← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇) လူတစ်ယောက်တည်းက ကျွမ်းကျင်သူ နှစ်ထောင်ကို ရင်ဆိုင်တိုက်ခိုက်တယ်၊ နတ်ဘုရားဘုရင် ဓမ္မပုံရိပ်ယောင် ဆယ့်သုံးခုရဲ့ ပုံရိပ်တွေ ဖော်ထုတ်ခံလိုက်ရပြီ

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်သွားပေ၏။

အစောပိုင်းက ရှိနေခဲ့သော ထူထပ်သိပ်သည်းသည့် မြူခိုးများအနက် အများစုသည် ပျောက်ကွယ်သွားခဲ့လေပြီ။

ကြွင်းကျန်နေသော အဖြူရောင်မြူခိုးများက မြင်ကွင်းကို အနည်းငယ် ဝေဝါးနေစေဆဲပင်။

ပါရမီရှင်အများအပြား၏ ထိပ်တိုက်ရင်ဆိုင်မှုနှင့် ပေါင်းစပ်လိုက်သောအခါ ဤနေရာရှိ လေထုတွင် သတ်ဖြတ်လိုခြင်း အရှိန်အဝါတစ်ရပ်ဖြင့် ပို၍ပင် ပြည့်နှက်နေပေ၏။

ရုတ်တရက် တခြားတာအိုနယ်မြေများမှ ထိပ်တန်းပါရမီရှင်တချို့သည် အချင်းချင်း လျှို့ဝှက်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ တောက်ပနေသည်။

"ခုံးဝူတောက်... မင်းက ဒါကို မင်းကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာဆိုတော့ ငါတို့ကို အပြစ်မတင်နဲ့..."

နောက်တခဏတွင် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိနေသော ပြင်ပ တာအိုနယ်မြေများမှ ပါရမီရှင်တချို့က တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

သူတို့အားလုံးသည် ထိပ်တန်းအင်အားစုများ၏ အမွေဆက်ခံသူများ ဖြစ်ကြပြီး သူတို့ ကျင့်ကြံထားသော နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များသည် လေလွင့်ကျင့်ကြံသူများ နှိုင်းယှဉ်၍ ရနိုင်သည့် အရာများနှင့် များစွာ ကွာခြားလှသည်။

သူတို့၏စွမ်းအားများကို ထုတ်လွှတ်လိုက်သည့် အချိန်အခိုက်အတန့်တွင် ဆူပွက်နေသော ရွှေရောင်သမုဒ္ဒရာများသည် ကြမ်းတမ်းသော လှိုင်းလုံးများကဲ့သို့ ပျံ့နှံ့သွားပြီး ဥပဒေသများ တုန်ခါကာ လောကကြီးတစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားတော့သည်။

"နတ်ဘုရားသတ်လက်သီး..."

"လှိုင်းခွဲအာဏာရှင်ဓားချက်..."

"နက်နဲသိမ်မွေ့ မြေအောက်မီးနယ်မြေ..."

"........"

ဒေါသတကြီး ဟိန်းဟောက်သံတချို့ ဆက်တိုက် ပဲ့တင်ထပ်လာသည်နှင့်အမျှ...

တောက်ပသော နတ်ဘုရားစွမ်းရည် အလင်းတန်းများ မြင့်တက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော တာအိုသဘာဝလွန်ဖြစ်စဉ် အမျိုးမျိုး စုစည်း၍ ဖြစ်ပေါ်လာခဲ့၏။

ခုံးဝူတောက် မည်မျှထိ သန်မာအားကောင်းကြောင်းကို သူတို့အားလုံး သိထားကြကြောင်း သိသာရှင်းလင်းနေသည်။

သူတို့ တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် သူတို့၏ဝှက်ဖဲဖြစ်သော နတ်ဘုရားစွမ်းရည်များကို အသုံးပြုရုံသာမက သူတို့၏မူလအစ တာအိုလက်နက်များကိုလည်း စတေးခဲ့ကြသည်။

"ဟောင်ရုံသာ ဟောင်ပြီး မကိုက်တတ်တဲ့ ကောင်တွေ..."

ခုံးဝူတောက်သည် ဂရုမစိုက်ဘဲ နေခဲ့ပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်ခြင်းမပြုမီ ပေါ့ပေါ့ပါးပါး မှတ်ချက်ချလိုက်၏။

ဝုန်း...

သူ၏ နောက်ကွယ်တွင် ရွှေရောင်သမုဒ္ဒရာတစ်ခု ရုတ်တရက် တလိမ့်လိမ့်ထလာခဲ့သည်။

ခုံးဝူတောက်က သူ၏လက်ဝါးဖြင့် ရိုက်လိုက်သည်နှင့် ခမ်းနားကြီးကျယ်သော နတ်ဘုရားစွမ်းရည် ဓမ္မပုံရိပ်ယောင်တစ်ခုသည် ဥပဒေသ သမုဒ္ဒရာအတွင်း ချက်ချင်းစုစည်းသွားပြီး ခုံးဝူတောက်၏လက်ဝါးရိုက်ချက်နောက်သို့ လိုက်ကာ သူ၏ရှေ့ရှိ ဟင်းလင်းပြင်ထံသို့ ရိုက်ချလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဥပဒေသ စွမ်းအားများ လွှမ်းခြုံပျံ့နှံ့သွားပြီး ဟင်းလင်းပြင်သည် ဖရိုဖရဲ ဖြစ်သွားကာ ကြယ်များ ပြောင်းပြန်ဖြစ်သွားတော့သည်။

ဤလက်ဝါးရိုက်ချက်တွင် ကြွယ်ဝသော ကမ္ဘာဦးစွမ်းအားလည်း ပါဝင်ပြီး ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ဥပဒေသများကို တစ်ခုတည်းအဖြစ် စုစည်းကာ ကမ္ဘာဦးကမ္ဘာတစ်ခုအဖြစ် ဖန်တီးလိုက်၏။

တောင်များပြိုကျပြီး မြေပြင်ဆုတ်ဖြဲခံရသည့်အလား အသံတစ်သံက ပဲ့တင်ထပ်သွားခဲ့သည်။

ရုတ်တရက် တိုက်ခိုက်မှုကို စတင်ခဲ့သော တခြား တာအိုနယ်မြေများမှ ပါရမီရှင်တချို့သည် ခုခံရန်စွမ်းအား လုံးဝမရှိခဲ့ချေ။

ခုံးဝူတောက်၏ လွှမ်းမိုးနိုင်သောခွန်အားကို ရင်ဆိုင်ရချိန်၌...

