← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း (၁၆၁) နောက်တစ်ကြိမ် ပြန်စရင်တောင် ငါက ပုရွက်ဆိတ် တစ်ကောင် ဖြစ်နေတုန်းပဲ

ကြောက်မက်ဖွယ်ကောင်းသော ဥပဒေသ မုန်တိုင်းတစ်ခုက တုန်လှုပ်ချောက်ချား အင်မော်တယ်၏ခန္ဓာကိုယ်အတွင်းမှ တလိမ့်လိမ့်ပျံ့နှံ့လာခဲ့သည်။

သူ၏ကျင့်ကြံခြင်းသည် ယခုအချိန်၌ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိနေလေပြီ။

သူ ယခင်ဘဝက ကျင့်ကြံခဲ့သော ဧကရာဇ် ကျင့်စဉ်နှင့် ပေါင်းစပ်လိုက်ပါက ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးကို ဖိနှိပ်ခြင်းမှာ သူ၏လက်ဝါးကို လှန်လိုက်သကဲ့သို့ လွယ်ကူပေ၏။

"အလင်းကိုးဖြာ ကောင်းကင်ပယ်ဖျက် လက်ဝါးစည်းတံဆိပ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်၏တစ်ကိုယ်လုံး၌ ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းရည်တစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။

ခရက်...

ခုံးဝူတောက်၏ရှေ့ရှိ ဟင်းလင်းပြင် ချက်ချင်း ကျိုးပဲ့သွားပြီး ကျိုးပေါက်သွားသော ဆည်တစ်ခုကဲ့သို့ ဧရာမဥပဒေသ ဒီရေလှိုင်းကြီးတစ်ခု ကျဆင်းလာခဲ့သည်။

နောက်တခဏတွင် တောက်ပသော အင်မော်တယ်ချီစွမ်းအင်များ ဖြာထွက်နေသည့် ရွှေရောင် စည်းတံဆိပ်တစ်ခုကို ကိုင်ဆောင်ထားကာ အဆုံးမဲ့ဥပဒေသစွမ်းအားများဖြင့် စုစည်းထားသော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးကို ဖိနှိပ်ကာ ဟင်းလင်းပြင်ကို လွှမ်းခြုံသွားပေ၏။

"ခုံးဝူတောက်... ဒီခေတ်ရဲ့ ကောင်းကင်ကံကြမ္မာက ငါ့ဟာ ဖြစ်လာမှာပဲ..."

"ဒီနေရာက မင်းရဲ့ သင်္ချိုင်းမြေ ဖြစ်လာလိမ့်မယ်..."

သို့သော် ခုံးဝူတောက်က မျက်နှာအမူအရာ မပြောင်းလဲဘဲ အပိုအကြည့်တစ်ချက်ပင် မပေးခဲ့ချေ။

"ဟုတ်လား... မင်းက တော်တော်လေး ယုံကြည်မှု ရှိနေတာပဲ..."

ခုံးဝူတောက်က လှောင်ပြောင်လိုက်ပြီး သူ့ညာဘက်လက်ကို ဆန့်ထုတ်ကာ ဟင်းလင်းပြင်အတွင်းတွင် အနည်းငယ် ဖမ်းဆုပ်လိုက်၏။

ဝုန်း...

သူ၏လက်ချောင်းငါးချောင်းကို ဆုပ်လိုက်သည်နှင့် ထူထပ်သိပ်သည်းသော ကမ္ဘာဦးချီစွမ်းအင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအရာသည် ဤနေရာကို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် လုံးလုံးလျားလျား ချိတ်ပိတ်လိုက်ကာ ဥပဒေသများကို ရပ်တန့်သွားစေခဲ့သည်။

ကြီးမားသော တုန်ခါသံတစ်သံ ပဲ့တင်ထပ်သွားပေ၏။

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ နတ်ဘုရားစွမ်းရည် ချက်ချင်းခြေမွှဖျက်ဆီးခြင်းခံလိုက်ရပြီး သူကိုယ်တိုင်သည်လည်း ပြင်းထန်သော ဒဏ်ရာများကို ခံစားလိုက်ရသည်။ သူသည် သွေးများကို အန်ထုတ်လိုက်ရပြီး သူ၏အရှိန်အဝါ အားနည်းကာ ဖြူရော်နေသည်။

"ဒါက ဘယ်လိုလုပ်ပြီး... ဖြစ်နိုင်မှာလဲ..."

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ဖရိုဖရဲဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခုံးဝူတောက်ကို ကြည့်နေသော သူ၏အကြည့်များတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပေ၏။

တစ်ဖက်လူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာအားကောင်းနေရတာလဲ။

သူ၏ကျင့်ကြံခြင်းသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိပြီးဖြစ်သည်။

သူ၏ယခင်ဘဝက ဧကရာဇ်အဆင့် မှော်ပညာရပ်တွေနဲ့ ပေါင်းစပ်ခဲ့သည့်တိုင် မည်သည်ကြောင့် သူက ပြန်လည်နိုးထလာသောခေတ်မှ ပါရမီရှင်တစ်ယောက်ကို မဖိနှိပ်နိုင်သနည်း။

[ဒင်... ပုံမှန်မဟုတ်တဲ့ ကောင်းကင်ကံကြမ္မာပိုင်ရှင် တုန်လှုပ်ချောက်ချားအင်မော်တယ်ရဲ့ ပြိုင်ဘက်ကင်း တာအိုနှလုံးသားက ပြင်းထန်တဲ့ ထိခိုက်ပျက်စီးမှုကို ခံစားလိုက်ရကြောင်း ထောက်လှမ်းတွေ့ရှိရပါတယ်... တစ်ဖက်လူရဲ့ ကောင်းကင်ကံကြမ္မာအမှတ်တွေကို ၂၀၀၀ နှုတ်ယူလိုက်ပြီး ၅၀၀၀ မှတ် ကျန်ရှိနေပါတယ်...]

[သခင်က သုံးဆပြင်းထန်တဲ့ တိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့ပြီးတော့ ကောင်းကင်ကံကြမ္မာအမှတ် ၆၀၀၀ ကို အောင်မြင်စွာ ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်...]

