← Chapters

အခန်း (၄၈၁-၄၈၃)

Vol. 33 Ch. 481-483

အခန်း (၄၈၁-၄၈၃)

Vol. 33 Ch. 481-483

အခန်း (၄၈၁) - စတုတ္ထအဆင့် ရွှေပုစဉ်း နည်းစနစ်၊ ဝိညာဉ် အသွင်ပြောင်းလဲခြင်း (အပိုင်း - ၄)

အကယ်၍သာ အချိန်အတန်ကြာအောင် အောင်မြင်စွာ ပြုပြင်နိုင်ခဲ့မည် ဆိုပါက အနီရောင် ရုပ်သေး သည် စတုတ္ထအဆင့် အဆင့်နိမ့်၏ အမြင့်ဆုံး ခွန်အားကို အပြည့်အဝ ပြန်လည် ရရှိသွားနိုင်မည် ဖြစ်သည်။

တာအိုရုပ်သေး ကိုယ်ထည်၏ စွမ်းအားများမှာ သိသိသာသာ တိုးတက်လာခဲ့သည့်အပြင် ရွှေအမြုတေ အဆင့် (၉) တွင် ရှိသော အရှင် နှစ်ဦးကိုလည်း အစေခံအဖြစ် သိမ်းသွင်းနိုင်ခဲ့တော့၏။ ထို့ကြောင့် ကုန်းယွဲ့ ကုန်သွယ်ရေး အဖွဲ့ ၏ အင်အားမှာလည်း အချိန်တိုအတွင်း များစွာ တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပြီး နယ်ပယ်များကိုလည်း ဆက်လက် ချဲ့ထွင်နိုင်တော့မည်။

ထိုသို့ တွေးတောနေရင်း စုယွီ ၏ စိတ်ထဲတွင် နောက်ထပ် အကြံအစည် တစ်ခု ပေါ်ထွက်လာပြန်သည်။

'တာအိုရုပ်သေး ကိုယ်ထည်ကိုပဲ နဂါးနက် ကုန်သွယ်ရေး အဖွဲ့ ကို ဝါးမြိုခိုင်းပြီး တာအိုဆရာ နဂါးနက်ကိုပါ အစေခံအဖြစ် ဖမ်းစားခိုင်းလိုက်ရင် ကောင်းမလား'

သူသည် ထိုအကြံကို သူ၏ စိတ်ကူးထဲတွင် အကြိမ်ကြိမ် အခါခါ ပြန်လည် ဆန်းစစ်နေမိ၏။

အကယ်၍သာ နဂါးနက် ကုန်သွယ်ရေး အဖွဲ့ ကို ဝါးမြိုနိုင်ခဲ့မည် ဆိုလျှင် ကုန်းယွဲ့ ကုန်သွယ်ရေး အဖွဲ့ ၏ အရှိန်အဝါနှင့် အင်အားမှာ တိုက်ရိုက်ပင် နှစ်ဆကျော် တိုးတက်သွားမည် မဟုတ်ပါလော။

ဤအရာမှာ အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိလှသော ရွေးချယ်မှု တစ်ခုပင် ဖြစ်သည်။

ထို့အပြင် ထိုနေရာတွင် တာဝန်ယူထားသည်မှာ တာအိုရုပ်သေး ကိုယ်ထည်သာ ဖြစ်သဖြင့် လှုပ်ရှားမှုများ ကြီးမားသွားခဲ့လျှင်ပင် ပေးဆပ်ရမည့် တန်ဖိုးကို သူက ခံယူပေးနိုင်မည် ဖြစ်ပြီး သူ၏ အစစ်အမှန် ကိုယ်ခန္ဓာ မလုပ်ဆောင်နိုင်သော ကိစ္စရပ်များကိုလည်း လုပ်ဆောင်နိုင်လိမ့်မည်။

'တာအိုရုပ်သေး ကိုယ်ထည်ရဲ့ စွမ်းအားတွေ အနည်းငယ် ပိုပြီး ပြည့်စုံလာတဲ့အထိ ခဏလောက် ထပ်စောင့်ကြည့်ရသေးတာပေါ့'

စုယွီ သည် ထိုအတွေးများကို ခေတ္တမျှ ဖိနှိပ်ထားလိုက်၏။

ထို့နောက် သူ၏ စိတ်အာရုံထဲတွင် အလွန် အစွမ်းထက်လှသော မန္တန် တစ်ခု၏ အမွေအနှစ်မှာ ပေါ်ထွက်လာပြန်သည်။ ၎င်းမှာ ကောင်းကင်ခွဲ နတ်ဘုရား နည်းစနစ် ပင် ဖြစ်၏။

သူသည် ထိုနည်းစနစ်အား အချိန်အတန်ကြာအောင် လေ့လာ ဆည်းပူးပြီးနောက် ဂူစံအိမ် အတွင်းမှ ထွက်လာခဲ့ပြီး တာ့ယွဲ့ တောင်ထွတ် ပေါ်တွင် စတင် လေ့ကျင့်တော့သည်။

(၁၅) ရက်ပင် မပြည့်မီသော အချိန်အတွင်းမှာပင် သူသည် ကောင်းကင်ခွဲ နတ်ဘုရား နည်းစနစ် အား ကျွမ်းကျင်စွာ တတ်မြောက်သွားခဲ့တော့၏။

စုယွီ သည် လက်ထဲရှိ အဆင့်မြင့် မှော်လက်နက် ပျံသန်းခြင်း ဓားကို ကိုင်စွဲကာ တစ်ချက် ဝှေ့ယမ်း ခုတ်ပိုင်းလိုက်သည်။ ချက်ချင်းပင် ပေပေါင်း ရာနှင့်ချီ၍ ရှည်လျားသော ဓားချီကြီး တစ်ခုမှာ ဟင်းလင်းပြင်ကို ခွင်းလျက် ထွက်ပေါ်လာနေသည်။ တာ့ယွဲ့ တောင်ထွတ် အထက်ရှိ ကောင်းကင်ပြင်ကြီးကိုပင် နှစ်ခြမ်းခွဲပစ်တော့မည့်အလား ထင်မှတ်ရ၏။

လအနည်းငယ် ကြာမြင့်ပြီးနောက်၊

အရှင်သခင်ကြီး ကုလန် သည် တာ့ယွဲ့ တောင်ထွတ် သို့ ရောက်ရှိလာပြီး တာအိုဆရာ ထျန်းယွီ နှင့် စုယွီ တို့အား လာရောက် ရှာဖွေလာသည်။

ခြံဝင်းငယ်လေး အတွင်း၌၊

အရှင်သခင်ကြီး ကုလန် က တာအိုဆရာ ထျန်းယွီ အား ကြည့်ကာ ဆိုလိုက်၏။

“ဦးလေးဆရာရှင့် ... အခုတလော ဟေးယွီ အင်မော်တယ် မြို့တော် ရဲ့ ကျောက်တုံး ပုဆိန် ဈေးတန်း မှာ သားရဲလှိုင်းတွေ ပေါ်ပေါက်လာမယ့် အရိပ်အယောင်တွေ တွေ့နေရတယ် ... အဲဒါကြောင့် ဂျူနီယာ ညီမလေး ချင်းချွမ် က တာ့ယွဲ့ တောင်ထွတ် က လူတွေကို ဦးဆောင်ပြီး သွားရောက် ဖြေရှင်းလိမ့်မယ် ... ဒါပေမဲ့ ကျွန်မတို့ တာ့ယွဲ့ တောင်ထွတ် မှာ အခင်းအကျင်း ပညာရှင် မရှိတာကြောင့် ဂျူနီယာ မောင်လေး စုယွီ ကို ခဏလောက် အကူအညီ တောင်းချင်လို့ပါ”

တာအိုဆရာ ထျန်းယွီ သည် မျက်မှောင်ကို အနည်းငယ် ကြုံ့လိုက်ပြီး မေးမြန်းလိုက်၏။

“သားရဲလှိုင်း ဟုတ်လား ... ဘယ်လောက် အဆင့်ရှိလဲ”

