အခန်း (၁၈၇-၁၈၈)
Vol. 19 Ch. 187-188
Chapter 187
~
အခန်း ၁၈၇: သခင်၏အမိန့်တော်
~
နောက်တစ်နေ့။
ကျန်းမြို့ သားရဲလှိုင်းတိုက်ခိုက်ခံရသည့် သတင်းမှာ တစ်ဟုန်ထိုး ပျံ့နှံ့သွားသည်။ မဟာမိတ်အဖွဲ့အနှံ့တွင် ထောက်ပံ့ရေးပစ္စည်းများအတွက် လှူဒါန်းမှုများ စတင်လာသလို ဘေးအန္တရာယ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် လုပ်ဆောင်ကြသည်။
နာရီဝက်မပြည့်မီမှာပင် ပြိုလဲသွားသော မြို့ရိုးများကို ပြန်လည်တည်ဆောက်လိုက်ပြီး ကြီးကြပ်ရေးကောင်စီ၏ ထောက်ပံ့ကြေးများမှာလည်း ဘေးဒုက္ခသည်များ၏လက်ထဲသို့ ရောက်ရှိသွားသည်။
မွန်းလွဲ ၂ နာရီ ၂၃ မိနစ်ခန့်တွင် ကျန်းမြို့ စောင့်ကြည့်ရေးကောင်စီ၏ ပင်မဝင်ပေါက်ရှေ့၌...
ယဲ့ရှူး ဦးဆောင်သော ကျန်းနန်ပြည်နယ် အဆင့်ဆင့်မှ အဖွဲ့ဝင်များသည် သတင်းထောက်များ၏ အင်တာဗျူးကို ဖြေကြားရန် ထွက်ပေါ်လာကြသည်။
ယခုအချိန်တွင် ကျန်းနန်ပြည်နယ် စောင့်ကြည့်ရေးကောင်စီမှ အဆင့်မြင့်အရာရှိကြီးများ၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းနေကြ၏။ သားရဲလှိုင်းတိုက်ခိုက်မှုများမှာ မကြာခဏ ရှိတတ်သော်လည်း မြို့ရိုးများ ယခုကဲ့သို့ အလွန်လျင်မြန်စွာ ဖောက်ထွင်းခံရခြင်းမှာ အလွန်ရှားပါးလှပေသည်။
ထို့အပြင် ယခုတစ်ကြိမ်တွင် သေဆုံးသူအရေအတွက်မှာ ဂဏန်းခြောက်လုံးအထိ ရှိခဲ့ပြီး တည်နေရာရွှေ့ပြောင်းခြင်းစနစ်အတွင်း၌ပင် လူအုပ်ပိ၍ သေဆုံးသူ တစ်သောင်းကျော် ရှိခဲ့သည်။ အရေးကြီးဆုံးအချက်မှာ ကျန်းမြို့ကဲ့သို့ အချက်အချာကျသော မြို့ကြီးတစ်မြို့၏ မြို့ရိုးမှာ ဆယ်မိနစ်အတွင်း ဖောက်ထွင်းခံလိုက်ရခြင်းက လူထုကို အလွန်အမင်း ထိတ်လန့်စေခဲ့သည်။
ယနေ့ခေတ်ကဲ့သို့ သတင်းအချက်အလက် လွယ်ကူသောခေတ်တွင် အခြားမြို့မှလူများကလည်း မိမိတို့သာ ထိုအခြေအနေနှင့် ကြုံရပါက မည်သို့ဖြစ်မည်နည်းဟု တွေးတောမိကြသည်။ ထိုသို့သော ဆိုးရွားသည့် အကျိုးဆက်များအတွက် စောင့်ကြည့်ရေးကောင်စီထံတွင် တာဝန်အပြည့်ရှိပေသည်။
"ဥက္ကဋ္ဌယဲ့... ဒီတစ်ခေါက် သားရဲလှိုင်းတိုက်ခိုက်မှုမှာ စောင့်ကြည့်ရေးကောင်စီဝင် အမြောက်အမြား သေကျေဒဏ်ရာရခဲ့တာနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ.."
"ဥက္ကဋ္ဌယဲ့... သားရဲလှိုင်းတွေ မြို့ကိုတိုက်ခိုက်နေတုန်းက ရှေ့တန်းကို ထွက်မလာခဲ့ဘူးလို့ ကြားရပါတယ်။ အဲ့ဒါ ကြောက်နေလို့လားခင်ဗျာ.."
