အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
အခန်း (၁၆၅) ပိုင်ဆိုင်သူအဖြစ်ကို စွန့်လွှတ်ပြီး အရာအားလုံးရဲ့မုဆိုး ဖြစ်လာပါ
ခုံးဝူတောက်သည် အပြင်ဘက်ရှိ အခြေအနေကို မသိခဲ့ချေ။
ဤအချိန်အခိုက်အတန့်တွင် သူသည် ရှေးဟောင်းမဟာတာအို အမှတ်အသား၏ရှေ့သို့ ရောက်ရှိနေလေပြီ။
သို့သော် ခုံးဝူတောက်က ရှေးဟောင်းမဟာတာအို အမှတ်အသားကို စူးစမ်းလေ့လာပြီး ရယူရန် ဟန်ပြင်လိုက်စဉ်မှာပင်...
ဝုန်း...
ယခင်ထက် ပို၍ပြင်းထန်သော တာအိုဒီရေလှိုင်းကြီးတစ်ခု တလိမ့်လိမ့်ထလာပေ၏။
ဟင်းလင်းပြင်ကမ္ဘာဦးနယ်မြေ၏ ခုခံမှုနှင့်ပင် ခုံးဝူတောက်၏ အရေပြား တစ်လက်မစီတိုင်းနှင့် အရိုးတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို တောင့်ခံခဲ့ရလေ၏။
ကောင်းကင်၏အပိုင်းအစများ မရေမတွက်နိုင်အောင် ကျဆင်းလာပြီး ခုံးဝူတောက်ကို လုံးလုံးလျားလျား ခြေမွှဖျက်ဆီးရန် ရည်ရွယ်နေသည့်အလားပင်။
"ဟဲဟဲ... ဒေါသ နည်းနည်း ရှိနေတုန်းပဲပေါ့..."
ခုံးဝူတောက်က ခပ်သဲ့သဲ့ရယ်မောလိုက်၏။
သူ၏မည်းနက်ပြီး နက်ရှိုင်းသော မျက်လုံးများတွင် မရေမတွက်နိုင်သော နတ်ဘုရားပုံစံ ရုတ်တရက် ထွက်ပေါ်လာပြီး အဆုံးမဲ့အချိန်လေဟာနယ် အပိုင်းအစများက ကျော့ရှင်းစွာ လူးလွန့်နေကြသည်။
ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်၏အရှိန်အဝါ အကန့်အသတ်မရှိ မြင့်တက်သွားခဲ့သည်။
သူ၏နောက်တွင် မရေမတွက်နိုင်သော အချိန်လေဟာနယ် အက္ခရာများ အဆက်မပြတ် စုစည်းလာပြီး နောက်ဆုံးတွင် ခမ်းနားကြီးကျယ်စွာ ရပ်တည်နေသော ဧရာမ နတ်ဘုရားတံခါးကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားပေ၏။
ဤသည်မှာ သူ၏ မူလအစ အချိန်လေဟာနယ် နတ်ဘုရားသူငယ်အိမ်၏ တာအိုသဘာဝလွန်ဖြစ်စဉ်ပင်။
ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ထွက်ပေါ်လာသည့် အချိန်အခိုက်အတန့်တွင် ရှေးဟောင်းမဟာတာအို အမှတ်အသား၏ အရှိန်အဝါသည် တစ်ဝက်ကျော် ဖိနှိပ်ခြင်း ခံလိုက်ရသည်။
သို့သော် တစ်ဖက်လူက လုံးဝအရှုံးမပေးသေးဘဲ ခုံးဝူတောက်၏ ဖိနှိပ်မှုမှ လွတ်မြောက်ချင်နေကြောင်း သိသာထင်ရှားသည်။
"ဟမ့်... ခေါင်းမာလိုက်တာ..."
ခုံးဝူတောက်၏ မျက်လုံးများ အနည်းငယ် အေးစက်သွား၏။ သူ၏သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ရှင်းလင်းနေသည်။
ဝုန်း...
နောက်တခဏတွင် မူလဘူတ ခရမ်းရောင်ချီ အမျှင်များသည် တာအိုဟင်းလင်းပြင်မှ ကျရောက်လာပြီး ခုံးဝူတောက်၏ခန္ဓာကိုယ်ကို တောက်ပသော နေမင်းတစ်စင်းအလား လင်းထိန်သွားစေခဲ့သည်။
အဆုံးမဲ့ မူလဘူတ ခရမ်းရောင်ချီများ စုစည်းဖြစ်ပေါ်လာပြီး အစစ်အမှန်နဂါးများ၊ အင်မော်တယ် ဖီးနစ်များ၊ ချီလင်များနှင့် တခြားသော မဟာတာအို နတ်ဘုရားသားရဲများ၏ ပုံရိပ်ယောင်များအဖြစ် အသွင်ပြောင်းသွားကြသည်။
ထို့နောက် ခမ်းနားကြီးကျယ်သော ပုံရိပ်တစ်ခုက ခုံးဝူတောက်၏ခေါင်းပေါ်တွင် ထွက်ပေါ်လာခဲ့ပေ၏။
ဤပုံရိပ်သည် ကောင်းကင်ထိတိုင်အောင် မြင့်မားပုံရပြီး ခရမ်းရွှေရောင် တာအိုစင်မြင့်ပေါ်တွင် ထိုင်နေကာ သူ၏နံဘေးပတ်လည်ရှိ အဆုံးမဲ့ တာအိုချီစွမ်းအားများက ကမ္ဘာငယ်လေး တစ်ခုပြီးတစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားကြသည်။
အကြည့်တစ်ချက်တည်းဖြင့် နေနှင့်လကို ဖုံးလွှမ်းနိုင်ပြီး လက်တစ်ဖက် မြှောက်လိုက်ရုံဖြင့် ထာဝရကာလတစ်ခုလုံးကို ဖိနှိပ်နိုင်ပေ၏။
ဤပုံရိပ် ထွက်ပေါ်လာသည့် အချိန်အခိုက်အတန့်တွင် ရှေးဟောင်းမဟာတာအို အမှတ်အသား သိသာရှင်းလင်းစွာ တုန်ယင်သွားခဲ့သည်။
ထို့နောက် တခြားသူများအားလုံး၏ အံ့အားသင့်ပြီး ထိတ်လန့်နေသော အကြည့်များအောက်တွင် တောက်ပသော အင်မော်တယ် အလင်းရောင်သည် ချက်ချင်းမှေးမှိန်သွားပြီး အရာအားလုံးကို ခြေမွှဖျက်ဆီးနိုင်စွမ်းရှိသော တာအိုဖိအားက ဒီရေလှိုင်းတစ်ခုကဲ့သို့ ပျောက်ကွယ်သွားပေ၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် ရှေးဟောင်းမဟာတာအိုအမှတ်အသားက အလိုအလျောက် လွင့်မျောလာပြီး ယုံကြည်နိုင်စရာ မကောင်းလောက်အောင် နာခံမှုရှိစွာဖြင့် ခုံးဝူတောက်၏ လက်ထဲသို့ ကျဆင်းလာခဲ့သည်။
လူတိုင်း၏အောက်မေးရိုးများ ပြုတ်ကျလုမတတ် ဖြစ်သွားစေခဲ့သည့်အရာမှာ ရှေးဟောင်းမဟာတာအို အမှတ်အသားသည် အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကဲ့သို့ ခုံးဝူတောက်၏လက်ဝါးကို ချစ်ခင်စွာ ပွတ်သပ်နေခြင်းပင်။
"ဒါက..."
