← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

Chapter 189

~

အခန်း ၁၈၉ : အဆင့် ၈ အရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်မည့် သော့ချက်..

~

​"ပလပ်... ပလပ်..."

​အလွန်အမင်း ရွံရှာစက်ဆုပ်နေသော်လည်း အန်ဂျလာသည် နောက်ဆုံးတွင် ဂူချန်၏ ဖိနပ်အောက်ခြေများကို သူမ၏လျှာဖြင့် ရက်ပေးနေရတော့သည်။

​"ကောင်စုတ်.. ဂူချန်... တကယ့်ကို ယုတ်မာတဲ့ကောင်။ တစ်နေ့ကျရင် ငါ နင့်ကို ဒီအတွက် ပြန်ပေးဆပ်ခိုင်းရမယ်။ အဲ့ဒီအချိန်ကျရင် ငါ့ခြေထောက်တွေကို နင့်လျှာနဲ့ ပြန်ရက်ခိုင်းပစ်မယ်.."

​[အိမ်ရှင်သည် မိမိမွေးမြူထားသော အိမ်မွေးတိရစ္ဆာန်၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် မြင့်မားသော တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြောင်း ပြသခြင်း၊ တိရစ္ဆာန်နှင့် တက်ကြွစွာ ထိတွေ့ဆက်ဆံပြီး နည်းမျိုးစုံဖြင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခြင်းကြောင့် စေတနာရမှတ် + ၅၀၀ ရရှိသည်]

​"အင်း... လိမ္မာတယ်.."

​ဂူချန်က ဝံပုလွေမလေး၏ ဦးခေါင်းကို အသာအယာပုတ်ရင်း ပြုံးလိုက်ကာ ချီးကျူးစကား ပြောလိုက်သည်။ သို့သော် ထိုချီးကျူးစကားမှာ အန်ဂျလာ၏ နားထဲတွင်မူ အလွန်ပင် နားခါးလှ၏။

​သို့သော် ဂူချန်ကတော့ ဂရုမစိုက်ပေ။ သူ၏အမြင်တွင် မည်သည့်ကမ္ဘာမှ ရောက်လာသည်မသိသော ဤသားရဲမလေးမှာ စေတနာရမှတ်များ ရှာဖွေပေးမည့် ကိရိယာတစ်ခုသာ ဖြစ်သည်။ သူမသည် သူ၏ ယခင်ဘဝက အနောက်တိုင်းသား လယ်သမားများ ပိုင်ဆိုင်သော ငွေဝယ်ကျွန်တစ်ဦးနှင့်သာ တူလှသည်။

​ဂူချန်၏ စိတ်အာရုံတစ်ခုဖြင့် သူသာ မြင်တွေ့နိုင်သော အလင်းမျက်နှာပြင်တစ်ခုမှာ သူ၏မျက်စိရှေ့တွင် ပေါ်ထွက်လာသည်။

​[လက်ရှိ စေတနာရမှတ် - ၁၂၉၅၀]

​"စေတနာရမှတ် တစ်သောင်းလောက်ရှိရင် ငါ့ရဲ့ လှည့်စားခြင်းတာအို ကို မဟာဆရာကြီးအဆင့်အထိ မြှင့်တင်နိုင်မလားပဲ.."

​ဂူချန်က သူ၏မျက်ခုံးများကို အသာပင့်လိုက်သည်။

​သိုင်းသမားတစ်ဦး၏ အဆင့်ရှစ်အဆင့်ကို အရှင်သခင်အဆင့်ဟု ခေါ်ဆိုကြပြီး ထိုအဆင့်သို့ ရောက်ရှိသူများကို ကမ္ဘာကြီးက အရှင်သခင် များအဖြစ် ဂုဏ်ပြုကြသည်။ အဆင့်ရှစ်သို့ တက်လှမ်းနိုင်မည့် သော့ချက်မှာ မဟာတာအို နတ်ဘုရားမြေပုမှတစ်ဆင့် မဟာတာအို၏ စွမ်းအားကို နားလည်သဘောပေါက်ရန်နှင့် မိမိ၏ကိုယ်ပိုင် မဟာတာအို ဓမ္မခန္ဓာ ကို ပေါင်းစပ်ဖွဲ့စည်းရန်ဖြစ်သည်။

​ဓမ္မခန္ဓာသည် တစ်မူထူးခြားပြီး ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများအတွင်းသို့ စီးဝင်နိုင်ကာ မရေမတွက်နိုင်သော နိယာမများ၏ ကောင်းချီးကို ရရှိထားသည်။ ၎င်းပေးစွမ်းနိုင်သော ခွန်အားတိုးတက်မှုမှာ မှန်းဆ၍ပင် မရနိုင်ပေ။ နိယာမတစ်ခု၏ ရိုက်ခတ်မှုအောက်တွင် အရာရာကို ဖြစ်တည်စေနိုင်သော ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားပင်လျှင် သေးငယ်အားနည်းသွားပေလိမ့်မည်။

