← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇) စုံစမ်းမေးမြန်းခြင်း

တုန်းယန် အင်ပါယာ၊ ရှီးလန် အင်ပါယာ နှင့် ငွေလမင်းအင်ပါယာ တို့သည် အကြောင်းပြချက် တစ်ခုခုကြောင့် အခြေအနေကို အခွင့်ကောင်းယူကာ တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိခဲ့သည်ကိုတော့ ဆိုဖွယ်ရာ မရှိ။

အကယ်၍ ၎င်းတို့တွင် ဤအကြံအစည် ရှိခဲ့လျှင်တောင်မှ ဤအချိန်၌ စွန့်လွှတ်လိုက်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။

ဤမျှလောက် ထိတ်လန့်ဖွယ်ကောင်းသော စစ်ရေးအင်အားဖြင့် အခြေအနေကို နားမလည်မီ ပေ့ချွမ်းအင်ပါယာ ၏ ခြေရာကို မည်သူက နင်းချင်မည်နည်း။

၎င်းတို့သည် စစ်သည် ၁၄၀,၀⁠၀၀ ဖြစ်ပေသည်။

စစ်သည် ၁၄၀,၀⁠၀၀၊ ထို့ပြင် ကျင့်ကြံသူ စစ်တပ် ဖြစ်ရာ ၎င်းတို့ကို လေ့ကျင့်ပေးရန် နိုင်ငံတော်၏ အင်အားနှင့် အရင်းအမြစ် မည်မျှ လိုအပ်မည်နည်း။

...

ချင်းယိုအင်ပါယာ၊ ချန်ချင်း ခန်းမဆောင်။

မြောက်ပိုင်းမှ သတင်းကို လက်ခံရရှိပြီးနောက် နန်ကုန်းအောက်ထျန်း သည် အလွန်အမင်း ဝမ်းသာသွားခဲ့လေသည်။

"အရမ်းကောင်းတယ်... စိတ်ဓာတ်တွေ တက်ကြွလာအောင် ဒီသတင်းကို ချင်းယိုအင်ပါယာ တစ်ခုလုံးကို ချက်ချင်း ဖြန့်လိုက်စမ်း..."

"ဒါနဲ့ မြောက်ပိုင်းစစ်ချီ တပ်မတော် က လျှို့ဝှက်ဆန်းကြယ်သူ ဆီကနေ သတင်းအချက်အလက်တွေ ရရှိခဲ့ပြီး ပေ့ချွမ်းအင်ပါယာ ရဲ့ ကာကွယ်ရေး မြေပုံတွေ၊ စစ်ရေးဝင်္ကပါတွေနဲ့ သူတို့ရဲ့ အဓိက စစ်သူကြီးတွေရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို ရရှိခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြရမယ်... ဒါကိုလည်း လောကကြီးတစ်ခုလုံး သိအောင် လုပ်ရမယ်..."

ဤစကားကို ကြားချိန်တွင် မှူးမတ်များသည် အနည်းငယ် နားမလည်နိုင် ဖြစ်သွားကြသော်လည်း ထို့နောက် တစ်စုံတစ်ရာကို တွေးမိသွားကြပြီး ဘာတွေဖြစ်နေသနည်းဆိုတာကို ရုတ်တရက် သဘောပေါက်သွားကြလေသည်။

"အရှင်မင်းကြီး... ကျွန်တော်တို့က ဒီလိုစကားမျိုးတွေကို ရှောင်သင့်တယ် မဟုတ်ဘူးလား... ဘာပဲဖြစ်ဖြစ် ပထမဆုံး စစ်ပွဲမှာ ကြီးကျယ်တဲ့ အောင်ပွဲဆိုတာက စိတ်အားထက်သန်စရာ အဖြစ်အပျက် တစ်ခုပါ... တကယ်လို့ ကျွန်တော်တို့က ပြင်ပအင်အားတွေကို အားကိုးခဲ့ရတယ်လို့ ပြောလိုက်မယ်ဆိုရင် ချင်းယိုအင်ပါယာ ရဲ့ စစ်ရေးစွမ်းရည်တွေက မလုံလောက်ဘူးလို့ ဆိုလိုရာရောက်ပြီး ကျွန်တော်တို့ရဲ့ အောင်ပွဲက ဂုဏ်ကျက်သရေ မရှိဘူးလို့ ဖြစ်မသွားဘူးလား..."

မှူးမတ်တစ်ဦးက လျှို့ဝှက်ဆန်းကြယ်သူ က သတင်းအချက်အလက်များ ပေးပို့နေသည်ဟူသော အချက်ကို ဖုံးကွယ်လိုသဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။

"ဟုတ်ပါတယ် အရှင်မင်းကြီး... လျှို့ဝှက်ဆန်းကြယ်သူ က သတင်းအချက်အလက်တွေ ပေးပို့တဲ့ အပိုင်းကို မပြောဘဲ နေပေးလို့ ရမလားဟင်..."

"အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ကလည်း ဒါကို မပြောသင့်ဘူးလို့ ခံစားရပါတယ်... အဲ့ဒီလိုမှ မဟုတ်ရင် ချင်းယိုအင်ပါယာ ရဲ့ စိတ်ဓာတ်ကို ထိခိုက်စေပြီး ဆုံးရှုံးမှုတွေက အကျိုးအမြတ်ထက် ပိုများသွားပါလိမ့်မယ်..."

"အရှင်မင်းကြီး..."

နန်းတွင်း မှူးမတ် အများစု ဝင်ရောက်ပြောဆိုလာကြသည်ကို မြင်တွေ့ရချိန်၌ နန်ကုန်းအောက်ထျန်း ၏ မျက်နှာမှာ မည်းမှောင်သွားလေသည်။

"တော်လောက်ပြီ... ဒီကိစ္စနဲ့ပတ်သက်ပြီး ငါကိုယ်တော် ဆုံးဖြတ်ချက်ချမယ်... မင်းတို့ ဘာမှ ထပ်ပြောနေစရာ မလိုဘူး... ငါကိုယ်တော် ပြောတဲ့အတိုင်းသာ လုပ်စမ်းပါ..."