ကောင်းကင်ပြာအပါအဝင် လူတိုင်း ဆွံ့အသွားကြ၏။
အတိအကျ ဘာတွေ ဖြစ်နေတာလဲ...
အစောပိုင်းက ခုံးဝူတောက်ကို အမှုန့်ကြိတ်ပစ်ချင်နေတဲ့ ရှေးဟောင်းမဟာတာအို အမှတ်အသားက ဘယ်လိုလုပ်ပြီးတော့ ရုတ်တရက်ကြီး ဒီလောက်တောင် နာခံမှု ရှိသွားရတာလဲ...
အလားတူပင် သူ၏လက်ထဲတွင် တိတ်ဆိတ်စွာ ရှိနေသော ရှေးဟောင်းမဟာတာအို အမှတ်အသားကို စိုက်ကြည့်ရင်း ခုံးဝူတောက် သည်လည်း အလွန်တွေဝေနေခဲ့သည်။
သူ၏လက်ထဲရှိ ရှေးဟောင်းမဟာတာအို အမှတ်အသားသည် သူ့ထံသို့ ထူးဆန်းသော စိတ်ခံစားမှုတစ်ခုကို ပေးပို့နေသည်။
ဤသည်က ကာလကြာရှည်စွာ စောင့်ဆိုင်းနေခဲ့ရသော တောင့်တမှုတစ်ခုနှင့် တူညီနေပေ၏။
သူသည် ထိုအမှတ်အသား၏မူလပိုင်ရှင် ဖြစ်ပြီး ထိုအရာသည် သူ့ကို ယခင်က မမှတ်မိခဲ့သည့်အလားပင်။
ထိုအမှတ်အသားက အလိုလိုက်ခံချင်နေပြီး သူ့ကို ဒေါသမထွက်ရန် တောင်းဆိုနေသည်။
ဤအရာက ခုံးဝူတောက်ကို အမှန်တကယ် တွေဝေသွားစေခဲ့သည်။
ဤသည်မှာ သူ ရှေးဟောင်းမဟာတာအို အမှတ်အသားတစ်ခုကို ပထမဆုံးအကြိမ် ရရှိခြင်းပင်။
ပျက်စီးခြင်းခေတ်တွင်ပင် သူ ထိုအမှတ်အသားနှင့် မကြုံတွေ့ခဲ့ဖူးချေ။
သူက မည်သည်ကြောင့် ရုတ်တရက်ကြီး ထိုအမှတ်အသားမှ အသိအမှတ်ပြုသော ပိုင်ရှင် ဖြစ်သွားရသနည်း...
ခုံးဝူတောက် သူ၏စိတ်နှလုံးသားထဲတွင် တွေးတောနေစဉ်မှာပင်...
ဝှစ်....
