← Chapters

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

79

စုဟယ်သည် စိတ်လှုပ်ရှားနေသော ရှောင်ရှီးကို ဖိထားရင်း ရှင်းပြလိုက်သည်။

"ငါက ဘယ်ဇာတ်ကောင်ကတ် ထွက်လာမလဲဆိုတာကို ထိန်းချုပ်လို့မရဘူးလေ၊ အရင်က ကတ်နှိုက်ခဲ့တဲ့ အတွေ့အကြုံအရဆိုရင် စာအုပ်တစ်အုပ်တည်းကပဲဖြစ်ဖြစ်၊ ကတ်အုပ်စု တစ်ခုတည်းကပဲဖြစ်ဖြစ် နောက်ထပ် တာဝန်ပေးကတ် တစ်ခု ထပ်ထွက်လာဖို့ဆိုတာ ဖြစ်နိုင်ခြေ တော်တော်လေး နည်းသွားပြီ"

ရှောင်ရှီးသည် သူ၏အတောင်ပံများကို ရုပ်သိမ်းလိုက်ပြီး စုဟယ်၏အဝတ်အစားများကို တဖျတ်ဖျတ်နှင့် တောက်လျှောက် ဆိတ်နေရင်း တိုးညှင်းသော အသံလေးများဖြင့် မြည်တမ်းနေတော့သည်။ စုဟယ်သည် သူ၏ ချစ်စဖွယ် အမူအရာလေးကို မကြည့်ဘဲ သူ့ကို အသာအယာပင် တွန်းဖယ်လိုက်၏။ သို့သော် သူက အရှုံးမပေးဘဲ စုဟယ်၏ ခြေထောက်ကို ပွတ်သီးပွတ်သပ်လုပ်ကာ သူ၏အတောင်ပံများဖြင့် သူမ၏ ဘောင်းဘီကို အသာအယာ ပွတ်တိုက်နေပြီး အသနားခံသော အသံလေးများကို တဆက်တည်း ထုတ်ဖော်နေတော့သည်။

"တစ်ခါလောက်ပဲ ကြိုးစားပေးပါ၊ ကျေးဇူးပြုပြီး ကူညီပေးပါနော်၊ ငါ လိမ်လိမ်မာမာ နေပါ့မယ်လို့ ကတိပေးပါတယ်"

သူ၏ လှုပ်ရှားမှုလေးများမှာ တစ်စထက်တစ်စ ပို၍ နူးညံ့လာပြီး တကယ့်ကို အသည်းယားစရာ ကောင်းလှသည်။ စုဟယ်သည် သူ၏ ဇွဲ‌ကောင်းမှုကို မတွန်းလှန်နိုင်တော့ဘဲ၊ မကြာသေးမီက သူ၏ အလုပ်ကြိုးစားမှုကိုလည်း သတိရသွားသဖြင့် လျှော့ပေးလိုက်ရ၏။

"ကောင်းပြီလေ၊ နင့်အတွက် ငါတစ်ခါတော့ ကြိုးစားပေးမယ်၊ ဒါပေမဲ့ ရလဒ်ကိုတော့ ငါ အာမမခံဘူးနော်"

စုဟယ်သည် သူ၏ခေါင်းကို ပွတ်သပ်ပေးရသည်ကို အနှစ်သက်ဆုံးဖြစ်ကြောင်း ရှောင်ရှီး သိထားသည်။ ယခုတစ်ကြိမ်တွင်မူ သူသည် သူ၏သပ်ရပ်သော အမွှေးအတောင်များကိုပင် ဂရုမစိုက်တော့ဘဲ လည်ပင်းကို ဆန့်ထုတ်ကာ စုဟယ်၏ လက်ဖဝါးထဲသို့ သူ၏ခေါင်းကို အလိုက်သင့်လေး ထည့်ပေးလိုက်ပြီး သူမ စိတ်ကြိုက် ပွတ်သပ်ပေးသည်ကို ငြိမ်ခံနေတော့၏။

"ငါ့အတွက် ကြိုးစားပေးသရွေ့တော့ နင်ပြောသမျှ အကုန်လုံးကို နားထောင်ပါ့မယ်"

သူမနောက်မှ လိုက်၍ စာကြည့်ခန်းသို့ ရောက်သောအခါ ရှောင်ရှီးသည် ဗီရိုပေါ်သို့ လိမ်လိမ်မာမာပင် ပျံတက်သွားပြီး သူ၏ အသိုက်ထဲတွင် ဝပ်နေလိုက်သည်။ ကတ်နှိုက်ခြင်းသည် အာရုံစိုက်မှု လိုအပ်သဖြင့် စုဟယ်အတွက် တိတ်ဆိတ်သော ပတ်ဝန်းကျင်တစ်ခု လိုအပ်သည် မဟုတ်လား။ စုဟယ်သည် တရုတ်ဒဏ္ဍာရီပုံပြင်များကို ထုတ်ယူကာ အကြိမ်ကြိမ် ကြိုးစားကြည့်သော်လည်း နာရီဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီ။ ကတ်နှိုက်ခြင်းက လူကို ပင်ပန်းနွမ်းနယ်စေသဖြင့် သူမ အနည်းငယ် ခေါင်းမူးလာရ၏။ သူမသည် ဗီရိုပေါ်မှ ရှောင်ရှီးကို လှမ်းခေါ်လိုက်သည်။

"စနစ်က ကတ်နှိုက်တာ မအောင်မြင်ဘူးလို့ပဲ တောက်လျှောက် ပြနေတယ်၊ ငါတို့ လက်လျှော့လိုက်ကြရအောင်"

