အခန်း (၃၄၇)
Vol. 35 Ch. 473
အခန်း။ ၃၄၇
ထန်ချီချီ၏ ဒိုင်းလွှာသည် ရန်သူများကို ပိတ်ဆို့ဟန့်တားရန်အတွက်လည်း အသုံးပြုနိုင်သည်။
နာရီဝက်ခန့် ကြာပြီးနောက် ဒုတိယနှင့် တတိယခံစစ်မျဉ်းများတွင် ဖြစ်ပွားနေသော ရုန်းရင်းဆန်ခတ်မှုများကို နှိမ်နင်းနိုင်ခဲ့ပြီဖြစ်သည်။
ကျင့်ကြံသူ အမြောက်အမြား အပြင်းအထန် ဒဏ်ရာရခြင်း သို့မဟုတ် အသက်ဆုံးရှုံးခြင်းများ ရှိခဲ့သော်လည်း ယခုအခြေအနေမှာ အနည်းဆုံးသော ဆုံးရှုံးမှုပင်။
စစ်သည်တော်များသည် စစ်မြေပြင်မှ ပြန်လည်ဆုတ်ခွာလာကြသည်။ သူတို့အားလုံးမှာ ကျားမလေးက စစ်မြေပြင်တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားသည်ကို အံ့ဩမှင်သက်စွာဖြင့် ကြည့်နေကြရသည်။
"တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်ပဲ"
"ဟိုရွှေရောင်မျှော်စင်ငယ်လေးက သူမရဲ့ ကောင်းကင်ပေး နတ်ဘုရားစွမ်းရည်လား ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ခံစားရတယ်"
စစ်မြေပြင်မှ အရင်ဆုံး ဆုတ်ခွာလာသော စစ်သည်တော်များသည် ဝေးလံသော စစ်မြေပြင်ဆီသို့ လှမ်းကြည့်နေကြသည်။ သူတို့မှာ မနေနိုင်ဘဲ တုန်လှုပ်နေကြ၏။
တကယ့်ကို သန်မာလွန်းတယ်။
"ပြီးတော့ သူမက ကိုယ်ဖျောက်နိုင်တဲ့ပုံပဲ... ငါမှတ်မိသလောက်ဆိုရင် တစ်ယောက်တည်း တိုက်ခိုက်နိုင်တဲ့ အဲဒီလူကြီးလည်း ကိုယ်ဖျောက်နိုင်တယ် မဟုတ်လား"
"သူမက နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းက စူပါပါရမီရှင်တစ်ယောက် ဖြစ်နိုင်မလား"
"ဖြစ်မှာပါ"
"နတ်ဘုရားသတ်အဖွဲ့ပဲ သူမက နတ်ဘုရားသတ်အဖွဲ့ဝင်တစ်ယောက် ဖြစ်ရမယ် ဒါပေမဲ့ သူမအဖွဲ့သားတွေက မလိုက်လာကြဘူးလား"
"ဒါ... သူမအဖွဲ့သားတွေကလည်း ကိုယ်ဖျောက်ထားတာ ဖြစ်နိုင်မလား"
စစ်သည်တော်တစ်ဦး၏ စကားကြောင့် ကြည့်နေသော ကျင့်ကြံသူအားလုံးမှာ တိတ်ဆိတ်သွားကြသည်။
"ဖြစ်နိုင်တယ်"
စစ်မြေပြင်တွင်မူ ကျားမလေးသည် ခြိမ်းခြောက်မှုအားလုံးကို သုတ်သင်ပြီးနောက် သူမ၏ အဖွဲ့သားများနှင့်အတူ လျင်မြန်စွာ ဆုတ်ခွာခဲ့သည်။
မကြာမီမှာပင် သူတို့အားလုံး ဘေးကင်းဇုန်အတွင်းသို့ ပြန်လည်ရောက်ရှိလာကြသည်။
ဘေးကင်းဇုန်သို့ ရောက်သည့်အခါတွင်မူ ကျူးယွီဟန်၊ နင်ရွှမ်၊ ထန်ချီချီနှင့် ကွမ်းရှင်းတို့အားလုံး ကိုယ်ထင်ပြလိုက်ကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော စစ်သည်တော်များမှာ မျက်လုံးအပြူးသား ဖြစ်သွားကြ၏။
