အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
47
အမျိုးသမီးမှာ ဝေခွဲမရ ဖြစ်နေသည်။
‘ကွာရှင်းရမှာလား၊ သူမ ကွာရှင်းလို့ မဖြစ်ဘူး၊ ကွာရှင်းလိုက်ရင် သူမသွားစရာ နေရာမရှိတော့ဘူး၊ သူမမိဘအိမ်က မောင်နှမတွေကလည်း သူမကို ထောက်ပံ့မှာ မဟုတ်ဘူး၊ ယောက်ျားတစ်ယောက်ကို အလိုလိုက်ဖို့ပဲ တိုက်တွန်းကြမှာ’
‘ပြီးတော့ သူမသမီးတွေ၊ တစ်ယောက်က အိမ်ထောင်ချပေးဖို့ စီစဉ်နေတုန်းပဲ ရှိသေးတယ်၊ သူမသာ ကွာရှင်းလိုက်ရင် လူတွေက သူမသမီးကို ဘယ်လိုမြင်ကြမလဲ၊ အဲ့ဒါကြောင့် ဒုတိယရွေးချယ်မှုကိုပဲ ရွေးဖို့ ဆုံးဖြတ်လိုက်တယ်’
‘တိုင်ဆိုလည်းတိုင်တာပေါ့၊ တိုင်ပစ်လိုက်မယ်’
“ဒါပေမယ့် ဘယ်လိုတိုင်ရမလဲ၊ ကျွန်မဆီမှာ သက်သေမှမရှိတာ”
“ရှင့်ခင်ပွန်းရဲ့ စာကြည့်ခန်းထဲသွားရှာကြည့်ပါ၊ သူလည်း ပါဝင်ပတ်သက်နေတာပဲလေ၊ သူ့အပြစ်တွေ ပြေပျောက်ဖို့ ရှင့်ခင်ပွန်းနာမည်နဲ့ သူ့အထက်လူကြီးကို တိုင်လိုက်ပါ၊ ဒါဆို သူ့ရဲ့ကုသိုလ်နဲ့ အကုသိုလ်ကာမိသွားပြီး သူ့ရာထူးတောင်တက်လာနိုင်သေးတယ် သွားတော့”
ရှောင်အန်းလဲ့စကားများကို ကြားပြီးနောက် အမျိုးသမီး လေးလံသောစိတ်ဖြင့် ထွက်ခွာသွားသည်။ ချင်းရှုရန် ပျံသန်းလာပြီး သူမရှေ့တွင်ထိုင်လိုက်၏။
“ခုနကလူက ချန်အန်းမြို့စားအိမ်တော်က သခင်မလေးရဲ့လူပဲ၊ ဒါပေမယ့် ကျွန်မ ချန်အန်းမြို့စားအိမ်တော်ထဲကို မဝင်ရဲဘူး၊ အထဲမှာ အစွမ်းထက်တဲ့အစီအရင်တစ်ခုရှိတယ်”
အစီအရင်အကြောင်းကြားလိုက်ရသဖြင့် ရှောင်အန်းလဲ့ ချက်ချင်း စိတ်ဝင်စားသွားပြီး လက်လှမ်းမီရာ လက်ဖက်ရည်ကို သောက်လိုက်သည်။
“ဒီည မြို့စားအိမ်တော်ကို သွားစူးစမ်းကြည့်ကြတာပေါ့”
သူမ ခေတ္တရပ်ပြီးပြောလိုက်၏။
“ငါ စာတိုလေးတစ်စောင် ရေးပေးမယ်၊ နင် ယဲ့မင်းသားဆီယူသွားပေး၊ ဒီည ချန်အန်းမြို့စားအိမ်တော်ကို အတူတူသွားစူးစမ်းဖို့ ဖိတ်တယ်လို့ပြောလိုက်၊ အဲဒီမှာ အရေးကြီးတဲ့ သဲလွန်စတွေရှိနိုင်တယ်”
ချင်းရှုရန် ချက်ချင်းနှာခေါင်းရှုံ့လိုက်သည်။
“ဆရာသခင် တကယ်ပဲ သူ့ရုပ်ရည်ကို သဘောကျနေတာလား၊ ဆရာသခင်ကက သူ့ကိုတကယ်ကြီး ခေါ်သွားမယ်ပေါ့လေ”
ရှောင်အန်းလဲ့ သူမကိုမျက်လုံးလှန်ပြလိုက်၏။
“ပထမတစ်ခေါက်က စိမ်းပေမယ့် ဒုတိယတစ်ခေါက်ဆို ကျွမ်းသွားပြီလေ၊ သူ့အဆင့်အတန်းနဲ့ဆို အလုပ်လုပ်ရတာ ပိုလွယ်တယ်၊ ပြီးတော့ ဟိုတာအိုဆရာကြီးနဲ့ ဖုန်းဆိုတဲ့လူကို စုံစမ်းပေးဖို့လည်း သူ့ကို အကူအညီ တောင်းထားတယ်၊ သူကူညီရင် မြန်မြန်သိရမှာပဲ”
သူမ ထိုသို့ပြောသည်ကိုကြားသောအခါ ချင်းရှုရန် ချက်ချင်း ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ၊ ကျွန်မ အခုချက်ချင်း သူ့ဆီသွားပြီး အစီအစဉ်ဆွဲလိုက်မယ်”
ရှောင်အန်းလဲ့ ချင်းရှုရန်အတွက် စာတိုလေးတစ်စောင် ရေးပေးလိုက်ရာ ချင်းရှုရန် စာကိုယူပြီး ပျံသန်းထွက်ခွာသွားသည်။
မွန်းလွဲပိုင်း အိမ်တော်သို့ပြန်ရောက်သောအခါ ရှောင်အန်းလဲ့ တုန်းထောင်ကိုယ်ထဲမှ ပြိတ္တာကိုခေါ်ထုတ်လာခဲ့ပြီး ယနေ့ည လူဝင်စားဖို့ပို့ပေးရန်ရည်ရွယ်ထား၏။
“သခင်မလေး၊ နောက်ဆုံးတော့ပြန်ရောက်လာပြီပဲ၊ ရှောင်သခင်မက ဝမ်းကွဲသခင်မလေး နေမကောင်းဖြစ်တာ သခင်မလေးကြောင့်ဆိုပြီး နတ်သမားတော်တစ်ယောက်ကို ခေါ်လာတယ်၊ အဲဒီနတ်သမားတော်က ဝမ်းကွဲသခင်မလေးသက်သာဖို့ သခင်မလေးရဲ့ နှလုံးသွေးနဲ့ ဆေးဖော်ဖို့လိုတယ်လို့ ပြောနေတယ်”