"ဥက္ကဋ္ဌယဲ့... မြို့ပြင်မှာ သားရဲဘုရင်တစ်ကောင် ရှိနေတာကို စောင့်ကြည့်ရေးကောင်စီက ဘာလို့ ကြိုတင်စုံစမ်းပြီး ရှင်းလင်းမထားတာလဲ.."
"ဥက္ကဋ္ဌယဲ့... ခင်ဗျားရဲ့ အမှားကြောင့် လူတွေအများကြီး သေခဲ့ရတယ်။ လူထုကို ဘာများပြောစရာရှိလဲ.."
"ဥက္ကဋ္ဌယဲ့... ဥက္ကဋ္ဌယဲ့..."
အရပ်မျက်နှာအနှံ့မှ အနက်ရောင်မိုက်ခရိုဖုန်းများသည် ယဲ့ရှူး၏ ပါးစပ်နားသို့ အတင်းတိုးဝှေ့ရောက်ရှိလာကြပြီး သတင်းထောက်တိုင်းက တစ်စုံတစ်ရာသော အချက်အလက်ကို ရရှိရန် ကြိုးပမ်းနေကြသည်။
"တိတ်စမ်း.."
ယဲ့ရှူး၏ မျက်နှာမှာ ဆီးနှင်းများကဲ့သို့ အေးစက်နေသည်။ သူမက လက်ကို အသာအယာ ဖိချလိုက်ရာ ပြင်းထန်သော ဖိအားတစ်ခုက ဆူညံနေသူအားလုံးဆီသို့ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ လိမ့်ဆင်းသွားသည်။
ဝူး...
ခဏချင်းမှာပင် ဆူညံသံအားလုံး ပျောက်ကွယ်သွားပြီး အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားတော့သည်။ သူမ၏ အနက်ရောင်ဝတ်စုံမှာ လေထဲတွင် လွင့်ပျံနေပြီး ထွက်ပေါ်နေသော အရှိန်အဝါက လူအများကို လွှမ်းမိုးထားသဖြင့် အာဏာရှိသော အုပ်ချုပ်သူတစ်ဦးနှင့် တူလှသည်။
သူမ၏နောက်ကွယ်မှ အခြားသော စောင့်ကြည့်ရေးကောင်စီဝင်များမှာလည်း စိတ်သက်သာရာရသွားကြသည်။ ဥက္ကဋ္ဌယဲ့သည် နတ်ဘုရားမီးတောက်ဂိုဏ်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာမှ ပြန်လည်သက်သာလာပုံရသည်။ သူမကဲ့သို့ ကျွမ်းကျင်သူတစ်ဦးက ဦးဆောင်နေပါက သူတို့အပေါ် ကျရောက်နေသော ဖိအားများမှာ များစွာလျော့ပါးသွားပေလိမ့်မည်။
သို့သော် သူတို့ သတိမထားမိသည်မှာ လက်ရှိတွင် ခန့်ညားထည်ဝါနေသော ယဲ့ရှူး၏ မျက်ဝန်းအိမ်အတွင်း၌ ဖုံးကွယ်၍မရသော ရုန်းကန်မှုနှင့် ရှက်ရွံ့မှုများ လျှပ်ခနဲ ပေါ်ပေါက်နေခြင်း ဖြစ်သည်။ အကယ်၍ ဖြစ်နိုင်ပါက သူမသည် အခန်းတစ်ခုအတွင်း၌သာ တစ်ယောက်တည်း အောင်းနေပြီး ငြိမ်သက်စွာ နေထိုင်ချင်မိသည်။
သို့သော် သူမ ထိုသို့လုပ်၍မရကြောင်း သိနေသည်။ သူမ၏ ခင်ပွန်းနှင့် သမီးမှာ ထိုမိစ္ဆာ၏ လက်ထဲတွင် ရှိနေဆဲဖြစ်သလို သူမ၏ ဦးခေါင်းအတွင်း၌လည်း စက်ဆုပ်ဖွယ်ကောင်းသော ပိုးကောင်တစ်ကောင်က တွားသွားနေဆဲပင်။ သူတို့ကို ကယ်တင်ရန်နှင့် သူမ ကိုယ်တိုင် အသက်ရှင်ရန်အတွက် ဂူချန်၏ အမိန့်ကို နာခံရန်မှတစ်ပါး အခြားမရှိပေ။
မှန်ပါသည်၊ သူမ၏ ရင်ထဲမှ ဒဏ်ရာများမှာ အမှန်တကယ် သက်သာသွားခြင်း မဟုတ်ဘဲ ဤသို့ပြုမူရန် ဖိအားပေးခံထားရခြင်းသာ ဖြစ်သည်။ ဤအရာအားလုံးမှာ သခင်၏ အမိန့်တော်ကြောင့်သာ ဖြစ်သည်။
