← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း ၉၇: ငါက အရမ်း ငယ်သေးတယ်... လုံးဝ မဖြစ်နိုင်ဘူး...

ဓားစိတ်ဝိညာဉ်အားချီသည် အနည်းငယ် ထုံကျင်သွားပြီး သူမ၏မျက်လုံးများတွင် မယုံကြည်နိုင်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့သည်။ ထိပ်တန်းအဆင့် ဆေးလုံးများကို စားသုံးခြင်းမှလွဲ၍ တခြားမည်သည့် ဖြစ်နိုင်ခြေကိုမျှ သူမ စဉ်းစား၍မရခဲ့ချေ။

မြင့်မြတ်အရှင်နယ်ပယ်တွင် ကျင့်ကြံခြင်းသည် နတ်ဘုရားစွမ်းအားများကို စုဆောင်းခြင်းအပေါ်တွင် အဓိက အာရုံစိုက်သော်လည်း ပိတ်ဆို့မှုများ ရှိနေဆဲပင်။ တစ်စုံတစ်ယောက်ထံတွင် အရင်းအမြစ်များ လုံလောက်စွာ ရှိနေလျှင်ပင် ထိုပိတ်ဆို့မှုများကို ချေဖျက်ရန် အချိန်ယူရပေနည်။ မည်သို့ပင်ဆိုစေ လူ့ခန္ဓာကိုယ်တွင် အကန့်အသတ်များ ရှိနေကာ နတ်ဘုရား ရုပ်ခန္ဓာကိုယ်တစ်ခုပင်လျှင် အကန့်အသတ်မရှိ စုပ်ယူနိုင်စွမ်း မရှိချေ။ ဤကဲ့သို့ စဉ်ဆက်မပြတ် ချိုးဖောက်ဝင်ရောက်နိုင်သည့် အကျိုးသက်ရောက်မှုကို ရရှိရန်အတွက် အနည်းဆုံး သူတော်စင်အဆင့် သို့မဟုတ် ထိုအဆင့်ထက် မြင့်မားသော ဆေးလုံးများကို စားသုံးရပေမည်။ ထိုသို့မဟုတ်ပါက သူသည် ဤနယ်မြေနှင့် အစကတည်းက သက်ဆိုင်ခြင်း မရှိသူ ဖြစ်ပေမည်။ သို့ရာတွင် သူမသည် အလျင်အမြန် တည်ငြိမ်မှုကို ပြန်လည်ရယူပြီး တွေးတောမှုထဲသို့ နစ်မြုပ်သွားခဲ့သည်။

သူက တကယ်ပဲ ကြီးမြတ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ယောက်ရဲ့ ပြန်လည်ဝင်စားခြင်း များလား...

"အားချီ... ဘာလို့ စကားမပြောတော့တာလဲ..." နင်ဖူယောင်က နားမလည်စွာ မေးလိုက်သည်။

ရှေးဟောင်း ဓားအတွင်း၌ အားချီက စူးချန်ကဲ၏ ဦးတည်ချက်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီး တခဏမျှ စဉ်းစားကာ ပြောလိုက်၏။

"ဘာမှမဟုတ်ပါဘူး သခင်မ..."

"အို..."

နင်ဖူယောင်က တုံ့ပြန်လိုက်သည်။ ထို့နောက် သူမသည် အိပ်ချင်စိတ်များ ဝင်ရောက်လာသည်ကို ခံစားရသည်။ ယနေ့တွင် ထိုက်ချင် နဝမမြောက်ဓားကို နားလည်သဘောပေါက်ရန် အလွန်အကျွံ အားထုတ်မှုကြောင့် သူမသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်ကာ မတော်တဆ အိပ်ပျော်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှေးဟောင်းဓားအတွင်းရှိ အားချီသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် ဖြည်းညှင်းစွာ ရေရွတ်လိုက်သည်။

"စူးချန်ကဲ... တကယ်တော့ မင်းက ဘယ်သူလဲ..."

တခြားတစ်ဖက်တွင် တိတ်ဆိတ်နေသော အခန်းတစ်ခု အတွင်း၌....

"အရမ်း စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတာပဲ... အရမ်း စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတာပဲ..."

ထုယိုယိုသည် နူးညံ့သော ကုတင်ပေါ်တွင် ဟိုဘက်လှည့်ဒီဘက်လှည့် ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် သူမသည် အရည်လဲ့နေပြီး ဆွဲဆောင်မှုရှိသော မျက်လုံး တစ်စုံကို ဖွင့်ကာ မျက်နှာကြက်ပေါ်ရှိ ရှုပ်ထွေးသော ပုံစံများကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေလေ၏။ သူမ၏လှပသော မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီး ထိုအရာများကြားတွင် တိမ်သော အရေးအကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် ရှားပါးသော စိတ်ရှုပ်ထွေးမှုနှင့် ပဋိပက္ခ အရိပ်အယောင်တစ်ခုက သူမ၏မီးခိုးပြာရောင် မျက်လုံးများတွင် တဝဲဝဲလည်နေခဲ့သည်။

သူမ၏စိတ်ထဲတွင် စူးချန်ကဲသည် မဟာတာအိုများ ခန္ဓာကိုယ်ကို လောင်ကျွမ်းခြင်း လုပ်ငန်းစဉ်ကို ဖြတ်သန်းနေစဉ် နဂါးအသွင်ပြောင်းခြင်း ရေကန်ထဲတွင် ချင်းချိုး၏ဘိုးဘေးက သူမအား သီးသန့်အသံပေးပို့မှုမှတဆင့် ပြောခဲ့သော စကားများကို အကြိမ်ကြိမ် ပြန်လည်သတိရနေခဲ့သည်။

"ယိုယို... အနာဂတ်မှာ ချင်းချိုးက စစ်ပွဲတွေရဲ့ ဆင်းရဲဒုက္ခကနေ ကင်းဝေးပြီး နတ်ဆိုးမျိုးနွယ်စုရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေတာကို မင်း မြင်ချင်လား..."

