းကင်ကိုးထပ် မိုးကြိုး၏ အမြုတေအမွေအနှစ် မှာ သူနှင့် အလွန် လိုက်ဖက်ညီပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားကို ရွယ်တူများထက် များစွာ သာလွန်စေခဲ့၏။

သူသည် ကောင်းကင်ကိုးထပ် ဘိုးဘေးဆရာကြီး၏ အမူအကျင့်များကို ပိုင်ဆိုင်ထားပြီး အပေါ်မှ အောက်အထိ လူတိုင်းက သူ့ကို ဂိုဏ်း၏ မျှော်လင့်ချက်အဖြစ် တညီတညွတ်တည်း သတ်မှတ်ထား ကြခြင်းဖြစ်ပေသည်။

သူ၏ ခွန်အားနှင့် အခြေခံအုတ်မြစ် သည် အင်အားစုကြီး အသီးသီး၏ တိုက်ရိုက်မျိုးဆက်များနှင့် အစစ်အမှန်ဆက်ခံသူများနှင့် လုံးဝ တန်းတူပင် ဖြစ်သည်။

သို့သော် ဖန်ကျွင်း သည် ဤရည်မှန်းချက်ကြီးသော စကားများကို ကြားပြီးနောက် ပို၍ပင် စိုးရိမ်ပူ ပန်ပြီး စိတ်ပျက်သွားပုံရလေသည်။

သူက ခါးသီးသော မျက်နှာဖြင့် ပြောလိုက်သည်။

"ထိုက်ရီအစစ်အမှန်ဂိုဏ်းမှာ ကျိုချက်မီးတောက် သွေးသစ္စာဆိုခြင်း လုပ်ချိန်က ထိပ်တန်းအဆင့် ဆန်း ကြယ်မီးတောက် ကိုးမျိုးကို သုံးခဲ့ပြီး အေးစက်ရေ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း လုပ်ချိန်မှာ ကောင်းကင် နှင့် မြေကြီး ထူးဆန်းသောရေ ဆယ့်နှစ်မျိုးကို တစ်ထိုင်တည်း စိမ်ခဲ့တဲ့ တပည့်တစ်ယောက် ပေါ်လာ တယ်လို့ ငါ ပြောရင်ရော...။"

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ထိုနေရာမှာ ချက်ချင်း တိတ်ဆိတ်သွား တော့သည်။

ထို့နောက် ရေကန်ထဲသို့ ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ချက်ချင်းပင် လှိုင်းထောင်ပေါင်းများစွာကို ဖြစ် ပေါ်စေခဲ့သည်။

အကြီးအကဲများအားလုံးက သူ့ကို စိုက်ကြည့်နေကြပြီး သူတို့၏ မျက်လုံးများမှာ သံသယများဖြင့် ပြည့်နှက်နေခဲ့ကြလေသည်။

"အဘိုးကြီးခုနစ်၊ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့...။"

"အတိအကျပဲ...၊ ဒီကမ္ဘာပေါ်က ဘယ်သူက မီးကိုးမျိုး သွေးသစ္စာနည်းစနစ် နဲ့ ထူးဆန်းသောရေ ဆယ့်နှစ်မျိုးကို သုံးပြီး အရိုးသန့်စင်နိုင်မှာတဲ့လဲ...။"

"ဒါက မဖြစ်နိုင်တဲ့ ကိစ္စပဲ...။ အဘိုးကြီးခုနစ်၊ မင်းက ထိုက်ရီအစစ်အမှန်ဂိုဏ်းရဲ့ လှည့်ကွက်တွေကို ယုံမိသွားပြီး ထင်ယောင်ထင်မှားဖြစ်မှုတွေကြောင့် မျက်ကန်းဖြစ်သွားတာများလား...။"

"တကယ်ကိုပဲ...၊ မီးကိုးမျိုး သွေးသစ္စာနည်းစနစ် နဲ့ဆိုရင် ရှေးဟောင်းခေတ် က လူသားမျိုးနွယ် ပါရမီရှင်တွေတောင် အရှင်လတ်လတ် မီးလောင်သေသွားမှာပဲ...။ ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ...။"

"ထူးဆန်းသောရေ ဆယ့်နှစ်မျိုးနဲ့ အရိုးသန့်စင်တယ်ဆိုတာက ပိုတောင် အဓိပ္ပာယ်မရှိသေးတယ်...။ သာမန်လူတစ်ယောက်အတွက် တစ်မျိုးတည်းရဲ့ နာကျင်မှုကို ခံနိုင်ရည်ရှိဖို့တောင် ကြီးမားတဲ့ ဇွဲလုံ့လ လိုအပ်တယ်၊ ဆယ့်နှစ်မျိုးကို ဆက်တိုက် စိမ်ချင်တယ်ဆိုတာက လုံးဝ စိတ်ကူးယဉ်အိပ်မက်ပဲ...။"

