ဂျူနီယာညီလေးယဲ့ က အလျှော့ပေးရုံတင် မဟုတ်ဘူး။
Vol. 28 Ch. 280
“ဟင့်အင်း၊ ကျွန်တော် မသိချင်ဘူး”
ထိုကျင့်ကြံသူသည် ခေါင်းယမ်းလိုက်ပြီး သတိလက်လွတ်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားပြီး ခလုတ်တိုက်ကာ လဲကျသွား၏။
သူ့ တုံ့ပြန်မှုကို မြင်သောအခါ ချောင်ရို့ချန် စိတ်မရှည်စွာ ပြောလိုက်သည်။ “မင်း ဘာလို့ အဲဒီလောက်တောင် စိုးရိမ်နေရတာလဲ။ ငါက နတ်ဆိုး တစ်ကောင်မှ မဟုတ်တာ”
ထိုအခါ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ နားမလည်နိုင်ဖြစ်သွားကြ၏။
‘မင်းက နတ်ဆိုး ထက်တောင် ပိုကြောက်စရာ ကောင်းသေးတယ်။ မင်းကလွဲပြီး တခြားဘယ်သူကများ အဆင့်ကျော်ပြီး ပြိုင်ဘက်တွေကို လက်ဗလာနဲ့ ဆုတ်ဖြဲပစ်နိုင်မှာလဲ’
ထိုအချိန်တွင် ပုံရိပ်တစ်ခု ကောင်းကင်ယံမှ ဆင်းသက်လာပြီး လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားသွားသည်။
၎င်းမှာ မြို့စားရီရှန်းပင်။ ဝမ်တောက်ကျောင်းတော် ၏ တပည့်များ သူ့ကို မြင်သည်နှင့် ချက်ချင်း ဦးညွှတ်လိုက်ကြသည်။
“ဦးလေး”
“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”
ပြန်လည် ဖြေကြားပြီးနောက် မြို့စားရီရှန်း စောင့်ကြည့်နေသော လူအုပ်ကြီးထံသို့ သူ့ အကြည့်ကို ပြောင်းလိုက်သည်။
သူ့ အကြည့် ရောက်သွားသော နေရာတိုင်းတွင် လူများက အလိုလို ခေါင်းငုံ့သွားကြသည်။
ခဏအကြာတွင် လူအုပ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။
“မြို့စားရီရှန်းက တပည့်တွေနဲ့အတူ ခရီးသွားနေမှန်း ကျွန်တော်တို့ မသိခဲ့ပါဘူး။ စော်ကားမိတာ ရှိရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
မြို့စားရီရှန်း လက်ဝှေ့ယမ်းလိုက်သည်။ “မသိတာက အပြစ် မဟုတ်ပါဘူး။ မင်းတို့ အားလုံး အစောပိုင်းကတည်းက ဉာဏ်ရှိရှိ နောက်ဆုတ်သွားခဲ့ကြတော့ ဒီကိစ္စကို ခက်ခဲအောင် မလုပ်တော့ဘူး။ သွားကြတော့”
၎င်းကို ကြားသောအခါ လူအုပ်ကြီးက စိတ်ထဲတွင် ဝမ်းသာသွားကြပြီး ပြောလိုက်ကြသည်။ “မြို့စားရီရှန်း ကို ကျေးဇူးတင်ပါတယ်”
ထိုသို့ပြောပြီးနောက် ကျင့်ကြံသူများ ထွက်ခွာရန် အလျင်အမြန် လှည့်လိုက်ကြသည်။
သို့သော် ထိုအချိန်မှာပင် ဝမ်တောက်ကျောင်းတော်ဘက်မှ တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ဓားသွန်းမြို့က နေခဲ့ဦး”
ချင်ယွမ်တို့ လှည့်လိုက်ချိန်မှာပင် ထိုစကားကို ကြားလိုက်ရသည်။ သူတို့ ခြေထောက်များ ခဲဆွဲထားသည့်ပမာ နေရာမှာပင် တောင့်တင်းသွားတော့၏။
ချင်ယွမ် ဒုတိယမြို့ဝန်ထံသို့ အလိုအလို လှမ်းကြည့်လိုက်သည်။
ဟူး...
