← Chapters

မပူနဲ့ …. ငါ အရေးယူမယ်

Vol. 28 Ch. 275

မပူနဲ့ …. ငါ အရေးယူမယ်

Vol. 28 Ch. 275

ကျိုးခဲ့ရှင်း ရှေ့သို့ လျှောက်လှမ်းပြီး စူးစမ်းကြည့်လိုက်တော့ လင်းမြောင်မြောင်မှာ အဘွားကြီး၏ ဆဲရေးကြိမ်းမောင်းသည့် စကားများကြောင့် ငိုကြွေးနေခြင်း ဖြစ်ကြောင်း သိရှိလိုက်ရသည်။

အဘွားကြီးက အင်မတန် နှုတ်ကြမ်း ၊ လျှာကြမ်း ရှိ၏။

တစ်ဖက်ကမ်းလွန်အောင် ညစ်ညမ်းသည့် စကားလုံးများက သူမ၏ နှုတ်ဖျားကနေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

အခြေအနေကို လာရောက်နည်းနာသည့် လင်းမြောင်မြောင်မှာ ဘာမျှ မပြောနိုင်ခင်မှာပဲ အဘွားကြီး၏ ဆဲဆိုကြိမ်းမောင်းခြင်းကို ခံလိုက်ရ၏။

အေးချမ်းလုံခြုံသည့် ဖန်လုံအိမ်လေးထဲတွင် ပန်းလေးတစ်ပွင့်နှယ် ကြီးပြင်းခဲ့ရသည့် လင်းမြောင်မြောင်သည် လူတစ်ယောက်၏ နှုတ်က ဤမျှ ကြမ်းတမ်းလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

“ ဒီကောင်မလေးက ခင်များကို ဘာစော်ကားထားတာမှ မရှိဘူး … ဒါပေမယ့် ခင်များကတော့ သူ့ကို ကျိန်ဆဲရုံတင်မကဘူး၊ သူ့မိဘ၊ သူ့ဘိုးဘေးတွေပါ မချန် ဆဲဆိုနေတယ် … ခင်များ တော်တော် အောက်တန်းကျတဲ့ အဘွားကြီးပဲ ….”

သက်လတ်ပိုင်း ဒရိုင်ဘာဦးလေးကြီးက သူ့ကားထဲကနေ တစ်သျှူး သွားထုတ်လာပြီး လင်းမြောင်မြောင်၏ လက်ထဲသို့ ကမ်းပေးလိုက်သည်။

လွန်ခဲ့သော မိနစ် နှစ်ဆယ်ခန့်က သူသည် အနီးနားရှိ သန့်စင်ခန်းသို့ သွားနေပြီး ပြန်ရောက်လာသည့် အချိန်၌ အဘွားကြီးတစ်ဦးက သူ့ကားရှေ့တွင် လဲလျောင်းနေသည်ကို မြင်တွေ့လိုက်ရသည်။

သူမက သူ့ကားနှင့် တိုက်ခံလိုက်ရသည်ဟု ပြောဆိုနေပြီး လျော်ကြေး ယွမ် ငါးသောင်း တောင်းခံနေသည်။

“ စောက်ပေါက်တတ်ကရတွေ လာပြောမနေနဲ့ … နင် ငါ့ကို ကားနဲ့တိုက်လိုက်တာ အရှင်းကြီး … ငါ့အသက် ဒီနှစ်ထဲမှာ ၇၀ ကျော်နေပြီ … နင့်လို သူငယ်နှပ်စားလေးက ငါ့ကို လာလိမ်လို့ ရမယ်များ ထင်နေလား ….”

“ အခု နင် ကားနဲ့တိုက်လိုက်လို့ ငါ့ဘဝသက်တမ်းတွေ အများကြီး လျော့သွားပြီ ….”

“ ဒါကိုတောင် ငါက ယွမ်ငါးသောင်းလေးတည်း လျော်ကြေးတောင်းနေတာ နင်က မကျေနပ်နိုင်သေးဘူးလားဟဲ့ ….”