ပါရမီရှင်အများအပြား ဂုဏ်ယူဝင့်ကြွားခဲ့ကြသော သူတို့၏ဝှက်ဖဲဖြစ်သည့် နတ်ဘုရားစွမ်းရည်များသည် လုံးလုံးလျားလျား ခြေမွှဖျက်ဆီးခြင်း ခံလိုက်ရသည်။ ထိုမျှသာမက သူတို့၏ခန္ဓာကိုယ်များပေါ်တွင် စုစည်းထားသော ကာကွယ်ရေး စိတ်ဝိညာဉ်ချီများပင်လျှင် အမှုန်အမွှားများအဖြစ် ကြေမွှပျက်စီးသွားတော့သည်။

ကြမ်းတမ်းသော စွမ်းအားများက သူတို့၏ ခန္ဓာကိုယ်များကို ထိုးဖောက်ဝင်ရောက်သွားပြီး သူတို့၏ရင်ဘတ်များကို မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားစေကာ သူတို့၏ခန္ဓာကိုယ် တစ်ဝက်ကျော်ကို တိုက်ရိုက်ဖောက်ခွဲပစ်လိုက်၏။

"ဒါက... နတ်ဘုရားဘုရင် ဓမ္မပုံရိပ်ယောင် လား..."

အနီးအနားတွင် တိုက်ခိုက်ရန် အခွင့်အရေး ရှာဖွေနေကြသော တခြားသူများသည် ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် သူတို့၏ မျက်နှာများ ချက်ချင်းပြာနှမ်းသွားကြသည်။

ခုံးဝူတောက်ကလည်း နတ်ဘုရားဘုရင်တစ်ပါးလား...

သူ ဘယ်တုန်းက နတ်ဘုရားဘုရင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားတာလဲ...

"ဟဲဟဲ... မင်းတို့အားလုံး အတူတူ မတိုက်ခိုက်ဘူးဆိုရင်... မင်းတို့အားလုံး ဒီနေရာမှာ သေရလိမ့်မယ်..."

ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်၏ နောက်ပြောင်လိုသော်လည်း ဂရုမစိုက်သည့် အသံ ကျဆင်းလာသည်။

ဝုန်း...

ထို့နောက် သူ့ကိုဗဟိုပြု၍ မိုင်ထောင်ပေါင်းများစွာပတ်လည်ရှိ မြေပြင်သည် ပြင်းထန်စွာ မြည်ဟီးပြီး တုန်ခါလာခဲ့သည်။

အဆုံးမဲ့ ဥပဒေသ အက္ခရာများက ခုံးဝူတောက်၏ခန္ဓာကိုယ်ထံသို့ ရူးသွပ်စွာ စုစည်းလာနေကြောင်းကို လူတိုင်း ရှင်းလင်းစွာ တွေ့မြင်နိုင်ပေ၏။

နတ်ဘုရား အလင်းတန်းများ စီးဆင်းနေပြီး ဥပဒေသသံကြိုးများ ရောယှက်နေသည်။

ဤလောကကြီးသည် ရှေးဟောင်းတာအို စွမ်းအားတစ်ခု နိုးထလာသည့်အလား ဖြစ်နေပြီး အဖြူရောင်မြူခိုးများ ကင်းစင်နေပြီဖြစ်သော ကြည်လင်သည့် ကောင်းကင်ပြာသည် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော အရှိန်ဖြင့် သိသိသာသာ မှောင်မိုက်လာခဲ့သည်။

အနက်ရောင်တိမ်တိုက်များ၏ အနက်ရှိုင်းဆုံး နေရာတွင် ဝေဝါးစွာ မြင်တွေ့နေရသော မိုးကြိုး နဂါးများသည် အဆက်မပြတ် ဟိန်းဟောက်ကာ ပေါက်ကွဲနေကြ၏။

မှောင်မိုက်နေသော လောကကြီးထဲတွင်...

တောက်ပသော နတ်ဘုရားအလင်းရောင်များ ဖြာထွက်နေသည့် ပုံရိပ်ဆယ့်သုံးခုသည် အမြင့်မြတ်ဆုံး နတ်ဘုရားများအလား ကောင်းကင်နှင့်မြေကြီးကြားတွင် ခမ်းနားကြီးကျယ်စွာ ရပ်တည်နေပြီး လောကကြီးကို ဖွင့်လှစ်နေသည့်အလားပင်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လက်ရှိနေရာတွင်ရှိနေသော တခြားပါရမီရှင်နှစ်ထောင်ကျော်သာမက အချိန်လေဟာနယ်တားမြစ်နယ်မြေမှ လူများပင်လျှင် ဆွံ့အသွားကြ၏။

သူတို့၏ နတ်ဘုရားသားတော်အရှင်သည် နတ်ဘုရားဘုရင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်းကို သူတို့ အမြဲတစေ သိထားခဲ့ကြသည်။

သို့သော် သူသည် နတ်ဘုရားဘုရင် ဓမ္မပုံရိပ်ယောင် မည်မျှထိများများ စုစည်းထားကြောင်းကိုမူ သူတို့ မသိခဲ့ကြချေ။

သူတို့၏အမြင်အရ သူတို့၏နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကဲ့သို့ လူတစ်ယောက်သည် ခေတ်အဆက်ဆက်တွင် ရှားပါးသော နတ်ဘုရားဘုရင် ဓမ္မပုံရိပ်ယောင် ခြောက်ခုကို စုစည်းနိုင်မည်မှာ မလွဲမသွေပင်။

ဒဏ္ဍာရီများတွင် တစ်ကြိမ်တစ်ခါမျှ ထွက်ပေါ်မလာဖူးသော နတ်ဘုရားဘုရင် ဓမ္မပုံရိပ်ယောင် ခုနစ်ခုပင် ဖြစ်နိုင်ချေရှိသည်။

သို့သော် ယခုချိန်၌ အရာအားလုံး ဖော်ထုတ်ခံလိုက်ရချိန်တွင်....