ဒုတိယမြို့ဝန် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ သူ နားလည်လိုက်ပါ၏။ ဤသည်မှာ ဝမ်တောက်ကျောင်းတော်သည် တိုက်ပွဲအပြီးတွင် ပုံမှန် စာရင်းရှင်းလေ့ ရှိသည့် လုပ်ရပ်ပင် ဖြစ်ပေသည်။
မည်သို့ပင် ဆိုစေကာမူ သူတို့ ဓားသွန်းမြို့ သည်လည်း အစောပိုင်းက ဝမ်တောက်ကျောင်းတော်ကို စော်ကားခဲ့သူများထဲတွင် ပါဝင်ခဲ့၏။
အခြား ဂိုဏ်းများကတော့ သူတို့ အလှည့် ရောက်လာမည်ကို ကြောက်ရွံ့သဖြင့် အမြန်ဆုံး ထွက်ပြေးသွားကြသည်။
မြို့စားရီရှန်းသည် ယဲ့ပေရွှမ် စီစဉ်ထားသည်အရာကို မသိသော်လည်း သူ ဝင်မပါပေ။ မည်သို့ပင်ဆိုစေ ဤခရီးစဉ်ကို စတင်ခဲ့သူမှာ ထိုကောင်လေးပင်။
ယဲ့ပေရွှမ် သူ့ အနက်ရောင် ဝတ်ရုံကို အရင်ဆုံး ဖယ်ရှားလိုက်ပြီး မျက်နှာပေါ်ရှိ ကြေးဝါမျက်နှာဖုံးကိုပါ ချွတ်လိုက်သည်။
၎င်းကို မြင်သောအခါ ရှောင်ချန်းတို့လည်း သူတို့ အယောင်ဆောင်မှုများကို ဖယ်ရှားလိုက်၏။
ဓားသွန်းမြို့မှလူများ လှည့်ကြည့်လိုက်ချိန်တွင် ဝမ်တောက်ကျောင်းတော်၏ ပြိုင်ဘက်ကင်းပါရမီရှင်နှစ်ဦး သူတို့ကို ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။
ထိုအခိုက် လူတိုင်း အံ့ဩသွားရ၏။
‘သူတို့ ဖြစ်မယ်ဆိုတာ ခန့်မှန်းမိသင့်တာ။ ဘာပဲဖြစ်ဖြစ် ဝမ်တောက်ကျောင်းတော် တစ်ခုလုံးမှာ ဒီနှစ်ယောက်လို လူမျိုး သိပ်မရှိဘူးလေ’
ဓားသွန်းမြို့ ၏ ဒုတိယမြို့ဝန်သည် ဖြစ်လာမည်အရာများကို မသိသော်လည်း အံကို ကြိတ်ကာ ရှေ့သို့ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်၏။
ထိုအချိန်တွင် သူ့ အနောက်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အားလုံးက ကျွန်တော့်ရဲ့ စိတ်ကူးပါ။ တကယ်လို့ ခင်ဗျားတို့က တစ်ယောက်ယောက်ကို တာဝန်ယူစေချင်ရင် အဲဒီလူက ကျွန်တော် ချင်ယွမ် ပဲ ဖြစ်ပါရစေ”
ဒုတိယမြို့ဝန် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
‘ဒီကောင်လေးက စိတ်လိုက်မာပါ လုပ်လွန်းတယ်။ ဒီနေ့ သူ့ကို ကာကွယ်ဖို့ ခက်တော့မယ်’
သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ဝမ်တောက်ကျောင်းတော်မှ တပည့်များ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင် မတွေ့ရဘဲ ချင်ယွမ်ကို ကြည့်ကာ ရယ်မောနေကြခြင်းပင်။
အထူးသဖြင့် အစောပိုင်းက ငါးစာ အဖြစ် ဆောင်ရွက်ခဲ့သူပင်။ ချင်ယွမ်အပေါ် သူ့အကြည့်များထဲတွင် ချီးကျူးမှု အရိပ်အယောင် အချို့ပင် ပါဝင်နေ၏။
‘ဘာတွေ ဖြစ်နေတာလဲ’
ယဲ့ပေရွှမ် အရှေ့က လူငယ်လေးကို ကြည့်လိုက်စဉ် သူ့ မှတ်ဉာဏ်များထဲမှ အဘိုးအိုသည် ဤကောင်လေးနှင့် ထပ်တူကျသွားသလို ခံစားလိုက်ရ၏။
“မင်းနာမည်က ချင်ယွမ်လား”
“ဟုတ်တယ်။ ကျွန်တော်ပဲ။ ဒီနေ့ လေလံ ပစ္စည်း နှစ်ခုအတွက် ခင်ဗျားတို့နဲ့ ယှဉ်ပြိုင်ခဲ့တာလည်း ကျွန်တော်ပဲ။ ပြီးတော့ အဘိုးလေးကို ခင်ဗျားတို့ အဖွဲ့နောက် လိုက်ခိုင်းခဲ့တာလည်း ကျွန်တော်ပဲ”
ချင်ယွမ်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် မရှိတော့ပေ။ သေချာပေါက် သေရမည်ဖြစ်၍ ထိပ်တိုက်ရင်ဆိုင်ရန်သာ ဆုံးဖြတ်ထား၏။
“စိတ်ဝင်စားစရာပဲ”
ယဲ့ပေရွှမ် ပြုံးကာ မေးလိုက်သည်။ “မင်း နတ်ဆိုးဘုရားအရိုးကို လိုချင်လား”
ယဲ့ပေရွှမ် စကားပြောပြီးသည်နှင့် ဓားသွန်းမြို့ မှ လူတိုင်း နေရာမှာပင် အေးခဲသွားကြသည်။
ဝှစ်...
လေပြင်း တစ်ချက် တိုက်ခတ်သွားပြီး သူတို့ အားလုံးကို လက်တွေ့ဘဝသို့ ပြန်လည် ဆွဲခေါ်လာသည်။
ချင်ယွမ် ယဲ့ပေရွှမ် ကို မယုံနိုင်စွာ စိုက်ကြည့်လိုက်သည်။ “ခင်ဗျား... ခင်ဗျားက နတ်ဆိုးဘုရား အရိုးကို ဓားသွန်းမြို့ ဆီ ရောင်းပေးဖို့ ဆန္ဒရှိတယ်ပေါ့”
“မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
ယဲ့ပေရွှမ် တည်ငြိမ်စွာ ပြန်ဖြေသည်။ “ဒါပေမဲ့ အရင်ဆုံး မင်း ငါ့လက်သီး တစ်ချက်ကို ခံနိုင်ရမယ်။ တကယ်လို့ မင်း လက်သီးတစ်ချက် ထိုးခံရပြီးတာတောင် အသက်ရှင် ကျန်ရစ်နိုင်မယ်ဆိုရင် ငါ နတ်ဆိုးဘုရားအရိုးကို ဓားသွန်းမြို့ ဆီ ရောင်းပေးရုံတင် မကဘူး။ မင်းကို ငါ့ တပည့် ဖြစ်လာဖို့ အခွင့်အရေးတောင် ပေးဦးမယ်”
သူ့ လေသံမှာ တည်ငြိမ်လှသော်လည်း သူ့ မျက်လုံးထဲရှိ အကြည့်နှင့် အရှိန်အဝါသည် သာမန် စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် လုံးဝ မတူညီပေ။
