အခန်း (၂၄၃-၂၄၄)
Vol. 25 Ch. 243-244
အခန်း (၂၄၃) - ရေအောက်ရေစီးကြောင်း
"ဒီလို အရေးကြီးတဲ့ အချိန်မှာ ဒီလိုလူမျိုးကို ရန်စမိတာ ကောင်းချီးတစ်ခုလား... ကျိန်စာတစ်ခုလားဆိုတာ ငါ မသိတော့ဘူး..."
ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ် သည် တည်ကြည်လေးနက်သော အမူအရာဖြင့် ရွှယ်ယင်ဂိုဏ်း ၏ အနက်ရှိုင်းဆုံး နေရာသို့ ပြန်ရောက်နေပြီဖြစ်သည်။
သို့သော် ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ် သည် ရွှယ်ယင်ဂိုဏ်း ၏ တားမြစ်မြေ သို့ ပြန်ရောက်ပြီးနောက် သူ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သူ၏ရှေ့တွင် သွေးဝိညာဉ်ဂိုဏ်း ၏ ဝတ်ရုံကို ခြုံထားသော စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦး ရပ်နေ၏။
"ဟားး... မတွေ့ရတာ ကြာပြီနော် ရွှယ်ယင်..."
ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ် ကို မြင်တွေ့လိုက်ရချိန်တွင် သွေးဝိညာဉ်ဂိုဏ်း ၏ အကြီးအကဲ သည် ရင်းနှီးသော လေသံဖြင့် ပြောဆိုလိုက်သည်။ သူတို့နှစ်ဦးသည် နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သော မိတ်ဟောင်းဆွေဟောင်းများကဲ့သို့ပင်။
သို့သော် ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ် ၏ အမူအရာမှာ တည်ကြည်လေးနက်နေပြီး အတန်ကြာမှ စကားပြောလိုက်၏။
"အကြီးအကဲ ရန်မို... အလုပ်ကိစ္စနဲ့ လာတာလား..."
"ဟားး... အဲဒီတုန်းက မင်းက ငါ့သွေးဝိညာဉ်ဂိုဏ်း ရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်လာခဲ့ပေမယ့် ငါ့ရဲ့ သွေးဝိညာဉ်ဂိုဏ်း က အထက်ကမ္ဘာ နဲ့ စစ်ခင်းတုန်းက မင်း မပါဝင်ခဲ့ဘူးလေ... အဲဒီအတွက် ဂိုဏ်းချုပ် က အရမ်း ဒေါသထွက်ခဲ့တာ... ဂိုဏ်းချုပ် ကို ငါ မနည်း တောင်းပန်ခဲ့ရတယ်... မဟုတ်ရင် ဒီနေ့ ဒီမှာရှိနေမှာ ငါ မဟုတ်ဘဲ ဂိုဏ်းချုပ် ကိုယ်တိုင် ဖြစ်နေလိမ့်မယ်..."
ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ် ၏ စကားကို ကြားပြီးနောက် အကြီးအကဲ ရန်မို သည် မကျေနပ်သံဖြင့် ပြောဆိုလိုက်၏။
ဤသည်ကို ကြားချိန်တွင် ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ်၏ မျက်နှာပေါ်တွင် တင်းမာမှုနှင့် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားခဲ့သည်။
အတန်ကြာပြီးနောက် ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ်က သက်ပြင်းချကာ ပြောဆိုလိုက်၏။
"ခင်ဗျား ကျုပ်ဆီ လာမှတော့ ကျုပ် လုပ်ပေးဖို့ လိုအပ်တဲ့ ကိစ္စတစ်ခုခု ရှိလို့ဖြစ်ရမယ်... ပြောသာပြောပါ..."
"သေချာတာပေါ့... ဂိုဏ်းချုပ် က မကြာခင် တက်လှမ်းခြင်း ပြုပြီး အထက်ကမ္ဘာ ကနေ ထွက်သွားတော့မယ်... အဲဒီမတိုင်ခင် ငါတို့ သွေးဝိညာဉ်ဂိုဏ်း က အထက်ကမ္ဘာ တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ လိုတယ်... သွေးဝိညာဉ်ဂိုဏ်း ရဲ့ အဖွဲ့ဝင် တစ်ယောက်အနေနဲ့ မင်းသာ မလှုပ်ရှားဘူးဆိုရင် ဂိုဏ်းချုပ် က မင်းကို ဘယ်လို အပြစ်ပေးမယ်လို့ ထင်လဲ..."