"တုန်လှုပ်ချောက်ချား အင်မော်တယ်... ဂုဏ်သိက္ခာရှိတဲ့ ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် တစ်ပါးဖြစ်တဲ့ မင်းက ဘယ်လိုလုပ်ပြီး ငါ့ထက် နိမ့်ကျနေရတာလဲလို့ မင်း တွေးနေတာလား..."

ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်၏ နောက်ပြောင်လိုသော အသံက ပဲ့တင်ထပ်လာခဲ့သည်။

"ဟဲ ဟဲ... မင်းရဲ့အရင်ဘဝတုန်းက ငါ့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေက ဧကရာဇ် တစ်ပါးရဲ့ ဖိနှိပ်တာကို မင်း ခံခဲ့ရတယ်... ဒါကြောင့် ဒီဘဝမှာလည်း ငါက မင်းကို ထပ်ပြီး ဖိနှိပ်နိုင်တာက သဘာဝကျပါတယ်..."

"ဘာပဲဖြစ်ဖြစ် တစ်ခါသေဖူးတဲ့ ပုရွက်ဆိတ် တစ်ကောင်က နောက်တစ်ဘဝအတွက် ပြန်လည်ဝင်စားနိုင်ရင်တောင်မှ သူက ပုရွက်ဆိတ် တစ်ကောင် ဖြစ်နေတုန်းပဲ..."

သူ၏စကားသံများ ကျဆင်းသွားသည်နှင့် ပတ်ဝန်းကျင်နေရာတဝိုက်လုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ကျရောက်သွားပြီး လက်ရှိနေရာတွင် ရှိနေသူများအားလုံး မှင်သက်သွားကြ၏။

ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်... တုန်လှုပ်ချောက်ချား အင်မော်တယ်...

အထူးသဖြင့် နာလန်ချိုးရန်ပင်။ သူမ စေ့စပ်ထားသူက ထျန်းယွမ်သူတော်စင်နန်းတော်၏ အသုံးမကျသူတစ်ယောက်သာ မဟုတ်လော။

သူသည် မည်သည်ကြောင့် ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ဒဏ္ဍာရီဖြစ်သော တုန်လှုပ်ချောက်ချား အင်မော်တယ် ဖြစ်လာရသနည်း။

"ဖြစ်နိုင်တာက..."

အစောပိုင်းက ခုံးဝူတောက် ပြောဆိုခဲ့သည့် စကားများကို သူမ ရုတ်တရက် ပြန်လည်၍ အမှတ်ရသွားသည်။

မုဟောက်က သူမ သိကျွမ်းခဲ့တဲ့ မုဟောက် မဟုတ်တော့ဘူး။

ယခုအချိန်၌ သူမသည် နောက်ဆုံးတွင် လုံးလုံးလျားလျား နားလည်သွားခဲ့လေပြီ။

သူမ၏ တန်ဖိုးမရှိသော စေ့စပ်ထားသူသည် တခြားသူတစ်ယောက်မှ ခန္ဓာကိုယ်လုယူခြင်းကို ခံခဲ့ရသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ရင်းနှီးနေသော အခွံလွတ်တစ်ခုကိုသာ ပိုင်ဆိုင်ထားခြင်း ဖြစ်ပေမည်။

ဤအချက်က နာလန်ချိုးရန်ကို တုန်လှုပ်ချောက်ချား အင်မော်တယ်အပေါ် ပို၍ပင် မုန်းတီးသွားစေခဲ့သည်။

သူမနှင့် ရင်းနှီးသူ တစ်ယောက်၏ ဟန်ဆောင်မှုအောက်တွင် သူမ လေးစားအားကျရသော နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကို အကြိမ်ကြိမ် ဆန့်ကျင်ရန် သူ ရဲတင်းနေခဲ့ပေ၏။

သူသည် သူမတို့ ကောင်းကင်ဘုံ တာအိုနယ်မြေ၏ ဒဏ္ဍာရီတစ်ခု ဖြစ်နေသည့်တိုင် သူသည် သေသင့်နေဆဲပင်။

"မင်းက ဘယ်လိုလုပ်ပြီး သိသွားတာလဲ..."

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်လုံးသူငယ်အိမ်များက အပ်တစ်ချောင်းအလား ချက်ချင်းကျဉ်းမြောင်းသွားပြီး သူ၏ စိတ်များ ဗလာဟင်းလင်းဖြစ်ကာ ဗလောင်ဆူသွားတော့သည်။

သူ၏ ပြန်လည်ဝင်စားခြင်းအကြောင်းကို သူ အယုံကြည်ရဆုံး ကောင်းကင်လမ်းကြောင်းအစ်မကိုသာ ပြောပြခဲ့ဖူးပေ၏။

တခြားမည်သူ့ကိုမျှ သူ စကားတစ်ခွန်းပင် မဖွင့်ဟခဲ့ဖူးချေ။

ဒါပေမယ့် ခုံးဝူတောက်က ဘယ်လို သိတာလဲ...

သို့သော် ခုံးဝူတောက်သည် တုန်လှုပ်ချောက်ချား အင်မော်တယ်၏မေးခွန်းကို မဖြေခဲ့ချေ။

ထိုအစား သူက ပြုံးလိုက်ပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်၏နောက်ရှိ ဟင်းလင်းပြင်ကိုကြည့်ကာ ပြောဆိုလိုက်၏။

"စီနီယာကောင်းကင်ပြာက ဒီနေရာမှာ ရှိနေမှတော့... ဘာလို့ ထွက်လာပြီး ငါနဲ့ မတွေ့တာလဲ..."

ဝီ...