အထိန်းတော်သရဲ ပျံသန်းဝင်ရောက်လာပြီး စိုးရိမ်တကြီးပြောပြတော့သည်။ ထင်ရွှယ်လည်း စိုးရိမ်တကြီး ပြေးလာ၏။
“သခင်မလေး၊ ရှောင်သခင်မက အစေခံတွေကို သခင်မလေးကိုလာရှာခိုင်းနေတယ်”
ရှောင်အန်းလဲ့ သူမမိခင်အရင်းဖြစ်သူမှာ အာဏာနှင့် ဩဇာကိုမက်မောနေသည်ကို နားလည်ပါသည်။
‘ဘာပဲဖြစ်ဖြစ် နောက်လဆိုရင် ခွန်းမင်းသားနဲ့ လက်ထပ်ပြီးရင် ဝမ်းကွဲအစ်မက မင်းသားရဲ့ကြင်ယာတော် ဖြစ်သွားမှာလေ၊ သူမက အဲဒီအရှိန်အဝါကို မှီခိုချင်နေတာပေါ့”
“ကျွတ် ကျွတ် ဝမ်းနည်းစရာကောင်းတာက တစ်ဖက်လူကစားပြီးနားမလည်တဲ့ ခွေးမင်းသားဖြစ်နေတာပဲ၊ ပြီးတော့ အရသာမရှိဘူးလို့တောင် အပြစ်တင်သွားသေးတယ်၊ အိုး မဟုတ်သေးပါဘူး၊ ခွေးကတောင် အမြီးနှံ့ပြသေးတယ်၊ ဒီဝမ်းကွဲအစ်မကတော့ ကျေးဇူးကန်းတဲ့ မြေခွေးပဲ၊ ငါ့ရဲ့နှလုံးသွေးကိုတောင်းရဲတဲ့ နတ်ဆရာအရူးက ဘယ်လိုလူမျိုးလဲဆိုတာ တကယ် မြင်ချင်လာပြီ”
အိမ်မကြီးသို့ရောက်သောအခါ ရှောင်သခင်မ၏မျက်နှာမှာ သူမကိုမြင်သည်နှင့် မဲမှောင်သွားသည်။
“နင်ပြန်လာရကောင်းမှန်း သိသေးတယ်ပေါ့၊ မြို့တော်က ဘယ်သခင်မလေးက နင့်လို တစ်နေကုန်အပြင်ထွက်ပြေးနေလို့လဲ၊ စည်းကမ်းနဲ့ ယဉ်ကျေးမှုလည်း မသင်ဘူး၊ ပန်းထိုးတာလည်း မသင်ဘူး၊ နောက်ကျရင် နင့်အိမ်ထောင်ရေးကိစ္စ ဆွေးနွေးတဲ့အခါ နင့်ကို ဘယ်လိုချီးကျူးရမလဲတောင် မသိတော့ဘူး”
’မသိဘူး’
ရှောင်အန်းလဲ့ လက်ချောင်းလေးတွေ ချိုးပြီး ဥပမာပေးလိုက်၏။
“အမေ မသိရင် သမီးကိုမေးလို့ရတာပဲလေ၊ သမီးရဲ့အားသာချက်တွေကို သမီး အသိဆုံးပဲ၊ လှပတယ် ကြင်နာတတ်တယ် စိတ်သဘောထားကောင်းတယ် အသားဖြူပြီး ရုပ်ချောတယ် ခြေတံရှည်တယ် ပိုက်ဆံရှာတတ်တယ် အိမ်ထောင်မှုထိန်းသိမ်းတတ်တယ် ဧည့်ခန်းမှာရော မီးဖိုချောင်မှာရော ဝင်ဆံ့တယ် နံရံကျော်တက်တတ်တယ် လူဆိုးတွေကိုလည်း ရိုက်နှက်နိုင်တယ်”
“တော်တော့”
ရှောင်သခင်မမှာမူ ဒေါသထွက်လွန်း၍ အသက်ရှူကြပ်သွားသည်။
“နင် ဘာတွေပြောနေတာလဲဆိုတာ ကိုယ့်ဟာကိုယ် ပြန်နားထောင်ကြည့်ဦး၊ နင် ပြန်ရောက်လာကတည်းက နင့်ဝမ်းကွဲအစ်မ နေမကောင်းဖြစ်နေတာ၊ အခု ပိုဆိုးလာပြီ၊ မင်္ဂလာဆောင်မယ့်ရက်ကလည်း နောက်လထဲမှာ၊ ငါ နင့်ကို ပြောမယ်၊ နင့်ဝမ်းကွဲအစ်မ နေမကောင်းဖြစ်နေလို့ နင်က သူ့ကိုယ်စား ဝင်ပြီး လက်ထပ်မယ်လို့ မစဉ်းစားနဲ့၊ သူတို့က ဇာတာချင်းဖလှယ်ပြီးပြီ၊ ဒီအိမ်ထောင်ရေးက လုံးဝပြောင်းလဲလို့ မရဘူး၊ ဒီနေ့ နင့်ဝမ်းကွဲအစ်မကို ကုပေးဖို့ နတ်ဆေးဆရာတစ်ယောက်ကို ဖိတ်လာတယ်၊ နတ်ဆေးဆရာပြောတာက နင့်ဝမ်းကွဲအစ်မရဲ့ ရောဂါပျောက်ဖို့ နင့်ရဲ့ နှလုံးသွေးနည်းနည်း လိုတယ်တဲ့၊ အဲ့ဒါ မြန်မြန်သွားပြီး နင့်ဝမ်းကွဲအစ်မအတွက် သွေးနည်းနည်း ဖောက်ပေးလိုက်”
ရှောင်အန်းလဲ့ ဒေါသထွက်လွန်း၍ရယ်လိုက်မိ၏။
“နှလုံးသွေးမရှိဘူး၊ သမီး ရာသီလာနေတာ၊ သူ မရွံဘူးဆိုရင် သမီးသုံးပြီးသား ရာသီလာတုန်းသုံးထားတဲ့ အဝတ်ပေးလိုက်မယ်၊ သူ့ဘာသာလျှာနဲ့လျက်ခိုင်းလိုက်”
“ဒီလောက် ရွံစရာကောင်းတဲ့စကားကို နင် နင် ဘယ်လိုလုပ်ပြောထွက်ရတာလဲ”
ထိုမြင်ကွင်းကိုတွေးမိပြီး ရှောင်သခင်မ မအန်ဘဲ မနေနိုင်တော့ပေ။ မျက်လုံးလှန်ပြီး သမီးဖြစ်သူကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“သူ့ကို အခန်းထဲဆွဲခေါ်သွားပြီး သွေးစက်ကို အတင်းဖောက်ယူလိုက်”