အကြီးအကဲ ရန်မို က ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ် ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောဆိုလိုက်သည်။ သူ၏ လေသံထဲတွင် သတ်ဖြတ်လိုခြင်း အငွေ့အသက်များ ပါဝင်နေ၏။
အကယ်၍ ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ် သာ ပြီးခဲ့သည့်အကြိမ်က သွေးဝိညာဉ်ဂိုဏ်း နှင့်အတူ အထက်ကမ္ဘာ ကို တိုက်ခိုက်ခဲ့ပါက ၊ ရလဒ်သည် ကွာခြားသွားမည် မဟုတ်သော်လည်း အနည်းဆုံးတော့ ရွှယ်ယင်ဂိုဏ်း ၏ စိတ်ပိုင်းဖြတ်မှုကို ပြသနိုင်မည်ဖြစ်သည်။
သို့သော် ရွှယ်ယင်ဂိုဏ်း သည် မလှုပ်ရှားခဲ့ချေ။ ယင်းအစား သူတို့သည် ပုန်းအောင်းရန် ရွေးချယ်ခဲ့ကြသည်။
ဤသည်ကို ကြားလိုက်ရချိန်တွင် ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ် သည် အချိန်အကြာကြီး တွေးတောနေခဲ့ပြီး သူ၏ အမူအရာမှာ ရှုပ်ထွေးနေခဲ့သည်။ သူ၏အမြင်တွင် ဤသည်မှာ ကြီးမားသော လောင်းကြေးတစ်ခု ဖြစ်သည်။
အကယ်၍ သူသာ ဘက်ရွေးချယ်မှု မှန်ကန်ခဲ့ပါက ၊ ရွှယ်ယင်ဂိုဏ်း သည် အထက်ကမ္ဘာ တစ်ခုလုံးတွင် ဒုတိယ အင်အားအကြီးဆုံး အင်အားစု ဖြစ်လာပေလိမ့်မည်။
သို့သော် သူတို့သာ ဘက်ရွေးချယ်မှု မှားယွင်းပါက ရွှယ်ယင်ဂိုဏ်း သည် အချိန်မြစ် အတွင်းရှိ ဖုန်မှုန့်လေး တစ်မှုန့်သာသာ ဖြစ်သွားပေလိမ့်မည်။
ထိုအချိန်တွင် အကြီးအကဲ ရန်မို သည် ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ အေးစက်စွာ နှာမှုတ်လိုက်၏။
"မင်းကို ရွေးချယ်စရာ လာပေးတယ်လို့ မထင်နဲ့... ဒီနေ့ မင်း မဆုံးဖြတ်နိုင်ရင် သွေးမိစ္ဆာမျိုးစေ့ က မင်းအစား ဆုံးဖြတ်ပေးလိမ့်မယ်..."
အကြီးအကဲ ရန်မိုသည် ထိုသို့ပြောပြီးနောက် သူ့ လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ လက်ဝါးထဲမှ ထူထဲသော သွေးမြူတိမ်တိုက် တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။ သွေးမြူများသည် အဆက်မပြတ် လှိုင်းထနေပြီး သေချာကြည့်မည်ဆိုပါက ၎င်းသည် သေးငယ်သော အင်းဆက်များဖြင့် ဖွဲ့စည်းထားကြောင်း မြင်တွေ့နိုင်ပေသည်။ ဤသည်မှာ သွေးမိစ္ဆာမျိုးစေ့ ပင်ဖြစ်သည်။
သွေးမိစ္ဆာမျိုးစေ့ ကို မြင်လိုက်ရသည်နှင့် ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ် ၏ အမူအရာတွင် အလွန်အမင်း ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာခဲ့သည်။ ဤသည်မှာ မည်မျှကြောက်ဖို့ကောင်းသည်ကို သူ သိသည်။
ထို့ကြောင့် သွေးမိစ္ဆာမျိုးစေ့ ပေါ်လာသည့် အခိုက်အတန့်တွင် ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ် သည် မဆိုင်းမတွ ခေါင်းညိတ်သဘောတူလိုက်၏။
"ဒါဆိုရင် ငါတို့ ဘယ်တော့ လှုပ်ရှားမလဲ..."
"နောက်ထပ် အနှစ်တစ်ရာလောက် ကြာရင် ဂိုဏ်းချုပ် က ငါတို့ရဲ့ သွေးဝိညာဉ်ဂိုဏ်း က အကြီးအကဲ တွေအားလုံးကို အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် နယ်ပယ် အထိ ရောက်အောင် လုပ်ပေးလိမ့်မယ်... ဒါမှ ငါတို့က အထက်ကမ္ဘာ တစ်ခုလုံးက အစွမ်းအထက်ဆုံး သက်ရှိတွေကို တိုက်ခိုက်ဖို့ အင်အားရှိမှာ..."
