← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း ၈၇: ငါ့ရဲ့ ဂျူနီယာညီမလေး ကို ငါ ကိုယ်တိုင် နွေးထွေးပေးမယ်...

"ဒီကောင်မလေးနှစ်ယောက်ကို ဒီအတိုင်း ထားခဲ့ရတာ ငါ တကယ်ကို စိတ်မကောင်းပါဘူး..."

လျှိုရူယန်က ခါးသီးသော အပြုံးဖြင့် တီးတိုးရေရွတ်လိုက်ပြီးနောက် သူမ၏အကြည့်ကို နဝမတောင်ထိပ်ရှိ ဝူယာခြံဝင်းဆီသို့ လှည့်လိုက်ရာ သူမ၏အမူအရာမှာ ရှုပ်ထွေးနေခဲ့သည်။

ထားလိုက်ပါတော့..

တကယ်လို ရှင်က ဒီအချိန်အတွင်းမှာ သူတို့ နှစ်ယောက်ကို ဆက်ဆံခဲ့သလိုမျိုး အမြဲတမ်းဆက်ဆံနိုင်မယ်ဆိုရင် အတိတ်က ရန်ငြိုးတွေ အားလုံးကို ကျေအေးပေးလိုက်ပါ့မယ်... တကယ်လို့ ဒီဧကရီသာ အသက်ရှင်နေသေးရင် ရှင်ရဲ့ကျေးဇူးကို သေချာပေါက် ဆပ်ပါ့မယ်...

နောက်တစ်စက္ကန့်တွင်...

လျှိုရူယန်၏မျက်လုံးများတွင် ရွှေရောင် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။ သူမ၏မျက်ခုံးနှစ်ခုကြားတွင် ဝမ်းနည်းမှု သို့မဟုတ် စိတ်ဓာတ်ကျမှုများ မရှိတော့ဘဲ ပြင်းထန်သော တိုက်ခိုက်ရေး စိတ်ဆန္ဒနှင့် မောက်မာမှုတို့သာ ရှိနေပေ၏။

"ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ ငါ လက်လျှော့လို့ မရဘူး... ငါ ပိုပြီးအစွမ်းထက်လာဖို့ အရှိန်မြှင့်ရမယ်... မျှော်လင့်ချက် အစအနလေး တစ်ခုပဲ ရှိတယ်ဆိုရင်တောင် ငါက အဲ့ဒီအတွက် တိုက်ပွဲဝင်ရမယ်..."

"အခု အချိန်က မလုံလောက်တော့ဘူး... ဂိုဏ်းကနေ ငါ ရနိုင်တဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် အမြန်ဆုံး အဆင့်ချိုးဖျက်ဝင်ရောက်မှု လုပ်ဖို့က မဖြစ်နိုင်သလောက်နီးပါးပဲ... ငါ အပြင်ဘက်မှာပဲ ကြိုးစားကြည့်လို့ ရတော့မယ်..."

ဤသို့တွေးပြီးနောက် သူမ၏ မျက်လုံးများတွင် ပြတ်သားမှု အရိပ်အယောင်တစ်ခု လင်းလက်သွားလေ၏။ အသံပေးပို့သော စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံးကို ချန်ထားခဲ့ပြီးနောက် သူမက ရှေ့သို့လျှောက်လှမ်းသွားကာ ဝူယာခြံဝင်း၏ အတွင်းအပြင်ကို သေချာစွာ သန့်ရှင်းရေး လုပ်ခဲ့သည်။ ထိုလုပ်ငန်းစဉ်အတွင်း လျှိုရူယန်သည် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးတစ်ခုကို တစ်ကြိမ်မက ပြသခဲ့သည်။ ထို့နောက် သူမသည် မှောင်မိုက်သော ညအချိန်တွင် နဝမတောင်ထိပ်မှ ထွက်ခွာသွားခဲ့သည်။ ပုံရိပ်ယောင်မြင်ကွင်းက ထိုနေရာတွင် အဆုံးသတ်သွားပေ၏။

"သူ့ကို ကြည့်ရတာ... သူ့ရဲ့ အရင်ဘဝက ရန်သူတွေက သူ့ကို ရှာတွေ့သွားပုံရတယ်..."

စူးချန်ကဲက စနစ်မှ ပြသော မြင်ကွင်းမှ ထွက်လာစဉ် တီးတိုးရေရွတ်လိုက်ကာ သူ၏မျက်လုံးများတွင် တွေးတောဆင်ခြင်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

ဤသည်မှာ အဓိပ္ပာယ်မရှိပေ။

ဇာတ်လမ်း ဖွံ့ဖြိုးတိုးတက်မှု၏ ပုံမှန် လမ်းကြောင်းအရ သူတို့သည် ဤမျှထိ မြန်မြန်ဆန်ဆန် ရောက်မလာသင့်ပေ။

ထိုအရာက အလွန်ပြင်းထန်လွန်းနေမည် မဟုတ်လော...

ဒါက ငါ့ကြောင့်လား...

စူးချန်ကဲက အချိန်အတန်ကြာသည်အထိ အဖြေမရှိဘဲ စဉ်းစားပြီးနောက် ကျောက်တုံးထိုင်ခုံပေါ်တွင် တည်ငြိမ်စွာ ထိုင်နေကာ သူ၏လက်ညှိုးက သူ၏ ဒူးကို ခပ်ဖွဖွခေါက်နေသည်။ သူ၏ အရှိန်အဝါသည် အလိုအလျောက် အေးစက်တင်းမာသွားခဲ့လေ၏။

"ဟင်..."

"ငါ ဒေါသထွက်နေတာလား..."

စူးချန်ကဲ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူ၏နှလုံးသား နက်ရှိုင်းသောနေရာမှ ဒေါသလှိုင်းတစ်ခု မြင့်တက်လာသည်ကို သူ ခံစားလိုက်ရသည်။ ထိုအရာက သူ၏အရိုးများမှ မြစ်ဖျားခံလာပုံရသည်။

သို့ရာတွင် သူ တွေးကြည့်သောအခါ ထိုအရာမှာ အမှန်တကယ်ကို ပုံမှန်ပင်။ လျှိုရူယန်သည် စူးချန်ကဲနှင့် အချိန်ကြာမြင့်စွာ အတူရှိနေခဲ့သူ ဖြစ်သည်။ ယခင်က သူမအပေါ် မည်သည့် ကြင်နာမှုမျှ မပြသခဲ့သော်လည်း ထိုအရာက စူးချန်ကဲသည် သူမ အနိုင်ကျင့်ခံရသည်ကို ဤအတိုင်း ကြည့်နေနိုင်သည်ဟု မဆိုလိုချေ။

သူမသည် ဝူယာခြံဝင်းထဲသို့ လွတ်လပ်စွာ ဝင်ထွက်နိုင်ချိန်မှစ၍ စူးချန်ကဲက သူ၏နှလုံးသားထဲတွင် သူမကို အခြေခံအားဖြင့် အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်။

"တကယ်လို့ ဒုတိယကောင်မလေးက နောက်ထပ်နှစ်ရက်လောက် စောင့်ခဲ့ရင် ဒီလောက်ထိ ဒုက္ခရောက်မှာ မဟုတ်ဘူး..."