"သေချာတာပေါ့ သမီး မြင်ချင်တာပေါ့... ဟင်... ချင်းချိုးက ဘာလို့ စစ်ပွဲတွေရဲ့ဒဏ်ကို ခံရမှာလဲ..."

"အဲ့ဒါက အရေးမကြီးဘူး... မင်း မှတ်ထားဖို့ လိုတာက... မင်းစီနီယာအစ်ကိုရဲ့ နှလုံးသားကို ခိုင်ခိုင်မာမာ ဖမ်းဆုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို မင်း သေချာပေါက် ရှာရမယ်..."

"ဘိုးဘေး... အဲ့ဒါက ဘာအဓိပ္ပာယ်လဲ..."

"ဟီးဟီး... ပွင့်ပွင့်လင်းလင်း ပြောရရင် အဲ့ဒါက သူ့ကို အနိုင်ယူပြီး သူ့ရဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာဖို့ပဲ... 'ရေနဲ့ အနီးဆုံး မဏ္ဍပ်က လရောင်ကို အရင်ဆုံး ခံစားရတယ်' ဆိုတဲ့ စကားပုံ ရှိတယ်မလား... ယိုယို... သူ့ရဲ့ ဂျူနီယာညီမလေး အဖြစ် မင်း ကုန်ဆုံးရမယ့်အချိန်က အကောင်းဆုံး အခွင့်အရေးပဲ... အဲ့ဒါကို လက်မလွတ်စေနဲ့... ဘာလို့လဲဆိုတော့ မင်း စိတ်ဝိညာဉ်နယ်မြေကို ရောက်သွားရင် အဲ့ဒါက ခက်ခဲလိမ့်မယ်..."

"အာ... ဘိုးဘေး... ဘိုးဘေးက အရမ်းဆိုးတာပဲနော်... သူက သမီးရဲ့ စီနီယာအစ်ကိုလေ..."

သို့ရာတွင် အပူအပင်ကင်းသော ထုယိုယိုသည် ထိုအချိန်က ထိုစကားများကို သိပ်ပြီးဂရုမစိုက်ခဲ့ချေ။ သို့သော် ယခု ညဉ့်နက်ချိန်တွင် ထိုစကားလုံးတိုင်းက သူမ၏နှလုံးသားရေကန်ထဲသို့ ပစ်ချလိုက်သော ကျောက်ခဲတစ်လုံးအလား လှိုင်းဂယက်များ ထစေပြီး သူမကို ဂဏမငြိမ်ဖြစ်စေကာ အိပ်မပျော်နိုင်အောင် ဖြစ်စေခဲ့သည်။

"ချင်းချိုးက အန္တရာယ် ရှိနေနိုင်လို့လား..."

"ဒါပေမဲ့ အဲ့ဒါက စီနီယာအစ်ကိုရဲ့ အမျိုးသမီး ဖြစ်လာတာနဲ့ ဘာဆိုင်လို့လဲ... တကယ်လို့ ငါက စီနီယာအစ်ကိုရဲ့ဇနီး ဖြစ်လာရင် ချင်းချိုးက တကယ်ပဲ အထွတ်အထိပ်ကို ရောက်နိုင်မှာလား..."

"ငါတို့ စိတ်ဝိညာဉ်နယ်မြေကို ရောက်သွားရင် ဘာလို့ ခက်ခဲသွားမှာလဲ... စီနီယာအစ်ကိုက စိတ်ဝိညာဉ်နယ်မြေမှာ ချစ်သူ ရှိနေလို့များလား... နေအုံး... စီနီယာအစ်ကိုက ယွမ်ယန်နယ်မြေက မဟုတ်ဘူးလား..."

"မဟုတ်ဘူး... မဟုတ်သေးဘူး... ဒါပေမဲ့ စီနီယာအစ်ကိုက တကယ့်ကို ချောတာပဲ... သူ့ရဲ့ ဇနီး ဖြစ်ရတာ တော်တော်လေး ကောင်းမယ် ထင်တယ်နော်... အဲ့ဒီအချိန်ကျရင် ငါက စီနီယာကတော်ဖြစ်သွားမှာပေါ့... ဟီးဟီးဟီး..."

"ငါ ဘာလုပ်ရမလဲ..."

"ငါက တိုက်ရိုက်သွားပြီး စီနီယာအစ်ကိုအတွက် အိပ်ရာနွေးပေးလို့တော့ မရဘူးလေ... ငါက အရမ်းငယ်သေးတယ်... လုံးဝ မဖြစ်နိုင်ဘူး..."

သူမ၏အတွေးများ ပိုမိုဝေးကွာသွားသည်နှင့်အမျှ ထုယိုယို၏ အသံမှာ ခြင်တစ်ကောင်၏ မြည်သံထက် ပို၍တိုးညှင်းလာပြီး မကြားရလုနီးပါးပင်။

ရှားပါးသော နီရဲမှုတစ်ခုက သူမ၏ဖြူဖွေးပြီး ကျောက်စိမ်းအလား နူးညံချောမွတ်သော ပါးပြင်များပေါ်သို့ တိတ်တဆိတ် တွားသွားလာပြီး သူမ၏ သေးငယ်သော နားရွက်များအထိ ပျံ့နှံ့သွားခဲ့သည်။ ရှက်ရွံ့စွာဖြင့် သူမသည် သူမ၏ မျက်နှာလေးကို ပိုးထည်စောင်ထဲသို့ နက်နက်ရှိုင်းရှိုင်း မြှုပ်ထားလိုက်ပြီး အရည်လဲ့နေကာ ညှို့ဓာတ်ပြင်းသော မီးခိုးပြာရောင် မျက်လုံး တစ်စုံကိုသာ ဖော်ပြထားသည်။

