← Chapters

အခန်း (၁၆၆၉-၁၆၇၀)

Vol. 167 Ch. 1669-1670

အခန်း (၁၆၆၉-၁၆၇၀)

Vol. 167 Ch. 1669-1670

အခန်း (၁၆၆၉) - ငါ မင်းကို မမှတ်မိတော့သလိုပဲ

ဖန့်ချန်သည် ယင်မိစ္ဆာ ဆယ်ဂဏန်းခန့်ကို စစ်မေးခဲ့ပြီး ထိုအထဲမှ တစ်ဦးနှစ်ဦးကို စမ်းသပ်သည့်အနေဖြင့် တရားဝင်ခန့်အပ်မှု ပြုလုပ်ပေးခဲ့သည်။

ထိုအခါ သူတို့သည် မော်ထျန်းဌာန၏ အပြင်စည်း၏ အပြင်စည်းမှ လူများသာဖြစ်ကြောင်း သူတွေ့ရှိခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ သတင်းရယူနိုင်သည့် လမ်းကြောင်းမှာ အမြင့်ဆုံး ကွေ့လုံအထိသာ ရှိသောကြောင့် ဖြစ်သည်။

နေ့စဉ်ဘဝတွင် တိကျန်းအရှင်နှင့် တိုက်ရိုက် ထိတွေ့ခွင့်ရရန်ပင် သူတို့တွင် အရည်အချင်း မရှိကြချေ။

ဖန့်ချန်သည် မော်ထျန်းဌာန၏ လုပ်ငန်းလည်ပတ်ပုံကို တဖြည်းဖြည်း နားလည်လာသည်။

၎င်းမှာ အရှင်သခင် တစ်ပါးကို ဗဟိုပြု၍ လည်ပတ်ခြင်း ဖြစ်သည်။ မည်သည့် လှုပ်ရှားမှုမဆို အရှင်သခင်သာလျှင် သိရှိပြီး နောက်မှသာ လက်အောက်ငယ်သားများကို အလုပ်ခိုင်းခြင်း ဖြစ်သည်။

မော်ထျန်းဌာန၏ အင်အားမှာ ယင်လောကတစ်ခုတည်းတွင် ကန့်သတ်မထားဘဲ လူ့လောက နယ်မြေကိုးခု တွင်လည်း ထိုအရှင်သခင်များ၏ ခြေရာလက်ရာများ ရှိနေသည်။

သို့သော် သူတို့၏ သွားလာလှုပ်ရှားမှုမှာ အလွန်ပင် လျှို့ဝှက်လှပြီး ပုံမှန်အားဖြင့် အခြေအနေကို အလွန်ထိန်းသိမ်းကာ လုပ်ဆောင်ကြသည်။

ပြင်ပလူများမှာ ဝိညာဥ်နတ်ဘုရားဂိုဏ်း နှင့် ဝိညာဥ်သုတ်သင်ရေးဌာန အကြောင်းကိုသာ သိကြပြီး မော်ထျန်းဌာနအကြောင်းကိုမူ ကြားဖူးသူ အလွန်နည်းပါးသည်။ တစ်စွန်းတစ်စ ကြားလိုက်ရလျှင်ပင် ဘယ်သူမှ အလေးအနက် မထားကြချေ။

“သူတို့တွေက မော်ထျန်းတိကျန်း ဆိုတဲ့ တုနှိုင်းမဲ့မိစ္ဆာကြီးအကြောင်းကို နည်းနည်းလေးတောင် မသိကြဘူး။ ဆိုလိုတာက သူတို့ကိုယ်သူတို့ ရှေးဟောင်းယင်လောကရဲ့ သူပုန်တွေဆိုတာတောင် လုံးဝ မသိကြတာပဲ”

ဖန့်ချန် စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့်အနေဖြင့် ပြုံးလိုက်မိသည်။

ယခုအခါ ယင်လောကမှာ ရှုပ်ထွေးပွေလီနေပြီး ငရဲမင်း ၏ အုပ်ချုပ်ရေးမှာလည်း ပြိုလဲသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ အသေအချာ တွက်ချက်ကြည့်မည်ဆိုလျှင် ဤလူများကို သူပုန်ဟု ခေါ်ရန်ပင် မသင့်တော့ချေ။

ဖန့်ချန်သည် လက်ထဲမှ အပြစ်ပေးတုတ်နွယ် ကို အသာအယာ ဝှေ့ယမ်းရင်း ဤတိကျန်းမြို့တော်ရှိ ယင်မိစ္ဆာများကို မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားနေသည်။

အနီးအနားရှိ ယင်မိစ္ဆာကြီးများ၏ အကြည့်မှာ အပြစ်ပေးတုတ်နွယ် ဝှေ့ယမ်းရာနောက်သို့ လိုက်ပါနေသည်။ ဤအရာမှာ တိကျန်းအရှင်ကို ရိုက်သတ်ခဲ့သည့် ပစ္စည်း မဟုတ်ပါလား။ သူတို့သည် အပြစ်ပေးတုတ်နွယ်ကို မြင်ရုံနှင့်ပင် ထိတ်လန့်တုန်လှုပ်နေကြသည်။

"မင်းတို့ တစ်ယောက်ချင်းစီ ယင်သက်တမ်း ၁၀၀ စီပဲ ချန်ထားပါ။ ကျန်တာ အကုန်လုံးကို ဒီမှာ ထုတ်ထားခဲ့ကြ"

ဖန့်ချန်က သူ၏ရှေ့မှ မြေလွတ်ကို အသာအယာ ညွှန်ပြလိုက်သည်။

အနီးအနားရှိ ရာနှင့်ချီသော ယင်မိစ္ဆာကြီးများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ထိုအထဲမှ ယင်မိစ္ဆာကြီး တစ်ဦးက သံသယဖြင့် မေးလာသည်။