စူးချန်ကဲက တွေးတောလိုက်သည်။ ယခုအချိန်၌ သူမကို သူ နွေးထွေးပေးချင်ပါက သူ ခရီးတစ်ခေါက် သွားရပေလိမ့်မည်။ တာအို မျှဝေခြင်းကိစ္စကို သူ ရွှေ့ဆိုင်းထားသင့်သလော။

ထိုအချိန်မှာပင်...

【ဒင်... ကံကြမ္မာ ဂျူနီယာညီမလေး လျှိုရူယန်က ဟွမ်ထျန်းမြို့သို့ တစ်ယောက်တည်း ခရီးသွားခဲ့တယ်... အမွှေးတိုင်လောင်ကျွမ်းချိန် တစ်ဝက်စာ ကြာမြင့်ပြီးတဲ့နောက် လျှို့ဝှက်နယ်မြေတစ်ခုမှာ ကောင်းကင်အဆင့် ဆေးလုံး ဖြစ်သော ဟွမ်ယန်ဆေးလုံးကို ရရှိခဲ့တယ်..အဲ့ဒီနောက်မှာ သူ့ရဲ့ ထူးခြားသော အလှတရားနှင့် ထင်ရှားသော ကိုယ်ရည်ကိုယ်သွေးကြောင့် ဝမ်ချီလန်စံအိမ် ဒုတိယကောင်းကင်စံအိမ်ရဲ့ ခေါင်းဆောင်က သူ့ကို သတိထားမိသွားခဲ့တယ်... အဲ့ဒီလူက သူ့ကို အရှင်ဖမ်းဆီးပြီးတော့ ဝမ်ချီလန်စံအိမ်ကို ပြန်ခေါ်သွားဖို့ ရည်ရွယ်ထားတယ်... ဒါပေမဲ ကံကြမ္မာဇာတ်လိုက် ယဲ့ရွှမ်က ဝင်ရောက်ကူညီခဲ့ပြီးတော့ လျှိုရူယန် လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုရအောင် အချိန်ဆွဲပေးခဲ့တယ်... ဒီဖြစ်ရပ်ကနေတစ်ဆင့် သူ့ရဲ့ ဧကရီမှတ်ဉာဏ်တွေကို နိုးထလာခဲ့တဲ့ လျှိုရူယန်က ယဲ့ရွှမ်နဲ့ မိတ်ဆွေတွေ ဖြစ်သွားခဲ့တယ်...】

【နှလုံးသားကို နွေးထွေးစေတဲ့ တာဝန် ထွက်ပေါ်လာပြီ .... ဂျူနီယာညီမလေး လျှိုရူယန်ကို ယဲ့ရွှမ် မတိုင်မီ ကယ်တင်ပါ... နွေးထွေးသော စီနီယာအစ်ကိုရဲ့ ပထမဆုံး စည်းမျဉ်း.. ငါ့ရဲ့ ဂျူနီယာညီမလေးကို ငါ ကိုယ်တိုင် နွေးထွေးပေးမယ်...】

【ဆုလာဘ်... တစ်နှစ်စာ ကျင့်ကြံခြင်း...】

"..."

စူးချန်ကဲ အနည်းငယ် ကြောင်အမ်းသွားလေ၏။ စနစ်တာဝန်၏ နောက်ဆုံးစာကြောင်းကို မြင်လိုက်ရခြင်းက သူ့ကို ချက်ချင်းဆိုသလိုပင် အနေရခက်သွားစေခဲ့သည်။

သို့ရာတွင် ယခုချိန်၌ သူ အလိုအပ်ဆုံးအရာမှာ အချိန်ပင်။ သူ၏ နတ်ဘုရားမီးတောက် ထွန်းညှိထားပြီးဖြစ်ကာ သူ၏ရုပ်ခန္ဓာကိုယ်သည် နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သဖြင့် သူ လိုအပ်နေသည်မှာ နတ်ဘုရားစွမ်းအားသာ ဖြစ်သည်။ ဤဆုလာဘ်က တာအိုမျှဝေခြင်းလောက် မကောင်းသော်လည်း ထိုအရာမှာ လက်တွေ့အကျဆုံးပင်။

သို့သော်...

"အမွှေးတိုင် တစ်ဝက်စာ အချိန်... ဟွမ်ထျန်းမြို့ ..."

"အဲ့ဒါက ထိုက်ချင်နယ်မြေရဲ့ အစွန်အဖျားပဲ... အချိန်မီနိုင်ပါ့မလား..."

စူးချန်ကဲ ရုတ်တရက် ခေါင်းကိုက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ ထိုက်ချင်ဂိုဏ်း၏ အမြန်ဆုံး ပျံသန်းရေးသင်္ဘောကို မောင်းနှင်ရန် သူ အစွမ်းကုန် ကြိုးစားလျှင်ပင် အချိန်မီ ရောက်နိုင်မည် မဟုတ်ချေ။

ဝမ်ချီလန်စံအိမ် ဒုတိယကောင်းကင်စံအိမ်၏ ခေါင်းဆောင်နှင့် ပတ်သက်၍မူ သူ လုံးဝ အလေးအနက် မထားခဲ့ချေ။ ထို့ပြင် ကျောက်ဝမ်ရှန်းနှင့် သူ့အကြား၌ ကိုယ်ရေးကိုယ်တာ ရန်ငြိုးတချို့ ရှိနေပုံရသည်။ လျှို့ဝှက်နယ်မြေ တစ်ခုတွင် ထိုကောင်စုတ်သည် သူ့ကို တစ်ချိန်က လှည့်စားခဲ့ဖူးပေ၏။ လျှိုရူယန်အပေါ် ကျောက်ဝမ်ရှန်း၏တိုက်ခိုက်မှုတွင် သူနှင့် ပတ်သက်သော ကိစ္စများ ရောနှောနေနိုင်သည်။

