← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅) မိုးကြိုးကန်ထဲ မဝင်ခင် ပြင်ဆင်မှုများ

သူတော်စင်မိန်းမပျိုနန်းတော်။

နင်းဖန် မျက်လုံးဖွင့်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်မှာ လေးလံနေဆဲဖြစ်ကြောင်း သိရှိလိုက်ရသည်။

ယမန်နေ့ညက အိပ်ရာမဝင်မီ ကျန်းထန်က သူမ၏ ကျောက်စိမ်းခေါင်းအုံးကို ဖက်ကာ သန်းခေါင်ယံတွင် သူ၏ ဘေးသို့ ဘယ်သောအခါမျှ လူးလှိမ့်လာမည် မဟုတ်ကြောင်း ကျိန်ဆိုခဲ့သည်ကို ပြန်အမှတ်ရမိပြီး သူ ရယ်ချင်စိတ်ကို မတားဆီးနိုင်ခဲ့ချေ။

"ဟူး...၊ ငါ့ရဲ့ ကိုယ်ပိုင်ဆွဲဆောင်မှုက အရမ်းကြီးမားလွန်းလို့ နေမှာပါ...။"

နင်းဖန်က လေးနက်ဟန်ဆောင်ကာ သက်ပြင်းချလိုက်ပြီး သူ၏ ဝမ်းဗိုက်ကြွက်သားများပေါ်တွင် တင်နေ သော ပေါင်ကို ဖယ်ရှားကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။

သူသည် ပြတင်းပေါက်နားသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ရာ သူ၏ လက်ထဲတွင် သန့်စင်ခြင်း နည်းစနစ် နတ်ဘုရားစွမ်းရည် အတွက် လျှို့ဝှက်လက်စွဲစာအုပ် တစ်အုပ် ပေါ်လာခဲ့လေ၏။

သူသည် ဤအရာကို ရယူရန် ယမန်နေ့ညက ကျမ်းစာဆောင် သို့ အထူးတလည် သွားခဲ့ခြင်း ဖြစ်သည်။ ယခု သူ လေ့လာလိုက်သောအခါ သူ၏ အဆတစ်သောင်း ပါရမီက ၎င်းကို ချက်ချင်းနီးပါး ကျွမ်းကျင် သွားစေခဲ့လေသည်။

နည်းစနစ်ဖြင့် သူ၏ ခန္ဓာကိုယ်ကို သန့်စင်ပြီးသွားချိန်တွင် ကျန်းထန်သည်လည်း ကုတင်ပေါ်တွင် နိုးလာ ခဲ့ပြီ ဖြစ်၏။

သူမ၏ မျက်လုံးများ အပြည့်အဝ မပွင့်သေးသော်လည်း သူမ၏ လက်သေးသေးလေးများက စမ်းတဝါး ဝါးဖြင့် စတင်ရှာဖွေနေပြီဖြစ်သည်။ ကုတင်ပေါ်တွင် အချိန်အတော်ကြာ စမ်းသပ်ရှာဖွေပြီးနောက် သူမ ဘာကိုမျှ မတွေ့ခဲ့ချေ။

ငါ့ရဲ့ ဝမ်းဗိုက်ကြွက်သားတွေ ဘယ်ရောက်သွားတာလဲ၊ ငါ့ကိုယ်အောက်က ကြီးမားတဲ့ ဝမ်းဗိုက်ကြွက် သားအစုံကြီးက ဘယ်လိုလုပ် ပျောက်သွားတာလဲဟု သူမ တွေးမိလိုက်သည်….။

ဘာကိုမျှ ရှာမတွေ့သောအခါ ကျန်းထန်သည် ချက်ချင်း နှုတ်ခမ်းဆူသွားလေတော့သည်။

သူမက ညည်းညူလိုက်ပြီး ကုတင်ပေါ်မှနေ၍ နင်းဖန်ကို လှမ်းကြည့်ကာ ချွဲနွဲ့ချိုသာသော အသံဖြင့် အော်ခေါ်လိုက်လေ၏။

"စီနီယာအစ်ကို၊ ဒီနားလာပြီး ကျွန်မကို အကိုင်ခံပါဦး...။"

နင်းဖန် "..."

သူ သဘောပေါက်သွားခဲ့ပြီ။

ဤ ဂျူနီယာညီမလေးသည် ဖြည်းဖြည်းချင်း ရင်းနှီးလာတတ်သော အမျိုးအစား ဖြစ်သည်။

သူတို့ ပထမဆုံး တွေ့ဆုံစဉ်က သူမသည် လူမှုဆက်ဆံရေးတွင် အလွန် စိုးရိမ်ပူပန်တတ်ပြီး တစ်ကိုယ် လုံး ရှက်ရွံ့နေကာ အသံကျယ်ကျယ်ဖြင့်ပင် စကားမပြောရဲခဲ့ချေ။ သို့သော် သူမ သက်သောင့်သက်သာ ဖြစ်သွားသည်နှင့်တပြိုင်နက် သူမက သင့်ကို သူစိမ်းတစ်ယောက်လို လုံးဝ သဘောမထားတော့ပေ...။

"သူတော်စင်မိန်းမပျိုက ကျန်း မျိုးရိုးဖြစ်ပြီး မင်းကလည်း ကျန်း မျိုးရိုးပဲ၊ ဘာလို့ သူမလိုမျိုး နည်းနည်း ပိုပြီး ခပ်တည်တည်နေဖို့ မသင်ယူနိုင်ရတာလဲ...။"

နင်းဖန်က အနားသို့ လျှောက်သွားပြီး ကျန်းထန်၏ နဖူးကို တောက်လိုက်ကာ ဘာလုပ်ရမှန်းမသိစွာဖြင့် ပြောလိုက်သည်။

ကျန်းထန် က "အိုး" ဟု အော်လိုက်ပြီး သူမ၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ နှုတ်ခမ်းဆူပြီး မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် သူ့ကို ကြည့်လိုက်လေ၏။

"သူတော်စင်မိန်းမပျိုက ဂိုဏ်းရဲ့ အမျိုးသမီးတပည့်တွေရဲ့ ခေါင်းဆောင်လေ၊ ဒါကြောင့် သူမက နည်း နည်း အေးစက်စက် နေရမှာပေါ့...။ ကျွန်မက သူတော်စင်မိန်းမပျိုမှ မဟုတ်တာ၊ ကျွန်မက မှတ်ဉာဏ် တွေ ဆုံးရှုံးသွားပြီး ကူကယ်ရာမဲ့နေတဲ့ သနားစရာ ဂျူနီယာညီမလေးလေး ပါ...။"

ကောင်မလေး၏ အမူအရာမှာ နူးညံ့နေသော်လည်း သူမ၏ ပါးစပ်ကတော့ ခေါင်းမာနေဆဲပင်။

ရယ်စရာကောင်းသည်ဟု ထင်သဖြင့် နင်းဖန်က ပြုံးကာ ပြောလိုက်သည်။

"ဒီနေ့ ငါတို့ ကောင်းကင်မိုးကြိုးဖြင့် ကလီစာငါးခု သွန်းလုပ်ခြင်းနည်းစနစ် ကို ကျင့်ကြံကြမယ်...။ အကယ်၍ မင်းက ငါနဲ့အတူ ကောင်းကင်အဆင့် မိုးကြိုးကန် ထဲမှာ တောင့်ခံနိုင်မယ်ဆိုရင် ဒီည မင်းကို ငါ့ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ကိုင်ခွင့်ပေးမယ်...။"

"ရေး..."