ရုတ်တရက် မမြင်နိုင်သော စွမ်းအားတစ်ရပ်က ရှေးဟောင်းမဟာတာအို အမှတ်အသားမှ ထွက်ပေါ်လာခဲ့သည်။
ထိုစွမ်းအားက သူ၏လက်ဝါးမှတစ်ဆင့် သူ၏ စိတ်ထဲသို့ တလိမ့်လိမ့်ဝင်ရောက်လာပေ၏။
ခုံးဝူတောက်၏ တုံ့ပြန်မှုအရှိန်မှာ အလွန် မြန်ဆန်လှသည်။
သူ သတိလက်လွတ်ဖြစ်ပြီး ထောင်ချောက်တစ်ခုထဲသို့ ကျရောက်သွားပြီဟု တွေးထင်ကာ သူ၏ဝှက်ဖဲကို အသုံးပြုရန် ပြင်ဆင်နေစဉ်မှာပင် ရှေးဟောင်းမြင်ကွင်းများသည် သူ၏ စိတ်ထဲတွင် ရုတ်တရက် အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
သူ၏ စိတ်ထဲရှိ မြင်ကွင်းများ နောက်ဆုံးတွင် ရပ်တန့်သွားချိန်၌ သူသည် စကြဝဠာ၏အဆုံးမဲ့ ကြယ်တာရာနယ်မြေတစ်ခုထဲတွင် ရှိနေကြောင်း တွေ့လိုက်ရပေ၏။
သူ၏ရှုထောင့်မှ ကြည့်မည်ဆိုပါက စကြဝဠာထဲရှိ အရာအားလုံးသည် သူ၏အမြင်အာရုံအတွင်း၌ ရှိနေသည်။
ဤမြင်ကွင်းက အလွန်အမင်း ခမ်းနားကြီးကျယ်လွန်းလှသည်။
မရေမတွက်နိုင်သော ကြယ်များဖြင့် ဖွဲ့စည်းထားသော ကြယ်တာရာနယ်မြေသည် လှပပြီး နက်နဲသော စကြဝဠာအတွင်း လှည့်ပတ်ကာ ဆင့်ကဲပြောင်းလဲနေကြ၏။
ထိုကမ္ဘာ၏ ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာက ဤနယ်ပယ်ရှိ သက်ရှိများအားလုံး၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်။
မူလဘူတ ခရမ်းရောင်ချီများကို နေရာတိုင်းတွင် မြင်တွေ့နိုင်ပြီး မူလအစ မဟာတာအို၏ စွမ်းအားက စကြဝဠာ၏ထောင့်တစ်နေရာတိုင်းကို ပျံ့နှံ့နေသည်။
မရေမတွက်နိုင်သော လူမျိုးစုများနှင့် သက်ရှိများသည် ပေါက်ဖွားနေထိုင်ကြပြီး အမြင့်မြတ်ဆုံး တာအိုအစဉ်အလာများကို တစ်ခုပြီးတစ်ခု တည်ထောင်ကာ အမှန်တကယ်ပင် ဖျက်ဆီး၍မရနိုင်အောင် တည်ရှိနေကြ၏။
စကြဝဠာကို ဖြတ်သန်းသွားလာနေသော ခြေသည်းကိုးချောင်း နတ်ဘုရားနဂါးများက ကြယ်များကို ရွှံ့လုံးများကဲ့သို့သာ သဘောထားပြီး မရေမတွက်နိုင်သော ကြယ်မြစ်ကို တစ်လုတ်တည်းဖြင့် ဝါးမြိုနိုင်စွမ်း ရှိကြသည်။
အတောင်ပံ ဖြန့်လိုက်သောအခါ စကြဝဠာ တစ်ဝက်ကို ဖုံးလွှမ်းနိုင်သည့် ဧရာမ နတ်ဘုရား ငှက်ကြီးများ ရှိပြီး သူတို့၏ ခန္ဓာကိုယ်ကို ဝန်းရံနေသော တောက်ပသည့် နတ်ဘုရားမီးတောက်များသည် နေအစင်းပေါင်း ရာနှင့်ချီကိုပင် မှေးမှိန်သွားစေရန် လုံလောက်သည်။
မိုးကောင်းကင်ယံတွင် မတ်တတ်ရပ်နေသော ဓားကျင့်ကြံသူများရှိပြီး ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရုံဖြင့် ကြယ်ပေါင်းသောင်းနှင့်ချီ ပျက်စီးသွားပြီး တာအိုအားလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။
ထို့ထက်ပို၍ ကြောက်ရွံ့ရိုသေဖွယ်ကောင်းသည်မှာ စကြဝဠာ၏အဆုံးတွင် ထိုင်နေပုံရသော အမြင့်မြတ်ဆုံးတည်ရှိမှုပင်။
အဆုံးမဲ့ စကြဝဠာတစ်ခုလုံးသည် သူ၏ အမြင်အာရုံအတွင်း၌ ရှိနေသည့်အလား ဖြစ်နေပေ၏။
သူ အသက်ရှူလိုက်တိုင်း သောင်းနှင့်ချီသော မဟာတာအိုများ၏ တုန်ခါမှုကို ဖြစ်ပေါ်စေနိုင်သည်။
သူ၏ ဧရာမလက်ကြီးကို ဝှေ့ယမ်းလိုက်သည်နှင့်အမျှ စီးဆင်းနေသော အလင်းတန်းများ သန်းရာနှင့်ချီ၍ စုစည်းဖြစ်ပေါ်လာခဲ့သည်။
သောင်းနှင့်ချီသော တာအိုများကို စစ်တုရင်ခုံ မျဉ်းများအဖြစ် သောင်းနှင့်ချီသော သက်ရှိကို စစ်တုရင်ရုပ်များအဖြစ်နှင့် အဆုံးမဲ့ စကြဝဠာ တစ်ခုလုံးကို စစ်တုရင်ခုံ အဖြစ် အသုံးပြုထားပေ၏။
မဟာဧကရာဇ် နယ်ပယ်ထက် များစွာကျော်လွန်ပြီး သက်ရှိများ၏ စိတ်ကူးယဉ်နိုင်စွမ်းထက်ပင် များစွာကျော်လွန်သော ထိုစွမ်းအားကြီးမားသည့် ကျွမ်းကျင်သူများကပင်လျှင် ဤတည်ရှိမှု၏ရှေ့တွင် သာမန်စစ်တုရင်ရုပ်များမျှသာ ဖြစ်ကြသည်။
ဝုန်း...
ဧရာမ လက်ကြီးတစ်ဖက်သည် အဆုံးမဲ့ စကြဝဠာကို ရုတ်တရက် ဆွဲဖြဲလိုက်ပြီး ထိုလက်၏လက်ချောင်းထိပ်များက စစ်တုရင်ရုပ်နှင့်တူသော အရာတစ်ခုကို ဆုပ်ကိုင်ကာ အဆုံးမဲ့ စကြဝဠာထဲသို့ ရုတ်တရက် ရိုက်ချလိုက်သည်။ ထိုအရာမှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအလင်းတန်းများနှင့် ဧရာမလှိုင်းလုံးကြီးများကို ထုတ်လွှတ်လိုက်၏။
သန်းရာနှင့်ချီသောကြယ်များ ပြိုလဲပျက်စီးသွားပြီး မရေမတွက်နိုင်သော သက်ရှိများ အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားသည်။
ထိုစွမ်းအားသည် အချိန်လေဟာနယ် အတားအဆီးကို ထိုးဖောက်ဝင်ရောက်သွားပုံရပြီး ခုံးဝူတောက်၏ ပုံရိပ်ယောင်ခန္ဓာကိုယ်ကိုပင် ပြင်းထန်စွာ ရိုက်ခတ်သွားကာ သူ၏အသိစိတ်ကို ထိုနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားစေရန် တွန်းအားပေးခဲ့သည်။
သို့သော် သူ၏ နောက်ဆုံးလက်ကျန်အသိစိတ် ပျောက်ကွယ်တော့မည့် အချိန်လေးမှာပင်...