ခုံးဝူတောက်၏ စကားများ ကျဆင်းသွားသည့် အခိုက်အတန့်မှာပင် တုန်လှုပ်ချောက်ချား အင်မော်တယ်၏နောက်ရှိ ဟင်းလင်းပြင်သည် အနည်းငယ် တွန့်လိမ်သွားပေ၏။

တောက်ပသော မှော်အက္ခရာ ထောင်ပေါင်းများစွာ ထွက်ပေါ်လာကာ နောက်ဆုံးတွင် လှပသော ပုံရိပ်တစ်ခုအဖြစ် စုစည်းသွားသည်။

လူးလွန့်နေသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကောင်းကင်ပြာထံတွင် သိမ်မွေ့ပြီး လောကီနှင့်ကင်းကွာသော မျက်နှာအသွင်အပြင်များရှိသည်။ သူမ၏ သန့်ရှင်းသော အရှိန်အဝါကြားတွင် လောကီနှင့် ကင်းကွာမှု အနည်းငယ် ပါဝင်နေပေ၏။

သူမ၏ အပြင်ပန်း တည်ငြိမ်သော ဟန်ပန်နှင့် နှိုင်းယှဉ်ပါက ကောင်းကင်ပြာ၏နှလုံးသားသည် ဧရာမလှိုင်းလုံးကြီးများဖြင့် တလိမ့်လိမ့်ထနေလေပြီ။

တစ်ဖက်လူ၏ ကြီးမားသော ခွန်အားက မျိုးဆက်သစ်လူငယ်များ၏ နယ်ပယ်ထက် များစွာကျော်လွန်နေရုံသာမက ပြတ်သားပြီး ရက်စက်သော လုပ်ရပ်များလည်း ရှိနေသည်။

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်၏ ပြန်လည်ဝင်စားသူ ဖြစ်သော်လည်း ခုံးဝူတောက်နှင့်နှိုင်းယှဉ်ပါက သူသည် အလွန်အမင်း နိမ့်ကျနေဆဲပင်။

တုန်လှုပ်ချောက်ချား အင်မော်တယ် လှမ်းလိုက်သော ခြေလှမ်းတိုင်းက ခုံးဝူတောက်၏ ထိန်းချုပ်မှုနှင့် မျှော်လင့်ချက်များ အတွင်းတွင် ရှိနေပုံ ရပေ၏။

ဤသည်က ခုံးဝူတောက်ကို ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ဦးအဖြစ် ရှုမြင်သည့် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ စိတ်နေစိတ်ထားနှင့် မတူညီချေ။ ထိုအစား ခုံးဝူတောက်က သူမကို ကြွက်တစ်ကောင်နှင့် ကစားနေသော ကြောင်တစ်ကောင်၏ ခံစားချက်မျိုး ပေးစွမ်းနေသည်။

"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ရဲ့ နာမည်ဂုဏ်သတင်းကို ငါ လေးစားအားကျနေတာ ကြာပါပြီ... ဒီနေ့ အရှင့်ကို တွေ့ရတာ အရှင်က တကယ့်ကို ထူးခြားတာပဲ..."

"တကယ်လို့ နတ်ဘုရားသားတော်အရှင်က ဒီရှေးဟောင်းမဟာတာအို အမှတ်အသားကို လိုချင်တယ်ဆိုရင်... ငါတို့က လက်နှစ်ဖက်နဲ့ ဆက်သဖို့ ဆန္ဒရှိပါတယ်..."

ထိုသို့ပြောဆိုရင်း ကောင်းကင်ပြာက ခုံးဝူတောက်ထံသို့ ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။

"နတ်ဘုရားသားတော်အရှင်ကို သနားညှာတာဖို့နဲ့ ရှန်းအာရဲ့ အသက်ကို ချမ်းသာပေးဖို့ပဲ ငါ တောင်းဆိုပါတယ်..."

ခုံးဝူတောက်အပေါ် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ဒေါသနှင့် နှိုင်းယှဉ်ပါက ကောင်းကင်ပြာက သူ့အပေါ် စိုးရိမ်ကြောက်ရွံ့မှုကို ပို၍ခံစားနေသည်။

တစ်ဖက်လူ၏စွမ်းအားနှင့် နည်းလမ်းများ အပြင် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ အစစ်အမှန် အထောက်အထားကို ခုံးဝူတောက် သိနေခြင်းက သူမကို အလွန်ကြောက်လန့်သွားစေခဲ့သည်။

ထိုကဲ့သို့ လူတစ်ယောက်နှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ခြင်းက သေဆုံးခြင်းကိုသာ ဦးတည်သွားပေလိမ့်မည်။

ယခုချိန်၌ သူမတို့ အညံ့ခြင်းက မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ပေးစွမ်းနိုင်ပေ၏။

"ကောင်းကင်လမ်းကြောင်းအစ်မ..."

ခုံးဝူတောက် စကားမပြောနိုင်မီမှာပင် တုန်လှုပ်ချောက်ချားအင်မော်တယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ကောင်းကင်လမ်းကြောင်းအစ်မ... ဒီရှေးဟောင်းမဟာတာအို အမှတ်အသားကို ရှာဖို့ ငါတို့က အားထုတ်မှုတွေ အချိန်တွေ အများကြီး ပေးခဲ့ရတာ... သူ့ကို ဒီလိုမျိုး ဘယ်လိုလုပ် လွယ်လွယ်လေး ပေးလိုက်လို့ ရမှာလဲ..."

တုန်လှုပ်ချောက်ချား အင်မော်တယ်၏အသံတွင် ဆန္ဒမရှိမှုများဖြင့် ပြည့်နှက်နေသည်။

"အခု ခုံးဝူတောက်က ငါ့ရဲ့ အထောက်အထားကို သိသွားပြီဆိုတော့... အခု ငါ့ကို မတိုက်ခိုက်ဖို့ သူ သဘောတူရင်တောင် အနာဂတ်မှာ ငါ့အပေါ် အကြံအစည်တွေ ရှိလာမှာ မဟုတ်ဘူးလို့ မဆိုလိုဘူး..."

"ဒါ့ပြင်... ဒါက ငါတို့အတွက် အခွင့်အရေးကောင်း တစ်ခုပဲ... မင်းရဲ့

စွမ်းအားနဲ့ဆိုရင် ခုံးဝူတောက်တို့အုပ်စုကို ဖိနှိပ်ဖို့က လွယ်ကူမှာ မဟုတ်ဘူးလား..."

"မင်းက သေလမ်းရှာနေတာပဲ..."