ဤရှက်ရွံ့ပြီး တစ်ဝက်တစ်ပျက် ဖုံးကွယ်ထားကာ သိမ်မွေ့သော ကိုယ်ဟန်အနေအထားက သူမ၏ မွေးရာပါ ညှို့ဓာတ်စိတ်ဝိညာဉ်ရုပ်ခန္ဓာကိုယ်နှင့် လိုက်ဖက်ညီလှသည်။ မမြင်ရသော ဆွဲဆောင်မှုက လောကကြီးပေါ်ရှိ မည်သည့် အမျိုးသားကိုမဆို နှလုံးသား လှုပ်ခတ်သွားစေပြီး လိုလိုလားလား အညံ့ခံသွားစေရန် လုံလောက်သည်။

သူမသည် တစ်ညလုံး စိတ်အတွင်းရေး ပဋိပက္ခများဖြင့် အချိန်ကုန်ဆုံးခဲ့လေ၏။ ဤသည်မှာ သူမ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အိပ်မပျော်သည့် ဝေဒနာကို ခံစားခဲ့ရခြင်းပင်။ ထို့ပြင် သူမ တစ်ယောက်တည်း မဟုတ်ချေ။ ထိုက်ချင်ဂိုဏ်းမှ လူများစွာသည် ထိုညက အိပ်မပျော်ခဲ့ကြချေ။

ပထမတောင်ထိပ်၏ တောင်ထိပ်သခင် ဖြစ်သော မြင့်မြတ်အရှင်ရွှမ်ကျိသည် ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ကိုင်ကာ ပြတင်းပေါက်နားတွင် ထိုင်နေခဲ့သည်။ သူသည် နက်ရှိုင်းစွာ မျက်မှောင်ကြုတ်ထားပြီး စာသားများကို အကြိမ်ကြိမ် ဖျက်လိုက် ပြန်ရေးလိုက် လုပ်နေကာ နောက်ဆုံးတွင် "ရှိလား..." ဆိုသည့် ရိုးရှင်းသော စာတစ်စောင်ကို ပို့လိုက်၏။ ထို့နောက် သူသည် ဆက်သွယ်ရေးကျောက်စိမ်းပြားကို တစ်ညလုံး စိုက်ကြည့်နေခဲ့သည်။ ကျန်းရွှမ်ကျိ၏ အလွန်ကြီးမားပြီး ခမ်းနားသော အပြင်ပန်း အသွင်အပြင်အောက်တွင် လူမှုရေးဆိုင်ရာ စိုးရိမ်ပူပန်မှု အနည်းငယ်ရှိသည့် အလွန်ခံစားလွယ်သော လူတစ်ဦး ဖြစ်ကြောင်း မည်သူမျှ ခန့်မှန်းမိမည် မဟုတ်ချေ။

ဒုတိယတောင်ထိပ်၏ တောင်ထိပ်သခင် ယောင်ရှင်းယဲ့သည် လက်ရေးလှရေးသားခြင်းကို အလေးအနက် လေ့ကျင့်နေခဲ့သည်။ ယနေ့ညတွင်သာ မဟုတ်ဘဲ သူ အိပ်မပျော်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ အမှန်အားဖြင့် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်တွင် အိပ်ခြင်း သို့မဟုတ် မအိပ်ခြင်းက ကွာခြားမှု မရှိချေ။ လူသား အလေ့အကျင့်တစ်ခု၏ ပုံစံကို ထိန်းသိမ်းထားရန်သာ သူတို့ ထိုသို့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။

တတိယ တောင်ထိပ်၏ တောင်ထိပ်သခင် လီချင်းဖုန်းသည် ရွှီချီကို ချုပ်နှောင်ထားသော ကျောက်တုံးအခန်း၏ အပြင်ဘက်တွင် တစ်ယောက်တည်း ထိုင်ကာ သူ့ကို လွှတ်ပေးသင့် မပေးသင့် စဉ်းစားနေခဲ့လေ၏။ မည်သို့ပင်ဆိုစေ သူ၏တပည့်သည် စူးချန်ကဲနှင့် အလွန် ကောင်းမွန်သော ဆက်ဆံရေး ရှိပုံရသည်။ သို့ရာတွင် အကယ်၍ သူ့ကို လွှတ်ပေးလိုက်ပြီး နင်မိသားစုက ထိုကိစ္စကို မြင်သွားပါက ထိုက်ချင်ဂိုဏ်း၏ စည်းမျဉ်းများသည် ပြသရန် သက်သက်သာ ဖြစ်သည်ဟု သူတို့ ပြောကြမည် မဟုတ်လော။ ထို့ကြောင့် သူသည်လည်း ထိုဆုံးဖြတ်ချက်နှင့်အတူ တစ်ညလုံး ရုန်းကန်နေခဲ့ရသည်။

တခြားသော တောင်ထိပ်သခင်များနှင့် ပတ်သက်၍မူ သူတို့အားလုံး၌ သူတို့၏ ကိုယ်ပိုင်အတွေးများ ရှိကြသည်။ ဥပမာအားဖြင့် စတုတ္ထတောင်ထိပ်၏ ဟင်္သာပြဒါးနေမင်းသခင်သည် စူးချန်ကဲက ဆေးဖော်စပ်နည်းကို သိ မသိ အတည်ပြုရန် ဝမ်ကန်းကို တစ်ချိန်က ရှာဖွေခဲ့ဖူးလေသည်။ အတိုချုပ်ပြောရလျှင် ယနေ့ စူးချန်ကဲ၏ လုပ်ရပ်များက ဤထိုက်ချင်ဂိုဏ်း တောင်ထိပ်သခင်များအားလုံးကို တစ်ညလုံး အိပ်မပျော်အောင် ဖြစ်စေခဲ့လေ၏။

နောက်တစ်နေ့ နံနက်စောစောတွင်...