ဘေးနားရှိ ထင်းရွှယ်မှာ အမြန်ရှေ့တိုးပြီး သူမကို ကာကွယ်ပေးသည့်အတွက် ရှောင်အန်းလဲ့အံ့သြသွား၏။
‘ဒီအမေက ဘေးနားကအစေခံမလေးလောက်တောင် မကောင်းပါလား’
သူမလက်မြှောက်ပြီး ထင်းရွှယ်ကို ဘေးဖယ်နေရန် အချက်ပြလိုက်သည်။ ရှေ့တိုးလာသော အထိန်းတော်ကြီးနှစ်ဦးမှာ တော်တော်လေးယဉ်ကျေးပြီး မလုပ်ခင် စကားတစ်ခွန်းတောင်ပြောလိုက်သေးသည်။
“ခွင့်လွှတ်ပါ အကြီးဆုံးသခင်မလေး”
ရှောင်အန်းလဲ့မှာ အကြီးဆုံးသခင်မလေး ဖြစ်သော်လည်း သူတို့သခင်မမှာ ရှောင်သခင်မဖြစ်ပြီး သူတို့၏ကျွန်စာချုပ်များ အားလုံးကလည်း ရှောင်သခင်မ လက်ထဲတွင်ရှိနေ၏။ အဘွားကြီးနှစ်ဦးရှေ့တိုးပြီး ရှောင်အန်းလဲ့ကို ဖမ်းရန် ပြင်လိုက်သည်။ ရှောင်အန်းလဲ့ မလှုပ်ရှားသော်လည်း အဘွားကြီးနှစ်ဦးမှာ မျက်စိဖြင့်မမြင်ရသော အင်အားတစ်ခုကြောင့် တံခါးအပြင်သို့လွင့်စင်သွားကြသည်။ နေရာတွင် မားမားမတ်မတ်ရပ်နေသော ရှောင်အန်းလဲ့ တိတ်တဆိတ်ဟန်ရေးပြနေ၏။ ရှောင်သခင်မ အံ့အားသင့်ပြီး ဒေါသထွက်သွားသည်။
“ဟဲ့ နင်တို့အကုန်သေနေကြပြီလား၊ ဘာလို့ အကြီးဆုံးသခင်မလေးကို မြန်မြန် မချုပ်ထားကြတာလဲ”
အခန်းထဲရှိ အစေခံများနှင့် အဘွားကြီးများမှာ အားတင်းပြီး ရှေ့တိုးရုံသာ တတ်နိုင်တော့သည်။ ထင်ထားသည့်အတိုင်းပင် အားလုံးလွင့်စင်ကုန်ကြပြီး ရှောင်အန်းလဲ့ကတော့ နေရာတွင်သာရပ်လျက် ရှောင်သခင်မကိုကြည့်ကာ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။
“အမေက ဒီလိုအဓိပ္ပာယ်မရှိတာတွေကို ယုံတယ်ပေါ့လေ၊ အဲဒီလူတွေရဲ့စကားကို ယုံမယ့်အစား ဒီလောကမှာ သရဲတွေ ရှိတယ်ဆိုတာကို ယုံလိုက်ပါလား”
သူမ တစ်လှမ်းချင်းချဉ်းကပ်လာသည်ကိုကြည့်ပြီး သူမအနား မရောက်ခင်မှာတင် လူများမှာအမည်မသိအရာတစ်ခုကြောင့် လွင့်စင်သွားကြသည်ကိုမြင်လိုက်၍ ရှောင်သခင်မကြောက်ရွံ့လာသည်။ သူမ မနေနိုင်ဘဲ နောက်သို့ဆုတ်မိသွား၏။
“နင် နင် ရှေ့မတိုးခဲ့နဲ့နော်”
ရှောင်အန်းလဲ့ ရှေ့သို့လျှောက်သွားပြီး လက်လှမ်းကာ သူမခေါင်းကိုထိလိုက်ပြီး သူမဆံထိုးကိုဖြုတ်ကာ ပြန်လည်သေသပ်အောင် စိုက်ပေးလိုက်သည်။
“အမေ မကြောက်ပါနဲ့၊ သမီးပြောတာက နတ်ဆေးဆရာရဲ့စကားကို ယုံမယ့်အစား ဒီလောကမှာ သရဲတွေရှိတယ်ဆိုတာကို ယုံလိုက်ပါလားလို့”
သူမ နောက်ဆုံးစကားလုံးဖြစ်သောသရဲဆိုသည်ကို အသံနိမ့်နိမ့်အက်အက်ဖြင့် ပြောလိုက်ရာ ထိုကြောက်မက်ဖွယ်ကောင်းသောအသံကြောင့် ရှောင်သခင်မ တုန်လှုပ်သွား၏။
‘ဒီသမီးက ကျင်းရုံပြောသလိုပဲ အပြင်မှာနေခဲ့ရတဲ့ ဒီနှစ်တွေအတွင်း မကောင်းတဲ့ ပညာရပ်တွေသင်လာခဲ့တာ သေချာတယ်၊ သူမကို ကြည့်တာနဲ့တင် ကြက်သီးမွေးညင်းထစေတယ်’
ထို့ကြောင့် သူမသတ္တိမွေးပြီး ရှောင်အန်းလဲ့လက်ကို ပုတ်ထုတ်လိုက်သည်။
“နင် အဝေးကိုသွားစမ်း၊ နင် နင် ဘာမှော်ပညာတွေသုံးထားတာလဲ”
သူမ ထိုမျှကြောက်နေသည်ကို မြင်သောအခါ ရှောင်အန်းလဲ့ပြုံးပြီး ပခုံးတွန့်ကာ လှည့်ထွက်ရန် ပြင်လိုက်သည်။
“အမေသိချင်ရင် အဖေ့ကို မနက်ဖြန် ရုံးမတက်ဘဲ အိမ်မှာနေဖို့ပြောလိုက်ပါ၊ သမီး အကုန်လုံးကိုပြပေးမယ်၊ သမီး သွားပြီ”
သူမပြောရင်း လှည့်ထွက်သွားပြီး တံခါးဝရောက်သောအခါ ထပ်ပြောလိုက်၏။
“သမီး အဲဒီနတ်ဆေးသမားတော်ဆိုတဲ့ လူကို သွားတွေ့မလို့၊ သူဘယ်လိုရုပ်မျိုးလဲဆိုတာ တကယ်စိတ်ဝင်စားလို့”
ချင်းရှုရန် သူမဘေးသို့ပျံသန်းလာပြီး ပြောသည်။
“ဘာ နတ်ဆေးသမားတော်လဲ၊ ဆရာသခင်ရဲ့အမေက ကူပိုးကောင်အပူးခံရပြီး ဦးနှောက်အစားခံလိုက်ရတာလား”