ရှောင်ရှီးသည် ခေါင်းလေးငိုက်စိုက်ကျသွားပြီး သူ၏မျက်ဝန်းများထဲတွင် စိတ်ပျက်မှုနှင့် ဝမ်းနည်းရိပ်များ ပြည့်နှက်သွားသည်။ သူ၏ နှုတ်သီးလေးမှာ တစ်ခုခုပြောချင်သော်လည်း စကားလုံးများ မထွက်လာသကဲ့သို့ တုန်ရီနေပြီး တိုးညှင်းသော အသံလေး နှစ်ချက်ကိုသာ ထုတ်ဖော်နိုင်တော့၏။ သူ၏အတောင်ပံများမှာလည်း ဘေးသို့ အားအင်ကုန်ခမ်းစွာဖြင့်တွဲလောင်းကျနေတော့သည်။

ပုံမှန်ဆိုလျှင် ထောင်လွှားပြီး တက်ကြွနေတတ်သော ရှောင်ရှီးမှာ ယခုအခါ အတော်လေး နွမ်းနယ်နေပုံရသည်။ သူ၏ ခြေသည်းသုံးဖက်မှာလည်း အလွန်ပင် လေးလံနေပုံရပြီး လှမ်းလိုက်သည့် ခြေလှမ်းတိုင်းမှာ ပေါင်ချိန်တစ်ထောင်ခန့်ရှိသော ဝန်ထုပ်ဝန်ပိုးကြီးကို ဆွဲနေရသကဲ့သို့ပင်။နောက်ဆုံးတွင်မူ သူသည် ခြေလှမ်းအနည်းငယ် ယိုင်တိုင်တိုင် လှမ်းလိုက်ပြီး ဗီရို၏ အဝေးဆုံးထောင့်သို့ ရွှေ့သွားကာ သူ၏ခေါင်းကို အမွှေးအတောင်များကြားထဲ နက်နက်ရှိုင်းရှိုင်း ဝှက်ထားလိုက်ပြီး တစ်ယောက်တည်း သီးသန့်ဖြစ်သွားတော့သည်။

စုဟယ်သည် စိတ်ဓာတ်ကျနေသော ရှောင်ရှီးကို ကြည့်သော်လည်း သွားရောက်၍ မချော့မြူတော့ပေ။ နောက်ထပ် ခြေသုံးချောင်း ရွှေကျီးကန်း တစ်ကောင်ကို ထပ်မံခေါ်ယူနိုင်ဖို့ဆိုသည်မှာ အလွန်ပင် ခဲယဉ်းကြောင်း သူမ ကြိုတင်ပြောထားပြီးသား ဖြစ်၏။ အခုအချိန်မှာ ချော့မြူနေခြင်းက အဓိပ္ပာယ်မရှိဘဲ သူကိုယ်တိုင်ပဲ ဒီအမှန်တရားကို လက်ခံနိုင်ဖို့ လိုအပ်သည်။ စုဟယ်သည် တရုတ်ဒဏ္ဍာရီပုံပြင်စာအုပ်ကို ချလိုက်ပြီး နောက်ထပ်စာအုပ်တစ်အုပ်ဖြစ်သည့် တောင်နှင့်ပင်လယ်ကျမ်း ကို ထုတ်ယူလိုက်၏။ ဒါတွေမှာလည်း တရုတ်ဒဏ္ဍာရီစနစ်ထဲက ပုံပြင်တွေပဲဖြစ်ရာ သူမသည် မျှော်လင့်ချက် သိပ်မထားဘဲ နောက်တစ်ကြိမ် ကတ်နှိုက်ရန် ရွေးချယ်လိုက်ပြန်သည်။

တောင်နှင့်ပင်လယ်ကျမ်း၊ မဟာလဟာပြင် အရှေ့ပိုင်း မှတ်တမ်းများအရ "ထန်းတောင်ကြား၏အထက်တွင် ဖူဆန်းသစ်ပင်ရှိ၏။ နေမင်းတစ်စင်း ရောက်လာလျှင် တစ်စင်းက ထွက်ခွာသွား၏၊ နှစ်စင်းစလုံးကို ကျီးကန်းများက သယ်ဆောင်ကြ၏" ဟု ဆိုထားသည်။ နေမင်းရော ငှက်ပါ ပါဝင်နေသဖြင့် ၎င်းမှာ ရှောင်ရှီး၏ ညီအစ်ကိုများကို ရည်ညွှန်းခြင်းများလားဟု သူမ တွေးမိသည်။ စုဟယ် ထပ်မံကြိုးစားကြည့်သော်လည်း ထုံးစံအတိုင်း မအောင်မြင်ခဲ့ပေ။

အကြိမ်ပေါင်းများစွာ ကတ်နှိုက်ပြီးနောက် သူမ အနည်းငယ် ထုံထိုင်းလာရသည်။ သူမ၏ လက်များ လျော့ရဲသွားပြီး စားပွဲပေါ်တွင် ပြန့်လျက်ရှိသော တောင်နှင့်ပင်လယ်ကျမ်း စာအုပ်မှာ လေတိုက်သဖြင့် စာမျက်နှာများ တဖျတ်ဖျ

တ်လန်ကာ မည်သည့်အခန်းသို့ ရောက်သွားမှန်း မသိရတော့ပေ။ ထုံထိုင်းနေသော စုဟယ်မှာ စားပွဲပေါ်က အပြောင်းအလဲကို ဂရုမစိုက်တော့ဘဲ ထုံးစံအတိုင်း စနစ်အကန့်ပေါ်က ကတ်နှိုက်မည် ဆိုသည်ကို နှိပ်လိုက်သည်။

စနစ်အသိပေးချက် : ကတ်နှိုက်ခြင်း အောင်မြင်ပါသည်။

စုဟယ်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ မဖြစ်နိုင်တာ သူမ တကယ်ပဲ တောင်နှင့်ပင်လယ်ကျမ်း ထဲက ဇာတ်ကောင်ကတ်တစ်ခုကို နှိုက်မိတာလား သူမရဲ့ တည်းခိုခန်းမှာ နောက်ထပ် နတ်ဘုရားတစ်ပါး ထပ်တိုးတော့မှာလား။

