အခန်း (၆၅၉-၆၆၀)
Vol. 66 Ch. 659-660
အခန်း (၆၅၉) - အပြည့်အစုံဗားရှင်း နတ်ဘုရားကျမ်း ၊ အယ်လ်မေးတောင်မှ နတ်ပြည်တက်ရာအရပ် ၊ ဆံပင်နီ မျက်ခုံးနီနှင့် အဘိုးအိုတာအိုဆရာ
လီယန်ချူးသည် ထိုစကားကို ကြားသော် မှင်သက်သွားရသည်။
"အဘိုးအိုရွှီက တတိယအဆင့်ရဲ့ ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်လို့လား"
ယခင်က သူ နတ်ဘုရားမြေများသို့ သွားစဉ်က တတိယအဆင့်ရှိသော အစွမ်းထက်ပညာရှင်တစ်ဦးကိုမျှ မတွေ့ခဲ့ရပေ။
"အရင်ကဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ အခုက လောကကြီးက ပြောင်းလဲနေပြီ၊ ဟာကွက်တွေ အများကြီး ရှိနေတယ်။ အဖိုးကြီးရဲ့ အိမ်က ရှေးဟောင်းမှတ်တမ်းတွေအရ လင်းရွှီ နတ်ဘုရားနယ်မြေ ထဲမှာ ကျိုရှောင်နတ်ဘုရားကျမ်း ရှိတယ်။
မိသားစုထဲက စီနီယာတွေ အထဲကို ဝင်ဖူးပြီး နတ်ဘုရားအဆီအနှစ် အချို့ ရခဲ့ဖူးတယ်။ တကယ်လို့ မင်းသွားချင်တယ်ဆိုရင် အဖိုးကြီးက တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်ပါတယ်"
ဟု ရွှီဘင်းက ပြောလိုက်သည်။
"ရွှီမျိုးနွယ်နဲ့ ဒီနတ်ဘုရားမြေက အစောကြီးကတည်းက ပတ်သက်မှုရှိနေတာပဲ။ ဒါဆိုရင် စီနီယာကိုယ်တိုင်ကျတော့ ဘာလို့မသွားတာလဲ"
ဟု လီယန်ချူးက မေးသည်။
"ဘိုးဘေးတို့ရဲ့ မှတ်တမ်းအရ ရွှီမျိုးနွယ်ဝင်တွေသာ လင်းရွှီနတ်ဘုရားမြေထဲကို ဝင်ရင် ကျိန်းသေပေါက် သေလိမ့်မယ်တဲ့ "
"အဖိုးကြီးက လင်းရွှီနတ်ဘုရားမြေကို အရမ်းစိတ်ဝင်စားပေမဲ့ ဘိုးဘေးတို့ရဲ့ အဆုံးအမကြောင့် မသွားနိုင်ခဲ့ဘူး"
ဟု အဘိုးအိုရွှီက သက်ပြင်းချရင်း ပြောသည်။
"ဒီလို စည်းကမ်းမျိုးလည်း ရှိတာပဲလား"
လီယန်ချူး အံ့ဩသွားရပြန်သည်။
"ကျိုရှောင်နတ်ဘုရားကျမ်းဆိုတာ အလွန်တရာ အစွမ်းထက်တဲ့ ကျင့်စဉ်တစ်ခုပဲ။ အမှန်အတိုင်း ပြောရရင် ရွှီမျိုးနွယ် ကျင့်ကြံနေတဲ့ ကျင့်စဉ်ကလည်း ဒီကျိုရှောင်နတ်ဘုရားကျမ်းကနေ ဆင်းသက်လာတာပဲ။
အမည်ကတော့ ကျိုယန်ဝမ်ရှန်းကျမ်း လို့ ခေါ်ပြီး ဘိုးဘေးတွေ လက်ဆင့်ကမ်းခဲ့တာ။ အဲ့ဒီတုန်းက ဘိုးဘေးက နတ်ဘုရားမြေထဲမှာ နတ်ဘုရားအဆီအနှစ်ကို ရရှိခဲ့လို့သာ ငါတို့ရွှီမျိုးနွယ်ဟာ နှစ်ပေါင်းများစွာ စည်ပင်ထွန်းကားခဲ့တာ ဖြစ်တယ်"
အဘိုးအိုရွှီက ဖြည်းညှင်းစွာ ပြောပြနေသည်။
"ရွှီမျိုးနွယ်ရဲ့ ဘိုးဘေးက တကယ့်ကို ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်မှာပါ။ ကျွန်တော်ကတော့ သာမန်ကျင့်ကြံသူတစ်ယောက်ပဲမို့ ဒီနတ်ဘုရားမြေကို မသွားတာပဲ ကောင်းပါတယ်"
ဟု လီယန်ချူးက ခေါင်းခါကာ ငြင်းပယ်လိုက်သည်။
အဘိုးအိုရွှီက ပြုံးလိုက်ပြီး ဆက်၍ မတိုက်တွန်းတော့ပေ။
"ဒါဆိုရင်လည်း ပြီးတာပါပဲ။ ဒီလင်းရွှီနတ်ဘုရားမြေက မကြာခင် ရက်ပိုင်းအတွင်းမှာ ပွင့်တော့မှာ။ အဲ့ဒီကျမှ တာအိုဆရာ စိတ်ပြောင်းသွားရင် အဖိုးကြီးဆီ လာရှာလို့ ရပါတယ်"
ဟု အဘိုးအိုရွှီက ရယ်မောရင်း ပြောသည်။
"ကျေးဇူးတင်ပါတယ် အဘိုးအိုရွှီ"
လီယန်ချူးက တည်ကြည်စွာ ပြန်ပြောလိုက်သည်။
လီယန်ချူးသည် အဘိုးအိုရွှီ၏ အခန်းထဲမှ ထွက်လာပြီးနောက်တွင် ခန္ဓာကိုယ်ထွားကြိုင်းပြီး သူဌေးကြီးကဲ့သို့ ဝတ်ဆင်ထားသော နယ်စားမင်း ရွှီစစ်ချင်း ထွက်ပေါ်လာသည်။
