← Chapters

နှိမ်ချပြီးနေတဲ့ တိုင်ကွန်း

Vol. 28 Ch. 278

နှိမ်ချပြီးနေတဲ့ တိုင်ကွန်း

Vol. 28 Ch. 278

တကယ်လို့ သက်လတ်ပိုင်း ဦးလေးကြီးက ငွေလိုအပ်မနေဘူးဆိုရင် ဘာလို့ ညသန်းခေါင်အချိန်ကြီး တက္ကစီမောင်းနေရတာလဲ ….

ညဘက် တက္ကစီကားမောင်းရသည်က မည်မျှ ခက်ခဲကြောင်းကို လင်းမြောင်မြောင် နားလည်သည်။

နေ့တိုင်းနေ့ ညဉ့်နက်သည်အထိ နေ့ဖို့ လိုအပ်ရုံမျှမက၊ မကြာခဏဆိုသလို အရက်မူးသမားများနှင့်လည်း ကြုံဆုံရသေးသည်။

“ လူကြီးမင်း ….” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်၏။ “ အဲ့နေ့တုန်းက ခင်များကုမ္ပဏီက ဒရိုင်ဘာ တစ်ယောက်ကိုယ်စား မောင်းပေးနေတာမလား ….”

“ ဟမ် ….”

သက်လတ်ပိုင်း အမျိုးသားမှာ အံ့အားသင့်သွားခဲ့သည်။

ချန်ယွီ့ မေးခွန်းကို သူ၏ အမူအရာက ဖြေကြားပြီး ဖြစ်၏။

“ မဖြစ်နိုင်တာ …”

ကျိုးခဲ့ရှင်းက သက်လတ်ပိုင်း အမျိုးသားကို နှစ်ပတ် ပတ်၍ စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး “ ဒေါက်တာချန် … ဒီရဲ့ ဦးလေးကြီးက သူဌေးကြီးပေါ့ ဟုတ်လား …..”

“ သူ အရင်တုန်းက တက္ကစီ ဒရိုင်ဘာ ဖြစ်ခဲ့ဖူးတယ် ….” ချန်ယွီ့ ပြောလိုက်ပြီး “ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကပဲ တက္ကစီကုမ္ပဏီ အသေးလေးစားလေး တစ်ခု တည်ထောင်လိုက်တယ် …”

“ အခုဆို သူ့လက်အောက်မှာ ပြေးဆွဲနေတဲ့ တက္ကစီကားပေါင်း ၅၀ ကျော်လောက် ရှိတယ် …..”

“ သူက ပုံမှန်ဆို လက်ဖက်ရည် သောက်ရတာ ကြိုက်တယ် …. တီဗွီကြည့်ရတာ ကြိုက်တယ် … ပန်းခြံမှာ လမ်းလျှောက်ရတာ ကြိုက်တယ် …..”

“ တကယ်လို့ ကုမ္ပဏီမှာ လူစားထိုး ကားမောင်းပေးဖို့ လိုအပ်လာတဲ့လူရှိရင်လည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ်စား အဆိုင်းဆင်းပေးတယ် …..”

“ အဲ့နေ့တုန်းက ညမောင်းရမယ့် တက္ကစီသမား ကိုယ်စား ကားမောင်းပေးနေတဲ့အချိန် မိန်းကလေးလင်းနဲ့ ဆုံခဲ့တာပဲ …..”

“ တက္ကစီကားမောင်းတာက အဲ့လောက်တောင် ဝင်ငွေကောင်းတယ်ပေါ့ …..”

လင်းမြောင်မြောင် ကြက်သေသေသွားခဲ့ပြီး ရှက်လည်း ရှက်သွားခဲ့၏။

“ လူကြီးမင်း ….” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ ဒီ မေးခွန်းကိုတော့ ခင်များ ကိုယ်တိုင် ဖြေပေးတာက ပိုပြီး သင့်လျော်မယ်လို့ ထင်တယ် …..”

“ တက္ကစီကားမောင်းရုံလောက်နဲ့တော့ ဒီလောက်ထိ ဝင်ငွေကောင်းဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ မိန်းကလေးရယ် ….” သက်လတ်ပိုင်း အမျိုးသားက သူ့ဦးခေါင်းကို ခါယမ်းပြီး ခါးသက်စွာ ပြုံးရင်း “ တက္ကစီမောင်းပြီး ငွေတွေ အများကြီးရဖို့က မဖြစ်နိုင်ဘူး … ဒါပေမယ့် ကိုယ်က ကြိုးစားပမ်းစားနဲ့ အလုပ်ကြိုးစားမယ်ဆိုရင်တော့ မိသားစုသုံးယောက်ကို ထောက်ပံ့ပေးဖို့ကတော့ ပြဿနာမရှိဘူး …..”