ဤသည်ကို ကြားသောအခါ ကောင်မလေး၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားပြီး ကုတင်ပေါ် မှ ခုန်ဆင်းလာခဲ့လေ၏။

သူတို့နှစ်ဦးသည် သူတော်စင်မိန်းမပျိုနန်းတော်မှ ထွက်ခွာလာခဲ့ကြပြီး သားရဲတစ်သောင်းတောင်ထိပ် သို့ သွားကာ ခမ်းနားသော နံနက်စာကို စားသုံးခဲ့ကြလေ သည်။

ထိုအချိန်အတွင်း နင်းဖန်၏ ဝိညာဉ်စွမ်းအင် နယ်ပယ်သည် သဘာဝကျကျပင် ကျော်ဖြတ်သွားခဲ့သည်။

သူ၏ ခွန်အားကို ထပ်မံစမ်းသပ်ရန် လေ့ကျင့်ရေးကွင်း သို့ သူ သွားခဲ့ပြီး သူ၏ လက်တစ်ဖက်တည်း ခွန်အားမှာ ဂျင် (၃.၃) သန်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရ၏။

သူ ရှင်းလင်းစွာ ခံစားနိုင်ပေသည်။ ပိုမို ရှေ့ဆက်လေလေ သူ၏ ခွန်အား တိုးတက်ရန် ပိုမို ခက်ခဲလာလေ လေ ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီး ထူးဆန်းသောရေ ဆယ့်နှစ်မျိုးဖြင့် သူ၏ အရိုးများကို သန့်စင်ခဲ့ပြီး ရုပ်ခန္ဓာ ကိုယ်သန့်စင်ခြင်းနယ်ပယ် အဋ္ဌမအဆင့် သို့ ကျော်ဖြတ်ပြီးနောက် ရုပ်ပိုင်းဆိုင်ရာ အနည်းငယ် တိုးတက် လာမှုနှင့် ပေါင်းစပ်လိုက်လျှင်တောင်မှ။

သူ၏ လက်မောင်းခွန်အားသည် ၎င်း၏ အခြေခံဖြစ်သော( ၂.၇) သန်းမှ (၆) သိန်း ဂျင်သာ တိုးလာခဲ့သည်။

ဤသည်က နင်းဖန်ကို သက်ပြင်းချစေခဲ့၏။

ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် နဝမအဆင့် သို့ ဝင်ရောက်ရန် လက်တစ်ဖက်တည်း ခွန်အား ဂျင် (၄) သန်းသို့ ရောက်ရှိရန် သူ တွေးထားခဲ့သည်။

ထိုသို့ဆိုလျှင် နှစ်ဆတိုးလာသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေပြီးနောက် ၎င်းမှာ စုစုပေါင်း ဂျင် (၈) သန်း ဖြစ်သွားပေလိမ့်မည်။

ယခု ဤပန်းတိုင်မှာ အလှမ်းဝေးနေပုံရသည်၊ ကောင်းကင်မိုးကြိုးဖြင့် ကလီစာငါးခု သွန်းလုပ်ခြင်းနည်း စနစ် သည် လုံလောက်အောင် အစွမ်းထက်ရန်သာ သူ မျှော်လင့်နိုင်တော့၏။

"ဒီနည်းစနစ်က အရမ်းအန္တရာယ်များတယ်၊ ဆေးစိမ်ရေချိုး သွေးကြောနွေးထွေးခြင်း နဲ့ ဆေးလုံးဖြင့် အသားကို ပြုစုပျိုးထောင်ခြင်း နည်းစနစ် တွေနဲ့ တန်းတူဖြစ်တဲ့ အဓိက ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်တစ်ခုပဲ...။"

"ရလဒ်တွေရဲ့ နောက်ဆုံးခွန်အားက မိုးကြိုးကန် ထဲမှာ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်သလဲ ဆိုတဲ့ အပေါ်မှာ လုံးဝ မူတည်တယ်...။"

"ပြီးတော့ မိုးကြိုးကန်တွေကို ကောင်းကင်၊ မြေကမ္ဘာ၊ အနက် နဲ့ အဝါ အဆင့်တွေအဖြစ် ခွဲခြားထား တယ်...။"

"ပါရမီရှင် အများစုအတွက် မြေကမ္ဘာအဆင့် မိုးကြိုးကန် က အကန့်အသတ်ဖြစ်နေပြီ၊ ကောင်းကင် အဆင့် မိုးကြိုးကန် ထဲကို ဝင်နိုင်တဲ့သူတွေက လက်ချိုးရေလို့ ရတယ်...။"

"ငါ့ရဲ့ လက်ရှိ အခြေခံအုတ်မြစ် နဲ့ဆိုရင် ကောင်းကင်အဆင့် မိုးကြိုးကန် ကို တောင့်ခံဖို့ မခက်ခဲလောက် ပေမယ့် အချိန်ကြာကြာ တောင့်ခံဖို့တော့ ခက်လိမ့်မယ်...။"

"ကြည့်ရတာ ငါ ပြင်ပ အကူအညီ နည်းနည်း လိုနေသေးပုံပဲ...။"

နင်းဖန်သည် ခွန်အားစမ်းသပ်ရန် အသုံးပြုခဲ့သော အလေးတုံးကို သူ၏ ခြေအောက်သို့ ချလိုက်ပြီး အတွင်းစိတ်ဖြင့် တွေးတောနေခဲ့လေသည်။

ကျိုချက်မီးတောက် သွေးသစ္စာဆိုခြင်း နည်းစနစ် နှင့် ပတ်သက်၍ ဝေဝါးမှုများနှင့် မတူဘဲ။

ကောင်းကင်မိုးကြိုးဖြင့် ကလီစာငါးခု သွန်းလုပ်ခြင်းနည်းစနစ် သည် အဓိက ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်တစ်ခုအနေဖြင့် သံတုံးလေး ပေးခဲ့သော လက်စွဲစာအုပ်တွင် အလွန် အသေးစိတ် မှတ်တမ်း တင်ထားသည်။

ဤနည်းစနစ်၏ အန္တရာယ်အညွှန်းကိန်းမှာ အလွန်မြင့်မားပြီး ကျိုချက်မီးတောက် သွေးသစ္စာဆိုခြင်း နှင့် အေးစက်ရေအရိုးသန့်စင်ခြင်း တို့ထက် များစွာ သာလွန်ပေသည်။

အကြောင်းရင်းမှာ ကောင်းကင်မိုးကြိုး သည် ကောင်းကင်တာအို ၏ ထုတ်ကုန်တစ်ခု ဖြစ်သောကြောင့် ဖြစ်၏။