အကြီးအကဲ ရန်မို က မဆိုင်းမတွ ပြောဆိုလိုက်၏။
ဤသည်ကို ကြားလိုက်ရချိန်တွင် ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ် ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
"ဒါဆို အခု ခင်ဗျားက..."
"အမှန်ပဲ... အခု ငါက အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင် တစ်ယောက် ဖြစ်နေပြီ... တကယ်လို့ မင်းသာ ငါတို့ရဲ့ သွေးဝိညာဉ်ဂိုဏ်း ကို ရိုးရိုးသားသား အလုပ်အကျွေးပြုမယ်ဆိုရင် ဂိုဏ်းချုပ် က မင်းကိုလည်း အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ရောက်အောင် ကူညီပေးဖို့ ဝန်လေးမှာ မဟုတ်ဘူး..."
အကြီးအကဲ ရန်မိုသည် ထိုသို့ပြောပြီးနောက် သူ၏ ချီ အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာရာ ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ်၏ မျှော်လင့်ချက်များလည်း ပြင်းထန်လာခဲ့သည်။
ဘာပဲဖြစ်ဖြစ် ငါကိုယ်တိုင်လည်း မိစ္ဆာလမ်းစဉ် ပဲလေ... သွေးဝိညာဉ်ဂိုဏ်း က ကျင့်ကြံသူ တွေကို အထက်ကမ္ဘာ နဲ့ တိုက်ပွဲမှာ ကူညီပေးဖို့က လက်မခံနိုင်စရာတော့ မဟုတ်ပါဘူး...
ထို့အပြင် သွေးဝိညာဉ်ဂိုဏ်း တွင် အကြီးအကဲ အယောက်နှစ်ဆယ်ခန့် ရှိကြောင်းကို သူ သိထားသည်။ အကယ်၍ အကြီးအကဲ အယောက်နှစ်ဆယ်စလုံးသာ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် သို့ ရောက်ရှိသွားပါက အထက်ကမ္ဘာ တစ်ခုလုံး ပေါင်းလိုက်လျှင်ပင် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ရှိ အကြီးအကဲ အယောက်နှစ်ဆယ်ကို ယှဉ်နိုင်မည် မဟုတ်ချေ။
ဤသည်ကို တွေးမိချိန်တွင် ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ် သည် ရာစုနှစ်တစ်ခုအကြာတွင် အထက်ကမ္ဘာ ကို စစ်ပွဲဆင်နွှဲရန် သူ၏ ဆုံးဖြတ်ချက်ကို ခိုင်မာစေခဲ့သည်။
ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ်မှ ခေါင်းညိတ်သဘောတူလိုက်သည်ကို မြင်ပြီးနောက် အကြီးအကဲ ရန်မို သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး လက်ကိုဝှေ့ယမ်းကာ ဆက်ပြောလိုက်သည်။
"သွားကြစို့... ဂိုဏ်းချုပ် က မင်းကို စောင့်နေတုန်းပဲ... ဂိုဏ်းချုပ် က အတိတ်က ရန်ငြိုးတွေကို ဘေးဖယ်ထားပြီး မင်းကို အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ကို ချိုးဖောက်ဝင်ရောက်ဖို့ ကူညီပေးဖို့ စီစဉ်ထားတယ်..."
"ကောင်းပြီ... ကျုပ် နားလည်ပါပြီ..."
သွေးဝိညာဉ်ဂိုဏ်း အတွက် အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်၍ ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ် သည် သဘာဝကျကျပင် ဘာမှမပြောတော့ဘဲ အကြီးအကဲ ရန်မို အား သွေးဝိညာဉ်ဂိုဏ်း သို့ ခေါ်ဆောင်သွားရန် ခွင့်ပြုလိုက်၏။
တစ်ချိန်တည်းမှာပင် ဖန်လိုင် အင်မော်တယ်ကျွန်း အတွင်း၌ ဝူဟောက်သည်လည်း တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး သွေးဝိညာဉ်ဂိုဏ်း ဘက်သို့ လှမ်းကြည့်ကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"ကြည့်ရတာ စစ်ပွဲကြီး တစ်ခု စတင်တော့မယ့်ပုံပဲ... သူတို့တွေ တောင့်ခံနိုင်ပါ့မလား မသိဘူး..."
ဘေးနားရှိ စူးချောင်ရန်သည် ဝူဟောက်၏ စကားကို ကြားလိုက်ရပြီး စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
"ယောကျ်ား... ဘာစစ်ပွဲလဲ..."