စူးချန်ကဲက ပုံမှန်အတိုင်း သွားတိုက်ပြီးနောက် မနက်စာ စားပြီးချိန်တွင် တာအိုမျှဝေခြင်း ဟူသော လေးနက်သည့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် စီစဉ်ခဲ့သည်။ ထို့နောက် စစ်တုရင် အဖြူရောင်နယ်ရုပ်ကို လီချင်းဖုန်းထံသို့ ပြန်ပေးရန် တတိယတောင်ထိပ်သို့ ခရီးတစ်ခေါက် သွားမည်ဖြစ်ကာ တစ်ဆက်တည်းတွင် ပထမ တောင်ထိပ်သို့ သွားရောက်၍ မြင့်မြတ်အရှင်ရွှမ်ကျိနှင့် လေ့ကျင့်ရေး ယှဉ်ပြိုင်ရပေမည်။

ဤသည်မှာ ယနေ့အတွက် သူ၏အချိန်ဇယား ပင်။

သို့ရာတွင် နောက်တစ်စက္ကန့်တွင် သူ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ဝူယာခြံဝင်း၏ ဝင်ပေါက်ဆီသို့ ကြည့်လိုက်လေသည်။ လျှိုရူယန်သည် ထိုက်ချင်ဂိုဏ်းအတွင်းသို့ ဝင်ရောက်လာသည့် အခိုက်အတန့်တွင် သူမ၏ အရှိန်အဝါကို သူ အာရုံခံမိလိုက်သည်။ မြင့်မြတ်အရှင်နယ်ပယ်၏ နတ်ဘုရားစိတ်အာရုံ အကွာအဝေးမှာ မိုင်တစ်ထောင်အထိ ရှိနေပြီဖြစ်သော်လည်း သူသည် ထိုအာရုံခံမှုကို ထိုက်ချင်ဂိုဏ်း၏ နယ်နိမိတ်အတွင်း၌သာ ကန့်သတ်ထားလေ့ရှိသည်။

"သူ ပြန်ရောက်လာပြီလား... အဲ့ဒီ အမြန်နှုန်းက မနှေးဘူးပဲ... သူ ပြန်ရောက်လာပြီဆိုတော့ ငါက သူတို့ကို အတူတူ နွေးထွေးပေးပြီး ဆုလာဘ်တွေ ပိုရအောင် လုပ်ရမယ်..."

စူးချန်ကဲက သူ၏နှလုံးသားထဲတွင် ရေရွတ်လိုက်၏။ သို့ရာတွင် မကြာမီ တစ်ဖက်လူက ခြံဝင်းဝင်ပေါက်တွင် တွန့်ဆုတ်နေသည်ကို သူ သတိပြုမိလိုက်ပြီး သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင်....

သူ၏ပုံရိပ် လှုပ်ရှားသွားပြီး ဟင်းလင်းပြင် စွမ်းအားက သူ၏ခြေထောက်အောက်တွင် ထွက်ပေါ်လာခဲ့သည်။

"မင်း ဘာလို့ ဝင်မလာတာလဲ..."

စူးချန်ကဲက အလွန်စိတ်ရှုပ်ထွေးနေသော အမူအရာ ရှိနေသည့် လျှိုရူယန်ကို ကြည့်ကာ ညင်သာစွာ မေးမြန်းသည်။

"..."

လျှိုရူယန်၏တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီသွားပြီး ဖုံးကွယ်၍မရနိုင်သော ထိတ်လန့်မှု အရိပ်အယောင်တစ်ခုက သူမ၏ အေးစက်သော မျက်လုံးများတွင် လင်းလက်သွားခဲ့သည်။

မသိစိတ်အရ သူမက ခြေလှမ်းတစ်ဝက် နောက်ဆုတ်လိုက်ပြီးနောက် တည်ငြိမ်ရန် အတင်းအကြပ် ကြိုးစားကာ သူမ၏ မောက်မာသော အသွင်အပြင်သို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူမက တီးတိုးပြောဆိုလိုက်၏။

"စီနီယာအစ်ကို..."

သို့ရာတွင် သူမ၏ တည်ငြိမ်သော အပြင်ပန်း အသွင်အပြင်အောက်တွင် သူမ၏နှလုံးသားထဲ၌ ပြင်းထန်သော လှိုင်းလုံးများဖြင့် ပွက်ပွက်ဆူနေလေပြီ။

"သူ ဘယ်တုန်းက ထွက်ပေါ်လာတာလဲ..."

"ဒီဧကရီက ဘာလို့ ဘယ်အရှိန်အဝါကိုမှ မခံစားရတာလဲ..."

"အခုလေးတင် ငါက ဝင်ပေါက်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့တာ... အဲ့ဒီမှာ ဘယ်သူမှ မရှိခဲ့ဘူးလေ... နတ်ဘုရားမီးတောက်နယ်ပယ်မှာရှိတဲ့ သူတစ်ယောက်တောင် ဒီလောက် မြန်မြန် မရွေ့လျားနိုင်ပါဘူး..."

သူမ တံခါးအပြင်ဘက်တွင် တွန့်ဆုတ်နေရခြင်း၏ အကြောင်းအရင်းမှာ သူမ၏ နေအိမ်တွင် နင်ဖူယောင် သို့မဟုတ် ထုယိုယိုကို သူမ မတွေ့ခဲ့ရဘဲ အရာအားလုံးကို လုံးဝ ရှင်းလင်းထားပြီး သူမ၏ပစ္စည်းများပင်လျှင် ပျောက်ဆုံးနေသောကြောင့်ပင်။ သူမ အလွန်အမင်း စိတ်ရှုပ်ထွေးသွားခဲ့သည်။ သူမ ထွက်သွားမည်ကို တစ်စုံတစ်ယောက်က သိပြီး သူမအတွက် ဤအရာကို ကြိုတင် စီစဉ်ပေးခဲ့ခြင်း ဖြစ်သလော။

ထို့ကြောင့် သူမက မေးမြန်းရန်အတွက် ဝူယာခြံဝင်းသို့ လာရန် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း စူးချန်ကဲနှင့် တွေ့ဆုံရမည့် အတွေးက သူမ၏ ဧကရီ စိတ်နေသဘောထားကို အနည်းငယ် အနေရခက်သွားစေခဲ့သည်။

တစ်ဖက်တွင် သူမသည် မောက်မာတတ်သော သူတစ်ဦးပင်။ သူမသည် ကယ်တင်ခြင်းခံရရန် ခွင့်ပြုခဲ့သော်လည်း သူမ တစ်ချိန်က သာမန်ဟု သတ်မှတ်ခဲ့ဖူးသော စူးချန်ကဲ၏ ကယ်တင်ခြင်းကို ခံရရန် သူမ လုံးဝဆန္ဒမရှိခဲ့ချေ။ တခြား တစ်ဖက်တွင် စူးချန်ကဲကို မြင်တွေ့ရမည့် အတွေးကြောင့် သူမ ခံစားရသော နက်ရှိုင်းသည့် စိတ်လှုပ်ရှားမှုက သူမ၏ ဦးရေပြားကို ထုံကျင်သွားစေသည်။ သူမ နောက်ဆုံးတွင် ပြုပြင်ပြောင်းလဲနိုင်ခဲ့သော တည်ငြိမ်မှု နောက်တစ်ကြိမ် ပျက်စီးသွားမည်ကို စိုးရိမ်နေခဲ့လေ၏။

"အင်း... ဝင်လာခဲ့..."