မိုးကြိုးကန် တစ်ခု ဖန်တီးရန် လူသားတို့၏ နည်းလမ်းများဖြင့် ဝင်္ကပါတစ်ခုအတွင်းသို့ ရေသွယ်ပေး လိုက်လျှင်ပင် ၎င်း၏ စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။ သာမန်လူများသည် အဝါ ရောင်အဆင့် မိုးကြိုးကန် တွင်ပင် ကျဆုံးနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်ရပေသည်။

မြေကမ္ဘာအဆင့် မိုးကြိုးကန် သည် ရေတွက်မရနိုင်သော ပါရမီရှင်များ၏ နှလုံးသားထဲသို့ အကြောက် တရားများကို ထိုးသွင်းပေးသည်၊ ၎င်းထဲသို့ တစ်ကြိမ် ဝင်ရောက်ခြင်းက သူတို့၏ အသက်နှင့် လောင်းက စား လုပ်ခြင်းနှင့် တူ၏။

ဂိုဏ်း၏ သူတော်စင် ဇူယွင်ကျယ် သည် အထဲတွင် သေဆုံးသွားမည်ကို ကြောက်ရွံ့သဖြင့် ၎င်းထဲသို့ လုံးဝ မဝင်ရောက်ခဲ့ချေ။

ဤသည်ကို ကြည့်ခြင်းအားဖြင့် အမြင့်ဆုံးအဆင့်ဖြစ်သော ကောင်းကင်အဆင့် မိုးကြိုးကန် သည် မည်မျှ အန္တရာယ်များမည်ကို သိနိုင်ပေသည်။

နင်းဖန်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မှာ လက်ရှိတွင် ပြိုင်ဘက်ကင်းစွာ သန်မာနေပြီး သူ၏ လက်တစ် ဖက်တည်း ခွန်အားမှာ ဂျင် (၃) သန်းကျော်နေသော်ငြားလည်း။သူ မိုးကြိုးကန် ထဲတွင် အချိန်ကြာမြင့်စွာ ကျင့်ကြံနိုင်မည်ဟု အာမခံရန် ခက်ခဲနေဆဲ ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် နည်းလမ်းတစ်ခု အမြဲတမ်း ရှိနေပေသည်။

ရေတွက်မရနိုင်သော လူသားမျိုးနွယ် မှ စီနီယာများသည် မရေမတွက်နိုင်သော စမ်းသပ်မှုများမှတစ်ဆင့် မိုးကြိုးကန် အတွက် ကျင့်ကြံခြင်း နည်းစနစ်အစုအဝေး တစ်ခုကို အချိန်ကြာမြင့်စွာကတည်းက အနှစ် ချုပ်ပေးခဲ့ပြီး ဖြစ်သည်။

၎င်းမှာ ဆေးလုံးများ နှင့် အကာအကွယ်ပစ္စည်းများ ကဲ့သို့သော ပြင်ပစွမ်းအားများကို အားကိုး၍ မိုးကြိုး ကန် တွင် တောင့်ခံနိုင်သည့် အချိန်ကို တိုးမြှင့်ရန် ဖြစ်၏။

ဤကမ္ဘာရှိ ထိပ်တန်းအဆင့် အင်အားစုတစ်ခုအနေဖြင့် ထိုက်ရီအစစ်အမှန်ဂိုဏ်း သည် ဤကိစ္စနှင့် ပတ်သက်၍ နည်းလမ်းများ ကင်းမဲ့နေမည် မဟုတ်ပေ။

"စာအုပ်ထဲမှာ ပြောထားတာက သူတော်စင်မိန်းမပျိုက အဲဒီတုန်းက မြေကမ္ဘာအဆင့် မိုးကြိုးကန် ထဲကို မဝင်ခင်မှာ အဋ္ဌမအဆင့် ကောင်းကင်ဆေးလုံး တစ်လုံးကို ကြိုသောက်ခဲ့တယ်တဲ့...။"

နင်းဖန်သည် သူ၏ မေးစေ့ကို အနည်းငယ် ပွတ်သပ်လိုက်သည်။

စာအုပ်ထဲတွင် ရေးသားထားချက်အရ ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ် တွင် အဋ္ဌမအဆင့် ကောင်းကင်ဆေးလုံး တစ်လုံး ရှိပြီး ၎င်းကို စားသုံးပါက မိုးကြိုးဒဏ်ခံနိုင်ရည်ကို သိသိသာသာ တိုးမြှင့်ပေးနိုင်ပေသည်။

ဤ ဆေးလုံး ကို အသုံးပြုခြင်းဖြင့်သာ သူတော်စင်မိန်းမပျိုသည် မြေကမ္ဘာအဆင့် မိုးကြိုးကန် တွင် သူမ ၏ ကျင့်ကြံမှုကို ပြီးမြောက်ခဲ့ခြင်း ဖြစ်၏။

ကံမကောင်းစွာဖြင့် ထိုအချိန်ကပင် သူမသည် အမြင့်ဆုံး အခြေခံအုတ်မြစ် ကို ဖန်တီးရန် ပျက်ကွက် ခဲ့လေသည်။

"အဋ္ဌမအဆင့် ကောင်းကင်ဆေးလုံး က အဆင့်နည်းနည်း နိမ့်နေသေးတယ်...။"

"ပြီးတော့ ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ် မှာ ဒီဆေးလုံး လက်ကျန် မရှိတော့ဘူးလို့ ထင်တယ်... ။"

မည်သို့ပင်ဆိုစေ နင်းဖန်သည် ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ် တွင် အချိန်အတော်ကြာ နေထိုင် ခဲ့ဖူးပေသည်။

ယခု ပြန်စဉ်းစားကြည့်သောအခါ ဆေးခန်းမ ၏ အပေါ်ဆုံးထပ်တွင် ဤဆေးလုံးကို သူ မတွေ့ ခဲ့ရကြောင်း သတိရမိလိုက်၏။

မြေကမ္ဘာအဆင့် မိုးကြိုးကန် သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသော တပည့် အရေအတွက်မှာ နည်းပါးလွန်းသောကြောင့် ဖြစ်ဟန်တူပေသည်။

ထို့ကြောင့် ဆေးခန်းမ သခင်သည် ဤဆေးလုံးကို အာရုံမစိုက်ခဲ့ခြင်း ဖြစ်၏။ သူတော်စင်မိန်းမပျိုကို ပေးခဲ့သည့် ဆေးလုံးပင်လျှင် ထိုအချိန်က အထူးတလည် သန့်စင်ပေးခဲ့ခြင်း ဖြစ်နိုင်ပေသည်။

"ဂျူနီယာညီမလေး၊ မင်းရဲ့ လက်ရှိခွန်အားက ဘယ်လောက်ရှိပြီလဲ...။"