ထိုလူယုတ်မာသည် သူမအား မာနကြီးပြီး အေးစက်သောပုံစံမျိုး ဟန်ဆောင်ခိုင်းကာ နောက်ဆုံးတွင်မူ အရှက်ရဖွယ် အနိမ့်ကျဆုံး စကားလုံးများကို ပြောဆိုခိုင်းလိုခြင်း ဖြစ်သည်။ သူမ ကြုံတွေ့ဖူးသမျှထဲတွင် ထိုသူမှာ အယုတ်မာဆုံးနှင့် အရှက်မရှိဆုံး လူယုတ်မာပင်။
ယဲ့ရှူးသည် စိတ်ထဲမှ ကြိတ်၍ ကြိမ်းဝါးနေမိပြီး ဂူချန်ကို ယခုချက်ချင်းပင် ကိုက်သတ်ပစ်ချင်သည့် စိတ်များ ဖြစ်ပေါ်နေသည်။ သို့သော် သူမ မလုပ်နိုင်။ အင်တာဗျူးမစမီက အနက်ရောင်ဝတ်စုံဝတ်ထားသူတစ်ဦးက သူမထံသို့ စာတိုလေးတစ်စောင် ပေးပို့ခဲ့သည်။
ထိုစာထဲမှ စာသားကို သူမ အမှတ်ရနေဆဲဖြစ်သည်။
"မင်းရဲ့ ခင်ပွန်းနဲ့ ကလေးကို တစ်ခုခုဖြစ်သွားစေချင်တာတော့ မဟုတ်ဘူးမလား.."
'ငါ့ရဲ့ ခင်ပွန်းအတွက်၊ ငါ့ရဲ့ ကလေးအတွက်၊ ပြီးတော့ ငါကိုယ်တိုင်အတွက်..'
ယဲ့ရှူး၏ မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားသည်။ သူမ၏ လှပသော မျက်နှာမှာ အေးစက်နေဆဲဖြစ်သော်လည်း မသိမသာ နီမြန်းလာသည်။ သူမ၏ လက်များကို တင်းတင်းဆုပ်ထားသဖြင့် လက်ဆစ်များမှာ ဖြူလျော့နေသည်။
မိမိကိုယ်ကို မည်မျှပင် လှည့်ဖြားထားပါစေ၊ တကယ့်လက်တွေ့တွင် ဤခြေလှမ်းကို လှမ်းရန် ဆုံးဖြတ်လိုက်သည့်အခါ သူမ၏ အရှက်တရားမှာ ပေါက်ကွဲထွက်မတတ် ခံစားရသည်။
"ဟူး..."
ယဲ့ရှူး မျက်လုံးများကို မှိတ်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။
စိတ်ထဲရှိ အခြားသောအတွေးများကို ဖယ်ထုတ်လိုက်ပြီး ခင်ပွန်းနှင့် သမီးကို ကယ်တင်လိုသော စိတ်တစ်ခုတည်းကိုသာ ထားရှိလိုက်သည်။
ထို့နောက်တွင်မူ သောင်းနှင့်ချီသော သတင်းထောက်များနှင့် ကင်မရာများ၏ ရှေ့၌... အေးစက်ပြီး မြင့်မြတ်သောအရှိန်အဝါရှိသော၊ ဝေးကွာရာမှသာ ကြည့်ရှုရပြီး မည်သူမျှ မပတ်သက်ဝံ့သော သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ ယဲ့ရှူးသည် ဒူးထောက်ချလိုက်ပါတော့သည်။
သတင်းထောက်များ ဆွံ့အသွားကြသည်။
စောင့်ကြည့်ရေးကောင်စီမှ အရာရှိကြီးများ အံ့အားသင့်သွားကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော ပြည်သူများလည်း မှင်တက်သွားကြသည်။
တောင်ပိုင်းမြို့တော်တွင် ထိုထုတ်လွှင့်မှုကို ကြည့်နေသော ဥက္ကဋ္ဌ လျောင်ချင်းဖုန်းမှာလည်း အလွန်အံ့ဩသွားသဖြင့် သူ၏လက်ဖက်ရည်များပင် ဖိတ်စင်သွားခဲ့သည်။
သိုင်းဘုရင်အဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦးသည် သူမ၏ သိက္ခာကို စွန့်လွှတ်ကာ မရေမတွက်နိုင်သော မျက်လုံးများ၏ ရှေ့၌ ဒူးထောက်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။
အံ့ဩမှုများအပြင် လူတိုင်း၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာကြသည်။
"နေဦး... ဥက္ကဋ္ဌယဲ့ လုပ်တာက နည်းနည်းတော့ များမသွားဘူးလား.."