"အဘိုးကြီးခုနစ်၊ မင်းရဲ့ ထင်ယောင်ထင်မှားဖြစ်မှုတွေကို ဖျက်ဆီးနိုင်တဲ့ ရွှေရောင်သူငယ်အိမ်တွေ ကို လွှင့်ပစ်လိုက်လို့ရပြီ...။"

"အဘိုးကြီးခုနစ်၊ ပြန်သွားအိပ်လိုက်ပါတော့...။ မင်းက ထင်ယောင်ထင်မှားတွေ မြင်တဲ့အထိ အလုပ် လုပ်နေခဲ့တာပဲ...။"

ခန်းမထဲတွင် ဆူညံနေပြီး လူတိုင်းက မတူညီသောအရာများကို ပြောနေခဲ့ကြလေသည်။

သို့သော် ဖန်ကျွင်း ပြောသည်ကို မည်သူကမျှ မယုံကြည်လိုကြပေ။ ဂိုဏ်းချုပ် လေ့ချန်ကျွယ် ပင်လျှင် သူက အဓိပ္ပာယ်မရှိတာတွေ ပြောနေသည်ဟု ထင်ခဲ့ပေသည်။

မီးကိုးမျိုး သွေးသစ္စာနည်းစနစ်။

အရိုးသန့်စင်ရန် ရေဆယ့်နှစ်မျိုး။

ဤသည်မှာ ရိုးရှင်းစွာပင် သာမန်အသိတရားကို ဆန့်ကျင်နေပြီး ဘယ်သောအခါမျှ ဖြစ်လာနိုင်မည် မဟုတ်ပေ။

သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ သဘောထားကို မြင်သောအခါ ဖန်ကျွင်း၏ မျက်နှာမှာ ပို၍ပင် စိုးရိမ် လာခဲ့လေသည်။

သူက လက်ချောင်းသုံးချောင်းကို မြှောက်ကာ ပြောလိုက်၏။

"ငါ ဖန်ကျွင်း၊ ငါ့စကားတွေမှာ အလိမ်အညာ လုံးဝမပါဘူးဆိုတာကို ငါ့ရဲ့ တာအိုနှလုံးသား ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်...။"

"ထပ်ပြောရရင် ငါကိုယ်တိုင်လည်း ရွှမ်ရီ အသွင်ပြောင်းခြင်း တာအိုသန္ဓေသားနယ်မြေ မဟာဝင်္ကပါ ကြီး ရဲ့ ထင်ယောင်ထင်မှားဖြစ်မှုအောက်မှာ ရောက်နေသလားလို့ သံသယဝင်ခဲ့ဖူးတယ်၊ ဒါကြောင့် ထိုက်ရီအစစ်အမှန်ဂိုဏ်းမှာ အဲဒီလို တပည့်မျိုး တကယ်ရှိတယ်ဆိုတာကို အတည်မပြုခင် နောက်ထပ် ရက်အနည်းငယ်လောက် သေချာ စောင့်ကြည့်ခဲ့တာ...။"

"ဂိုဏ်းရဲ့ မှော်လက်နက်သန့်စင်သူများ တောင်ထိပ်ပေါ်မှာ သူက ရွှေရောင်အင်ပါယာ ကောင်းကင် လောင်ကျွမ်းမီးတောက် ၊ ချီလင် ကောင်းကင်မီးတောက်နီ ၊ ကြယ်အမြုတေ ကမ္ဘာလောင်ကျွမ်းမီး တောက် နဲ့ ကမ္ဘာဦး ဟင်းလင်းပြင်မီး အပါအဝင် ဆန်းကြယ်မီးတောက် စုစုပေါင်း ကိုးမျိုးနဲ့ သွေးသစ္စာ ဆိုခြင်းကို လုပ်ခဲ့တာ...။ "

"အဲဒါ ပြီးတာနဲ့ ချက်ချင်းပဲ သူက ရွှမ်မင် အစစ်အမှန်ရေ၊ နှစ်သောင်းချီ အပြာရောင်ဟင်းလင်းပြင်၊ ကျောက်စိမ်းအသွင်ပြောင်း ဝိညာဉ်ရိုးတွင်းခြင်ဆီ နဲ့ ဝူရှန်း အားပျော့ရေ စတဲ့ ထူးဆန်းသောရေ ဆယ့်နှစ်မျိုးကို သုံးပြီး အရိုးတွေကို သန့်စင်ခဲ့တယ်...။"