ထို့ပြင် ဝမ်ချီလန်စံအိမ်သည် မူလကတည်းက ထိုက်ချင်ဂိုဏ်းနှင့် ဆန့်ကျင်ဘက် ဖြစ်လေ၏။ နှစ်ဖက်လုံးသည် မျက်နှာဖုံးကို လုံးဝမခွာရသေးသော်လည်း ဖုံးကွယ်ထားသော ပဋိပက္ခများက မည်သည့်အချိန်မျှ မရပ်တန့်ခဲ့ချေ။

ဤအရာကို တွေးမိသောအခါ စူးချန်ကဲက ကျိန်ဆဲခြင်းမပြုဘဲ မနေနိုင်တော့ချေ။

"သောက်စနစ်... ဒီတာဝန်က ငါ့ကို ဒုက္ခပေးဖို့ ကြိုးစားနေတာ မဟုတ်ဘူးဆိုတာ မင်း သေချာလား..."

【ဒင်... လက်ခံသူ... အရမ်းကန့်သတ်မထားပါနဲ့.. တာဝန်က သင့်ရဲ့ ဂျူနီယာညီမလေးကို ယဲ့ရွှမ် မတိုင်မီ ကယ်တင်ဖို့ပဲ တောင်းဆိုထားတာပါ...သင်ကိုယ်တိုင် လှုပ်ရှားဖို့ မလိုအပ်ပါ...】

စနစ်၏အဖြေကို ကြားသောအခါ စူးချန်ကဲ ရုတ်တရက် နားလည်သွားခဲ့သည်။

ဒါက အမှန်ပဲ... အရာအားလုံးကို ငါက ဘာလို့ ငါကိုယ်တိုင် လုပ်ရမှာလဲ...

အတိတ်က ငါ အိမ်မှာရှိနေတုန်းက လောကကြီးကို ငါ အမိန့်ပေးခဲ့ဖူးတယ်... ငါ အိမ်မှာ ရှိနေတုန်းက အခြေအနေနှင့် မယှဉ်နိုင်တောင် အခုချိန်မှာ ငါက အထီးကျန်ဝံပုလွေတစ်ကောင် မဟုတ်ဘူး...

အကယ်၍ ထိုသို့ဆိုလျှင်...

နောက်တစ်စက္ကန့်တွင် စူးချန်ကဲက သူ၏ ဆက်သွယ်ရေးကျောက်စိမ်းပြားကို ထုတ်ယူလိုက်၏။

သူ ထိုအရာကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် များပြားသော မိတ်ဆွေဖွဲ့ပါစာရင်းက မျက်နှာပြင်ပေါ်တွင် ချက်ချင်းထွက်ပေါ်လာခဲ့သည်။ "မိတ်ဆွေထည့်ပါ" အသိပေးချက်များမှာ "၉၉+" အထိ စုပုံနေလေပြီ။ ဤသတင်းကားများကို သူ လျစ်လျူရှုလိုက်ပြီး သူ၏ လက်ချောင်းထိပ်ဖြင့် ပွတ်ဆွဲကာ ဖုန်းဝူယင်နှင့် စကားပြောသည့် မျက်နှာပြင်ကို တိုက်ရိုက်ဖွင့်လိုက်သည်။

"ဥက္ကဋ္ဌဖုန်း အားလား..."

တစ်ဖက်လူက အသက်အောင့်ပြီး အာရုံစိုက်ကာ စောင့်နေသည့်အလား အသံသတင်းစကားက ချက်ချင်းနီးပါး ပြန်ဝင်လာခဲ့သည်။

"အားပါတယ်... အားပါတယ်..."

"သခင်လေးစူး... လိုအပ်တာ တစ်ခုခု ရှိလို့လား... အမိန့်ပေးနိုင်ပါတယ်..."

'ဒီအဖိုးကြီးက ငါ့ရဲ့အသံသတင်းစကားကို စောင့်နေတာလား...'

စူးချန်ကဲက အနည်းငယ် အံ့အားသင့်သွားသော်လည်း အများကြီး မစဉ်းစားဘဲ ချက်ချင်း ပြန်စာပို့လိုက်သည်။

"ကျွန်တော့်ရဲ့ ဂျူနီယာညီမလေးလျှိုရူယန်က ဟွမ်ထျန်းမြို့မှာရှိတဲ့ လျှို့ဝှက်နယ်မြေတစ်ခုမှာ ဝမ်ချီလန်စံအိမ် ဒုတိယကောင်းကင်စံအိမ်ရဲ့ ခေါင်းဆောင်နဲ့ ပွတ်တိုက်မှု နည်းနည်းရှိနေနိုင်တယ်... အခုချက်ချင်း လူတွေကို အဲ့ဒီနေရာဆီ လွှတ်ပေးပါ... တကယ်လို့ တိုက်ပွဲဖြစ်လာရင် ကျွန်တော့်ကိုယ်စား သူတို့ကို ခဏလောက် အချိန်ဆွဲပေးထားပါ... အဲ့ဒီကိစ္စအတွက် ခင်ဗျား ဘယ်လောက် အခကြေးငွေ လိုအပ်လဲဆိုတာကို ကျွန်တော့်ကို ပြောပြပါ..."

ထိုက်ချင်ဂိုဏ်း၏ အင်အားကို ချက်ချင်းမသုံးဘဲ ဖုန်းဝူယင်ကို အရင်ရှာရခြင်း၏ အကြောင်းအရင်းမှာ ရိုးရှင်းပေ၏။ ဤသည်မှာ ဟွမ်ထျန်းမြို့သည် ထိုက်ချင်ဂိုဏ်း၏ ဩဇာလွှမ်းမိုးမှု အားနည်းသော ဧရိယာတစ်ခု ဖြစ်သောကြောင့်ပင်။ ယွမ်ယန်ကုန်သည်ကြီးများအသင်းကမူ ကွဲပြားခြားနားသည်။ နယ်မြေတစ်ခုလုံးတွင် လုပ်ငန်းလည်ပတ်နိုင်သဖြင့် သူတို့ထံ၌ ထိုက်ချင်ဂိုဏ်းထက် အရင်းအမြစ်များပိုများပြီး သူတို့၏လုပ်ဆောင်နိုင်စွမ်းက ပို၍မြန်ဆန်နိုင်သည်။

သူတို့ သူမကို ကယ်တင်နိုင်ခြင်းရှိမရှိ ဆိုသည်မှာ အရေးမကြီးချေ။ သူတို့ အချိန်ဆွဲပေးရန်သာ သူ လိုအပ်သည်။

【ဝမ်ချီလန်စံအိမ်လား...】

【နားလည်ပါပြီ သခင်လေးစူး... ကျွန်တော် လူတွေကို ချက်ချင်းလွှတ်လိုက်ပါ့မယ်... အချိန်ဆွဲပေးရုံပဲမလား...】

အကြောင်းပြန်စာကို မြင်သောအခါ စူးချန်ကဲက ပြန်ဖြေလိုက်သည်။

"အင်း..."