ရှောင်ရှီးကို နှိုက်စဉ်က ကြုံခဲ့ရသည့် ရှုပ်ထွေးပွေလီသော အတွေ့အကြုံများကြောင့် စုဟယ်သည် ယခုတစ်ကြိမ်တွင် အလွန်သတိထားပြီး သူမ၏ သိုလှောင်ခန်း ထဲကို အရင်စစ်ဆေးလိုက်သည်။ သေချာပါသည်၊ ဂိမ်းသိုလှောင်ခန်းထဲတွင် ကတ်အသစ်တစ်ခု ရောက်နေပြီဖြစ်၏။

ဇာတ်ကောင်ကတ် - ရှန်နုံမျိုးနွယ်စုဝင် - ကျိ

ဇာတ်ကောင်မိတ်ဆက် - တောင်နှင့်ပင်လယ်ကျမ်းအရ "ရှန်နုံသည် ကောက်ပဲသီးနှံ ငါးမျိုးကို မြည်းစမ်းခဲ့သည်၊ တောင်၏ပုံသဏ္ဌာန်မှာ သိုးခေါင်းနှင့်တူ၏" ကျိသည် ရှန်နုံ၏နေရာတွင် နေထိုင်သည်။

ရှားပါးမှုအဆင့် - သာမန်

လက်ရှိအဆင့် - ကြယ်တစ်ပွင့်

ထူးခြားသောစွမ်းရည် - တောမီးရှို့၍ တောင်ယာခုတ်ခြင်း (ရှန်နုံမျိုးနွယ်စုဝင်များသည် စိုက်ပျိုးရေးတွင် ကျွမ်းကျင်ကြသည်)

စုဟယ်သည် ထိုကတ်ကို သေသေချာချာ နှစ်ကြိမ်ခန့် ဖတ်ကြည့်ပြီးနောက် အနည်းငယ် ရယ်ချင်သလို၊ စိတ်ပျက်သလို ခံစားလိုက်ရသည်။ သူမသည် တောင်နှင့်ပင်လယ်ကျမ်း ထဲမှ ကတ်ကို ဘယ်လိုများ နှိုက်မိပါလိမ့်ဟု တွေးနေမိသော်လည်း၊ ၎င်းမှာ သာမန်ကတ်တစ်ခုသာဖြစ်ပြီး ကိုယ်ရေးအကျဉ်း အသေးစိတ်တောင် မပါဝင်ပေ။ စုဟယ် သိနိုင်သည်မှာ ထိုဇာတ်ကောင်သည် ရှန်နုံမျိုးနွယ်စုဝင် တစ်ယောက်ဖြစ်သည် ဆိုသည့်အချက်သာ။ ယန်ဧကရာဇ်နှင့် ဟွမ်ဧကရာဇ်တို့၏ အနွယ်အဖွားများ ဆိုသည့် စကားစုကို လူတိုင်းသိကြပြီး စုဟယ်သည်လည်း ယန်ဧကရာဇ် ရှန်နုံ အကြောင်းကို အလိုအလျောက် သိရှိထား၏။

ရှန်နုံသည် ကောက်ပဲသီးနှံအားလုံးကို မြည်းစမ်းခဲ့ပြီး သူ၏မျိုးနွယ်စုကို သီးနှံများ စိုက်ပျိုးရန် ဦးဆောင်ခဲ့သူဖြစ်ရာ တရုတ်နိုင်ငံ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု၏ မြစ်ဖျားခံရာဟုပင် ဆိုနိုင်သည်။ တရုတ်လူမျိုးများသည် အသက်အရွယ်တစ်ခုသို့ ရောက်လာလျှင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းနှင့် လယ်ယာလုပ်ငန်းအပေါ် စိတ်ဝင်စားသည့် မျိုးဗီဇ နိုးထလာတတ်ကြပြီး ထိုမျိုးဗီဇမှာ ရှန်နုံမျိုးနွယ်စုထံမှ ဆင်းသက်လာခြင်း ဖြစ်၏။

ထိုဇာတ်ကောင်ကတ်၏ ထူးခြားသောစွမ်းရည်မှာ အမှန်တကယ်ပင် စိုက်ပျိုးရေးနှင့် ဆက်စပ်နေသည်။ စုဟယ် ခေါင်းကိုက်သွားရသည်။ အခုခေတ်က မြို့ပြထွန်းကားမှု အဆင့်အတန်းက အရမ်းမြင့်မားနေပြီ မဟုတ်လား။ ဒီဇာတ်ကောင်ကတ်ကို ခေါ်ယူပြီးနောက်မှာ ထိုဇာတ်ကောင်က ခေတ်သစ်လူ့အဖွဲ့အစည်းမှာ နေထိုင်ရမည်ဖြစ်ပြီး ကတ်ပိုင်ရှင်ဖြစ်သည့် သူမအနေဖြင့်လည်း ထိုဇာတ်ကောင်အတွက် တာဝန်ယူရမည်ဖြစ်သည်။ သို့ဆိုလျှင် ထိုဇာတ်ကောင် စိုက်ပျိုးဖို့အတွက် လယ်ယာမြေကို သူမ ဘယ်မှာ သွားရှာရပါ့မလဲ။