"အခု ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် သတ္တမအဆင့်မှာ သူ့ရဲ့ လက်တစ်ဖက်တည်း ခွန်အားက အမြင့်ဆုံး အခြေခံအုတ်မြစ် ရဲ့ စံနှုန်းကိုတောင် ကျော်ဖြတ်နေပြီ...။"

"ဒီလူရဲ့ ထူးဆန်းမှုက အရင်က တစ်ခါမှ မရှိခဲ့ဖူးဘူး၊ ပြီးတော့ သူ့ရဲ့ အခြေခံအုတ်မြစ် ရဲ့ နက်ရှိုင်းမှုက ဒီကမ္ဘာပေါ်က ပါရမီရှင်တွေ အားလုံးကို ချေမွပစ်လိုက်တယ်...။"

ဖန်ကျွင်း သည် အလွန်လေးနက်နေပြီး ယုံကြည်ချက်အပြည့်ဖြင့် စကားပြောနေသည်ကို မြင်သောအခါ ၊ ဆန်းကြယ်မီးတောက် နှင့် ထူးဆန်းသောရေ အမျိုးအစားတစ်ခုစီကို မိသားစု ရတနာများကဲ့သို့ ရွတ်ပြ နေပြီး သူ၏ တာအိုနှလုံးသား ကို တိုင်တည်၍ ကျိန်ဆိုသည့်အထိပင် လုပ်ဆောင်ခဲ့ရာ ခဏတာမျှ လူ တိုင်းမှာ စကားပြောရပ်သွားကြပြီး သူတို့၏ နှလုံးသားထဲတွင် သံသယများ ဖြစ်ပေါ်လာခဲ့သည်။

'ဖန်ကျွင်း ပြောတာက အမှန်များလား...။'

'ထိုက်ရီအစစ်အမှန်ဂိုဏ်းက တကယ်ပဲ ဒီလို ထူးခြားတဲ့ တပည့်တစ်ယောက်ကို မွေးထုတ်လိုက် တာလား...။'

သို့သော် အကယ်၍ ဤသည်က အမှန်သာဆိုလျှင် ၎င်းမှာ ယုံကြည်နိုင်စရာ မရှိလွန်းပေ။

'မီးကိုးမျိုး သွေးသစ္စာနည်းစနစ်၊ အရိုးသန့်စင်ရန် ရေဆယ့်နှစ်မျိုး...၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။'

ဂိုဏ်းချုပ် လေ့ချန်ကျွယ် သည် လေးနက်သော အမူအရာကို ယူဆောင်လိုက်ပြီး ထပ်မံမေးလိုက်၏။

"အဘိုးကြီးခုနစ်၊ မင်း အမြင်မမှားဘူးဆိုတာ သေချာလား...။"

"ငါ အမြင်မမှားဘူးဆိုတာ သေချာတယ်...။"

"ဒါဆို ထိုက်ရီအစစ်အမှန်ဂိုဏ်းက ဒီလို တပည့်မျိုးကို ဘယ်လို ဆက်ဆံလဲ...။"

"ထိုက်ရီ..."

စကားလုံးများ သူ၏ ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဖန်ကျွင်း သည် သူ၏ နဖူးကို ရိုက်လိုက် ပြီး အလျင်အမြန် ပြောလိုက်သည်။

"ငါ ပြောဖို့ မေ့လုနီးပါးပဲ၊ ထိုက်ရီအစစ်အမှန်ဂိုဏ်းမှာလည်း တစ်ခုခု မှားနေတယ်...။"

"သူတို့ဂိုဏ်းတစ်ခုလုံးက လူတွေအားလုံး လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးနေတယ်...။"

"ငါ ဂိုဏ်းအပြင်ဘက်မှာ ရက်အတော်ကြာ ရပ်နေခဲ့တယ်၊ ဘယ်တောင်ထိပ်မှာမှ တပည့်တစ်ယောက် ဒါမှမဟုတ် အကြီးအကဲတစ်ယောက်ကိုမှ မမြင်ခဲ့ရဘူး...။ သူတို့က လေထဲမှာ ပျောက်ကွယ်သွားသ လိုပဲ...။"

ဤပြောပြချက်ကို ကြားသောအခါ ထိုနေရာတွင် ဆူညံသံများ ထပ်မံပြည့်နှက်သွားခဲ့လေသည်။

ဂိုဏ်းချုပ်၏ မျက်လုံးများ ပြူးကျယ်သွားကာ မေးလိုက်၏။

"ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ဘာလို့ စောစောက မပြောတာလဲ...။"

