← Chapters

အခန်း (၃၆၇-၃၆၈)

Vol. 37 Ch. 367-368

အခန်း (၃၆၇-၃၆၈)

Vol. 37 Ch. 367-368

အခန်း (၃၆၇) - သန့်စင်ယွမ်ရတနာကို ရယူခြင်းနှင့် ကောင်းကင်ကုန်သည်မြို့တော်သို့ ရောက်ရှိခြင်း(၁)

(ဘာသာပြန်သူမှတ်ချက်။ ။ Martial Universe မှာ ဆန်းကြယ်ရှင်ခြင်းအဆင့်ကို အစောပိုင်း အလယ်အလတ်နဲ့ အထွတ်အထိပ် ခြေလှမ်း၀က်သေခြင်းအဆင့် ဆိုပြီး ပါတယ်ပေါ့နော်၊ ဒါပေမဲ့ ဒီမှာတော့ အစကတော့ အဲ့သုံးခုပဲဆိုပေမဲ့ အခု မဟာပြည့်စုံခြင်းအဆင့် ဆိုပြီး Eweb Pageမှာ ပြောင်းသုံးထားပါတယ်၊ အတိအကျတော့ မသိပေမဲ့ ဝူယွမ်ရဲ့ လက်ရှိအဆင့်နေရာ ပြောင်းသုံးထားတာမလို့ အထွတ်အထိပ် အစား မဟာပြီးပြည့်စုံခြင်းအဆင့်လို့ ပြောင်းသုံးသွားပါ့မယ်၊ နောက်ပိုင်းမှာ အဆင့်အမှားအယွင်းလေးရှိရင်လည်း နားလည်ပေးကျပါ၊ သေချာပြန်ဖြေပေးပါ့မယ်၊ အခုတစ်လော အလုပ်များပြီး ကြိုမဖတ်ဖြစ်တော့ ဘယ်အဆင့်ကိုပြောချင်တယ်ဆိုတာ သေချာမသိခဲ့လို့ပါ)

သင်္ဘောပေါ်တွင်ရှိနေသော ရှန်ထူကျွယ်၏ ခန္ဓာကိုယ်မှ ထုတ်လွှင့်နေသော ယွမ်စွမ်းအင် လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် သူ၏ စွမ်းအားမှာ ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားလှသည်။

သို့သော်လည်း တပ်မှူးရှ၏ အမြင်တွင်မူ သင်္ဘောအခန်းတွင်းမှ ထွက်လာခါစဖြစ်သော ဝူယွမ်သည်သာ ဤသင်္ဘောပေါ်တွင် အမြင့်ဆုံးသော အဆင့်အတန်းရှိသူဖြစ်ပြီး ရှန်ထူကျွယ်မှာ ကိုယ်ရံတော်တစ်ဦးနှင့် ပိုတူသည်ဟု ခံစားရသည်။

ဝူယွမ်၏ကျင့်ကြံမှုအဆင့်မှာ သူနှင့် အတူတူပင်ဖြစ်ပြီး နှစ်ဦးစလုံးမှာ ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်တွင် ရှိနေကြသည်။

ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကိုပင် ကိုယ်ရံတော်အဖြစ် ခန့်အပ်ထားနိုင်စွမ်းရှိသူတစ်ဦး၏ အဆင့်အတန်းမှာ လုံးဝ ရိုးရှင်းမည်မဟုတ်ကြောင်း တပ်မှူးရှခံစားမိသဖြင့် သူ သိပ်ပြီး မမောက်မာရဲတော့ပေ။

အထဲသို့ တိုက်ရိုက်ဝင်ရောက် စစ်ဆေးမည့်အစား သင်္ဘောဦးပိုင်းတွင်ရပ်ကာ အရင်ဆုံး မေးမြန်းစုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

သူတို့၏ သွေးနတ်ဆိုးငါးမန်း မျိုးနွယ်စုမှာ အသေးအဖွဲ အင်အားစုတစ်ခု မဟုတ်ပေ။ ထျန်းဖုန်း ပင်လယ်နယ်မြေရှိ အင်အားအကြီးဆုံး အင်အားစုနှစ်ခုဖြစ်သော မိစ္ဆာလေ လျှို့ဝှက်ဂူနှင့် ချန်ခွန်း လျှို့ဝှက်ဂူတို့ပင်လျှင် သူတို့ကို အလွယ်တကူ ရန်မစဝံ့ကြပေ။

တပ်မှူးရှက ဤလူ၏ အဆင့်အတန်း မည်မျှပင် မြင့်မားနေပါစေ အလွန်ဆုံး လျှို့ဝှက်ဂူနှစ်ခုမှ တစ်ခုခုက ဖြစ်နိုင်ပြီး သူတို့အနေဖြင့် ရန်စနိုင်စွမ်းရှိသေးသည်ဟု တွေးတောလိုက်သည်။

“အောက်ဆင်းသွားစမ်း”

သို့သော်လည်း ဝူယွမ်သည် သူ့ကို ခပ်ဖျော့ဖျော့ တစ်ချက်သာကြည့်ပြီး အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

သူ၏ အသံမှာ မကျယ်လောင်သော်လည်း အလွန်တရာ တည်ငြိမ်နေသဖြင့် တပ်မှူးရှကို အလွန်ပြင်းထန်သော ဖိအားတစ်ခု ပေးစွမ်းလိုက်သကဲ့သို့ ဖြစ်သွားသည်။

“သခင်လေး၊ ငါတို့ သွေးနတ်ဆိုးငါးမန်းတွေက ပစ်မှတ်တစ်ခုကို ရှာဖွေနေတာပါ၊ မင်းတို့ရဲ့ သင်္ဘောပေါ်မှာ မရှိဘူးဆိုတာ သေချာသွားရင် ငါတို့ ထွက်သွားပါ့မယ်” တပ်မှူးရှက သူ၏ ဒေါသကို မြိုသိပ်ကာ ပြန်လည်ပြောဆိုလိုက်သည်။