“ နင့်တစ်သက်လုံး မွဲတေနေတာ နည်းတောင်နည်းသေးတယ် …. နင့် စောက်အင်္ကျီအတိုင်းပဲ သန္ဓေကိုက မွဲ‌‌တေနေတဲ့‌‌ကောင် ... ”

အဘွားကြီးက သက်လတ်ပိုင်း အမျိုးသားက လက်ချာရိုက်နေပြီး ယွမ်ငါးသောင်းပေးဖို့ရာပဲ ခေါင်းမာနေခဲ့သည်။ သူမဘက်ကတော့ တစ်ပြားတစ်ချပ်လေးမျှပင် အလျှော့ပေးမှာ မဟုတ်ချေ။

သက်လတ်ပိုင်း အမျိုးသားက ရင်ထဲရှိ ဒေါသများကို ဖိနှိပ်ထားလျက် ပြန်လည် ငြင်းခုန်လိုက်၏။ “ ဒီမှာ အဘွားကြီး … ခင်များ နည်းနည်းပါးပါး အကျိုးသင့် အကြောင်းသင့်လေး ပြုမူစမ်းပါ … ခင်များ အသက်အရွယ်ကြီးမှာ မြေးတွေ မြစ်တွေလည်း ရှိလောက်ရောပေါ့ … ခင်များ အခုလိုလုပ်နေတာတွေက သူတို့ ဘယ်လောက်တောင် အရှက် ……”

“ နင် ဒါ အရမ်း တရားလွန်းသွားပြီ … ငါ ဆက်ပြီး အသက်မရှင်ချင်တော့ဘူး … ငါ သေလိုက်တော့မယ် … ငါ ဒီမှာ တစ်ခါတည်းသေလိုက်တော့မယ် ….”

သက်လတ်ပိုင်း အမျိုးသား စကားမဆုံးခင်မှာပဲ အဘွာကြီးက လမ်းပေါ်ကနေ ထလာသည်။

သူမက ရင်ဘက်စည်တီးပြီး ငိုကြွေးနေလျက် ရှိတော့၏။

သူမ၏ အော်ဟစ်ငိုကြွေးနေမှုနှင့် သေမည်ဟု အော်ပြောနေသည့် အသံက ဖြတ်သွားဖြတ်လာ လူအများအပြားကို ဆွဲဆောင်သွားခဲ့ပြီး နေရာမှာ လူစုလူဝေးကြီး တစ်ခု ဖြစ်လာသည်။

ယခုလို ပွဲမျိုးကို ကြည့်ရှုသူများက ပို၍ပင် နှစ်သက်ကြသေးသည်။

သို့ပေမယ့် ဒေသခံများနှင့် မတူညီပါဘဲ ဖြတ်သွားဖြတ်လာများက ဒရိုင်ဘာမှာ အဘွားကြီးကို တကယ်ပဲ ကားနှင့် တိုက်မိခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ယုံကြည်နေသည်။

၎င်းတို့အားလုံးက တစ်ဖက်တွင် စုစည်းပြီး အဘွားကြီးဘက်က ရပ်တည်ပေးကာ သက်လတ်ပိုင်း ဒရိုင်ဘာကို နှလုံးသားမရှိသည့် လူဟု ဝိုင်းဝန်း စွပ်စွဲကြတော့၏။

“ မင်းက လူကို ကားနဲ့လည်း တိုက်သေးတယ် …” မျက်မှန်တပ်ထားသည့် အမျိုးသား တစ်ဦးက လက်ချာပေးသည့် လေသံဖြင့် “ အဲ့တာကိုတောင် မတိုက်ဘူးဆိုပြီး ဘယ်လိုမျက်နှာမျိုးနဲ့ ဗြောင်လိမ်ဗြောင်စား လုပ်ဝံ့နေတာ …”

“ သူ တစ်ခုခု ဖြစ်သွားလို့ကတော့ မင်းအပေါ် သက်ရောက်လာမယ့် အကျိုးဆက်တွေက ချောင်မယ်လို့ ထင်သလား ….”

“ ကိုယ့်အမှားကိုယ်တောင် မဝန်ခံရဲတာ ငါ့လိုမျိုး လူကြီးလူကောင်း တစ်ယောက် မဖြစ်လာတာလည်း မဆန်းတော့ပါဘူး ….”