ဤသည်ကို ကြားချိန်တွင် ဝူဟောက်သည် စူးချောင်ရန်ကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီးနောက် သူမ၏ နားထဲသို့ တီးတိုးပြောလိုက်၏။
“သွေးဝိညာဉ်ဂိုဏ်း ကို မင်း မှတ်မိသေးလား...”
ဝူဟောက်၏ နွေးထွေးသော ဝင်သက်ထွက်သက်ကြောင့် စူးချောင်ရန်၏ မျက်နှာမှာ ရဲတက်သွားပြီး အနည်းငယ် ကသိကအောက်ဖြင့် ပြောဆိုလိုက်၏။
"ရှင် အလေးအနက် ပြောလို့ မရဘူးလား..."
"ကောင်းပြီ... သွေးဝိညာဉ်ဂိုဏ်း ကို မင်း မှတ်မိသေးတယ် မဟုတ်လား..."
ဝူဟောက်သည် စူးချောင်ရန်ကို လွှတ်လိုက်ပြီးနောက် အလေးအနက် မေးမြန်းလိုက်၏။
သွေးဝိညာဉ်ဂိုဏ်း၏ အကြောင်းကို ကြားလိုက်ရချိန်တွင် စူးချောင်ရန်၏ အမူအရာမှာ လေးနက်သွားခဲ့သည်။ အထက်ကမ္ဘာ တွင် ရှိနေစဉ်အတွင်း သူမသည် အထက်ကမ္ဘာ ၏ သမိုင်းကြောင်းကို အသေးစိတ် လေ့လာခဲ့ဖူးသဖြင့် ကိစ္စတော်တော်များများကို သိရှိထားပြီး သွေးဝိညာဉ်ဂိုဏ်း လည်း ပါဝင်သည်။
ထို့အပြင် အောက်ကမ္ဘာ တွင် ရှိနေစဉ်ကတည်းက သွေးဝိညာဉ်ဂိုဏ်း နှင့် ပတ်သက်၍ အသိပညာ အချို့ ရှိခဲ့သဖြင့် ဝူဟောက်၏ စကားကို ကြားပြီးနောက် သူမသည် ချက်ချင်း နားလည်သွားခဲ့သည်။
"ဒါဆို ယောကျ်ား ဆိုလိုချင်တာက သွေးဝိညာဉ်ဂိုဏ်း က စစ်စတိုက်တော့မယ် ဆိုတဲ့သဘောလား..."
"အင်း..."
ဝူဟောက် သည် ခေါင်းညိတ်ပြလိုက်၏။ သွေးဝိညာဉ်ဂိုဏ်း၏ တိုက်ပွဲ ကိစ္စနှင့် ပတ်သက်၍ သူသည် စိုးရိမ်ပူပန်မှု မရှိပုံရသည်။
လက်ရှိ အခြေအနေအရ သူသည် သွေးဝိညာဉ်ဂိုဏ်း တစ်ခုလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပြီး သူ၏ နည်းလမ်းများအားလုံးကို အသုံးပြုရန်ပင် မလိုအပ်ချေ။
သို့သော် စူးချောင်ရန်က စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်၏။
"ယောကျ်ား... အထက်ကမ္ဘာ က လူတွေ၊ ယီဖန် နဲ့ တခြားသူတွေက သွေးဝိညာဉ်ဂိုဏ်း ကို ယှဉ်နိုင်မယ်လို့ ထင်လား..."
အကယ်၍ သူမ၏ ခင်ပွန်းမှ ဝင်ရောက်စွက်ဖက်မည်ဆိုပါက ၊ သွေးဝိညာဉ်ဂိုဏ်း ၏ ရန်ကို ကြောက်စရာ မလိုကြောင်း သူမကိုယ်တိုင်လည်း သိထားသည်။ သို့သော် သူမခင်ပွန်း၏ စိတ်နေသဘောထားကိုလည်း သူမ သိရှိထားသည်။ သူသည် ပျင်းရိသူ တစ်ဦးဖြစ်ပြီး သူ၏ သွေးသားများနှင့် မပတ်သက်ပါက ဘယ်သောအခါမျှ ဝင်ပါမည် မဟုတ်ချေ။
ဤသည်ကို ကြားချိန်တွင် ဝူဟောက်သည် တောင်ပိုင်းဒေသ သို့ အလွန်လေးနက်သော အမူအရာဖြင့် ကြည့်ကာ တစ်လုံးချင်းစီ ပြန်ဖြေလိုက်သည်။
"အင်း... သူတို့ ယှဉ်နိုင်မှာပါ... သေချာပေါက် ယှဉ်နိုင်မှာပါ..."