“သူ့ကို မောင်းထုတ်လိုက်စမ်း”

ဝူယွမ်က တပ်မှူးရှကို လှည့်ပင်မကြည့်တော့ဘဲ ရှန်ထူကျွယ်ကို အမိန့်ပေးလိုက်သည်။

သေသပ်သော အသွင်အပြင်ရှိသည့် ရှန်ထူကျွယ်သည် ဝူယွမ်၏ အမိန့်ကို ရရှိသည်နှင့် ထပ်မံစကားမပြောတော့ဘဲ ချက်ချင်းပင် လက်သီးတစ်ချက် ပစ်သွင်းကာ တပ်မှူးရှကို တိုက်ခိုက်လိုက်သည်။

သူသည် ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်သို့ ယခုလေးတင် ချိုးဖောက်ဝင်ရောက်ထားပြီး သူ၏စွမ်းရည်များကို မစမ်းသပ်ရသေးပေ။ သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအား မည်မျှရှိသည်ကို သူ သိလိုပြီး ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်တွင် ရှိနေသော တပ်မှူးရှမှာ အလွန်ကောင်းမွန်သော ပြိုင်ဘက်တစ်ဦး ဖြစ်သည်။

“ဝုန်း၊”

အသူရာခန္ဓာကိုယ်၏ မဟာပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသော ရှန်ထူကျွယ်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည်။ လက်သီး တစ်ချက်တည်းဖြင့်ပင် တပ်မှူးရှကို သင်္ဘောပေါ်မှ လွင့်စင်သွားစေခဲ့သည်။

“နောက်တစ်ခါ လမ်းလာပိတ်ရင် သေမယ်မှတ်” ရှန်ထူကျွယ်က အေးစက်စက် မျက်လုံးများဖြင့် ပြောလိုက်သည်။

တပ်မှူးရှ၏ မျက်နှာမှာ ပြာနှမ်းသွားသော်လည်း ယခုလေးတင် ထိုးလိုက်သော ရှန်ထူကျွယ်၏လက်သီးချက်က သူ၏သွေးချီများကို ဆူပွက်သွားစေခဲ့သည်။

“သူတို့ကို သွားခွင့်ပြုလိုက်”

တပ်မှူးရှက လမ်းဖယ်ပေးလိုက်သည်။

ဝူယွမ်နှင့် သူတို့၏သင်္ဘော အဝေးသို့ ရောက်သွားပြီးနောက်။

အဖွဲ့ဝင်တစ်ဦးက မကျေမနပ်ဖြင့် မေးလိုက်သည်။ “တပ်မှူး၊ သူတို့ကို ဒီလိုပဲ သွားခွင့်ပြုလိုက်တော့မလို့လား”

“သူတို့ကို သွားခွင့်ပြုလိုက်ရမယ်လား” ထိုစကားကို ကြားသောအခါ တပ်မှူးရှ၏ မျက်နှာတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ချက်ချင်း ပေါ်ထွက်လာသည်။

သူက ရက်စက်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ဒီလူတွေနဲ့ ငါတို့ ပထမဆုံး တွေ့ခဲ့တာ လွန်ခဲ့တဲ့ သုံးရက်ကပဲ၊ ဒီသုံးရက်လုံးလုံး သူက ဒီနေရာမှာပဲ ရှိနေခဲ့တာ၊ ဒီပင်လယ်နယ်မြေက အရမ်းကို လူသူကင်းမဲ့တာကို ဘာလို့ ဒီလို ခေါင်ဖျားတဲ့နေရာမှာ သုံးရက်လုံးလုံး အပျော်သက်သက် နေရမှာလဲ”

“ပြီးတော့ မုလင်းရှန် ပျောက်သွားတဲ့ လမ်းကြောင်းက သူတို့ လာတဲ့ လမ်းကြောင်းနဲ့ အတူတူပဲ၊ မုလင်းရှန်က သူတို့ သင်္ဘောပေါ်မှာ ရှိနေတာ သေချာတယ်”

“အချက်ပြလိုက်၊ တခြားတပ်မှူးတွေကိုပါ ခေါ်လိုက်” တပ်မှူးရှက သူ၏ဘေးရှိ သွေးနတ်ဆိုးငါးမန်းတစ်ကောင်ကို ညွှန်ကြားလိုက်သည်။

... သင်္ဘောကြီးက ဆက်လက်ရွက်လွှင့်သွားလေသည်။

“ဂိုဏ်းချုပ်ကြီး၊ သွေးနတ်ဆိုးငါးမန်း မျိုးနွယ်စုက ကစဉ်ကလျားမိစ္ဆာပင်လယ်မှာ အမြဲတမ်း မောက်မာပြီး ရက်စက်ကြမ်းကြုတ်စွာ ပြုမူတတ်တယ်၊ အဲဒီ သွေးနတ်ဆိုးငါးမန်းတွေက ဒီကိစ္စကို အလွယ်တကူ ကျေအေးမှာ မဟုတ်ဘူး၊ သူတို့ကို ကိုင်တွယ်တဲ့နေရာမှာ ကျွန်တော်တို့ သတိထားရမယ်” ရှန်ထူကျွယ်က ဝူယွမ်၏ ဘေးသို့ လျှောက်သွားကာ ပြောလိုက်သည်။

“သူတို့က အကောင်းအဆိုး မခွဲခြားတတ်ရင် ဆာရှီမီလုပ်စားပစ်လိုက်ပေါ့” ဝူယွမ်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

