← Chapters

ရာဇဝတ်သားတွေက ဒေါက်တာချန်နဲ့ တွေ့ဖို့ အခွင့်အရေး ပိုများတယ်

Vol. 28 Ch. 276

ရာဇဝတ်သားတွေက ဒေါက်တာချန်နဲ့ တွေ့ဖို့ အခွင့်အရေး ပိုများတယ်

Vol. 28 Ch. 276

အဘွားကြီးက သူမ၏ အံကို တင်းတင်းကြိတ်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ ဘယ်ခွေးသူတောင်း မျိုးမစစ်က အပေါ်ထပ်ကနေ အမှိုက်တွေ ပစ်လိုက်တာလဲ … သတ္တိရှိရင် ထွက်လာခဲ့စမ်း ….”

လမ်း၏ ဘေးတစ်ဖက်တစ်ချပ်စီတွင် အဆောက်အဦးဟောင်းတို့ များစွာ ရှိနေပြီး ရံဖန်ရံခါ အထပ်မှနေပြီး အမှိုက်များ ပျံ့လွှင့်လာတတ်သည်။

ဤနေရာတစ်ဝိုက်တွင် လူများကို မကြာခဏ လိမ်လည်လေ့ရှိသည့် အဘွားကြီးက ဤသို့သော မြင်ကွင်းမျိုးကို တစ်ကြိမ်ထက်မက မြင်တွေ့ဖူး၏။

အနီးနားရှိ နေထိုင်သူ ဒေသခံများကတော့ ဤကိစ္စက ၎င်းတို့နှင့် မသက်ဆိုင်သည့်နှယ် အာရုံပေးဖို့ပင် ပျင်းရိနေကြသည်။

အဘွားကြီးမှာ လတ်လတ်ဆတ်ဆတ် အသုံးပြုထားသည့် အိမ်အမှိုက်များနှင့် ထိမှန်ခြင်း ခံလိုက်ရသည့်အတွက် သေမတတ် ဒေါသထွက်နေသည်။

အမှိုက်အိတ်ထဲတွင် အမှိုက်ပစ္စည်း မျိုးစုံနေအောင် ရှိနေပြီး အနီရောင် လစဉ်သုံးဂွမ်းထုပ်တစ်ထုပ်က သူမ၏ ဦးခေါင်းပေါ် လာတင်နေခဲ့၏။

ပုစွန်အခွံများ၊ အသင့်စား ခေါက်ဆွဲခြောက်ထုပ် အခွံများ၊ ကွာစေ့များ၊ မြေပဲခွံများ စသဖြင့် နေ့ပေါင်းများစွာ သိမ်းဆည်းစုဆောင်းထားသည့် အမှိုက်များအားလုံးက အဘွားကြီး၏ ကိုယ်ပေါ်သို့ ပျံ့ကျဲသွားခဲ့သည်။

ညီကို နှစ်ဦးလည်း သက်လတ်ပိုင်း အမျိုးသားကို လက်လွှတ်လိုက်ပြီး အဘွားကြီးအား ကူညီပေးလိုက်၏။

“ ခဏလေး … အဲ့လူကို အရင်ဖမ်းထား … သူသာ ထွက်ပြေးသွားရင် ငါတို့ ဘယ်သူနဲ့ သွားပြီး စာရင်းရှင်းရတော့မှာလဲ ….”

အဘွားကြီးက သူ့ခန္ဓာကိုယ်ထက်ရှိ အမှိုက်များအား ဒေါသတကြီး ဖယ်ရှားရင်း ပြောလိုက်သည်။

ဤကိစ္စ ဖြေရှင်းပြီးနောက်တွင် သူမ၏ သားနှစ်ယောက်ကို ခေါ်ပြီး အိမ်တိုင်းစေ့ လိုက်ရှာ၍ အပေါ်ထပ်ကနေ အမှိုက်ပစ်လိုက်သည့် မျိုးမစစ်ကောင်ကို လိုက်ရှာမည်ဟု ကျိန်နေလျက် ရှိသည်။

ထို မျိုးမစစ်၏ လက်ကို မရိုက်ချိုးလျှင်ပင် သူ့ရှိသမျှ အရာအားလုံး ဆုံးရှုံးသွားစေရမည်ဟု ကတိပေး၏။

ညီကို နှစ်ဦးလည်း ချက်ချင်းပဲ သက်လတ်ပိုင်း အမျိုးသားကို ပြန်ဖမ်းချုပ်ဖို့ လျှောက်လှမ်းလာခဲ့ကြသည်။