အဆီဗိုက်နှင့် အမျိုးသားက သူ့မျက်မှန်ကို အပေါ်သို့ တွန်းတင်ပြီး ပြောလိုက်သည်။

“ အဲ့လိုမဟုတ်ဘူး … ဒီဦးလေးက ဘယ်သူ့ကိုမှ မတိုက်မိဘူး …”

လင်းမြောင်မြောင်က သူမ၏ မျက်ရည်များအား သုတ်လိုက်သည်။

သက်လတ်ပိုင်း အမျိုးသားက သူ လူနာတင်ကား ခေါ်ပြီး အဘွားကြီးကို ဆေးရုံသို့ လိုက်ပို့ပေး၍ ဆေးစစ်ပေးလိုကြောင်း ထပ်ခါတလဲလဲ ပြောဆိုခဲ့သော်လည်း အဘွားကြီးက သဘောမတူ၊ လျောကြေးငွေပေးဖို့ရာပဲ ခေါင်းမာနေလျက် ရှိ၏။

တစ်ဖက်နားကိုသာ နားထောင်၍ ကောလဟာလများကို ယုံကြည်သည့် ဖြတ်သွားဖြတ်လာများနှင့် မတူညီပါဘဲ လိုက်စထွင်းခန်းထဲရှိ ကြည့်ရှုသူများကတော့ ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်လာသည်။

ရံဖန်ရံခါတွင် လမ်းမပေါ်၌ အခြားလူများထံကနေ ငွေညှစ်တတ်သည့် သေခါနီးများ ရှိတတ်ကြသည်။

အဘွားကြီး၏ နှုတ်ကြမ်းသည့် ပါးစပ်ကိုပါ မြင်တွေ့လိုက်ရတော့ အင်တာနက် သုံးစွဲသူ အများအပြားမှာ စခရင်ကတစ်ဆင့် တွားသွားထွက်လာပြီး ဆဲဆိုနေသည့် ဒင်း၏ ပါးစပ်ကို သက်လတ်ပိုင်း ဒရိုင်ဘာကိုယ်စား ရိုက်နှက်ပေးချင်စိတ်တို့ ဖြစ်ပေါ်နေမိကြ၏။

“ ဒီ အဘွားကြီးက တကယ့်နတ်ဆိုးပဲ ….”

“ အသက်ကြီးတဲ့လူတွေက ဆိုးတာ မဟုတ်ဘူး … ဆိုးတဲ့လူတွေကသာ အသက်ကြီးလာတာ ….”

“ အဲ့ကောင်မလေးကို ဆဲနေတဲ့အချိန် အဘွားကြီးရဲ့ အဆုတ်အားက ငါ့ထက်တောင် ကောင်းနေသေးတယ် … အဲ့ဘွားတော် တစ်ခုခု ဖြစ်သွားခဲ့တယ်ဆိုပြီး ယုံကြည်နေလို့ကတော့ မင်းလည်း ငါက ချင်ရှီဟွမ်ပါဆိုတာကို ယုံမယ့် ကောင်စားမျိုးပဲ ….”

“ ဒီလောက်ထိ တက်ကြွနေတာ လူငယ်တွေနဲ့တောင် ပြိုင်ပြီး မာရသွန်ပြေးလို့ရနိုင်သေးတယ် …”

“ ယွမ် ငါးသောင်း ဟုတ်လား ... ဒီတိုင်း ဓားပြပဲ တိုက်လိုက်ပါတော့လား …..”

“ သူ့အသက်က ၇၀ ကျော်နေပြီ … ဒီတော့ ဥပဒေကလည်း သူ့ကို ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး ….”

“ သေမထူး ၊ နေမထူး အသက်ကြီးပိုင်းတွေပဲ ဒီလို အလုပ်မျိုးတွေ လုပ်ကြတာများတယ် ….”

“ ငါတော့ တစ်ချက် ကြည့်လိုက်တာနဲ့ ဒီအဘွားကြီးက ဒီနယ်ပယ်မှာ လုပ်စားနေတာကြာပြီ ဖြစ်တဲ့ ဝါရင့်လူလိမ်ကြီးဆိုတာ အတပ် ပြောနိုင်တယ် ….”