၎င်းမှာ အမှန်တရားပင် ဖြစ်သည်။ ၎င်းကို မည်မျှကြာအောင် ဖုံးကွယ်ထားနိုင်မည်နည်း။

ထို့ပြင် လျှို့ဝှက်ဆန်းကြယ်သူ နှင့် ပတ်သက်သော သတင်းအချက်အလက်များကိုသာ ဖုံးကွယ်ထားမည်ဆိုပါက ၎င်းသည် ချဲ့ကားပြောဆိုခြင်း တစ်ခုဖြစ်ပြီး ထင်ရှားကျော်ကြားသော ကျန်းပေ့မင်းသား နန်ကုန်းအောက်ချန် ကို အထင်သေးရာ မရောက်ဘူးလော။

အကယ်၍ ဤသို့ဖြစ်လာပါက လူတွေက နန်ကုန်းအောက်ချန် ကို အထင်သေးကြမည် သို့မဟုတ် သူ့ကို လှောင်ပြောင်ပြီး သရော်ကြမည်ဆိုလျှင် ဘယ်လိုလုပ်မည်နည်း။

စစ်ပွဲနတ်ဘုရား သူရဲကောင်းသည် ဟာသတစ်ခု ဖြစ်လာတော့မည်လော။

သူ၏ ညီငယ် နန်ကုန်းအောက်ချန် သည် ကွယ်လွန်သွားပြီ ဖြစ်သော်လည်း ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်ပွားခွင့်ကို သူ ခွင့်ပြုမည် မဟုတ်။

နန်ကုန်းအောက်ထျန်း မှာ မကျေမနပ်ဖြစ်နေပုံရပြီး ဒေါသထွက်နေသည့် အရိပ်အယောင်များ ပြသနေသည်ကို မြင်တွေ့ရချိန်၌ မှူးမတ်များသည် သူ့ကို ဆက်လက် ဖျောင်းဖျရန် မကြိုးစားကြတော့ချေ။

"အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်းပါပဲ..."

မည်သူကမျှ ကန့်ကွက်ခြင်း မရှိသည်ကို မြင်တွေ့ရချိန်၌ နန်ကုန်းအောက်ထျန်း က အနည်းငယ် ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ... ညီလာခံကို ရပ်နားလိုက်ကြတာပေါ့..."

"အရှင်မင်းကြီး..."

...

မြောက်ပိုင်းရှိ မြောက်ပိုင်းစစ်ချီ စစ်တပ် ၏ ဗဟို ကွပ်ကဲရေး တဲအိမ်အတွင်း၌။

မင်ထျန်အန်း နှင့် အခြားသူများ အားလုံးသည် ဝမ်းသာနေကြလေသည်။ တိုက်ပွဲမှာ နှစ်ရက်သာ ကြာမြင့်ခဲ့သော်လည်း ၎င်းတို့၏ စိတ်တိုင်းကျ တိုက်ခိုက်ခွင့်ရခဲ့ပြီး ၎င်းတို့၏ စိတ်ပျက်မှုများကို ဖွင့်ထုတ်နိုင်ခဲ့ပေသည်။

"စစ်သေနာပတိ... ပေ့ချွမ်းအင်ပါယာ ရဲ့ အကြွင်းအကျန်တွေက အခု ဆုတ်ခွာနေကြပြီဖြစ်ပြီး သူတို့ရဲ့ ကာကွယ်ရေးတွေက လုံးဝ မရှိသလောက်ပါပဲ... အတားအဆီးမရှိ ရှေ့ဆက်ချီတက်ဖို့နဲ့ နယ်မြေတွေကို သိမ်းပိုက်ဖို့ အမိန့်ပေးပါလို့ ကျွန်တော်တို့ တောင်းဆိုပါတယ်..."

"မြောက်ပိုင်းစစ်ချီ ကို ဆက်လက်လုပ်ဆောင်ဖို့နဲ့ ပေ့ချွမ်းအင်ပါယာ ကို လုံးဝ အပြတ်အသတ် ချေမှုန်းဖို့ အမိန့်ပေးပါလို့ စစ်သေနာပတိ ကို ကျွန်တော်တို့ တောင်းဆိုပါတယ်..."

"ကျေးဇူးပြုပြီး အမိန့်ပေးပါ စစ်သေနာပတိ..."

"..."

"စစ်သေနာပတိ... ဒါက ရှားပါးတဲ့ အခွင့်အရေးပါ... ကျေးဇူးပြုပြီး အမြန် ဆုံးဖြတ်ချက်ချပါ... ပေ့ချွမ်း ကို မြောက်ပိုင်းစစ်ချီ ဆင်နွှဲကြပါစို့..."

စစ်သူကြီးများ အားလုံး စိတ်ဓာတ်တက်ကြွနေကြသည်ကို မြင်တွေ့ရချိန်၌ မင်ထျန်အန်း သည် ခဏတာ တွေးတောလိုက်ပြီးနောက် ပြောဆိုလိုက်လေသည်။

"စစ်တပ် တစ်ခုလုံးက ဖြည်းဖြည်းချင်း ချီတက်ရမယ်... လမ်းတစ်လျှောက်မှာ ပေ့ချွမ်းအင်ပါယာ ရဲ့ လက်အောက်ခံတွေ အားလုံးကို နှင်ထုတ်ပစ်... ခုခံရဲတဲ့သူ ဒါမှမဟုတ် ခုခံဖို့ ရည်ရွယ်ထားတဲ့သူ ဘယ်သူ့ကိုမဆို ချွင်းချက်မရှိ သတ်ပစ်ရမယ်..."

"အမိန့်နာခံပါ့မယ်..."

အမိန့်ကို ကြားချိန်တွင် စစ်သည်များသည် စိတ်လှုပ်ရှားစွာဖြင့် လက်ခံလိုက်ကြပြီး ထွက်ခွာသွားကြလေသည်။

ဤသည်ကို မြင်လိုက်ရချိန်၌ မင်ထျန်အန်း နှင့် ယန်ကျုံ တို့သည် အချင်းချင်း ဖလှယ်ကြည့်လိုက်ကြရာ ၎င်းတို့ နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ရှိနေပေသည်။

"ယန်ကျုံ... ဒီတိုက်ပွဲကနေ ရလာတဲ့ ကျင့်ကြံခြင်း အရင်းအမြစ် တွေရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ ဝိညာဉ်ကျောက်တုံး ၃၀⁠၀,၀⁠၀၀ ကို ချက်ချင်း ယူသွားပြီး ကျန်းပေ့တပ် ကို သွားရှာလိုက်... နန်ကုန်းဝမ်ရှင်း ကို ကိစ္စတစ်ခုလောက် မေးကြည့်ချင်လို့..."