"လီတာအိုဆရာက မသွားချင်ဘူးလား"
ဟု ရွှီစစ်ချင်းက မေးသည်။
ရွှီဘင်းက ခေါင်းခါလိုက်ပြီး
"လီတာအိုဆရာက နတ်ဘုရားကျမ်းအပေါ် သိပ်ပြီး စိတ်ဝင်စားပုံမရဘူး"
ရွှီစစ်ချင်းက သက်ပြင်းတစ်ချက်ချကာ
"ဘိုးဘေးက ဘာလို့ အမှန်အတိုင်း မပြောပြလိုက်တာလဲ"
"ဘိုးဘေးရဲ့ သက်တမ်းက ကုန်ခါနီးနေပြီ။ အကယ်၍ နတ်ဘုရားကျမ်းရဲ့ အပြည့်အစုံဗားရှင်းကိုသာ ရှာတွေ့ခဲ့ရင် သက်တမ်းတိုးနိုင်ကောင်း တိုးနိုင်မှာပဲ"
"အဖိုးကြီးက ဘယ်လိုလူလဲ။ ငါက လီတာအိုဆရာအတွက် ကူညီပေးခဲ့ပြီးမှ၊ ဒီနေ့ကျမှ ငါ့အတွက် နတ်ဘုရားကျမ်း သွားရှာပေးပါလို့ တောင်းဆိုရင် ကျေးဇူးကို အခွင့်ကောင်းယူပြီး အတင်းအကျပ် ခိုင်းစေရာ မရောက်ပေဘူးလား။ သူတစ်ပါးအပေါ် ထားတဲ့ စေတနာကနေ ကိုယ်ကျိုးရှာမှု ဖြစ်သွားလိမ့်မယ်"
ရွှီဘင်းက ခေါင်းခါလိုက်သည်။
ရွှီစစ်ချင်းက သက်ပြင်းချရင်း
"ဘိုးဘေးရဲ့ စိတ်ထားက တကယ့်ကို မြင့်မြတ်လှပါတယ်။ လီတာအိုဆရာက မသွားချင်ဘူးဆိုမှတော့ ကျွန်တော် တခြားလူတွေကိုပဲ လွှတ်လိုက်ပါ့မယ်။ ဘိုးဘေးအတွက် နတ်ဘုရားကျမ်းကို ကျိန်းသေပေါက် ရအောင်ရှာပေးပါ့မယ်"
ရွှီဘင်းက အသာအယာ ခေါင်းညိတ်လိုက်သည်။
လီယန်ချူးသည် မြောက်ဘက်နယ်စပ်ခရိုင် မြို့တော်၌ အချိန်အကြာကြီး မနေခဲ့ပေ။ ဂုဏ်ပြုစားပွဲပြီးသည်နှင့် သူ ပြန်ရန် ပြင်ဆင်တော့သည်။
ဤတစ်ကြိမ်တွင် ဝေဟိန်က သူနှင့်အတူ မလိုက်ပါတော့ပေ။ တရားရေးရုံးတော်ချုပ် ၏ လူငယ်ပါရမီရှင်တစ်ဦးဖြစ်သည့်အတိုင်း၊ သူ တောင်ပေါ်မှ ဆင်းလာသည်မှာ ဓားစိတ်ကို ပိုမိုထက်မြက်အောင် လေ့ကျင့်ရန်နှင့် မိစ္ဆာများကို သတ်ဖြတ်ရန် ဖြစ်သည်။
လီယန်ချူး၏ ဘေးတွင်သာ လိုက်နေပါက သူသည် မမြင်သာသော နောက်လိုက်လေးတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး မည်သည့် အစွမ်းအစမှ ထုတ်ပြနိုင်မည် မဟုတ်ပေ။
ထို့ပြင် လှပသော အမျိုးသမီးများမှာ လီယန်ချူးနှင့်သာ စကားပြောရယ်မောကာ ရင်းနှီးနေကြသည် မဟုတ်ပါလား။ ဝေဟိန်ကတော့ တစ်ကိုယ်တည်း လှည့်လည်သွားလာရန်သာ ဆုံးဖြတ်လိုက်သည်။
သို့သော် လီယန်ချူးကို အံ့ဩသွားစေသည်မှာ ရွှီယော့ယွင် က ဝေမြို့သို့ လိုက်ခဲ့မည်ဟု အတင်းအကျပ် ပြောဆိုနေခြင်းပင်။
နယ်စားမင်း ရွှီစစ်ချင်းကလည်း မတားဆီးပေ။
ယခင်က ရွှီယော့ယွင်သည် ချင်းယွဲ့ထန် နတ်ဘုရားမြေမှ ထွက်လာသည်နှင့် နယ်စားမင်းအိမ်တော်မှ ပညာရှင်များက ချက်ချင်း လာခေါ်သွားခဲ့ကြသည်ကို သတိပြုရမည်။
ရွှီစစ်ချင်းသည် ရွှီယော့ယွင်ကို မိမိနှင့် ပိုမိုရင်းနှီးစေရန် ရည်ရွယ်နေမှန်း လီယန်ချူး သိသည်။ သူ ခေါင်းနည်းနည်း ကိုက်သွားရ၏။ ဆိုင်ရှင်မ သာ သူ အမျိုးသမီးတစ်ယောက် ထပ်ခေါ်လာသည်ကို သိသွားပါက စိတ်ကောက်ဦးမည်မှာ အမှန်ပင်။
ရှင်းဟုန်ယဲ့၏ အဒေါ်ဖြစ်သူ ဖုန်းရူကလည်း ဝေမြို့ရှိ ရှင်းဟုန်ယဲ့ကို သွားတွေ့ချင်နေသဖြင့် ထိုတစ်ကြိမ်တွင် အတူတူ လိုက်ပါလာခဲ့သည်။
လီယန်ချူးသည် ငါးရောင်ခြယ်မြူတိမ်များကို စီးနင်းကာ အမျိုးသမီးသုံးဦးကို ခေါ်ဆောင်ပျံသန်းသွားသည်။