အတွေးများထဲ နစ်မျောနေစဉ် နင်းဖန်က ရုတ်တရက် မေးလိုက်သည်။

သို့သော် သူ၏ဘေးရှိ အခြေအနေကို သူ မြင်လိုက်ရသောအခါ သူ၏ နဖူးပေါ်တွင် အမည်းရောင် မျဉ်းကြောင်းများ ပေါ်လာခြင်းကို မတားဆီးနိုင်ခဲ့ချေ။ ကျန်းထန်သည် ကောင်းကင်ကြီးကို တွေဝေစွာ စိုက်ကြည့်နေပြီး သူမ၏ အတွေးများမှာ ဘယ်ဆီဘယ်ဝယ် ရောက်နေမှန်းမသိအောင် လွင့်မျောနေသည် ကို သူ မြင်လိုက်ရ၏။

ဤ ဂျူနီယာညီမလေးသည် သဘာဝအတိုင်း ထုံအ ကြောင်း ပြောရမည်ပင်။

သူမက အချိန်မရွေး နေရာမရွေး စိတ်ကူးယဉ်နေနိုင်ပေသည်။

နင်းဖန်၏ မေးခွန်းကို ကြားသောအခါ သူမက အင်တာနက်လိုင်း ကျနေသကဲ့သို့ ခဏတာ နှောင့်နှေးသွား ပြီးမှ ပြန်ဖြေလိုက်လေ၏။

"အိုး... အိုး... စီနီယာအစ်ကို၊ ကျွန်မရဲ့ လက်မောင်းခွန်အားက ဂျင် (၇၅၀,၀၀၀) ပါ...။"

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျန်းထန်သည် အဆင့်မြင့် နတ်ဆိုးသားရဲအသား နှင့် သက်တမ်း ရင့် ကောင်းကင်နှင့် မြေကြီး ရတနာများ ကို စားသုံးရာတွင် နင်းဖန်၏ နောက်သို့ လိုက်ခဲ့သည်။

အစာချေဖျက်ခြင်း ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ် ဖြင့် ဖြည့်စွက်လိုက်သောအခါ သူမ၏ ခွန်အား မှာလည်း တဖြည်းဖြည်း တိုးတက်လာခဲ့လေ၏။

ဂျင် (၇၅၀,၀၀၀) ဤစံနှုန်းသည် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။ ၎င်းမှာ စစ်မှန်သော အတုအ ယောင် အထွတ်အထိပ်အခြေခံအုတ်မြစ် ဖြစ်၏။

သူမသည် အမြင့်ဆုံး အခြေခံအုတ်မြစ် အတွက် အနိမ့်ဆုံး စံနှုန်းသို့ ရောက်ရှိရန် သူမ၏ ခွန်အားကို နောက်ထပ် ဂျင် (၅၀,၀၀၀) ခန့် တိုးမြှင့်ရန် မိုးကြိုးကန် တွင် အနည်းငယ်မျှသာ တောင့်ခံရန် လိုအပ် နေပေသည်။

သို့သော် ဂျူနီယာညီမလေးမှာ မည်သို့ပင်ဆိုစေ သူ့လို လှည့်စားသူတစ်ယောက်နှင့် ပေါင်းသင်းနေသူ ဖြစ်သည်။

သူမက ဂျင် (၁.၆) သန်း ကန့်သတ်ချက်ကို မီရုံလေးတော့ မဖြစ်နိုင်ချေ။

ထို့ကြောင့် နင်းဖန်သည် မိုးကြိုးကန် တွင် သူနှင့် ကျန်းထန် နှစ်ဦးစလုံးအတွက် အကျိုးအမြတ် အများဆုံး ရရှိစေမည့် နည်းလမ်းများ ရှိမရှိ တွေးတောနေခဲ့၏။

"အရင်ဆုံး မဲဖောက်ကြည့်ရအောင်...။"

အနည်းငယ် စဉ်းစားပြီးနောက် နင်းဖန်သည် ဘီးလှည့်ရန် သူ၏ နောက်ဆုံး အခွင့်အရေးကို အသုံးပြုရန် ဆုံးဖြတ်လိုက်လေသည်။

စနစ်၏ သဘာဝအရ ဆုလာဘ်သည် မည်သည့်အရာပင်ဖြစ်စေ သူ ရင်ဆိုင်ရမည့် ကျင့်ကြံခြင်းနှင့် နီးကပ်စွာ ဆက်စပ်နေမည်မှာ သေချာပေသည်။

ထို့ကြောင့် နင်းဖန်သည် လက်နှစ်ဖက်ကို ပွတ်သပ်ကာ မျှော်လင့်ချက်အပြည့်ရှိသော အကြည့်ဖြင့် ကံစံမဲလှည်းဘီးကို ခေါ်ယူလိုက်၏။

စိတ်ဆန္ဒ အမိန့်ပေးလိုက်သည်နှင့်အမျှ ဘီးသည် လျင်မြန်စွာ စတင်လည်ပတ်လာခဲ့သည်။

ရေတွက်၍မရနိုင်သော အကြိမ်အရေအတွက် လည်ပတ်ပြီးနောက် နောက်ဆုံးတွင် ၎င်းသည် နှေးကွေး သွားကာ ရပ်တန့်သွားပြီး ကြည်လင်သော စနစ်၏ အသိပေးသံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။

[ဒင်...၊ ရွှေရောင်ဝိသေသ ပါရမီ 'ကမ္ဘာဦး မိုးကြိုးအမြုတေ' ကို ရရှိတဲ့အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါ တယ်။]

[ကမ္ဘာဦး မိုးကြိုးအမြုတေ... မိမိကိုယ်ပိုင် မိုးကြိုးဒဏ်ခံနိုင်ရည်ကို အဆတစ်သောင်း တိုးမြှင့်ပေးသည်။ ခန္ဓာကိုယ်အတွင်း မိုးကြိုးကပ်ဘေးဒုက္ခ စက်ဝန်းတစ်ခု ဖြစ်ပေါ်လာပြီး လက်ခံရရှိသော မိုးကြိုးတိုက် ခိုက်မှုများ၏ တစ်စိတ်တစ်ပိုင်းကို ကမ္ဘာဦး မိုးကြိုးအမြုတေ အတွင်း သိမ်းဆည်းထားနိုင်ကာ အချိန်မ ရွေး တန်ပြန်တိုက်ခိုက်မှုအဖြစ် ပြန်လည် ထုတ်လွှတ်နိုင်သည်။]

သူ၏ စိတ်ထဲမှ အသိပေးသံကို ကြားလိုက်ရသောအခါ နင်းဖန်၏ မျက်လုံးများ ချက်ချင်း တောက်ပ သွားခဲ့လေသည်။

ဤတစ်ကြိမ်တွင် ယခင်ကလို ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် သီးသန့် ဝိသေသတစ်ခု မဟုတ်ချေ။

ဒါက ပါရမီတစ်ခုပဲ...။

"အသားကို အပြည့်အဝ အသုံးပြုပါ" နှင့် "စစ်ပွဲ၏ နက်နဲသော နှလုံးသား" ကဲ့သို့သော ပါရမီတစ်ခုပင်။

ပြီးတော့ ဖော်ပြချက်ကို ကြည့်ရသည်မှာ ၎င်းသည် အလွန် အစွမ်းထက်ပေသည်။ ဤသည်က ကောင်းကင် မိုးကြိုး ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ကို ကိုင်တွယ်ဖြေရှင်းရန်အတွက်သာ ထိရောက်မှုရှိသည် မဟုတ်ပေ။