"စစ်သေနာပတိ... ဘာမေးချင်လို့လဲ..."

ယန်ကျုံ သည် ဘာတွေဖြစ်နေသနည်းဆိုတာကို ဝေဝါးဝါး သိရှိထားသော်လည်း သူက မေးမြန်းလိုက်ဆဲပင်။

"ချုံခိုတိုက်ခိုက်မှုတွေ ရှိနေလား... စစ်တပ်က ဘယ်လောက်အထိ ထိုးဖောက်ဝင်ရောက်သင့်သလဲ... ပေ့ချွမ်းအင်ပါယာ ရဲ့ စစ်ကူတွေ ရောက်လာနေပြီလား..."

ဤစကားကို ကြားချိန်တွင် ယန်ကျုံ သည် နားလည်သဘောပေါက်သွားသည်။

"ဒီလက်အောက်ငယ်သား က ဘိုးဘေး ကျောက် ကို ခေါ်ပြီး အဲ့ဒီကို ချက်ချင်း သွားလိုက်ပါ့မယ်..."

"အမြန်သွားပြီး အမြန်ပြန်လာခဲ့..."

"ဒီလက်အောက်ငယ်သားက နာခံပါ့မယ်..."

ယန်ကျုံ ထွက်သွားသည်ကို ကြည့်နေရင်း မင်ထျန်အန်း သည် မြောက်ဘက်သို့ လှမ်းကြည့်ကာ ပြောဆိုလိုက်လေသည်။

"ဒီ ကြီးကျယ်တဲ့ အောင်ပွဲက အရမ်းကို လွယ်လွယ်ကူကူ ရလာခဲ့တာ... ငါ အဲ့ဒါနဲ့ ပတ်သက်ပြီး နည်းနည်း စိုးရိမ်နေမိတယ်..."

...

ပေ့ချွမ်းအင်ပါယာ၊ တောင်ပိုင်းနယ်စပ် ၏ အသည်းနှလုံးထဲတွင်။

ကျန်းပေ့တပ် သည် ပြန်လည်စုဖွဲ့ရန်နှင့် အနားယူရန် တောင်ကြားတစ်ခုတွင် ရပ်နားလိုက်လေသည်။

"အဲ့ဒီတုန်းက မင်းသား လုပ်ကြံခံရမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ တစ်ခုတည်းသော လူတွေက အကြံအစည်မှာ ပါဝင်ခဲ့တဲ့ ပေ့ချွမ်းအင်ပါယာ ရဲ့ နန်းတွင်းထဲက လူနည်းစုပဲလေ..."

နန်ကုန်းလင်ယွင် သည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။

"လောစရာ မလိုပါဘူး... နောက်ဆုံးတော့ သူတို့ အသက်နဲ့ ပေးဆပ်ရမှာပါပဲ..."

နန်ကုန်းဝမ်ရှင်း က အနည်းငယ် ခေါင်းညိတ်လိုက်ရာ သူ၏ မျက်လုံးများမှာ သွေးကြောများ ယှက်သန်းနေပြီး သတ်ဖြတ်လိုခြင်း အငွေ့အသက် အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်နေလေသည်။

ထို့နောက် သူသည် မလှမ်းမကမ်းရှိ ဝတ်ရုံနက်ဝတ်လူသား ကို ကြည့်လိုက်သည်။

"နတ်ဘုရားတမန်တော်... ကျွန်တော်တို့ ဆက်သွားလို့ ရမလား..."

ဝတ်ရုံနက်ဝတ်လူသား က အနည်းငယ် ခေါင်းခါလိုက်သည်။

"ပေ့ချွမ်းအင်ပါယာ ရဲ့ စစ်ကူတွေ လာနေကြပြီ... ဆုတ်ခွာကြတာပေါ့... ဒါမှမဟုတ် ငါတို့ လမ်းကြောင်းပြောင်းပြီး ပြန်သွားကာ နောက်တစ်ကြိမ် လုယက်ကြတာပေါ့..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းဝမ်ရှင်း သည် မြေပုံတစ်ခုကို ထုတ်ယူကာ အပြန်လမ်းကြောင်းကို အလျင်အမြန် စီစဉ်လိုက်လေသည်။

"နေ့ဝက်လောက် အနားယူပြီးရင် ပြန်လည်ချီတက်မယ်..."

"ကောင်းပါပြီ..."

နန်ကုန်းလင်ယွင် နှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြရာ ၎င်းတို့၏ မျက်လုံးများထဲတွင် ကြက်သီးမွေးညင်းထဖွယ် သတ်ဖြတ်လိုခြင်း အငွေ့အသက်များ ပြည့်နှက်နေပေသည်။ ၎င်းတို့သည် ဒေါသကြောင့် မျက်ကန်းဖြစ်နေကြကြောင်း ရှင်းလင်းနေပေသည်။

ထိုအခိုက်အတန့်၌ နန်ကုန်းဝမ်ရှင်း သည် ယန်ကျုံ ထံမှ သတင်းစကား တစ်ခုကို လက်ခံရရှိခဲ့ပြီး ဝတ်ရုံနက်ဝတ်လူသား ကို မော့ကြည့်မိသွားလေသည်။

"နတ်ဘုရားတမန်တော်... စစ်သူကြီး ယန်ကျုံ က မေးစရာ မေးခွန်းတစ်ခု ရှိလို့ပါတဲ့..."

ဝတ်ရုံနက်ဝတ်လူသား သည် ခေါင်းကို အနည်းငယ် မော့လိုက်သည်။

"ဘာလဲ..."

တုံ့ဆိုင်းခြင်း မရှိဘဲ နန်ကုန်းဝမ်ရှင်း သည် ယန်ကျုံ ၏ မေးခွန်းများကို တိုက်ရိုက် မေးမြန်းလိုက်လေသည်။

"ပေ့ချွမ်းအင်ပါယာ ရဲ့ တောင်ပိုင်းနယ်စပ်မှာ ချုံခိုတိုက်ခိုက်မှုတွေ ရှိနေလား... ချင်းယိုအင်ပါယာ ရဲ့ စစ်တပ်က ဘယ်လောက်အထိ ထိုးဖောက်ဝင်ရောက်သင့်သလဲ... ပေ့ချွမ်းအင်ပါယာ ရဲ့ စစ်ကူတွေ ရောက်လာနေပြီလား..."