ကြည့်ရှုသူများမှာ ခံပြင်း ဒေါသထွက်နေခဲ့ကြသည်။ သို့ပေမယ့်လည်း သူတို့ တတ်နိုင်သည့် အရာကား မရှိပေ။

အချို့သော ကြည့်ရှုသူများ ပြောသည်အတိုင်း ၊ အသက်အရွယ်က တစ်ချို့သော သက်ကြီးပိုင်း ရာဇဝတ်သားများအတွက် အကာအကွယ် ထီးတစ်လက်သဖွယ် ဖြစ်နေလျက် ရှိသည်။

“ ဒေါက်တာချန် … “ ကျိုးခဲ့ရှင်းက “ ဒရိုင်ဘာဦးလေးကြီးတော့ မှားယွင်း စွပ်စွဲခံနေရပြီ … ကျေးဇူးပြုပြီး ကူညီပေးပါဦး … မဟုတ်ဘူးဆို သူ ထောင်ထဲ ဝင်ရတော့မယ် ….”

ကျိုးခဲ့ရှင်း စောနတုန်းက ချန်ယွီ့ ပြောခဲ့သည့် စကားတစ်ချို့ကို ပြန်အမှတ်ရသွားခဲ့သည်။ သက်လတ်ပိုင်း ဒရိုင်ဘာဦးလေးကြီးက ပြင်းထန်သည့် ထိခိုက်ဒဏ်ရာ ရစေမှုဖြင့် ထောင်ဆယ်နှစ် ကျခံလိုက်ရ၏။

သက်လတ်ပိုင်း ဒရိုင်ဘာ ဦးလေးကြီး စိတ်ထိန်းချုပ်မှု လွတ်ကင်းသွားပြီး တစ်စုံတစ်ယောက်ကို ရိုက်နှက်ခဲ့ခြင်းက ဤအချင်းအရာကြောင့် ဖြစ်ဖို့ များသည်။

လက်ရှိတွင် အဘွားကြီး တစ်ဦးတည်းသာ ရှိနေသည်။ သူမ၏ ကြံရာပါ နှစ်ဦးက အချိန်မရွေး ထွက်ပေါ်လာနိုင်လောက်၏။

“ မပူနဲ့ …” ချန်ယွီ့ အေးအေးလူလူ ပြောဆိုလိုက်ပြီး “ ငါ လှုပ်ရှားလိုက်မယ် …”

“ ဒါပေမယ့် အချိန်မကျသေးဘူး … သူ့ကို အရင်ဆုံး ရုပ်ရှင်ရိုက်ပါစေဦး ….”

ဤသည်ကိုကြားတော့ ကျိုးခဲ့ရှင်းလည်း တိတ်တဆိတ် ဆက်လက် စောင့်ကြည့်ရုံသာ တတ်နိုင်တော့၏။

ချန်ယွီ့ ပြောသည်ကတော့ အချိန်မကျသေးဘူး ဆိုပင်။ ဧကန္တ … အဘွားကြီး၏ ကြံရာပါများ ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်းများလော။

“ မျိုးစေ့မကောင်းတဲ့အကောင် … အသက်ကြီးသူကို လေးစားရမယ်ဆိုတဲ့ အခြေခံကျင့်ဝတ်စည်းမျဉ်းလေးကိုတောင် နင် နားမလည်ဘူးလား …”

“ နင် ငါ့ကို ကားနဲ့ တိုက်ခဲ့တယ် … ဒါပေမယ့် ဆေးဖိုးကျ မပေးဘဲ ငါ့အပေါ် အပြစ်တင်ပြီး တာဝန်တွေအကုန်လုံးကို ရှောင်လွှဲချင်နေတယ်ပေါ့ ….”

“ ငါ့ အသက် ၇၀ ကျော်နေပြီ … ငါ့အသက်အရွယ်ကြီးနဲ့ သူများကို အနုကြမ်း ခြိမ်းခြောက်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …..”

“ နင့်မှာ သွန်သင်ဆုံးမပေးမယ့် မိဘတွေ မရှိတာ ကျိန်းသေတယ် … တစ်ချက်ကြည့်လိုက်တာနဲ့ မျိုးစေ့မကောင်းမှန်း သိသာတယ် ….”