​အကယ်၍ ကောင်းကင်နှင့်မြေပြင်၏စွမ်းအားကို သာမန်လူတစ်ယောက်နှင့် နှိုင်းယှဉ်ပါက မဟာတာအို ဓမ္မခန္ဓာကို ပိုင်ဆိုင်ထားပြီး မဟာလမ်းစဉ်စွမ်းအားကို ထိန်းချုပ်နိုင်သည့် အဆင့်ရှစ်အရှင်သခင်တစ်ဦးမှာ သူ၏ ယခင်ဘဝက ရုပ်ရှင်ထဲမှ ဟော့ ကြီးနှင့် တူလှပေလိမ့်မည်။ ထိုထက်ပင် ပို၍ ကွာခြားနိုင်ပါသေးသည်။

​အရှင်သခင်တစ်ဦး ဖြစ်လာသည့်အခါ ရရှိမည့် ဓမ္မခန္ဓာအမျိုးအစားမှာလည်း ထိုသိုင်းသမား နားလည်သဘောပေါက်ထားသည့် တာအို အဆင့်ပေါ်တွင် မူတည်သည်။

​အကယ်၍ လှည့်စားခြင်းတာအိုကို နားလည်ထားပါက ဓမ္မခန္ဓာ၏ ဂုဏ်သတ္တိမှာ ပုံရိပ်ယောင်ကမ္ဘာများ ဖန်တီးခြင်းဘက်သို့ အသားပေးမည်ဖြစ်သည်။ ဟင်းလင်းပြင်တာအို ကို တတ်မြောက်ထားပါက ဓမ္မခန္ဓာသည် အခြားသော ဟင်းလင်းပြင်နယ်မြေတစ်ခုကို ဖန်တီးနိုင်ပြီး တိုက်ခိုက်မှုများကို ရှောင်ရှားရန် သို့မဟုတ် ထွက်ပြေးရန် အသုံးပြုနိုင်သည်။

​ထူးဆန်းသော ဓမ္မခန္ဓာများလည်း ရှိပါသေးသည်။ ဥပမာ စားသောက်ခြင်းတာအို ဓမ္မခန္ဓာကဲ့သို့ ဖြစ်သည်။ ရှေးယခင်က အရှင်သခင်တစ်ဦးမှာ ကောင်းကင်နှင့်မြေပြင်ရတနာများကို ဝါးမြိုခြင်းဖြင့် သူ၏ခွန်အားကို အဆမတန် တိုးမြှင့်နိုင်ခဲ့ဖူးသည်။

​လက်ရှိ တောင်ပိုင်းမဟာမိတ်ဥက္ကဋ္ဌ၏ လမ်းစဉ်မှာ မျှခြေတာအို ဖြစ်သည်။ သူ၏ ဓမ္မခန္ဓာအမည်မှာ 'တစ်ဝက်စီ' ဖြစ်ပြီး သူ၏ နယ်ပယ်ကို ဖြန့်ကျက်လိုက်ပါက သူသတ်မှတ်ထားသည့် မည်သည့်အဖွဲ့အစည်းနှစ်ခုမဆို ခွန်အားချင်း တန်းတူညီမျှသွားစေသည်။ လူဦးရေ မည်မျှကွာခြားပါစေ၊ မူလခွန်အား မည်မျှကွာပါစေ၊ နောက်ဆုံးတွင် တိုက်ခိုက်ရေးစွမ်းရည်မှာ လုံးဝ တန်းတူဖြစ်သွားပေလိမ့်မည်။

​အစွမ်းထက်သည့်နေရာရှိသလို အားနည်းချက်လည်း ရှိစမြဲပင်။ နယ်ပယ်တစ်ခုမှာ အကွာအဝေးကန့်သတ်ချက် ရှိပြီး အကယ်၍ တိုက်ပွဲအစကတည်းက လှည့်စားမှုတစ်ခုအတွင်း ကျရောက်သွားပါက ဓမ္မခန္ဓာ၏ စွမ်းအားကို ထုတ်ဖော်နိုင်မည်ပင် မဟုတ်တော့ပေ။

​ဂူချန်၏ ရည်မှန်းချက်မှာ ခန္ဓာကိုယ်သန့်စင်ခြင်း နှင့် လှည့်စားခြင်း တာအိုနှစ်ခုလုံးကို အသုံးပြုပြီး အရှင်သခင်တစ်ဦး ဖြစ်လာရန်ဖြစ်သည်။ လှည့်စားခြင်းတာအိုက အထောက်အကူပြုစွမ်းရည်များကို ပေးစွမ်းနိုင်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်းလမ်းစဉ်က တိုက်စစ်နှင့် ခံစစ်နှစ်ခုလုံးကို ပေးစွမ်းနိုင်သဖြင့် အလွန်လိုက်ဖက်လှသည်။

​သီအိုရီအရ ဖွဲ့စည်းလိုက်သော ဓမ္မခန္ဓာတွင် ဂုဏ်သတ္တိများလေလေ၊ ရရှိမည့် နိယာမစွမ်းအားက ပိုမိုပြင်းထန်လေလေ ဖြစ်သော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ပေ။