တာဝန်ယူမှု၊ တာဝန်ခံမှုမှာ မည်မျှပင် ကြီးမားပါစေ၊ မဟာမိတ်အဖွဲ့တစ်ခုလုံး၏ ရှေ့မှောက်တွင် ဒူးထောက်ရန်အထိတော့ မလိုအပ်ပေ။ သိုင်းဘုရင်ကို စော်ကား၍မရ ဟူသော စကားမှာ အလကားပြောခြင်း မဟုတ်။ သတင်းထောက်များနှင့် သူမထက် အစွမ်းထက်သူများမှလွဲ၍ မည်သူမျှ သိုင်းဘုရင်တစ်ဦးကို အထင်မသေးဝံ့ကြချေ။
လူသန်းပေါင်းများစွာထဲတွင်ပင် သိုင်းဘုရင်တစ်ဦး ပေါ်ထွက်လာရန် မလွယ်ကူပေ။ မဟာမိတ်အဖွဲ့အတွင်းရှိ လူအများစုအတွက်မူ သိုင်းဘုရင်ဆိုသည်မှာ မြင့်မြတ်၍ ထိပါး၍မရသော ပြည်နယ်တစ်ခု၏ အင်အားအကြီးဆုံး သိုင်းပညာရှင်ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုး၊ တစ်သက်လုံးတွေ့ရန်ပင် အခွင့်အရေးမရှိသော ပုဂ္ဂိုလ်မျိုးက ယခုအခါ သူမ၏ သိက္ခာကို စွန့်လွှတ်၍ ဒူးထောက်လိုက်သည်လော။
ခဏချင်းမှာပင် ကျန်းမြို့သူ မြို့သားများနှင့် အခြားဒေသမှ လူထု၏ စောင့်ကြည့်ရေးကောင်စီအပေါ် အမျက်ဒေါသများမှာ များစွာလျော့ပါးသွားကြသည်။ သိုင်းဘုရင်တစ်ဦးကိုယ်တိုင် ဒူးထောက်တောင်းပန်ခြင်းမှာ မကြုံစဖူးသော ရိုးသားမှုကို ပြသခြင်းပင် ။ အထူးသဖြင့် ယဲ့ရှူးကဲ့သို့ မာနကြီးသူတစ်ဦး ဖြစ်နေခြင်းကြောင့် ပို၍ပင် ထိရောက်လှပေသည်။
ဤလုပ်ရပ်ကြောင့် ဆူညံနေသော သတင်းထောက်များမှာလည်း ဘာပြောရမှန်းမသိဘဲ ဆွံ့အသွားကြသည်။ သိုင်းဘုရင်တစ်ဦးက ဒူးထောက်လိုက်ပြီဖြစ်ရာ သူတို့ ဘာထပ်တောင်းဆိုနိုင်ပါဦးမည်နည်း။
"တကယ်ကို ထက်မြက်တာပဲ.."
သူမ၏နောက်မှ စောင့်ကြည့်ရေးကောင်စီဝင်များမှာလည်း ဥက္ကဋ္ဌယဲ့၏ အခြေအနေအရ လိုက်လျောညီထွေ လုပ်ဆောင်နိုင်စွမ်းကို ချီးကျူးနေကြသည်။ အကယ်၍ သူတို့သာဆိုလျှင် ဒူးထောက်ခြင်းက အခြေအနေကို ပြောင်းလဲပေးနိုင်မည်ဟု သိလျှင်ပင် ဤမျှအထိ သတ္တိရှိကြမည်မဟုတ်ပေ။
သို့သော် လူတိုင်းက ယဲ့ရှူး၏ တောင်းပန်စကားကို စောင့်မျှော်နေစဉ်မှာပင် သူမသည် ရုတ်တရက် ခေါင်းကိုမော့လိုက်ပြီး အလွန်နီမြန်းနေသော သူမ၏မျက်နှာကို ကင်မရာဘက်သို့ လှည့်လိုက်ကာ...
"ဝုတ်..ဝုတ်..ဝုတ်.."