ယခုအခါ သူ၏ ကျင့်ကြံမှုမှာ မြင့်မားနေပြီ ဖြစ်ရာ၊ အမျိုးသမီးများ၏ ခါးကို ဖက်ထားရန် မလိုတော့ဘဲ နတ်ဘုရားစွမ်းအားဖြင့်သာ ခေါ်ဆောင်ပျံသန်းနိုင်သည်။
မှော်လွန်းပျံ မှာ မြန်ဆန်လှသော်လည်း စီးရသည့် ခံစားချက်မှာ အလွန်ဆိုးရွားပြီး ခေါင်းမူးလွယ်လှသည်။ ယခုကဲ့သို့ အရေးကြီးကိစ္စ မရှိသည့်အချိန်တွင် လီယန်ချူးက တိမ်စီးခြင်းအတတ်ဖြင့်သာ ပြန်လာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ဝေမြို့သို့ ပြန်ရောက်သည့်အခါ ဆိုင်ရှင်မက လီယန်ချူးကို ပြူးကြည့်လိုက်သည်။
"လီတာအိုဆရာ... ရှင့်ကို ကြည့်ရတာ လူဝတ်လဲလိုက်တာက ပိုကောင်းမယ် ထင်တယ်။ မဟုတ်ရင် ရှင့်ရဲ့ ဒီ မက်မွန်ပွင့်လေး(အမျိုးသမီးကံ) တွေက အရမ်းများနေတော့ တကယ့်နတ်ဘုရား ဖြစ်လာမှာ မဟုတ်ဘူး"
ဆိုင်ရှင်မက မကျေမနပ် ပြောလိုက်သည်။
လီယန်ချူးကတော့ ဘာမှပြန်မပြောဘဲ ငြိမ်နေလိုက်၏။
အမှန်အတိုင်း ပြောရလျှင် ဖန့်ချင်းလန်တစ်ယောက်တည်းနှင့်သာ သူသည် တူနှစ်ကိုယ် ကျင့်စဉ် ကို ကျင့်ကြံဖူးခြင်း ဖြစ်ပြီး၊ ကျန်သည့်လူများနှင့်မှာ ရင်းနှီးသော ဆက်ဆံရေးသာ ရှိခြင်း ဖြစ်သည်။
ဆိုင်ရှင်မက သူ့ကို အနည်းငယ် ရန်တွေ့ပြီးနောက်တွင် သူက ဆိုင်ရှင်မ စိတ်ချမ်းသာအောင် ချော့မော့လိုက်ရသည်။ ကံကောင်းစွာဖြင့် ဆိုင်ရှင်မ၏ အကြောမှာ မြန်မြန်တက်ပြီး မြန်မြန်ပြန်ကျတတ်ပေသည်။
ရွှီယော့ယွင် သည် လောလောဆယ်တွင် တည်းခိုခန်း၌သာ နေထိုင်ပြီး လီယန်ချူးနှင့်အတူ ချင်းယွန်းကျောင်း သို့ လိုက်မနေပေ။ လက်ရှိတွင် ချင်းယွန်းကျောင်း၌ လီယန်ချူးနှင့်အတူ ကျွေ့ဟွာသာ နေထိုင်သည်။
လီယန်ချူးသည် ချင်းယွန်းကျောင်းသို့ ပြန်ရောက်သည်နှင့် နယ်ပယ်ကို တည်ငြိမ်စေရန် ဟွမ်ထင်တာအိုကျမ်းကို ဆက်လက်ကျင့်ကြံနေတော့သည်။
တစ်ချိန်တည်းမှာပင် မိမိကျင့်ကြံထားသော နတ်ဘုရားအတတ်များကို ညရောက်သည်အထိ ဆင်ခြင်သုံးသပ်နေခဲ့သည်။
ညစာစားရန် တည်းခိုခန်းသို့ သူ ရောက်သွားသောအခါ ဆိုင်ရှင်မမှာ စကားသာ ရန်တွေ့နေသော်လည်း လီယန်ချူးအတွက် ကောင်းမွန်သော ဟင်းပွဲအချို့ကို ကိုယ်တိုင်ချက်ပြုတ်ပေးထားသည်။ လီယန်ချူးနှင့်အတူ အရက်သောက်ရန်လည်း အဖော်လုပ်ပေး၏။
"အခုတလော ချင်းလန်ကို မတွေ့ပါလား"
ဟု လီယန်ချူးက မေးလိုက်သည်။
"သူ အယ်လ်မေးတောင် ကို သွားတယ်လေ"
ဆိုင်ရှင်မက ညင်သာစွာ ဖြေသည်။
"အယ်လ်မေးတောင် အဲ့ဒီကို ဘာသွားလုပ်တာလဲ"
လီယန်ချူးသည် ငါးသားတစ်ဖတ်ကို ညှပ်လိုက်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အယ်လ်မေးတောင်မှာ နတ်ပြည်တက်ရာအရပ် တစ်ခု ရှိတယ်။ အဲ့ဒီမှာ ရွှေရောင်အလင်းတန်းတွေ ခဏခဏ ပေါ်လာတတ်တယ်၊ အဲ့ဒါက နတ်ပြည်တက်တဲ့ ရောင်စဉ်တန်းတွေပဲ။ ချင်းလန်က နတ်ဘုရားအဆီအနှစ် ရမလားလို့ သွားစမ်းကြည့်တာ"
ဆိုင်ရှင်မက ပြုံးကာ ပြောသည်။
"နတ်ပြည်တက်ရာအရပ်"
လီယန်ချူး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
"အယ်လ်မေးတောင်မှာ နတ်ဘုရားတွေ ကပ်ဘေးကျော်ပြီး နေ့ချင်းညချင်း နတ်ပြည်တက်ခဲ့ကြဖူးတယ်၊ ဒါကြောင့် နတ်ဘုရားအဆီအနှစ်အချို့ ကျန်ခဲ့တာပေါ့။ အဲ့ဒါက ချင်းလန်နဲ့လည်း ပတ်သက်မှုအချို့ ရှိနေတော့ သူ သွားလိုက်တာ"