ခုံးဝူတောက်၏နံဘေးတွင် မတ်တတ်ရပ်နေသော ဧကရာဇ်သားတော်များနှင့်သမီးတော်များတွင် သုန်မှုန်နေသော မျက်နှာအမူအရာများ ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက သူတို့၏ခန္ဓာကိုယ်များမှ ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ပြာ၏စွမ်းအားက သူတို့ကို အနည်းငယ် စိုးရိမ်စေခဲ့သော်လည်း အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ထိပ်တန်းအဆင့် ပါရမီရှင်များအနေဖြင့် သူတို့တွင် ကိုယ်ပိုင်ဝှက်ဖဲများမရှိဘဲ မနေချေ။

တာအိုနယ်မြေတစ်ခု၏ ကောင်းကင်တာအိုကို ဆန့်ကျင်ရလျှင်ပင် သူတို့ထံတွင် တိုက်ခိုက်ရန် ယုံကြည်ချက် ရှိနေဆဲပင်။

"စီနီယာကောင်းကင်ပြာက တော်တော်လေး အသိဉာဏ်ရှိတာပဲ..."

ထိုသို့ပြောဆိုရင်း ခုံးဝူတောက်၏ မထီမဲ့မြင်ပြုသော အကြည့်က တုန်လှုပ်ချောက်ချား အင်မော်တယ်ထံသို့ ပြန်ရောက်သွားပြီး နောက်ပြောင်လိုသည့်ဟန်ဖြင့် ပြောလိုက်၏။

"အခြေအနေကိုတောင် မခွဲခြားတတ်တဲ့ ဝက်ဦးနှောက်နဲ့ ကောင်မျိုးနဲ့ မတူဘူး..."

"ဒီအမှိုက်က ဘယ်လိုကံကောင်းမှုမျိုးနဲ့ ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် ဖြစ်လာလဲ မသိဘူး..."

"ခုံးဝူတောက်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် အလွန်အမင်း ဒေါသထွက်နေပြီး သူ၏မျက်လုံးများပင် ပေါက်ကွဲထွက်လာတော့မည့်အလား ဖြစ်နေပေ၏။

ခုံးဝူတောက်ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် ကြိုးစားပြီး သူ၏ မူလအစ သွေးအနှစ်သာရကိုပင် လောင်ကျွမ်းလိုက်သည်။

"ရှန်းအာ... နင် မိုက်မဲတဲ့ အလုပ်တွေ လုပ်နေတာကို ရပ်လို့ မရဘူးလား..."

ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ပြာ၏ ဒေါသတကြီး ဆူပူကြိမ်းမောင်းသံ ရုတ်တရက် ပဲ့တင်ထပ်လာပြီး ရှေ့သို့ပြေးဝင်ရန် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ကြိုးစားမှုကို ချက်ချင်းရပ်တန့်သွားစေခဲ့သည်။

"အခုချိန်မှာ နင့်အနေနဲ့ နင့်ရဲ့အရင်ဘဝက မောက်မာမှုတွေကို မစွန့်လွှတ်နိုင်သေးတာရယ် နင်က အမြဲတမ်း ယုံကြည်မှုရှိရှိနဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချနေတယ်ဆိုတာရယ်ကို ငါ သိတယ်..."

"ဒါပေမယ့် နင် သိထားရမှာက... နင်က အခု လောကီဧကရာဇ် မဟုတ်တော့ဘူး... ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်လည်း မဟုတ်တော့ဘူး... နင်က သူတော်စင်နယ်ပယ်ကိုတောင် မရောက်သေးတဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ..."

"ကောင်းကင်လမ်းကြောင်းအစ်မ..."

တုန်လှုပ်ချောက်ချား အင်မော်တယ် လုံးလုံးလျားလျား ဆွံ့အသွားပေ၏။

သူ၏ယခင်ဘဝတွင်ဖြစ်စေ ဤဘဝတွင်ဖြစ်စေ ကောင်းကင်လမ်းကြောင်းအစ်မသည် သူ့အပေါ် ဤမျှထိ ဒေါသထွက်သည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ကောင်းကင်ပြာသည် ဤအချိန်အခိုက်အတန့်တွင် အမှန်တကယ်ကို ဒေါသထွက်နေခဲ့သည်။

သူမက တုန်လှုပ်ချောက်ချား အင်မော်တယ်အပေါ် အနည်းငယ် စိတ်ပျက်သွားသည်။

သူမ ခက်ခက်ခဲခဲ ပြုစုပျိုးထောင်ခဲ့သော လူသည် မည်သည်ကြောင့် ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုးသို့ ကျဆင်းသွားရသနည်း...

ခွဲခြားသိမြင်နိုင်သူတိုင်း အခြေအနေ၏ ထိန်းချုပ်မှုက သူတို့ထံတွင် မရှိဘဲ ခုံးဝူတောက်ထံတွင် ရှိနေကြောင်း မြင်တွေ့နိုင်ပေ၏။

ခုံးဝူတောက်ကို ဆက်လက်၍ ရန်စခြင်းက သူမတို့အတွက် ဆိုးရွားသော အဆုံးသတ်ကိုသာ သေချာပေါက် ဦးတည်သွားစေပေလိမ့်မည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူ၏ယခင်ဘဝကဲ့သို့ လေနှင့်မိုးကို အမိန့်ပေးနိုင်သော ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် ဖြစ်နေသေးသည်ဟု ယုံကြည်နေလျှင်ပင်...

ယခုချိန်၌ သူသည် အဆင့်အတန်းအရဖြစ်စေ ခွန်အားအရဖြစ်စေ ခုံးဝူတောက်ထက် များစွာ နိမ့်ကျနေကြောင်း သူ အနည်းငယ်မျှ မသိခဲ့ချေ။

လုံအောင်းထျန်း (ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသူ)လို ပြုမူနေတုန်းပဲ... အဲ့ဒါက မိုက်မဲတာ မဟုတ်ဘူးလား...

ဖြောင်း... ဖြောင်း... ဖြောင်း...

ထိုအချိန်မှာပင် တိတ်ဆိတ်နေသော ဟင်းလင်းပြင်တွင် ကြည်လင်သော လက်ခုပ်တီးသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

ခုံးဝူတောက်က လူအုပ်ထဲမှ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာပြီး ခပ်ဖျော့ဖျော့အပြုံးတစ်ခု သူ၏နှုတ်ခမ်းများတွင် ထင်ဟပ်နေပေ၏။

"အမှန်ပဲ... စီနီယာ ကောင်းကင်ပြာက ဝက်ဦးနှောက်နဲ့ ကောင်မျိုးထက် အများကြီး ပိုပြီး ဉာဏ်ကောင်းတာပဲ..."