သတင်းထောက်များ၏ မျက်လုံးများမှာ ပြူးကျယ်သွားကြကာ ဆွံ့အသွားကြ၏။
စောင့်ကြည့်ရေးကောင်စီဝင်များမှာလည်း အလွန်အံ့အားသင့်သွားသဖြင့် သူမကို အမြန်ဆွဲထူရန် ကြိုးစားကြသည်။
"ဥက္ကဋ္ဌယဲ့... ဒီလောက်အထိတော့ မလုပ်ပါနဲ့..."
သို့သော် ယဲ့ရှူးက သူမ၏လက်ကို ဝေ့ယမ်းလိုက်ရာ ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်လာပြီး ကူညီရန် လာသူများကို နောက်သို့ တွန်းထုတ်လိုက်သည်။ ထို့နောက် သူမ၏ အကြည့်မှာ ကင်မရာဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ သူမ၏ နှုတ်ခမ်းကို တင်းတင်းကိုက်ထားသဖြင့် သွေးစအချို့ပင် ထွက်ပေါ်လာသော်လည်း သူမ ဂရုမစိုက်။
သူမ၏ လှပသော မျက်နှာမှာ အလွန်အမင်း ရှက်ရွံ့မှုကြောင့် ရဲရဲနီနေပြီး မှည့်နေသော ပန်းသီးတစ်လုံးကဲ့သို့ ဆွဲဆောင်မှုရှိနေသည်။ သူမ၏ မျက်ခုံးများမှာ တွန့်ကွေးနေပြီး နဖူးပေါ်တွင်လည်း ချွေးစက်များဖြင့် ပြည့်နှက်နေသည်။
နောက်ဆုံးတွင် လူတိုင်း၏ အကြည့်အောက်၌ သူမက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ကျွန်မက..........."
ထိုစကားကို တစ်လုံးချင်း ပြောပြီးသွားသည့်အခါ ယဲ့ရှူးမှာ အားအင် အားလုံး ကုန်ခမ်းသွားသကဲ့သို့ ဖြစ်သွားသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့် ရွှဲစိုနေကာ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။ ဖော်ပြ၍မရသော အရှက်ရမှုကြီးက သူမ၏ နှလုံးသားအတွင်းသို့ လှိုင်းလုံးကြီးကဲ့သို့ စီးဝင်လာသဖြင့် အသက်ရှူရန်ပင် ခက်ခဲနေလေ၏။
သူမသည် စိတ်လွတ်နေသော ပုံစံဖြင့် ထိုနေရာတွင် ထိုင်နေမိပြီး မျက်ရည်များမှာ တိတ်ဆိတ်စွာ စီးကျလာသည်။
ကလစ်... ကလစ်... ကလစ်
တစ်ပြိုင်နက်တည်းမှာပင် မရေမတွက်နိုင်သော ကင်မရာများသည် ထိုအခိုက်အတန့်ကို မှတ်တမ်းတင်လိုက်ကြသည်။ သုံးနာရီမပြည့်မီမှာပင် ဤသတင်းမှာ မဟာမိတ်အဖွဲ့တစ်ခုလုံးသို့ ပျံ့နှံ့သွားပေလိမ့်မည်။
သတင်းခေါင်းစဉ်မှာ...
[တုန်လှုပ်ဖွယ်ရာ။ မဟာမိတ်အဖွဲ့၏ ထိပ်တန်းသိုင်းဘုရင် ယဲ့ရှူးသည် သတင်းစာရှင်းလင်းပွဲအတွင်း သခင်ပေးသောတာဝန် ကို လူသိရှင်ကြား ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည်။]
ထိုအချိန်တွင် တောင်ပိုင်းမြို့တော်ရှိ စံအိမ်တစ်ခုအတွင်း၌...
လူတစ်ယောက်နှင့် ဝံပုလွေတစ်ကောင်သည် တီဗီမှ တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်။ ထိုလူ၏ မျက်နှာတွင် အခြားကြည့်ရှုသူများကဲ့သို့ အံ့ဩတုန်လှုပ်မှုများ မရှိဘဲ တည်ငြိမ်နေသည်။ သူက ဂြိုဟ်တုအဝေးထိန်းခလုတ်တစ်ခုကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်ပြီး ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
Chapter 188
~
Chapter 188 : ဒီနားလာပြီး ငါ့ဖိနပ်တွေကို ပြောင်အောင် လျှာနဲ့ရက်စမ်း
~
"အားးး..."