ကျိ၏ ထူးခြားသောစွမ်းရည်မှာ "တောမီးရှို့၍ တောင်ယာခုတ်ခြင်း" ဟု ဖော်ပြထားရာ၊ ၎င်းမှာ မစိုက်ပျိုးရသေးသော မြေရိုင်းများရှိ သစ်ပင်များကို ခုတ်ထွင်ခြင်း၊ ထို့နောက် သစ်ပင်နှင့် ပေါင်းပင်များကို မီးရှို့၍ ရရှိလာသော ပြာများကို မြေဩဇာအဖြစ် အသုံးပြုကာ ကျင်းများတူးပြီး မျိုးစေ့ချခြင်းကို ဆိုလိုသည်။ ထိုသို့ ရှေးကျသော စိုက်ပျိုးရေးနည်းလမ်းဖြင့် သီးနှံမည်မျှ ရိတ်သိမ်းနိုင်မည်ကို ထားဦးတော့၊ သစ်ပင်ခုတ်ခြင်းနှင့် မီးရှို့ခြင်း လုပ်ရပ်များမှပင် စုဟယ်ကို ထောင်ထဲသို့ ပို့ဆောင်ရန် လုံလောက်နေပြီ ဖြစ်သည်။ တရုတ်နိုင်ငံတွင် သတ်မှတ်ထားသော သစ်ပင်အရေအတွက်ကို ခုတ်ထွင်ခြင်းသည် ရာဇဝတ်မှုမြောက်နိုင်၏။ ရာဇဝတ်မှူတွင် တရားမဝင် သစ်ခုတ်ခြင်းနှင့် စည်းကမ်းမဲ့ သစ်ခုတ်ခြင်းဆိုင်ရာ ပြစ်မှုများ ပါဝင်ပြီး အမြင့်ဆုံးပြစ်ဒဏ် (၇) နှစ်အထိ ချမှတ်ခံရနိုင်သည်။ မိမိမိသားစု ပိုင်ဆိုင်သည့် တောင်ကုန်းဖြစ်စေ၊ မိမိဘာသာ စိုက်ပျိုးထားသည့် သစ်ပင်ဖြစ်စေ သစ်ခုတ်ရန်အတွက် သစ်တောဌာန၏ ခွင့်ပြုမိန့် လိုအပ်၏။

တောင်ကို မီးရှို့ပြီး ထောင်ထဲမှာ တစ်သက်လုံး အချိန်ဖြုန်းရမည်ဆိုသည်မှာ အလကား ခြိမ်းခြောက်နေခြင်း မဟုတ်ပေ။ အကယ်၍ တောင်ကို မီးရှို့ခြင်းက ကြီးလေးသော နောက်ဆက်တွဲ ပြဿနာများ မဖြစ်ပေါ်စေသေးလျှင်ပင် ထောင်ဒဏ် သုံးနှစ်မှ ဆယ်နှစ်အထိ ချမှတ်ခံရနိုင်သည်။ ကတ်ပေါ်ရှိ "ခေါ်ယူမည်" နှင့် "ပေါင်းစပ်မည်" ဆိုသည့် ခလုတ်များ တလက်လက်ဖြစ်နေသည်ကို ကြည့်ရင်း စုဟယ်သည် "ပေါင်းစပ်မည်" ဆိုသည့် ခလုတ်ကို မကြည့်ဘဲ မနေနိုင်တော့ပေ။ ဤဇာတ်ကောင်သည်တည်းခိုခန်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် တကယ်ကို မသင့်တော်လှပေ။ စုဟယ်၏ စိတ်ဆန္ဒကို သိရှိသည်နှင့် စနစ်၏ ဂိမ်းမျက်နှာမှာ တလက်လက်ဖြစ်သွားပြီး အချက်ပေးချက်တစ်ခု ပေါ်လာသည်။

ဇာတ်ကောင်ကတ် - ရှန်နုံမျိုးနွယ်စုဝင် - ကျိ ကို စုဟယ်၏ လက်ရှိ ဇာတ်ကောင်ကတ် သုံးခုအပေါ်တွင် ပေါင်းစပ်လိုက်နိုင်သည်။

ထိုကတ်မှာ သာမန်ကတ်တစ်ခုသာ ဖြစ်သည်။ အကယ်၍ ဟုန်လျန်အပေါ် ပေါင်းစပ်လိုက်လျှင် ဟုန်လျန်၏ လူကြိုက်များမှုကို တစ်ဆင့် မြှင့်တင်ပေးနိုင်သည်။ ဝေဖ

ုန်းယီအပေါ် ပေါင်းစပ်လိုက်လျှင် သူ၏ ကြယ်ပွင့်အဆင့်မြှင့်တင်ရေး တာဝန်ကို ပြီးမြောက်အောင် ကူညီပေးနိုင်သည်။ ရှောင်ရှီးအပေါ် ပေါင်းစပ်လိုက်လျှင်မူ ကောင်းမွန်သောမှတ်ချက်မှာ (၅၀) သာ တိုးလာမည်ဖြစ်သည်။ ဟုန်လျန်မှာ သာမန်ကတ်ဖြစ်ပြီး ဝေဖုန်းယီမှာ အဆင့်မြင့်ကတ် ၊ ရှောင်ရှီးမှာမူ ရှားပါးကတ် ဖြစ်၏။ ကတ်များ၏ ရှားပါးမှုအဆင့် ကွဲပြားသောကြောင့် ကတ်တစ်ခုကို ပေါင်းစပ်လိုက်သောအခါ ကတ်သုံးခု ရရှိမည့် စွမ်းအင်မှာလည်း ကွဲပြားသွားခြင်း ဖြစ်သည်။

ဝေဖုန်းယီသည် သူဘာသာပင် မကြာမီ ကြယ်နှစ်ပွင့်အဆင့်သို့ ရောက်ရှိတော့မည်ဖြစ်သလို ရှောင်ရှီးလည်း ထိုနည်းတူပင်။ အလွယ်တကူ ရရှိနိုင်သော တုံ့ပြန်မှုရမှတ်များအတွက် စွမ်းအင်ကို အသုံးပြုရခြင်းမှာ တွက်ချေမကိုက်ပေ။ စုဟယ် တွက်ချက်ကြည့်ပြီးနောက် ထိုကတ်ကို ပေါင်းစပ်မည့်အစား ခေါ်ယူရန်သာ ဆုံးဖြတ်လိုက်သည်။ သူမသည် ဗီရိုပေါ်တွင် တစ်ယောက်တည်း အထီးကျန်နေဆဲဖြစ်သော ရှောင်ရှီးကို လှမ်းပြောလိုက်၏။