ဆိုင်ရှင်မက ရှင်းပြသည်။
လီယန်ချူးက အသာအယာ ခေါင်းညိတ်လိုက်သည်။ သူသည် ဆိုင်ရှင်မနှင့် ဖန်ချင်းလန်တို့၏ မူလအစကို အမြဲတမ်း သိချင်နေခဲ့သည်။
သူတို့သည် မူလက သာမန်လူများသာ ဖြစ်ကြပြီး၊ ဆိုင်ရှင်မဆိုလျှင် အရှိန်အဝါ ကြီးမားလှသော်လည်း ကျင့်ကြံမှု လုံးဝမရှိခဲ့ပေ။ သို့သော် ရုတ်တရက် တစ်ခုခု နိုးထလာသကဲ့သို့ ကျင့်ကြံမှု မြင့်တက်လာရုံသာမက သိသည့်အရာများကလည်း အလွန်ပင် များပြားလှသည်။
လီယန်ချူး သက်ပြင်းတစ်ချက်ချလိုက်သော်လည်း ဘာမှတော့ မမေးခဲ့ပေ။
"ကျွန်မက ကျွန်မပါပဲ၊ အမြဲတမ်း ကျွန်မပါပဲ၊ ရှင် စိတ်ပူစရာ မလိုပါဘူး"
ဆိုင်ရှင်မက ချိုသာစွာ ပြုံးရင်း ပြောလိုက်သည်။
လီယန်ချူးလည်း ပြုံးလိုက်တော့သည်။
တစ်ညတာ စကားသံများ တိတ်ဆိတ်သွား၏။
ပြင်းထန်လှသော ညတစ်ည ဖြစ်ခဲ့ပြန်သည်။
လီယန်ချူးသည် အခန်းတွင်း၌ အသံလုံရန် တားမြစ်ချက် ကို ခင်းကျင်းထားခဲ့သည်။
သူသည် ယခုအခါ ယန်ဝိညာဉ်အဆင့်သို့ ရောက်နေပြီ ဖြစ်ရာ၊ ဆိုင်ရှင်မနှင့် တူနှစ်ကိုယ် ကျင့်စဉ် ကျင့်ခြင်းက ဆိုင်ရှင်မအတွက် များစွာ အကျိုးရှိပေလိမ့်မည်။
အထူးသဖြင့် သူ၏ ကိုယ်တွင်းရှိ ကြီးမားလှသော သက်စောင့်အဆီအနှစ် များကို ဆိုင်ရှင်မ၏ ကိုယ်တွင်းသို့ ပေးပို့နိုင်ခြင်းပင်။
နောက်တစ်နေ့၊ မွန်းတည့်ချိန်
ဝေမြို့တံခါးဝတွင် လူသူလှည်းရထား ကျဲပါးနေပြီး ကင်းစောင့်စစ်သည်များမှာ ငိုက်မြည်းနေကြသည်။
အဝေးမှ ပုံရိပ်နှစ်ခု ပေါ်ထွက်လာသည်။
ဦးဆောင်လာသူမှာ ဆံပင်နီ မျက်ခုံးနီနှင့် တာအိုဆရာတစ်ဦး ဖြစ်သည်။
အဖြူအမည်းရောထားသော တာအိုဝတ်ရုံကို ဆင်မြန်းထားပြီး လက်ထဲ၌ မြင်းမြီးယပ်ကို ကိုင်ထားသည်။ အရှိန်မှာ နှေးကွေးသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် အလွန်ပင် လျင်မြန်လှသည်။
ခုနကတင် ပုံရိပ်နှစ်ခုကိုသာ မြင်ရသေးသော်လည်း မျက်စိတစ်မှိတ်အတွင်း၌ အနီးသို့ ရောက်ရှိလာတော့သည်။
မြို့စောင့်စစ်သည်များ ထိုပုံရိပ်နှစ်ခုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ အံ့ဩသွားကြရသည်။
"ဒီအဘိုးအိုတာအိုဆရာရဲ့ ရုပ်ရည်က တကယ့်ကို ခန့်ညားထည်ဝါလှတာပဲ "
စစ်သည်မှာ ကျောချမ်းသွားပြီး အိပ်ချင်စိတ်များ ချက်ချင်း ပြယ်လွင့်သွားတော့သည်။
အဘိုးအိုတာအိုဆရာ၏ မျက်လုံးများမှာ လျှပ်စီးကဲ့သို့ စူးရှလှသဖြင့် ကြည့်ရသူကို ကြောက်ရွံ့သွားစေသည်။
နောက်ကွယ်မှ လိုက်လာသူမှာ မျက်ခုံးများ ထိုးတက်နေသော လူငယ်တာအိုဆရာတစ်ဦး ဖြစ်ပြီး၊ နှုတ်ခမ်းပါးကာ မျက်လုံးများမှာ မာနကြီးသောအသွင် ဆောင်နေသည်။
ထိုမြို့စောင့်စစ်သည်မှာ အဘိုးအိုတာအိုဆရာ၏ အကြည့်တစ်ချက်ကို ခံလိုက်ရရုံဖြင့် လက်ခြေများ အေးစက်သွားသော်လည်း ရင်ထဲတွင်မူ မီးတောက်တစ်ခု လောင်မြိုက်နေသကဲ့သို့ ခံစားလိုက်ရကာ အလွန်ပင် နာကျင်သွားရတော့သည်။
အခန်း (၆၆၀) - ချီလုံတာအိုဆရာ ၊ တန်းရန်ကျိ ၊မည်းကြီး၏ ရှောင်ကွင်းမှု ၊ ချင်းယွန်းကျောင်း ပျက်စီးခြင်း
အသက်အရွယ် ကွာခြားလှသော တာအိုဆရာ အိုကြီးတစ်ဦးနှင့် လူငယ်တစ်ဦးတို့သည် မြို့ထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာကြသည်။