သူတို့ ကြီးမားစွာ မှားယွင်းနေကြောင်း ရုတ်တရက် သူတို့ နားလည်သဘောပေါက်သွားကြတော့သည်။

သူတို့၏ အကြီးမားဆုံး အသိပညာကို အသုံးပြု၍ သူတို့၏နတ်ဘုရားသားတော်အရှင်၏ခွန်အားကို ခန့်မှန်းခဲ့သည့်တိုင် ထိုအရာက များစွာလျှော့တွက်မိနေဆဲပင်။

ရှေးဟောင်းမှတ်တမ်းများအားလုံးထက် များစွာ ကျော်လွန်နေသော နတ်ဘုရားဘုရင် ဓမ္မပုံရိပ်ယောင် ဆယ့်သုံးခု...

ဤသည်မှာ ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ၏ ဒဏ္ဍာရီတစ်ခု မဟုတ်တော့ဘဲ ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများတွင် မကြုံစဖူး ထုံးစံတစ်ခုကို ဖန်တီးလိုက်ခြင်းပင်။

နတ်ဘုရားဘုရင် ဓမ္မပုံရိပ်ယောင် ဆယ့်သုံးခု...

ဤအရာကို စုစည်းရန်အတွက် လူတစ်ယောက်သည် မည်မျှထိ သန်မာအားကောင်းရန် လိုအပ်မည်နည်း...

ရှေးခေတ်နှင့်ခေတ်သစ် အချိန်ကာလများကို ကြည့်မည်ဆိုလျှင် သူတို့၏ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက် တစ်ဦးတည်းသာ ထိုအရာကို လုပ်ဆောင်နိုင်စွမ်းနှင့် အရည်အချင်း ရှိနိုင်ပေ၏။

"နတ်ဘုရားဘုရင် ဓမ္မပုံရိပ်ယောင် ဆယ့်သုံးခု..."

"ဒါက တကယ်ပဲ လူသား ဟုတ်သေးရဲ့လား..."

ကောင်းကင်ပြာသည် ကောင်းကင်တာအို၏ ဓမ္မပုံရိပ်ယောင်တစ်ခုအနေဖြင့် သက်ပြင်းချလိုက်ပြီး သူမ၏အသံ အနည်းငယ် တုန်ယင်နေသည်။

တုန်လှုပ်ချောက်ချားအင်မော်တယ်နှင့် ခုံးဝူတောက်တို့ကြားတွင် ကွာဟချက်တစ်ခု ရှိသော်လည်း ဤသည်က ကျော်လွှား၍မရနိုင်လောက်အောင် ကြီးမားမည် မဟုတ်ဟု သူမ အမြဲတစေ တွေးထင်ခဲ့သည်။

သို့သော် ယခု ကြည့်ရသည်မှာ သူမ အတွေးလွန်နေခဲ့ခြင်း ဖြစ်ပုံရသည်။

ခုံးဝူတောက်နှင့် တုန်လှုပ်ချောက်ချား အင်မော်တယ်...

မဟုတ်ဘူး...

ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ၏ မရေမတွက်နိုင်သော ပါရမီရှင်များနှင့်ပင် ချောက်နက်ကြီးတစ်ခုကဲ့သို့ ကွာဟချက်မျိုး ရှိနေသည်။

ခုံးဝူတောက်သည် ချောက်နက်ကြီးအထက်မှ နတ်ဘုရားပင်။

ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ၏ ပါရမီရှင်များသည် ချောက်နက်ကြီးအောက်မှ ပုရွက်ဆိတ်များသာ ဖြစ်ပေ၏။

"ကောင်းပြီ... ဒုတိယပိုင်းအတွက် အချိန်ရောက်ပြီ..."

ခုံးဝူတောက်က ခပ်ဖျော့ဖျော့ရယ်မောလိုက်သည်။

သူသည် နေရာတွင် တွေဝေမိန်းမောနေပြီဖြစ်သော ပါရမီရှင်နှစ်ထောင်ကျော်ကို လုံးလုံးလျားလျား လျစ်လျူရှုကာ အစပြု၍ တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။

ဝုန်း... ဝုန်း... ဝုန်း...

လွှမ်းမိုးလာသော ဒီရေလှိုင်းတစ်ခုကဲ့သို့ ဥပဒေသလှိုင်းလုံးများ ကျဆင်းလာသည်ကိုသာ လူတိုင်း ခံစားလိုက်ရသည်။

လူအများအပြားသည် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကိုပင် နားမလည်ခဲ့ကြဘဲ သူတို့သည် ရုတ်တရက် ပြင်းထန်သော ဒဏ်ရာများကို ခံစားလိုက်ရပြီး သူတို့၏အသိစိတ်များ အထိန်းအကွပ်မဲ့စွာ လျှင်မြန်စွာ ပျောက်ကွယ်သွားသည်ကိုသာ ခံစားလိုက်ရသည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေမှ စောင့်ကြည့်နေသူများ၏အမြင်အရ....