​ပထမအချက်မှာ သာမန်လူများအတွက် လမ်းစဉ်တစ်ခုတည်းကို ကျင့်ကြံရန်ပင် အလွန်ခက်ခဲလှသည်။ ကောင်းကင်ကို ဆန့်ကျင်နိုင်သော ပါရမီရှင်တစ်ဦးအတွက်ပင် လမ်းစဉ်နှစ်ခုကို မဟာဆရာကြီးအဆင့်အထိ ကျင့်ကြံရန်မှာ မဖြစ်နိုင်သလောက်ပင်။

​ဒုတိယအချက်မှာ ယခင်က တာအိုလမ်းစဉ်နှစ်ခုဖြင့် အရှင်သခင်ဖြစ်ရန် ကြိုးစားခဲ့သူများ ရှိခဲ့ဖူးသော်လည်း ဓမ္မခန္ဓာကို ပေါင်းစပ်ဖွဲ့စည်းစဉ်အတွင်း လုံလောက်သော မဟာတာအိုစွမ်းအားကို မရရှိခဲ့သဖြင့် နောက်ဆုံးတွင် ရရှိလာသော နိယာမနှစ်ခုလုံးမှာ အလွန်အားနည်းသွားခဲ့ကြသည်။

​"ဒါပေမဲ့ ငါ့ရဲ့ ဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်မှုကတော့ အဲ့ဒီအတားအဆီးတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာပါ.."

​ဂူချန်သည် သူ၏ဖိနပ်ကို အန်ဂျလာ၏ မျက်နှာပေါ်သို့ ခပ်တင်းတင်းနင်းလိုက်ရင်း ပြုံးလိုက်သည်။ အခြားသူများမှာ မဟာလမ်းစဉ်စွမ်းအား မလုံလောက်မှုကြောင့် လက်မှိုင်ချနေရသော်လည်း သူ၏အတွက်မှာမူ စေတနာရမှတ် အနည်းငယ် ပိုသုံးလိုက်ရုံသာ ဖြစ်သည်။

​သူ တုံ့ဆိုင်းမနေတော့ဘဲ စေတနာရမှတ်များကို လှည့်စားခြင်းလမ်းစဉ် ကဏ္ဍအတွင်းသို့ ပုံအောထည့်လိုက်သည်။ ယခင်က ဗလာဖြစ်နေသော ထိုကဏ္ဍမှာ ရုတ်တရက်ပင် ပြင်းထန်စွာ တုန်ခါလာတော့သည်။

​[ဒင်..]

​[အိမ်ရှင်၏ လှည့်စားခြင်းတာအိုလမ်းစဉ်အဆင့်ကို မြှင့်တင်နေပါသည်...]

​[အဆုံးမဲ့သော ကျင့်ကြံခြင်းလမ်းခရီးတွင် သင်သည် လှည့်စားခြင်းတာအိုလမ်းစဉ်နှင့် ပတ်သက်၍ ဝေဝါးသော အသိအမြင်သာ ရှိခဲ့သည်။ သင်တတ်မြောက်ထားသော လှည့်စားမှုအတတ်အချို့မှာ SSS အဆင့် ပါရမီဖြစ်သော မျက်လုံးနှစ်ထပ် နှင့် သေမင်း၏လက် မှ ပါရှိသော လှည့်စားမှုများသာ ဖြစ်ပြီး ကျန်သောအရာများကို ဘာမျှမသိသေးပေ။]

​[သင်သည် ရရှိထားသော လှည့်စားခြင်းတာအိုလမ်းစဉ် အမွေအနှစ်ကို ဖွင့်လှစ်ပြီး အသေအချာ ဖတ်ရှုလိုက်သည်။]

​[ကံကောင်းထောက်မစွာဖြင့် သင်ပိုင်ဆိုင်ထားသော ပါရမီများမှာ လှည့်စားခြင်းဆိုင်ရာ နတ်ဘုရားစွမ်းရည်များကို သင်ယူရန် အထူးသင့်လျော်သဖြင့် လှည့်စားခြင်းတာအိုလမ်းစဉ်၏ ကွဲပြားမှုအမျိုးမျိုးအပေါ် တစ်မူထူးခြားသော ထိုးထွင်းသိမြင်မှုများကို ရရှိစေသည်။]

​[အမှန်စင်စစ် သင်သည် သီအိုရီအချို့ကို သင်ယူလိုက်ရုံဖြင့် သင်၏ ခန္ဓာကိုယ်ဗီဇက မသိစိတ်မှနေ၍ လှည့်စားမှုအတတ်များကို နားလည်သဘောပေါက်သွားပြီး စိတ်ဝိညာဉ်အတွင်း၌ ချက်ချင်း လေ့ကျင့်နိုင်ခဲ့သည်။]

​[ကျင့်ကြံခြင်းအရှိန် ၂၀၀ ရာခိုင်နှုန်း တိုးတက်လာသည်]

​[စေတနာရမှတ် ၂၀၀ အသုံးပြုပြီးနောက် သင်၏ လှည့်စားခြင်းတာအိုလမ်းစဉ်သည် အလုပ်သင် (ပုံရိပ်ယောင် သဲအဆင့်) အစောပိုင်းအဆင့်သို့ ရောက်ရှိသွားသည်]