ဤစကားကို ကြားချိန်တွင် ဝတ်ရုံနက်ဝတ်လူသား သည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ရာ နက်နက်ရှိုင်းရှိုင်း တွေးတောနေပုံရပေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူ၏ အေးစက်သော အသံသည် နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့လေသည်။

"သတင်းအချက်အလက်အတွက် ဘယ်လောက်လဲ..."

နန်ကုန်းဝမ်ရှင်း က အလျင်အမြန် အစီရင်ခံလိုက်သည်။

"မနေ့က သူတို့ ကြီးကျယ်တဲ့ တိုက်ပွဲမှာ ရရှိခဲ့တဲ့ ကျင့်ကြံခြင်း အရင်းအမြစ် တွေရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ ဝိညာဉ်ကျောက်တုံး ၃၀⁠၀,၀⁠၀၀ ပါတဲ့..."

ဤစကားကို ကြားချိန်တွင် ဝတ်ရုံနက်ဝတ်လူသား က ခေါင်းခါလိုက်သည်။

"ဝေစုက နည်းနည်းတော့ နည်းနေတယ်... ဒါပေမဲ့ သတင်းအချက်အလက်တွေက ရဖို့ သိပ်မခက်ပါဘူး... ဝိညာဉ်ကျောက်တုံး ၃၀⁠၀,၀⁠၀၀ ဆိုတာက ကာမိရုံလောက်လေးပဲ ရှိတာ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းဝမ်ရှင်း သည် အနည်းငယ် ဝမ်းသာသွားလေသည်။

"ဒါဆို... သူ့ကို လာခိုင်းလိုက်လို့ ရမလား..."

သို့သော် ဝတ်ရုံနက်ဝတ်လူသား က ခေါင်းခါလိုက်သည်။

"မလိုပါဘူး... သူ့ရဲ့ တည်နေရာကိုပဲ ပေးခိုင်းလိုက်ပါ... ငါက ဆုကြေးငွေ လာယူဖို့နဲ့ သတင်းအချက်အလက်တွေ ပေးဖို့ လူတစ်ယောက်ကို လွှတ်လိုက်မယ်..."

နန်ကုန်းဝမ်ရှင်း သည် အနည်းငယ် အံ့အားသင့်သွားပေသည်။ကောင်းကင်နတ်ဘုရားကောင်းကင်နတ်ဘုရား တမန်တော် က အခြားလူများအကြောင်း ပြောဆိုသည်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပေသည်။

"ကောင်းပါပြီ..."

သို့သော် သူ အများကြီး မတွေးတောတော့ဘဲ တောင်းဆိုချက်ကို အလျင်အမြန် သဘောတူလိုက်လေသည်။

မကြာမီမှာပင် ယန်ကျုံ က တည်နေရာတစ်ခုကို သတင်းပို့လိုက်ပြီး ကောင်းကင်နတ်ဘုရား တမန်တော် သည် အနည်းငယ် ခေါင်းညိတ်လိုက်ကာ ပျောက်ကွယ်သွားလေတော့သည်။

...

ချင်းယိုအင်ပါယာ၊ မြောက်ပိုင်းနယ်စပ်။

ကျန်းရှန်းတောင်ကြားစခန်း ၏ အပြင်ဘက်တွင် ယန်ကျုံ သည် မင်ထျန်အန်း ၏ စစ်တပ်ကို အလျင်အမြန် ရှာတွေ့ခဲ့လေသည်။

"ရလဒ်က ဘယ်လိုနေလဲ..."

သူ ဤမျှ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာသည်ကို မြင်တွေ့ရချိန်၌ မင်ထျန်အန်း သည် အနည်းငယ် အံ့အားသင့်သွားပြီး အလျင်အမြန် မေးမြန်းလိုက်သည်။

ယန်ကျုံ က အနည်းငယ် ခေါင်းညိတ်ကာ ပြောဆိုလိုက်သည်။

"လျှို့ဝှက်ဆန်းကြယ်သူ က ဆုကြေးငွေ လာယူဖို့နဲ့ သတင်းအချက်အလက်တွေ ပေးဖို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ပါတယ်..."

"သူပြောတာက ပေ့ချွမ်းအင်ပါယာ ရဲ့ တောင်ပိုင်းနယ်စပ် တပ်ဖွဲ့တွေဟာ စိတ်ဓာတ်ကျနေပြီး ချုံခိုတိုက်ခိုက်မှုတွေ မရှိဘူးတဲ့... ဒါပေမဲ့ ပေ့ချွမ်းအင်ပါယာ က အလျင်အမြန် တုံ့ပြန်ခဲ့ပြီး စစ်ကူတွေကို နေရာအနှံ့အပြားကနေ စုဆောင်းထားတယ်တဲ့... သူတို့က လုံရှင်း တောင်ကြားစခန်း ကို နှစ်ရက်အတွင်း ရောက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်... လုံရှင်း တောင်ကြားစခန်း က ကာကွယ်ရ လွယ်ကူပြီး တိုက်ခိုက်ရ ခက်ခဲပါတယ်... သူတို့က အဲ့ဒီမှာ ငါတို့ကို ပိတ်ဆို့ပြီး ချင်းယို ဆီ ပြန်ဆုတ်ခွာသွားအောင် လုပ်ဖို့ စီစဉ်ထားတယ်တဲ့..."

"တကယ်လို့ ငါတို့က ပေ့ချွမ်းအင်ပါယာ ရဲ့ တောင်ပိုင်းနယ်မြေကို သိမ်းပိုက်ချင်တယ်ဆိုရင် လုံရှင်း တောင်ကြားစခန်း ကို အရင်သိမ်းပိုက်ပြီး လုံရှင်း တောင်ကြားစခန်း ရဲ့ တောင်ဘက် နယ်မြေကို လုံခြုံအောင် လုပ်သင့်တယ်လို့ လျှို့ဝှက်ဆန်းကြယ်သူ က အကြံပြုထားပါတယ်..."