ခြေနှစ်လှမ်း လှမ်းပြီးသည့်နောက် နှစ်ယောက်မှာ တစ်ယောက်ပြီး တစ်ယောက် လမ်းပေါ်သို့ ချော်လဲကျသွားခဲ့ကြသည်။

အကြောင်းအရင်းကတော့ ပြုတ်ကျနေသည့် ငှက်ပျောသီးခွံနှစ်ခုကို တက်နင်းမိသောကြောင့် ဖြစ်၏။

ညီကို နှစ်ယောက် ပြန်ထလာသည်။ နှာခေါင်းသွေးကလည်း မရပ်တမ်း ယိုနေပြီး အတော်လေး ရယ်ချင်စရာ ကောင်းနေတော့သည်။

လိုက်စထွင်းထဲတွင် ကြည့်ရှုနေကြသည့် ကြည့်ရှုသူများကတော့ ကျယ်လောင်စွာ ရယ်မောနေမိကြ၏။

ကောင်းကင်က မပျော်မရွှင်ဖြစ်သဖြင့် ၎င်းတို့ကို အပြစ်ပေးလိုက်ဟန်ပင်။

မဟုတ်သေး။ ကောင်းကင်၏ အပြစ်ပေးမှုဟု ဆိုသည်ထက် ဒေါက်တာချန်၏ လုပ်ရပ်ဟု ပြောလျှင် ပိုမှန်လိမ့်မည်။

ကြည့်ရှုသူများက အခြေအနေကို ဝေဖန်ပိုင်းခြား သုံးသပ်နေကြ၏။

လမ်းနှစ်ဖက်ခြမ်းတွင် လူနေထိုင်သည့် အဆောက်အဦး များစွာရှိသော်လည်း အခင်းဖြစ်သည့် နေရာနှင့်တော့ အနည်းငယ် အလှမ်းဝေးသည်။

တစ်စုံတစ်ယောက်က အမှိုက်ထုပ်ကို ၎င်းတို့ စွမ်းအားရှိသမျှ ကြိုးစားပြီး မပစ်သရွေ့ အခင်းဖြစ်ရာ နေရာဘက်သို့ ရောက်ရှိဖို့ဆိုသည်မှာ မည်သို့မျှ ဖြစ်နိုင်မှာ မဟုတ်ချေ။

၎င်းတို့ အားကုန်ကြိုးစားပြီး ပစ်လာခဲ့လျှင်ပင် ပစ်မှတ်ကို တိကျစွာ မှန်ကန်လိမ့်မည်ဟု အာမ မခံနိုင်ပေ။

ထို့ပြင် အဘွားကြီး၏ သားနှစ်ယောက်ကလည်း ငှက်ပျောသီးခွံကို တစ်ပြိုင်တည်း တက်နင်းမိပြီး ချော်လဲသွားခဲ့ကြသေးသည်။

ဖြစ်ရပ်နှစ်ခုက တိုက်ဆိုင်လွန်းလှ၏။

ဒေါက်တာချန်ကလည်း နေရာတွင် ရှိနေသဖြင့် တရားမျှတမှုကို တိတ်တိတ်လေး ရှာဖွေပေးနေသူက သူသာလျှင် ဖြစ်ရမည်။

“ ပြီးပြည့်စုံတဲ့ လောဂျစ်ပဲ …..”

“ တစ်ခြားကောင်တွေ ယုံချင်ယုံ၊ မယုံချင်နေ …. ငါကတော့ ယုံတယ် ….”

“ ဒင်းတို့သုံးယောက်က မောက်မာလွန်းတယ် … ဒီလို လုပ်ရပ်မျိုးတွေ အကြိမ်အများကြီး လုပ်ဖူးကြတယ်ဆိုတာ သိသာတယ် …. ဒါပေမယ့် ဒီတစ်ခါကတော့ ဒေါက်တာချန်နဲ့မှ လာတိုးတော့တာပဲ …..”

“ ဟီးဟီး … ဒီကောင်တွေ ခံရတော့မှာကို ငါ မြင်ယောင်နေပြီ ….”