"စီနီယာ ကောင်းကင်ပြာက ဝန်ထုပ်ဝန်ပိုးတစ်ခုကို ဒီလောက်တောင် ခက်ခက်ခဲခဲ ဂရုစိုက်ပေးနေတာက... ဒီဂျူနီယာကို တကယ်ပဲ မနာလို ဖြစ်စေတယ်..."

"တကယ်တော့ ငါက ရှေးဟောင်းမဟာတာအို အမှတ်အသားကိုပဲ လိုချင်တာ မဟုတ်ဘူး..."

ခုံးဝူတောက်က ကောင်းကင်ပြာကို ခေါင်းမှ ခြေဖျားအထိ အကဲခတ်လိုက်ပြီး ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောဆိုလိုက်၏။

"စီနီယာ ကောင်းကင်ပြာ... မင်းကိုလည်း ငါက သိမ်းပိုက်ချင်တယ်..."

"ဘယ်လိုလဲ စီနီယာ... အခုကစပြီး ငါ့ရဲ့နောက်ကို လိုက်မလား..."

အခန်း (၁၆၂) မင်းရဲ့ စိတ်တွေ ပြိုလဲပျက်စီးသွားရင် တာအိုနယ်မြေက သက်ရှိတွေအားလုံး မင်းနဲ့အတူ မြေမြှုပ်ခံရလိမ့်မယ်

ခုံးဝူတောက်၏အသံက လူတိုင်း၏နားထဲတွင် အလွန်ရှင်းလင်းစွာ ပဲ့တင်ထပ်သွားခဲ့သည်။

အထူးသဖြင့် ကောင်းကင်ပြာဖြစ်ပြီး ဤစကားများကို ကြားလိုက်ရသောအခါ သူမ အလွန်အမင်း အံ့အားသင့်သွားကာ နေရာမှာပင် မှင်သက်နေတော့သည်။

ဘာ...

ခုံးဝူတောက်က ရှေးဟောင်းမဟာတာအို အမှတ်အသားကို လိုချင်ရုံသာမက...

သူက ငါ့ကိုပါ တကယ်ကြီး လိုချင်နေတာလား...

"မင်းက စိတ်ကူးယဉ်နေတာပဲ..."

ဤအချိန်အခိုက်အတန့်တွင် တုန်လှုပ်ချောက်ချားအင်မော်တယ်၏ ဒေါသတကြီး ဟိန်းဟောက်သံက တိတ်ဆိတ်မှုကို ရုတ်တရက် ချိုးဖျက်လိုက်၏။

"မင်းလို နတ်မိစ္ဆာတစ်ကောင်ဆီကို ကောင်းကင်လမ်းကြောင်းအစ်မကို ငါ လုံးဝမပေးနိုင်ဘူး"

"ငါ မင်းကို စကားပြောခွင့် ပေးခဲ့လို့လား..."

ခုံးဝူတောက်၏အေးစက်စက်အကြည့်က တုန်လှုပ်ချောက်ချားအင်မော်တယ်ထံသို့ ရောက်ရှိသွားသည်။

ဝုန်း...

ရုတ်တရက် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ခုံးဝူတောက်၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။

ဟင်းလင်းပြင် တုန်ခါသွားပြီး အဆုံးမဲ့ အချိန်လေဟာနယ်အက္ခရာများ လှည့်ပတ်ကာ တလိမ့်လိမ့်ထနေပြီး ဆူပွက်နေသော ရေစီးကြောင်းကြီးတစ်ခုအလား တုန်လှုပ်ချောက်ချား အင်မော်တယ်ထံသို့ ချက်ချင်းပြေးဝင်သွားတော့သည်။

"ဝုန်း .."

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ စိတ်ကူးယဉ်နိုင်စွမ်းထက် များစွာကျော်လွန်သော စွမ်းအားတစ်ရပ် ကျဆင်းလာပြီး သူ၏ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ချည်နှောင်လိုက်၏။

ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးလိုခြင်း အရှိန်အဝါက သူ၏ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းထဲသို့ ဝင်ရောက်သွားပြီး တုန်လှုပ်ချောက်ချားအင်မော်တယ်၏ အတွင်းကလီစာများကို ဆွဲဖြဲနေသည့်အလား လတ်ဆတ်သော သွေးများကို မထိန်းနိုင်တော့ဘဲ အန်ထုတ်လိုက်ရသည်။

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျက်နှာက ဖြူရော်နေပြီး သူ၏ လောကအမြင် တစ်ခုလုံး လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

သူ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားသရွေ့ ခုံးဝူတောက်ကို ယှဉ်ပြိုင်ရန် ယုံကြည်မှု ရှိလာလိမ့်မည်ဟု သူ ယခင်က တွေးထင်ခဲ့သည်။

သို့သော် ယခုချိန်မှသာ ခုံးဝူတောက်က စွမ်းအား အစစ်အမှန်ကို ထုတ်ဖော်ပြသလိုက်သောအခါ အရာအားလုံးက သူ၏ကိုယ်ပိုင် စိတ်ကူးယဉ်မှုမျှသာဖြစ်ကြောင်း သူ ရုတ်တရက် နားလည်သဘောပေါက်သွားတော့သည်။

ခုံးဝူတောက်၏ကျင့်ကြံခြင်းက သူနှင့်တူညီသော ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်တွင်သာ မည်သို့ ရှိနေနိုင်မည်နည်း...

တစ်ဖက်လူသည် နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ခုနစ်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့လေပြီ။

နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ခုနစ်...

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားက မျိုးဆက်ဟောင်း ကျွမ်းကျင်သူ အများအပြားထက်ပင် ကျော်လွန်နေလောက်လေပြီ။

ဒီမျိုးဆက်မှာ ဘာလို့ ဒီလို ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးမျိုး ထွက်ပေါ်လာရတာလဲ...

ခရက်... ခရက်... ခရက်...

ယခင်ထက်ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော တာအိုဖိအားတစ်ခုက တုန်လှုပ်ချောက်ချားအင်မော်တယ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူ၏အရိုးများမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။

"ကောင်းကင်လမ်းကြောင်းအစ်မ... ငါ့ကို ကယ်ပါအုံး..."