သူတို့၏ ပုံပန်းသဏ္ဌာန်မှာ မကြာခင်မှာပင် လူအများ၏ အာရုံစိုက်မှုကို ရရှိသွားတော့သည်။ အဓိကမှာ ရှေ့ဆုံးမှ လျှောက်လာသော တာအိုဆရာအိုကြီး၏ ဆံပင်နီ၊ မျက်ခုံးနီများနှင့် ရုပ်ရည်မှာ အလွန်ပင် ထူးခြားသိသာလွန်းလှသောကြောင့် ဖြစ်သည်။
ထိုတာအိုဆရာအိုကြီး၏ မျက်လုံးများထဲ၌ နတ်ဘုရားလျှပ်စီးများ လက်ခနဲ ဖြတ်သန်းသွားသယောင် ထင်ရပြီး မည်သူမျှ စိုက်မကြည့်ဝံ့ကြပေ။
ရှင်းဟုန်ယဲ့သည် ထိုအချိန်တွင် အလုပ်ကိစ္စဖြင့် အစိုးရရုံးတော်သို့ သွားနေစဉ် လမ်းမပေါ်၌ ဤတာအိုဆရာ နှစ်ဦးကို တွေ့လိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်သွားရသည်။
"ဘယ်လိုဖြစ်ပြီး သူ ဖြစ်နေရတာလဲ"
ရှင်းဟုန်ယဲ့သည် တာအိုဆရာအိုကြီး၏ နောက်ကွယ်မှ လိုက်လာသော လူငယ်တာအိုဆရာကို မြင်လိုက်ရသောအခါ မျက်လုံးများမှာ အလိုအလျောက် ကျဉ်းမြောင်းသွားတော့သည်။
နှုတ်ခမ်းပါးပါးနှင့် ထိုလူငယ်တာအိုဆရာက ရှင်းဟုန်ယဲ့ကို မြင်သော် ခပ်ပြုံးပြုံး လုပ်လိုက်သည်။
"ဟုန်ယဲ့... ပြန်တွေ့ကြပြန်ပြီပေါ့"
ထိုလူငယ်၏ အသံမှာ အေးစက်စက်နိုင်လှပြီး နားထောင်ရသူကို အလွန်ပင် နေရထိုင်ရ ခက်စေသည်။
"တန်းရန်ကျိ... နင် ဘာလို့ ရောက်လာတာလဲ"
ရှင်းဟုန်ယဲ့က အေးစက်စွာ ပြန်မေးလိုက်သည်။
ထိုဆံပင်နီ မျက်ခုံးနီနှင့် တာအိုဆရာအိုကြီးက ရှင်းဟုန်ယဲ့ဘက်သို့ ခေါင်းလှည့်ကာ တစ်ချက် ကြည့်လိုက်သည်။
ခွမ်း ခွမ်း
ရှင်းဟုန်ယဲ့၏ ကိုယ်ပေါ်ရှိ အဆောင်လက်နက်များမှာ တစ်ခုပြီးတစ်ခု ကွဲအက်သွားတော့သည်။ သူမ၏ ခါးရှိ ကျောက်စိမ်းဆွဲပြားမှာ အလင်းတောက်လာပြီး နှလုံးသားကို ကာကွယ်လိုက်သော်လည်း၊ ပြင်းထန်လှသော ပူလောင်မှုကို ခံစားနေရဆဲပင်။
ထိုတာအိုဆရာအိုကြီးမှာ စကားတစ်လုံးမျှ မပြောဘဲ တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားသည်။ တန်းချန်ဇီကလည်း ထပ်မံ စကားမပြောတော့ဘဲ ရှင်းဟုန်ယဲ့ကို ကြည့်ကာ မလိုတမာ အပြုံးဖြင့် တစ်ချက် ပြုံးပြလိုက်သည်။
"ဒီဆံပင်နီ မျက်ခုံးနီနဲ့ တာအိုဆရာက... မော်ရှန် ဂိုဏ်းက ချီလုံတာအိုဆရာ လား"
ရှင်းဟုန်ယဲ့သည် မိမိကိုယ်ကို အဆက်မပြတ် ဖုတ်ဖုတ်ကင်နေသကဲ့သို့ ပူလောင်မှုကို ခံစားနေရသည်။ ထိုအဘိုးအိုက တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဤမျှ စွမ်းအားကြီးမားလှပေသည်။ သူ၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ခြင်းအားဖြင့် သူသည် မော်ရှန်ဂိုဏ်းမှ နာမည်ကျော် "လူသတ်နတ်ဘုရား" ပင် ဖြစ်ပေလိမ့်မည်။
တရားရေးရုံးတော်ချုပ်၏ မှတ်တမ်းများအရ မော်ရှန်ဂိုဏ်းမှ လူငယ်ဆရာသခင် ပိုင်ဟုန်ဝေ သည် လီယန်ချူး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ ရှင်းဟုန်ယဲ့သည် ရာထူးမကြီးသော်လည်း အခွင့်အာဏာ မြင့်မားသူဖြစ်ရာ ဤကိစ္စကို သိရှိထားသည်။
တန်းရန်ကျိ မှာလည်း မော်ရှန်ဂိုဏ်း၏ ထူးချွန်သော တပည့်တစ်ဦးဖြစ်ပြီး၊ ယခင်က ချင်းယွဲ့ထန် နတ်ဘုရားနယ်မြေတွင် ရှုံးနိမ့်ကာ ထွက်ပြေးခဲ့ရသူ ဖြစ်ကြောင်း တရားရေးရုံးတော်ချုပ်တွင် မှတ်တမ်းရှိသည်။ ထို့ကြောင့် ရှင်းဟုန်ယဲ့သည် တန်းရန်ကျိနှင့် မစိမ်းပေ။