အနာဂတ်တွင် အခြားသူများနှင့် တိုက်ခိုက်သည့်အခါ အကယ်၍ ပြိုင်ဘက်က မိုးကြိုးကျင့်ကြံသူ တစ်ဦး ဖြစ်နေလျှင် သို့မဟုတ် မိုးကြိုး နတ်ဘုရားစွမ်းရည်များ ရှိနေပါက သူသည် ၎င်းတို့ကို အလားတူပင် တန်ပြန်တိုက်ခိုက်နိုင်မည် ဖြစ်၏။

မိုးကြိုးဒဏ်ခံနိုင်ရည်ကို အဆတစ်သောင်း တိုးမြှင့်ပေးခြင်းကို ခဏတာ ဘေးဖယ်ထားလိုက်လျှင်။ ပြိုင်ဘက်၏ တိုက်ခိုက်မှု တစ်စိတ်တစ်ပိုင်းကို စုပ်ယူပြီး အချိန်မရွေး ပြန်လည်၍ ထုတ်လွှတ်ရန် သိမ်းဆည်းထားနိုင်သည်ဟူသော အချက်ကပင် လုံလောက်အောင် အံ့သြဖွယ် ကောင်းနေပြီ ဖြစ်သည်။

၎င်းသည် နင်းဖန်အား မည်သည့် စွမ်းအင်မှ အသုံးပြုရန် မလိုသော နောက်ထပ် နတ်ဘုရားစွမ်းရည် တစ်ခုကို ပေးလိုက်ခြင်းနှင့် တူညီပေသည်။

"အကယ်၍ မိုးကြိုး အတတ်ပညာတွေကို အထူးပြုတဲ့ ဂိုဏ်းတစ်ခုက ငါ့ကို ဝိုင်းတိုက်ဖို့ လာရင် ငါက ပြိုင်ဘက်ကင်း ဖြစ်နေမှာ မဟုတ်ဘူးလား...။"

နင်းဖန်သည် စိတ်ကူးယဉ်ခြင်းကို မတားဆီးနိုင်ခဲ့ချေ။

မိုးကြိုးတိုက်ခိုက်မှုများကို သူ ပိုခံရလေလေ ကမ္ဘာဦး မိုးကြိုးအမြုတေ အတွင်း သိမ်းဆည်းထားသော စွမ်းအင်များက ပိုကြီးမားလေလေ ဖြစ်လိမ့်မည်။

ထုတ်လွှတ်လိုက်သည့်အခါ ၎င်းသည် ပြိုင်ဘက်ကို သေချာပေါက် အငိုက်မိသွားစေမည် ဖြစ်၏။

[ဒင်... အိမ်ရှင်သည် ရုပ်ခန္ဓာကိုယ်သန့်စင်ရန်အတွက် မိုးကြိုးကန် အတွင်းသို့ ဝင်ရောက်တော့မည်ကို ထောက်လှမ်းသိရှိရပါသည်။ အချိန်ကန့်သတ်ချက်ပါရှိသော ဝင်ရောက်မှတ်တမ်းတင်ခြင်း တာဝန်တစ်ခုကို အသက်သွင်းလိုက်ပါသည်...။]

[ကျေးဇူးပြု၍ ထျန်းကုန်းတောင်ထိပ် သို့ တစ်နာရီအတွင်း ရောက်ရှိအောင် သွားပါ။ ဆုလာဘ်...၊ ကောင်းကင်အဆင့် ဝိညာဉ်ရတနာ 'ရွှမ်ထင်ထီး' အတွက် ဖန်တီးခြင်း ပုံစံကြမ်း တစ်ခုနှင့် သုံးနာရီ အတွင်း ဖန်တီးမှု အောင်မြင်နှုန်းကို ၁၀၀% သို့ တိုးမြှင့်ပေးမည်။]

နင်းဖန်က ယခုလေးတင် သူ မဲဖောက်ရရှိခဲ့သော ရွှေရောင် ပါရမီအတွက် တိတ်တဆိတ် စိတ်လှုပ်ရှား နေချိန်မှာပင်။

နောက်ထပ် အသိပေးသံတစ်ခုက သူ၏ စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့လေ၏။

ဤသည်က နင်းဖန်ကို ရုတ်တရက် တုန်လှုပ်သွားစေခဲ့သည်။

ထပ်ရှိသေးတာလား...။

အခန်း (၁၀၆) လီချန်မင်... "အမှိုက်" ဆိုတာ ဘာအဓိပ္ပာယ်လဲ

"ကောင်းကင်အဆင့် ဝိညာဉ်ရတနာ၊ ရွှမ်ထင်ထီး ရဲ့ မှော်လက်နက်ဖန်တီးခြင်း ပုံစံကြမ်း...၊ ဒါက ကောင်းကင်မိုးကြိုးဖြင့် ကလီစာငါးခု သွန်းလုပ်ခြင်းနည်းစနစ် နဲ့ ဆက်စပ်နေပုံရတယ်...။"

နင်းဖန်၏ မျက်လုံးများ တောက်ပသွားခဲ့လေသည်။

နောက်ထပ် စကားတစ်ခွန်းမှ မပြောတော့ဘဲ သူသည် ကျန်းထန်ကို ဆွဲခေါ်ကာ ထျန်းကုန်းတောင်ထိပ် ဆီသို့ ဦးတည်သွားခဲ့တော့၏။

ပျံသန်းနေသော လှေငယ်ကို အကန့်အသတ်အထိ တွန်းအားပေးကာ တိမ်များနှင့် မြူခိုးများကို ဖြတ်သန်း ၍ တောင်ထိပ်အထိ တောက်လျှောက် ပျံသန်းသွားခဲ့လေသည်။

[ဒင်...၊ ဝင်ရောက်မှတ်တမ်းတင်ခြင်း တာဝန် ပြီးဆုံးပါပြီ၊ ဆုလာဘ်များ ပေးအပ်ပြီးပါပြီ…။]

သာယာသော စနစ် အသိပေးသံ ထွက်ပေါ်လာသည်နှင့်အမျှ နင်းဖန်၏ စိတ်ထဲတွင် မှော်လက်နက် ဖန်တီးခြင်း ပုံစံကြမ်း တစ်ခု ပေါ်လာခဲ့လေ၏။

၎င်းတွင် ရွှမ်ထင်ထီး ၏ ပိုမို အသေးစိတ်ကျသော ဖော်ပြချက်တစ်ခု ပါရှိလေသည်။

"ပျောက်ဆုံးသွားခဲ့ပြီဖြစ်တဲ့ ရှေးဟောင်းခေတ် က လူသားမျိုးနွယ် ရဲ့ အဆင့်မြင့် ကောင်းကင်အဆင့် ဝိညာဉ်ရတနာ တစ်ခု...၊ ဒီရတနာက တိုက်ခိုက်ဖို့အတွက် မွေးဖွားလာတာ မဟုတ်ဘဲ လမ်းညွှန်ပေးဖို့ ဖန်တီးထားတာ ဖြစ်တယ်...။"