“ခင်ဗျား တကယ် ပြောနေတာလား”
နတ်ဆိုးဘုရား အရိုးကို ရရှိရန် သူ့တွင် အခွင့်အရေး ရှိနေသေးလိမ့်မည်ဟု ချင်ယွမ် တစ်ခါမျှ မမျှော်လင့်ထားခဲ့ချေ။
“မလုပ်နဲ့၊ လုံးဝ မဖြစ်ဘူး”
ဓားသွန်းမြို့ ၏ ဒုတိယမြို့ဝန် ချက်ချင်း ဝင်ပြောသည်။ ဤလူက အရိုးဖြူဂိုဏ်း၏ ကျင့်ကြံသူများကို ကြက်သတ်သလို သတ်ပစ်သည်ကို သူ ယခုလေးတင် မြင်တွေ့ခဲ့ရသည်။ ချင်ယွမ်က တာအိုတည်ဆောက်ခြင်းအဆင့် တွင်သာ ရှိသေး၏။ ဤလူထံမှ တိုက်ခိုက်မှု တစ်ခုကို သူ ဘယ်လိုလုပ် ခံနိုင်ရည် ရှိနိုင်မည်နည်း။ နတ်ဆိုးဘုရား အရိုးနှင့် ပတ်သက်၍ ပြောရလျှင် လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။
“ကျွန်တော် လုပ်နိုင်ပါတယ် အဘိုးလေး”
ချင်ယွမ် ဒုတိယမြို့ဝန်ကို ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ကြည့်လိုက်သည်။
“အဘိုးလေး... ကျွန်တော် ကြီးပြင်းလာပါပြီ။ ဓားသွန်းမြို့ အတွက် တစ်ခုခု လုပ်ပေးရမဲ့ အချိန်ရောက်ပြီ”
ဒုတိယမြို့ဝန် ထပ်မံ ကန့်ကွက်ချင်သော်လည်း နောက်ဆုံး တွင် သူ့ စကားများကို ပြောင်းလဲလိုက်သည်။ “မင်း ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ ငါ မင်းကို ထောက်ခံပေးရုံပဲ တတ်နိုင်တယ်။ အသက်ရှင်လျက် ပြန်လာဖို့တော့ ဂရုစိုက်ပါ”
သူ ချင်ယွမ်၏ ရင်ဘတ်ပေါ်သို့ လက်ဖဝါး တစ်ဖက် တင်လိုက်ကာ နှလုံးကာကျောက်စိမ်း တစ်ခုကို တိတ်တဆိတ် ထည့်ပေးလိုက်သည်။
ဤလှုပ်ရှားမှု သေးသေးလေးသည် မြို့စားရီရှန်း ၏ မျက်လုံးများမှ မလွတ်မြောက်နိုင်ပေ။ သို့သော် သူ ဘာမှမပြောဘဲ ဘေးမှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
ချင်ယွမ် သူ့ ရင်ဘတ်မှ နွေးထွေးမှုကို ခံစားလိုက်ရပြီး သူ့ အဘိုးလေး လုပ်လိုက်သည့်အရာကို သိလိုက်၏။ သူက ရှေ့သို့ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်သည်။
“စီနီယာ... ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းညွှန်ပေးပါ”
ယဲ့ပေရွှမ် ရှေ့သို့ တက်လာပြီး သူ့ လက်ကို ဖြည်းညှင်းစွာ မြှောက်ကာ ချင်ယွမ် ထံသို့ တိုက်ခိုက်လိုက်သည်။
ဘုန်း...