တောင်ပိုင်းဒေသ ၏ နေရာတစ်နေရာတွင် စွမ်းအားကြီးမားသော အငွေ့အသက် တစ်ခုသည် ဖြည်းညင်းစွာ ဖြစ်ပေါ်နေပြီး မုန်တိုင်းအပြီး ထွက်ပေါ်လာသော သက်တံတစ်ခုနှင့် တူပေသည်။
အခန်း (၂၄၄) - လမ်းခွဲခြင်းဆိုတာ ပုံမှန်ပါပဲ
ဆယ်နှစ်အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ယခုအခါ ဝူယိတောက်၏ အကူအညီနှင့် လင်းယာဟွမ်၏ အမိန့်ပေးမှုအောက်တွင် ထျန်းဝူဂိုဏ်း သည် တည်ငြိမ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
ဂိုဏ်းချုပ် လင်းယာဟွမ်သည် စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့် သို့ ချိုးဖောက်ဝင်ရောက်ပြီး ဖြစ်သည်။ ထန်ယန်နှင့် ပတ်သက်၍မူ သူသည် လွန်ခဲ့သော ကိုးနှစ်က နိုးထလာခဲ့ပြီး ၊ သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ထားသော အဖိုးတန် ပစ္စည်းများကြောင့် သူသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို ပိုင်ဆိုင်ထားသည်။
နိုးထလာပြီး ကိုးနှစ်အတွင်း သူသည် သာမန်လူ မှ စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့် သို့ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ သူ၏ ရှိပြီးသား အသိပညာနှင့် အတွေ့အကြုံများကို ပေါင်းစပ်လိုက်ပါက ရွှေအင်မော်တယ် အလယ်အလတ်အဆင့် နှင့် နှောင်းပိုင်းအဆင့် ပင်လျှင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ချေ။
ထျန်းဝူဂိုဏ်း ၏ အမြင့်ဆုံး တောင်ထွတ် ပေါ်တွင် ရပ်ကာ ဂိုဏ်း တစ်ခုလုံးကို ငုံ့ကြည့်ပြီး အရာအားလုံး စည်းစနစ်ကျစွာဖြင့် ရှိနေသည်ကို မြင်ပြီးနောက် ဝူယိတောက်၏ မျက်လုံးများထဲ၌ ကျေနပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဤသည်ကို တွေးမိရင်း သူသည် စိတ်အေးချမ်းသာစွာ ထွက်ခွာသွားနိုင်ပြီ ဖြစ်သည်။ ထိုအချိန်တွင် လင်းယာဟွမ်သည် သူ၏ နောက်ကျောဘက်တွင် ထွက်ပေါ်လာပြီး ဝူယိတောက်ကို စကားတစ်ခွန်းမှ မပြောဘဲ စိုက်ကြည့်နေ၏။ သူမ၏ မျက်လုံးများထဲတွင် ဝူယိတောက်အပေါ် ဖုံးကွယ်၍မရနိုင်သော အချစ်များဖြင့် ပြည့်နှက်နေခဲ့သည်။
“ငါ သွားတော့မယ်... အခုကစပြီး ထျန်းဝူဂိုဏ်း က မင်းရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိလိမ့်မယ်... တကယ်လို့ သိုင်းသူတော်စင် နာ့ တက်လှမ်းပြီး ရောက်လာတာနဲ့ ထျန်းဝူဂိုဏ်း ကို သူ့ဆီ လွှဲပေးပြီးရင် မင်းကိစ္စ မင်းဆက်လုပ်လို့ ရပြီ...”
ဝူယိတောက် သည် လှည့်မကြည့်ဘဲ လင်းယာဟွမ်ကို ကျောခိုင်းထားလျက်ပင် ပြောဆိုလိုက်၏။
ဤသည်ကို ကြားလိုက်ရချိန်တွင် လင်းယာဟွမ်သည် အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးမှ စကားပြောလိုက်သည်။
“ဝူယိတောက်... ကျွန်မ ရှင့်ကို သဘောကျတယ်...”