တုန်လှုပ်ချောက်ချား အင်မော်တယ်က အကူအညီတောင်းခံသံကို သူ၏သွားများကြားမှ ညှစ်ထုတ်လိုက်မှသာလျှင်....

မှင်သက်နေသော ကောင်းကင်ပြာက ရုတ်တရက် အသိပြန်ဝင်လာခဲ့သည်။

သူမသည် အချုပ်အနှောင်များမှ လုံးလုံးလျားလျား လွတ်မြောက်ချင်ခဲ့ပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်က သူမ၏ တစ်ခုတည်းသော ကျန်ရှိနေသည့် မျှော်လင့်ချက်ပင်။ ထိုကြောင့် တုန်လှုပ်ချောက်ချား အင်မော်တယ် ဤနေရာတွင် သေဆုံးသွားသည်ကို သူမ ဤအတိုင်း ကြည့်မနေနိုင်ချေ။

ကြွယ်ဝသော ကောင်းကင်တာအို အရှိန်အဝါ တစ်ခုက ကောင်းကင်ပြာ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ပေ၏။

သူမ၏ပုံရိပ်က တုန်လှုပ်ချောက်ချား အင်မော်တယ်၏နံဘေးသို့ ချက်ချင်းရောက်ရှိသွားသည်။

ကောင်းကင်တာအို၏စွမ်းအားဖြင့် ခုံးဝူတောက်၏အချိန်လေဟာနယ် ဖိအားကို ဖယ်ရှားလိုက်ပြီးနောက်....

ကောင်းကင်ပြာက တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ချက်ချင်းဖမ်းဆွဲလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ဤဧရိယာမှ အလျင်အမြန် ဆုတ်ခွာရန် ကြိုးစားလိုက်သည်။

"မင်း ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား..."

ခုံးဝူတောက်က သူတို့ကို ဤအခွင့်အရေး ပေးမည် မဟုတ်ကြောင်း သိသာရှင်းလင်းနေပေ၏။

ဝီ...

သူက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် တောက်ပသော နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသည့် ကောင်းကင်ရတနာ ချိတ်ပိတ်ပုတီးစေ့ ဆယ့်နှစ်လုံးက ဟင်းလင်းပြင်ကို ခြေမွှဖျက်ဆီးကာ အရပ်မျက်နှာအဘက်ဘက်သို့ ချက်ချင်း ကျဆင်းသွားတော့သည်။

ကောင်းကင်ရတနာ ချိတ်ပိတ်ပုတီးစေ့ ဆယ့်နှစ်လုံး...

ဤသည်မှာ ကောင်းကင်ဘုံများ အမဲလိုက်ခြင်းမှ သူ ရရှိခဲ့သော ချိတ်ပိတ်ခြင်း လျှို့ဝှက်ရတနာတစ်ခုပင်။

ထိုအရာကို တစ်ကြိမ်သာ အသုံးပြုနိုင်သော်လည်း အကျိုးသက်ရောက်မှုမှာ အလွန် သိသာထင်ရှားသည်။

ထိုအရာက မိုင်တစ်ရာပတ်လည်ကို နှစ်နာရီကြာခန့် လုံးလုံးလျားလျား ချိတ်ပိတ်ထားနိုင်ပြီး ဤကာလအတွင်းတွင် မည်သည့်သက်ရှိမဆို ဤဧရိယာမှ ထွက်ခွာနိုင်မည် မဟုတ်ချေ။

သူတို့တွင် အထူးဟင်းလင်းပြင် ကူးပြောင်းခြင်း နတ်ဘုရားစွမ်းရည် ရှိနေလျှင်ပင် ဤချိတ်ပိတ်ထားသော နယ်နိမိတ်ကို ချိုးဖျက်ရန် လုံးဝမဖြစ်နိုင်ချေ။

ရတနာ ပုတီးစေ့ဆယ့်နှစ်လုံး လေထဲတွင် လွင့်မျောနေပြီး တောက်ပသော နတ်ဘုရား အလင်းတန်းများ ထိုအရာထဲမှ ပေါက်ကွဲထွက်လာခဲ့သည်။

မရေမတွက်နိုင်သော မှော်အက္ခရာများ ရောယှက်သွားပြီး ဧရာမကြွေရောင် အလင်းတန်း အတားအဆီးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာကာ ဤနေရာကို ပြင်ပလောကနှင့် လုံးလုံးလျားလျား အဆက်အသွယ် ဖြတ်တောက်လိုက်၏။

ကောင်းကင်ပြာနှင့်အတူ ထွက်ပြေးရန် ကြိုးစားနေသော တုန်လှုပ်ချောက်ချား အင်မော်တယ်ကိုလည်း ထိုအတားအဆီးက ပိတ်ဆို့ဟန့်တားလိုက်သည်။

"စီနီယာ... ငါ့ရဲ့သည်းခံနိုင်စွမ်းက ကန့်သတ်ချက်ရှိတယ်..."

ခုံးဝူတောက်က အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူများနှင့်အတူ ကောင်းကင်ပြာနှင့် တုန်လှုပ်ချောက်ချား အင်မော်တယ်ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။

"သေစမ်း..."

ကောင်းကင်ပြာ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပေ၏။

ခုံးဝူတောက်၏ဟန်ပန်ကို ကြည့်ခြင်းအားဖြင့် သူက ယနေ့ သူတို့ကို လုံးဝအလွတ်ပေးမည့်ပုံ မရှိချေ။

ဤနေရာမှ ထွက်ခွာရန် သူတို့သည် ခုံးဝူတောက်ကို အရင်ဆုံး ဖိနှိပ်ရပေမည်။

"တကယ်လို့ စီနီယာက ဒီအရှင်ကို တိုက်ခိုက်ဖို့ ရဲတင်းမယ်ဆိုရင် မင်းတို့ နှစ်ယောက် သေရုံတင် မဟုတ်ဘူး..."

သူမ လှုပ်ရှားမှု မလုပ်နိုင်မီမှာပင် ခုံးဝူတောက်၏အသံက အရင်ပဲ့တင်ထပ်လာပေ၏။

"ကောင်းကင်ဘုံ တာအိုနယ်မြေတစ်ခုလုံးက သက်ရှိတွေအားလုံး မင်းရဲ့ လုပ်ရပ်တွေကြောင့် မင်းနဲ့အတူ မြေမြှုပ်ခံရလိမ့်မယ်..."