ခုံးဝူတောက်သည် ပြိုင်ဘက်ကင်းပြီး အရပ်မျက်နှာအသီးသီးကို ဖိနှိပ်နေသော လူငယ် မဟာဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်နေပေ၏။

သူ၏တိုက်ခိုက်မှုအရှိန်နှုန်းမှာ အလွန်မြန်ဆန်လှပြီး ဟင်းလင်းပြင်တွင် သက်တံပုံရိပ်ယောင်များ ချန်ထားခဲ့သည်။

အဖြူရောင် အလင်းတန်းများ အဆက်မပြတ် လင်းလက်သွားသည်ကိုသာ လူတိုင်း ခံစားလိုက်ရပြီး သူတို့၏သာမန်မျက်စိဖြင့် ခုံးဝူတောက်၏ လှုပ်ရှားမှုများကို ဖမ်းယူနိုင်ခြင်းမရှိချေ။

နတ်ဘုရားအလင်းတန်း တစ်ချက်ဖြတ်ပြေးသွားတိုင်း လူအုပ်ကြီးတစ်ခုလုံးသည် စုတ်ပြဲနေသော အဝတ်စုတ်များကဲ့သို့ လွင့်စင်သွားကြပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာသည်။ သူတို့၏ဒွာရခုနစ်ပေါက်မှ သွေးများထွက်လာပြီး သူတို့၏ခန္ဓာကိုယ်များ တဆတ်ဆတ် တုန်ယင်နေကြသည်။

ပြိုင်ဘက်ကင်း ပါရမီရှင်များနှင့် ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများသည် ယခုအချိန်၌ ပုရွက်ဆိတ်များကဲ့သို့ အားနည်းနေကြလေပြီ။

သူတို့သည် တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် လွင့်စင်သွားကြ၏။

အချိန်တစ်ခုကြာသည်အထိ နာကျင်စွာ ညည်းတွားသံများသည် ဧရာမတိုက်ပွဲမြေပြင်တခွင်လုံးတွင် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။

"မြန်မြန်... အတူတူ တိုက်ခိုက်ကြစမ်း..."

အသိပြန်ဝင်လာသော ကျွမ်းကျင်သူတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ကျန်ရှိနေသော ကျွမ်းကျင်သူများအားလုံးသည် သူတို့၏ နတ်ဘုရားစွမ်းရည် အရှိန်အဝါများကို ထုတ်လွှတ်လိုက်ပြီး သူတို့၏မူလအစ တာအိုလက်နက်များကို စတေးလိုက်ကြ၏။

တလိမ့်လိမ့်ထနေသော နတ်ဘုရားစွမ်းရည်များနှင့်မှော်ပညာရပ်များသည် မိုးရွာသကဲ့သို့ သိပ်သည်းနေပြီး ခုံးဝူတောက်ထံသို့ ပြေးဝင်သွားကြတော့သည်။

"အရမ်းကောင်းတယ်..."

ခုံးဝူတောက်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး သူ၏လက်ဖြင့် ဟင်းလင်းပြင်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သရုပ်အသင်္ချေနတ်ဘုရားလက်နက်သည် သူ၏ လက်ထဲတွင် ပေါ်လာပြီး အတွေးတစ်ချက်ဖြင့် အလင်းတန်းများ စီးဆင်းနေသော နတ်ဘုရားလှံရှည်တစ်လက်အဖြစ် အသွင်ပြောင်းသွားတော့သည်။

"လူသူကင်းမဲ့မှုကို ချိုးဖျက်ခြင်း..."

ခုံးဝူတောက်သည် ခြေတစ်လှမ်းမျှပင် မရွေ့လျားခဲ့ဘဲ ကြောက်မက်ဖွယ်ကောင်းသော တာအိုဥပဒေသ အရှိန်အဝါများက သူ၏ခန္ဓာကိုယ်မှ တလိမ့်လိမ့်ထွက်ပေါ်လာခဲ့သည်။

သူ၏အရပ်ထက် အနည်းငယ်ပိုရှည်သော သူ၏ လက်ထဲရှိ နတ်ဘုရားလှံရှည်သည် လူးလွန့်နေပြီး ဟင်းလင်းပြင်ကို ခြေမွှဖျက်ဆီးနေသည့် လှံရှည်အလင်းတန်း ပုံရိပ်ယောင်ကြီးများကို ဖန်တီးလိုက်၏။

ထို့နောက် မရေမတွက်နိုင်သော မယုံကြည်နိုင်သည့် အကြည့်များအောက်တွင်....

ရှေ့သို့ ပြေးဝင်လာသော ပါရမီရှင်တစ်ရာနီးပါးသည် ကြောက်မက်ဖွယ်ကောင်းသော လှံရှည်ချီ မုန်တိုင်း၏ တံမြက်စည်းလှည်းသကဲ့သို့ ရှင်းလင်းခြင်းကို ခံလိုက်ရသည်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် လေထဲသို့ အဆက်မပြတ် လွင့်စင်သွားကြတော့သည်။

အနည်းငယ်ဝေးကွာသော နေရာတွင် ရှိနေသည့် ပါရမီရှင်အများအပြားပင်လျှင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်း၏ သက်ရောက်မှုကို ခံလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များ အထိန်းအကွပ်မဲ့စွာဖြင့် နောက်သို့ လွင့်စင်သွားကြ၏။

လှံရှည်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် တိုက်ပွဲမြေပြင်သည် သုံးဆယ်ရာခိုင်နှုန်းခန့် ချက်ချင်း ရှင်းလင်းသွားတော့သည်။

အခန်း (၁၆၈) နန်ကုန်းရှင်းယွဲ့... စကြဝဠာထဲမှာ အကြီးမားဆုံး တန်ဖိုး

ကြောက်မက်ဖွယ်ကောင်းသော ဥပဒေသ မုန်တိုင်းတစ်ခုက တိုက်ပွဲမြေပြင်ကို တိုက်ခတ်သွားပေ၏။