အကယ်၍ ဝူယိတောက်ကို သူမ ယခု ဖွင့်မပြောပါက နောက်ထပ် အခွင့်အရေး ရတော့မည်မဟုတ်ကြောင်း လင်းယာဟွမ် သိရှိထားသည်။ မည်သို့ပင်ဆိုစေ ဝူယိတောက်အပေါ် သူမ၏ နားလည်မှုအရ ဤအခွင့်အရေးမှလွဲ၍ သူ့အနားကပ်ရန် အခြားအခွင့်အရေးတစ်ခု ရှာဖွေဖို့ ခက်ခဲပေလိမ့်မည်။
သို့သော် လင်းယာဟွမ်သည် ဤအခြေခံသဘောတရားကို မသိရှိခဲ့သည်မှာ ထင်ရှားသည်။ တစ်စုံတစ်ယောက်က သင့်အပေါ် ခံစားချက်မရှိမီ ဖွင့်ပြောခြင်းသည် ၉၉% ကျရှုံးရန် သေချာပေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် လင်းယာဟွမ်၏ စကားကို ကြားပြီးနောက် ဝူယိတောက်သည် စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ ဆွဲဆောင်မှုက ဤမျှ ပြင်းထန်ကာ သူသွားလေရာ နေရာတိုင်းရှိ အမျိုးသမီးများက သူ့ကို သဘောကျလိမ့်မည်ဟု သူကိုယ်တိုင်လည်း မထင်ထားချေ။
သို့သော် ဝူယိတောက်သည် လင်းယာဟွမ်အပေါ် မည်သည့် ခံစားချက်မျှ မရှိခဲ့ချေ။ အကယ်၍ သူသာ သဘောတူလိုက်ပါက လင်းယာဟွမ်ကို အမှန်တကယ် စိတ်ပျက်စေလိမ့်မည်။ ထို့ကြောင့် မဆိုင်းမတွပင် ဝူယိတောက်သည် လင်းယာဟွမ်ဘက်သို့ လှည့်ကာ ငြင်းပယ်ရန် ပြင်လိုက်စဉ် လင်းယာဟွမ်က အလျင်အမြန် ရှေ့တိုးလာပြီး ဝူယိတောက်၏ ပါးစပ်ကို ပိတ်ကာ ပြောဆိုလိုက်၏။
“ဘာမှမပြောပါနဲ့... ရှင် ကျွန်မကို ငြင်းဖို့ပဲဖြစ်ဖြစ် စဉ်းစားဖို့ အချိန်လေးတစ်ခုလောက် ပေးပါ...”
ထိုသို့ပြောပြီးနောက် လင်းယာဟွမ်သည် ဝူယိတောက်ကို လျစ်လျူရှုကာ ထွက်ပြေးသွားလေ၏ ။
ဤသည်ကို မြင်လိုက်ရချိန်တွင် ဝူယိတောက်မှာ ရပ်တန့်သွားပြီး သက်ပြင်းချကာ နောက်ဆုံး၌ ဘာမှထပ်မပြောတော့ချေ။ အကယ်၍ လင်းယာဟွမ်က စောင့်ဆိုင်းရန် ဆန္ဒရှိပါက သူမ ဆန္ဒအတိုင်းသာပင်။
သို့သော် သူသည် ဘယ်သောအခါကမျှ ကတိမပေးခဲ့ချေ။ အကယ်၍ လူတိုင်းက သူ့ကို သဘောကျပါက လူတိုင်းကို သူ ကတိပေးရမည်လော။
ဝူယိတောက်သည် ထိုမျှ သနားစရာကောင်းသူ မဟုတ်ပေ။ လိုအပ်သည့်အခါတွင် ပြတ်ပြတ်သားသား ဖြတ်တောက်သင့်သည်။ သို့မဟုတ်ပါက သူသည် ဤအကျိုးဆက်များကို ခံစားရပေလိမ့်မည်။
ထျန်းဝူဂိုဏ်း ကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီးနောက် ဝူယိတောက်သည် ထျန်းဝူဂိုဏ်း မှ ပြတ်ပြတ်သားသား ထွက်ခွာသွားပြီး ပုကျိုးတောင် ဘက်သို့ ဦးတည်သွားလေ၏။
တစ်ချိန်တည်းမှာပင် မလှမ်းမကမ်းရှိ လင်းယာဟွမ်သည်လည်း ဝူယိတောက် ထွက်ခွာသွားသည်ကို မျက်မြင်တွေ့ရှိခဲ့သည်။ မျက်ရည်များက သူမ၏ ပါးပြင်ပေါ်မှ တိတ်ဆိတ်စွာ ကျဆင်းလာခဲ့ပြီး သူမကို သနားစရာကောင်းသော အသွင်အပြင် ဖြစ်စေခဲ့၏ ။
သူမ၏ဘေးတွင် ရပ်နေသော ထန်ယန် မှာ သက်ပြင်းချမိလေ၏။
“ဘာလို့ မင်းကိုယ်မင်း ဒီလိုလုပ်နေရတာလဲ... သူက မင်း အနိုင်မယူနိုင်တဲ့ ယောကျ်ား တစ်ယောက်ဆိုတာ ရှင်းနေတာပဲ...”