ကြည့်ရှုသူများက ချန်ယွီ့ မည်သို့သော နည်းလမ်းများကို အသုံးပြုပြီး ၎င်းတို့ သုံးယောက်ကို ဆက်လက် သင်ခန်းစာပေးမလဲဆိုတာကို စတင်ခန့်မှန်းနေကြ၏။

သူက သားအမိသုံးယောက်လုံးကို ဆက်တိုက် ကံဆိုးအောင် လုပ်မှာလား … မဟုတ်ဘူးဆိုရင် အာဏာပိုင်တွေကို ဖုန်းဆက်ပြီး ထောင်ထဲ ပို့လိုက်မှာလား …

ကျိုးခဲ့ရှင်းလည်း ကြည့်ရှုသူများနှင့်အတူ လိုက်ပါရယ်မောနေမိသည်။

ခေတ္တမျှ ရယ်မောပြီးနောက်တွင် သူမက တစ်စုံတစ်ရာကို တွေးတောမိသွားခဲ့၏။

အကယ်၍ လင်းမြောင်မြောင်သည်သာ ချန်ယွီ့ထံသို့ ရောက်ရှိမလာခဲ့ဘူးဆိုပါက သူမတို့သည်လည်း ဤနေရာတွင် အက်စီးဒင့် လိမ်လည်မှု ဖြစ်ပေါ်မည်ဆိုတာ သိရှိလိမ့်မှာ မဟုတ်ချေ။

အကယ်၍ သူမတို့သာ အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိမလာခဲ့ဘူးဆိုပါက သက်လတ်ပိုင်း အမျိုးသားသည် ချန်ယွီ့ ပြောဆိုခဲ့သည့်အတိုင်း ပြုလုပ်မိလောက်၏။

ဤကဲ့သို့သော တစ်ဖက်စောင်းနင်း အနိုင်ကျင့်မှုမျိုးကို သူ မည်သို့မျှ ဆက်လက်သည်းခံနိုင်တော့မှာမဟုတ်ဘဲ လူလိမ် သုံးယောက်လုံးကို ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသွားသည်အထိ စိတ်လိုက်မာန်ပါ ပြုလုပ်မိလိမ့်မည်။

သူ ကိုယ်၌လည်း နှစ်ရှည်ထောင်ဒဏ် ကျခံရပေမည်။

“ ဒီသုံးယောက်က ဒီလိုနည်းလမ်းမျိုးနဲ့ ငွေရှာပြီး ထမင်းစားနေကြတဲ့လူတွေ …” စကားပြောခန်းထဲရှိ ကွန်းမန့်များကို ကြည့်ပြီးနောက် ချန်ယွီ့ ပြောလိုက်သည်။ “ သူတို့က တစ်ခြားသူတွေဆီကို အနှုတ်လက္ခဏာဆန်တဲ့ စွမ်းအင်တွေ သယ်ဆောင်လာပေးရုံတင် မကဘူး ၊ သူတို့ကိုယ်၌ကလည်း မကောင်းတဲ့ စွမ်းအင်တွေကို အတိုင်းအတာ တစ်ခုအထိ စုဆောင်းမိနေတယ် ….”

“ နေ့တိုင်းနေ့ မကောင်းတဲ့ အရာတွေပဲ လိုက်လုပ်နေမှတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့ စွမ်းအင်တွေကလည်း တဖြည်းဖြည်းနဲ့ တိုးပွားလာမယ် …..”

“ မကောင်းတဲ့စွမ်းအင်တွေကို သိပ်အများကြီး စုဆောင်းမိသွားပြီ ဆိုရင် … အဲ့တာက ရောဂါဖြစ်စေလိမ့်မယ် … လူတိုင်းလည်း ဒါကို သတိပေးချက် တစ်ခုအနေနဲ့ မှတ်သားထားကြပါ ….”

ချန်ယွီ့၏ စကားကို နားထောင်ပြီးနောက် ကြည့်ရှုသူများက တက်တက်ကြွကြွနှင့် စတင် ဆွေးနွေးကြတော့၏။

“ ဒေါက်တာချန်က ငါတို့ကို မကောင်းမှု နည်းနည်းပဲ လုပ်ပြီး ကောင်းမှု များများလုပ်ဖို့ ပြောနေတာကွ … အဲ့လိုမှပဲ ဝဋ်မလည်မှာ … ”

“ ကောင်းလိုက်တဲ့ အနှစ်ချုပ် … မင်းကို အမှတ် ၁၀၀ ပေးတယ် …..”

“ ဝမ်းနည်းဖို့ကောင်းတယ်လို့ မင်းတို့ကောင်တွေ မထင်ဘူးလား … အဘွားကြီးက သူ့သားနှစ်ယောက်ကို ငွေလိမ်တောင်းဖို့ ခေါ်လာတယ်ဆိုပေမယ့် ဥပေဒလက်ထဲကနေ လက်တစ်လုံးကြားလှည့်ပြီး လွတ်မြောက်နိုင်နေတုန်းပဲ ….”

