Mirror Novel MyanmarMIRRORNOVEL← All Novels
ရုပ်လွန်ပညာရှင်လေး မြို့တော်ကိုပြန်ရောက်လာပြီ

ရုပ်လွန်ပညာရှင်လေး မြို့တော်ကိုပြန်ရောက်လာပြီ

玄学大佬回京,掐指一算百官肝颤

30 chapters· Ongoing· ★ 7.8
FantasyRomance

ရှောင်အန်းလဲ့မှာ စုပေါင်းအုတ်ဂူ(လူသေတွေစုပြီးမြှပ်တဲ့အုတ်ဂူ)ထဲမှ တိုးဝှေ့ရုန်းထွက်ကာ အပြင်လောကမှအလင်းရောင်ကို ပြန်လည်မြင်တွေ့ခဲ့ရပေသည်။ သို့သော် သူမ၌အသက်ရှင်ရန် အချိန်တစ်လသာ ကျန်ရှိတော့သဖြင့် သက်တမ်းတိုးနိုင်ရန်အလို့ငှာ ကုသိုလ်အမှတ်များကိုသာမနားတမ်း ရှာဖွေရမည်ဖြစ်၏။ ထိုပညာရပ်မှာ သူမအတွက်တော့ အလွန်ပင်ကျွမ်းကျင်ပိုင်နိုင်လှသော အတတ်ပညာတစ်ခုဖြစ်ပေသည်။ သူမသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များအား မမှတ်မိတော့သော်လည်း စင်စစ်အားဖြင့် သူမမှာအရာရှိကြီးတစ်ဦး၏သမီးဖြစ်နေသည်ကိုသိရှိလိုက်ရပေ၏။ မိခင်ဖြစ်သူ၏အချစ်တော် ပိုင်လျန်ဟွားမှ "ရှောင်အန်းလဲ့ကြောင့် သမီးဖျားရတာ" ဟုလုပ်ကြံစွပ်စွဲလာချိန်တွင် အန်းလဲ့မှာမိခင်ဖြစ်သူ၏ တတိယမျက်လုံးပွင့်သွားအောင် လုပ်ပေးလိုက်လေသည်။ "ကြည့်ပါဦး အမေ၊အမေခိုင်းခဲ့တဲ့ အစေခံမလေးနှစ်ယောက်ရဲ့ဝိညာဉ်တွေက အမေ့ကို လက်စားချေနေတာလေ၊သမီးနဲ့တော့ဘာမှမဆိုင်ပေမယ့် သူတို့ကိုကျွတ်လွတ်အောင်တော့ကူညီပေးလို့ရပါတယ်၊ဒီအတွက်အခကြေးငွေကတော့တစ်ဈေးပေါ့" အစ်ကိုကြီးဖြစ်သူမှာ ယန်ဓာတ်စုပ်ယူတတ်သော ထူးထူးဆန်းဆန်းသတ္တဝါတစ်ကောင်ကို အိမ်သို့ခေါ်ဆောင်လာခဲ့ပြန်၏။ အန်းလဲ့မှမန္တန်တစ်ခုရွတ်ဆိုလိုက်ရာ အစ်ကိုကြီးဘေးနားရှိဝိညာဉ်မှာ ကိုယ်ထင်ပြလာခဲ့လေသည်။ ထိုအခါမှစစ်သူကြီးဖြစ်သော အစ်ကိုကြီးမှာ ဒူးတုန်သွားရပြီး ဤလောကတွင် သရဲတစ္ဆေဝိညာဉ်များ အမှန်တစ်ကယ်ရှိကြောင်း ယုံကြည်သွားခဲ့တော့၏။ ဒုတိယအစ်ကိုယုံဝူမှ သရဲသတို့သမီးတစ်ဦးနှင့် လက်ဆက်ရန်ကြံစည်နေချိန်တွင်လည်း သူမမှာစေတနာရှေ့ထားကာ အစ်ကိုဖြစ်သူ၏တတိယမျက်လုံးကို ဖွင့်ပေးလိုက်ပြန်သည်။ "ကြည့်ပါဦး ဒုတိယအစ်ကို၊ အစ်ကို လက်ထပ်မယ့်အရိုးစုမိစ္ဆာမက ရှက်ရကောင်းမှန်းတောင်မသိဘူး၊ဒါကို ဖြေရှင်းချင်ရင်တော့ အခကြေးငွေပိုပေးရမယ်နော်" တည်ကြည်လှသော တတိယအစ်ကိုမှာမူ နန်းတွင်းစာမေးပွဲဖြေဆိုခါနီးတွင် ကျိန်စာတိုက်ခံလိုက်ရ၏။ အိမ်သာသွားချိန်တွင် စက္ကူမရှိခြင်း၊လေတိုက်လျှင် ဆံပင်များ ကျွတ်ထွက်ကုန်ခြင်းစသည့် ကိစ္စရပ်များမှာ အန်းလဲ့အဖို့တော့ အလွန်ပင်ရိုးရှင်းလှပေသည်။ ညီမငယ်လေးမှာ ဆင်းရဲသောပညာရှိလေးတစ်ဦးအားချစ်မိသွားချိန်တွင် အန်းလဲ့မှာထိုလူငယ်နောက်သို့တကောက်ကောက် လိုက်ပါနေသော သားအမိဝိညာဉ်နှစ်ခုကို မြင်စေရန် စေတနာဖြင့်ပြပေးလိုက်၏။ တစ်နေ့တွင် ရှောင်အန်းလဲ့မှာ*သတ်ဖြတ်ခြင်းနတ်ဘုရား*ဟု ကျော်ကြားသော စစ်နတ်ဘုရားမင်းသားတစ်ဦးနှင့် ဆုံတွေ့ခဲ့ရပေသည်။ ထိုမင်းသားအနီးနားတွင်နေရုံဖြင့်ပင် တစ်စက္ကန့်လျှင်ကုသိုလ်တစ်မှတ်နှုန်းဖြင့် အလိုအလျောက်ရရှိနေလေ၏။ သူမထိုမင်းသားအနီးတွင် ငြိမ်ငြိမ်လေး လဲလျောင်းနေရုံဖြင့် အသက်ဆက်နိုင်သော်လည်း သူမကိုယ်တိုင်ကမူအလုပ်လုပ်ရန်သာ ဇွဲနပဲကြီးစွာဖြင့်ဆုံးဖြတ်ထားပေသည်။ အိုး......ကံမကောင်းရှာတဲ့စစ်နတ်ဘုရားမင်းသားလေးရယ်......ကျေးဇူးပြုပြီး ဒီမင်းသမီးလေးကို နန်းတော်ထဲမှာပဲခေါ်ထားပြီး အပြင်ကိုပေးမထွက်ပါနဲ့လားဗျာ။