ထိုပုံရိပ်က ခပ်သဲ့သဲ့ရယ်မောလိုက်သည့် အသံကို သူ ရုတ်တရက် ကြားလိုက်ရပေ၏။
"မင်းလုပ်ခဲ့သမျှ အရာအားလုံးက ငါတို့ စီစဉ်ထားတဲ့ စစ်တုရင်ခုံထက် အများကြီးပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်..."
"ကစားသမားအဖြစ်ကို စွန့်လွှတ်ပြီး အရာအားလုံးရဲ့ မုဆိုး ဖြစ်လာဖို့ ရွေးချယ်လိုက်တာလား..."
"မင်းနဲ့ တကယ်ကို ထိုက်တန်ပါတယ်..."
........
ကြောက်မက်ဖွယ်ကောင်းသော တွန်းထုတ်သည့်စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ခုံးဝူတောက်သည် ချက်ချင်းပင် သူ၏တွေဝေမိန်းမောနေသော အခြေအနေမှ နိုးထလာပေ၏။
သူ၏ လက်ထဲတွင် လုံးလုံးလျားလျား တိတ်ဆိတ်ငြိမ်သက်သွားသော ရှေးဟောင်းမဟာတာအို အမှတ်အသားကို ကြည့်ရင်း ခုံးဝူတောက်၏အကြည့်သည် ရုတ်တရက် အနည်းငယ် ရှုပ်ထွေးပြီး ထူးဆန်းလာခဲ့သည်။
ရှေးဟောင်းမဟာတာအို အမှတ်အသားမှတစ်ဆင့် သူ အစောပိုင်းက မြင်တွေ့ခဲ့ရသည့် မြင်ကွင်းများသည် မည်သည့်အရာများ အတိအကျ ဖြစ်နေသနည်း...
လောကကြီးရှိ မည်သည့်သက်ရှိထက်မဆို များစွာသာလွန်သော ထိုကျယ်ပြန့်သည့် စကြဝဠာသည် မူလခေတ်၏ မဟာအလုံးစုံ ဖြစ်နိုင်သလော...
ထို့ပြင် ထိုအမည်မသိ တည်ရှိမှုက ပြောခဲ့သော ကစားသမားဆိုသည်မှာ မည်သူဖြစ်သနည်း...
"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်..."
သူ၏နံဘေးရှိ ခုံးကျန်ယွဲ့က စိုးရိမ်တကြီး မေးလိုက်မှသာလျှင် ခုံးဝူတောက်၏ ဗလောင်ဆူနေသော အတွေးများ ငြိမ်သက်သွားခဲ့သည်။
"ဘာမှမဖြစ်ပါဘူး..."
ခုံးဝူတောက်က ခေါင်းကို အနည်းငယ် ယမ်းလိုက်ပြီး အစောပိုင်းက ဖြစ်ပျက်ခဲ့သည့်အရာကို သူ ထုတ်မပြောချင်ခဲ့ချေ။
သူတို့ နတ်ဘုရားတောင်မှ ထွက်ခွာသွားရန် သူတို့ ဟန်ပြင်နေစဉ်မှာပင်...
ဝုန်း...
နတ်ဘုရားတောင်၏ အဝင်ဝဘက်မှ နတ်ဘုရားစွမ်းရည် ပေါက်ကွဲသံများ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။
ခုံးဝူတောက်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ စွမ်းအင် အတက်အကျများအပေါ် အခြေခံ၍ ရလဒ်ကို သူ တွက်ချက်နိုင်ခဲ့သည်။
တခြားပါရမီရှင်များသည် ဆန်းကြယ်မြူခိုး ဧရိယာကို ဖြတ်သန်းပြီး နတ်ဘုရားတောင်၏ အဝင်ဝကို အောင်မြင်စွာ ရှာတွေ့သွားခဲ့ကြလေပြီ။
ဆူညံသံများကို ကြည့်ခြင်းအားဖြင့် သူတို့သည် နတ်ဘုရားတောင်၏ အဝင်ဝကို စောင့်ကြပ်နေသော အချိန်လေဟာနယ် တားမြစ်နယ်မြေမှ တခြားပါရမီရှင်များနှင့် စတင်တိုက်ခိုက်နေကြခြင်း ဖြစ်ပေမည်။
ခုံးဝူတောက်၏မျက်လုံးများ အနည်းငယ် မှောင်မိုက်သွားပြီး မမြင်နိုင်သော အရှိန်အဝါတစ်ခု သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
မူလက ရှေးဟောင်းမဟာတာအို အမှတ်အသားကို အောင်မြင်စွာ ရရှိပြီးနောက် ကျန်ရှိနေသော လူများကို တိုက်ခိုက်ရန် သူ့ထံတွင် ကြီးကြီးမားမား စိတ်ဝင်စားမှု မရှိခဲ့ချေ။
ဒီကောင်တွေက ပြဿနာရှာဖို့ တင်းခံနေမှတော့...
ဒါဆို ငါက သူတို့အားလုံးကို သတ်ပစ်လိုက်မယ်...
အခန်း (၁၆၆) ဆယ်နဲ့ချီတဲ့ ကျွမ်းကျင်သူတွေကို လက်ဝါးတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပြီး ခုံးဝူတောက်က စိန်ခေါ်မှုကို တစ်ယောက်တည်း ရင်ဆိုင်လိုက်တယ်
နတ်ဘုရားတောင်၏ အဝင်ဝတွင်...
ဝုန်း...
နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ် အမျိုးမျိုး ပေါက်ကွဲနေပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းများကို ဖြစ်ပေါ်စေကာ သွေးစွန်းသော လေနှင့်မိုး ဒီရေလှိုင်းကြီးတစ်ခုကို ယူဆောင်လာခဲ့သည်။
ထိပ်တိုက်ရင်ဆိုင်မှု စတင်သည်မှာ မကြာသေးသော်လည်း ပြိုလဲပျက်စီးနေသော မြေပြင်ပေါ်တွင် ဆယ်နှင့်ချီသောအလောင်းများ စုပုံနေလေပြီ။
ဤနေရာ၌ သူတော်စင်နန်းတော်သခင်များ ရှိနေသည့်အပြင် တခြားတာအိုနယ်မြေများမှ ထိပ်တန်းပါရမီရှင်များလည်း ရှိနေပေ၏။
ထို့ပြင် နတ်ဘုရားတောင်၏အဝင်ဝတွင်...
အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ပါရမီရှင် ဆယ်ယောက်ကျော်သည် လူသားအသွင်ယူထားသော စစ်နတ်ဘုရားများအလား မတ်တတ်ရပ်နေကြသည်။
သူတို့၏ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ထိုဧရိယာကို လုံးလုံးလျားလျား ချိတ်ပိတ်ထားခဲ့သည်။
နတ်ဘုရားတောင်၏အဝင်ဝသို့ ချဉ်းကပ်ရန် ရဲတင်းသော မည်သည့်သက်ရှိကိုမဆို သူတို့က သနားညှာတာမှု ကင်းမဲ့စွာဖြင့် ဖိနှိပ်၍ သတ်ဖြတ်ခဲ့ကြ၏။
"နတ်ဘုရားသားတော်အရှင်က အမိန့်ပေးထားတယ်... နတ်ဘုရားတောင်ထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်တဲ့သူတွေ သေရမယ်..."
အေးစက်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည့်အသံက ပျံ့နှံ့သွားခဲ့သည်။
ထိုအသံသည် ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများကို ရပ်တန့်သွားစေခဲ့သော်လည်း သူတို့က နတ်ဘုရားတောင်ထံသို့ အလျင်အမြန် ဆက်လက်၍ ချဉ်းကပ်လာခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ ခုံးဝူတောက်က ရှေးဟောင်းမဟာတာအို အမှတ်အသားကို အောင်မြင်စွာ ရရှိပြီးနောက် မြူခိုးများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေပြီ။
ထိုအထဲတွင် ပိတ်မိနေသော မရေမတွက်နိုင်သော ကျင့်ကြံသူများက ဤနေရာသို့ ချဉ်းကပ်လာနေကြပြီး သူတို့အားလုံးက ထို ကြီးမားသော အခွင့်အရေးကို လုယူချင်နေကြသည်။
အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ပါရမီရှင်များသည် သန်မာအားကောင်းသော်လည်း....
သူတို့ဘက်တွင် လူဆယ်ဂဏန်း အနည်းငယ်သာ ရှိနေသည်။
ဤနေရာတွင် တစ်ဖက်လူများဘက်တွင် အနည်းဆုံး ရာဂဏန်းအနည်းငယ်ခန့် ရှိနေပြီး လူများ ပို၍ပို၍ချဉ်းကပ်လာနေကြ၏။
သူတို့သည် ဤမျှထိ လူအများကြီးကို မည်သို့ တားဆီးနိုင်မည်နည်း...
"အချိန်လေဟာနယ် တားမြစ်နယ်မြေ... မင်းတို့က အရမ်းလောဘကြီးလွန်းနေပြီ..."
"နတ်ဘုရားတောင်ထဲက ရှေးဟောင်းမဟာတာအို အမှတ်အသားက ထူးကဲတယ်... တကယ်လို့ မင်းတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေက အဲ့ဒါကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားရင်... မင်းတို့ ပေါက်ကွဲသွားမှာကို မကြောက်ဘူးလား..."
"အားလုံးပဲ... ဒီကောင်တွေကို မကြောက်ကြနဲ့... ငါတို့ ဒီနေရာမှာ လူတစ်ထောင်ကျော် စုဝေးနေပြီ... ဘာလို့ လူဆယ်ဂဏန်းလောက်ကို ငါတို့က ကြောက်နေရမှာလဲ..."
"အတူတူ သွားကြစို့... ဒီဘုံရန်သူကို ငါတို့ ဖယ်ရှားပြီးတာနဲ့... နတ်ဘုရားတောင်ထဲကိုဝင်ပြီး အခွင့်အရေးကို ဝေမျှဖို့ ငါတို့အားလုံး ကိုယ့်စွမ်းရည်နဲ့ကိုယ် ယှဉ်ပြိုင်ကြမယ်..."
ဤအသံ ကျဆင်းသွားသည်နှင့် တပြိုင်နက်တည်းနီးပါးမှာပင်...
လောဘကြောင့် မျက်လုံးများ စုံလုံးကန်းနေသော လူအုပ်ကြီးသည် ရုတ်တရက် ဒေါသများ ပေါက်ကွဲထွက်လာကြ၏။
ဝုန်း...
လက်ရှိနေရာတွင်ရှိနေသော တခြားကျွမ်းကျင်သူများအားလုံးက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။
ဥပဒေသ အရှိန်အဝါများ သူတို့၏နောက်တွင် စုစည်းသွားပြီး ဧရာမဥပဒေသ ပုံရိပ်ယောင်ကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နတ်ဘုရားတောင်၏အဝင်ဝနှင့် အနီးဆုံးလူဆယ်ယောက်ကျော်သည် အလွန်မြန်ဆန်လှ၏။
ဥပဒေသ နတ်ဘုရားမီးတောက်များ သူတို့ကို လုံးလုံးလျားလျား လွှမ်းခြုံသွားပြီး သူတို့၏ အရှိန်အဝါများ တည်ငြိမ်စွာ မြင့်တက်လာခဲ့သည်။
ထို့နောက် သူတို့သည် ဟင်းလင်းပြင်ကို ထိုးဖောက်သွားသော အလင်းတန်းများအဖြစ် အသွင်ပြောင်းသွားပြီး အဝင်ဝကို စောင့်ကြပ်နေသော အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ပါရမီရှင်များထံသို့ တိုက်ခိုက်လိုက်ကြသည်။
သို့သော် ထိုအချိန်မှာပင်...