အရှင်သခင်ကြီး ကုလန် က ပြန်လည် ဖြေကြားလိုက်၏။

“စတုတ္ထအဆင့် မိစ္ဆာသားရဲတွေ ဒါမှမဟုတ် မိစ္ဆာ မျိုးနွယ်စုဝင်တွေ မပါဝင်ပါဘူး ... ကျောက်တုံး ပုဆိန် ဈေးတန်း ဘေးက မိစ္ဆာ တောအုပ်က သာမန် မိစ္ဆာ တောအုပ် တစ်ခုပါပဲ”

အရှင်သခင်ကြီး ကုလန် က ရှည်ရှည်ဝေးဝေး ထပ်မံ မပြောဆိုတော့ပေ။ သူမ၏ အမြင်တွင်မူ ဤကိစ္စမှာ အသေးအမွှားလေးသာ ဖြစ်၏။

စတုတ္ထအဆင့် မိစ္ဆာသားရဲများနှင့် မိစ္ဆာ မျိုးနွယ်စုဝင်များ မပါဝင်ကြောင်း သိရှိသွားသောအခါ တာအိုဆရာ ထျန်းယွီ သည်လည်း စိတ်အေးသွားရသည်။

အကယ်၍ ထိုအဆင့်ရှိသော သတ္တဝါများ မပါဝင်ပါက ဒါက မပြောပလောက်သော ကိစ္စရပ် တစ်ခုသာ ဖြစ်လိမ့်မည်။

ထို့ကြောင့် သူသည် စုယွီ အား တိုက်ရိုက် ခေါ်ယူလိုက်ပြီး အရှင်သခင်ကြီး ကုလန် နှင့်အတူ ယွဲ့လန် တောင်ထွတ် သို့ လိုက်ပါ သွားရောက်ရန် ပြောကြားလိုက်၏။

တာအိုဆရာ ထျန်းယွီ ၏ အမြင်တွင်မူ စုယွီ သည် အိမ်တွင်းအောင်းလွန်းနေသည်။ ၎င်းမှာ ကောင်းမွန်သော အချက် မဟုတ်ပေ။

အန္တရာယ် မရှိသော အခြေအနေမျိုးတွင် အပြင်ထွက်၍ လှုပ်လှုပ်ရှားရှား ရှိသင့်ပြီး သူ၏ ပင်ကိုယ် အသိစိတ်များနောက်သို့ လိုက်ပါသင့်သည်လေ။

ခဏအကြာတွင်၊ ယွဲ့လန် တောင်ထွတ် သို့ သွားရာ လမ်း၌ စုယွီ သည် သူ စီးနင်းလာသော ဧရာမ ကြောင်မိစ္ဆာကြီး အား လှည့်ကြည့်လိုက်သည်။ ထိုကြောင်မိစ္ဆာကြီးတွင် အတောင်ပံ တစ်စုံ ပါရှိ၏။ ကြည့်ရသည်မှာ ကျားမိစ္ဆာ တစ်ကောင်နှင့် ဆင်တူသော်လည်း မျက်နှာမှာမူ အလွန်တရာ ကြမ်းကြုတ် ခက်ထန်လှသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ပေ (၅၀) ခန့်အထိ ကြီးမားပြီး ထူးခြားသော အရှိန်အဝါ တစ်ခုကို ပိုင်ဆိုင်ထားသည်။ ရွှေရောင် အလင်းတန်းများမှာ ၎င်း၏ ကိုယ်ထည်ပေါ်တွင် ဖြာထွက်နေပြီး တောက်ပနေသော ဗုဒ္ဓ အလင်းရောင်နှင့် ဆင်တူလှကာ ကရုဏာ တရားများဖြင့် ပြည့်နှက်နေသည့်နှယ် ရှိ၏။

စုယွီ က အံ့အားသင့်စွာဖြင့် ဆိုလိုက်၏။

“စီနီယာ အစ်မကြီး ကုလန် ... ဒါက အစ်မကြီးရဲ့ ရွှေဗုဒ္ဓ ကြောင်မိစ္ဆာ လား ... သူ့ရဲ့ သွေးကြောက တော်တော်လေး ထူးခြားတာပဲ နော်”

အရှင်သခင်ကြီး ကုလန် က ခပ်ဖွဖွ ပြုံးလိုက်ပြီး ဆိုလိုက်၏။

“ရွှေလေး ရဲ့ သွေးကြောက ကျင့်ကြံခြင်း လောက ထဲက ဗုဒ္ဓ ဘုံ ကနေ ဆင်းသက်လာတာလေ ... ကြားဖူးတာတော့ သူ့ရဲ့ ဘိုးဘေးက ဗုဒ္ဓ ရဲ့ လက်အောက်က မြင့်မြတ်တဲ့ သားရဲ တစ်ကောင် ဖြစ်ပြီးတော့ တိုက်ခိုက်တဲ့ နေရာမှာ အလွန် ထူးချွန်တယ် တဲ့”

“တိုက်ခိုက်တဲ့ နေရာမှာ…”

စုယွီ သည် ထိုကြောင်မိစ္ဆာကြီးထံမှ ထွက်ပေါ်နေသော ကရုဏာ သက်ဝင်သည့် အရှိန်အဝါကို ခံစားမိလိုက်ရာ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားသည်။

“ဗုဒ္ဓ လမ်းစဉ် ရဲ့ အစောင့်အရှောက် ဆိုတာ ကရုဏာ တရား ထားရမှာ မဟုတ်ဘူးလား ... သားသတ်ဓားကို ချပြီး အဲဒီနေရာမှာတင် ဗုဒ္ဓ ဖြစ်တယ် ဆိုတဲ့ စကားလည်း ရှိတယ် မဟုတ်လား”

အရှင်သခင်ကြီး ကုလန် မှာ အနည်းငယ် အံ့အားသင့်သွားပြီး သူ့အား လှည့်ကြည့်လိုက်၏။

“မင်း အဲဒီစကားကို ဘယ်ကနေ ကြားလာတာလဲ”

“ဗုဒ္ဓ ဘာသာ မှာ ကရုဏာ တရား အကြောင်းကို ဟောကြားတာ မှန်ပေမဲ့ လူတိုင်း အပေါ်မှာတော့ မဟုတ်ဘူး ကွ ... ဗုဒ္ဓ ဘာသာ ကို ကာကွယ် စောင့်ရှောက်တဲ့ ဒေါသ မျက်နှာတော်နဲ့ နတ်ဘုရားတွေလည်း ရှိသေးတယ် ... အဲဒီ နတ်ဘုရားတွေက သတ်ဖြတ်ဖို့ အတွက်ပဲ မွေးဖွားလာတာ ... ကယ်တင်ဖို့ အတွက် မဟုတ်ဘူး”

“မကောင်းဆိုးဝါး သားရဲတွေနဲ့ မိစ္ဆာတွေ ဆိုတာ ယုတ်မာတဲ့ ဝဋ်ကြွေးတွေနဲ့ ပြည့်နှက်နေတာ ... သူတို့ အပေါ်မှာ ဘာ ကရုဏာ တရားကို ပြောနေမှာလဲ ... သူတို့ကို အမြန်ဆုံး ပြန်လည် မွေးဖွားခြင်း လမ်းဆီကို ပို့ပေးလိုက်တာကမှ တကယ့် ကရုဏာ တရား စစ်စစ်ပဲ”

“သားသတ်ဓားကို ချပြီး အဲဒီနေရာမှာတင် ဗုဒ္ဓ ဖြစ်တယ် ဆိုတဲ့ စကား ကတော့ ... တကယ်လို့သာ အဲဒီအတိုင်း ဖြစ်မယ် ဆိုရင် ကျင့်ကြံခြင်း လောကကြီး တစ်ခုလုံး ကသောင်းကနင်း ဖြစ်ကုန်မှာပေါ့”