နာကျင်စွာ ညည်းတွားသံများ ထွက်ပေါ်လာပြီးနောက် တခဏအကြာတွင် ပျောက်ကွယ်သွားသည်။

ပေါက်ကွဲမှုအတွင်း ပိတ်မိသွားသော ကျင့်ကြံသူ ရာပေါင်းများစွာသည် လွင့်စင်သွားကြပြီး ဖရိုဖရဲဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ ဒဏ်ရာပြင်းထန်ခြင်းမရှိသော လူများသည် မျက်နှာများ ဖူးယောင်ကာ အရိုးများ ကျိုးပဲ့သွားသည်။

ထို့ထက်ပို၍ ပြင်းထန်သော အခြေအနေများတွင် သူတို့၏တိုက်ခိုက်ရေးစွမ်းရည် လုံးလုံးလျားလျား ဆုံးရှုံးသွားပြီး သတိလစ်သွားသည်အထိပင်။

ခုံးဝူတောက်၏နံဘေးပတ်လည် မိုင်တစ်ရာ အကွာအဝေးသည် လုံးဝရှင်းလင်းသွားခဲ့ပေ၏။

ခုံးဝူတောက်သည် တစ်ယောက်တည်း ရပ်နေပြီး သူ၏အနက်ရောင်ဆံပင်များ လူးလွန့်နေကာ သူ၏အဖြူရောင်ဝတ်ရုံ လွင့်ဝဲနေပြီး သူ့ထံမှ ဖျက်ဆီးခြင်းအရှိန်အဝါတစ်ရပ် ဖြာထွက်နေသည်။

လှံရှည်တိုက်ခိုက်မှုကို အတင်းအကြပိ ပိတ်ဆို့နိုင်ခဲ့သော ကျွမ်းကျင်သူများသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး နောက်ထပ်လက်မဝက်မျှပင် ရှေ့ဆက်မတိုးရဲကြတော့ချေ။

ဤမြင်ကွင်းသည် မည်မျှထိ ထိတ်လန့်ဖွယ် ကောင်းသနည်း....

အဝေးမှ စောင့်ကြည့်နေသော အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူများပင်လျှင် လေကို ပြင်းပြင်းရှူသွင်းလိုက်ကြပြီး နေရာမှာပင် လုံးလုံးလျားလျား အေးခဲတောင့်တင်းသွားကြတော့သည်။

လှံရှည်တစ်ချက်တည်းနဲ့ ကျွမ်းကျင်သူရာပေါင်းများစွာကို သူ အနိုင်ယူခဲ့ပေ၏။

"ငါ... ငါ ထပ်ပြီးမတိုက်ခိုက်တော့ဘူး..."

တစ်စုံတစ်ယောက်၏ ဆုံးဖြတ်ချက်သည် လုံးဝကျိုးပဲ့သွားပြီး ရူးသွပ်စွာဖြင့် ထွက်ပြေးရန် လှည့်ထွက်သွားတော့သည်။

ဤသည်က နောက်ပြောင်နေခြင်း ဖြစ်သလော...

သူသည် လှံရှည်တစ်ချက်တည်းဖြင့် လူအများကို ရှင်းလင်းပစ်ခဲ့သည်။

လူ မည်မျှထိများများ ရှိနေပါစေ သူတို့ နိုင်မည် မဟုတ်ချေ။

သို့သော် ထို့ထက်ပို၍များပြားသော လူများက ဒေါသနှင့်ဆန္ဒမရှိမှုများကို ပြသခဲ့ကြသည်။

လူအများအပြား ရှင်းလင်းခံလိုက်ရပြီးနောက်တွင်ပင် လူတစ်ထောင်ကျော် ကျန်ရှိနေသေးသည်။

သူတို့အနက် နတ်ဘုရားဘုရင်များနှင့် ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ အများအပြား ရှိနေသည်။

ခုံးဝူတောက်သည် နတ်ဘုရားဘုရင် ဥပဒေသ ဓမ္မပုံရိပ်ယောင် ဆယ့်သုံးခုကို ကြောက်မက်ဖွယ်ကောင်းအောင် စုစည်းထားခဲ့သော်လည်း....

သူတို့အနက်မှ အများအပြားသည် မျိုးဆက်ဟောင်း တည်ရှိမှုများပင်။

သူတို့ဘက်တွင် အရေအတွက် အားသာချက် ရှိနေသော်လည်း အသေအလဲ အရိုက်ခံရမည်ဆိုလျှင် ထိုအရာက လုံးလုံးလျားလျား အရှက်ကွဲခြင်း မဟုတ်လော...

"အတူတူ သွားကြစို့... ငါတို့မှာ လူအများကြီး ရှိသေးတယ်... ခုံးဝူတောက်က လူတစ်ယောက်တည်းကို ငါတို့က ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ..."

ဤအော်ဟစ်သံ ကျဆင်းသွားသည်နှင့် ကျန်ရှိနေသော လူအများအပြားသည်လည်း ဒေါသနှင့် ဆန္ဒမရှိသည့် မျက်နှာအမူအရာများကို ပြသလာကြ၏။

သူတို့သည် သူတို့၏တာအိုလက်နက်များကို နောက်တစ်ကြိမ် ထုတ်ယူလိုက်ကြပြီး ခုံးဝူတောက်ထံသို့ ပြေးဝင်သွားကြသည်။

"သူတို့မှာ သတ္တိတော့ ရှိသားပဲ..."