ယခင်က ရှင်းဟုန်ယဲ့၏ ဝမ်းကွဲအစ်မတစ်ဦးသည် တန်းရန်ကျိနှင့် ချစ်ကြိုက်ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် ထိုအချစ်မှာ အဆုံးသတ်မလှခဲ့ပေ။
အစ်မဖြစ်သူမှာ ရူးသွပ်သွားခဲ့ပြီး စိတ်ဆင်းရဲမှုဖြင့် ကွယ်လွန်သွားခဲ့ရရာ၊ ထိုကိစ္စတွင် တန်းရန်ကျိ နှင့် ပတ်သက်နေမည်မှာ သေချာသလောက်ပင် ဖြစ်သည်။ သို့သော် ခိုင်လုံသော သက်သေသာ မရှိခဲ့ခြင်း ဖြစ်သည်။
"သူတို့ လီတာအိုဆရာကို ပြဿနာသွားရှာကြတာတော့ မဟုတ်ပါဘူးနော် "
ရှင်းဟုန်ယဲ့ မျက်မှောင်ကြုတ်လိုက်ကာ ချင်းယွန်းကျောင်းဘက်သို့ အမြန်ပြေးသွားတော့သည်။
သူမ၏ ကိုယ်ပေါ်တွင် ကာကွယ်ရေး၊ ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေးအတွက် အဆောင်လက်နက် အမျိုးမျိုး ရှိသည်။ ခုနက အဘိုးအိုက ကြည့်လိုက်ရုံနှင့်ပင် ကာကွယ်ရေး လက်နက်နှစ်ခု ပျက်စီးသွားရသည်။ အထူးသဖြင့် အန္တရာယ်သတိပေးသော လက်နက်မှာ တုန်ခါမှု ရပ်မသွားဘဲ ဖြစ်နေသည်။
ဒါသည် ထိုအဘိုးအိုတာအိုဆရာမှာ သာမန် ဒုတိယအဆင့် ကျင့်ကြံသူ မဟုတ်ကြောင်း ပြသနေခြင်းပင်။
"ချီလုံတာအိုဆရာက တတိယအဆင့်ကို တက်လှမ်းသွားပြီလား "
ရှင်းဟုန်ယဲ့၏ စိတ်ထဲ လေးလံသွားရသည်။
လီယန်ချူးမှာလည်း တတိယအဆင့်သို့ ရောက်နေပြီး မြောက်ဘက်နယ်စပ်ခရိုင်တွင် အစွမ်းပြခဲ့သော်လည်း၊ ဤချီလုံတာအိုဆရာမှာ နာမည်ကြီး လူသတ်ပညာရှင်ဖြစ်ကာ စရိုက်မှာလည်း အလွန်ပြတ်သားလှသည်။
အကယ်၍သာ လီယန်ချူးနှင့် ထိုဝေမြို့ထဲ၌ တိုက်ခိုက်ကြပါက ဝေမြို့တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။ သူမသည် လီယန်ချူးကို သတိပေးရန် အမြန်သွားရတော့မည်။
ချီလုံတာအိုဆရာနှင့် တန်းရန်ကျိတို့ လမ်းလျှောက်သည့်ဟန်မှာ နှေးသည်ဟု ထင်ရသော်လည်း၊ ခြေလှမ်းတစ်လှမ်းချင်းစီက မြေပြင်ကို ကျုံ့သွားစေသည့် မဟာနတ်ဘုရားအတတ်မျိုးကို အသုံးပြုထားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်းယွန်းကျောင်းသို့ ရောက်ရှိသွားကြ၏။
"ဆရာ... ဒီမှာပါပဲ၊ ချင်းယွန်းကျောင်း"
တန်းရန်ကျိက အေးစက်စွာ ပြောလိုက်သည်။
မော်ရှန်ဂိုဏ်းတွင် ကြီးမားသော အင်အားစုများ ရှိပြီး၊ သူတို့၏ တပည့်များမှာ သတင်းစုံစမ်းရာတွင် အလွန်ပင် လျင်မြန်လှသည်။ ချင်းယွန်းကျောင်း၏ တည်နေရာကို သိရှိရန်မှာ သူတို့အတွက် ခက်ခဲသော ကိစ္စမဟုတ်ပေ။
ချီလုံတာအိုဆရာက အသာအယာ ခေါင်းညိတ်လိုက်သည်။
တန်းရန်ကျိက လက်ချောင်းကို အသာတောက်လိုက်ရာ ချင်းယွန်းကျောင်း၏ တံခါးမကြီးမှာ မီးတောက်တစ်ခုဖြင့် စတင်လောင်ကျွမ်းသွားပြီး၊ တစ်ခဏအတွင်းမှာပင် ဘာမျှမကျန်အောင် ပြာကျသွားတော့သည်။
ဤမြင်ကွင်းသည် လမ်းသွားလမ်းလာများကို ထိတ်လန့်သွားစေပြီး လူတိုင်းမှာ ဝေးရာသို့ ရှောင်ဖယ်သွားကြတော့သည်။
လီယန်ချူးမှာ ထိုအချိန်တွင် ကျောင်းတော်၌ မရှိပေ။ သူသည် ဆိုင်ရှင်မနှင့်အတူ စာသင်ကျောင်းရှိ ဆင်းရဲသားကလေးငယ်များကို သွားရောက်ကြည့်ရှုနေခြင်း ဖြစ်သည်။ အကယ်၍ တာအိုပညာ သင်ကြားရန် ပါရမီပါသော ကလေးရှိပါက တာအိုအတတ်များ သင်ကြားပေးရန် ရည်ရွယ်ထားသည်။