"ကောင်းပြီ..."

ဖုန်းဝူယင်၏ အကြောင်းပြန်စာကို ရရှိပြီးနောက် စူးချန်ကဲက အရာအားလုံး အမှားအယွင်းမရှိစေရန် တွေးတောကာ လီဝမ်ရှန်း၏ စကားပြောဆိုသည့်အကွက်ကို ဖွင့်လိုက်၏။

"မင်း ရှိလား..."

"ဒီမှာ ရှိတယ်... ရှိတယ်... ရှိတယ်... ရှိတယ်... ရှိတယ်... ရှိတယ်... ရှိပါတယ်... သခင်လေးစူး... နောက်ဆုံးတော့ ကျွန်တော့်ကို ရှာပြီပေါ့... သခင်လေးစူး ထွက်သွားပြီးတဲ့နောက်မှာ အပျက်အစီနယ်မြေထဲကနေ ထွက်လာတဲ့ လူစုက ထိုက်ချင်နယ်မြေကနေ ထွက်မသွားချင်ကြတာကြောင့်ကျွန်တော်တို့က လူစုပြီး အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းလိုက်ကြတယ်... ဒါက သခင်လေးစူးအတွက် ပြဿနာတွေကို ဖြေရှင်းပေးဖို့ ရည်ရွယ်ချက်နဲ့ပါ..."

စူးချန်ကဲ အနည်းငယ် အံ့အားသင့်သွားခဲ့လေ၏။ သူ၏ခြေထောက်ကို ဖက်တွယ်ချင်သော ဤလူများ၏ ဆန္ဒက ဤမျှထိ ပြတ်သားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။ သူတို့သည် ကျင့်ကြံခြင်းလောကရှိ ဝါရင့်သူများဖြစ်ရန် အမှန်တကယ်ကို ထိုက်တန်ပေ၏။

သို့ရာတွင် ယခုအချိန်တွင် သူတို့သည် သူ့အတွက် အသုံးဝင်လာနိုင်သည်။

ဤလူများသည် ထိုက်ချင်နယ်မြေတွင် ထင်ရှားသော ပုဂ္ဂိုလ်များဖြစ်ပြီး သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များမှာ မနိမ့်ကျကာ သူတို့၏ အဆက်အသွယ်များကလည်း အလွန်ကောင်းမွန်သည်။

သတင်းစကားကို နောက်တစ်ကြိမ် ထပ်ပြောပြီးနောက်...

【ကျောက်ဝမ်ရှန်းက နဂါးသည်းခြေကို စားထားလို့လား... သခင်လေးစူးရဲ့ ဂျူနီယာညီမလေး ကို သူက ရန်စရဲတယ်ပေါ့... ကျွန်တော်တို့ အခု ဟွမ်ထျန်းမြို့မှာ တိုက်တိုက်ဆိုင်ဆိုင် ရောက်နေတယ်... သခင်လေးစူး... ကျွန်တော့်ရဲ့ သတင်းကောင်းကိုသာ စောင့်နေပါ...】

"ကောင်းပြီ..."

စူးချန်ကဲက စကားတစ်ခွန်းတည်းဖြင့် ပြန်ဖြေလိုက်ပြီး သူ၏ ဆက်သွယ်ရေးကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်၏။ လီဖိုကျွင်းနှင့်တခြားသူများလည်း ဟွမ်ထျန်းမြို့တွင် ရှိနေကြောင်း ကြားလိုက်ရသဖြင့် သူ့ကို ပို၍ပင် စိတ်သက်သာရာ ရစေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကျောက်ဝမ်ရှန်းတွင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းသာရှိသည်။

သူက တကယ်ပဲ ကောင်းကင်ကြီးကို မှောက်လှန်ပစ်နိုင်မှာလား...

သူထံ၌ ဝမ်ချီလန်စံအိမ်မှ ကျွမ်းကျင်သူများ အဖော်ပါလာလျှင်ပင် ဤမျှထိ များပြားသော လူများ၏ ဝိုင်းရံတိုက်ခိုက်မှုကို သူ ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

တစ်ချိန်တည်းမှာပင်...

ပုံရိပ်တစ်ခု ရောက်ရှိလာပြီး သူ အနီးကပ် ကြည့်လိုက်သောအခါ ထိုလူမှာ ယောင်ရှင်းယဲ့ ဖြစ်နေသည်။

"ခင်ဗျား ဘာဖြစ်လာတာလဲ... ထိုက်ချင်ဂိုဏ်း ထဲကို တစ်ယောက်ယောက်က ကျူးကျော်ဝင်ရောက်လာလို့လား..."

စူးချန်ကဲက မျက်ခုံးပင့်ပြီး သံသယဖြင့် မေးလိုက်သည်။

အခန်း ၈၈: သူတို့ အားလုံးကို သတ်ပစ်လိုက်... တစ်ယောက်မှ အရှင်မထားနဲ့...

ယောင်ရှင်းယဲ့သည် ဒဏ်ရာဒဏ်ချက်များဖြင့် ဖူးရောင်နေပြီး ပျက်စီးမှုများကို ပြုပြင်ရန် ကြိုးစားနေသော သူ၏ဒဏ်ရာများမှ ညင်သာသော စိတ်ဝိညာဉ် အလင်းတန်းတစ်ခု တစ်ခါတစ်ရံ ထွက်ပေါ်လာခဲ့သည်။ သို့ရာတွင် အလွန်ခေါင်းမာပြီး ထက်ရှသော ဓားချီတစ်ခုက ထိုအလင်းတန်းကို ချက်ချင်းပြယ်လွင့်သွားစေသဖြင့် သူ၏ ခမ်းနားသော အသွင်အပြင်ကို တခဏတာအတွင်း ပြန်လည်ကောင်းမွန်လာစေရန် ခက်ခဲစေခဲ့သည်။

"ဟား ဟား ဟား... ဆရာ... ဆရာက အရမ်း စိတ်ပူလွန်းနေပါပြီ..."

