← Chapters

အခန်း (၃၄၂)

Vol. 35 Ch. 342

အခန်း (၃၄၂)

Vol. 35 Ch. 342

အခန်း။ ၃၄၂

နင်ရွှမ်သည် သူမ၏လက်ကို မြှောက်ကာ လူတိုင်းအပေါ်သို့ နတ်နဂါးတံဆိပ်တော်ကို ခတ်နှိပ်ပေးလိုက်သည်။

သွေးစွမ်းအင်တန်ဖိုး ၂ သိန်းနှင့် ကိုယ်ကာယခွန်အား ၂ သိန်းရှိနေသော သူမသည် ဒုတိယအဆင့်စွမ်းရည်များကို အပြည့်အဝ မဖော်ဆောင်နိုင်သေးသော်လည်း ပထမအဆင့်၏ စွမ်းအားမြှင့်တင်မှု အကျိုးသက်ရောက်မှုမှာ အံ့မခန်းပင်။

စွမ်းအားမြှင့်တင်နှုန်းမှာ ၅၀ ရာခိုင်နှုန်းအထိ မြင့်မားလှ၏။

၎င်းသည် ကျားမလေး၏ တိုက်ခိုက်ရေးစွမ်းအားကို ၃ သိန်းမှ ၅ သိန်းအထိ မြှင့်တင်ပေးနိုင်ပြီး အသေးစားစွမ်းအင်ရတနာအဆောင်နှစ်ခုနှင့်သာ ပေါင်းစပ်လိုက်ပါက တိုက်ခိုက်ရေးစွမ်းအား ၁ သန်းအထိပင် ရောက်ရှိနိုင်သည်။

သို့သော် ကျားမလေးသည် များသောအားဖြင့် ထိုရတနာအဆောင်ကို အသုံးမပြုဘဲ တိုက်ရိုက်ရင်ဆိုင်ရသည့် တိုက်ပွဲ၏ ရင်ခုန်သံကိုသာ အပြည့်အဝ ခံစားလိုသူဖြစ်သည်။

နင်ရွှမ်က "စွမ်းအားမြှင့်တင်တာ ပြီးပါပြီ" ဟု တိုးညင်းစွာ သတိပေးလိုက်သည်။

"ကောင်းပြီ... သုံးဆင့်ပြောင်းလဲခြင်း ဒိုင်းလွှာ"

ထန်ချီချီက နတ်ဘုရားအဆင့်စွမ်းရည်ကို လက်နှစ်ဖက်ဖြင့် ထိန်းချုပ်လိုက်ရာ ရွှေရောင်၊ အမည်းရောင်နှင့် အဖြူရောင် ဒိုင်းလွှာတစ်ခုသည် အဖွဲ့သားများ၏ လှုပ်ရှားမှုကို မနှောင့်ယှက်စေဘဲ ထောင့်ပေါင်းစုံမှ ဝန်းရံကာကွယ်ပေးလိုက်သည်။

ကွမ်းရှင်းသည် ထန်ချီချီ၏ ဘေးသို့ လျင်မြန်စွာ တိုးကပ်သွားပြီး အညှောက်ပေါက်ခါစ မျိုးစေ့အချို့ကို ပစ်ထုတ်လိုက်ရာ လူတိုင်း၏ ပခုံးပေါ်သို့ ကျရောက်သွားကြသည်။

ကျားမလေးမှာ အရှေ့ဆုံးမှ ဦးဆောင်နေပြီး သူမ၏ ခြေဖဝါးအောက်မှ ရွှေရောင်အလင်းတန်းများသည် အသင်းသားတစ်ဦးစီကို လွှမ်းခြုံထားကာ ကျူးယွီဟန်ကမူ အသင်းသားအားလုံးကို မြင်ကွင်းအတွင်း ရှိနေစေရန် ဘေးတိုက်အနေအထားမှ အာရုံစိုက်၍ ကြည့်ရှုနေသည်။

သူတို့ ငါးဦးမှာ ရိုးရှင်းသော စစ်ဗျူဟာကို ပုံဖော်လျက် ဘေးကင်းဇုန်မှ ထွက်ခွာကာ တတိယခံစစ်မျဉ်းဆီသို့ တိုက်ရိုက် ချီတက်သွားကြတော့သည်။

