← Chapters

အခန်း (၃၆၁-၃၆၂)

Vol. 37 Ch. 361-362

အခန်း (၃၆၁-၃၆၂)

Vol. 37 Ch. 361-362

အခန်း (၃၆၁) - မျိုးနွယ်စုကြီးငါးခုကို အညံ့ခံစေခြင်းနှင့် အရိုးအဘိုးအို ရောက်ရှိလာခြင်း(၁)

ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက ဝူယွမ်၏ ပါးတစ်ချက်တည်းဖြင့် သေဆုံးသွားခဲ့ရသည်။

မျိုးနွယ်စုကြီးငါးခုမှ လူများအားလုံး တိတ်ဆိတ်သွားကြသော်လည်း သူတို့၏ စိတ်ထဲတွင်မူ လှိုင်းတံပိုးများ ထန်နေသကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။

ထိုသူသည် ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်မှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဆန်းကြယ်သေခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သူ့အား ပါးရိုက်သတ်ရန် မဆိုထားနှင့် ချက်ချင်းသတ်ပစ်ရန်ပင် ခက်ခဲပေလိမ့်မည်။

၎င်းက အချက်တစ်ချက်ကိုသာ သက်သေပြနေသည်။ ဝူယွမ်မှာ အလွန်တရာ အစွမ်းထက်လွန်းလှသည်။

သူ၏ စွမ်းအားမှာ သာမန် ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးထက်ပင် သာလွန်နေမည်မှာ သေချာသည်။

ဤမျှလောက် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးနှင့် ရုတ်တရက် ရင်ဆိုင်ရချိန်တွင် သူတို့ မိသားစုများ၏ ဘိုးဘေးအိုကြီးများကသာ သူ့အား ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိပေလိမ့်မည်။

ထိုနေရာတွင် ရှိနေသူများအားလုံး နောက်ထပ် ပါးရိုက်သတ်ခံရမည်ကို စိုးရိမ်သဖြင့် စကားတစ်ခွန်းမျှပင် မပြောရဲကြတော့ပေ။

ဝူယွမ်က သူ၏ ရက်စက်ကြမ်းကြုတ်မှုကို ယခုလေးတင် အပြည့်အဝ ပြသလိုက်ပြီဖြစ်သည်။

“သူ သေသင့်သလား၊ မသေသင့်ဘူးလားဆိုတာ ငါ ထပ်ပြောပြဖို့ မလိုတော့ဘူးလို့ ထင်တယ်၊ ငါ အခုလေးတင် အတွင်းထဲမှာ ကျင့်ကြံနေခဲ့ပေမယ့် အပြင်မှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ငါ သိတယ်” ဝူယွမ်က သူ အကြောင်းပြချက်မရှိဘဲ သတ်ဖြတ်ခဲ့ခြင်း မဟုတ်ကြောင်း အရိပ်အမြွက်ပြကာ အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

“ရှေးဟောင်းကမ္ဘာဦးစေတီက မင်းတို့ မျိုးနွယ်စုကြီးငါးခုပိုင်တာ မဟုတ်လို့ ငါယူလိုက်တာ၊ မင်းတို့က နှစ်ပေါင်းများစွာ သိမ်းပိုက်ထားခဲ့တာဆိုတော့ လုံလောက်ပါပြီ”

ရှေးဟောင်းကမ္ဘာဦးစေတီမှာ မဟာရှေးဟောင်းနယ်မြေသခင်ကြီး ပိုင်ဆိုင်သော အရာဖြစ်သည်။

ဝူယွမ်သည် မဟာရှေးဟောင်းနယ်မြေသခင်ကြီးကို ကူညီပေးနေသဖြင့် ရှေးဟောင်းကမ္ဘာဦးစေတီကို ယူဆောင်သွားခြင်းမှာ ပြဿနာမရှိပေ။ မျိုးနွယ်စုကြီးငါးခုက ၎င်းကို အရင်သိမ်းပိုက်ထားခဲ့သော်လည်း ဤအရာမှာ ‘အရင်လာသူ အရင်ရ’ ဟူသော သဘောတရားမျိုး မဟုတ်ပေ။

မဟာရှေးဟောင်းနယ်မြေသခင်ကြီးက သေဆုံးသွားခြင်း မရှိသေးပေ။

ထို့ကြောင့် ဝူယွမ် ရှေးဟောင်းကမ္ဘာဦးစေတီကို ယူဆောင်သွားခြင်းတွင် မှားယွင်းမှု မရှိပေ။

သို့သော်လည်း ထိုသို့သော အကြောင်းပြချက်မျိုးက မျိုးနွယ်စုကြီးငါးခုကို ယုံကြည်လက်ခံစေရန် ခက်ခဲမည်မှာ ထင်ရှားသည်။

ဝူယွမ်ကိုယ်တိုင်ကလည်း မျိုးနွယ်စုကြီးငါးခုနှင့် စစ်ခင်းရန် မရည်ရွယ်ထားပေ။

ထိုသို့သော တိုက်ပွဲမျိုးက အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။

ယခု ထျန်းရွှမ်တိုက်ကြီးပေါ်ရှိ ပုန်းကွယ်နေသော အန္တရာယ်မှာ မိစ္ဆာနတ်ဆိုးများ ဖြစ်သည်။ အနာဂတ်တွင် လူတိုင်းက မိစ္ဆာနတ်ဆိုးစစ်တပ်ကို ရင်ဆိုင်ရမည်ဖြစ်ရာ ပြည်တွင်းရေး ပဋိပက္ခများကို အားမပေးသင့်ပေ။

