← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း ၉၁: သခင်လေးစူးမှာ တခြားညွှန်ကြားစရာတွေ ရှိသေးလား...

လျှိုရူယန်သည် ရုတ်တရက် ထွက်ပေါ်လာသော ထူထပ်သိပ်သည်းသည့် လူအုပ်ကြီးကို ကြည့်ရင်း အံ့အားသင့်သွားသည်။ ထိုလူများထဲတွင် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူများစွာ ပါဝင်ပြီး ဤလူများ၏ စုပေါင်းအင်အားမှာ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ ရှိ မည်သည့် ပထမတန်းစား အင်အားစု ကိုမဆို ဖျက်ဆီးပစ်ရန် လုံလောက်သည်။

အထူးသဖြင့် သူတို့၏ များပြားသော အရေအတွက်နှင့် ဝမ်ချီလန်စံအိမ်ကို ရန်စရန် သူတို့၏ ဆန္ဒရှိမှုတို့ကို ထည့်သွင်းစဉ်းစားပါက ဤလူများကို သူ၏အမိန့်အား နာခံစေရန် စူးချန်ကဲ မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သနည်းဆိုသည်ကို သူမ စိတ်ကူးယဥ်တွေးတောကြည့်၍ပင် မရနိုင်ချေ။

နောက်တစ်စက္ကန့်တွင် သူမသည် စူးချန်ကဲ၏ လက်အောက်ငယ်သားဟုဆိုသော တောင့်တင်းသန်မာသည့် အမျိုးသားက သူမကို ခါးသီးသော အပြုံးဖြင့် ကြည့်နေသည်အား သတိထားမိသွားသည်။

"တောင်းပန်ပါတယ်..."

"စီနီယာတို့... ကျေးဇူးပြုပြီး မြန်မြန် ထပါ..."

လျှိုရူယန်က ချက်ချင်းပြောလိုက်ကာ သူမ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး ရှက်ရွံ့မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ငါ ဘာဖြစ်သွားတာလဲ... ငါက တကယ်ကြီး အာရုံလွင့်သွားခဲ့တယ်...

"ကျေးဇူးတင်ပါတယ်..."

လီဖိုကျွင်းက လက်ပူးဆုပ်ကာ ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး သူ၏နောက်ရှိ လူများကလည်း လိုက်ပါလုပ်ဆောင်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ဖုန်းဝူယင်နှင့်လီဖိုကျွင်း တို့ ခေါ်ဆောင်လာသော လူများ၏ဝိုင်းရံမှုကို ခံထားရသော အကြီးအကဲချွီ၏အမူအရာမှာ အလွန်အမင်း တည်ကြည်လေးနက်သွားခဲ့သည်။ သူသည် အရပ်မျက်နှာအဘက်ဘက်ရှိ လူများကို အကဲခတ်ပြီးနောက် သူ၏ဦးရေပြား ထုံကျင်သွားသလို ခံစားလိုက်ရပြီး သူ၏ နှလုံးသားတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားပေ၏။

"ဒီလူတွေက ယွမ်ယန်ကုန်သည်ကြီးများအသင်းရဲ့ သေမင်းတမန်တပ်ဖွဲ့များလား..."

"ဘာလို့ ဒီလောက်ထိ လူအများကြီးလဲ..."

"သူတို့က စစ်တိုက်ဖို့ လာကြတာလား..."

"ယွမ်ယန် ကုန်သည်ကြီးများအသင်းကို ဒီလောက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံဖို့ စူးချန်ကဲ ဘာတွေများ လုပ်ခဲ့လို့လဲ..."

"ဒီလိုအတိုင်းအတာမျိုးနဲ့ဆိုရင် ဝမ်ချီလန်စံအိမ်ရဲ့ ဒုတိယကောင်းကင်စံအိမ်သခင်တွေတောင်မှ ဒီလိုအင်အားမျိုးကို အချိန်တိုအတွင်း စုဆောင်းဖို့ ရုန်းကန်ရလိမ့်မှာကို ငါ စိုးရိမ်မိတယ်..."

ဆံနီအကြီးအကဲက တွေးတောလိုက်သည်။

သို့ရာတွင် သူသည် လောကကြီး၏ အဖြစ်အပျက်များကို လုံလုံလောက်လောက် မြင်တွေ့ခဲ့ဖူးသူ ဖြစ်ရာ သူ၏နှလုံးသားထဲရှိ အံ့အားသင့်မှုကို ချက်ချင်းဖိနှိပ်လိုက်သည်။ သူက ရှေ့တိုးလာပြီး ဖုန်းဝူယင်ကို ကြည့်ကာ သူ၏လက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်၏။

"ဥက္ကဋ္ဌ ဖုန်း... ခင်ဗျားက ဥာဏ်ကောင်းမယ်လို့ ကျွန်တော် ယုံကြည်တယ်... ယွမ်ယန် ကုန်သည်ကြီးများအသင်းမှာ အဓိက အင်အားစု ခြောက်ခုရဲ့ အငြင်းပွားမှုတွေကြားမှာ ဘယ်တော့မှ မပါဝင်ရဘူး ဆိုတဲ့ စည်းမျဉ်းတစ်ခုရှိတယ် မဟုတ်လား..."

"အဲ့ဒီနေရာမှာတင် ရပ်လိုက်စမ်း..."

ဖုန်းဝူယင်က သူ့ကို တားဆီးရန် လက်မြှောက်လိုက်ပြီးနောက် သူ၏မျက်လုံးများကို မှေးစင်းကာ ရယ်မောလိုက်သည်။

"ပထမအချက် ငါက မင်းနဲ့ မရင်းနှီးဘူး... ဒုတိယအချက် အလုပ်တွေကို ဘယ်လို လုပ်ရမယ်ဆိုတာကို ငါတို့ ယွမ်ယန်ကုန်သည်ကြီးများအသင်းကို မင်း သင်ပေးဖို့ လိုလို့လား..."