"ကျွန်တော်တို့သာ ယင်သက်တမ်းကို ပေးဆောင်လိုက်ရင်... ဘေးကင်းကင်းနဲ့ ထွက်သွားခွင့် ရမှာလား"

"ရတယ်"

ဖန့်ချန်က ခေါင်းကို ညင်သာစွာ ညိတ်ပြသည်။

ထိုယင်မိစ္ဆာကြီးများမှာ သိပ်မယုံကြည်ကြသေးဘဲ ဇဝေဇဝါ ဖြစ်နေကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ယင်သက်တမ်းကို စတင် ပေးဆောင်ရန် ဆန္ဒမရှိကြချေ။

၎င်းကို မြင်သောအခါ ကွေ့လုံက ချက်ချင်းပင် အော်ဟစ်လိုက်သည်။

"ဒါက သခင်လေးက မင်းတို့ကို ပေးတဲ့ အသက်ရှင်လမ်းပဲ။ မသေချင်ရင် မြန်မြန် ယင်သက်တမ်း ပေးဆောင်ကြစမ်း"

"အရှင်ကွေ့လုံ... ကျွန်တော်တို့က ဒီလူကို သိပ်မယုံလို့ပါ။ အကယ်၍ အရှင်ကသာ ကတိပေးမယ်ဆိုရင် ကျွန်တော်တို့ ယင်သက်တမ်း ပေးပါ့မယ်"

ယင်မိစ္ဆာကြီးတစ်ဦးက သတ္တိမွေး၍ ဆိုသည်။

ကွေ့လုံမှာ ထိတ်လန့်သွားပြီး ဖန့်ချန်ကို အမြန် ကြည့်လိုက်မိသည်။ ဖန့်ချန် ဒေါသမထွက်သည်ကို မြင်မှသာ စိတ်သက်သာရာ ရသွားတော့သည်။

သူက လေသံတိုးတိုးဖြင့်

"သခင်လေး... သူတို့ကို ပညာလေး ဘာလေး ပေးလိုက်ရမလား"

"မင်း သူတို့ကို ကတိတစ်ခု ပေးလိုက်ရင် မပြီးဘူးလား"

ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

ကွေ့လုံ ခဏမျှ ကြောင်သွားပြီးနောက် အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

"အားလုံးကို ငါ ကတိပေးတယ်။ မင်းတို့သာ ယင်သက်တမ်း ပေးဆောင်ရင် အသက်ရှင်လျက် ထွက်သွားခွင့် ရမယ်"

"အရှင်ကွေ့လုံက ဒီလို ပြောပြီဆိုမှတော့... အားလုံး ပေးဆောင်ကြစို့"

ထိုယင်မိစ္ဆာကြီးသည် စကားဆုံးသည်နှင့် တစ်ပြိုင်နက် ယင်သက်တမ်း အစုအဝေးများကို စတင် ထုတ်ဖော်လိုက်တော့သည်။

ယင်သက်တမ်း ၁၀၀ သာ ချန်ထားရသဖြင့် သူတို့၏ မျက်နှာများမှာ အလွန်ပင် ကြည့်ရဆိုးသွားပြီး ကိုယ်ထည်များမှာလည်း ဝေဝါးလာကြသည်။

ရာနှင့်ချီသော ယင်မိစ္ဆာကြီးအချို့မှာ ယင်သက်တမ်း ထောင်နှင့်ချီ၍ ပေးဆောင်ကြသလို၊ အချို့မှာ သောင်းနှင့်ချီ၍ ပေးဆောင်ကြသည်။ ထိုယင်သက်တမ်းများကို ငရဲမင်းတံဆိပ် က အဆက်မပြတ် စုပ်ယူနေသည်။

ငရဲမင်းတံဆိပ်အတွင်းရှိ ယင်သက်တမ်းမှာ ၁ သန်းကို ကျော်ဖြတ်သွားပြီး မကြာမီမှာပင် ၂ သန်းအထိ ရောက်ရှိသွားတော့သည်။

ကွေ့လုံ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားပြီး နောက်သို့ လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။

"သ... သခင်လေး..."

ကွေ့လုံ၏ အမူအရာမှာ အနည်းငယ် အနေရခက်သွားသည်။

"ငါ သိပါတယ်"

ဖန့်ချန်က ခေါင်းညိတ်ပြပြီး မလှမ်းမကမ်းသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် ချန်အင်းရွှယ်သည် မည်သည့်ခံစားချက်မှ မရှိသော မျက်နှာထားဖြင့် ရပ်နေပြီး ဤနေရာမှ အဖြစ်အပျက်အားလုံးကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"နံပါတ်ကိုး... ဒါတွေက ဘာဖြစ်နေတာလဲ"

ချန်အင်းရွှယ်က သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချရင်း

"ငါ မင်းကို မမှတ်မိတော့သလိုပဲ"

"စီနီယာအစ်မသုံး... အစ်မက အခြေအနေအရ ကျွယ်မင်ယင်လောကကို အရင်ဆုံး ပြန်သွားလိမ့်မယ်လို့ ကျွန်တော် ထင်နေတာ။ အကယ်၍ တိကျန်းအရှင်သာ မသေဘူးဆိုရင် အစ်မ ပြန်လာတာက အသက်ကို အလကား လာပေးတာကလွဲလို့ ဘာထူးမှာလဲ"

ဖန့်ချန်က မတတ်သာသလို ပြောလိုက်သည်။

ချန်အင်းရွှယ်တွင် ပြောစရာ စကားများစွာ ရှိနေသော်လည်း 'တိကျန်းအရှင် သေပြီ' ဆိုသော စကားကို ကြားလိုက်ရသောအခါ မှင်တက်သွားတော့သည်။

"တိကျန်းအရှင် သေသွားပြီ ဟုတ်လား"

သူမက မယုံနိုင်ဟန်ဖြင့် မေးသည်။

"မဟုတ်ရင်... အစ်မ ဒီလို မြင်ကွင်းမျိုးကို မြင်ရပါ့မလား"