ကြီးမားသော မြစ်ကြီးတစ်စင်း ဆူပွက်လာသည့်အလား ဟိန်းဟောက်သံတစ်သံ နတ်ဘုရားတောင်၏အဝင်ဝ အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဝှစ်...
ကျယ်ပြန့်သော ဥပဒေသဒီရေလှိုင်းကြီးများ ဆူပွက်ထွက်ပေါ်လာပြီး ပါရမီရှင်ဆယ်ယောက်ကျော်၏ တိုက်ခိုက်မှုများကို ချက်ချင်းခြေမွှဖျက်ဆီးလိုက်၏။
ထို့နောက် ပါရမီရှင်အများအပြား၏ ထိတ်လန့်ပြီး ကြောက်ရွံ့နေသော အကြည့်များအောက်တွင်....
တလိမ့်လိမ့်ထနေသော ဥပဒေသ ဒီရေလှိုင်းကြီးများသည် မရေမတွက်နိုင်သည့် နတ်ဘုရားအလင်းတန်း အက္ခရာများ စုစည်းပြီး ဖြစ်ပေါ်လာခဲ့သည်။
နောက်ဆုံးတွင် ထိုအရာများက ဧရာမ ကောင်းကင်ဘုံ လက်ဝါးပုံရိပ်ယောင်ကြီး တစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ထိုပါရမီရှင်ဆယ်ယောက်ကျော် ရှိနေသော နေရာဆီသို့ ရိုက်ချလိုက်၏။
ဤဧရာမ လက်ဝါးပုံရိပ်ယောင်ကြီးသည် ကောင်းကင်ကို ဖုံးလွှမ်းပြီး နေကို ပိတ်ဖုံးထားနိုင်ပုံရကာ ထိုလက်ဝါးကြီးမှ ယှက်သန်းနေသော လက္ခဏာမျဉ်းကြောင်းများက အလွန်အမင်း ဖျက်ဆီးလိုသည့် အရှိန်အဝါကို ပြသနေသည်။
ထိုဧရာမလက်ဝါးပုံရိပ်ယောင်ကြီးအောက်၌ ကျင့်ကြံသူများသည် ပုရွက်ဆိတ်များကဲ့သို့ သေးငယ်နေသည်။
"မဟုတ်ဘူး... ငါ မှားသွားတယ်... ငါ့ကို မသတ်ပါနဲ့..."
"ချမ်းသာပေးပါ... သနားပါအုံး..."
ပါရမီရှင်ဆယ်ယောက်ကျော်၏ မျက်နှာများ ဖြူရော်သွားပေ၏။ သူတို့ ခုခံ၍မရနိုင်ကြောင်း သိလိုက်သဖြင့် ချမ်းသာပေးရန် အလျင်အမြန် အော်ဟစ်ညည်းတွားလိုက်ကြသည်။
သို့သော် ထိုအရာအားလုံးသည် အချည်းနှီးပင်။
ကမ္ဘာဖျက် ကြိတ်ဆုံကျောက်ကြီးတစ်ခုကဲ့သို့ ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးသည် အနည်းငယ်မျှပင် မရပ်တန့်ဘဲ အောက်သို့ရိုက်ချလိုက်သည်။
ဝုန်း...
မိုးကောင်းကင်ကို တုန်ခါစေသော ဥပဒေသ ဒီရေလှိုင်းကြီးများသည် သွေးမြူပေါက်ကွဲမှုများနှင့် ရောယှက်ကာ မြင့်တက်သွားခဲ့သည်။
တောက်ပသော ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး ပျောက်ကွယ်သွားပြီးနောက် ကြီးမားကျယ်ပြန့်သော ဧရိယာတစ်ခုသည် လုံးလုံးလျားလျား ပြိုလဲပျက်စီးသွားပေ၏။
အရိုက်ခံရသော ပါရမီရှင်ဆယ်ယောက်ကျော်သည် အသွေးအသား သို့မဟုတ် နတ်ဘုရားစိတ်ဝိညာဉ် တစိုးတစိမျှပင် မကျန်ရစ်ခဲ့ချေ။
"ရှီး..."
သူတို့ကို ဝိုင်းရံတိုက်ခိုက်ရန် ရည်ရွယ်ထားသော တခြားပါရမီရှင်များ၏ မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။
သူတို့၏စိတ်ဝိညာဉ်များကို သံမှိုရိုက်ခံလိုက်ရသကဲ့သို့ လုံးလုံးလျားလျား တွေဝေမိန်းမောပြီး နေရာတွင် တောင့်တင်းသွားကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ရုံသာ တတ်နိုင်တော့ပေ၏။
နတ်ဘုရားဘုရင်နယ်ပယ် ကျင့်ကြံသူ ဆယ်ယောက်ကျော် အပါအဝင် ကျွမ်းကျင်သူများအားလုံးက လက်ဝါးတစ်ချက်တည်းဖြင့် ချက်ချင်းခြေမွှဖျက်ဆီးခြင်း ခံလိုက်ရသည်။
"ပုရွက်ဆိတ်တစ်စုက... ဘယ်လိုများ ဒီလောက် ရဲတင်းရတာလဲ..."
ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်၏ အသံက နတ်ဘုရားတောင်၏အဝင်ဝမှ ပဲ့တင်ထပ်လာခဲ့သည်။
"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်..."