"လုံရှင်း တောင်ကြားစခန်း လား..."

မင်ထျန်အန်း သည် မြေပုံတစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်ပြီး လုံရှင်း တောင်ကြားစခန်း ၏ တည်နေရာကို မကြာမီ ရှာတွေ့သွားလေတော့သည်။

အခန်း (၅၈) အမှတ်များ လျင်မြန်စွာ တိုးပွားလာခြင်း

"ကျန်းရှန်းတောင်ကြားစခန်း ကနေ လုံရှင်း တောင်ကြားစခန်း အထိ မိုင် ၃၀၀,၀၀၀ ဝေးတယ်ဆိုတော့... တကယ်ကို နေရာကောင်း တစ်ခုပါပဲ..."

မြေပုံကို ကြည့်ရင်း မင်ထျန်အန်း သည် အနည်းငယ် ခေါင်းညိတ်မိသွားလေသည်။ လုံရှင်း တောင်ကြားစခန်း သည် ပေ့ချွမ်းအင်ပါယာ ၏ တောင်ပိုင်းနယ်စပ်ကို နှစ်ပိုင်း ခွဲခြားထား‌ ပေးသည်။လုံရှင်း တောင်ကြားစခန်း နှင့် ကျန်းရှန်းတောင်ကြားစခန်း ကြားရှိ နယ်မြေသည် ပေ့ချွမ်းအင်ပါယာ ၏ တောင်ပိုင်းနယ်စပ် တစ်ခုလုံး၏ သုံးပုံတစ်ပုံကျော်ခန့်သာ ရှိသော်လည်း ၎င်းတို့အနေဖြင့် ဤနယ်မြေကို သိမ်းပိုက်နိုင်မည်ဆိုပါက ကောင်းမွန်ပေလိမ့်မည်။

ဤအချက်ကို သဘောပေါက်သွားချိန်၌ မင်ထျန်အန်း က ချက်ချင်း အမိန့်ပေးလိုက်သည်။

"ယန်ကျုံ၊ တွမ့်ထျန်းကျောက် နဲ့ မင်ကျင်းထင် တို့ ဘယ်မှာလဲ..."

"ဒီလက်အောက်ငယ်သား ရှိပါတယ်..."

"ယန်ကျုံ ကို ကွပ်ကဲရေးမှူးချုပ် အဖြစ်နဲ့ တွမ့်ထျန်းကျောက် နဲ့ မင်ကျင်းထင် တို့ကို ဒုတိယ ကွပ်ကဲရေးမှူးတွေ အဖြစ် ငါ ခန့်အပ်လိုက်တယ်... သူတို့က စစ်သည် ၁၀၀,၀၀၀ နဲ့ ရွှမ်ရှား တပ်မ ကို ဦးဆောင်ပြီး စစ်သင်္ဘောတွေနဲ့ လုံရှင်း တောင်ကြားစခန်း ဆီ ချက်ချင်း သွားရမယ်... လုံရှင်း တောင်ကြားစခန်း ကို သိမ်းပိုက်ပြီး ဘာပဲဖြစ်ဖြစ် အဲ့ဒီနေရာကို ကာကွယ်ထားရမယ်..."

"အမိန့်နာခံပါ့မယ်..."

ယန်ကျုံ နှင့် သူ၏ အဖော်နှစ်ဦးတို့က အမိန့်ကို လက်ခံလိုက်ပြီးနောက် လှည့်ထွက်သွားကြလေသည်။

"နန်ကုန်းဝမ်ရှား၊ ရှင်းယို နဲ့ ဝူလုံ တို့ ဘယ်မှာလဲ..."

"ဒီလက်အောက်ငယ်သား ရှိပါတယ်..."

"မင်းတို့ တစ်ယောက်စီကို စစ်တပ်တစ်တပ်စီ ဦးဆောင်ပြီး ကျန်းရှန်းတောင်ကြားစခန်း ကနေ စတင်ကာ မြောက်ဘက်ကို ချီတက်ပြီး နယ်မြေတစ်ခုလုံးကို ရှင်းလင်းဖို့ ငါ အမိန့်ပေးလိုက်တယ်... ပေ့ချွမ်းအင်ပါယာ ရဲ့ အကြွင်းအကျန်တွေနဲ့ မြို့တစ်မြို့စီမှာရှိတဲ့ အစောင့်တပ်တွေကို အမြန်ဆုံး သုတ်သင်ရှင်းလင်းပစ်ရမယ်... တကယ်လို့ အတားအဆီး တစ်ခုခုနဲ့ ကြုံတွေ့ရရင် သနားညှာတာမှုမရှိဘဲ သတ်ပစ်လိုက်..."

"အမိန့်နာခံပါ့မယ်..."

စစ်သူကြီးများက အမိန့်ကို လက်ခံလိုက်ပြီး လှည့်ထွက်သွားကြလေသည်။

မင်ထျန်အန်း သည် လူအုပ်ကြီး ထွက်သွားသည်ကို ကြည့်နေပြီးနောက် သူ၏ အနောက်ရှိ အဝါရောင် ဝတ်ရုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားကို လှည့်ကြည့်လိုက်သည်။

"အရှင်မင်းသား... အရှင်မင်းသား ရဲ့ ကိုယ်ရံတော် တချို့ကို ဘိုးဘေး ကျောက် နဲ့အတူ လုံရှင်း တောင်ကြားစခန်း ဆီ လိုက်ပါသွားဖို့ တာဝန်ပေးလို့ ရနိုင်မလား... ပင်မ စစ်တပ်ကို အကာအကွယ်ပေးပြီး တောင်ကြားစခန်း ကို စောင့်ကြပ်ဖို့ပါ..."

"ရပါတယ်..."

တွမ် မင်းသား က ခေါင်းညိတ်လိုက်သည်။

"တကယ်လို့ တခြား လိုအပ်တာ ရှိရင်လည်း ပြောပါ..."

မင်ထျန်အန်း က အနည်းငယ် ပြုံးလိုက်သည်။

"အမိန့်ပေးဖို့တော့ မဝံ့ရဲပါဘူး... ဒါပေမဲ့ ပေ့ချွမ်းအင်ပါယာ ရဲ့ တောင်ပိုင်းနယ်စပ်မှာ ကျင့်ကြံသူ တော်တော်များများ ရှိပါတယ်... ဂိုဏ်းအဖွဲ့အစည်း တွေက စစ်သူကြီး နန်ကုန်းဝမ်ရှား နဲ့ တခြားသူတွေရဲ့ ဒီခရီးစဉ်မှာ လိုက်ပါဖို့ နောက်ထပ် ကိုယ်ရံတော် အနည်းငယ် လိုအပ်ပါလိမ့်မယ်..."