ယောင်ရှင်းယဲ့က အတင်းအကြပ် ပြုံးလိုက်ရာ သူ၏ဒဏ်ရာများကို ဆွဲငင်သွားသဖြင့် နာကျင်မှုကြောင့် သူ၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားလေ၏။

"အဲ့ဒါက နည်းနည်းဂဏာမငြိမ်ဖြစ်နေတဲ့ ဂျူနီယာညီလေးတချို့နဲ့ ချစ်ကြည်ရေး ယှဉ်ပြိုင်မှု သက်သက်ပါပဲ... ဘာမှမဟုတ်ဘူး... ဘာမှမဟုတ်ပါဘူး..."

"ရှန်းဝမ်...ငါယိုးမသား.."

"တိရစ္ဆာန်..."

"အရိုင်းအစိုင်း..."

"ကြည့်စမ်း... လီချင်းဖုန်းက အကျိုးအကြောင်းကို နားလည်နိုင်တယ်..."

"တန်းစီပါလို့ ငါ ပြောသားပဲ... တန်းစီပါ... စူးချန်ကဲဆီကို အရင်ဆုံး ချဉ်းကပ်ခဲ့တာက ရှင်းရှင်းလင်းလင်းကို ငါပဲလေ... မင်းတို့က သူ့ကို လုယူချင်သေးတာလား..."

"ငါ့ရဲ့အဆောင်လက်ဖွဲ့တွေက အထောက်အကူပဲ ပေးနိုင်တယ်လို့ မင်း တကယ်ကြီး ထင်နေတာလား..."

"ပြန်သွားပြီး ရက်နည်းနည်းလောက် လှဲနေလိုက်စမ်း..."

အမှန်တကယ်ကိုပင် အစည်းအဝေးပြီးနောက် ဓားအရူးသည် နဝမတောင်ထိပ်သို့ တည့်မတ်စွာ သွားခဲ့သည်။ ယောင်ရှင်းယဲ့က ဓားအရူးကို တားဆီးခဲ့ပြီး သူတို့ စကားပြောဆိုနေစဉ် စတင် တိုက်ခိုက်ခဲ့ကြ၏။ မူးယစ်နတ်မိမယ်ပင်လျှင် သူတို့ကို ဆွဲခွာ၍ မရနိုင်ခဲ့ချေ။

ချက်ချင်းပင် ယောင်ရှင်းယဲ့က မျက်နှာလိုမျက်နှာရ လုပ်ချင်သည့် အရိပ်အယောင်တစ်ခုကို ပြသကာ ပြောလိုက်သည်။

"ဆရာ... ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေကနေတစ်ဆင့် ဒီနေ့ကစပြီး ထိုက်ချင်ဂိုဏ်းက သူတော်စင်သားတော်ရဲ့ အမိန့်ကို အကြွင်းမဲ့နာခံမယ်လို့ ဂိုဏ်းက ဆုံးဖြတ်လိုက်တယ်... နဝမတောင်ထိပ်ရဲ့ အရင်းအမြစ်တွေ အားလုံးကိုလည်း ဆယ်ဆတိုးမြှင့်ပေးမှာဖြစ်ပြီးတော့ အသင်္ချေကောင်းကင်ဘုံနန်းတော်ကိုလည်း ဂိုဏ်းရဲ့အကျိုးဆောင်ရမှတ်တွေမလိုဘဲ အကန့်အသတ်မရှိ ဖွင့်ပေးထားမှာပါ... ဆရာ လိုချင်သလောက် ယူလို့ ရပါတယ်..."

ဤအရာကို ကြားသောအခါ စူးချန်ကဲက များစွာအံ့အားသင့်မသွားခဲ့ချေ။ ဤသည်မှာ ဂိုဏ်းတစ်ခုက သူတို့ ရှာဖွေတွေ့ရှိခဲ့သော ပါရမီရှင် တစ်ဦးကို မောင်းထုတ်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားမည့်အစား ဆက်ဆံသင့်သော ပုံစံပင်။

သို့ရာတွင် ယောင်ရှင်းယဲ့ တစ်ယောက်တည်း၌ ဤမျှ ကြီးမားသော အခွင့်အာဏာ မရှိချေ။ သူ ဤသို့ပြောရခြင်း၏ ရည်ရွယ်ချက်ကို စူးချန်ကဲက အလွန်ရှင်းလင်းစွာ သိထားသည်။

"အဲ့ဒါဆိုရင် ကြားဝင်စေ့စပ်ပေးတဲ့အတွက် ဂိုဏ်းတူဦးလေးယောင်ကို ကျေးဇူးတင်ပါတယ်..."

စူးချန်ကဲက အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် အကြောင်းအရာ ပြောင်းလိုက်သည်။

"ကျွန်တော်မှာ မေးစရာတစ်ခု ရှိတယ်... ဟွမ်ထျန်းမြို့နဲ့ ပတ်သက်ပြီး အဲ့ဒီမှာ စခန်းချထားတဲ့ ဂိုဏ်းက အစွမ်းထက်ကျင့်ကြံသူတွေ ရှိလား..."

"အို... ဆရာ... ကျွန်တော့်ကို ဂိုဏ်းတူဦးလေးလို့ ထပ်မခေါ်ပါနဲ့တော့... ဒီအဖိုးကြီးအတွက် အဲ့ဒါက များလွန်းပါတယ်... ကျွန်တော့်ကို နာမည်နဲ့ပဲ ခေါ်ပါ..."

ယောင်ရှင်းယဲ့က သူ၏ လက်များကို အကြိမ်ကြိမ် ဝှေ့ယမ်းလိုက်ရာ သူ၏ကိုယ်ဟန်အနေအထားမှာ အလွန် နှိမ့်ချနေလေ၏။ ထို့နောက် သူက စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

"ဟွမ်ထျန်းမြို့လား... အဲ့ဒါက လူနေနည်းပါးတဲ့ ထိုက်ချင်နယ်မြေရဲ့ အစွန်အဖျားက လူသူကင်းမဲ့တဲ့ မြေနေရာတစ်ခုလေ... ဂိုဏ်းက အဲ့ဒါကို သိပ်ပြီးဂရုမစိုက်တော့တာ နှစ်တွေကြာနေပြီ... အခုဆိုရင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အဆင့်ငါးမှာရှိတဲ့ အကြီးအကဲတစ်ယောက်ပဲ အဲ့ဒီမှာ အထိမ်းအမှတ်သင်္ကေတအနေနဲ့ စခန်းချထားတယ်..."