သူ့အ‌တွေးမှာ ရှင်းလှပေသည်။ မကျေနပ်မှုရှိရင် ရှင်းပစ်လိုက်ရုံပဲလေ။

‘အဲဒီ သွေးနတ်ဆိုးငါးမန်းတွေက မုလင်းရှန်ကို ဒဏ်ရာရစေခဲ့ပြီး သင်ခန်းစာ မပေးရသေးဘူး၊ သူတို့က လက်မလျှော့သေးဘူးဆိုရင် ငါ ဝူယွမ်က သူတို့အားလုံးကို ရှင်းလင်းပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး'

“မင်းတို့ နောက်ယောင်ခံ လိုက်ခံနေရတယ်” ဟွမ်က စိတ်ချင်းဆက်သွယ်ကာ သတင်းပို့လာသည်။

“ဟင်” ဝူယွမ် အနည်းငယ် တွေဝေသွားသည်။ သူ လုံးဝ သတိမထားမိခဲ့ပေ။

“အဲဒါ ရေအောက်ကနေ လိုက်နေတဲ့ သွေးနတ်ဆိုးငါးမန်း မျိုးနွယ်စုရဲ့ ထူးခြားတဲ့ နောက်ယောင်ခံလိုက်တဲ့ နည်းလမ်း ဖြစ်ရမယ်” ဟွမ်က သူ့ကို သတိပေးလိုက်သည်။

“ခုနက တပ်မှူးရှ ဆိုတဲ့ကောင်က မင်းရဲ့ စွမ်းအားကို သတိထားမိလို့ နေမယ်၊ သူတစ်ယောက်တည်း မင်းကို တိုက်ခိုက်ရင် ဖမ်းနိုင်မယ်လို့ ယုံကြည်ချက် သိပ်မရှိလို့ ဖြစ်မယ်၊ ဒီအခြေအနေမှာ သူက မင်းတို့ရဲ့ သတိကို လျော့နည်းသွားအောင် ကြိုးစားနေတာ သက်သက်ပဲ၊ တခြား အကူအညီတွေ ရောက်လာတာနဲ့ သူ မင်းတို့ကို ဝိုင်းဝန်းတိုက်ခိုက်ဖို့ သေချာပေါက် ကြိုးစားလိမ့်မယ်”

ဝူယွမ်က ချက်ချင်း တုံ့ပြန်လာသည်။ “ဒါဆိုလည်း ကောင်းတာပေါ့၊ သူတို့အားလုံးကို တစ်ခါတည်း ဖမ်းပစ်လိုက်ကြတာပေါ့”

အဝေးရှိ ပင်လယ်ပြင်ပေါ်တွင် လူတစ်ယောက်က အနီရင့်ရောင် အကြေးခွံအပြားတစ်ခုကို ထုတ်ယူလိုက်ရာ ၎င်းပေါ်တွင် အလင်းရောင်များ စီးဆင်းသွားသည်။ ဤအချိန်တွင် ထိုအကြေးခွံအပြားအတွင်း၌ အနီရောင်အစက်လေးတစ်ခုက တဖျတ်ဖျတ် လက်နေသည်။

“သူတို့ ရပ်သွားပြီ၊ တပ်မှူးရှကို မြန်မြန်သွား အကြောင်းကြားလိုက်” သွေးနတ်ဆိုးငါးမန်းတစ်ကောင်က ပြောလိုက်သည်။

မကြာမီတွင် ဝူယွမ်နှင့် သူ၏ အဖော်များ ရှိနေသော ပင်လယ်နယ်မြေသည် ရုတ်တရက် လှိုင်းတံပိုးများထန်လာခဲ့သည်။

ဝူယွမ်သည် သူ၏ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ထားပြီးဖြစ်ရာ ချဉ်းကပ်လာသော ပင်လယ်မိစ္ဆာများကို ချက်ချင်းအာရုံခံမိလိုက်သည်။

“ညီနှစ်၊ ရှောင်ယန်၊ အလုပ်လုပ်ချိန် ရောက်ပြီ”

ရှေးဟောင်းကျောက်တိုင်မှ လေဟာနယ်တံခါးတစ်ခု တဖျတ်ဖျတ်လက်သွားပြီး လင်းတုန်နှင့် ရှောင်ယန်တို့ ထွက်လာကြသည်။

“ဒီတစ်ခါ ပြိုင်ဘက်တွေက သွေးနတ်ဆိုးငါးမန်းတွေပဲ၊ မင်းတို့ တစ်ခါမှ မမြင်ဖူးသေးတဲ့ မျိုးစိတ်သစ်တွေ၊ ပင်လယ်သားရဲတွေလေ” ဝူယွမ်က လင်းတုန်နှင့် ရှောင်ယန်ကို ပြောလိုက်သည်။

သူတို့နှစ်ဦးလုံးမှာ ယခုအခါ ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။

“အို၊ ဒါဆို ငါတို့ သေချာ စမ်းသပ်ကြည့်ရမှာပေါ့” လင်းတုန်နှင့် ရှောင်ယန်တို့က စိတ်ဝင်စားသွားကြသည်။

ရွှီး၊ ရွှီး၊ ရွှစ်...

လှိုင်းတံပိုးများ ဆူပွက်လာပြီး သွေးနတ်ဆိုးငါးမန်းများက ရေထဲမှ ထွက်ပေါ်လာကာ ဧရာမသင်္ဘောကြီးကို ဝန်းရံလိုက်ကြသည်။

တပ်မှူးရှသည် ဆန်းကြယ်ရှင်ခြင်းအဆင့်တွင် ရှိကြသော သွေးနတ်ဆိုးငါးမန်း ဒါဇင်ကျော်နှင့်အတူ ထွက်ပေါ်လာခဲ့သည်။

“ငါ မင်းတို့ကို အခွင့်အရေးပေးခဲ့တယ်၊ ဒါပေမယ့် မင်းတို့က အသုံးမကျဘူး” တပ်မှူးရှက ဝူယွမ်ကို လှောင်ပြောင်လိုက်သည်။