"ငါ ကတ်အသစ်တစ်ခု နှိုက်မိတယ်၊ သာမန်ကတ်တစ်ခုပဲ၊ အခု အဲ့ဒါကို ခေါ်တော့မယ်နော်"

ပြောပြီးနောက် သူမသည် စနစ်ပေါ်ရှိ ခေါ်ယူမည် ခလုတ်ကို နှိပ်လိုက်သည်။ သာမန်ကတ်များသည် ရှောင်ရှီးကို ခေါ်ယူစဉ်ကကဲ့သို့ နှေးကွေးသော တိုးတက်မှုပြတန်း ပေါ်မလာဘဲ လျင်မြန်စွာပင် ခေါ်ယူပြီးစီးသွား၏။

"သွားရအောင် ရှောင်ရှီး၊ ငါတို့ တံခါးဝကိုသွားပြီး အသစ်ခေါ်ယူထားတဲ့ ရှန်နုံမျိုးနွယ်စုဝင် ကျိ ကို သွားကြည့်ကြရအောင်"

စုဟယ် လှမ်းခေါ်လိုက်လေသည်။

80

တည်းခိုခန်း၏ အဝင်ဝတွင် ကြွက်သားအဖုအထစ်များနှင့် သန်မာထွားကျိုင်းသော အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေသည်။ သူမသည် အရှက်လုံရုံမျှသာရှိသော ရိုးရှင်းသည့် လျှော်တေချည် အဝတ်အစားများကို ဝတ်ဆင်ထားပြီး၊ သူမ၏ ဘောင်းဘီတိုနှင့် အင်္ကျီလက်ပြတ်တို့မှတစ်ဆင့် ထင်ရှားပေါ်လွင်နေသော ကြွက်သားများကို မြင်တွေ့နေရ၏။ သူမ၏ အသားအရေမှာ ညိုဝါရောင်သန်းနေပြီး ညဖက်အမှောင်ထုနှင့် တစ်သားတည်းကျနေသော်လည်း တည်းခိုခန်းမှ ထွက်ပေါ်လာသော မီးရောင်အောက်တွင်မူ မြေဆီလွှာ၏ ပြုစုပျိုးထောင်မှုကို ခံထားရသည့်အလား မြေကြီးရောင် လင်းလက်မှုများ ဖြာထွက်နေသည်။

သူမ၏ ကြွက်သားများမှာ ပရိုတင်းမှုန့်များသောက်သုံးပြီး အားကစားရုံအတွင်းရှိ ဝါသနာရှင်များကဲ့သို့ လေ့ကျင့်ထားခြင်းမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးတွင် ညီညာစွာ ပျံ့နှံ့နေခြင်းဖြစ်ရာ၊ ၎င်းမှာ သူမ၏ တစ်ကိုယ်လုံးသည် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို လုပ်ဆောင်ထားကြောင်း သက်သေပြနေသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားတိုင်းမှာ ခွန်အားနှင့် ဖြတ်လတ်ခြင်းတို့ဖြင့် ပြည့်နှက်နေပြီး သူမ၏ အစွမ်းသတ္တိနှင့် ကြံ့ခိုင်မှုကို ထင်ဟပ်စေ၏။ သူမ၏ လက်ဖဝါးများမှာ ကြမ်းတမ်း၍ အားမာန်ပါလှသည်၊ ကျောပြင်မှာ ဖြောင့်စင်းသန်မာကာ ရင်အုပ်မှာလည်း ကျယ်ပြန့်လှသဖြင့် ဖော်ပြမတတ်သော ခွန်အားနှင့် တည်ငြိမ်မှု အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ တုတ်ခိုင်ပြီး အသားပြည့်ကာ တင်ပါးများမှာလည်း ကျယ်ပြန့်သည်။ သူမ၏လက်ထဲတွင် ပုဆိန်တစ်လက်သာ ရှိမည်ဆိုလျှင် ရုပ်ပြစာအုပ်ထဲမှ ဝက်ဝံစစ်သည်တော်တစ်ဦးနှင့်ပင် တူနေပေလိမ့်မည်။

စုဟယ်ကို အံ့အားသင့်သွားစေသည့်အရာမှာ ကျိ ၏ ခြေသလုံးများပင် ဖြစ်သည်။ နွေရာသီတွင် လမ်းပေါ်ရှိ မိန်းကလေးများသည် စကတ်အတိုနှင့် ဘောင်းဘီတိုများကို ဝတ်ဆင်ကြပြီး သွယ်လျဖြောင့်စင်းကာ ဖြူဖွေးသော ခြေတံများကို ပိုင်ဆိုင်ကြသည်။ သို့သော် ကျိ၏ ခြေသလုံးများမှာမူ သူမ၏ ပေါင်လုံးများလောက်ပင် တုတ်ခိုင်လှသည်။ သူမ၏ ခြေသလုံးကြွက်သားများမှာ တင်းမာဖြောင့်စင်းကာ သံမဏိသွန်းလောင်းထားသကဲ့သို့ အားမာန်ပါလှသဖြင့် အနည်းငယ် လှုပ်ရှားလိုက်ရုံမျှဖြင့် ကြီးမားသော ခုန်ပေါက်နိုင်စွမ်းအားကို ထုတ်လွှတ်နိုင်မည့်ပုံပေါ်ရာ၊ သူမ၏ ထိန်းချုပ်မထားသော ခွန်အားကို လျစ်လျူရှုထားရန်မှာ မဖြစ်နိုင်ပေ။