ဖန့်ချန်က အနီးအနားရှိ မျက်နှာများ ဖြူဖတ်ဖြူရော် ဖြစ်နေပြီး အာဟာရချို့တဲ့နေပုံရသော ယင်မိစ္ဆာကြီးများကို ပြုံးလျက် ညွှန်ပြလိုက်သည်။

ချန်အင်းရွှယ်က မျက်မှောင်ကြုတ်လျက်

"တကယ်တော့ ဘာတွေ ဖြစ်ကုန်တာလဲ"

ရုတ်တရက် သူမသည် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ သူမအား တန့်ယင်တောင်သခင်နှင့် အခြားသူများက ဝိုင်းရံထားသည်ကို တွေ့လိုက်ရသည်။

သူမက ဒေါသတကြီး ရယ်မောလိုက်ပြီး

"ဒါက ငါ့ကိုပါ ရန်မူချင်နေတာလား"

တန့်ယင်တောင်သခင်နှင့် အခြားသူများ၏ မျက်နှာမှာ အနည်းငယ် အနေရခက်သွားကြသည်။ သူတို့သည် တိကျန်းမြို့တော်ကို ပိတ်ဆို့ထားပါလျက် အမျိုးသမီးတစ်ဦး တိတ်တဆိတ် ဝင်လာသည်ကိုပင် သတိမထားမိလိုက်သဖြင့် ဖန့်ချန်၏ ရှေ့တွင် မျက်နှာပျက်သွားရသည်ဟု ခံစားနေရသည်။

ဖန့်ချန်က မျက်ရိပ်ပြလိုက်သဖြင့် တန့်ယင်တောင်သခင်နှင့် အခြားသူများမှာ တိတ်တဆိတ် ဆုတ်ခွာသွားကြသည်။

ထို့နောက် ကွေ့လုံက ဦးအောင် ပြောလိုက်သည်

"မိတ်ဆွေ ချန်... တိကျန်းအရှင်ကို သခင်လေးက အပြစ်ပေးတုတ်နွယ်နဲ့ ရိုက်သတ်လိုက်ပါပြီ။ ဒီတစ်ခါတော့ သူ တကယ်ကို ဝိညာဉ်ပါ ကြေမွပျက်စီးသွားပြီး ပြာဖြစ်သွားခဲ့ပါပြီ "

"မဖြစ်နိုင်တာ၊ သူက ဘယ်လိုလုပ် အပြစ်ပေးတုတ်နွယ်ကို သုံးနိုင်မှာလဲ။ သူ့ရဲ့ ကျင့်ကြံခြင်းနဲ့ သုံးလိုက်ရင် သေချာပေါက် အရှင်လတ်လတ် စုပ်ယူခံလိုက်ရမှာပေါ့ "

ချန်အင်းရွှယ်က ခေါင်းခါယမ်းလိုက်သည်။

"ဒါဆို တိကျန်းအရှင်က ဘယ်လိုလုပ် သေသွားရတာလဲ"

ကွေ့လုံက ပြန်မေးသည်။

"..."

ချန်အင်းရွှယ် စဉ်းစားခန်း ဝင်သွားသည်။

ဤတိကျန်းမြို့တော်တစ်ခုလုံးမှာ သူမ၏ ကိုးယောက်မြောက် မောင်လေး၏ လက်ထဲသို့ ရောက်သွားပြီဖြစ်ကြောင်း သူမ သတိပြုမိသွားသည်။

ဒါက ဘယ်လောက်တောင် ကြာသွားလို့လဲ

သူမ၏ အစွမ်းအစ အပြည့်အဝ ရှိနေသည့် အချိန်မှာပင် တိကျန်းမြို့တော်ကို သိမ်းပိုက်ရန်ဆိုသည်မှာ အိပ်မက်တစ်ခုလိုပင် မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ နောက်ထပ် အဆင့် ၈ ယင်မသေမျိုး တစ်ဦး၏ အကူအညီ မပါဘဲ လုံးဝ မလုပ်နိုင်ချေ...

"အဲဒါ... ကျွန်တော်တို့ အခု ထွက်သွားလို့ ရပြီလား"

ယင်မိစ္ဆာကြီးတစ်ဦးက သတ္တိမွေး၍ မေးလိုက်သည်။

နောက်တစ်ခဏတွင်... သစ်ပင်အိုကြီး၏ နွယ်ပင်များမှာ ရူးသွပ်စွာ ဝှေ့ယမ်းလာပြီး ထိုယင်မိစ္ဆာကြီးများကို နောက်တစ်ကြိမ် ချုပ်နှောင်လိုက်ပြန်သည်။

ထို့ပြင် သူတို့ ကိုယ်ပေါ်တွင် ကျန်ရှိနေသော ယင်သက်တမ်း အနည်းငယ်ကိုလည်း သစ်ပင်ကြီးက အဆက်မပြတ် စုပ်ယူနေတော့သည်။

"မင်း... မင်းတို့ ကတိမတည်ဘူး"

သူတို့က ရူးသွပ်စွာ ကျိန်ဆဲကြသည်။

သို့သော်လည်း သူတို့၏ ဝိညာဉ်များ ကြေမွပျက်စီးသွားမည့် အဆုံးသတ်ကိုမူ မတားဆီးနိုင်ခဲ့ကြချေ။

ကွေ့လုံမှာ ခဏမျှ ကြောင်သွားပြီး မယုံနိုင်ဟန် ဖြစ်နေသည်။

မကြာမီမှာပင် ထိုယင်မိစ္ဆာကြီးများမှာ သစ်ပင်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ယင်လောကထဲမှ လုံးဝ ပျောက်ကွယ်သွားကြတော့သည်။