“ ရှင်က ဝင်ငွေလည်း မကောင်းဘူးဆိုရင် ဘယ်လိုလုပ်ပြီး တက္ကစီ ကုမ္ပဏီ ထောင်နိုင်မှာလဲ ….” လင်းမြောင်မြောင် ဇဝေဇဝါ ဖြစ်နေမိသည်။

“ ဘာလို့ဆို ငါ့အိမ်က မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်ထဲ ပါဝင်နေလို့ပဲ …..”

“ အစိုးရရဲ့ လျော်ကြေးငွေက ငါ့ကို ငွေကြေး လွတ်လပ်ခွင့် ပိုင်ဆိုင်စေတယ် ….”

သက်လတ်ပိုင်း အမျိုးသား၏ အဖြေက လင်းမြောင်မြောင်နှင့် ကျိုးခဲ့ရှင်းကို လျှာတောက်ခေါက်သွားစေခဲ့သည်။

အပေါ်ယံတွင် ဤဦးလေးကြီးက ဖြူလျော်နေအောင် လျှော်ဖွပ်ထားသည့် အဝတ်အစားနှင့် ဆေးကွာပြဲနေသည့် သားရေ ရှူးဖိနပ်ကို ဝတ်ဆင်ထားသော်လည်း တကယ့်လက်တွေ့တွင်တော့ တက္ကစီ ကုမ္ပဏီတစ်ခု၏ သူဌေး ဖြစ်နေရုံမျှမက ၊ လူချမ်းသာတစ်ဦးလည်း ဖြစ်နေလျက် ရှိသည်။

“ ငါတော့ ရှော့ခ်ရသွားပြီ … လက်စသတ်တော့ လူပြက်က ငါဖြစ်နေတာကိုး … ဟားဟားဟား …..”

“ငါ မရယ်နိုင်တော့ဘူး …. မမလေးကျိုးနဲ့ မိန်းကလေးလင်းဆို သူတို့ ပါးစပ်တွေတောင် မစေ့နိုင်ကြတော့ဘူး …..”

“ အောင်မယ်လေး ဗုဒ္ဓေါ … ငွေကြေး လွတ်လပ်မှုလို့ သူ ပြောလိုက်တာလား …..”

စကားပြောခန်းထဲ အုတ်အုတ်ကျက်ကျက်တွေ ဖြစ်ကုန်သည်။

ဤကဲ့သို့ ရိုးသားပွင့်လင်းပြီး ထောင်ထောင်မောင်းမောင်းနှင့် သက်လတ်ပိုင်း ဦးလေးကြီးက အစိုးရ စီမံကိန်းကတစ်ဆင့် ကြွယ်ဝချမ်းသာလာသည့် သူဌေးကြီး တစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။

ဟန်ကျိုးမြို့ ဒေသခံ ကြည့်ရှုသူများကတော့ ၎င်းတို့၏ အတွေ့အကြုံများကို ဝေမျှနေခဲ့ကြ၏။

ယခင်နှစ်များတွင် ဟန်ကျိုးမြို့က ဆက်တိုက် ဖွံ့ဖြိုးတိုးတက်လာနေပြီး အိမ်ယာမြေဖြိုချခံရမှုကတစ်ဆင့် တိုင်ကွန်း အများအပြား မွေးဖွားလာခဲ့သည်။

သာမန်လူတစ်ချို့က ညတွင်းချင်း မီလီယမ်နာ၊ ဘီလီယမ်နာများ ဖြစ်ကုန်သည်။

လူငယ်လူရွယ်များကတော့ အပျော်အပါး ကာမဂုဏ်လိုက်စားကြပြီး မျိုးဆက်ဟောင်းများကတော့ သူတို့ လုပ်နေသည့် အရာကိုပဲ ဆက်လုပ်ကြသည်။

ခြုံငုံပြီး ပြောပြရလျှင် ဒေသခံ တိုင်ကွန်း အများအပြားက လူတို့၏ နေ့စဉ်ဘဝတွင် ပုန်းအောင်းနေလျက် ရှိ၏။

၎င်းတို့က သန့်ရှင်းရေးသမားများ၊ လုံခြုံရေး အစောင့်များ၊ လမ်းဘေး စားသောက်ဆိုင် ပိုင်ရှင်များ၊ ဘက်စ်ကားဒရိုင်ဘာများလည်း ဖြစ်နေနိုင်သည်။

အလုပ်ပြီးနောက်တွင် ထိုသူတို့က မိမိတို့၏ ဇိမ်ခံကား အကောင်းစားကြီးများဖြင့် အိမ်သို့ ပြန်လေ့ရှိကြသည်။

“ ဒေါက်တာချန် … ကျွန်မ အခု သွားရတော့မယ် … အခုချိန် မသွားဘူးဆိုရင် ဒီနေ့ အလုပ်ပျက်တဲ့ထဲ ပါသွားတော့မှာ …..”