"ဒါ့အပြင် အရှင်မင်းသား အနေနဲ့ ချင်းယို ရဲ့ မြောက်ပိုင်းနယ်စပ်ကနေ ကျင့်ကြံသူ တွေကို စုဆောင်းပြီး ယာယီ တိုက်ခိုက်ရေး တပ်ဖွဲ့တစ်ခု ဖွဲ့စည်းပေးဖို့ တောင်းဆိုပါတယ်... ပေ့ချွမ်းအင်ပါယာ ရဲ့ တောင်ပိုင်းနယ်စပ်ကို ရှင်းလင်းရာမှာ ပင်မ စစ်တပ်နဲ့ ပူးပေါင်းဖို့နဲ့ လုံရှင်း တောင်ကြားစခန်း ရဲ့ အနောက်ဘက် တည်ငြိမ်မှုကို သေချာစေဖို့ပါ..."

"ရပါတယ်..."

တွမ် မင်းသား က ခေါင်းညိတ်လိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။

"အရှင်မင်းသား ကို ကျေးဇူးတင်ပါတယ်..."

...

နံနက်စောစောအချိန်ဖြစ်ပြီး မနက် ၇ နာရီမှ ၉ နာရီကြား အချိန်ခန့်သာ ရှိသေးပေသည်။

နန်ကုန်းယွီ သည် ချင်းလင် နှင့်အတူ စာဖတ်ရန် သင်ယူဖို့ ကြိုးစားနေသည်။ တိတိကျကျ ပြောရလျှင် အဓိပ္ပာယ်မရှိသောအရာ တစ်ခုကို ချင်းလင် လုပ်ဆောင်နေသည်ကို သူ ကြည့်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုအခိုက်အတန့်၌ သူ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားလေသည်။

မှောင်ရိပ်ထဲတွင် ရှိနေသော ရှဲဒိုးချမ်း သည် သူမ၏ လက်ကို ချက်ချင်း အနည်းငယ် ဝှေ့ယမ်းလိုက်ရာ ပုံရိပ်ယောင်တစ်ခု ကျဆင်းလာပြီး အခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပေသည်။

ပုံရိပ်ယောင်၏ အထဲမှာဖြစ်စေ၊ အပြင်မှာဖြစ်စေ နန်ကုန်းယွီ တစ်ဦးတည်းသာ အကျိုးသက်ရောက်မှု မရှိဘဲ ကျန်ရှိနေခဲ့လေသည်။

ထိုအခိုက်အတန့်၌ အလင်းနှင့် အရိပ် ပုံရိပ်တစ်ခုသည် နန်ကုန်းယွီ ၏ အရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အခြားသူမဟုတ်ဘဲ နတ်ဘုရားအရိပ်တမန်တော် များထဲမှ တိရှား ခေါင်းဆောင် ပင် ဖြစ်ပေသည်။

တိရှား ခေါင်းဆောင် သည် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး နန်ကုန်းယွီ ကို လေးစားစွာ နှုတ်ဆက်လိုက်သည်။

"တိရှား ခေါင်းဆောင် က သခင် ကို ဂါရဝပြုပါတယ်... သခင် ကျန်းမာပါစေ..."

"ထပါ... အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိလို့လား..."

နန်ကုန်းယွီ က အနည်းငယ် ခေါင်းညိတ်ကာ မေးမြန်းလိုက်သည်။

တိရှား ခေါင်းဆောင် က ခေါင်းညိတ်လိုက်ပြီး သိုလှောင်လက်စွပ် ၁၀၆ ကွင်းကို ထုတ်ယူကာ ပြောဆိုလိုက်သည်။

"သခင်... ဒါတွေက ထျန်းကန်း ခေါင်းဆောင် နဲ့ သူ့ရဲ့ လက်အောက်ငယ်သားတွေရဲ့ သိုလှောင်လက်စွပ် တွေပါ... တိုက်ပွဲအတွင်း ပေ့ချွမ်း စစ်တပ်ရဲ့ ရိက္ခာ သိုလှောင်ရုံ ထဲ ဝင်ရောက်တုန်းက နတ်ဘုရားအရိပ် တပ်စု က ကောက်ယူခဲ့တဲ့ သိုလှောင်လက်စွပ် တချို့လည်း ပါပါတယ်... သခင်... ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါဦး..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီ ၏ မျက်လုံးများ တောက်ပသွားပြီး သိုလှောင်လက်စွပ် များကို လက်ခံရယူရန် လက်ကို ဝှေ့ယမ်းလိုက်လေသည်။

ထို့နောက် သူက တိရှား ခေါင်းဆောင် ကို ကြည့်ကာ ပြောဆိုလိုက်သည်။

"မင်း ဒီမှာ ခဏလောက် စောင့်နေဦး... ဘာတွေဖြစ်မလဲဆိုတာ ငါ ကြည့်လိုက်ဦးမယ်..."

"အမိန့်နာခံပါ့မယ်..."

တိရှား ခေါင်းဆောင် က တုံ့ပြန်လိုက်ပြီး ဖြည်းညင်းစွာ ပျောက်ကွယ်သွားသော်လည်း သူ ထိုနေရာတွင် ရှိနေဆဲဖြစ်ကြောင်း နန်ကုန်းယွီ ခံစားသိရှိနိုင်ပေသည်။

နန်ကုန်းယွီ က သိပ်ပြီး ဂရုမစိုက်ခဲ့ချေ။

အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း ထဲသို့ ထည့်သွင်း၍မရသော သိုလှောင်လက်စွပ် နှစ်ဆယ်ကျော်ကို သူ၏ ရင်ခွင်ထဲတွင် တစ်ချက်ကြည့်လိုက်ပြီး သူ၏ အသိစိတ်ဖြင့် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားလေသည်။

သူသည် ကျောက်စိမ်းဖြူစင် ပေါ်ရှိ သိုလှောင်လက်စွပ် တန်းစီနေသည်ကို ကြည့်ကာ အနည်းငယ် ပြုံးမိသွားပေသည်။

"ကျောက်စိမ်းဖြူစင် ၈၁ ခုပဲ ရှိတာ... သိုလှောင်လက်စွပ် တွေက ဒီဟာကွက်ကို အခွင့်ကောင်းယူနိုင်တယ်... အနာဂတ်မှာ အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း ထဲကို ပစ္စည်းတွေ ထည့်ဖို့ လိုလာရင် သိုလှောင်လက်စွပ် တွေကို ပိုသုံးဖို့ လိုလိမ့်မယ်..."