“သေချာတာပေါ့၊ မင်းတို့က ရှေးဟောင်းကမ္ဘာဦးစေတီကို ကာကွယ်ပေးခဲ့တယ်လို့လည်း သတ်မှတ်လို့ရပါတယ်၊ ပြီးတော့ သူ့ရဲ့ ပိုင်ရှင်ကိုလည်း အနှောင့်အယှက် မပေးခဲ့ဘူးဆိုတော့ မင်းတို့ကို လျော်ကြေးနည်းနည်းပေးဖို့ ငါ ဆုံးဖြတ်လိုက်တယ်” ဝူယွမ်က ဆက်လက်ပြောဆိုလိုက်သည်။

မဟာရှေးဟောင်းနယ်မြေသခင်ကြီးသည် ရှေးဟောင်းကမ္ဘာဦးစေတီအတွင်း၌ အိပ်စက်နေခဲ့ပြီး ရှေးဟောင်းကမ္ဘာဦးစေတီကို စောင့်ကြပ်နေသော မျိုးနွယ်စုကြီးငါးခုကလည်း အတိုင်းအတာတစ်ခုအထိ မဟာရှေးဟောင်းနယ်မြေသခင်ကြီးကို ကာကွယ်ပေးခဲ့ကြသည်ဟု ပြော၍ရပေသည်။

ကမ္ဘာခြားနတ်ဆိုးများ ရှိနေခြင်းကြောင့် အမှောင်ထဲတွင် ပုန်းအောင်းနေသော မိစ္ဆာနတ်ဆိုးများက မဟာရှေးဟောင်းနယ်မြေသခင်ကြီး ချောမွေ့စွာ ပြန်လည်သက်သာလာသည်ကို မြင်လိုမည်မဟုတ်ပေ။

မျိုးနွယ်စုကြီးငါးခု၏ အကာအကွယ်သာ မရှိခဲ့လျှင် မဟာရှေးဟောင်းနယ်မြေသခင်ကြီးမှာ ထုတ်ဖော်ခံရနိုင်ပြီး နတ်ဆိုးများ၏ စောင့်ကြည့်မှုများကို ဆွဲဆောင်မိနိုင်ပေသည်။

ဤအရာများအားလုံးမှာ ခန့်မှန်းချက်များသာ ဖြစ်သော်လည်း ဝူယွမ်အနေဖြင့် သူတို့အတွက် ဤသို့သောအကြောင်းပြချက်မျိုးကို ရှာဖွေပေးရန် တားဆီးနိုင်မည် မဟုတ်ပေ။

“မင်း ငါတို့ကို ဘယ်လို လျော်ကြေးပေးမှာလဲ၊ ရှေးဟောင်းကမ္ဘာဦးစေတီက အရမ်းကို အရေးကြီးတဲ့ ရတနာတစ်ခုလေ၊ အဲဒီနေရာမှာ အစားထိုးဖို့ မင်း ဘာကိုအသုံးပြုမှာလဲ”

“မဟာရှေးဟောင်းစွမ်းအင်က ငါတို့ မျိုးနွယ်စုကြီးငါးခုကို ဆန်းကြယ်ရှင်ခြင်းအဆင့်အထက် အစွမ်းထက်ပုဂ္ဂိုလ်အများအပြားကို ပျိုးထောင်ပေးနိုင်ခဲ့တယ်၊ ရှေးဟောင်းကမ္ဘာဦးစေတီ မရှိရင် ငါတို့ မျိုးနွယ်စုကြီးငါးခုလုံးရဲ့ အင်အားတွေ ထိခိုက်လာလိမ့်မယ်”

“မိတ်ဆွေလေး ဝူယွမ်၊ ရှေးဟောင်းကမ္ဘာဦးစေတီကို အပြင်ထုတ်ပေးပါ”

ကူရွှေ့နှင့် အခြားသူများက ဝူယွမ်ကို အနည်းငယ် အခက်တွေ့နေသော မျက်နှာထားဖြင့် ကြည့်လိုက်ကြသည်။

သူတို့သည် ဝူယွမ်နှင့် ရန်သူမဖြစ်လိုသကဲ့သို့ မဖြစ်ချင်ကြသော်လည်း ရှေးဟောင်းကမ္ဘာဦးစေတီကို မရရှိပါက တိုက်ပွဲတစ်ပွဲ ဆင်နွှဲရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

သူတို့သည် ရှေးဟောင်းကမ္ဘာဦးစေတီကို ဤမျှလွယ်လွယ်နှင့် အရှုံးပေးမည် မဟုတ်ပေ။

မျိုးနွယ်စုကြီးငါးခုမှ လူများသည် တံခါးပိတ်ကျင့်ကြံနေကြသော သူတို့၏ ဘိုးဘေးအိုကြီးများကို အကြောင်းကြားရန် လူများ စေလွှတ်ထားပြီးဖြစ်သည်။

“စိတ်မပူပါနဲ့၊ ငါက လျော်ကြေးပေးမယ်လို့ ပြောပြီးမှတော့ မင်းတို့ကို အနစ်နာခံခိုင်းမှာ မဟုတ်ပါဘူး” ဝူယွမ်က တုံ့ပြန်လာသည်။

“ထပ်ပြောရရင် ရှေးဟောင်းကမ္ဘာဦးစေတီကို ငါ ယူလိုက်ရုံသက်သက်ပါ၊ မင်းတို့ အသုံးပြုလို့ မရတော့တာမျိုး မဟုတ်ပါဘူး၊ ဒါပေမယ့် အနာဂတ်မှာ ဘယ်လိုအသုံးပြုရမလဲဆိုတာကတော့ ငါ့အပေါ်မှာပဲ မူတည်လိမ့်မယ်”

မျိုးနွယ်စုကြီးငါးခုမှ လူများမှာ စကားတစ်ခွန်းမျှ မပြောကြတော့ပေ။ ယခုအခါတွင် သူတို့သည် ဝူယွမ်ကို ကြောက်ရွံ့နေကြပြီး ဝူယွမ်နှင့် စေ့စပ်ညှိနှိုင်းမှုမပြုလုပ်မီ သူတို့၏ ဘိုးဘေးအိုကြီးများ ရောက်ရှိလာသည်ကိုသာ စောင့်ဆိုင်းလိုကြသည်။