"တကယ်ပဲ နတ်ဘုရားသတ်အဖွဲ့ ဖြစ်နေတာပဲ။ နတ်ဘုရားသတ်အဖွဲ့က ငါတို့ကို ကယ်လိုက်တာ"
"ကျေးဇူးတင်ပါတယ်"
တစ်စုံတစ်ယောက်က အော်ဟစ်၍ ကျေးဇူးတင်လိုက်သည်။ သူတို့၏ မိသားစုများကို တွေးတောမိသောကြောင့်ပင်။ အကယ်၍ သူတို့သာ စစ်မြေပြင်တွင် သေဆုံးသွားခဲ့ပါက သူတို့၏ မိသားစုများမှာ အားကိုးရာမဲ့သွားပေလိမ့်မည်။ ယခုမူ ဘေးကင်းစွာ ကယ်တင်ခံလိုက်ရသဖြင့် သူတို့၏ နှလုံးသားထဲတွင် ကျေးဇူးတင်ရှိမှုများ ပြည့်နှက်နေတော့သည်။
"ကျေးဇူးရှင်တို့... အဖွဲ့နာမည်လေး သိခွင့်ရှိမလားခင်ဗျာ"
ကျားမလေးနှင့် သူမ၏ အဖွဲ့သားများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ထို့နောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် တစ်ပြိုင်နက်တည်း ဖြေကြားလိုက်ကြသည်။
"အံ့ဖွယ်ပါ"
သူတို့မှာ အမှန်တကယ်ပင် ဂုဏ်ယူနေကြခြင်းပင်။
"အံ့ဖွယ်လား အံ့ဖွယ်နတ်ဘုရားသတ်အဖွဲ့ပေါ့"
"အရင်က ဒီနာမည်မျိုး မကြားဖူးပါဘူး။ ဒီမျိုးဆက်သစ်ရဲ့ အဖွဲ့သစ်များလား"
"ငါတော့ နည်းနည်းမှတ်မိသလိုရှိတယ်... ကြေညာချက်တွေထဲမှာ ဒီနှစ်ရဲ့ အဆင့်တစ်ရတဲ့ နတ်ဘုရားသတ်အဖွဲ့လို့ ဖော်ပြထားတယ်"
"ဟုတ်လို့လား ဒီနှစ် နတ်ဘုရားသတ်အဖွဲ့ဝင်တွေရဲ့ ပျမ်းမျှအသက်က ၁၃ နှစ်ပဲ ရှိသေးတာ မဟုတ်လား ၁၃ နှစ်နဲ့တင် သွေးစွမ်းအင်တန်ဖိုး တစ်သန်းရှိတဲ့ သားရဲတွေကို အဆက်မပြတ် သုတ်သင်နိုင်တယ် ဟုတ်လား"
တစ်စုံတစ်ယောက်က မယုံကြည်နိုင်လောက်အောင် အော်ဟစ်လိုက်သည်။
ပွဲဦးထွက်မှာတင် ဤမျှလောက် သောင်းကျန်းပြနိုင်သည်မှာ သာမန်အသိတရားထက် ကျော်
လွန်နေသည်။ သူတို့သည် အသက်ရှစ်နှစ်မှစ၍ ကျင့်ကြံခဲ့လျှင်တောင် အများဆုံး ငါးနှစ်ခန့်သာ ရှိဦးမည်။ မကြုံစဖူး ပါရမီရှင်များဖြစ်၍ တစ်နှစ်လျှင် သွေးစွမ်းအင်တန်ဖိုး ၂ သောင်းနှုန်း တိုးခဲ့လျှင်တောင် စုစုပေါင်း ၁ သိန်းသာ ရှိဦးမည်ပင်။
"ဘာ... သွေးစွမ်းအင်တန်ဖိုး တစ်သန်းအဆင့်ရှိတဲ့ သားရဲတွေကိုတောင် သတ်နိုင်တယ် ဟုတ်လား။ ပြီးတော့ အဲဒီလောက်များတဲ့ သားရဲတွေကို နာရီဝက်လေးအတွင်းမှာတင် အပြတ်ရှင်းနိုင်ခဲ့တယ်ဆိုတာကတော့... မယုံနိုင်စရာပဲ"
သူတို့သည် တကယ့်ကို ပါရမီရှင်များထဲမှ မိစ္ဆာလေးများပင်။