စောင့်ကြည့်ရေးကောင်စီမှ အခြားအဖွဲ့ဝင်များက စိတ်မကောင်းစွာ သက်ပြင်းချရင်း ရှက်ရွံ့မှုနှင့် မျက်ရည်များဖြင့် စိုရွှဲနေသော ယဲ့ရှူးကို တွဲထူပေးနေစဉ်မှာပင် သူမ၏ နှုတ်ခမ်းဖျားမှ ဆွဲဆောင်မှုရှိသော ညည်းတွားသံတစ်ခု ရုတ်တရက် လွတ်ထွက်သွားသည်။
သူမကို တွဲထားသူမှာ ထိတ်လန့်သွားသော်လည်း အကြောင်းရင်းကို မသိသဖြင့် ဆက်လက်တွဲခေါ်သွားရန်သာ တတ်နိုင်တော့၏။
"အား... အား..."
သို့သော် ထိုညည်းတွားသံများမှာ ပိုမိုကျယ်လောင်လာပြီး စိပ်လာကာ ဆူညံနေသော လူအုပ်ကြီး၏ အသံကိုပင် ဖုံးလွှမ်းသွားတော့သည်။
"ဒါ ဘယ်လိုဖြစ်ရတာလဲ.."
လူတိုင်းက ဘာဖြစ်နေမှန်းမသိဘဲ မျက်လုံးအပြူးသားဖြင့် ကြည့်နေမိကြသည်။
ငယ်စဉ်ကတည်းက လူကြီးကြည့်ရုပ်ရှင်များကို အတွေ့အကြုံရှိခဲ့သော စောင့်ကြည့်ရေးကောင်စီဝင်တစ်ဦးမှာမူ ဤမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲမှ တွေးတောနေမိသည်။
"ဥက္ကဋ္ဌယဲ့ ဘာတွေလုပ်နေတာလဲ.."
သူမ၏ ထူးဆန်းသော အပြုအမူများနှင့် ပေါင်းစပ်ကြည့်လိုက်သည့်အခါ သူ၏စိတ်ထဲတွင် လူသိများသော ဇာတ်လမ်းဆင်မှုတစ်ခုကို ချက်ချင်း ပြေးမြင်လိုက်မိသည်။
"အလုပ်ခွင်မှာ အသုံးမကျတဲ့ ခင်ပွန်း.."
"မဖြစ်နိုင်တာ။ ဥက္ကဋ္ဌယဲ့က အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ပဲလေ။ သူ့ရဲ့ ခင်ပွန်းနဲ့ သမီး ပျောက်ဆုံးသွားတာကြောင့် စိတ်ဓာတ်ကျပြီး အခုလိုတွေ ဖြစ်နေတာလား.."
သူ စိတ်ထဲမှ အံ့ဩနေမိသည်။ ယနေ့မြင်ကွင်းမှာ အမှန်ပင် မျက်စိပွင့်စေခဲ့သည်။ မြင့်မြတ်လှသော သိုင်းဘုရင်တစ်ဦးက ဤသို့ပြုမူလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ထိုရုပ်ရှင်များထဲမှ မင်းသမီးများမှာ သာမန်လူများသာ ဖြစ်သော်လည်း ယခု ယဲ့ရှူးမှာမူ နာမည်ကျော် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ မြင်တွေ့ရသော မြင်ကွင်းနှင့် ခံစားချက်မှာ ရုပ်ရှင်ကြည့်ရသည်ထက် များစွာ သာလွန်နေသည်။
ဤသည်မှာ အမှန်ပင်...
ထိုသို့တွေးမိသူမှာ သူတစ်ယောက်တည်း မဟုတ်ပေ။ တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များ တွင်လည်း အမျိုးမျိုးသော ခန့်မှန်းချက်များဖြင့် ပြည့်နှက်နေသည်။
"ဟေ့လူတို့... ငါ အက်ပလီကေးရှင်း မှားဖွင့်မိတာလား.."
"သိုင်းဘုရင်တစ်ယောက်တောင် ဒီလောက်အထိ အစွမ်းကုန် ကစားနေတာပဲ.."
"တောင်းပန်ပါတယ်.."
"နောက် ၁၀ မိနစ်အတွင်း ငါ့ကို ပြန်စာပို့တဲ့သူတွေကို လျှို့ဝှက်ကုဒ် ပေးမယ်။ အချိန်ကျော်ရင် မရတော့ဘူး.."
"ဂူချန်ဆိုတာ ဘယ်သူလဲ။ သိုင်းဘုရင်တစ်ယောက်ကို ဒီလိုဖြစ်အောင် လေ့ကျင့်ပေးနိုင်တဲ့ ဂူချန်ဆိုတာ ဘယ်လိုသူရဲကောင်းမျိုးလဲ သိတဲ့သူရှိလား.."