“ ငါတို့နိုင်ငံရဲ့ တရားဥပဒေကလည်း အသက်ကြီးတဲ့လူတွေအပေါ် သိပ်ညှာတာလွန်းတယ် …. သူတို့တွေကိုလည်း သာမန်လူတွေလိုမျိုး ညီတူမျှတူပဲ ဆက်ဆံသင့်တယ် …”

“ မကောင်းဆိုးရွားဆန်တဲ့ မျိုးမစစ်လေးတွေကပဲ စက်ဆုပ်ဖို့ ကောင်းတာ မဟုတ်ဘူး … ဒီလိုမျိုး သူတို့ကိုယ်သူတို့ အသက်ကြီးတယ်၊ ဝါကြီးတယ်ဆိုပြီး တစ်ခြားသူတွေအပေါ် အခွင့်ကောင်းယူနေကြတဲ့ အိုကြီးအိုမတွေက ပိုပြီး စက်ဆုပ်ဖို့ကောင်းတယ် ….”

“ မင်းတို့က ဘာရယ်နေတာ ….”

ညီကိုနှစ်ယောက်က ဒေါသတကြီး ပြန်ထလာခဲ့သည်။ ညီငယ်က ကြည့်ရှုသူများကို ခြိမ်းခြောက်ဖို့အတွက် တာဝန်ယူပြီး အကြီးဆုံး အစ်ကိုကြီးကတော့ ဒရိုင်ဘာကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေသည်။

အကယ်၍ သက်လတ်ပိုင်း အမျိုးသားကသာ ပြဿနာတွေ အများကြီး မရှာနေဘူးဆိုပါက သူတို့သုံးယောက်လည်း ဤနေရာတွင် အကြာကြီး အချိန်ဖြုန်းနေရမှာ မဟုတ်ချေ။

အကယ်၍ သူတို့ကသာ ဤနေရာတွင် အချိန်ဖြုန်းစရာ မလိုအပ်လျှင် သူတို့အမေသည်လည်း အပေါ်က လွင့်ပစ်လိုက်သည့် အမှိုက်အိတ် မှန်စရာ အကြောင်း မရှိချေ။

သူတို့နှစ်ယောက်သည်လည်း ငှက်ပျောသီးခွံအပေါ် တက်နင်းမိ၍ လူပုံအလယ်တွင် ချော်လဲသွားမှာ မဟုတ်ချေ။

ဤ အကျိုးဆက်များအားလုံးက သက်လတ်ပိုင်း အမျိုးသားကြောင့် ဖြစ်၏။

ယွမ် ငါးသောင်းမျှနှင့် မကျေနပ်ပေးနိုင်တော့ချေ။ အနည်းဆုံး ယွမ် တစ်သိန်းပေးရမည်။

ထိုသို့ တောင်းဆိုပြီးသည်နှင့် ကျယ်လောင်သည့် အသံတစ်သံက မလှမ်းမကမ်းကနေပြီး ထွက်ပေါ်လာသည်။

လမ်းအလယ်တွင် ထိုးရပ်ထားသည့် ဆိုင်ကယ်တစ်စင်းကို ကားတစ်စင်းက ဝင်တိုက်မိပြီး ဆိုင်ကယ်မှာ မီတာ အနည်းငယ်အကွာအထိ လွင့်စင်ထွက်သွားခဲ့သည်။

ဆိုင်ကယ်ကို မည်သို့သော ပစ္စည်းများနှင့် ပြုလုပ်ထားမှန်း မသိရသော်လည်း အစိတ်အပိုင်း တော်တော်များကတော့ ဘေးကို တစ်စစီ လွင့်ပျံထွက်လာသည်။

“ ငါ့ ဆိုင်ကယ်အသစ်လေး ….”

အကြီးဆုံးသား၏ မျက်လုံးတို့ထဲ ဒေါသနှင့် ဝမ်းနည်းမှုတို့ ရောယှက်ပြီး နီရဲလာခဲ့သည်။

သူ ယွမ်တစ်သိန်းကျော်လောက် အကုန်အကျခံထားတဲ့ ဆိုင်ကယ်လေးကို ကားက ရက်ရက်စက်စက် ဝင်တိုက်သွားခဲ့တယ် ….