ထိုစကားကို ပြောဆိုပြီးနောက် သူက ချက်ချင်းမေးမြန်းလိုက်၏။

"ဆရာ့မှာ ညွှန်ကြားစရာ တစ်ခုခု ရှိလို့လား..."

"ဝမ်ချီလန်စံအိမ်က လူတွေ အဲ့ဒီနေရာမှာ ရှိနေတယ်... ပြီးတော့ ကျွန်တော့်ရဲ့ ဂျူနီယာညီမလေးလည်း အဲ့ဒီမှာ ရှိတယ်..."

စူးချန်ကဲက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဤစကားများကို ပြောဆိုလိုက်သည်နှင့် ယောင်ရှင်းယဲ့က သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ချက်ချင်းပြသပြီး ပြောဆိုသည်။

"ဘယ်လောက်တောင် အတင့်ရဲလိုက်လဲ... ဝမ်ချီလန်စံအိမ်က လူတွေက ဟွမ်ထျန်းမြို့မှာတောင် သောင်းကျန်းရဲတာလား..."

ဟွမ်ထျန်းမြို့၏အလွန်တွင် ဝမ်ချီလန်စံအိမ် ၏ ဩဇာလွှမ်းမိုးမှုအောက်တွင်ရှိသော ဝမ်ချီနယ်မြေ ရှိသည်။

"ဟွမ်ထျန်းမြို့ရဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ထိုက်ချင်ဂိုဏ်းရဲ့ အစွမ်းထက် ကျင့်ကြံသူတွေက အရာအားလုံးကို ဘေးဖယ်ထားခဲ့ပြီး အဲ့ဒီကို အပြေးသွားဖို့ အမိန့်တစ်ခုကို ချက်ချင်းထုတ်ပြန်လိုက်ပါ့မယ်... သူတော်စင်သားတော် ... တကယ်လို့ သူတို့က ဝမ်ချီလန်စံအိမ်က လူတွေနဲ့ ဆုံရင် ဘာလုပ်သင့်လဲ..."

ယောင်ရှင်းယဲ့က သူ၏ ခေါ်ဝေါ်မှုကို ပြောင်းလဲကာ ရိုသေလေးစားစွာ မေးလိုက်သည်။

စူးချန်ကဲက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"တစ်ယောက်မှ အရှင်မထားနဲ့..."

"ဟုတ်ကဲ့ပါ..."

ယောင်ရှင်းယဲ့သည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်း သို့မဟုတ် မေးခွန်းထုတ်ခြင်း မရှိဘဲ ချက်ချင်း လက်ပူးဆုပ်ကာ တုံ့ပြန်လိုက်သည်။ ထို့နောက် သူက တည်ကြည်လေးနက်သော အမူအရာဖြင့် ဦးညွှတ်ကာ ထွက်ခွာသွားခဲ့သည်။

စူးချန်ကဲက ယခုချိန်၌ ဝမ်ချီလန်စံအိမ်နှင့် စစ်ခင်းရန် အမိန့်ပေးလျှင်ပင် တောင်ထိပ် ကိုးခုမှ တောင်ထိပ်သခင်များက မျက်တောင်တစ်ချက်ပင် ခတ်မည်မဟုတ်ချေ။ ထိုကြောင့် ကျောက်ဝမ်ရှန်းကဲ့သို့ ခေါင်းဆောင်တပည့်တစ်ယောက်ကို ထည့်သွင်းစဥ်းစားရန် မလိုအပ်ပေ၏။

အချိန်တခဏအကြာတွင် ဂိုဏ်း၏လျှို့ဝှက် နည်းစနစ်မှတစ်ဆင့် ပို့လွှတ်လိုက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည့် အသံသတင်းစကားတစ်ခုက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်အထက်ရှိ အကြီးအကဲများအားလုံး၏ ဆက်သွယ်ရေးကျောက်စိမ်းပြားများဆီသို့ ချက်ချင်းပျံ့နှံ့သွားခဲ့သည်။

【သူတော်စင်သားတော်၏အမိန့် ...လက်ရှိတွင် ပြင်ပ၌ တာဝန်ထမ်းဆောင်နေသော ထိုက်ချင်ဂိုဏ်း၏ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်အထက်ရှိ အကြီးအကဲများအားလုံး နာခံရန်.... ဤအမိန့်ကို ရရှိသည်နှင့် တစပြိုင်နက် ဟွမ်ထျန်းမြို့သို့ အစွမ်းကုန် အမြန်နှုန်းဖြင့် ချက်ချင်းပြေးသွားပြီး ကြုံတွေ့ရသော ဝမ်ချီလန်စံအိမ်မှ မည်သူ့ကိုမဆို ဖြေရှင်းပစ်ပါ】

[သူတို့ အားလုံးကို သတ်ပစ်လိုက်... တစ်ယောက်မှ အရှင်မထားနဲ့...】

ဤအမိန့်ကို ထုတ်ပြန်လိုက်သည်နှင့် သတင်းရရှိသော အကြီးအကဲများအားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

"ဘာတွေ ဖြစ်နေတာလဲ... ငါတို့က ဝမ်ချီလန်စံအိမ်နဲ့ စစ်ခင်းတော့မလို့လား..."

"သူတော်စင်သားတော်... ဘယ်သူတော်စင်သားတော် လဲ..."

"မင်း အခုထိ မသိသေးဘူးလား... နဝမတောင်ထိပ်က တစ်ယောက်လေ... ဒီနေ့ နတ်ဘုရားချဉ်းကပ်ခြင်းစေတီကို အသက်သုံးရှိုက်စာအတွင်း ကျော်ဖြတ်ခဲ့တဲ့သူလေ..."

"ရှီး... အသက်သုံးရှိုက်စာ... အဲ့ဒါက တကယ်လား..."

"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့... ဒါက သူတော်စင်သားတော်ရဲ့ ပထမဆုံး အမိန့်ပဲ... မြန်မြန်လှုပ်ရှားကြစမ်း..."

တစ်ချိန်တည်းမှာပင် ဝူယာခြံဝင်း၌...