မှောင်မိုက်နေသော ညဉ့်နက်ပိုင်းတွင်ပင် စုဟယ်သည် သူမထံမှ ဖြာထွက်နေသော အပူရှိန်နှင့် တက်ကြွလှသော ဖျတ်လတ်မှုကို ခံစားနေရသည်။ သူမ၏ မျက်ဝန်းများသည် မီးရောင်အောက်တွင် တဖျတ်ဖျတ်လက်နေသော်လည်း ထိုမျက်ဝန်းထဲ၌ ကျယ်ပြောသော စကြဝဠာကြီးကို သိမ်းဆည်းထားသကဲ့သို့ရှိရာ လူတစ်ဦးကို ဗီဇ အရ သူမအပေါ် မှီခိုအားထားချင်စိတ် ပေါ်ပေါက်လာစေသည်။ စုဟယ် သတိထား၍ စကားစလိုက်၏။

"ဒါက ကျိ လား"

သူမ စကားပြောလိုက်သည့်အခါ သူမ၏ အသံမှာ စုဟယ် စိတ်ကူးထားသကဲ့သို့ပင် ခိုင်မာပြီး ရှေးကျလှသည်။

"ကျွန်မက ကျိ ပါ"

စုဟယ်၏ မျက်နှာမှာ ရှက်ကိုးရှက်ကန်းဖြစ်ကာ ချက်ချင်းပင် နီမြန်းသွားရသည်။ သူမသည် ချက်ချင်းပင် စနစ်အကန့်ကိုဖွင့်၍ ဇာတ်ကောင်ကတ်ကို စစ်ဆေးလိုက်ပြီးနောက် အမြန်ဦးညွှတ်၍ တောင်းပန်လိုက်သည်။

"တကယ်ကို စိတ်မရှိပါနဲ့၊ ကျွန်မ စာလုံးမှားဖတ်မိလို့ပါ၊ အထဲကို အရင်ဝင်ပါဦးလား"

၎င်းမှာ တကယ်ပင် ရှက်ဖို့ကောင်းလှသည်။

မင်းသမီး ဟု အဓိပ္ပာယ်ရသည့် စာလုံးနှင့် ကျိ ဟူသော စာလုံးမှာ ရေးပုံခြင်း ဆင်တူသော်လည်း ကွဲပြားသော စာလုံးနှစ်လုံး ဖြစ်သည်။ မင်းသမီးဟူသော စာလုံးကို အမှန်တကယ်တွင် ကျန် ဟု အသံထွက်ရခြင်း ဖြစ်၏။

စုဟယ်သည် ကျိကို အခန်းထဲသို့ ခေါ်ဆောင်လာပြီးနောက် သူမ၏ ကိုယ်ပိုင်အဝတ်အစားများကို ရှာဖွေ၍ ကျိအား ကမ်းပေးလိုက်သည်။ သို့သော် ချက်ချင်းပင် မသင့်တော်မှန်း သိလိုက်ရ၏။ သူမ၏ အဝတ်အစားများမှာ အလွန်ပင် သေးငယ်လွန်းနေသည်။ စုဟယ်၏ အရပ်မှာ မပုပေ၊ (၁.၆) မီတာကျော်ရှိသည်။ ကျိမှာလည်း သူမထက် သိပ်မမြင့်လှဘဲ (၁.၆၅) မီတာခန့်သာ ရှိသော်လည်း ကိုယ်လုံးကိုယ်ပေါက်မှာမူ စုဟယ်ထက် သုံးဆခန့် ပိုကြီးနေပုံရသည်။

ကျိမှာ အလွန်ပင် နှုတ်ဆိတ်လှသည်။ စုဟယ်ပေးသော အဝတ်အစားများ၏ အင်္ကျီလက်ထဲသို့ သူမ၏ လက်မောင်းများကိုပင် ထည့်ရန် မဖြစ်နိုင်သော်လည်း၊ သူမ၏ ကြွက်သားများ အင်္ကျီလက်အတွင်း ကျပ်ညပ်သွားပြီး မလှုပ်ရှားနိုင်တော့သည့်တိုင်အောင် ဆက်လက် ကြိုးစားနေခဲ့သည်။ထို့နောက် ဘာအသံမှ မထွက်ဘဲ ရပ်တန့်သွား၏။ ရှက်ကိုးရှက်ကန်း ဖြစ်နေသော စုဟယ်သည် သူမ၏ မိဘအခန်းသို့ အပြေးသွားကာ စုချန် မဝတ်ရသေးသည့် တီရှပ်အင်္ကျီတစ်ထည်နှင့် ဘောင်းဘီတိုအပွ တစ်ထည်ကို ယူထုတ်လာပြီး ကျိအား ကမ်းပေးလိုက်သည်။ အဝတ်အစား ဝတ်ပုံဝတ်နည်းကို သင်ပေးနေစဉ်မှာပင် သူမသည် ဟဲယဲ့တည်းခိုခန်းအကြောင်းနှင့် ခေတ်သစ်လူ့အဖွဲ့အစည်း၏ အခြေအနေများကိုတတွတ်တွတ် မိတ်ဆက်ပြောပြနေမိ၏။

ကျိ၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ အနည်းငယ် တောင့်တောင့်ကြီး ဖြစ်နေပုံရသည်။ အကယ်၍ သူမက စုဟယ်ကို သူမ၏အမည်အား ပြောမပြခဲ့လျှင် သူမသည် ဆွံ့အသူတစ်ဦးဟုပင် စုဟယ် သံသယဝင်မိပေလိမ့်မည်။ စုဟယ် အကြံပြုလိုက်သည်။