​[သင်၏မျက်လုံးအတွင်း၌ အရောင်အသွေးစုံသော အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး သင်၏ပတ်ဝန်းကျင် သုံးလံခန့်တွင် ပုံရိပ်ယောင်သဲငွေရောင်များ လွင့်မျောလာသည်။ သင်၏ စိတ်စွမ်းအားမှာ ပုံရိပ်ယောင်သဲအဖြစ် ပြောင်းလဲသွားပြီး အခြားသူများ၏ အာရုံငါးပါးကို ခဏတာ ဝေဝါးသွားစေနိုင်သည်။]

​[စေတနာရမှတ် ၁၀၀၀ အသုံးပြုပြီးနောက် သင်၏ လှည့်စားခြင်းတာအိုလမ်းစဉ်သည် လူသား(ပုံရိပ်ယောင်မှန်အဆင့် ) အစောပိုင်းအဆင့်သို့ ရောက်ရှိသွားသည်]

​[သင်၏နောက်ကျောတွင် စစ်မှန်မှုနှင့် လှာ့်စားမှုအကြား လှည့်ပတ်နေသော ရှေးဟောင်းကြေးမှန် သုံးချပ် ပေါ်ထွက်လာပြီး သင်၏ အတိတ်ကျင့်ကြံမှုမှ ပုံရိပ်အမျိုးမျိုးကို ထင်ဟပ်စေသည်။]

​[သင်သည် ဝိညာဉ်စွမ်းအားကို ခွဲထုတ်ပြီး ပုံရိပ်ယောင်ကိုယ်ပွား တစ်ခုကို ဖန်တီးနိုင်သည်။ ကိုယ်ပွား၏ ခွန်အားမှာ သင်ခွဲထုတ်လိုက်သော ဝိညာဉ်စွမ်းအား ပမာဏအပေါ် မူတည်ပြီး သင်၏ခွန်အား ၅၀ ရာခိုင်နှုန်းအထိ အများဆုံး ရှိနိုင်သည်။]

​[စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသော ဗီဇကို ရရှိပြီး ၃၀ ရာခိုင်နှုန်းသော ကိုယ်ခံစွမ်းအားကို ရရှိသည်]

​'ပုံရိပ်ယောင်ကိုယ်ပွားလား..'

ဂူချန်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။ တစ်ခုတည်းသာ ဖန်တီးနိုင်ပြီး ခွန်အား ၅၀ ရာခိုင်နှုန်းသာ ရှိသော်လည်း ၎င်း၏ အသုံးဝင်မှုမှာ အလွန်ကြီးမားလှသည်။ သူ၏ ခွန်အားတစ်ဝက်မှာပင် သာမန်အဆင့်တူ သိုင်းသမားတစ်ဦး တားဆီးနိုင်မည့်အရာ မဟုတ်ပေ။

​ထို့နောက် သူသည် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည် တိုးတက်လာသည့်အချက်ကို ကြည့်လိုက်သည်။

​'ငါက အစကတည်းက ၁၀၀ ရာခိုင်နှုန်း ခံနိုင်ရည်ရှိနေတာကို အခု ထပ်တိုးလာတာဆိုတော့ တိုက်ခိုက်မှုတွေကို ပြန်လည်တုံ့ပြန် (Reflect) နိုင်တာမျိုး ဖြစ်မလားပဲ.."

​ဂူချန်သည် ကျေနပ်စွာ ပြုံးလိုက်ပြီး အလင်းမျက်နှာပြင်ပေါ်မှ စာသားများကို ဆက်လက်ကြည့်ရှုလိုက်သည်။

​[စေတနာရမှတ် ၂၇၀၀ အသုံးပြုပြီးနောက် သင်၏ လှည့်စားခြင်းလမ်းစဉ်သည် ဆရာ (ပုံရိပ်ယောင်နယ်ပယ်) အစောပိုင်းအဆင့်သို့ ရောက်ရှိသွားသည်]

​[သင်၏ ဦးခေါင်းအထက်တွင် ပုံရိပ်ယောင်တံလျှပ် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်]

​[သင်သည် လှည့်စားခြင်းတာအိုလမ်းစဉ် အမွေအနှစ်အတွင်းရှိ လှည့်စားမှုအတတ်အမျိုးမျိုးကို နက်နက်ရှိုင်းရှိုင်း နားလည်သွားပြီး ကျွမ်းကျင်စွာ အသုံးပြုနိုင်လာသည်။]

​[သင်သည် ရတနာတစ်ခုကိုဖြစ်စေ၊ မိမိကိုယ်တိုင်ကိုဖြစ်စေ ဗဟိုပြု၍ ပုံရိပ်ယောင်ကမ္ဘာနယ်ပယ်တစ်ခုကို တည်ဆောက်နိုင်သည်။ သင်မှလွဲ၍ ထိုနယ်ပယ်အတွင်းရှိ လူတိုင်းမှာ ပုံရိပ်ယောင်အတွင်းသို့ ကျရောက်သွားပေလိမ့်မည် (စိတ်စွမ်းအား အလွန်အမင်း ပြင်းထန်သူများသာ ရုန်းထွက်နိုင်သည်)]