“ဆရာ... ဒီကမ္ဘာကြီးမှာ ဘာကြောင့်လဲ ဆိုတာတွေ သိပ်မရှိဘူး... ကံကြမ္မာပဲ ရှိတာပါ...”
လင်းယာဟွမ်၏ စကားထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေခဲ့သည်။ ဝူယိတောက်ကို ချစ်မိသွားခြင်းအတွက် သူမ နောင်တမရခဲ့ချေ။ ဝူယိတောက်နှင့် တွေ့ဆုံခဲ့ရခြင်းကိုသာ သူမ နောင်တရမိသည်။ အကယ်၍ သူမသာ ဝူယိတောက်နှင့် မတွေ့ခဲ့ရပါက သူမ သူ့ကို ချစ်မိသွားလိမ့်မည်လော။
သို့သော် ကံကြမ္မာ ဟူသည် ဆန်းကြယ်သည်။ သင့်အနေဖြင့် လုံလောက်သော ခွန်အားမျိုး မရှိပါက ဤအရာကို ခုခံနိုင်လိမ့်မည်မဟုတ်။
ဝူယိတောက်ကို သူမ ချစ်မိသွားရခြင်း အကြောင်းရင်းမှာ ကံကြမ္မာကြောင့်သာ ဖြစ်သည်။ ဝူယိတောက် သူမကို ကယ်တင်ခဲ့ချိန်တွင် သူမသည် သူ့ကို ရူးရူးမူးမူး ချစ်မိနေပြီဖြစ်သည်။
တပည့်ဖြစ်သူ ၏ အမူအရာကို မြင်ပြီး ထန်ယန် သည် သက်ပြင်းချလိုက်သော်လည်း ဘာမှထပ်မပြောတော့ချေ။ မည်သို့ပင်ဆိုစေကာမူ ၊ မပိုင်ဆိုင်နိုင်သော ဖြူစင်သည့် လရောင်လေး တစ်ခုက သူမ၏ နှလုံးသားထဲတွင် ရှိနေသေး၏။
ဝူယိတောက်နှင့် ပတ်သက်၍၊ လင်းယာဟွမ်သည် သူမ၏ ခံစားချက်များကို သိရှိပြီးနောက် စိတ်လှုပ်ရှားသွားခဲ့သော်လည်း ယခုအခါ တည်ငြိမ်သွားပြီဖြစ်သည်။ လက်ရှိ သူလုပ်ရမည့် တာဝန်ကို သူ သိရှိထားပြီး ယခုအချိန်သည် ရိုမန်တစ် ဆန်နေရမည့် အချိန်မဟုတ်ချေ။
ထို့အပြင် လင်းယာဟွမ်အပေါ် သူ အမှန်တကယ်ပင် စိတ်မဝင်စားခဲ့ချေ။ မည်သို့ပင်ဆိုစေ သူသည် တွေ့သမျှ အမျိုးသမီးတိုင်းကို ချစ်မိသွားမည့် မိန်းမလိုက်စားသူ တစ်ဦး မဟုတ်ပေ။
လင်းယာဟွမ်၏ ကိစ္စကို သူ၏ နှလုံးသား နက်ရှိုင်းသော နေရာတွင် အလျင်အမြန် မြှုပ်နှံလိုက်၏။
“နောက်တစ်ခုက ငါ ပုကျိုးတောင် ကို သွားမယ်... ဒါပေမဲ့ အထက်ကမ္ဘာ တစ်ခုလုံးမှာ အကြီးဆုံး တောင်ကြီး ဖြစ်တဲ့အတွက် မြင့်မြတ်အရှင်သခင် နဲ့ တခြားသူတွေတောင် ပုကျိုးတောင် ကို မဖျက်ဆီးနိုင်ခဲ့ဘူး... ပုကျိုးတောင် ကို ကောင်းကင်တာအို ရဲ့ စွမ်းအားက ကာကွယ်ထားတယ်လို့ ပြောကြတယ်...”