ဤစကားများကို ပြောလိုက်သည်နှင့် အကြီးအကဲချွီ ၏မျက်နှာ နီရဲသွားခဲ့သည်။ သို့ရာတွင် ယွမ်ယန် ကုန်သည်ကြီးများအသင်း၏ နောက်ခံနှင့် ခွန်အားကြောင့် ကန့်သတ်ခံထားရသဖြင့် သူသည် ထိုအရာကို သည်းခံခဲ့ရလေ၏။ သူက အနေရခက်စွာ ရယ်မောပြီး နောက်ဆုတ်ကာ အသံပေးပို့၍ ပြောလိုက်သည်။

"သခင်လေး... အခြေအနေက မကောင်းဘူး... ယွမ်ယန် ကုန်သည်ကြီးများအသင်းက စူးချန်ကဲကို ကူညီဖို့ ဆုံးဖြတ်ထားပြီး ဝမ်ချီလန်စံအိမ်ကို မျက်နှာသာပေးဖို့တောင် မရည်ရွယ်ထားဘူး... ငါတို့ ထွက်သွားဖို့ နည်းလမ်းတစ်ခု ရှာရမယ်... အဲ့ဒီ အမျိုးသမီးအတွက်ကတော့ သခင်လေး... သူ့ကို လောလောဆယ် မေ့ထားသင့်တယ်..."

အမှန်အားဖြင့် သူသည်လည်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။ အကယ်၍ သူသာ သိခဲ့ပါက သူ စောစီးစွာ ထွက်ခွာသွားမိပေမည်။ ယခုအချိန်၌ ဖိအားက အလွန်ကြီးမားနေသဖြင့် သူတို့ အထိအခိုက်မရှိ လွတ်မြောက်နိုင်ခြင်းရှိမရှိ ပြောဆိုရန် ခက်ခဲနေလေပြီ။ အကယ်၍ ကျောက်ဝမ်ရှန်းက ခေါင်းမာနေပြီး ထိုအမျိုးသမီးကို ဖမ်းဆီးရန် အတင်းအကြပ် တောင်းဆိုနေပါက သူတို့၏ သခင်နှင့် ကျွန် ဆက်ဆံရေး အဆုံးသတ်သွားပြီဟုသာ သူ ပြောနိုင်တော့ပေမည်။

ဤအချိန်၌ ကျောက်ဝမ်ရှန်း၏နှလုံးသားထဲရှိ အံ့အားသင့်မှုမှာ တခြားလူတိုင်းထက် ပိုကြီးမားနေခဲ့သည်။ သူ၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသော စစ်တပ်ကြီးကို သူက ဗလာကျင်းနေသော အမူအရာဖြင့် ကြည့်နေခဲ့လေ၏။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

"အဲ့ဒီကောင်လေးက ဘယ်တုန်းက ဒီလောက်ထိ ကြီးမားတဲ့ အခွင့်အာဏာမျိုး ရသွားတာလဲ..."

"သူက ထိုက်ချင်ဂိုဏ်းရဲ့ တောင်ထိပ်တစ်ခုက ခေါင်းဆောင်တပည့်တစ်ယောက် သက်သက်ပဲလေ..."

စူးချန်ကဲ၏လက်ချက်ဖြင့် ယခင်က ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသဖြင့် သူ တစ်ဖက်လူ၏အကြောင်းကို အလွန်ကောင်းစွာ သိရှိထားသည်။ သူ၏လက်စားချေလိုသော စရိုက်ကြောင့် သူသည် စူးချန်ကဲကို အစောကြီးကတည်းက စုံစမ်းစစ်ဆေးခဲ့သည်။ သူသည် လက်စားချေရန်အတွက် အခွင့်အရေးတစ်ခု ရှာဖွေရန်ပင် စီစဉ်နေခဲ့လေ၏။ ဤသည်မှာ လျှို့ဝှက်နယ်မြေတွင် လျှိုရူယန် မည်သူမည်ဝါဖြစ်ကြောင်းကို သူ သိရှိသောအခါ တိုက်ခိုက်ခဲ့ရခြင်း၏ အကြောင်းအရင်းပင်။

"သခင်လေး... အခုက ကြောင်အမ်းနေရမယ့် အချိန် မဟုတ်ဘူး..."

အကြီးအကဲချွီက စိုးရိမ်တကြီး တိုက်တွန်းလိုက်လေသည်။ ဤအရာကို ကြားသောအခါ ကျောက်ဝမ်ရှန်း သတိပြန်ဝင်လာပြီး ချက်ချင်း ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"ငါ နားလည်ပါတယ်..."

အကြီးအကဲချွီက ခေါင်းညိတ်လိုက်ပြီးနောက် အချက်ပြမှုတစ်ခုကို ထုတ်လွှတ်လေသည်။ ဝမ်ချီလန်စံအိမ်မှ လူတစ်ရာနီးပါးခန့် ချက်ချင်း စတင်၍ ဆုတ်ခွာသွားကြပြီး ကျောက်ဝမ်ရှန်းသည်လည်း သုန်မှုန်နေသော မျက်နှာဖြင့် မလွှဲမရှောင်သာ လိုက်ပါသွားခဲ့ရသည်။

"အို..."

"ဒါက စိတ်ဝင်စားစရာပဲ... ငါတို့ မရှိဘူးလို့ မင်းတို့ ထင်နေတာလား..."

"မင်းတို့ကို ထွက်သွားလို့ ရတယ်လို့ ငါတို့ ပြောခဲ့လို့လား..."

ဝမ်ချီလန်စံအိမ်မှ လူများက ဤအတိုင်း ဆုတ်ခွာရန် ရည်ရွယ်ထားသည်ကို မြင်သောအခါ လီဖိုကျွင်း ရယ်ချင်သွားခဲ့သည်။ ထို့နောက် သူ၏အမူအရာ သုန်မှုန်သွားပြီး သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒ အရိပ်အယောင်တစ်ခုက သူ၏မျက်လုံးများတွင် ထွက်ပေါ်လာကာ ပြောလိုက်သည်။

"မင်းတို့က သခင်လေးစူးရဲ့ ဂျူနီယာညီမလေး ကို အနိုင်ကျင့်ပြီးတော့ အခု ဒီအတိုင်း လမ်းလျှောက်ထွက်သွားချင်တာလား..."

ဤစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ခုက တိုက်ပွဲမြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ လီဖိုကျွင်း ခေါ်ဆောင်လာသော လူများသည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းထားပြီးဖြစ်ကာ သူတို့၏အကြည့်များက ဝမ်ချီလန်စံအိမ် မှ လူများအပေါ် အခိုင်အမာစွဲကပ်နေပြီး မည်သည့်အချိန်တွင်မဆို တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။

ဖုန်းဝူယင်သည် တခဏကြာမျှ ကြောင်အမ်းသွားခဲ့လေ၏။

သူတို့ကို အချိန်ဆွဲထားရုံပဲ မဟုတ်လား....ဘာလို့ စူးချန်ကဲရဲ့ အမိန့်တွေက ကွဲပြားနေရတာလဲ...