ဖန်ကျွင်းက ခေါင်းကုတ်လိုက်သည်။

"ဂိုဏ်းသားတွေ ပျောက်ဆုံးသွားတာနဲ့ စာရင် မီးကိုးမျိုးသုံးပြီး သွေးသစ္စာဆိုတဲ့ တပည့်က ပိုပြီး ထူးဆန်း တယ်လို့ ငါ ခံစားရလို့လေ...၊ ဒါကြောင့် ခဏတာ မေ့သွားတာပါ...။"

ဤသည်ကို ကြားသောအခါ လူတိုင်းမှာ ဘာပြောရမှန်းမသိ ဖြစ်သွားကြလေတော့သည်။

လေ့ချန်ကျွယ် သည် သူ၏ လက်များကို နောက်ပစ်ကာ ခန်းမထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့၏။ အချိန်အတော်ကြာပြီးနောက် သူက ပြောလိုက်လေသည်။

"ထိပ်တန်းအဆင့် အင်အားစုတစ်ခုအနေနဲ့ ထိုက်ရီအစစ်အမှန်ဂိုဏ်းရဲ့ ဒီအပြောင်းအလဲက ကမ္ဘာ့အခြေ အနေကို သက်ရောက်မှု ရှိနိုင်တယ်၊ ပြီးတော့ အဲဒီတပည့်က ပိုပြီးတော့တောင် အာရုံစိုက်ခံရဖို့ ထိုက်တန်တယ်...။"

ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် နဝမအဆင့်သို့ပင် မရောက်သေးမီ အမြင့်ဆုံး အခြေခံအုတ်မြစ် ကို ပိုင်ဆိုင်နိုင်သည့် တပည့်တစ်ဦး။

ဤအလားအလာမှာ တုန်လှုပ်ဖွယ် ကောင်းလွန်းလှပေသည်။

အကယ်၍ သတင်းသာ အမှန်ဖြစ်ပါက ဤလူ ကြီးပြင်းလာသည်နှင့်တပြိုင်နက် အင်အားစုကြီးများမှ ပါရမီရှင်များအားလုံးသည် ရိုသေလေးစားစွာဖြင့် ခပ်ခွာခွာ နေရပေလိမ့်မည်။

နောက်လာမည့် နှစ်ရာအနည်းငယ်အတွင်း မဟာခေတ်သစ် တွင် မည်သည့် ယှဉ်ပြိုင်မှုကိုမဆို မေ့လိုက် ပါတော့၊ သူတို့ အလွန် ကြိုးစားပမ်းစား ရှာဖွေခဲ့ရသော ထို ကောင်းကင်ကိုးထပ် မိုးကြိုးအာဏာရှင် ခန္ဓာကိုယ် ပင်လျှင် သူနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

"ဂိုဏ်းချုပ်၊ အဲဒီလူက သူ့ရဲ့ ကျင့်ကြံခြင်းအတွက် ကောင်းကင်မိုးကြိုးဖြင့် ကလီစာငါးခု သွန်းလုပ်ခြင်း နည်းစနစ် ကို သုံးတော့မယ်ထင်တယ်...။ ထိုက်ရီအစစ်အမှန်ဂိုဏ်းက အခုလောလောဆယ် လူသူကင်း မဲ့နေတာဆိုတော့ ငါတို့ သွားမကြည့်ကြဘူးလား...။ အဲဒါက သတင်းကို အတည်ပြုဖို့လည်း အထောက် အကူ ဖြစ်စေမှာပဲလေ...။"

ထိုအချိန်တွင် ဖန်ကျွင်း က ရုတ်တရက် ပြောလိုက်၏။

သူသည် သူ မလိမ်ညာကြောင်း သက်သေပြရန် အလွန် လိုလားနေဆဲဖြစ်ကြောင်း ရှင်းလင်းနေသည်။ ဤသည်ကို ကြားသောအခါ လေ့ချန်ကျွယ် မှာ ခေါင်းမညိတ်ဘဲ မနေနိုင်ခဲ့ချေ။

"ကောင်းပြီလေ...၊ မင်းမှာ ထင်ယောင်ထင်မှားဖြစ်မှုများကို ဖျက်ဆီးနိုင်သော ရွှေရောင်သူငယ်အိမ်များ ရှိနေတော့ အဲဒီ 'မီးကိုးမျိုး သွေးသစ္စာနည်းစနစ်' ဆိုတဲ့ လူက ဘယ်လိုမျိုး ထူးခြားတဲ့သူလဲဆိုတာကို သေချာကြည့်ဖို့ အဲဒီစွမ်းအားကို ငါတို့ ငှားသုံးကြတာပေါ့...။"

All Chapters