ကားနှင့် တိုက်လိုက်သည့် ဒရိုင်ဘာမှာတော့ ရပ်တန့်မည့် ရည်ရွယ်ချက်မျိုး မရှိပါဘဲ ထွက်ပြေးသွားခဲ့သည်။

“ ထွီးပဲ … မင်းက ကားအကြီးစားကြီး စီးနိုင်တော့ရော ဘာဖြစ်လဲ … မင်းရဲ့ကားလည်း ထိခိုက်သွားတယ် … မင်းငါ့ကို အနည်းဆုံး ယွမ်တစ်သိန်း လျော်ပေးရမယ်ဟေ့ကောင် ….”

တစ်ချိန်တည်းမှာပဲ အနီရောင် ကားတစ်စင်းက ရပ်တန့်သွားခဲ့သည်။

အပြာရောင် ယူနီဖောင်းနှင့် အမျိုးသား တစ်ဦးက မော်တော်ဆိုင်ကယ်အနားသို့‌ လျှောက်လှမ်းလာခဲ့ပြီး မေးလိုက်၏။

“ ဒါ ဘယ်သူ့ ဆိုင်ကယ်လဲ…..”

“ ဘယ်သူ့ဆိုင်ကယ်လဲလို့ မေးနေသေးတယ်ပေါ့ … ငါ့ဆိုင်ကယ် အသစ်လေးက မင်းကြောင့်မို့ ပျက်စီးသွားပြီ … လျော်ပေးစမ်း ….”

အကြီးဆုံးသားက လူသတ်လိုစိတ်များဖြင့် ပြေးတက်လာခဲ့ပြီး ဒုတိယသားကလည်း သူ့အနောက်မှနေ၍ အနီးကပ်လိုက်ပါလာခဲ့သည်။ လက်သည်ကို ယွမ် နှစ်သိန်း လျော်ကြေးပေးဖို့ တောင်းဆိုနေလျက် ရှိ၏။

“ မင်းဆိုင်ကယ်က လမ်းမအလယ်မှာ ထိုးရပ်ထားတာ ….” အပြာရောင်ဝတ်နှင့် အမျိုးသားက တည်ကြည်လေးနက်သည့် မျက်နှာအမူအရာနှင့် ပြောဆိုလိုက်ပြီး “ ပုံမှန် ယာဉ်သွားယာဉ်လာတွေကို အနှောင့်အယှက် ဖြစ်စေတယ် … ငါက အရေးပေါ်ကားတွေကို ထိန်းချုပ် အမိန့်ပေးတဲ့သူပဲ … မင်းရဲ့ ဆိုင်ကယ်ကို တိုက်သွားတဲ့ ကားကလည်း အရေးပေါ်ကား … ကားဒရိုင်ဘာက မစ်ရှင်တစ်ခုကို ထမ်းဆောင်နေပြီး မင်းဆိုင်ကယ် လာဖယ်ပေးမှာကို စောင့်ဆိုင်းနေဖို့ အချိန်မရဘူး ….”

“ လျော်ကြေးအတွက်ကတော့ ငါ ယာဉ်ထိန်းရဲကို ဆက်သွယ်လိုက်မယ် ….”

အမျိုးသားက သူတို့နှစ်ယောက်ကို ဆက်သွယ်၍ရသည့် အချက်အလက်များ ချန်ထားရစ်ပေးဖို့ တောင်းဆိုပြီး ယာဉ်ထိန်းရဲဘက်က ဆက်သွယ်လာမှာကို စောင့်ဆိုင်းဖို့ ပြောသည်။

“ ဟားဟား …. ဒီကောင်တွေက ဥပဒေမဲ့ရုံတင် မကဘူး … စာမတတ်ပေမတတ်တွေပဲဟ …. အရေးပေါ်ဌာနဆိုတာ ဘာမှန်းတောင် မသိဘူးထင်ပါတယ် ….”

“ ဘယ်အရေးပေါ်ကားမဆို လမ်းဖြတ်သန်းမောင်းနှင်မှုမှာ ထိပ်ဆုံး ဦးစားပေးနေရာကရှိတယ် … သူ့ဆိုင်ကယ်လေးကို တိုက်သွားရုံလောက်မပြောနဲ့ … တက်နင်းသွားတောင် ဒီညီကိုတွေ သူတို့ကိုယ်သူတို့ ကံဆိုးတယ်ဆိုပြီးပဲ အပြစ်တင်လို့ရမယ် ….”