အဘွားကြီးက သက်လတ်ပိုင်း အမျိုးသားကို ဆက်တိုက် ဆဲရေးကြိမ်းမောင်းနေပြီး ဖြတ်သွားဖြတ်လာများကို မျက်မှောင်ကြုတ်လာစေသည်။

“ အဘွားကြီး … ကျုပ် ခင်များကို သည်းခံနေတာ ကြာပြီနော်… အဲ့လိုမျိုး ထပ်ပြောလာခဲ့လို့ကတော့ ကျုပ်ကို ရိုင်းတယ်လို့ လာမပြောနဲ့ ….”

သက်လတ်ပိုင်း ဒရိုင်ဘာ၏ နားထင်ထက်တွင် သွေးကြောစိမ်းကြီးများ ဖောင်းကားလာသည်။

“ အောင်မလေး အရပ်ကတို့ရေ …. ငါဆက်ပြီး အသက်မရှင်ချင်တော့ဘူး …. ဒီမှာပဲ တစ်ခါတည်း သေလိုက်တော့မယ် ….”

အဘွားကြီးက ငိုကြွေးရင်း ထထိုင်ပြီး သူမ၏ ဦးခေါင်းကို ကားရှေ့ဘက်ခြမ်းနှင့် ဝင်ဆောင့်လိုက်၏။

မဟုတ်သေး။ ကားရှေ့ဘက်ခြမ်းနှင့် သူမ၏ ဦးခေါင်းကို ပွတ်တိုက်လိုက်သည်ဟု ပြောလျှင် ပိုမှန်လိမ့်မည်။

အမြင်စူးရှသည့် ကြည့်ရှုသူများကတော့ ၎င်းတို့၏ ဒေါသကို ဖောက်ထုတ်ဖို့အတွက် အဘွားကြီးအား လှောင်ပြောင်သရော်နေကြတော့၏။

“ ငါ့ရှေ့က ဖယ်စမ်း …”

ကျယ်လောင်သည့် အသံဗလံများက လူအုပ်နောက်ဘက်ခြမ်းကနေ ထွက်ပေါ်လာသည်။

ကြည့်ရှုသူများက လမ်းဖယ်ပေးလိုက်ကြပြီး ထောင်ထောင်မောင်းမောင်းနှင့် ဗလကြီးနှစ်ဦးကို အခင်းအလယ်သို့ ရောက်ရှိစေလိုက်၏။

မျက်ရည်လည်ရွဲနှင့် ဖြစ်နေသည့် အဘွားကြီးကိုမြင်တော့ အမျိုးသားနှစ်ဦးမှာ ဒေါသ ထောင်းခနဲ ဖြစ်သွားခဲ့တော့သည်။

လက်မောင်းတွင် တက်တူးအပြည့်ထိုးထားသည့် အမျိုးသားတစ်ဦးက ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး ကျိန်ဆဲလိုက်သည်။ “ ငါ့အမေကို အနိုင်ကျင့်တာ ဘယ်ကောင်တုန်း … သတ္တိရှိတယ်ဆို ထွက်လာခဲ့စမ်း …”

“ မင်းရဲ့ လည်ပင်းကို မချိုးဘဲနေရင် ငါ့နာမည်ကို မင်းရဲ့ မျိုးရိုးနာမည် ယူပစ်လိုက်မယ် ….”

“ အမေ .. ကျွန်တော့်ကိုပြော … အမေ့ကို ဘယ်သူတုန်း အနိုင်ကျင့်တာ … ကျွန်တော်တို့ ညီကိုနှစ်ယောက် အမေ့အတွက် လက်စားချေပေးမယ် …”

ကျန်သည့် အမျိုးသားတစ်ဦးကလည်း သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက်ရှိ၏။ သူ့ပုံစံကြည့်ရသည်မှာ တစ်စုံတစ်ယောက်နှင့် ရိုက်ပုတ်ထိုးသတ်တော့မည့်နှယ်ပင်။

ဖြတ်သွားဖြတ်လာများမှာ လှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ကြသည်။

ဤနှစ်ယောက်က လူကောင်းများ မဟုတ်ကြသည်မှာ သိသာသည်။

အကြီးဆုံးသားက တက်တူးများ ထိုးထားပြီး ညီဖြစ်သူကလည်း မျက်နှာတွင် အမာရွတ်ကြီး တစ်ခု ရှိ၏။ မည်သည့် ရှုထောင့်ကပဲ ကြည့်ကြည့်၊ လူမိုက်များ ဖြစ်နေသည်မှာ မြင်သာသည်။

“ ဒေါက်တာချန် … ရှင်စောင့်နေတာ သူတို့ကိုလား ….” ကျိုးခဲ့ရှင်း မျက်လုံးအရောင် လက်သွားခဲ့သည်။

“ မိသားစု သုံးယောက် …” ချန်ယွီ့ပြောလိုက်ပြီး “ အမေနဲ့ သားတွေ ….”