ကျွေ့ဟွာမှာ ထိုအချိန်တွင် ကျောင်းတော်၌ တရားမှတ်နေစဉ် ကြီးမားလှသော မီးဓာတ်အရှိန်အဝါကို ခံစားလိုက်ရသဖြင့် မျက်လုံးကို ချက်ချင်းဖွင့်ကာ တံခါးကို တွန်းဖွင့်ပြီး အပြင်သို့ ပြေးထွက်လာခဲ့သည်။
တန်းရန်ကျိသည် အရပ်ရှည်ရှည်၊ မျက်နှာကျလှပပြီး တည်ကြည်သော အလှပိုင်ရှင် အမျိုးသမီးတစ်ဦး ပေါ်ထွက်လာသည်ကို မြင်သောအခါ မှင်သက်သွားရသည်။ ထိုအမျိုးသမီး၏ ကိုယ်ပေါ်မှ ပြောမပြတတ်သော ရိုင်းပျသောအလှ က သူ့ကို အလွန်ပင် စွဲလန်းသွားစေသည်။
"မိစ္ဆာကျင့်ကြံသူ "
တန်းရန်ကျိက တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် ယခင်က ဖမ်းဆီးခဲ့သော မြေခွေးမလေးတစ်ကောင် တောင်ပေါ်တွင် သူ့အနား၌ လပေါင်းများစွာ ခစားခဲ့ပြီး နောက်ဆုံးတွင် ဆေးလုံးအဖြစ် ကျိုချက်ခံလိုက်ရသည်ကို သတိရသွားသည်။ ကျွေ့ဟွာကို ကြည့်နေသော သူ၏ မျက်လုံးများမှာ ရုတ်တရက် ရမ္မက်ဇောများဖြင့် တောက်လောင်လာတော့သည်။
"ဘယ်သူလဲ"
ကျွေ့ဟွာက အော်ဟစ်လိုက်သည်။
ဒုန်း
သူမသည် ချီလုံတာအိုဆရာထံသို့ လက်သီးဖြင့် တစ်ချက် ထိုးနှက်လိုက်သည်။ သူမသည် ချင်းယွန်းကျောင်း၌ နေထိုင်သူဖြစ်ရာ၊ လီယန်ချူးက သူမကို ယုံကြည်စိတ်ချစွာဖြင့် အိမ်စောင့်ခိုင်းထားခြင်း ဖြစ်သည်။ သို့သော် ထိုတာအိုဆရာအိုကြီးက ရောက်လာသည်နှင့် တံခါးကို မီးရှို့ပစ်သည် မဟုတ်ပါလား။
တန်းရန်ကျိက ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ လက်ထဲမှ လူတစ်ဝက်စာခန့်ရှိသော မီးတံဆိပ်တော် တစ်ခုကို ထုတ်ဖော်လိုက်ရာ၊ ကျွေ့ဟွာကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
ကျွေ့ဟွာ၏ လက်သီးက ထိုမီးတောက်ပေါ်သို့ ရိုက်ခတ်မိရာမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ဝုန်း
ချင်းယွန်းကျောင်း တံခါးမကြီး ဘေးရှိ နံရံကြီးမှာ ဝုန်းခနဲ ပြိုကျသွားတော့သည်။
တန်းရန်ကျိသည် ထိုကြီးမားလှသော အားအင်ကို ခံစားလိုက်ရသဖြင့် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
"ဒီမိစ္ဆာမရဲ့ အားက တော်တော်ပြင်းတာပဲ "
သို့သော် တန်းရန်ကျိသည် ကြောက်ရွံ့မည့်အစား မျက်လုံးများ တောက်ပလာသည်။
မြေခွေးမလေးမှာ လှပသော်လည်း ခန္ဓာကိုယ်က အလွန်နုနယ်လွန်းသဖြင့် အချိန်အကြာကြီး မကစားလိုက်ရပေ။ ယခု ထိုမိစ္ဆာမမှာမူ ခန္ဓာကိုယ် အလွန်သန်မာသော မိစ္ဆာတစ်ကောင် ဖြစ်ပုံရသည်။
တန်းရန်ကျိသည် လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ မန္တန်ရွတ်လိုက်ရာ၊ မီးကြိုးကွင်း အချို့သည် ကျွေ့ဟွာ၏ ခြေလက်များနှင့် လည်ပင်းကို ရုတ်ချည်း ရစ်ပတ်သွားတော့သည်။
သူသည် မီးဓာတ်အတတ်တွင် ကျွမ်းကျင်သူ ဖြစ်ပြီး မီးတောင်ဝ၌ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော မော်ရှန်ဂိုဏ်း၏ ပါရမီရှင်တစ်ဦး ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က လီယန်ချူး၏ လက်ချက်ဖြင့် နဂါးငါးကောင်စက်ဝိုင်း ကို အလုခံရပြီး ဒဏ်ရာရခဲ့သော်လည်း၊ ၎င်းသည် သူ၏ စိတ်နယ်ပယ်ကို ပြောင်းလဲသွားစေခဲ့ကာ ယခုအခါတွင် တတိယအဆင့်သို့ ခြေတစ်လှမ်းလှမ်းရန် အသင့်ဖြစ်နေသော တည်ရှိမှုမျိုး ဖြစ်သည်။