ဖန့်ချန်၏ တရားဝင်ခန့်အပ်ခြင်း ခံထားရသော ယင်မိစ္ဆာ အနည်းငယ်သာလျှင် အသက်ချမ်းသာရာ ရခဲ့သည်။ သူတို့သည် ကြောက်လန့်တကြားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တဆတ်ဆတ် တုန်ရင်နေကြသည်။

သူတို့၏ မျက်လုံးထဲတွင် အလွန်ပင် သဘောကောင်းပုံရသော ထိုလူငယ်လေးမှာ ယခင်က တိကျန်းအရှင်ထက်ပင် ပို၍ ကြောက်စရာကောင်းနေတော့သည်။

ဖန့်ချန်သည် သူတို့၏ ယင်သက်တမ်းကို အသုံးပြု၍ သူတို့ကို တရားဝင်ခန့်အပ်ရန် မစဉ်းစားခဲ့သည် မဟုတ်ချေ။ သို့သော် ယခုအချိန်တွင် ထိုယင်သက်တမ်းများမှာ ပို၍ အရေးကြီးသော နေရာများတွင် သုံးရန် ရှိနေသေးသည်။

ချန်အင်းရွှယ်၏ အကြည့်မှာ သစ်ပင်အိုကြီးပေါ်သို့ ကျရောက်နေပြီး ခဏအကြာတွင် ဖန့်ချန်ဘက်သို့ လှည့်ကြည့်လာသည်။

သူသည် မော်ထျန်းဌာနနှင့် ပတ်သက်မှုမရှိကြောင်း သူမ အတတ်ပြောနိုင်သော်လည်း၊ ဤအရာအားလုံးကို မည်သို့ လုပ်ဆောင်နိုင်ခဲ့သနည်းဆိုသည်ကိုမူ သူမ နားမလည်နိုင်ချေ။

"နံပါတ်ကိုး... မင်း မော်ထျန်းဌာနက လာပြီး ကလဲ့စားချေမှာကို ကြောက်နေတာ မဟုတ်လား"

ချန်အင်းရွှယ်က ရုတ်တရက် ပြုံး၍ မေးသည်။

ဖန့်ချန်က ခေါင်းညိတ်ပြသည်

"ဒါကြောင့် တိကျန်းမြို့တော်မှာ ဘယ်သူ့ကိုမှ အရှင်မထားတာပါ။ မော်ထျန်းဌာနရဲ့ နောက်ခံက နည်းနည်း အလုပ်ရှုပ်တယ်၊ တကယ်လို့ သူတို့သာ ငါ့အကြောင်း သိသွားရင် နောက်ပိုင်း ငါ အေးအေးဆေးဆေး နေရမှာ မဟုတ်ဘူး"

"မှန်တယ်၊ မင်းရဲ့ အချိန် ၉၉ ရာခိုင်နှုန်းကို သူတို့ရဲ့ လုပ်ကြံမှုတွေကို ခုခံဖို့အတွက်ပဲ သုံးနေရလိမ့်မယ်"

ချန်အင်းရွှယ်က ထိုအချက်ကို ထောက်ခံသည်။

စကားဆုံးသည်နှင့် သူမသည် ဖန့်ချန်၏ ရှေ့သို့ လျှောက်လာပြီး ဖန့်ချန်ကို သေချာစွာ စိုက်ကြည့်လိုက်သည်။

"နံပါတ်ကိုး... ငါ မင်းကို သေချာ ကြည့်ပါရစေဦး။ မင်းက တကယ်တော့ ဘယ်သူလဲဆိုတာ သိချင်မိတယ်။ တိကျန်းအရှင်တောင် မင်းလက်ထဲမှာ သေသွားတယ်ဆိုတော့ မင်းရဲ့ နည်းလမ်းတွေက စီနီယာအစ်မဖြစ်တဲ့ ငါ့ကိုတောင် တကယ် မှင်တက်သွားစေတယ်"

"စီနီယာအစ်မသုံး... အစ်မကလည်း ကျွန်တော့်ကို အံ့ဩအောင် လုပ်ခဲ့တာပဲ မဟုတ်လား။ အစ်မရဲ့ ယင်မသေမျိုး လမ်းစဉ်က အဆင့် ၈ အထိ ရောက်နေပြီဆိုတာ ကျွန်တော် မသိခဲ့ဘူး၊ စီနီယာအစ်မကြီး ထက်တောင် မနိမ့်ဘူးပဲ"

ဖန့်ချန်က ရယ်မောလျက် ဆိုသည်။

ချန်အင်းရွှယ်၏ မျက်ဝန်းများတွင် ဂုဏ်ယူဝင့်ကြွားမှု အနည်းငယ် ပေါ်လာသည်။

"ဒီနေ့အတွက်သာ မဟုတ်ရင် ငါ အဆင့် ၈ ကို ကြာလှပြီ တက်ခဲ့တာပေါ့။ အဲဒီ မိန်းမကြီးတစ်ယောက်တည်းပဲ ဟိတ်ဟန်ထုတ်နေတာကို ငါက ကြည့်နေရမှာလား"

သူမ ခေတ္တရပ်လိုက်သည်။

ထို့နောက် သူမက ရုတ်တရက် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ဖန့်ချန်ကို ခပ်ဖွဖွ ဖက်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

"အလုပ်တွေ ပြီးရင် စောစောပြန်လာဦး။ ငါ မင်းအတွက် လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးထားပါ့မယ်"

အခန်း (၁၆၇၀) - ချုပ်နှောင်ခြင်း

ချန်အင်းရွှယ်သည် အပိုမေးခွန်းများ မမေးသကဲ့သို့ ဖန့်ချန်၏လက်ထဲရှိ 'အပြစ်ပေးတုတ်နွယ်' ကိုလည်း ပြန်မယူဘဲ အလွန်ပြတ်သားစွာ ထွက်ခွာသွားခဲ့သည်။