ခုံးဝူတောက်က ခပ်ဖျော့ဖျော့ရယ်မောလိုက်ပြီး သူ၏ စီးဆင်းနေသည့် အလင်းတန်း နတ်ဘုရား လှံရှည်ကို မြှောက်ကာ ရှောင်တိမ်းခြင်း သို့မဟုတ် တိမ်းရှောင်ခြင်း မပြုဘဲ လူအုပ်ထဲသို့ နောက်တစ်ကြိမ် ပြေးဝင်သွားတော့သည်။

စောင့်ကြည့်နေသော အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ပါရမီရှင်များသည် အသက်အောင့်ထားလိုက်ကြ၏။

သူတို့၏မျက်လုံးများ မမှိတ်ဘဲ ဤခမ်းနားကြီးကျယ်သော တိုက်ပွဲကို သူတို့ ကြည့်ရှုနေကြသည်။

အရမ်း သန်မာအားကောင်းလွန်းတယ်...

ကျွမ်းကျင်သူ နှစ်ထောင်ကျော်၏ ဝိုင်းရံထားမှုကို ရင်ဆိုင်ရသောအခါ ခုံးဝူတောက်သည် အားနည်းသည့် အရိပ်အယောင်များ မပြသရုံသာမက...

သူသည် ဆင်းသက်လာသော စစ်နတ်ဘုရား တစ်ပါးကဲ့သို့ ပြိုင်ဘက်ကင်းနေသည်။

........

တစ်ချိန်တည်းမှာပင် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဘိုးဘေးမြေ၏ အနက်ရှိုင်းဆုံး နေရာတွင်....

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ရှိသည့် ပုံရိပ်တချို့ ဤနေရာတွင် စုဝေးနေကြသည်။

သူတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်လာသော အရှိန်အဝါများအရ သူတို့သည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဘိုးဘေးများ ဖြစ်ကြောင်း သိသာရှင်းလင်းနေသည်။

ဤအခိုက်အတန့်တွင် သူတို့၏ ခေါင်းပေါ်၌...

အထူးဥပဒေသများဖြင့် ဖွဲ့စည်းထားသော ဧရာမအလင်းမျက်နှာပြင်တစ်ခုက လေထဲတွင် လွင့်မျောနေသည်။

ထိုအလင်းမျက်နှာပြင်အတွင်း၌ ပြသနေသော ပုံရိပ်မှာ ကောင်းကင်ဘုံတာအိုနယ်မြေတွင် ခုံးဝူတောက်မှ ဖရိုဖရဲ လုပ်နေသည့် မြင်ကွင်း အတိအကျပင်။

"ဟဲဟဲ... ခေတ်များစွာ ကြာခဲ့ပြီဆိုပေမယ့် ဒီကလေး ခုံးဝူတောက်က တကယ့်ကို ပိုပြီးသန်မာအားကောင်းလာတာပဲ..."

ထိုစကားကိုပြောဆိုသူမှာ ခမ်းနားထည်ဝါသည့်ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးပင်။

တောင်များ၊ မြစ်များ၊ နေနှင့်လတို့ကို သူ၏ အဖြူရောင်ဝတ်ရုံပေါ်တွင် ရေးထွင်းထားပြီး သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် ထူးကဲသော ဇစ်မြစ်မှလာကြောင်း သိသာရှင်းလင်းနေသည်။

သူသည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဘိုးဘေးတစ်ဦး မဟုတ်ချေ။

သို့သော် သူသည် တခြားမဟာတားမြစ်နယ်မြေဖြစ်သည့် ထျန်းကွမ်တားမြစ်နယ်မြေမှ လာခြင်းပင်။

"ဟဲဟဲ... ဒီကလေး ခုံးဝူတောက် နိုးထလာပြီးတော့ သိပ်မကြာခင်မှာပဲ သူက နောက်ထပ် ကြီးမားတဲ့ အခွင့်အရေး တစ်ခုကို ရလိုက်တယ်..."

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နံပါတ်ဆယ့်ကိုးဘိုးဘေးက သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်ကာ ပြုံးလိုက်၏။

"ဒီအရာကြောင့် သူ့ရဲ့စွမ်းအားက နည်းနည်းလောက် တိုးတက်လာတာပါ..."

"ပြောရရင်... နန်ကုန်းရှင်းယွဲ့က အချိန်အတော်ကြာ အိပ်ပျော်နေခဲ့တာ... အခု သူ နိုးထလာပြီဆိုတော့ သူ့ရဲ့စွမ်းအားကလည်း အရင်ကထက် အများကြီး တိုးတက်လာမှာပဲ..."

"အဘိုးရွှမ်ထျန်က ကျွန်မကို မြှောက်ပင့်လွန်းနေပါပြီ... အခုချိန်မှာ နန်ကုန်းရှင်းယွဲ့က ခုံးဝူတောက်ကို ရင်ဆိုင်ရရင် သူ့ရဲ့ ပြိုင်ဘက် ဖြစ်ဖို့ ခက်ခဲလိမ့်မယ်လို့ ကျွန်မ ထင်မိတယ်..."

လောကီနှင့်ကင်းကွာပြီး သာယာသော အမျိုးသမီးအသံတစ်သံက တုံ့ပြန်လိုက်၏။

အသံထွက်ပေါ်လာရာသို့ ကြည့်လိုက်သောအခါ အင်မော်တယ်ရွှေဖြင့် ဖန်တီးထားသော ပလ္လင်တစ်ခုပေါ်တွင် ဝေဝါးသော ပုံရိပ်ယောင်တစ်ခု ထိုင်နေသည်။

သူမ၏အရေပြားသည် နှင်းကဲ့သို့ ဖြူဖွေးနေပြီး သူမ၏တစ်ကိုယ်လုံးသည် သန့်ရှင်းသော တောက်ပမှု အလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေပုံရကာ ဖုန်မှုန့်အနည်းငယ်မျှပင် စွန်းထင်းမနေချေ။

သူမ၏ ရှည်လျားသော ဆံပင်များသည် ခါးအထိ ဖြောင့်တန်းစွာ ဖြာကျနေပြီး ဆံချည်အမျှင်များသည် နှင်းခဲနေသော လရောင်အလား တောက်ပနေသည်။ သူမ၏ဆံပင်များအတွင်း၌ လှည့်ပတ်နေသော တောက်ပသည့် မှော်အက္ခရာများက သူမကို ပို၍ပင် တောက်ပပြီး လင်းထိန်သွားစေခဲ့သည်။