“ဟုတ်တယ်၊ ငါ မင်းကို အခွင့်အရေးပေးခဲ့တယ်၊ ဒါပေမယ့် မင်းက အသုံးမကျဘူး၊ ငါဘာလုပ်နိုင်မှာလဲ” ဝူယွမ်က တပ်မှူးရှ၏စကားများကို ပြန်လည်ရွတ်ဆိုလိုက်ပြီး သူ့ကို ခေါင်းယမ်းပြကာ သောက်ရန်အတွက် အုန်းသီးတစ်လုံးကို ထုတ်ယူလိုက်သည်။

လင်းတုန်၊ ရှောင်ယန်နှင့် ရှန်ထူကျွယ်တို့က ချက်ချင်းတိုက်ခိုက်လိုက်ကြပြီး များစွာသော သွေးနတ်ဆိုးငါးမန်းများဆီသို့ တိုက်ရိုက် ပြေးဝင်သွားကြသည်။

“နောက်ထပ် ဆန်းကြယ်ရှင်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေပါလား၊”

တပ်မှူးရှက အသစ်ထပ်တိုးလာသော လင်းတုန်နှင့် ရှောင်ယန်ကို ကြည့်ကာ လုံးဝ တွေဝေသွားလေသည်။

“လိပ်နက် မှောက်လှန်တံဆိပ်”

လင်းတုန်သည် သူ့ဆီသို့ တိုက်ရိုက် ပြေးဝင်လာခဲ့ပြီဖြစ်သည်။ ယွမ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ ပင်လယ်ရေကို ဆွဲယူလိုက်ပြီး တိုက်ခတ်နေသော အမည်းရောင် လိပ်နက်ရေလှိုင်းများအောက်တွင် ဧရာမ လိပ်နက်သားရဲတံဆိပ်ကြီးတစ်ခု အသွင်ပြောင်းသွားကာ တပ်မှူးရှနှင့် အခြားသူများအပေါ်သို့ ရိုက်ချလိုက်သည်။

တံဆိပ်တစ်ချက်တည်းဖြင့် တပ်မှူးရှ၏ ပတ်ဝန်းကျင်ရှိ သွေးနတ်ဆိုးငါးမန်းများအားလုံး ပင်လယ်ပြင်ပေါ်တွင် လွင့်မျောနေသော အလောင်းများ ဖြစ်သွားကြသည်။

တပ်မှူးရှ တစ်ယောက်တည်းသာ အသက်ရှင်လျက် ကျန်ရစ်တော့သည်။

“အသူရာ မိစ္ဆာမြေ အကျဉ်းထောင်”

“ဗာမီလီယံအစစ်အမှန်မီးတောက်”

ရှန်ထူကျွယ်နှင့် ရှောင်ယန်တို့သည် သွေးနတ်ဆိုးငါးမန်းအုပ်စုကို စတင် သတ်ဖြတ်နေကြပြီဖြစ်သည်။

ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်သို့ပင် မရောက်သေးသော ဤသွေးနတ်ဆိုးငါးမန်းများကို သူတို့၏စွမ်းအားဖြင့် ရင်ဆိုင်ရာတွင် ကြက်များကို သတ်ဖြတ်နေရသကဲ့သို့ပင်။

“ငါတို့ သွေးနတ်ဆိုးငါးမန်း မျိုးနွယ်စုကို ရန်စရင် မင်းတို့ ကောင်းကောင်းအဆုံးသတ်ရမှာ မဟုတ်ဘူး”

တပ်မှူးရှက အခြေအနေ မကောင်းကြောင်း မြင်သောအခါ ရေထဲသို့ခုန်ဆင်းကာ ထွက်ပြေးရန်ပြင်လိုက်သည်။

“ထွက်ပြေးချင်တာလား၊

လင်းတုန်က အေးစက်စွ နှာခေါင်းရှုံ့လိုက်သည်။ လိပ်နက်၏အမွေကို ရရှိထားသဖြင့် သူသည် ပင်လယ်ထဲတွင် ရေထဲက ငါးတစ်ကောင်ပမာ ဖြစ်နေပြီး သူ၏ အရှိန်မှာ တပ်မှူးရှထက် လုံးဝ နောက်ကျနေခြင်း မရှိပေ။

“သေစမ်း၊ ငါ ဒီရတနာကို သုံးမှရတော့မယ်”

တပ်မှူးရှ၏ လက်ထဲတွင် အလင်းတစ်ချက်လက်သွားပြီး အနီရောင် သေတ္တာတစ်လုံး ပေါ်လာသည်။ အဖုံး ပွင့်သွားပြီးနောက် တစ်ပေခန့် အရွယ်အစားရှိသော သွေးရောင် အရာဝတ္ထုတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ဤအရာ ပေါ်လာသည်နှင့်တစ်ပြိုင်နက် အံ့မခန်း ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု တိတ်တဆိတ် ပြန့်ကျဲသွားသည်။

လင်းတုန်က သွေးရောင်အရာဝတ္ထုကို ဝမ်းသာမှု အရိပ်အယောင်အနည်းငယ်ဖြင့် ကြည့်လိုက်သည်။ ၎င်းမှာ သွေးရောင် ပုံစံများဖြင့် ဖုံးလွှမ်းနေသော ချွန်ထက်သည့် သွားတစ်ချောင်းဖြစ်ပုံရပြီး ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက ၎င်းကို လွှမ်းခြုံထားသည်။

“သန့်စင်ယွမ်ရတနာလား”

အခန်း (၃၆၈) - သန့်စင်ယွမ်ရတနာကို ရယူခြင်းနှင့် ကောင်းကင်ကုန်သည်မြို့တော်သို့ ရောက်ရှိခြင်း(၂)

အငွေ့အသက် လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် ၎င်းသည် သန့်စင်ယွမ်ရတနာ အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