သူမသည် မနေနိုင်ဘဲ အသံထွက်၍ ရယ်လိုက်၏။

စုယွီ သည် ထိုစကားများကို ပြန်လည် ဆင်ခြင်ကြည့်ပြီးနောက် ပြောလိုက်၏။

“သားသတ်ဓားကို ချပြီး အဲဒီနေရာမှာတင် ဗုဒ္ဓ ဖြစ်တယ် ဆိုတဲ့ စကားက ဗုဒ္ဓ ရဲ့ နှလုံးသားကို ရည်ညွှန်းတာ ဖြစ်လိမ့်မယ် ထင်တယ် ... တကယ်လို့ မိစ္ဆာ တစ်ကောင်က တကယ်ပဲ နောင်တရပြီး ကောင်းမှု လုပ်ချင်တယ် ဆိုရင်ရောဗျ”

အရှင်သခင်ကြီး ကုလန် က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

“အဲဒီလို ဖြစ်ရပ်မျိုး ရှိမရှိတော့ ငါ မသိဘူး ... ဒါပေမဲ့ ... တစ်ခါ မိစ္ဆာ ဖြစ်ရင် အမြဲတမ်း မိစ္ဆာ ပဲ ... မကောင်းဆိုးဝါး သားရဲ ဆိုတာလည်း မကောင်းဆိုးဝါး သားရဲ ပါပဲ ... သူတို့ အပေါ်မှာ ရှိနေတဲ့ ဝဋ်ကြွေးတွေက ဘယ်လိုမှ ပေါ့ပါးမှာ မဟုတ်ဘူး”

“အဲဒီလို လူမျိုးတွေက ဗုဒ္ဓ လမ်းစဉ် က ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး လို့ ကံကြမ္မာ က သတ်မှတ်ထားပြီးသားပဲ”

“ငါတို့ရဲ့ အင်မော်တယ် လမ်းစဉ် ရဲ့ အမြင်က ကြည့်မယ် ဆိုရင်တော့ ကောင်းကင် တာအို က အရာရာကို ခံယူပေးထားတယ် ... ဒီအရာကို လှုပ်ရှားလိုက်ရင် ဟိုအရာက သိရှိသွားတာကို အာရုံခံခြင်း လို့ ခေါ်တယ် ... ထိုအရာကို ပြန်လည် တုံ့ပြန်တာကို ထူးခြားတဲ့ တုံ့ပြန်မှု လို့ ခေါ်တယ် ... ကောင်းမှု နဲ့ မကောင်းမှု တို့ရဲ့ အာရုံခံစားမှု တွေက ကောင်းကင်နဲ့ မြေကြီးကို လှုပ်ခတ်စေတာကြောင့် သေချာပေါက် ကံဝဋ် ဆိုတာ ရှိရမယ်”

“အဲဒါကို ဗုဒ္ဓ ဘာသာ မှာတော့ ကံကြမ္မာ လို့ ခေါ်လေ့ ရှိကြတယ် ... ကံဝဋ်ကြွေးတွေကို မချေဖျက်နိုင်ဘဲနဲ့ ဘယ်လိုလုပ်ပြီး အလင်းရောင်ကို ရနိုင်မှာလဲ”

“အဲဒီလို မိစ္ဆာတွေနဲ့ မကောင်းဆိုးဝါး သားရဲတွေ အတွက် ဆိုရင်တော့ ဗုဒ္ဓ ဘာသာ မှာတောင်မှ စိန်လက်နက်တွေနဲ့ နှိမ်နင်းပြီး ပြန်လည် မွေးဖွားခြင်း ဆီကို ပို့ပေးတဲ့ နည်းလမ်းတွေပဲ ရှိတယ် ... ဗုဒ္ဓ ဖြစ်ဖို့ စဉ်းစားနေတာလား ... တကယ်လို့ သူတို့ရဲ့ အနှစ်သာရ ဝိညာဉ် က ပျက်စီးမသွားဘူး ဆိုရင် နောက်ဘဝ ကျမှသာ ဖြစ်နိုင်ခြေ ရှိပါလိမ့်မယ်”

စုယွီ က စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်ပြန်သည်။

“ဒါဆိုရင် ကျွန်တော်တို့ အင်မော်တယ် လမ်းစဉ် က လူတွေက မကောင်းမှု လုပ်ရင်ရော ဘယ်လို ဖြစ်မလဲ”

အရှင်သခင်ကြီး ကုလန် က ဆိုလိုက်၏။

“ဒါဆိုရင်တော့ သူ့ကို တာအို နိယာမ တွေနဲ့ပဲ လမ်းခွဲ ပေးလိုက်ရုံပေါ့”

စုယွီ သည် အင်မော်တယ် လမ်းစဉ် ၏ အစောင့်အရှောက်များ သို့မဟုတ် ပြန်လည် မွေးဖွားခြင်း နှင့် ပတ်သက်သော ဆင်တူသည့် ပုံပြင်များ ရှိမရှိ ထပ်မံ နားထောင်ချင်သေးသော်လည်း ယခုအခါတွင်မူ မရှိကြောင်း ထင်ရှားနေတော့၏။ အချုပ်အားဖြင့် ဆိုရသော် ရုပ်ပိုင်းဆိုင်ရာ လွတ်မြောက်မှု ဆိုသည်မှာ မည်သည့် အင်မော်တယ် မဆို လုပ်ဆောင်နိုင်သော အရာ မဟုတ်ပါလော။

သူသည် ယွဲ့လန် တောင်ထွတ် သို့ ရောက်ရှိသွားသောအခါ တာအိုဆရာမ ချင်းချွမ် နှင့် အခြားသော တာ့ယွဲ့ တောင်ထွတ် မှ ရွှေအမြုတေ အဆင့် တပည့် (၉) ဦးတို့မှာ အသင့် ပြင်ဆင်ထားကြပြီး ဖြစ်၏။

တာအိုဆရာမ ချင်းချွမ် နှင့် အခြား အသက် (၃၀) အရွယ်ခန့် ရှိသော အမျိုးသမီး တစ်ဦးတို့မှာ ရွှေအမြုတေ အဆင့် (၉) တွင် ရှိကြပြီး ကျန်ရှိနေသော သူများမှာ ရွှေအမြုတေ အဆင့် နှောင်းပိုင်း (၂) ဦး ၊ အလယ်အလတ် အဆင့် (၂) ဦး နှင့် အစောပိုင်း အဆင့် (၄) ဦး တို့ ဖြစ်ကြသည်။

အမျိုးသမီး (၆) ဦး နှင့် အမျိုးသား (၄) ဦး ဖြစ်ရာ ယင် ဓာတ်က လွှမ်းမိုးနေပြီး ယန် ဓာတ်က အားနည်းနေသည်ကို တွေ့ရ၏။

ဤအရာမှာ မဆန်းလှပေ။ အဘယ်ကြောင့်ဆိုသော် ယွဲ့လန် တောင်ထွတ် ၏ တောင်ထွတ် သခင် နှင့် အရှင်သခင်ကြီး ကုလန် တို့ နှစ်ဦးစလုံးမှာ အမျိုးသမီး အရှင်သခင်ကြီး များ ဖြစ်ကြပြီး ယွဲ့လန် တောင်ထွတ် တွင် အမျိုးသမီး ကျင့်ကြံသူ ဦးရေမှာ ပိုမို များပြားသောကြောင့် ဖြစ်၏။

ရွှေအမြုတေ အဆင့် (၉) တွင် ရှိသော အမျိုးသမီး တပည့်ကြီးသည် အရှင်သခင်ကြီး ကုလန် နှင့် စုယွီ တို့အား မြင်တွေ့လိုက်ရသောအခါ အခြားသော (၈) ဦးနှင့်အတူ ချက်ချင်းပင် အရိုအသေပေး နှုတ်ဆက်လိုက်ကြသည်။

“အရှင်သခင်ကြီး ကုလန် (ဆရာသခင်) နဲ့ ဦးလေးဆရာ စု တို့ကို ဂါရဝပြုပါတယ် ခင်ဗျာ (ရှင်)”

အခန်း (၄၈၂) - စတုတ္ထအဆင့် ရွှေပုစဉ်း နည်းစနစ်၊ ဝိညာဉ် အသွင်ပြောင်းလဲခြင်း (အပိုင်း - ၅)

တာအိုဆရာမ ချင်းချွမ်သည် ဝင်းလက်တောက်ပသော ဝတ်ရုံနီရှည်ကြီးကို ဆင်မြန်းထားသည်။ သူမသည် အရှင်သခင်ကြီး ကုလန်နှင့် စုယွီတို့အား ယဉ်ကျေးပျူငှာစွာ ဂါရဝပြုလိုက်ရင်း နူးညံ့ပျော့ပျောင်းသော အပြုံးလေးဖြင့် နှုတ်ခွန်ဆက်လိုက်၏။

“အစ်မကြီး ... မောင်လေးစု ...”