“ အရေးပေါ်ဌာနဆီကနေ လျော်ကြေးတောင်းနေတယ်တဲ့ကွာ .. ငါ အူတက် … ဒီကောင်တွေ ရူးများနေလား မသိဘူး …..”

“ ယွမ်နှစ်သိန်းတောင်းတာတဲ့နော် …. ဒါလျော်ကြေးတောင်းတာ မဟုတ်တော့ဘူး … ငွေညှစ်တာ ဖြစ်သွားပြီ ….”

ကြည့်ရှုသူများသာလျှင် ဘာတွေဖြစ်နေလဲဆိုတာကို နားလည်ရုံမျှမက ၊ ဘေးတွင် ပွဲကြည့်နေကြသူများကလည်း သူတို့ အချင်းချင်း ဆွေးနွေးနေကြသည်။

သူတို့ ဆိုင်ကယ်ကို တိုက်သွားသည့်ကားက အရေးပေါ်ကား ဖြစ်မှန်း သိလိုက်ရတော့ ညီကိုနှစ်ယောက်လည်း သူတို့၏ ဖုန်းနံပါတ်များကို ပေးလိုက်ကြသည်။

ယူနီဖောင်းနှင့် အမျိုးသားကိုတော့ သူတို့တွေ ထွက်သွားခွင့် ပြုလိုက်၏။

ညီကိုနှစ်ယောက်က ရိုင်းစိုင်ပြီး ကျိုးကြောင်းမသင့်သော်လည်းပဲ ရူးနှမ်းနေသူများ မဟုတ်ကြပေ။

အကယ်၍ သူတို့သာ အရာရှိ တစ်ယောက်ကို ဆက်ပြီး ငွေညှစ်နေမည်ဆိုပါက အများပြည်သူနှင့် ဆိုင်သည့် အရေးကြီး ကိစ္စများကို ဝင်ရောက်နှောင့်ယှက်မှုနှင့် ပြစ်မှုမှတ်တမ်းထဲ ဝင်သွားနိုင်သည်။

“ ဘယ်လိုတောင် ကံဆိုးတဲ့နေလဲကွာ … အချီကြီး ဖမ်းဖို့ ကြံနေပါတယ်ဆိုနေမှ ကံဆိုးတာတွေနဲ့ပဲ လာကြုံနေရတယ် ….”

“ ဟင်း ….”

ညီကို နှစ်ယောက်လုံး သက်ပြင်းချလိုက်ကြသည်။

သူတို့အမေက အမှိုက်အိတ် ထိမှန်ခံရပြီး မိမိတို့နှစ်ယောက်မှာလည်း ငှက်ပျောခွံ တက်နင်းမိ၍ ချော်လဲခဲ့ကြသည်။

သူတို့တွေ အသစ်ဝယ်ထားသည့် ဆိုင်ကယ်လေးမှာလည်း ကားတိုက်ခံလိုက်ရပြီး မြင်ရက်စရာပင် မရှိတော့ချေ။

စိတ်ဓာတ်ကျနေသော်လည်း ညီကိုနှစ်ယောက်မှာ သူတို့တွေ ကံဆိုးသည်ဟု ဝန်မခံလိုကြပေ။

မော်တော်ဆိုင်ကယ်အနားသို့ သွားရောက်ပြီး ထိခိုက်ပျက်စီးမှုကို စစ်ဆေးဖို့ ပြင်ဆင်လိုက်ကြ၏။ သို့မှသာ လျော်ကြေးငွေကို ပိုပြီး ကောင်းကောင်းမွန်မွန် တောင်းခံနိုင်မည်။

ထိုအချိန်မှာပဲ ထူးဆန်းသည့် ထရပ်သေးသေးလေးက ညီကိုနှစ်ယောက် ရှေ့ကနေ ဖြတ်မောင်းသွား၏။

ထင်မှတ်မထားသည့် မြင်ကွင်းတစ်ခုက ထွက်ပေါ်လာသည်။

ထရပ်ကားက ညီကိုနှစ်ယောက်အရှေ့မှ ဖြတ်သန်းသွားသည်နှင့် ကားအနောက်ဘက်ခြမ်းရှိ လုံးဝန်းသည့် တိုင်ကီပေါ်ရှိ အဆို့ရှင်လေးက ရုတ်ချည်း ပွင့်လာခဲ့ပြီး …

အဝါရောင် အရည်များက ညီကိုနှစ်ယောက်အပေါ်သို့ ဖြန်းပက်သွားခဲ့သည်။

All Chapters