“ဒါက ငါတို့ သွေးနတ်ဆိုးငါးမန်း မျိုးနွယ်စုရဲ့ ‘မိစ္ဆာငါးမန်းသွား’ ပဲ၊ မင်း ဆက်ပြီး လိုက်လာမယ်ဆိုရင် သတိထားရမယ်” တပ်မှူးရှက ခြိမ်းခြောက်လိုက်သည်။

သူ တန်ပြန်တိုက်ခိုက်ရန် မဝံ့မရဲ ဖြစ်နေသည်။

မိစ္ဆာငါးမန်းသွားဖြင့် လင်းတုန်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်သော်လည်း ပြိုင်ဘက်ဘက်တွင် သူ့ထက်မနိမ့်ကျသော အစွမ်းထက်ပုဂ္ဂိုလ်သုံးဦး ကျန်ရှိနေသေး၏။ အရှုပ်အထွေးများဖြစ်လာပါက သူ့အတွက် အကျိုးရှိမည် မဟုတ်ပေ။

“ဘယ်လိုလုပ် ဆက်မလိုက်ဘဲနေမလဲ” လင်းတုန်က ရယ်မောကာ ပြောလိုက်ပြီး ပို၍ပင် စိတ်ဝင်စားသွားသည်။

အဘယ်ကြောင့်ဆိုသော် မိစ္ဆာငါးမန်းသွားတွင် မိစ္ဆာငါးမန်း၏ သွေးစွမ်းအားများ ပြင်းထန်စွာ ပါဝင်နေပြီး ၎င်းက သူ၏ ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံတံကို အနည်းငယ် စိတ်မရှည်ဖြစ်လာစေသောကြောင့်ပင်။

အကယ်၍ သူသာ ဤမိစ္ဆာငါးမန်းသွားကို စုပ်ယူနိုင်ပါက သူ၏ ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံတံကို သန့်စင်ယွမ်ရတနာတစ်ခုအဖြစ် အဆင့်မြှင့်တင်လို့ရနိုင်ပေသည်။

“ကောင်းကင်အကြေးခွံ လှံသိုင်း၊ ကောင်းကင်နဂါးလှံတံ”

လင်းတုန်သည် သူ၏ ဧရာမလှံကြီးကို ဝှေ့ယမ်းကာ စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ ပြေးဝင်သွားလေသည်။

“သေစမ်း၊ ဒါဆိုရင် မင်းနဲ့ အသေအကြေ တိုက်ခိုက်ရတော့မှာပေါ့” တပ်မှူးရှက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“သွေးပူဇော်ခြင်း မိစ္ဆာသွား”

သူက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏လျှာဖျားကို ပြင်းထန်စွာ ကိုက်လိုက်ရာ ကြွယ်ဝသော စွမ်းအင်လှိုင်းများ ပါဝင်သည့် သွေးအဆီအနှစ်တစ်ပွက် ထွက်လာပြီး သွေးရောင်မိစ္ဆာသွားပေါ်သို့ ကျရောက်သွားလေသည်။

လတ်ဆတ်သော သွေးများက ၎င်းကို စွန်းထင်းသွားသည်နှင့် သွေးရောင်မိစ္ဆာသွားက ချက်ချင်း တုန်ခါသွားသည်။ ၎င်း၏ ထိပ်ဖျားတွင် သွေးရောင်အလင်းတန်းများက အပြင်ဘက်သို့ ဆန့်ထွက်သွားပြီး အလင်းတန်းများ၏ ထက်မြက်မှုက လေဟာနယ်ကိုပင် ဆုတ်ဖြဲပစ်နိုင်လောက်သည့် အရိပ်အယောင်များ ဖြစ်ပေါ်နေလေသည်။

တပ်မှူးရှက ယွမ်စွမ်းအင်များကို ရူးသွပ်စွာ လောင်းထည့်လိုက်ရာ မိစ္ဆာငါးမန်းသွားက လျင်မြန်စွာ ကြီးထွားလာသည်။ အသက်အနည်းငယ်

အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ၎င်းသည် အဝေးမှကြည့်လျှင် သွေးရောင်လှံတံကြီးတစ်ခုနှင့်တူသော ဧရာမ သွားချွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရက်စက်ပြီးကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှင့်နေသည်။

“အဆင့်နိမ့် သန့်စင်ယွမ်ရတနာတစ်ခုတောင် ပါသေးတာပဲ၊ မထင်မှတ်ထားတဲ့ အမြတ်ပဲ” သင်္ဘောပေါ်မှနေ၍ မိစ္ဆာငါးမန်းသွားကို မြင်လိုက်သော ဝူယွမ်လည်း ဝမ်းသာသွားသည်။

ဤအချိန်တွင် လင်းတုန်၏ ရှေးဟောင်းလှံတံသည် တပ်မှူး ရ၏ သွေးရောင်လှံတံကြီးနှင့် ထိပ်တိုက်တွေ့နေပြီဖြစ်သည်။

ဝင်တိုက်မိသည့်အချိန်တွင် ပင်လယ်ပြင်မှာ ချက်ချင်းပင် လှိုင်းထန်သွားလေသည်။

မြင့်မားသော လှိုင်းလုံးကြီးများက ဤအချိန်တွင် ကောင်းကင်ယံသို့ မြောက်တက်သွားပြီးနောက် ဗုံးများပမာ ပြန်လည်ကျဆင်းလာကြသည်။ မီတာတစ်သောင်း ပတ်လည်အတွင်းရှိ အရာအားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော မိုးသက်မုန်တိုင်းတစ်ခု၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးရေများကြားတွင် အမည်းရောင်အလင်းတန်းများနှင့် သွေးရောင်အလင်းတန်းများက ကောင်းကင်တစ်ဝက်စီကို နေရာယူထားကြပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများက ရူးသွပ်စွာ ပြန့်ကျဲထွက်ပေါ်လာကာ ကောင်းကင်ယံကို ဖျက်ဆီးနေကြသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်နှစ်ခုကြားရှိ အားပြိုင်မှုမှာ အချိန်သိပ်မကြာလိုက်ပေ။ သွေးရောင်အလင်းတန်းများကြားတွင် အမည်းရောင်အလင်းတန်းများက ရုတ်တရက် စုစည်းသွားပြီးနောက် ပေါက်ကွဲထွက်ပေါ်လာသည်။