သူမ၏ သဘောထားက အရာအားလုံးကို သက်သေပြနေခဲ့ပြီဖြစ်သည်။

“စီနီယာအစ်မသုံးက အရင်ကထက် အများကြီး ပိုပြီးပေါ့ပါးသွားသလိုပဲ။ အရင်က သူဝတ်ထားတဲ့ ဘာမထီတဲ့ မျက်နှာဖုံးက... အခု တိကျန်းအရှင်ကို အပြစ်ပေးတုတ်နွယ်နဲ့ နှိမ်နင်းလိုက်နိုင်လို့ စိတ်ထဲက အလုံးကြီး ကျသွားတာကြောင့်များလား”

“ဒါပေမဲ့ ဒီတစ်ခါ သူလုပ်လိုက်တာက လူ့လောကရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို သူကိုယ်တိုင် ဖြတ်တောက်ပစ်လိုက်တာနဲ့ အတူတူပဲ။ အကယ်၍ သူသာ ကျွယ်မင်ကြယ်မှာ လူပြန်မဝင်စားဘူးဆိုရင် နောက်ပိုင်းမှာ ယင်မသေမျိုးလမ်းစဉ်ကိုပဲ ဆက်လျှောက်ရတော့မယ်”

ဖန့်ချန်သည် လက်ထဲရှိ အပြစ်ပေးတုတ်နွယ်ကို ကြည့်ကာ ခပ်ဖွဖွ သက်ပြင်းချလိုက်မိသည်။

အစကတည်းက သူမသည် အစွမ်းကုန် ကြိုးစားခဲ့ပြီး မိမိကိုယ်ကိုယ်အတွက် နောက်ဆုတ်လမ်း မချန်ထားခဲ့ချေ။ တိကျန်းအရှင်နှင့်အတူ အသေခံရန်အထိပင် တွက်ဆထားခဲ့ပုံရသည်။ သူမ တွက်ချက်မှု မှားယွင်းသွားသည်မှာ တိကျန်းအရှင်တွင် ကိုယ်ပွားရှိနေသည့် ဆန်းကြယ်သော နည်းလမ်းမျိုး ရှိနေခြင်းပင် ဖြစ်သည်။

တစ်လကြာပြီးနောက်။

ရှောင်လန်းစစ်သူကြီးသည် ဤမြို့ရှိ ယင်မိစ္ဆာများထံမှ မည်သည့် အသုံးဝင်သော သတင်းအချက်အလက်မျှ မရရှိခဲ့ချေ။

၎င်းက မော်ထျန်းဌာန၏ လုပ်ငန်းလည်ပတ်ပုံမှာ ကွေ့လုံ ပြောသကဲ့သို့ပင် အမာခံ လျှို့ဝှက်ချက်အားလုံးကို အရှင်သခင် များကသာ ချုပ်ကိုင်ထားကြောင်း သက်သေပြနေသည်။

မော်ထျန်းဌာန၏ အသေးစိတ် အချက်အလက်များကို သိလိုလျှင် အရှင်သခင်တစ်ပါးကို အရှင်ဖမ်းမိပြီး တရားဝင်ခန့်အပ်မှု ပြုလုပ်နိုင်မှသာ ရပေလိမ့်မည်။

ဖန့်ချန်တွင် ဝိညာဥ်ကလေးငယ် နှင့် အပြစ်ပေးတုတ်နွယ် ရှိနေသော်လည်း ထိုသို့လုပ်ဆောင်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။ ဖန့်ချန်ကိုယ်တိုင် အဆင့် ၈ ဓားမသေမျိုး အဆင့်သို့ တက်လှမ်းနိုင်မှသာ တူညီသော အဆင့်ရှိသည့် အရှင်သခင်တစ်ပါးကို အရှင်ဖမ်းဆီးနိုင်ရန် အခွင့်အလမ်း ရှိပေလိမ့်မည်။

"သခင်လေး... အရှင်ရှီလုံ ပြောတာတော့ ဒီယင်မိစ္ဆာတွေရဲ့ နောက်ကွယ်မှာ ရှေးဟောင်းယင်လောကရဲ့ သူပုန်ခေါင်းဆောင်ကြီး မော်ထျန်းတိကျန်း ရှိနေတယ်ဆိုပဲ။ အဲဒီလို တည်ရှိမှုမျိုးက ဒီနေ့အထိ အသက်ရှင်နေတယ်ဆိုရင် သူ့ရဲ့ နည်းလမ်းတွေက မှန်းဆလို့တောင် ရမှာမဟုတ်ဘူး။

အကယ်၍ တိကျန်းမြို့တော်ကို သခင်လေး ဖျက်စီးလိုက်တာကို သူသိသွားရင်... မြေဝက်ဝံ နဲ့ ဖန်ဆင်းရှင်ကြယ်တွေပါ ထိခိုက်ကုန်လိမ့်မယ်"

ရှောင်လန်းစစ်သူကြီးသည် ဖန့်ချန်၏ ဘေးသို့ လျှောက်လာပြီး လေသံတိုးတိုးဖြင့် ဆိုသည်။

ကွေ့လုံမှာ စိတ်ထဲမှ ထိတ်လန့်သွားရသည်။ ထိုစကား၏ အဓိပ္ပာယ်မှာ မြို့ကို အပြတ်ရှင်းရန် ပြောနေခြင်း မဟုတ်ပါလား။

"ရှောင်လန်းစစ်သူကြီး... အဲဒါကို ခင်ဗျား လာသတိပေးနေဖို့ မလိုပါဘူး"

ဖန့်ချန်က အေးဆေးစွာ ပြုံးလျက် ဆိုသည်။

ရှောင်လန်းစစ်သူကြီး၏ မျက်နှာတွင်လည်း အပြုံးတစ်ခု ပေါ်လာပြီး ဖန့်ချန်၏ နောက်တွင် ငြိမ်သက်စွာ ရပ်လိုက်သည်။

နောက်တစ်ခဏတွင်... သစ်ပင်အိုကြီးကို ဗဟိုပြု၍ မရေတွက်နိုင်သော နွယ်ပင်များသည် အရပ်မျက်နှာ အနှံ့အပြားသို့ စတင် ပျံ့နှံ့သွားတော့သည်။

တစ်နာရီမျှသာ ကြာမြင့်ချိန်တွင်...