သူ တွေးတောလိုက်သည်။

သူက အသံပေးပို့မှုမှတစ်ဆင့် မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

"ဖိုကျွင်း... ဘာတွေ ဖြစ်နေတာလဲ... သခင်လေးစူးမှာ တခြားညွှန်ကြားစရာတွေ ရှိသေးလို့လား..."

"တစ္ဆေအိုကြီး... ငါတို့က မင်းနဲ့ မတူဘူး... မင်းက မိသားစုတစ်ခုရဲ့ ပံ့ပိုးမှုနဲ့ မွေးဖွားလာပြီးတော့ ယဲ့ မိသားစုထဲကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဝင်ရောက်ခဲ့တယ်...မင်းမှာ မှီခိုစရာ ယွမ်ယန် ကုန်သည်ကြီးများအသင်းဆိုတဲ့ သစ်ပင်ကြီး တစ်ပင် ရှိတယ်... မင်းရဲ့အနာဂတ်က ကောင်းကင်ဘုံလို မြင့်မားတဲ့ မျှော်လင့်ချက် ရှိတယ်... ဒါပေမဲ့ ငါတို့ထဲက အများစုက လေလွင့်ကျင့်ကြံသူတွေ ဒါမှမဟုတ် ဒုတိယတန်းစား တတိယတန်းစား အင်အားစု တွေထဲမှာ ရှိနေပြီးတော့ ငါတို့ရဲ့ဘဝတွေက အချိန်အကြာကြီး ကတည်းက ကြိုတင်ခန့်မှန်းလို့ ရနေပြီ... ဒီဘဝမှာ နတ်ဘုရားမီးတောက်ကို ဘေးဖယ်ထားလိုက်အုံး... မြင့်မြတ်အရှင်နယ်ပယ်ကို ရောက်ဖို့တောင် ခက်ခဲတယ်... ငါ့ရဲ့ဒဏ်ရာဟောင်းကို ကြည့်လိုက်စမ်း... ဒီနေ့အထိ မပျောက်သေးဘူး... တကယ်လို့ ငါတို့က လုပ်ရိုးလုပ်စဉ် အတိုင်းပဲ လိုက်လုပ်မယ်ဆိုရင် သေမယ့်အချိန်ကို စောင့်ဖို့ပဲ ရှိတယ်... ဒါ့ပြင် ယွမ်ယန်နယ်မြေ မှာ အခု လှိုင်းထန်နေတဲ့ အခြေအနေနဲ့ဆိုရင် ပရမ်းပတာ ဖြစ်နေတဲ့ အချိန်အတွင်းမှာ ဘယ်အချိန်မဆို ရုတ်တရက် သေဆုံးသွားနိုင်တဲ့ ဖြစ်နိုင်ခြေ ရှိတယ်... သခင်လေးစူးလို ကောင်းကင်ကိုဆန့်ကျင်တဲ့ ပါရမီရှင်မျိုးနဲ့ ကြုံတွေ့ရဖို့ ငါ့အတွက် မလွယ်ကူခဲ့ဘူး... ဒါကြောင့် ဒီခြေထောက်ကို ငါတို့ ဖက်တွယ်ထားရမယ်... အမိန့်တွေကို လိုက်နာရုံ သက်သက်က လုံးဝ မလုံလောက်ဘူး... သခင်ရဲ့အတွေးတွေကို ခန့်မှန်းတာက ငါတို့ အထူးပြုရမယ့်ကိစ္စ မဟုတ်ဘူးလား..."

လီဖိုကျွင်းက အသံပေးပို့ကာ ပြန်ဖြေလိုက်ရာ သူ၏လေသံတွင် လောကဓံအပြောင်းအလဲများ၏အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့သည်။

လီဖိုကျွင်း၏အဖြေကို ကြားပြီးနောက် ဖုန်းဝူယင်သည် တိတ်ဆိတ်သွားခဲ့ပြီး အံ့ဩစရာကောင်းလောက်အောင် သူ၏စကားများကို သဘောတူမိသည်။ ထို့နောက် သူက မေးလိုက်၏။

"အဲ့ဒါဆို မင်းက ဘာလုပ်ချင်လို့လဲ..."

"တစ်ယောက်မှ အရှင်မထားဘူး..."

လီဖိုကျွင်း၏အမူအရာ တင်းမာခက်ထန်သွားပြီး သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ်က သူ၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ တစ်ချိန်က အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေတွင် နာမည်ကြီးခဲ့သော မြင့်မြတ်အရှင် ပန်ယွဲ့ ပြန်ရောက်လာသည့်အလားပင်။

သူ၏လေသံသည် မယုံနိုင်လောက်အောင် ခိုင်မာနေပြီး သံသယဖြစ်စရာ အကြောင်းမရှိချေ။ ဖုန်းဝူယင်ပင်လျှင် လီဖိုကျွင်းကို တစ်ချက်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

ဒါက ငါ သိတဲ့ မြှောက်ပင့်ဖားယားရုံပဲသိတဲ့ အဖိုးကြီး ဟုတ်သေးရဲ့လား...

"ငါ သတိမပေးဘူးလို့ မပြောနဲ့နော်... ဒီနေရာက ဝမ်ချီလန်စံအိမ်နဲ့ အရမ်း နီးတယ်... ဒီက ဆူညံသံတွေက သူတို့ကို သတိပေးပြီးသား ဖြစ်ရမယ်... သူတို့က အရူးတွေ မဟုတ်ဘူး... သတင်းတွေ ပြန်ပို့ပြီးသား ဖြစ်လောက်တယ်... မင်း လှုပ်ရှားလိုက်တာနဲ့ အောင်မြင်တာပဲဖြစ်ဖြစ် ကျရှုံးတာပဲဖြစ်ဖြစ် မင်းတို့အားလုံးက ဝမ်ချီလန်စံအိမ်ရဲ့ သတ်ဖြတ်မယ့် စာရင်းထဲမှာ ပါသွားလိမ့်မယ်..."

ဖုန်းဝူယင်က နောက်ထပ်အသံပေးပို့မှုတစ်ခုကို ပေးပို့လေ၏။

"ကိစ္စမရှိပါဘူး... ရင်းနှီးမြှုပ်နှံမှု တိုင်းမှာ အန္တရာယ်တွေ ရှိတာပဲ..."