အရှင်သခင်ကြီး ကုလန်က ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်ရင်း လူစုအား ကြည့်ကာ လေးနက်စွာ မိန့်ကြားလိုက်၏။

“မင်းတို့ တာဝန်တွေကို သေချာ ဂရုစိုက်ပြီး လုပ်ကြပါ ... ပြီးရင်တော့ ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ကြဦးနော်”

“ဟုတ်ကဲ့ပါ အစ်မကြီး”

ထို့နောက်၊ တာအိုဆရာမ ချင်းချွမ်သည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ထဲမှ ယာဉ်ပျံ တစ်စင်း ထွက်ပေါ်လာသည်။ သူမသည် အရှင်သခင်ကြီး ကုလန်အား လက်ပြ နှုတ်ဆက်လိုက်ပြီးနောက် စုယွီနှင့် အတူ ယာဉ်ပျံပေါ်သို့ တက်ရောက် ပျောက်ကွယ်သွားကြတော့သည်။ ခဏအကြာတွင် ယာဉ်ပျံပေါ်ရှိ အခင်းအကျင်းများ လှုပ်ခတ်သွားပြီးနောက် သူတို့သည် ဒီလင်အင်မော်တယ်မြို့တော် ဆီသို့ ဦးတည် ပျံသန်းသွားကြ၏။ ထိုမှတစ်ဆင့် ဟေးယွီအင်မော်တယ်မြို့တော် ဆီသို့ နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်းကို အသုံးပြုကာ ခရီးဆက်ကြပေဦးမည်။

သူတို့၏ နောက်ကွယ်တွင်မူ အရှင်သခင်ကြီး ကုလန်သည် စုယွီနှင့် တာအိုဆရာမ ချင်းချွမ်တို့ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း သူမ၏ မျက်နှာပေါ်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ထွက်ပေါ်နေခဲ့၏။

ဟေးယွီအင်မော်တယ်မြို့တော်သည် မြေကမ္ဘာအင်မော်တယ်နယ်မြေ၏ အနောက်ဘက် အစွန်ဆုံးတွင် တည်ရှိပြီး ရှီဟူမိစ္ဆာတောင်တန်း ဟု ခေါ်သော အလွန်အန္တရာယ်ကြီးသည့် နေရာနှင့် ကပ်လျက် ရှိသည်။ ထိုမြို့တော်သည် တစ်ချိန်က ဘေးဒုက္ခများစွာကို ခံစားခဲ့ရဖူးသော်လည်း ယခုအခါတွင်မူ ရှီဟူမိစ္ဆာတောင်တန်းမှ မိစ္ဆာသားရဲများ၏ ရန်ကို ကာကွယ်ပေးသော ခံတပ်မြို့ကြီး အဖြစ် တည်ရှိနေဆဲ ဖြစ်၏။

ဟေးယွီအင်မော်တယ်မြို့တော်မှ ထွက်ခွာလာပြီးနောက် တာအိုဆရာမ ချင်းချွမ်သည် ယာဉ်ပျံအား မြောက်ဘက်သို့ ဦးတည် မောင်းနှင်လိုက်သည်။ ၎င်း၏ အရှိန်မှာ ရွှေအမြုတေ အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသဖြင့် ကြောက်ခမန်းလိလိ မြန်လှ၏။

ဟေးယွီအင်မော်တယ်မြို့တော်၏ နယ်နိမိတ်အတွင်း၌ မြေကမ္ဘာအင်မော်တယ်နန်းတော်၏ အုပ်ချုပ်မှုအောက်တွင် ဈေးတန်းပေါင်း (၂၀) ကျော် ရှိပြီး ၎င်းတို့အနက် (၅) ခုမှာ အကြီးစား ဈေးတန်းများ ဖြစ်ကြသည်။ ကျောက်တုံးပုဆိန်ဈေးတန်းမှာ ထိုအထဲမှ တစ်ခုပင် ဖြစ်၏။

ယာဉ်ပျံပေါ်တွင် စုယွီက မေးမြန်းလိုက်သည်။

“ဒါဆို ဒီတစ်ခါ ကျွန်တော့် တာဝန်က ကျောက်တုံးပုဆိန်ဈေးတန်း မှာ အခင်းအကျင်းတွေ ပြန်ပြင်ပေးပြီး သားရဲလှိုင်းတွေကို ဖြေရှင်းဖို့ ကူညီပေးရမှာပေါ့ ... ဟုတ်လား”

တာအိုဆရာမ ချင်းချွမ်က ခေါင်းညိတ်လိုက်ပြီး ဆိုလိုက်၏။

“ကျောက်တုံးပုဆိန်ဈေးတန်းက သားရဲလှိုင်းရဲ့ ပမာဏက တာ့ယွဲ့မှောင်ခိုဈေးတုန်းကထက် ပိုများနိုင်ပေမဲ့ စတုတ္ထအဆင့် မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာမျိုးနွယ်စုတွေ မပါတာကြောင့် သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး ... ငါတို့ရဲ့ အဓိက အလုပ်က မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်မလာအောင် တားဆီးဖို့ပဲလေ ။ ဈေးတန်းမှာလည်း ကာကွယ်ရေး အဖွဲ့တွေ ရှိသလို ပတ်ဝန်းကျင်က ဂိုဏ်းတွေနဲ့ ကျင့်ကြံသူ မိသားစုတွေကလည်း လူလွှတ် ကူညီကြမှာပါ”

သူမက ဆက်လက်ပြောဆိုရင်း စုယွီအား ခပ်ဖွဖွ ပြုံးပြလိုက်၏။

“ဒီသားရဲလှိုင်း ကိစ္စ ပြီးသွားရင်တော့ ငါတို့ ချန်ယွီ ဆီကို ဝင်လည်ပြီးမှ အင်မော်တယ်ဂိတ်ကို ပြန်ကြတာပေါ့”

စုယွီက သူမအား ကြည့်ပြီး မေးလိုက်၏။

“အစ်မ ချင်းချွမ် ရော ... အင်မော်တယ်ဂိတ် ကနေ ဘယ်တော့လောက် ထွက်ဖို့ စဉ်းစားထားလဲ”

တာအိုဆရာမ ချင်းချွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ဆိုလိုက်၏။

“ဒီတာဝန် ပြီးရင်တော့ ဖြစ်နိုင်တယ် ... ဘယ်ကို သွားရမလဲ ဆိုတာကတော့ ဂိုဏ်းရဲ့ အစီအစဉ်ပေါ်မှာပဲ မူတည်မှာပေါ့”

တစ်လခန့် ကြာမြင့်ပြီးနောက် အဆုံးအစ မမြင်ရသော မြူခိုးမှောင်ကြီးများ ဖုံးလွှမ်းနေသည့် မိစ္ဆာတောအုပ်၏ အပြင်ဘက်သို့ ယာဉ်ပျံကြီး ဆိုက်ရောက်လာသည်။ စုယွီနှင့် လူစု၏ ရှေ့မှောက်တွင် တာ့ယွဲ့အင်မော်တယ်မြို့တော် ခန့် ကျယ်ဝန်းသော ဈေးတန်းကြီး တစ်ခုကို လွင်ပြင်ကျယ်ကြီး ပေါ်တွင် တွေ့လိုက်ရ၏။