သက်လတ်ပိုင်း ဦးလေးကြီးနှင့် ဖုန်းနံပါတ်ချင်း ဖလှယ်ပြီးနောက် လင်းမြောင်မြောင်က တွန့်ဆုတ်စွာ ပြောဆိုလာသည်.

လူနာတင်ယာဉ် ရောက်လာသည်ကို မြင်တော့မှပဲ လင်းမြောင်မြောင်မှာ သူမ အလုပ်လုပ်ဖို့ ရှိသေးကြောင်း သတိရသွားခဲ့တော့သည်။

သူမထံတွင် ထိုသို့ အစိုးရ၏ စီမံကိန်းထဲ ပါဝင်နေသည့် အိမ်လည်း မရှိသဖြင့် ရိုးသားသည့် သာမန် လုပ်သားလေးတစ်ဦးသာ ပြုလုပ်နိုင်သည်။

“ အင်း … ဖြည်းဖြည်းသွားဦး ….”

လင်းမြောင်မြောင်ကို လက်ပြနှုတ်ဆက်ပြီးနောက် ချန်ယွီ့သည် လက်နောက်ပစ်လျက် စိတ်ကျန်းမာရေး ဆေးခန်းထဲ လျှောက်လှမ်းလာခဲ့သည်။

ပွဲပြီးသွားတော့ ကျိုးခဲ့ရှင်း၏ လိုင်းစထွင်း ဖန်အရေအတွက်က တစ်သန်းကို ကျော်လွန်သွားခဲ့ပြန်သည်။

ဖော်လိုဝါအသစ်က သုံးသိန်းကျော်ရှိ၏။

ချန်ယွီ့ လိုက်စထွင်းကို ကြည့်ရှုနေကြသည့် ကြည့်ရှုသူ အရေအတွက်ကလည်း နောက်တစ်ဆင့်ကို တက်လာခဲ့ပြီး ယခင် ခြောက်သန်းမှ ရှစ်သန်းအထိကို ရောက်ရှိလာခဲ့သည်။

ပရိသတ် ဆယ်သန်းရှိသည့် စထွင်မာ တစ်ဦး ဖြစ်ဖို့အတွက် ခြေတစ်လှမ်းမျှသာ လိုတော့၏။

“ ထိပ်သီး ကျင့်ကြံသူတစ်ဦးက သူ့ရဲ့ ဟိုတယ်ခန်းထဲမှာ ညတွင်းချင်း ဆုံးသွားခဲ့တယ် …..”

“ ချန်ယွီ့က တကယ်ပဲ အဲ့လောက်တောင် ကြောက်ဖို့ ကောင်းတာလား …..”

ဟန်ကျိုးမြို့ပြင်ရှိ ဗီလာတစ်ခုတွင်။

ဝန်ရှင်းဟွေ့သည် အိုးကင်းပူပေါ် တင်ခံထားရသည့် ပုရွက်ဆိတ်နှယ် ဂနာမငြိမ်ဖြစ်နေသည်။

အစောပိုင်းတုန်းက သူ ဆရာယွမ်ထံသို့ သွားလည်ချင်ခဲ့သည်။

ဟိုတယ်ဝင်ပေါက်ဝကို ရောက်တော့ ရဲအရာရှိ အများအပြား စုဝေးနေသည်။

နောက်ပိုင်းတွင် ဟိုတယ်၌ လူသတ်မှု တစ်ခု ဖြစ်သွားခဲ့ပြီး သေဆုံးသွားသူ၏ မျိုးရိုးနာမည်က ‘ယွမ်’ ဖြစ်၏။

“ မာစတာလျို … ခင်များ ဒီတစ်ခေါက်တော့ ပြန်လာမှပဲ ဖြစ်တော့မယ် ….”

ခေတ္တတွေးတောပြီးနောက် ဝန်ရှင်းဟွေ့က သူ၏ ဖုန်းရွှေမာစတာ ၊ မာစတာလျိုထံသို့ ဖုန်းခေါ်လိုက်သည်။

“ ဥက္ကဌဝန် … ဘာထပ်ဖြစ်ပြန်ပြီလဲ …. အခုချိန်လောက်ဆို ဆရာယွမ်က လှုပ်ရှားနေလောက်ပြီ ... မင်းက သူ့ကို မယုံဘူးလား …..”