တက်တူးနှင့် အမျိုးသား၏ အရပ်အမောင်းက ၁.၉ မီတာခန့် ရှည်လျားပြီး လူအုပ်ကြီးထဲ၌ပင် ထင်းထွက်နေသည်။ လက်မောင်းတွင်လည်း ယာကူဇာစတိုင် တက်တူးများကလည်း အပြည့်ထိုးထားသဖြင့် မည်သူကပဲ ကြည့်ကြည့်၊ ခြိမ်းခြောက်သည့် အငွေ့အသက်များကို ခံစားမိပြီး လွယ်လင့်တကူ သွားရှုပ်ဝံ့ကြမှာ မဟုတ်ပေ။

ဒုတိယသားကလည်း ပထမသားအောက် လုံးဝမလျော့ပေ။

သူက ဘေးရှိ ဖြတ်သွားဖြတ်လာ လူအုပ်ကြီးကို မျက်လုံးချင်း လိုက်ဆုံပြီး ကျိန်ဆဲနေသည်။

“ ဆိုတော့ အဲ့တာမင်းပေါ့ ဟုတ်လား ခွေးမသား ….”

အကြီးဆုံးသားက သက်လတ်ပိုင်း ဒရိုင်ဘာ၏ ကော်လံကို ဆွဲပြီး ကားနှင့် ဖိကပ်ထားလိုက်သည်။

ဒုတိယ သားကလည်း လက်သီးတပြင်ပြင်နှင့် “ မင်း ကားကို သေချာကြည့်ပြီး မမောင်းတတ်ဘူးလားကွ …”

“ ငါ့အမေကို ဒီလိုမျိုး ကားနဲ့တိုက်သွားတာတောင် တရားမစွဲဘဲ လျော်ကြေး ငါးသောင်းပဲ တောင်းတာတောင် လျော့ပေါ့ပေးလွန်းနေပြီ …”

“ ဒါကိုတောင် မင်းက ယီးယီးယားယားတွေ ပြောပြီး အဖြူကို အမည်းလုပ် ၊ ပြောင်းပြန်လှန်ချင်နေတယ် ….”

“ မင်းက ပိုက်ဆံ မပေးချင်ဘူးဆိုမှတော့ ငါတို့လည်း ဘာပြောစရာ စကားမှ မရှိတော့ဘူး … ငါတို့ညီကိုတွေ မင်းကို ယွမ်ငါးသောင်းနဲ့တန်အောင် ရိုက်မယ် … မင်း ဘယ်လိုထင်လဲ ….”

“ အား ….”

ကျယ်လောင်သည့် အော်ဟစ်သံကို ကြားတော့ လူတိုင်းက အသံလာရာဘက်သို့ အလိုအလျောက် လှည့်ကြည့်လိုက်မိကြ၏။

အဘွားကြီး၏ ကိုယ်ပေါ်တွင် အိမ်အမှိုက်အများအပြး ရှိနေပြီး အနီရောင် ပလတ်စတစ် အိတ်အပြဲတစ်လုံးက သူမဘေးနားတွင် ရှိနေသည်။

အဖြူရောင် အရာဝတ္ထုတစ်ခုကလည်း သူမခေါင်းပေါ် တင်နေပြီး အင်မတန် မျက်စိဖမ်းစားနိုင်လွန်းလှ၏။

ဤသည်က လူတိုင်းကို ကြက်သေသေသွားစေခဲ့ပြီး ညီကို နှစ်ယောက်မှာ တစ်ယောက်ကိုယ်တစ်ယောက် အံ့အားတကြီးကြည့်ရင်း အကြည့်ချင်း ဖလှယ်မိသွားခဲ့ကြ၏။

All Chapters