ဤနေရာတွင် မြေကမ္ဘာအင်မော်တယ်နန်းတော်မှ ရွှေအမြုတေ အဆင့် နှောင်းပိုင်းတွင် ရှိသော အရှင် တစ်ဦးကို ဈေးတန်းသခင် အဖြစ် အမြဲတမ်း ခန့်အပ်ထားသည်။ ထို့အပြင် ရွှေအမြုတေ အဆင့် နှောင်းပိုင်း ရှိသော တပည့် တစ်ဦးမှာလည်း ဒုတိယ ဈေးတန်းသခင် အဖြစ် တာဝန်ယူရပြီး သက်တမ်းမှာ အနှစ် (၂၀) ဖြစ်သည်။ ထိုသူနှစ်ဦး အပြင် ရွှေအမြုတေ အစောပိုင်းနှင့် အလယ်အလတ် အဆင့်ရှိ ကျင့်ကြံသူ သုံးဦးလည်း ရှိနေသဖြင့် ဈေးတန်းအတွင်း မြေကမ္ဘာအင်မော်တယ်နန်းတော်မှ အရှင် (၆) ဦးအထိ ရှိနေတော့၏။ ဤအင်အားမှာ အနုံညာတ အင်အား မဟုတ်ပေ။

ယာဉ်ပျံကြီး မြေပြင်သို့ ဆင်းသက်လာသောအခါ အရှင် (၆) ဦးတို့က ထွက်၍ ကြိုဆိုကြသည်။ စုယွီနှင့် လူစုသည် ဈေးတန်းအတွင်းသို့ ဝင်ရောက်ကာ သားရဲလှိုင်းနှင့် ပတ်သက်သော အခြေအနေများကို စတင် လေ့လာကြတော့သည်။ စုယွီနှင့် တာအိုဆရာမ ချင်းချွမ်တို့သည် မိစ္ဆာတောအုပ် အတွင်းသို့ ကိုယ်တိုင် ဝင်ရောက် စစ်ဆေးပြီးနောက် သားရဲလှိုင်း၏ အဆင့်ကို အတည်ပြုကာ ကာကွယ်ရေး အခင်းအကျင်းများကို စတင် ပြင်ဆင်ကြ၏။ ဈေးတန်းမှ ခေါ်ယူထားသော အခင်းအကျင်းပညာရှင် (၂၀) ကျော်တို့ကလည်း တောအုပ် အစပ်တွင် အခင်းအကျင်းမျိုးစုံကို ခင်းကျင်းထားကြသည်။ စုယွီသည် ထိုအခင်းအကျင်းများကို စစ်ဆေးပြီးနောက် ၎င်းတို့၏ အနောက်ဘက်တွင် တတိယအဆင့် အကြီးစား အခင်းအကျင်းများကို အဆင့်ဆင့် ထပ်မံ တည်ဆောက်လိုက်၏။

လဝက်ခန့် ကြာသောအခါ ကျောက်တုံးပုဆိန်ဈေးတန်း၌ သားရဲလှိုင်းကြီး စတင် ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။ မြေကမ္ဘာအင်မော်တယ်နန်းတော်သည် အနီးအနားရှိ ဂိုဏ်းများနှင့် ကျင့်ကြံသူ မိသားစုများ ၊ တစ်ကိုယ်တော် ကျင့်ကြံသူများ စုစုပေါင်း လူပေါင်း တစ်သောင်းကျော်ကို စုစည်းကာ ကာကွယ်စေသည်။ မိစ္ဆာသားရဲများ တောအုပ်အတွင်းမှ ပြေးထွက်လာကြသောအခါ အခင်းအကျင်းပညာရှင်များ ခင်းကျင်းထားသော အခင်းအကျင်းများက ၎င်းတို့အား စတင် သတ်ဖြတ်တော့၏။

စုယွီသည် ဈေးတန်းအတွင်းမှနေ၍ ရွှေအမြုတေ အဆင့် (၉) ရှိသော ဈေးတန်းသခင်က ကျင့်ကြံသူများအား တည်ငြိမ်စွာ အမိန့်ပေး ကွပ်ကဲနေပုံကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။ ကျောက်တုံးပုဆိန်ဈေးတန်းသည် ဤနေရာတွင် တည်ရှိလာသည်မှာ ကြာမြင့်လှပြီ ဖြစ်သဖြင့် သားရဲလှိုင်းများကို ရင်ဆိုင်ရန် စနစ်ကျသော နည်းလမ်းများကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သတ်ဖြတ်ခြင်း အခင်းအကျင်းများ ၊ ထောင်ချောက်များနှင့် အဆောင်လက်ဖွဲ့များကို အသုံးချကာ သားရဲများကို တစ်စစီ ချေမှုန်းနေပုံမှာ အလွန်ပင် စနစ်ကျလှ၏။

တစ်ချိန်က စုယွီအား ထိတ်လန့် တုန်လှုပ်စေခဲ့ဖူးသော သားရဲလှိုင်းကြီးမှာ ယခုအခါတွင်မူ သူ၏ မျက်စိရှေ့တွင် သိပ်ထူးခြားဆန်းပြား မနေတော့ချေ ။

စုယွီ.. စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်သည်။

'အချိန်တွေ ကုန်သွားလိုက်တာ မြန်လိုက်တာ ... အရင်က ငါ ဒီလိုမျိုးတွေ မြင်ရင် ကြောက်နေမိတာ ... အခုတော့ အေးဆေးပါပဲလား'

သို့သော် စုယွီအား အံ့အားသင့်စေသည်မှာ ဤဈေးတန်းရှိ သားရဲလှိုင်းမှာ အသုတ်လိုက် လာခြင်း မဟုတ်ဘဲ အဆက်မပြတ် တိုးဝင်လာခြင်းပင် ဖြစ်သည်။ ပထမနေ့တွင် အပြင်ဘက်ဆုံးရှိ အခင်းအကျင်းများက သားရဲပေါင်း တစ်သိန်းကျော်ကို သတ်ဖြတ်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် သားရဲများက ဖောက်ထွက်လာနိုင်ခဲ့ကြသည်။ သို့သော် အနောက်ဘက်ရှိ အခင်းအကျင်းများ၏ စွမ်းအားမှာ ပိုမို ပြင်းထန်လှ၏။

ပဉ္စမြောက်နေ့သို့ ရောက်သောအခါ တတိယအဆင့် မိစ္ဆာသားရဲ တစ်အုပ်သည် တောအုပ်အတွင်းမှ ဝုန်းဒိုင်းကြဲ ထွက်ပေါ်လာပြီး အပြင်ဘက်ဆုံး အခင်းအကျင်းများကို စတင် ဖျက်ဆီးတော့သည်။

“ဝီ ...”

ထိုအခိုက်အတန့်တွင် စုယွီသည် သူကိုယ်တိုင် တည်ဆောက်ထားသော တတိယအဆင့် အကြီးစား သတ်ဖြတ်ခြင်း အခင်းအကျင်းကို အသက်သွင်းလိုက်သည်။ အားကောင်းလှသော အခင်းအကျင်း အရှိန်အဝါကြီး ပေါက်ကွဲ ထွက်ပေါ်လာပြီး တတိယအဆင့် မိစ္ဆာသားရဲ (၃၀) ကျော်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အစအနမကျန် ပျောက်ကွယ်သွားရတော့သည်။ အဆင့်မြင့် တတိယအဆင့် မိစ္ဆာသားရဲများ ပေါ်ထွက်မလာသရွေ့ ဤသားရဲလှိုင်းမှာ မည်သည့် မမျှော်လင့်ထားသော ဘေးဒုက္ခကိုမျှ မဖန်တီးနိုင်တော့ချေ။

ကျောက်တုံးပုဆိန်ဈေးတန်းရှိ ကျင့်ကြံသူများသည် ခေတ္တမျှ မှင်သက်သွားကြပြီးနောက် မိုးခြိမ်းသံကဲ့သို့သော အောင်ပွဲခံ ကြွေးကြော်သံများ ဟိန်းထွက်လာတော့သည်။ သို့သော် တာ့ယွဲ့မှောင်ခိုဈေးတုန်းက တာအိုဆရာ ဖျဲဝိုင်းနှင့် တာအိုဆရာ အိုင်းရွန်းရိုးလ် တို့ သားရဲများကို သတ်ဖြတ်ပြီး ဂုဏ်ယူဝင့်ကြွားခဲ့ပုံမျိုး မဟုတ်ဘဲ စုယွီမှာမူ ယခုတစ်ကြိမ်တွင် လူလုံးမထွက်ပြခဲ့ချေ။