လိပ်နက်ရေလှိုင်းစွမ်းအားများ ပါဝင်နေသော လင်းတုန်၏ ကောင်းကင်အကြေးခွံ လှံတံသိုင်းက သာလွန်နေသည်မှာ ထင်ရှားပြီး တပ်မှူးရှ၏ စွမ်းအားကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့သည်။

“ပြီးသွားပြီ၊ သွေးနတ်ဆိုးငါးမန်းတွေဆိုတာ ဒီလောက်ပါပဲ”

ပျံသန်းနေသော နဂါးလှံတံက တပ်မှူးရှ၏ ခန္ဓာကိုယ်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

“မလုပ်ပါနဲ့ ကောင်လေး၊ ငါတို့ သေချာစကားပြောကြရအောင်”

တပ်မှူးရှက ထိတ်လန့်သွားပြီး လင်းတုန်၏ ဧရာမလှံတံကြီးကို ပိတ်ဆို့ရန်အတွက် သွေးရောင် ဒိုင်းလွှားတစ်ခုကို ဖန်တီးကာ မိစ္ဆာငါးမန်းသွားထံသို့ သွေးအဆီအနှစ်တစ်ပွက် အလျင်အမြန် ပူဇော်လိုက်သည်။

“ဟက်ဟက်၊ ငါ့လှံကို မင်း ပိတ်ဆို့နိုင်ပေမယ့် ငါ့ရဲ့ရေကိုရော မင်းကာကွယ်နိုင်မလား”

ရှေးဟောင်းလှံတံက ရပ်တန့်သွားသော်လည်း ရှေးဟောင်းလှံတံတစ်ဝိုက်တွင် ရစ်ခွေနေသော အမည်းရောင် လိပ်နက်ရေလှိုင်းများက တပ်မှူးရှကို အပြည့်အဝ လွှမ်းခြုံသွားကာ မိစ္ဆာငါးမန်းသွားကို လိပ်နက်ရေလှိုင်းများနှင့် ခွဲခြားပစ်လိုက်သည်။

ဝူယွမ်က အဝေးမှ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ တစ်ပေခန့် ရှည်လျားသော သွေးရောင်သွားချွန်ကြီးက ပင်လယ်ရေထဲမှ လွင့်မျောလာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ၎င်းထံမှ အဆက်မပြတ် ထွက်ပေါ်နေသော်လည်း ဝူယွမ်၏ လက်ထဲသို့ ရောက်သွားသောအခါ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များအားလုံး ပျောက်ကွယ်သွားလေသည်။

လင်းတုန်သည် သတိလစ်နေသော တပ်မှူးရှကို ငါးသေတစ်ကောင်ပမာ သယ်ဆောင်လာကာ ကုန်းပတ်ပေါ်သို့ ရောက်ရှိလာသည်။

ရှောင်ယန်နှင့် ရှန်ထူကျွယ်တို့သည်လည်း အခြား သွေးနတ်ဆိုးငါးမန်းများကို ရှင်းလင်းပြီးစီးသွားကာ စစ်ပွဲမှ ရရှိသော ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ဝူယွမ်၏နောက်တွင် ရပ်နေကြသည်။

ရှန်ထူကျွယ်က ဝူယွမ်၏လက်ထဲရှိ မိစ္ဆာငါးမန်းသွားကို ကြည့်ကာ ပြောလိုက်သည်။ “ဒီမိစ္ဆာငါးမန်းသွားကို အသက်သွင်းလိုက်တိုင်း လူတစ်ယောက်ရဲ့ သွေးအဆီအနှစ်တွေကို ဝါးမျိုလေ့ရှိတယ်လို့ ပြောကြတယ်၊ ဂိုဏ်းချုပ်ကြီး၊ ဒီရတနာကို အသုံးပြုရတာ တန်ဖိုးနည်းနည်းပေးရတာမျိုး မဟုတ်ဘူး”

“အဆင့်နိမ့် သန့်စင်ယွမ်ရတနာလေးတစ်ခုကတောင် သူ့ရဲ့ စွမ်းအားကို ထုတ်လွှတ်ဖို့ သွေးပူဇော်ဖို့ လိုအပ်သေးတာလား၊ ငါ့သွေးက သူ့ထက် ပိုတန်ဖိုးရှိတယ်” ဝူယွမ်က ခေါင်းယမ်းကာ ပြောလိုက်သည်။

“ညီနှစ်၊ မင်းရဲ့ ရှေးဟောင်းလှံကို ပေးပါဦး”

ဝူယွမ်သည် ဝိညာဉ်ရတနာ နှစ်ခုကို အတူတကွ ထားရှိလိုက်ပြီး နှလုံးကြွေမီးတောက်ကို ထုတ်လွှတ်ကာ မိစ္ဆာငါးမန်းသွားကို တိုက်ရိုက် အရည်ဖျော်ပစ်လိုက်သည်။ သူသည် ၎င်းအတွင်းရှိ ဝိညာဉ်ကိုပင် ချန်မထားဘဲ အသန့်စင်ဆုံး စွမ်းအင်အဖြစ် တိုက်ရိုက် သန့်စင်လိုက်ပြီး နောက်ဆုံးတွင် ၎င်းကို ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံတံအတွင်းသို့ လောင်းထည့်လိုက်သည်။