နတ်ဘုရားတောင်၏အဝင်ဝကို စောင့်ကြပ်ရန် တာဝန်ရှိသော ပါရမီရှင်များသည် ခုံးဝူတောက်ကို မြင်လိုက်ရသောအခါ ဝမ်းသာသည့် မျက်နှာအမူအရာများကို ပြသလိုက်ကြ၏။
ရိုးရိုးသားသား ပြောရလျှင် သူတို့သည် အစောပိုင်းက အနည်းငယ် ထိတ်လန့်နေခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ ပြင်ပမှ ပါရမီရှင်များ ပို၍ပို၍ ဤနေရာသို့ စုဝေးလာကြပြီး သူတို့၏ အရေအတွက်မှာ နှစ်ထောင်နီးပါး ရှိနေလေပြီ။
သူတို့ဘက်မှ လူဆယ်ယောက်ကျော်သည် သူတို့၏နယ်ပယ်ထက် ကျော်လွန်၍ တိုက်ခိုက်နိုင်လျှင်ပင် ဤမျှထိ များပြားသော လူများကို သူတို့ မည်သို့မျှ ရှင်းလင်းပစ်နိုင်မည် မဟုတ်ချေ။
ယခုအချိန်၌ ခုံးဝူတောက်သည် နောက်ဆုံးတွင် ထွက်ပေါ်လာပြီဖြစ်ရာ သူတို့၏ စိုးရိမ်ပူပန်နေသော နှလုံးသားများ ငြိမ်သက်သွားသည်။
ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူအားလုံး၏ရှေ့တွင် သူ၏လက်များကို နောက်ပစ်ပြီး မတ်တတ်ရပ်နေခဲ့သည်။
သူ၏မျက်လုံးများသည် ရှေးဟောင်း ရေတွင်းတစ်ခုကဲ့သို့ တည်ငြိမ်နေပြီး ပတ်ဝန်းကျင်ကို အေးစက်စွာ ဝေ့ဝိုက်၍ ကြည့်လိုက်၏။
သူ၏အကြည့် ကျရောက်သွားသည့် နေရာတိုင်းတွင် ရှိနေသော ကျွမ်းကျင်သူ နှစ်ထောင်ကျော်သည် သူတို့၏နှလုံးသားများ တုန်ရီသွားပြီး သူတို့၏ကျောရိုးတလျှောက် ကြက်သီးမွေးညှင်းထသွားသည်ကို ခံစားလိုက်ရသည်။
သူတို့သည် သူတို့၏ ခေါင်းများကို မငုံ့ဘဲ မနေနိုင်တော့ဘဲ ခုံးဝူတောက်၏ အကြည့်ကို ရင်မဆိုင်ရဲကြချေ။
"မင်းတို့က တိုက်ခိုက်တာမှာ အရမ်းတော်တယ်လို့ ထင်နေတာလား..."
ခုံးဝူတောက်က လှောင်ပြောင်လိုက်၏။
ထို့နောက် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူ၏တာအိုဟင်းလင်းပြင်ထဲမှ ရှေးဟောင်းမဟာတာအို အမှတ်အသားကို တိုက်ရိုက်ထုတ်ယူလိုက်သည်။
"ဒါက..."
တလိမ့်လိမ့်ထနေသော ရေလွှမ်းမိုးမှုတစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တာအို အရှိန်အဝါကို ခံစားလိုက်ရသောအခါ လူတိုင်း အံ့အားသင့်စွာ မော့ကြည့်လိုက်ကြပြီး ခုံးဝူတောက်၏လက်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
သူတို့၏ မျက်လုံးများထဲရှိ ကြောက်ရွံ့မှုများ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး အဆုံးမဲ့ လောဘများဖြင့် အစားထိုးသွားတော့သည်။
"ရှေးဟောင်းမဟာတာအို အမှတ်အသား..."
ခုံးဝူတောက်က ဒီလောက် အချိန်တိုလေး အတွင်းမှာ ရှေးဟောင်းမဟာတာအို အမှတ်အသားကို တကယ်ကြီး ရသွားတာလား...
သူ ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ...
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ လောဘတကြီး အကြည့်များကို ခံစားရချိန်တွင် ခုံးဝူတောက်သည် အနည်းငယ်မျှပင် ထိတ်လန့်မနေခဲ့ချေ။
သူ၏မေးကို အနည်းငယ် ပင့်လိုက်ပြီး သူ၏ လေသံတွင် ပျင်းရိသော တည်ငြိမ်မှုများဖြင့် ပြည့်နှက်နေသည်။
"မင်းတို့ အဲ့ဒါကို လိုချင်လား..."
ခုံးဝူတောက်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်းမဟာတာအို အမှတ်အသားသည် သူ၏နံဘေးတွင် လွင့်မျောသွားပေ၏။
"ငါ့ကို နိုင်တဲ့သူ ဘယ်သူမဆို... ဒါက အဲ့ဒီလူရဲ့အပိုင်ပဲ..."
ဤအသံ ကျဆင်းသွားသည်နှင့် လက်ရှိနေရာတွင် ရှိနေသူများအားလုံး နောက်တစ်ကြိမ် တုန်ယင်သွားကြသည်။
ခုံးဝူတောက်ကို အနိုင်ယူဖို့လား...
သူ့ကို ဘယ်လိုများ တိုက်ခိုက်ရမှာလဲ...
ခုံးဝူတောက်သည် ကျွမ်းကျင်သူဆယ်ယောက်ကျော်ကို လက်ဝါးတစ်ချက်တည်းဖြင့် ချက်ချင်းခြေမွှဖျက်ဆီးလိုက်သော မြင်ကွင်းက သူတို့၏စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။
"ဘယ်လောက်တောင် စိတ်ဝင်စားစရာ မကောင်းလိုက်လဲ..."
ပါရမီရှင်အများအပြား၏မျက်လုံးများမှ အနက်ရှိုင်းဆုံး နေရာတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများကို မြင်လိုက်ရသောအခါ ခုံးဝူတောက်က ရယ်မောပြီး ခေါင်းခါယမ်းလိုက်၏။
"ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ... ဒီနတ်ဘုရားသားတော်က မင်းတို့ကို မျက်နှာသာပေးမှု တစ်ခု လုပ်ပေးမယ်..."