​[စေတနာရမှတ် ၅၂၀၀ အသုံးပြုပြီးနောက် သင်၏ လှည့်စားခြင်းတာအိုလမ်းစဉ်သည် မဟာဆရာကြီး (ပုံရိပ်ယောင် ကမ္ဘာ) အစောပိုင်းအဆင့်သို့ ရောက်ရှိသွားသည်]

​[သင်၏ စိတ်ဝိညာဥ်ပင်လယ်အတွင်း၌ ပုံရိပ်ယောင်ကြယ်ပွင့် ခုနစ်လုံး ပေါ်ထွက်လာပြီး စိတ်စွမ်းအားမှာ အဆမတန် တိုးတက်လာသည်။]

​[သင်သည် ပုံရိပ်ယောင်ကိုယ်ပွား ကိုးခုအထိ တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်သည်။ ကိုယ်ပွား၏ ခွန်အားမှာ မူလကိုယ်ခန္ဓာ၏ ၇၀ ရာခိုင်နှုန်းထက် မကျော်လွန်စေရဘဲ မူလကိုယ်ခန္ဓာနှင့် ဝေးလေလေ စိတ်စွမ်းအားကုန်ဆုံးမှု ပိုများလေလေ ဖြစ်သည်။]

​[သင်သည် ပုံရိပ်ယောင်ဟင်းလင်းပြင်တစ်ခုကို ဖန်တီးနိုင်ပြီး ထိုအတွင်းရှိ အချိန်စီးဆင်းမှုကို ထိန်းချုပ်နိုင်သည်။ လက်တွေ့အချိန်နှင့် နှိုင်းယှဉ်လျှင် အများဆုံး ၁:၅ အချိုးအထိ ထိန်းချုပ်နိုင်သည်]

​"သီးခြား စိတ်အာရုံကျင့်ကြံရေး ဟင်းလင်းပြင်ပေါ့.."

​ဂူချန် ထိုအချက်ကို အလေးအနက် စဉ်းစားကြည့်လိုက်ရာ ၎င်းမှာ အလွန်ပင် အသုံးဝင်ကြောင်း တွေ့ရှိရသည်။ ဤသည်မှာ သိုင်းပညာကျင့်ကြံမှု အရှိန်ကို ငါးဆမြှင့်တင်ပေးလိုက်သကဲ့သို့ပင်။ သို့သော် စိတ်စွမ်းအား ကုန်ဆုံးမှုရှိပြီး ကန့်သတ်ချက်များလည်း ရှိသည်။ သို့သော် ရရှိလာမည့် အကျိုးကျေးဇူးနှင့် ယှဉ်လျှင် ထိုကုန်ဆုံးမှုမှာ ပြောပလောက်အောင် မရှိပေ။

​သူသည် အတွေးများကို ရုပ်သိမ်းလိုက်ပြီး အမှတ်များကို ဆက်လက်ထည့်သွင်းလိုက်သည်။

​[စေတနာရမှတ် ၁၀၀၀၀ အသုံးပြုပြီးနောက် သင်၏ လှည့်စားခြင်းတာအိုလမ်းစဉ်သည် မဟာဆရာကြီးအဆင့် (ပုံရိပ်ယောင်စကြာဝဠာ ) အထွတ်အထိပ်သို့ ရောက်ရှိသွားသည်]

​[သင်၏ လှည့်စားခြင်းတာအိုလမ်းစဉ်အပေါ် နားလည်မှုမှာ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားသည်။ သင်တတ်မြောက်ထားသော လှည့်စားမှုအတတ်အားလုံးမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး မည်သည့်ပြင်ဆင်မှုမျှ မလိုဘဲ ချက်ချင်း ထုတ်ဖော်နိုင်သည်။]

​[သင်၏ ခန္ဓာကိုယ်သည် အရှိနှင့် အတု ပြောင်းလဲခြင်း ကို လုပ်ဆောင်နိုင်စွမ်းရှိလာပြီး အရေးကြီးသော ခန္ဓာကိုယ်အပိုင်းများကို ပုံရိပ်ယောင်အဖြစ်သို့ ချက်ချင်းပြောင်းလဲကာ တိုက်ခိုက်မှုများကို လုံးဝရှောင်ကွင်းနိုင်သည် (စိတ်စွမ်းအား ကုန်ဆုံးမှု လိုအပ်သည်)]

​[အမှတ်ထည့်သွင်းခြင်း ပြီးဆုံးပါပြီ]

Chapter 190

~

အခန်း ၁၉၀ : ခန္ဓာကိုယ်စစ်ဆေးမှုက သဘောကျစရာကောင်းရဲ့လား

~

​ဝုန်း...