စွမ်းအားမရှိဘဲ စကားများများပြောပါက ဝေလင်ကဲ့သို့သော ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရနိုင်ခြေများပေသည်။

ထို့ကြောင့် ဝူယွမ်သည် ဤမျှလောက် အခိုင်အမာ ပြောဆိုဝံ့ဦးမည်လားဆိုသည်ကို သိရှိနိုင်ရန် သူတို့၏ ဆန်းကြယ်သေခြင်းအဆင့် အထွတ်အထိပ် ဘိုးဘေးအိုကြီးများ ရောက်ရှိလာသည်ကိုသာ စောင့်ဆိုင်းနေကြသည်။

ရှန်ထူကျွယ်လည်း ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ တည်ငြိမ်အေးဆေးနေသော ဝူယွမ်ကို ကြည့်လိုက်ပြီး ယခင်က ဝူယွမ် ပြောခဲ့ဖူးသော စကားများကို ပြန်လည်သတိရသွားသည်။

“ငါ ဆန်းကြယ်ရှင်ခြင်းအဆင့်ကို ရောက်တုန်းက ဝင်စားခြင်းအဆင့် ကျင့်ကြံသူတွေကိုတောင် ထိန်းချုပ်နိုင်ခဲ့တယ်၊ အဲဒါကလည်း တစ်ပြိုင်နက်တည်း သုံးယောက်ကိုနော်”

သူ တကယ်ပဲ ဝင်စားခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို ထိန်းချုပ်နိုင်သည်လော။ အကယ်၍ ထိုသို့သာဆိုလျှင် ဘိုးဘေးအိုကြီးငါးယောက်လုံး ရောက်လာလျှင်တောင် ဝူယွမ်၏ရှေ့တွင် ဘာကောင်ကြီးမှ မဟုတ်တော့ချေ။

ရှန်ထူကျွယ်က စိတ်ထဲမှ တွေးတောလိုက်သည်။

လူတိုင်းက ဝူယွမ်ကို တုံ့ပြန်ရန် မဝံ့မရဲဖြစ်နေကြပြီး လျစ်လျူရှုထားကြသည်ကို မြင်သောအခါ သူက ဝူယွမ်ကို ကြည့်ကာ မေးလိုက်သည်။ “အစ်ကိုကြီး ဝူယွမ်၊ မင်းရဲ့ လျော်ကြေးပေးမယ့် နည်းလမ်းက ဘာလဲ”

အခြားသူများကလည်း ဝူယွမ်ကို လှမ်းကြည့်လိုက်ကြသည်။ မျိုးနွယ်စုကြီးငါးခု၏ စိတ်ခံစားမှုများကို ငြိမ်သက်သွားစေရန် ဝူယွမ် မည်သည့်အရာအား အသုံးပြုမည်ကို သူတို့လည်း သိလိုကြသည်။

“မင်းတို့က ရှေးဟောင်းကမ္ဘာဦးစေတီကို အသုံးပြုနေတာက သူက အစွမ်းထက်တဲ့သူတွေကို ပျိုးထောင်ပေးနိုင်လို့ သက်သက်ပဲလေ”

“ဒါပေမယ့် ရှေးဟောင်းကမ္ဘာဦးစေတီရဲ့ အကူအညီနဲ့ဆိုရင် မင်းတို့က အများဆုံး ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်က အစွမ်းထက်ပုဂ္ဂိုလ်တွေကိုပဲ ပျိုးထောင်ပေးနိုင်တာ” ဝူယွမ်က သူတို့အတွက် ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းကမ္ဘာဦးစေတီ၏ အဓိက လုပ်ဆောင်ချက်မှာ ခန္ဓာကိုယ် သန့်စင်ခြင်းဖြစ်သောကြောင့်ပင်။

မျိုးနွယ်စုကြီးငါးခုက ရှေးဟောင်းကမ္ဘာဦးစေတီ၏ ဆဋ္ဌမထပ်အောက်ရှိ နေရာများကိုသာ အသုံးပြုနိုင်ကြပြီး ယင်းက ၎င်း၏ အလားအလာကို အပြည့်အဝ အသုံးမချနိုင်ကြောင်း ဆိုလိုခြင်းဖြစ်သည်။

“အကယ်၍ မင်းတို့ကို ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ် ဒါမှမဟုတ် ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်အများအပြားကို ပျိုးထောင်နိုင်ဖို့ ငါ ကူညီပေးနိုင်မယ်ဆိုရင် ရှေးဟောင်းကမ္ဘာဦးစေတီကို ငါယူလိုက်ရင်တောင် မင်းတို့ နစ်နာတော့မှာ မဟုတ်ဘူးလေ”

ဝူယွမ်၏ စကားများမှာ အံဩဖွယ်ကောင်းလွန်းပြီး ထိုစကားကို ကြားပြီးနောက် မျိုးနွယ်စုကြီးငါးခုမှ လူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

မျိုးနွယ်စုကြီးငါးခုတွင် ဆန်းကြယ်ရှင်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ အများအပြား မရှိသော်လည်း လူတစ်ရာကျော်တော့ ရှိလေသည်။

သို့သော်လည်း ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များမှာမူ ငါးဦးသာ ရှိသည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဆန်းကြယ်သေခြင်းအဆင့်သို့ ရောက်ရှိရန် မည်မျှခက်ခဲကြောင်း သိမြင်နိုင်ပေသည်။

“ဒါပေမယ့် မင်းကိုယ်တိုင်တောင် ဆန်းကြယ်သေခြင်းအဆင့်ကို မရောက်သေးဘူး မဟုတ်လား” လူတစ်ဦးက တီးတိုး ရေရွတ်လိုက်သည်။