"မင်းတို့အားလုံး ပူးပေါင်းပြီး ငါ့ဆီ လာလို့ ရတယ်..."
ခုံးဝူတောက်သည် သူ၏လက်များကို နောက်ပစ်၍ မတ်တတ်ရပ်နေပြီး သူ၏အဖြူရောင်ဝတ်ရုံက လူးလွန့်နေသည်။
သူ၏နှုတ်ခမ်းများရှိ ခပ်ဖျော့ဖျော့အပြုံးက သူ့ထံ၌ ပို၍ပင် ယုံကြည်မှုရှိနေပုံ ပေါ်လွင်နေပေ၏။
"ငါ့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေက တခြားဘယ်သူမှ လှုပ်ရှားမှာ မဟုတ်ဘူး..."
"ဒီနတ်ဘုရားသားတော် တစ်ယောက်တည်းက မင်းတို့အားလုံးကို ရင်ဆိုင်မယ်..."
သူ၏စကားသံများ ကျဆင်းသွားသည်နှင့်....
လောကကြီးတစ်ခုလုံး ချက်ချင်းဆိုသလိုပင် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ကျရောက်သွားတော့သည်။
မရေမတွက်နိုင်သောအကြည့်များက ထိုအဖြူရောင်ဝတ်စုံဝတ် ပုံရိပ်ပေါ်သို့ စူးစိုက်၍ ကျရောက်သွားသည်။
အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုက သူတို့ကို မိုးကြိုးပစ်ခတ်ခံလိုက်ရသကဲ့သို့ ခံစားရစေပြီး နေရာတွင်ပင် တွေဝေမိန်းမောကာ တောင့်တင်းသွားပေ၏။
သူက တကယ်ကြီး ပြောနေတာလား...
ဒီနေရာမှာ လူနှစ်ထောင်ကျော် ရှိတယ်လေ...
တကယ်လို့ သူတို့အားလုံး အတူတူ တိုက်ခိုက်မယ်ဆိုရင် ခုံးဝူတောက်က ဘယ်လိုလုပ်ပြီး သူတို့ကို တားဆီးနိုင်မှာလဲ...
သို့သော် ရှေးဟောင်းမဟာတာအို အမှတ်အသား၏ သွေးဆောင်မှုသည် အလွန်ကြီးမားလွန်းပေ၏။
ယခုချိန်၌ ထိုအမှတ်အသားက ခုံးဝူတောက်၏ လက်ထဲတွင် ရှိနေပြီဖြစ်ရာ ရှေးဟောင်းမဟာတာအို အမှတ်အသားမှတစ်ဆင့် မူလဘူတခေတ်၏ အမွေအနှစ်ကို သူတို့ရရှိရန်ဆိုသည်မှာ စိတ်ကူးယဉ်မှုသက်သက်ပင်။
သို့သော် အကယ်၍ ခုံးဝူတောက်ကို အနိုင်ယူပြီး သူ၏လက်ထဲမှ ရှေးဟောင်းမဟာတာအို အမှတ်အသားကို လုယူရန် အခွင့်အရေးတစ်ခု ရှိမည်ဆိုပါက....
သူတို့သည် သဘောတူညီချက် တစ်ခုကို လုံးလုံးလျားလျား ပြုလုပ်နိုင်ပြီး ရှေးဟောင်းမဟာတာအို အမှတ်အသားကို သူတို့အချင်းချင်း မျှဝေကာ ထိုအမှတ်အသားအတွင်းရှိ မူလဘူတခေတ်၏အမွေအနှစ်ကို ပူးတွဲအမွေဆက်ခံနိုင်ပေ၏။
ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ပါရမီရှင်များ၏ မျက်နှာအမူအရာ အမျိုးမျိုးကို သူ မြင်လိုက်ရပြီး လူတချို့က လျှို့ဝှက်စွာ အချင်းချင်း အကြည့်ချင်း ဖလှယ်နေကြသည်ကိုပင် မြင်တွေ့ရသည်။
ဤလောဘကြီးသောကောင်များ သွေးဆောင်ခံလိုက်ရပြီ ဖြစ်ကြောင်း ခုံးဝူတောက် သိနှင့်ပြီးဖြစ်သည်။
တိုက်ဆိုင်စွာဖြင့် သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် မကြာသေးမီက အလွန်မြန်ဆန်စွာ တိုးတက်နေခဲ့၏။
အထူးသဖြင့် သူ နတ်ဘုရားဘုရင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက်တွင်ဖြစ်သည်။
သူသည် အမှန်တကယ် စိတ်လှုပ်ရှားဖွယ်ကောင်းသော တိုက်ပွဲတစ်ခုကို မကြုံတွေ့ခဲ့ရသဖြင့် သူ၏ခန္ဓာကိုယ်အတွင်း၌ ဥပဒေသ စွမ်းအားများ အလွန်အကျွံ စုဆောင်းမိနေခဲ့သည်။
လက်ရှိနေရာတွင် ရှိနေသော ပါရမီရှင်နှစ်ထောင်ကျော်သည် အကောင်းဆုံး လေ့ကျင့်ဖော်များ မဟုတ်လော...
ခုံးဝူတောက်၏နောက်တွင်မတ်တတ်ရပ်နေသော အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ပါရမီရှင် အများအပြားသည်...
သူတို့ နတ်ဘုရားသားတော်အရှင်၏ နှုတ်ခမ်းရှိ ခပ်ဖျော့ဖျော့အပြုံးကို မြင်လိုက်ရသောအခါ သူတို့အချင်းချင်း ကြည့်လိုက်ကြ၏။
သူတို့ အားလုံးသည် နားလည်မှုတစ်ခုဖြင့် ပတ်ဝန်းကျင်သို့ လူစုခွဲသွားကြပြီး သူတို့၏ နတ်ဘုရားသားတော်အရှင်မှ သူ၏ စွမ်းရည်များကို အပြည့်အဝ ပြသရန် လုံလောက်သော နေရာကို ပေးလိုက်ကြတော့သည်။