စူးချန်ကဲက ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားခဲ့သည်။

လျှိုရူယန်သည် စူးချန်ကဲ၏ကျောပြင်ကို စိုက်ကြည့်ကာ တခဏမျှ စဉ်းစားပြီးနောက် သူ၏အနောက်မှ လိုက်ဝင်သွားခဲ့သည်။

အခန်း ၉၈:သူ... သူက ငါ့ကို စိတ်ပူနေတာလား...

ဤသည်မှာ အချိန်ကိုက်ပင်။

နံနက်စောစောကတည်းက အလုပ်များနေခဲ့သော နင်ဖူယောင်သည် မနက်စာ ကိုင်ဆောင်ကာ မီးဖိုချောင်မှ ထွက်လာခဲ့ပြီး တဝါးဝါး သမ်းနေသော ထုယိုယိုကလည်း သူမ၏ တံခါးကို တွန်းဖွင့်လိုက်သည်။

"ဒုတိယ စီနီယာအစ်မ... အစ်မ ရောက်လာတာ အချိန်ကိုက်ပဲ... မြန်မြန် လာစား..."

နင်ဖူယောင်က အပြုံးနှင့် ခေါ်လိုက်သည်။

"ဝိုး... ဒုတိယ စီနီယာအစ်မ... အစ်မ ပြန်ရောက်လာပြီပဲ... မနေ့က ကျွန်မ နေရာအနှံ့ ရှာခဲ့သေးတယ်... အစ်မ ဘယ်တွေ သွားနေတာလဲ..." ထုယိုယိုက ရှေ့တိုးလာပြီး သိချင်စိတ်ဖြင့် မေးမြန်းသည်။

လျှိုရူယန်က သူမတို့နှစ်ယောက်ကို အံ့အားသင့်စွာ ကြည့်ကာ ပြောလိုက်သည်။

"နင်တို့... နင်တို့ နှစ်ယောက်က ဘာလို့ ဒီကို ရောက်နေတာလဲ..."

"ငါတို့က ဝူယာခြံဝင်းထဲမှာ နေကြတယ်လေ... ဒုတိယ စီနီယာအစ်မ... မနေ့က အစ်မ မရှိတုန်း အစ်မရဲ့ပစ္စည်းတွေ အားလုံးကို ကျွန်မ သိမ်းပေးခဲ့တယ်..."

ထုယိုယိုက ဂုဏ်ယူဝံ့ကြွားသော အမူအရာဖြင့် ပြောဆိုသည်။

"..."

လျှိုရူယန်က ကြောင်အမ်းသွားခဲ့ပြီးနောက် မေးလိုက်သည်။

"ဘာအဓိပ္ပာယ်လဲ..."

ပြောင်းရွှေ့လာသလော...

စူးချန်ကဲက မည်သို့ ခွင့်ပြုခဲ့သနည်း...

သို့ရာတွင် နောက်တစ်စက္ကန့်တွင် ယခုလေးတင်မှ ထိုင်လိုက်သော စူးချန်ကဲက ဘယ်ဘက်အစွန်ဆုံးရှိ အခန်းကို ညွှန်ပြကာ ပြောလိုက်၏။

"အဲ့ဒါက မင်းရဲ့ အခန်းပဲ... အခုကစပြီး မင်း အဲ့ဒီမှာ နေရမယ်..."

ထိုစကားကိုပြောဆိုပြီးနောက် စူးချန်ကဲက တခဏမျှ စဉ်းစားပြီး ထပ်ဖြည့်ပြောလိုက်သည်။

"မင်း ပြန်ရောက်လာပြီဆိုတော့ နောက်ကျရင် ဖူယောင်တို့နဲ့ မင်း ပူးပေါင်းလို့ ရပြီ..."

"အာ... မနေ့က အစ်ကိုက ဘာလို့ ကျွန်မကို ဒီအခန်း ရွေးခွင့်မပေးတာလဲလို့ စဉ်းစားနေတာ... စီနီယာအစ်ကိုက ဒုတိယ စီနီယာအစ်မအတွက် အဲ့ဒါကို ချန်ထားပေးတာကိုး..."

ထုယိုယိုက နှုတ်ခမ်းဆူပြီး ပြောဆိုလေသည်။ မြေခွေး မျိုးနွယ်စု အမျိုးသမီးတစ်ဦး၏ သဘာဝအတိုင်း ယှဉ်ပြိုင်လိုစိတ်က ထွက်ပေါ်လာသော်လည်း ထိုအရာမှာ ဒေါသ မဟုတ်ဘဲ ပြိုင်ဆိုင်မှုအနည်းငယ်သာ ဖြစ်သည်။

သူမက သူမ၏အင်္ကျီလက်များကို ခေါက်တင်လိုက်သော်လည်း သူမ နောက်ထပ် တစ်ခုခု ပြောရန် ဟန်ပြင်လိုက်၏။ သို့ရာတွင် ထိုအချိန်မှာပင် ဤကောင်မလေး၏ပါးစပ်က မည်မျှထိ အတားအဆီးမဲ့နိုင်ကြောင်း သိသော နင်ဖူယောင်သည် ပေါက်စီတစ်လုံးကို အလျင်အမြန် ယူကာ ထုယိုယို၏ ပါးစပ်ထဲသို့ တိကျစွာ ပစ်ထည့်လိုက်ပြီးနောက် အပြုံးနှင့် ပြောလိုက်သည်။

"စားရမယ့် အချိန်ရောက်ပြီ... မြန်မြန် ထိုင်..."