“ ဆရာယွမ် သေပြီ … ဒီမနက်ခင်းမှာပဲ ဆရာယွမ်နဲ့ သူ့တပည့် နှစ်ယောက်လုံး ဟိုတယ်ခန်းထဲမှာ သေသွားခဲ့ပြီ ….”

“ သူ သေပြီ….”

အနှိပ်ခံနေသည့် မာစတာလျိုမှာ အနှိပ်စားပွဲပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့၏။

“ မင်းတို့ အကုန် ထွက်သွားကြ ….”

မာစတာလျို၏ အသံက ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။

စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက် မာစတာလျိုက စိတ်ကြောင့်ကြနေသည့် လေသံဖြင့် “ ဥက္ကဌဝမ် …. ဆရာယွမ်နဲ့ သူ့တပည့်ကို ဘယ်သူလဲ သတ်သွားခဲ့တာ … ဟိုကောင်လေးတော့ မဟုတ်လောက်ဘူးမလား ….”

“ အာဏာပိုင်တွေဘက်က သတင်းကို မကြေညာသေးဘူးဆိုပေမယ့် ကျုပ်အထင်တော့ ချန်ယွီ့ရဲ့ လက်ချက် ဖြစ်ဖို့ များတယ် ….”

“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာ … ချန်ယွီ့မှာ ဘယ်လို ကျင့်ကြံဆင့်တွေ ရှိနေလို့ ဆရာယွမ်တောင် သူ့ပြိုင်ဘက် မဟုတ်ရတာလဲ ….”

မာစတာလျို စိုးရိမ်လာသည်။

ဝန်ရှင်းဟွေ့နှင့် ချန်ယွီ့တို့က သဘောထားချင်း ကွဲလွဲနေကြသဖြင့် မာစတာလျိုသည် ဤကိစ္စထဲ ဝင်မပါမိအောင် အတတ်နိုင်ဆုံး ကြိုးစားနေရသည်။

သို့ပေမယ့်လည်း ဝန်ရှင်းဟွေ့နှင့်အတူ နှစ်ပေါင်းများစွာကြာ အလုပ်လုပ်လာပြီးသည့်နောက် တစ်ဖက်သူ၏ လက်ထဲတွင် သူ၏ မကောင်းသည့်လုပ်ရပ်အများအပြား၏ သက်သေ အများအပြား ရှိနေသည်။

ဝန်ရှင်းဟွေ့က သူ့ထံသို့ စာတွေအများကြီး ပို့ပြီး ခြိမ်းခြောက်လာခဲ့သည်။

အကယ်၍သူသာ ပြဿနာကို ကူညီဖြေရှင်းမပေးဘူးဆိုလျှင် မာစတာလျိုလည်း သက်သာလိမ့်မှာ မဟုတ်ချေ။

ရွေးချယ်စရာမရှိသည့်အဆုံး ၊ မာစတာလျိုလည်း ပြန်လမ်းမမြင်သည့် လမ်းသို့ ခြေချလိုက်ရတော့၏။

ရက်စက်ပြီး အညှာအတာ ကင်းမဲ့သည်ဟု နာမည်ကြီးသည့် ဆရာယွမ်နှင့် ဝန်ရှင်းဟွေ့ကို မိတ်ဆက်ပေးလိုက်သည်။ ဆရာယွမ်၏ ကျင့်ကြံမှုက နက်ရှိုင်းလှပြီး လူထက် ငွေကို ပိုပြီး အသိအမှတ်ပြုသည်ဟုလည်း နာမည်ကြီး၏။

“ ဥက္ကဌဝန် …. ငါ မကြာသေးခင်ကပဲ လူတစ်ယောက်ဆီကနေ လှည့်ကွက် တစ်ခု သင်ထားတယ် … ဒီ လှည့်ကွက်က မင်းကို ကူညီကောင်း ကူညီနိုင်လိမ့်မယ် … ဒါပေမယ့် ……”

“ ခင်များ ငွေလိုချင်လား ဘာလိုချင်လဲ တိုက်ရိုက်သာပြော … ဒီချန်ယွီ့ကို ဖယ်ရှားပေးနိုင်သရွေ့ ကျုပ်တို့ ဘာမဆို ဆွေးနွေးလို့ရတယ် ….”