"သူက နတ်ဘုရားစွမ်းရည် တွေကို တန်ပြန်မတိုက်ခိုက်ဘူး၊ လက်နက်တွေကိုလည်း မပိတ်ဆို့ဘူး...။ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း မိုးကြိုးကန် ထဲက ကောင်းကင်မိုးကြိုး တွေအတွက် အလွန် အစွမ်းထက်တဲ့ လမ်းညွှန်မှုစွမ်းအား တစ်ခုသာ ရှိတယ်...။"

"ရေနုတ်မြောင်း တစ်ခုလိုပဲ သူက ပြင်းထန်ပြီး ကသောင်းကနင်း ဖြစ်နေတဲ့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ကောင်းကင်မိုးကြိုး တွေကို စုပ်ယူနိုင်တဲ့ မိုးကြိုး ဝိညာဉ်ကြော တွေအဖြစ် ပြောင်းလဲပေးနိုင်တယ်...။"

"ဒီကတစ်ဆင့် သူက ကောင်းကင်မိုးကြိုး တွေကနေ ကလီစာငါးခုနဲ့ အူခြောက်သွယ်ကို သန့်စင်မှုကို အရှိန်မြှင့်ပေးတယ်...။"

"အသေးစိတ် ပစ္စည်းတွေကတော့ ကောင်းကင်မိုးကြိုး ကျောက်စိမ်းရိုးတွင်းခြင်ဆီ၊ ဟင်းလင်းပြင် မိုးကြိုးပုံစံသစ်သား၊ ကမ္ဘာဦး သံလိုက်ကြယ်သံမဏိ၊ မိုးကြိုးသားရဲ ဦးချို...။"

နင်းဖန် ဖတ်ပြီးသွားသောအခါ သူသည် အံ့အားသင့်ခြင်းကို မတားဆီးနိုင်ခဲ့ချေ။

ဒီအရာက တကယ်ပဲ ရှေးဟောင်းခေတ် က ထုတ်ကုန်တစ်ခုလား...။

ပြီးတော့ ဒီခေတ်မှာ ဒါက လုံးဝ ပျောက်ဆုံးသွားခဲ့ပြီ။

ပိုပြီး အံ့သြစရာကောင်းတာက ဒီအရာရဲ့ မူလ ဒီဇိုင်းရည်ရွယ်ချက်က မိုးကြိုးကန် ရုပ်ခန္ဓာကိုယ်သန့်စင် ခြင်း အတွက် လုံးဝ ဖြစ်နေတာပဲ။

အခြား ကောင်းကင်အဆင့် လက်နက်များနှင့် မတူဘဲ ၎င်းကိုယ်တိုင်က မည်သည့် တိုက်ခိုက်မှုစွမ်းအား ကိုမျှ သယ်ဆောင်ထားခြင်း မရှိသည့်အထိပင်။

အကယ်၍ တစ်စုံတစ်ယောက်သည် သေရေးရှင်ရေး တိုက်ပွဲတစ်ခုအတွင်း ဤရတနာကို ကိုင်ဆောင် ထားမည်ဆိုပါက ၎င်းမှာ လက်ဗလာဖြစ်နေသည်ထက်ပင် ပိုဆိုးပေလိမ့်မည်။ သို့သော် ထိုသို့သော အထူးစွမ်းရည်များ မရှိသည့် ဝိညာဉ်ရတနာ တစ်ခုသည် ကောင်းကင်မိုးကြိုး ကို အမှန်တကယ် ခံနိုင်ရည် ရှိပေ၏။

"ဒါက ရိုးရှင်းစွာပဲ ကောင်းကင်မိုးကြိုးဖြင့် ကလီစာငါးခု သွန်းလုပ်ခြင်းနည်းစနစ် အတွက် နတ်ဘုရား လက်နက် တစ်ခုပဲ...။"

နင်းဖန်၏ မျက်လုံးများ တောက်ပသွားပြီး ထျန်းကုန်းတောင်ထိပ် သိုလှောင်ရုံထဲသို့ ချက်ချင်း ပြေးဝင် သွားခဲ့လေသည်။

ဘာကြောင့်မှန်းမသိသော ကျန်းထန်သည် အနောက်မှ ပြေးလိုက်လာခဲ့လေ၏။

"စီနီယာအစ်ကို၊ ရှင် ဘာရှာနေတာလဲ...၊ ကျွန်မ ကူရှာပေးရမလား...။"

တကယ်တမ်းတွင် ကျန်းထန်အတွက်မူ သူမ၏ စီနီယာအစ်ကိုက အခါအားလျော်စွာ ထူးဆန်းသော လှုပ်ရှားမှုများ လုပ်နေသည်ကို သူမ ကျင့်သားရနေပြီ ဖြစ်သည်။

ယခုအချိန်တွင် သူမသည် သူ ဘာကြောင့် ရုတ်တရက် ထျန်းကုန်းတောင်ထိပ် သို့ ပြေးလာရသနည်းဟု သိချင်နေရုံသာ ဖြစ်၏။

သူက ကောင်းကင်မိုးကြိုး ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ကို ကူညီပေးနိုင်တဲ့ အကာအကွယ်ပစ္စည်း တစ်ခုခု ကို ရှာနေတာလား...။

ဤသည်ကို တွေးမိသောအခါ သူမက ထပ်ပြောလိုက်သည်။

"စီနီယာအစ်ကို၊ ရှင်က ကောင်းကင်မိုးကြိုး ကို ကာကွယ်ပေးနိုင်တဲ့ တစ်ခုခုကို ရှာချင်တယ်ဆိုရင် အဲဒါ ဘယ်မှာရှိလဲဆိုတာ ကျွန်မ သိတယ်...။"

"မင်း သိတယ်...။"

နင်းဖန် ရပ်တန့်သွားပြီး သူမကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

"ဟုတ်တယ်...။"

ကျန်းထန်က သူမ၏ မျက်လုံးပြူးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြောလိုက်၏။

"ဒီ မှော်လက်နက်သန့်စင်သူများ ရဲ့ ပစ္စည်းတွေကို မြင်တာနဲ့ ကျွန်မ အများကြီး သတိရလာတယ်...။"

"ထျန်းကုန်းတောင်ထိပ်က အကြီးအကဲလီ က မိုးကြိုးကန် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အတွက် သီးသန့် ချပ်ဝတ်တန်ဆာ တစ်စုံ ဖန်တီးထားတယ်လို့ ကျွန်မ မှတ်မိတယ်...၊ သူ့ရဲ့ အဆင့်က အနိမ့်ဆုံး မြေကမ္ဘာ အဆင့် ကိုတောင် ရောက်နိုင်တယ်တဲ့...။"

ဤသည်ကို ကြားသောအခါ နင်းဖန်သည် ချက်ချင်း စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့သည်။

သူက သူ၏ လက်ကို ဝှေ့ယမ်းကာ ပစ်ပယ်လိုက်ပြီး ပြောလိုက်၏။

"အဲဒါက ဘာအမှိုက်လဲ...၊ ခဏစောင့်နေ၊ မင်းရဲ့ စီနီယာအစ်ကိုက မင်းရဲ့ မျက်စိပွင့်သွားအောင် ရတနာ ကောင်းတစ်ခု ဖန်တီးပေးမယ်...။"

ထိုသို့ပြောပြီးနောက် သူသည် ပစ္စည်း အပုံလိုက်ထဲသို့ ပြန်လည် တိုးဝင်သွားခဲ့လေသည်။

"ကောင်းကင်မိုးကြိုး ကျောက်စိမ်းရိုးတွင်းခြင်ဆီ၊ ဟင်းလင်းပြင် မိုးကြိုးပုံစံသစ်သား၊ ကမ္ဘာဦး သံလိုက် ကြယ်သံမဏိ...၊ အာ... တွေ့ပြီ...။"

...