သူတို့သည် ဝူယွမ်၏ စကားများကို မယုံကြည်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင် ဆန်းကြယ်သေခြင်းအဆင့်သို့ မရောက်သေးဘဲ အခြားသူများကို ဆန်းကြယ်သေခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်ရန် ကူညီပေးမည်ဆိုသော ယုံကြည်ချက်ကို ဘယ်ကနေရလာသနည်း။

ဝူယွမ်က ပြုံးကာ ပြန်ဖြေလိုက်သည်။ “ငါ ဆန်းကြယ်သေခြင်းအဆင့်ကို မရောက်သေးပါဘူး၊ ဒါပေမယ့် ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်တောင် ငါ့ကို ဒူးထောက်ပြီး စကားပြောရလိမ့်မယ်”

“ဟားဟားဟား၊ သိပ်ကို မောက်မာတဲ့ ကောင်လေးပဲ၊ ငါ၊ ဒီအဘိုးကြီးက အရည်အချင်းမရှိပေမယ့် ဆန်းကြယ်သေခြင်းအဆင့် အထွတ်အထိပ်မှာ ရှိတယ်၊ ငါ့ကို ဘယ်လို ဒူးထောက်ပြီး စကားပြောခိုင်းမလဲဆိုတာ ကြည့်ချင်သေးတယ၊”

ရုတ်တရက် အိုမင်းသော်လည်း အစွမ်းထက်သော အသံကြီးတစ်ခု တောင်ထွတ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ထိုအသံနှင့်အတူ အမည်းရောင်အရိပ်တစ်ခု တဖျတ်ဖျတ်လက်သွားပြီး အမည်းရောင် ဝတ်ရုံနှင့် အဘိုးအိုတစ်ဦး ဝေမိသားစုအုပ်စု၏ ရှေ့တွင် ပေါ်လာသည်။

သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ လိမ်ကောက်သွားပြီး မြင်ရလောက်အောင် ထင်ရှားသော ဖိအားတစ်ခုကြောင့် သူ့ပတ်ဝန်းကျင်ရှိ လူတိုင်း အလိုအလျောက် နောက်ဆုတ်သွားကြသည်။

သူ့ထံမှ အမည်းရောင် သေခြင်းချီများ ထွက်ပေါ်နေသဖြင့် ပတ်ဝန်းကျင်ရှိ လူတိုင်း ဖိနှိပ်ခံထားရသကဲ့သို့ ခံစားရသည်။

ဆန်းကြယ်သေခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် သဘာဝကျစွာပင် သေခြင်းချီများကို သယ်ဆောင်ထားနိုင်လေသည်။

“ဒါ ဝေမိသားစုရဲ့ ဘိုးဘေး ဝေကျန်းပဲ”

“နောက်ဆုံးတော့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ရောက်လာပြီ၊”

“အခုတော့ ကြည့်စရာ ပြဇာတ်ကောင်းတစ်ပုဒ် ရှိပြီပေါ့၊ ဒီဝူယွမ်တော့ အရှက်ကွဲတော့မှာပဲ”

“အရှက်ကွဲမယ်၊ ဟားဟား၊ သူ အသက်တောင် ရှင်နိုင်မယ်မထင်ဘူး”

“သူ ခုနကတင် ဝေမိသားစုအကြီးအကဲ ဝေလင်ကို သတ်လိုက်တာ မမေ့နဲ့ဦး”

လူမြောက်မြားစွာက ဝူယွမ်ကို အပျက်သဘောဆောင်သော အကြည့်များဖြင့် ကြည့်ကာ ဝေကျန်းက ဝူယွမ်အား မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို စောင့်ကြည့်နေကြပြီး အခြားသူများကမူ ဝူယွမ်က ဝေကျန်းကို ဖိနှိပ်နိုင်ပါစေဟု မျှော်လင့်နေကြသည်။

“မင်းက တကယ် ဒူးထောက်ပြီး စကားပြောချင်တာပဲ၊ မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးရမှာပေါ့” ဝူယွမ်က အေးစက်စွာ ပြောလိုက်သည်။

သူသည် မျောက်များကို ခြောက်လှန့်ရန် သတ်ပြမည့် ကြက်တစ်ကောင်ကိုသာ ရှာဖွေနေခြင်းဖြစ်သည်။

ဤဝေကျန်းက အလွန်အချိန်ကိုက် ရောက်လာခဲ့၏။

မျိုးနွယ်စုကြီးငါးခုဆိုသည်မှာ အသေးအဖွဲ အဖွဲ့အစည်းများ မဟုတ်ပေ။ သူတို့ကို အညံ့ခံစေရန်အတွက် ခိုင်မာသော စွမ်းအားကို ပြသရန လိုအပ်သည်။ ဘိုးဘေးအိုကြီးတစ်ဦးကို ဖိနှိပ်ပြလိုက်ခြင်းက လုံလောက်ပေလိမ့်မည်။

ဝူယွမ်သည် စကားဆုံးသည်နှင့်တစ်ပြိုင်နက် မိုးပြာဧကရာဇ်သွေးကြော၊ နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်နှင့် နတ်ဆင်ဖိနှိပ်ခြင်း အကျဉ်းထောင် စွမ်းအားများကို ချက်ချင်းအသက်သွင်းလိုက်သည်။

အဓိက ကျင့်စဉ်ကြီးသုံးခုကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်သောအခါ ဝူယွမ်၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခု ရုတ်ခြည်းထွက်ပေါ်လာသည်။

“ရပ်စမ်း”

အခန်း (၃၆၂) - မျိုးနွယ်စုကြီးငါးခုကို အညံ့ခံစေခြင်းနှင့် အရိုးအဘိုးအို ရောက်ရှိလာခြင်း(၂)

ဖိအားကို ထုတ်လွှတ်လိုက်သည့်အချိန်တွင် နီဝမ်နယ်ပယ်အတွင်းရှိ ကစဉ်ကလျားသန္ဓေသားပေါ်မှ ငြိမ်သက်ခြင်းကျောက်တိုင်က အသက်ဝင်လာပြီး မမြင်ရသော စွမ်းအားတစ်ခုက ဝေကျန်းကို အရင်ဆုံး လွှမ်းခြုံသွားလေသည်။