လီဖိုကျွင်းက ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်ကြောင်း မြင်သောအခါ ဖုန်းဝူယင်က ဘာမှ ထပ်မပြောတော့ချေ။ သူသည် ဝန်းရံထားမှုအတိုင်းအတာကို တိုးချဲ့ရန် သူ၏လူများကို လျှို့ဝှက်စွာ အမိန့်ပေးထားပြီးဖြစ်သည်။ အကယ်၍ ဝမ်ချီလန်စံအိမ်မှ မည်သူမဆို ထွက်ပြေးရန် ကြိုးစားပါက သူတို့ကို ကွပ်မျက်ရပေမည်။

အမှန်အားဖြင့် သူ့ထံ၌ သူ၏ကိုယ်ပိုင် အကြံအစည်များ ရှိနေသည်။ လီဖိုကျွင်းက ဝမ်ချီလန်စံအိမ်မှ လူများကို ရန်စရန် လှုပ်ရှားမှုတစ်ခု ပြုလုပ်မည်အား သူ အမှန်တကယ် မျှော်လင့်ခဲ့သည်။ ထိုသို့ဖြစ်လာမှသာ သူ၏သခင်မလေး က ကိစ္စကို ဖြေရှင်းရန် ဝင်ရောက်စွက်ဖက်နိုင်ပြီး စူးချန်ကဲက သူမကို ကျေးဇူးတင်စေလိုသောဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပေမည်။

သူတို့နှစ်ဦးကြားမှ စကားပြောဆိုမှုမှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့လေ၏။ တစ်ချိန်တည်းမှာပင် ဝမ်ချီလန်စံအိမ်မှ လူများ တောင့်တင်းအေးခဲသွားပြီး လီဖိုကျွင်း ကို ကြီးမားသော ရန်သူတစ်ဦးကို ရင်ဆိုင်နေရသည့်အလား ကြည့်လိုက်ကြသည်။

ကျောက်ဝမ်ရှန်းကလည်း ရပ်တန့်သွားပြီး လီဖိုကျွင်းကိုကြည့်ကာ ပြောလိုက်သည်။

"စီနီယာက ငါ့ကို သတ်ဖို့ ရည်ရွယ်ထားတာလား... စူးချန်ကဲက မင်းကို ဘယ်လို ကတိတွေ ပေးထားလဲ ငါ မသိပေမဲ့ မင်းကို ငါ အကြံပေးချင်တယ်....စီနီယာ အကျိုးအမြတ် နည်းနည်းလေးအတွက် မင်းရဲ့ အသက်ကို မစွန့်ပစ်ပါနဲ့..."

ဤအချိန်၌ သူ၏နံဘေးတွင်ရှိသော အကြီးအကဲချွီက တံဆိပ်ပြားတစ်ခုကို ထုတ်ယူပြီး ပြောလိုက်၏။

"သတင်းစကားက ပြန်ပို့ပြီးသွားပါပြီ... အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းတဲ့ အချိန်အတွင်းမှာ ဝမ်ချီလန်စံအိမ်က လူတွေ ဒီနေရာကို ရောက်လာပြီးတော့ ငါတို့ဘက်ကအင်အား ပိုများလာဖို့ပဲရှိပြီး နည်းသွားမှာ မဟုတ်ဘူး... မင်းတို့ ကာကွယ်နေတဲ့လူက ဘာထိခိုက်မှုမှ မရှိသေးဘူး... ငါတို့နှစ်ယောက်လုံး နောက်တစ်လှမ်း ဆုတ်လိုက်ရင် ဘယ်လိုလဲ... ငါတို့ဝမ်ချီလန်စံအိမ်က ဒီကိစ္စကို ဆက်ပြီးစုံစမ်းမှာ မဟုတ်ဘူး..."

သူ၏စကားများတွင် ခြိမ်းခြောက်မှုနှင့် အလျှော့ပေးမှု နှစ်ခုလုံး ပါဝင်နေသည်။ တစ်ဖက်လူ မည်သို့ ရွေးချယ်မည်ဆိုသည့်အပေါ်တွင် မူတည်ပေ၏။

သို့ရာတွင် လီဖိုကျွင်းက အေးစက်သော ရယ်မောသံတစ်သံဖြင့် တုံ့ပြန်လိုက်သည်။

ထိုအချိန်မှာပင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော လျှိုရူယန်က နောက်ဆုံးတွင် စကားပြောလာခဲ့သည်။

"သူတို့ကို သွားခွင့်ပြုလိုက်ပါ..."

"သခင်မလေး လျှို..."

လီဖိုကျွင်းက သူမကို အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

လျှိုရူယန်က ပြောဆိုသည်။

"ငါ့ရဲ့ စီနီယာအစ်ကိုက မင်းတို့ကို ဘာပြောခဲ့လဲဆိုတာ ငါ မသိပေမဲ့ မင်းတို့ကို သေတဲ့အထိ တိုက်ခိုက်ခိုင်းတာ မဟုတ်ဘူးလို့ ငါ ထင်တယ်... မင်းတို့ရဲ့တာဝန်က ပြီးမြောက်သွားပြီ... ပြီးတော့ ငါလည်း ဘာမှ မဖြစ်ဘူးဆိုတော့ သူတို့ကို သွားခွင့်ပြုလိုက်ပါ..."

အခန်း ၉၂:သူတော်စင်သားတော်ရဲ့ အမိန့်အရ...

သူမ၏အမြင်တွင် ဤမျှထိ များပြားသော ကျွမ်းကျင်သူများကို သူမအား ကာကွယ်ပေးရန် စူးချန်ကဲက အလွန်မြင့်မားသော စျေးနှုန်းကို ပေးချေနိုင်ခြင်းကပင် အလွန်ကောင်းမွန်နေလေပြီ။ သူမ၏နှလုံးသားထဲတွင် တကယ်ကို စိတ်လှုပ်ရှားသွားခဲ့သည်။

အနည်းဆုံးတော့ ဤအချိန်အခိုက်အတန့်တွင် သူမ၏ပြန်လည်ဝင်စားခြင်းမှာ အထီးကျန်သော ခရီးစဉ်တစ်ခု မဟုတ်တော့ကြောင်း သူမ ခံစားလိုက်ရသည်။