အခန်း (၄၈၃) - စတုတ္ထအဆင့် ရွှေပုစဉ်း နည်းစနစ်၊ ဝိညာဉ် အသွင်ပြောင်းလဲခြင်း (အပိုင်း - ၆)

လဝက်ခန့် ကြာမြင့်ပြီးနောက်တွင် စုယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့သည် ကျောက်တုံးပုဆိန်ဈေးတန်း မှ အတူတူ ထွက်ခွာလာခဲ့ကြသည်။

လမ်းခရီးတွင် တာအိုဆရာမ ချင်းချွမ်သည် သူမ၏ လှပသော မျက်ဝန်းအစုံဖြင့် စုယွီအား အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ စုယွီက မနေနိုင်တော့ဘဲ ပြန်လည်ကြည့်ရှုလိုက်သည့် အခါမှသာ သူမသည် ချိုသာသော အပြုံးတစ်ခုနှင့်အတူ စကားစလိုက်တော့သည်။

“မောင်လေး ... ငါနဲ့အတူ နေရာတစ်ခုကို သွားပြီး စောင့်ကြပ်ပေးဖို့ စိတ်ဝင်စားလား ...နင့်ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ အခင်းအကျင်း ပညာရပ်သာ ရှိမယ်ဆိုရင် ငါတို့ နှစ်ယောက်ပေါင်းပြီး စောင့်တဲ့နေရာက တကယ့်ကို ခိုင်မာပြီး ဘာမှ လွဲချော်မှာ မဟုတ်ဘူးလေ”

စုယွီသည် သူမ နောက်ထပ် စကားများ ပြောဦးမည်ကို ရိပ်မိသဖြင့် လက်ကို ဝှေ့ယမ်းကာ ငြင်းပယ်လိုက်၏။

“စိတ်မဝင်စားဘူး ..ကျွန်တော်ကတော့ ရွှေအမြုတေ (၉) ဆင့် ရောက်တဲ့အထိ ဂိုဏ်းထဲမှာပဲ အေးအေးဆေးဆေး ကျင့်ကြံဖို့ ဆုံးဖြတ်ထားတယ် ... အနာဂတ် ကိစ္စကတော့ အဲဒီအချိန်ကျမှပဲ ပြောကြတာပေါ့”

စုယွီ၏ စိတ်ထဲတွင်မူ ပြတ်သားနေခဲ့သည်။ သူ၏ ခွန်အားမှာ အချိန်တန်လျှင် တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ရာ အပြင်ထွက်၍ အန္တရာယ် ရှာနေရန် မလိုပေ။

လော့ချန်ယွီ နေထိုင်ရာ ဈေးတန်းမှာ သိပ်မဝေးလှသဖြင့် ခရီးမှာ ချောမွေ့လှသည်။ ထိုနေရာတွင် တစ်ရက်ခန့် နေထိုင်ပြီးနောက် လော့ချန်ယွီအား နှုတ်ဆက်ကာ မြေကမ္ဘာအင်မော်တယ်နန်းတော် ဆီသို့ ပြန်လာခဲ့ကြသည်။ ဤခရီးစဉ်အတွင်း စုယွီ နှင့် တာအိုဆရာမ ချင်းချွမ် တို့သည် ဂိုဏ်းမှ ချီးမြှင့်သော ပံ့ပိုးမှုရမှတ် (၁,၀၀၀) စီ ရရှိခဲ့ကြသည်။

သို့သော်လည်း စုယွီ ဂိုဏ်းသို့ ပြန်ရောက်၍ တာ့ယွဲ့တောင်ထွတ်တွင် ကျင့်ကြံနေသည်မှာ လဝက်ပင် မပြည့်သေးမီ လော့ချန်ယွီ ထံမှ တံဆိပ်ပြားမှတစ်ဆင့် ပထမဆုံးအကြိမ် သတင်းစကား ရောက်ရှိလာခဲ့၏။

“မနေ့က ရွှေအမြုတေ (၉) ဆင့် ရှိတဲ့ အမည်မသိ ကျင့်ကြံသူ တစ်ယောက် ငါ့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့တယ် ... နင်ပေးထားတဲ့ တတိယအဆင့် အဆောင်လက်ဖွဲ့ ကျေးဇူးနဲ့ ငါ ပြန်တိုက်ထုတ်နိုင်ခဲ့ပြီး သူ့ကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ် ... ဒါပေမဲ့ ... အဲဒီလူရဲ့ အရှိန်အဝါက တစ်နေရာရာမှာ ရင်းနှီးနေသလိုပဲဟယ်”

စုယွီသည် ထိုသတင်းကို ကြားလျှင်ပင် ထိတ်လန့်သွားရသည်။

“ရွှေအမြုတေ (၉) ဆင့် ရှိတဲ့ ကျင့်ကြံသူ ဟုတ်လား ... အစ်မ.. ဒဏ်ရာ ရသွားသေးလား”

လော့ချန်ယွီက ပြန်လည် ဖြေကြားခဲ့၏။

“ဒဏ်ရာ မရပါဘူး”

ထိုအခါမှသာ စုယွီသည် သက်ပြင်းချနိုင်တော့သည်။

“ဒါဆိုရင်တော့ တော်သေးတာပေါ့ ...အစ်မ.. ပြောတဲ့ ရင်းနှီးနေတဲ့ အငွေ့အသက် ဆိုတာ ဘာကို ပြောတာလဲ”

လော့ချန်ယွီသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဆိုလိုက်၏။

“ငါ သူ့ကို အမိဖမ်းဖို့ မတတ်နိုင်ခဲ့တာ နှမြောစရာပဲ ... မဟုတ်ရင်တော့ သေချာ သိရမှာ ... ငါ ထင်တာတော့ ငါတို့ တစ္ဆေဓားတောင်ထွတ် က လူ ဖြစ်နိုင်တယ် ... ဖြစ်နိုင်ရင် ငါတို့ရဲ့ ဂိုဏ်းတူ စီနီယာ အစ်ကိုကြီး ပေါ့”

စုယွီမှာ အံ့အားသင့်သွားပြီး မျက်နှာမှာလည်း တင်းမာသွားတော့သည်။

“သူက ဘာလို့ ခင်ဗျားကို ပစ်မှတ်ထားရတာလဲ”

လော့ချန်ယွီက ပြန်လည် ပြောဆိုသည်။

“ဒါက ငါ့ရဲ့ ခန့်မှန်းချက် သက်သက်ပါ ... ငါ အဆောင်လက်ဖွဲ့နဲ့ သူ့ကို ပိတ်မိအောင် လုပ်လိုက်တဲ့ အချိန်မှာ သူ ပျာယာခတ်သွားတယ် ... ငါ ပြန်တိုက်စစ် ဆင်တဲ့ အချိန်မှာ သူ့ဆီက ရင်းနှီးတဲ့ အငွေ့အသက် တစ်ခုကို ခံစားလိုက်ရတာပဲ ... ဒါပေမဲ့ ဒါက ငါ့ရဲ့ စိတ်ကူးယဉ်မှုလည်း ဖြစ်နိုင်တာပဲလေ”

စုယွီသည် ခေတ္တမျှ စဉ်းစားပြီးနောက် ထပ်မံ မေးမြန်းလိုက်၏။

“တကယ်လို့ အဲဒီလူက သူပဲ ဆိုရင် ... သူက ဘာလို့ ခင်ဗျားကို ချောင်းမြောင်း တိုက်ခိုက်ရတာလဲ ... ရန်ငြိုး ရှိလို့လား ... ဒါမှမဟုတ် ခင်ဗျားရဲ့ အလှအပကို မက်မောလို့လား ... ဒါမှမဟုတ် ကျွန်တော်တို့ မသိတဲ့ တခြား အကြောင်းရင်းတွေ ရှိနေတာလား”

လော့ချန်ယွီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း အေးစက်စက် လေသံဖြင့် ဆိုလိုက်၏။