"အွန်း... အွန်း... ဝူးဝူး... ဟင်..."

ထုယိုယိုက မကျေမနပ်ဖြင့် အနည်းငယ် ရုန်းကန်လိုက်သော်လည်း အရသာရှိသော အရသာက သူမ၏အရသာခံဖုများပေါ်သို့ ပျံ့နှံ့သွားသည်။ ထိုကြောင့် သူမက ပေါက်စီကို အကိုက်ကြီးတစ်ကိုက် ကိုက်လိုက်ပြီး အကြိမ်ကြိမ် အော်ဟစ်လိုက်သည်။

"အရသာရှိတယ်... အရသာရှိလိုက်တာ..."

ဤအချိန်၌ လျှိုရူယန်သည် အခန်းဆီသို့ စူးချန်ကဲ၏အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေး အနည်းငယ် တုန်ရီသွားပေ၏။ သူမ၏စိတ်နှလုံးသားအတွင်း၌ ပြင်းထန်သော စိတ်ခံစားမှုများဖြင့် ချက်ချင်းလွှမ်းမိုးသွားခဲ့သည်။

ထိုစိတ်လှုပ်ရှားမှုနှင့် နွေးထွေးမှုခံစားချက်က သူမ၏ခန္ဓာကိုယ်တလျှောက် ပျံ့နှံ့သွားပြီး ထုံကျင်သွားကာ သူမကို ကောင်းကင်ဘုံသို့ ပျံသန်းသွားသကဲ့သို့ ခံစားရစေခဲ့သည်။

'ဒီသေသင့်တဲ့ စိတ်ခံစားမှုတွေ... အဲ့ဒါက အခန်း တစ်ခန်း သက်သက်ပါပဲ... ငါက ဘာလို့ ဒီလို ဖြစ်နေရတာလဲ...'

လျှိုရူယန်က အံ့တင်းတင်းကြိတ်ကာ စိတ်ခံစားချက်များကို အတင်းအကြပ် ဖိနှိပ်လိုက်သည်။ ထိုစဉ်က နဝမတောင်ထိပ်တွင် သူမနှင့် စူးချန်ကဲသာ နေထိုင်ခဲ့ကြလေသည်။ ဝူယာခြံဝင်းကို သန့်ရှင်းရေးလုပ်သည့်အခါ သူမ အကြိုက်ဆုံး အလုပ်မှာ ထိုသီးသန့်အခန်းကို သန့်ရှင်းရေး လုပ်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ထိုအခန်းအတွင်းရှိ ဆေးပင်များနှင့် စိမ်းလန်းစိုပြေမှုများကို သူမ သဘောကျပြီး သူမကိုယ်တိုင် ထိုနေရာတွင် နေရရန် မကြာခဏ စိတ်ကူးယဉ်ခဲ့ဖူးသောကြောင့်ပင်။

ယခုအချိန်၌ သူမ၏အိပ်မက်က အမှန်တကယ် ဖြစ်လာပြီဖြစ်ရာ သူမ မပျော်ရွှင်ဟု ပြောလျှင် ထိုအရာက လိမ်လည်ရာ ကျပေလိမ့်မည်။ ထိုစဉ်က သူမ၏မှတ်ဉာဏ်များ မနိုးထသေးသော်လည်း သူမကိုယ်တိုင်သာ အမှန်တကယ် ဖြစ်ခဲ့သည်။

လျှိုရူယန်၏မျက်နှာပေါ်ရှိ ကြီးမားသော စိတ်ခံစားမှု အပြောင်းအလဲများကို မြင်သောအခါ စူးချန်ကဲက ထူးဆန်းသော အမူအရာတစ်ခုကို မပြသဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ ထိုအချိန်မှာပင် စနစ်၏အသံက သူ၏စိတ်ထဲတွင် မြည်ဟီးလာခဲ့သည်။

【ဒင်... လက်ခံသူရဲ့ ရည်ရွယ်ချက် မပါဘဲ အခန်းစီစဉ်ပေးမှုက ကံကြမ္မာသမီးတော် လျှိုရူယန်ရဲ့ နှလုံးသားကို အရမ်းနွေးထွေးစေခဲ့တယ်... ဆုလာဘ် နှစ်ဆ... နှစ်လစာ ကျင့်ကြံခြင်း အတွေ့အကြုံ...】

【လက်ရှိ စုဆောင်းမှု...နှစ်လ】

"..."

စူးချန်ကဲ ကြောင်အမ်းသွားခဲ့သည်။ ထိုအရာက သူမ၏နှလုံးသားကို အလွန်အမင်း နွေးထွေးစေရန် လုံလောက်နေပြီလောဟု သူ တွေးမိလေ၏။

"တကယ်ကို့ ဒုတိယကောင်မလေးက ဒီလောက်ထိ ခံစားလွယ်တာလား..."

"သူက ဧကရီတစ်ပါး မဟုတ်ဘူးလား..."

"ဒီကိစ္စနှင့် ပတ်သက်ပြီး သူက ဘာလို့ ဒီလောက်ထိ ခံစားလွယ်ရတာလဲ..."