Chapters (30)

Vol. 1 Ch. 1-2အခန်း (၁-၂)Vol. 1 Ch. 3-4အခန်း (၃-၄)Vol. 1 Ch. 5-6အခန်း (၅-၆)Vol. 1 Ch. 7-8အခန်း (၇-၈)Vol. 1 Ch. 9-10အခန်း (၉-၁၀)Vol. 2 Ch. 11-12အခန်း (၁၁-၁၂)Vol. 2 Ch. 13-14အခန်း (၁၃-၁၄)Vol. 2 Ch. 15-16အခန်း (၁၅-၁၆)Vol. 2 Ch. 17-18အခန်း (၁၇-၁၈)Vol. 2 Ch. 19-20အခန်း (၁၉-၂၀)Vol. 3 Ch. 21-22အခန်း (၂၁-၂၂)Vol. 3 Ch. 23-24အခန်း (၂၃-၂၄)Vol. 3 Ch. 25-26အခန်း (၂၅-၂၆)Vol. 3 Ch. 27-28အခန်း (၂၇-၂၈)Vol. 3 Ch. 29-30အခန်း (၂၉-၃၀)Vol. 4 Ch. 31-32အခန်း (၃၁-၃၂)Vol. 4 Ch. 33-34အခန်း (၃၃-၃၄)Vol. 4 Ch. 35-36အခန်း (၃၅-၃၆)Vol. 4 Ch. 37-38အခန်း (၃၇-၃၈)Vol. 4 Ch. 39-40အခန်း (၃၉-၄၀)Vol. 5 Ch. 41-42အခန်း (၄၁-၄၂)Vol. 5 Ch. 43-44အခန်း (၄၃-၄၄)Vol. 5 Ch. 45-46အခန်း (၄၅-၄၆)Vol. 5 Ch. 47-48အခန်း (၄၇-၄၈)Vol. 5 Ch. 49-50အခန်း (၄၉-၅၀)Vol. 6 Ch. 51-52အခန်း (၅၁-၅၂)Vol. 6 Ch. 53-54အခန်း (၅၃-၅၄)Vol. 6 Ch. 55-56အခန်း (၅၅-၅၆)Vol. 6 Ch. 57-58အခန်း (၅၇-၅၈)Vol. 6 Ch. 59-60အခန်း (၅၉-၆၀)