“ဟင်”

ဝေကျန်း၏ စိတ်ထဲတွင် မေးခွန်းသင်္ကေတများ ပေါ်လာလေသည်။ သူ၏ စွမ်းအားမှာ အမှန်တကယ်ပင် ကန့်သတ်ချုပ်ချယ်ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်ပါ လှုပ်ရှား၍မရတော့ပေ။

သူ၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မှု ဆုံးရှုံးသွားသော ဤခံစားချက်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ မျက်စိတစ်မှိတ်အတွင်း ဝေကျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အေးစက်စက်ချွေးများ ထွက်လာသည်။

အစွမ်းထက်ပုဂ္ဂိုလ်များ တိုက်ခိုက်ကြချိန်တွင် ခဏတာ အပြောင်းအလဲကပင် အသက်ကို နုတ်ယူသွားနိုင်သည်။

သူ စိုးရိမ်ထိတ်လန့်နေချိန်မှာပင် ကြီးမားလှသော မြေဆွဲအား ဖိအားကြီးတစ်ခုက ကြွေကျလာသော နဂါးငွေ့တန်းတစ်ခုပမာ၊

ကျဆင်းလာသောာ နတ်ဘုရားတောင်တန်းကြီးတစ်ခုပမာ ကျဆင်းလာခဲ့ပြီဖြစ်သည်။

“ဒူးထောက်စမ်း” ဝူယွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ဂျွတ်၊

ဝေကျန်း၏ဒူးများ မြေပြင်ပေါ်သို့ ဆောင့်ကျသွားလေသည်။

“ဘိုးဘေး” ဝေမိသားစုမှ လူများက မယုံကြည်နိုင်သော အကြည့်များဖြင့် အော်ဟစ်လိုက်ကြသည်။

သူတို့၏ မြင့်မြတ်လှသော ဘိုးဘေးအိုကြီးမှာ အမှန်တကယ်ပင် ဒူးထောက်သွားခဲ့ရသည်။ ၎င်းက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

“ဘိုးဘေး၊ မြန်မြန်ထပါ”

ဝေမိသားစုမှ လူများက ဆူညံစွာ အော်ဟစ်လိုက်ကြသည်။ အချို့က သူတို့၏ဘိုးဘေးကို ကယ်တင်ရန်အတွက် ဝူယွမ်ကို တိုက်ခိုက်ရန် ဝိညာဉ်ရတနာလက်နက်များကိုပင် ထုတ်ယူထားကြလေပြီ။

သို့သော်လည်း သူတို့ တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် မြေဆွဲအားကြီးတစ်ခု ပြန့်ကျဲလာပြီး ဝေမိသားစုမှ လူများအားလုံး ဒူးထောက်လျက်သား ကျသွားကြလေသည်။

‘ဂလု... ‘

အခြားသူများက တံတွေးများကို အလိုအလျောက် မျိုချလိုက်မိကြသည်။ ‘သူက ကြောက်ဖို့ကောင်းလိုက်တာ၊ ဝေမိသားစုတစ်ခုလုံးကို တကယ်ကြီး ဖိနှိပ်လိုက်နိုင်တယ်'

“ကျစ်၊ ငါတို့ ရက်စက်တဲ့သူတစ်ယောက်နဲ့တွေ့နေပြီ”

“သူက ဆန်းကြယ်သေခြင်းအဆင့် ကျင့်ကြံသူကိုတောင် တကယ်ဖိနှိပ်နိုင်တာပဲ၊ သူ ကြွားနေတာ မဟုတ်ဘူး”

“ဒီလောက်အစွမ်းထက်တာကို အရင်ကသိုင်းပြိုင်ပွဲမှာ ဘာလို့ ပါဝင်ယှဉ်ပြိုင်ခဲ့သေးတာလဲ”

“အပျော်သဘောသက်သက်နေမှာ”

“ဘာလို့ အတင်းလုမယူခဲ့တာလဲ”

“ဝေမိသားစုက တကယ်ကို သနားစရာကောင်းလိုက်တာ”

လူတိုင်းက အံ့အားသင့်ကာ ထိတ်လန့်နေကြပြီး ဤဝူယွမ်မှာ အဘယ်ကြောင့် ဤမျှလောက် အစွမ်းထက်နေရသည်ကို တကယ်ပင် နားမလည်နိုင်အောင် ဖြစ်နေကြသည်။

ရွှစ် ရွှစ် ရွှစ် ရွှစ်။

အရိပ်လေးခုက ဝေကျန်း၏နောက်တွင် ပေါ်လာသည်။

ထိုအထဲမှ တစ်ဦးက ပြောလိုက်၏။ “မိတ်ဆွေလေး၊ ငါတို့ သေချာဆွေးနွေးကြည့်ကြရအောင်”

သူတို့ထဲမှ မည်သူမျှ အဆောတလျင် မလှုပ်ရှားရဲကြဘဲ ဝူယွမ်ကို သတိထားကာ ကြည့်နေကြပြီး ဝေကျန်းကိုလည်း မကူညီဘဲ သူ့ကို ဆက်လက်ဒူးထောက်ခိုင်းထားလေသည်။

ဤလေးဦးမှာ အခြားသော မိသားစုကြီးလေးခုမှ ဘိုးဘေးအိုကြီးများဖြစ်ကြောင်း ထင်ရှားလှသည်။

“ငါလည်း မင်းတို့နဲ့ဆွေးနွေးမလို့ပါပဲ၊ အခုတော့ ငါတို့ သေချာဆွေးနွေးလို့ ရပြီမဟုတ်လား” ဝူယွမ်က လက်ခုပ်တီးလိုက်ပြီး ဝေကျန်းအပေါ် သက်ရောက်ထားသော မြေဆွဲအားကို ရုပ်သိမ်းလိုက်သည်။