ဘုန်းခနဲ အသံတစ်ခုနှင့်အတူ ချင်ယွမ် လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
“ရှောင်ယွမ်”
ဓားသွန်းမြို့မှ ကျင့်ကြံသူများ အားလုံး သူ့ဆီသို့ အပြေးအလွှား သွားကြသည်။
ဖြစ်ပျက်နေသည်များကို ကြည့်ရင်း ရွှီချိုက်ချန် တီးတိုးရေရွတ်လိုက်သည်။ “စီနီယာအစ်ကိုယဲ့က အဲဒီ ကောင်လေးအပေါ် နည်းနည်း သံယောဇဉ် ရှိနေပုံရတယ်။ သူ ပွင့်ပွင့်လင်းလင်းကို အလျှော့ပေးလိုက်တာ”
ချောင်ရို့ချန် ရယ်မောလိုက်သည်။ “အဲဒါက အလျှော့ပေးရုံတင် မကတော့ဘူး”
မြေပြင်ပေါ်သို့ ကျသွားစဉ် ချင်ယွမ် သူ့ ခန္ဓာကိုယ် တစ်လျှောက် ပူလောင်သော နာကျင်မှု တစ်ခုကို ခံစားလိုက်ရ၏။ သို့သော် ၎င်းက နာကျင်မှု သက်သက်သာ ဖြစ်ပြီး အတွင်းဒဏ်ရာမဟုတ်ပေ။ သူ နားမလည်နိုင်ဖြစ်သွားပြီး ရင်ဘတ်ပေါ်က နှလုံးကာကျောက်စိမ်းကို စမ်းကြည့်လိုက်သည်။ မပျက်မစီး ရှိနေဆဲပင်။
ဒုတိယမြို့ဝန်သည် ထိုမြင်ကွင်းကို မြင်သောအခါ သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ယဲ့ပေရွှမ် ထံသို့ လှည့်လိုက်သည်။ “မိတ်ဆွေလေး... သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ယဲ့ပေရွှမ် ခေါင်းအသာညိတ်လိုက်ပြီး ဘာမှမပြောဘဲ ချင်ယွမ်ကို အဝေးမှနေ၍ တိတ်တဆိတ်သာ စောင့်ကြည့်နေသည်။
နာကျင်မှုကို တင်းခံရန် ပြင်ဆင်ထားခဲ့သော ချင်ယွမ် သည် သူ့ အဘိုးလေး၏ စကားများကို ကြားလိုက်ရပြီးနောက် ဝမ်တောက်ကျောင်းတော်မှ တပည့်များနှင့် အရိုးဖြူဂိုဏ်းက ကျင့်ကြံသူများကြား တိုက်ပွဲကို ပြန်တွေးမိသွားသည်။
သူ့လို ငတုံးတစ်ယောက်တောင် ယခုအခါ ဝမ်တောက်ကျောင်းတော်မှ စီနီယာသည် သူ့ကို သတ်ရန် ရည်ရွယ်ချက် မရှိကြောင်း သိလိုက်သည်။ ထိုတိုက်ခိုက်မှုက ဓားသွန်းမြို့ နှင့် အရောင်းအဝယ် တစ်ခု စတင်ရန် အကြောင်းပြချက် တစ်ခု ဖြစ်ကြောင်း ရှင်းလင်းနေ၏။
သူက ယဲ့ပေရွှမ် ကို လေးစားစွာ ဦးညွှတ်လိုက်သည်။ “စီနီယာ... ဓားသွန်းမြို့ကို ဘာလုပ်စေချင်လဲ ဆိုတာ မေးခွင့်ပြုပါ”
ယဲ့ပေရွှမ် ပြုံးလိုက်သည်။ “သိပ်တော့ မရှိပါဘူး။ ဒီနေ့ လေလံပွဲမှာ ငါ ဝယ်ခဲ့တဲ့ ရှေးဟောင်း အမွေအနှစ် နှစ်ခုကို မင်းတို့ ဂိုဏ်းကို စစ်ဆေးပေးစေချင်ရုံ သက်သက်ပါ။ တကယ်လို့ မင်းတို့က ငါ ရှာနေတဲ့ အရာကို တွေ့ခဲ့ရင် နတ်ဆိုးဘုရား အရိုးကို မင်းတို့ဆီ ရောင်းပေးမယ်”
ဓားသွန်းမြို့ မှ ကျင့်ကြံသူများ ချက်ချင်းပင် ဝမ်းသာသွားကြသည်။ အခြေအနေက ဤသို့ ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။