​စနစ် ၏ နောက်ဆုံးအကြောင်းကြားစာ ပေါ်ထွက်လာသည်နှင့်အမျှ ဂူချန်၏ ခန္ဓာကိုယ်မှ မမြင်ရသော စွမ်းအင်လှိုင်းတစ်ခုမှာ ချက်ချင်းပင် ပျံ့နှံ့ထွက်ပေါ်လာသည်။

​သို့သော် ထိုလှိုင်းမှာ အပြင်သို့ ကျယ်ကျယ်ပြန့်ပြန့် မရောက်မီမှာပင် သူ၏ ထိန်းချုပ်မှုဖြင့် ခန္ဓာကိုယ်အတွင်းသို့ အလျင်အမြန် ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။ အကယ်၍ ဤမျှပြင်းထန်လှသော စိတ်စွမ်းအား များကို အထိန်းအကွပ်မရှိ လွှတ်ထားလိုက်ပါက ဝူချန်း စံအိမ်အတွင်းရှိ လူအားလုံးမှာ နေရာမှာပင် သေဆုံးသွားနိုင်သလို၊ အနည်းဆုံးတော့ စိတ်ဝေဒနာရှင် သို့မဟုတ် တစ်သက်လုံး အိပ်ရာထဲလဲနေမည့် အသိစိတ်ကင်းမဲ့သည့်လူသားများ ဖြစ်သွားကြပေလိမ့်မည်။

​ဤနေရာသည် ဝေးလံခေါင်ဖျားသော အရပ်ဖြစ်ပါက ပြဿနာမရှိသော်လည်း ယခုမှာ တောင်ပိုင်းမဟာမိတ်အဖွဲ့၏ အကြီးဆုံးမြို့တော် ဖြစ်နေသည်။ ထို့အပြင် အင်အားကို မခန့်မှန်းနိုင်သော အဆင့်ရှစ် အရှင်သခင် လျောင်ချင်းဖုန်းမှာလည်း ဤမြို့တွင်ပင် ရှိနေသဖြင့် ဂူချန်အနေဖြင့် အနည်းငယ် ပို၍ သတိထားရန် လိုအပ်သည်။

​သို့သော် သူ မည်မျှပင် ထိန်းချုပ်ထားပါစေ၊ မကြာသေးမီက အဆင့်တက်မှု ကြောင့် ဖြစ်ပေါ်လာသော စိတ်စွမ်းအားအချို့မှာ အပြင်သို့ ယိုစိမ့်ထွက်ပေါ်နေဆဲဖြစ်ရာ သူ၏ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ သိသိသာသာပင် ပုံပျက်နေသည်။

​သူ၏ဖိနပ်များကို ကြိုးစားပမ်းစား ရက်ပေးနေသော အန်ဂျလာမှာ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ မျက်နှာတွင် မိန်းမောတွေဝေသော အမူအရာတစ်ခု ပေါ်ထွက်လာသည်။ ဝံပုလွေသားရဲ အများစုမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းတွင်သာ အားသန်ကြပြီး စိတ်ဝိညာဉ်လမ်းစဉ်ကို လေ့လာသူ ရှားပါးလှသဖြင့် သူမတွင် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများအတွက် ကာကွယ်ရေး အစီအမံ လုံးဝမရှိပေ။

​“...”

​ဂူချန်၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်။ သူ၏ခြေဖဝါးကို ရက်ပေးနေသော အန်ဂျလာ၏ ဦးခေါင်းကို ဘေးသို့ ခပ်ဖွဖွကန်ထုတ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

​လှည့်စားခြင်းတာအိုလမ်းစဉ် နယ်ပယ်မှ ရရှိလာသော အထူးစွမ်းရည်တိုင်းမှာ သူ့အတွက် အလွန်ပင် အသုံးဝင်လှသည်။ အခြားသူများထက် မိမိကိုယ်ကိုယ်သာ အယုံကြည်ရဆုံး မဟုတ်ပါလော။

​'နတ်ဘုရားလမ်းစဉ် နန်းတော် က ရလာတဲ့ လှည့်စားခြင်းတာအိုလမ်းစဉ် အမွေအနှစ်က ဒီလောက်အထိ ထိရောက်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး..'

​လှည့်စားခြင်းတာအိုလမ်းစဉ်ကဏ္ဍရှိ ခန့်ညားထည်ဝါသော စွမ်းရည်များကို ကြည့်ရင်း ဂူချန် စိတ်ထဲမှ ကျေနပ်စွာ သက်ပြင်းချလိုက်မိသည်။ ပုံရိပ်ကိုယ်ပွား ဖန်တီးနိုင်စွမ်း တစ်ခုတည်းနှင့်ပင် သူ ကျေနပ်နေပြီဖြစ်ရာ စိတ်အာရုံဟင်းလင်းပြင် နှင့် ကမ္ဘာနယ်ပယ် တို့မှာမူ အပိုဆုများပင် ဖြစ်သည်။

​ထို့အပြင် အလွန်ပင် ယုတ်မာကောက်ကျစ်လှသော အရှိနှင့် အတု ပြောင်းလဲခြင်း စွမ်းရည်လည်း ပါရှိသေးသည်။ အမှန်အတိုင်းပြောရလျှင် ဂူချန်သည် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ကောင်းစွာ နားလည်ထားသည်။ သူသည် အဆင့်ခုနစ်အတွင်း ပြိုင်ဘက်ကင်းသလို အဆင့်ရှစ် အစောပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်သည်။