ဝေကျန်းသည် တုန်တုန်ယင်ယင်ဖြင့် မတ်တတ်ရပ်လိုက်သော်လည်း နောက်ထပ် မောက်မာသော စကားများ မပြောရဲတော့ပေ။

ခုနကဖိအားက သူ့ကို ကြောက်ရွံ့မှုများ ခံစားရစေခဲ့ပြီဖြစ်သည်။ ဝူယွမ်ကသာ သူ့ကို တကယ်သတ်ချင်ပါက သူ လုံးဝ ခုခံနိုင်စွမ်းရှိမည် မဟုတ်ပေ။

“အားလုံးပဲ၊ လာပြီးဆွေးနွေးကြတာပေါ့”

“ဒါက မင်းတို့နဲ့ ဆွေးနွေးတာထက် မင်းတို့ကို အသိပေးတာနဲ့ပိုတူတယ်”

ဝူယွမ်က မျိုးနွယ်စုကြီးငါးခု၏ ဘိုးဘေးအိုကြီးများကို တောင်ထွတ်ပေါ်ရှိ နန်းတော်အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

သူ ဤမျှလောက် အလုပ်ရှုပ်ခံရသည့် အကြောင်းရင်းမှာ မျိုးနွယ်စုကြီးငါးခုနှင့် တိုက်ခိုက်ကာ မလိုအပ်ဘဲ သွေးထွက်သံယိုမှုများ မဖြစ်ပေါ်စေချင်သည်အပြင် မျိုးနွယ်စုကြီးငါးခုမှ ပါရမီရှင်များကို မဟာရှေးဟောင်းဂိုဏ်းသို့ ခေါ်ယူကာ ကျင့်ကြံစေချင်သောကြောင့် ဖြစ်သည်။

ဝူယွမ်၏ အမြင်တွင် ထျန်းရွှမ်တိုက်ကြီးသည် နတ်ဆိုးများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စည်းလုံးညီညွတ်နေသင့်ပြီး သူတို့၏အင်အားများကို စုစည်းထားသင့်သည်။

မျိုးနွယ်စုကြီးငါးခုတွင် အလားအလာရှိသော ပါရမီရှင်များ မြောက်မြားစွာ ရှိနေသေးသည်။ လူငယ်မျိုးဆက်များ၏ ပါရမီရှင်များမှာ အရှေ့ဘက်ရွှမ်ဒေသရှိ အထူးအစွမ်းထက်ဂိုဏ်းကြီးရှစ်ခု၏ တိုက်ရိုက်အဓိကတပည့်များနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိကြသည်။

ဘိုးဘေးအိုကြီးငါးဦးနှင့် ဆွေးနွေးပြီးနောက် သဘောတူညီချက်တစ်ခုကို နောက်ဆုံးတွင် ရရှိခဲ့သည်။

ဝူယွမ်က မိသားစုတစ်စုလျှင် နေရာဆယ်နေရာ ပေးအပ်ခဲ့ပြီး ထိုလူဆယ်ဦးကို သုံးနှစ်အတွင်း ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိအောင် သူ ပျိုးထောင်ပေးမည်ဖြစ်သည်။

သေချာပေါက် ရွေးချယ်မှုအတွက် စည်းကမ်းချက်များလည်း ရှိသည်။ သူတို့သည် အသက်သုံးဆယ်အောက် လူငယ်ပါရမီရှင်များ ဖြစ်ရမည်ဖြစ်ပြီး နိဗ္ဗာန်အဆင့် ၇ အထက်တွင် ရှိရပေမည်။

ဝူယွမ်သည် ဤပါရမီရှင်များအားလုံးကို မဟာရှေးဟောင်းဂိုဏ်းအတွင်းသို့ ထည့်သွင်းကာ မဟာရှေးဟောင်းဂိုဏ်း၏ တိုက်ရိုက်တပည့်များနှင့်အတူ ကြီးထွားလာစေရန် စီစဉ်ထားသည်။

ရှေးဟောင်းကျောက်တိုင်ကမ္ဘာ၏ တည်ရှိမှုအကြောင်းကို သူတို့အား ဝူယွမ်မပြောပြခဲ့သကဲ့သို့ ဤပါရမီရှင်များကို သူ မည်သို့ ပျိုးထောင်ပေးမည်ဆိုသည်ကိုလည်း မပြောပြခဲ့ပေ။

မျိုးနွယ်စုကြီးငါးခုက သူ့ကို ယုံကြည်မည်လားဆိုသည်မှာ သူတို့အပေါ်တွင်သာ မူတည်သည်။

သူ၏ ရိုးသားမှုကို ပြသရန်အတွက် ဝူယွမ်သည် မဟာရှေးဟောင်းနယ်မြေသခင်ကြီးထံမှ ကွာကျလာသော အရေခွံကို ထိုနေရာတွင်ပင် ရှန်ထူကျွယ်ထံသို့ ပေးအပ်လိုက်ပြီး ဘိုးဘေးအိုကြီးငါးဦး၏ ရှေ့မှောက်တွင် ၎င်းကို သန့်စင်စေခဲ့သည်။

မဟာရှေးဟောင်းစွမ်းအင်များကို စုပ်ယူပြီးနောက် ရှန်ထူကျွယ်၏ စွမ်းအားမှာ အလွန်အမင်းတိုးတက်လာခဲ့ပြီး သူသည် ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်တွင် ချက်ချင်း အခြေကျသွားကာ သူ၏ အသူရာခန္ဓာကိုယ်မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။

ရှန်ထူမိသားစုနှင့် ကူမိသားစုတို့က ဝူယွမ်ကို ယုံကြည်ရန် ချက်ချင်း ရွေးချယ်လိုက်ကြပြီး သူတို့၏ ထိပ်တန်းပါရမီရှင်များကို စေလွှတ်လိုက်ကြသည်။