စူးချန်ကဲပင်လျှင် အံ့အားသင့်သွားခဲ့သည်။ နင်ဖူယောင်နှင့်ထုယိုယိုတို့ပင်လျှင် အခန်း အစီအစဉ်အတွက် စနစ်ဆုလာဘ်ကို မဖြစ်ပေါ်စေခဲ့ခြင်းက ထိုလုပ်ရပ်သည် သူမတို့၏ နှလုံးသားကို မနွေးထွေးစေခဲ့ကြောင်း သက်သေပြနေသည်။ ထို့ကြောင့် စူးချန်ကဲ၏အမြင်အရ လျှိုရူယန်၏ နှလုံးသားကို နွေးထွေးစေရန် ပို၍ပင် ဖြစ်နိုင်ခြေ နည်းပါးသင့်သည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် ပြန်လည်ဝင်စာသော ဧကရီအရှင်မတစ်ဦးဖြစ်ပြီး သေချာပေါက် မောက်မာသော အမျိုးအစားပင်။ သူမကို စိတ်လှုပ်ရှားသွားစေရန် မလွယ်ကူသင့်ချေ။

"သူ့ကို နွေးထွေးပေးဖို့ ဒီလောက် လွယ်ကူနေမှတော့ ငါ အရှိန်မြှင့်သင့်တယ်... နတ်ဘုရားမီးတောက်နယ်ပယ်ကို ရောက်ဖို့ ငါ့မှာ ကျင့်ကြံခြင်း အတွေ့အကြုံတွေ လိုနေတာနဲ့ အတော်ပဲ..."

ပြတ်သားမှု အရိပ်အယောင်တစ်ခုက စူးချန်ကဲ၏မျက်လုံးများတွင် လင်းလက်သွားခဲ့သည်။ ထို့နောက် သူက လျှိုရူယန်ကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

"မြန်မြန် ထိုင်ပြီး စား..."

လက်တွေ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာပြီးနောက် လျှိုရူယန်က အနေရခက်စွာ ခေါင်းညိတ်လိုက်ပြီး စူးချန်ကဲ၏မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး အနေရခက်သကဲ့သို့ ခံစားနေရသည်။

ထုယိုယိုကမူ စတင် စားသောက်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

တစ်ချိန်တည်းမှာပင် သူမ၏နံဘေးရှိ နင်ဖူယောင်သည် ဖြည်းညှင်းစွာ ဝါးစားနေပြီး သူမ၏လှပသော မျက်လုံးများဖြင့် စူးချန်ကဲ၏ ရင်ဘတ်ကို တစ်ခါတစ်ရံ ခိုးကြည့်နေကာ သူမ၏ပါးပြင်များ အနည်းငယ် နီရဲနေခဲ့သည်။ သူမသည် ရှက်ရွံသွားသဖြင့် စားပွဲပေါ်ရှိ ဟင်းပွဲများဆီသို့ အလျင်အမြန် အကြည့်လွှဲလိုက်၏။

"ဘာလို့ တူကို မသုံးတာလဲ..."

စူးချန်ကဲက လျှိုရူယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အလွန်သဘာဝကျစွာဖြင့် ဟင်းသီးဟင်းရွက်တစ်ဖတ်ကို ယူကာ လျှိုရူယန်၏ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

"ဒီခရီးစဉ်မှာ မင်း ဒုက္ခတွေအများကြီး ခံစားခဲ့ရမှာပဲ... လာ... အများကြီးစား..."

ဤစကားကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက်...

လျှိုရူယန်သည် သူမ၏ ပန်းကန်လုံးထဲရှိ ဟင်းသီးဟင်းရွက်ကို ချက်ချင်း ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေပြီး သူမ၏စိတ် အနည်းငယ် ဗလာကျင်းသွားခဲ့သည်။ စူးချန်ကဲက သူမအား အစားအစာ ထည့်ပေးခြင်းမှာ ကောင်းကင်တာအို၏ သာမန်အသိဥာဏ်ကို ဆန့်ကျင်သော လုပ်ရပ်တစ်ခုဖြစ်ပြီး လုံးဝမဖြစ်သင့်သော အရာတစ်ခုအဖြစ် ထင်ရသည်။

တစ်ချိန်တည်းမှာပင် သူမ ဖိနှိပ်ထားခဲ့သော စိတ်ခံစားမှုများက နောက်ဆုံးတွင် ထိန်းချုပ်၍ မရနိုင်တော့ဘဲ သူမ၏ ခန္ဓာကိုယ်တလျှောက် ပျံ့နှံ့သွားကာ ရှုပ်ထွေးသော အတွေးများက သူမ၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

"သူ... သူက ငါ့ကို စိတ်ပူနေတာလား..."

"ကြည့်ရတာ ဟွမ်ထျန်းမြို့ကို ငါ သွားမယ့် ခရီးစဉ်ကို အစကတည်းက သူ တကယ် အာရုံစိုက်နေခဲ့ပုံရတယ်..."

နင်ဖူယောင်၏ အစားအစာ ခူးခတ်နေသည့် လှုပ်ရှားမှုမှာ အနည်းငယ် ရပ်တန့်သွားပြီး ဤမြင်ကွင်းကို သူမ မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။

"စီနီယာအစ်ကိုက ဒုတိယ စီနီယာအစ်မကို ဟင်းထည့်ပေးတာလား..."

သို့ရာတွင် ထုယိုယို၏ ကြည်လင်သော မျက်လုံးများက ကလည်ကလည်ဖြစ်သွားပြီး သူမ၏ ပန်းကန်လုံးကို စူးချန်ကဲဆီသို့ ချက်ချင်းလက်ကမ်းပေးလိုက်ကာ ချွဲနွဲ့သောအသံဖြင့် ပြောလိုက်သည်။

"စီနီယာအစ်ကို... ကျွန်မလည်း လိုချင်တယ်..."

【ဒင်... ကံကြမ္မာသမီးတော် လျှိုရူယန်ရဲ့ နှလုံးသားက နောက်တစ်ကြိမ် အရမ်းနွေးထွေးသွားခဲ့ပါတယ်... ဆုလာဘ် နှစ်ဆ... နှစ်လစာ ကျင့်ကြံခြင်း အတွေ့အကြုံ...】

【လက်ရှိ စုဆောင်းမှု...လေးလ...】

"ကောင်းပါပြီ... ကောင်းပါပြီ..."

စနစ်၏ ဆုလာဘ်အသိပေးချက်ကို ကြားသောအခါ စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် ထုယိုယိုအတွက် အသားတစ်ဖတ်ကို ယူပေးလိုက်ကာ တိတ်တဆိတ် တွေးလိုက်၏။

"ဒုတိယကောင်မလေးက တကယ့်ကို ခံစားလွယ်တာပဲ..."