သူတို့ ငါးဦးသည် စစ်မြေပြင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်ကြသည်။

ကျားမလေးက ဘေးဘက်သို့ လက်ညှိုးညွှန်ပြကာ "ဟိုမှာ... သွေးစွမ်းအင်တန်ဖိုး ၂ သိန်းရှိတဲ့ ခေါင်းသုံးလုံးပါတဲ့ ခွေးသားရဲတစ်ကောင်" ဟု ပြောလိုက်သည်။

ကျားမလေးက ခပ်တိုးတိုး အော်ဟစ်လိုက်သည်နှင့် သူမ၏ လက်မောင်းတစ်လျှောက် ရွှေရောင်အလင်းတန်းများ စီးဆင်းသွားသည်။

သူမသည် မြေပြင်မှ ရှေ့သို့ အဟုန်ဖြင့် ပြေးထွက်သွားပြီး သူမ၏ လက်ချောင်းများကို ဓားသွားအလား ပုံဖော်လျက် လက်မောင်းကို လင်းယုန်တောင်ပံအလား မြှောက်ကာ ထိုခွေးသားရဲထံသို့ ခုန်အုပ်လိုက်သည်။ ခွေးသားရဲမှာ အန္တရာယ်ကို သတိပြုမိသွားပြီး အစွယ်များကို ထုတ်ကာ ပြန်လည် တိုက်ခိုက်ရန် ပြင်သည်။

ရှပ်….

ကျားမလေး၏ လှုပ်ရှားမှုမှာ ခွေးသားရဲထက် ပိုမိုမြန်ဆန်လှပြီး ရွှေရောင်အလင်းတန်းမှာ ခွေးသားရဲ၏ လည်ပင်းဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

နောက်တစ်စက္ကန့်တွင် ခွေးသားရဲ၏ ခေါင်းသုံးလုံးစလုံးမှာ တစ်ပြိုင်နက်တည်း ပြတ်တောက်သွားပြီး မြေပြင်ပေါ်တွင် ဟိုဟိုဒီဒီ လိမ့်ထွက်သွားတော့သည်။

နတ်ဘုရားသတ်အဖွဲ့၏ ရင်ထိုးတံဆိပ်မှာ တောက်ပသွားပြီး ရမှတ် ၂၀၀၀ တိုးလာခဲ့သည်။

အခြားတစ်ဖက်တွင်မူ ကျူးယွီဟန်သည် ခါးကြားမှဓားကို ဆွဲထုတ်ကာ မြွေစိမ်းတစ်ကောင်၏ ဦးခေါင်းကို ဖြတ်ချလိုက်ပြီး ကွမ်းရှင်းနှင့် နင်ရွှမ်တို့ကလည်း အနားသို့ အပြေးအလွှား ရောက်ရှိလာကာ ထိုမြွေကို အပိုင်းပိုင်းပြတ်အောင် ဝိုင်းဝန်းခုတ်သတ်လိုက်ကြသည်။

သူတို့၏ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုမှာ ရေစီးကြောင်းအလား ချောမွေ့သည်။

ကျားမလေးသည် သွေးအိုင်များကြားရှိ အလောင်းဘေးတွင် ရပ်နေရင်း သူမ၏ခြေထောက်ကို ဖြည်းညှင်းစွာ ကြွလိုက်ရာ ခြေဖဝါးအောက်မှ စေးကပ်နေသော သွေးနီရောင်အမျှင်တန်းများ ပါလာသည်။

"သွေးစွမ်းအင်တန်ဖိုး နှစ်သိန်းရှိတဲ့ သားရဲက ငါတို့ရဲ့ ခွန်အားနဲ့ လုံးဝ မယှဉ်နိုင်ပါလား"

"ရှေ့ကို မီတာအနည်းငယ်လောက် ထပ်တိုးပြီး ခွန်အား ၃ သိန်း၊ ၄ သိန်းရှိတဲ့ သားရဲတွေနဲ့ သွားတိုက်ရအောင်"

ကျူးယွီဟန်၏ အကြည့်များမှာ ခိုင်မာပြတ်သားနေသည်။

"ကောင်းပြီလေ"