"သူက အင်အားကြီးမိသားစုတစ်ခုကလို့ ကြားတယ်..."
"အဲ့ဒီအစ်ကိုကြီးကိုတော့ တကယ် အားကျတယ်ဗျာ.."
ယဲ့ရှူးကို တွဲခေါ်သွားပြီးနောက်တွင်ပင် မှတ်ချက်များမှာ ရူးသွပ်မတတ် တက်နေဆဲဖြစ်သည်။ ပုံမှန်အားဖြင့် လူအများက သာမန်လူများအကြောင်းသာ အတင်းပြောလေ့ရှိသော်လည်း ယခုမှာမူ မဟာမိတ်အဖွဲ့၏ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးအကြောင်း ဖြစ်နေသဖြင့် အလွန်ရှားပါးလှသည်။ ပါးနပ်သော အချို့သူများမှာမူ ဂူချန် ဆိုသော နာမည်ကို အသုံးပြုကာ တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်ပြီး ပိုက်ဆံရှာရန်ပင် ကြိုးစားလာကြသည်။
ဤအရာအားလုံးကို ဖြစ်ပေါ်စေသော တရားခံမှာမူ စံအိမ်အတွင်းရှိ ပျော့ပျောင်းသော ဆိုဖာပေါ်တွင် လဲလျောင်းလျက် တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်ဝင်တစား ကြည့်ရှုနေသည်။
[အိမ်ရှင်သည် ကျန်းနန်ပြည်နယ် စောင့်ကြည့်ရေးကောင်စီဥက္ကဋ္ဌ ယဲ့ရှူးကို သူမ၏ လူမှုဆက်ဆံရေးစွမ်းရည် တိုးတက်အောင် ကူညီပေးခြင်း၊ သူမ၏ ရင်ထဲမှ ကြောက်ရွံ့မှုများကို ကျော်လွှားစေပြီး စိတ်ထဲတွင် စွဲကပ်နေသော မိစ္ဆာကို အောင်နိုင်အောင် ကူညီပေးခြင်းကြောင့် စေတနာရမှတ် + ၂၅၀၀]
[အိမ်ရှင်သည် ယဲ့ရှူးနှင့် ပူးပေါင်းကာ ရုပ်ရှင်လောကအတွက် ဇာတ်လမ်းအမျိုးအစားသစ်တစ်ခုကို တီထွင်ပေးပြီး ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ပါဝင်ကူညီပေးခြင်းကြောင့် စေတနာရမှတ် + ၁၀၀၀]
[အိမ်ရှင်သည် ယဲ့ရှူး၏ ဦးနှောက်အတွင်းရှိ အညစ်အကြေးများကို ရှင်းလင်းပေးခြင်းကြောင့် စေတနာရမှတ် + ၁၅၀၀]
[အိမ်ရှင်၏ ကြင်နာသော လုပ်ရပ်များအတွက် ယဲ့ရှူး၏ ကျေးဇူးတင်ရှိမှုမှာ ဖော်ပြ၍မရအောင် ရှိနေပြီး သူမ၏ စိတ်ထဲတွင် အချိန်တိုင်း အိမ်ရှင်၏ ပုံရိပ်များဖြင့် ပြည့်နှက်နေခြင်းကြောင့် စေတနာရမှတ် + ၃၀၀၀]
[လက်ရှိ စေတနာရမှတ် - ၉၇၉၅]
"မဆိုးပါဘူး.."
သူ၏ရှေ့တွင် လွင့်မျောနေသော အလင်းမျက်နှာပြင်ကို ကြည့်ရင်း ဂူချန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။
'လူသားတွေရဲ့ စွမ်းဆောင်ရည်က အတော်လေး ကောင်းတာပဲ။ ဒီလောက်အထိ နှိပ်စက်ခံထားရတာတောင် စေတနာရမှတ်တွေ ထပ်ထွက်လာသေးတယ်။ နောက်တစ်ခါ အစွမ်းထက်တဲ့ သိုင်းသမားတွေနဲ့ တွေ့ရင် တစ်ခါတည်း သတ်မပစ်သင့်ဘူး။ သူတို့ကို ဖြည်းဖြည်းချင်း ကစားပြီးမှ သေခိုင်းတာက စေတနာရမှတ်ကို အဆပေါင်းများစွာ ပိုရစေနိုင်တာပဲ..'