ယခုအချိန်တွင် သူတို့ထံ၌ အရေအတွက်အရ လုံးဝ အသာစီးရနေသော်လည်း ဝမ်ချီလန်စံအိမ် ၏ အကြီးအကဲချွီ ပြောခဲ့သည့်စကားမှာ အမှား မဟုတ်ကြောင်း သူမ တွေ့မြင်နိုင်သည်။ ဤလူများသာမက စူးချန်ကဲကိုပင် ဝမ်ချီလန်စံအိမ် က ရန်ငြိုးဖွဲ့ပေလိမ့်မည်။ အကယ်၍ သူတို့သာ အမှန်တကယ် စတင်တိုက်ခိုက်ခဲ့ပါက ဤသည်မှာ အဆုံးသတ်မရှိသော သေဆုံးမှု အခြေအနေတစ်ခု ဖြစ်လာပေလိမ့်မည်။ သူမ၏ ကိုယ်ပိုင်ကိစ္စများကြောင့် ဤလူများနှင့် စူးချန်ကဲ သို့မဟုတ် ထိုက်ချင်ဂိုဏ်းကို ဒုက္ခမပေးချင်ခဲ့ချေ။

သူမသည် ထွက်ခွာသွားရန် ဖန်တီးခံထားရသူ တစ်ဦးဖြစ်ပြီး အလွန်အမင်း နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သတ်ခြင်း မရှိလိုခဲ့ချေ။ အကြောင်းအရင်းမှာ ထိုသို့ပြုလုပ်ခြင်းက ထိုက်ချင်ဂိုဏ်း အတွက် ပို၍ကြီးမားသော အကျပ်အတည်းကိုသာ ဖြစ်ပေါ်စေမည် ဖြစ်သောကြောင့်ပင်။

စူးချန်ကဲသည် သူမအတွက် ဤမျှထိ လုပ်ပေးနိုင်ခြင်းက လုံလောက်နေလေပြီ။ ဤကျေးဇူးကြွေးကို သူမ သဘာဝကျကျ မှတ်ထားရပေမည်။

ကျောက်ဝမ်ရှန်းနှင့် ပတ်သက်၍မူ သူမ ကိုယ်တိုင် သွားရောက် သတ်ဖြတ်မည့် အချိန်မှာ များစွာကြာမြင့်မည် မဟုတ်ချေ။

"သခင်မလေးလျှို... အများကြီး စိတ်ပူနေစရာ မလိုပါဘူး... မင်း စကားတစ်ခွန်း ပြောလိုက်တာနဲ့ ငါ လီဖိုကျွင်းက ဒီကောင်လေးကို ဒီနေ့ သေချာပေါက် သတ်ပစ်လိုက်ပါ့မယ်..."

လီဖိုကျွင်းက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

သို့ရာတွင် လျှိုရူယန်သည် ဆုံးဖြတ်ချက်ချပြီးသား ဖြစ်လေ၏။

"ဒီကိစ္စက..."

သို့ရာတွင် သူမ၏ပါးစပ်ကို ဖွင့်ဟလိုက်သည့် အချိန်လေးမှာပင်...

ဝုန်း...

ကောင်းကင်ကြီးသည်စုတ်ပြဲနေသော အဝတ်စတစ်ခုကို ကြမ်းတမ်းစွာ ဆွဲဖြဲလိုက်သည့်အလား ဖြစ်သွားခဲ့သည်။

ကောင်းကင်ယံကို ဖြတ်သန်းသွားသော ဧရာမ ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကြီးကျယ်ခမ်းနားပြီး ကျယ်ပြန့်လှသော ထိုက်ချင် တာအိုစည်းချက်က ကောင်းကင်ဘုံကိုးလွှာ၏ ကြယ်မြစ်အလား စီးကျလာပြီး ဤနေရာရှိ မကောင်းဆိုးဝါးချီနှင့် သတ်ဖြတ်လိုခြင်း အရှိန်အဝါအားလုံးကို ချက်ချင်းဖယ်ရှားလိုက်၏။ ထိုနေရာတွင် ကြီးကျယ်ခမ်းနားသော်လည်း အရိုးအထိ အေးခဲစေသော ဒေါသ စိတ်ဆန္ဒဖြင့် အစားထိုးလိုက်သည်။

ထိုက်ချင်ဂိုဏ်း၏ အကြီးအကဲဝတ်ရုံများကို ဝတ်ဆင်ထားသော ပုံရိပ်ဆယ်ပေါင်းများစွာက ကြည်လင်သော အလင်းတန်းများပေါ်တွင် စီးနင်းကာ အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာခဲ့ကြသည်။

သူတို့၏ အရေအတွက်မှာ ယခင်အုပ်စုနှစ်စုလောက် မများပြားသော်လည်း သူတို့၏ဖိနှိပ်မှု အရှိန်အဝါမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေသည်။

ထိုပုံရိပ်ဆယ့်ခုနစ်ခုမှာ ဓားအိမ်မှ ဆွဲထုတ်ထားသော ထက်မြက်သည့် ဓားဆယ့်ခုနစ်လက် အလားပင်။ သူတို့အနက် ဆယ်ဦးသည် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိနေပြီး သူတို့၏အရှိန်အဝါများမှာ ချောက်ကမ်းပါးများနှင့် တောင်များအလား နက်ရှိုင်းနေပေ၏။

လူခြောက်ဦးသည် မြင့်မြတ်အရှင်နယ်ပယ် ကဏဦးအဆင့်တွင် ရှိနေပြီး ဥပဒေသမှော်စာလုံးများက သူတို့၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ဝိုးတဝါး ထွက်ပေါ်နေသည်။

သူတို့ကို ဦးဆောင်လာသော အဖိုးအိုသည် မြင့်မြတ်အရှင်နယ်ပယ် အလယ်အလတ်အဆင့်၏ ခမ်းနားထည်ဝါသော ဖိအားကို ထုတ်လွှတ်ထားသည်။ သူ၏ မျက်လုံးများပွင့်လာပြီး ထိုအရာများမှ အေးစက်သော လျှပ်စီးတန်းများအလား အလင်းတန်းများ ဖြာထွက်လာကာ မျက်နှာအမူအယာ ပျက်ယွင်းသွားသော ကျောက်ဝမ်ရှန်းကို ချက်ချင်း ပစ်မှတ်ထားလိုက်၏။

အဓိပ္ပာယ်မရှိသော အပိုစကားများ မရှိခဲ့ချေ။

သူတို့ကို ဦးဆောင်လာသော မြင့်မြတ်အရှင်နယ်ပယ် အလယ်အလတ်အဆင့် အကြီးအကဲက ကျယ်လောင်မှုမရှိသော အသံဖြင့် ပြောလိုက်သော်လည်း ထိုစကားက ကောင်းကင်ဘုံကိုးလွှာ မှ နတ်ဘုရားမိုးကြိုးအလား လူတိုင်း၏ နားထဲတွင် မြည်ဟီးသွားခဲ့သည်။

"သူတော်စင်သားတော်ရဲ့ အမိန့်အရ... ဟွမ်ထျန်းမြို့ရဲ့ ပိုင်နက်အတွင်းမှာရှိတဲ့ ဝမ်ချီလန်စံအိမ် က လူတိုင်းကို သတ်ဖြတ်ပြီး တစ်ယောက်မှ အရှင်မထားနဲ့..."

ဤစကားများကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက်...

"ကွပ်မျက်မယ်..."

သူ၏နောက်ရှိ ထိုက်ချင်ဂိုဏ်းမှ ကျွမ်းကျင်သူ ဆယ့်ခြောက်ဦးက တညီတညွတ်တည်း တုံ့ပြန်လိုက်ကြရာ အသံလှိုင်းက ဒီရေအလား ဖြစ်နေပြီး ဟင်းလင်းပြင်ကို တုန်ရီသွားသည်အထိ လှုပ်ခတ်သွားစေခဲ့သည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် လောကကြီး အရောင်ပြောင်းသွားခဲ့သည်။

ဝှစ်...

မျက်စိကျိန်းလောက်အောင် တောက်ပသော ထိုက်ချင်ဓားချီအလင်းတန်းများက နောက်ပြန်လှည့်နေသော ကြယ်မြစ်တစ်ခုအလား ကောင်းကင်ယံသို့ ထိုးတက်သွားပေ၏။ ထိုအရာများသည် ကောင်းကင်ယံ၏ အထွတ်အထိပ်နေရာတွင် လျင်မြန်စွာ ရောယှက်ကာ လှည့်ပတ်သွားပြီး နေနှင့်ကောင်းကင်ကို ဖုံးကွယ်ထားသော ဧရာမဓားဝင်္ကပါအလင်းစက်ဝန်းတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့သည်။

ထိုအလင်းစက်ဝန်းက ဖြည်းညှင်းစွာ လှည့်ပတ်နေပြီး ရေကူးခတ်နေသော ငါးများအလား ထူထပ်သိပ်သည်းသည့် မရေမတွက်နိုင်သော မှော်စာလုံးများက ထိုအရာအတွင်းတွင် လင်းလက်နေသည်။ ထိုအရာမှနေ၍ လူအများ၏ နတ်ဘုရားစိတ်ဝိညာဉ်များကို တုန်လှုပ်သွားစေသည့် ဖျက်ဆီးခြင်းအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

ထိုအရာ အောက်သို့ဆင်းသက်လာသည်နှင့်အမျှ သတ်ဖြတ်ခြင်းက ရောက်ရှိလာပေ၏။

ဓားချီများက သည်းထန်စွာ ရွာသွန်းသော မိုးအလား ကောင်းကင်ယံကို ဖုံးလွှမ်းသွားပြီး ဝမ်ချီလန်စံအိမ်မှ လူများဆီသို့ ရက်စက်စွာ ပြုတ်ကျလာခဲ့သည်။

ဓားချီအလင်းတန်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် သွေးမြူများ ဖြာကျသွားလေသည်။

ဤကြောက်မက်ဖွယ်ကောင်းသော ဓားချီအလင်းတန်း၏ရှေ့တွင် ဝမ်ချီလန်စံအိမ်မှ လူများမှာ ပျက်စီးလွယ်သော ကောက်ရိုးများအလားဖြစ်နေပေ၏။ သူတို့သည် ခါးမှ နှစ်ပိုင်း ဖြတ်တောက်ခံရခြင်း သို့မဟုတ် သွေးမိုးတစ်ခုအဖြစ် တိုက်ရိုက်အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခြင်းများ ဖြစ်သွားခဲ့သည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ဝမ်ချီလန်စံအိမ်၏စခန်းသည် အလောင်းများနှင့် ပြတ်တောက်နေသော ခြေလက်များ စုပုံနေသည့် အသူရာငရဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

စူးရှသော အော်ဟစ်သံများနှင့် မျှော်လင့်ချက်မဲ့သော ငိုကြွေးသံများက ယခင် တိုက်ပွဲအော်ဟစ်သံများကို ချက်ချင်းအစားထိုးလိုက်ပြီး ပတ်ဝန်းကျင်တဝိုက်လုံး၌ ပဲ့တင်ထပ်ကာ ရောယှက်သွားခဲ့သည်။

"ဖူး..."

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ကယ်ကြပါအုံး..."

"သခင်... ကျွန်တော့်ကို ချမ်းသာပေးပါ... သခင်... ကျွန်တော့်ကို ချမ်းသာပေးပါ..."

ဤရုတ်တရက် ရက်စက်သော ဖျက်ဆီးမှု ထိုးနှက်ချက်က ပတ်ဝန်းကျင်ရှိ လူတိုင်းကို သေမတတ် တိတ်ဆိတ်သွားစေခဲ့သည်။

"မဟုတ်ဘူး... ထိုက်ချင်ဂိုဏ်း ... မင်းတို့ ဒီလို လုပ်လို့ မရဘူး... ငါတို့ဝမ်ချီလန်စံအိမ်နဲ့ မင်းတို့က အပြည့်အဝ စစ်ခင်းချင်နေတာလား... မင်းတို့ထိုက်ချင်ဂိုဏ်းရဲ့ သူတော်စင်သားတော်ကို ငါတို့ ဘယ်တုန်းက စော်ကားမိလို့လဲ... ငါတောင်းပန်ပါတယ်..."

အကြီးအကဲချွီ၏ အကြံအစည်များနှင့် တွက်ချက်မှုများမှာ အကန့်အသတ်မဲ့ ထိတ်လန့်မှုများဖြင့် ချက်ချင်းအစားထိုးခံလိုက်ရသည်။ သူက မျှော်လင့်ချက်မဲ့သော ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူ၏မှော်စာလုံးများကို ရူးသွပ်စွာ လှည့်ပတ်ကာ ကြယ်မြေပုံများ၏ အလင်းတန်းများဖြင့် သူ့ကိုယ်သူနှင့် သူ၏နံဘေးရှိ ကျောက်ဝမ်ရှန်း ကို ကာကွယ်ရန် ကြိုးစားလေသည်။

တစ်ချိန်တည်းမှာပင် သူက အသံပေးပို့မှုတစ်ခုကို ပေးပို့ကာ တိုက်တွန်းလိုက်သည်။

"သခင်လေး... မြန်မြန် တောင်းပန်လိုက်... အချိန် နည်းနည်းလောက် ဆွဲထားအုံး... စံအိမ်သခင်က မကြာခင် ရောက်လာလိမ့်မယ်..."