ထန်ချီချီကလည်း ယုံကြည်မှုအပြည့်ဖြင့် "ပြဿနာမရှိဘူး။ သွေးစွမ်းအင် နှစ်သိန်းရှိတဲ့ သားရဲက ငါ့ဒိုင်းကို မဖောက်နိုင်ပါဘူး။ သွေးစွမ်းအင် ၅ သိန်းအထက် ရှိတဲ့ကောင်တွေကိုတောင် စမ်းတိုက်ကြည့်လို့ ရတယ်" ဟု ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။

သူမသည် သူမ၏ဒိုင်းလွှာနှင့် အသင်းသားများ၏ စွမ်းဆောင်ရည်အပေါ် အပြည့်အဝ ယုံကြည်မှုရှိနေသည်။

ကျားမလေးမှာလည်း သူမ၏ မျှော်စင်ငယ်ကို မသုံးရသေးသလို ကျူးယွီဟန်ကလည်း အရာခပ်သိမ်း ရပ်တန့်ခြင်းကို မထုတ်ရသေးပေ။ ထို့ပြင် ထန်ချီချီ၏ ဒုတိယအဆင့် ဖျက်ဆီးခြင်းဒိုင်းမှာလည်း အသက်မဝင်သေးချေ။

ယခုတိုက်ပွဲမှာ သူတို့၏ စွမ်းရည်အစစ်အမှန်ကို ထုတ်ဖော်ပြသရန် မလုံလောက်သေးပေ။

ထို့ကြောင့်သူတို့ငါးဦးမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြပြီး လမ်းခုလတ်တွင် ပိတ်ဆို့နေသော သားရဲများကို ကျားမလေးက အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်သည်။

သုံးဆင့်ပြောင်းလဲခြင်း ဒိုင်းလွှာကို ခံယူထားသော ကျားမလေးမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်နေသည်။

မီတာ ရာဂဏန်းခန့်အတွင်းမှာပင် သူမသည် သလင်းကျောက်သားရဲ ၁၃ ကောင်ကို စက္ကူသေတ္တာများ ဆွဲဖြဲသကဲ့သို့ အလွယ်တကူ သုတ်သင်ခဲ့သည်။

ရှေ့ရှိ စစ်မြေပြင်တွင်မူ တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာပြီး ဟိုတစ်စု သည်တစ်စု ပြန့်ကျဲနေသည်။

ဤနေရာရှိ တိုက်ပွဲအားလုံးမှာ သွေးစွမ်းအင်တန်ဖိုး ၅ သိန်းအထက် အဆင့်များသာ ဖြစ်သည်။ ကျင့်ကြံသူ အများအပြား အုပ်စုဖွဲ့၍ သလင်းကျောက်သားရဲများကို ဝိုင်းဝန်းတိုက်ခိုက်နေကြရခြင်းပင်။

မဟုတ်ပါက တစ်ဦးချင်းတိုက်ပွဲတွင် လူသားကျင့်ကြံသူများ အနိုင်ရရှိရန် အခွင့်အလမ်းမှာ အလွန်နည်းပါးသည်။

"မကောင်းတော့ဘူး"

ရှေ့တန်းမှ အဖွဲ့များမှာ ရုတ်တရက် ထိတ်လန့်သွားကြသည်။

"တစ်ခုခုမှားနေပြီ ဒီတစ်ခါ သားရဲဒီရေလှိုင်းရဲ့ တိုက်ခိုက်မှု အရှိန်အဟုန်က ပုံမှန်မဟုတ်ဘူး"

"ဆုတ်ခွာ ဆုတ်ခွာ အချိန်မနှောင်းခင် အမြန်ဆုတ်ကြ"

တိုက်ပွဲဝင် ဝါရင့်စစ်သည်တော်များ၏ မျက်နှာများမှာ ရုတ်တရက် ပျက်ယွင်းသွားပြီး နောက်တစ်စက္ကန့်တွင် သူတို့အားလုံးမှာ အခြားစစ်သည်များကို အော်ဟစ် သတိပေးကြတော့သည်။

တစ်ပြိုင်နက်တည်းမှာပင် သူတို့သည် အချက်ပေးမီးကျည်များကို ထုတ်ယူကာ ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်ကြသည်။

ဝှူး

စူးရှသော အချက်ပေးသံမှာ ကောင်းကင်ယံတစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။

All Chapters