ယဲ့ရှူး တီဗီဖန်သားပြင်မှ ပျောက်ကွယ်သွားသည့်အခါ ဂူချန်သည်လည်း သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။
လူတိုင်း မျှော်လင့်ထားသည့်အတိုင်းပင် သူသည် ယဲ့ရှူးကို တစ်စုံတစ်ခု လုပ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းမှာ ထူးဆန်းသောအရာ မဟုတ်ဘဲ တောင်ပိုင်းမဟာမိတ်အဖွဲ့၏ ရှားပါးလှသော အင်းဆက်တစ်မျိုးဖြစ်သည့် အင်မော်တယ်ဆူးချွန်ကင်းခြေများ ပင် ဖြစ်သည်။ ထိုကင်းခြေများမှာ လှုံ့ဆော်မှုကို ရရှိသည့်အခါ ကြိုတင်သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း သူမ၏ ဦးနှောက်ကို လှုံ့ဆော်ပေးပြီး ဖော်ပြ၍မရသော ပြင်းထန်သည့် သာယာမှုကို ခံစားရစေခြင်း ဖြစ်သည်။
သို့သော် ဦးနှောက်သည် အလွန်နူးညံ့သော နေရာဖြစ်သဖြင့် သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ထိုသို့သော ထိန်းချုပ်မှုကြောင့် ချက်ချင်း သေဆုံးသွားနိုင်သည့် အန္တရာယ် ရှိသည်။ ကံကောင်းထောက်မစွာဖြင့် ရလဒ်က ကောင်းမွန်ခဲ့သည်။
ထိုအချိန်တွင် ဟန်ဆောင်အပြုံးဖြင့် ရှိနေသော ဝံပုလွေဘုရင် အန်ဂျလာမှာ အပြင်ပန်းတွင် ဘာမျှမဖြစ်သကဲ့သို့ ရှိနေသော်လည်း သူမ၏ စိတ်ထဲတွင်မူ အလွန်ပင် တုန်လှုပ်နေမိသည်။
"ဒီလူက... သူက တကယ်ပဲ။ သူက တကယ်ပဲ အဲ့ဒီလို လုပ်ရက်တယ်လား.."
"သူက မိန်းကလေးတစ်ယောက်ကို တကယ်ပဲ အဲ့ဒီလို လုပ်ရက်တယ်လား.."
ဖန်သားပြင်ပေါ်ရှိ ထိုအမျိုးသမီး၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် ဤလူယုတ်မာသည် သူမအား ကြိုတင်ခြိမ်းခြောက်ထားပြီး လူအများရှေ့တွင် သိက္ခာစွန့်လွှတ်ရန် ဖိအားပေးထားခြင်း ဖြစ်ရမည်။ ယခင်ဘဝက လောကကြီး၏ အမှောင်ဘက်ခြမ်းကို မမြင်ဖူးခဲ့သော အန်ဂျလာအတွက် ထိုသို့သော ယုတ်မာညစ်ပတ်သည့် လုပ်ရပ်မှာ အလွန်ပင် တုန်လှုပ်စရာ ဖြစ်နေသည်။
ဤကမ္ဘာပေါ်တွင် တိရစ္ဆာန်ထက်ပင် နိမ့်ကျသော၊ မိမိ၏ အလိုရမ္မက်အတွက် သူတစ်ပါး၏ သိက္ခာကို နင်းခြေရန် ဝန်မလေးသော ယုတ်မာသည့် မိစ္ဆာကောင်များ အမှန်တကယ် ရှိနေသည်ကို သူမ သိလိုက်ရသည်။
အန်ဂျလာသည် ဒေါသတကြီး ကြည့်နေမိပြီး နောင်တစ်ချိန်တွင် အခွင့်အရေးရပါက ထိုလူကို သေချင်စော်နံအောင် လုပ်မည်ဟု စိတ်ထဲမှ ကြိမ်းဝါးနေမိသည်။ အပြစ်မဲ့သူများအတွက် ကူညီလက်စားချေပေးရန် သူမ ဆုံးဖြတ်လိုက်၏။
အန်ဂျလာက သူ့အား နည်းမျိုးစုံဖြင့် နှိပ်စက်ရန် စိတ်ကူးယဉ်နေစဉ်မှာပင် ဆိုဖာပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသော လူငယ်က သူမအား ရုတ်တရက် လက်ယပ်ခေါ်လိုက်သည်။
"ဒီနားလာပြီး ငါ့ဖိနပ်တွေကို ပြောင်အောင် လျှာနဲ့ရက်စမ်း.."