ရှောင်အန်းလဲ့ သူမထံသတိပေးသည့်အနေဖြင့် တစ်ချက်ကြည့်လိုက်၏။
“အဲဒါ ငါ့အမေလေ၊ လေးစားမှုနည်းနည်းလောက် ရှိပါအုံး၊ သူကဘယ်လိုလုပ် ဦးနှောက်မရှိမှာလဲ”
ချင်းရှုရန် စကားမပြောတော့ဘဲ ရှောင်အန်းလဲ့နောက်မှ စူးကျင်ရုံခြံဝင်းသို့ လိုက်သွားသည်။ ခြံဝင်းထဲတွင် နတ်ဆေးသမားတော်ဆိုသူ တကယ်ရှိနေ၏။ ရှောင်အန်းလဲ့ သူ့ကိုတန်းနှုတ်ဆက်လိုက်သည်။
“သူ့ကို အမြင့်ကြီးမလိုက်”
‘တခြားသရဲတွေက လူတွေကို ခြောက်လှန့်ရုံပဲ တတ်နိုင်တယ်၊ လူ့ခန္ဓာကိုယ်က ယန်စွမ်းအင်ပြင်းလွန်းတာကြောင့် လူကို ထိလို့မရဘူး၊ ထိရင် သူတို့ကို ထိခိုက်စေတယ်’
‘စောစောက ရှောင်သခင်မရဲ့ခြံဝင်းထဲမှာတုန်းက သရဲတချို့သူတို့တတ်နိုင်သမျှ အကောင်းဆုံးလုပ်ပေးခဲ့ကြတာ’
ယခုတစ်ခါတော့ သူမချင်းရှုရန်ကို အလုပ်ပေးလိုက်သည်။ လူကိုမပြီး လေထဲသို့ ပျံတက်သွားစေရန် စေခိုင်းလိုက်၏။ သက်လတ်ပိုင်းအရွယ် နတ်ဆေးသမားတော်မှာ ကြောက်လွန်း၍ ဘောင်းဘီထဲ သေးထွက်ကျသွား၏။
“ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ချမ်းသာပေးပါ၊ ဒီလူကြီးက အဲဒီသခင်မလေးခိုင်းတဲ့အတိုင်း လုပ်ရုံပါပဲ၊ ဒီလူကြီးမှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ တကယ်မရှိပါဘူး”
ရှောင်အန်းလဲ့ သူ့ထံမှခြေလှမ်း ၃လှမ်းအကွာတွင် ရပ်ပြီး နှာခေါင်းပိတ်ကာ မေးလိုက်သည်။
“ဒါဆို ရှင်ကပိုက်ဆံရလို့ လုပ်ပေးတာပေါ့၊ ပြီးတော့ စူးကျင်ရုံက ရှင့်ကိုခိုင်းတာ ဟုတ်လား”
“ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ကျေးဇူးပြုပြီး အကြီးဆုံးသခင်မလေး ကျွန်တော့်ကို ချမ်းသာပေးပါ”
ရှောင်အန်းလဲ့သည် ပြေးလာသော ရှောင်သခင်မဘက်သို့ လှည့်ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါပြုံးပြလိုက်၏။
48
"အမေ နတ်ဆေးသမားတော်ပြောတာကို အမေ ကြားလောက်ပြီထင်တယ်၊ ဟူး ဝမ်းကွဲအစ်မက သူ့ဘာသာသူ ဖန်တီးထားတာပဲ၊ ပျင်းစရာကောင်းလိုက်တာ”
ရှောင်အန်းလဲ့ လက်ခုပ်တီးပြီး ရှောင်သခင်မကိုကျော်ကာ ဆောင့်ကြွားကြွားဖြင့်လျှောက်သွားလိုက်သည်။
ရှောင်သခင်မ ဒေါသထွက်လွန်း၍ လက်များပင်တုန်ယင်နေ၏။ ထို့နောက် စူးကျင်းရုံအခန်းထဲမှ အစေခံသရဲမ နှစ်ကောင် ထွက်လာသည်ကိုမြင်လိုက်ရလေသည်။ တစ်ကောင်မှာ ရေများရွှဲနေပြီး မျက်နှာဖြူရော်နေကာ နောက်တစ်ကောင်မှာတော့ ရိုက်နှက်ခံထားရသော ဒဏ်ရာများနှင့် တစ်ကောင်ပြီးတစ်ကောင်ပေါ်လာကြ၏။
ထို့နောက်သူမ မျက်လုံးများလန်သွားပြီး မေ့လဲသွားတော့သည်။ အနောက်မှ ဆူညံသံများကိုကြားလိုက်ရသဖြင့် ရှောင်အန်းလဲ့ ပြုံးလိုက်၏။ သူတို့နှစ်ယောက်က သူမထက်ပင်သားအမိအရင်းများနှင့်ပိုတူနေပေသည်။
"သူတို့ စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုကို အရင်ခံကြပါစေ”
ထင်ရွှယ်တံတွေးမြိုချလိုက်ပြီး ရှောင်အန်းလဲ့ နောက်မှလိုက်ပါလာလေ၏။ သူမသခင်မလေးမှာ အလွန်တော်ပြီး သူမတော့ မည်သည်ကိုမှမမြင်ရပေ။ ချင်းရှုရန် ရှောင်အန်းလဲ့ဘေးမှပြုံးစစ မျက်နှာထားဖြင့် လိုက်ပါလာ၏။
"ဆရာသခင်ရဲ့အမေကို လန့်သေအောင်လုပ်မိမှာ မကြောက်ဘူးလား”
ရှောင်အန်းလဲ့ မကြောက်ပေ။ မကောင်းသောသူများမှာ နှစ်တစ်ထောင်ပင် အသက်ရှင်ပြီး လူကောင်းများသာ လွယ်လွယ်ကူကူ ထိခိုက်ခံရတတ်ပေသည်။ မကောင်းသည့် သူတစ်ယောက်က မည်သို့ လွယ်လွယ်ကူကူထိခိုက်နိုင်မည်နည်း။