"အ...၊ အမှိုက်...။"

နင်းဖန်က သေတ္တာများထဲတွင် ပစ္စည်းများ မွှေနှောက်ရှာဖွေနေချိန်မှာပင် ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌ လီချန်မင်၏ အမူအရာမှာ ထုံတေနေပြီး သူ၏ မျက်လုံးများ ပြူးကျယ်နေခဲ့သည်။

သူ၏ နားကို သူ မယုံနိုင်ပုံရပြီး ပတ်ဝန်းကျင်ရှိ လူများကို မေးလိုက်၏။

"နင်းဖန်က အခုလေးတင် ငါ ဖန်တီးထားတဲ့ အနိမ့်ဆုံး မြေကမ္ဘာအဆင့် အကာအကွယ်ပစ္စည်း ကို အမှိုက်လို့ ပြောလိုက်တာလား...။"

"ဒီလို စကားလုံးတွေ ပါသွားပါတယ်...။"

အခြားလူများအားလုံးမှာ အနေရခက်စွာဖြင့် တိတ်ဆိတ်နေကြပြီး ရွှီယိုဝေ တစ်ယောက်သာ ရိုးသားစွာ ဖြေကြားလိုက်လေသည်။

လီချန်မင် ဤသည်ကို ကြားသောအခါ သူသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး မိုးကြိုးကဲ့သို့ အသံဖြင့် အော်ဟစ်လိုက်၏။

"သူက ဘာနားလည်လို့လဲ...။"

"နယ်မြေလေးခုနဲ့ ပြည်နယ်တစ်ခုလုံးကို ကြည့်လိုက်ရင် ငါ လီချန်မင်ကို မှော်လက်နက်သန့်စင်သူများ ရဲ့ မဟာဆရာကြီး အနေနဲ့ လေးလေးစားစား မခေါ်တဲ့သူ ဘယ်သူရှိလဲ...။ အခြား ဘာကိုမှ မပြောနဲ့ဦး၊ ငါတို့ ဂိုဏ်းထဲမှာတင် သတ်ဖြတ်ခြင်း နတ်ဘုရားလက်နက် တွေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဝိညာဉ်ရတနာ တွေ ဘယ်လောက်များများက ငါ့လက်ရာ မဟုတ်လို့လဲ...။"

"စီနီယာအစ်မယွီ၊ သူ့ကို မင်းပဲ ပြောပြလိုက်...။"

"မင်းရဲ့ အလယ်အလတ်အဆင့် ကောင်းကင်အဆင့် ပန်းသင်္ချိုင်းဓား က ငါ့လက်နဲ့ လုပ်ထားတာ မဟုတ် ဘူးလား...။"

"မင်းက အဲဒါကို မင်းရဲ့ အဆီအနှစ်သွေးနဲ့ နှစ်တစ်ထောင်ကြာအောင် သန့်စင်ခဲ့ပြီးပြီ၊ အခုဆို မင်းက မင်းနှလုံးသားနဲ့ ဓား တစ်သားတည်းဖြစ်တဲ့ အခြေအနေ၊ လူနဲ့ ဓား ပေါင်းစည်းတဲ့ အခြေအနေ ကို အောင်မြင်နေပြီ...။"

"ထိုက်ရီ လျှို့ဝှက်ဓား က ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးဖို့အတွက် ငါ့မှာလည်း အကြွေးတစ်ခုတော့ ရှိရမယ် မဟုတ်လား...။"

လီချန်မင်၏ နှာခေါင်းမှာ ဒေါသကြောင့် တွန့်လိမ်နေပြီး စကားလုံးများက ပုလဲကုံးတစ်ခုကဲ့သို့ သူ၏ ပါးစပ်မှ ထွက်ကျလာခဲ့သည်။

မှော်လက်နက်ဖန်တီးခြင်း ၏ တာအို သည် ကျယ်ပြန့်ပြီး နက်နဲလှ၏။ ၎င်းသည် ဆေးဖော်စပ်ခြင်း အောက်တွင် မရှိချေ။

ခေါ်ဆိုသော အသုံးအဆောင်များထဲတွင် ၎င်းကို အမျိုးအစားများစွာ ထပ်မံခွဲခြားထားသည်။ အကာ အကွယ် ချပ်ဝတ်တန်ဆာကို ခဏတာ ဘေးဖယ်ထားလိုက်လျှင် တိုက်ခိုက်ရေး အမျိုးအစား တစ်ခု တည်းကပင် နှစ်မျိုး ခွဲခြားထား၏။

အပြင်ပန်းတွင် ၎င်းတို့ကို နတ်ဘုရားလက်နက် များဟု စုပေါင်းခေါ်ဝေါ်ကြသော်လည်း တကယ် တမ်းတွင် ဝိညာဉ်ရတနာ များဟုခေါ်သော အမျိုးအစားခွဲတစ်ခု ရှိလေသည်။

ဝိညာဉ်ရတနာ များသည် ယေဘုယျအားဖြင့် အတော်လေး ထူးဆန်းကြသည်၊ ၎င်းတို့သည် နတ်ဘုရား စွမ်းရည် များနှင့် နည်းစနစ်များကို ထည့်သွင်းရန် မွေးဖွားလာကြပြီး ၎င်းတို့၏ ပုံစံများမှာလည်း ကွဲပြားကြလေ၏။

အချို့က ပန်းချီကားတစ်ချပ်၊ အချို့က မြက်ပင်တစ်ပင် ဖြစ်ပြီး ထီးများ၊ ပိုးသားဖဲကြိုးများ၊ စစ်တုရ င်ခုံများ စသည်တို့လည်း ရှိကြလေသည်။

ဝိညာဉ်ရတနာ များ၏ လက္ခဏာမှာ ၎င်းတို့၏ သတ်ဖြတ်နိုင်စွမ်းမှာ မထင်ရှားဘဲ အထောက်အကူပြု ခြင်းဘက်သို့ ပိုမို ဦးတည်ခြင်း ဖြစ်သည်။

ဥပမာအားဖြင့် ရန်သူများကို ရှုပ်ထွေးစေရန် ပန်းချီကားစာလိပ် ကို အသုံးပြုခြင်း၊ သို့မဟုတ် ချည်နှောင် ထိန်းချုပ်ရန် ပိုးသားဖဲကြိုးများ ကို အသုံးပြုခြင်း စသည်ဖြင့် ဖြစ်၏။