ဤအရာများအားလုံးကို လုပ်ဆောင်ပြီးနောက် စူးချန်ကဲသည် သူ၏သူတော်စင်အဆင့် ရွေ့လျားမှု နတ်ဘုရားစွမ်းရည်ဖြစ်သော "ခြေတစ်လှမ်းအကွာမှာပဲ ရှိနေပေမဲ့ ကောင်းကင်ရဲ့ အဆုံးသတ်အလား ဝေးကွာခြင်း"ကို စတင် ကျင့်ကြံတော့သည်။

ဤစနစ်တာဝန်က သူ၏အမြန်နှုန်း မလုံလောက်ကြောင်းကို စောစောစီးစီး သိရှိစေခဲ့သည်။

ထို့နောက် သူက နင်ဖူယောင်နှင့်ထုယိုယိုတို့ ရှိနေသော အခန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ ပုံရိပ် လှုပ်ရှားသွားမှုနှင့်အတူ သူ၏အခန်းသို့ ပြန်သွားခဲ့လေ၏။ သူ ဟွမ်ထျန်းမြို့ ၏ အခြေအနေကို စောင့်ကြည့်နေစဉ် "ခြေတစ်လှမ်းအကွာမှာပဲ ရှိနေပေမဲ့ ကောင်းကင်ရဲ့ အဆုံးသတ်အလား ဝေးကွာခြင်း" ကို ဂရုတစိုက် ကျင့်ကြံလိုက်သည်။

တစ်ချိန်တည်းမှာပင်....

ဟွမ်ထျန်းမြို့တွင် ယွမ်ယန်ကုန်သည်ကြီးများအသင်း၏ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ ဌာနချုပ်မှ အဓိကနန်းတော်အတွင်း၌....

ဖုန်းဝူယင်သည် ဆက်သွယ်ရေးကျောက်စိမ်းပြားပေါ်ရှိ စူးချန်ကဲ၏အမည်ကို ကြည့်ရင်း သူ၏လက်ချောင်းများက စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေခဲ့သည်။ သူ အနည်းငယ်မျှ မနှောင့်နှေးရဲဘဲ ချက်ချင်း ဦးညွှတ်ကာ သူ၏ရှေ့ရှိ ပင်မထိုင်ခုံပေါ်တွင် ပျင်းရိစွာ မှီနေသော အမျိုးသမီးထံသို့ ဆက်သွယ်ရေးကျောက်စိမ်းပြားကို ရိုသေလေးစားစွာ ပေးအပ်လိုက်သည်။

"သခင်မလေး... ကျေးဇူးပြုပြီး ကြည့်ပါအုံး... ဒီအစီအစဉ်ကို လက်ခံနိုင်လား..."

အမျိုးသမီးက သူမ၏ခေါင်းကို အနည်းငယ် လှည့်ကြည့်လိုက်ရာ သက်ရှိအားလုံးကို ကျွမ်းထိုးမှောက်ခုံဖြစ်လောက်အောင် ဆွဲဆောင်မှုရှိသော မျက်နှာလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူမက သူမ၏ခန္ဓာကိုယ်နှင့် ကပ်နေသော မီးတောက်အလား နီရဲသည့် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံရှည်၏အနားများက ပွင့်လန်းနေသော နှင်းဆီပန်းများအလား ဖြစ်နေကာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ဂုဏ်ယူဖွယ်ကောင်းသည့် သူမ၏ခန္ဓာကိုယ် အချိုးအစားကို ပုံဖော်ပေးထားသည်။ သူမ၏ နှင်းအလား ဖြူဖွေးပြီး ကျောက်စိမ်းကဲ့သို့ ချောမွေ့သော ခြေတံများကို ဝတ်စုံ၏ခွဲကြောင်းမှတစ်ဆင့် ဝိုးတဝါး မြင်နေရသည်။ သူမက ခြေချောင်းများက ခပ်ဖွဖွလှုပ်ခတ်နေပြီး ပေါ့ပါးသော ဆွဲဆောင်မှုတစ်ခုကို ထုတ်လွှတ်ထားလေ၏။

အထက်သို့ ကြည့်လိုက်ပါက သူမ၏ မယုံနိုင်လောက်အောင် သေးသွယ်သော ခါးလေး ရှိနေသည်။ ထိုခါးလေူ၏အထက်တွင် ပြည့်ဖြိုးပြီး ထင်ရှားသော ရင်သားအမို့အမောက်တစ်ခု ရှိနေကာ မည်သည့် အမျိုးသားကိုမဆို အသက်ရှူမှားသွားစေရန် လုံလောက်သည်။

သူမ၏ အသားအရေသည် အကောင်းဆုံး ကျောက်စိမ်းဖြူအလား နူးညံ့ချောမွတ်ပြီး ခန်းမအတွင်းရှိ တောက်ပသော ပုလဲများ၏ အလင်းရောင်အောက်တွင် လင်းလက်နေခဲ့သည်။

အဆွဲဆောင်နိုင်ဆုံးအရာမှာ သူမ၏မျက်နှာပင်။

သူမ၏အသွင်အပြင်များသည် ကောင်းကင်ဘုံ၏လက်ဖြင့် ထွင်းထုထားသည့်အလား အလွန်လှပပေ၏။ ရှည်လျားပြီး ကျဉ်းမြောင်းသော ဖီးနစ်မျက်လုံးတစ်စုံမှာ အကြည့်တစ်ချက်တိုင်းတွင် ဝါရင့် စီးပွားရေးသမားတစ်ဦး၏ ပါးနပ်မှုနှင့် ထိုးထွင်းသိမြင်မှုကို ပြသနေသလို လောကကြီးကို ငြီးငွေ့နေသော ပျင်းရိမှုနှင့်ကင်းကွာမှု အရိပ်အယောင်တစ်ခုလည်း ပါဝင်နေသည်။ သူမ၏အကြည့်တွင် လူအများ၏စိတ်ဝိညာဉ်ကို လုယူနိုင်သော မှော်ပညာတစ်ခု ပါဝင်နေပုံရသည်။

သူမသည် တခြားသူ မဟုတ်ဘဲ ယွမ်ယန် ကုန်သည်ကြီးများအသင်း၏ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေကို ထိန်းချုပ်သူဖြစ်သည့်အပြင် ယွမ်ယန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ၏ သမီးလည်းဖြစ်သော ယဲ့ရီပင်။

ဖုန်းဝူယင်သည် ယဲ့ရီ ၏အနားတွင် အချိန်အတန်ကြာ အစေခံခဲ့ဖူးကာ နောက်ပိုင်းတွင် သူမ၏နောက်မှ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေသို့ လိုက်ပါလာပြီး လျှိုယွမ်မြို့သို့ တာဝန်ချထားခံခဲ့ရသည်။

"ဝမ်ချီလန်စံအိမ်လား..."