ဝန်ရှင်းဟွေ့ ပူပန်မှုအပြည့်ဖြင့် အလောတကြီး ပြောဆိုလိုက်သည်။

“ ငါ ပြောချင်တာ အဲ့လို မဟုတ်ဘူးဟ … ငါတို့တွေ လက်တွဲ အလုပ်လုပ်လာတာလည်း နှစ်တွေ ဒီလောက် ကြာနေပြီ … ဥက္ကဌဝန်က ဘယ်လိုလူစားမျိုးလဲဆိုတာ ငါ မသိဘဲ ဘယ်နေလိမ့်မှာ …. ဥက္ကဌဝန်က ရက်ရောတဲ့ လူစားမျိုးပါ … ငါလည်း ငါလုပ်နေတာကို ငါသိတယ် ….”

“ ငါပြောချင်တာက ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင် ဥက္ကဌဝန် … မင်း ကလေး မရှိနိုင်လောက်တော့ဘူး ….” မာစတာလျိုက တောင်းပန်တိုလျှိုးသည့် လေသံဖြင့် ပြောလာခဲ့သည်။

“ ကလေးမရှိနိုင်လောက်တော့ဘူး ….”

“ ရှင်းအောင် သေချာပြောစမ်း ….” ဝန်ရှင်းဟွေ့ အံ့အားသင့်သွားခဲ့ပြီး “ ကျုပ် နောင်ကျ ကလေးထပ်မရနိုင်တော့မှာကို ပြောချင်တာလား …”

မာစတာလျိုက အလျင်အမြန် ရှင်းပြလိုက်၏။ “ မဟုတ်ဘူး မဟုတ်ဘူး ဥက္ကဌဝန် … မင်း အထင်လွဲနေပြီ …. ငါပြောတဲ့ ကလေးမရှိနိုင်လောက်တော့ဘူးဆိုတာက မင်းရဲ့ ကလေးနှစ်ယောက် ယစ်ဇ်ကောင်တွေ ဖြစ်လာမယ်လို့ ပြောတာ ….”

“ မင်းရဲ့ သားအကြီးဆုံးက ထောင်ထဲ ရောက်နေပြီ … သူလည်း …. အင်း … မကြာလောက်တော့ဘူး …..”

“ တကယ်လို့ တစ်ခြားတစ်ယောက်ပါ မရှိတော့ဘူးဆိုရင် …. ဥက္ကဌဝန် သဘောပေါက်ပါတယ် …..”

“ လူကို လန့်အောင် လာလုပ်နေတယ် … ဒါလေးများ … အဆင်ပြေတယ် …..”

ဝန်ရှင်းဟွေ့၏ အသံက အေးစက်နေပြီး “ ကျုပ် ဒုတိယသားလည်း ဆန်ကုန်မြေလေး .. ဘာသောက်သုံးမှ ကျတဲ့ကောင် မဟုတ်ဘူး … အဲ့ကောင်က တရားမဝင်သား …. ကျုပ်နဲ့လည်း မတူဘူး … ဒီတိုင်း သာမန်ကလေးပဲ … ကွန်ဒုံးပေါက်ပြီး မွေးလာတဲ့ကောင် ….. သေသွားလည်း ကိစ္စမရှိဘူး …..”

“ ချန်ယွီ့ကို ဖယ်ရှားပေးနိုင်သရွေ့ နောင်ကျ ကလေးတွေ ဒါဇင်လိုက် မွေးလို့ရတယ် … တစ်ယောက်၊ နှစ်ယောက် သေသွားတာက ကိစ္စမရှိဘူး …..”

“ ဒါဆိုရင်တော့ ဒီကိစ္စ အကောင်အထည် မဖော်ခင် အချိန်တစ်ခုလောက်တော့ စောင့်ရလိမ့်မယ် ….”

မာစတာလျိုက ခေတ္တစဉ်းစားပြီးနောက် “ ဒီနည်းလမ်းက နှစ်ဆင့် ခွဲထားတယ် … ဥက္ကဌလျိုဘက်ခြမ်းက ပြဿနာတွေ ရှင်းပြီးတာနဲ့ နောက်တစ်ဆင့်က ဖုန်းရွှေ နဂါးလှိုင်ဂူကို ရှာဖို့ပဲ ….”

“ ဖုန်းရွှေ နဂါးလှိုင်ဂူ ရှိတော့မှပဲ အစီအစဉ်လည်း အကောင်အထည် ဖော်လို့ရမှာ … အဲ့ဒီအချိန်က … ချန်ယွီ့ ကျိန်းသေပေါက် သေမယ့်အချိန်ပဲ ….”

All Chapters