သို့ရာတွင် ဤအချိန်၌ ကျောက်ဝမ်ရှန်းသည် ကြောင်အမ်းနေခဲ့လေ၏။

"ငါ... ငါ မလုပ်ခဲ့ဘူး... ထိုက်ချင်ဂိုဏ်းက ဘယ်တုန်းက သူတော်စင်သားတော်တစ်ယောက်ကို ခန့်အပ်လိုက်လဲ ဆိုတာကိုတောင် ငါ မသိတာ... သူ့ကို ငါက ဘယ်လိုလုပ်ပြီး စော်ကားမိမှာလဲ..."

ဤအရာကို ကြားသောအခါ အကြီးအကဲချွီမှာလည်း ကြောင်အမ်းသွားခဲ့သည်။

ဤသည်မှာ အမှန်ပင်။ ထိုက်ချင်ဂိုဏ် တွင် သူတော်စင်သားတော်တစ်ဦး မည်သည့်အချိန်က ထွက်ပေါ်လာသနည်း....

ဒါက သူတို့ ပေါ့ပေါ့ပါးပါး ဖန်တီးထားတဲ့ ဆင်ခြေတစ်ခု ဖြစ်နေနိုင်မလား...

ဒါပေမဲ့ ဒါကလည်း ထိုက်ချင်ဂိုဏ်း ရဲ့ လုပ်ဆောင်မှုပုံစံနဲ့ မကိုက်ညီဘူးလေ...

"သူတော်စင်သားတော် ..."

လျှိုရူယန်သည် နေရာတွင်တင် ချက်ချင်းကြောင်အမ်းသွားတော့သည်။

ထို့နောက် ဤအချိန်၌ ဦးဆောင်လာသော အကြီးအကဲက လျှိုရူယန်ကို ကြင်နာသော အမူအရာဖြင့် ကြည့်ကာ အသံပေးပို့မှုမှတစ်ဆင့် တီးတိုးပြောလိုက်သည်။

"မင်းရဲ့စီနီယာအစ်ကိုဖြစ်တဲ့ နဝမတောင်ထိပ်ရဲ့ ခေါင်းဆောင်တပည့်က ဒီနေ့ နတ်ဘုရားချဉ်းကပ်ခြင်းစေတီကို အသက်သုံးရှိုက်စာအတွင်း ကျော်ဖြတ်ခဲ့ပြီးတော့ ငါတို့ ထိုက်ချင်ဂိုဏ်းရဲ့ သူတော်စင်သားတော်အဖြစ် ခန့်အပ်ခံလိုက်ရတယ်..."

ဤအချိန်၌ အကြီးအကဲသည် ဤအမိန့်ကို သူ အဘယ်ကြောင့် ရုတ်တရက် ရရှိခဲ့သနည်းဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

ဝမ်ချီလန်စံအိမ်က လူတွေက သူတော်စင်သားတော်ရဲ့ ဂျူနီယာညီမလေးကို အနိုင်ကျင့်ခဲ့တာကိုး...

အလှပဂေးတစ်ယောက်အတွက် ဒေါသထွက်တာက ပုံမှန်ပါပဲ...

တိုက်ပွဲအခြေအနေက အလွန်မြန်ဆန်စွာ ပြောင်းလဲသွားခဲ့လေသည်။ သေရေးရှင်ရေးအကျပ်အတည်းက ပိုမိုပြင်းထန်လာသည်နှင့်အမျှ ကျောက်ဝမ်ရှန်းသည် နောက်ဆုံးတွင် စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားပြီး အော်ဟစ်လိုက်သည်။

"ထိုက်ချင်ဂိုဏ်းက အငယ်တွေကို အနိုင်ကျင့်ဖို့လောက်ပဲ သိတာလား... အဲ့ဒီ စူးချန်ကဲနဲ့ပဲ ငါ့မှာ ရန်ငြိုးရှိတာ... မင်းတို့ရဲ့ သူတော်စင်သားတော် ကို ငါ ဘယ်တုန်းက စော်ကားမိလို့လဲ..."

သို့ရာတွင် ဦးဆောင်လာသော မြင့်မြတ်အရှင်နယ်ပယ် အလယ်အလတ်အဆင့် အကြီးအကဲက ကျောက်ဝမ်ရှန်းကို အေးစက်တင်းမာစွာ ကြည့်လိုက်ပြီး သူ၏လက်ချောင်းများကို ဓားတစ်လက်အလား ညွှန်ပြကာ လေထဲသို့ ခုတ်ပိုင်းလိုက်၏။

"သူတော်စင်သားတော်ရဲ့နာမည်ကို ခေါ်ရဲတယ်... ကွပ်မျက်စမ်း..."

ထိုစကား ထွက်ပေါ်လာသည်နှင့် ဓားဝင်္ကပါက ချက်ချင်းတုံ့ပြန်လိုက်သည်။

အလွန်အမင်း သိပ်သည်းထားပြီး မရေမတွက်နိုင်သော သေးငယ်သည့် ဓားချီများဖြင့် သန့်စင်စွာ ဖွဲ့စည်းထားသော ဖြူရော်သည့် ရေစီးကြောင်းတစ်ခုက နောက်ပြန်လှည့်နေသော ကောင်းကင်မြစ်တစ်ခုအလား ဟင်းလင်းပြင်၏ အကွာအဝေးကို လျစ်လျူရှုကာ ကျောက်ဝမ်ရှန်း ရှိနေသော နေရာကို ချက်ချင်းဝါးမျိုသွားခဲ့သည်။

သူ့ကို ကာကွယ်ထားသော မိုးကြိုးအကာအကွယ်သည် စက္ကူအလား ပျက်စီးသွားပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ မှော်ရတနာများ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားခဲ့သည်။ သူ၏နံဘေးရှိ အကြီးအကဲချွီ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ သူသည် ချက်ချင်းနှစ်ပိုင်းဖြတ်တောက်ခံလိုက်ရသည်။ ကျောက်ဝမ်ရှန်း၏ ထိတ်လန့်ပြီး ပုံပျက်နေသော မျက်နှာက ဖြူရော်သည့် ဓားရေစီးကြောင်းထဲတွင် လင်းလက်သွားပြီး ပျောက်ကွယ်သွားခဲ့သည်။

သူ မသေဆုံးမီ သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ တစ်ဖက်လူ၏ စကားများမှတစ်ဆင့် သူတို့ ပြောနေသော သူတော်စင်သားတော်မှာ မည်သူဖြစ်ကြောင်းကို သူ သိရှိသွားခဲ့လေပြီ။

"စူးချန်ကဲ..."