“ဘာ အလှအပ မက်မောတာလဲ ... နင့်ဆီမှာတောင် အဲဒီလို အရိပ်အယောင် မတွေ့ရသေးဘူး ... ထားလိုက်ပါတော့ ... ငါ နင့်ကို ဒါတွေ ပြောပြတာက နင် သတိထားနိုင်အောင်လို့ပါ ... နင်က အရင်က ဘယ်ဂိုဏ်းမှာမှ မရှိခဲ့ဖူးဘူး မဟုတ်လား ... ဂိုဏ်းတစ်ခုတည်းမှာ နေပေမဲ့ လူတိုင်းက စိတ်ထားတူကြတာ မဟုတ်ဘူး ဆိုတာ မှတ်ထားပါ ... မြေကမ္ဘာအင်မော်တယ်နန်းတော် မှာ လူအမျိုးမျိုး ရှိတယ် ... လူတိုင်းကို လွယ်လွယ် မယုံနဲ့”

“အော် ... နောက်တစ်ခါ ငါ့ဆီ လာလည်ရင် ဝိုင်ကောင်းကောင်းလေး ယူခဲ့ဦး ... ငါ သောက်ချင်နေပြီ”

ထိုသို့ ပြောပြီးနောက် လော့ချန်ယွီသည် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်၏။

စုယွီသည် မျက်မှောင်ကြုံ့လျက် ကျန်ရစ်ခဲ့ရ၏။

တစ္ဆေဓားတောင်ထွတ် ၏ အဓိက တပည့်ကြီးမှာ မည်သူနည်း

သူသည် မှော်လက်နက် နန်းတော် ထဲမှ ထိုက်ရွှီအား ခေါ်ယူ၍ မေးမြန်းလိုက်၏။

“ကျစ် ကျစ် ကျစ်”

ထိုက်ရွှီသည် ၎င်း၏ အတောင်ပံကို သုံး၍ မြေပြင်ပေါ်တွင် လူပုံသဏ္ဌာန် တစ်ခုကို ဆွဲပြလိုက်ပြီး ထိုပုံကို လက်ညှိုးထိုးကာ အကြိမ်ကြိမ် အော်ဟစ်ပြသည်။ သူတို့၏ ဝိညာဉ် ဆက်သွယ်မှုမှတစ်ဆင့် ထိုက်ရွှီ သိထားသော တစ္ဆေဓားတောင်ထွတ် အဓိက တပည့်ကြီး၏ အချက်အလက်များကို စုယွီ၏ ခေါင်းထဲသို့ ပေးပို့လိုက်၏။

“တစ္ဆေဓားတောင်ထွတ် အဓိက တပည့်ကြီး ... အန်းချန်ရုံ ... တာအိုအမည် ချန်ရုံ ... ရွှေအမြုတေ (၉) ဆင့် ရှိပြီး ရွှေအမြုတေ အဆင့် (၁) အဆင့်မှာ ရှိတာပေါ့လေ”

စုယွီ၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းရောင်များ ဖြတ်ပြေးသွားပြီး ထိုက်ရွှီအား အမိန့်ပေးလိုက်၏။

“သွားစမ်း ... သူ ဘယ်မှာ ရှိနေလဲ ဆိုတာ သေချာအောင် သွားစုံစမ်းချေ”

နာရီဝက်ခန့် ကြာပြီးနောက် ထိုက်ရွှီ ပြန်ရောက်လာပြီး သတင်းပေးသည်။

“သူက ဂိုဏ်းကနေ ထွက်သွားတာ လဝက်ကျော်နေပြီ ... ပြစ်ဒဏ်ပေးခြင်း ခန်းမဆောင် ကနေ ဆုငွေထုတ်ထားတဲ့ တာဝန် အချို့ကို ယူပြီး သွားတာ ... အခုထိ ပြန်မရောက်သေးဘူး တဲ့”

စုယွီ၏ အကြည့်များမှာ ပိုမို တင်းမာသွားတော့သည်။ ဤအချက်က လော့ချန်ယွီ၏ သံသယကို ပိုမို ခိုင်မာစေခဲ့တော့၏။

စုယွီသည် ဤအချက်အလက်များကို လော့ချန်ယွီထံသို့ ပြန်လည် အကြောင်းကြားလိုက်ပြီး သတိထားရန် မှာကြားလိုက်သည်။ အခြေအနေ မဟန်ပါက ဂိုဏ်းသို့ ချက်ချင်း ပြန်လာရန်လည်း ပြောဆိုခဲ့၏။

ထို အန်းချန်ရုံ ဆိုသူမှာ ဂိုဏ်းထဲတွင် မရှိသဖြင့် စုယွီ အနေဖြင့် လောလောဆယ်တွင် ဘာမှ မလုပ်နိုင်သေးပေ ။ သို့သော်လည်း ထိုက်ရွှီအား တစ္ဆေဓားတောင်ထွတ်၏ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်ရန် တာဝန်ပေးထားလိုက်၏။

တာ့ယွဲ့တောင်ထွတ်တွင် စုယွီသည် နေ့စဉ် ကျင့်စဉ်များကို မပျက်မကွက် လေ့ကျင့်နေခဲ့သည်။ ဓာတ်ကြီးငါးပါး ကျင့်စဉ် ၊ အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ ၊ ကောင်းကင် အင်မော်တယ် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် နှင့် ရွှေပုစဉ်း နည်းစနစ် တို့ကို အဆက်မပြတ် လေ့ကျင့်နေခဲ့၏။

အချိန်ကာလသည် ပြဒါးတစ်လုံးကဲ့သို့ လျင်မြန်စွာ ကုန်လွန်သွားခဲ့ရာ (၃) နှစ်ခန့် ရှိသွားခဲ့တော့၏။

ကျောက်တုံး ဂူစံအိမ် အတွင်း၌၊

စုယွီသည် ကျောက်စိမ်း ကုတင် ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ စိတ်အာရုံမှာ ရွှေပုစဉ်း နည်းစနစ်ကို လည်ပတ်နေစေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဝင်းလက်တောက်ပသော ရွှေရောင် အလင်းတန်းများ ဖုံးလွှမ်းနေပြီး တစ်ခါတစ်ရံတွင် ဓာတ်ကြီးငါးပါး အငွေ့အသက်များမှာ ပတ်ဝန်းကျင်၌ ပေါ်ထွက်လာတတ်သည်။

“ဟူး ... ဟူး ... ဟူး ...”

အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ ၏ လည်ပတ်မှုနှင့်အတူ လောကကြီး၏ ဝိညာဉ်စွမ်းအင်များမှာ စုယွီ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခြင်း ခံရပြီး အလွန်တရာ သန့်စင်လှသော ဓာတ်ကြီးငါးပါး မန္တန်စွမ်းအားများ အဖြစ် ပြောင်းလဲသွား၏။

ထိုစွမ်းအားများမှာ စုယွီ၏ ဝမ်းဗိုက်အတွင်းရှိ ရွှေအမြုတေ ဆီသို့ စီးဝင်သွားသည့် အခါတွင်တော့ (၆) ခုမြောက် တာအို အရစ်အကြောင်း အရိပ်အယောင်လေးမှာ ရွှေအမြုတေ ပေါ်တွင် စတင် ပေါ်ပေါက်လာခဲ့တော့၏။

ကျွမ်းကျင်မှု မျက်နှာပြင်ကို ပြန်လည် ကြည့်ရှုလိုက်သည့် အခါတွင်တော့၊

ရွှေပုစဉ်း နည်းစနစ်၏ တတိယအဆင့် ကျွမ်းကျင်မှုမှာ (၉၉.၉၉) ရာခိုင်နှုန်းသို့ ရောက်ရှိနေခဲ့တော့၏။

ခဏအကြာတွင်၊

ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်ရှိ စာလုံးများမှာ တိတ်တဆိတ် ပြောင်းလဲသွားတော့သည်။

[ကျင့်စဉ် - ရွှေပုစဉ်း နည်းစနစ် (စတုတ္ထအဆင့် ၊ ကျွမ်းကျင်မှု ၀.၀၁ ရာခိုင်နှုန်း)]

“ဝီ ...”