"မကြောက်ပါဘူး၊ ပြန်သွားပြီး အနားယူကြစို့၊ ဒီည ခေါင်မိုးပေါ်မှာ လူကြီးလူကောင်း သွားလုပ်ကြမယ်”
ညဘက်ခေါင်မိုးပေါ်တွင် လူကြီးလူကောင်းလုပ်ရန် ညဝတ်စုံ ပြင်ဆင်ဖို့ လိုသေးသည်။ သူမရောက်သွားသောအခါ ညဝတ်စုံဝတ်ထားသော ရှဲ့စစ်မင်ကိုကြည့်ရင်း ရှောင်အန်းလဲ့ သူ့ထံမှ အပေါင်းတစ် အပေါင်းတစ် အပေါင်းတစ် ဆိုသည့် ပျော်ရွှင်မှုကိုမခံစားရတော့ပေ။
ထိုလူမှာ တကယ်ပင် ညဘက်ဆို သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ဖုံးလွှမ်းနေလေသည်။
"ရော့ ဒါလေး ယူထား၊ ကိုယ်ပေါ်မှာ သိမ်းထားလိုက်”
ရှောင်အန်းလဲ့ သူမပြင်ဆင်ထားသော ကျောက်စိမ်းအဆောင်ကို သူ့အားကမ်းပေးလိုက်၏။ ရှဲ့စစ်မင် မျက်ခုံးပင့်လိုက်ပြီး မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ အထင်းသားပေါ်လာခဲ့၏။
မျက်နှာကို အဝတ်မည်းနှင့်ဖုံးထားသော်လည်း မျက်လုံးထဲမှအပြုံးကိုတော့ ဖုံးကွယ်၍မရနိုင်ပေ။ သူ လက်လှမ်းပြီး ရှောင်အန်းလဲ့ထံမှ လက်ဆောင်ဖြစ်သော ကျောက်စိမ်းအဆောင်ကို ယူလိုက်သည်။
"သခင်မလေးက ကိုယ့်ကိုကျောက်စိမ်းအဆောင်ပေးမှတော့ ကိုယ်လည်းသခင်မလေးကို သက်ရှည်ကျန်းမာရေး ဆွဲသီးလေးပေးပါ့မယ်၊ ဒါက ကိုယ်မွေးကတည်းက အခုချိန်ထိဆွဲထားတာ၊ ပြီးတော့ ဒီပန်းဝမ်ရဲ့ကိုယ်ပိုင်ပစ္စည်းလေးပါ”
ရှောင်အန်းလဲ့ ထိုသူ၏နွေးထွေးသော ကိုယ်ငွေ့လေးကျန်နေသေးသည့် သက်ရှည်ကျန်းမာရေး ဆွဲသီးလေးကို ယူလိုက်သည်။ ရှောင်းအန်းလဲ့ မည်သည်ကိုမှမတွေးပဲ တစ်ဖက်လူမှယဉ်ယဉ်ကျေးကျေး လက်ဆောင်ပြန်ပေးခြင်းဟုသာ ထင်နေခဲ့သည်။
"မင်းသားက ဒီလောက်နှစ်တွေအကြာကြီးဆောင်ထားပြီးမှ ကျွန်မကိုပေးတာလား၊ ဒါက မသင့်တော်ဘူးမဟုတ်လား”
"ကိုယ်ကတော့ တော်တော်လေး ကောင်းတယ်လို့ ထင်ပါတယ်”
ယဲ့မင်းသားမှာ တော်ဝင်မိသားစုဝင် ဖြစ်သော်လည်း အတော်လေး ယဉ်ကျေးသည်ဟု ရှောင်အန်းလဲ့ထင်လိုက်၏။
‘ကောင်းပြီလေ၊ ပေးတော့လည်း ယူတာပေါ့’
သူမ ကျောက်စိမ်းအဆောင်ကို ပိုက်ဆံအိတ်ထဲ အမှုမဲ့အမှတ်မဲ့ပစ်ထည့်လိုက်သည်။
ရှဲ့စစ်မင် ကျောက်စိမ်းအဆောင်ကိုဆွဲလိုက်သည်ကိုမြင်ပြီးနောက် သူ့ပတ်ဝန်းကျင်မှ အမည်းရောင် သတ်ဖြတ်လိုစိတ်အငွေ့အသက်များမှာ တကယ်ပင် ကျောက်စိမ်းအဆောင်ကြောင့် ဖိနှိပ်ခံလိုက်ရပြီး ကုသိုလ်အလင်းတန်းများပင် ထိန်းချုပ်ခံလိုက်ရ၏။
‘ကောင်းလိုက်တာ’
သူမ၏တော်လွန်းသည့် ကိုယ်ပိုင်စွမ်းရည်ကြောင့် သက်ပြင်းချလိုက်၏။ ထိုအခါ ကုသိုလ်အပေါင်းတစ် အပေါင်းတစ် အပေါင်းတစ် တိုးလာမှုက ပြန်ရောက်လာသည်။ ဤခံစားချက်မှာ တကယ်ကိုကောင်းလွန်းလှပေသည်။
ရှောင်အန်းလဲ့ ထိုမင်းသားကိုပြန်ပေးဆွဲပြီး အိမ်ခေါ်သွားလိုက်ရမလားဟု ပင်တွေးမိပြန်၏။
‘ဒါဆိုလျှင် နေ့တိုင်း သူ့ဆီကကုသိုလ်တွေ ခေါင်းပုံဖြတ်လို့ ရပြီလေ၊ အဲ့တာဆိုရင် အပင်ပန်းခံပြီး ဗေဒင်ဟောတာတွေ သရဲဖမ်းတာတွေ လုပ်စရာမလိုတော့ဘဲ အိပ်လိုက်စားလိုက်နဲ့ နေလို့ရပြီ’
သူမအတွေးများနေစဉ် ယဲ့မင်းသား ရှောင်အန်းလဲ့အား လက်ကမ်းပေးလိုက်သည်။
"သွားကြစို့၊ ချန်အန်းမြို့စားအိမ်တော်က လုံခြုံရေး တင်းကျပ်တယ်၊ ကိုယ်တို့ ပိုပြီးသတိထားမှရမယ်”
ရှောင်အန်းလဲ့ သူကမ်းပေးထားသော လက်ကို ကြည့်လိုက်၏။
‘ခဏနေပါအုံး၊ တကယ်ကြီး လက်ကိုင်ဖို့ လိုအပ်လို့လား’
"သွားကြစို့"