တိကျန်းမြို့တော်မှာ လူသူကင်းမဲ့သော မြို့ပျက်ကြီးတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်ရိပ်များစွာမှာ အသီးအနှံများကဲ့သို့ သစ်ပင်အိုကြီး၏ ကိုယ်ပေါ်တွင် တွဲလောင်းဆွဲခြင်း ခံထားရပြီး ကြည့်ရသည်မှာ ထူထပ်သိပ်သည်းကာ မရေမတွက်နိုင်အောင်ပင်။

"သွားကြစို့"

ဖန့်ချန်က ခပ်ဖွဖွ ရယ်မောရင်း ကောင်းကင်သို့ ရှေးဦးစွာ ပျံတက်ကာ တိကျန်းမြို့တော်၏ အပြင်ဘက်သို့ ဦးတည်လိုက်သည်။

ရှောင်လန်းစစ်သူကြီးနှင့် အခြားသူများမှာ ခေတ္တ မှင်တက်သွားပြီး သစ်ပင်အိုကြီးကို မသိမသာ လှမ်းကြည့်လိုက်ကြသည်။ သစ်ပင်ကြီးက ထိုယင်မိစ္ဆာများကို ဝါးမြိုခြင်း မပြုသေးသည်ကို မြင်သောအခါ သူတို့ မျက်မှောင်ကြုတ်မိသွားကြသည်။

လူတိုင်း ဖန့်ချန်နောက်သို့ လိုက်ပါသွားကြစဉ် ရှောင်လန်းစစ်သူကြီးမှာ တစ်စုံတစ်ခုကို မေးလိုဟန် ရှိသော်လည်း စကားကို ပြန်ထိန်းထားလိုက်ရသည်။

ဝမ်ချွမ်းမြစ်ကမ်းနား။

သစ်ပင်အိုကြီးသည် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။

၎င်း ချုပ်နှောင်ထားသော ယင်မိစ္ဆာများကို မြစ်ရေထဲသို့ တစ်ခုပြီးတစ်ခု ပစ်ချလိုက်တော့သည်။

ထိုအခါမှသာ သစ်ပင်ကြီးသည် အဘယ်ကြောင့် ထိုယင်မိစ္ဆာများကို တိုက်ရိုက် ဝါးမြိုမပစ်ခဲ့သနည်းဆိုသည်ကို လူတိုင်း နားလည်သွားကြတော့သည်။

လေလွင့်ဝိညာဉ်ဖြစ်စေ၊ ယင်မိစ္ဆာဖြစ်စေ... ဝမ်ချွမ်းမြစ်ဆိုသည်မှာ အကျဉ်းထောင်နှင့် အတူတူပင်။

၎င်းမှာ မည်မျှပင် ကျင့်ကြံခြင်း မြင့်မားပါစေ... လွယ်လွယ်နှင့် ခြေမချရဲသော အကျဉ်းထောင်မျိုး ဖြစ်သည်။

"မင်း ဝမ်ချွမ်းမြစ်ကို အတော်လေး ကြောက်ပုံရတယ်နော်"

ဖန့်ချန်က ကွေ့လုံကို ရုတ်တရက် လှည့်ကြည့်ကာ မေးလိုက်သည်။

ကွေ့လုံက ခေါင်းကို ညင်သာစွာ ညိတ်ပြသည်

"ကျွန်တော် အရင်က ဝမ်ချွမ်းမြစ်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရဖူးတယ်။ အဲဒီတုန်းက တကယ်ကို ကြောက်ခဲ့ရတာပါ"

သူသည် မြစ်ရေကို ကြည့်ရင်း သူ၏ မျက်ဝန်းများတွင် ယနေ့အထိ ကြောက်စိတ်များ ကျန်ရှိနေဆဲ ဖြစ်သည်။

ရုတ်တရက် သူသည် ဝမ်ချွမ်းမြစ်အောက်ခြေမှ ဖြတ်သန်းသွားသော ကြောက်မက်ဖွယ် ကောင်းသည့် အမည်းရောင် ပုံရိပ်ကြီးတစ်ခုကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

“ငါ မျက်စိမှားတာလား”

ကွေ့လုံ အံ့ဩသွားပြီး သေချာစွာ စိုက်ကြည့်လိုက်သော်လည်း ဘာမှ မတွေ့ရတော့ချေ။

မှောင်မည်းပြီး တိတ်ဆိတ်လှသော ဝမ်ချွမ်းမြစ်ထဲသို့ သူကဲ့သို့ အဆင့် ၆ ယင်မသေမျိုး၏ အမြင်အာရုံပင်လျှင် နက်နက်ရှိုင်းရှိုင်း ထိုးဖောက်မကြည့်နိုင်ချေ။

ဝမ်ချွမ်းမြစ်၏ အနက်ရှိုင်းဆုံးနေရာတွင်... ကျူးလုံသည် ထိုယင်မိစ္ဆာ ဝိညာဉ်အုပ်စုကို ဖမ်းဆီးခေါ်ဆောင်ရင်း ဖန့်ချန်ကို တစ်ချက် လှည့်ကြည့်ကာ မှောင်မိုက်သော ရေအောက်ထဲသို့ ဖြည်းဖြည်းချင်း ငုပ်လျှိုးပျောက်ကွယ်သွားတော့သည်။

"ကွေ့လုံ... ငါ မော်ထျန်းဌာနထဲကို ခိုးဝင်ကြည့်ရင် ဖြစ်နိုင်မလား"

ဖန့်ချန်က ရယ်မောလျက် မေးလိုက်သည်။

"မော်ထျန်းဌာနထဲကို ခိုးဝင်မှာလား"