ထိုသို့တွေးတောပြီးနောက် သူက နင်ဖူယောင်ကိုလည်း ဟင်းသီးဟင်းရွက်တချို့ကို ပေါ့ပေါ့ပါးပါး ထည့်ပေးလိုက်၏။

ဤသိမ်မွေ့သော လုပ်ရပ်က နင်ဖူယောင်၏ပါးပြင်များကို ချက်ချင်း နီရဲသွားစေခဲ့ပြီး သူမက ခေါင်းငုံ့ကာ တီးတိုးပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို..."

တခဏအကြာတွင် လျှိုရူယန်၏အမူအရာ အနည်းငယ် သက်သာသွားခဲ့သည်။ သူမ၏ မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်တစ်ခုနှင့်အတူ သူမက ပြောလိုက်သည်။

"ဟွမ်ထျန်းမြို့မှာ ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို... ဂျူနီယာညီမလေးက ဒီကျေးဇူးကို စိတ်နှလုံးသားထဲမှာ မှတ်ထားပြီး အနာဂတ်မှာ သေချာပေါက် ပြန်ဆပ်ပါ့မယ်..."

အမှန်အားဖြင့် စူးချန်ကဲကို ပထမဆုံး မြင်လိုက်ရသည့် အချိန်ကတည်းက ဤစကားကို သူမ ပြောချင်နေခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူ၏ ရုတ်တရက် ထွက်ပေါ်လာမှုက သူမကို လန့်သွားစေခဲ့ပြီး သူမအတွက် ချန်ထားပေးသော အခန်းအကြောင်း ကြားရသောအခါ သူ့ကို ကျေးဇူးတင်ရန် တခဏမျှ မေ့သွားခဲ့လေ၏။

သို့ရာတွင် ယခု ပြောဆိုရခြင်းက ယခင်ကထက် သူမကို ပို၍အပြစ်ရှိသလို ခံစားရစေခဲ့သည်။

စူးချန်ကဲနှင့် ပတ်သက်၍ သူမ၏ယခင် အကဲဖြတ်မှုများ မှားယွင်းနေခဲ့ကြောင်းနှင့် အမှန်အားဖြင့် သူသည် သူ၏ဂျူနီယာညီမလေး ဖြစ်သော သူမကို အမြဲတစေ ဂရုစိုက်နေခဲ့ကြောင်း ပေါ်လွင်လာခဲ့သည်။

"ငါတို့က မိသားစုတွေပဲလေ... ကျေးဇူးတင်ဖို့ မလိုပါဘူး..."

စူးချန်ကဲက ညင်သာစွာ ပြောလိုက်၏။

ဤစကားက လျှိုရူယန်၏မျက်လုံးသူငယ်အိမ်များကို ချက်ချင်းဆိုသလိုပင် အနည်းငယ် ကျဥ်းမြောင်းသွားစေခဲ့သည်။

"ကယ်တင်ပေးတာလား..."

ထိုစကားကို ကြားသောအခါ ထုယိုယို၏ အမူအရာ တင်းမာသွားပြီး သူမက စိုးရိမ်တကြီး မေးလိုက်သည်။

"ဒုတိယ စီနီယာအစ်မ... အစ်မက ဘာလို့ ဟွမ်ထျန်းမြို့ကို သွားခဲ့တာလဲ... တစ်ခုခု ဖြစ်လို့လား... အစ်မ ထိခိုက်မိသေးလား..."

အနီးအနားတွင် ရပ်နေသော နင်ဖူယောင်ကလည်း လျှိုရူယန်ကို နက်ရှိုင်းသော စိုးရိမ်မှု အမူအရာဖြင့် ကြည့်လေသည်။

လျှိုရူယန်က တခဏမျှ စဉ်းစားလိုက်ပြီးနောက် ချီလန်စံအိမ်အကြောင်းသာ ဖုံးကွယ်၍ သူမသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရသော အကျပ်အတည်း အများအပြားကို ရင်ဆိုင်ခဲ့ရသည့်ဖြစ်စဉ်ကို အလွန်ရိုးရှင်းစွာ ဖော်ပြလိုက်သည်။

"အာ... အဲ့ဒီလောက်တောင် အန္တရာယ် များတာလား... ဒုတိယ စီနီယာအစ်မ... အစ်မက ဘာလို့ အဲ့ဒီကို သွားခဲ့တာလဲ..."

"ဘာလို့ အဝေးကြီးကို သွားရတာလဲ...တကယ်လို့ အစ်မ သွားချင်ရင် ဘာလို့ စီနီယာအစ်ကိုကို အစ်မကို ခေါ်သွားဖို့ မတောင်းဆိုခဲ့တာလဲ... သူ အဲ့ဒီမှာ ရှိနေရင် အစ်မ အန္တရာယ် ရှိမှာ မဟုတ်ဘူးလေ..."

ထုယိုယိုက လေးနက်စွာ ပြောလိုက်ပြီးနောက် စူးချန်ကဲကို ချစ်စရာကောင်းသော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။

"စီနီယာအစ်ကို... ကျွန်မ ပြောတာ မှန်တယ် မလား..."

ဤအရာကို ကြားသောအခါ လျှိုရူယန်က မည်သို့ပြန်ဖြေရမှန်း သေချာမသိခဲ့ချေ။ သူမသည် ဟွမ်ယန်ဆေးလုံး လိုအပ်ကြောင်း ကောင်းကင် ရတနာများ အမြောက်အမြား လိုအပ်ကြောင်းနှင့် သူမ၏ ယခင်ဘဝက မဟာ ရန်သူများကို ရင်ဆိုင်ရန် အလွန်တိုတောင်းသော အချိန်အတွင်း သူမ၏ ခွန်အားကို တတ်နိုင်သမျှ မြှင့်တင်ရန် လိုအပ်ကြောင်း သူတို့ကို သူမ မည်သို့ ပြောနိုင်မည်နည်း။

All Chapters