ကူမိသားစုမှ ကူယွမ်ထျန်း၊ ကူမုန်ချီ၊ ကူယန်နှင့် အခြားသူများလည်း ထိုအထဲတွင်ပါဝင်ကြသည်။

ကူယွမ်ထျန်းမှာ ဒဏ်ရာရရှိထားသော်လည်း သူ၏ အခြေခံအုတ်မြစ်မှာ ထိခိုက်ပျက်စီးသွားခြင်းမရှိသဖြင့် သူ့ကို ပြန်လည်သက်သာလာစေရန် ကူညီပေးနိုင်သော ဝူယွမ်၏စွမ်းရည်ဖြင့်ဆိုပါက ဤအရာက ပြဿနာကြီးကြီးမားမား မဟုတ်ပေ။

စုန်မိသားစုနှင့် စုမိသားစုတို့က အတန်ကြာ စဉ်းစားပြီးနောက် ပါရမီရှင် ငါးဦး၊ ခြောက်ဦးခန့်ကို စေလွှတ်လိုက်ကြသည်။

ဝေမိသားစုအတွက်မူ ဝေကျန်းမှာ အလွန်တရာ ဝေခွဲမရဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့မိသားစုသည် ဝူယွမ်နှင့် ပဋိပက္ခရှိခဲ့ပြီး ဝေကျန်းကိုယ်တိုင်ကလည်း ဝူယွမ်၏ အရှက်ခွဲခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်သည်။

သဘာဝကျစွာပင် သူသည် ဝူယွမ်အပေါ် မကျေနပ်မှုများ ရှိနေသော်လည်း အခြားသူတစ်ဦး၏ အမိုးအောက်တွင် ရှိနေချိန်တွင် တစ်ဦးက ခေါင်းငုံ့ရမည်သာဖြစ်သည်။

သို့သော်လည်း သူ၏မိသားစုမှ ပါရမီရှင်များကို ဝူယွမ်နောက်သို့ လိုက်ပါရန် စေလွှတ်လိုက်ပါက ဝူယွမ်၏ လက်စားချေမှုကို ခံရမည်ကို သူ စိုးရိမ်နေမိသည်။

အကြိမ်ကြိမ် စဉ်းစားပြီးနောက် စုန်မိသားစုကဲ့သို့ပင် ငါးဦးသာစေလွှတ်ရန် သူ ဆုံးဖြတ်လိုက်သည်။

ဝူယွမ်သည် ယခုအခါ ရှေးဟောင်းကျောက်တိုင် ကမ္ဘာတစ်ခုလုံးကို စီမံခန့်ခွဲနေပြီဖြစ်ရာ သူ၏အမြင်မှာ ဝေမိသားစုကိုသာ သီးသန့် ပစ်မှတ်ထားလောက်အောင် ကျဉ်းမြောင်းနေမည် မဟုတ်ပေ။

သူ့ကို စော်ကားခဲ့သူများမှာ အပြစ်ပေးခံခဲ့ရပြီးဖြစ်သည်။ ဝေမိသားစုက သူ့ကို နောက်ထပ် မိုက်မဲစွာမရန်စသရွေ့ ဝူယွမ်က သူတို့ကို ကိုင်တွယ်ဖြေရှင်းရန် စိတ်ကူးမည်မဟုတ်ပေ။

သူ့တွင် ကိုင်တွယ်ဖြေရှင်းရမည့် အမျိုးသမီးများ အများအပြား ရှိနေသေးသည်။ ထိုသို့သော အသေးအဖွဲကိစ္စများနှင့် အနှောင့်အယှက်အဖြစ်ခံရန် သူ့တွင် မည်သို့ ချိန်ရှိမည်နည်း။

မျိုးနွယ်စုကြီးငါးခုက သူတို့၏ ပါရမီရှင်များအားလုံးကို စုစည်းပြီးနောက် ဝူယွမ်က သူတို့အားလုံးကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ လျှို့ဝှက်ပို့ဆောင်လိုက်ပြီး စီစဉ်နေရာချထားပေးရန် လင်းတုန်ထံသို့ လွှဲပြောင်းပေးလိုက်သည်။

လင်းတုန်တွင် ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်း၌ လေ့ကျင့်ဖော်မရှိသဖြင့် ဝူယွမ်က ဤပါရမီရှင်များအား သူတို့၏ မာနများကို ချိုးနှိမ်ရာတွင် အတူတကွ အရင်ဆုံး လေ့ကျင့်သင်ကြားပေးရန် လင်းတုန်ကို တောင်းဆိုလိုက်ပြီးနောက် အတွင်း၌ နာခံမှုရှိစွာ လေ့လာသင်ယူစေခဲ့သည်။

ဤအရာများအားလုံးကို ပြီးစီးပြီးနောက် ဝူယွမ်သည် ထွက်ခွာရန် ပြင်ဆင်နေလေပြီ။

သို့သော်လည်း ဖိတ်ကြားမထားသော ဧည့်သည်တစ်ဦး သိုင်းပြိုင်ပွဲကျွန်းသို့ ရောက်ရှိလာခဲ့သည်။ သူသည် ကြောက်မက်ဖွယ် အရှိန်အဝါများဖြင့် ကူမိသားစုဆီသို့ တည့်မတ်စွာ ဦးတည်သွားလေသည်။

သူ၏ အရှိန်အဝါမှာ အစွမ်းထက်ပြီး ဖုံးကွယ်ထားခြင်း မရှိသဖြင့် သိုင်းပြိုင်ပွဲကျွန်း တစ်ခုလုံးရှိ လူတိုင်းက ၎င်းကို အာရုံခံသိရှိလိုက်ကြသည်။