အကယ်၍ သူ၏ ဆရာ ချီလုံတာအိုဆရာက အရင်ဆုံး တတိယအဆင့်သို့ မရောက်ခဲ့ပါက သူ၏ အဆင့်မှာ ဆရာနှင့် တူညီနေပေလိမ့်မည်။
ဝုန်း ဝုန်း
ကျွေ့ဟွာသည် လက်သီးဖြင့် မီးကြိုးကွင်း ငါးခုကို ရိုက်ခွဲပစ်လိုက်ပြီး ပုံရိပ်ယောင်တစ်ခုအလား တန်းချန်ဇီထံသို့ ပြေးဝင်သွားတော့သည်။
တန်းရန်ကျိ၏ မျက်လုံးထဲ၌ မီးတောက်များ လက်ခနဲ ဖြစ်သွားကာ၊ မီးလက်ဝါးကြီးတစ်ခု ကျွေ့ဟွာထံသို့ ထပ်မံ ဖုံးလွှမ်းလာပြန်သည်။
ထိုမီးတောက်မှာ အလွန်ပူပြင်းလှသဖြင့် ကျွေ့ဟွာ မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုမီးတောက်ထဲတွင် မိစ္ဆာများကို နှိမ်နင်းနိုင်သော အစွမ်းထက်သည့် ဝိညာဉ်မီး အရှိန်အဝါ ပါဝင်နေသည်။
ချင်းယွန်းကျောင်းသည် ထိုမီးတောက်များကြောင့် စတင်လောင်ကျွမ်းနေပြီ ဖြစ်သည်။
မည်းကြီး သည် ထိတ်လန့်သွားကာ ချည်ထားသော တိုင်ကို ရုန်းထွက်ပြီး ပြေးထွက်လာကာ၊ တန်းရန်ကျိကို နောက်ခြေဖြင့် တစ်ချက် ကန်လိုက်သည်။
ဖုန်း
တန်းရန်ကျိသည် မည်းကြီး၏ ကန်ချက်ကို ရင်ဘတ်၌ အရှိန်ပြင်းစွာ ခံလိုက်ရသည်။
သူသည် အလွယ်တကူ ရှောင်တိမ်းနိုင်မည်ဟု ထင်ခဲ့သော်လည်း ဤတိရစ္ဆာန်က ဤမျှ လျင်မြန်လိမ့်မည်ဟု မမျှော်လင့်ထားခြင်း ဖြစ်သည်။ သူသည် မည်းကြီးကို အေးစက်သော မျက်လုံးဖြင့် ကြည့်လိုက်သည်။
"ညစ်ပတ်စုတ်ပြတ်နေတဲ့ တာအိုကျောင်းမှာ မိစ္ဆာနှစ်ကောင်တောင် ရှိနေတာလား "
တန်းရန်ကျိက အော်ဟစ်လိုက်ကာ ဟင်းလင်းပြင်ထဲမှ တစ်ပေကျော်ရှည်သော မီးဓား တစ်လက်ကို ဖန်တီး၍ မည်းကြီးထံသို့ ထိုးနှက်လိုက်တော့သည်။
မည်းကြီးမှာ အလွန်ပါးနပ်လှပေသည်။ တန်းရန်ကျိကို ကန်ပြီးသည်နှင့် ခေါင်းလှည့်ကာ ပြေးတော့သည်။ သူ၏ ရှောင်ကွင်းသည့်ဟန်မှာ အလွန်ပင် ကပြာကယာနှင့် လျင်မြန်လှပေသည်။ ထိုမီးဓားမှာ သူ့ကို မမီလိုက်ပေ။
တန်းရန်ကျိ မျက်မှောင်ကြုတ်သွား၏။
ဤမြည်း၏ ကိုယ်ပေါ်တွင် မိစ္ဆာအငွေ့အသက် မရှိသော်လည်း အလွန်ပင် ထူးခြားပါးနပ်လှသည်။ သူသည် သူ့ကို ကန်သွားသော မြည်းကို ဂရုမစိုက်တော့ဘဲ ကျွေ့ဟွာထံသို့ နတ်ဘုရားမီးများကို အဆက်မပြတ် ပို့လွှတ်လိုက်တော့သည်။
ကျွေ့ဟွာသည် အသက်ပြင်းပြင်း ရှူလိုက်ရာ၊ ထူထပ်လှသော ပူဇော်ခြင်းအမွှေးတိုင်အငွေ့သက် များက သူမကို ဝန်းရံသွားကာ လက်သီးတစ်ချက် ထိုးလိုက်ရာ တန်းရန်ကျိ ၏ နတ်ဘုရားမီးနှင့် ထိပ်တိုက် တိုးသွားတော့သည်။
ဝုန်း
မီးဘီးတစ်ခုသည် ဟင်းလင်းပြင်၌ ပေါ်ထွက်လာကာ အပြင်ဘက်သို့ ပြန့်ကားသွားသည်။ ချင်းယွန်းကျောင်းမှာ မူလကပင် ဟောင်းနွမ်းနေပြီဖြစ်ရာ၊ ယခုအခါတွင် ပိုမိုပျက်စီးကာ နေရာအနှံ့ မီးများ လောင်ကျွမ်းနေတော့သည်။
"နင်တို့... သေချင်နေပြီပဲ"
ကျွေ့ဟွာ အလွန်ဒေါသထွက်သွားပြီ
သူမသည် မူလရုပ်သွင်ကို ပြောင်းလဲကာ ထိုတာအိုဆရာနှစ်ဦးကို အပြတ်ရှင်းရန် ပြင်လိုက်သည်။
သူမသည် လီယန်ချူးနှင့် အချိန်အကြာကြီး နေလာခဲ့သူဖြစ်ရာ၊ ထိုချင်းယွန်းကျောင်းသည် သူ၏ ဆရာ့ထံမှ အဖိုးတန်သော အမွေအနှစ်ဖြစ်ကြောင်း သိထားသည်။
ယခုတော့ သူမ၏ မျက်စိရှေ့မှာတင် ဖျက်ဆီးခြင်း ခံလိုက်ရပြီ မဟုတ်ပါလား။