နတ်ဘုရားလက်နက် များသည် ကွာခြားပြီး သတ်ဖြတ်ခြင်းကို အာရုံစိုက်သည်။

ဓားရှည်များ၊ ဓားများ၊ လှံများ၊ တုတ်ရှည်များ၊ ပုဆိန်များ၊ တူများ... ဤအရာများအားလုံးမှာ ဥပမာများ ဖြစ်သည်။

လီချန်မင် သည် မှော်လက်နက်ဖန်တီးခြင်း ၏ တာအို အပေါ် ထိုးထွင်းသိမြင်မှုများစွာ ရှိသည်။

၎င်းသည် ဝိညာဉ်ရတနာ သို့မဟုတ် နတ်ဘုရားလက်နက် ဖြစ်စေ သူသည် ၎င်းတို့ကို လွယ်ကူစွာ ဖန်တီး နိုင်ပြီး သူ၏ ဘဝတစ်သက်တာတွင် ကောင်းကင်အဆင့် အသုံးအဆောင်များစွာကို ဖန်တီးခဲ့ဖူး၏။

ယွီရူရွှမ်း၏ ပန်းသင်္ချိုင်းဓား ကဲ့သို့ ၎င်းမှာ သူပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခု ၎င်းကို ရည်ညွှန်းပြောဆိုရခြင်းမှာ နင်းဖန်က သူ၏ မိုးကြိုးကန် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အကာ အကွယ်ပစ္စည်းကို အမှိုက်ဟု ခေါ်ဆိုခြင်းကို သူ သည်းမခံနိုင်သောကြောင့်ဖြစ်ပြီး သူ့ကိုယ်သူ သက်သေ ပြရန် စိတ်အားထက်သန်နေသောကြောင့် ဖြစ်၏။

ယွီရူရွှမ်းက နူးညံ့စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ဂျူနီယာမောင်လေးရဲ့ လက်ရာကို လူတိုင်း သိတာပဲလေ...။"

"နင်းဖန်က မစဉ်းစားဘဲ ပြောလိုက်တာ ဖြစ်နိုင်ပါတယ်...။"

သူမ စကားပြောပြီးသွားချိန်မှာပင် အောက်ဘက်ရှိ နင်းဖန်သည် ပစ္စည်းအမျိုးအစား အများအပြားကို သယ်ဆောင်ကာ သိုလှောင်ရုံထဲမှ ထွက်လာပြီး သူ၏ဘေးရှိ သူတော်စင်မိန်းမပျိုအား….၊

"အနိမ့်ဆုံး မြေကမ္ဘာအဆင့် ပစ္စည်းတွေက လူတွေ သုံးဖို့တောင် ရည်ရွယ်ထားတာလား..."

ဟု ပြောလိုက်သည်ကို လူတိုင်း မြင်တွေ့လိုက်ရလေသည်။

"အဲဒီ အကြီးအကဲလီ က အနည်းဆုံးတော့ တောင်ထိပ်တစ်ခုရဲ့ သခင်ပဲ၊ သူက မိုးကြိုးကန် ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း အတွက် သင့်တင့်တဲ့ အရာတစ်ခုကိုတောင် ဘယ်လိုလုပ် မဖန်တီးနိုင်ရတာလဲ...။"

"ဒါကို တရားဝင် ဝေဖန်မှုတစ်ခုလို့ သတ်မှတ်လိုက်...။"

လူတိုင်း "..."

ယွီရူရွှမ်း "..."

နူးညံ့သိမ်မွေ့သော စီနီယာအစ်မသည် အနေရခက်သော်လည်း ယဉ်ကျေးသော အပြုံးတစ်ခုကိုသာ ပေးနိုင်တော့၏။

ပြီးတော့ ယခုလေးတင်ကမှ တည်ငြိမ်သွားသော လီချန်မင်သည် ချက်ချင်း ထပ်မံ၍ ခုန်ပေါက်သွား တော့လေသည်။

"နင်းဖန်..."

"မင်းက ငါ့ပစ္စည်းတွေကို အမှိုက်လို့ ထပ်ခေါ်ပြန်ပြီလား...။"

"မိုးကြိုးကန် ထဲမှာ ကလီစာငါးခုနဲ့ အူခြောက်သွယ်ကို သန့်စင်ဖို့ ကူညီပေးနိုင်တဲ့ အကာအကွယ်ပစ္စည်း တွေက ပျောက်ဆုံးသွားတာ ကြာပြီဆိုတာ မင်း သိလား...။"

"ဂိုဏ်းတိုင်းက သူတို့ရဲ့ တပည့်တွေအတွက် ပြင်ဆင်ပေးတဲ့ အထောက်အကူပြု ပစ္စည်းတွေက အခု မှော်လက်နက်သန့်စင်သူများ ကိုယ်တိုင် သုတေသနလုပ်ထားတာတွေချည်းပဲ...။"

"တခြားဂိုဏ်းတွေက အဆင့်မြင့် နက်နဲသောအဆင့် တွေကို သုံးနေတုန်းပဲ...။ သူတို့အောက်က ပါရမီရှင် တွေက အဲဒါတွေကို အကြောက်တရားတွေနဲ့ သုံးနေရပြီး မိုးကြိုးကန် ထဲမှာ မကြာခဏဆိုသလို မိုးကြိုး ပစ်ခံရပြီး သေဆုံးသွားကြတယ်...။"

"ငါက အနိမ့်ဆုံး မြေကမ္ဘာအဆင့် တစ်ခုကို သုတေသနလုပ်ထားတာ ဘာမှားနေလို့လဲ...။ ငါက သူတို့ ထက် ပိုအစွမ်းမထက်ဘူးလား...။"

"ပြီးတော့ မင်းက ဒါတွေ တစ်ခုမှ မသိဘူး...။"

"အခု မင်းက အကာအကွယ်ပစ္စည်း ကို ကိုယ်တိုင် ဖန်တီးချင်တယ်ပေါ့...။ မင်းက ဆေးဖော်စပ်ခြင်း လိုမျိုးပဲလို့ ထင်နေတာလား...။"

လီချန်မင် ဂုဏ်ယူခဲ့သော မှော်လက်နက်ဖန်တီးခြင်း နည်းစနစ် သည် နင်းဖန်အတွက် အမှိုက်တစ်မျိုး ဖြစ်သွားပုံရသည်။ ဤသည်မှာ သူ သည်းမခံနိုင်သော အရာပင်။

သူ့ဘေးတွင် ရှောင်ချာ က "အာ" ဟု ရေရွတ်လိုက်ပြီး မကျေမနပ်ဖြစ်နေပုံရ၏။

"မင်းက ဘာလို့ ငါ့ရဲ့ ဆေးသန့်စင်ခြင်း တာအို က မင်းရဲ့ မှော်လက်နက်ဖန်တီးခြင်း လောက် မကြီးကျယ် ဘူးလို့ ထင်ရအောင် ပြောနေရတာလဲ...။"

All Chapters