ပုကျိုးတောင် သို့ ရောက်ရှိလာချိန်တွင် ဝူယိတောက်သည် တည်ကြည်လေးနက်သော အမူအရာဖြင့် မိုးမျှော်တောင်ကြီးကို ငေးကြည့်နေခဲ့သည်။ ပုကျိုးတောင် ထံမှ စွမ်းအားကြီးမားသော အငွေ့အသက် တစ်ခု ထွက်ပေါ်လာနေသည်ကို သူ ခံစားလိုက်ရသည်။
ပုကျိုးတောင် အတွင်း၌ စွမ်းအားကြီးမားသော အမွေအနှစ် များ ၊ လျှို့ဝှက်နယ်မြေ နှင့် သက်ရှိများစွာ တည်ရှိနေပြီး ကိုယ်ပိုင် အင်အားစုများ အသီးသီး ပိုင်ဆိုင်ထားကြသည့် စွမ်းအားကြီးမားသော မိစ္ဆာသားရဲ အများအပြားလည်း ရှိနေသည်။
မဟာဧကရာဇ် အဆင့်မှ အင်မော်တယ် ဧကရာဇ် အဆင့်ထိ ရှိသော မိစ္ဆာသားရဲများသည် ဤ ပုကျိုးတောင် ပေါ်တွင် နေထိုင်ကြသည်။
ပြီးခဲ့သည့် ဆယ်နှစ်အတွင်း ဝူယိတောက်၏ ကျင့်ကြံခြင်းအဆင့်သည် များစွာ တိုးတက်လာခြင်း မရှိသော်လည်း သူသည် အင်မော်တယ်ဘုရင် သို့ ချိုးဖောက်ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။ ဖရိုဖရဲ ခေါင်းလောင်း ၏ အကူအညီဖြင့် ပုကျိုးတောင် ပေါ်တွင် သွားလာရန်မှာ ပြသနာမရှိပေ။
“ဒါပေမဲ့ မြင့်မြတ်အရှင်သခင် ပြောစကားအရ တည်ထောင်သူ ဘိုးဘေး က မြင့်မြတ်နယ်မြေ ကနေ ထွက်သွားတုန်းက ပုကျိုးတောင် ကို သွားမယ်လို့ ပြောခဲ့တယ်ထင်တယ်... ဒါပေမဲ့ ပုကျိုးတောင် ပေါ်မှာ သူ ဘာဖြစ်သွားလဲဆိုတာ ငါ သိချင်မိတယ်...”
ဤသည်ကို တွေးမိချိန်တွင် ဝူယိတောက်၏ အမူအရာသည် အနည်းငယ် တည်ကြည်လေးနက်သွားသော်လည်း ၊ သူသည် နောက်ဆုတ်မသွားခဲ့ချေ။ ပုကျိုးတောင် မှ အကျိုးအမြတ် များစွာ ရရှိနိုင်လိမ့်မည်ဟူသော ကြိုတင် ခံစားမှုတစ်ခုက သူ့ထံတွင် ရှိနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ အတွင်း၌ ချင်ဇီကျွင်းသည် ဝူကျန်းအဲ့၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချင်ဇီကျွင်းကို မြင်တွေ့ရချိန်တွင် ဝူကျန်းအဲ့သည် နားလည်သွားပြီး ခေါင်းညိတ်ကာ ပြောဆိုလိုက်၏။
“ဆရာ... သွားကြရအောင်...”
“အင်း...”
ချင်ဇီကျွင်းသည် ခေါင်းညိတ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် သူသည် ဝူကျန်းအဲ့အား ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ၏ တားမြစ်မြေ သို့ ခေါ်ဆောင်သွားကာ လမ်းလျှောက်ရင်း ဝူကျန်းအဲ့အား ရှင်းပြလေ၏ ။
“ဒြပ်စင်ငါးပါး လေ့ကျင့်ရေး အတွက် လျှို့ဝှက်နယ်မြေ ဟာ ငါတို့ရဲ့ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ရဲ့ တားမြစ်မြေ မှာ တည်ရှိတယ်... အဲတာက လျှို့ဝှက်နယ်မြေ တစ်ခုပဲ... တည်ထောင်သူ ဘိုးဘေး ရဲ့ လမ်းညွှန်ချက်အရ ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို ကိုးချက်မြည်အောင် လုပ်နိုင်တဲ့သူသာလျှင် ဒြပ်စင်ငါးပါး လျှို့ဝှက်နယ်မြေ ရဲ့ တားမြစ်ချက် ကို လျစ်လျူရှုပြီး အထဲကို ဝင်နိုင်တယ်...”
ချင်ဇီကျွင်း၏ စကားသံအဆုံးတွင် ကြီးမားသော ဟင်းလင်းပြင်တံခါး တစ်ခု ဝူကျန်းအဲ့၏ ရှေ့၌ ပေါ်ထွက်လာခဲ့ပြီး ၎င်းအပေါ်တွင် တာအို သံကြိုးများ တည်ရှိနေကာ လက်ဆန့်ထုတ်သူတိုင်းကို အေးခဲသွားစေမည့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေလေ၏။