"ဒီညတော့ တခြားဇာတ်ကောင်ကတ်ဖြစ်တဲ့ ဟုန်လျန် နဲ့ အတူတူ

နေလိုက်ပါဦး၊ သူမက ရှင့်ထက် အရင်ရောက်နေတာဆိုတော့ အခြေအနေတွေကို ပိုသိတယ်၊ မနက်ဖြန်ကျရင် မုန့်တချို့လုပ်ဖို့ ရှင့်ဆီက အကူအညီ လိုမှာဆိုတော့ ရှင်တို့နှစ်ယောက် အချင်းချင်း ဆက်သွယ်လို့ရတာပေါ့၊ ရှင်အသားကျသွားပြီဆိုရင် ဘေးနားက အခန်းလွတ်ကို ပြောင်းနေမလား"

ကျိသည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။ စုဟယ်က ကျိအား အခန်းထဲတွင် ခဏထိုင်စောင့်ရန် ပြောခဲ့ပြီး ကျိ၏ အခြေခံအခြေအနေကို ရှင်းပြရန် ဟုန်လျန်အား သွားရှာလိုက်၏။ စုဟယ် ထွက်သွားပြီးနောက် ကျိ၏ ကြွက်သားများမှာ အနည်းငယ် လျော့ပါးသွားပြီး တင်းမာမှုများ မရှိတော့ပေ။ ကျိသည် စုဟယ် ညွှန်ပြခဲ့သည့်နေရာတွင် ဂရုတစိုက် ထိုင်လိုက်သည်။ သူမ၏ တင်ပါးကို ကုတင်ပေါ်သို့ အပြည့်မတင်ဘဲ အသာအယာသာ ထိုင်လိုက်ခြင်းဖြစ်ပြီး သူမ၏ လက်ဖဝါးဖြင့် နူးညံ့သော အိပ်ရာခင်းကို ပွတ်သပ်ကြည့်နေမိ၏။

ကျိ၏ လက်ဖဝါးများမှာ အလွန်ပင် ကြမ်းတမ်းလှပြီး လက်ချောင်းများမှာ နက်ရှိုင်းသောအက်ကြောင်းများဖြင့် ကွဲအက်နေသည်။သို့သော်လည်း ကျိ၏ လက်များမှာ အလွန်သန့်ရှင်းနေပြီး လက်ဗွေများကြားတွင် မြေကြီးစွန်းထင်းမှု တစ်စုံတစ်ရာ မရှိပေ။ သူမ၏ လက်ဖဝါးပေါ်ရှိ များပြားလှသော အက်ကြောင်းများက နူးညံ့သောအိပ်ရာခင်းနှင့် ထိတွေ့မိသောအခါ အသံများ ထွက်ပေါ်လာပြီး အိပ်ရာခင်းမှ နူးညံ့သော ချည်မျှင်လေးတစ်မျှင်ကို ဆွဲထုတ်မိသွားသည်။ သူမသည် သူမ၏ တုတ်ခိုင်သော လက်ချောင်းလေးများဖြင့် ထိုချည်မျှင်ကို ကမောက်ကမ ဖြုတ်ယူလိုက်ပြီး သူမ၏ မျက်လုံးနားအထိ မြှောက်ကာသေသေချာချာ စစ်ဆေးကြည့်နေမိ၏။ ထိုချည်မျှင်မှာ ရှည်လျားပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်း ရှိလှသည်။ ကျိသည် သူမ ချွတ်ထားခဲ့သော အဝတ်အစားများကို လျင်မြန်စွာ ငဲ့ကြည့်လိုက်မိ၏။

သူမ၏ မူလအဝတ်အစားများမှာ သစ်ခေါက်နှင့် နွယ်ပင်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သစ်ခေါက်နှင့် နွယ်ပင်များကို ကျောက်တုံးဖြင့် ထုထောင်းချေမွပြီးနောက် မြစ်ရေဖြင့် ဆေးကြောလိုက်သောအခါ ၎င်းတို့ထံမှ အမျှင်များ သီးခြားစီ ကွဲထွက်လာ၏။ ထိုအမျှင်များကို ဂရုတစိုက် စုဆောင်း၍ ကျောက်အပ်ဖြင့် ထိုးကာ ထူထဲသော ကြိုးများအဖြစ် ကျစ်ရသည်။ ထိုကြိုးများကိုမှ အလျားလိုက်၊ အနံလိုက် ရက်လုပ်ပြီး သူမဝတ်ဆင်သည့် အဝတ်အစားများကို ဖန်တီးရခြင်း ဖြစ်သည်။ ဤအင်္ကျီနှင့် ဘောင်းဘီတိုလေးများမှာ အမှန်တကယ်ပင် ရှားပါးလှသည်၊ သူမတို့၏ ရှန်နုံမျိုးနွယ်စုမှ လူများစွာမှာ ဝတ်စရာမလုံလောက်ဘဲ ရှိနေကြဆဲ ဖြစ်၏။

သို့သော် ယခုအခါတွင်မူ သူမ၏ လက်ထဲရှိ နုညံ့ချောမွေ့သော ချည်မျှင်လေးဖြစ်စေ၊ သူမ ဝတ်ဆင်ထားသည့် သန့်ရှင်းပြီး အသားနှင့်တစ်သားတည်းကျသော အဝတ်အစားများဖြစ်စေ၊ အရာအားလုံးက ကျိကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေသည်။ တောင်ပင်လယ်ရှိ ရေမျိုးနွယ်စုများ သာလျှင် ရက်လုပ်ခြင်းအတတ်တွင် ကျွမ်းကျင်ကြပြီး ၎င်းတို့ ထုတ်လုပ်သည့် ကျောင်းရှောင်း ပိုးသားမှာ ရေစိုခြင်းမရှိဘဲ နူးညံ့ကာ ကြည်လင်နေသည်ဟု ကြားဖူး၏။ သူမ ယခုဝတ်ဆင်ထားသည်မှာ ရေမျိုးနွယ်စုများ၏ ဖန်တီးမှုများလား။