"သူက ဘယ်လိုလုပ်... သူက ဘယ်လိုလုပ်ပြီး ထိုက်ချင်ဂိုဏ်းရဲ့ သူတော်စင်သားတော် ဖြစ်လာရတာလဲ..."

"အား..."

"အဖေ... ကျွန်တော့်အတွက် လက်စားချေပေးပါ..."

နောက်တခဏတွင် ဓားချီအလင်းတန်းများ ဖြည်းညှင်းစွာ ပြယ်လွင့်သွားခဲ့သည်။

မူလနေရာတွင် စိတ်ဝိညာဉ်အလင်းတန်း အစက်အပြောက်များသာ ကျန်ရစ်ခဲ့ပြီး မှေးမှိန်သွားလေ၏။ ကျောက်ဝမ်ရှန်း၏ နတ်ဘုရား စိတ်ဝိညာဉ် ပျက်စီးသွားခြင်းနှင့်အတူ ဝမ်ချီလန်စံအိမ်မှ ဒုတိယကောင်းကင်စံအိမ်၏ ဤခေါင်းဆောင်တပည့်သည် ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ လုံးဝဖျက်ဆီးခံလိုက်ရပြီး အစအနလေး တစ်ခုမျှပင် မကျန်ရစ်ခဲ့ချေ။

တိတ်ဆိတ်မှု...

သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှု...

ကြီးမားသော နောက်ခံရှိသည့် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်မှ ပါရမီရှင်တစ်ဦးသည် ပုရွက်ဆိတ် တစ်ကောင်အလား လွယ်ကူစွာ ဖျက်ဆီးခြင်း ခံလိုက်ရလေပြီ။

"ဒါက... ထိုက်ချင်ဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေပဲ... သူတော်စင်သားတော်... အဲ့ဒါက သခင်လေးစူးလား..."

ဖုန်းဝူယင်က ဤမြင်ကွင်းကို အံ့အားသင့်သော အမူအရာဖြင့် ကြည့်လိုက်ကာ အကယ်၍ သူသာ လျှိုယွမ် မြို့တွင် ရှိနေပါက ထိုသတင်းကို အစောကြီးကတည်းက ရရှိနိုင်မည်ဟု သူ၏ စိတ်နှလုံးသားထဲတွင် ခန့်မှန်းလိုက်သည်။

သို့ရာတွင် သူ ထိုအရာကို အတည်ပြုရန် မလိုအပ်တော့ချေ။ နှစ်ပေါင်းများစွာ ငုပ်လျှိုးနေခဲ့သော ထိုက်ချင်ဂိုဏ်းကို ဤကဲ့သို့ ပြုမူလာစေရန် လုပ်ဆောင်နိုင်သူမှာ စူးချန်ကဲသာ ဖြစ်နိုင်ပေလိမ့်မည်။

သူ၏ နားလည်သဘောပေါက်နိုင်စွမ်းကို ထိုက်ချင်ဂိုဏ်းက ရှာဖွေတွေ့ရှိသွားတာ ဖြစ်ရမယ်...

ချက်ချင်းပင် သူက ပြတ်သားစွာ အမိန့်ပေးလိုက်၏။

"အားလုံး လူစုခွဲလိုက်... ပိုက်ကွန်ထဲကနေ လွတ်သွားတဲ့ ငါးတွေ ရှိရင် သူတို့အားလုံးကို သတ်ပစ်လိုက်စမ်း..."

"ဟုတ်ကဲ့ပါ..."

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျွမ်းကျင်သူ ထောင်ပေါင်းများစွာက တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။

ထို့နောက် သတိပြန်ဝင်လာသော လီဖိုကျွင်းက သူ၏ပေါင်ကို ရိုက်ကာ အံ့တင်းတင်းကြိတ်ပြီး အော်ဟစ်လိုက်သည်။

"ငါ့အတွက် သတ်ကြစမ်း..."

သောက်ကျိုးနည်း...

တကယ်လို့ အခု ငါတို့ မသတ်ရင် သတ်စရာ ဘယ်သူမှ ကျန်တော့မှာ မဟုတ်ဘူး...

ထိုက်ချင်ဂိုဏ်း က ဒီလူတွေက တကယ့်ကို တစ်ခုခုပဲ... ငါတို့ အတူတူ တိုက်ခိုက်လို့ ရအောင် သူတို့ ကြိုပြီးသတိပေးလို့ မရဘူးလား...

သူ၏ စကားများ အဆုံးသတ်သွားသည်နှင့် သူအနားရှိ ကျင့်ကြံသူများက ချက်ချင်းနားလည်သွားကြပြီး သူတို့က ရူးသွပ်နေသူများအလား တိုက်ပွဲမြေပြင်သို့ အပြေးအလွှား သွားခဲ့ကြသည်။ အချိန်တိုအတွင်းမှာပင် ဝမ်ချီလန်စံအိမ် မှ လူအားလုံးနီးပါး သေဆုံးသွားခဲ့လေပြီ။

လျှိုရူယန်က နေရာတွင်တင် ကြောင်အမ်းအမ်းဖြင့် မတ်တတ်ရပ်နေခဲ့သည်။ အနက်ရောင် အဝတ်အစားများက သူမ၏အသားအရေကို ပို၍ပင် ဖြူဖွေးနေစေခဲ့လေ၏။

ကျောက်ဝမ်ရှန်း ပျောက်ကွယ်သွားသော နေရာကို သူမ ကြည့်လိုက်ရာ တစ်ချိန်က လောကကြီးကို နှိမ့်ချကြည့်ရှုခဲ့သော သူမ၏မျက်လုံးများအတွင်း ပထမဆုံးအကြိမ်အဖြစ် ယှဉ်ပြိုင်၍မရနိုင်သော အံ့အားသင့်မှုတစ်ခု ရှင်းလင်းစွာ ရောင်ပြန်ဟပ်နေခဲ့သည်။

All Chapters