ဝူယွမ် သန့်စင်ပြီးနောက် ကောင်းကင်အကြေးခွံ ရှေးဟောင်းလှံတံမှာ သန့်စင်ယွမ်ရတနာတစ်ခုအဖြစ် တိုက်ရိုက် အဆင့်မြှင့်တင်ခံလိုက်ရပြီး ၎င်းအတွင်းရှိ ရှေးဟောင်း နဂါးဝိညာဉ်ကလည်း ယခုလေးတင် ငါးမန်းဝိညာဉ်ကို စုပ်ယူလိုက်သဖြင့် စွမ်းအားများ မြင့်တက်လာလေသည်။

“အတန်ကြာ ပြုစုပျိုးထောင်ပေးရုံနဲ့ အရင်က မိစ္ဆာငါးမန်းသွားကို ကျော်လွန်ပြီး အလယ်အလတ်အဆင့် သန့်စင်ယွမ်ရတနာအဆင့်အထိ ရောက်ရှိသွားနိုင်တယ်” ဝူယွမ်က ရှေးဟောင်းလှံတံကို လင်းတုန်ထံသို့ ကမ်းပေးရင်း ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”

လင်းတုန်က ရှေးဟောင်းလှံတံကို စိတ်လှုပ်ရှားစွာ ယူလိုက်သည်။ ဤရှေးဟောင်းလှံတံမှာ သူ အစောပိုင်းကတည်းက ရရှိခဲ့သော ဝိညာဉ်ရတနာတစ်ခုဖြစ်ပြီး သူ၏ ခရီးစဉ်တစ်လျှောက်လုံး သူ့အနီးတွင် ရှိနေခဲ့ရာ ၎င်းနှင့် သံယောဇဉ်တစ်ခု ရှိနေပြီဖြစ်သည်။

၎င်းသည် ဤရှေးဟောင်းလှံတံ၏ ကံကောင်းမှုဟု ဆိုနိုင်ပေသည်။

အစ်ကိုကြီး၏ လက်အောက်တွင် ၎င်းသည် အဆက်မပြတ် အဆင့်မြှင့်တင်ခံရပြီး အလယ်အလတ်အဆင့် ဝိညာဉ်ရတနာတစ်ခုမှ အဆင့်မြင့်၊ မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့်နှင့် ယခု သန့်စင်ယွမ်ရတနာတစ်ခုအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာခဲ့သည်။ ၎င်း၏ ဆင့်ကဲပြောင်းလဲမှု လုပ်ငန်းစဉ်မှာလည်း အလွန် အံဩဖွယ် ကောင်းပေသည်။

“ဒီတပ်မှူးရှကို အရင်အကျဉ်းချထားလိုက်၊ နောက်ပိုင်းမှာ မသေမျိုး မြင့်မြတ်ဝေလငါးမျိုးနွယ်စုနဲ့ တွေ့ရင် သူ့ကို သူတို့ဆီ လွှဲပြောင်းပေးပြီး သွေးနတ်ဆိုးငါးမန်းတွေက သူတို့ရဲ့ မင်းသမီးလေးကို ဘာလို့ အမဲလိုက်ရဲတာလဲလို့ မေးလို့ရတာပေါ့”

ဝူယွမ်က လင်းတုန် ငါးသေတစ်ကောင်ပမာ သယ်ဆောင်ထားသော တပ်မှူးရှကို ကြည့်ကာ ပြောလိုက်သည်။

သူက လင်းတုန်နှင့် အခြားသူများကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

ဝူယွမ်နှင့် ရှန်ထူကျွယ်တို့သည် သူတို့၏ခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာလာခဲ့ကြသည်။

ငါးရက်ခန့် ကြာပြီးနောက် သူတို့သည် နောက်ဆုံးတွင် ထျန်းဖုန်း ပင်လယ်နယ်မြေကို ဖြတ်ကျော်ကာ ထျန်းရှန်း ဒေသသို့ ရောက်ရှိလာခဲ့ကြသည်။

ခရီးစဉ်အတွင်း အသုံးပြုခဲ့သော ဧရာမ သင်္ဘောကြီးနှင့် ရှန်ထူမိသားစု၏ သင်္ဘောသားများအားလုံးကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

“ဒီထျန်းရှန်းဒေသက အရမ်းကျယ်ပြောလှတဲ့ ကုန်းမြေတစ်ခုပဲ၊ ကျွန်တော်တို့ရဲ့ သိုင်းပြိုင်ပွဲကျွန်းထက် အဆတစ်ရာလောက်ပိုကြီးတယ်”

“ပြီးတော့ ဒီမှာ အင်အားအကြီးဆုံး အင်အားစုက ထျန်းရှန်း အဆောက်အအုံပဲ၊ လေလံပွဲကို ကောင်းကင်ကုန်သည်မြို့တော်မှာ ကျင်းပမှာဆိုတော့ ဂိုဏ်းချုပ်ကြီး၊ ကောင်းကင်ကုန်သည်မြို့တော်ကို တိုက်ရိုက် သွားကြတာပေါ့”

ရှန်ထူကျွယ်က လမ်းပြအဖြစ် ဆောင်ရွက်ပေးနေသည်။

ထျန်းရှန်း ဒေသမှာ အတော်လေး ကျယ်ပြောလှသည်။ ရှန်ထူကျွယ်၏ အမြင့်ဆုံးအရှိန်ဖြင့် သွားလျှင်ပင် ထျန်းရှန်း ဒေသ၏ ဗဟိုချက်သို့ ရောက်ရန် နာရီဝက်ခန့် ကြာမြင့်ပေသည်။

သိုင်းပြိုင်ပွဲကျွန်းလောက်နီးပါး ကြီးမားသော ဧရာမ မြို့တော်ကြီးတစ်ခု ဝူယွမ်၏မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။