သူမ၏ ပြီးပြည့်စုံသော မျက်ခုံးမွေးများ အောက်တွင် လှပသော မျက်လုံးတစ်စုံသည် မြူခိုးလှိုင်းများဖြင့် ပြည့်နှက်နေပုံရပြီး နိုင်ငံများကို ပြိုလဲပျက်စီးနိုင်သော ဆွဲဆောင်မှုရှိသည့် စွမ်းအားများ ပါဝင်နေသည်။

ဤအချိန်အခိုက်အတန့်တွင် သူမက အလင်း မျက်နှာပြင်တွင် ဖရိုဖရဲ တိုက်ခိုက်နေသော အဖြူရောင်ဝတ်စုံဝတ်ပုံရိပ်ကို ကြည့်လိုက်၏။

သူမ၏ကျောက်စိမ်းရောင် နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး သူမ၏ပြုံးယောင်သန်းနေသော ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းများသည် မက်မွန်ပန်းများထက်ပင် ပို၍နူးညံ့သိမ်မွေ့နေသည်။ ဤသည်မှာ မရေမတွက်နိုင်သော ပန်းပင်လယ်များကပင်သူမ၏ ဆွဲဆောင်မှုကို ယှဥ်ပြိုင်နိုင်စွမ်း မရှိသည့်အလားပင်။

ထိုအမျိုးသမီး၏အမည်မှာ နန်ကုန်းရှင်းယွဲ့ ဖြစ်ပြီး ထျန်းကွမ်တားမြစ်နယ်မြေ၏ နတ်ဘုရားသမီးတော်ပင်။

သူမသည် ပျက်စီးခြင်းခေတ်တွင် ခုံးဝူတောက်ကို ယှဉ်ပြိုင်နိုင်သည့် အရည်အချင်းရှိပြီး သူ့ကို သရေကျသည်အထိ တိုက်ခိုက်နိုင်သော တစ်ဦးတည်းသော တည်ရှိမှုလည်း ဖြစ်ပေ၏။

"နန်ကုန်းရှင်းယွဲ့... ခုံးဝူတောက်ရဲ့ ကောင်းကင်ဘုံ တာအိုနယ်မြေ ခရီးစဉ်က အဆုံးသတ်တော့မယ် ထင်တယ်..."

"မင်းက ငါ့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေမှာ ရက်နည်းနည်းလောက် နေပြီးတော့ ခုံးဝူတောက်နဲ့ စကားပြောပြီးမှ အဲ့ဒီကိစ္စကို သွားလုပ်ပါလား..."

နံပါတ်ဆယ့်ကိုးခုဘိုးဘေး၏အသံ ရုတ်တရက် ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။

ဤစကားကို ကြားလိုက်ရသောအခါ နန်ကုန်းရှင်းယွဲ့က သူမ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

သူမသည် မတ်တတ်ရပ်ပြီးနောက် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဘိုးဘေးများကို ဦးညွှတ်လိုက်၏။

"ခုံးဝူတောက်က အခု နန်ကုန်းရှင်းယွဲ့ထက် ပိုပြီးသန်မာအားကောင်းလာပြီဆိုတော့... ကျွန်မကလည်း သူ့ရဲ့နောက်မှာ အများကြီး ကျန်မနေခဲ့ဖို့ ပိုပြီးသန်မာအားကောင်းလာအောင် ကြိုးစားရမှာ သဘာဝပါပဲ..."

"နန်ကုန်းရှင်းယွဲ့က အလုပ်တွေ ပြီးသွားရင် ခုံးဝူတောက်နဲ့ တွေ့ဖို့ လာခဲ့ပါ့မယ်..."

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဘိုးဘေးများနှင့် ထျန်းကွမ် တားမြစ်နယ်မြေမှ ဘိုးဘေးတို့ နောက်တစ်ကြိမ် စကားပြောပြီးနောက်....

နန်ကုန်းရှင်းယွဲ့သည် သူမ၏ဘိုးဘေးနှင့်အတူ အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ထွက်ခွာသွားခဲ့သည်။

နန်ကုန်းရှင်းယွဲ့တို့၏ပုံရိပ်များ ထွက်ခွာသွားသည်ကို ကြည့်ရင်း....

နံပါတ်ဆယ့်ကိုးခု ဘိုးဘေးက ရယ်မောကာ ခေါင်းခါယမ်းလိုက်သည်။

"ဟဲဟဲ... တစ်ယောက်က သဘာဝအတိုင်း အထီးကျန်ဆန်ပြီး... နောက်တစ်ယောက်က သူ့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားရတာကို ကြိုက်တယ်..."

ဤခံစားချက်ဟူသော ကိစ္စနှင့် ပတ်သက်၍ ဆိုရလျှင်...

ပုံရိပ်ယောင်ကောင်းကင် တားမြစ်နယ်မြေ၏ နတ်ဘုရားသမီးတော်သည်လည်း ခုံးဝူတောက်ကို စိတ်ဝင်စားမှု အနည်းငယ် ရှိပုံရသည်။

ထို့ပြင် ဤနတ်ဘုရားသမီးတော်၏စရိုက်သည် နန်ကုန်းရှင်းယွဲ့ထက် များစွာပို၍ တက်ကြွပေ၏။

အကယ်၍ နန်ကုန်းရှင်းယွဲ့က သူမ၏ခံစားချက်များကို သူမ၏ နှလုံးသားထဲတွင် ဖုံးကွယ်ထားရာ၌ ထူးချွန်သူတစ်ယောက် ဖြစ်ခဲ့မည်ဆိုပါက....