​သို့သော် စွမ်းရည်တစ်ခုဖြစ်သော မိမိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို အရှိအခြေအနေမှ ပုံရိပ်ယောင်အခြေအနေသို့ ပြောင်းလဲကာ တိုက်ခိုက်မှုအားလုံးကို ရှောင်ကွင်းနိုင်သည့် စွမ်းရည်မှာမူ သူ့ကိုပင် အံ့အားသင့်စေခဲ့သည်။ စိတ်ကူးလိုက်ရုံဖြင့် အချိန်မရွေး ပြောင်းလဲနိုင်ပြီး စိတ်စွမ်းအား အနည်းငယ်သာ ကုန်ဆုံးရခြင်းမှာ အလွန်ပင် ထူးခြားလှသည်။

​ဂူချန် စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထားလိုက်ပြီးနောက် တောင့်တောင့်ကြီး ဖြစ်နေသော အန်ဂျလာကို ကြည့်ကာ လက်ဖျစ်တစ်ချက် တီးလိုက်သည်။

​ဖျောက်...

​မမြင်ရသော စိတ်စွမ်းအားတစ်ခု စီးဆင်းသွားပြီး ပုံရိပ်ယောင်အတွင်း ပိတ်မိနေသော အန်ဂျလာကို လက်တွေ့ကမ္ဘာသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် သူမ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဂူချန်သည် သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်းသို့ အတင်းအကျပ် ထိုးသွင်းလိုက်သည်။

​အန်ဂျလာ ဘာဖြစ်မှန်း မသိလိုက်မီမှာပင် သွယ်လျသော လက်ဖဝါးတစ်ခုမှာ သူမ၏ ခန္ဓာကိုယ်ကို ဟင်းလင်းပြင်တစ်ခုကဲ့သို့ ဖြတ်သန်းသွားပြီး အတွင်းထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်။

​“အူး...”

​အန်ဂျလာသည် မသိစိတ်မှ အော်ဟစ်လိုက်သော်လည်း ခဏအကြာတွင် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။

​'ဒါ ဘာဖြစ်တာလဲ။ သူ့လက်က ငါ့ခန္ဓာကိုယ်ထဲ ရောက်နေတာကို ဘာလို့ ငါ ဘာမှ မခံစားရတာလဲ..'

​ထိုအချိန်တွင် သူမ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ပုံပျက်နေသည်ကို သတိပြုမိလိုက်ရာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။ ဤသည်မှာ ပုံရိပ်ယောင်၏ အငွေ့အသက်ပင်။ သူမ လှည့်စားမှုတစ်ခုအတွင်း ကျရောက်နေသည်လော။

​သို့သော် သူမ စဉ်းစားနေစဉ်မှာပင် ဂူချန်၏ သွယ်လျသော လက်ဖဝါးမှာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများကို အသေအချာ ရှာဖွေစမ်းသပ်နေပြီဖြစ်သည်။ ထို့နောက်တွင်မူ ခန္ဓာကိုယ်အတွင်းရှိ လက်ဖဝါးမှာ အရှိအခြေအနေ သို့ ပြောင်းလဲသွားပြီး အန်ဂျလာ၏ အရေပြားနှင့် အရိုးများကို ထိတွေ့နေသော လက်မောင်းမှာမူ ပုံရိပ်အခြေအနေ တွင် ရှိနေဆဲဖြစ်သည်။

​သူသည် ငွေရောင် ဝံပုလွေမလေး၏ ခန္ဓာကိုယ်အတွင်း၌ လက်ဖြင့် လှည့်လည်စမ်းသပ်နေတော့သည်။

​“အား... ငါ့ဗိုက်ထဲမှာ ဘာတွေဖြစ်နေတာလဲ... အား..”

​အန်ဂျလာသည် သူမ၏ အတွင်းအင်္ဂါများကို လက်တစ်ဖက်ဖြင့် လိုက်လံစမ်းသပ်နေသကဲ့သို့ ခံစားလိုက်ရပြီး ယားကျိကျိ ဖြစ်လာသည်။ ထို့အပြင် ထိုလက်မှာ ဟိုနေရာကို ဆွဲလိုက်၊ ဒီနေရာကို ထိလိုက်နှင့် သူမ၏ ခန္ဓာကိုယ်တွင်း အင်္ဂါများကို စပ်စုတတ်သော ကလေးငယ်တစ်ဦးကဲ့သို့ လိုက်လံ စူးစမ်းနေသည်။

​ဤခံစားချက်မှာ ယားကျိကျိ ဖြစ်စေရုံသာမက အနည်းငယ် စူးရှသလို ရှိသော်လည်း နာကျင်ခြင်းမျိုး မဟုတ်ဘဲ တစ်မျိုးတစ်ဖုံ... ကောင်းနေသလားဟုပင် ထင်ရသည်။

​အန်ဂျလာ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အထိအတွေ့ကြောင့် နီမြန်းလာပြီး ဤအရာမှာ အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်ဟု ခံစားမိကာ ထိုလက်ကို ပိုမိုမြန်မြန် လှုပ်ရှားစေချင်မိသည်။

​'နေဦး... ဒီလူယုတ်မာက ငါ့ဗိုက်ထဲကို လက်အတင်းထိုးထည့်လိုက်တာ မဟုတ်လား..'