မြို့တော်ကြီး၏ အထက်တွင် အဝါနုရောင် အလင်းဒိုင်းတစ်ခုက လွှမ်းခြုံထားသည်။ ထိုအလင်းဒိုင်းမှ တောင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ထက် များစွာ အားမနည်းသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းတစ်ခုကို ဝူယွမ် အာရုံခံမိနေသည်။ ၎င်းက ထျန်းရှန်း အဆောက်အအုံ၏ စွမ်းအားမှာ တကယ်ပင် ကြောက်မက်ဖွယ်ကောင်းကြောင်း သူ့ကို ချီးကျူးမိစေခဲ့သည်။

ကောင်းကင်ယံရှိ အလင်းဒိုင်းတွင် အစွမ်းထက်သော စွမ်းအင်လှိုင်းများ ရှိနေသော်လည်း လူများ ဝင်ရောက်လာခြင်းကိုမူ တားဆီးခြင်းမရှိပေ။

ဝူယွမ်နှင့် ရှန်ထူကျွယ်တို့ ဝင်ရောက်လာပြီး တစ်ချက်ကြည့်လိုက်ရာ မြို့တော်၏ ဗဟိုချက်တည့်တည့်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် ပေတစ်ထောင်နီးပါး မြင့်မားသော ခံ့ညားထည်ဝါသည့် အမည်းရောင် အဆောက်အအုံကြီးတစ်ခု တိတ်ဆိတ်စွာ တည်ရှိနေပြီး အလွန် သိသာထင်ရှားလှသည်။

ကျယ်ပြောလှသော အရှိန်အဝါတစ်ခု အဆောက်အအုံကြီးထံမှ ထွက်ပေါ်နေသဖြင့် အဝေးမှနေ၍ပင် ကြောက်ရွံ့ရိုသေမှုကို ခံစားရစေသည်။

ထိုမျှလောက် မြင့်မားပြီး သိသာထင်ရှားသော အဆောက်အအုံကြီးမှာ ဤထျန်းရှန်း ဒေသ၏ အုပ်စိုးသူဖြစ်သော ထျန်းရှန်း အဆောက်အအုံ၏ တည်နေရာဖြစ်ကြောင်း ထင်ရှားလှသည်။

ထိုပေတစ်ထောင်ခန့် မြင့်မားသော အဆောက်အအုံကြီးထံမှ သူ၏ နှလုံးသားကိုပင် အနည်းငယ် တုန်လှုပ်သွားစေသော စွမ်းအင်လှိုင်းတစ်ခုကို ဝူယွမ် ခံစားလိုက်ရသည်။

ထိုနေရာရှိ အစီအရင်သည် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။

“ဒီထျန်းရှန်း အဆောက်အအုံမှာလည်း ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် စောင့်ကြပ်နေပုံရတယ်”

ဝူယွမ်က တီးတိုးရေရွတ်လိုက်သည်။

“ဂိုဏ်းချုပ်ကြီး၊ ထျန်းရှန်း အဆောက်အအုံရဲ့ အဆောက်အအုံသခင်က ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ပါ” ရှန်ထူကျွယ်က ပြောပြလိုက်သည်။

ဝင်စားခြင်းအဆင့်က ဤလောကတွင် ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်နေပြီဖြစ်သည်။

အရှေ့ဘက်ရွှမ်ဒေသတွင် အထူးအစွမ်းထက်ဂိုဏ်းကြီးရှစ်ခုသာ ဤအဆင့်အတန်းရှိသော ပုဂ္ဂိုလ်များကို ပိုင်ဆိုင်ထားကြသည်။

သို့သော်လည်း ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်တည်းကို ဝူယွမ်က သိပ်ပြီး သတိထားနေရန် မလိုအပ်ပေ။

“ကောင်းကင်ကုန်သည်မြို့တော်က တော်တော်စည်ကားတာပဲ၊ ပြီးတော့ ကစဉ်ကလျားမိစ္ဆာပင်လယ်မှာ စီးပွားရေးအဖွံ့ဖြိုးဆုံး မြို့တော်တွေထဲက တစ်ခုလည်း ဖြစ်တယ်၊ ပိုင်ယွမ်၊ ယင်းဟွမ်ဟွမ်၊ ရွှမ်စု၊ ရှောင်တျောင်းနဲ့ လင်းတုန်တို့ကို အပြင်ထွက်ပြီး လမ်းလျှောက်ခိုင်းလို့ ရတယ်၊ ပြီးတော့ ဂိုဏ်းအတွက်လိုအပ်တဲ့ အရင်းအမြစ်တချို့ကိုလည်း ဝယ်လို့ရတာပေါ့၊”

ဝူယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

ရှေးဟောင်းကျောက်တိုင် ကမ္ဘာသည် ယခုအခါ သာမန်နေ့စဉ်ဘ၀ စား၀တ်နေရေးဖူလုံနေပြီဖြစ်သော်လည်း အဆင့်မြင့် အရင်းအမြစ်အချို့ကိုမူ ပြင်ပကမ္ဘာမှ ဖြည့်ဆည်းရန် လိုအပ်နေသေးသည်။

ဝူယွမ်သည်လူသူကင်းမဲ့ပြီး တိတ်ဆိတ်သော နေရာတစ်ခုကို ရှာဖွေကာ လေဟာနယ်တံခါးတစ်ခုကို ဖွင့်လှစ်လိုက်ပြီး ပိုင်ယွမ်၊ ယင်းဟွမ်ဟွမ်၊ ရွှမ်စု၊ ရှောင်တျောင်းနှင့် လင်းတုန်တို့ကို အပြင်သို့ ခေါ်ထုတ်လိုက်သည်။

သူတို့အားလုံးက ကောင်းကင်ကုန်သည်မြို့တော်တွင် အတူတကွ လည်ပတ်ကြမည် ဖြစ်သည်။

All Chapters