ကွေ့လုံ အသေအချာ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။

"ဖြစ်နိုင်ခြေ မရှိသလောက်ပါပဲ။ အရှင်သခင်တစ်ပါးပါးက သခင်လေးအတွက် အာမခံပေးမှသာ ဖြစ်နိုင်ပါလိမ့်မယ်"

သူက စကားကို ခေတ္တရပ်လိုက်ပြီးနောက် ခါးသီးစွာ ပြုံးလျက်

"အခု တိကျန်းအရှင် သေသွားပြီဆိုတော့... ကျွန်တော်သာ သခင်လေးနောက်ကို မလိုက်ခဲ့ရင်တောင် မော်ထျန်းဌာနက ကျွန်တော့်ကို ဖယ်ထုတ်ပစ်မှာ အသေအချာပဲ။ တခြား အရှင်သခင်တစ်ပါးဆီမှာ ခိုလှုံမှသာ မော်ထျန်းဌာနထဲကို ပြန်ဝင်နိုင်ပါလိမ့်မယ်"

ထိုသို့ပြောရင်း သူသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် အမြန် ဆိုသည်။

"နေဦး... ကျွန်တော် တစ်ခု သတိရလိုက်ပြီ"

"ဘာကိစ္စလဲ"

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်တော် ထိုက်ချန်းနယ်မြေ ကို တစ်ခေါက် သွားခဲ့ဖူးတယ်။ အဲဒီတုန်းက မော်ထျန်းဌာနက နတ်ရိုသေနန်းတော် နဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့ပုံရတယ်။ မော်ထျန်းဌာနက နတ်ရိုသေနန်းတော်က ကျင့်ကြံသူ တော်တော်များများကိုလည်း သိမ်းသွင်းခဲ့တယ်လို့ ကြားဖူးတယ်"

"နတ်ရိုသေနန်းတော် ဟုတ်လား"

ဖန့်ချန်၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

ဒါကြောင့်လည်း မော်ထျန်းဌာနရဲ့ လှုပ်ရှားမှုတွေက ဒီနှစ်တွေမှာ ဘာလို့ ဒီလောက်တောင် လျှို့ဝှက်နေခဲ့တာလဲဆိုတာ ရှင်းသွားပြီ။

သူကိုယ်တိုင်တောင် မော်ထျန်းဌာနရဲ့ တည်ရှိမှုကို ဒီနေ့မှ သိခဲ့ရတာ မဟုတ်လား။

တစ်ဖက်လူက တကယ်ပဲ အခြေအနေကို ထိန်းသိမ်းနေတာ မဟုတ်ဘူး။ တကယ်လို့သာ အခြေအနေကို အမြဲထိန်းသိမ်းနေမယ်ဆိုရင် ဘယ်နေရာက သတင်းတွေကို သွားစုဆောင်းမလဲ၊ လက်အောက်ငယ်သားတွေကို မွေးမြူဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ဘယ်ကနေ ရမလဲ။

ဖြစ်နိုင်သည်မှာ... မည်သူမှ ထိုးဖောက်မမြင်နိုင်သော မျက်နှာဖုံးတစ်ခုကို စွပ်ထားပြီး လူ့လောက နယ်မြေကိုးခုလုံးတွင် အမြဲ လှုပ်ရှားနေခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

ကျွယ်မင်နန်းတော်

စီနီယာအစ်မသုံး ချန်အင်းရွှယ်၏ ကျင့်ကြံခြင်း နယ်မြေ။

စီနီယာအစ်မကြီး ရှဲ့အာမန် ဦးဆောင်သော အမာခံတပည့် ၃၀ မှ ၅၀ ခန့် ရောက်ရှိနေကြသည်။

၎င်းအပြင် အကြီးကဲများအဖွဲ့မှ အကြီးကဲချန် နှင့် အကြီးကဲကျန်း တို့ပါ ရောက်ရှိလာကြသည်။

လူတစ်စုမှာ ဖန့်ချန်နှင့် ချန်အင်းရွှယ်တို့၏ ရုပ်ကလာပ်များ ဘေးတွင် တည်ကြည်လေးနက်သော အမူအရာများဖြင့် ရပ်နေကြသည်။

သူတို့ လုံးဝ ထင်မှတ်မထားသည်မှာ... တစ်ခါမျှသာ ယင်လောကကူးပြောင်းခြင်း လုပ်ဆောင်ခဲ့သော်လည်း ချန်အင်းရွှယ်၏ ဝိညာဉ်မီးအိမ် က ဤသို့ ငြိမ်းသွားလိမ့်မည် ဟုပင်။

ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် သုံးဦးထဲက တစ်ဦးဖြစ်သူဟာ ယင်လောကမှာ ဘယ်လိုမျိုး အန္တရာယ်ကြီးနဲ့ ရင်ဆိုင်ခဲ့ရလို့ ကျွယ်မင်ယင်လောကကို ပြန်လာပြီး အကူအညီတောင်းဖို့တောင် အချိန်မရခဲ့တာလဲ။

"နံပါတ်ကိုးရဲ့ အသက်ရှူသံက ရှိနေသေးတယ်။ အကယ်၍ သူနဲ့ နံပါတ်သုံးက ယင်လောကမှာ အလုပ်တစ်ခု အတူတူလုပ်ခဲ့ကြတာဆိုရင်... ဘာလို့ နံပါတ်သုံးက သေပြီး သူက ဘာမှမဖြစ်နေရတာလဲ"

ရှဲ့အာမန်က မျက်မှောင်ကြုတ်လျက် ဆိုသည်။

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း ထိုမေးခွန်းကို မည်သူမျှ မဖြေနိုင်ကြချေ။

"အကြီးကဲချန်...နံပါတ်သုံးရဲ့ ဝိညာဉ်မီးအိမ် ငြိမ်းသွားတဲ့အချိန်မှာ တခြား ထူးခြားတဲ့ လက္ခဏာတွေရော ရှိသေးလား"