သူ၏တိုက်တွန်းသံကို ကြားသောအခါ ရှောင်အန်းလဲ့ သူမကိုယ်သူမ အလွန်အကျွံတွေးနေမိသည်ဟုသာ ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ သူဦးစွာ ကမ်းပေးခြင်းသာဖြစ်သည်။ အရူးမှပင် အခွင့်အရေးမယူဘဲနေလိမ့်မည်။
ဤသို့ဖြင့် သူကမ်းပေးလာသော လက်ကို ရှောင်အန်းလဲ့လှမ်းကိုင်လိုက်၏။ သူ၏ကြမ်းတမ်းသော လက်ဖဝါးကြီးနှင့် သူမလက်ကိုဆွဲကိုင်ကာ ဆွဲလိုက်သောကြောင့် ရှောင်အန်းလဲ့ပျံတက်သွားပြီး ချန်အန်းမြို့စားအိမ်တော်ခြံဝင်းနံရံပေါ်သို့ ရောက်သွားသည်။
"ဒီကအနေအထားကို မင်းသားသိလောက်မှာပါ၊ ကျွန်မတို့ အရင်ဆုံးသွားရမှာက....."
သူမ ခေတ္တရပ်သွား၏။
'အရင်ကဖြစ်ခဲ့တဲ့ကိစ္စကို သတိရပြီး အဲ့ဒီရွံစရာကောင်းတဲ့ ဆက်ခံသူကို သွားသတ်လိုက်ရင် ကောင်းမလား’
သို့သော် မိစ္ဆာကျင့်ကြံသူများကို သတ်ခြင်းက တစ်ကဏ္ဍဖြစ်ပြီး၊ သာမန်လူများကို သူတို့အပြစ်များ မည်မျှပင် ကြီးလေးနေပါစေ သူမသတ်၍မရနိုင်ပေ။
‘တခြားသူတွေကိုပဲ သတ်ခိုင်းတာပဲပိုကောင်းပါတယ်’
မည်သို့ပင်ဖြစ်စေ သူတို့သေသွားလျှင် ဝိညာဉ်မှာ သူမလက်ထဲရောက်လာမည်သာဖြစ်သည်။
"ချင်းရှုရန်ပြောတာ ဒီမှာအစီအရင်တစ်ခုရှိတယ်တဲ့၊ သာမန်မိသားစုတွေက သူတို့အိမ်မှာ အစီအရင်တွေမလုပ်ကြဘူး၊ ကျွန်မတစ်ချက်ကြည့်လိုက်တာ ဒီအိမ်တော်ကြီးထဲမှာ တကယ်ပဲ အစီအရင် နည်းနည်းရှိတာကို တွေ့လိုက်တယ်၊ အဲအစီအရင်တွေကို အရင်သွားကြည့်ကြစို့၊ အဲဒီထဲကတစ်ခုက အခုလေးတင် လှုပ်ရှားသွားတာ သေချာပေါက်တစ်ယောက်ယောက် ဝင်သွားတာ သေချာတယ်”
ရှဲ့စစ်မင်လည်း သူ့ကိုမည်သူပစ်မှတ်ထားနေသည်အား သိချင်နေသည်။ ချန်အန်းမြို့စားအိမ်တော်မှာ သူ့ပစ်မှတ်စာရင်းထဲတွင်မပါသော်လည်း သွားကြည့်ရန်ကိုတော့ မတားဆီးနိုင်ခဲ့ပေ။
သူ ရှောင်အန်းလဲ့ကိုခေါ်ပြီး ခြံဝင်းနံရံပေါ်မှ ပျံဆင်းလိုက်သည်။ နှစ်ယောက်သား အစီအရင်ရှိသည့်ဘက်သို့ ဦးတည်သွားလိုက်၏။
"ခဏနေဦး၊ ရှေ့မှာ အစီအရင်ရှိသေးတယ်”
ရှောင်အန်းလဲ့ သူ့ကိုနောက်သို့ဆွဲလိုက်သည်။
"ဘာအစီအရင်လဲ”
"ရိုးရှင်းတဲ့ ဝင်္ကပါအစီအရင်လေးပါပဲ၊ အဓိကက အထဲကခြံဝင်းထဲကို လူတွေ မဝင်နိုင်အောင် တားထားတာ၊ သွားကြည့်ကြမယ်”
ရှောင်အန်းလဲ့ ရှေ့မှဦးဆောင်သွားလေသည်။ ဤချန်အန်းမြို့စားအိမ်တော်၏ အကျယ်အဝန်းမှာ မင်းသားအိမ်တော်ထက် မနိမ့်ကျပေ။
သူမ ရှေ့မှ ဦးဆောင်ပြီး ဝါးတောတစ်ခုကိုဖြတ်ကာ ခြံဝင်းတံခါးသို့ရောက်သွား၏။
"ဒီဝါးတောကို ကျွန်တော်ရောက်ဖူးတယ်၊ ဒါပေမယ့် အထဲမှာခြံဝင်းတစ်ခု ရှိမှန်း မသိခဲ့ဘူး”
နှစ်ယောက်သား သတိထားပြီး ချဉ်းကပ်သွားရာ အထဲမှစကားပြောသံများကို ကြားလိုက်ရသည်။
"ခွန်းမင်းသားက နောက်လကျရင် လက်ထပ်တော့မယ်မလား၊ အဲဒီကျရင် ရှင်းအာကို မှတ်မိတော့မှာမဟုတ်ပါဘူး၊ ရှင်းအာ အရမ်းဝမ်းနည်းရမှာပဲ”
‘စုန့်ကျားရှင်းလား’
ရှောင်အန်းလဲ့ ဘေးနားရှိ ယဲ့မင်းသားထံလှည့်ကြည့်လိုက်ပြီး ပြောစရာစကား ပျောက်သွားလေသည်။
‘မျိုးရိုးမြင့်သခင်မလေးတွေက တကယ် တစ်နေ့တစ်ယောက် ပြောင်းကြိုက်တတ်ကြတာလား’
ရှဲ့စစ်မင်လည်းကြားလိုက်ရသော စကားကြောင့် မှင်တက်သွားပြီး သူ့မျက်လုံးများမှာ အပြစ်ကင်းစင်နေသည်။ သူလည်း စုန့်ကျားရှင်းနှင့် ခွန်းမင်းသားတို့ငြိနေသည့်ကိစ္စကို မသိခဲ့ပေ။
အထဲတွင် ခွန်းမင်းသားအားရပါးရ ရယ်မောလိုက်၏။