လူတိုင်းမှာ အံ့ဩမှင်သက်ခြင်းများနှင့် ပြည့်နှက်နေစဉ်အတွင်း အံ့ဖွယ်အဖွဲ့သားများသည် စစ်မြေပြင်မှ အလျင်အမြန် ထွက်ခွာခဲ့ပြီး အထွေထွေရေးရာဌာနဆီသို့ ဦးတည်သွားကြသည်။
နည်းပြဖြစ်သူမှာ သူမ၏ စောင့်ရှောက်ခံလေးများကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်ကာ
"မင်းတို့တွေက... အင်း... တော်တော်လေးကို အစွမ်းထက်လွန်းနေကြပြီပဲ"
ကျားမလေးက သူမ၏ ခေါင်းလေးကို မော့လျက် "ဒါပေါ့ ကျွန်မတို့ အသင်းခေါင်းဆောင်ဆိုရင် လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက သွေးစွမ်းအင်တန်ဖိုး ၁.၂ သန်းရှိတဲ့ သားရဲတွေကို သတ်နိုင်ခဲ့တာလေ"
"အဖွဲ့သားတွေအနေနဲ့ ခေါင်းဆောင်ရဲ့ ဂုဏ်သတင်းကို မညှိုးနွမ်းစေရဘူးပေါ့"
"ဟုတ်တယ်မလား သူငယ်ချင်းတို့"
ကျူးယွီဟန်၏ အကြည့်များမှာ ခိုင်မာနေပြီး ခေါင်းကို အသာအယာ ညိတ်ပြသည်။
"ဟုတ်တယ်..."
ထန်ချီချီ၊ နင်ရွှမ်နှင့် ကွမ်းရှင်းတို့မှာလည်း တိုက်ပွဲဝင်လိုစိတ်များဖြင့် "ဒါပေါ့" ဟု ဖြေကြသည်။
နည်းပြဖြစ်သူမှာ ခေါင်းခါယမ်းရင်း ရယ်မောလိုက်ကာ "ကဲ... မင်းတို့ရဲ့ ရမှတ်တွေကို စစ်ဆေးကြည့်လိုက်ကြဦး။ တခြားဘယ်အဖွဲ့မှ မင်းတို့ကို ကျော်ဖြတ်နိုင်လိမ့်မယ် မထင်ဘူး" ဟု ပြောလိုက်သည်။
အမှတ်များမှာ ၉၀၀၀၊ ၈၀၀၀... သို့မဟုတ် ၉၅၀၀ အထိပင် ရှိနေကြသည်။
တကယ့်ကို အဆက်မပြတ် တိုက်ခိုက်နေသူတစ်ယောက် မရှိခဲ့လျှင် သူတို့ကို ကျော်ဖြတ်ရန်မှာ မလွယ်ကူလှပေ။
မိန်းကလေးများသည် သူတို့ရင်ဘတ်မှ တံဆိပ်ကို ကြည့်လိုက်ကြပြီး "ဝါး... အမှတ် ၁ သိန်း ၇ သောင်းတောင် ငါတို့တော့ ချမ်းသာပြီဟေ့"
နည်းပြမှာ အံ့အားသင့်သွားရသည်။
"၁ သိန်း ၇ သောင်း ဒါဆိုရင် မင်းတို့ ရတနာတွေအများကြီး လဲလှယ်လို့ ရပြီပေါ့"
"သွားကြည့်ချင်ကြလား"
"ဘေးကင်းဇုန်ထဲမှာရှိတဲ့ ရတနာတိုက်ကို ငါ လိုက်ပို့ပေးမယ်လေ"
ကျူးယွီဟန်၏ အပြာရောင် မျက်ဝန်းများမှာ ဝင်းလက်သွားသည်။
"ဘေးကင်းဇုန်က ရတနာတိုက်လား အစ်ကိုရွှီရန်က ဒီကို လာချင်တယ်လို့ အရင်က ပြောဖူးတယ် မဟုတ်လား"
နည်းပြက ခေါင်းညိတ်ကာ "ဟုတ်တယ်။ သူလည်း အဲဒီမှာ ရှိနေလောက်တယ်။ မင်းတို့ တွေ့ရင်တွေ့နိုင်မှာပါ" ဟု ပြောလိုက်သည်။
ကျားမလေးက တခိခိ ရယ်မောရင်း "ဒါဆို အစ်ကို့ကို သွားရှာပြီး ငါတို့ ဘယ်လောက်တော်
လဲဆိုတာ ကြွားကြရအောင်" ဟု ပြေ ကာ ပျော်ရွှင်စွာ ထွက်ခွာသွားကြတော့သည်။