​အန်ဂျလာ ရုတ်တရက် သတိဝင်လာသည်။ သို့သော် သူမ သတိပြုမိလိုက်ချိန်မှာပင် သူမ၏ အတွင်းအင်္ဂါများကို ထိတွေ့နေသော ခံစားချက်မှာ ရုတ်တရက် ပျောက်ကွယ်သွားရာ ချက်ချင်းပင် တစ်ခုခု လိုအပ်နေသကဲ့သို့ ဟာတာတာ ခံစားလိုက်ရသည်။ သူမ၏ စိတ်အခြေအနေမှာလည်း အကြောင်းရင်းမရှိဘဲ စိတ်ဓာတ်ကျသွားတော့သည်။

​[အိမ်ရှင်သည် အိမ်မွေးတိရစ္ဆာန် အန်ဂျလာ၏ အတွင်းအင်္ဂါများ ကျန်းမာရေး အခြေအနေကို လက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးပေးခြင်း၊ တိရစ္ဆာန်၏ ဘေးကင်းလုံခြုံရေးအတွက် ပင်ပန်းနွမ်းနယ်မှုကို မငဲ့ဘဲ ဆောင်ရွက်ပေးခြင်းကြောင့် စေတနာရမှတ် + ၁၀၀၀ ရရှိသည်]

​ဂူချန်သည် သူ၏လက်ပေါ်မှ သွေးစအချို့ကို ခါထုတ်လိုက်ပြီး အန်ဂျလာ၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ဆိုဖာပေါ်သို့ ပြန်ထိုင်ကာ လှည့်စားခြင်းတာအိုလမ်းစဉ် အမွေအနှစ်အတွင်းရှိ မရေမတွက်နိုင်သော လှည့်စားမှုအတတ်များကို ပြန်လည်ရှာဖွေနေသည်။

​ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ ဖခင် ပြန်လာတော့မည်ဖြစ်ရာ သူ ပြင်ဆင်ထားရန် လိုအပ်သည်။ မည်သို့ပင်ဖြစ်စေ ထိုသူမှာ အဆင့်ရှစ် အရှင်သခင်တစ်ဦး ဖြစ်သလို၊ အသက်လုတိုက်ပွဲတွင် အခြားအဆင့်တူ သုံးဦးကိုပင် ယှဉ်နိုင်သူဖြစ်ရာ သူ၏ အရှိန်အဝါမှာ အလွန်ကြီးမားလှသည်။

​ဘေးကင်းစေရန်အတွက် သူကိုယ်တိုင် အဆင့်ရှစ်သို့ မရောက်မီအထိ ထိုသူက သူ့အား ကူးပြောင်းလာသူတစ်ဦးဖြစ်ကြောင်း မသိသွားစေရန် အစွမ်းကုန် ကြိုးစားရမည်။

​ယခင်ခန္ဓာကိုယ်ပိုင်ရှင်နှင့် သူ၏ဖခင်အကြား သံယောဇဉ်မှာ အလွန်နက်ရှိုင်းလှသလို၊ အဆင့်ရှစ် အရှင်သခင်တစ်ဦးအနေဖြင့် အသေးစိတ်အချက်အလက်များကို ထိန်းချုပ်နိုင်စွမ်းမှာလည်း အလွန်မြင့်မားသည်။ ထို့အပြင် ဂူမိသားစု၏ မျိုးရိုးလိုက် အစွန်းရောက်ခရမ်းရောင်မျက်လုံး ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ရာ ဂူချန်အနေဖြင့် သူ၏လျှို့ဝှက်ချက် ဖော်ထုတ်မခံရစေရန် ၁၀၀ ရာခိုင်နှုန်း အာမမခံနိုင်ပေ။ လှည့်စားမှုများကို အသုံးပြုခြင်းကသာ ဖော်ထုတ်မခံရနိုင်ခြေကို ပိုမိုမြင့်တက်စေမည်ဖြစ်သည်။ အကယ်၍ ဖော်ထုတ်ခံရပါက သူ၏ အစီအစဉ်များကို ပြောင်းလဲရပေလိမ့်မည်။

​ဂူချန် အတွေးများဖြင့် ရှာဖွေနေစဉ်မှာပင် အန်ဂျလာသည် သူ၏အနားသို့ ခခယယဖြင့် ချဉ်းကပ်လာပြီး သူ၏ ဘောင်းဘီနားကို ခေါင်းဖြင့် အသာအယာ ပွတ်တိုက်လာသည်။ အသေအချာ ကြည့်လိုက်ပါက သူမ၏ မျက်ဝန်းများတွင် ဖားလိုသော အရိပ်အယောင်နှင့် တောင့်တမှုအချို့ကို မြင်တွေ့နိုင်သည်။

​“အူး..”

​သူမ၏ အူသံမှာပင် အနည်းငယ် နူးညံ့ပျော့ပျောင်းသွားခဲ့ပြီ ဖြစ်သည်။ ၎င်းကို မြင်သောအခါ ဂူချန် မျက်ခုံးပင့်လိုက်၏ ။

'​ဪ...ခန္ဓာကိုယ်စစ်ဆေးမှုကို သူတော်တော်ကြိုက်သွားပုံပဲ..'

All Chapters