ပုံရိပ်ယောင်ကောင်းကင် တားမြစ်နယ်မြေ၏ နတ်ဘုရားသမီးတော်သည် သူမ၏ ခံစားချက်များကို တိုက်ရိုက်ဖော်ပြရန် ပို၍နှစ်သက်သူပင်။

သေချာသည်မှာ ခုံးဝူတောက်သည် ဤအရာကို အမြဲတစေ အလွန်အမင်း ဂရုမစိုက်ခဲ့ချေ။

အတင်းအဖျင်း မုန်တိုင်းတစ်ခုက နံပါတ်ဆယ့်ကိုးဘိုးဘေး၏စိတ်ထဲတွင် ဖြစ်ပေါ်လာစဉ်မှာပင်....

ဘိုးဘေးတစ်ဦးက ရုတ်တရက် သူ၏နံဘေးသို့ ရောက်လာပြီး အပြုံးဖြင့် ပြောဆိုလိုက်၏။

"စကားမစပ်... ခုံးဝူတောက်က နန်ကုန်းရှင်းယွဲ့ကို သွယ်ဝိုက်ပြီး နည်းနည်းတော့ နှောင့်နှေးစေခဲ့တယ်..."

"ဘယ်လိုပဲဖြစ်ဖြစ် ထျန်းကွမ်တားမြစ်နယ်မြေရဲ့ အစီအစဉ်အရဆိုရင် နန်ကုန်းရှင်းယွဲ့ကို သူတို့က အင်မော်တယ်နယ်မြေဆီ ပြန်ခေါ်သွားသင့်တာ..."

"ဒါပေမယ့် ခုံးဝူတောက်က ကောင်းကင်ဘုံနှင့်အသင်္ချေနယ်မြေတွေမှာ ကျန်နေခဲ့တယ်ဆိုတာကို နန်ကုန်းရှင်းယွဲ့ သိပြီးတဲ့နောက်မှာ သူက ထျန်းကွမ်တားမြစ်နယ်မြေနဲ့အတူ အင်မော်တယ် နယ်မြေဆီ ပြန်မသွားဘူးလို့ ငါ ကြားထားတယ်..."

ထိုအရာသည် ဖော်ပြရန် ထိုက်တန်ပေ၏။

သူတို့၏ တားမြစ်နယ်မြေ ဆယ့်ခြောက်ခုသည် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများရှိ သက်ရှိများ၏အမြင်တွင် ကျော်လွှား၍မရနိုင်သော တားမြစ်နယ်မြေ အင်အားစုများပင်။

ဒဏ္ဍာရီလာ အင်မော်တယ်နယ်မြေမှ သက်ရှိများ၏အမြင်တွင် သူတို့သည် မြင့်မြတ်သော မူလအစ အင်မော်တယ်ဂိုဏ်းများ ဖြစ်ကြသည်။

သူတို့ မည်သည်ကြောင့် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများတွင် ရှိနေသနည်းဆိုသည်နှင့် ပတ်သက်၍မူ...

ထိုအရာသည် မူလဘူတခေတ်မတိုင်မီ ကြောက်မက်ဖွယ်ကောင်းသော ကသောင်းကနင်း ဖြစ်မှုများနှင့်လည်း သက်ဆိုင်သည်။

ထိုအထဲတွင် မဟာအလုံးစုံကမ္ဘာကြီး ပြိုကွဲပျက်စီးခဲ့သည့် အကြောင်းအရင်းလည်း ပါဝင်သည်။

မရေမတွက်နိုင်သော အင်အားစုများသည် သက်ရောက်မှု ခံခဲ့ရပြီး ကျိုးပဲ့နေသော အပိုင်းအစများကြားတွင် ပြန့်ကျဲသွားခဲ့ကြသည်။

သူတို့၏ မဟာအင်အားစု ဆယ့်ခြောက်ခု ရွေးချယ်ခဲ့သည့် ယာယီနေထိုင်ရာနေရာမှာ လက်ရှိ ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများပင်။

သေချာသည်မှာ သူတို့၏ တားမြစ်နယ်မြေ ဆယ့်ခြောက်ခုသည် ကောင်းကင်ဘုံများမှ သက်ရှိများ ပြောသကဲ့သို့ အမည်မသိ ကြီးမားသော ထိတ်လန့်ဖွယ်ရာတစ်ခုကို ခံစားခဲ့ရပြီး အချိန်ကာလ၏ မှတ်တမ်းများတွင် အဆက်မပြတ် ပျောက်ကွယ်သွားခြင်း မဟုတ်ချေ။

ထိုသို့မဟုတ်ဘဲ သူတို့သည် သူတို့၏ ကိုယ်ပိုင် အစီအစဉ်တချို့ကြောင့် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများမှ အဆက်မပြတ် ထွက်ခွာသွားပြီး အင်မော်တယ်နယ်မြေသို့ ပြန်သွားခဲ့ကြခြင်း ဖြစ်ပေ၏။

သူတို့၏ အချိန်လေဟာနယ် တားမြစ်နယ်မြေ တစ်ခုသာ အထူးအကြောင်းပြချက်တချို့ကြောင့် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများအတွင်း၌ ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။

သူ၏အတွေးများ ပြန်လည်ရောက်ရှိလာပြီးနောက်...

နံပါတ်ဆယ့်ကိုး ဘိုးဘေးသည် ဧရာမအလင်း မျက်နှာပြင်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်တွင် ထွက်ပေါ်လာခဲ့သည်။

"ဒါပေမယ့် ဒီကောင်းကင်ဘုံတွေနှင့်အသင်္ချေနယ်မြေတွေရဲ့ အကြီးမားဆုံး တန်ဖိုးက..."

" ခုံးဝူတောက်အတွက် ရှားပါးတဲ့ ပျော်ရွှင်မှုနည်းနည်းလေးထဲက တစ်ခုကို ယူဆောင်ပေးနိုင်တာပဲ..."

All Chapters