"ဘာ..."

ကောင်းကင်ပြာ၏ပုံရိပ် ရုတ်တရက် ရပ်တန့်သွားပြီး သူမ၏မျက်လုံးသူငယ်အိမ်များက အပ်တစ်ချောင်းအလား ချက်ချင်းကျဉ်းမြောင်းသွားသည်။

ခုံးဝူတောက်က သူ၏လက်များကို နောက်ပစ်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ကျီစယ်ဆော့ကစားနေကာ ကောင်းကင်ပြာထံသို့ တဖြည်းဖြည်း လျှောက်လှမ်းလာသည်။

"နင်က ငါ့ကို ခြိမ်းခြောက်နေတာလား..."

ကောင်းကင်ပြာ၏မျက်နှာသည် သုန်မှုန်နေပေ၏။

ကောင်းကင်တာအို၏ လူသားပုံရိပ်ယောင်အနေဖြင့် သူမတွင် မဟာဧကရာဇ်တစ်ပါး၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းအား မရှိသော်လည်း....

သူမသည် ကောင်းကင်ဘုံတာအိုနယ်မြေမှ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ငှားရမ်းနိုင်ပေရာ သူမက ထိုကဲ့သို့သော လူငယ်လေး တစ်ယောက်၏ ခြိမ်းခြောက်မှုကို ဘယ်တုန်းကများ ခံခဲ့ရဖူးသနည်း...

"ဟုတ်တယ်..."

သို့သော် ခုံးဝူတောက်က ပြုံးလိုက်ပြီး တိုက်ရိုက် သဘောတူလိုက်၏။

"တကယ်လို့ စီနီယာက ငါ ပြောတာကို မယုံရင်... စမ်းကြည့်လို့ ရပါတယ်..."

"နင်......"

ကောင်းကင်ပြာထံတွင် ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း သူမက ဤအရာကို အလွန် စိုးရိမ်နေခဲ့သည်။

အကယ်၍ တခြားသူတစ်ယောက်ယောက်က ဤစကားများကို ပြောဆိုခဲ့မည်ဆိုလျှင်...

သူမက တစ်ဖက်လူကို အရူးတစ်ယောက်အဖြစ် သေချာပေါက် သတ်မှတ်ပြီး သူ့ကို ဖိနှိပ်ရန် တိုက်ရိုက်တိုက်ခိုက်ပေလိမ့်မည်။

သို့သော် တစ်ဖက်လူမှာ တိုက်ဆိုင်စွာဖြင့် ခုံးဝူတောက် ဖြစ်နေပေ၏။

တစ်ချိန်က ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများကို လွှမ်းမိုးခဲ့သော အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော်အရှင်ပင်။

ခုံးဝူတောက်က တခြားသူများ၏ဖိနှိပ်ခြင်းကို ခံနေရသော တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။

"စီနီယာရဲ့လျှို့ဝှက်ချက်ကို ငါ သိပါတယ်... တုန်လှုပ်ချောက်ချား အင်မော်တယ်က မင်းရဲ့ အစိတ်အပိုင်းတစ်ခုကနေ ဖြစ်ပေါ်လာတာ မဟုတ်လား..."

"စီနီယာက မင်းရဲ့ ကိုယ်ပိုင်အချုပ်အနှောင်တွေကို ချိုးဖျက်ပြီး ဒီကောင်းကင်ဘုံ တာအိုနယ်မြေကနေ ထွက်သွားကာ အပြင်လောကကို ကြည့်ဖို့ သူ့ကို အသုံးချချင်ရုံလေးပါ..."

ကောင်းကင်ပြာက ဤစကားများကို ကြားလိုက်ရသောအခါ သူမ၏နှလုံးသားထဲတွင် ပို၍ပင် ထုံကျဉ်သွားသည်ကို ခံစားလိုက်ရ၏။

ခုံးဝူတောက်က အတိအကျ ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ...

သူက တုန်လှုပ်ချောက်ချားအင်မော်တယ်၏ အထောက်အထားကို အစကတည်းက သိနေရုံသာမက သူမ၏နှလုံးသားထဲရှိ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ကိုပင် သူ သိနေသလော....

ခုံးဝူတောက်က များစွာမရှင်းပြဘဲ ကောင်းကင်ပြာထံသို့ ဆက်လက်၍ ချဉ်းကပ်လာခဲ့သည်။

"ဒါပေမယ့် မင်းရဲ့ အရင်ဘဝတုန်းက သူ ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် ဖြစ်လာအောင် ကူညီပေးဖို့ မင်းရဲ့ အားထုတ်မှုတွေကို အကုန်အစင် သုံးခဲ့ပေမယ့်... သူ့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေကြောင့် အစီအစဉ်က နောက်ဆုံးမှာ ကျရှုံးသွားခဲ့တယ်လေ..."

"ဒီအချက်က သူက မထိုက်တန်ဘူးဆိုတာ ပြနေတာပဲ... ပြီးတော့ သူက အသုံးမကျတဲ့ အမှိုက် တစ်ကောင်ပဲ..."

"ဒါပေမယ့် ငါက ကွာခြားတယ်... ငါက အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော်အရှင်ဖြစ်ပြီးတော့ ငါ့ရဲ့ ဆန္ဒက တားမြစ်နယ်မြေရဲ့ဆန္ဒပဲ..."

အလွန်အမင်း အံ့အားသင့်မှုကြောင့် နေရာတွင် လုံးလုံးလျားလျား မှင်သက်နေသော ကောင်းကင်ပြာသည် ခုံးဝူတောက်က သူမ၏ရှေ့သို့ မည်သည့်အချိန်က ရောက်လာသည်ကိုပင် သူမ မသိခဲ့ချေ။

သူမ၏စိတ်ထဲတွင် ခုံးဝူတောက်၏စကားများက အဆက်မပြတ် ပဲ့တင်ထပ်နေပေ၏။

သူမ၏အမြင်အာရုံကို မှောင်မိုက်သွားစေသော အရိပ်တစ်ခု သူမအပေါ် ကျရောက်လာမှသာလျှင် ကောင်းကင်ပြာက မသိစိတ်အရ မော့ကြည့်လိုက်သည်။

ထို့နောက် ပြုံးသယောင်ဖြစ်နေသော ခုံးဝူတောက်၏မျက်လုံးများဖြင့် တိုက်ဆိုင်စွာ ဆုံတွေ့သွားခဲ့သည်။

ခုံးဝူတောက်က အပေါ်မှငုံ့ကြည့်ကာ ကောင်းကင်ပြာ၏မေးစေ့ကို သူ၏လက်ဖြင့် ညင်သာစွာ ကိုင်လိုက်ပြီး ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောဆိုလိုက်၏။

"စီနီယာ...ငါ့ရဲ့နောက်ကို ဘာလို့ မလိုက်တာလဲ..."