“ဘယ်ကောင်က ဝူယွမ်လဲ၊ အပြင်ထွက်ခဲ့ပြီး လာအသေခံလိုက်စမ်း” သူသည် ကူမိသားစု၏အထက်သို့ ရောက်ရှိလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဝါး၊ အဲဒါ ဘယ်သူလဲ၊ ဝူယွမ်ကို ရန်စဝံ့သေးတယ်ပေါ့”

“သူ အသက်မရှင်ချင်တော့ဘူးလား”

“မြန်မြန်လာ၊ သွားပြီး ပွဲကြည့်ကြမယ်”

ကျွန်းပေါ်ရှိ အစွမ်းထက်ပုဂ္ဂိုလ်များက ကူမိသားစုရှိရာသို့ တစ်ယောက်ပြီးတစ်ယောက် စုရုံးလာကြသည်။

ဤကာလအတွင်း ပါရမီရှင်အမျိုးမျိုးကို ချေမှုန်းခြင်း၊ ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ် အစွမ်းထက်ပုဂ္ဂိုလ်များကို ချက်ချင်းသတ်ပစ်ခြင်းနှင့် ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များကို ဖိနှိပ်ခြင်းစသည့် ဝူယွမ်၏အောင်မြင်မှုများမှာ ကျွန်းတစ်ခုလုံးသို့ ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။

သိုင်းပြိုင်ပွဲကျွန်းသို့ ယခုလေးတင်ရောက်ရှိလာသော ဤဝူယွမ်ကို အလွယ်တကူ သွားမစသင့်ကြောင်း လူတိုင်းသိရှိထားကြသည်။

ထို့ကြောင့် တစ်စုံတစ်ယောက်က ဝူယွမ်ကို ရုတ်တရက်နှင့် ပွင့်လင်းစွာ စိန်ခေါ်လာသောအခါ လူအများ၏ စူးစမ်းလိုစိတ်ကို ချက်ချင်း လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

“အရိုးအဘိုးအိုပဲ”

“သူ ရောက်လာပြီဟေ့”

“ဟားဟား၊ တကယ်ပဲ အဲဒီလူအိုကြီးကိုး၊ သူက တော်တော်ဆိုးတာ၊ ဝူယွမ်က သူ့ကို ရိုက်သတ်ပစ်ဖို့ မျှော်လင့်ပါတယ်”

“အရိုးအဘိုးအိုက ဆန်းကြယ်သေခြင်းအဆင့်ကို မရောက်သေးဘူးဆိုတော့ အခုတော့ သူ ခံရတော့မှာပဲ”

“သူ့ကို ချန်လော့က ပြန်သွားပြီးခေါ်လာတာနေမယ်၊ သူတို့ မရှိတဲ့အချိန်အတွင်း ဝူယွမ် ဘာတွေလုပ်ခဲ့လဲဆိုတာ သူတို့ မသိလောက်ဘူးမလား”

“ဒါပေါ့၊ ချန်လော့ ထွက်သွားတုန်းက သိုင်းပြိုင်ပွဲက ကျင်းပနေတုန်းပဲလေ၊ အခုဆို တစ်လလောက် ရှိတော့မယ်”

အရိုးအဘိုးအိုက ဝူယွမ်အား ပြဿနာလာရှာသည်ကို လူများ မြင်တွေ့ရသောအခါ သူတို့အားလုံးက ဝမ်းသာအားရ ဖြစ်နေကြသည်။

အရိုးအဘိုးအို၏ နာမည်ဂုဏ်သတင်းမှာ ထျန်းဖုန်း ပင်လယ်နယ်မြေတွင် သိပ်မကောင်းလှပေ။

၎င်းကို သူ့တပည့်နှစ်ဦး၏ အပြုအမူများမှတစ်ဆင့် သိမြင်နိုင်သည်။

ယခုအခါ သူက အိမ်တိုင်ရာရောက် လာရောက်ပြီး အကြောင်းရင်းကိုပင် မမေးမြန်းဘဲ သူ၏ တပည့်အတွက် မောက်မာစွာဖြင့် ဝင်ပါခြင်းက များစွာ ပြောပြနေပြီဖြစ်သည်။

“မကောင်းတော့ဘူး”

တစ်ဖက်တွင် ဝေမိသားစု ခေါင်းဆောင်က အရိုးအဘိုးအိုကို မြင်သောအခါ တိုးညှင်းစွာ ရေရွတ်လိုက်သည်။

သူတို့ ဝေမိသားစုနှင့် အရိုးအဘိုးအိုတို့သည် ဆက်ဆံရေးကောင်းမွန်ကြသည်။ ဝေမိသားစု ဘိုးဘေးအိုကြီးက သူ့အား သတိပေးချင်သော်လည်း ယခု အရိုးအဘိုးအိုသည် သူတို့ ဝေမိသားစုနှင့်ပင် တိုင်ပင်ခြင်းမရှိဘဲ ဝူယွမ်ကို တိုက်ရိုက် သွားရောက်ရှာဖွေနေလေ၏။

အကယ်၍ သူတို့က ယခု သွားရောက်သတိပေးပါက ဝူယွမ်က သူတို့ကို အရိုးအဘိုးအိုနှင့် တစ်ဖက်တည်းဖြစ်နေသည်ဟု အထင်အမြင်လွဲမှားသွားနိုင်သည်။

သူတို့သည် အခြားသော မိသားစုကြီးလေးခု၏ အကူအညီဖြင့် ဝူယွမ်နှင့် ပဋိပက္ခကို ဖြေရှင်းနိုင်ခဲ့ခါစဖြစ်ပြီး ယခုအခါတွင် ဝူယွမ်ကို ထပ်မံ မရန်စလိုကြတော့ပေ။

“ထားလိုက်တော့၊ အဲဒီအဘိုးကြီးက သူ့ဘာသာသူ ပြဿနာရှာတာပဲ၊ သွားပါစေတော့” နောက်ဆုံးတွင် ဝေကျန်းက လျစ်လျူရှုရန်သာ ရွေးချယ်လိုက်တော့သည်။

All Chapters