"အဲဒီစူးကျင်းရုံဆိုတာ ရှောင်မိသားစုရဲ့ တူမဆိုတာထက် မပိုဘူး၊ အဲ့မိန်းမက ရှောင်မိသားစုဝင်မှ မဟုတ်တာ၊ သူ့အဆင့်အတန်းကနိမ့်လွန်းလို့ အစေခံနီးပဲ၊ ရှင်းအာ မင်းနဲ့အဲ့မိန်းမကဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ၊ ဒါပေမယ့် သူက ရှောင်မိသားစုဝင်ဖြစ်နေရင်တောင် ဘာဖြစ်လဲ၊ ကိုယ်သာ အဲဒီပလ္လင်ပေါ် ရောက်သွားရင် မင်းတစ်ယောက်တည်းကသာ မိဖုရားခေါင်ကြီးနေရာနဲ့ ထိုက်တန်တာ၊ အဲ့အချိန်ကျ မင်း သူ့ကို ဘယ်လိုသေစေချင်လဲ မင်းသဘောပဲ၊ မင်း သေစေချင်ရင် သူသေရမှာပေါ့”
ရှောင်အန်းလဲ့နှင့် ရှဲ့စစ်မင်တို့အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဤနေရာတွင် ဆက်နားထောင်ရန် မည်သည့်အကြောင်းအရင်းမှ မရှိတော့ပေ။ ဤအစီအရင်ထဲတွင် ထူးခြားသည်များရှိမည်ဟု ထင်ခဲ့သော်လည်း အထူးအဆန်းကြီး မဟုတ်သဖြင့် စိတ်ပျက်သွားခဲ့ကြသည်။
‘ဒီချန်အန်းမြို့စားအိမ်တော်က အရမ်းကြီးကျယ်တာပဲ၊ တိတ်တိတ်ပုန်းတွေ့တဲ့နေရာကိုတောင် အစီအရင်လုပ်ထားတယ်တဲ့လေ’
သူတို့စကားဝိုင်းကို စိတ်မဝင်စားသဖြင့် ရှဲ့စစ်မင်အား ထွက်သွားရန် မျက်လုံးဖြင့် အချက်ပြလိုက်သည်။ ထိုအချိန် ခြံဝင်းတံခါး ရုတ်တရက် ပွင့်လာပြီး လိပ်ပြာတစ်ရာ ပန်းပွင့်လိပ်ပြာဂါဝန် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ထွက်လာသည်။ သူမမှာ တကယ်ပင် စုန့်ကျားရှင်းဖြစ်နေခဲ့၏။
သူမ ထွက်လာသည်ကိုမြင်သောအခါ သူတို့နှစ်ယောက် အနီးနားရှိ ကျောက်ဆောင်အတု အနောက်သို့အမြန်ပုန်းလိုက်ကြ၏။ သူတို့ အရမ်းနီးကပ်လွန်းသဖြင့် ခန္ဓာကိုယ်များမှာထိလုနီးပါးဖြစ်နေပြီး အသက်ရှူသံများ ရောယှက်နေကာ ရှောင်အန်းလဲ့ ပြင်းထန်သည့်နှလုံးခုန်သံကို ခံစားလိုက်ရသည့်အတွက် မော့ကြည့်လိုက်ရာ အောက်သို့ငုံ့ကြည့်နေသော ရှဲ့စစ်မင်အကြည့်နှင့် ဆုံသွားသည်။
ထိုအခြေအနေကြောင့် ရှောင်အန်းလဲ့ စိတ်ထဲတွင် အနည်းငယ် ဗလာကျင်းသွားရသည်။ သ်ို့သော် ရုတ်တရက် ကြားလိုက်ရသော စကားများကြောင့် အာရုံပျက်သွားခဲ့၏။
"ဘယ်သူက ငါ့ကိုဒုက္ခပေးလိုက်လဲမသိဘူး၊ ရာရာစစ ငါ့ရဲ့ယန်မီးတောက်ကိုတောင်ငြှိမ်းသတ်ရဲတယ်၊ တရားခံသိလို့ကတော့ သတ်ပစ်မယ်၊ ကံကောင်းလို့ တာအိုဆရာဝူချန်ကကူညီပြီး အဲဒီအရာတွေကို မမြင်ရအောင်လုပ်ပေးလို့ပေါ့”
ရှောင်အန်းလဲ့နှင့် ရှဲ့စစ်မင်အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အဓိကလိုရင်းကို ဖမ်းမိလိုက်ကြလေသည်။
“တာအိုဆရာဝူချန်”
ထိုအချိန် စုန့်ကျားရှင်း ဘေးနားရှိ အစေခံမလေး ရုတ်တရက် ရှောင်အန်းလဲ့ကို သတိရသွား၏။
"သခင်မလေး၊ ဒီနေ့ ကျူးပေါင်ရွှမ်းမှာတွေ့ခဲ့တဲ့ သခင်မလေးရှောင်များလား”
*ဖြောင်း*
စုန့်ကျားရှင်း အစေခံမလေးမျက်နှာကိုရိုက်ချလိုက်သည်။
"နင် ငါ့ကို စော်ကားနေတာလား၊ သူက ငါ့ကို ဘယ်လိုလုပ်ဒုက္ခပေးရဲမှာလဲ၊ စစ်ဘက်ဆိုင်ရာ ဒုတိယဝန်ကြီး အဆင့် ၄အရာရှိလေးရဲ့ မလောက်လေးမလောက်စား သမီးပဲကို သူ့ကို သတ္တိ ၁၀ဆပေးရင်တောင် သူ လုပ်ရဲပါ့မလား၊ ငါ့ကို ဒီလိုလုပ်ရဲတဲ့သူ ဘယ်သူလဲဆိုတာ နင်စဉ်းစားလို့မရရင် နင်အထဲဝင်ပြီး အဲဒီတစ်ယောက်ကို သွားပြုစုလိုက်”
အစေခံမလေး အမြန်ခေါင်းငုံ့ကာ ဆက်စဉ်းစားနေလိုက်သည်။ သခင်မနှင့် အစေခံထွက်သွားပြီးနောက် ဆဋ္ဌမမင်းသားဖြစ်သူ ခွန်းမင်းသားအထဲတွင် လူတစ်ယောက်နှင့် စကားပြောနေသည်။
"မြို့တော်အပြင်ဘက်မှာ ချုံခိုတိုက်ခိုက်ဖို့လူတွေ စီစဉ်ပြီးပြီ၊ အဲဒီလူ ရောက်လာတာနဲ့ သူတို့....."