ထို့နောက် ကျိသည် ပြတင်းပေါက်မှတစ်ဆင့် အလင်းရောင်များဖြင့် လင်းထိန်နေသော မြင်ကွင်းကို လှမ်းကြည့်လိုက်သည်။ ရှန်နုံမျိုးနွယ်စုသည် နေမင်းကို ကြည့်၍ နေ့စဉ်လုပ်ငန်းများကို ဆုံးဖြတ်ကြပြီး နေဝင်လျှင် အနားယူကာ နေထွက်လျှင် အလုပ်လုပ်ကြသည်။ သို့သော် အခုမှာ သေချာပေါက် ညဖက်ဖြစ်နေသော်လည်း ပြတင်းပေါက်အပြင်ဘက်တွင် အလင်းရောင်များစွာ ရှိနေသည့်အပြင် အခန်းထဲမှာလည်း လင်းထိန်နေ၏။ ဘယ်လောက်တောင် မှော်ဆန်လိုက်သလဲ သူမတို့၏ မျိုးနွယ်စုခေါင်းဆောင် ရှန်နုံ၏ နန်းတော်တောင်မှ ဤမျှ ခမ်းနားထည်ဝါခြင်း မရှိပေ။ ဤနေရာသည် နတ်ဘုရားများ နေထိုင်ရာနေရာ ဖြစ်ရမည်ဟု သူမ တွေးမိလိုက်သည်။ သူမသည် ရှန်နုံမျိုးနွယ်စုမှ တစ်ဦးတည်းသော ရွေးချယ်ခံရသူဖြစ်ရာ သူမအနေဖြင့် အကောင်းဆုံး လုပ်ဆောင်ရမည်၊ ထိုနတ်ဘုရားအတတ်ပညာများကို သင်ယူပြီး မျိုးနွယ်စုဆီသို့ ပြန်လည်ယူဆောင်သွားရမည်။

"ကျွန်မက ဟုန်လျန် ပါ၊ မစ္စကျိ ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပါဦး"

ဟုန်လျန် အခန်းထဲသို့ ဝင်လာပြီး ကျိကို မြင်သောအခါ အနည်းငယ် လန့်သွားရသည်။

ဤမိန်းကလေးမှာ တကယ်ကို သန်မာထွားကျိုင်းလှပေသည်။ သူမကို မစ္စ ဟု ခေါ်ဆိုရန်ပင် မသင့်တော်သလို ဖြစ်နေသည်၊ သူမ၏ မျက်နှာတွင် အရေးအကြောင်းများ ရှိနေပြီဖြစ်ရာ အသက် (၃၀) သို့မဟုတ် (၄၀) ခန့်ရှိပုံရ၏။ ကျိသည် ဟုန်လျန်၏ လက်ဟန်ခြေဟန်ကို နားလည်ပြီး သူမနောက်မှ လိုက်ပါသွားခဲ့သည်။

ဟုန်လျန်ကိုယ်တိုင်မှာလည်း ရှေးခေတ်မှ လာသူဖြစ်ရာ ကျိအနေဖြင့် ခေတ်သစ်လူ့အဖွဲ့အစည်းနှင့် အသားကျရန် အခက်အခဲများစွာ ရှိမည်ကို သိထားသည်။ သူမသည် ကျိအား အရာရာကို စိတ်ရှည်လက်ရှည်ဖြင့် တဖြည်းဖြည်းချင်း ခွဲခြမ်းစိတ်ဖြာ ရှင်းပြပေးခဲ့၏။ ဟုန်လျန်သည် စိတ်နေစိတ်ထား အလွန်ကောင်းမွန်ပြီး စိတ်ရှည်သူတစ်ဦး ဖြစ်သည်။ အကယ်၍ ကျိမှ တုံ့ပြန်ခြင်းမရှိလျှင် သူမသည် ကျိ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြသည့်တိုင်အောင် ထိုအကြောင်းအရာကို ထပ်ခါတလဲလဲ ပြောပြပေးနေပြီး၊ ထိုအခါမှသာ အကြောင်းအရာအသစ်သို့ ကူးပြောင်းသည်။

ညဉ့်နက်ပိုင်းတွင် ကျိသည် ကုတင်ပေါ်၌ လဲလျောင်းနေရင်း ဘေးနားရှိ ဟုန်လျန်မှာ နှစ်ခြိုက်

စွာ အိပ်ပျော်နေပြီဖြစ်ကြောင်း ကြားလိုက်ရသည်။ သူမသည် ခေတ္တမျှ စောင့်ဆိုင်းနေပြီးနောက်မှ ခပ်ဖွဖွလေး လက်လှမ်း၍ ပေါ့ပါးသော်လည်း နွေးထွေးလှသော လေလုံစောင်ကို တို့ထိကြည့်ရဲတော့သည်။ သူမသည် မျက်တောင်လေးများကို ခတ်လိုက်ပြီးနောက် တဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်တော့၏။

ဟုန်လျန်သည် သူမ၏ ဖုန်းနှိုးစက်သံကို ကြားလိုက်ရသဖြင့် စမ်းတဝါးဝါးဖြင့် ထလိုက်သည်။ ယနေ့တွင် လုပ်စရာ လမုန့်များစွာ ရှိနေသဖြင့် သူမသည် နှိုးစက်ကို နာရီဝက်ခန့် စော၍ ပေးထားခဲ့ခြင်း ဖြစ်၏။ သူမ စမ်းတဝါးဝါး လုပ်နေစဉ်မှာပင် တစ်ခုခု မှားယွင်းနေကြောင်း ဟုန်လျန် ခံစားလိုက်ရသည်။

မစ္စကျိ ဘယ်ရောက်သွားတာလဲ။ ကုတင်ပေါ်မှာ ဘာလို့ သူမတစ်ယောက်တည်း ဖြစ်နေရတာလဲ။

All Chapters