ရှဲ့အာမန်က အကြီးကဲချန်ကို လှည့်မေးလိုက်သည်။

အကြီးကဲချန်က ခေါင်းကို ညင်သာစွာ ခါယမ်းပြသည်။

"ကျွယ်မင်ယင်လောကဘက်က ဘာပြောလဲ။ နံပါတ်သုံးရဲ့ အရိပ်အယောင်ရော တွေ့လား"

ရှဲ့အာမန်က ထပ်မေးပြန်သည်။

နန်မင်ရုယွဲ့က ခါးသီးစွာ ပြုံးလျက်

"စီနီယာအစ်ကိုလေးက နံပါတ်ခြောက်နဲ့ နံပါတ်ခုနစ်ကို ခေါ်ပြီး ကျွယ်မင်ယင်လောက တစ်ခုလုံးကို ရှာဖွေပြီးပါပြီ၊ အစ်မသုံးရဲ့ အရိပ်အယောင်တောင် မတွေ့ပါဘူး။ အခုတော့ သူတို့က ယင်မသေမျိုး အချို့ကို ခေါ်ပြီး အပြင်ဘက်အဖွဲ့ဝင် ကျင့်ကြံသူ တစ်သိန်းလောက်နဲ့ အပြင်ဘက်မှာ သွားရှာဖို့ ပြင်နေကြပါတယ်"

"စီနီယာအစ်မကြီး... ဒါက မသေမျိုးလောကငယ် က ကိစ္စနဲ့များ ပတ်သက်နေမလား"

လီရှမ်းဇီက ရုတ်တရက် ဆိုသည်။

ကျိရှန့်နှင့် အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် ထိုကိစ္စကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ ဖြစ်သဖြင့် ထိုခရီးစဉ်က မည်မျှ အန္တရာယ်များခဲ့သည်ကို သိကြသည်။

အကယ်၍ ရှောက်ကွမ်းယင် က လက်စားချေဖို့ လုပ်တာဆိုရင်ရော

တကယ်ပင် ဖြစ်နိုင်ခြေ ရှိသည်။

"မသေမျိုးလောကငယ်လား မသေမျိုးလောကငယ် မှာ ဘာဖြစ်လို့လဲ"

အမာခံတပည့် အချို့မှာ ဇဝေဇဝါ ဖြစ်သွားကြသည်။ သူတို့သည် မသေမျိုးလောကငယ် သို့ မသွားခဲ့ကြသဖြင့် ထိုကိစ္စကို မသိကြချေ။

ယခုအချိန်တွင် ထိုကိစ္စမှာ လျှို့ဝှက်အဆင့်တွင် ရှိနေဆဲဖြစ်ပြီး အတူတူသွားခဲ့သူများနှင့် မူလအကြီးကဲများအဖွဲ့သာလျှင် အကြောင်းစုံကို သိကြသည်။

ရှဲ့အာမန်သည် လီရှမ်းဇီ၏ သံသယကို ကြားသော်လည်း သူမ သိထားသည်မှာ ထိုထက်မက ပိုများလှသည်။ သူမ စိတ်ထဲတွင် သံသယရှိသူမှာ ရှောက်ကွမ်းယင် တစ်ယောက်တည်း မဟုတ်ချေ။

“စစ်မှန်သောနတ်ဘုရားမှန် ...မသေမျိုးစာရင်း ... မိစ္ဆာမျိုးနွယ်တွေ... ဒါတွေက မင်းတို့ လက်ချက်လား”

ရှဲ့အာမန်သည် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်ရင်း တည်ငြိမ်သော မျက်နှာထားဖြင့် ဆိုသည်။

"နံပါတ်ကိုးက အခုထိ အသက်ရှင်နေသေးတယ်၊ သူ့ကို ရှာတွေ့တာနဲ့ အရာအားလုံးကို သိရလိမ့်မယ်။ သူက နံပါတ်သုံးနဲ့ အတူတူ ထွက်သွားခဲ့တာဆိုတာ သေချာလား"

"ဒါက သေချာပါတယ်၊ အဲဒီတုန်းက မြင်လိုက်တဲ့လူတွေ အများကြီးရှိသလို စီနီယာအစ်မသုံးကလည်း မြို့တံခါးက ကင်းစောင့်တွေနဲ့ စကားပြောခဲ့သေးတယ်၊ ဒါကြောင့် သူတို့ မှတ်မိနေကြတာပါ"

နန်မင်ရုယွဲ့က ခေါင်းညိတ်ပြသည်။

လူတိုင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိကြပြီး ချန်အင်းရွှယ်ကို စိတ်မကောင်းစွာ ကြည့်လိုက်ကြသည်။

ကျိရှန့်၏ မျက်ဝန်းများတွင် မျက်ရည်များပင် ဝဲနေခဲ့ပြီ။

မည်သူမျှ ထုတ်မပြောသော်လည်း ချန်အင်းရွှယ်၏ ဝိညာဉ်မီးအိမ် ကွဲသွားပြီဆိုခြင်းမှာ သူမ အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း ပြနေသည်။ ဝိညာဉ်ပင် ကျန်ရှိတော့မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ချန်အင်းရွှယ်သည် ယင်လောကကူးပြောင်းခြင်း လုပ်ဆောင်နေစဉ်အတွင်း သေဆုံးသွားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ လူ့လောကတွင် သေဆုံးခြင်း မဟုတ်ပေ...

လူတိုင်း အသီးသီး တွေးတောနေကြစဉ်မှာပင် တစ်စုံတစ်ယောက်က ဖန့်ချန်၏ မျက်တောင်များ လှုပ်ခတ်သွားသည်ကို သတိပြုမိလိုက်သည်။

"နံပါတ်ကိုး မျက်တောင်ခတ်လိုက်ပြီ"

နန်မင်ရုယွဲ့က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တော့သည်။

All Chapters