သူ စကားပြောဆိုနေစဉ် လက်ကို ဝှေ့ယမ်းကာ သိုလှောင်လက်စွပ် တစ်ကွင်းကို ကောက်ယူပြီး စစ်ဆေးကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ လင်းလက်သွားလေသည်။

"ဝိညာဉ်ကျောက်တုံး တွေ ချည်းပဲ... အမှတ် တွေအဖြစ် ပြောင်းလိုက်မယ်..."

သူ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော ဝိညာဉ်ကျောက်တုံး များသည် သိုလှောင်လက်စွပ် ထဲမှ ချက်ချင်း ပျောက်ကွယ်သွားပြီး အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း ရှိ အမှတ် များသည်လည်း ၂၀၀,၀၀၀ တိုးလာခဲ့ပေသည်။

ဤသည်ကို မြင်လိုက်ရချိန်၌ နန်ကုန်းယွီ ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ လင်းလက်သွားပြီး ကျန်ရှိနေသော သိုလှောင်လက်စွပ် များကို ကြည့်ရင်း မျှော်လင့်ချက် အရိပ်အယောင်တစ်ခုကို ပြသမိသွားလေသည်။

မကြာမီမှာပင် သူသည် တိရှား ခေါင်းဆောင် ပြန်လည်ယူဆောင်လာသော သိုလှောင်လက်စွပ် ၁၀၆ ကွင်းလုံးကို စစ်ဆေးပြီးစီးသွားခဲ့ပေသည်။

ဝိညာဉ်ကျောက်တုံး များကို သီးသန့် သိမ်းဆည်းရန် လက်စွပ် ၉၉ ကွင်း ရှိပြီး ၎င်းတို့က သူ့ကို အမှတ် ၂၀,၅၃၇,၀၀၀ ရရှိစေခဲ့သည်။

ကျန်ရှိသော သိုလှောင်လက်စွပ် ခုနစ်ကွင်းတွင်မူ ဝိညာဉ်ဆေးပင်၊ ဆေးလုံး၊ ဝိညာဉ်ပစ္စည်းများ သို့မဟုတ် ဝိညာဉ်စွမ်းအင် ပါဝင်သော အဆင့်နိမ့် ပါဝင်ပစ္စည်းများ ရှိနေပေ၏။

အတိုချုပ်ပြောရလျှင် ၎င်းသည် ကျင့်ကြံ ခြင်းဆိုင်ရာ အရင်းအမြစ်များအကြောင်း ဖြစ်ပေသည်။

အမှတ် များ လျင်မြန်စွာ တိုးပွားလာခြင်းနှင့် ကျန်ရှိနေသော သိုလှောင်လက်စွပ် ခုနစ်ကွင်းထဲရှိ မရေမတွက်နိုင်သော ပစ္စည်းများကို မြင်တွေ့ရချိန်၌ နန်ကုန်းယွီ သည် အနည်းငယ် ပြုံးမိသွားလေသည်။

"ထင်ထားတဲ့အတိုင်း အင်ပါယာ ရဲ့ စစ်တပ်က တကယ်ကို ချမ်းသာတာပဲ..."

သူ ရယ်မောလိုက်ပြီးနောက် နောက်ထပ် အနိမ့်ဆုံးအဆင့် ဝိညာဉ် ခြင်ဆီ ဆယ့်လေးခုကို လဲလှယ်လိုက်ကာ လိုဏ်ဂူထဲသို့ ပစ်ထည့်လိုက်သည်။

လက်ရှိတွင် သူ၏ လိုဏ်ဂူများအနှံ့အပြား၌ ဝိညာဉ် ခြင်ဆီ ဆယ့်ရှစ်ခု ဖြန့်ကျက်ထားပြီး ၎င်းက သူ၏ စွမ်းအားကို အဆပေါင်းများစွာ ပိုမို မြန်ဆန်စွာ တိုးတက်စေမည်မှာ သေချာသည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင်။

ဝိညာဉ် ခြင်ဆီ လိုဏ်ဂူထဲသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်၌ မဟာဟင်းလင်းပြင် မူလပြန်လည်ရောက်ရှိခြင်း ကျင့်စဉ် သည် ပို၍ပင် လျင်မြန်လာပြီး သူ၏ ဝိညာဉ်စွမ်းအင် သည် အနည်းဆုံး သုံးဆ ပိုမို မြန်ဆန်စွာ တိုးပွားလာသည်ကို သူ ခံစားလိုက်ရလေသည်။

နန်ကုန်းယွီ သည် အနည်းငယ် ပြုံးလိုက်ပြီးနောက် ခဏတာ တုံ့ဆိုင်းသွားကာ ကျန်ရှိနေသော အမှတ် များကို မထိတော့ချေ။

သူသည် သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ အလင်းရောင် ဖန်သားပြင် တစ်ခု ပြန်လည်ထွက်ပေါ်လာခဲ့ပေသည်။

【အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း】

【အဆင့် - ၂】

【ပိုင်ရှင် - နန်ကုန်းယွီ】

【လက်ကျန် အမှတ်များ - ၆,၈၀၇,၇၀၂】

【စုစုပေါင်း အမှတ်များ - ၂၄,၈၃၁,၅၁၂】

【မှတ်ချက် - ဝိညာဉ်ကျောက်တုံး များနှင့် အမှတ်များ ကို တန်ဖိုးတူညီစွာ လဲလှယ်နိုင်ပါသည်။ အမှတ် ၁ ဘီလီယံ ပြည့်ပါက တတိယအဆင့်ကို ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး အဆင့်တစ်ခုစီတိုင်းတွင် အဆတစ်ထောင် တိုးမြှင့်မှုများ ပါဝင်လာမည် ဖြစ်ပါသည်...】

...