ယဲ့ရီက ဆက်သွယ်ရေးကျောက်စိမ်းပြားပေါ်ရှိ အချက်အလက်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ဦးလေးဖုန်း... ရှင့်ကို ကျွန်မ ယုံပါတယ်... တကယ်လို့ သူက ရှင် ပြောသလောက် တကယ်ပဲ မွန်းစတားဆန်တဲ့ ပါရမီရှိတယ်ဆိုရင် သူ့ကို အချိန်ဆွဲဖို့ ကူညီပေးရုံနဲ့တင် ရိုးသားမှုက မလုံလောက်ဘူးလို့ ကျွန်မ အကြံပြုချင်တယ်... ဒီလို ပါရမီရှင်မျိုးက ကျွန်မတို့ယွမ်ယန် ကုန်သည်ကြီးများအသင်းက ရင်းနှီးမြှုပ်နှံဖို့ တန်ပါတယ်... ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ... ရှင်နဲ့အတူ ကျွန်မကိုယ်တိုင် လိုက်ခဲ့မယ်...တကယ်လို့ ဝမ်ချီလန်စံအိမ်မှာ လျှို့ဝှက်အစီအစဉ်တွေ ရှိနေရင် ဖြေရှင်းဖို့ ပိုလွယ်သွားမှာပေါ့..."

သူမ၏ အသံတွင် သဘာဝအတိုင်း ညှို့ဓာတ်တစ်ခု ပါဝင်နေပြီး နှစ်ချို့ဝိုင်အရက်ကောင်းတစ်ခွက်အလား ချိုမြိန်ပြီး ယစ်မူးစေသည်။

ဖုန်းဝူယင်က သူမကို ချက်ချင်းဆိုသလိုပင် ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။

"သခင်မလေးက တကယ့်ကို သခင်မလေး ပါပဲ... ဒီအဖိုးကြီးထက် အများကြီး ပိုပြီးဝေးဝေးကို တွေးနိုင်တယ်..."

ယဲ့ရီက ခပ်ဖျော့ဖျော့ ပြုံးလိုက်ရုံသာဖြစ်သော်လည်း သူမ၏နှလုံးသား နက်ရှိုင်းသောနေရာတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပေ၏။

ဖုန်းဝူယင် ဖော်ပြသကဲ့သို့ စူးချန်ကဲသည် အမှန်တကယ်ကို အစွမ်းထက်ရန် သူမ မျှော်လင့်ခဲနေမိသည်။ ထိုသို့ဆိုပါက သူမ အပြင်းအထန် ရှာဖွေနေခဲ့သော သက်တော်စောင့်တစ်ယောက်ကို နောက်ဆုံးတွင် သူမ ရှာတွေ့သွားပေလိမ့်မည်။

ဟွမ်ထျန်းမြို့... အက်ကွဲကြောင်းတစ်ရာ လျှို့ဝှက်နယ်မြေ...

ဝုန်း...

ကြည်လင်ပြတ်သားသော အသံတစ်ခုနှင့်အတူ ဟင်းလင်းပြင်က ဖန်ကွဲစအလား ရုတ်တရက် ပျက်စီးသွားပြီး ပင့်ကူအိမ်အလား အက်ကွဲကြောင်းများ ပျံ့နှံ့သွားခဲ့သည်။

ဟင်းလင်းပြင် အက်ကွဲကြောင်းမှ ဆယ်နှင့်ချီသော ပုံရိပ်များစွာက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့ပြီး ထိုသူတို့၏ အစွမ်းထက်သော အရှိန်အဝါများက လေနှင့် တိမ်များကို တဝုန်းဝုန်းထသွားစေခဲ့သည်။

ထိုလူများအနက် အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသော ပုံရိပ်တစ်စုက အထင်ရှားဆုံးပင်။

မှိုင်းညို့နေသော ကောင်းကင်အောက်တွင် ခပ်ဖျော့ဖျော့လင်းလက်နေပြီး ငွေရောင်ချည်မျှင်ဖြင့် ထိုးထားသော နေ၊ လနှင့် ကြယ်များ၏ နက်နဲသိမ်မွေ့သော ပုံစံများဖြင့် အလှဆင်ထားသည့် သူတို့၏ဝတ်ရုံများ လူးလွန့်နေခဲ့သည်။

ခေါင်းဆောင်သည် ချောမောသော မျက်နှာ ရှိပြီး သေးငယ်သော လျှပ်စီးမိုးကြိုးအလင်းရောင်များ ရစ်ပတ်နေသည့် ယပ်တောင် တစ်ချောင်းကို ကိုင်ဆောင်ထားကာ သူ့ကိုယ်သူ အေးအေးဆေးဆေး ယပ်ခတ်နေသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် မှေးမှိန်သော အပြုံးတစ်ခု ရှိနေပြီး သူ၏အကြည့်က ကြွက်တစ်ကောင်ကို ဆော့ကစားနေသော ကြောင်တစ်ကောင်အလား နောက်ပြောင်ချင်စိတ် အရိပ်အယောင်တစ်ခု ပါဝင်ကာ အဝေးသို့ ကျရောက်နေခဲ့သည်။

"စိတ်ဝင်စားစရာပဲ..."

ကျောက်ဝမ်ရှန်းက ရယ်မောလိုက်ရာ သူ၏ ယပ်တောင်ပေါ်ရှိ မိုးကြိုးလှိုင်းများက သူ၏နက်ရှိုင်းသော မျက်လုံးများတွင် ရောင်ပြန်ဟပ်နေခဲ့လေ၏။

"အဲ့ဒီ စူးချန်ကဲက ဒီလို နူးညံ့ပြီး ဆွဲဆောင်မှုရှိတဲ့ ဂျူနီယာညီမလေးကို ဖုံးကွယ်ထားလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး... ပြီးတော့... သူ့မှာ ဒီလောက်ထိ သတ္တိနဲ့ စွမ်းရည် ရှိလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး... ကောင်းကင်လှိုဏ်ဂူ နယ်ပယ်က ပုရွက်ဆိတ်တစ်ကောင်ရဲ့စွမ်းအားနဲ့ သူက ငါ့ရဲ့မျက်စိရှေ့မှာတင် အဲ့ဒီ အခွင့်အရေးကို လုယူသွားနိုင်ခဲ့တယ်... အဲ့ဒါက တကယ်ကို သူ့ကို ငါ သဘောမကျဘဲ နေလို့မရအောင် ဖြစ်စေတယ်..."

All Chapters