ထိုကဲ့သို့ အလွန်အကျွံ ဖြစ်ပြီး ရဲတင်းသော လုပ်ရပ် ဖြစ်သည့်တိုင် ကောင်းကင်ပြာသည် ခုခံမည့် အရိပ်အယောင် မပြခဲ့ချေ။

ထိုအစား သူမက မယုံကြည်နိုင်မှုများဖြင့် ခုံးဝူတောက်ကို မှင်သက်စွာ ကြည့်နေခဲ့သည်။

"မင်း ဆန္ဒရှိသရွေ့... နောက်ထပ်ရာစုနှစ် နည်းနည်းကြာအောင် ထပ်စောင့်စရာ မလိုပါဘူး... မင်း လုံးဝလွတ်မြောက်ဖို့ ငါ့ရဲ့အချိန်လေဟာနယ် တားမြစ်နယ်မြေက ကျွမ်းကျင်သူတွေကို ငါ ကူညီခိုင်းလို့ ရတယ်..."

ခုံးဝူတောက်၏အသံက အကန့်အသတ်မရှိသော ဆွဲဆောင်မှုများကို သယ်ဆောင်လာသည်။

ကောင်းကင်ပြာက ပထမဆုံးအကြိမ်အဖြစ် သူမ၏နှလုံးသား အလွန်ပြင်းထန်စွာ ခုန်ပေါက်နေသည်ကို ခံစားလိုက်ရ၏။

"မင်း ငါ့ဆီ အညံ့ခံသရွေ့... ကောင်းကင်ဘုံတွေနဲ့ အသင်္ချေနယ်မြေတွေရဲ့ လှပတဲ့ မြင်ကွင်းတွေကို ကြည့်ဖို့ မင်းကို ငါ ခေါ်သွားနိုင်တယ်..."

"မင်း လွတ်လပ်မှုကို မလိုချင်ဘူးလား..."

တခြားတစ်ဖက်တွင်...

ခုံးကျန်ယွဲ့နှင့် တခြားသူများ၏ ဖိနှိပ်ခြင်းကို ခံထားရသော တုန်လှုပ်ချောက်ချား အင်မော်တယ်က ရူးသွပ်စွာ တွန့်လိမ်ပြီး ရုန်းကန်နေကာ သူ၏မျက်လုံးများက သွေးရောင်လွှမ်းနေပြီး ခုံးဝူတောက်ကို စူးစိုက်၍ကြည့်နေသည်။

ကောင်းကင်လမ်းကြောင်းအစ်မ...

အဲ့ဒါက ကောင်းကင်လမ်းကြောင်းအစ်မ... သူ တစ်ယောက်တည်းပိုင်ဆိုင်မှုအဖြစ် သူ သတ်မှတ်ထားတဲ့သူလေ...

ခုံးဝူတောက်က သူ့ရဲ့အချစ်ရဆုံး ကောင်းကင်လမ်းကြောင်းအစ်မကို ညစ်ပတ်တဲ့ လက်တွေနဲ့ ထိတဲ့အထိ ဘယ်လို ရဲတင်းရတာလဲ...

"ခုံး... ခုံးဝူတောက်..."

သားရဲတစ်ကောင်ကဲ့သို့ အသံတစ်သံက တုန်လှုပ်ချောက်ချား အင်မော်တယ်၏ လည်ချောင်းထဲမှ ထွက်လာသည်။

သူ အချစ်ရဆုံးသူကိုပင် သူ မကာကွယ်နိုင်ချေ။

ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်၏ စနစ်အသိပေးချက်က သူ၏နားထဲတွင်လည်း ပဲ့တင်ထပ်လာပေ၏။

[ပုံမှန်မဟုတ်တဲ့ ကောင်းကင်ကံကြမ္မာပိုင်ရှင် တုန်လှုပ်ချောက်ချား အင်မော်တယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပြိုလဲပျက်စီးသွားပြီးတော့ တာအို နှလုံးသား ကျိုးပဲ့သွားတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... ပြိုင်ဘက်ရဲ့ ကောင်းကင်ကံကြမ္မာအမှတ်တွေကို ၂၀၀၀ မှတ် နှုတ်ယူလိုက်ပြီးတော့ ၃၀၀၀မှတ် ကျန်ရှိနေပါတယ်...]

[သခင်က လေးဆပြင်းထန်တဲ့ တိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့ပြီးတော့ ကောင်းကင်ကံကြမ္မာအမှတ် ၈၀၀၀ကို အောင်မြင်စွာ ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်...]

နောက်ထပ် အဆလေးဆပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို ကြားလိုက်ရချိန်၌ ခုံးဝူတောက် အလွန်စိတ်ကျေနပ်သွားပုံရပေ၏။

သူ၏ရှေ့ရှိ နူးညံ့သိမ်မွေ့ပြီး လှပသော မျက်နှာကို သူ နောက်တစ်ကြိမ် ကြည့်လိုက်သည်။

ကောင်းကင်ပြာသည် အမှန်တကယ်ကိုပင် သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်လေပြီ။

သူမ၏စိတ်အတွင်းက အတွေးများကို ဖော်ပြနေသည့်အလား သူမ၏လှပသော မျက်တောင်များသာ မသိစိတ်အရ တုန်ယင်နေသည်။

ခုံးဝူတောက်၏နှုတ်ခမ်းများရှိ အပြုံးက ပို၍နက်ရှိုင်းလာပေ၏။

ကောင်းကင်ပြာသည် သွေးဆောင်ခြင်းခံလိုက်ရသည်မှာ သိသာထင်ရှားသည်။

All Chapters