ရုတ်တရက်ဆိုသလိုပင် စုယွီ၏ အရှိန်အဝါမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ သူ၏ စိတ်အာရုံအတွင်းရှိ ဝိညာဉ်သည် မူလက အတောင်ပံ နှစ်ဖက်ပါသော ပုစဉ်းရင်ကွဲ ငယ်လေး ပုံသဏ္ဌာန် ရှိခဲ့သော်လည်း ယခုအခါတွင်မူ တောက်ပသော ရွှေရောင် အလင်းတန်းများ လွှမ်းခြုံသွားခဲ့တော့၏။ ကြီးစိုးခြယ်လှယ်သည့် ဝိညာဉ် အရှိန်အဝါကြီးမှာ ပုစဉ်းရင်ကွဲ ပိုးတုံးလုံး တစ်ခုအလား စုယွီ၏ ဝိညာဉ်အား အပြည့်အဝ ငုံ့လျှိုး ဖုံးအုပ်လိုက်၏။

လောကကြီးအတွင်းမှ အေးမြသော အငွေ့အသက် အမျှင်တန်းလေးများသည် စုယွီ၏ ခေါင်းအတွင်းသို့ စီးဝင်လာကြပြီး ပိုးတုံးလုံး အဖြစ် ပြောင်းလဲနေသော ဝိညာဉ်အတွင်းသို့ တိုးဝင်သွားကြသည်။ ဤအသွင်ပြောင်းလဲမှုမှာ (၃) လခန့် ကြာမြင့်ခဲ့၏။

လောကကြီး၏ အငွေ့အသက်များ ငြိမ်သက်သွားသော အခါတွင်တော့၊

စုယွီ၏ စိတ်အာရုံအတွင်းရှိ ပိုးတုံးလုံး အခွံမှာ ကွဲအက်သွားပြီး အတောင်ပံ နှစ်ဖက်ပါသော ၊ အတော်လေး ကြီးထွားလာသော ရွှေရောင် ပုစဉ်းရင်ကွဲ တစ်ကောင် ပေါ်ထွက်လာခဲ့သည်။ ဟောင်းနွမ်းသွားသော အခွံဟောင်းမှာ ရွှေရောင် အလင်းတန်းများ အဖြစ် ပြောင်းလဲသွားပြီး ပုစဉ်းရင်ကွဲ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွား၏။

နောက်တစ်စက္ကန့်တွင်မူ ထို ရွှေရောင် ပုစဉ်းရင်ကွဲ၏ ခန္ဓာကိုယ်မှာ ဝေဝါးသော အဆင့်မှ အစစ်အမှန် အဖြစ်သို့ ပြောင်းလဲသွားသည့်နှယ် ရှိပြီး မျက်လုံးများ ပွင့်လာသည့် အခါတွင်တော့ အေးစက်သော ရွှေရောင် အလင်းတန်း နှစ်ခုမှာ ထွက်ပေါ်လာခဲ့၏။

စုယွီသည် သူ၏ ဝိညာဉ် အာရုံကို သုံး၍ အပြင်ဘက် လောကကို ကြည့်ရှုလိုက်၏။

၎င်းမှာ လုံးဝကို ကွဲပြားခြားနားသော အမြင်အာရုံ တစ်ခုပင် ဖြစ်၏။

သူသည် ခြံဝင်းအတွင်းတွင် ဝိညာဉ် လယ်ကွင်းကို ထွန်ယက်နေသော သူ၏ ဆရာ တာအိုဆရာ ထျန်းယွီအား လှမ်းကြည့်လိုက်သည်။ ရွှေရောင် ပုစဉ်းရင်ကွဲသည် တာအိုဆရာ ထျန်းယွီအား အချိန်အတန်ကြာ စောင့်ကြည့်နေခဲ့သော်လည်း တာအိုဆရာ ထျန်းယွီမှာမူ မည်သည့်အရာကိုမျှ သတိမထားမိခဲ့ချေ။

ထို့နောက်တွင်တော့ စုယွီသည် သူ၏ အကြည့်ကို တစ္ဆေဓားတောင်ထွတ် ဆီသို့ ပို့လွှတ်လိုက်သည်။ ထိုတောင်ထွတ် ပေါ်ရှိ အရာအားလုံး ၊ ဖုန်မှုန့်လေး တစ်စပင် မကျန် သူ၏ မျက်စိရှေ့တွင် အထင်းသား ပေါ်လွင်နေခဲ့တော့၏။

စုယွီသည် ဝိညာဉ် အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်သည့် အခိုက်အတန့်တွင် အကြီးအကျယ် မှင်သက်သွားရသည်။

ရွှေပုစဉ်း နည်းစနစ်သည် စတုတ္ထအဆင့်သို့ ချိုးဖျက် ရောက်ရှိသွားခဲ့ပြီ ဖြစ်ကာ သူ၏ ဝိညာဉ်မှာလည်း နောက်ထပ် တစ်ကြိမ် အသွင်ပြောင်းလဲသွားခဲ့တော့၏။

ဤကဲ့သို့သော စူးစမ်းနိုင်စွမ်းကို သူ၏ ဆရာ သာမက တစ္ဆေဓားတောင်ထွတ် မှ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး ပင်လျှင် မရိပ်မိနိုင်ခဲ့ချေ။

ယခုအခါ စုယွီ၏ ဝိညာဉ်စွမ်းအားမှာ သမုဒ္ဒရာကြီး တစ်ခုအလား ကျယ်ပြောလှပြီး စကားဖြင့် ဖော်ပြရန် ခက်ခဲသော နတ်ဘုရား စွမ်းအင်များမှာ ပတ်ဝန်းကျင်၌ ပျံ့လွင့်နေခဲ့၏။

သူ၏ ကိုယ်ခန္ဓာ သန့်စင်ခြင်းမှာ တတိယအဆင့်သို့ ရောက်ရှိနေသော်လည်း ယခုအခါတွင်မူ သူ၏ ကိုယ်ပိုင် ဝိညာဉ် စွမ်းအားကိုပင် ခန္ဓာကိုယ်က ခံနိုင်ရည် မရှိတော့သည့်နှယ် လေးလံသော ဖိအားကို ခံစားနေရသည်။

စုယွီသည် သူ၏ ဝိညာဉ်စွမ်းအားကို သုံး၍ ပတ်ဝန်းကျင်ရှိ လောက စွမ်းအားများကို သူ၏ စိတ်ကြိုက် ထိန်းချုပ်နိုင်သည်ဟု ခံစားနေရသည်။ ဤမျှလောက် ကြီးမားလှသော လောက စွမ်းအားကို သာမန် ရွှေအမြုတေ (၉) ဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် ဘယ်လိုမှ တောင့်ခံနိုင်မည် မဟုတ်ချေ။

ဤခံစားချက်ကြောင့် စုယွီသည် အတိုင်းမသိ ဝမ်းသာ ပီတိ ဖြစ်နေမိတော့သည်။

“ငါ့ရဲ့ ဝိညာဉ်စွမ်းအားက အသွင်ပြောင်းသွားပြီ ... ရွှေပုစဉ်း နည်းစနစ် ကလည်း စတုတ္ထအဆင့်ကို ရောက်သွားခဲ့ပြီပဲ”

“အခု ငါ့ရဲ့ ဝိညာဉ်စွမ်းအားနဲ့ ဆိုရင် ရွှေပုစဉ်း လျှို့ဝှက်နည်းစနစ်ကို မသုံးရင်တောင်မှ ဟို ရွှေအမြုတေ (၉) ဆင့် က အဘိုးကြီးတွေတောင် ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

“သူတို့ ငါ့ကို မြင်ရင် တကယ့် မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး တစ်ယောက်လို့တောင် ထင်သွားနိုင်တယ်”

စုယွီသည် သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ ရှူထုတ်လိုက်ရင်း သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်၏။

ရွှေပုစဉ်း နည်းစနစ်၏ စတုတ္ထအဆင့်။

ယခုအခါ သူသည် မူလဝိညာဉ် အဆင့်သို့ ရောက်ရှိရန်အတွက် ကျင့်စဉ် တစ်ခုနှင့် ရွှေအမြုတေအား သန့်စင်ရန်သာ လိုအပ်တော့သည် မဟုတ်ပါလော။

All Chapters