"ငါ့ဆီမှာ အမှတ် ၆.၈ သန်းကျော် ကျန်နေသေးတယ်... နတ်ဘုရားပေါင်းစည်းခြင်း ဆေးလုံး တစ်ပုလင်းကို လဲလှယ်ဖို့ အမှတ် ၅ သန်း ကုန်ကျမယ်ဆိုတော့ လုံလောက်လောက်ပါတယ်..."

"နတ်ဘုရားပေါင်းစည်းခြင်း ဆေးလုံး က နတ်ဘုရားပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ တွေကို ကျင့်စဉ်အဆင့် လျင်မြန်စွာ တိုးတက်အောင် ကူညီပေးနိုင်တယ်ဆိုတော့ အမေ့အတွက် အကောင်းဆုံးပဲ..."

"ဒါပေမဲ့ အဲ့ဒီမတိုင်ခင် အမေ တစ်ခုခု မှားနေတယ်လို့ မထင်အောင် သူ့ကို ဘယ်လိုပေးရမလဲဆိုတာ စဉ်းစားဖို့ လိုတယ်..."

နန်ကုန်းယွီ က သူ့ကိုယ်သူ တစ်စုံတစ်ရာ ရေရွတ်လိုက်ပြီးနောက် တစ်စုံတစ်ရာကို တွေးမိသွားသကဲ့သို့ သူ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားလေသည်။

"စမ်းကြည့်ရကျိုး နပ်ပါတယ်လေ..."

သူက တစ်စုံတစ်ရာ ရေရွတ်လိုက်ပြီး နတ်ဘုရားပေါင်းစည်းခြင်း ဆေးလုံး တစ်ပုလင်းကို ချက်ချင်း လဲလှယ်ကာ အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း မှ ထွက်ခွာလာခဲ့လေသည်။

သူ မျက်လုံးဖွင့်လိုက်သည်နှင့် တိရှား ခေါင်းဆောင် သည် ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး လေးစားစွာဖြင့် ဒူးတစ်ဖက်ထောက်လျက် ရှိနေဆဲပင်။

နန်ကုန်းယွီ သည် လွတ်နေသော သိုလှောင်လက်စွပ် ကိုးဆယ့်ကိုးကွင်းနှင့် နတ်ဘုရားပေါင်းစည်းခြင်း ဆေးလုံး တစ်ပုလင်းကို တိရှား ခေါင်းဆောင် ထံသို့ ပစ်ပေးလိုက်ပြီး ပြောဆိုလိုက်သည်။

"ထျန်းကန်း ခေါင်းဆောင် ကို နတ်ဘုရားပေါင်းစည်းခြင်း ဆေးလုံး အနည်းငယ်လောက် သင့်တင့်တဲ့ ဈေးနှုန်းနဲ့ နန်ကုန်းဝမ်ရှင်း နဲ့ တခြားသူတွေကို ရောင်းခိုင်းလိုက်ပါ..."

"ပြီးတော့ ငါ့အမေက နတ်ဘုရားပေါင်းစည်းခြင်း ဆေးလုံး ကို လိုအပ်တယ်... မင်းတို့အားလုံး သူမဆီကို လွှဲပြောင်းပေးဖို့ တရားဝင်တဲ့ နည်းလမ်းတစ်ခု စဉ်းစားပေးလို့ ရမလား..."

တိရှား ခေါင်းဆောင် ၏ အလင်းရောင် ပုံရိပ်သည် အနည်းငယ် တန့်သွားသည်။

"ဒီလက်အောက်ငယ်သား နားလည်ပါပြီ... သခင့်ရဲ့ စကားတွေကို ထျန်းကန်း ခေါင်းဆောင် ဆီ သေချာပေါက် ပြန်ပြောပြလိုက်ပါ့မယ်..."

"ကောင်းပြီ... သွားတော့..."

နန်ကုန်းယွီ က သူ၏ လက်ကို အနည်းငယ် ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။

"အမိန့်နာခံပါ့မယ်..."

တိရှား ခေါင်းဆောင် က သဘောတူလိုက်ပြီးနောက် ပျောက်ကွယ်သွားလေသည်။

နန်ကုန်းယွီ သည် ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် ရှဲဒိုးချမ်း အား ပုံရိပ်ယောင်ကို ဖယ်ရှားခိုင်းကာ သင်ခန်းစာကို ဆက်လက် နားထောင်နေခဲ့လေသည်...

အို နေပါဦး...

ချင်းလင် ရဲ့ သင်ခန်းစာကို ကြည့်နေတာပဲ ဖြစ်ရမယ်...

...

ရှီးလန် အင်ပါယာ။

နန်းတွင်းရှိ လေထုမှာ အလွန်အမင်း ဖိနှိပ်မှုများ ရှိနေသဖြင့် အသက်ရှူရပ်လုနီးပါး ဖြစ်နေပေသည်။

မှူးမတ်များသည် တစ်ဖက်တစ်ချက်စီတွင် မတ်တပ်ရပ်နေကြပြီး ခေါင်းငုံ့ထားကာ အရှေ့သို့ တည့်တည့်မကြည့်ရဲကြ။

ဧကရာဇ် ကျီပေါ်လင် သည် နဂါးပလ္လင် ပေါ်တွင် မြင့်မားစွာ ထိုင်နေပြီး သူ၏ မျက်နှာမှာ မည်းမှောင်နေကာ သူ၏ စူးရှသော အကြည့်များသည် အောက်ဘက်ရှိ နေရာတစ်ခွင်သို့ လွှမ်းခြုံသွားလေသည်။

သူ၏ မျက်လုံးများတွင် မကျေနပ်မှုနှင့် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခုကို ပြသနေရာ တစ်ယောက်ယောက်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေနိုင်ပေသည်။

နောက်ဆုံးတွင် သူ၏ အကြည့်သည် နေရာတစ်ခုပေါ်တွင် အဆုံးသတ်သွားပြီး သူ၏ ဩဇာအာဏာရှိကာ တင်းမာသော အသံသည် ခန်းမဆောင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။

"ယန်ဟုန်... မင်းရဲ့ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဌာန က လူတွေ အားလုံး အလကား ထိုင်နေကြတာလား..."

All Chapters