ရှောင်အန်းလဲ့ ဘေးနားရှိ ရှဲ့စစ်မင်ကို ကြည့်လိုက်ရာ ရှဲ့စစ်မင် နားလည်သည့်သဘောဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် ယေဘုယျအားဖြင့် ထီးနန်းဆက်ခံရေးကိစ္စများတွင် ဝင်မပါတတ်ပေ။ ထို့ကြောင့် ရှောင်အန်းလဲ့ တိုးတိုးလေး မေးလိုက်၏။
"တခြားတစ်နေရာ သွားကြမလား”
"ဒါဆို ဟို တာအိုဆရာအိုကြီးဝူချန်ကို သွားရှာကြစို့"
တာအိုဆရာအိုကြီးဝူချန်က ချင်းရှုရန်ကို ဒုက္ခပေးခဲ့သူဟုတ်မဟုတ် သူမ အလွန်သိချင်နေသည်။ ချင်းရှုရန်လည်း သူမခါးထက်ရှိအိတ်ထဲမှ ပျံထွက်လာ၏။ ရှောင်အန်းလဲ့မေးခွန်းကို ကြားသောအခါ သူမခေါင်းခါလိုက်သည်။
"အဲဒီလူရဲ့ တာအိုဘွဲ့နာမည်ကိုတော့ ကျွန်မ မသိဘူး၊ ဒါပေမယ့် ဆရာသခင် အခုပြောလိုက်တော့ သူနဲ့တကယ်တူသလိုပဲ၊ ကျွန်မအရင် သွားကြည့်လိုက်ရမလား”
သူမပြောရင်း ပျံထွက်သွားလေသည်။ ရှောင်အန်းလဲ့နှင့် ရှဲ့စစ်မင်ထွက်သွားရန်ပြင်လိုက်စဉ် အထဲမှ အမျိုးသမီးတစ်ဦးအသံကို ကြားလိုက်သည်။
"စုန့်ဝမ်ချွမ် နင့်မှာသတ္တိရှိရင် ငါ့ကို သတ်လိုက် မဟုတ်ရင် ငါ့မိဘတွေ နင့်ကိုလွှတ်ထားမှာ မဟုတ်ဘူး”
"စစ်ဘက်ဆိုင်ရာ ဝန်ကြီးအိမ်တော်လေးကို ချန်အန်းမြို့စားအိမ်တော်က ကြောက်မယ်ထင်နေလား၊ ငါဒီလောက် ထုတ်ပြနေတာတောင် မင်းဘာလုပ်နေတာလဲ အမြန်သွား၊ မင်းသေချင်ရင် မင်းမွေးထားတဲ့ ကောင်စုတ်လေးကိုလည်း ငါတစ်ခါတည်းလည်ပင်းညှစ်သတ်ပစ်မယ်၊ အခုချက်ချင်း သူ့ကို ဒီခေါ်လာဖို့ ငါလုပ်ရဲတယ်ဆိုတာ မင်း ယုံလား”
"စုန့်ဝမ်ချွမ် တိရစ္ဆာန်ကောင်၊ အဲဒါ နင့်သားလေ၊ နင့်လိုလူကသားသမီးမရှိဘဲ နေရတာနဲ့ပဲတန်တယ်”
*ဖြောင်း ဖြောင်း*
အသားကိုကြာပွတ်နှင့်ရိုက်သံမျိုး ထွက်ပေါ်လာပြီး အမျိုးသား၏ရိုင်းစိုင်းစွာ ရယ်မောသံကို ကြားလိုက်သည်။
"ဆဋ္ဌမဝမ်းကွဲအစ်ကို မရှက်ပါနဲ့၊ ငါတို့ အတူတူကစားရင် ပိုစိတ်လှုပ်ရှားစရာ ကောင်းတယ်လေ”
တံခါးအပြင်ဘက်မှ နားထောင်နေသော ရှောင်အန်းလဲ့ လက်သီးများကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ ထိုအခါ ချင်းရှုရန် ပြန်လည်ပျံသန်းလာပြီး အထဲမှ စကားသံများကိုကြားလိုက်ရသောအခါ သူမတစ်ကိုယ်လုံး သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ဖုံးလွှမ်းသွားပြီး မျက်လုံးများတောက်ပလာကာ မနှစ်မြို့ဖွယ် မှတ်ဉာဏ်များကို ပြန်လည် သတိရသွားပုံရသည်။ ရှောင်အန်းလဲ့တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် သူမခြံဝင်းထဲသို့ တိုက်ရိုက်ပြေးဝင်သွားတော့၏။